cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qilingÂť, bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

The La Pyae

Get the good Stuff related to Tech 🤖 Mindset 🧠 And all the other things I love 💛 To follow up me on other social media Please visit https://thelapyae.com

Ko'proq ko'rsatish
Reklama postlari
14 075
Obunachilar
+11324 soatlar
+2397 kunlar
+75730 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
သင်ယူမှုတစ်ခုဆိုတာ information လက်ဆင့်ကမ်းတာထက် အများကြီးပိုတယ် တကယ်ပညာတတ်ဖြစ်ဖို့ဆိုရင် အလွတ်ကျက်နေယုံနဲ့မပြီးဘူး ချဲ့တွေး ချုံ့တွေး ၂ မျိုးလုံးလုပ်ပြီး စဉ်းစားတွေးခေါ်ရတယ် စမ်းသပ်ကြည့်ရတယ် ပြီးရင် နှလုံးသားနဲ့ နားလည်သွားတဲ့ထိမှတ်ရတယ်ဗျ English စကားလေးကလှတယ် Learn By Heart တဲ့ဗျ ဗမာတွေကတော့ အဲ့ဒါကို အလွတ်ကျက်တယ်လို့ အလွယ်ပြောကြတယ် မှန်သင့်သလောက်ပဲမှန်တယ် အပြည့်မမှန်ဘူးလို့ဆိုရမယ်ထင်တယ် နှလုံးသားထဲထိဆွဲဖို့ဆိုတာ ထပ်ခါထပ်ခါ ရွတ်ဆိုရတယ် ပြောဆိုရတယ် ကျင့်သုံးရတယ် ကျက်တာတစ်ခုနဲ့တော့မပြီးပါ နားလည်ဖို့လိုပါတယ်မိတ်ဆွေ @thelapyae
Hammasini ko'rsatish...
❤ 7🔥 7👍 1
ကျနော်ကိုယ်တိုင်သုံးတဲ့ Life Goal Management ကို Notion Template အနေနဲ့ဖန်တီးပြီး Free ပေးထားပါတယ် Automation က FB မှာပဲအလုပ်လုပ်တာမို့ Comment မှာ goal လို့ရေးပြီး Template ကို free ယူနိုင်ပါတယ် 🙏🏻 FB post link here 🔗
Hammasini ko'rsatish...
🔥 16❤ 7👍 3🎉 1
သူများအကြောင်းသိတာက → အားသာချက် ကိုယ့်အကြောင်းကိုယ်သိတာက → တကယ့်တန်ခိုး - Lao Tzu
Hammasini ko'rsatish...
💯 43❤ 20❤‍🔥 3🔥 1
Stoicism ကကျနော်ကို သင်ပေးလိုက်တဲ့အရာ ၃ ခုရှိတယ် ၁. ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေကို လိုက်မထိန်းချုပ်နဲ့ ကိုယ့်ကိုယ်ကိုပဲထိန်းချုပ် ၂. ကိုယ့်ရဲ့ အပြော၊ အလုပ်၊ အတွေးတွေကို မကြာခဏသုံးသပ် ၃. သူများဘာထင်မလဲ သိပ်ဂရုမစိုက်နဲ့ @thelapyae Watch reels here
Hammasini ko'rsatish...
❤ 53🔥 7🥰 2
သင်ဘယ်လိုလူလဲဆိုတာ သင့်အတွေးတွေရဲ့ ပေါင်းခြင်းရလဒ်သာဖြစ်တယ် တစ်နေကုန် အတွေးပေါင်း ၁၆၀၀၀ ရှိရင် အဲ့ထဲမှာ ဘယ်အရာတွေအများဆုံးပါလဲ ? အဲ့အပေါ်မှာမူတည်ပြီး ကိုယ့်ကိုယ်ကို ကိုယ်ဘယ်လိုလူဆိုတာသိသာစေတယ် မကောင်းတာတွေအများကြီးတွေးနေဖြစ်ရင် ကိုယ့်ကိုအဲ့ဒါတွေတွေးမိစေတဲ့ ပတ်ဝန်းကျင်ကနေထွက် အပေါင်းအသင်းတွေပြောင်း အရမ်းအားနေရင် လုပ်စရာတစ်ခုခုနဲ့အစားထိုး ကိုယ့်ကိုယ်ကို ပိုသိလာတာနဲ့အမျှ အနာဂတ်လမ်းက ပိုချောမွေ့လာလိမ့်မယ် @thelapyae
Hammasini ko'rsatish...
❤ 49🔥 8👍 5
၂ ခုပဲလုပ်ဖို့လိုတယ် https://t.me/BurmeseStoic/313
Hammasini ko'rsatish...
Burmese Stoic

May 28th ဘာမှမလုပ်ခင် အရင်လုပ်ရမယ့် ၂ခု " ပထမဆုံးတစ်ခုကတော့ အရမ်းမလောနဲ့။ အရာရာတိုင်းဟာ သဘာဝတရားကြီးရဲ့သဘောအတိုင်းပဲ ခဏလေးအတွင်းမှာတော့ ကိုယ်လုပ်ထားတာတွေက ဘာမှသိသာမှာမဟုတ်ဘူး။ ဘုရင်မင်းတွေဖြစ်တဲ့ Hadrian တွေ Augusts တွေတောင်မှ ဒီသဘောဟာတူတူပဲ။ နောက်တစ်ခုကတော့ ကိုယ်လုပ်ရမယ့်အရာတွေကို သေချာစဉ်းစားဖို့ပဲ။ ဘာပဲလုပ်လုပ် ငါလုပ်ရတဲ့ရည်ရွယ်ချက်က လူပီသဖို့ပဲ။ သဘာဝ တရားကြီးရဲ့အလိုကျ ကိုယ့်ကိုဖြစ်စေချင်တဲ့အရာတွေကိုလုပ်။ သမာသမတ်ကျကျ ပြောဆိုဆက်ဆံ သနားကျင်နာမှုထား၊ ယဉ်ကျေးပြူငှာ၊ ရိုရိုသေသေလေးလေးစားစားနေ။ " —Marcus Aurelius, Meditations, 8.5 ( ဘာသာပြန်သူ @thelapyae ရဲ့ဖြည့်စွက်ချက် - ဒီနေရာမှာ သဘဝတရားကြီးဆိုတာ God ကိုပြောချင်တာပါ။ သူတို့တွေက God ကို ဒီဘက်ခေတ်ကလူတွေလိုမျိုး တခြားဘုံ တစ်ခုမှာ နေနေတယ်လို့မယူဆဘူး။ ကျနော်နေတဲ့ ဘေးပတ်ဝန်းကျင်မှာပဲ မတူညီတဲ့ frequency တစ်ခုနဲ့နေနေတယ်လို့ယူဆတယ်။ ဒါကြောင့်သူတို့ဟာ ဘုရားသခင်ရဲ့အလိုတော်ကျလို့ပြောတဲ့အစား သဘာဝတရားကြီးရဲ့အလိုကျလို့ပြောကြတယ်။ ) ——————————————— ခဏလောက်စိတ်ကူးယဉ်ကြည့်ပါ။ Marcus လိုဘုရင်တစ်ပါးဟာ ဘယ်လိုနေမလဲလို့။ အမတ်တွေကိုဦးဆောင်၊ စစ်သားတွေကို စစ်မြေပြင်မှာ ခေါင်းဆောင်လုပ်၊…

❤ 13
Photo unavailableShow in Telegram
ကိုယ်သင်ချင်စိတ်ရှိရင် သင်ချင်တဲ့ ပညာကို အလွယ်ရှာလို့ရနေတဲ့ခေတ် ကျနော့်တုန်းကဆိုရင် ဖတ်ချင်တဲ့ စာအုပ်က copy version ကိုတောင် မနဲဝယ်ရတယ် ရှိတဲ့သူစီိက copy ငှားဆွဲရတယ် Course file တွေဆို Train Signal တို့ Linda တို့က video တွေကို ခိုးကူးနဲ့ ရဖို့တောင်မနဲဝယ်ရတယ် Download လုပ်ဖို့ လိုင်းမကောင်းလို့ Download link ရှိရင်တောင်ဆိုင်ကိုပေးပြီး Download ခိုင်းရတယ် ခုကအဲ့လောက်ကိုမခက်တော့ဘူး သိတဲ့သူတွေက မျှဝေပေးတဲ့ခေတ် အချိန်လေးပေးပြီး ရှာဖွေကြည့်မယ်ဆိုရင် အကုန်သင်လို့ရနေတာ သင်တန်းတွေတောင်မလိုဘူး မဟုတ်တဲ့ဟာတွေဆိုရင်တော့ နာမည်လေးသိတာနဲ့တောင် ရအောင်ရှာကြသေးတာမလား ? အဲ့လိုကြိုးစားအားထုတ်မှုသာစိုက်ထုတ်လိုက် အိမ်မက်တွေအရင်လောက်မဝေးတော့ဘူးမိတ်ဆွေ @thelapyae
Hammasini ko'rsatish...
❤ 48🔥 9👍 3🥰 2💯 2
လူတော်တော်များများအတွက် တိုးတက်မှုကိုဟန့်တားနေတာ ကိုယ်တိုင်သာဖြစ်တယ် ဘာလိုချင်မှန်းလဲသိတယ် အဲ့ဘာလိုရအောင် လုပ်ရမလဲဆိုတာလဲသိတယ် ဒါပေမယ့် လုပ်စရာတွေလုပ်ဖို့ ကိုယ့်ကိုယ်ကိုခိုင်းမရတဲ့ ပြဿနာကတော်တော်ဆိုးတယ် အဲ့ထဲမှာသင်ပါနေရင် - ဘာတွေကိုကြောက်နေလဲသိအောင်လုပ်ပါ - စည်းကမ်းနဲ့နေတတ်အောင်ကျင့်ပါ - လမ်းပြပြီးမောင်းပေးမယ့်ဆရာသမားထားပါ - ခက်ခဲမှုတွေကို ကြိုဆိုတတ်အောင်ကျင့်ပါ - သေးသေးကနေအရင်စပါ မိတ်ဆွေ စေတနာများစွာဖြင့် @thelapyae
Hammasini ko'rsatish...
❤‍🔥 58💯 10👍 6❤ 6🥰 1
New video just dropped 🚀🚀🚀 https://youtu.be/VbmoFA61_Pc?si=jPd0cA1jXn9Lt674
Hammasini ko'rsatish...
ChatGPT ကို video တွေလုပ်ခိုင်းလို့ရနေပြီ

ဒီလိုလုပ်ဖို့အတွက် free account နဲ့တင်ရပါတယ် ကျနော်လဲ free ပဲသုံးတာပါ 🙏

https://chat.openai.com

ကနေသွားပြီး ကိုယ့်ရဲ့ account ကို login လုပ်ပြီးသုံးပါ Laptop နဲ့ဆိုရင်ပိုကောင်းပါတယ်ာ ဖုန်းနဲ့က ကြာတတ်လို့ပါ လွယ်လွယ်ကူကူ video များ Create နိုင်ပါစေခင်ဗျာ Up to date information များအတွက်

https://t.me/thelapyae_official

Daily content များဖတ်ရန်

https://www.facebook.com/thelapyae

Main website

https://thelapyae.com

ကျနော့်ရဲ့ MoonBase Community

https://moonbase.ltd

#productivity #ai #myanmar #openai

❤ 23🔥 2👍 1
အရာရာကို တိုင်းတာတဲ့ ပေတံတွေလူတိုင်းမှာရှိတယ် ပစ္စည်းတစ်ခုတန်တယ်မတန်ဘူး လူတစ်ယောက်နဲ့ပေါင်းသင့်မပေါင်းသင့် အလုပ်အကိုင်အခွင်အလမ်း တစ်ခြားသူတွေရဲ့ နေထိုင်ပြုမူပုံကိုပါ ကျနော်တို့ရဲ့ ကိုယ်ပိုင်ပေတံတွေနဲ့ တိုင်းတာလေ့ရှိတယ် ပေတံအတိုအရှည်ကတော့ - ကိုယ်တန်ဖို့းထားတဲ့ value တွေ - ဖြတ်သန်းတွေ့ကြုံခဲ့တဲ့ ဘဝနေထိုင်မှုတွေနဲ့ - ကိုယ်လေးစားအားကျ ဆရာတင်တဲ့ သူတွေပေါ်မူတည်ပြီး အတိုအရှည်ကွာသွားနိုင်ပါတယ် @thelapyae Watch reel here
Hammasini ko'rsatish...
❤ 48💯 8👍 1