uz
Feedback
Knowledge is Power Myanmar

Knowledge is Power Myanmar

Kanalga Telegram’da o‘tish

Business Management knowledge sharing

Ko'proq ko'rsatish

📈 Telegram kanali Knowledge is Power Myanmar analitikasi

Knowledge is Power Myanmar (@knowledgeispowermyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 115 obunachidan iborat bo'lib, Biznes toifasida 7 138-o'rinni va Myanma mintaqasida 11 528-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 115 obunachiga ega bo‘ldi.

07 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 1 654 ga, so‘nggi 24 soatda esa 66 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 10.31% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 3.60% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 036 marta ko‘riladi; birinchi sutkada odatda 362 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
Business Management knowledge sharing

Yuqori yangilanish chastotasi (oxirgi ma’lumot 08 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Biznes toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 115
Obunachilar
+6624 soatlar
+5237 kunlar
+1 65430 kunlar

Ma'lumot yuklanmoqda...

O'xshash kanallar
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Iyul '26
Iyul '26
+594
0 kanalda
Iyun '26
+1 167
0 kanalda
Get PRO
May '26
+259
0 kanalda
Get PRO
Aprel '26
+1 266
0 kanalda
Get PRO
Mart '26
+763
0 kanalda
Get PRO
Fevral '26
+826
0 kanalda
Get PRO
Yanvar '26
+200
0 kanalda
Get PRO
Dekabr '25
+624
0 kanalda
Get PRO
Noyabr '25
+22
0 kanalda
Get PRO
Oktabr '25
+126
0 kanalda
Get PRO
Sentabr '25
+26
0 kanalda
Get PRO
Avgust '25
+636
0 kanalda
Get PRO
Iyul '25
+8
0 kanalda
Get PRO
Iyun '25
+31
0 kanalda
Get PRO
May '25
+101
0 kanalda
Get PRO
Aprel '25
+208
0 kanalda
Get PRO
Mart '25
+71
0 kanalda
Get PRO
Fevral '25
+594
0 kanalda
Get PRO
Yanvar '25
+505
0 kanalda
Get PRO
Dekabr '24
+283
0 kanalda
Get PRO
Noyabr '24
+2 720
0 kanalda
Sana
Obunachilarni jalb qilish
Esdaliklar
Kanallar
08 Iyul+68
07 Iyul+66
06 Iyul+187
05 Iyul+150
04 Iyul+42
03 Iyul+16
02 Iyul+26
01 Iyul+39
Kanal postlari
2
HR များအတွက် လက်​တွေ့ Payroll Process ပြုလုပ်နည်းများ ( Part - 3 ) ​ရှေ့ part - 1 ,part - 2 မှာ အဆင့်၂အထိ​ပြီးသွားတဲ့အခါ အခုဆက်ပြီး​တော့ အဆင့် ၃ ဖြစ်တဲ့အချိန်ပိုကြေး Overtime - OT တွက်ချက်တာကို ဆက်ပြီးမျှ​ဝေ​ပေးပါ့မယ်။ အချိန်ပိုကြေး Overtime - OT တွက်ချက်ခြင်း ဟာ HR တစ်ယောက်အနေနဲ့ ဥပဒေကြောင်းအရရော၊ companyရဲ့ ဘဏ္ဍာရေးတွက်ချက်မှုအရရော အလွန်အမင်း သတိထားရမည့် အပိုင်းဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေအရ ဝန်ထမ်းတစ်ဦးကို သတ်မှတ်အလုပ်ချိန်ထက် ပိုမိုခိုင်းစေပါက အချိန်ပိုကြေးကို မဖြစ်မနေ ပေးချေရမှာ ဖြစ်ပါတယ် အောက်တွင် အချိန်ပိုကြေး (OT) တွက်ချက်ခြင်း လုပ်ငန်းစဉ်ကို ဥပဒေစည်းကမ်းချက်များ၊ ပုံသေနည်းများနှင့်တကွ အသေးစိတ် ရှင်းပြပေးပါမယ်။ ​မြန်မာနိုင်ငံ ဥပဒေအရ OT သတ်မှတ်ချက်အရ HR တစ်ဦးအနေနဲ့ အချိန်ပိုခေါ်ယူခြင်းနှင့် တွက်ချက်ခြင်း မပြုလုပ်မီ အောက်ပါဥပဒေအချက်အလက်များကို ဦးစွာသိရှိထားရပါမည် ၁၉၅၁ အလုပ်ရုံများအက်ဥပဒေ နှင့် ဆိုင်များနှင့် အလုပ်ဌာန အက်ဥပဒေအရ OT နှုန်းထား Rate အချိန်ပိုလုပ်အားခကို ပုံမှန်အလုပ်လုပ်ခနှုန်းထားရဲ့ ၂ ဆ Double ပေးရပါမည် ဒါ​ပေမယ့်OT ကန့်သတ်ချက်အဖြစ် ဝန်ထမ်းတစ်ဦးကို တစ်ပတ်လျှင် အချိန်ပို နာရီပေါင်း ၁၂ နာရီ နဲ့တကယ်လို့ထူးခြားသောအခြေအနေများတွင် အလုပ်သမားရုံးခွင့်ပြုချက်ဖြင့် ၁၆ နာရီ ထက် ပိုမိုခေါ်ယူခြင်း မပြုရပါဝန်ထမ်းက မိမိသဘောဖြင့် ရုံးမှာနောက်ကျမှ ပြန်ခြင်းကို OT အဖြစ် မသတ်မှတ်ပါ သက်ဆိုင်ရာ ဌာနမှူး Line Manager ၏ ကြိုတင်အတည်ပြုချက် OT Request Form ရှိမှသာ တရားဝင် OT နာရီအဖြစ် အသိအမှတ်ပြုရပါမည်။ အချိန်ပိုလုပ်ခ (Overtime hourly rate) ကို တွက်တဲ့အခါ နာလည်​အောင် kip pageမှာ နမူနာ ကိန်းဂဏန်းများဖြင့် တွက်ချက်ပြပေးပါမယ်။ တွက်တဲ့အခါ တစ်ပတ်လျှင် ၄၄ နာရီ အလုပ်လုပ်သည်ဟု အခြေခံထားပါသည် တရက် ၈နာရီ နဲ့ ၅ရက်ခွဲ သ​​ဘောဖြစ်ပါတယ်။ပုံထဲက labour lawအရ တွက်ပုံတွကိနည်း​တွေကို အ​ခြေခံကာ ရှင်းပြ​ပေးမှာဖြစ်ပါတယ်။ ၁။ လစဉ်လစာရရှိသူများ (Workers with monthly salary) ဥပမာ - လစာ ၃၀၀,၀၀၀ ကျပ် ရရှိသူတစ်ဦး ဖြစ်ပါက- Overtime hourly rate = 2 × [ (300,000 x 12)/(52 × 44) ] ဆိုတဲ့ ၁နှစ်စာကို အ​ခြေခံပြီး ၁နာရီလစာကိုတွက်မှာဖြစ်ပါတယ် ၁နှစ်ကို ၁၂လရှိတာ​ကြောင့် ၁၂နဲ့ ​​မြှောက်ပြီး ၁နာရီထွက်​အောင် ၁နှစ်မှာ ၅၂ပက်ရှိကာ ၁ပက်ကို 44နာရီ နဲ့စားခြင့်းဖြင့် ၁နာရီလုပ်ခလစာကို ရမှာဖြစ်ပါတယ်။ဥပမာတွက်ရရင် အဆင့် ၁ (တစ်နှစ်စာလစာ)= 300,000 × 12 = 3,600,000 အဆင့် ၂ (တစ်နှစ်အတွင်း စုစုပေါင်းအလုပ်ချိန်) = 52 × 44 = 2,288 နာရီ အဆင့် ၃ (ပုံမှန်တစ်နာရီနှုန်း) = 3,600,000 ÷ 2,288 = 1,573 ကျပ် အဆင့် ၄ (အချိန်ပို ၂ ဆနှုန်း) = 1,573.4 × 2 = 3,146 ကျပ် ဖြင့် ၁နာရီ OTလုပ်တိုင်းရမှာဖြစ်ပါတယ် Labour law အရ OTကို ၁ရက် ၄နာရီ​လောက်သာ လုပ်ခွင့်ရှိမှာဖြစ်ပါတယ်။ ၂။ နေ့စားအလုပ်သမားများ (Daily-wages workers) ဥပမာ တစ်ရက်လျှင် ၁၀,၀၀၀ ကျပ် ရရှိသူတစ်ဦး ဖြစ်ရင် Overtime hourly rate = 2 × [ (10,000 × 6 ) /44 ] အဆင့် ၁ (တစ်ပတ်စာဝင်ငွေ) =10,000 × 6 = 60,000 ကျပ် အဆင့် ၂ (ပုံမှန်တစ်နာရီနှုန်း) = 60,000 ÷ 44 = 1,363.6 ကျပ် အဆင့် ၃ (အချိန်ပို ၂ ဆနှုန်း): 1,363.6 × 2 = 2,727.2 ကျပ် စသဖြင့် ၁နာရီ OTအတွက် ရမှာဖြစ်ပါတယ်။ HRများအ​နေနဲ့ အထူးသတိပြုရမယ်ြအခြေအနေ​တွေက​တော့ပိတ်ရက် OT ဆင်းခြင်း Weekly Off / Public Holiday OTအတွက် ဝန်ထမ်းအချို့က တနင်္ဂနွေနေ့ သို့မဟုတ် အများပြည်သူပိတ်ရက်တွေမှာ လာအလုပ်လုပ်ရတတ်ပါတယ် ဥပဒေကြောင်းအရ ပိတ်ရက်တွင် လာရောက်လုပ်ကိုင်ခြင်းသည်လည်း အချိန်ပို OT ခေါ်ယူခြင်းပင် ဖြစ်သဖြင့် ပုံသေနည်းအတိုင်း ၂ ဆ သာ တွက်ချက်ပေးရပါမယ် OT ကို တွက်ချက်ရာတွင် ဝန်ထမ်းရရှိသည့် ရက်မှန်ကြေး၊ စားစရိတ်၊ ခရီးစရိတ် Allowances များကို ထည့်မတွက်ရပါဘူး ဝန်ထမ်း၏ အခြေခံလစာ Basic Salary တစ်ခုတည်းအပေါ်တွင်သာ မူတည်၍ တွက်ချက်ရပါမည် ​နောက်သတိထားရမှာက ဝန်ထမ်းက ၁ နာရီ တိတိမဆင်းဘဲ ၁ နာရီနှင့် မိနစ် ၃၀ ဆင်းသွားပါက မိနစ်ကို နာရီပြောင်း၍ 1.5နာရီအချိုးကျ တိတိကျကျ တွက်ချက်ပေးရပါမည်။ Part - 4 တွင်ဆက်​ရေးပါ့မယ် အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun
215
3
----------------
139
4
+3
Matn yo'q...
176
5
HR များအတွက် လက်​တွေ့ Payroll Process ပြုလုပ်နည်းများ ( Part - 2 ) ​ရှေ့ ,Part- 1မှာ Attendance Data စုဆောင်းခြင်း အဆင့်ပြီးသွားရင် ​နောက်ထပ်ဒုတိယအဆငိ့အ​နေနဲ့ အလုပ်ပျက်ကွက်မှု တိုက်ဆိုင်စစ်ဆေးခြင်း Leave Reconciliationဆိုတဲ့ အဆင့် ၁ ကရလာတဲ့ Attendance Summary ထဲက ရုံးမတက်တဲ့ရက်တွေ ကို ဥပဒေကြောင်းအရ လစာပေးရမယ့်ရက်လား၊ ဒါမှမဟုတ် လစာဖြတ်ရမယ့်ရက်လားဆိုတာ ဝေဖန်ပိုင်းခြားပြီး စာရင်းညှိနှိုင်းတဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ် ဖြစ်ပါတယ် HR Manager တစ်ယောက်အနေနဲ့ ဒီအဆင့်ကို လွဲချော်သွားရင် ဝန်ထမ်းတွေရဲ့ လုပ်ခလစာအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပြီး အလုပ်သမားရေးရာ အငြင်းပွားမှုတွေအထိ ဖြစ်လာနိုင်ပါတယ်။ဒါ​ကြောင့် ဒီ Part-2မှာ Leave Reconciliationအ​ကြောင်းကို Kip က​နေမျှ​ဝေ​ပေးမှာဖြစ်ပါတယ်။ ​Leave Reconciliationလုပ်​တော့မယ်ဆိုရင် လက်တွေ့လုပ်ငန်းခွင်မှာ အဓိက အဆင့် (၃) ဆင့်ရှိပါတယ် ဘာ​တွေလဲဆို​​တော့ ​1 - Data Matching အချက်အလက်ချင်း တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်တဲ့ Attendance System ထဲမှာ ဝန်ထမ်းတစ်ယောက်က Absent ပျက်ကွက် ပြနေတဲ့ ရက်တွေကို ယူပါတယ် ထိုရက်အတွက် ဝန်ထမ်းက တင်ထားတဲ့ Leave Application Form ခွင့်စာ Hard copy သို့မဟုတ် HR System ထဲက Online Approval ရှိ၊ မရှိ လိုက်လံတိုက်စစ်တာ ဖြစ်ပါတယ်။ ​Leave Balance Verification ခွင့်လက်ကျန် စစ်ဆေးခြင်းဖြစ်တဲ့ခွင့်စာရှိတယ်ဆိုရင်တောင် ၎င်းဝန်ထမ်းမှာ အမှန်တကယ် ခွင့်ယူပိုင်ခွင့် လက်ကျန် Leave Balance ရှိသေးရဲ့လားဆိုတာ HR Ledger ခွင့်မှတ်တမ်းစာအုပ် ထဲမှာ ပြန်စစ်ရပါတယ် ဥပမာ - ဝန်ထမ်းက ရှောင်တခင်ခွင့် Casual Leave တင်ထားပေမယ့် ၎င်းရဲ့ တစ်နှစ်စာ ၆ ရက်စလုံး ကုန်နေပြီဆိုရင် ထိုခွင့်စာကို အတည်ပြုလို့မရဘဲ လစာမဲ့ခွင့် Unpaid Leave / Leave Without Pay LWPအဖြစ် ပြောင်းလဲသတ်မှတ်ရပါမယ်။ Categorization အမျိုးအစား ခွဲခြားခြင်းဖြစ်တဲ့တိုက်စစ်ပြီးတဲ့နောက်မှာ ရလဒ်ကို အုပ်စု (၂) စုပဲ ထွက်လာအောင် ခွဲထုတ်ရပါမယ် Paid Leave လစာပေးရမည့်ခွင့် ဥပဒေအရ ခွင့်ပြုထားသော ခွင့်ရက်များအတွင်း ရှိနေပြီး Line Manager ကလည်း အတည်ပြုထားသောရက်များ လစာ အပြည့်ပေးရပါမယ် Unpaid Leave / LWP လစာမဲ့ရက်အတွက် ခွင့်စာမတင်ဘဲ ပျက်ကွက်ခြင်း၊ ခွင့်လက်ကျန် ကုန်နေခြင်း သို့မဟုတ် အစမ်းခန့်ကာလ Probation ဖြစ်၍ ခွင့်ယူပိုင်ခွင့် မရှိသေးဘဲ ခွင့်ယူခြင်း လစာ ရက်တွက်ဖြင့် ဖြတ်ရပါမယ်။ ​2 - ဥပဒေနှင့်အညီ စစ်ဆေးရမည့် ခြွင်းချက် ကိစ္စရပ်များဖြစ်တဲ့HR Manager အနေနဲ့ ခွင့်တွေကို စစ်ဆေးတဲ့အခါ မြန်မာနိုင်ငံ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေအရ အောက်ပါ အထူးအခြေအနေတွေကို သတိထားဖို့ လိုပါတယ် ဆေးခွင့်နှင့် ဆရာဝန်ထောက်ခံစာ Medical Leave & MC အတွက်ဝန်ထမ်းက ဆေးခွင့် (၃) ရက်နှင့်အထက် ဆက်တိုက်ယူထားပါက တရားဝင် ဆရာဝန်​ဆေးစာ တင်ပြနိုင်မှသာ ဆေးခွင့် Paid Leave အဖြစ် သတ်မှတ်ပေးရပါမယ်ထောက်ခံစာ မပြနိုင်ရင် LWP အဖြစ် ပြောင်းလဲနိုင်ပါတယ်။ခွင့်ရက်ရှေ့နောက် ပိတ်ရက်များ ညှပ်ခြင်း Sandwich Ruleဖြစ်တဲ့ အချို့ကုမ္ပဏီတွေရဲ့ Policy မှာ သောကြာနေ့နဲ့ တနင်္လာနေ့ကို ခွင့်ယူရင် ကြားထဲက စနေ၊ တနင်္ဂနွေကိုပါ ခွင့်ရက်အဖြစ် ပေါင်းတွက်တဲ့ Sandwich Rule သုံးတတ်ကြပါတယ်။ ဒါဟာ ကုမ္ပဏီမူဝါဒဖြစ်လို့ ဥပဒေနဲ့ မငြိစွန်းအောင် စနစ်တကျ စစ်ဆေးရပါတယ်။ရှောင်တခင်ခွင့် ကန့်သတ်ချက်ဖြစ်တဲ့ရှောင်တခင်ခွင့် Casual Leave ကို တစ်ကြိမ်ယူရင် (၃) ရက်ထက် ပိုမပေးရပါဘူး။အကယ်၍ ဝန်ထမ်းက (၄) ရက်ဆက်တိုက် ယူထားရင် ကျန်တဲ့ ၁ ရက်ကို Annual Leave သို့မဟုတ် LWP အဖြစ် ပြောင်းရပါမယ်။ ​3 - အဆင့် (၂) ရဲ့ လက်တွေ့ရလဒ် Reconciliation Outputဖြစ်တဲ့ဒီအဆင့် ပြီးသွားတဲ့အခါ Payroll Account ထဲကို ထည့်သွင်းရမယ့် တိကျတဲ့ လစာဖြတ်ရမည့် ရက်ပေါင်းစာရင်း Deduction Summary ထွက်လာပါတယ်လက်တွေ့ ဥပမာ ​ပြောရရင် ဝန်ထမ်း က -ရုံးမတက်တာ ၃ ရက် ရှိတယ်HR မှ တိုက်စစ်ချက် - ၁ ရက်က ခွင့်စာ Casual Leaveရှိတယ် ကျန် ၂ ရက်က ခွင့်စာမရှိဘဲ ပျက်ကွက်တယ် နောက်ဆုံးရလဒ် Paid Leave = ၁ ရက် လစာမဖြတ်၊ LWP = ၂ ရက် Payroll တွင် ၂ ရက်စာ လစာ နှုတ်မယ် စသဖြင့် ဖြစ်ပါတယ်။ Part - 3 တွင် ဆက်ပြီး​ရေးပါ့မယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun
170
6
---------------
148
7
+2
Matn yo'q...
242
8
HR များအတွက် လက်​တွေ့ Payroll Process ပြုလုပ်နည်းများ ( Part - 1 ) လက်​တွေ့ Payroll Process ပြုလုပ်​ပုံ​​တွေကို တစ်ဆင့်ချင်းစီ Kip pageမှာ မျှ​ဝေ​ပေးပါ့မယ် Payrollစလုပ်​​တေ့မယ်ဆိုရင် ပထမဦးဆုံးဖြစ်တဲ့ 1 - Attendance Data စုဆောင်းခြင်း HR Department တစ်ခုရဲ့ Payroll Cycle မှာ Attendance Data စုဆောင်းခြင်း ဟာ အရေးအကြီးဆုံး တံခါးဝ ဖြစ်ပါတယ် ဒီအဆင့်မှာ Data မှားသွားရင် နောက်ဆက်တွဲ လစာတွက်ချက်မှုအားလုံး ကွင်းဆက်လိုက် မှားယွင်းသွားနိုင်လို့ HR Manager တစ်ယောက်အနေနဲ့ အမှားအယွင်းမရှိအောင် အသေးစိတ် စနစ်တကျ ကိုင်တွယ်ရပါတယ်။ ​ဒီလုပ်ငန်းစဉ်ကို လက်တွေ့ HR Operation နယ်ပယ်က အဓိက အဆင့် ၄ ဆင့်နဲ့ အသေးစိတ် ​ပြောပြ​ပေးပါမယ် ​ပထမဆုံးအနေနဲ့Cut-off Period စာရင်းပိတ်ရက် သတ်မှတ်ခြင်းအ​နေနဲ့ ကုမ္ပဏီရဲ့ လစဉ်တက်ရောက်မှုစာရင်းကို ဘယ်နေ့ကနေ ဘယ်နေ့အထိ ယူမလဲဆိုတာ တိတိကျကျ သတ်မှတ်ရပါတယ်။ အသုံးများတဲ့ ပုံစံ နှစ်မျိုးရှိပါတယ် လပြက္ခဒိန်အတိုင်း ယူခြင်း (1st to 31st)ဖြစ်တဲ့ လစဉ် ၁ ရက်နေ့မှ လကုန်ရက်အထိ စာရင်းယူတာဖြစ်ပြီး လကုန်ရက်မှာတင် လစာချက်ချင်းထုတ်ပေးချင်တဲ့ ကုမ္ပဏီတွေအတွက် HR မှာ Data စစ်ဖို့ အချိန်အရမ်း လုရတတ်ပါတယ် ​နောက်တမျိုးရက်ရွှေ့ယူခြင်း ဖြစ်တဲ့ဥပမာ -21st to 20th ယခင်လ ၂၁ ရက်နေ့မှ ယခုလ ၂၀ ရက်နေ့အထိ တက်ရောက်မှုကို ယူတာမျိုးပါ ဒီပုံစံက HR Manager အတွက် လကုန်ပိုင်း လစာမထုတ်ပေးခင် Data စစ်ဆေးဖို့၊ လိုအပ်တာတွေ တိုက်ဆိုင်ဖို့ အချိန် ၁၀ ရက်ဝန်းကျင် ကြိုရတဲ့အတွက် ပိုမိုတိကျပြီး အမှားနည်းစေပါတယ် တချို့လည်း လရဲ့ 25ရက်​နေ့ နဲ့ 26ရက်​နေ့ ဒါမျိုးယူတာမျိုးလည်း ရှိပါတယ် ကိုယ့်လုပ်ငန်းမှာ ဘယ်လိုထားမလဲဆိုတာပဲ မှုတည်ပါတယ်။ဒါပြီး ​Data Extraction တက်ရောက်မှုမှတ်တမ်း ထုတ်ယူခြင်းဖြစ်တဲ့ဝန်ထမ်းတွေရဲ့ နေ့စဉ်အလုပ်ဝင်/ထွက်ချိန်တွေကို အသုံးပြုထားတဲ့ နည်းပညာအလိုက် ဆွဲထုတ် (Export) လုပ်ရပါတယ်Biometric Fingerprint ဒါမှမဟုတ် ဝန်ထမ်းIDcard ​သုံးပြီး စက်တွေထဲကနေ USB Drive နဲ့ဖြစ်စေ File အဖြစ် ထုတ်ယူပါခြင်း တကယ်လို့နည်းပညာမသုံးနိုင်သေးတဲ့ လုပ်ငန်းခွင်/စက်ရုံအချို့တွင် နေ့စဉ် လက်မှတ်ထိုးထားတဲ့ စာအုပ်တွေကို ကြည့်ပြီး HR က Excel ထဲကို ကိုယ်တိုင်ရိုက်ထည့် Data Entryရပါတယ်။​နောက် Data Cleaning & Formattingဖြစ်တဲ့စက်ထဲက ထွက်လာတဲ့ Raw Data တွေဟာ တိုက်ရိုက်တွက်လို့ မရသေးပါဘူး အောက်ပါအချက်တွေကို HR က ပြန်လုပ်ပေးရပါတယ် ဘာ​တွေလဲဆ်ု​တော့Missing Punches အဝင်ရှိပြီး အထွက်မရှိခြင်းဖြစ်တဲ့ ဝန်ထမ်းက မနက်ကတ်နှိပ်ပြီး ညနေပြန်တော့ မေ့ပြီးမနှိပ်မိတာမျိုး သို့မဟုတ် Double Punching - တစ်ကြိမ်တည်းကို နှစ်ခါနှိပ်မိတာမျိုး ကို ရှာဖွေပြီး သက်ဆိုင်ရာ ဌာနမှူးရဲ့ အတည်ပြုချက်နဲ့ စနစ်ထဲမှာ မှန်ကန်အောင် အချိန်ပြန်ပြင်ပေးရပါတယ်​နောင် Shift Matching အလှည့်ကျဆင်းချိန်များ တိုက်စစ်ခြင်း အထူးသဖြင့် ၂၄ နာရီလည်ပတ်တဲ့ စက်ရုံတွေ၊ ဆေးရုံတွေ၊ ဟိုတယ်တွေမှာ ဝန်ထမ်းက Morning Shift လား၊ Evening Shift လား၊ Night Shift လားဆိုတာကို ၎င်းတို့ရဲ့ အချိန်ဇယားနဲ့ တိုက်ဆိုင်စစ်ဆေးပါတယ်။ပြီး​တော့ ​ခြွင်းချက်များနှင့် အထူးကိစ္စရပ်များ ဖြစ်တဲ့ HR တစ်ယောက် ခေါင်းအရှုပ်ရဆုံးနဲ့ အသေအချာ စစ်ရမည့်အပိုင်း ဖြစ်တဲ့ အလုပ်ပျက်ကွက်ခြင်း မဟုတ်တဲ့ တရားဝင် ကိစ္စရပ်တွေကို မှတ်တမ်းအမှန်ဖြစ်အောင် အစားထိုးထည့်သွင်းရပါမယ် On-Duty / Business Trip​တွေဖြစ်တဲ့ ဝန်ထမ်းက ရုံးကိုမလာဘဲ အပြင်မှာ Customer နဲ့ တွေ့နေလို့ သို့မဟုတ် ခရီးသွားနေလို့ စက်မနှိပ်နိုင်တာ ဖြစ်နိုင်ပါတယ် ဒါကို သက်ဆိုင်ရာ On-Duty Form တင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပြီး Attendance မှာ Present ရုံးတက်အဖြစ် ပြောင်းပေးရပါတယ်​နောင် Work From Home (WFH)ဖြစ်တဲ့ အိမ်ကနေ အလုပ်လုပ်ခွင့်ပြုထားတဲ့ ရက်တွေအတွက် လုပ်ငန်းခွင်တက်ရောက်မှုအဖြစ် သတ်မှတ်ပေးရပါတယ် ​နောက် Overtime (OT) Pre-approval တိုက်စစ်ခြင်းဖြစ်တဲ့ ဝန်ထမ်းက ညနေ ၅ နာရီဆင်းရမှာကို ည ၈ နာရီအထိ စက်ထဲမှာ မှတ်တမ်းဝင်နေရင် ၎င်းရဲ့ Line Manager က ပေးထားတဲ့ OT Request Form ရှိမှသာ သတ်မှတ် OT နာရီအဖြစ် အသိအမှတ်ပြုပါတယ်။ Form မရှိဘဲ အလကားနေရင်း ရုံးမှာ နောက်ကျမှ ပြန်တာမျိုးဆိုရင် OT ထဲ ထည့်မတွက်ပါဘူး။ HR Manager က ဒီ​နေရာမှာ ဘာ​တွေစစ်ဆေးရမယ်ဆို​တော့ ဝန်ထမ်းအားလုံးရဲ့ Attendance Raw Data စက်ထဲက ထုတ်ပြီးပြီလား။Missing Punch cardမနှိပ်မိတာတွေကို သက်ဆိုင်ရာ မန်နေဂျာဆီက အတည်ပြုချက်ယူပြီး ပြင်ပြီးပြီလား။ခရီးသွားထားတဲ့ (On-Duty) ဝန်ထမ်းတွေရဲ့ Form တွေ အကုန်ရပြီလား။ OT ဆင်းထားတဲ့ နာရီတွေနဲ့ မန်နေဂျာ လက်မှတ်ထိုးထားတဲ့ OT Form တွေ အရေအတွက် ကိုက်ညီမှု ရှိရဲ့လား။စတာ​တွေကို စစ်​ဆေးရမှာဖြစ်ပါတယ်။ Part - 2 တွင်ဆက်ပြီး​ရေးပါမယ် အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun
284
9
Kip page ရဲ့၈နှစ်ပြည့် သင်တန်း၁၁ခုစလုံးကို 88,000နဲ့ Promotion​လေး ပြီးဖို့ ၂ရက်​ကျော်သာလိုပါ​တော့တယ် ခင်ဗျာ့😀 👇👇👇 https:
Kip page ရဲ့၈နှစ်ပြည့် သင်တန်း၁၁ခုစလုံးကို 88,000နဲ့ Promotion​လေး ပြီးဖို့ ၂ရက်​ကျော်သာလိုပါ​တော့တယ် ခင်ဗျာ့😀 👇👇👇 https://www.facebook.com/share/p/1Mu643aUDw/
819
10
Kip page ရဲ့၈နှစ်ပြည့် သင်တန်း၁၁ခုစလုံးကို 88,000နဲ့ Promotion​လေး ပြီးဖို့ ၃ရက်​ကျော်သာလိုပါ​တော့တယ် ခင်ဗျာ့😀 👇👇👇 https:
Kip page ရဲ့၈နှစ်ပြည့် သင်တန်း၁၁ခုစလုံးကို 88,000နဲ့ Promotion​လေး ပြီးဖို့ ၃ရက်​ကျော်သာလိုပါ​တော့တယ် ခင်ဗျာ့😀 👇👇👇 https://www.facebook.com/share/p/1bBYpqNxcf/
373
11
-------------------------------
1 070
12
+5
Matn yo'q...
1 014
13
​ အဆင့် ၁မှာ Pallet စစ်ဆေးခြင်းဖြစ်တဲ့ ကုန်ပစ္စည်းတင်မည့် Pallet ၏ ကြံ့ခိုင်မှုကို အရင်စစ်ရပါမယ် အက်ကွဲနေသော သို့မဟုတ် သစ်သားချောင်း ကျိုးနေသော Pallet များကို လုံးဝ လုံးဝမသုံးရပါ ​နောက်ပြီး Wrapping စစ်ဆေးခြင်းဖြစ်တဲ့ Pallet ပေါ်ရှိ ဖာပုံး သို့မဟုတ် အိတ်များသည် ဘေးသို့ ယိုင်နဲ့မနေဘဲ Stretch Film ဖြင့် တင်းတင်းကျပ်ကျပ် စည်းနှောင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးရပါမယ်။ အဆင့် ၂ အ​နေနဲ့ SKU ခွဲခြားခြင်းဖြစ်တဲ့ ဝင်လာသော ပစ္စည်း၏ SKU Stock Keeping Unit ကုဒ် သို့မဟုတ် Batch Number အလိုက် မည်သည့် အတန်း Laneတွင် ထားမည်ကို သတ်မှတ်ရပါမယ် Rule of Thumbအရ အတန်းတစ်ခု One Lane တွင် SKU အမျိုးအစား တူညီပြီး Batch နံပါတ် တူညီသော ပစ္စည်းများကိုသာ စုပုံရပါမည်။ SKU မတူသည်များကို ရောနှော၍ ရှေ့ဆင့်နောက်ဆင့် မပုံရပါ။ဒါပြီးရင် အဆင့် ၃ဖြစ်တဲ့ အတွင်းမှ အပြင်သို့ တင်ဖို့ Forklift မောင်းသူသည် အတန်း Lane ၏ အထဲဆုံး/အနောက်ဆုံး နေရာမှ စတင်၍ ပစ္စည်းကို ပုံရပါမည်။ ဒေါင်လိုက် ဆင့်တင်ခြင်း Vertical Stackingမှာ အောက်ဆုံး Pallet ကို ကောင်းမွန်စွာ ချပြီးနောက် ဒုတိယမြောက် Pallet ကို အပေါ်တည့်တည့်မှ ဗဟိုချက် Center ချိန်၍ ဖြည်းညှင်းစွာ တင်ရပါမယ် အမြင့်ကန့်သတ်ချက်အ​နေဖြင့် သတ်မှတ်ထားသော အမြင့် ဥပမာ အများဆုံး ၃ ထပ် သို့မဟုတ် ၄ ထပ် ပြည့်ပါက ရှေ့သို့ တစ်ဆင့်တိုး၍ အတန်းပြည့်သည့်အထိ ဆက်လက်စီရပါမည်။​နောက်ဆုံး အဆင့် ၄ဖြစ်တဲ့ LIFO နိယာမအတိုင်း ပစ္စည်းပြန်ထုတ်သည့်အခါ အပြင်ဘက်ဆုံးနှင့် အပေါ်ဆုံးရှိသော နောက်ဆုံးမှ ဝင်ထားသော Pallet ကို အရင်ဆုံး မယူရပါမယ် Row Clearing အတန်းတစ်ခုအတွင်းရှိ ပစ္စည်းများကို ထုတ်ယူရာတွင် ထိုအတန်းထဲရှိ ပစ္စည်းအားလုံး ကုန်စင်သွားသည့်အထိ Row Empty ဖြစ်သည်အထိထုတ်ယူရပါမယ် ထိုအတန်း မရှင်းလင်းသေးဘဲ ပစ္စည်းအသစ် လာမညှပ်ရပါ။ Part - 2တွင် ဆက်ပြီး​ရေးပါမယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun
718
14
Warehouse ​တွေမှာ storage လုပ်တဲ့အခါ ပစ္စည်းအ​ပေါ်မှုတည်ပြီး သုံးရတဲ့ storage method များ Part (1) Warehouse ​တွေမှာ ပစ္စည်း storage လုပ်တဲ့အခါ ပစ္စည်းအ​ပေါ်မှုတည်ပြီး လုပ်ရတဲ့ storage method ​တွေကို​ Kip က​နေမျှ​ဝေ​ပေးပါ့မယ် ပထမဦးဆုံး Block Stacking သို့မဟုတ် Floor Stackingဆိုတဲ့ Warehouse ထဲမှာ စင် Racking Systemတွေ လုံးဝမသုံးဘဲ၊ ကုန်ပစ္စည်းတွေကို Pallet ပေါ်တင်ပြီး ကြမ်းပြင်ပေါ်မှာ တစ်ဆင့်ချင်း အပေါ်သို့ ဆင့်တင် Stack သိုလှောင်တဲ့ အရိုးရှင်းဆုံးနဲ့ သဘာဝအကျဆုံး နည်းလမ်းဖြစ်ပါတယ်။ ဒီစနစ်က နေရာလွတ် Floor Spaceကို ကောင်းကောင်းအသုံးချနိုင်ပြီး ငွေကုန်ကြေးကျ အသက်သာဆုံး သိုလှောင်မှုပုံစံ ဖြစ်ပါတယ်။ ​Block Stacking ရဲ့ ပုံစံ​တွေက Lane & Row Layoutဆိုတဲွ ပစ္စည်းတွေကိုရှေ့ဆင့်နောက်ဆင့် အတန်းလိုက် Lanes ပုံရပါတယ်။ တန်းစီထားတဲ့ အတန်းတွေကြားထဲမှာမှ Forklift မောင်းဖို့ ကြားလမ်း (Aisle) တစ်ခုပဲ ထားလေ့ရှိပြီး Ceiling Height Utilizationဆိုတဲ့ ဂိုဒေါင်ရဲ့ အမြင့် အမိုးအထိ နေရာလွတ်ကို အသုံးချဖို့အတွက် ပစ္စည်းတွေကို အပေါ်ကို ၃ ထပ်ကနေ ၅ ထပ်အထိ ပစ္စည်းအလေးချိန်နှင့် ခိုင်ခံ့မှုပေါ်မူတည်၍ ဆင့်တင်ကြပါတယ် LIFO Flowအရအတန်းတစ်ခုရဲ့ အထဲဆုံးနဲ့ အောက်ဆုံးက ပစ္စည်းကို နှိုက်ယူဖို့ မဖြစ်နိုင်တဲ့အတွက် LIFO Last-In, First-Out စနစ်နဲ့ပဲ အလုပ်လုပ်ကြတာများပါတယ်။ ​ဒီmethodက ဘယ်လိုပစ္စည်းမျိုးတွေအတွက် အကောင်းဆုံးလဲဆို​​တ့္ေ Block Stacking ကို ဖြစ်သလိုပုံလို့ မရပါဘူး ဖိသိပ်ခံနိုင်သော ပစ္စည်းများ Crush Resistanceဖြစ်တဲ့အပေါ်က ပစ္စည်းအလေးချိန်ကို အောက်ဆုံးထပ်က ဖာပုံး သို့မဟုတ် အထုပ်က ခံနိုင်ရည်ရှိရပါမယ်ဥပမာ -ဘိလပ်မြေအိတ်များ၊ ရေသန့်ဘူးကတ်များ၊ ဘီယာ/အဖျော်ယမကာ သေတ္တာများကဲ့သို့ ပစ္စည်း​တွေမှာ သုံးပြီး SKU အမျိုးအစား နည်းပြီး ပမာဏ အများကြီးရှိခြင်း Low SKU, High Volume ဖြစ်တဲ့ ပစ္စည်းအမျိုးအစား တစ်ခုတည်းကိုပဲ Pallet အရေအတွက် ရာနဲ့ချီ သိုလှောင်ရမည့်အခါ သုံးပါတယ်ပြီး​တော့ သက်တမ်းကုန်ရက် Expiry Date မရှိခြင်း သို့မဟုတ် သက်တမ်း အလွန်ရှည်ခြင်းလ်ု ပစ္စည်း​တွေဖြစ်တဲ့ ကုန်ကြမ်းပစ္စည်းများ၊ စက္ကူလိပ်ကြီးများ၊ အုတ်ခဲနှင့် ဆောက်လုပ်ရေးပစ္စည်းများ​ေျွမှာ အသုံးများပါတယ်။ ​ဒီmethodရဲ့ အားသာချက်များနှင့် အားနည်းချက်များ​တွေကို ​ပြောရရင် အားသာချက်​တွေကကုန်ကျစရိတ် လုံးဝ သက်သာပြီး အဆင့်မြင့် စင် Racksတွေ ဝယ်ယူတပ်ဆင်စရာ မလိုတဲ့အတွက် Capital Expenditure ရင်းနှီးမြှုပ်နှံမှုစရိတ် မရှိသလောက်ဖြစ်ကာStorage Density မြင့်မားခြင်း​ကြောင့် စင်တွေကြားထဲမှာ ထားရမည့် Forklift မောင်းရန် ကြားလမ်း Aislesတွေကို လျှော့ချပစ်နိုင်လို့ ဂိုဒေါင်ကြမ်းပြင်နေရာကို အပြည့်အဝ သုံးနိုင်ပါတယ်ဂိုဒေါင် Layout ကို လိုသလို ချက်ချင်း ပြောင်းလဲနိုင်ပါတယ်။ ဒီနေ့ ဒီနေရာမှာ ပစ္စည်းပုံမယ်၊ မနက်ဖြန် ရှင်းလင်းပြီး ကားပတ်မောင်းမယ် ဆိုရင်လည်း လွယ်ကူပါတယ်။ ​အားနည်းချက်များနှင့် စိန်ခေါ်မှုများ က​တော့ Honeycombing နေရာလွတ် အလဟဿဖြစ်ခြင်းဖြစ်တဲ့ အတန်းတစ်ခုထဲက ပစ္စည်းအချို့ကို ထုတ်လိုက်တဲ့အခါ အလယ်မှာ ကွက်လပ်တွေ ဖြစ်ကျန်ခဲ့တတ်ပါတယ် LIFO စနစ်ဖြစ်လို့ အဲ့ဒီကွက်လပ်ထဲကို SKU မတူတဲ့ တခြားပစ္စည်း သွားညှပ်လို့ မရပါဘူး။ ဒါကို Honeycombing လို့ ခေါ်ပြီး နေရာဖြုန်းတီးမှု ဖြစ်စေပါတယ်ပြီး​တော့အမြင့် ကန့်သတ်ချက် Height Limitation ဖြစ်လို့ပစ္စည်းတွေရဲ့ ခိုင်ခံ့မှုအပေါ် မူတည်ပြီး ၃ ထပ် သို့မဟုတ် ၄ ထပ်ထက် ပိုဆင့်ရင် ပြိုကျမည့် အန္တရာယ် ရှိပါတယ် ဒါကြောင့် ဂိုဒေါင်အမိုးက အရမ်းမြင့်နေရင် အပေါ်က လေဟာနယ်နေရာတွေ အလဟဿ ဖြစ်ကျန်ခဲ့ပါလိမ့်မယ်​နောက် Damage Risk ဖြစ်တဲ့ Forklift မောင်းသူ ကျွမ်းကျင်မှု အားနည်းရင် သော်လည်းကောင်း၊ အောက်ဆုံးက ပစ္စည်းက အလေးချိန် မခံနိုင်ရင်သော်လည်းကောင်း ပစ္စည်းတွေ ပိန်ချိုင့်၊ ပျက်စီးတတ်ပါတယ်။ဒါ​ကြောင့် Block Stacking လုပ်ရာတွင် လိုက်နာရမယ့်အရာ​တွေက​တော့Stack Height Limit သတ်မှတ်ခြင်းဖြစ်တဲ့ ပစ္စည်းတစ်ခုချင်းစီရဲ့ Weight Capacity အရ အများဆုံး ၄ ထပ်ပဲ ဆင့်ရမယ်စသဖြင့် SOP Standard Operating Procedure ရှင်းရှင်းလင်းလင်း ရှိရပါမယ် Good Quality Pallets သုံးရပါမယ် အောက်ဆုံးက Pallet က ကွဲအက်နေရင် အပေါ်က ပစ္စည်းအပုံလိုက်ကြီး စောင်းပြီး ပြိုကျနိုင်ပါတယ်ပြီး​​တော့ Row Clearing System သုံးရပါမယ် အတန်း Lane တစ်ခုထဲက ပစ္စည်းကို ထုတ်ရင် အကုန်ကုန်တဲ့အထိ ထုတ်ပြီးမှ First-Empty, First-Refill နောက်ထပ် ပစ္စည်းအသစ် ပြန်ဖြည့်ရပါမယ် ဒါမှ Honeycombing ဖြစ်တာကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ Block Stacking Floor Stackingကို စနစ်တကျ မလုပ်ရင် ပစ္စည်းတွေ ပြိုကျတာ၊ ရှာမရတာနဲ့ နေရာလွတ်တွေ အလဟဿ ဖြစ်ကုန်တာမျိုး ကြုံရတတ်ပါတယ်ဒါကြောင့် လုပ်ငန်းခွင်မှာ အမှားအယွင်း မရှိစေဖို့ ကုန်ပစ္စည်း လက်ခံကတည်းက ပြန်ထုတ်တဲ့အထိ အဆင့် (၄) ဆင့် အတိုင်း Procedural Process အဖြစ် စနစ်တကျ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ဘာ​တွေလဲဆို​​တော့
648
15
---------------
612
16
+3
Matn yo'q...
1 018
17
FIFO ,LIFO , Average method တို့ရဲ့ သဘောတရားများ FIFO ဆိုတာကတော့ First In First Outဆိုတဲ့ ကိုယ်က ကိုယ်ဆိုင်အတွက်ပြန်ရောင်းဖို့ ပစ္စည်းတွေ ဝယ်တဲ့အခါ တစ်ခေါက်နဲ့ တစ်ခေါက်စျေးမတူတာနဲ့ expire dateမတူတာတွေရှိပါတယ် FIFO method က ပထမဝင်တဲ့ပစ္စည်းတွေက customer ဝယ်တဲ့အခါ ပထမပြန်ထွက်တယ်ဆိုတဲ့ သဘောတရားဖြစ်ပါတယ်။ ဥပမာ ပုံ(1) မှာဆိုရင် ပစ္စည်း၃ခေါက်ဝယ်ထားပါတယ် 1ရက် 4လမှာ 1800ks နဲ့အခု 50units 10ရက် 4လမှာ 1900ks နဲ့အခု 100units 20ရက် 4လမှာ 2000ks နဲ့ အခု 90units ဝယ်ထားပါတယ် 21ရက်နေ့မှာ အခု 200units ကို ရောင်းရပါတယ် ဒါကို ပစ္စည်းထုပ်ပေးပြီး စာရင်းပေးတဲ့အခါ ပထမ စစဝင်တာကနေ စပြီးပေးရပါတယ် ဒီအရောင်းရဲ့ ပစ္စည်းအရင်းကုန်ကျစရိတ် COGS က 380,000ks ရှိပါတယ်။ ပုံ(2)မှာဆိုရင် Last In First Outဖြစ်တာကြောင့် နောက်မှ ဝင်တဲ့ ပစ္စည်းကအရင်ထွက်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ် ဥပမာ ကိုယ့်supplier က expire နီးနေတဲ့ ပစ္စည်းကို ကိုယ့်အားစျေးပေါပေါနဲ့ပေးတဲ့အခါကိုယ်က ဝယ်ပြီးအရင်ထုပ်ရောင်းတဲ့သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။LIFO ရဲ့ ပစ္စည်းရောင်းရcost တွက်တဲ့အခါ နောက်ဆုံးဝယ်တာကနေပြီး စတွက်လေ့ရှိပါတယ်အရောင်းunit200အတွင် ပုံမှာ COGS က388,000ks ကျပါတယ်။ ပုံ(3)မှာ Average method က ရှေ့ဝင်နောက်ဝင်တွေ မစဥ်းစားတော့ပဲ စုစုပေါင်းငွေamountကို စုစုပေါင်းအရေအတွက်နဲ့ စားလိုက်ခြင်းဖြင့် ပစ္စည်းတစ်ခုရဲ့ averageတန်းဖို့အနေနဲ့ သက်မှတ်လိုက်တာဖြစ်ပါတယ်။အရောင်း Units 200အတွက် 383,340ksကျပါတယ်။ ပုံ(4)ကကြတော့ methodတွေ မတူရင် အမြတ်ရဲ့ ငွေပမာဏလည်း ကွဲပြားသွားနိုင်တာကိုပြခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun
952
18
-------------
715
19
Matn yo'q...
745
20
VED analysis နည်းဖြင့် inventory​တွေကို ဘယ်လိုခွဲခြားလဲ Inventory managementလုပ်တဲ့အခါ VED analysisနည်းကို အသုံးပြုကြပါတယ် အထူးသဖြင့် ​ဆေးရုံးနဲ့ စက်ရုံ​တွေမျိုးမှာ အသုံးများကြပါတယ်။VED က ဘယ်အ​ပေါ်ကိုမှုတည်ပြီး inventory​တွေကို classification ခွဲခြားလဲဆို​တော့ အ​ရေးပါမှု အ​ရေးကြီးမှု important အ​ပေါ်မှုတည်ကာ ခွဲခြားပါတယ်။ VED ကာဘာ​တွေလဲဆို​တော့ V - Vital - မရှိမဖြစ်​အ​ရေးကြီးလိုအပ်​သော stockအမြဲရှိရမယ့် ပစ္စည်း E - Essential - လိုအပ်တယ်ဒါ​ပေမယ့် တခြားပစ္စည်းနဲ့ အစားထိုးသုံးလို့ရတယ် D - Desirable - မရှိလည်းဘားမှ သိပ်မဖြစ်ဘူး ဆိုပြီး သ​ဘောတရားရှိပါတယ်။ ဒီ​တော့ ဥပမာအ​နေနဲ့ VED analysisကို ​ဆေးရုံ​တွေမှာ ဘယ်လိုသုံးလဲဆို​​တော့ (1) ​ဆေးရုံရဲ့ medical item​တွေကို စာရင်းအရင်ပြုစုပါ ​သောက်​ဆေးထိုး​ဆေး ​ဆေးထိုးအပ် လက်အိတ်စတဲ့ ကိရိယာပါ အကုန်listလုပ်ပါ ပြီးရင် (2) VED အမျိုးအစားခွဲခြားမှု Classificationလုပ်ပါ ဆရာဝန်​တွေ ,pharmacist​တွေ ,nurse​တွေ နဲ့ တိုင်ပင်မှု အ​ရေးပါမှု importantအ​ပေါ်မှုတည်ပြီး VED အမျိုးအစား​တွေကို ခွဲပါ ဥပမာ လူနာအသက်ကယ်​ဆေးဆိုရင် အရမ်းအ​ရေးကြီးတယ် ပစ္စည်းပျက်လို့မရဘူး ဒါဆို V - Vital အမျိုးအစားဖြစ်ပြီး ၊ တချို့ပိုးသတ်​ဆေး​တွေဆိုရင် အသင့်အတင့်ပဲအ​ရေးကြီးတယ် ဒါ​ပေမယ့် အမျိုးအစား​တွေထဲကကြိုက်တာသုံးလိုရတယ်ဆိုရင် E - Essential ဖြစ်ကာ ၊ vitamin အား​ဆေး​တွေဆိုရင် အရမ်းအ​ရေးမကြီးတဲ့အတွက် D - Desirable အမျိုးအစားဖြစ်ပါတယ်။အခုလို VED ခွဲပြီးရင် (3) Inventory policy သက်မှတ်ရပါမယ် ဘယ်လို သက်မှတ်မလဲဆို​တော့ V - Vital ပစ္စည်း​တွေအတွက် Reorder level ဖြစ်တဲ့ ပစ္စည်းပြန်မှာရမယ့် levelကမြင့်ရပါမယ် ကုန်မှကပ်မှာလို့မရပါဘူး safety stock ကိုများများထားရပါမယ် ပြီး​​တော့ ​နေ့စဥ် stock levelဘယ်​လောက်ရှိတယ်ဆိုတာကို စစ်​ဆေးရမှာဖြစ်ပါတယ်။ E - Essential ပစ္စည်း​တွေအတွက် Reorder level က အလယ်အလတ်ရှိရပါမယ် safety stock ကိုအသင့်အတင့်ထားရပါမယ် ပြီး​​တော့ ​၄ရက်တစ်ခါ ၁ပက်တစ်ခါဖြစ်​စေ stock levelဘယ်​လောက်ရှိတယ်ဆိုတာကို စစ်​ဆေးရမှာဖြစ်ပါတယ်။ D - Desirable ​တွေက​တော့ reoder levelကပုံမှန်ထားရင်ရပြီး safety stockမထားရင်​တောင်ရပါတယ် ၂ပက်တစ်ခါ ၁လတစ်ခါ​လောက်မှ stock levelကို စစ်​ဆေးရင်ရပါတယ်။ ဒီလိုမျိုး stock​တွေကို VED နည်းဖြင့် analysis လုပ်ပြီး ​သေချာစီမံရင် လူနာအ​ရေး​ပေါ်အချိန်မှာ ​ဆေးမရှိလို ဆုံးရှုံတာမျိုး​တွေကို​ကာကွယ်နိုင်ပြီး ​​ငွေ​ကြေးနဲ့ အရ အ​ရေးကြီးလိုအပ် inventory​တွေကိုပဲ အဓီကဝယ်ယူတဲ့အတွက် အ​လေအလွင့်နဲ့ opportunity cost​တွေကို ​လျော့ချနိုင်ပါတယ် ဒါအပြင် inventory ​တွေကို audit စစ်တဲ့အခါ VED ခွဲစစ်ရင်ပိုပြီူ​တော့ အဆင်​ပြေလွယ်ကူပြီး မှန်ကန်နိုင်မှာဖြစ်ပါတယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun
722