Knowledge is Power Myanmar
📈 تحلیل کانال تلگرام Knowledge is Power Myanmar
کانال Knowledge is Power Myanmar (@knowledgeispowermyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 13 839 مشترک است و جایگاه 5 013 را در دسته تجارت و رتبه 9 103 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 13 839 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 17 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 588 و در ۲۴ ساعت گذشته برابر -1 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 7.42% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 3.30% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 1 027 بازدید دریافت میکند. در اولین روز معمولاً 457 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“Business Management knowledge sharing”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 18 نوامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته تجارت تبدیل کردهاند.
در حال بارگذاری دادهها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 18 نوامبر | 0 | |||
| 17 نوامبر | 0 | |||
| 16 نوامبر | +4 | |||
| 15 نوامبر | 0 | |||
| 14 نوامبر | +8 | |||
| 13 نوامبر | +23 | |||
| 12 نوامبر | +1 | |||
| 11 نوامبر | +4 | |||
| 10 نوامبر | +1 | |||
| 09 نوامبر | +5 | |||
| 08 نوامبر | +5 | |||
| 07 نوامبر | +17 | |||
| 06 نوامبر | +46 | |||
| 05 نوامبر | +56 | |||
| 04 نوامبر | +17 | |||
| 03 نوامبر | +24 | |||
| 02 نوامبر | +24 | |||
| 01 نوامبر | +48 |
| 2 | --------------- | 182 |
| 3 | بدون متن... | 829 |
| 4 | Monthly sales targetချပြီးရင် marketing နဲ့ ဘာတွေဆွေးနွေးရမလဲ
လုပ်ငန်းတွေမှာ sales department က နောက်နှစ်အတွက် total လုံးပေါင်းsales targetတွေ လစဥ် monthly sales targetတွေချပြီးသွားရင် မပြီးသေးပါဘူး ဒီsales targetတွေကို စဥ်းစားတဲ့အခါ အရင်နှစ်တွေက dataတွေအပေါ်မှုတည်ပြီး စဥ်းစားတာဖြစ်တဲ့ အတွက် အရင်နှစ်တွေက marketing ရဲ့ အထောက်အပံ supportတွေ ရသလို အခုနှစ်လည်း ရဖို့လိုပါတယ် ဒါကြောင့် sales team နဲ့ marketing teamဘယ်လိုတွေပေါင်းစပ်လုပ်ကိုင်ရလဲဆိုတာတွေကို Kipကနေမျှဝေပေးပါ့မယ်။
ဒီConcept ရဲ့ အဓိက အနှစ်သာရကတော့ Demand Forecasting ဝယ်လိုအား ခန့်မှန်းချက် ကို အခြေခံပြီး Sales နဲ့ Marketing ကို တစ်သားတည်းဖြစ်အောင် ချိတ်ဆက် Alignmentတာဖြစ်ပါတယ်။ပထမဦးဆုံး Seasonality ရာသီအလိုက် အတက်အကျကို နားလည်ရပါမယ်ပုံထဲက Chart ကိုကြည့်ရင် Demand ဝယ်လိုအားက မျဉ်းဖြောင့်အတိုင်း မသွားဘဲ တက်လိုက်ကျလိုက် ဖြစ်နေတာကို တွေ့ရပါမယ် Peak Months (ယမေလ ဒီအချိန်မှာ Customer တွေက ပစ္စည်းကို အလိုလို ဝယ်ချင်စိတ် ရှိနေကြတာပါ ဒါကြောင့် Marketing က Awareness အားကောင်းကောင်းပေးရင် Sales က Target ပြည့်ဖို့ ပိုလွယ်ပါတယ် Trough Months နိုဝင်ဘာလ ဒီအချိန်မှာ Demand က အောက်ဆုံးကို ထိုးဆင်းသွားပါတယ်။ Sales တွေ အားစိုက်ရောင်းပေမဲ့ ဝယ်သူမရှိတာမျိုး ဖြစ်တတ်ပါတယ်ဒီအခါမှာ Marketing က ဝယ်လိုအား အသစ်ဖန်တီးပေးဖို့အထူး Promotion တွေ လုပ်ပေးရပါမယ်။
အရောင်း Target တွေ ပြည့်ဖို့ Marketing ဘက်ကနေ Strategy ၃ ခုကို ရောစပ်ပြီး Support လုပ်ပေးရပါတယ် ATL (Above The Line)ဆိုတဲ့ လူအုပ်စုကြီးဆီကို Message တစ်ခုတည်းနဲ့ ပစ်လွှတ်တာဖြစ်ပါတယ် ဥပမာ တီဗွီကြော်ငြာ၊ လမ်းဘေး Billboard ကြီးတွေ၊ Social Media မှာ လူအများမြင်အောင် Boost လုပ်တာတွေဖြစ်ပြီး ကိုယ့်Brand ကို လူသိများလာစေဖို့ Build Awarenessလုပ်တာဖြစ်ပါတယ်။BTL (Below The Line)က ပစ်မှတ်ထားတဲ့ Customer တစ်ဦးချင်းစီဆီကို တိုက်ရိုက်ထိတွေ့တာပါဥပမာ အရောင်းဆိုင်မှာ sampleကျွေးတာ၊ Promotion ကူပွန်ပေးတာ၊ Direct Email ပို့တာ၊ အရောင်းဝန်ထမ်းတွေက Direct ရောင်းတာတွေဖြစ်ပါတယ် ဝယ်သူက ပစ္စည်းကို လက်တွေ့ဝယ်ယူဖြစ်သွားစေဖို့ Conversion/Sales ဖြစ်ပါတယ်။TTL (Through The Line)ကတော့ digital marketing နဲ့ eventတွေလိုမျိုးတွေ သုံးပြီး လုပ်တာဖြစ်ပါတယ်။
ပုံထဲက မြှားနီလေးတွေက Strategic Intervention Points ဗျူဟာမြောက် ဝင်ရောက်ရမယ့် အချိန်တွေ ဖြစ်ပါတယ်။Preparation ကြိုတင်ပြင်ဆင်ခြင်းရမည့် ဖြစ်တဲ့ Sales က ဇန်နဝါရီမှာ Target စချလိုက်ပြီဆိုတာနဲ့ Marketing က ဖေဖော်ဝါရီ/မတ်လောက်မှာ ATL နဲ့ စတင် လှုံ့ဆော်ပေးရပါတယ်။ သတင်းစကား ကြိုပါးထားတဲ့အတွက် မေလမှာ Demand အမြင့်ဆုံးရောက်တဲ့အခါ Sales က အလွယ်တကူ ပိတ် Close နိုင်သွားပါတယ်။Demand ကျဆင်းနေတဲ့ ဇူလိုင်၊ သြဂုတ်လတွေမှာ Marketing က BTL ဥပမာ-၅ ခုဝယ် ၁ ခုလက်ဆောင်မျိုးတွေ လုပ်ပေးရပါမယ် ဒါမှသာ Sales team အတွက် စျေးကွက်ထဲမှာ စကားပြောရတာ လွယ်ကူမှာ ဖြစ်ပါတယ်။Sales က ဘယ်ပစ္စည်းကတော့ အထွက်နှေးနေတယ် လို့ ပြောတာနဲ့ Marketing က အဲ့ဒီပစ္စည်းအတွက် သီးသန့် Promotion (TTL) ဆွဲပေးတာမျိုး လုပ်ပေးရမှာဖြစ်ပါတယ်။ATL/BTL/TTLတွေကို ဒီ Forecast Chart ပါ ဝယ်လိုအား အတက်အကျအတိုင်း အချိန်ကိုက် လုပ်ဆောင်နိုင်မှသာ companyရဲ့ Overall Target ကို အထိရောက်ဆုံး ရရှိမှာ ဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun | 819 |
| 5 | ----------------- | 609 |
| 6 | မနေ့က လုပ်ငန်းတွေအများကြီး လုပ်ထားတဲ့ အသိလုပ်ငန်းရှင်တစ်ယောက်နဲ့ တွေ့တော့ fb ကြော်ညာလုပ်နည်းတွေတောင် ဆွေးနွေးဖြစ်ကြသေးတယ် သူမှာ လုပ်ငန်းအတွက် fb pageတွေအများကြီးရှိတော့ စာရေးသူကို ဆရာ fb adsတွေကို ကြော်ညာတဲ့အခါ တချို့က targetကိုအရမ်း detail interestတွေအများကြီးပေးတာတို့ မလုပ်ရဘူးဘာညာပြောနေကြတော့ ဘယ်လိုတွေ target customerရွေးပြီး ဘုသင့်လဲတဲ့
ဒါနဲ့ စာရေးသူလည်းသူနားလည်အောင်ပြောပြပေးလိုက်ပါတယ် အကို fbမှာ ကြော်ညာတဲ့အခါ targetပဲရွေးတာဖြစ်ဖြစ် လူတွေက ပုံသေကြီး ဘာလုပ်မယ်ဆိုပြီး မှတ်ထားတာက စမှားတာပဲ အဓိကက ကိုယ့်လုပ်ငန်း product အခြေအနေအရ မတူညီတဲ့ strategy နဲ့လုပ်ရမှာဗျာ့ ဆိုတော့ သူက စိတ်ဝင်စားသွားပြီး ဆရာနမှုနာလေးနဲ့ ပြောပြပါလားတဲ့ဆိုတော့
စာရေးသူလည်း သူကိုပြောပြလိုက်တယ် ဥပမာ ပေါက်ပြီးသား လူသုံးကုန်ပစ္စည်းတစ်ခုက စျေးကွက်မှာပစ္စည်းပျက်နေပြီး ကိုယ့်စီမှာပဲ ပစ္စည်းရှိတယ် onlineကလည်း ရောင်းနေတဲ့ ပစ္စည်းမျိုးဆိုရင် targetက လူအများကိုပြလို့ရတာဖြစ်လို့ ကြော်ညာရမယ့်ပုံစံက လူတွေစီကို များများမြင်အောင် reachများများရောက်အောင်လုပ်ဖို့လိုတယ် interestတွေ ဘားမှတောင်ထည့်ဖို့မလိုပါဘူး ဒီလိုကြော်ညာတဲ့အခါ ကိုယ့်စီက စိတ်ချရတယ် ပစ္စည်းတွေများများရှိတယ် စသဖြင့် ယုံကြည်စိတ်ချရတယ်ဆိုတာကို ပြတက်ဖို့လိုတယ် ဒါဆို အဲ့ပစ္စည်းကြော်ညာသလောက် ပိုရောင်းရလိမ့်မယ် နောက်
တကယ်လို့ အသေးစား ရေသန့်စက်လိုမျိုး အိမ်တွေဆိုင်တွေမှာ တက်လို့ရတာမျိုး စက်တွေရောင်းတယ်ဆိုရင် ကိုယ့်ပစ္စည်းကို လူတိုင်းစိတ်မဝင်စားဘူး targetက နည်းနည်းပိုနည်းသွားမယ် ဒီတော့ ဘယ်လို လုပ်မလဲဆိုတော့ အရင်ဆုံး အသက်25 ကနေ ၅၅လောက်ထိ လူတွေကို များများမြင်အောင်ပြတဲ့ ads၁ခုrun ပြီး ရင် နောက်ထပ် Ads ၁ခုကို ဒီအရွယ်ကိုပဲ interest ၂ခု ၃ခုလောက်ပဲနဲ့ နောက်၁ခု ထပ်run ဒါပြီးရင် engageလုပ်ခဲ့တဲ့ သူတွေကို retargetingလုပ်ဖို့ custom audience လုပ်ပြီးပြန်ပြ လိုအပ်ရင် Lookalike audience နဲ့ပါ ထပ်လုပ်လို့ရပါတယ် ကြော်ညာpostတွေကို customer တွေအိမ်မှာ ရေသန့်စက်တွေစင်ထားတာတွေပြတာမျိုးတွေ စက်အကြောင်းအသေးစိတ်ရှင်းပြတာမျိုးတွေ sales promotionတွေ တင်ပေးရပါမယ် ဒီproduct မျိုးဆိုရင် အဲ့လိုသွားရတာဖြစ်ပါတယ်
အဓိကက target audienceက massဖြစ်ရင် တန်းကြော်ညာ , mass မဖြစ်ရင် retargeting သုံးပြီး ကိုယ်ပစ္စည်း စိတ်ဝင်းစားတဲ့သူတွေကို သေချာလိုက်ပြရပါမယ် နောက် sales promotion နဲ့ အရောင်းရအောင်လုပ်ရပါမယ် ဆိုပြီးပြောပြတော့ သူလည်း နားလည်သဘောကျသွားပြီး ပညာတွေရပါတယ် ဆရာဆိုပြီး တခြားဟာတွေ ဆက်ဆွေးနွေးခဲ့ကြပါတယ် | 781 |
| 7 | ----------------- | 643 |
| 8 | بدون متن... | 820 |
| 9 | بدون متن... | 808 |
| 10 | Offering - Market matrixနဲ့ စျေးကွက်ကို analysis ပြုလုပ်ပုံ
Market researchတွေ market analysisလုပ်တဲ့အခါ စျေးကွက်ထဲမှာ ဘယ်လိုပစ္စည်းအမျိုးအစားbrandတွေက ဘယ်လိုvalueတွေပေးပြီး market segmentအလိုက်ရှိနေလဲဆိုတာကို ဒီOffering - Market matrixလေးကို သုံးပြီးလေ့လာကြည့်ရင် ပိုပြီးစျေးကွက်ကို ထင်သာမြင်သာရှိမှာဖြစ်ပါတယ် ဒါကြောင့် ဒါလေးကို Kipကနေမျှဝေပေးပါ့မယ်။
ပုံ(၁) ရဲ့ Offering - Market matrixကိုကြည့်လိုက်ရင် market segement ဆိုတဲ့ အပြာရောင်အကွက်1ဟာ စျေးကွက်ထဲမှာ customerက ဘယ်လို value ,benefitမျိုးတွေ ရှိနေတယ်ဆိုတာကို ပြခြင်းဖြစ်ပါတယ် customer segementတွေဖြစ်ပါတယ်။
နောက်အနီရောင်အကွက်2ဟာ စျေးကွက်ထဲမှာ ဘယ်လိုproduct ပစ္စည်းအမျိုးအစားတွေရှိတယ်ဆိုတာကို သက်မှတ်ပြီး ရေးဖို့ဖြစ်ပြီး အစိမ်းရောင်အကွက်3ဟာ စျေးကွက်ထဲ ဘယ်လိုbrandတွေက ဒီsegmentတွေကို ဘယ်လိုပစ္စည်းအမျိုးအစားအရ ရှိတယ်ဆိုတာကို ရေးရမှာဖြစ်ပါတယ်။
ဒီတော့ မိတ်ဆွေက ဒီOffering - Market matrixကို သုံးဖို့ဆိုရင် စျေးကွက်ထဲကို သွားပြီး ဘယ်လိုပစ္စည်းbrandတွေရှိလဲ ဒီပစ္စည်းတွေက ဘာvalueတွေဘာလိုအပ်ချက်တွေကို ဖြည့်စည်းပေးနေလဲ ဒီပစ္စည်းတွေက ဘယ်လိုအမျိုးအစားတွေလဲ စတာတွေကို လေ့လာစာရင်းပြုစုပြီး ဒီmatrixလေးမှာဖြည့်ရမှာဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပုံ(၂)မှာဆိုရင် ခေါင်းလျှော်ရည် marketအတွက် market segmentမှာဆိုရင် anti-dandruff ဗောက်ပျောက်တာ ၊ natural သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတာ ၊ repairs demaged hair ဆံပင်ပျက်စီတာတွေကို ကာကွယ်ပြုပြင်ပေးတာ၊ ဆံပင်ပုံကျပြီး ပျော့ပြောင်းဖီးရလွယ်တာ fragrant and manageable ၊ ဆံပင်သန်အောင် ၊ ဆံပင်ကျွတ်တာသက်သာအောင် စသဖြင့် market segmentတွေကို ရှိပါတယ် ဒါတွေအတွက် productအမျိုးအစားတွေက ဘာတွေရှိလဲဆိုတော့
ဗောက်ပျောက်ခေါင်းလျှော်ရည်း၊ ဗောက်ပျောက်ပြီးဆံပင်ကျွတ်သက်သာတဲ့ခေါင်းလျှော်ရည် ၊ သဘာပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်၊ ဆံပင်ပျက်စီးတာကို ကာကွယ်ပေးတဲ့ ခေါင်းလျှော်ရည်၊ဆံပင်ကို ပျော့ပျောင်းပုံကျစေတဲ့ ခေါင်းလျှော်ရည် စတဲ့ ပစ္စည်းမျိုးတွေဖြစ်ပါတယ်။
Brandအရကြည့်ရင် ဗျောက်ပျောက်ခေါင်းလျှော်ရည်မှာ Clear နဲ့ head & shoulder ရှိပြီး ဗောက်ပျောက်ပြီးဆံပင်ကျွတ်သက်သာတဲ့ခေါင်းလျှော်ရည်ဆိုရင် head & shoulder ရှိပါတယ်။သဘာပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်ဆိုရင် Palmoliveရှိပါတယ် ဆံပင်ပျက်စီးတာကို ကာကွယ်ပေးတဲ့ ခေါင်းလျှော်ရည်ကတော့ Dove ရှိပါတယ် ဆံပင်ကို ပျော့ပျောင်းပုံကျစေတဲ့ ခေါင်းလျှော်ရည်ဆိုရင် Sunsilkရှိပါတယ် စသဖြင့် ပုံ(၂) လေးကို ကြည့်လိုက်ရင် စျေးကွက်ကို ကွင်းကွင်းကွက်ကွက်သေချာမြင်သွားမှာဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun | 867 |
| 11 | ------------------ | 735 |
| 12 | သင်တန်း၁၁ခုစလုံးကို 92,000 နဲ့သီတင်းကျွတ်Promotionလေးပေးထားပါတယ် လိုအပ်တဲ့သူများ အားပေးလို့ရပါတယ် ခင်ဗျာ့😀
👇👇👇
https://www.facebook.com/share/p/198A6yojGJ/ | 1 071 |
| 13 | ------------ | 951 |
| 14 | بدون متن... | 1 102 |
| 15 | Pricing Psychology (ဈေးနှုန်းကို စာလုံးအရွယ်အစားသေးသေးနဲ့ ဖော်ပြခြင်း)
လူ့ဦးနှောက်က မြင်ရတဲ့အရွယ်အစား Visual Size နဲ့ ဂဏန်းတန်ဖိုးအရွယ်အစား Numerical Size ကို ရောထွေးပြီး ခံစားတတ် ပါတယ် စာလုံးအကြီးနဲ့ ပြထားရင် ဈေးနှုန်းက ကြီးမားသလို ခံစားရနိုင်ပြီး၊ စာလုံးသေးသေးနဲ့ ပြထားရင် ဈေးနှုန်းက သေးငယ်သလို ခံစားရနိုင်ပါတယ်။
ဒီ Strategy ရဲ့ အဓိကရည်ရွယ်ချက်က Customer တွေ ဈေးနှုန်းကို မြင်တဲ့အခါ ဈေးသက်သာတယ်လို့ ခံစားရစေဖို့ Price Perceptionဖြစ်ပါတယ်။
ပုံမှာ Customer က Price ကို မြင်တယ် Product တစ်ခုရဲ့ Price က 300 ဖြစ်တယ် ဦးနှောက်က Visual Size ကို အရင်ခံစားတယ် Price ကို စာလုံးအကြီးနဲ့ မြင်ရတဲ့အခါ ဦးနှောက်က အဲဒီအရွယ်အစားကို သတိထားမိတယ်စာလုံးကြီးတယ်ဈေးနှုန်းကလည်း ကြီးမားသလို ခံစားရတယ်ဈေးကြီးတယ်လို့ ထင်နိုင်တယ် Small Font သုံးလိုက်တဲ့အခါ Price ကို စာလုံးသေးသေးနဲ့ ပြထားရင် မြင်ရတဲ့အရွယ်အစား သေးငယ်တယ်ဈေးနှုန်းက သေးငယ်သလို ခံစားရနိုင်တယ်Customer ရဲ့ Price Perception ကို အနည်းငယ် ပိုကောင်းစေနိုင်တယ်အရေးကြီးတာက Price ကို တကယ်လျှော့တာမဟုတ်ဘဲ Price ကို မြင်တဲ့ပုံစံကို ပြောင်းလဲတာဖြစ်ပါတယ်။
ဒါပေမယ့် Single Product မှာ Small Font သုံးတာ အကျိုးရှိနိုင်ပေမဲ့ Multiple Products မှာတော့ အခြေအနေက ပြောင်းလဲနိုင်ပါတယ် Customer က ပြံမှာပြထားသလို Product နှစ်ခုကို နှိုင်းယှဉ်တဲ့အခါ $50 နဲ့ $40 ကြားက Price Difference ကို စဉ်းစားတယ်Price နှစ်ခုရဲ့ Visual Size ကိုလည်း သတိထားမိနိုင်တယ် Price ကို ပိုကြီးတဲ့ Font နဲ့ ပြထားရင် ဈေးနှုန်းကွာခြားချက်ကို ပိုကြီးတယ်လို့ ခံစားရနိုင်ပါတယ် ဒီအခါ Large Font က Price Difference ကို ပိုထင်ရှားစေနိုင်ပါတယ်။
ဒီ Concept က Pricing Psychology မှာ Price Perception ကို ပြောင်းလဲဖို့ အသုံးပြုတဲ့ Visual Framing Strategy တစ်ခုဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
#pricing
#kip | 983 |
| 16 | ---------------- | 601 |
| 17 | بدون متن... | 733 |
| 18 | ၄။ စားသုံးသူတွေရဲ့ ဝယ်ယူနိုင်စွမ်း ကျဆင်းလာခြင်း
ကုန်ဈေးနှုန်းတွေ မြင့်တက်လာပေမယ့် လုပ်ခလစာနဲ့ ဝင်ငွေတွေက အဲဒီနှုန်းအတိုင်း လိုက်မတိုးလာတဲ့အခါ ပြည်သူတွေရဲ့ Real Purchasing Power (တကယ့်ဝယ်ယူနိုင်စွမ်း) ကျဆင်းလာပါတယ်။
ပြည်သူတွေဟာ အသုံးစရိတ်တွေကို လျှော့ချလာပြီး မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေပဲ ဝယ်ယူလာကြပါတယ်။ ဒါကြောင့် စားသုံးသူဝယ်လိုအား ကျဆင်းလာပြီး လုပ်ငန်းတွေရဲ့ အရောင်းနဲ့ အမြတ်အစွန်းတွေကို ထိခိုက်လာနိုင်ပါတယ်။
၅။ လုပ်ငန်းတွေ အခက်အခဲကြုံတွေ့ပြီး အလုပ်အကိုင်အခွင့်အလမ်း နည်းလာခြင်း
လုပ်ငန်းတွေဟာ ကုန်ကျစရိတ်မြင့်တက်မှု၊ ဝယ်လိုအားကျဆင်းမှုနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကို တစ်ပြိုင်နက် ရင်ဆိုင်လာရတဲ့အတွက် လုပ်ငန်းချဲ့ထွင်မှုတွေ ရပ်တန့်လာနိုင်ပါတယ်။
တချို့လုပ်ငန်းတွေမှာ ဝန်ထမ်းလျှော့ချခြင်း၊ လုပ်ငန်းရပ်ဆိုင်းခြင်းနဲ့ အလုပ်ခန့်ထားမှု လျှော့ချခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုနဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းလာပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ပါတယ်။
Stagflation က ဘာကြောင့် ပိုပြီးအန္တရာယ်ရှိတာလဲ
Stagflation ရဲ့ အခက်ခဲဆုံးအချက်ကတော့ စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ ခက်ခဲခြင်းဖြစ်ပါတယ်
ပုံမှန်အားဖြင့် Inflation မြင့်တက်လာတဲ့အခါ ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်ပြီး ဝယ်လိုအားကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် အတိုးနှုန်းမြှင့်တင်ခြင်းဟာ စီးပွားရေးတိုးတက်မှုကို ပိုမိုနှေးကွေးစေပြီး အလုပ်လက်မဲ့နှုန်းကို မြင့်တက်စေနိုင်ပါတယ်။
တစ်ဖက်မှာ စီးပွားရေးကျဆင်းနေတဲ့အတွက် အတိုးနှုန်းလျှော့ချပြီး စီးပွားရေးကို လှုံ့ဆော်လိုက်မယ်ဆိုရင်လည်း ကုန်ဈေးနှုန်းမြင့်တက်မှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
ဒါကြောင့် Stagflation ဟာ Inflation ကို ထိန်းချုပ်ရမလား၊ စီးပွားရေးကို ပြန်လည်တိုးတက်အောင် လှုံ့ဆော်ရမလားဆိုတဲ့ အခက်ခဲတဲ့ စီးပွားရေးမူဝါဒရွေးချယ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့်Stagflation ဆိုတာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေသော်လည်း စီးပွားရေးက တိုးတက်မှုမရှိဘဲ အလုပ်လက်မဲ့နှုန်းပါ မြင့်တက်လာတဲ့ အခြေအနေဖြစ်ပါတယ် ဒီအခြေအနေမှာ ပြည်သူတွေဟာ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဝယ်ယူနိုင်စွမ်းကျဆင်းလာသလို အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုကြောင့် ဝင်ငွေရှာဖွေဖို့လည်း ပိုမိုခက်ခဲလာပါတယ် အထူးသဖြင့် ဝင်ငွေနည်းတဲ့ အောက်ခြေလူတန်းစားတွေအတွက် ပိုမိုထိခိုက်စေပြီး လူနေမှုအဆင့်အတန်း ကျဆင်းလာစေနိုင်ပါတယ်။
Stagflation ရဲ့ အဓိကပြဿနာကတော့ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကို ခံစားနေရသလို စီးပွားရေးကျဆင်းမှုနဲ့ အလုပ်အကိုင်အခက်အခဲတွေကိုပါ တစ်ပြိုင်နက် ရင်ဆိုင်နေရခြင်းပဲ ဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun | 762 |
| 19 | Stagflation ဆိုတာ ဘာလဲ
ပုံမှန်အားဖြင့် လူအများစုဟာ Inflation ငွေကြေးဖောင်းပွမှု ဆိုတဲ့ စီးပွားရေးသဘောတရားကို ရင်းနှီးပြီးသားဖြစ်ကြပါတယ် စီးပွားရေးတိုးတက်မှုနဲ့အတူ ကုန်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်လာတာဟာ သာမန်ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။
စီးပွားရေးတိုးတက်နေတဲ့အချိန်မှာ စားသုံးသူတွေရဲ့ ဝယ်လိုအားတိုးလာပြီး လုပ်ငန်းတွေကလည်း ထုတ်လုပ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့လာကြပါတယ်။ ဒီလိုအခြေအနေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုများပြားလာပြီး အလုပ်လက်မဲ့နှုန်းလည်း ကျဆင်းလာနိုင်ပါတယ်။ တစ်ဖက်မှာ ဝယ်လိုအားမြင့်တက်လာမှုကြောင့် ကုန်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်လာနိုင်ပါတယ်။
ဒါကြောင့် ပုံမှန်စီးပွားရေးအခြေအနေမှာ Inflation နဲ့ Economic Growth တို့ဟာ အပြန်အလှန်ဆက်စပ်မှုရှိပြီး အလုပ်လက်မဲ့နှုန်းနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။
Stagflation ဆိုတာ ဘယ်လိုအခြေအနေလဲ
ပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းနဲ့လူနေမှုအဆင့်အတန်း ကျဆင်းလာတယ်။
ဆိုတဲ့ အခြေအနေမျိုးဖြစ်ပါတယ် ပုံမှန်အားဖြင့် Inflation မြင့်တက်လာတဲ့အချိန်မှာ စီးပွားရေးတိုးတက်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးလာနိုင်ပေမယ့် Stagflation မှာတော့ ကုန်ဈေးနှုန်းတွေ မြင့်တက်နေသော်လည်း စီးပွားရေးက မတိုးတက်ဘဲ အလုပ်လက်မဲ့တွေပါ များလာတဲ့အတွက် ပြည်သူတွေအတွက် ပိုမိုခက်ခဲတဲ့အခြေအနေ ဖြစ်လာပါတယ်။
Stagflation ဘာကြောင့် ဖြစ်ပေါ်လာတာလဲ
Stagflation ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းတွေကို အဓိကအားဖြင့် Supply Side ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု ထုတ်လုပ်ဖြန့်ဖြူးမှုဘက်နဲ့ Demand Side စားသုံးသူတွေရဲ့ ဝယ်လိုအားဘက် ဆိုပြီး ခွဲခြားနားလည်နိုင်ပါတယ်။
1. Supply Side Shock (ထုတ်လုပ်မှုနဲ့ ကုန်ကျစရိတ်ဘက်က အကျပ်အတည်း)
သွင်းကုန်ကုန်ကြမ်းနဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာခြင်း။
သယ်ယူပို့ဆောင်ရေးနဲ့ ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်လာခြင်း။
လျှပ်စစ်မီး၊ လုပ်သားနဲ့ ကုန်ကြမ်းရရှိမှု အခက်အခဲများ ဖြစ်ပေါ်လာခြင်း။
ဒီလိုအခြေအနေတွေမှာ လုပ်ငန်းတွေရဲ့ Production Cost ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာပါတယ် ကုန်ကျစရိတ်မြင့်တက်လာတဲ့အတွက် လုပ်ငန်းတွေဟာ ကုန်ဈေးနှုန်းတွေကို မြှင့်တင်ရပြီး တစ်ဖက်မှာလည်း ထုတ်လုပ်မှုကို လျှော့ချရတာမျိုး ဖြစ်လာနိုင်ပါတယ် ဒီလိုနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာသလို စီးပွားရေးတိုးတက်မှုလည်း ကျဆင်းလာနိုင်ပါတယ်။
2. Demand Side
စားသုံးသူတွေရဲ့ ဝယ်လိုအား ကျဆင်းခြင်း
အနာဂတ်စီးပွားရေးအပေါ် ယုံကြည်မှု ကျဆင်းလာခြင်း။
ပြည်သူတွေက အသုံးစရိတ်ကို လျှော့ချပြီး မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေပဲ ဝယ်ယူလာခြင်း။
ဒီလိုဖြစ်လာတဲ့အခါ Market Demand (ဈေးကွက်ဝယ်လိုအား) ကျဆင်းလာပါတယ်။
ဝယ်လိုအားကျဆင်းလာတဲ့အတွက် လုပ်ငန်းတွေရဲ့ Sales (အရောင်း) နဲ့ Profit Margin (အမြတ်အစွန်းနှုန်း) တွေလည်း ကျဆင်းလာနိုင်ပါတယ်။ လုပ်ငန်းတွေဟာ ကုန်ကျစရိတ်မြင့်တက်မှုနဲ့ အရောင်းကျဆင်းမှု နှစ်ခုစလုံးကို တစ်ပြိုင်နက် ရင်ဆိုင်လာရပါတယ်။
အဲဒီအခါ လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှုတွေ လျှော့ချခြင်း၊ ဝန်ထမ်းအသစ်ခန့်ထားမှု ရပ်ဆိုင်းခြင်း၊ လုပ်ငန်းချဲ့ထွင်မှု ရပ်တန့်ခြင်းနဲ့ တချို့လုပ်ငန်းတွေမှာ ဝန်ထမ်းလျှော့ချခြင်းတွေ လုပ်ဆောင်လာနိုင်ပါတယ်။
ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းလာပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ Stagflation ဘယ်လိုဖြစ်ပေါ်လာနိုင်သလဲ
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေ အခက်အခဲကြုံတွေ့မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
အဓိကအကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင် -
၁။ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာခြင်း
မြန်မာနိုင်ငံဟာ သွင်းကုန်အပေါ် မှီခိုမှုများတဲ့နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာတဲ့အခါ သွင်းကုန်ပစ္စည်းတွေရဲ့ ပြည်တွင်းဈေးနှုန်းတွေ မြင့်တက်လာနိုင်ပါတယ်။ အထူးသဖြင့် စက်သုံးဆီ၊ ကုန်ကြမ်း၊ ဆေးဝါးနဲ့ စားသောက်ကုန်အချို့တို့ရဲ့ ကုန်ကျစရိတ်တွေ မြင့်တက်လာနိုင်ပါတယ်။
၂။ စက်သုံးဆီနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာခြင်း
ကမ္ဘာ စစ်ပွဲတွေကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာတဲ့အခါ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်တဲ့နေရာကနေ စားသုံးသူထံ ရောက်ရှိတဲ့အထိ ကုန်ကျစရိတ်တွေ ပိုမိုများပြားလာပါတယ်။
၃။ လျှပ်စစ်မီးရရှိမှု အခက်အခဲများ
လျှပ်စစ်မီးရရှိမှု မတည်ငြိမ်ခြင်းနဲ့ မီးပြတ်တောက်မှုများလာခြင်းတို့ကြောင့် လုပ်ငန်းတွေဟာ Generator နဲ့ အခြားစွမ်းအင်အရင်းအမြစ်တွေကို အသုံးပြုလာရပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုစရိတ်နဲ့ လုပ်ငန်းလည်ပတ်စရိတ်တွေ ပိုမိုမြင့်တက်လာနိုင်ပါတယ်။ | 442 |
| 20 | ----------- | 371 |
