Knowledge is Power Myanmar
📈 Аналитический обзор Telegram-канала Knowledge is Power Myanmar
Канал Knowledge is Power Myanmar (@knowledgeispowermyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 11 989 подписчиков, занимая 5 803 место в категории Бизнес и 10 285 место в регионе Мьянма.
📊 Показатели аудитории и динамика
С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 11 989 подписчиков.
Согласно последним данным от 02 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило 968, а за последние 24 часа — 63, при этом общий охват остаётся высоким.
- Статус верификации: Не верифицирован
- Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 9.57%. В первые 24 часа после публикации контент обычно набирает 3.39% реакций от общего числа подписчиков.
- Охват публикаций: В среднем каждый пост получает 1 143 просмотров. В течение первых суток публикация набирает 405 просмотров.
- Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 4.
📝 Описание и контентная политика
Автор описывает ресурс как площадку для выражения субъективного мнения:
“Business Management knowledge sharing”
Благодаря высокой частоте обновлений (последние данные получены 03 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Бизнес.
Загрузка данных...
| Дата | Привлечение подписчиков | Упоминания | Каналы | |
| 03 сентября | +44 | |||
| 02 сентября | +63 | |||
| 01 сентября | +116 |
| 2 | --------- | 298 |
| 3 | Нет текста... | 991 |
| 4 | တံမြက်စည်းဖြင့် မလှည်းရပါ။
အပေါ်ကပြောခဲ့တဲ့ဟာတွေကို Warehouse Supervisor ရဲ့ တာဝန်အဖြစ်သေချာရေးမှတ်ထာက reportတင်ရပါမယ် ဘာတွေလဲဆိုတော့
Daily & Weekly Pest Inspection Checklist နေ့စဉ်/အပတ်စဉ် ဝန်ထမ်းများ စစ်ဆေးသည့် စေခိုင်းချက် မှတ်တမ်းများ
Pest Control Vendor Service Reports Vendor မှ လစဉ် ဆေးဖျန်း/စစ်ဆေးထားသော တရားဝင် အစီရင်ခံစာများ
Warehouse IPM Map: Bait Station များ၊ Traps များ၊ Gel ခတ်ထားသည့် နေရာများနှင့် Bird Spikes/Netting များ တပ်ဆင်ထားသည့် နေရာပြ မြေပုံစတာတွေကို သေချာမှတ်တမ်းတင်ထားရမှာဖြစ်ပါတယ်။ဒါတွေကို warehouse managerက အထူးသတိထား စောင့်ကြည့်သုံးသပ်ပြီး လိုအပ်တာတွေကို ညွှန်ကြားရမှာ ဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun | 956 |
| 5 | မိမိဂိုထောင်warehouseမှာ ကြွက်၊ ပိုးဟပ်၊ ခြ နှင့် ခိုငှက် တွေ မရှိအောင်ဘာတွေလုပ်ရမလဲ
Warehouseဂိုထောင်တစ်ခုမှာ ကြွက်၊ ပိုးဟပ်၊ ခြ နှင့် ခိုငှက်တွေကြောင့် ပစ္စည်းတွေပျက်စီးတာတွေ သုံးဖို့အဆင်မပြေတာတွေဖြစ်ကာ မိမိရဲ့ ပစ္စည်းတွေပျက်စီးပြီး ငွေကြေးဆုံးရှုံးရတက်ပါတယ် ဒါအပြင် warehouseမှာ ရှိတဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကိုပါ ဒါတွေက ထိခိုက်နိုင်ပါတယ် ဒါကြောင့် ဒီကြွက်၊ ပိုးဟပ်၊ ခြ နှင့် ခိုငှက်တွေ မရှိအောင် ဘာတွေပြုလုပ်သင့်တယ်ဆိုတာလေးကို မျှဝေပေးပါ့မယ်
ပထမဦးဆုံးအနေနဲ့ warehouseမှာ သန့်ရှင်းရေးအတွက်နဲ့ ကြွက်၊ ပိုးဟပ်၊ ခြ နှင့် ခိုငှက် တွေ လာအောင် မဆွဲဆောင်မိဖို့အတွက် ကုန်ပစ္စည်း Racks နှင့် Pallet များကို နံရံမှ အနည်းဆုံး ၁၈ လက်မ ခွာ၍ ပုံရမည် နံရံကပ် လမ်းကြောင်းတွင် အဝါရောင်လိုင်း Yellow Perimeter Line ဆွဲထားရမည်ဖြစ်ပြီး၊ ထိုလိုင်းအတွင်း မည်သည့် ပစ္စည်းမျှ မထားရ ဒါမှ အမြဲလိုလို စစ်ဆေးဖို့နဲ့ သန့်ရှင်းရေးလုပ်လို့ရမှာ ဖြစ်ပါတယ် ကြွက်များထောင့်ကပ်ပြီး အသိုက်ဖွဲတာမျိုးတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ် နောက်
Warehouse ရဲ့ ပစ္စည်းထားထားရှိရာ နေရာ၊ Loading Bay နှင့် စင်များကြားတွင် စားသောက်ခြင်း၊ မုန့်စားခြင်း လုံးဝ မပြုရပါ ပြုလုပ်ရင် ဒဏ်ရိုက်ရပါမယ်သတ်မှတ်ထားသော Staff Canteen / Break Room တွင်သာ စားသောက်ရပါမယ် ဆို စည်းကမ်းချက်ထုပ်ထားရပါမယ် ပြီးတော့ အမှိုက်ပုံးတိုင်းတွင် အဖုံး ပါရှိရမည်နောကိ နေ့စဉ်အမှိုက်တွေကို ရုံးချိန်မဆင်းမီ Warehouse ပြင်ပသို့ အကုန်အမှိုက်ပြစ်ရပါမယ် အမှိုက်တွေကို warehouseထဲ ညသိပ်မထားရပါဘူးလို့ သက်မှတ်ထားရပါမယ် နောက် warehouse ပတ်ဝန်းကျင်အနီးတွင် သန့်ရှင်းနေရပါမယ် အမြဲသန့်ရှင်းရေးလုပ်ရပါမယ်။ဒီလို အခြေခံသဘောတရားတွေပြောပြီးရင် ကြွက်၊ ပိုးဟပ်၊ ခြ နှင့် ခိုငှက် အတွက် ကာကွယ်ဖို့ပြောပြပေးပါ့မယ်
ကြွက်တွေကို ထိန်းချုပ်ဖိူ့အတွက်ဆိုရင် ပထမဦးဆုံး warehouseမှာ ကြွက်ဝင်နိုင်တဲ့အပေါက်တွေကို လိုက်ကြည့်ရပါမယ် 0.6cm အထက်ရှိတဲ့ အပေါ်ကလိုင်းမျိုးဆိုရင်တောင် ကြွက်သေးလေးတွေတိုးဝင်နိုင်ပါတယ် ဒါကြောင့်ဝင်ပေါက်တွေကို ပိတ်မယ် နောက်ပိုက်လိုင်တွေဆိုရင် စတီးသံစကာတွေကို ကြွက်မဝင်လာအောင်တက်ရပါမယ် တခါတလေ ရေဆင်းပိုက်တွေက ကြွက်ဝင်တက်ပါတယ် ဒါပြီးရင် ကြွက်အရင်ထောင်နဲ့ အသေထောင်ကြွက်ထောင်ချောက်တွေကို warehouseရဲ့ အပြင်နေဲ့ အတွင်မှာ ထား အဆင်ပြေလောက်တဲ့ အရေအတွက်ကို ထားရှိရပါမယ် ကြွက်ထောင်ချောက်ထောင်ရင် သတိထားဖို့က အသေထောင်ချောက်တွေကို ကိုယ့်ဝန်ထမ်းတွေ ကိုယ့်ဘာသာ တက်မနင်းမိစေဖို့ အထူးသတိပေးထားရမှာဖြစ်ပါတယ် ကြွက်ကပ်ကော်တွေလည်း သုံးလို့ရပါတယ် အသက်မသက်ချက်ရင်တော့ အရှင်ထောင်ချောက်တွေ သုံးလို့ရပါတယ် နောက် သတိထားရမှာ ကြွက်သက်ဆေးတွေ အပြစ်ရပါဘူး ကြွက်တွေစားပြီး ပစ္စည်းတွေကြားထဲ ပုတ်နေရင် အနံတွေထွက်ပြီး ဒုက္ခရောက်တက်ပါတယ်။
ပိုးဟပ်အတွက်ဆိုရင်တော့ Warehouse အတွင်းရှိ ရေထွက်ပေါက်/ရေဆိုးမြောင်းများတွင် အပေါက်သေး သံစကာ Mesh Screen တပ်ဆင်ရမယ် ရေဆိုးမြောင်းများအတွင်း အဆီနှင့် အမှိုက်များ မတင်ကျန်အောင် အပတ်စဉ် သန့်ရှင်းရပါမယ်Roach Gel Baiting သုံးကာ ပိုးဟပ် အများဆုံး အောင်းနိုင်သည့် မိန်းဘုတ်များ၊ ရေခဲသေတ္တာ/စက်ပစ္စည်း အနောက်ဘက် အက်ကြောင်းများကြားတွင် Roach Gel Bait အစက်လေးများ ခတ်ပေးရပါမယ် Inbound Inspectionဖြစ်တဲ့ အပြင်မှ ဝင်လာသော ကာတွန်းဖာဟောင်းများမှ ပိုးဟပ်ဥများ ပါမလာစေရန် Inbound Area တွင် စစ်ဆေးပြီး ဖာဟောင်းများကို ချက်ချင်း စွန့်ပစ်ရပါမယ်။
ခြအတွက်ဆိုရင်တော့ Warehouse အတွင်း Chemical / Heat Treated (ISPM-15 Standard) ရပြီးသော သစ်သား Pallet သို့မဟုတ် Plastic/Steel Pallet များကိုသာ သုံးရပါမယ်ကာတွန်းဖာများနှင့် စက္ကူပတ်ကင်များကို ကြမ်းပြင်ပေါ် တိုက်ရိုက် လုံးဝ မထားရ Pallet/Rack အထက်တွင်သာ တင်ရပါမယ် Pest Controlအတွက် လုပ်တဲ့ လုပ်ငန်းကိုခေါ်ပြီး ခြအတွက် တိုင်ကြားတွေ ကြမ်းကြားတွေကို Chemical Soil Treatmentတွေလုပ်ခိုင်းလို့ရပါတယ် နံရံ၊ ဒေါက်တိုင်များနှင့် စင်များတွင် ခြများ သွားလာသည့် တောင်ပို့လမ်းကြောင်း (Mud Tubes) ရှိမရှိ လစဉ် စစ်ဆေးရပါမယ်။
ခိုငှက်တွေကိုတော့ warehouseအပေါ်ဘက်မှာ လေဝင်ပေါက် တွေဘာတွေရှိရင် ခိုငှက်များ ဝင်ရောက် အသိုက်မဖွဲ့နိုင်စေရန် HDPE Bird Netting ကို အကွက်မကျန် အုပ်ဆိုင်း တပ်ဆင်ရပါမယ် အပြင်ဘက် နံရံစွန်း၊ တံခါးအထက်ဘက် တန်းများနှင့် အမိုးစွန်းများ တွင် Stainless Steel Bird Spikes များ တပ်ထားရပါမယ်နောက် ကုန်တင်/ကုန်ဆင်း တံခါး Loading Bay တွင် ငှက် ပျံသန်းဝင်ရောက်မှု တားဆီးရန် Clear PVC Strip Curtains တပ်ဆင်ထားရပါမယ် သတိထားရမှာက ငှက်ချေး ရှင်းလင်းရေး လုပ်တဲ့အခါ ငှက်ချေးများကို ရှင်းလင်းပါက ဝန်ထမ်းများသည် N95 Mask နှင့် လက်အိတ် စနစ်တကျ ဝတ်ဆင်ပြီး၊ ရေစိုဝတ် သို့မဟုတ် ပိုးသတ်ဆေးဖျန်း၍ ရှင်းလင်းရမည် ဖုန်ထအောင် | 840 |
| 6 | -------------- | 721 |
| 7 | မိုးရာသီPromotionလေး သင်တန်း၁၁ခုစလုံးကို 92,000 နဲ့ လူမပြည့်ခင် အမြန်တက်ထားကြပါ ခင်ဗျာ့😀
👇👇👇
https://www.facebook.com/share/p/1BmffUWZr4/ | 882 |
| 8 | ------------ | 808 |
| 9 | Нет текста... | 938 |
| 10 | အလုပ်ရှာမည့်သူများ CV / Resume ကိုဘယ်လိုပြင်ဆင်ရမလဲ
ဒီတစ်ခါ အလုပ်ရှာတဲ့အခါ CVတစ်ခုကို ဘယ်လိုပြင်ဆင်ရလဲဆိုတာလေးကို သိသလောက်လေးပြောပြပေးပါမယ်။အရင်ဆုံး CV တစ်ခုစရေးတော့မယ်ဆိုရင်
(1)CV ဒါမှမဟုတ် Resumeကို သေချာပြင်ဆင်တဲ့အခါ ဒါတွေက ကိုယ်ရဲ့ ပထမဦးဆုံး အလုပ်ခန့်မယ့် HR ကကြည့်ရင် အဆင်ပြေ အထင်ကြီးအောင်ဖြစ်ပါတယ်။ဒီတော့ CV ကို ပြင်ဆင်တဲ့အခါ မိတ္တူကူးဆိုင်တွေက မြန်မာCVလို့ခေါ်တဲ့ အလွယ်ဝယ်ပြီး ဓာတ်ပုံလေးကပ်ပြီး လက်ရေးနဲ့ ဖြည့်တဲ့ CVတွေဟာ မကောင်းပါဘူး အောက်ခြေဝန်ထမ်းအတွက် အဆင်ပြေကောင်းပြေနိုင်ပေမယ် ရာထူးကြီးလာတဲ့ supervisor levelလောက်ဆိုရင်အဆင်မပြေတော့ပါဘူး interviewမယ့်သူက ဒါကိုအထင်သေးနိုင်ပါတယ်။CV ကို microsoft wordနဲ့ပဲဖြစ်ဖြစ်သေချာလေး လုပ်ထားသင့်ပါတယ် ကိုယ်မလုပ်တက်ရင် လုပ်တက်တဲ့သူကို အကူအညီတောင်းသင့်ပါတယ်။
ဒါကြောင့် CV တစ်ခုမှာ ဘယ်လိုတွေပါဝင်သင့်လဲဆိုတာလေး ကိုပြောပြပါ့မယ်။CV တစ်ခုမှာ စစချင်း
- ကိုယ့်ရဲ့ personal အကြောင်းအရာတွေ ဖြစ်တဲ့ နမည် ၊ မွေးdate ၊ အိမ်လိပ်စာ၊ ဖုန်းနပတ် ၊Email ၊လူမျိုးဘာသာ ၊အိမ်ထောင်ရှိမရှိ နောက် မိမိဓာတ်ပုံ ဒါတွေကို အရင်ပြည့်စုံအောင်ထည့်ပေးရပါတယ် ဒါမှ interviewတဲ့ သူက ဒါကို ကြည့်ပြီး ဒီလူက ဘယ်လိုပုံစံမျိုးဆိုတာ သူစိတ်ထဲမြင်မှာဖြစ်ပါတယ်။
-နောက်ဒုတိယ အနေနဲ့ career objective/ Professional Goal ကဘာဆိုတာရေးရပါမယ် ဥပမာ ကိုယ်က saleman လုပ်နေတယ်ဆိုရင် ကိုယ်က တချိန် အရမ်းကို ထူချွန်းတဲ့ sales managerတစ်ယောက်ဖြစ်ချင်တယ် sales management နဲ့ ပက်သက်တာတွေ လေ့လာပြီး အလုပ်ထဲ စာတွေ့လက်တွေ့ပေါင်းစပ်ကာ ကြိုးစားသွားမယ် ဆိုပြီး ရေးလို့ရပါတယ်။
- နောက်တတိယကတော့ ကိုယ့်ရဲ့ ပညာရေး တွေဖြစ်တဲ့ ဘွဲ့ကိုအရင်ရေးရပါမယ် ဘယ်ဘွဲ့ရထားတယ် ဘယ်နှခုနှစ်မှာ တက်ရောက်ထားတယ် ၊ ဘွဲပြီးရင် diploma တွေကို ထည့်ရပါမယ် diploma ပြီးရင် certificateတွေထည့်ရပါမယ် ၊diploma မရှိရင် certificateတွေတန်းထည့်လို့ရပါတယ်။နောက်ပြီး ကိုယ့်မှာ လက်မှတ်မရှိပေမယ့် ကျွမ်းကျင်တဲ့ skillတွေရှိပါတယ် ဒါပေးမယ့်ကိုယ့်မှာ certificateမရှိပါဘူး အလုပ်ထဲမှာပဲ သင်ပြီးလုပ်လာခဲ့တာကြောင့် ဖြစ်ပါတယ် ဥပမာ ကိုယ်က computer skillဆိုရင် excel၊ power pointတွေကောင်းကောင်း ရတယ်
နောက် language skill ဖြစ်တဲ့ English ၊ chinese ဒါတွေရတယ် နောက် car မောင်းတက်ပြီး driving လိုင်စင်ရှိတယ် စတာတွေထည့်ရေးပေးရမှာဖြစ်ပါတယ်။
- နောက်ဆုံးကတော့ အလုပ်အတွေ့အကြုံတွေ ရေးရမှာဖြစ်ပါတယ်။အလုပ်အတွေအကြုံတွေရေးတဲ့အခါ မှားတက်တာရှိပါတယ် တချို့လူတွေက ကိုယ်စစလုပ်တဲ့ first job ကိုစရေးပြီး လက်ရှိလုပ်နေတဲ့ အလုပ်ကို နောက်ဆုံးရေးကြပါတယ် ဒီလိုမရေးရပါဘူး ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်ကို စပြီးရေးရပါတယ် ပြီးရင် အရင်လုပ်ခဲ့တဲ့အလုပ်ကို ရေးရပါမယ် နောက်ဆုံး ကိုယ့်ရဲ့ first jobကိုရေးရမှာဖြစ်ပါတယ်။ဒါဆိုရင် CV ကောင်းလေး တစ်ခုကို ရရှိသွားမှာဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun | 713 |
| 11 | --------------- | 535 |
| 12 | Нет текста... | 527 |
| 13 | မိမိဘဝ planကို SOSTAC နဲ့ရေးဆွဲခြင်း
လူတိုင်းမှာ တိုးတက်အောင်မြင်ဖို့ဆိုရင် မိမိဘဝအတွက် planလေးကိုရေးဆွဲထားသင့်ပါတယ်။ဒီလိုရေးဆွဲတဲ့အခါ SOSTAC ဆိုတာလေးကို အသုံးပြုပြီး ရေးဆွဲတာလေးကို ပြောပြချင်ပါတယ်။ဒီSOSTAC ဆိုတာကတော့
S-Situationa Analysis (လက်ရှိအခြေအနေကို လေ့လာသုံးသပ်ခြင်း)
စစချင်း ကိုယ်ကဘယ်နေရာရောက်နေတယ်ဆိုတာကို စပြီးသုံးသပ်ရပါမယ်။ဒီလိုသုံးသပ်တဲ့အခါ Health, Education ,mind, income, job career ဆိုတဲ့၅ခုကို ကြည့်ရပါမယ်။Health ဆိုတဲ့ ကိုယ်ကျန်းမာရေးအခြေအနေ ကိုယ်ရဲ့ကျန်းမာရေးကောင်းလား၊ မကောင်းဘူးလား.၊ ခဏခဏနေမကောင်းဖြစ်လား၊ ကိုယ်မှာကျန်းမာရေးကို မကောင်းစေတဲ့အကျင့်ဆိုးတွေဘာရှိလည်း ဆေးလိပ်သောက်လား ကွမ်းစားလား စသဖြင့်ချပြီးရေးရပါမယ်။
နောက် Educationဆိုတဲ့ ကိုယ်ရဲ့ ပညာရေးအခြေအနေက ဘယ်လိုရှိလဲ ၁၀တန်းအောင်းလား ဘွဲရလား နောက်တခြားဘာတွေတက်ထားသေးလဲ ပြီးတော့ အလုပ်အတွက် ဘာသင်တန်းတွေထပ်ပြီးတက်ဖို့လိုလာနိုင်လဲ စသဖြင့်ရေးချပါ။
Mind ဆိုတဲ့ စိတ်နေစိတ်ထားကလည်း အရေးကြီးပါတယ် တချိုတွေအရမ်းအောင်မြင်ပြီး ဝင်ငွေကောင်းပေမယ် စိတ်ညစ်နေရတာတွေအများကြီးရှိပါတယ်။ဒီတော့ ကိုယ်ကစိတ်တွေ ရှုတ်နေတာလား ဘာကြောင့် စိတ်ရှုတ်တာလဲ ၊ စိတ်ဓာတ်တွေကျပြီးမပျော်တာလား ဘာကြောင့်ဒါတွေဖြစ်လဲ ရှာပြီးချရေးပါ။
Income နဲ့ job career ဆိုတဲ့ လက်ရှိဝင်ငွေဘယ်လောက်ရှိလဲ၊ အလုပ်မှာ ဘယ်ရာထူးလက်ရှိလုပ်နေလဲ နောက်ဘယ်ရာထူးတွေမှန်းထားလဲ ၊လက်ရှိအလုပ်က နောင်တချိန်လစာဘယ်လောက်ထိပိုရနိုင်လဲ ရတဲ့ငွေကို ဘယ်နေရာမှာရင်းနှီးလို့ရလဲ စသဖြင့်ချပြီးရေးရမှာဖြစ်ပါတယ်။ဒီလိုရေးပြီးရင် ကိုယ့်ရဲ့ လက်ရှိအခြေအနေကို ကိုယ်ဘယ်နေရာရောက်နေလဲ ဘာတွေဖြစ်နေလဲကို သိအောင်သေချာပြန်ဖတ်ကြည့်ပါ ခုနကရေးထားတာတွေကို ပြီးရင် သေချာသုံးသပ်ပါ ငါမှာ ဘယ်ဟာတွေက အားသာချက်ရှိပြီး ဘယ်ဟာတွေက အားနည်းချက်ရှိတယ်ဆိုတာကို ချပြီး အားနည်းချက်နဲ့ အားသာချက် ၂ခုကို ပြန်ပြီးခွဲရမှာဖြစ်ပါတယ်။ဒါဆို situational analysisကို လုပ်ပြီးပြီးဖြစ်ကာ နောက်တစ်ဆင့်ဖြစ်တဲ့
O- objective (ရည်မှန်းချက်ပန်းတိုင်)
ဒီအဆင့်ဟာ နောက်၁၀နှစ် ဖြစ်စေ ၊၅နှစ်ဖြစ်စေ ၊၁နှစ်ဖြစ်စေ၊တစ်ဘဝလုံးဖြစ်စေ ကိုယ်ကဘာဖြစ်ချင်တာလဲကို ချရေးထားရမှာဖြစ်ပါတယ်။အကောင်းဆုံးကတော့ ၁၀နှစ်ဘာဖြစ်ချင်လဲ ချရေးပါပြီးရင် ၅နှစ် တဖြတ်စဥ်းစားပါ ပထမ၅နှစ်ကို ဘယ်လောက်ထိရရမယ် နောက် ဒုတိယ၅နှစ်ငါကဘာဖြစ်ရမယ်လို ချရေးပါ။ပြီးရင် ပထမ၅နှစ်အတွက် ၁နှစ်ချင်းစီးအလိုက် planသေချာချသွားရပါမယ် ဒီနှစ်ဘာလုပ်မယ်ဆိုတာဖြစ်ပါတယ်။objectiveတွေချအခါ ဒီနှစ်မှာ ပညာရေးအရ ဘယ်လောက်တိုးတက်ရမယ်၊ ငွေဒီနှစ်ဘယ်လောက်ရှာနိုင်ရမယ်၊ ကျန်းမားရေးဘာတွေပိုကောင်းရမယ်၊ စိတ်တွေပိုတည်ငြိမ်အောင်လုပ်မယ် စသဖြင့် တိတိကျကျ ကိန်းဂဏန်းနဲ့ပါတာပိုကောင်းပါတယ် သင်တန်းတက်မယ်ဆို ဘာတွေတက်မလဲ ငွေဘယ်လောက်သုံးမလဲ သေချာရေးပါ၊ incomeဝင်ငွေကို ကိုယ်က ဘယ်လောက်ထိရရမယ် ငွေသိန်း၁၀၀ ဒီနှစ်စုမိရမယ် စသဖြင့်တိတိကျကျလေး ချပြီးရေးရမှာဖြစ်ပါတယ်။
S-Strategy မဟာဗျူဟာ
ဒါကတော့ ကိုယ်လိုချင်တဲ့ objectiveတွေရဖို့ သေချာမဟာဗျူဟာချရပါမယ် အလုပ်careerအတွက်ဆို နော်၅နှစ်အတွင်း ဘယ်လိုမျိုးသင်ရိုးတွေ သင်ပြီး အလုပ်မှာ ဘယ်လိုတိုးတက်အောင်လုပ်မလဲ road map မဟာဗျူဟာ လမ်းကြောင်းချရပါမယ်။မဟာဗျူဟာက ရေရှည်ကြည့်ရမှာ ဖြစ်ပါတယ်။ပြီးရင်
T - Tactics နည်းဗျူဟာ
မဟာဗျူဟာချထားတဲ့ ၅နှစ်ကို တစ်နှစ်ချင်းစီး ဘာတွေလုပ်ရမယိဆိုတဲ့ လုပ်ဆောင်ရမယ့် Action planကိုသေချာရေးဆွဲပြီး တစ်နှစ်စာ scheduleအနေနဲ့ ဘယ်လတွေမှာဘာလုပ်မယ်ဆိုတာတွေကို သေချာလေးဆွဲထားရမှာဖြစ်ပါတယ်။ပြီးရင်
Action နဲ့ Controlဆိုတဲ့ စတင်လုပ်ဆောင်ပြီး planအရ ဘာတွေကမဖြစ်ဘူးလဲ အခြေအနေတွေက ဘာတွေကပြောင်းနေလဲ ကို အမြဲစောင့်ကြည့်ပြီးလိုအပ်သလို planကိို ပြုပြင်ပြောင်းလဲ လုပ်ကိုင်ရမှာဖြစ်ပါတယ်။
ဒီpostလေးက မိတ်ဆွေအတွက် အကျိုးရှိရင် ပြန်လည်မျှဝေပေးပါ ခင်ဗျာ့😀😀
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun | 551 |
| 14 | ------------- | 376 |
| 15 | အလုပ်တစ်ခု ဘယ်လိုရှာမလဲ နဲ့ interview ခေါ်ရင် ဘာတွေပြင်ဆင်ရမလဲ
အလုပ်တဲ့လျောက်တဲ့အခါ ရေးရမယ် CV ပုံစံလေးကို အရင်တစ်ခေါက်ကပြောပြပေးခဲ့ပြီး ဒီတခါ ဘယ်လိုအလုပ်ရှာမလဲဆိုတာတွေကိုပြောပြပါ့မယ်။ကိုယ်က CV ကိုစပြီး ပြင်ထားပြီးရင်ဆိုရင် ကိုယ့်ရဲ့ ဘွဲ့လက်မှတ်တွေ ၊diplomaတွေ ၊certificateတွေကိုပါ scan ဖတ်ထားရမှာဖြစ်ပါတယ် softcopy အနေနဲ့ဖြစ်ပါတယ်။
အလုပ်ရှာတော့မယ်ဆိုရင် onlineကို အဓိကအားကိုးစေချင်ပါတယ် onlineကရှာတဲ့ အခါ fb ရဲ့ အလုပ်ရှာတဲ့ groupတွေ pageတွေကို အရင်ရှာရပါမယ် ပြီးရင် ကိုယ်နဲ့ သင့်တော်တဲ့ အလုပ်တွေကို ရသလောက် emailတွေများများပို့ထားရပါမယ် ဒီလို emailပို့တဲ့အခါ ကိုယ့်ရဲ့ CV ကော လက်မှတ်တွေပါတွဲပြီး ပို့သင့်ပါတယ် ဒါမှ တခါတည်း လက်မှတ်တွေပါ CV နဲ့ HR ကတွဲပေးပြီး ပြမှာဖြစ်ပါတယ် နောက်အလုပ်ရှာ websiteမှာ email နဲ့ account လုပ်ပြီး CV တင်ထားပြီး ကြိုက်နှစ်သက်တဲ့အလုပ်တွေကိုများများလျှောက်ထားရမှာဖြစ်ပါတယ်။အလုပ်လျှောက်တဲ့အခါ CV မှာ ကိုယ်အမြဲကိုင်တဲ့ဖုန်းကို သေချာမမှားအောင်ရေးထားရပါမယ် ဒီဖုန်းကိုပဲ ဖုန်းဆက်ပြီး interviewခေါ်မှာဖြစ်ပါတယ်။
Interview ကို လုပ်ငန်းက ဖုန်းဆက်ခေါ်တဲ့အခါ ဘယ်companyလဲ ဘယ်positionအတွက်ခေါ်တာလဲ ဘာပစ္စည်းတွေရောင်းလဲ ဘယ်အချိန်interviewလာရမလဲ ဘယ်နေရာကိုလာရမလဲ ဘာတွေယူလာဖို့လိုလဲဆိုတာကို သေချာမေးရမှာဖြစ်ပါတယ် ဖုန်းကို message နဲ့ပါပို့ခိုင်းလို့ရရင်ပို့ခိုင်းပါ။
ကိုယ့်ရဲ့ interview companyကို သီပြီးသွားရင် fb ကနေ ရှာပါ websiteတွေကနေရှာပါ ဘာပစ္စည်းတွေရောင်းတာလဲကို သေချာကြည့်ပါ ဘယ်အချိန်ကတည်ထောင်ခဲ့တာလဲ လက်ရှိဘာတွေလုပ်လဲ သေချာလေ့လာရမှာဖြစ်ပါတယ်။ပြီးရင် အဲ့အလုပ်positionရဲ့ JDကို သေချာပြန်ကြည့်ရပါမယ်။ဒါပြီးရင်တော့ interview မေးခွန်းတွေအတွက် ပြင်ဆင်ရပါမယ် interview မှာ ကိုယ်ကို ကိုယ် အရင်မိတ်ဆက်ခိုင်းမယ် နောက် အရင်ဘာတွေလုပ်ခဲ့လဲ ဒီအလုပ်ကော သိလား စသဖြင့် ဘယ်လိုတွေမေးမယ်ဆိုတာအရင်ရေးထားပါတယ် ဒါကြောင့် ကိုယ့်ကို ဘာမေးနိုင်လဲဆိုတာ ကြိုခန့်မှန်းပြီး ကိုယ်ကဘာတွေပြန်ဖြေမလဲကို ကြိုစဥ်းစားထားရပါမယ် တစ်ခုရှိတာက CV မှာရေးထားတာနဲ့ ဖြေတာ တလွဲကြီး မဖြစ်ဖို့လိုပါတယ် မေးတဲ့သူက CVကြည့်ပြီး မေးလေ့ရှိပါတယ်။
နောက် intervewနေ့မှာ ဝတ်တာကို ဂရုစိုက်ရပါမယ် စျေးကြီးတာမျိုးမဟုတ်ပဲ သေသေသပ်သပ်လေး ဝတ်စားရပါမယ် ပြီးတော့ interview သွားတဲ့အခါ မိနစ်၂၀လောက် စောရောက်အောင်သွားပြီး နောက်ကျတာတွေမဖြစ်စေပါနဲ့ interviewတဲ့အခါ စိတ်အေးအေးထားပြီး ဖြေပါ အလုပ်မရခဲ့လည်း စိတ်မပျက်ပါနဲ့ နောက်ဒီထပ်ပိုကောင်းတဲ့အလုပ်ရဖို့အတွက်ဖြစ်တယ် ဆိုပြီး သဘောထားရမှာဖြစ်ပါတယ် လက်မလျော့ပဲ အမြဲကြိုးစားရှာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun | 414 |
| 16 | -------------- | 366 |
| 17 | အလုပ်ရှာနေသူတွေ သိထားသင့်သည့်အရာများ
အခုခေတ်ကာလမှာ အလုပ်အကိုင်တွေ ရှာရဖွေရခက်ခဲ့ကြပါတယ် ဒါကြောင့် အလုပ်အကိုင်ရဖို့နဲ့ အင်တာဗျူးတဲ့အခါ ဘယ်လိုတွေသိထားရမလဲ နဲ့ ဘယ်လိုပုံစံတွေရှိလဲဆိုတာလေး အတွေ့အကြုံရှိသလောက် sharingလုပ်ပေးချင်ပါတယ်။
စစချင်း လူတစ်ယောက်ဟာ အခုမှ ဘွဲရလို့ပဲဖြစ်ဖြစ် အလုပ်ခွင်မှာစပြီး အလုပ်လုပ်ကိုင်နေလို့ပဲဖြစ်စေ မိမိကအလုပ်အသစ်ရှာဖို့အတွက် ပြင်ဆင်ကြလေ့ရှိပါတယ်။ဒီလိုပြင်ဆင်တဲ့အခါ လူတော်တော်များများဟာ certificate ၊ Diplama စသဖြင့် လက်မှတ်တစ်ခုခုရအောင် ကြိုးစားလေ့ရှိပါတယ် ဘာလို့လဲဆိုတော့ အလုပ်ခေါ်စာတွေမှာ သက်မှတ်ထားတဲ့ fieldအတွက် အနိမ့်ဆုံးဆိုရင် certificate လေးတစ်ခုခုပါရမယ်လို့ရေးထားလေ့ရှိပါတယ် ဒါကြောင့် ကိုယ်အလုပ်လျောက်ရင် အဆင်ပြေအောင် လက်မှတ်လေးတွေကြိုးစားယူကြပါတယ်။ဒါပေမယ့် ဒီနေရာမှာ ကိုယ်က တစ်ခုသတိပြုရမှာက ဒီလက်မှတ်တွေဆိုတာက interview ခေါ်ဖို့အတွက်သာ အထောက်အကူပိုဖြစ်ပါတယ် တကယ်အလုပ်ခန့်ဖို့ဆိုရင် ဒီလက်မှတ်နဲ့ မရပါဘူး ခန့်မယ်သူက intervew တဲ့အခါ ၃ခုကြည့်လေ့ရှိပါတယ် ဒါကတော့
(1) လာလျှောက်တဲ့သူက သူလုပ်မယ်field အတွက်သေချာ concept အရသိရဲ့လား ဘာလို့လဲဆိုတော့ ဘားမှမသိတဲ့သူကို ခန့်မိရင် သူသင်ပေးချင်လည်း ခက်ခက်ခဲခဲအစကနေပြီး အခြေခံကနေ သင်ပေးရမှာဖြစ်ပါတယ် နဂိုကတည်းက အသင့်အတင့်သိထားရင် သူသင်ပေးရတာ လွယ်ကူပြီးတက်မြန်သောကြောင့် ဖြစ်ပါတယ်။ဒီနေရာမှာ သိရမှာက certificate ရရှိရုံနဲ့ မရပါဘူး အင်တာဗျူးတဲ့သူက မေးအုန်းမှာပါ ဥပမာ market research တစ်ခုလုပ်ရင် ဘယ်လိုမျိုးတွေလုပ်ကြလေ့ရှိလဲ၊ productတစ်ခုကို စဖောက်ရင် ဘယ်လိုတွေစလုပ်ရင်ကောင်းလဲ ၊ marketing planတစ်ခုဆွဲရင် ဘာတွေပါရမလဲ ၊B2B နဲ့ B2C marketတွေကဘယ်လိုတွေကွာလဲ ၊ brand positioningဆိုတာ ဘယ်လိုဟာမျိုးလဲ စသဖြင့် ခန့်မယ့်ရာထူးlevelအပေါ်မှုတည်ပြီး မေးမှာဖြစ်ပါတယ် အဲ့မှာ သေချာဖြေနိုင်ရင် မေးတဲ့သူစိတ်ထဲ ဒီတစ်ယောက် မဆိုးဘူးဆိုပြီး တွေးသွားပါလိမ့်မယ် marketing သင်ထားတယ်ပြောပြီး promotion mixတောင် မသိဘူးဆို အထင်သေးခံရမှာဖြစ်ပါတယ်။ နောက်တစ်ခု
(2) အလုပ်လျှောက်မယ့်သူက အတွေ့အကြုံရှိရဲ့လား ဒီခန့်မယ့်position အတွက် ရာထူးမြင့်လေ အတွေ့အကြုံကို ပိုပြီးကြည့်ပါတယ် ဘာလို့လည်းဆိုတော့ အလုပ်ထဲရောက်ရင် ခဏလေ့လာပြီး တန်းလုပ်ခိုင်းမှာကြောင့်ဖြစ်ပါတယ် ဒီအခါမေးမယ် မေးခန်းတွေက အရင်အလုပ်မှာ sales managerလုပ်ခဲ့တယ်ဆိုရင် မေးတဲ့သူက sales targetတစ်ခု monthly targetတွေ seasonal index အရဘယ်ခွဲမလဲ ၊ sales way plan territory management ဘယ်လိုလုပ်မလဲ၊ sales reportတွေကို ဘယ်လိုတွေပြလဲ စောင့်ကြည့်လဲ ၊sales promotionတွေ ဘယ်လိုစဥ်းစားပြီးဆွဲလဲ ၊ ကိုယ်အောက်ကလူတွေကို စိတ်ဓာတ်တက်ကြွအောင် ဘယ်လို coaching လုပ်လေ့ရှိလဲ စသဖြင့် အတွေ့အကြုံရှိတဲ့ သူဆိုရင် စာတွေနဲ့ လက်တွေ့ရောပြီးမေးမှာဖြစ်ပါတယ် စသဖြင့်နောက်
(3)အလုပ်လျှောက်မယ့်သူရဲ့ behavior , attitude နဲ့personality ကိုကြည့်ပါတယ် ဘာလို့လဲဆိုတော့ ဒီလူဟာ ကိုယ့်company culture နဲ့ ကိုက်ညီရဲ့လား လက်ရှိလူတွေနဲ့ ပူပေါင်းလုပ်ဖို့အဆင်ပြေပါ့မလား တခါတလေ ပညာကော အတွေ့အကြုံတွေ အရမ်းရှိပြီး မောက်မာတက်တဲ့ လူမျိုးဆိုရင် သူက team work နဲ့ အလုပ်လုပ်ဖို့ခက်ပါတယ် သည်းခံစိတ်မရှိပဲ တခြားလူတွေနဲ့ ရန်ပဲဖြစ်နေရတာတွေ ဖြစ်တက်လို့ဖြစ်ပါတယ် စသဖြင့်ကြည့်ပြီး သူပေးနိုင်တဲ့ လစာနဲ့ အဆင်ပြေရင် အလုပ်ခန့်လေ့ရှိပါတယ်။
ဒါကြောင့် ကိုယ်က ဘာသင်တန်းပဲတက်တက် လက်မှတ်လည်းယူထားပါ နောက်သင်ထားတဲ့အကြောင်းအရာတွေကို တကယ်နက်နက်နဲနဲသိအောင် လေ့လာထားရမှာဖြစ်ပါတယ် မေးတာနဲ့ ဘာကဘယ်လိုမျိုး ဘယ်ဟာနဲ့ ဘယ်လိုချိတ်လို့ရတယ် စသဖြင့် တန်းပြီးconceptတွေနားလည်အောင် အမြဲလေ့လာနေရမှာ ဖြစ်ပါတယ် သင်တန်းတွေပြီးလည်း စာအုပ်တွေဖတ်နေရပါမယ် marketing အထူးနဲ့ MBA ယူထားပြီးရင်တောင် marketingက သင်လို့မပြီးသေးပါဘူး အများကြီး ကျယ်ပြန့်တဲ့အတွက် ဆက်လေ့လာရအုံးမှာဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun | 649 |
| 18 | ----------- | 697 |
| 19 | Нет текста... | 1 108 |
| 20 | နိုင်ငံတကာကုန်သွယ်ရေးမှာ Shipping Mark ဆိုတာဘာလဲ
Shipping Mark ဆိုတာ နိုင်ငံတကာLogistics နဲ့ Supply Chainလုပ်ငန်းများတွင် ကုန်ပစ္စည်းပုံးများ Cartonsများ သေတ္တာများ သို့မဟုတ် Pallet များရဲ့ ပြင်ပတွင် ရိုက်နှိပ် သို့မဟုတ် ကပ်ထားသည့် အချက်အလက်နှင့် သင်္ကေတများ ဖြစ်ပါတယ်
ကုန်ပစ္စည်းများကို ဆိပ်ကမ်းများ၊ Warehouses နှင့် သယ်ယူပို့ဆောင်ရေး ယာဉ်များပေါ်တွင် ကိုင်တွယ်ရွှေ့ပြောင်းသည့်အခါ လွယ်ကူလျင်မြန်စွာ ခွဲခြားနိုင်ရန်နှင့် မှန်ကန်သည့် လမ်းကြောင်းသို့ ရောက်ရှိစေရန်အတွက် အဓိက အသုံးပြုပါတယ်။
Shipping Markရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့ကုန်ပစ္စည်း ခွဲခြားနိုင်ဖို့ သင်္ဘော သို့မဟုတ် လေယာဉ်ပေါ်တွင် ကုန်သေတ္တာပေါင်းများစွာ ပါဝင်သည့်အတွက် မိမိ၏ ကုန်ပစ္စည်းကို အလွယ်တကူ စိစစ်ခွဲခြားနိုင်ပါတယ်နောက် ပျောက်ဆုံးမှု နဲ့ မှားယွင်းမှု တွေကိုတားဆီးဖို့ပစ္စည်းများ လမ်းမှားရောက်ရှိခြင်း၊ အခြားသူ၏ ကုန်ပစ္စည်းများနှင့် ရောထွေးသွားခြင်းနှင့် ပျောက်ဆုံးခြင်းတို့မှ ကာကွယ်ပေးပါတယ်ပြီးတော့
Safe Handling အတွက် ကွဲရှလွယ်သည့် ပစ္စည်းများ သို့မဟုတ် ရေမထိရသည့် ပစ္စည်းများအတွက် သတိပေးသင်္ကေတများ ပါဝင်သောကြောင့် အမှားအယွင်းမရှိ ကိုင်တွယ်စေနိုင်ပါတယ် ဒါ့အပြင် Customs နဲ့ Documentation Matching အကောက်ခွန် စာရွက်စာတမ်း တိုက်ဆိုင်ခြင်းအတွက် တင်သွင်း/တင်ပို့စဉ် သက်ဆိုင်ရာ ဆိပ်ကမ်း အကောက်ခွန်များက Bill of Lading (B/L)၊ Commercial Invoice နှင့် Packing List ပါ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးရာတွင် မရှိမဖြစ် လိုအပ်ပါတယ်။
Shipping Mark တွင် ပါဝင်သည့် အဓိက အချက်အလက်များတွေကတော့
1 - Main Mark အဓိက အချက်အလက်တွေဖြစ်တဲ့
- Consignee Name (ကုန်ပစ္စည်း ဝယ်ယူ/လက်ခံသူ အမည်)
- Destination Port/City (ဆိုက်ရောက်မည့် ဆိပ်ကမ်း သို့မဟုတ် မြို့)
- Purchase Order (PO) Number သို့မဟုတ် Contract Number
- Package Number (ဥပမာ- Carton No. 1/100, 2/100)
2 - Information / Side Mark ဖြည့်စွက် အချက်အလက်တွေဖြစ်တဲ့
- Shipper / Exporter Name (တင်ပို့သူ အမည်)
- Country of Origin (ထုတ်လုပ်သည့် နိုင်ငံ၊ ဥပမာ- Made in Myanmar)
- Gross Weight & Net Weight (စုစုပေါင်းနှင့် အသားတင် အလေးချိန်)
- Dimensions / Measurement (ပုံး အရွယ်အစား)
3 - Cautionary / Handling Mark သတိပေး သင်္ကေတများဖြစ်တဲ့
- Fragile ကွဲရှလွယ်သည်
- Keep Dry စိုထိုင်းဆ/ရေမထိရ
- This Side Up အထက်သို့ ထောင်ထားပါစသဖြင့်
Shipping Mark များကို စက်ရုံမှ ကုန်ပစ္စည်း ထုပ်ပိုးစဉ်ကတည်းက ပုံးပေါ်တွင် တိုက်ရိုက် Print ရိုက်ခြင်း သို့မဟုတ် Waterproof စတီကာဖြင့် ထင်ရှားစွာ ကပ်ထားရပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun | 1 141 |
