uz
Feedback
Think Better ~ 12min Notes Myanmar (Est. 2019)

Think Better ~ 12min Notes Myanmar (Est. 2019)

Kanalga Telegram’da o‘tish

We distill complex ideas and make them accessible and useful for Myanmar people. Web: https://12minnotes.com YT: https://www.youtube.com/12minNotesMyanmar FB: https://www.facebook.com/12minNotes Messenger: https://m.me/12minNotes TG: @My12minNotesBot

Ko'proq ko'rsatish
1 694
Obunachilar
+224 soatlar
Ma'lumot yo'q7 kun
Ma'lumot yo'q30 kun

Ma'lumot yuklanmoqda...

Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Sentabr '26
Sentabr '26
+5
0 kanalda
Avgust '26
+51
0 kanalda
Get PRO
Iyul '26
+78
0 kanalda
Get PRO
Iyun '26
+47
0 kanalda
Get PRO
May '26
+31
0 kanalda
Get PRO
Aprel '26
+32
0 kanalda
Get PRO
Mart '26
+23
0 kanalda
Get PRO
Fevral '26
+25
0 kanalda
Get PRO
Yanvar '26
+21
0 kanalda
Get PRO
Dekabr '25
+19
0 kanalda
Get PRO
Noyabr '25
+13
0 kanalda
Get PRO
Oktabr '25
+20
0 kanalda
Get PRO
Sentabr '25
+17
0 kanalda
Get PRO
Avgust '25
+37
0 kanalda
Get PRO
Iyul '25
+39
0 kanalda
Get PRO
Iyun '25
+28
0 kanalda
Get PRO
May '25
+39
0 kanalda
Get PRO
Aprel '25
+25
0 kanalda
Get PRO
Mart '25
+48
0 kanalda
Get PRO
Fevral '25
+52
0 kanalda
Get PRO
Yanvar '25
+74
0 kanalda
Get PRO
Dekabr '24
+84
0 kanalda
Get PRO
Noyabr '24
+87
0 kanalda
Get PRO
Oktabr '24
+78
0 kanalda
Get PRO
Sentabr '24
+72
0 kanalda
Get PRO
Avgust '24
+179
0 kanalda
Get PRO
Iyul '24
+1 104
0 kanalda
Sana
Obunachilarni jalb qilish
Esdaliklar
Kanallar
04 Sentabr0
03 Sentabr+4
02 Sentabr0
01 Sentabr+1
Kanal postlari
📣 တစ်ခုခုဆိုရင် တူတစ်ခုတည်းနဲ့ပဲ ဖြေရှင်းတဲ့သူလား၊ Toolbox နဲ့ ဖြေရှင်းတဲ့သူလား။ အပွင့်လင်းဆုံး ဖြေကြည့်ကြရအောင်လားခင်ဗျာ။ #
📣 တစ်ခုခုဆိုရင် တူတစ်ခုတည်းနဲ့ပဲ ဖြေရှင်းတဲ့သူလား၊ Toolbox နဲ့ ဖြေရှင်းတဲ့သူလား။ အပွင့်လင်းဆုံး ဖြေကြည့်ကြရအောင်လားခင်ဗျာ။ #12minNotesMyanmar #mentalmodels #mentalmodelsforbetterthinking #CognitiveBias #ThinkingTraps

2
Matn yo'q...
101
3
လူတွေ လက်မခံချင်ပေမယ့် လက်ခံရမယ့် အမှန်တရားတစ်ခု ရှိတယ်။ 🟤 အဲ့ဒါကတော့ "ကိုယ် မသိတာတွေက ကိုယ် သိထားတာထက် ပိုအရေးပါတယ်” ဆိုတာပါပဲ။ Nassim Nicholas Taleb ရဲ့ ကမ္ဘာကျော် အရောင်းအမြင့်ဆုံး စာရင်းဝင် 👉🏻 The Black Swan စာအုပ်က ဒီသဘောတရားကို အခြေခံထားတာပါ။ အနောက်နိုင်ငံမှာ ဩစတြေးလျတိုက်ကို မရှာတွေ့သေးခင်တုန်းက "ငန်းဆိုတာ အဖြူရောင်ပဲ ရှိတယ်" လို့ အားလုံးက ပုံသေ ယူဆထားခဲ့ကြတယ်။ ဒါပေမဲ့ ဩစတြေးလျတိုက်ကို ရောက်သွားပြီး ငန်းနက် (Black Swan) တွေကို တွေ့လိုက်ရတဲ့ မိနစ်ပိုင်းအတွင်းမှာပဲ သူတို့ နှစ်ပေါင်းထောင်ချီအောင် ရေရှည်ယုံကြည်ထားခဲ့တဲ့ သတ်မှတ်ချက်ကြီးက ပျက်စီးသွားတယ်။ 🦢 “ငန်းဆိုတာ အဖြူပဲ ရှိတာမဟုတ်ဘူး… အနက်ရောင် ငန်းလဲရှိသေးတာပါလား” ပေါ့။ လူတွေက ကမ္ဘာကြီးကို ရိုးရိုးရှင်းရှင်းပဲ မြင်ချင်ကြတာပါ၊ ကိုယ့်ကိုကိုယ်လည်း အရာရာကို ခန့်မှန်းနိုင်စွမ်း ရှိတယ်လို့ ထင်တတ်ကြတယ်။ ဒါကို Nassim Nicholas Taleb က 📍 Narrative Fallacy (ဇာတ်လမ်းဆင် စိတ်ထောင်ချောက်) လို့ ခေါ်ထားပါတယ်။ 🔗 တကယ်တော့ The Black Swan Event ဆိုတဲ့ (မမျှော်လင့်ထားဘဲ ရုတ်တရက်ဖြစ်လာတဲ့ အပြောင်းအလဲ အကြီးစား) တွေကြောင့်ပဲ ကမ္ဘာကြီးမှာ တိုးတက်စရာလမ်းကြောင်းသစ်တွေ ပွင့်လာခဲ့တာပါ။ ဥပမာ - COVID-19 ကပ်ရောဂါကို ဘယ်သူမှ ကြိုမမျှော်လင့်ထားပေမယ့်၊ အဲ့ဒီ အကျပ်အတည်းကနေပဲ အွန်လိုင်းစီးပွားရေး အိုင်ဒီယာတွေ၊ အလုပ်အကိုင် လမ်းကြောင်းသစ်တွေနဲ့ လူမှုနေထိုင်ရေး စနစ်သစ်တွေ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေးမှာလည်း ဘယ်လိုမှ မှားစရာမရှိဘူးလို့ ယုံကြည်ထားတဲ့နေရာက ထဖောက်လိုက်လို့ လုပ်ငန်းတစ်ခုလုံး ကမောက်ကမ ဖြစ်သွားတာမျိုး၊ "ဒီကိစ္စလေးကြောင့်တော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး၊ ဖြစ်ရင်လည်း ငါ ကြိုသိမှာပါ" လို့ ထင်ထားတဲ့ အရာသေးသေးလေးကပဲ လုပ်ငန်းတစ်ခုလုံးကို ပြောင်းပြန်လှန် ပစ်လိုက်တာမျိုးတွေက လုပ်ငန်းရှင်တိုင်း ကြုံကိုကြုံရမယ့် Black Swan Event တွေပါပဲ။ 🧮 ဒီလို ဖြစ်ရပ်တွေကို ကျွန်တော်တို့ ကြိုတင်ပြီးတော့ မခန့်မှန်းနိုင်သလို၊ ပြင်ဆင်ထားဖို့လဲ မဖြစ်နိုင်ပါဘူး။ ကိုဗစ်ကာလတုန်းကဆိုရင် နှာခေါင်းစည်းတွေ နေ့စဉ်မြင်နေရက်နဲ့ ဖြစ်လာမယ်မှန်းမသိလို့ ရောဂါစဖြစ်ကာမှ ပစ္စည်းမလောက်တဲ့အထိ စုပြုံဝယ်ခဲ့ရတာမျိုးပေါ့။ ကြုံကိုကြုံရမယ့် ဖြစ်ရပ်တွေကို ကိုယ်က အကောင်းဆုံး ကျော်လွှားနိုင်ချင်တယ်ဆိုရင် ကိုယ်မသိနိုင်တာတွေကို မသိဘူးလို့ ကြိုပြီး စိတ်ကိုပြင်ဆင်ထားတတ်ရမယ်။ 📌 "ကိုယ် မသိနိုင်တာတွေကို မသိနိုင်ပါဘူး" လို့ ဝန်မခံနိုင်တဲ့စိတ်က ကိုယ့်လုပ်ငန်းကို၊ ကိုယ့်ဘဝကို ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်နိုင်စွမ်း (Resilience) နည်းသွားစေလို့ပါပဲ။ 🌊 မထင်ထားတဲ့ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်ပျက်နေတဲ့ ဒီလိုခေတ်ကာလမျိုးမှာ မိတ်ဆွေရဲ့ လုပ်ငန်းနဲ့ ဘဝကို အကောင်းဆုံးနဲ့ Safe အဖြစ်ဆုံး လည်ပတ်သွားနိုင်ဖို့ ⚫️ The Black Swan ထဲက သဘောတရားတွေဟာ အကောင်းဆုံး Mental Models Tools တွေကို ပေးစွမ်းနိုင်မှာပါ။ ဒီစာအုပ်ရဲ့ အဓိက အဆီအနှစ်၊ Core Values တွေကို 12min Notes Myanmar (Est. 2019) ရဲ့ လက်ရှိမှာ Hot အဖြစ်ဆုံး 🟢 Mental Models For Better Thinking (Masterclass) ထဲမှာ ထည့်သွင်းပေးထားပါတယ်။ ဒီ Masterclass ကြီးက မရေရာမှုတွေကြားထဲမှာ မှန်ကန်တဲ့ တွေးခေါ်မှုပုံစံတွေကို ရှာဖွေနေတဲ့ ✔️ Lifelong Learner တွေနဲ့ လုပ်ငန်းရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ Program တစ်ခုလုံးအတွက် Resource တွေနဲ့ သုတေသန စာတမ်းပေါင်းများစွာကို ⏱️ အချိန်နာရီပေါင်း (၁,၀၀၀) ကျော်ပေးပြီး အသေးစိတ် ပြုစုဖန်တီးထားတာပါ။ Mental Models For Better Thinking (Masterclass) ကို ➡️ Modules (၄) ခု ခွဲပြီး စနစ်တကျ လေ့လာသွားရမှာဖြစ်လို့ သင်တန်းအသေးစိတ်နဲ့ ဈေးနှုန်းကို သိရှိဖို့အတွက် ဒီ Link ကနေ ဝင်ဖတ်ကြည့်လိုက်ပါ။ 📍 https://12minnotes.com/viewcourses/eyJpdiI6ImQxcVpINnZ3dGx0bmM0OXI2bmVDQVE9PSIsInZhbHVlIjoicXh2dXpycUE0OFVwQzV0dm1hVHZhdz09IiwibWFjIjoiNjZkNjYyZDQ5MmQ2NWVjMmE5Mjg4MzFkNzQwMzUxMTlkODFjMjIzMDRkODNlNzQ0NzAyMTQ4YzA2ODQxZDEzNCIsInRhZyI6IiJ9 ✔️ Lebanese- American Professor ‘Nassim Nicholas Taleb’ ရဲ့ The Black Swan စာအုပ်ကိုလဲ စီးပွားရေးလုပ်နေတဲ့သူတိုင်း မဖြစ်မနေ ဖတ်ရှုကြည့်ဖို့ မမေ့လိုက်ပါနဲ့ဦး။
97
4
Matn yo'q...
184
5
🚨 လူအများစုရဲ့ စိတ်က microwave လိုပဲ ❝ မြန်မြန်မှမြန်မြန်၊ ချက်ချင်းမှချက်ချင်း ❞ ဖြစ်လာကြပြီဆိုတာ မငြင်းဆန်နိုင်တဲ့ အမှန်တရားတစ်ခုပါ။ Social media က bite-sized content တွေ အပါအ၀င် ခေတ်မီ မြန်ဆန်လာတဲ့ လူနေမှုအပြောင်းအလဲတွေက ပုံသွင်းပေးလိုက်တဲ့ ရေတိုလက်ငင်း ရယူခံစားလိုစိတ်တွေက ရေရှည်အောင်မြင်မှုကြီးတွေကို ပိုင်ဆိုင်နိုင်ဖို့ အကြီးမားဆုံး အဟန့်အတား ဖြစ်လို့လာပါတယ်။ 💢 အလုပ်မှာ ရာထူးကောင်းတိုးပြီး၊ ဝင်ငွေ (၃) ဆပိုတိုးလာဖို့၊ အခုအချိန်မှာ ဖုန်းသုံးချိန်လျှော့ပြီး၊ ထိရောက်တဲ့ လေ့လာမှုတွေ လုပ်ဖို့ပျင်းတယ်။ 💢 ကျန်းမာရေးအတွက် မကောင်းတဲ့ အသင့်စား processed food တွေ လျှော့စားဖို့ သည်းမခံနိုင်ကြဘူး။ 💢 ကြံ့ခိုင်ဖျတ်လတ်‌အောင် တစ်နေ့ (၁၀) မိနစ်လောက် လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ စိတ်မရှည်ကြတော့ဘူး..စသဖြင့် ကိုယ့်ဘ၀အတွက် လိုအပ်မယ်မှန်း၊ ကောင်းမှန်းသိပေမယ့်…ချက်ချင်း မမြင်နိုင်တဲ့ ရလဒ်ကောင်းကျိုးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ရင်းမြှုပ်နှံဖို့ဆိုတာ တစ်နေ့ တစ်နေ့ ပိုပြီးခက်ခဲလာကြပါတယ်။ ဒီလိုနဲ့ပဲ လုပ်ငန်းခွင်၊ ဖျော်ဖြေရေး နယ်ပယ်အသီးသီးမှာ နှစ်ကြာတဲ့အလိုက် ပိုမိုအောင်မြင်လာတဲ့သူနဲ့ အရင်အတိုင်း ဒုံရင်းကဒုံရင်းသူဆိုပြီး၊ ကွာဟချက်တွေက ကြီးလာပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင်လည်း၊ career အပိုင်းအခြားတစ်ခုမှာ အောင်မြင်နေကြတဲ့သူအများစုက ရေတိုလက်ငင်းသာယာမှုနောက်ကို လိုက်တဲ့စိတ်ထက် အဲ့ဒီလက်ငင်းကိုခံစားချင်တဲ့စိတ်ကို ချိုးဖြတ်ပြီး၊ “The Compound Effect” သဘောတရားကို လိုက်နာခဲ့ကြတဲ့သူတွေများတယ်ဆိုတာ “Success Magazine” ကို တည်ထောင်သူ၊ 🗣️ စာရေးဆရာတစ်ဦးဖြစ်သူ Darren Hardy က ဆိုထားဖူးပါတယ်။ စာဖတ်သူလဲ ရေတိုရလဒ်တွေကိုပဲ ရှေ့တန်းတင်တတ်တဲ့သူဖြစ်လာတာ အတော်ကြာနေပြီဆိုရင်တောင်၊ တကယ် ပြောင်းလဲချင်တယ်ဆိုရင် အချိန်မီပါသေးတယ်။ ဘယ်ကနေ ဘယ်လိုစရမလဲ…၊ ကိုယ့်ဘ၀အတွက် အကျိုးရှိတဲ့ “The Compound Effect” ကို ဘယ်လို ပြန်အသုံးချရမလဲဆိုတာ အချိန်တိုအတွင်း၊ မြန်မာလို အဆီအနှစ် ပြည့်ပြည့်၀၀ ဖတ်ရှုနိုင်အောင်၊ Master Excellent Habits (eBook Series) ထဲမှာ ထည့်သွင်းပေးထားပါတယ်။ ✅ ✨ အခမဲ့ စာမြည်းဖတ်ရှုချင်တယ်ဆိုရင်၊ ဒီလင့်ခ် https://t.me/My12minNotesBot ကို နှိပ်ပြီး၊ "Habits" လို့ပို့ကာ လေ့လာနိုင်ပါပြီခင်ဗျာ။ ❝ 12min Notes Myanmar: Distilling complex ideas and making them accessible and useful for Myanmar people. ❞ #12minNotesMyanmar #TheCompoundEffect #CompoundEffect #Habits #MasterExcellentHabits #အလေ့အကျင့်ကောင်း #QualityInsightsOnly #BetterMeChallenge
177
6
ကြိုးစားမှုကို လက်လျှော့လိုက်တဲ့နေ့ကျမှပဲ တကယ်ရှုံးသွားမှာပါ...
ကြိုးစားမှုကို လက်လျှော့လိုက်တဲ့နေ့ကျမှပဲ တကယ်ရှုံးသွားမှာပါ...
164
7
💥 ရှက်တဲ့စိတ်ဆိုတာ ကိုယ်နဲ့ထိုက်တန်တဲ့ အောင်မြင်မှုတွေကိုမရရှိခင် ကျော်လွှားရမယ့် လှေကားတစ်ထစ်ပါ...
💥 ရှက်တဲ့စိတ်ဆိုတာ ကိုယ်နဲ့ထိုက်တန်တဲ့ အောင်မြင်မှုတွေကိုမရရှိခင် ကျော်လွှားရမယ့် လှေကားတစ်ထစ်ပါ...
174
8
🪩 ကျွန်တော်တို့လို လူရွယ်တွေ ဒီလိုခေတ်မျိုးမှာအဖြစ်များလာတာက မျက်နှာချင်းဆိုင်တွေ့ရတဲ့ဆက်ဆံရေးတွေကို ဖုန်းထဲကဆက်ဆံရေးတွေလောက် သိပ်ပြီး အလေးမထားဖြစ်တော့တာပါ။ ကိုယ့်မိသားစုနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို အချိန်မပေးဘဲ လျစ်လျူရှုလိုက်ဖို့က ဒီခေတ်မှာ အရမ်းလွယ်ကူလာတယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ social life က ကောင်းသလိုလိုနဲ့ နိမ့်ကျလာတာကို… ကိုယ့်ရဲ့လူမှုဆက်ဆံရေးကြောင့် ကိုယ်က ကျန်းမာနေတာလား၊ ထိခိုက်နေတာလားဆိုတာကို ဆန်းစစ်ဖို့လဲသတိမပြုနိုင်ကြတော့ဘူး။ ဟားဗက်တက္ကသိုလ်က သုတေသီတွေရဲ့ သမိုင်းကြောင်းလေ့လာမှုမှာတော့ 🟡 အသက် (၈၀) အထိ အပျော်ရွှင်ဆုံး အကျန်းမာဆုံး နေထိုင်သွားကြရသူတွေဟာ လုပ်ဖော်ကိုင်ဖက်တွေကို မိတ်ဆွေစစ်တွေအဖြစ် ပြောင်းလဲနိုင်ခဲ့သူတွေ၊ မိသားစုနဲ့ သူငယ်ချင်းဆက်ဆံရေးတွေကို ပုံမှန်အချိန်ပေးပြီး ဆက်ဆံရေးအပေါ်မှာ ရင်းနှီးမြှုပ်နှံခဲ့ကြသူတွေလို့ သက်သေပြထားတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုကို တည်ဆောက်တဲ့အခါ “ငွေကြးကြွယ်ဝဖို့”၊ “အောင်မြင်ကျော်ကြားဖို့” တွေက အဓိကမကျဘဲ၊ 🌎 ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို တည်ဆောက်ဖို့က ဘဝရဲ့ secret way of health and happiness အနှစ်သာရဖြစ်တယ်ဆိုတာကို ဒီ TED Talk Summary ကနေတစ်ဆင့် ဝေမျှပေးလိုက်ပါတယ်။ 🥰 ဒီ TED Talk ကို ဟားဗက်ရဲ့ “Adult Development” လေ့လာမှုပရောဂျက်မှာ ပါဝင်ထားတဲ့ စတုတ္တမြောက်ဒါရိုက်တာ 📌 Psychiatrist Robert Waldinger က What Makes A Good Life? Lessons From The Longest Study On Happiness ဆိုတဲ့ခေါင်းစဉ်နဲ့အတူ ပြန်ပြီး ပြောပြထားတာပါ။ 💖 အခုစာဖတ်သူရော… ကိုယ့်ကို စိတ်လုံခြုံမှုပေးနိုင်တဲ့ဆက်ဆံရေးတွေကို ပိုင်ဆိုင်ထားပြီးပြီလား❓
178
9
ရေရှည်အနာဂတ်အတွက် ပန်းတိုင်တွေကို မေးကြည့်တဲ့အခါ လူငယ် (၈၀) ရာခိုင်နှုန်းကျော်ရဲ့ ပထမဆုံးဆန္ဒက 💰 "ချမ်းသာကြွယ်ဝဖို့" ပါတဲ့၊ (၅၀) ရာခိုင်နှုန်းကတော့ 🌎 "ကျော်ကြားသူတစ်ယောက်ဖြစ်ဖို့” လို့ ဖြေကြပါတယ်။ ကျွန်တော်တို့တော်တော်များများလဲ လူငယ်၊ လူရွယ်တွေကိုတွေ့တိုင်းမှာ "ပိုကြိုးစားပါ၊ ရာထူးတက်အောင် လုပ်ပါ၊ အောင်မြင်အောင်ရုန်းကန်ပါ" ဆိုပြီး သူတို့အနာဂတ်အတွက် အမြဲတမ်း တွန်းအားပေးလေ့ရှိတယ်။ ဒါပေမယ့် ဒီအရာတွေက အသက်အရွယ်ရလာတဲ့အခါ သူတို့ကို တကယ်ပျော်ရွှင်စေဖို့ အာမခံ မပေးနိုင်ပါဘူး။ ဒါဆိုရင်… လူတစ်ယောက်အတွက် တစ်သက်လုံး ကျန်းမာပျော်ရွှင်စေနိုင်တဲ့အရာက “ငွေကြေးကြွယ်ဝဖို့”၊ “ကျော်ကြားဖို့” တွေ မဟုတ်ဘူးဆိုရင်၊ ဘာများဖြစ်မလဲ❓ ဟားဗတ်တက္ကသိုလ် (Harvard University) က သုတေသီတွေစုပေါင်းပြီးတော့ သမိုင်းတစ်လျှောက် အကြာဆုံး လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ 📋 (၇၅) နှစ်ကြာအောင် အမျိုးသား (၇၂၄) ဦးရဲ့ ဆေးမှတ်တမ်းတွေ၊ မိသားစုအင်တာဗျူးတွေ၊ အလုပ်အကိုင်နဲ့ ဘဝအတက်အကျတွေကို အသက်အရွယ်အလိုက် အသေးစိတ် စောင့်ကြည့်ပြီးတော့မှ၊ လေ့လာခဲ့ကြတာပါ။ ဒီလိုကောက်ယူခဲ့တဲ့ ဒေတာအချက်အလက်တွေရဲ့ အဆုံးသတ်မှာ… လူတွေရဲ့ တစ်သက်တာ ပျော်ရွှင်မှုက စည်းစိမ်ဥစ္စာ၊ ကျော်ကြားမှု၊ လုပ်ငန်းခွင် အောင်မြင်မှုတွေမဟုတ်ဘဲ၊ ✨ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ တည်ဆောက်နိုင်ခြင်းလို့ အဖြေထွက်လာပါတယ်။ ကောင်းမွန်တဲ့လူမှုဆက်ဆံရေးတွေက ကျွန်တော်တို့အတွက် စစ်မှန်ကြာရှည်ခံတဲ့ ပျော်ရွှင်မှုတွေကို ရစေပြီးတော့၊ ရုပ်ပိုင်းဆိုင်ရာအရလဲ ပိုမိုကြံ့ခိုင်စေတယ်တဲ့။ ══════════════ 🔗 (၁) လေ့လာမှုအရ ခင်မင်ရင်းနှီးစရာ ရှိတဲ့သူနဲ့မရှိတဲ့သူရဲ့ ကျန်းမာရေးအခြေအနေတွေ ကွာခြားတယ်။ ကောင်းမွန်တဲ့ဆက်ဆံရေးတွေက စိတ်ကိုပဲ ပျော်ရွှင်စေတာမဟုတ်ပါဘူး၊ ခန္ဓာကိုယ်အတွက်လဲ ကျန်းမာကြံ့ခိုင်စေနိုင်တယ်။ မိသားစု၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်နဲ့ ခင်မင်ရင်းနှီးကြတဲ့သူတွေက တစ်ယောက်တည်း သီးခြားခွဲထွက်နေသူတွေထက် ပိုပြီး ကျန်းမာသန်စွမ်းသလို၊ အသက်ပိုရှည်ကြတယ်။ ပိုပြီးလဲ ပျော်ရွှင်ကြတယ်၊ ဘဝအနိမ့်အမြင့်တွေကိုလဲ ကောင်းကောင်း ကျော်လွှားနိုင်စွမ်းရှိကြတယ်။ အထီးကျန်တဲ့ခံစားချက်က ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေပါတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျန်းမာရေးယိုယွင်းတာဟာ အထီးကျန်ဆန်မှုကြောင့်ပါ။ ══════════════ 🔗 ၂။ ရင်းနှီးတဲ့ဆက်ဆံရေးတွေရဲ့ အရည်အသွေးက ကိုယ်ခံအားအတွက် ဒိုင်းခံတစ်ခုလို အလုပ်လုပ်ပေးတယ်။ ပဋိပက္ခနဲ့ ရန်များစရာလူတွေနဲ့အတူရှိရလို့ ခံစားရတဲ့ stress level က သူတို့နဲ့ခွဲခွာလို့ဖြစ်ရတဲ့ stress level ထက် ပိုမြင့်ပါတယ်။ ကိုယ့်ရဲ့ social life အတွင်းမှာ လူအများကြီးရှိနေဖို့ထက်၊ ရှိနေတဲ့သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိဖို့က ကိုယ့်ကို ပိုပြီးကျန်းမာပျော်ရွှင်စေနိုင်တယ်။ နွေးထွေးမှု၊ အပြန်အလှန်ဖေးမမှုနဲ့ လေးစားမှုရှိတဲ့ ဆက်ဆံရေးတွေက အသက်ကြီးလို့ ကျန်းမာရေးချို့ယွင်းလာချိန်မှာတောင်မှ လဲကျမသွားစေဘဲ၊ သန်မာကြံ့ခိုင်စေပါတယ်။ ══════════════ 🔗 ၃။ ကောင်းမွန်တဲ့ဆက်ဆံရေးတွေက ဦးနှောက်ကိုပါ အကာအကွယ်ပေးတယ်။ လေ့လာမှုဆေးမှတ်တမ်းတွေအရ လိုအပ်တဲ့အချိန်တိုင်းမှာ ယုံကြည်အားကိုးလို့ရတဲ့ ဆက်ဆံရေးရှိထားသူတွေရဲ့ဦးနှောက်က ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်တယ်၊ မှတ်ဉာဏ်စွမ်းရည်လျှော့ပါးလာမှုလဲ သိသိသာသာ လျော့ကျနေလေ့ရှိတယ်။ ယုံကြည်အားကိုးနိုင်တဲ့ ဆက်ဆံရေးတွေက အမြဲလိုလို သာယာဖြောင့်ဖြူးနေတာကို ဆိုလိုတာမဟုတ်ပေမယ့်၊ အမြင်မတူတာတွေနဲ့ စကားများစရာတွေကြားထဲမှာတောင်မှ နှစ်ဦးကြားမှာ ခိုင်မာတဲ့ယုံကြည်မှုရှိထားတာက ဦးနှောက်အတွက် အလုပ်လုပ်နိုင်ဖို့ အကောင်းဆုံး အခြေအနေတစ်ခုပါ။ တစ်ယောက်ကိုတစ်ယောက် စိတ်ချရတဲ့ဆက်ဆံရေးအတွင်းမှာ သံသယပွားစရာ အလုပ်ပို၊ ဝန်ပိုတွေကို ဦးနှောက်က ပူပင်စရာမလိုတာကြောင့်၊ သူ့ရဲ့စွမ်းဆောင်ရည်ကို ထိန်းထားနိုင်တယ်၊ အာရုံစိုက်စရာရှိတာတွေကို ကောင်းကောင်း အာရုံစိုက်နိုင်တယ်။ ကိုယ့်ဦးနှောက်ကျန်းမာရေးအခြေအနေက ကိုယ့်မှာရှိနေတဲ့ ဆက်ဆံရေးတွေအပေါ်မှာ အများကြီး မူတည်နေတာကို တွေ့ရပါတယ်။ ══════════════ (ဆက်ရန်)
137
10
Matn yo'q...
129
11
👀 စာဖတ်သူရော ဘယ်လိုထင်လဲ... A လား၊ B လား။ ကောမန့်မှာ ရေးခဲ့နော်။ #QuizTime #PricingPsychology #choicepsychology #BusinessPsy
👀 စာဖတ်သူရော ဘယ်လိုထင်လဲ... A လား၊ B လား။ ကောမန့်မှာ ရေးခဲ့နော်။ #QuizTime #PricingPsychology #choicepsychology #BusinessPsychology #စီးပွားရေး #စိတ်ပညာ
152
12
❤️‍🩹 အခုလို အားလုံးရုန်းကန်နေရတဲ့ကာလမှာ၊ ကိုယ်က အနည်းငယ် ပိုပြီး အသက်ရှူချောင်နေသေးတယ်ဆိုရင်... ကျနော်တို့ရဲ့ အနည်းငယ်သော မျ
❤️‍🩹 အခုလို အားလုံးရုန်းကန်နေရတဲ့ကာလမှာ၊ ကိုယ်က အနည်းငယ် ပိုပြီး အသက်ရှူချောင်နေသေးတယ်ဆိုရင်... ကျနော်တို့ရဲ့ အနည်းငယ်သော မျှဝေမှုက ခက်ခဲနေတဲ့ ဘဝတစ်ခုအတွက်တော့ အသက်ဆက်စရာ အားဆေးတစ်ခု ဖြစ်သွားနိုင်တာမို့၊ တတ်နိုင်တဲ့အင်အားနဲ့ ဖေးမကူညီဖို့ မတုံ့ဆိုင်းပါနဲ့ခင်ဗျာ။
227
13
Matn yo'q...
243
14
😩 မနက်ကိုး ညနေငါး၊ တစ်ပတ် (၆) ရက်လုံး အလုပ်တွေရှုပ်နေပေမယ့်၊ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့အရည်အသွေး၊ အခြေအနေနဲ့ပတ်သက်ပြီး၊ ကိုယ်တိုင်တောင် စိတ်ကျေနပ်မှုမရှိ၊ အလုပ်ဆင်းချိန်ရောက်တဲ့အခါမှာလဲ စိတ်ထဲ ပေါ့ပါးမှု မရှိသလို ဖြစ်နေလား။ အဆိုးဆုံးကတော့ မနက်နိုးလာတိုင်း လန်းဆန်းမနေဘဲ၊ အလုပ်သွားဖို့ စိတ်မပါ၊ တစ်နေ့တာကုန်သွားရင်လဲ ဘာမှ မပြီးမြောက်လိုက်သလိုနဲ့ အလုပ်တွေပိပြီး ကျန်ခဲ့တဲ့အပြင်၊ ညဘက်အိမ်ရောက်တဲ့အခါ အိပ်ရာထဲခွေလှဲပြီး၊ ဖုန်းထိုင်ကြည့်ရင်းနဲ့ လှုပ်တောင် မလှုပ်နိုင်လောက်အောင် စိတ်ရောလူပါ အားအင်ကုန်ခမ်းပြီး၊ “burnout” ဖြစ်လာရတာပါပဲ။ ❌ ဒီလိုဖြစ်နေတာဟာ စာဖတ်သူက ပျင်းလို့၊ အလုပ်ကို မကြိုးစားလို့ မဟုတ်ပါဘူး။ စာဖတ်သူအပါအဝင် Knowledge worker အများစုရဲ့ အလုပ်လုပ်ပုံ နည်းလမ်း မှားယွင်းနေလို့ ဖြစ်ပါတယ်။ ဒီလိုကြုံတွေ့နေရတာကို ကျော်ဖြတ်နိုင်ဖို့အတွက်၊ ကမ္ဘာကျော်စာရေးဆရာ Cal Newport က Burnout မဖြစ်စေဘဲ၊ အလုပ်တွေကို အရည်အသွေးကောင်းကောင်းနဲ့ လုပ်ဆောင်နိုင်မယ့် "Slow Productivity" နည်းလမ်း (၃) ခုကို မျှဝေပေးချင်ပါတယ်။ ⬛ (၁) အလုပ်တွေကို တစ်ပြိုင်နက်တည်း အများကြီးမလုပ်ပါနဲ့။ အချိန်တစ်ချိန်တည်း၊ တပြိုင်နက် multi-tasking လုပ်တာက အလုပ်များများပြီးတယ်ထင်ရပေမယ့်၊ ဒီအကျင့် ဦးနှောက်ကို အလွန်အမင်း ပင်ပန်းစေပါတယ်။ အလုပ်တစ်ခုကနေ တစ်ခုကို ခဏခဏ ကူးပြောင်းနေတဲ့အခါ၊ ဦးနှောက်မှာ Attention Residue လို့ ခေါ်တဲ့ အာရုံစိုက်မှု အကြွင်းအကျန်တွေ ကျန်ခဲ့ပြီး၊ စိတ်ပင်ပန်းနွမ်းနယ်စေသလို၊ အလုပ်အရည်အသွေးကိုပါ ကျဆင်းစေပါတယ်။ 🎯 အဲ့ဒီအစား တစ်ချိန်မှာ အလုပ် တစ်ခုတည်းကိုပဲ ရာနှုန်းပြည့် အာရုံစိုက်ပြီး ပြီးအောင်လုပ်ပါ။ အလုပ်တွေကို တစ်ခုပြီးမှတစ်ခု အာရုံစိုက်လုပ်ခြင်းက အလုပ်ပြီးမြောက်တဲ့အရှိန်ကိုရော၊ အရည်အသွေးကိုပါ ပိုမို တိုးတက်စေပါတယ်။ ⬛ (၂) သင့်ရဲ့နဂိုအလုပ်လုပ်တဲ့အရှိန်တိုင်းသာ မှန်မှန်လုပ်ပါ။ တကယ်တော့ တစ်ပတ်မှာ (၆) ရက်လုံး အစွမ်းကုန် အားစိုက်ပြီး၊ နေ့တိုင်း အပြေးပြိုင်နေသလို အလုပ်လုပ်ဖို့ မလိုအပ်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ သဘောသဘာဝအလိုက်၊ အလုပ်ရှုပ်တဲ့ရက်တွေရှိနိုင်သလို၊ သက်တောင့်သက်သာနဲ့ အလုပ်လုပ်နိုင်တဲ့ရက်တွေကိုလဲ စိတ်ရှင်းရှင်းနဲ့ လက်ခံပြီး၊ ပေါ့ပေါ့ပါးပါး အလုပ်လုပ်ပေးသင့်ပါတယ်။ ဒါမှပဲ သင့်မှာရှိသမျှ စွမ်းအင်ကို နေ့တိုင်း အတင်း ညှစ်မသုံးဖြစ်တော့ဘဲ၊ ကိုယ်ပိုင် အရှိန်နဲ့ ရေရှည် အေးအေးဆေးဆေး အလုပ်လုပ်ဖြစ်တတ်လာမှာပါ။ ⬛ (၃) အလုပ်ရဲ့ အရည်အသွေးပေါ်မှာပဲ အာရုံစိုက်ပါ။ ကျနော်တို့အများစုက အလုပ်ကို ပြီးချင်ဇောနဲ့ တစ်ချိန်တည်းမှာတင် အီးမေးလ်ကနေ စာပြန်၊ အစည်းအဝေးအတွက် စာရိုက်၊ အထက်လူကြီးကို တင်ပြဖို့ report ရေး စသဖြင့် အလုပ်မျိုးစုံကို လုပ်ဖြစ်နေတတ်ပါတယ်။ ဒီအလေ့အကျင့်က သင်လုပ်နေတဲ့အလုပ်ရဲ့ အရည်အသွေးကို မကောင်းမွန်စေဘဲ၊ သင့်ရဲ့ စွမ်းအင်တွေကိုပဲ မြန်မြန် ကုန်ခမ်းစေတာပါ။ 🎯 ဒါကြောင့် သင့်အလုပ်မှာ တန်ဖိုးအရှိဆုံးနီးပါး ရလဒ်ထွက်စေတဲ့ အဓိကအရာတစ်ခုကို ရှာပြီး အဲဒီအရာ ပိုမိုကောင်းမွန်လာဖို့ပဲ အာရုံစိုက်ပါ။ အရည်အသွေးကိုပဲ စွဲစွဲမြဲမြဲ ဂရုစိုက်လိုက်တဲ့အခါ၊ တခြား မလိုလားအပ်တဲ့ စာပြန်တာတွေ၊ စာရိုက်ပေးနေတာတွေက အမှန်တကယ် အလုပ်လုပ်နေတာမဟုတ်ဘဲ၊ အဟန့်အတားတွေဖြစ်နေမှန်း သတိပြုမိလာပါလိမ့်မယ်။ အခုပြောပြသွားတဲ့ အချက် (၃) ချက်အတိုင်း သင် အလုပ်လုပ်တဲ့ပုံစံကို ပြောင်းလဲလိုက်မယ်ဆိုရင်၊ အလုပ်ပြီးမြောက်မှု မြန်ဆန်လာမယ့်အပြင် သင့်ရဲ့ စိတ်ကျန်းမာရေးနဲ့ ဘဝဟန်ချက်ညီမှုပါ ပြန်လည်ရရှိလာမှာ အသေအချာပါပဲ။ ❓ စာဖတ်သူရော လက်ရှိအချိန်မှာ ဘယ်လို အကြောင်းအရင်းတွေကြောင့်၊ Burnout ဖြစ်နေရတာလဲ။ Comment မှာ စာဖတ်သူရဲ့ အမြင်ကို မျှဝေပေးခဲ့ဖို့ မမေ့နဲ့နော်။
248
15
Fine Dining စားသောက်ဆိုင်တွေမှာ မီးရောင်ကို ဘာလို့ မှိန်မှိန်လေးပဲထားကြတာလဲ။
191
16
Matn yo'q...
197
17
✨ စာဖတ်သူရော ဒီလထဲမှာ ဘယ် "A" ကို အဓိကထားပြီး ရှင်သန်မလဲ။ ဒါမှမဟုတ် ကိုယ်တိုင် သီးသန့် သတ်မှတ်ထားတဲ့ အဓိပ္ပာယ်တွေရောရှိလား။ #
✨ စာဖတ်သူရော ဒီလထဲမှာ ဘယ် "A" ကို အဓိကထားပြီး ရှင်သန်မလဲ။ ဒါမှမဟုတ် ကိုယ်တိုင် သီးသန့် သတ်မှတ်ထားတဲ့ အဓိပ္ပာယ်တွေရောရှိလား။ #August #findyourpurpose #inspiration
236
18
ကြိုးစားမှုကို လက်လျှော့လိုက်တဲ့နေ့ကျမှသာ တကယ်ရှုံးသွားတာပါ။ 💪🏻
ကြိုးစားမှုကို လက်လျှော့လိုက်တဲ့နေ့ကျမှသာ တကယ်ရှုံးသွားတာပါ။ 💪🏻
232
19
Matn yo'q...
220
20
🥵💢 ဒီနေ့ခတ်မှာ လူတော်တော်များများ “burnout” လွယ်လွယ် ဖြစ်လာရတာက “Time Management” မကောင်းလို့ မဟုတ်ပါဘူး။ တကယ်တော့ ကိုယ့်ခန္ဓာရဲ့ စွမ်းအင်စီမံခန့်ခွဲမှု “Energy Management” ကို မေ့လျော့ထားမိတတ်ကြလို့ပါ။ အချိန်ဆိုတာ အမြဲ ပုံသေနည်းကျ စီးဆင်းနေပေမယ့်၊ စွမ်းအင်ကတော့ နိမ့်တစ်လှည့်၊ မြင့်တစ်လှည့် ဖြစ်တည်နေတာမို့၊ ကိုယ့်ရဲ့ စွမ်းအင် အတက်အကျအလိုက်၊ တစ်နေ့တာ အလုပ်နဲ့အချိန်တွေကို ပါးပါးနပ်နပ် ခန့်ခွဲဖို့လိုအပ်ပါတယ်။ ဒါကြောင့် Time Management, Energy Management ကို ထိထိရောက်ရောက် အသုံးပြုတတ်လာစေမယ့် စာအုပ် (၃) အုပ်ကို မျှဝေပေးလိုက်ပါတယ်။ ⬛ (၁) 𝗗𝗲𝗲𝗽 𝗪𝗼𝗿𝗸 𝗯𝘆 𝗖𝗮𝗹 𝗡𝗲𝘄𝗽𝗼𝗿𝘁 အမြဲ အလုပ်ရှုပ်နေပေမဲ့ အရာမထင်ဖြစ်နေရတာ "Energy Management" လိုနေလို့ပါ။ "Deep Work" စာအုပ်က သင့်ကို အာရုံစူးစိုက်မှု ချောက်ထဲတွန်းပို့နေတဲ့ Notification တွေကြားကနေ ရုန်းထွက်ပြီး၊ ဦးနှောက်ရဲ့ စွမ်းအင်ကို အမြင့်ဆုံး အသုံးချနိုင်မယ့် နည်းလမ်း (၄) မျိုးကို အသေးစိတ် သင်ပေးပါလိမ့်မယ်။ အချိန်ဆွဲတဲ့ အကျင့်ကို ဖျက်ဆီးပြီး မိနစ် ၉၀ အတွင်း အရည်အသွေးမြင့် ရလဒ်တွေ ဖန်တီးချင်ရင်တော့ ဒီစာအုပ်ကို မဖြစ်မနေ ဖတ်ကြည့်ဖို့ ညွှန်းပါရစေ။ ⬛ (၂) 𝗪𝗵𝗲𝗻 𝗯𝘆 𝗗𝗮𝗻𝗶𝗲𝗹 𝗛.𝗣𝗶𝗻𝗸 အလုပ်တစ်ခုကို ဘယ်လိုနည်းလမ်းတွေနဲ့ ပိုကောင်းအောင်လုပ်ရမလဲ ဆိုတာထက် "ဘယ်အချိန်မှာ လုပ်ရမလဲ" ဆိုတဲ့ Perfect Timing သိပ္ပံနည်းကျ လျှို့ဝှက်ချက်တွေကို "WHEN" စာအုပ်မှာ လေ့လာနိုင်ပါတယ်။ တစ်နေ့တာအတွင်း အာရုံစူးစိုက်မှု အဆိုးရွားဆုံးကျဆင်းတတ်တဲ့ နေ့လည် (၂) နာရီကနေ (၄) နာရီကြားကာလကို ကျော်လွှားဖို့ NASA နဲ့ ပရိုဂရမ်မာတွေ သုံးလေ့ရှိတဲ့ "Nappuccino" နည်းလမ်း၊ ကိုယ့်ရဲ့ ခန္ဓာကိုယ် ဇီဝနာရီ (Circadian Rhythm) အလိုက် ယုတ္တိဆန်တဲ့အလုပ် “Logical Work” နဲ့ တီထွင်ကြံဆရတဲ့အလုပ် “Insight Work” တွေကို ဘယ်လို ခွဲခြားလုပ်ဆောင်ရမလဲဆိုတဲ့ လက်တွေ့ကျ အိုင်ဒီယာတွေကို အသုံးချချင်ရင်၊ ဒီစာအုပ်က သင့်အတွက်ပါ။ ⬛ (၃) 𝗧𝗵𝗲 𝗣𝗿𝗼𝗱𝘂𝗰𝘁𝗶𝘃𝗶𝘁𝘆 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗯𝘆 𝗖𝗵𝗿𝗶𝘀 𝗕𝗮𝗶𝗹𝗲𝘆 Productivity ဆိုတာ အချိန်ပိုပေးတာမဟုတ်ဘဲ ကိုယ့်ရဲ့ “Energy Level” အမြင့်ဆုံးအချိန်ကို သိပြီး၊ သေချာအသုံးချတာပါ။ The Productivity Project စာအုပ်ထဲမှာပါတဲ့ Biological Prime Time နည်းလမ်းအတိုင်း၊ ကိုယ့်ရဲ့ Energy peak ဖြစ်တဲ့အချိန်ကို ရှာပြီး အရေးကြီးဆုံးအလုပ်ကို လုပ်နိုင်မယ်ဆိုရင်၊ သိပ်အပင်ပန်းခံစရာမလိုဘဲ၊ အလုပ်တွေ ချောချောမွေ့မွေ့ အပြီးသတ်နိုင်ပါလိမ့်မယ်။ သင့်ရဲ့ Energy ကို စနစ်တကျစီမံပြီး အချိန်ပိုတွေ ထွက်လာစေမယ့် ဒီလျှို့ဝှက်ချက်တွေကို အပြည့်အစုံ သိချင်ရင်တော့၊ The Productivity Project ကို အရင်ဖတ်ရှုကြည့်ပါ။ အခုမျှဝေသွားတဲ့ စာအုပ် (၃) အုပ်လုံးကို 12mins Notes Myanmar ရဲ့ ရောင်းအားအကောင်းဆုံး 🔥 10X Productivity Pack ထဲမှာ မြန်မာဘာသာဖြင့် အဆီအနှစ်ထုပ်ရေးသားထားတဲ့၊ Actionable Executive Summary Notes (eBook) အဖြစ် အချိန်တိုအတွင်း ဖတ်ရှုကာ အသုံးချနိုင်ပါတယ်။ ❑ စာဖတ်သူရဲ့ Productivity ကို အဆပေါင်းများစွာ တိုးမြှင့်ပေးပြီး၊ Work Performance ကို (၁၀) ဆမက တိုးတက်လာစေမယ့်အပြင်၊ Work-life balance ရှိအောင် အချိန်ကို စီမံခန့်ခွဲနိုင်စေမယ့် 10X Productivity Pack ဖြစ်တာမို့၊ Productive ဖြစ်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်၊ 👉 comment မှာ “10X” လို့ ရေးခဲ့ပါ။ ကျနော်တို့ဘက်ကနေ အမြန်ဆုံး ဆက်သွယ်ပေးသွားပါမယ်ခင်ဗျာ။ ❝ 12min Notes Myanmar: Distilling complex ideas and making them accessible and useful for Myanmar people. ❞ #12minNotesMyanmar #10XProductivityPack #10X #EnergyManagement #TimeManagement #Productivity #DeepWork #TheProductivityProject #When
199