Knowledge is Power Myanmar
📈 نظرة تحليلية على قناة تيليجرام Knowledge is Power Myanmar
تُعد قناة Knowledge is Power Myanmar (@knowledgeispowermyanmar) في القطاع اللغوي البورمية لاعباً نشطاً. يضم المجتمع حالياً 13 808 مشتركاً، محتلاً المرتبة 5 033 في فئة الأعمال والمرتبة 9 165 في منطقة ميانمار.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 13 808 مشتركاً.
بحسب آخر البيانات بتاريخ 09 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 681، وفي آخر 24 ساعة بمقدار 5، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 9.25%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 3.92% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 1 277 مشاهدة. وخلال اليوم الأول يجمع عادةً 541 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 9.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Business Management knowledge sharing”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 10 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأعمال.
جارٍ تحميل البيانات
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 10 نوفمبر | +1 | |||
| 09 نوفمبر | +5 | |||
| 08 نوفمبر | +5 | |||
| 07 نوفمبر | +17 | |||
| 06 نوفمبر | +46 | |||
| 05 نوفمبر | +56 | |||
| 04 نوفمبر | +17 | |||
| 03 نوفمبر | +24 | |||
| 02 نوفمبر | +24 | |||
| 01 نوفمبر | +48 |
| 2 | ---------- | 287 |
| 3 | لا يوجد نص... | 269 |
| 4 | Marketerများ သိရမည့် marketing Mixရဲ့ 4Ps - 4Cs များ
Marketingသမားမှန်ရင် တော်တော်များများက 4Ps အကြောင်းကို သေချာသိကြပါတယ် ဒါပေမယ့် 4Cs အကြောင်းကို တချို့သေချာမသိသေးတာမျိုးရှိပါတယ် ဒါကြောင့် 4Ps - 4Cs အကြောင်းလေးကို မျှဝေပေးမှာဖြစ်ပါတယ်။
4P (Seller Perspective - ရောင်းသူဘက်က စဉ်းစားချက်) နဲ့ 4C (Customer Perspective - ဝယ်သူဘက်က ခံစားချက်) ကို ချိတ်ဆက်စဉ်းစားတဲ့အခါ ငါ ဘာရောင်းချင်လဲ ဆိုတဲ့ စိတ်ကူးထက် အဲ့ဝယ်သူက ဘာကို တကယ်လိုအပ်ပြီး ခံစားရလဲ ဆိုတဲ့အချက်ပေါ် မူတည်ပြီး ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ ပန်းလို တိုက်ရိုက်ယှဉ်တွဲ စဉ်းစားရတာဖြစ်ပါတယ်။
ဒီနှစ်ခုကို စနစ်တကျ ချိတ်ဆက်စဉ်းစားနည်းတွေကတော့
Product - Customer
ရောင်းသူ၏ 4P စဉ်းစားပုံကငါတို့ ပစ္စည်းမှာ Feature ဘာတွေပါလဲ၊ Quality က ဘယ်လောက်ကောင်းလဲ၊ Branding က ဘာလဲ။
4C နဲ့ ချိတ်ဆက်ပုံမှာ ဝယ်သူက တကယ်တော့ ပစ္စည်းရဲ့ Feature တွေကို ဝယ်တာမဟုတ်ဘဲ သူ့ပြဿနာကို ဖြေရှင်းပေးနိုင်မှု (Problem Solved) ကိုပဲ ဝယ်တာဖြစ်ပါတယ်။
ချိတ်ဆက်မေးခွန်း ငါ ဖန်တီးလိုက်တဲ့ ဒီ Product ရဲ့ Feature တွေက Customer ရဲ့ ဘယ်လို အခက်အခဲ/ပြဿနာ (Problems Taken Away) ကို ဖြေရှင်းပေးနိုင်လဲ"
ငါ ဖန်တီးလိုက်တဲ့ ဒီ Product ရဲ့ Feature တွေက Customer ရဲ့ ဘယ်လို အခက်အခဲ/ပြဿနာ (Problems Taken Away) ကို ဖြေရှင်းပေးနိုင်လဲစသဖြင့် မေးရပါမယ်။
Price - Cost
ရောင်းသူ၏ 4P စဉ်းစားပုံက ငါတို့ ထုတ်လုပ်မှုစရိတ် ဘယ်လောက်ရှိလဲ၊ အမြတ် Profit Margin ဘယ်လောက်တင်ပြီး စျေးနှုန်း ဘယ်လောက်သတ်မှတ်မလဲ။
4C နဲ့ ချိတ်ဆက်ပုံက ဝယ်သူအတွက် ကုန်ကျစရိတ်ဆိုတာ ပစ္စည်းရဲ့ စျေးနှုန်း (Price Tag) တစ်ခုတည်း မဟုတ်ပါဘူး။ အချိန်ကုန်မှု၊ ရှာဖွေရမှု၊ သယ်ယူစရိတ်၊ ထိန်းသိမ်းစရိတ်နဲ့ ရင်းနှီးရတဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုး Total Cost of Ownership တွေကိုပါ ထည့်တွက်တာဖြစ်ပါတယ်။
ချိတ်ဆက်မေးခွန်း:က ငါ သတ်မှတ်လိုက်တဲ့ စျေးနှုန်း (Price) က Customer သတ်မှတ်ထားတဲ့ တန်ဖိုး (Perceived Value) နဲ့ ကိုက်ညီရဲ့လား၊ သူ ကုန်ကျရတဲ့ စရိတ် (Cost) နဲ့ ယှဉ်ရင် ပိုတန်တယ်လို့ ခံစားရရဲ့လား
ငါ သတ်မှတ်လိုက်တဲ့ စျေးနှုန်း (Price) က Customer သတ်မှတ်ထားတဲ့ တန်ဖိုး (Perceived Value) နဲ့ ကိုက်ညီရဲ့လား၊ သူ ကုန်ကျရတဲ့ စရိတ် (Cost) နဲ့ ယှဉ်ရင် ပိုတန်တယ်လို့ ခံစားရရဲ့လား စသဖြင့် မေးရပါမယ်။
Place - Convenience
ရောင်းသူ၏ 4P စဉ်းစားပုံက စတိုးဆိုင် ဘယ်မှာဖွင့်မလဲ၊ Agent/Distributor ဘယ်နှစ်ယောက် ထားမလဲ၊ Warehouse ဘယ်မှာထားမလဲ။
4C နဲ့ ချိတ်ဆက်ပုံက ဝယ်သူက ဆိုင်ကြီးကြီးမားမား ရှိမရှိထက် သူလိုချင်တဲ့ အချိန်၊ လိုချင်တဲ့ နေရာမှာ အလွယ်တကူ ရနိုင်မရနိုင် (Convenience)ကိုပဲ ပိုဂရုစိုက်ပါတယ်။
ချိတ်ဆက်မေးခွန်းက ငါ့ရဲ့ ဖြန့်ဖြူးရေး လမ်းကြောင်း (Place) က Customer အတွက် သွားလာရတာ၊ ဝယ်ယူရတာ၊ စမ်းသပ်ရတာ ရှုပ်ထွေးမှုမရှိဘဲ (Hassle-free) ဘယ်လောက်အထိ အဆင်ပြေလွယ်ကူ စေလဲ"
ငါ့ရဲ့ ဖြန့်ဖြူးရေး လမ်းကြောင်း (Place) က Customer အတွက် သွားလာရတာ၊ ဝယ်ယူရတာ၊ စမ်းသပ်ရတာ ရှုပ်ထွေးမှုမရှိဘဲ (Hassle-free) ဘယ်လောက်အထိ အဆင်ပြေလွယ်ကူ စေလဲ စသဖြင့် စဥ်းစားရပါမယ်။
Promotion - Communication
ရောင်းသူ၏ 4P စဉ်းစားပုံက ငါတို့ ကြော်ငြာ ဘယ်လိုရိုက်မလဲ၊ Discount ပရိုမိုးရှင်း ဘယ်လိုပေးမလဲ၊ Ads တွေ ဘယ်လောက်ဖိတင်မလဲ။
4C နဲ့ ချိတ်ဆက်ပုံက ခေတ်သစ်ဝယ်သူတွေဟာ တစ်ဖက်သတ် ကြော်ငြာတာ (One-way Push) ကို မကြိုက်တော့ဘဲ၊ မိမိလိုအပ်ချက်ကို နားထောင်ပေးပြီး ပြန်လည်ဆွေးနွေး အကြံပေးတာ (Two-way Communication) ကို ပိုသဘောကျပါတယ်။
ချိတ်ဆက်မေးခွန်း:က ငါ့ရဲ့ Promotion Campaign က ပစ္စည်းအကြောင်း တစ်ဖက်သတ် ကြွားလုံးထုတ်နေတာလား၊ ဒါမှမဟုတ် Customer နဲ့ စကားပြောဆို ဆက်သွယ်ပြီး ယုံကြည်မှု တည်ဆောက်ပေးနိုင်တာလား (Communication)
ငါ့ရဲ့ Promotion Campaign က ပစ္စည်းအကြောင်း တစ်ဖက်သတ် ကြွားလုံးထုတ်နေတာလား၊ ဒါမှမဟုတ် Customer နဲ့ စကားပြောဆို ဆက်သွယ်ပြီး ယုံကြည်မှု တည်ဆောက်ပေးနိုင်တာလား (Communication)စသဖြငိ့ စဥ်းစားရမှာဖြစ်ပါတယ်။
စီးပွားရေးမဟာဗျူဟာ ရေးဆွဲတဲ့အခါ 4P ကို Strategy အဖြစ် စဉ်းစားပြီး 4C နဲ့ Alignment စစ်ဆေးရတာဖြစ်ပါတယ် -
Product မထုတ်မီ Customer ရဲ့ Needs/Wants က ဘာလဲ အရင်လေ့လာပါ။
Price မသတ်မှတ်မီ Cost (Customer တတ်နိုင်မှုနှင့် တန်ဖိုးဖြတ်မှု) ကို စစ်ဆေးပါ။
Place မရွေးချယ်မီ Convenience (Customer ရဲ့ ဝယ်ယူမှုအလေ့အထ) ကို လေ့လာပါ။
Promotion မလုပ်မီ Communication (Customer နားဝင်မယ့် သတင်းစကား) ကို ပုံဖော်ပါ။
ဒီလို 4P နဲ့ 4C ကို ဒိုင်ယာဂရမ်ထဲကအတိုင်း Negotiation & Contract Agreement အဆင့်မှာ ညီမျှသွားအောင် ပေါင်းစပ်လိုက်နိုင်ရင် ပစ်မှတ်စျေးကွက် (Target Market) မှာ ရောင်းအား အကောင်းဆုံးအခြေအနေကို ရရှိစေမှာဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun | 300 |
| 5 | ---------- | 220 |
| 6 | لا يوجد نص... | 642 |
| 7 | လုပ်ငန်းတွေမှာ Drill down analysis လုပ်တယ် ဆိုတာဘာလဲ
Drill down analysis ဆိုတာပုံ(1)ကလိုမျိုး Data အချက်အလက်များကို ခြုံငုံသုံးသပ်ရာမှ တွေ့ရှိသော ကိန်းဂဏန်းများ၊ ပြဿနာများ သို့မဟုတ် ထူးခြားချက်များ၏ အကြောင်းအရင်းရင်းမြစ် Root cause ကို သိရှိရန် အထက် အပေါ်ယံအဆင့်မှ အောက်ခြေ အသေးစိတ်အဆင့်အထိ အဆင့်ဆင့် ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း ဖြစ်ပါတယ် သစ်ပင်တစ်ပင်ကို အဝေးက ကြည့်လိုက်ပါက သစ်ပင်တစ်ပင်လုံး Summary levelကိုသာ မြင်ရပြီး၊ အနီးကပ်ကြည့်မှ သစ်ခက်၊ သစ်ရွက်နှင့် သစ်သီးများ Detailed levelကို မြင်ရသကဲ့သို့ Macro levelမှ Micro level သို့ အနုစိတ် တူးဆွလေ့လာသည့် နည်းလမ်းဖြစ်ပါတယ်။
Drill down analysis ဘယ်လိုပြုလုပ်ရလဲဆိုတော့ ဥပမာပုံ(2)မှာ companyတစ်ခု၏ ၂၀၂၅ ခုနှစ် စုစုပေါင်း ရောင်းအား Sales ထက်ဝက်ခန့် ထိက်ရောက်စွာ လျော့ကျသွားသည်ဆိုပါစို့ Overall Level အရ တစ်နှစ်လုံး စုစုပေါင်း ရောင်းအား $100,000 လျော့သွားသည်ကို တွေ့ရတယ်
ဒါကို First Drill Down ပထမအဆင့် အတွက် - တိုင်းဒေသအလိုက် မည်သည့်ဒေသတွင် ရောင်းအားကျသည်ကို ကြည့်သည့်အခါ ရန်ကုန်တိုင်း တွင် $80,000 အထိ အများဆုံး ကျဆင်းနေကြောင်း တွေ့ရတယ်Company Sales ကျဆင်းမှုစုစုပေါင်း $100,000မှာYangon Region Sales ကျဆင်းမှု ဟာ $80,000ရှိပြီးYangon Region သည် Company Sales Decline ၏ 80% ကို ဖြစ်စေပါတယ်
ထပ်ပြီး ပုံ(3)မှာ Second Drill Down ဒုတိယအဆင့် တူးဆွခြင်း အတွက် ပစ္စည်းအမျိုးအစားအလိုက် ရန်ကုန်တိုင်းအတွင်း မည်သည့် ပစ္စည်းရောင်းအားကျသည်ကို ဆက်လက်ကြည့်သည့်အခါ လူသုံးကုန်ပစ္စည်း A ကြောင့်ဖြစ်ကြောင်း တွေ့ရပါတယ်Yangon Region Sales ကျဆင်းမှု $80,000မှာ လူသုံးကုန် A Sales ကျဆင်းမှုဟာ $60,000ရှိပြီး လူသုံးကုန် A သည် Yangon Region Sales Decline ၏ 75% ကို ဖြစ်စေသည်။
ဒါကိုထပ်ပြီး ပုံ(4)Third Drill Down တတိယအဆင့် လအလိုက် လူသုံးကုန်ပစ္စည်း A ကို မည်သည့်လများတွင် ရောင်းအားကျသည်ကို ကြည့်သောအခါ ဇယားအရ September–December decrease က 20,000 ဖြစ်ပြီး July–August decrease က 50,000 ဖြစ်ပါတယ် လူသုံးကုန် A Sales ကျဆင်းမှု၏ $50,000 သည် July / August မိုးရာသီအတွင်း ဖြစ်ပါတယ်။
ထပ်ပြီး ပုံ(5)မှာ Fourth drill down အတွက်Outlet Analysis လုပ်တဲ့အခါ
Supermarket A Sales ကျဆင်းမှု = $12,000
Supermarket B Sales ကျဆင်းမှု = $10,000
Supermarket C Sales ကျဆင်းမှု = $8,000
General Trade Outlet Sales ကျဆင်းမှု = $20,000
Outlet အားလုံးမှာ Sales ကျဆင်းမှုရှိနေတဲ့အတွက် Outlet တစ်ခုချင်းစီရဲ့ ပြဿနာထက် Distribution / Delivery ပိုင်းဆိုင်ရာ ပြဿနာဖြစ်နိုင်ခြေ ပိုများလာပါတယ်။
ဒါတွေကို ပုံ(6)ထဲကလို root couse analysis လုပ်တဲ့အခါမိုးရာသီအတွင်း Transport / Delivery ကြန့်ကြာမှုကြောင့် Supermarket နှင့် Outlet များသို့ Product A ကို အချိန်မီ ပို့ဆောင်နိုင်ခြင်းမရှိဘဲ Sales ကျဆင်းသွားခြင်း ဖြစ်နိုင်ကြောင်း တွေ့ရှိရပါတယ် ဒီအချက်ကို Delivery Log၊ Order Fulfillment Record နဲ့ Outlet Stock Record တို့ကနေ အတည်ပြုနိုင်ပါတယ်။
ဒါကို ပုံ(7)ထဲကလို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ Action plan ဆွဲပြီး လုပ်ရပါမယ်။
Drill down analysisကိုလုပ်တဲ့ အဓိက အကျိုးကျေးဇူးများကတော့Root Cause Analysis ပြဿနာတစ်ခု၏ အပေါ်ယံလက္ခဏာကိုတင် မဟုတ်ဘဲ အမှန်တကယ် ဖြစ်ပွားရသည့် အကြောင်းရင်းကို တိကျစွာ သိရှိနိုင်ပြီး တိကျသော ဆုံးဖြတ်ချက်များ ချနိုင်ခြင်း Data-driven Decisionsဖြစ်လို့ ခန့်မှန်းချက်များဖြင့် မဟုတ်ဘဲ ခိုင်လုံသော အချက်အလက်များပေါ် အခြေခံ၍ စိစစ်ဆုံးဖြတ်နိုင်စေပါတယ် ဒါကြောင့် မလိုအပ်သည့် နေရာများကို လိုက်လံစုံစမ်းနေစရာမလိုဘဲ ထိခိုက်နေသည့် အပိုင်းကိုပဲ တိုက်ရိုက် ပြုပြင်နိုင်သည်။
လုပ်ငန်းတွေမှာ ဘယ်လိုနေရာတွေမှာ အသုံးပြုလို့ရလဲဆိုတော့Business & Sales အတွကိ ရောင်းအားတက်/ကျခြင်း၊ အမြတ်အစွန်း ကွာခြားချက်များကို တွက်ချက်ရာတွင်ဖြစ်စေ၊ Finance & Accounting အသုံးစရိတ် မသမာမှု သို့မဟုတ် ဘတ်ဂျက်ပိုထွက်သွားသည့် အကြောင်းရင်းများကို စည်းကြပ်ရာတွင်ဖြစ်စေ၊Data Analytics & BI (Business Intelligence အဝွက် Power BI, Tableau, Excel Pivot Tables ကဲ့သို့သော Dashboard များတွင် Chart တစ်ခုကို Click နှိပ်လိုက်သည်နှင့် အသေးစိတ် Data များ ပေါ်လာအောင် ပြုလုပ်ရာတွင်ဖြစ်စေ အသုံးပြုလို့ရပါတယ်။ဒီနည်းက 5WHYs analysisနဲ့ သဘောသဘာဝတူပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
#analysis
#dataanalysis
#kip | 659 |
| 8 | ---------------- | 508 |
| 9 | သင်တန်း၁၁ခုစလုံးကို 92,000 နဲ့သီတင်းကျွတ်Promotionလေးပေးထားပါတယ် အမြန်တက်ထားကြပါ ခင်ဗျာ့😀
👇👇👇
https://www.facebook.com/share/p/198A6yojGJ/ | 1 079 |
| 10 | ----------------- | 942 |
| 11 | لا يوجد نص... | 1 009 |
| 12 | တွေ့မြင်ရလေ့ရှိပါတယ်။ဒီလို structureမျိုးတွေက များသောအားဖြင့် အပေါ်နဲ့အောက် communication လုပ်ရတာကြာပြီး ပတ်ဝန်းကျင်ရဲ့ အခြေအနေတွေကို လျှင်မြန်စွာတုန့်ပြန်ဖို့ အလွန်ခက်ခဲတဲ့အနေအထားဖြစ်ပါတယ်။သူရဲ့ အားသာချက်ကတော့ span of control နည်းတဲ့အတွက် ကိုယ့်အောက်က သူတွေကို သေချာ ထိထိမိမိနဲ့ ကောင်းစွာ control လုပ်နိုင်ပြီး အလုပ်တွေကို ထိထိရောက်ရောက်လုပ်နိုင်လေ့ရှိကြပါတယ် ပတ်ဝန်းကျင်က အပြောင်းအလဲ အရမ်းမဖြစ်တဲ့ အခြေအနေမျိုးမှာ ဖြစ်ပါတယ်။
နောက် structureတစ်ခုကတော့ flat structureမျိုးဖြစ်ပြီး level အဆင့်တွေနည်းကာပြားပြားပုံစံနဲ့ span of control များတဲ့ structureမျိုးဖြစ်ပါတယ် ဒီလို structureမျိုးက အပေါ်အောက်ထိတွေ communication လုပ်ရတာ အရမ်းမြန်ပြီး ပတ်ဝန်းကျင်ရဲ့အပြောင်းအလဲတွေကို လျှင်မြန်စွာတုန့်ပြန်နိုင်တဲ့ အခြေအနေတွေရှိပါတယ် decentralization လုပ်ငန်းတွေဖြစ်တဲ့ creative agencyတွေလိုမျိုးတွေနဲ့ လုပ်ငန်းသေး လုပ်ငန်းလတ်တွေမှာ ဖွဲစည်းကြလေ့ရှိပါတယ်။ဒီstructure ရဲ့ အားနည်းချက်ကတော့ span of control များတဲ့အတွက် ကိုယ့်အောက်က လူတွေကို သေချာစီမံနိုင်ဖို့လိုပါတယ် မဟုတ်ရင် ထိန်းရသိမ်းရခက်ပြီး ဗရမ်းဗဒါတွေ ဖြစ်နေမှာဖြစ်ပါတယ်။နောက်
(5)Control System တွေကတော့ လုပ်ငန်းအတွင်းမှာ လူတွေကို ဘယ်လိုမျိုး controlထည့်ထားတာလဲဆိုတာဖြစ်ပါတယ် အထက်လူကြီးရဲ့ ခွင့်ပြုချက်ကို အသေးအမွှားကစပြီး လိုက်တောင်းနေရတာလား ငွေနဲ့ ပတ်သက်လာရင် ဘယ်လိုမျိုး auditတွေ စစ်လဲ ဘယ်လိုစီစစ်ပြီးမှာ ဘယ်သူ့ခွင့်ပြုချက်ပေးမှာ ရတာလဲ စတဲ့ control system တွေက လုပ်ငန်းရဲ့ cultureကို သက်ရောက်မှုရှိပါတယ်။
(6)Ritual and Routineဆိုတဲ့ ထုံးထမ်းစဥ်လာတွေနဲ့ လုပ်နေကြပုံစံတွေဖြစ်ပါတယ် ဥပမာ appleဆိုရင် သူတို့ရဲ့ ထုံးတမ်းစဥ်လာနဲ့ လုပ်နေကြတွေက productတစ်ခုထုပ်ရင် မတူတဲ့ ideaတွေ creationတွေ innovationတွေကို သုံးပြီး customerတွေကို valueပေးရမယ်။Toyota ဆိုရင် သူတိို့လုပ်နေကြက Kaizen ဆိုတဲ့ စဥ်စာမပြတ်တိုးတက်ရမယ် အလေအလွင့် wasteတွေကို လျော့ချရမယ် စတဲ့ ထုံးထမ်းစဥ်လာ အလေ့အထလုပ်နေကြပုံစံတွေက လုပ်ငန်းရဲ့ culture အပေါ် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။
အထက်ပါ ၆ခုဟာ လုပ်ငန်းရဲ့ culture အပေါ် လွှမ်းမိုးသက်ရောက်စေတဲ့ အကြောင်းတရားတွေဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun | 839 |
| 13 | လုပ်ငန်းခွင်ရဲ့ culture ကို ဘယ်အရာတွေကဖြစ်ပေါ်စေလဲ
( Cultural Web Model )
လုပ်ငန်းခွင်တိုင်းမှာ cultureတွေရှိပါတယ် organisation culture ဆိုတာက လုပ်ငန်းခွင်မှာ လူတွေက ဘယ်လိုပြုမှုကျင့်ကြံ လုပ်ဆောင်ကြလဲဆိုတာဖြစ်ပါတယ်။လုပ်ငန်းculture ကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာ ၆ခုရှိပါတယ် ဒါတွေကတော့
(1) Stories ဆိုတဲ့ လုပ်ငန်းရဲ့ သမိုင်းကြောင်းပုံပြင်တွေဖြစ်ပါတယ် ဥပမာ Apple companyဟာ သမိုင်းကြောင်းပုံပြင်အရ Steve Jobs ဘယ်လိုတွေ တည်ထောင်လာခဲ့တယ် ဘယ်လိုတွေ မတူတဲ့ ideaတွေ innovationတွေ creationတွေနဲ့ စမ်းသစ်စေခဲ့တယ် စတဲ့ storyတွေကို လုပ်ငန်းခွင်မှာလွှမ်းမိုးလေ့ရှိပါတယ်။နောက် Toyota ကားcompanyဆိုရင် သူရဲ့ story က ကားထုပ်လုပ်မှုမှာ မတူနဲ့ နည်းတွေနဲ့ cost ကုန်ကျစရိတ်သက်သာအောင် Toyota way Kaizen နဲ့ ဘယ်လိုတွေထုပ်လုပ်ခဲ့တာ စသဖြင့် storyကို အခြေခံပါတယ်။ဒီstoryတွေက လုပ်ငန်းခွင်cultureကို ဖြစ်စေပြီး Apple ဆိုရင် innovation creationတွေကို အဓိကဖော်ထုပ်တဲ့cultureကို ဖြစ်စေပြီး Toyotaဆိုရင် ကုန်ကျစရိတ်တွေကိုလျော့ချရမယ့် စဥ်ဆက်မပြတ်တိုးတက်မှုတွေလုပ်ဆောင်ရမယ်ဆိုတဲ့ cultureကို ဖြစ်စေပါတယ်။နောက်တစ်ခုက
(2) Symbols ဆိုတဲ့ သင်္ကေတများဖြစ်ပါတဲ့ လုပ်ငန်းခွင်မှာ လူတွေက ဘာအကြောင်းတွေပြောနေလဲ ဥပမာ Apple ရဲ့ ဝန်ထမ်းတွေဆိုရင် မတူတဲ့ idea ,creation, innovation စတာတွေကို အခြေခံပြီးပြောကြကာ လုပ်ငန်းခွင်ထဲမှာ ဒါတွေကို အားပေတဲ့ ပုံတွေ စာတွေကို ပြသထားလေ့ရှိပြီး Apple ရဲ့logo branding အရ innovation နဲ့ creationတွေကိုသွားတဲ့ brand postioning နေရာယူထားတဲ့ brandဆိုတာကို လူတွေ သိကြပါတယ်။Toyota ဆိုရင် သူတို့ ဝန်ထမ်းတွေပြောရင် ဘယ်လို processတွေကို ပိုထိရောက်အောင် efficient ဖြစ်အောင်လုပ်မလဲ ဘယ်လို ပိုပြီး တိုးတက်လာအောင်လုပ်မလဲ စသဖြင့် ဒါတွေကို အားပေးမယ် symbols သင်္ကေတတွေကို သုံးမှာဖြစ်ပါတယ်။ပြီးရင်
(3) Power Structure ဆိုတဲ့ လုပ်ငန်းခွင်မှာ power အာဏာကိုင်ထားပြီး လုပ်ဆောင်နေတာက ဘယ်လိုမျိုး အမိန့်အာဏာစီးဆင်းလဲ ငါပြောသလို ငါခိုင်းသလိုလုပ်ဆိုတဲ့ ပုံစံမျိုးသွားတာလား ဒါမှမဟုတ် လွတ်လွတ်လပ်လပ်လုပ်ခွင့်ပြုတဲ့ပုံစံလား ဥပမာ Appleဆိုရင် ဝန်ထမ်းတွေရဲ့ ideaတွေ ၊ creationတွေရအောင် အတင်အကြပ် ငါပြောသလိုလုပ်ဆိုပြီး လုပ်လို့မရပါဘူး ဝန်ထမ်းတွေကို လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့် ပေးတဲ့ culture ကိုတည်ဆောက်ရပါတယ်။ Toyota ဆိုရင်တော့ စက်ရုံမှာ ဝန်ထမ်းတွေ စက်ရုံlineထဲ ဆင့်ကဲအုပ်ချုပ်ပြီး တိတိကျကျဘာပြီး ဘာလုပ်ရမယ်ဆိုတာတွေကို ညွှန်ကြားထားတဲ့ cultureဖြစ်ပါတယ်။နောက်
(4) Organisational structure ကတော့ လုပ်ငန်းရဲ့ ဝန်ထမ်းတွေ ဖွဲ့စည်းပုံဖြစ်ပါတယ်။လုပ်ငန်းတွေရဲ့ structure တွေကို ဆွဲတဲ့အခါ အခြေအနေတွေကို ကြည့်ရပါမယ် ဒါကဘာတွေလဲဆိုတော့
- လုပ်ငန်းက centralization ဆိုတဲ့ ဗဟိုကချုပ်ကိုင်စီမံတဲ့ပုံစံနဲ့ သွားမှာလား decentralizationဆိုတဲ့ Business unitတွေလိုဖြစ်စေ လွတ်လွတ်လပ်လပ် ပေးလုပ်မှာလားနောက်
- လုပ်ငန်းရဲ့ size က အသေးလား အလတ်လား အကြီးလား ဆိုတာကိုကြည့်ရပါမယ် ပြီးတော့
-လုပ်ငန်းအမျိုးအစားတွေဖြစ်တဲ့ FMCG distribution လုပ်ငန်းတွေလား ၊ digital angencyလုပ်ငန်းထား ၊ အထည်ချုပ်လုပ်ငန်းလား
-လုပ်ငန်းရဲ့ ပတ်ဝန်းကျင်က ပြောင်းလဲမှုတွေအရမ်းမြန်ပြီး ရှုပ်တွေးလား ယှဥ်ပြိုင်မှုပြင်းထန်လား စတာတွေကို အရင်လေ့လာသုံးသပ်ရပါတယ်။ဘာလို့လဲဆိုတော့ လုပ်ငန်းတွေရဲ့ structureကို ဖွဲစည်းတဲ့အခါ ပုံသေကြီး ဘယ်လိုဖွဲ့ရမယ်ဆိုပြီး မရှိပါဘူး မိမိရဲ့ လုပ်ငန်းအခြေအနေအရပဲ ဖွဲစည်းရမှာဖြစ်ပါတယ်။
Structureတွေမပြောမီ span of control အကြောင်းလေးပြောပြပါမယ် span of controlဆိုတာက structureမှာဆိုရင် မိမိlevel ရဲ့ အောက်မှာ လက်အောက်ငယ်သား တိုက်ရိုက် ဘယ်နှယောက် အုပ်ချုပ်လဲဆိုတာဖြစ်ပါတယ် ဥပမာ sales manager ရဲ့ အောက်မှာ sales supervisor 5ယောက်ရှိရင် sales manager ရဲ့ span of control က 5ဖြစ်ပြီး sales supervisor တစ်ယောက်ရဲ့အောက်မှာ sales man 8ယောက်ရှိရင် salea supervisor ရဲ့ span of control ဟာ 8လို့ပြောလို့ရမှာဖြစ်ပါတယ်။Span of control များလေလေ ကိုယ့်ကအုပ်ချုပ်စီမံရတဲ့ workload များလေလေ ဖြစ်ပါတယ်။
ဒီလို structureတွေဖွဲစည်းတဲ့အခါ ကိုယ့်လုပ်ငန်းstructureရဲ့ hierarchy က level များများထားမှာလား level နည်းနည်းပဲထားမလားဆိုတာကို ကြည့်ရပါမယ် level များလေလေ လုပ်ငန်းက tall structureဆိုတဲ့ ရှည်ရှည်ကြီးဖြစ်ပြီး အဆင့်တွေအများကြီး နဲ့ အဆင့်အဆင့် အုပ်ချုပ်တဲ့သဘောဖြစ်ပါတယ် ဒီလို tall structure တွေက များသောအားဖြင့်span of control နည်းပြီး bureaucratic organizationတွေမျိုးဖြစ်တဲ့ လုပ်ငန်းကြီးပြီး centralization ဗဟိုချုပ်ကိုင်တဲ့ ပုံစံမျိုးတွေဖြစ်ပါတယ် အောက်ကနေ အထက်လို့ တင်ပြတဲ့အခါ အဆင့်ဆင့်တင်ပြရပြီး အပေါ်ကနေညွှန်ကြားတဲ့အခါ chain of commandက အောက်ကို အဆင့်ဆင့်ပြန်လည် ညွှန်ကြားတဲ့ပုံစံမျိုးဖြစ်ပါတယ် ဒါမျိုး structureတွေကို အစိုးရဌာနတွေ နဲ့ အထည်ချုပ်တို့လို လုပ်ငန်းတွေမှာ | 740 |
| 14 | ------------------- | 569 |
| 15 | لا يوجد نص... | 812 |
| 16 | لا يوجد نص... | 788 |
| 17 | 🟡Yellow Channel ဆိုတာ သွင်းကုန်/ပို့ကုန် ကုန်စည်တွေအတွက် အကောက်ခွန်ရှင်းလင်းရေး ဆောင်ရွက်ရာမှာ စာရွက်စာတမ်း အထောက်အထားတွေကို အသေးစိတ် စစ်ဆေးဖို့ Documentary Checkသတ်မှတ်ထားတဲ့ လမ်းကြောင်း တစ်ခု ဖြစ်ပါတယ်။
Green Channel လို ကုန်ပစ္စည်းကို ချက်ချင်းထုတ်ပေးတာမျိုး မဟုတ်ဘဲ၊ တင်သွင်းလာတဲ့ အချက်အလက်နဲ့ စာရွက်စာတမ်းတွေ ကိုက်ညီမှုရှိမရှိ အကောက်ခွန်အရာရှိတွေက တိုက်ဆိုင်စစ်ဆေးပြီးမှသာ အတည်ပြုပေးတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။
Yellow Channel ရဲ့ လုပ်ငန်းစဉ်နှင့် သဘောတရားတွေကတော့ စာရွက်စာတမ်း အဓိကစစ်ဆေးခြင်း Document Verification Onlyဒီလမ်းကြောင်းမှာ ကုန်ပစ္စည်းရှိရာ ဆိပ်ကမ်း သို့မဟုတ် ကုန်လှောင်ရာCFSကို သွားရောက်ပြီး ကုန်ပစ္စည်းကို ကိုယ်တိုင်မျက်မြင်စစ်ဆေးတာ Physical Inspection / Container Openingမျိုး လုပ်လေ့မရှိပါဘူးသို့သော် တင်သွင်းလာတဲ့ ကုန်စည်ရဲ့ တန်ဖိုး၊ အရေအတွက်၊ အမျိုးအမည်၊ မူရင်းဒေသ Originနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ ထောက်ခံချက်တွေ မှန်ကန်မှုရှိမရှိဆိုတာကို တင်ပြထားတဲ့ စာရွက်စာတမ်းအထောက်အထားများအပေါ် မူတည်ပြီး အသေးစိတ် စိစစ်စစ်ဆေး ပါတယ် စနစ်ကနေ အလိုအလျောက် သတ်မှတ်ခြင်း Automated Routingအရ
လုပ်ငန်းရှင်က MACCS စနစ်ထဲမှာ ကြေညာလွှာ Declarationတင်လိုက်တာနဲ့ စနစ်ရဲ့ Risk Management System အန္တရာယ်စီမံခန့်ခွဲမှုစနစ် ကနေ ကုန်ပစ္စည်းအမျိုးအစား၊ ကုမ္ပဏီရဲ့ မှတ်တမ်းနဲ့ အချက်အလက်တွေကို အခြေခံပြီး Yellow Channel ကို ကျရောက်စေတာ ဖြစ်ပါတယ်။
ဘယ်လိုအကြောင်းရင်းတွေကြောင့် Yellow Channel ကျရောက်တတ်လဲဆိုတော့
စာရွက်စာတမ်း မပြည့်စုံခြင်း သို့မဟုတ် သံသယရှိခြင်းဖြစ်လို့ တင်ပြထားတဲ့ ကုန်စည်တန်ဖိုး Invoice Valueဟာ ဈေးကွက်ပေါက်ဈေးနဲ့ ကွာဟနေတာ၊ HS Code ကုန်စည်အမျိုးအစား ကုဒ်နံပါတ် မှားယွင်းနေနိုင်တယ်လို့ သံသယရှိတာ၊ လိုင်စင်/ပါမစ် အထောက်အထားများ လိုအပ်ခြင်း သက်ဆိုင်ရာ ဌာနတွေရဲ့ ထောက်ခံချက်စာရွက်စာတမ်းတွေ တင်ပြဖို့ လိုအပ်နေတာ ဒါမှမဟုတ် တိုက်ဆိုင်စစ်ဆေးဖို့ လိုအပ်တာ၊ကုမ္ပဏီ၏ သမိုင်းကြောင်း သို့မဟုတ် ကျပန်းစစ်ဆေးမှု Random Check ကုမ္ပဏီရဲ့ ကုန်သွယ်မှုမှတ်တမ်း အသစ်ဖြစ်နေတာ (သို့) စနစ်ရဲ့ ကျပန်းရွေးချယ်မှု Random Selectionကြောင့် စာရွက်စာတမ်း အထောက်အထား အရင်စစ်ဆေးခံရတာမျိုး ဖြစ်ပါတယ်။
တင်သွင်းသူများ/လုပ်ငန်းရှင်များအတွက် သိရှိဆောင်ရွက်ရမည့်အချက်များက တိကျမှန်ကန်သော စာရွက်စာတမ်းများ တင်ပြရန်အတွက် Commercial Invoice, Packing List, Bill of Lading (B/L) စတဲ့ မူရင်းစာရွက်စာတမ်းတွေနဲ့ MACCS စနစ်ထဲမှာ ရိုက်ထည့်ထားတဲ့ အချက်အလက်တွေ အတိအကျ ကိုက်ညီနေဖို့ လိုပါတယ်။e-Document များ ပူးတွဲတင်ပြခြင်းမှာ လိုအပ်တဲ့ ပါမစ်များ၊ ထောက်ခံချက်များကို စနစ်အတွင်းမှာ သတ်မှတ်ထားတဲ့အတိုင်း အချိန်မီ ပူးတွဲတင်ပြထားရပါမယ်၊အချိန်ကြန့်ကြာမှု အနည်းငယ်ရှိနိုင်ခြင်း: Green Channel လောက် ချက်ချင်းမပြီးဘဲ အကောက်ခွန်အရာရှိက စာရွက်စာတမ်းတွေကို ပြန်လည်စစ်ဆေးအတည်ပြုရတဲ့အတွက် နာရီအနည်းငယ် သို့မဟုတ် ရက်အနည်းငယ်လောက် အချိန်ပိုကြာနိုင်ပါတယ်စာရွက်စာတမ်း အချက်အလက် တိကျခိုင်မာရင်တော့ အခက်အခဲမရှိဘဲ ချက်ချင်း ပြီးမြောက်သွားမှာ ဖြစ်ပါတယ်။
🔴Red Channel ဆိုတာ သွင်းကုန်/ပို့ကုန် ကုန်စည်တွေအတွက် အကောက်ခွန်ရှင်းလင်းရေး ဆောင်ရွက်ရာမှာ အမြင့်ဆုံး စစ်ဆေးမှုအဆင့် ဖြစ်ပြီး၊ စာရွက်စာတမ်းစစ်ဆေးခြင်းသာမက ကုန်ပစ္စည်းရှိရာ ဆိပ်ကမ်း သို့မဟုတ် ကုန်လှောင်ရုံ (CFS) ကို ကိုယ်တိုင်သွားရောက်ကာ ကုန်ပစ္စည်းများကို မျက်မြင်ကိုယ်တွေ့ အသေးစိတ်ဖွင့်ဖောက်စစ်ဆေးခြင်း (Physical Inspection & Container Opening) ပြုလုပ်ရမယ့် လမ်းကြောင်း ဖြစ်ပါတယ်။အကောက်ခွန်လုပ်ငန်းစဉ်တွေထဲမှာ အချိန်အကြာဆုံးနဲ့ အသေးစိတ်ဆုံး စစ်ဆေးခံရတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်။
Red Channel ရဲ့ လုပ်ငန်းစဉ်များနှင့် ဖြစ်ပေါ်ရသည့်အကြောင်းရင်းများမှာ Document Verification တင်ပြထားတဲ့ ငွေတောင်းခံလွှာ (Invoice)၊ ကုန်စရင်း (Packing List) နဲ့ ဘောက်ချာတွေ စတာတွေကို အရင်ဆုံး စစ်ဆေးပါတယ်။
Physical Inspection (မျက်မြင် ကိုယ်တိုင်စစ်ဆေးခြင်း အကောက်ခွန်အရာရှိ၊ သက်ဆိုင်ရာ ဆိပ်ကမ်း/ကုန်လှောင်ရုံ တာဝန်ရှိသူတွေနဲ့ ကုန်ပစ္စည်းပိုင်ရှင် (သို့) ကိုယ်စားလှယ်တို့ ရှေ့မှောက်မှာ ကွန်တိန်နာ (သို့) ကုန်ထုပ်တွေကို ဖွင့်ပြီး အရေအတွက်၊ အရည်အသွေး၊ ကုန်အမျိုးအမည်နဲ့ ကြေညာထားတာတွေ ကိုက်ညီမှုရှိမရှိ တိုက်ဆိုင်စစ်ဆေးပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
#trading
#maccs | 814 |
| 18 | MACCS System က ကုန်သွယ်ရေးမှာ Customs Clearanceအတွက် ဘာလုပ်ပေးတာလဲ
MACCS System ဆိုတာ Myanmar Customs Clearance System မြန်မာ့အကောက်ခွန် အလိုအလျောက်စနစ် ကို ခေါ်တာ ဖြစ်ပြီး မြန်မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍ သွင်းကုန်ပို့ကုန် လုပ်ငန်းစဉ်တွေကို ပိုမိုမြန်ဆန်၊ ချောမွေ့ပြီး ခေတ်မီလာစေဖို့အတွက် အကောက်ခွန်ဦးစီးဌာနက အသုံးပြုနေတဲ့ အီလက်ထရောနစ် အကောက်ခွန်ရှင်းလင်းရေးစနစ် တစ်ခု ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ နည်းပညာနဲ့ ထောက်ပံ့ကူညီမှု JICA အစီအစဉ် ဖြင့် ဂျပန်နိုင်ငံမှာ အသုံးပြုနေတဲ့ NACCS/CIS စနစ်ကို အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလကစတင်ကာ မြန်မာနိုင်ငံမှာ တရားဝင် လွှင့်တင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
MACCS စနစ်ရဲ့ အဓိလုပ်ဆောင်ချက်တွေကတော့MACCS ဟာ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အေဂျင်စီတွေ၊ ဘဏ်တွေ၊ ဆိပ်ကမ်းတွေကို ကွန်ရက်တစ်ခုတည်းအဖြစ် ချိတ်ဆက်ပေးထားပြီး ဘာတွေလုပ်ဆောင်ပေးလဲဆိုတော့အကောက်ခွန် ကြေညာလွှာတင်ခြင်း Customs Declaration ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့ ကုန်ပစ္စည်းရှင်းလင်းရေးအတွက် ကြေညာလွှာ Declaration တွေကို အွန်လိုင်းကနေပဲ တင်သွင်းနိုင်ပါတယ် ပြီးရင် အလိုအလျောက် စစ်ဆေးခွဲခြားခြင်း Risk Management Systemစနစ်ကနေပြီး တင်သွင်းလာတဲ့ အချက်အလက်တွေအပေါ် မူတည်ကာ ကုန်စည်တွေကို လမ်းကြောင်း Channels ၃ ခု ခွဲခြားပေးပါတယ် ဒီ၃ခုက
- Green Channel
- Yellow Channel
- Red Channel ဆိုပြီးဖြစ်ပါတယ်။
🟢Green Channel ဆိုတာ ကုန်သွယ်မှု မြန်ဆန်ချောမွေ့စေဖို့အတွက် အန္တရာယ်အနည်းဆုံး သို့မဟုတ် လုံးဝမရှိဘူးလို့ သတ်မှတ်ထားတဲ့ ကုန်စည်တွေကို စာရွက်စာတမ်းရော၊ ကုန်ပစ္စည်းပါ စစ်ဆေးစရာမလိုဘဲ အလိုအလျောက် စနစ်ကနေ ချက်ချင်းကျော်ဖြတ်ခွင့် Releaseပေးတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်တွေထဲမှာ အမြန်ဆုံးနဲ့ ကုန်ကျစရိတ် အသက်သာဆုံး လမ်းကြောင်းဖြစ်ပြီး၊ လုပ်ငန်းရှင်တွေအနေနဲ့ ကြေညာလွှာ Declaration တင်ပြီး မိနစ်ပိုင်းအတွင်းမှာတင် ကုန်ပစ္စည်းထုတ်ယူခွင့် ရရှိနိုင်ပါတယ်။
Green Channel ရဲ့ ထူးခြားချက်များနှင့် လုပ်ငန်းစဉ်များကတော့
စစ်ဆေးမှု ကင်းလွတ်ခြင်း No Examinationဖြစ်တဲ့အကောက်ခွန်အရာရှိတွေအနေနဲ့ စာရွက်စာတမ်းတွေကို စိစစ်ဖတ်ရှုနေစရာမလိုသလို၊ ဆိပ်ကမ်ကွန်တိန်နာဆွဲထုတ်ပြီး ကုန်ပစ္စည်းတွေကို မျက်မြင်စစ်ဆေးခြင်း Physical Inspection လည်း လုပ်ဆောင်မှာ မဟုတ်ပါဘူး။
MACCS စနစ်ထဲကို သွင်းကုန်/ပို့ကုန် ကြေညာလွှာ ရိုက်ထည့်ပြီးတာနဲ့ စနစ်ရဲ့ Risk Management Algorithm ကနေ ကိုက်ညီမှုရှိမရှိ ချက်ချင်းစစ်ဆေးပါတယ် သတ်မှတ်ချက်နဲ့ ကိုက်ညီရင် စနစ်ကနေ Import/Export Permitသို့မဟုတ် ကုန်ထုတ်ယူခွင့်ကို လူမလိုဘဲ တိုက်ရိုက်ထုတ်ပေးပါတယ်။
စနစ်က Green Channel ထဲကို အလိုအလျောက် ထည့်သွင်းပေးဖို့အတွက် အောက်ပါအချက်အလက်တွေအပေါ် မူတည်ပြီး တွက်ချက်ပါတယ်။ တရားဝင် အတိအကျ ထုတ်ပြန်ထားခြင်းမရှိပေမယ့် အခြေခံအားဖြင့် အောက်ပါအချက်တွေ ပါဝင်ပါတယ် AEO (Authorized Economic Operator) အဆင့်ရှိတဲ့ ကုမ္ပဏီများဖြစ်တဲ့ အကောက်ခွန်ဦးစီးဌာနကနေ ယုံကြည်စိတ်ချရတဲ့၊ ဥပဒေလိုက်နာမှု အားကောင်းတဲ့ ကုန်သွယ်မှုလုပ်ငန်းရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ကုမ္ပဏီကြီးတွေရဲ့ ကုန်စည်တွေ။သမိုင်းကြောင်းကောင်းသည့် လုပ်ငန်းရှင်များ Compliance Historyရှိတဲ့ယခင်က ကုန်ပစ္စည်းတင်သွင်း/တင်ပို့မှုမှာ သတင်းအမှားပေးခြင်း၊ အခွန်ရှောင်ခြင်း၊ တားမြစ်ကုန်ပစ္စည်း ပါဝင်ခြင်း စတဲ့ ပြစ်မှုမှတ်တမ်း Blacklist လုံးဝမရှိတဲ့ လုပ်ငန်းရှင်များ။အန္တရာယ်နည်းသော ကုန်စည်အမျိုးအစားများ Low-Risk Goodsဖြစ်တဲ့ ဓာတုပစ္စည်းများ၊ လက်နက်များ၊ အစားအသောက်နှင့် ဆေးဝါးများကဲ့သို့ FDA သို့မဟုတ် သက်ဆိုင်ရာဌာနတွေရဲ့ တင်းကျပ်တဲ့ ထောက်ခံချက် အထူးတလည်မလိုတဲ့ သာမန်ကုန်စည် သို့မဟုတ် ကုန်ကြမ်းပစ္စည်းများ။
မူရင်းဒေသနှင့် တင်သွင်းသည့်နိုင်ငံ Origin & Destination စိတ်ချရတဲ့ နိုင်ငံတွေကနေ တိုက်ရိုက်တင်သွင်းလာတဲ့ ကုန်စည်များစသဖြင့် ဒါတွေဖြစ်ပါတယ်။
Green Channel ရဲ့ အကျိုးကျေးဇူးများကတော့ အချိန်ကုန် သက်သာခြင်း ဖြစ်တဲ့အရင်က ရက်ရက်ရှည်ရှည် စောင့်ရတဲ့ လုပ်ငန်းစဉ်တွေဟာ Green Channel ကြောင့် မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း ပြီးစီးသွားပါတယ် demurrage ညအိပ်ခ နှင့် ဆိပ်ကမ်းစရိတ် သက်သာခြင်းအတွက် ကွန်တိန်နာတွေကို ဆိပ်ကမ်းမှာ ရက်ကြာရှည် သိမ်းဆည်းထားစရာမလိုတော့တဲ့အတွက် ဆိပ်ကမ်းမြေငှားခနဲ့ ကွန်တိန်နာကြန့်ကြာခ Demurrage Chargesတွေကို အများကြီး လျှော့ချနိုင်ပါတယ်။Supply Chain မြန်ဆန်ခြင်းကြောင့် စက်ရုံတွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို အချိန်မီ ထုတ်ယူနိုင်တဲ့အတွက် ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေ တန့်မသွားဘဲ စီးပွားရေးလည်ပတ်မှု အားကောင်းစေပါတယ်။ | 629 |
| 19 | ------------- | 521 |
| 20 | لا يوجد نص... | 806 |
