Think Better ~ 12min Notes Myanmar (Est. 2019)
الذهاب إلى القناة على Telegram
We distill complex ideas and make them accessible and useful for Myanmar people. Web: https://12minnotes.com YT: https://www.youtube.com/12minNotesMyanmar FB: https://www.facebook.com/12minNotes Messenger: https://m.me/12minNotes TG: @My12minNotesBot
إظهار المزيد1 687
المشتركون
لا توجد بيانات24 ساعات
-47 أيام
-1030 أيام
جاري تحميل البيانات...
القنوات المماثلة
سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
أكتوبر '26أكتوبر '26
أكتوبر '26
+5
في 0 قنوات
سبتمبر '26
+28
في 0 قنوات
Get PRO
أغسطس '26
+51
في 0 قنوات
Get PRO
يوليو '26
+78
في 0 قنوات
Get PRO
يونيو '26
+47
في 0 قنوات
Get PRO
مايو '26
+31
في 0 قنوات
Get PRO
أبريل '26
+32
في 0 قنوات
Get PRO
مارس '26
+23
في 0 قنوات
Get PRO
فبراير '26
+25
في 0 قنوات
Get PRO
يناير '26
+21
في 0 قنوات
Get PRO
ديسمبر '25
+19
في 0 قنوات
Get PRO
نوفمبر '25
+13
في 0 قنوات
Get PRO
أكتوبر '25
+20
في 0 قنوات
Get PRO
سبتمبر '25
+17
في 0 قنوات
Get PRO
أغسطس '25
+37
في 0 قنوات
Get PRO
يوليو '25
+39
في 0 قنوات
Get PRO
يونيو '25
+28
في 0 قنوات
Get PRO
مايو '25
+39
في 0 قنوات
Get PRO
أبريل '25
+25
في 0 قنوات
Get PRO
مارس '25
+48
في 0 قنوات
Get PRO
فبراير '25
+52
في 0 قنوات
Get PRO
يناير '25
+74
في 0 قنوات
Get PRO
ديسمبر '24
+84
في 0 قنوات
Get PRO
نوفمبر '24
+87
في 0 قنوات
Get PRO
أكتوبر '24
+78
في 0 قنوات
Get PRO
سبتمبر '24
+72
في 0 قنوات
Get PRO
أغسطس '24
+179
في 0 قنوات
Get PRO
يوليو '24
+1 104
في 0 قنوات
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 04 أكتوبر | +2 | |||
| 03 أكتوبر | +1 | |||
| 02 أكتوبر | +2 | |||
| 01 أكتوبر | 0 |
منشورات القناة
| 2 | ❝ အရုပ်တစ်ရုပ်ကို သောင်းဂဏန်းပေးရတာတောင်၊ လူတွေ မဝယ်ဘဲ မနေနိုင်အောင်၊ လှုံဆော်နိုင်တဲ့အထိ Pop Mart က ဘာတွေများ ထူးခြားနေလို့လဲဆိုပြီး တွေးမိဖူးလား ❞
လက်ရှိမှာ Blind Box Concept ကို လူတိုင်း ရင်းရင်းနှီးနှီး ကြားဖူးနေတဲ့အထိ၊ ရေပန်းစားလာအောင် လုပ်နိုင်တဲ့ Pop Mart ရဲ့ Labubu အရုပ်တွေက ဒီလောက်ထိ ရူးရူးမူးမူး ပေါက်ကွဲအောင်မြင်နေတာက ကံကောင်းမှုတစ် ခုမဟုတ်ပါဘူး။ ဒီလုပ်ငန်းရဲ့ နောက်ကွယ်မှာ လူတွေ မဝယ်ရ မနေနိုင်ဘဲ၊ စွဲလမ်းသွားအောင်၊ Consumer Psychology (သုံးစွဲသူ စိတ်ပညာ) နဲ့ Behavioral Science ကို အသုံးချပြီး စနစ်တကျ ဖန်တီးထားတာ ဖြစ်ပါတယ်။
⚫ Pop Mart က အရုပ်တွေကို သာမန် အရုပ်ရောင်းသလိုမျိုး ရိုးရိုးတန်းတန်း မရောင်းပါဘူး။ ဘူးမဖောက်ခင်ကတည်းက လူတွေရဲ့ မသေချာမှုဆိုတဲ့ ခံစားချက်ကို ကစားပြီး၊ ဒိုပါမင်းဓာတ်တွေ ထွက်လာအောင် လှုံဆော်ပစ်လိုက်တာပါ။ ဒီနည်းနဲ့ "ဒီတစ်ခါ ဖောက်ရင် ငါလိုချင်တဲ့ အရုပ် ရမလား" ဆိုတဲ့ မျှော်လင့်ချက်ကို လောင်းကစားဆန်ဆန် စွဲလမ်းသွားအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Pop Mart ရောင်းနေတာက အရုပ်တစ်ခုတည်းတင် မဟုတ်ဘဲ၊ ဝယ်ယူတွေရဲ့ ရင်ခုန်မှုနဲ့ မျှော်လင့်ချက်ကို ပါးပါးနပ်နပ် ရောင်းသွားတာဖြစ်တယ်ဆိုတာ စာဖတ်သူလဲ လက်ခံနိုင်မယ်ထင်ပါတယ်။
⚫ ဒါတင်မကပဲ… အရုပ်ဘူးပေါင်း (၁၄၄) ဘူးမှာမှ (၁) ဘူးတည်းမှာပဲ ရှားပါးအရုပ်တွေကို ထည့်ပေးပြီး၊ ရဖို့ခက်မှ ပိုတန်ဖိုးထားတတ်၊ ပိုလိုချင်တဲ့ လူတွေရဲ့ စိတ်သဘော “Scarcity Effect" ကိုလည်း အမိအရ အသုံးချထားပါသေးတယ်။ ဒါကြောင့် လူတွေက ပိုင်ဆိုင်နိုင်ဖို့ မလွယ်တဲ့၊ ရှားပါးတဲ့ အရုပ်လေးတွေကို ပိုတန်ဖိုးထားဖြစ်လာပြီး၊ လိုက်လံ စုဆောင်းချင်စိတ် တရိပ်ရိပ် တက်လာတော့တာ ဖြစ်ပါတယ်။
ဒီတော့ ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို သာမန် ပစ္စည်းတစ်ခုလို မဟုတ်ဘဲ၊ သုံးစွဲသူတွေ မဝယ်ရ မနေနိုင်အောင် စွဲလမ်းသွားစေမယ့် စိတ်ပညာ နည်းဗျူဟာတွေကို စိတ်ဝင်စားတယ်ဆိုရင်၊ ကိုယ့်စီးပွားရေးမှာ ပြန်အသုံးချနိုင်မယ့် နည်းလမ်းတွေကို အောက်ပါ Link ကနေ အခုပဲ အခမဲ့ သွားရောက်ကြည့်ရှုလိုက်ပါခင်ဗျာ။
👉 ဗီဒီယို ကြည့်ရှုရန် - https://youtu.be/esU1V13RokM?si=ZtNdMKH2NRb6fAei
#12minNotesMyanmar #Neuromarketing #Branding #MarketingPsychology #ProfitsMaxProgram #BusinessPsychology #MyanmarBusiness #Labubu #BlindBox #Scarcity #PopMart | 86 |
| 3 | 🔴 ဒီ Thinking Styles (၉) မျိုးထဲမှာ စာဖတ်သူ အားအသာဆုံး တွေးခေါ်ပုံဆိုရင် ဘာတွေ ဖြစ်မလဲ။
#12minNotesMyanmar #PracticalThinkingTool #MentalModelForBetterThinking #QualityInsightsOnly #BetterThinking #MentalModels #thinkingstyles #thinkingtools | 160 |
| 4 | لا يوجد نص... | 172 |
| 5 | لا يوجد نص... | 156 |
| 6 | ကိုယ်နဲ့ တစ်နေ့ (၂၄) နာရီ အတူတူချင်းတွေပဲဟာ… တချို့လူတွေ ဒီအချိန်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုများ တွေးနေကြလဲလို့ စူးစမ်းချင်ဖူးလား ?
လူတိုင်းမှာ တစ်နေ့ကို (၂၄) နာရီစီ ရှိကြပေမယ့် တချို့လူတွေက ဒီအချိန်တွေကို အမှားနည်းနည်းနဲ့ မြန်မြန်ဆန်ဆန် ဖြတ်သန်းနိုင်ကြတယ်၊ ပြဿနာတွေကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ကြတယ်။ သူတို့တွေက ဘာတွေများ ထူးခြားနေလို့လဲ၊ ဘာတွေများ ပိုသိ၊ ပိုတတ်နေကြလို့လဲ❓
ဒါကိုသိဖို့အတွက် ဟောပြောပွဲတွေကို တကူးတက သွားနားထောင်ဖို့ မလိုပါဘူး။ 👉🏻 Tim Ferriss ရဲ့ 📌 "Tools of Titans" က ဒီအဖြေတွေကို အတိအကျ တထိုင်တည်းနဲ့ သိသွားအောင်လို့ ရေးပေးထားပါတယ်။
ဒီစာအုပ်က အောင်မြင်မှုအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဆရာကြီးလုပ်ထားတဲ့ စာအုပ်မျိုးမဟုတ်ပါဘူး။ ဘီလီယံနာတွေ၊ ကမ္ဘာ့အဆင့်မီ အားကစားသမားတွေနဲ့ ထိပ်တန်းဖန်တီးရှင်တွေ ကိုယ်တိုင်က သူတို့ရဲ့ အမှားတွေ၊ အလေ့အကျင့်တွေနဲ့ 🎲 သူတို့တကယ်သုံးနေတဲ့ တွေးခေါ်စဉ်းစားပုံ (Mental Models Tools) တွေကို Tim Ferriss ရဲ့ 🔗 The Tim Ferriss Show Podcast အစီအစဉ်မှာ ရိုးရိုးသားသား ဖွင့်ဟပြထားတာတွေကို ပြန်ပြီး အနှစ်ချုပ်ပေးထားတဲ့ အနှစ်သာရအပြည့် စာအုပ်တစ်အုပ်ပါ။
Tim Ferriss ရဲ့ Tools of Titans စာအုပ်ထဲမှာ လက်တွေ့ကျကျ လေ့လာရမယ့် အပိုင်းတွေကတော့ 👇🏻
🎲 သူတို့ရဲ့ Morning Routine & Energy Management Techniques တွေ။
တစ်နေ့တာကို အကောင်းဆုံး စတင်နိုင်ဖို့ သူတို့တွေ မနက်ခင်းမှာ ဦးနှောက်နဲ့စိတ်ကို ဘယ်လိုနှိုးဆွကြသလဲ၊ ဘာတွေလုပ်လေ့ရှိလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ဝေမျှထားတာပါ၊ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရနေပြီးသား လူတစ်ဦးချင်းဆီက ရိုးရှင်းပြီး အစွမ်းထက်တဲ့ အလေ့အကျင့်တွေကို အသေးစိတ် မြင်ရနိုင်ပါတယ်။
🎲 သူတို့ ဘယ်လို Decision Making လုပ်ကြလဲ၊ ဘယ်အချိန်မှာ ဘယ်လိုမျိုး အာရုံစိုက်ကြသလဲ။
စိတ်ရှုပ်စရာတွေများပြီး ဦးနှောက်ခြောက်နေချိန်မှာ၊ ဒါမှမဟုတ် ရွေးချယ်စရာ အများကြီးကြား ရှုပ်ထွေးနေချိန်မှာ ဘယ်လိုဖြတ်လမ်းနည်းတွေ အသုံးချလေ့ရှိလဲ၊ သူတို့ဖြစ်ချင်တာတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဘယ်လိုစီမံခန့်ခွဲလေ့ရှိလဲ ဆိုတာကို မြင်ရနိုင်ပါတယ်။
🎲 သူတို့မှာ Resilience ဘယ်လောက်ရှိထားသလဲ၊ Stress တွေကြုံလာတဲ့အခါ သူတို့ရင်ဆိုင်ကြသလဲ။
ပြဿနာကြီးကြီးမားမားနဲ့ ရင်ဆိုင်ရချိန်၊ အဆင်မပြေတာတွေကို သူတို့ဘယ်လိုမြင်ကြသလဲ၊ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ပြီးတော့၊ ဘယ်လို ပြန်ပြီး ရုန်းထတတ်ကြလဲဆိုတဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ သန်မာမှုတွေ၊ အတွေးအမြင်တွေ၊ စဉ်းစားတွေးခေါ်ပုံ (Mental Models) တွေကို သေသေချာချာ လေ့လာနိုင်ပါတယ်။
အောင်မြင်မှုကိုပိုင်ဆိုင်ဖို့ ကြီးကျယ်တဲ့သီအိုရီတွေထက် 🔥 "မနက်ဖြန် ချက်ချင်း ကိုယ်တိုင်သုံးလို့ရမယ့် အဆီအနှစ်တွေ" သက်သက်ကို Tim Ferriss က 📍 “Health (ကျန်းမာရေး)၊ 📍 Wealth (စီးပွားရေး)၊ 📍 Wise (ဉာဏ်ပညာ)” ဆို အပိုင်းသုံးပိုင်းခွဲပြီးတော့ စနစ်တကျ စုစည်းပေးထားတာဖြစ်လို့၊ ကိုယ့်ဘဝလမ်းကြောင်းအတွက် ကျစ်လစ်ခိုင်မာတဲ့ လမ်းညွှန်မှုကောင်းတွေကို လိုအပ်နေချိန်မှာ လက်စွဲပြုဖို့ အရမ်းတန်တဲ့ စာအုပ်ပါ။
စာဖတ်သူကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်တက်လမ်းအတွက် အပတ်တကုပ် ကြိုးစားနေတဲ့ သူငယ်ချင်းမိတ်ဆွေအတွက်ဖြစ်ဖြစ် Tim Ferriss ရဲ့ Tools of Titans စာအုပ်လေးက လိုအပ်တဲ့ အထောက်အကူတွေ ပေးနိုင်ပါလိမ့်မယ်။
12min Notes Myanmar (Est. 2019) ရဲ့ မြန်မာလုပ်ငန်းရှင်တွေအတွက် အထူးစီစဉ်ပေးထားတဲ့ 💎 Complete Business Essentials (Advanced Learning Program) ထဲမှာလဲ ဒီ Tools of Titans စာအုပ်အနှစ်ချုပ် သီအိုရီနဲ့ အဆီအနှစ်တွေကို
👉🏻 eBook Version နဲ့ အနှစ်ချုပ် မြန်မာဘာသာပြန်ပေးထားသလို၊
👉🏻 တစ်နာရီစာကြာတဲ့ Mind Map Video Training အနေနဲ့လဲ ထည့်သွင်းပေးထားတာမို့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေအတွက် အထူးအကျိုးဖြစ်စေပါတယ်။
Complete Business Essentials (Advanced Learning Program) ကို ဝင်ရောက်လေ့လာနေတဲ့ လုပ်ငန်းရှင်ပေါင်း (၉၀၀) ကျော်နေပါပြီ။
📌 CBE Program အကြောင်းကို အသေးစိတ် စုံစမ်းဖို့ ဒီကနေ “CBE” လို့ ပို့လိုက်ပါ။
👉🏻 https://t.me/My12minNotesBot
ကိုယ့်တက်လမ်းအတွက် တစိုက်မတ်မတ် ကြိုးစားနေတဲ့သူတိုင်းလဲပဲ ဒီ Tools of Titans စာအုပ်လေးကို တစ်ခါလောက်တော့ ဖတ်ကြည့်လိုက်ပါဦး။ 😉 | 154 |
| 7 | ✨ ဒီနေ့ရော...ဘယ်လိုလဲ။ ပျော်ရွှင်မှုတွေကို ဆုံးရှုံးနေရလား၊ ရရှိနေတာလား။
#12minNotesMyanmar #QualityInsightsOnly #FoodsforThoughts #SelfHelp
#ralphwaldoemerson #happiness #quotesoftheday | 189 |
| 8 | ❗September လအတွက် အထူးစီစဉ်ထားတဲ့ "Mental Resilience" Free Reading Challenge ကို Join ဖို့ အချိန် ၇ ရက်ပဲ ကျန်တော့တယ်နော်!
ဒီ Challenge မှာ (အုပ်ရေ သန်းပေါင်းများစွာ ရောင်းချထားရတဲ့) ကမ္ဘာ့ထိပ်တန်း စာအုပ် ၅ အုပ်ထဲက အနှစ်သာရတွေကို မြန်မာလို အသေးစိတ် မှတ်စုထုတ်ထားတဲ့ 12min Mastery Notes တွေကို ၅ ရက်ဆက်တိုက် အခမဲ့ ဖတ်ရှုနိုင်မှာပါ။
📚ပါဝင်တဲ့ ထိပ်တန်းစာအုပ်တွေက −
1. Mindset - Dr. Carol S. Dweck ✨4 M Copies Sold!
ကိုယ့်ရဲ့ အရည်အချင်းနဲ့ ဉာဏ်ရည်ဆိုတာ မွေးရာပါ ပုံသေမဟုတ်ဘဲ ပြောင်းလဲတိုးတက်နိုင်တယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပေးမယ့် နာမည်ကျော် စာအုပ်ပါ။ အခက်အခဲတွေကို အရှုံးမပေးဘဲ အောင်မြင်မှုအဖြစ် ဘယ်လိုပြောင်းလဲမလဲဆိုတာ ဒီထဲမှာ လက်တွေ့ အဖြေရှာကြည့်လို့ရမှာပါ။
2. The Upward Spiral - Dr. Alex Korb ✨500K Copies Sold!
စိတ်ဓာတ်ကျခြင်း သံသရာထဲကနေ ရုန်းထွက်ဖို့ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို သိပ္ပံနည်းကျ အလွယ်တကူ ရှင်းပြထားတဲ့ စာအုပ်ပါ။ နေ့စဉ် အလေ့အကျင့် သေးသေးလေးတွေ ပြောင်းလဲလိုက်ရုံနဲ့ ကိုယ့်ရဲ့ အတွေးအခေါ်နဲ့ စိတ်အခြေအနေတွေ ဘယ်လို တဟုန်ထိုး တိုးတက်သွားမလဲဆိုတာ လက်တွေ့ ချက်ချင်း သုံးကြည့်လို့ရမယ့် နည်းလမ်းပေါင်းများစွာကို သိသွားမှာပါ။
3. The Obstacle is The Way - Ryan Holiday ✨3 M Copies Sold!
ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတိုင်းဟာ တကယ်တော့ ကိုယ့်ကို ပိုကောင်းတဲ့လမ်းကြောင်းပေါ် တွန်းတင်ပေးမယ့် အခွင့်အရေးတွေပါပဲ။ ပိတ်နေတဲ့တံတိုင်းတွေကို လှေကားထစ်လုပ်ပြီး အောင်မြင်မှုဆီ ဘယ်လိုလျှောက်လှမ်းမလဲဆိုတာကို သမိုင်းဝင် ပုဂ္ဂိုလ်တွေရဲ့ ဥပမာတွေနဲ့ ရှင်းပြပေးထားတဲ့ နာမည်ကြီး စာအုပ်တစ်အုပ်ပါ။
4. Feeling Good - Dr. David Burns ✨5 M Copies Sold!
ဆေးဝါးတွေ လုံးဝမလိုဘဲ ကိုယ့်ရဲ့ စိတ်ဓာတ်ကျတာတွေ၊ စိုးရိမ်ပူပန်မှုတွေကို စိတ်ပညာ (CBT) နည်းလမ်းတွေနဲ့ ကိုယ်တိုင် ဘယ်လိုကုစားမလဲဆိုတဲ့ လက်စွဲစာအုပ်ပါ။ အဆိုးမြင်အတွေးတွေကို ဖယ်ရှားပြီး ပေါ့ပါးပျော်ရွှင်တဲ့စိတ်ကို ချက်ချင်းပြန်ရယူဖို့ ဒါလေးကို မဖြစ်မနေ ဖတ်ကြည့်လိုက်ပါ။
5. Rising Strong - Dr. Brené Brown ✨2 M Copies Sold!
လဲကျသွားတဲ့အချိန်တိုင်း ရှက်ရွံ့မနေဘဲ အရင်ကထက် ပိုသန်မာတဲ့သူတစ်ယောက်အနေနဲ့ ဘယ်လို ပြန်ရုန်းထမလဲ ဆိုတာကို သင်ပေးမယ့် စာအုပ်ပါ။ ရှုံးနိမ့်မှုတွေထဲကနေ ကိုယ့်ရဲ့ တကယ့်ခွန်အားအစစ်ကို ရှာဖွေချင်သူတွေအတွက် အကောင်းဆုံး လမ်းပြပေးနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
100% Free ဖြစ်တာမို့ အခုပဲ အောက်က Link လေးကို နှိပ်ပြီး ချက်ချင်း Join လိုက်တော့နော်! 👇
👉 Facebook ကနေ Join မယ်ဆိုရင်−
Link: https://www.facebook.com/share/p/19HcKKLBpa/
👉 Telegram ကနေ Join မယ်ဆိုရင်−
Link: https://t.me/My12minNotesBot?start=1788354691633 | 195 |
| 9 | لا يوجد نص... | 177 |
| 10 | 🎯 စာဖတ်တိုင်း ဒီလိုလုပ်မိနေတုန်းလား။
စာအုပ်တစ်အုပ်ဖတ်တိုင်း စာကြောင်းတစ်ကြောင်းစီရဲ့ ဘယ်ဘက်အစွန်းဆုံးကနေ ညာဘက်အစွန်းဆုံးထိ မျက်လုံးကို တောက်လျှောက်လိုက်ကြည့်ပြီး ဖတ်နေတာ၊ စာလုံးတစ်လုံးချင်းစီကို စူးစိုက်ကြည့်နေမိလို့၊ မျက်လုံးညောင်းလွယ်ပြီး စာက ခေါင်းထဲ မဝင်တော့တာ…စတဲ့ အခြေအနေမျိုးကို ကြုံဖူးကြမှာပါ။
အခုလိုမျိုး ငယ်ငယ်ကတည်းက ကျင့်သားရလာခဲ့တဲ့ စာဖတ်နည်းအဟောင်းကြောင့် မလိုအပ်ဘဲ အချိန်ပိုကုန်စေပြီး၊ စာဖတ်သူရဲ့ စာဖတ်နှုန်းကို နှေးကွေးစေတဲ့ အဓိက အမှားကြီးတစ်ခု ဖြစ်လာတာပါ။
Howard Stephen Berg လိုမျိုး ကမ္ဘာ့နာမည်ကြီး စာဖတ်နှုန်းမြန်သူတွေအပါအဝင်၊ စာဖတ်နည်းကို စနစ်တကျ လေ့ကျင့်ယူထားကြတဲ့ Super Reader တွေကတော့ Indentation Method ကို အသုံးပြုကြပါတယ်။
Indentation Method ဆိုတာ… စာဖတ်တဲ့အခါ Central Vision (မျက်စိရှေ့တည့်တည့်ကိုပဲ စူးစိုက်ကြည့်တဲ့အမြင်) အစား၊ Peripheral Vision (ဘေးဘီဝဲယာက စကားလုံးတွေကိုပါ အလိုလိုမြင်နိုင်တဲ့ ဘေးမြင်အမြင်) ကို ပေါင်းစပ်အသုံးပြုတဲ့ နည်းလမ်းပါ။ စကားလုံးတစ်လုံးချင်းစီကို မလိုအပ်ဘဲ လိုက်ကြည့်နေမယ့်အစား၊ စကားလုံးအစုအဝေးတွေကို တစ်ပြိုင်နက်တည်း ကြည့်ပြီး၊ ဖတ်ရှုနိုင်အောင် လေ့ကျင့်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။
Indentation Method ကို လက်တွေ့ အသုံးပြုဖို့ လုပ်ဆောင်ရမယ့် အဆင့် (၃) ဆင့်ကတော့ -
🚀 (၁) စာကြောင်းတစ်ကြောင်းရဲ့ ဘယ်၊ ညာ အစွန်းနှစ်ဘက်ကနေ တစ်လက်မစီ လျှော့ပြီး စာမျက်နှာ အလယ်ပိုင်းကိုပဲ အာရုံစိုက်ပါ။
🚀 (၂) ဘေးဘက်စွန်းက စကားလုံးတွေကို Peripheral Vision နဲ့ပါ မြင်အောင် လေ့ကျင့်ပါ။
🚀 (၃) ဘောပင် (သို့) လက်ချောင်းလို Visual Pacer နဲ့ တွဲသုံးပါ။ ဒီနည်းလမ်းက စာဖတ်သူရဲ့ လက်ရှိ စာဖတ်နှုန်းကို ၂၅% ခန့် ချက်ချင်း မြှင့်တင် ပေးနိုင်ပါတယ်။
စာဖတ်သူအနေနဲ့ စာဖတ်နှေးလို့ အချိန်တွေ ဒီထက်ပိုပြီး မကုန်ချင်တော့ဘူးဆိုရင်… 🔥 Super Reading Masterclass (Advanced Learning Program) မှာ Indentation နည်းလမ်းအပြင် စာဖတ်နှုန်းမြန်ဆန်၊ မှတ်မိလွယ်စေမယ့် Advanced Speed Reading နည်းလမ်းတွေ၊ ဖတ်ထားသမျှကို ရေရှည်မှတ်မိစေမယ့် Memory Techniques တွေအပြင်၊ စာဖတ်ရင်း အာရုံစူးစိုက်မှု အပြည့်ရစေမယ့် Brain Hack တွေကိုပါ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်အောင်၊ တစ်ဆင့်ချင်းစီ စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
🌟 Super Reading Masterclass ကို အစောဆုံးလေ့လာထားသူတစ်ယောက်ကတော့ ❝ တစ်ခွန်းတည်း feedback ပေးရမယ်ဆိုရင် “It’s a must-learn masterclass for everyone after age 20!” ပါပဲ။ တကယ်ကောင်းတဲ့အနှစ်သာရတွေကို အချိန်တိုတိုအတွင်းမှာ ထိထိရောက်ရောက် ပေးနိုင်ခဲ့ပါတယ်။ ❞ လို့ ဆိုထားပါတယ်။ ✨
🌟 Super Reading Masterclass ကို ဝယ်ယူအသုံးချရင်း သင့်အတွက် အကျိုးလုံးဝမရှိဘူး၊ အသုံးမဝင်ဘူးလို့ ခံစားရရင် 12min Notes Myanmar ဘက်ကနေ အမေးအမြန်းမရှိ ငွေပြန်အမ်းပေးမယ့်အထိ Super Reading Masterclass အပေါ် ကျနော်တို့ ယုံကြည်မှု အပြည့်အဝရှိပါတယ်။ 😇
ဒါကြောင့် ပြောင်းလဲမှုမြန်ဆန်ပြီး၊ အပြိုင်အဆိုင်များလှတဲ့ AI ခေတ်မှာ၊ သူများထက် စာဖတ်အမြန်နှုန်းတင်မကပဲ သင်ယူလေ့လာမှတ်သားနိုင်စွမ်းကိုပါ “Next-Level” မြှင့်ချင်တယ်ဆိုရင်၊ ဒီ Link ကနေ တဆင့် အသေးစိတ် စုံစမ်းနိုင်သလို ⬇️
https://www.facebook.com/share/p/15dk8HvDCq/
အခုပဲ ဝယ်ယူလေ့လာချင်သူတိုင်းအတွက် ဒီ Link ကနေ ✨One-time Exclusive Offer ဖြင့် ဝယ်ယူနိုင်ပါပြီခင်ဗျာ ⬇️
https://t.me/My12minNotesBot
❝ 12min Notes Myanmar: Distilling complex ideas and making them accessible and useful for Myanmar people. ❞
#12minNotesMyanmar #SuperReader #superreadingmasterclass #SpeedReading
#brainhacks #AdvancedLearning #reading #readers #superreading #indentation | 182 |
| 11 | (၅) ရက်ထဲက (၁) နာရီလောက်ပဲ အချိန်ပေးပါ…
ခံစားနေရတဲ့ မပျော်ရွှင်မှုတွေ၊ ခက်ခဲမှုတွေထဲက 💎 အကောင်းဆုံးအရာတွေကို သင့်ရေရှည်အနာဂတ်အတွက် ဆွဲထုတ်ပေးပါမယ်။
✋ ၅ ရက် ၅ အုပ် - “Mental Resilience” Reading Challenge ကို join ပြီးတော့၊ မြန်မာဘာသာနဲ့ ရောင်းအားအကောင်းဆုံး နာမည်ကျော်စာအုပ် (၅) အုပ် အနှစ်ချုပ်တွေကို အခု အခမဲ့ ဖတ်ရှုနိုင်ပါပြီ။
✅ Facebook - https://www.facebook.com/12minNotes/posts/pfbid09yEvRWve8yRXkU7VxcjcUDQoSiXvgoihEXE9ygVkgyz3Y1oXHsdndjwPy27CAU
✅ Telegram - https://t.me/My12minNotesBot
📍 Keyword - MRRC | 153 |
| 12 | Challenge ကို Join ပြီးတာနဲ့ ဒီ "Feeling Good" အပါအဝင် တခြားကမ္ဘာ့ထိပ်တန်းစာအုပ် ၄ အုပ်ရဲ့ Mastery Notes တွေကိုပါ နေ့စဉ် အခမဲ့ ဖတ်ရှုခွင့်ရမှာဖြစ်လို့ အခုပဲ အောက်က Link လေးကို နှိပ်ပြီး ချက်ချင်း Join လိုက်တော့နော်! 👇
👉 Facebook ကနေ Join မယ်ဆိုရင်−
Link: https://www.facebook.com/share/p/19HcKKLBpa/
👉 Telegram ကနေ Join မယ်ဆိုရင်−
Link: https://t.me/My12minNotesBot?start=1788354691633 | 122 |
| 13 | لا يوجد نص... | 130 |
| 14 | ဘဝမှာ တစ်ခုခုကို အကြီးအကျယ် မျှော်လင့်ထားပြီးမှ မထင်မှတ်ဘဲ လုံးဝ ပြိုလဲသွားတဲ့ အတွေ့အကြုံမျိုး ရှိဖူးလား?
အလုပ်တစ်ခု အဆင်မပြေဖြစ်သွားတာ၊ စီးပွားရေး ကျဆုံးသွားတာ၊ ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့ ဆက်ဆံရေးတစ်ခု ပျက်စီးသွားတာမျိုးပေါ့။
အဲ့ဒီလို လဲကျသွားတဲ့အချိန်မှာ လူတော်တော်များများက ရှက်ရွံ့ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်ကြတယ်။
ဒါပေမယ့် ကမ္ဘာကျော် သုတေသီ Dr. Brené Brown ရဲ့ "Rising Strong" ဆိုတဲ့ စာအုပ်ကတော့ အဲ့ဒီလို ကျရှုံးမှုတွေကနေ အရင်ကထက် ပိုသန်မာအောင် ဘယ်လိုပြန်ရုန်းထမလဲဆိုတာကို လုံးဝ ရှုထောင့်အသစ်ကနေ သင်ပေးထားပါတယ်။
ဒီစာအုပ်ကို ဖတ်ပြီးသွားရင် သင့်အတွက် ဘာတွေ ပြောင်းလဲသွားမလဲဆိုတော့ -
✅လဲကျသွားတာဟာ ရှက်စရာမဟုတ်ဘဲ၊ ရဲရဲဝံ့ဝံ့ ကြိုးစားခဲ့လို့ ရလာတဲ့ ဂုဏ်ယူစရာ အမှတ်တရတစ်ခုအနေနဲ့ မြင်တတ်လာမယ်။
✅နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေကို ဖုံးကွယ်မထားဘဲ၊ အဲ့ဒီခံစားချက်တွေကို အသုံးချပြီး ကိုယ့်ရဲ့ တကယ့်ခွန်အားအစစ်ကို ဘယ်လိုရှာဖွေမလဲဆိုတာ သိလာမယ်။
✅သူများတွေ သတ်မှတ်ထားတဲ့ ပုံစံခွက်ထဲကနေ ရုန်းထွက်ပြီး၊ ရှုံးနိမ့်မှုတွေထဲကနေ ကိုယ့်ရဲ့ ဇာတ်လမ်းကို ကိုယ်တိုင် ပြန်ရေးနိုင်တဲ့ စွမ်းအားတွေ ရလာမယ်။
အခုလို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြားမှာ ရုန်းကန်နေရချိန်မှာ ပြန်လည် ထူမတ်နိုင်ဖို့ ဒီစာအုပ်လေးက သင့်အတွက် အကောင်းဆုံး လမ်းပြပေးပါလိမ့်မယ်။
ဒီစာအုပ်ထဲက အဖိုးတန်တဲ့ အနှစ်သာရတွေကို အချိန်တိုအတွင်း လက်တွေ့ကျကျ လေ့လာချင်တယ်ဆိုရင်တော့ 12min Notes ကနေ အခမဲ့ ပြုလုပ်ပေးနေတဲ့ "၅ ရက် ၅ အုပ် (Mental Resilience) Free Reading Challenge" မှာ ဝင်ရောက်ဖတ်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Challenge ကို Join ပြီးတာနဲ့ ဒီ "Rising Strong" အပါအဝင် တခြားကမ္ဘာ့ထိပ်တန်းစာအုပ် ၄ အုပ်ရဲ့ Mastery Notes တွေကိုပါ နေ့စဉ် အခမဲ့ ဖတ်ရှုခွင့်ရမှာဖြစ်လို့ အခုပဲ အောက်က Link လေးကို နှိပ်ပြီး ချက်ချင်း Join လိုက်တော့နော်! | 162 |
| 15 | 😶🌫️ ❝ ရှက်တတ်လွန်းတဲ့အမူအကျင့်ကြောင့် အလုပ်မှာ အခွင့်အလမ်းကောင်းတွေ ဆုံးရှုံးနေရပြီလား ❞
ဒါဆိုရင် အစည်းအဝေးတွေကျင်းပတဲ့အခါ၊ သင့်မှာ အိုင်ဒီယာကောင်းတွေ ရှိပေမယ့်၊ လူအများရှေ့ စကားထမပြောရဲလို့၊ ကိုယ်ပြောတဲ့စကားကို လူတွေနားမလည်မှာစိုးလို့… စတဲ့ ရှက်တတ်တဲ့အကျင့်တွေကြောင့်၊ ကိုယ်ရသင့်တဲ့ အသိအမှတ်ပြုမှု၊ အခွင့်အရေးတွေကို တခြားသူတွေက သင့်မျက်စိရှေ့မှာတင် ယူသွားတာမျိုး အနည်းနဲ့အများတော့ ကြုံဖူးပါလိမ့်မယ်။
🚨 တကယ်တော့ သင်က မွေးရာပါ ရှက်တတ်တဲ့သူတစ်ယောက် မဟုတ်ပါဘူး။ အခုလို ခက်ခဲနေရတာက လွန်ခဲ့တဲ့ (၁၀) နှစ် ဒါမှမဟုတ် နှစ် ၂၀ လုံးလုံး၊ ရှက်တတ်တဲ့အမူအကျင့်တွေကိုပဲ မသိစိတ်ထဲကနေ အထပ်ထပ်အခါခါ လေ့ကျင့်ဖြစ်လာခဲ့လို့ပါ။ လူအချင်းချင်း ပြောဆိုဆက်ဆံရေးမှာ သင်အမြဲတမ်းလေ့ကျင့်ဖြစ်နေတဲ့ အရာတွေကပဲ စွဲမြဲပြီး ကိုယ်ပိုင်အလေ့အကျင့်လိုမျိုး ဖြစ်လာတတ်တာပါ။
ဒါကြောင့် ဒီအကျင့်ဆိုးကြီးကနေ ရုန်းထွက်ပြီး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက် ပြောင်းလဲနိုင်လာဖို့အတွက် စာဖတ်သူအနေနဲ့ ရှက်တတ်သူတွေ ပြုလုပ်လေ့ရှိတဲ့ အမူအကျင့် (၃) ခု ကို အရင်ဆုံး နားလည် သဘောပေါက်ထားပြီး၊ သတိတရ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
⬛ (၁) Visual
ပထမဆုံးသိသာတဲ့အချက်ကတော့ “Visual” အမြင်ပိုင်းပါ။ စကားပြောတဲ့အခါ မျက်လုံးချင်း ဆုံမကြည့်ဘဲ အောက်စိုက်ကြည့်တာ၊ ဘေးဘီကို ဂဏာမငြိမ် ကြည့်တာအပြင်၊ ပခုံးတွဲကျ၊ ခေါင်းငုံ့ပြီး လက်တွေကို ပူးထားကာ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ သေးငယ်အောင်နေတတ်တဲ့ “body language” ခန္ဓာပိုင်းဆိုင်ရာအမူအရာပါ။
ဒီအမူအရာက တစ်ဖက်လူနဲ့ စစချင်းတွေတဲ့ ပထမဆုံးအမြင်မှာတင်၊ သင့်အကြောင်းကို တစ်ဖက်လူကို တိတ်တဆိတ် မိတ်ဆက်ပေးနေပြီးသား ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တွေ့ဆုံစကားပြောတဲ့အခါ၊ မျက်လုံးချင်းဆုံကြည့်၊ ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး၊ လက်အမူအရာ ရဲရဲဝံ့ဝံ့ သုံးပေးတာက စာဖတ်သူကို ယုံကြည်မှုရှိသူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေပါလိမ့်မယ်။
⬛ (၂) Vocal
နောက်ထပ် ပြင်ဆင်သင့်တဲ့အချက်ကတော့ အသံပိုင်းဆိုင်ရာအမူအကျင့်ပါ။ စာဖတ်သူရဲ့ အသံကို သူများကြားသွားမှာ စိုးရိမ်သလိုမျိုး အမြဲတမ်း တိုးတိုးလေးပဲ ပြောနေတတ်တာ၊ စကားလုံးတွေကို မပီမသ ဗလုံးဗထွေး ပြောတာနဲ့ အသံအတက်အကျ မရှိဘဲ၊ “Monotone” တစ်ပြေးညီပုံစံနဲ့ ပြောဆိုတတ်တယ်ဆိုရင်၊ အခုကစပြီး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
လူအများနဲ့ စကားပြောတဲ့အခါ၊ သင့်ရဲ့ အသံတိုးလွန်းရင် သင့်စကားကို လူတွေက အလေးအနက် သိပ်မထားတော့ပါဘူး။ အသံကို ရှင်းလင်းပြတ်သားစွာ ထုတ်ပြောပြီး၊ အကြောင်းအရာအလိုက် အသံအတက်အကျလေးနဲ့ ထည့်ပြောပေးတာက သင့်ကို အသက်ဝင်စေသလို၊ ပြောတဲ့စကားတွေကိုလည်း ပိုမိုထိရောက်စေပါတယ်။
⬛ (၃) Verbal
နောက်ဆုံးတစ်ချက်ကတော့ သင်အသုံးပြုတဲ့ စကားပြောဆိုပုံ၊ စကားလုံးအသုံးအနှုန်းပိုင်းပါ။ လူအများရှေ့မှာ ကိုယ့်အမြင်ကို လိုရင်းတိုရှင်း ရှင်းရှင်းလင်းလင်း မပြောထွက်နိုင်ဘဲ၊ စိတ်လှုပ်ရှားလို့ စကားကို လှည့်ပတ်ပြောနေမိတာ၊ "ငါပြောရင် မှားသွားမလား၊ အကဲဖြတ်ခံရမလား" ဆိုတဲ့ ကြောက်စိတ်ကြောင့် လုံးဝ နှုတ်ဆိတ်နေတာမျိုး ဖြစ်ပါတယ်။
တကယ်တော့ မပြောဘဲ နေလိုက်ရင် ဘာမှမဖြစ်ပါဘူးလို့ ထင်ရပေမယ့်၊ အလုပ်ခွင်မှာတော့ အခွင့်အလမ်းတွေကိုဆုံးရှုံးနေရပါလိမ့်မယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ စကားရဲရဲ ပြောထွက်ဖို့ အတွေးတွေကို ရိုးရှင်းတဲ့ ပုံစံ “Framework” တွေနဲ့ စနစ်တကျ စီစဉ်ပြီး၊ လိုရင်းတိုရှင်း ထွက်ပြောတဲ့ အကျင့်ကို လေ့ကျင့်ယူဖို့ လိုအပ်ပါတယ်။
လူရှေ့သူရှေ့စကားပြောရတဲ့အခါ၊ စိတ်ကို ဘယ်လောက်ပဲ ပြင်ဆင်ထားထား၊ ခေါင်းထဲ ဗလာဖြစ်သွားတတ်တဲ့သူတွေအတွက် လက်တွေ့ပြန်အသုံးချနိုင်တဲ့ “Framework” ကို ဒီလင့်ခ် https://www.facebook.com/share/1LAySaD65X/ ကနေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဒီတော့ စာဖတ်သူရော အထက်မှာ ဖော်ပြခဲ့တဲ့ အမူအကျင့် (၃) ခုထဲက ဘယ်အချက်ကို အများဆုံး လုပ်မိနေလဲဆိုတာ Comment မှာ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်မျှဝေခဲ့ပါဦးခင်ဗျာ။ ✨
❝ 12min Notes Myanmar: Distilling complex ideas and making them accessible and useful for Myanmar people. ❞
#12minNotesMyanmar #QualityInsightsOnly #PersonalDevelopment #Shyperson #Shy #Howtoactuallybeconfident #BetterMe #introvert #introvertproblems #careertips | 177 |
| 16 | لا يوجد نص... | 133 |
| 17 | 👀 အခုတလော ခပ်စိတ်စိတ်တွေ့နေရတဲ့ "Mental Models" ဆိုတာ ဘာလို့ထင်လဲ။ အဖြေမှန်ကို လာမယ့်တနင်္လာနေ့မှာ တိုက်ကြရအောင်။
#12minNotesMyanmar #mentalmodelsforbetterthinking #QualityInsightsOnly #BetterThinking #MentalModels | 167 |
| 18 | لا يوجد نص... | 212 |
| 19 | ဥပမာ - ရသစာအုပ်တွေဆိုရင် ဘယ်လိုနည်းနဲ့ဖတ်၊ သမိုင်းကြောင်းဆိုရင် ဘယ်လိုနည်းနဲ့ ဖတ်သင့်တယ်၊ စိတ်ပညာတို့ သိပ္ပံတို့ကိုကျ ဒီလိုဖတ်… 📚 ဒီလိုစာအုပ်အမျိုးအစားအပေါ် မူတည်ပြီးတော့၊ စာအုပ်တစ်အုပ်ကို ဘယ်လို အစပြုပြီး ဖတ်ရမလဲကနေ ဘယ်လို အဆုံးသတ်ပြီး ဘယ်အချက်တွေကို အရယူရမယ်ဆိုတာကိုတွေကို အသေးစိတ် ကျကျနန လမ်းညွှန်ထားတဲ့ ပေါင်းချုပ်ကြီးလို့တောင် ပြောလို့ရတယ်။
၁၉၀၀ ရာစုနှစ်လောက်ကတည်းက ထုတ်ခဲ့တဲ့စာအုပ်ဟောင်းကြီးဆိုပေမယ့် ဒီစာအုပ်ကြီးက ဒီနေ့ခေတ်အထိကို ကောင်းမွန်တဲ့ guidelines တွေ အမှန်အကန် ချပေးနေဆဲမို့လို့ နာမည်ကြီးဆဲ၊ ရောင်းအားကောင်းဆဲ 💎 Timeless Masterpiece စာအုပ်ပါ။
စာဖတ်ခြင်းရဲ့ထိရောက်မှုကို (၁၀) ဆမက တိုးတက်စေမှာ ဖြစ်လို့ 12min Notes Myanmar (Est. 2019) ရဲ့ 💡 Lifelong Learner တွေ၊ Super Reader တွေ အကြိုက်ဆုံးဖြစ်တဲ့ 📍 Super Reading Masterclass (Advanced Learning Program) ထဲမှာ ဒီစာအုပ်ကြီးရဲ့ နည်းလမ်းတွေကိုပါ ထည့်သွင်းပေးထားပါတယ်။ခင်ဗျားရဲ့ စာဖတ်နှုန်းကို မကျေနပ်သေးဘူး၊ ထပ်မြှင့်ချင်သေးတယ်ဆိုရင်📍 Super Reading Masterclass (SRM) ကို Online Learning Course တစ်ခုအနေနဲ့ ရွေးချယ်နိုင်သလို၊ 📖 How To Read A Book ကိုလဲ သင့်စာကြည့်စင်ပေါ်မှာ မဖြစ်မနေ ထားထားသင့်ပါတယ်။
စာဂျပိုးသူငယ်ချင်းတွေရှိတယ်ဆိုရင်လဲ သူတို့အတွက် How To Read A Book Review လေးကို ဝေမျှပေးလိုက်ဖို့ မမေ့ပါနဲ့ဦး။
12min Notes Myanmar (Est. 2019) ရဲ့ Super Reading Masterclass (Advanced Learning Program) ကို တက်ရောက်လေ့လာချင်တယ်ဆိုရင်လဲ 👉🏻 ကွန်မန့်မှာ SRM လို့ မန့်ခဲ့ရုံနဲ့ 🪧 Classroom Video တွေကို အစမ်းကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ | 210 |
| 20 | စာအုပ် အုပ်ရေပေါင်း (၁၀၀) လောက်ကို ဖတ်မယ့်အစား 👉🏻 ဒီစာအုပ် (၁) အုပ်ကိုပဲ ဖတ်ကြည့်လိုက်ပါ၊ ဒီစာအုပ်ကို ဖတ်တာက သင့်စာဖတ်စွမ်းရည်ကို ထာဝရ ပြောင်းလဲသွားစေလိမ့်မယ်။
စာအုပ်တွေ အများကြီးဖတ်နေလဲ ခေါင်းထဲမှာ ဘာမှကျန်မနေခဲ့ဘူးလို့ ခံစားဖူးလား…
📖 စာအုပ်တစ်အုပ်ကို အချိန်တွေ အများကြီးပေးပြီး ဖတ်လိုက်ပေမယ့်၊ စာရေးသူက ထည့်ပေးထားတဲ့ ပညာတွေကို ပြည့်ပြည့်ဝဝ ဖတ်ရင်း မယူနိုင်ခဲ့တာမျိုးကိုရော ခံစားရဖူးလား ?
ကျောင်းတွေမှာ၊ အတန်းတွေမှာ ကျွန်တော်တို့ကို စာဖတ်နည်း ဘယ်သူမှ မသင်ပေးခဲ့ဖူးပါဘူး။
တိုးတက်မှုနောက်ကျတဲ့ ကျွန်တော်တို့နိုင်ငံမှာ စာတစ်ကြောင်းကို မှန်အောင်ဖတ်နိုင်ရင် ရပြီလို့ပဲ အမြဲသဘောထားခဲ့တာပါ။ 📍 ဒါပေမယ့် တိုးတက်တဲ့နိုင်ငံတိုင်းလိုလိုမှာ စာဖတ်တဲ့အကျင့်က အကျင့်တစ်ခုထက် ပိုပြီး အလေးထားခံရပါတယ်။
၁၉၄၀ ပြည့်ကတည်းက New York Times မဂ္ဂဇင်းရဲ့ Best Seller ဖြစ်ခဲ့ပြီးတော့ ဒီနေ့အထိလဲ ကမ္ဘာတစ်ဝန်းလုံး စောင်ရေ သန်းနဲ့ချီပြီး ရောင်းချထားရတဲ့ 📌 "How to Read a Book" ဆိုတဲ့ စာဖတ်နည်းလမ်းညွှန် စာအုပ်ကတော့ 🔵 စာဖတ်ခြင်းအကြောင်းကို စားပွဲတင် တင်းနစ်ရိုက်နေသလိုမျိုး စာရေးတဲ့သူနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး တက်တက်ကြွကြွ အပြန်အလှန် ဆွေးနွေးရသလိုမျိုး Active Reading အနုပညာအဖြစ် ပုံဖော်ထားပါတယ်။
ဒီစာအုပ်ကို ကမ္ဘာကျော် ပညာရှင်ကြီး (၂) ဦးက ရေးထားတာပါ။
🔷 “Mortimer J. Adler” ချီကာဂိုတက္ကသိုလ်ရဲ့ ပါမောက္ခလဲဖြစ်၊ ဒဿနိကဗေဒပညာရှင်လဲ ဖြစ်သလို၊ အနောက်နိုင်ငံရဲ့ သမိုင်းဝင်စာအုပ်ကြီး (၅၄) တွဲ (Great Books of the Western World) ကို ဦးဆောင် ပြုစုခဲ့သူ စာပေကျွမ်းကျင် ပညာရှင်စစ်စစ် တစ်ယောက်ဖြစ်ပါတယ်။
🔷 “Charles Van Doren” ကိုလံဘီယာတက္ကသိုလ် ပါမောက္ခ၊ Encyclopædia Britannica (ဗြိတိန်စွယ်စုံကျမ်း) ပြုစုမှုတွေကို Adler နဲ့တွဲပြီးတော့ ဒုတိယဥက္ကဋ္ဌ လုပ်ခဲ့သူပါ။ ၁၉၅၀ နှစ်တုန်းက အမေရိကန် ရုပ်မြင်သံကြား အစီအစဉ်တွေမှာ ဗဟုသုတကြွယ်ဝတယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ နာမည်ကြီးခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ်။
┈┈┈┈┈┈┈┈┈┈┈
သူတို့နှစ်ဦးပေါင်းရေးထားတဲ့ ဒီစာဖတ်လမ်းညွှန် စာအုပ်က နှစ်ပေါင်းရှစ်ဆယ်ကျော်တဲ့အထိ နာမည်ကြီးပြီး၊ ရောင်းအားကောင်းနေတာက အကြောင်းအရင်းရှိပါတယ်။
💡 အကယ်၍ ခင်ဗျားလည်း ကိုယ့်ရဲ့ လက်ရှိစာဖတ်နှုန်းကို မြှင့်တင်ချင်တယ်၊ အခုထက်ပိုပြီး စနစ်တကျ စာဖတ်တတ်ချင်တယ်၊ ကိုယ့်ရဲ့ စာဖတ်ကျင့်ကို တစ်ဆင့် ထပ်မြှင့်ချင်တယ်ဆိုရင် တခြားစာအုပ်တွေကို ရွေးမဖတ်ခင်၊ ဒီစာအုပ်ကို အရင်ဆုံး ရွေးသင့်တယ်။
Mortimer J. Adler နဲ့ Charles Van Doren တို့ရဲ့ How To Read A Book က ⏬️
📌 စာဖတ်ခြင်းအကျင့်ကို စနစ်တကျ Framework ချပေးတယ်။
စာလုံးတွေကို မျက်စိနဲ့ဖတ်သွားဖို့လောက် မဟုတ်ဘဲ၊ ကိုယ့်စာဖတ်စွမ်းရည်ကို Level အလိုက် ဘယ်လိုမြှင့်ရမလဲ ဆိုတာကို တစ်ဆင့်ချင်းစီ အသေးစိတ် လမ်းညွှန်ပြထားတယ်။ ဒါကြောင့်လဲ အနောက်နိုင်ငံသားတွေက ဒီစာအုပ်ကို စာဖတ်နည်းလမ်းညွှန်အဖြစ် ရွေးဖတ်ကြတာ။
┈┈┈┈┈┈┈┈┈┈┈
📌 စာဖတ်တတ်နှုန်းကို Level (၄) ခု ခွဲပေးထားတယ်။
စာဖတ်တယ်ဆိုတာက စာတွေကို မျက်လုံးနဲ့ဖတ်လို့ နားလည်ရုံလောက်နဲ့ပဲ ပြီးသွားတဲ့ skill မဟုတ်ပါဘူး။ သူ့အဆင့်နဲ့သူ ရှိတယ်ဆိုတာကို ဒီလိုခွဲပြထားပါတယ်။
1️⃣ Elementary Reading ဆိုရင် အခြေခံစာလုံးနှင့် ဝါကျအဓိပ္ပာယ်ကို သဘောပေါက်တဲ့အဆင့်။
2️⃣ Inspectional Reading အဆင့်မှာ စာတစ်အုပ်ကို နာရီဝက်အတွင်း ဖတ်သင့်/မဖတ်သင့် ဆုံးဖြတ်တတ်ဖို့၊ စာအုပ်ရဲ့ အဓိကအနှစ်ချုပ်ကို အမြန်ဆုံး ကောက်ချက်ချနိုင်ဖို့အထိ ကျွမ်းကျင်ရမယ်။
3️⃣ Analytical Reading မှာ စာအုပ်ကို အစကနေ အဆုံးအထိ အသေးစိတ် ဆန်းစစ်နိုင်ရမယ်။ စာရေးသူရဲ့ အယူအဆတွေ၊ ထင်မြင်ချက်တွေ၊ သူရှာပြထားတဲ့ သက်သေတွေကို အမေးအဖြေ လုပ်နိုင်နေရမယ်။ စာတစ်အုပ်လုံးကို အပေါ်ယံတင်မဟုတ်ဘဲ၊ စာရေးသူကိုပါ ပြန်စစ်ဆေးနိုင်တဲ့ အဆင့်ပါ။
4️⃣ Syntopical Reading အဆင့်ကတော့ အမြင့်ဆုံးပါပဲ၊ ခေါင်းစဉ်တစ်ခုအတွက် သက်ဆိုင်တဲ့ တခြားစာအုပ်တွေကိုပါ အကုန်မွှေနှောက်ဖတ်ပြီးတော့၊ ကိုယ်ပိုင် Insight တွေ ထုတ်တတ်ရမယ်၊ ကိုယ့်အသိပညာတွေ အရင်ကထက် ပိုများလာဖို့ကို ကိုယ်တိုင်ပြန်သုံးသပ်ပြီး အမှတ်ပြန်ပေးနိုင်ရမယ်။
┈┈┈┈┈┈┈┈┈┈┈
🔵 ဒီစာအုပ်က စာဖတ်လမ်းညွှန်လေးတစ်ခုတည်းတင် မဟုတ်ပါဘူး၊ ကိုယ်ဖတ်ချင်တဲ့ စာအုပ်အမျိုးအစားအလိုက် ဖတ်ရမယ့်နည်းတွေကိုပါ ထပ်ပေးထားပါသေးတယ်။
(ဆက်ရန် 👇🏻) | 183 |
