Knowledge is Power Myanmar
📈 Аналітичний огляд Telegram-каналу Knowledge is Power Myanmar
Канал Knowledge is Power Myanmar (@knowledgeispowermyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 13 074 підписників, посідаючи 5 221 місце в категорії Бізнес та 9 501 місце у регіоні М'янма.
📊 Показники аудиторії та динаміка
З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 13 074 підписників.
За останніми даними від 08 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 829, а за останні 24 години на 22, загальне охоплення залишається високим.
- Статус верифікації: Не верифікований
- Рівень залученості (ER): Середній показник залученості аудиторії становить 11.11%. Протягом перших 24 годин після публікації контент зазвичай збирає 4.46% реакцій від загальної кількості підписників.
- Охоплення публікацій: В середньому кожен допис отримує 1 452 переглядів. Протягом першої доби публікація в середньому набирає 583 переглядів.
- Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 9.
📝 Опис та контентна політика
Автор описує ресурс як майданчик для висловлення суб'єктивної думки:
“Business Management knowledge sharing”
Завдяки високій частоті оновлень (останні дані отримано 09 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Бізнес.
Триває завантаження даних...
| Дата | Залучення підписників | Згадування | Канали | |
| 08 жовтня | +22 | |||
| 07 жовтня | +13 | |||
| 06 жовтня | +106 | |||
| 05 жовтня | +17 | |||
| 04 жовтня | +8 | |||
| 03 жовтня | +41 | |||
| 02 жовтня | +1 | |||
| 01 жовтня | +2 |
| 2 | -------------- | 728 |
| 3 | Немає тексту... | 1 032 |
| 4 | (Buying Trigger)
ကလေးပစ္စည်းတွေဝယ်တဲ့ Doctor recommend တွေအရအမြဲဝယ်ပြီး တခြားအမေတွေရဲ့ review တွေကို social mediaမှာ လေ့လာပြီးမှာ ကလေးပစ္စည်းတွေကို ဝယ်တက်လေ့ရှိပါတယ်။
(Gain point)
ကလေးအသားအရည်ချောမောပြီး ပျော်ရွှင်ကျန်းမာတာကို အရမ်းဖြစ်ချင်လိုချင်နေတဲ့ မိခင်တစ်ဦးဖြစ်ပါတယ် ကလေးအတွက် စိတ်ပူရတာတွေကို မလိုချင်တဲ့သူဖြစ်ပါတယ်။ "
စသဖြင့် ပုံတွေဘာတွေကို Ai နဲ့ လုပ်ပြီး စာနဲ့တွဲပြရင် ပိုကောင်းပါတယ်။အခုဆိုရင် buyer persona အတွက် တော်တော်လေးနားလည်သွားပြီးလို့ မျှော်လင့်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
#contentmarketing
#marketing | 927 |
| 5 | Buyer Personaကို သိဖို့ Content marketer နဲ့ copywriter ဘယ်လို ပြုလုပ်ရမလဲ
Content marketingလုပ်တဲ့အခါ buyer personaဟာ content creationတွေလုပ်ဖို့အတွက် မရှိမဖြစ် သိရမည့် အရာဖြစ်ပါတယ် buyer personaဆိုတာဘာလဲဆိုတော့ ကိုယ်ရေးမယ့် brand နဲ့ productတွေကို ဘယ်လိုလူမျိုးတွေက ဝယ်မှာလဲ ဝယ်နေလဲ ရောင်းမှာလဲဆိုတာကို လူတစ်ယောက်အနေနဲ့ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
Buyer personaကို ကြည့်ရင် မောင်ဘယ်သူ၊ မဘယ်သူက၊ အသက်ဘယ်ရွယ်ရှိတယ် ၊ ဘာအလုပ်လုပ်တယ်၊ ဝင်ငွေဘယ်လောက်ရှိတယ် ၊ ဘာတွေကိုစိတ်ဝင်စားတယ် ၊ ဘာတွေကို ကြောက်ရွှံ့တယ် ၊ ဘာတွေကို လိုအပ်နေလဲ စသဖြင့် လူတစ်ယောက်အနေနဲ့ မြင်အောင်ရေးထားလေ့ရှိပါတယ်။
ဒါဖြင့် buyer personaကို ဘယ်နှယောက်လောက်ထားရမလဲ များများထားရင်ကောင်းလား စသဖြင့်မေးဖို့ဖြစ်လာပါတယ် buyer persona ဟာ ကိုယ့်brand နဲ့productရဲ့ လိုအပ်ချက်အရ ၁ယောက် ၂ယောက် ဒါမှမဟုတ် အများဆုံး ၃ယောက်ပုံစံလောက်ထိပဲ ထားသင့်ပါတယ် တချို့ brandတွေက ၁ယောက်နဲ့ပဲ အဆင်ပြေသလို တချို့brandကြ ၂ယောက်လောက်ထားကြပါတယ် ၃ယောက်ထက်ပိုရင်တော့ focusလုပ်ရတာခက်လို့ အဆင်မပြေဖြစ်နိုင်ပါတယ်။
Brand နဲ့ လုပ်ငန်းတွေမှာ buyer personaတွေ လုပ်တဲ့အခါ မှားလေ့ရှိတာက researchမလုပ်ပဲ မိမိအထင်နဲ့ ဘယ်လိုလူတွေက buyer personaဖြစ်တယ်ဆိုပြီ ကိုယ့်အထင်နဲ့ လျှောက်ရေးတာဖြစ်ပါတယ် တခါတလေ digital marketing agencyတွေက clientရဲ့ brandတွေကို ကိုင်ပေးတဲ့အခါ သူတို့ဘာသာအထင်နဲ့ buyer personaကို လျှောက်သက်မှတ်တာမျိုးရှိသလို ၊ clientဘက်ကိုမေးတဲ့အခါ clientဘက်က အထင်နဲ့လျှောက်ပြောတာမျိုးလည်း ရှိတက်ပါတယ် အစကတည်းက brand plan မရှိခဲ့လို့ဖြစ်ပါတယ်။
ဒါကြောင့် buyer persona အတွက် research ဘယ်လိုလုပ်ရမလဲဆိုတာကို ဆက်ပြီးပြောပြပေးပါ့မယ် Buyer personaတွေအတွက် research လုပ်တော့မယ်ဆိုရင် ပထမဆုံး လုပ်ငန်းရဲ့ sales team ဖြစ်တဲ့ customerတွေကို ရောင်းနေတဲ့သူတွေနဲ့ စကားပြောကြည့်ရပါမယ် ဘယ်လိုလူမျိုးတွေဝယ်လဲ ဘယ်အသက်အရွယ် ကျားမ ဘယ်မြိို့ စသဖြင့် ဝယ်ကြလဲဆိုတာတွေကို မေးရပါမယ် ဒီနေရာမှာ ကိုယ့် လုပ်ငန်းက distribution channel sales ဆိုရင် channel ကပြန်ရောင်းချတဲ့ wholesalerတွေ retailerတွေ နဲ့ တကယ်အသုံးပြုတဲ့ consumer end userတွေကို သေချာကွဲကွဲပြားပြားသိဖို့လိုပါတယ် ကိုယ့်ရဲ့ brandရဲ့ contentတွေ copywritingတွေက end userတွေကို ရည်ရွယ်တာဖြစ်တဲ့အတွက် end userတေ့ တကယ်သုံးတဲ့ ဝယ်တဲ့သူတွေအကြောင်းသိဖို့လိုပါတယ် ဒါမှမဟုတ် ကိုယ်က အလှကုန်ပစ္စည်းတွေကို modern tradeဖြစ်တဲ့ supermarketတွေမှာ ကောင်တာထားပြီး ရောင်းတယ်ဆိုရင် ကောင်တာမှာရောင်းတဲ့ အရောင်းsalesမိန်းကလေးများကို interviewတာဖြစ်စေ ဝယ်တဲ့customerတွေရဲ့ dataရအောင် ကံစမ်းမဲလုပ်ပေးပြီး သူတို့ရဲ့ dataအချက်အလက်တွေဖြည့်ခိုင်းတာဖြစ်စေလုပ်လို့ရပြီး တချို့လုပ်ငန်းတွေဆိုရင် memeber နည်းစနစ်နဲ့ dataတွေကို ရနိုင်ပါတယ်။နောက်ထပ်ပြီး
ကိုယ့်ရဲ့ social mediaတွေမှာ ဘယ်သူတွေက engagementလုပ်လဲ ဘယ်လိုလူမျိုးတွေလဲ ဆိုတာကို insightတွေရဲ့ dataတွေကို လေ့လာရပါမယ် ပြီးတော့ social mediaရဲ့ groupတွေမှာကြည့်ပြီးSocial Listening လုပ်ရပါမယ် ဥပမာ ကလေးပစ္စည်းတွေအတွက်ဆိုရင် ကလေးနဲ့ အမေတွေအတွက်လုပ်ထားတဲ့ parenting groupတွေမှာ ဝင်လေ့လာပြီး လေ့လာသုံးသပ်ရမှာဖြစ်ပါတယ်။ဒါပြီးနောက်တနည်းက တကယ်ဝယ်တဲ့ customerတွေကို တိုက်ရိုက် interviewကြည့်တာမျိုးတွေ မေးတဲ့အခါ မေးသင့်တဲ့ မေးခွန်းတွေ
- ဒီ product ကို ဘာကြောင့်လိုအပ်လာတာလဲ
- မဝယ်ခင်မှာ ဘာကို စိတ်ပူခဲ့လဲ
- Alternative ဘာတွေ စဉ်းစားခဲ့လဲ
- Purchase ဆုံးဖြတ်တာ ဘယ်အချက်ကြောင့်လဲ
- အခုလို product မရှိရင် ဘယ်လိုဖြေရှင်းမလဲ
စသဖြငိ့ Feature မမေးပါနဲ့၊ အပြုအမူ နဲ့ စိတ်ခံစားချက်ကို မေးရမှာ ဖြစ်ပါတယ်။
ဒီလိုresearch လုပ်ပြီး dataတွေကို analysisလုပ်ပြီးရင် buyer persona တစ်ယောက်ရေးတော့မယ်ဆိုရင် ဘာတွေပါဝင်သင့်လဲဆိုတော့
Name (fictional)
Age / Gender
Job / Business
Goals
Pain points
Fear
Buying trigger
Objections
Information source
Favorite platform စတာတွေပါဝင်သင့်ပါတယ်။
ဥပမာ ကိုယ်က ကလေး လသားအရွယ် ပစ္စည်းတွေရောင်းတယ်ဆိုရင် ဒါကို buyer persona အတွက် research လုပ်မယ် ရေးတဲ့အခါ ဥပမာ
" မမေးလွင် ဟာ အသက် ၂၈နှစ်ရှိပြီး လက်ရှိ ၄လအရွယ်ကလေး သက်ဦးတစ်ယောက်ရှိပါတယ်။
သူမဟာ လက်ရှိ accountantအနေနဲ့ companyမှာ အလုပ်လုပ်နေပြီး တစ်လဝင်ငွေ ၈သိန်းလောက်ရှိပါတယ်။
(Pain Point)
သူမရဲ့ ကလေးဟာ လသားအရွယ်ငယ်သေးတာဖြစ်တဲ့ အတွက် ကလေးရဲ့ အသားအရေဟာ နုပြီး sensitive ဖြစ်ကာ chemicalတွေပါတဲ့ ကလေးပစ္စည်းတွေမှားသုံးပြီး ကလေးallergy ဖြစ်မှာစိုးရိမ်နေပါတယ်။ | 712 |
| 6 | ---------------- | 458 |
| 7 | ကိုယ်ချင်းစာစိတ်နဲ့ valueပေးမှု ဒါက လူတွေကို ကိုယ်က ကိုယ်ချင်းစာနာပြီး သူတို့အကျိုးရှိရာရှိကြောင့် လုပ်ပေးတဲ့အခါ လူတွေက မေတ္တာရောင်ပြန်ပြီး ပြန်လည်း အသိမှတ်ပြုပြီး တစ်ခုခုပြန်လုပ်ပေးကြပါတယ် ဒါကြောင့် လုပ်ငန်းတွေက CSR လိုမျိုးတွေလုပ်တာဖြစ်စေ ၊ lifebuoy ဆပ်ပြာလိုမျိုး လူတွေမတွက်ကောင်းဖို့လုပ်ပေးတဲ့အခါ လူတွေက ဒီbrandကို ချစ်မြတ်နိုးပြီး ပိုပြီး ဝယ်သုံးကြတာမျိုးဖြစ်ပါတယ်။
(8) Information Gap
လူတွေက မိမိ မသိသေးတဲ့ဟာဆို သိချင်စိတ်ရှိကြပါတယ် ဒါကို အသုံးချပြီး မိမိဟာကို ဝယ်အောင်လုပ်တာဖြစ်ပါတယ် မိတ်ဆွေတို့လည်း အမြဲမြင်ဖူးမယ့် ပညာရပ်တစ်ခု သင်တန်းကြော်ညာတဲ့မခါ ဒီတိုင်းမကြော်ညာပဲ အဲ့သင်တန်းမှာ ဘယ်လိုနည်းတွေသင်မှာ ဘာညာဆိုပြီး နည်းနည်းပါးပါးပြောပြပြီး သိချင် သင်တန်းတက်ဆိုပြီး ပြောတဲ့ သဘောမျိုးဖြစ်ပါတယ် လူတွေက ဘာများထူးထူးစန်းစန်းနည်းတွေ သင်မလဲဆိုပြီး တက်ချင်တဲ့ စိတ်ပေါ်အောင်ဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
#knowledgeispowermyanmar
#marketing
#contentmarketing | 490 |
| 8 | အပြင်မှာ သင်ရဖို့ခက်တဲ့ Psychological Marketing နည်းများ
Psychological marketingကို marketing psychologyလို့လည်းခေါ်ပြီး လူတစ်ယောက်ရဲ့ buying behaviorကို psychologyအရ လွှမ်းမိုးပြီး ပိုပြီးဝယ်ဖြစ်အောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။psychological marketing နည်းတွေက ဘာတွေရှိလဲဆိုတော့
(1) Decoy effect
Decoy effect ဆိုတဲ့ ရွေးခြယ်စရာ ၃ခုပေးထားပြီး တစ်ခုကို အရမ်းတန်တယ်ဆိုပြီး လူတွေပိုဝယ်ဖြစ်လာအောင် လုပ်တဲ့နည်းလမ်းဖြစ်ပါတယ် ဒီနည်းလမ်းကို packageတွေစျေးဖွင့်တဲ့အခါဖြစ်စေ pricing strategyနည်းတစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။ဥပမာ မိတ်ဆွေက coffeeဖြစ်စေ ၊ မုန့်ဖြစ်စေ ရောင်းတဲ့အခါ အသေးက ၃၀၀၀, အကြီးက ၆၀၀၀ဆိုပြီးရောင်းရင် လူတွေစိတ်ထဲ သိပ်ပြီးတန်တယ်ဆိုပြီး အထူးအဆန်းမဖြစ်ပါဘူး တကယ်လို့ size ၃မျိုးထားပြီး အသေးက ၃၀၀၀ ၊ အလတ်က ၆၀၀၀ ၊ အကြီးက ၆၅၀၀ ဆိုပြီး ရောင်းရင် လူတွေက အလတ်sizeစျေး နဲ့ အကြီးsize စျေးတို့ကွာခြားတာနည်းတာကို အရမ်းပိုတန်တယ်လို့ ထင်သွားပြီး ချက်ချင်းဝယ်ကြမှာဖြစ်ပါတယ်။တခြား မဂ်လာဆောင်မယ့်သူတွေ pre weddingဓါတ်ပုံရိုက်ပေးတဲ့လုပ်ငန်းတွေဖြစ်စေ ၊ အိမ်decorationပြင်ပေးတဲ့ လုပ်ငန်းတွေဖြစ်စေ packageတွေစျေးဖွင်ွတဲ့အခါ ဒီလိုနည်းကို သုံးကြပါတယ်။ဒါပြီးရင်
(2) Social proof
Social proof ဟာ တခြားလူတွေကောင်းတယ် ထောက်ခံတယ်ဆိုတာကို psychologicalအရ သုံးခြင်းဖြစ်ပါတယ် ကိုယ့်productကို သုံးနေတာ ဘယ်လိုလူတွေအဆင်ပြေတယ် ကောင်းနေတယ် အလုပ်ဖြစ်နေတယ် တိုးတက်နေတယ်ဆိုတာကို reviewတွေကို စာတွေ videoတွေနဲ့ ဆွဲဆောင်ခြင်းဖြစ်ပါတယ် နောက် social influencerတွေ key opinion leader KOLတွေရဲ့ influencing powerကိုအသုံးပြုက လူတွေ buying decision processမှာ ကိုယ့်productကို ပိုယုံကြည်ပြီး ဝယ်အောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။ဥပမာ မိတ်ဆွေက ဖုန်းအသစ်ဝယ်မယ်ဆိုရင် ဖုန်းopen box reviewပြောပေးတဲ့သူတွေရဲ့ video reviewတွေကို နားထောင်ပြီး သူတို့ကကောင်းတယ်ပြောရင် ဒါကိုပိုဝယ်ချင်လာပါလိမ့်မယ် brandတွေဘက်ကလည်း ဒီလိုမျိုးဖြစ်အောင် သေချာmarketingလုပ်ထားကြပါတယ်။နောက်
(3) Anchoring effect
ဒီနည်းဟာ promotionတွေချရင် အသုံးများကြပါတယ် လူတွေဟာ ပထမဆုံးသိတဲ့ စျေးနှုန်း, size ,quality စသဖြင့် reference pointတစ်ခုကို စိတ်ထဲစွဲယူမှတ်သားပြီးနောက်ထပ် သိတဲ့ဟာတွေနဲ့ နှိုင်းယှဥ်ပြီး တန်မတန်စဥ်းစားတက်ကြပါတယ် ဥပမာ အရင်တုန်းက ဒီစျေး အခု ဒီစျေးနဲ့ ရမယ် ၊ အရင်တုန်းက ဒီ ဘူဖေးbuffetမှာ ကျောက်ပုဇွန်မပါဘူး အခုကျောက်ပုဇွန်ပါတယ်၊ အရင်က ဝယ်ရင် ကြက်ကြော်၈တုံး အခုဝယ်ရင်ကြက်ကြော်၁၀တုံးရမယ် စသဖြင့် ပြုလုပ်ခြင်းဖြစ်ပါတယ်။
(4) Scarcity effect
လူတွေရဲ့ စိတ်မှာ ကိုယ်မရလိုက်မှာစိုးရိမ်တဲ့ Fear of Missing Out FOMO psychology ရှိကြပါတယ် ဒါကို အသုံးချဖို့ limited supplyကိုပေးပြီး စွယ်ဆောင်ကြပါတယ်။အဓိကအားဖြင့် quantity Scarcity အရေအတွက်ကန့်သတ်မှု နဲ့ Time Scarcity အချိန်အားဖြင့် ကန့်သက်မှုဆိုပြီး ၂ခုကို အသုံးပြုကြပါတယ် ဥပမာ ဘယ်နေ့ကနေ ဘယ်နေ့ဘယ်လောက်အချိန်အတွင်း ကြေးအိုးဘယ်နှပွဲပဲဒီစျေးနဲ့ရောင်းမယ် စသဖြင့် လုပ်ကြပါတယ် နောက် ထိုင်ခုံဘယ်နှခုံစာ ဆိုပြီးလည်း လုပ်ကြပါတယ်။
(5)Paradox of choice
ဒီနည်းကို အရောင်းသမားတော်တော်များများသိကြပါတယ် ဘာလဲဆိုတော့ လူတွေက ပစ္စည်းဝယ်တဲ့အခါ ပစ္စည်းအမျိုးအစားအများကြီး ရွေးခြယ်ရမယ်ဆိုရင် ဘာရွေးလို့ ဘာဝယ်ရမှန်းမသိပဲ ထုံသွားတက်ပါတယ် ဒါကြောင့် အရောင်းသမားတွေဆိုရင် ဝယ်သူကို တခါတည်း အများကြီး စုပြုံပြတာထက်စာရင် ၂မျိုး ၃မျိုးပြပြီး မှ တခြားဟာတွေ ဖြည်းဖြည်းချင်းတိုးပြတာက ပိုပြီး အရောင်းအဝယ်ကိုဖြစ်စေတက်ပါတယ် အကောင်းဆုံးကတော့ တခါပြရင် ၃မျိုးပဲ ပြပြီးရောင်းတာက customerတွေရဲ့ buy behavior decisionကို မရှုပ်ထွေးစေပဲ ပိုပြီးဝယ်ယူသွားကြလေ့ရှိပါတယ်။
(6) Priming
Primingဆိုတာက လူတွေကို အာရုံ၅ပါးကနေ ဆွဲဆောင်မှုပြုလုပ်ကာ မိမိပစ္စည်း နဲ့ serviceကိုဝယ်စေချင်းဖြစ်ပါတယ် ဥပမာ ကားတွေကို test driveလုပ်ပေးခြင်းဟာ လူတွေစမ်းမောင်းပြီး ကြိုက်သွားရင်တခါတည်းဝယ်အောင်လုပ်တာဖြစ်ပါတယ် နောက် hot potဆိုင်ရှေ့က ဖြတ်သွားရင် အနံတွေမွှေးပြီး စားချင်စိတ်ဖြစ်ကာဝင်စားစေပါတယ် ပြီးတော့ supermarketတွေမှာ အနှိပ်စက်ခုံတွေကို အခမဲ့စမ်းသုံးတာဟာ မသုံးခင်က ဒီစက်စျေးကြီးတယ်ဆိုတဲ့ အမြင်ကို သုံးပြီး အကြောတွေပြေသွားမှာ အဲ့စျေးမဆိုးပါဘူး ဝယ်ရင်ကောင်းမလာဆိုတဲ့ အဆင့်ကို ရောက်သွားစေခြင်းဖြစ်ပါတယ်။Priming မှာ color primingရှိပါတယ် အရောင်းတွေကို သက်ဆိုင်ရာနေရာအလိုက် ထားပေးခြင်းဖြင့် လူတွေစိတ်အေးဆေးကာ ဒီကိုပဲ အမြဲလာချင်မှာဖြစ်ပါတယ်။
(7) Empathy and Reciprocity | 640 |
| 9 | ----------------- | 668 |
| 10 | လာမယ့်လတွေအတွင်း အယ်နီညိုကြောင့် အပူရှပ်ခြင်း Heat Stroke ကာကွယ်ရန် မျှဝေလိုက်ပါတယ်
(၁) အပူရှပ်ခြင်း မဖြစ်ခင် သိထားရမယ့် "ရှေ့ပြေးလက္ခဏာများ"
အပူရှပ်တဲ့အဆင့် မရောက်ခင် ခန္ဓာကိုယ်က အခုလို သတိပေးတတ်ပါတယ် -
* ချွေးတွေ ရွှဲနစ်နေအောင် ထွက်တာ
* ခေါင်းမူး၊ ခေါင်းကိုက်ပြီး အားကုန်ခမ်းနုန်းချိလာတာ
* ပျို့အန်ချင်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ
* နှလုံးတုန်ပြီး ကြွက်တက်တာ(ဒီအဆင့်မှာတင် အရိပ်ထဲရွှေ့ပြီး အပူချပေးဖို့ လိုပါတယ်)
(၂) အသက်အန္တရာယ်ရှိတဲ့ "အပူရှပ်ခြင်း (Heat Stroke) လက္ခဏာများ"
* ချွေးလုံးဝ မထွက်တော့ဘဲ အသားအရေတွေ ပူစပ်ပြီး နီရဲခြောက်သွေ့လာတာ
* ကိုယ်အပူချိန် တက်လာတာ
* စကားတွေ ဗလုံးဗထွေးဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ
* သတိလစ် မေ့မြောသွားတာ / အတက်ရောဂါလို တက်တာ
ချက်ချင်းလုပ်ရမယ့် "အရေးပေါ် ရှေးဦးသူနာပြုစုနည်း"
ဆေးရုံမပို့ခင် ဒီ (၄) ဆင့်ကို မိနစ်ပိုင်းအတွင်း ချက်ချင်းလုပ်ပေးပါ -
1. လူနာကို နေပူထဲကနေ အဲကွန်း သို့မဟုတ် ပန်ကာရှိတဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာ ချက်ချင်းရွှေ့ပါ။
2. ကျပ်ညပ်နေတဲ့ အဝတ်အစားတွေကို ချွတ်
ပစ်ပါ သို့မဟုတ် လျှော့ပေးပါ။
3. ရိုးရိုးရေ (သို့) ရေအေးနဲ့ တစ်ကိုယ်လုံး ရေပတ်တိုက်ပေးပါ။ ပန်ကာလေခတ်ပေးပါ။
4. ရေခဲကို လူနာရဲ့ "လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံ" တို့မှာ ကပ်ပေးပါ။
လုံးဝ (လုံးဝ) မလုပ်ရမယ့် တားမြစ်ချက် (၂) ချက်
* ပါရာစီတမော လုံးဝမတိုက်ရပါ။
အပူရှပ်တာဟာ ပိုးဝင်လို့ဖျားတာ မဟုတ်လို့ အဖျားပျောက်ဆေး မတိုးပါဘူး။ ဆေးတိုက်ရင် အသည်းနဲ့ ကျောက်ကပ်ကို ပိုပျက်စီးစေပါတယ်။
* သတိလစ်နေရင် ရေမတိုက်ရပါ။
လူနာက စိတ်မကြည်ရင်၊ မိန်းမောနေရင် ရေလုံးဝမတိုက်ပါနဲ့။ အဆုတ်ထဲ ရေဝင်ပြီး အသက်ရှူကျပ်သွားတတ်ပါတယ်။
ဘယ်လို ကြိုတင်ကာကွယ်မလဲ။
* ရေငတ်တဲ့အထိ မစောင့်ဘဲ တစ်နေ့ကို ရေ (၂-၃) လီတာ ပုံမှန်သောက်ပါ။
* အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် အမြဲသုံးပါ။
* ဖရဲသီး ၊သခွါးမွှေးသီး၊သခွါးသီး စတဲ့ အသီးအနှံတွေ စားပေးပါ။
* နေ့လယ် (၁၁) နာရီကနေ ညနေ (၄) နာရီအတွင်း နေပူထဲ ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။
ဟင်းခပ်အမွှေးအကြိုင်မဆလာအပူအစပ် /မာလာအထုံအစပ်/ရခိုင်ချက်အာပူအစပ်/ငပိရည် ငံပြာရည်စပ်စပ် (ဆင်ခြင်စားပါ)
#ကျန်းမာရေးဗဟုသုတ
#အပူရှပ်ခြင်း
#ကျန်းမာရေး
#credit | 1 165 |
| 11 | ------------- | 1 022 |
| 12 | Onlineလောင်းကစားတွေကို မည်သည့်အခါမှ မလုပ်ကြပါနဲ့ ခင်ဗျာ့ လုပ်တဲ့သူတွေအများစုက ဘဝပျက်ကြတာများပါတယ် တချို့လည်း သိန်းရာချီထောင်ချီပါသွားတဲ့သူတွေလည်း ရှိပါတယ် ဒါကြောင့် Onlineလောင်းကစားကို မပြုကြပါနဲ့လို့ အထူးပြောကြားချင်ပါတယ်😀 | 1 438 |
| 13 | ----------------- | 1 115 |
| 14 | သင်တန်း၁၁ခုကို 88,000 နဲ့ Promotionလေးပြီးဖို့ ၆ရက်ကျော်သာလိုပါတော့တယ်
👇👇👇
https://www.facebook.com/share/p/1Br4kxJYvF/ | 1 244 |
| 15 | ------------------- | 1 359 |
| 16 | Немає тексту... | 1 444 |
| 17 | Seasonal အရ Quarterly အရောင်းtarget ဘယ်လိုချမလဲ
အရောင်းတွေကို ခန့်မှန်းတဲဲအခါ ကိုယ့်product ရဲ့ seasonal indexအရ လအလိုက်ကို ခန့်မှန်ကြပါတယ် ဒါပေမယ့် မရေရာတဲ့အချိန်ကာလတွေမျိုးမှာ လအလိုက်သက်မှတ်တာထက် Quarterly ၃လ တဖြတ်အတွက် သက်မှတ်တာက ပိုပြီးတော့ အဆင်ပြေတက်ပါတယ် ဒါကြောင့် Seasonal index အရ Quarterly ၃လအလိုက် ဘယ်လိုအရောင်းတွေကို ခန့်မှန်းတွက်ချက်ရမလဲဆိုတာလေးကို မျှဝေပေးမှာဖြစ်ပါတယ်။
Seasonal index အရ Quarterlyတွက်တော့မယ်ဆိုရင် ပုံထဲမှာ ပြထားတဲ့အတိုင်း အရင် ၃နှစ် ရဲ့ quartely အရောင်းsales dataတွေကို အသုံးပြုရပါမယ် ပုံထဲမှာ အရင် ၃နှစ် ရဲ့ ၁နှစ်စီတိုင်းရဲ့ Quarterly အရောင်းအရေအတွက်ကို ချပြီးရေးပါမယ် Year 1 ရဲ့ Quarter Qtr 1မှာဆိုရင် 150 units ,Quarter Qtr 2မှာဆိုရင် 240 units ,Quarter Qtr 3မှာဆိုရင် 370 units ,Quarter Qtr 4မှာဆိုရင် 455 units စသဖြင့်ရောင်းထားပါတယ် ဒီနေရာမှာ ပစ္စည်းအရေအတွက်နဲ့ပဲ တွက်ပြထားပါတယ် ဘာလို့လဲဆိုတော့ ငွေamountနဲ့တွက်ရင် နောက်နှစ်တွေမှာ priceစျေးတက်တဲ့အခါ sales targetက အရင်နှစ်တွေထက် အရမ်းပိုများသွားသလို ထင်ရတာကြောင့် ယခုချိိန်မှာ အရေအတွက်နဲ့ပဲ တွက်တာပိုကောင်းပါတယ်။
ဒီလို ၃နှစ်စာ Qtr 1,2,3,4 အရောင်းတွေရေးပြီးသွားရင် နှစ်အလိုက် Qtr,တွေရဲ့ averageကို ရှာရပါမယ် ပုံရဲ့ အောက်က summary ကို ကြည့်ရင်
Year 1,2,3,4 ရဲ့ ပထမ 1st Qrtတွေကို ပေါင်းပါမယ်
Year 1,2,3,4 1st Qrt
= 150 + 160 + 170 = 480 ရပြီး ဒါကိုaverageတွက်ဖို့အတွက် ၃ နဲ့ စားရင် 160 ရမှာဖြစ်ပါတယ်။
Year 1,2,3,4 ရဲ့ ပထမ 1st Qrtတွေကို ပေါင်းပါမယ်
Year 1,2,3,4 2nd Qrtတွေကိုပေါင်းရင်
= 240 + 255 + 270 = 765 ရပြီး ဒါကိုaverageတွက်ဖို့အတွက် ၃ နဲ့ စားရင် 255 ရမှာဖြစ်ပါတယ်။
Year 1,2,3,4 3rd Qrtတွေကိုပေါင်းရင်
= 370 + 390 + 420 = 1180 ရပြီး ဒါကိုaverageတွက်ဖို့အတွက် ၃ နဲ့ စားရင် 393ရမှာဖြစ်ပါတယ်။
Year 1,2,3,4 4th Qrtတွေကိုပေါင်းရင်
= 455 + 505 + 560 = 1520 ရပြီး ဒါကိုaverageတွက်ဖို့အတွက် ၃ နဲ့ စားရင် 507ရမှာဖြစ်ပါတယ်။
ဒါဆိုရင် Qtr ၄ခု လုံး ရဲ့ averageတွေရပါပြီး ဒီaverageတွေကို အကုန်ပေါင်းပြီး average ထပ်ရှာမယ်ဆိုရင် ခုနကတွက်ထားတဲ့ Qtr ၄ခုလုံး ကိုပေါင်းပြီး ၄နဲ့ စားရမှာဖြစ်ပါတယ်
တွက်မယ်ဆိုရင် 160 + 255 + 393 + 507 = 1315 ရပြီး ၄နဲ့စားလိုက်ရင် 329 ရမှာဖြစ်ပါတယ်။
ဒါတွေတွက်ပြီးရင် seasonal indexတွေကို တွက်ပါမယ် ပုံထဲက summaryမှာ
Year 1,2,3,4 Qrt ရဲ့ averageတွေကိုတည်ပြီး 329 နဲ့ စားရမှာဖြစ်ပါတယ်
Year 1,2,3,4 1st Qrt = 160 / 329 = 0.487
Year 1,2,3,4 2nd Qrt = 255 /329 = 0.776
Year 1,2,3,4 3rd Qrt = 393/329 = 1.196
Year 1,2,3,4 4th Qrt = 507 / 329 =1.541
စသဖြင့် seasonal index တွေရပါပြီ ဒါပြီးရင် ကိုယ့်က ခန့်မှန်းမယ့် နှစ်ရဲ့ ၁နှစ်စာလုံးပေါင်း total target ဘယ်လောက်လိုချင်လဲဆိုတာ စဥ်းစားရပါမယ် ဒီမှာ ဥပမာ အနေနဲ့ ၁နှစ်စာ အခုရေ 1500units ထားပါမယ် ဒီ1500 ကို Qtrအလိုက်လိုချင်တော့ 4နဲ့ စားရင် 1500/4 = 375 ရပါမယ် ဒါကို ခုနကတွက်ထားတဲ့ seasonal indexတွေနဲ့ မြှောက်ရင် Quarterly targetတွေထွက်လာပါမယ်
ပုံရဲ့ New Forecastမှာ
1Qtr = 375 x 0.487 = 183
2Qtr = 375 x 0.776 = 291
3Qtr = 375 x 1.196 = 449
4Qtr = 375 x 1.541 = 578 စသဖြင့် Quarterly targetတွေ အရေအတွက်အလိုက် ထွက်လာမှာဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun | 1 354 |
| 18 | ---------------- | 821 |
| 19 | Order Takingက လုပ်ငန်းလည်ပတ်စရိတ် OPEXကိုသက်သာစေပါတယ် ဘာလို့လဲဆိုတော့ အရောင်းဝန်ထမ်းတွေဟာ ပစ္စည်းအပြည့်တင်ထားတဲ့ ကားကြီးတွေ မောင်းစရာမလိုဘဲ ဆိုင်ကယ် သို့မဟုတ် ကားငယ်လေးတွေနဲ့ ဖြစ်စေ လမ်းလျှောက်၍ဖြစ်စေ လှည့်ပတ်နိုင်လို့ ဓါတ်ဆီဖိုး နဲ့ ကားပြုပြင်ထိန်းသိမ်းစရိတ် ကို အများကြီး လျှော့ချနိုင်ပါတယ်ပြီးတော့ ကားပေါ်မှာ ဆံ့သလောက်ပဲ ရောင်းရတာမျိုးမဟုတ်ဘဲ ကုမ္ပဏီမှာရှိတဲ့ ပစ္စည်းအမျိုးအစားအားလုံးကို Catalog နဲ့ စိတ်ကြိုက်ပြသပြီး ရောင်းချနိုင်ပါတယ်။ဒါ့အပြင် ပစ္စည်းပျောက်ရှမှု နည်းပါးခြင်းဖြစ်တဲ့ ပစ္စည်းတွေကို ဂိုဒေါင်ကနေ ပစ္စည်းပို့ကား Delivery Vanပေါ် တိုက်ရိုက်တင်ပြီး ပို့တာဖြစ်လို့ ကားပေါ်မှာတင် ပစ္စည်းအဝင်အထွက် ခဏခဏလုပ်ရတဲ့ Van Sales ထက်စာရင် စာရင်းမှားတာနဲ့ ပစ္စည်းပျောက်တာ သိသိသာသာ နည်းပါတာကိုတွေ့ရပါတယ်။အရောင်းဝန်ထမ်းဟာ ပစ္စည်းအတင်အချလုပ်ရတဲ့ အလုပ်မရှိတော့တဲ့အတွက် ဆိုင်ရှင်နဲ့ စကားပြောဖို့၊ ပရိုမိုးရှင်းတွေအကြောင်း ရှင်းပြဖို့နဲ့ ဈေးကွက်အခြေအနေ စုံစမ်းဖို့ အချိန်ပိုရပါတယ်။
Order Taking ရဲ့ အားနည်းချက်တွေကတော့ ချက်ချင်းလက်ငင်း ရောင်းချနိုင်မှုမရှိတာပါဆိုင်ရှင်က ပစ္စည်းချက်ချင်းလိုချင်တဲ့အခါ ဥပမာ- ရုတ်တရက် ပစ္စည်းပြတ်သွားချိန် မှာ ချက်ချင်းမပေးနိုင်ဘဲ နောက်ရက်စောင့်ခိုင်းရတဲ့အတွက် အရောင်းအခွင့်အလမ်း လက်လွတ်ရတတ်ပါတယ်။order ပယ်ဖျက်ခံရနိုင်ခြေ ဖြစ်တဲ့ orderမှာထားပြီးမှ နောက်ရက် ပစ္စည်းရောက်တဲ့အခါ ဆိုင်ရှင်က စိတ်ပြောင်းသွားတာ ဒါမှမဟုတ် တခြားကုမ္ပဏီဆီက ဝယ်ပြီးသွားတာမျိုးတွေ ကြုံရတတ်ပါတယ်။Delivery စရိတ် ထပ်မံကုန်ကျခြင်းဖြစ်တဲ့အရောင်းဝန်ထမ်းက တစ်ခါသွား၊ ပစ္စည်းပို့ကားက တစ်ခါသွားရတဲ့အတွက် လမ်းကြောင်းစီမံခန့်ခွဲမှု Logistics မကောင်းရင် ကားခ နှစ်ခါကုန်သလို ဖြစ်နိုင်ပါတယ် နောက် sales teamကော delivery teamကော ၂ခု စီမံရတာကြောင့် အချိတ်အဆက်မမိရင် ပိုပြီး တိုင်ပတ်တက်ပါတယ်။
Van Sales ရဲ့ အားသာချက်တွေကချက်ချင်းအရောင်းဖြစ်ခြင်း Impulse Buyingဆိုင်ရှင်က ပစ္စည်းကို မျက်မြင်တွေ့ရတဲ့အတွက် ချက်ချင်းဝယ်ယူဖို့ ဆုံးဖြတ်ချက်ချရ ပိုလွယ်ပါတယ်။ပစ္စည်းမှာပြီး စောင့်စရာမလိုဘဲ ချက်ချင်းရတဲ့အတွက် ဆိုင်ငယ်လေးတွေနဲ့ အိမ်ဆိုင်လေးတွေက ဒီစနစ်ကို ပိုကြိုက်ကြပါတယ် နောက်ပြီး များသောအားဖြင့် လက်ငင်းငွေချေစနစ် Cash on Deliveryဖြစ်တဲ့အတွက် ကုမ္ပဏီအတွက် Cash Flow မြန်ဆန်စေပါတယ်။
ကိုယ့်ပစ္စည်းက ဆိုင်မှာ ချက်ချင်းရောက်သွားတဲ့အတွက် ပြိုင်ဘက်ပစ္စည်းနေရာကို အလွယ်တကူ အစားထိုး ဝင်ရောက်နိုင်ပါတယ်။
Van Sales ရဲ့ အားသာချက်တွေကတော့ မနက်ပစ္စည်းတင်တာအချိန်ပေးရပြီး ညနေပြန်လာရင်လည်းပစ္စည်းစစ်ပြီးပြန်အပ် ငွေအပ်ရတွေက အရောင်းအချိန်ထဲကနဲ့ ဖဲ့ပေးရပြီး အချိန်ပိုကုန်စေပါတယ်နောက် ကားပေါ်ပစ္စည်းတွေတင်တဲ့အခါ အကန့်အသက်ရှိပါတဲ့ ပစ္စည်းရှိသလောက်ပဲ ရောင်းချလို့ရပါတယ် များများဝယ်တဲ့ ဆိုင်တွေဆိုရင် နောက်နေ့မှ ပစ္စည်းထပ်သွားပိုပြီးရောင်းရတာကြောင့် wayမတူရင် အချိန်ကုန် ဆီကုန်မှာဖြစ်ပါတယ်။ကားပေါ်မှာတင် ပစ္စည်းအတင်အချ ခဏခဏလုပ်ရတာ၊ ငွေလက်ခံရတာတွေကြောင့် ညနေစာရင်းချုပ်တဲ့အခါ ပစ္စည်းပျောက်တာ၊ ငွေမကိုက်တာမျိုးတွေ ခဏခဏ ကြုံရတတ်ပါတယ်။အရောင်းဝန်ထမ်းဟာ ရောင်းရုံတင်မကဘဲ ပစ္စည်းအတင်အချ Loading/Unloading ပါ လုပ်ရတဲ့အတွက် တစ်နေ့တာဆိုင်များသွားရင် တော်တော်လေး ပင်ပန်းသွားနိုင်ပါတယ်။တခါတလေ ၂မျိုးပေါင်းပြီး Hybrid Approachကိုလည်း အသုံးပြုလို့ရပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun | 917 |
| 20 | Distributionမှာ Van sales စနစ် နဲ့ Order taking စနစ် ဆိုတာဘာတွေလဲ
Distribution လုပ်ငန်းတွေမှာ ပစ္စည်းတွေကိုဖြန့်ဖြူးတဲ့အခါ Van sales စနစ် နဲ့ Order taking စနစ် ၂ခုကို တစ်ခုနဲ့ တစ်ခု ဟိုဟာပြောင်းလိုက် ဒီဟာပြောင်းလိုက်နဲ့လုပ်ကြလေ့ရှိပါတယ် ဒီလိုလွယ်လွယ်နဲ့ သေချာမစဥ်းစားပဲပြောင်းလိုက်တာမျိုးတွေဖြစ်တဲ့အခါ လုပ်ငန်းခွင် operationတွေ ခဏခဏပြန်ပြီးပြောင်းလဲတာနဲ့ အလုပ်ရှုပ်တက်ပါတယ် ဒါကြောင့် Van sales စနစ် နဲ့ Order taking စနစ်ဆိုတာဘာလဲ ဘယ်လိုတွေ အားသာချက် အားနည်းချက်တွေရှိလည်းဆိုတာမျိုးတွေကို Distributionနဲ့ လုပ်ကိုင်နေကြတဲ့ဝန်ထမ်းများဖြစ်စေ ပိုမိုသိရှိအောင် Kip ကနေမျှဝေပေးခြင်းဖြစ်ပါတယ်။
ဒီတော့စပြီးတော့ order taking စနစ်ကို ပြောပြပေးပါ့မယ် Distribution လောကမှာ Order Taking အော်ဒါကောက်ခြင်း ဆိုတာက companyကအရောင်းကိုယ်စားလှယ် Sales Repတွေက ဆိုင်တွေဆီကို ကိုယ်တိုင်သွားရောက်ပြီး ပစ္စည်းလိုသလောက် စာရင်းယူ၊ အော်ဒါဖွင့်တဲ့ စနစ်ကို ဆိုလိုတာဖြစ်ပါတယ် ဒီလို orderလိုက်ကောက်တဲ့အခါ တချို့လုပ်ငန်းတွေက sales Repတွေကို bus ကားစီးခိုင်းပြီး မြို့နယ်အလိုက်ခွဲပေးထားပြီး လမ်းလျှောက်ပြီး orderကောက်ခိုင်းတာမျိုးရှိသလို တချို့ကြ ခွေးဘလူးလိုကားသေးလေးတွေ နဲ့ တချို့မြို့နယ်တွေနဲ့ နယ်တွေဆိုရင် ဆိုင်ကယ်နဲ့ orderကောက်တာရှိပါတယ် ဒီလိုorderကောက်တဲ့အခါ softwareသုံးထားရင် tabletဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆိုင်ရောက်ရင် ဆိုင်locationနဲ့ orderတွေကို တင်ပေးရမှာဖြစ်ပါတယ် ဒါကို system ထဲမှာ warehouseက လူကကြည့်ပြီး ပစ္စည်းတွေကို customerအလိုက်ကြိုထုပ်ပေးထားရပြီး နောက်နေ့မှာdelivery teamက ကားနဲ့ ဆိုင်းတွေအားလုံးကို ပစ္စည်းတွေ လိုက်ပို့ပေးတာမျိုးကို order taking စနစ်လို့ခေါ်ပါတယ်။
ဒီတော့ထပ်ပြီOrder Taking ရဲ့ လုပ်ငန်းစဉ်processကိုပြောပြရရင် ဒီစနစ်မှာ အဓိကအားဖြင့် အဆင့် ၃ ဆင့်ရှိပါတယ်
- Order Collectionဆိုတဲ့ အရောင်းဝန်ထမ်းက သတ်မှတ်ထားတဲ့ ဆိုင်တွေဆီPJPခေါ်ခေါ် Route ခေါ်ခေါ် way planခေါ်ခေါ် အဲ့အတိုင်း သွားပါတယ်ပြီးရင် ဆိုင်မှာ ပစ္စည်းပြတ်နေတာတွေကို စစ်ဆေးပြီး လိုအပ်တဲ့ orderကို ဖုန်း သို့မဟုတ် Tablet ထဲက Sales App မှာ ရိုက်ထည့်ပါတယ်။ဒါဆို
Invoicing & Processingဖြစ်တဲ့ အော်ဒါစာရင်းက ရုံးချုပ် သို့မဟုတ်ဂိုဒေါင်ကို Online ကနေ တိုက်ရိုက်ရောက်သွားပါမယ် ပြီးရင် ရုံးကနေ ဘောင်ချာ Invoice ထုတ်ပြီး ပစ္စည်းတွေကို ထုပ်ပိုးပြီးကားကားပေါ်တင်ဖို့ ပြင်ဆင်ပါတယ်။နောက်
Deliveryအတွက် နောက်တစ်နေ့ သို့မဟုတ် သတ်မှတ်ထားတဲ့ ရက်မှာ Delivery ကားက ပစ္စည်းတွေကို ဆိုင်အရောက် လိုက်ပို့ပေးတာဖြစ်ပါတယ်။
Order Taking မှာ အရောင်းကိုယ်စားလှယ်ဟာ ပစ္စည်းတွေကို ကားနဲ့ တစ်ခါတည်း တင်မသွားပါဘူး။ နမူနာပစ္စည်း Samples နဲ့ Catalog ပဲ ပါသွားလေ့ရှိပါတယ်။Credit/Cashအတွက် များသောအားဖြင့် ဒီစနစ်မှာ ပစ္စည်းရောက်မှ ငွေချေတာ Cash on Deliveryဒါမှမဟုတ် ရက်ချိန်းနဲ့ ငွေပေးချေတာ Credit Term တွေ ပိုများပါတယ်။ အရောင်းဝန်ထမ်းက ပစ္စည်းချပေးရတဲ့ ဒုက္ခမရှိတော့တဲ့အတွက် ဆိုင်ရှင်နဲ့ စကားပြောဖို့၊ ပရိုမိုးရှင်းအကြောင်း ရှင်းပြဖို့ အချိန်ပိုရပါတယ်။
ဒီစနစ်ကို များသောအားဖြင့် FMCG လူသုံးကုန်စားသောက်ကုန်လုပ်ငန်းကြီးတွေ၊ ဆေးဝါးဖြန့်ချိရေးတွေနဲ့ နယ်မြေကျယ်ကျယ် ဖြန့်ချိလိုတဲ့ လုပ်ငန်းတွေမှာ အသုံးများပါတယ်။အခု order taking ပုံစံက ဘာလဲဆိုတာ သိပြီးရင်ဆက်ပြီးတော့ van sales အကြောင်းပြောပြပေးပါ့မယ်။
Van Sales တစ်ခါတည်းရောင်း၊ တစ်ခါတည်းချစနစ်ဆိုတာ Distribution လောကမှာ အဓိကအားဖြင့် ကားပေါ်မှာ ပစ္စည်းအပြည့်တင်သွားပြီး ဆိုင်အရောက်မှာတင် အော်ဒါယူ၊ ဘောင်ချာဖွင့်၊ ပစ္စည်းချပြီး ငွေတစ်ခါတည်း သိမ်းခဲ့တဲ့ စနစ်ဖြစ်ပါတယ်။
Van Sales စနစ်မှာဆိုရင် မနက်ပိုင်းမှာ အရောင်းဝန်ထမ်းနဲ့ ကားဆရာဟာ ဂိုဒေါင်ကနေ ရောင်းရမယ့် ပစ္စည်းတွေကို ခန့်မှန်းခြေနဲ့ ကားပေါ် အပြည့်တင်ပါတယ်တချို့လည်း ဘာတွေဘယ်လောက်တင်ရမယ်ဆိုပြီး သက်မှတ်ထားတဲ့အတိုင်းတင်ရပါတယ် အဲ့မှာ အချိန်တစ်ခုပေးရပါတယ် တချို့လည်း အရင်နေ့ ညနေ့ကတည်းက ပြန်ရောက်တော့ကြိုတင်ထားကြရပါတယ်။ပြီးတော့ သတ်မှတ်ထားတဲ့ လမ်းကြောင်း Routeအတိုင်း ဆိုင်တွေကို ဝင်ပါပြီး Direct salesအဖြစ် ဆိုင်ရှင် လိုချင်တဲ့ ပစ္စည်းကို မေးတယ်ကားပေါ်ကနေ ချက်ချင်းထုတ်ပေးတယ် လက်ငင်းငွေချေစနစ် Cash Sales နဲ့ ရောင်းချကြပါတယ်။ပြီးရင်ညနေ ရုံးပြန်ရောက်တဲ့အခါ ကားပေါ်မှာ ကျန်ခဲ့တဲ့ ပစ္စည်းလက်ကျန် Stock နဲ့ ရောင်းရတဲ့ ငွေသားကို စာရင်းပြန်တိုက်ပြီး ရုံးပြန်အပ်ရပါတယ်။
ဒီတော့ Order taking နဲ့van salesတို့ရဲ့ အားသာချက် အားနည်းချက်တွေကိြ နှိုင်းယှဥ်သုံးသပ်ကြည့်မယ်ဆိုရင် | 973 |
