en
Feedback
အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Open in Telegram

အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Show more

📈 Analytical overview of Telegram channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ (@getoutmal) in the Burmese language segment is an active participant. Currently, the community unites 12 696 subscribers, ranking 14 297 in the News & Media category and 7 667 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 696 subscribers.

According to the latest data from 10 February, 2025, the channel demonstrates stable activity. Although there has been a change in the number of participants by 79 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Thanks to the high frequency of updates (latest data received on 11 February, 2025), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 696
Subscribers
No data24 hours
+227 days
+7930 days
Posts Archive
စစ်ကောင်စီတပ်ကိုပြန်တိုက်မယ်လို့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်အဖွဲ့ ကြေညာ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ဖွဲ့စည်းထားတဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာတွေ မလုပ်တော့ဘဲ နွေဦးတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ အဲဒီအဖွဲ့ဟာ စစ်အာဏာရှင်ကိုဆွေးနွေးမှုမလုပ်ဘဲ တော်လှန်တိုက်ခိုက်ဖို့ ယုံကြည်ချက်၊ ရပ်တည်ချက်တူကြတဲ့ ပါတီခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သားရဲဘော်တွေပေါင်းပြီး မိခင်ပါတီဖြစ်တဲ့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထူထောင်လိုက်တဲ့အဖွဲ့ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီအနေနဲ့ NCA စာချုပ် သဘောတူညီချက်အရ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ အဖြေရှာဖို့အားထုတ်ခဲ့ပြီး စစ်ကောင်စီနဲ့ သုံးကြိမ်တိုင်ဆွေးနွေးခဲ့ပေမယ့် မျှော်မှန်းတဲ့ရလဒ်တွေ လုံးဝ မရရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ချက်မှာရေးထားပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေပြီး မွန်ပြည်နယ်မှာလည်း ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုနဲ့ နေအိမ်မီးရှို့မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးကို မဖြစ်နိုင်တော့ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါကြောင့် မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူကြတဲ့ ပါတီခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သား ရဲဘော်တွေပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သဘောထား တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မတွေ့ရသေးသလို မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာကိုလည်း RFA က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။ အပစ်ရပ်ထားတဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ကလည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး လူထုလိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်တဲ့အထိ ဘဝတူ မဟာမိတ်တွေနဲ့အတူ ဆင်နွှဲသွားမယ်လို့ ဇန်နဝါရီ ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။ #RFA

Repost from Mratt's Channel
လူမှုကွန်ရက် သက်သေအထောက်အထား (၅) စစ်ကောင်စီထောက်ခံသူ ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင်ဟုယူဆရသူ တဦးက မြောက်ခင်ရန်းရွာတွင် ပျူစောထီး (ပြည်သူ့စစ်) များ စစ်ရေးလေ့ကျင့်နေသည့် ရုပ်သံဖိုင်တခု တင်ထားခဲ့သည်ကို တွေ့ရသည်။ အဆိုပါဖိုင်တွင် တွေ့ရှိရသည့် နေရာသည် YDF ရဲဘော် ၂ ဦး သတ်ဖြတ်ခံရသည့် နေရာနှင့် ထပ်တူကျသည်ကို တွေ့ရသည်။ မြောက်ခင်ရန်း ရွာသည် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်) အားကောင်းသည့်ရွာ ဖြစ်သည်။ ◉ လူမှုကွန်ရက် သက်သေအထောက်အထား (၆) ဖမ်းဆီးခံထားရသည့် YDF ရဲဘော် ၂ ဦး အနီးတွင် ဘောင်းဘီတို နှင့် စစ်ဖိနပ် ဝတ်ထားသူ တဦးသည် RPG တလက်ကို လွယ်ထားသည်ကိုတွေ့ရပြီး အဆိုပါ RPG တွင်ပါသည့် အနီဝိုင်း၌ အဖြူရောင်ဖြင့် နံပါတ်စာသားများ ရေးထားသည်ကို တွေ့ရသည်။ ယင်းအမှတ်အသားသည် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များတွင် တပ်ရင်းဌာန နံပါတ်များကို ရေးသားသည့်ပုံစံဖြစ်ပြီး တပ်ရင်းဌာန အတိအကျကို မသိရသော်လည်း ယင်းဖြစ်ရပ်တွင် စစ်ကောင်စီ တပ်သားများ ပါဝင်ပတ်သတ်နေသည်မှာ ထင်ရှားပေသည်။ တွေ့ရှိရသည့် အထက်ပါ သက်သေ အထောက်အထားများအရ မြောက်ခင်ရန်းကျေးရွာတွင်ဖြစ်ပွားခဲ့သည့် လူမဆန့်သည့် သတ်ဖြတ်မှုကို စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက ကျူးလွန်ခဲ့သည်မှာ ထင်ရှားသည်။ စစ်ကောင်စီ ထောက်ခံသူ ဝါဒဖြန့် လော်ဘီများကိုယ်တိုင် ချန်ထားခဲ့သည့် ငြင်းမရသည့် သက်သေအထောက်အထားများ ဖြစ်သည်။ မြောက်ခင်ရန်း ကျေးရွာရှိ ပျူစောထီး (ပြည်သူ့စစ်) များကို ကြံခိုင်ရေးအမတ်ဟောင်း ဘူးလတ်လှဆွေက ဖွဲ့စည်းပေးကာ လက်နက်တပ်ဆင်ပေးထားပြီး ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ဒကစ (ကလေး) က အခြေခံစစ်သင်တန်းများ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီအနဖြင့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး မည်မျှပင် ငြင်းဆိုနေစေကာမူ သက်သေအထောက်အထားများအရ အဆင့်ဆင့် တာဝန်ခံရမည်ဖြစ်သည်။ ❍ ⎯☐ သက်သေဖော်ထုတ်ချက်နှင့် မှတ်တမ်းအပြည့်အစုံကို အောက်ပါ Link နှစ်ခုတွင် Download ရယူနိုင်ပါသည်။ 🔴အထူး သတိပေးချက်။ စိတ်မချမ်းမြေ့စရာ ဓာတ်ပုံများနှင့် အကြောင်းအရာများ ပါဝင်သည်။ Download Link (1) https://drive.proton.me/urls/9QGAXHB6SW#JGnbkGqUgqPb Download Link (2) https://drive.proton.me/urls/RBK1KVNBMW#XMYMm3ybAI5d

PRCF ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (နောက်ဆုံးမူကြမ်း) ကို အောက်ပါ Link တွင် ရယူနိုင်ပါသည်။ Click Here - https://bit
+2
PRCF ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (နောက်ဆုံးမူကြမ်း) ကို အောက်ပါ Link တွင် ရယူနိုင်ပါသည်။ Click Here - https://bit.ly/prcf2024fcfd PRCF

Repost from Dark Shadow(YGNUG)
သတင်းထုတ်ပြန်ချက် ယမန်နေ့ ၁၃.၂.၂၀၂၄ ရက်ည ၉ နာရီ ၇ မိနစ်နှင့် ၉ နာရီ ၉ မိနစ်တို့တွင် လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးအနီး န
သတင်းထုတ်ပြန်ချက် ယမန်နေ့ ၁၃.၂.၂၀၂၄ ရက်ည ၉ နာရီ ၇ မိနစ်နှင့် ၉ နာရီ ၉ မိနစ်တို့တွင် လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးအနီး နှင့် ရဲတပ်ရင်း ၉ တို့အား ကျွန်ုပ်တို့ Dark Shadow တပ်ဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ ဤဖောက်ခွဲမှုသည် အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ မတရားဥပဒေကို အကောင်အထည်ဖော်အသက်သွင်းမှုကို အနှောက်အယှက်ဖြစ်စေရန် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မတရားဥပဒေ လက်မှတ်ထိုး အတည်ပြုလိုက်သည့်နေ့မှ စ၍ စစ်ကောင်စီ၏ နောက်လိုက် အောက်ခြေခွေး အုပ်ကြီးများ နှင့် ရဲခွေး၊ စစ်ခွေးသည် ပူးပေါင်းကာ အပြစ်မဲ့ပြည်သူများကို ပြန်ပေးဆွဲသကဲ့သို့ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ညဘက်ဆွဲ မနက်ဖက်တွင် ကြေးအမျိုးမျိုးဖြင့် ပြန်ရွေးခိုင်းသည်များကို လုပ်ဆောင်နေကြသည်။ ပြည်သူများကို အမြဲ ဒုက္ခပေး ငွေညှစ်နေသော အကြမ်းဖက်ကောင်စီ၏ ကြိုးဆွဲရုပ်၊ ဒလန်များနှင့် နောက်လိုက်များအားလုံးကို အမြစ်ပြတ်သည်အထိ ရှင်းလင်းကာ အာဏာရှင် စနစ် ချုပ်ငြိမ်းသွားမည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Dark Shadow မှ ကတိသစ္စာပြုအပ်ပါသည်။ #darkshadow

စစ်မှု မထမ်းမနေရ ဆိုတဲ့ သဘောက ရှင်းရှင်းလေးရယ်၊ မင်းအောင်လှိုင် ခွေးသားက ဘောမတွေ အချောင်ခိုနေတာကို အာမချောင်နဲ့ မင်းတို့ ဝင်တိုက်လိုက်ဆိုတဲ့ အချိုးမျိုးချိုးတာ ဖြစ်ပြီးတော့...၊ ချီတုံ့ချတုံ့ ဖြစ်နေတဲ့ သူတွေကိုလဲ တော်လှန်ရေးထဲကို အရောက်ပို့ချလိုက်တာပဲ ဖြစ်တယ်။ ဖားနဲ့ငါး ကွဲသွားတာပေါ့! မီးကုန်ယမ်းကုန် နှစ်ဘက်ဆော်ရမယ့် အခြေအနေရောက်သွားပြီ! ကိုယ့်ဘက်က အထိနာနေရင်တောင် တောင့်ထားနိုင်ဖို့ အရမ်းအရေးကြီးတယ်! ကူစရာရှိတာကူ၊ လှူစရာရှိတာလှူ။ ဇာတ်သိမ်းခန်းကို ရောက်နေပြီ အမျိုးတို့!

Repost from Khit Thit Media
ဂန့်ဂေါမြို့နယ် ၊ မြောက်ခင်ရန်းကျေးရွာတွင် စစ်တပ်နှင့်ပျူစောထီးတို့က တော်လှန်ရေးရဲဘော် ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ် အောင်ပွဲခံ။

ဘယ်လိုတောင် လူစိတ်ကင်းမဲ့ လွန်းတဲ့ လူ့လောကမှာတောင် ရှိဖို့ မသင့်တဲ့ တိရိစ္ဆာန်ထက်နိမ့်ပါးလွန်းသော အသိဉာဏ်မရှိတဲ့ ကောင်တွေလဲကွာ။ ခွေးနဲ့ နှိုင်းလို့မရဘူး!! ပြောစရာ စကားလုံးမရှိ!!!!

တွေ့ဆုံဆွေးနွေးရေးသည် စစ်ကောင်စီအား သက်ဆိုးရှည်စေရန် အထောက်အပံ့ပေးသလိုသာဖြစ်ဟု NUG ဝန်ကြီးပြော https://www.youtube.com/Tachil
တွေ့ဆုံဆွေးနွေးရေးသည် စစ်ကောင်စီအား သက်ဆိုးရှည်စေရန် အထောက်အပံ့ပေးသလိုသာဖြစ်ဟု NUG ဝန်ကြီးပြော https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * စစ်ကောင်စီသည် စေ့စပ်ဆွေးနွေးရေးကို စိတ်ဝင်စားမှုမရှိခြင်းကြောင့် တွေ့ဆုံဆွေးနွေးရေးပြောဆိုနေခြင်းသည် စစ်ကောင်စီအား သက်ဆိုးရှည်စေရန် အထောက်အပံ့ပေးသလိုသာဖြစ်နေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုလိုက်သည်။ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့တွင် အွန်လိုင်းမှတဆင့်ပြုလုပ်သည့် NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးဆိုင်ရာဆောင်ရွက်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ သတင်းစာရှင်းလင်းပွဲတွင် သတင်းဌာနများ၏ မေးမြန်းချက်ကို ဝန်ကြီးက ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။ ဆက်လက်ဖတ်ရှုရန် : https://www.tachileik.net/mm/news/33583 #TachileikNewsAgency

အဓိကတော့ ကျနော်တို့ဘက်က စခန်းသိမ်းဖို့ ကြိုးစားတဲ့တိုက်ပွဲ။ ကျနော်တို့ဘက်က ၁၁ ဦး ကျဆုံးတာ အတည်ပြုလို့ရတယ်။ အခုတော့ တိုက်ပွဲကငြိမ်နေတယ်။ ကျနော်တို့ ယာယီဆုတ်ပေးလိုက်တယ်ဆိုပေမယ့် မြို့ထဲမှာပါပဲ။ အချိန်မရွေး တိုက်ပွဲကထပ်ဖြစ်လာနိုင်တဲ့ အနေအထားရှိတယ် Website တွင် ဖတ်ရန် https://bit.ly/3qUQ7Kv #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။ Support The Irrawaddy: https://bit.ly/3btQYpR

ကျနော်တို့ တပ်ဖွဲ့က အဲ့ဒီအနီးတဝိုက်မှာ လှုပ်ရှားတာ ၃ ရက်လောက်ရှိပြီ။ ရွာဟောင်းမှာ ယာယီထိုင်နေတာပေါ့။ သူတို့ဘက်က ပြည်သူ့စစ်နဲ့ လူအင်အားသုံးတယ်။ တိုက်ပွဲကတော့ တနေကုန် နီးနီးကို ကြမ်းခဲ့တယ် Website တွင် ဖတ်ရန် https://bit.ly/3L0tWJR #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။ Support The Irrawaddy: https://bit.ly/3btQYpR

ယနေ့ ၂၉.၇.၂၀၂၃ရက်နေ့တွင် ကျွန်ုပ်တို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်းသည် မကွေးတိုင်းတော်လှန်ရေးနယ်မြေတစ်နေရာတွင်မြတ်စွာဘုရားနှင့်
+5
ယနေ့ ၂၉.၇.၂၀၂၃ရက်နေ့တွင် ကျွန်ုပ်တို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်းသည် မကွေးတိုင်းတော်လှန်ရေးနယ်မြေတစ်နေရာတွင်မြတ်စွာဘုရားနှင့်တကွ ​သံဃာအရှင်သူတော်မြတ်တို့အား ကျေးရွာပြည်သူလူထုနှင့်အတူ ဝါဆိုသက်န်းဆပ်ကပ်လှူဒါန်းခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် ပရိတ်တရားရွတ်ဖတ်နာကြားခဲ့ကြသည်။ ရဲဘော်များမှ သံဃာအရှင်သူမြတ်များအားနေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပြီး၊ ပရိတ်တရားနာကျေးရွာပြည်သူလူထုအားမုန့်ဟင်းခါးဖြင့်ကျွေးမွေးဧည့်ခံအလှူဒါနပြုလုပ်ခဲ့ကြသည်။ ပြည်သူမှထောက်ပံ့ကူညီသောငွေကြေးများဖြင့်ချွေတာစုဆောင်းကာဝါဆိုသက်န်းကပ်အလှူဒါနကိုပြုလုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည့်အတွက် ပြည်သူအများကုသိုလ်ပွားများရန်အလို့ငှာအလှူမှတ်တမ်းဓာတ်ပုံများအားဖော်ပြပေးလိုက်ပါသည်။ မကွေးခရိုင်အမှတ်၂တပ်ရင်း

Repost from Zalen
အင်းတော်မြို့နယ်၊မော်တိတ်ဒေသတွင် ABSDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက် အထိခိုက် အကျဆုံး ရှိ ================= သြဂုတ် ၂၉၊၂၀၂၃ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ အနောက်ဘက် ၈မိုင်ခန့်အကွာရှိ မော်တိတ်ဒေသတွင် ကျောင်းသားတပ်မတော်(ABSDF) နှင့် စစ်ကောင်စီတပ်တို့ သြဂုတ် ၂၇၊၂၈ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကာ နှစ်ဖက် အထိခိုက် အကျဆုံး ရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။ Read More >>>>>>>>>>>> https://tinyurl.com/sdzkknxx

Repost from Hlaing Info
မာရှယ်လောနဲ့ ဧည့်စာရင်းကြောင့် ထားဝယ်မြို့ခံ ၁၅ ဦးဝန်းကျင် ဖမ်းဆီးခံရ သြဂုတ်လ ၂၉ ရက် မာရှယ်လောအမိန့်အရ ညမထွက်ရကြေညာထားချိန်သ
မာရှယ်လောနဲ့ ဧည့်စာရင်းကြောင့် ထားဝယ်မြို့ခံ ၁၅ ဦးဝန်းကျင် ဖမ်းဆီးခံရ သြဂုတ်လ ၂၉ ရက် မာရှယ်လောအမိန့်အရ ညမထွက်ရကြေညာထားချိန်သွားလာတာနဲ့ ဧည့်စာရင်းစစ်ဆေးခံရတာတွေကြောင့် ထားဝယ်မြို့ခံ ၁၅ဦးဝန်းကျင် မနေ့ကညက ဖမ်းဆီးခံရပါတယ်။ ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်ကွက်ထဲမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတာတွေ ည ၁၀ နာရီကျော်လောက်မှာ ပြုလုပ်ခဲ့ပြီး ဧည့်စာရင်းမတိုင်ထားသူတချို့ကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ အဲဒီလိုစစ်ဆေးနေချိန် လမ်းပေါ်မောင်းနှင်လာတဲ့ အိုးဝေသုံးဘီး နှစ်စီးကိုလည်း စစ်ကောင်စီတပ်သားတွေက တားဆီးပြီး သုံးဘီးပေါ်က မြို့ခံလူငယ်တချို့ကို မာရှယ်လောအမိန့်အရ ညမထွက်ရအချိန်မှာသွားလာလို့ ဖမ်းဆီးခဲ့တယ်လို့ ထပ်မံသိရပါတယ်။ "ဖမ်းခံရတာက ညစာစားပွဲတစ်ခုကပြန်လာတဲ့သုံးဘီးနှစ်စီးလို့ကြားတယ်။ ဘုရားရှစ်မြှောင့်နားမရောက်ခင်ဖမ်းခံရတာ။ ဧည့်စာရင်းစစ်ပြီးဖမ်းတာလည်း အဲဒီတဝိုက်မှာပဲဗျ" လို့မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ဆက်လက်ဖတ်ရှူရန် -⤵️⤵️⤵️

Repost from Hlaing Info
ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် သမန်းကျင်းရွာ မီးလောင်နေ https://t.me/infohlaing သြဂုတ
ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် သမန်းကျင်းရွာ မီးလောင်နေ https://t.me/infohlaing သြဂုတ်လ ၂၉ ရက် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် သမန်းကျင်းရွာ မီးလောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က သမန်းကျင်းရွာကို တိုက်လေယာဥ်၊ ရဟတ်ယာဥ်များဖြင့် ၃ ကြိမ် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ကျေးရွာအတွင်း မီးလောင်လျက်ရှိကြောင်း သိရသည်။ " စစ်ခွေးတွေက နံနက်က တိုက်လေယာဥ် ၂ စီး လာပစ်တယ်။ မွန်းလွဲပိုင်းမှာ တိုက်လေယာဥ်ကော ရဟတ်ယာဥ်ကောနဲ့ ပစ်နေတာ အခုညနေပိုင်းလည်း ထပ်လာပစ်တယ်။ ပြည်သူတွေ ကတော့ တိမ်းရှောင်နေရတယ်။ ပစ်ခတ်သံတွေလဲ ဆက်တိုက်ကြားနေရတယ်။ တိုက်ပွဲက ဆက်လက်ပြင်းထန်နေတယ်" ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။ ©KTM Hlaing Info

တာချီလိတ်မြို့တွင် နေအိမ်ထဲက အမျိုးသမီးကို ဆွဲထုတ်လာပြီး ပြန်ပေးဆွဲရန် ကြိုးပမ်း https://youtu.be/Z9Z03ZPVxgc * * * * * မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းမှာ နေအိမ်ထဲက အမျိုးသမီးကို ပြန်ပေးဆွဲရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း အရှေ့မြို့ပတ်လမ်းမှာရှိတဲ့ ဘွန်းကျောက်ဆီပန့်အနီးက နေအိမ်မှာ ၂၀၂၃ခုနှစ် ဩဂုတ်လ(၂၈)ရက်နေ့ ညက သေနတ်များ ကိုင်ဆောင်ထားတဲ့ အမည်မသိ လူတစ်စုဟာ ကားနဲ့ရောက်ရှိလာပြီး နေအိမ်အတွင်းက အမျိုးသမီးတစ်ဦးကို အတင်းဆွဲထုတ်ပြီးနောက် သေနတ်နဲ့ ချိန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားဖို့ ကြိုးပမ်းနေတာကို CCTV မှတ်တမ်းအရ တွေ့ရပါတယ်။ နိုင်ငံ့အာဏာသိမ်းခံထားရတဲ့ အခြေအနေကို အခွင့်အကောင်းယူပြီး တာချီလိတ်မြို့မှာ ၂၀၂၂ခုနှစ် နောက်ပိုင်း ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားနေသလို ခိုးဆိုးလုယက်မှုတွေဟာလည်း နေစဉ်ဖြစ်ပွားနေလျက်ရှိပေမဲ့ ဒါတွေကို သက်ဆိုင်ရာတွေက မသိသလိုနေကြအတွက် ဒေသခံပြည်သူတွေဟာ စိုးရိမ်မှုတွေနဲ့ သွားလာ နေထိုင်နေရတယ်လို့ ပြောနေကြပါတယ်။ တာချီလိတ်မြို့မှာ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပေမဲ့ ပြည်သူကို ကာကွယ်ပေးတဲ့အနေနဲ့ သက်ဆိုင်ရာတွေဘက်က ဖမ်းဆီးဖော်ထုတ်တာတွေ မရှိသေးပါဘူး။ #TachileikNewsAgency

မြိုင်မြို့နယ်ရှိ စစ်ကောင်စီဂိတ်ကို စနိုက်ပါဖြင့်ပစ်ခတ် ဒုရဲအုပ်တစ်ဦး ထိမှန် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * မကွေးတိုင်း မြိုင်မြို့နယ်အနောက်ဘက်အထွက်ဂိတ်တွင် ဂိတ်စောင့်နေသည့် မြိုင်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇင်မင်းထွန်းကို မြိုင်ပကဖက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ မြိုင်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇင်မင်းထွန်းသည် ဘန်ကာအတွင်းမှ ရဲနှင့် ပျူစောထီးများအား စကားပြောနေစဥ် မြိုင် ပကဖ ရင်း(၁)တပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်၍ လဲကျသွားကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်ထားသည်။ ဆက်လက်ဖတ်ရှုရန် : https://www.tachileik.net/mm/news/33581 #TachileikNewsAgency Video : မြိုင်-ပကဖ

Repost from CRPH Myanmar
အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာအရှေ့တီမောသံရုံး ယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ နှင်ထုတ်ခြင်းအပေါ် သဘောထားထုတ်ပြန်ချ
+1
အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာအရှေ့တီမောသံရုံး ယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ နှင်ထုတ်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက် =================================== ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် ထုတ်ပြန်ချက်အပြည့်အစုံ (အင်္ဂလိပ်၊ မြန်မာ) ကို https://bit.ly/3QYU7nT တွင် ရယူနိုင်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Repost from Mizzima
တရုတ်- မြန်မာ နယ်စပ်အနီး တိုက်ပွဲပြင်းထန် ================= ခိုင်မင်းမြတ် (မဇ္ဈိမ) ။ ။ တရုတ်- မြန်မာနယ်စပ်အနီး စစ်ကြောင်း ငါးကြောင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်းတပ်မတော် (TNLA) တို့အကြား ဩဂုတ်လ ၂၈ ရက်နေ့နံနက် ၈ နာရီမှ ညနေ ၆ ဝန်းကျင်အထိ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း TNLA ဘက်က ယနေ့တွင် ထုတ်ပြန်လာသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ခိုမုန်းကျေးရွာအနီးသို့ စစ်ကောင်းထိုးလာသည့် ပြည်သူ့စစ်၊ စစ်ကောင်စီတပ် ပူးပေါင်းတပ်နှင့် TNLA တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နယ်စပ်နှင့် ၁ ဒဿမ ၅၄ ကီလိုမီတာသာ ကွာဝေးသည့် ခိုမုန်းကျေးရွာ အနီးတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် စစ်ကြောင်းများမှာ တပ်မ(၉၉)လက် အောက်ခံ (၄၂၁)၊ (၄၂၃)နှင့် (၅၇၇) စစ်ကြောင်းတို့ ဖြစ်သည်။ ထိုစစ်ကောင်စီတပ်နှင့် ပူးပေါင်းစစ်ကြောင်းထိုးလာသည့် ပြည်သူ့စစ်တပ်ဖွဲ့ များမှာ ရှောက်ဟော်၊ လုံထန်၊ မြို့မ (၁.၂.၃) တို့ ဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း နမ့်ဖက်ကာ (၁၂၃) တပ်ကလည်း တိုက်ပွဲဖြစ်ပွားရာ ခိုမုန်းကျေးရွာအနီးသို့ ၁၀၀ မမ လက်နက်ကြီးဖြင့် ရှစ်ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး အချက် ၂၀ ထက်မနည်း ပစ်ခတ်မှု ကြောင့် မူဆယ်မြို့နယ်၊ စယ်လန်ကျေးရွာအနီး ဘုရားတောင်ရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်သွားခဲ့ကြောင်း သိရသည်။ အလားတူ လားရှိုးမြို့နယ်တွင် စစ်ယာဉ်တန်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ အကြား ယနေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၌ ဩဂုတ်လ ၂၇ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် TNLA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ဘက်မှ တဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသွားသည်ဟု TNLA ပြန်ကြားရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို အတည်ပြုထားသည်။ စာတည်း။ ။ နောင်နောင် #TNLA #စစ်ကောင်စီ #မူဆယ် #Mizzima Photos- TNLA ------------------------ လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Repost from Mizzima
တရုတ်- မြန်မာ နယ်စပ်အနီး တိုက်ပွဲပြင်းထန်
+3
တရုတ်- မြန်မာ နယ်စပ်အနီး တိုက်ပွဲပြင်းထန်