cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Min's Beauty Book

Mental Health,Emotional Wellbeing,Relationship Counseling & Coaching

Ko'proq ko'rsatish
Reklama postlari
12 382
Obunachilar
-124 soatlar
+37 kunlar
-11430 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

ကိုယ်နဲ့အနီးစပ်ဆုံးက လူတွေကို" အဆင်ပြေရဲ့လား"လို့ မေးကြည့်ဖူးလား ? ဒီမေးခွန်းကိုမေးခြင်း မမေးခြင်းကြောင့် ဘာတွေသက်ရောက်မှုရှိနိုင်လဲဆိုရင် ကိုယ့်အနီးအနားက လူတစ်ယောက်ကို "အဆင်ပြေရဲ့လား"လို့ ကိုယ်ချင်းစာစိတ်အပြည့်နဲ့မေးလိုက်ခြင်းက Suicide Preventionလုပ်ပေးရာကျပါတယ် Suicide လုပ်မယ့်သူကို ကျွန်တော်တို့ Hypotheticallyအရတားလို့တော့မရပါဘူး တားလိုက်ခြင်းကSuicide ကိုပိုပြီး အားပေးအားမောက်လုပ်ရာတောင်ကျသွားတတ်ပါတယ် Counseling techniqueတွေသုံးပြီး အချိန်ဆွဲထားပြီး ကာယကံရှင်ကို စိတ်ပြောင်းသွားအောင်ပဲလုပ်လို့ရပါမယ် Suicideက အား‌နည်းတဲ့လူတွေပဲလုပ်တာ နင်ကသန်မာရမယ်လေ Suicideလုပ်ရလောက်အောင် နင့်ဘဝကြီးက အဲ့လောက်ဈေးပေါနေလား စသဖြင့် အတတ်နိုင်ဆုံးသွားမပြောပါနဲ့ အဲ့လိုပြောလိုက်ခြင်းက ကိုယ်ကတော့ သူ့ကို Encourageပေးတယ်လို့တွေးပေမယ့် အဲ့တာက encourageမဖြစ်ပဲ suicide လုပ်ဖို့ကို ပိုပြီး တွန်းအားပေးရာကျသွားတတ်ပါတယ် အမေရိကန်ပြည်ထောင်စု Virginiaပြည်နယ် Jame Townဆိုတဲ့တံတားပေါ်ကနေ လွန်ခဲ့တဲ့ ၈နှစ်လောက်တုန်းက မြန်မာအမျိုးသမီး တစ်ယောက် suicideလုပ်သွားခဲ့ပါတယ် သူ့ကို ဘာလို့ မကယ်လိုက်နိုင်လဲဆိုတော့ အဲ့အချိန်မှာ Hurricaneမုန်တိုင်းဝင်မှာမို့လို့ State of emergencyထုတ်ထားရတဲ့အချိန်မို့လို့ပါ သူဘာလို့ အဲ့ဒီအချိန်ကိုရွေးပြီးလုပ်သွားရလဲဆိုတာ နောက်ကွယ်မှာ အကြောင်းအရင်းရှိနေပါတယ် သူ့မှာ ဝင်ငွေကောင်းတဲ့ ဆူရှိဆိုင် ၂ဆိုင်ရှိသလို ၁၀နှစ်အရွယ် သမီးလေးတစ်ယောက်လည်းပိုင်ဆိုင်ထားပါတယ် သူဘာကြောင့် ဒီလမ်းကို ‌ရွေးချယ်သွားလဲဆိုရင် အိမ်တွင်းအကြမ်းမှုရယ် မသိတတ်တဲ့မိသားစုဝင်တွေရယ်ကြောင့်ပါ တစ်ပတ်၇ရက် မနက်၄နာရီကနေ ည၇နာရီအထိ ဆူရှီဆိုင်ကို ဦးစီးရတယ် ပိုက်ဆံရှာရတယ် သမီးလေးကို ကျောင်းကားအမှီပြင်ဆင်ပေးရတယ် အိမ်ထောင်ဖက်ဖြစ်သူက ဆိုင်က ပြန်ရောက်ရင် ပင်ပန်းလို့ဆိုပြီး အရက်သောက်တယ် ဟင်းမချက်ထားလို့ဆိုပြီး အမြဲလိုလို ဆူပူကြီမ်းမောင်းတယ် သူလည်း ကူကယ်ရာမဲ့နေတော့ Human servicesကို တိုင်လိုက်ရမလားပြောတော့ မူးမူးရူးရူးနဲ့physical abuseကိုအလုပ်ခံရတော့ပါတယ် သူဒီမှာအလုပ်လာလုပ် ပိုက်ဆံရှာနေတယ်ဆိုတာက မြန်မာပြည်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ပိုက်ဆံပို့ပေးနိုင်ဖို့ပါ Police recordအရ Family chat logsတွေမှာ သူ့မိသားစုဝင်တွေက လကုန်ပိုက်ဆံတောင်းတယ် သူကပို့လိုက်တယ် ရရှိကြောင်းပြန်ပြောတယ် ဒီ့အပြင် နေကောင်းလား ကျန်းမာလား အဆင်ပြေလားဆိုတဲ့ နွေးထွေးတဲ့ conversationမျိုးတွေကို မတွေ့ခဲ့ရပါဘူးတဲ့ ဘယ်လောက်တောင် စိတ်ပင်ပန်းနေလိုက်မလဲ ဘယ်လောက်တောင် မွန်းကျပ်နေလိုက်မလဲ သူက Suicideလုပ်သွားပေမယ့် ကလေးကို အဖေလက်ထဲမှာ မကြီးပြင်းစေချင်လို့ suicide မလုပ်ခင် တပတ်အလိုမှာ သူတို့ရဲ့ အိမ်နီးချင်း အဖွားကြီးဆီမှာ အိမ်ရှင်းမနလို့ Luggageတစ်လုံး ခဏအပ်ထားပါရစေဆိုပြီး သမီးလေးရဲ့ အသုံးဆောင်တွေကိုထည့်ပြီး အပ်ထားခဲ့ပါတယ် Hurricaneဝင်တဲ့ မနက်မှာ သမီးလေးကို မနက်စာကျွေးရင်း သုံးလေးရက်လောက် ဘေးအိမ်က အဖွားကို အဖော်လုပ်ပြီးနေဖို့ရယ် အမေခရီးသွားရာရှိလို့ ဘယ်လောက်ကြာမှန်းမသိလို့ ကိုယ့်ကိုယ်ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားဖို့ရယ်မှာခဲ့ပြီး အဲ့မနက်မှာပဲ Jame town bridgeပေါ်ကနေခုန်ချပြီး အဆုံးစီရင်သွားခဲ့ပါတယ် အဲ့ဒီမနက်ဟာ သူ့အတွက် ဘယ်လောက်တောင်ခက်ခဲနေလိုက်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင်သိပါတယ် လူတစ်ယောက်ရဲ့ နောက်ဆုံးထွက်ခွာသွားခြင်းအပေါ်မှာ မိသားစုဝင်တွေ အနီးက်ဆုံးလူတွေ တစ်ယောက်မှမသိလိုက်တာ တကယ်ကို ဝမ်းနည်းစရာပါ Hurricaneကြောင့် သူ့ကိုဘယ်သူ့မှလည်း မကယ်လိုက်နိုင်သလို တားလည်းမတားခဲ့လိုက်နိုင်ပါဘူး ဟာရီကိန်းမဝင်ခင်တရက်အလိုမှာ state of emergencyထုတ်တော့ သူက သူ့ယောကျာ်းကို ဆိုင်ပိတ်ပြီး တခြားမြို့ကို မိသားစုခရီးထွက်ရအောင်လို့ ပြောခဲ့ပါသေးတယ်တဲ့ ဒီခရီးသာ ထွက်လိုက်မိရင် သမီးကလေးဟာ Children fosterမှာသောင်တင်နေခဲ့မှာမဟုတ်ပါဘူး ယောကျာ်းဖြစ်သူက သူ့သူငယ်ချင်းနဲ့တခြားမြို့မှာ ချိန်းထားလို့ဆိုပြီး ထွက်သွားလိုက်ခြင်းက သူ့ကို ပိုပြီးတွန်းအားပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ် မုန်တိုင်းအပြီး အလောင်းပြန်တွေ့တော့ ယောကျာ်းဖြစ်သူက Domestic violenceနဲ့ထောင်ကျသွားပါတယ် ကလေးထိန်းသိမ်းခွင့်လည်း မရတော့ပါဘူး ကျွန်တော်တို့တွေ ကိုယ်နဲ့အနီးစပ်ဆုံးက လူတွေကို "အဆင်ပြေရဲ့လား" "နေကောင်းရဲ့လား" "ဒီနေ့ဘယ်ဟင်းချက်လဲ" ဆိုတာလောက်တော့ Social talkအနေနဲ့ ပြောပေးသင့်ပါတယ် ဒါတွေက အသေးအမွှားဆိုပေမယ့် ထိရောက်တဲ့ Suicide preventionမျိုးပါ Open armsလုပ်ပေးပြီး သူတို့ခံစားချက်တွေကို ထုတ်ပြောလာအောင် လုပ်ပေးသင့်တာပါ ထုတ်ပြောဖို့ကြိုးစားရင်းကနေ အချိန်လွန်သွားတဲ့အခါမှာ Suicideဆီကို ဦးတည်သွားပြီး ပျက်ရာပျက်ဆီးကြောင်းတွေဖြစ်သွားပါတော့တယ်
Hammasini ko'rsatish...
လူတစ်ယောက်အသက်ရှင်နေမှုက လူတွေအများကြီးအပေါ်မှာ သက်ရောက်မှုရှိနေပါတယ် သူမရှိတော့တဲ့အခါမှာ သူ့မိသားစုဝင်တွေ သူ့ကိုချစ်တဲ့သူတွေအတွက် အများကြီးထိခိုက်ဆုံးရှုံးမှုဖြစ်သွားပါတယ် အထူးသဖြင့် သူ့သမီးငယ်လေးပါ ပိုက်ဆံတစ်ခုကိုပဲ အလေးထားနေပြီး ဒီလူ အဆင်ပြေလား နေကောင်းလားတောင်မမေးပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့က သိပ်ကိုလူမဆန်ရာကျသွားပါပြီ ကိုယ့အရင်းနှီးဆုံးလူတစ်ယောက်ကို ဆုံးရှုံးပြီးမှ ဝမ်းနည်ပြနေတာထက် မဆုံးရှုံးခင်မှာ တန်ဖိုးထားရကောင်းမှန်း နားလည်ပါ ပြီးရင် "အဆင်ပြေရဲ့လား"လို့တော့ တခွန်းလောက်ဖြစ်ဖြစ်မကြာမကြာသွားမေးပေးပါ သူဘာလို့ burned outဖြစ်ပြီး လောကကြီးကို အရှုံးပေးထွက်ခွာသွားရလဲဆိုတာကို ကိုယ့်ရဲ့ အမြင်လေးတွေကို ပြောပြခဲ့နိုင်ပါတယ် Based on true story ချစ်တဲ့ #Min_Thant (Min's Beauty Book)🖤 #Real_Talk_With_MinThant #Coaching_Service #Counseling_Service #Emotional_Support #Mental_Support #Physical_support #Suicide_Prevention
Hammasini ko'rsatish...
Photo unavailableShow in Telegram
ကိုယ်နဲ့အနီးစပ်ဆုံးက လူတွေကို" အဆင်ပြေရဲ့လား"လို့ မေးကြည့်ဖူးလား ?
Hammasini ko'rsatish...
အတွေးအမြင် ကဏ္ဍ (Creative Problem Solving Skill) ခေတ်အရ ကျွန်တော်တို့မမှီလိုက်တဲ့ မသိလိုက်တဲ့အကြောင်းအရာတွေရှိတယ် အဲ့တော့စာအုပ်​တွေပြန်ဖတ်ရတယ် ရုပ်ရှင်တွေကြည့်ရတယ် သီချင်းတွေဆီပြန်သွားရတယ် တချို့ရုပ်ရှင်တွေစာအုပ်တွေမှာလည်း အယူအဆမှားတွေရှိလေတော့ ဂလူး ဂလူး ခေါက်ကြည့်ရတယ် အခုခေတ်လိုဆိရြင်တော့ chat GPTဆီပြေးရတယ် တချို့အကြောင်းအရာတွေကျတော့ ဂလူး ဂလူးမှာလည်းမရှိဘူး chat GPTလည်း အားကိုးလို့မရတော့ ကိုယ့်ရဲ့ critical thinkingကိုအားကိုးရတယ် ဆက်စပ်တွေးခေါ်နိုင်စွမ်းပေါ့ လူတစ်ယောက်မှာရှိသင့်တဲ့ soft skillထဲမှာ ဆက်စပ်တွေးခေါ်နိုင်စွမ်းပါတယ် သင်လို့ရတဲ့လူဆိုရင် ကျွန်တော်က ကြုံရင်ကြုံသလိုသင်ပေးတယ် အဲ့အခါကျရင်တို့က တော်လိုက်တာဘာညာပြောတယ် တော်တာမဟုတ်ဘူးလို့ အသက်ကြီးလာခြင်းမှာ အလကား အသက်ကြီးလာတာမဟုတ်ဘူးလို့ အတွေ့အကြုံတွေကနေပဲ ဒါတွေတတ်လာလို့ပြောပြရတယ် သူတို့အထင်က ဒီskillsတွေကိုမွေးရာပါလို့ထင်နေကြတယ် မွေးရာပါပါတဲ့သူလည်းရှိကောင်းရှိလိမ့်မယ် ဒါပေမယ့် လုပ်ယူရတာများပါတယ် တခါက ကလေးတစ်ယောက် သူကတော့ကူညီချင်စိတ်ပြင်းပြတာပေါ့ သူ့သူငယ်ချင်းကို သူငွေသိန်းဂဏန်းချေးပေးလိုက်ချင်တယ် သူ့မှာပိုလျံနေလို့တော့မဟုတ်ဘူး ရှိသမျှခြစ်ကုတ်ပြီးချေးရမှာပေါ့ ဟိုဘက်က သူငယ်ချင်းကလည်း တကယ်အကူအညီလိုနေတာမျိုးပါ ဒါပေမယ့် သူကဘာရယ်မဟုတ် ပါးစပ်ကကူညီမယ်ပြောခဲ့လိုက်တယ် ဟိုဘက်က တထစ်ချကူညီမယ်ထင်ပြီး တကယ်လည်းချေးရတော့မယ်ဆိုတော့ သူ့လက်ထဲငွေကအဆင်သင့်မရှိဘူး ရှိတာလေးချွတ်ရောင်းရတော့မယ် ဟိုဘက်ကလူကလည်း မယုံရတဲ့လူမျိုးတော့မဟုတ်ပေမယ့် ဘာရယ်မဟုတ်ပြောလိုက်တဲ့စကားကို အတည်ကြီးမှတ်လိုက်တော့ သူလည်းစကားကကျွန်နေပြီဆိုတော့ ဘာလုပ်ရမှန်းမသိတော့ပဲ ကျွန်တော့်ကို လာပြောတယ် အဲ့ကိစ္စကိုဘယ်လိုလုပ်သင့်လဲတဲ့ အေးလို့ မင်းချေးလိုက်ရင်တော့ 50/50ပဲလို့ ငွေပြန်ရတာ မရတာထက် သူကလည်းမင်းကို ချေးတည်းက သူအဆင်ပြေတဲ့အချိန်ထိစောင့်ခိုင်းတာဖြစ်လို့ ကြားထဲမှာသူပြန်မဆပ်နိုင်လည်း မင်းကစောင့်ရမှာပဲလို့ နောက်တစ်ခု သူချေးတဲ့amountက မင်းလက်ထဲအသင့်မရှိပဲ ဘာလို့ကူညီမယ်ပြောခဲ့တာလဲလို့ သူက ၁၀၀ချေးရင် မင်းလက်ထဲမှာ ၂၀၀လောက်ရှိမှ သူ့ကိုချေးလို့ရမှာလေလို့ အခုက မင်းလက်ထဲ၁၀၀ရှိတာကို ၁၀၀လုံးချေးလိုက်ရင် မင်းအတွက် emergency fundဆိုတာမရှိတော့ဘူး နောက်ပြီး မင်းကနေ့တဓူဝ အပြင်ထွက်နေရတဲ့သူဆိုတော့ လက်ထဲမှာ ပိုက်ဆံကရှိမှဖြစ်မှာ သူတစ်ပါးကို ကူညီချင်စိတ်ရှိတာကကောင်းတယ် ဒါပေမယ့် ကိုယ်အခက်အခဲအဖြစ်ခံပြီးသူတစ်ပါးကို ကူညီချင်လို့မရဘူး ပြီးရင် ဘယ်အရာကိုမှလွယ်လွယ် လုပ်ပေးမယ် ကူညီမယ်ဆိုတာမျိုး နောက်မပြောမိစေနဲ့လို့ အခုကတော့ စကားကကျွန်သွားပြီဆိုတော့ ငြင်းလိုမရတော့ဘူး သူထပ်လာမပြောရင်တော့ ဒီတိုင်းပဲထားလိုက်တော့ တကယ်လို့ သူထပ်လာပြောခဲ့ရင်တော့ သင့်တင့်လျောက်ပတ်တဲ့ reasonတခုပေးပြီး သူ၁၀၀ချေးရင် ၅၀ပဲပေးလိုက်တော့ အစကတော့ မင်းဘာရယ်မဟုတ်ပြောခဲ့ပေမယ့် အခုကျတော့ စိတ်ကလည်း သက်တောင့်သက်သာမဖြစ်တော့ဘူးဆိုရင် ၁၀၀လုံး ချေးလိုက်တာထက် ၅၀လောက်ပဲချေးတာက ပိုအဆင်ပြေသွားလိမ့်မယ် မဟုတ်ရင် အိပ်မပျော်ပဲဖြစ်နေလိမ့်မယ် ဒါတွေက critical thinkingတွေ Creative problem solving skillတွေနဲ့ဆိုင်ပါတယ် ဒီလိုskillsတွေမွေးရာပါ ပါမလာရင်လုပ်ယူရတယ် သင်ယူရတယ် အမှားတွေကနေlesson learnလုပ်ရတယ် ကျွန်တော်ဆိုလည်း ခပ်ငယ်ငယ်က စကားကျွန်ဖူးတာတွေ ခဏခဏ ကြုံဖူးတယ် အဲ့တာတွေကနေပြဲပန်သင်ယူရတာပေါ့ အခုနောက်ပိုင်းဆို စကားကိုတော်တော်ထိန်းထိန်းသိမ်းသိမ် ပြောတတ်လာတယ် ကိုယ်ပြောလိုက်တဲ့စကားတခွန်း ဘယ်အထိရောက်သွားမလဲဆိုတာကို ကြိုတွေးပီးတော့မှပဲပြောဖြစ်တော့တယ် ဒီလိုအတွေးအမြင်ကဏ္ဍလေးတွေကိုလည်း နောက်လည်း အလျဉ်းသင့်သလို ရေးသား တင်ဆက်ပေးသွားဦးပါမယ် Feb29/2024 Thursday 2:34 PM ကျွန်တော်ရဲ့ စာစုလေး ၃၂ပုဒ်မှာတဲ့ Ebookလေးကို ဝယ်ယူဖတ်ရှုချင်ရင်တော့ အောက်က Linkထဲဝင်ရောက်ဖတ်ရှုပြီးဝယ်ယူနိုင်ပါတယ်ဗျ https://www.facebook.com/1661090587524063/posts/2941677966131979/ Physical Bookလေး "သူ့အကြောင်း ကိုယ့်အကြောင်း ကိုယ်တို့နှစ်ဦးအကြောင်း"ဆိုတဲ့ စာအုပ်လေးကို ဖတ်ချင်ရင်တော့အောက်ကlinkမှာ ဝင်ရောက်မှာယူလို့ရပါတယ် https://m.facebook.com/story.php?story_fbid=775871544558154&id=100064059452621&mibextid=Nif5oz Well-being programလေးအကြောင်းသိချင်ရင်တော့ အောက်က Linkလေးထဲ ဝင်ဖတ်နိုင်ပါတယ်ဗျ https://m.facebook.com/story.php?story_fbid=829744744779101&id=100032307486271 ကောင်းတာတွေမျှဝေရင်း ကောင်းတဲ့communityတစ်ခုမှာ ရှင်သန် ဖြတ်သန်းချင်ရင်တော့ Life timeဆွေးနွေးရင်ဖွင့်လို့ရမယ့် Private gpလေးအကြောင်းကို အောက်က Linkထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/1661090587524063/posts/2892897401010036/
Hammasini ko'rsatish...
Min's Beauty Book

Relationshipတွေထဲက ပျော်ရွှင်မှု ကျွန်တော့်ရဲ့ ရေးခဲ့သမျှစာစုတွေထဲက ၃၂ပုဒ်ကို ပြန်လည်ရွေးချယ်စီစစ်ပြီး ဒီE bookကလေးကို လုပ်ဖြစ်သွားခြင်းပါ Physical bookလည်း စက္ကူစျေးအတက်အကျ ဘာညာကြောင့်သာ...

အိမ်ထောင်ရေးနဲ့ပတ်သက်လို့ဖြစ်စေ LGBTအရေးနဲ့ပတ်သက်လို့ဖြစ်စေ တခြားrelationshipတွေအတွက်ဖြစ်စေ Self-care,Self-Loveရှိတတ်ဖို့ဖြစ်စေ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်ဖြစ်စေ ပိတ်မိနေတဲ့အတွေးတွေကြောင့် ကိုယ့်ဘဝတိုးတက်ရာတိုးတက်အကြောင်းအတွက်ဖြစ်စေ ဆွေးနွေးချင်တယ် တိုင်ပင်ချင်တယ်ဆိုရင် ကျွန်တော် serviceပေးနေတဲ့ private sessionတွေအကြောင်းကို @minthan5 ရဲ့ message boxမှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ ဒါကတော့ Fb post linkလေးပါ https://www.facebook.com/share/p/DABdHw7MhCbePWxm/?mibextid=oFDknk ဒါကတော့ Viber Channel လေးပါ https://invite.viber.com/?g2=AQAcNKqrA%2FYvDE%2FBuJ7Mlv4iaF6E%2B4joqrGS1iXxEQE8iuQqZjvfynQTnCUTL2RO ချစ်တဲ့ #Min_Thant (Min's Beauty Book)🖤 #Real_Talk_With_MinThant #Coaching_Service #Counseling_Service #Emotional_Support #Mental_Support #Physical_support #Critical_Thinking #Creative_Problem_Solving_Skill
Hammasini ko'rsatish...

Photo unavailableShow in Telegram
အတွေးအမြင် ကဏ္ဍ (Creative Problem Solving Skill)
Hammasini ko'rsatish...
ကျွန်တော်ရဲ့ စာစုလေး ၃၂ပုဒ်မှာတဲ့ Ebookလေးကို ဝယ်ယူဖတ်ရှုချင်ရင်တော့ အောက်က Linkထဲဝင်ရောက်ဖတ်ရှုပြီးဝယ်ယူနိုင်ပါတယ်ဗျ https://www.facebook.com/1661090587524063/posts/pfbid0FPNb9LRWBnxUwPDw7iaEA7EL7ypqtPTPk1bn1t3S83bqcHdZ3GSPHcRZNG8N6ngRl/ Physical Bookလေး "သူ့အကြောင်း ကိုယ့်အကြောင်း ကိုယ်တို့နှစ်ဦးအကြောင်း"ဆိုတဲ့ စာအုပ်လေးကို ဖတ်ချင်ရင်တော့အောက်ကlinkမှာ ဝင်ရောက်မှာယူလို့ရပါတယ် https://m.facebook.com/story.php?story_fbid=pfbid02569Y7mgJaWZEranDtUQJNdovYodcvpDunn5qaFFHxmdqt62jQ2AKkcgCoYJZnBD7l&id=100064059452621&mibextid=Nif5oz Well-being programလေးအကြောင်းသိချင်ရင်တော့ အောက်က Linkလေးထဲ ဝင်ဖတ်နိုင်ပါတယ်ဗျ https://m.facebook.com/story.php?story_fbid=pfbid0VJaTxMvXQv6SPYFzTEGmmF5WqmUjcVmxerqrxYdPa7ytys8uWg9Xy1eBmoiy2Kbal&id=100032307486271 ကောင်းတာတွေမျှဝေရင်း ကောင်းတဲ့communityတစ်ခုမှာ ရှင်သန် ဖြတ်သန်းချင်ရင်တော့ Life timeဆွေးနွေးရင်ဖွင့်လို့ရမယ့် Private gpလေးအကြောင်းကို အောက်က Linkထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/1661090587524063/posts/pfbid02sTMzxASNgEn3iRQHQqEFeM1UdKtKhVVXMM31YyfV8UiAXWzgfwEmzezQvoXdWFCal/ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ဖြစ်စေ LGBTအရေးနဲ့ပတ်သက်လို့ဖြစ်စေ တခြားrelationshipတွေအတွက်ဖြစ်စေ Self-care,Self-Loveရှိတတ်ဖို့ဖြစ်စေ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်ဖြစ်စေ ပိတ်မိနေတဲ့အတွေးတွေကြောင့် ကိုယ့်ဘဝတိုးတက်ရာတိုးတက်အကြောင်းအတွက်ဖြစ်စေ ဆွေးနွေးချင်တယ် တိုင်ပင်ချင်တယ်ဆိုရင် ကျွန်တော် serviceပေးနေတဲ့ private sessionတွေအကြောင်းကို @minthan5 ရဲ့ message boxမှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ ဒါကတော့ Fb post linkလေးပါ https://www.facebook.com/share/p/JxDsGQY57AHB9CPd/?mibextid=oFDknk ဒါကတော့ Viber Channel လေးပါ https://invite.viber.com/?g2=AQAcNKqrA%2FYvDE%2FBuJ7Mlv4iaF6E%2B4joqrGS1iXxEQE8iuQqZjvfynQTnCUTL2RO ချစ်တဲ့ #Min_Thant (Min's Beauty Book)🖤 #Real_Talk_With_MinThant #Coaching_Service #Counseling_Service #Emotional_Support #Mental_Support #Physical_support #ABBA
Hammasini ko'rsatish...
Min's Beauty Book

Relationshipတွေထဲက ပျော်ရွှင်မှု ကျွန်တော့်ရဲ့ ရေးခဲ့သမျှစာစုတွေထဲက ၃၂ပုဒ်ကို ပြန်လည်ရွေးချယ်စီစစ်ပြီး ဒီE bookကလေးကို လုပ်ဖြစ်သွားခြင်းပါ Physical bookလည်း စက္ကူစျေးအတက်အကျ ဘာညာကြောင့်သာ...

တစ်ယောက်တည်းနေရတဲ့အချိန်မှာ ဘာလုပ်သင့်လဲ ? တစ်ယောက်တည်းနေရတာကို ကျွန်တော်ကတော့အသားကျနေပါပြီ အသားမကျသေးတဲ့လူတွေအတွက် ဒီစာလေးရေးပေးလိုက်တာပါ ကျွန်တော်အရင်ကလည်းလုပ် အခုလည်းလုပ်ဖြစ်တဲ့ activitiesလေးတွေကို ပြောပြပါမယ် အခုနောက်ပိုင်း တစ်ယောက်တည်းနေဖြစ်တာများတော့ တခါတလေတော့ stressဖြစ်တာမျိုးရှိပါတယ် အဲ့လိုအခါတွေ ကျွန်တော်ဘာလုပ်ဖြစ်လဲဆိုတော့ သီချင်းဖွင့်ပြီးကပါတယ် ကတယ်ဆိုတာ စည်းချက်ညီညီကတာတော့ မဟုတ်ဘူး သီချင်းဖွင့်ထားပြီး အဲ့သီချင်းနဲ့အတူ လူကစီးမျောပြီး ခန္ဓာကိုယ် သူ့ဟာသူလိုက်လှုပ်နေတာမျိုးပါ မျက်လုံးလေးမှိတ်ထားပြီး body movementကို အဆင်ပြေသလို လိုက်ကပါတယ် ဘယ်သူမှမှ မရှိတာရှက်စရာမလိုပါဘူး အရမ်းစိတ်ထဲမြူးလာတဲ့ သီချင်းမျိုးဆို ထပြီး ကပါတယ် များသောအားဖြင့် စာရေးနေရင်းတို့ Journalingရေးနေရင်းတို့ ကျွန်တော်သီချင်းဖွင့်ထားတတ်ပြီး လက်လှုပ် ‌ေခြလှုပ် ခေါင်းလှုပ်နဲ့ကတတ်တဲ့လူမျိုးပါ သိပ်တော့အထင်မကြီးပါနဲ့ ဝါသနာပဲပါတာ ပါရမီမပါဘူး ဒီတလောဆိုရင် 70's ခေတ်က သီချင်းတွေပြန်နားထောင်ဖြစ်နေပါတယ် ABBAဆိုရင် သိချင်မှ သိလိမ့်မယ့် Mama Miaဆိုရင် ပိုသိလိမ့်မယ် Mama Miaကို အမြူးဆုံးထင်ခဲ့ပေမယ့် ABBAအဖွဲ့မှာ Mama Mia ထက်မြူးတဲ့သီချင်းတွေရှိပါတယ် ဥပမာ "Dancing Queen" Intro ကြားတာနဲ့ကချင်စိတ်ပေါက်တယ် သူ့စာသားလေးတွေကလည်း ချစ်စရာလေးတွေနဲ့ လွန်ခဲ့ နှစ်၅၀လောက်က သီချင်းက အခုချိန်ထိ ဆယ်ကျော်သက်vibeကိုရစေတယ် Gimme Gimme Gimmeကတော့ရယ်ရတယ် ညလယ်ကြီးမှာ သူက လင်လိုချင်နေတဲ့သီချင်း😂 နောက်အကြိုက်ဆုံးတစ်ပုဒ်က Knowing me,Knowing you ဟာမိုနီအသံတွေအရမ်းကောင်းပြီး သီချင်းကမြိုင်နေတာပဲ မြန်မာသီချင်းလည်းရှိတယ် မဆွေနဲ့မချောစုပြန်ဆိုထားတယ် "မင်းလည်းသိတယ် ငါလည်းသိ " "အာဟာ " အဲ့ "အာဟာ"နေရာကို အရမ်းကြိုက်တာ သူတို့သီချင်းတွေတော်တော်များများ ဒီမှာcopyပြန်ဆိုကြတယ် "Super Trouper"ဆိုရင် Lခွန်းရီရဲ့ "ရင်မှာတောင်ဆူးများစူးသွား သွေးသံနီရဲသွားကာ ချောင်းလေးစီးသွားတယ်"ဆိုတဲ့သီချင်း 70sခေတ်က သီချင်းတွေက Music industryရဲ့အကောင်းဆုံး Decadeလို့တောင်ပြောလို့ရတယ် "The Beatles" "Carpenters" "Boney M" တကယ့်အမိုက်စား Band တွေ အဲ့ခေတ်ကသီချင်းတွေကို အခုအဆိုပြိုင်ပွဲတွေမှာ ပြန်ဆိုနေကြတုန်းပဲ တကယ့် Old but goldတွေ မြူးတယ်ဆိုပြီး သိပ်ပျော်မနေနဲ့ဦး "The winner takes it all"လည်း နားထောင်ရော မျက်ရည်ပါကျချင်သွားတယ် "Chiquitita"ကတော့ Encourage ပေးတဲ့သီချင်းမျိုးလေး သီချင်းနားထောင်နေရင်းနဲ့ကို အဲ့သီချင်းထဲကကိုရောက်သွားတာမျိုး Body movementတွေကလည်း သူ့ဟာနဲ့သူလိုက်လှုပ်ရှားနေတာမျိုးပေါ့ သူတို့အဖွဲ့က လေးယောက်မှာ Agnetha Faltskongကိုပ်ုကြိုက်တယ် သူက ဆွီဒင်လူမျိုးထင်တယ် အသားဖြူဖြူအပေါ်မှာဆံပင်ကချွတ်ဆေးလိုအရောင်နဲ့က တကယ်uniqueဖြစ်နေတာမျိုး ပြီးတော့အိုင်ရှဲဒိုးကို အပြာရောင်တို့အစိမ်းရောင်တို့ ခြယ်ထားတာကြီးက ကျွတ်ဆင်ကြီး အဲ့ခေတ်က fashion နဲ့ musicက တကယ့်အနှစ်တွေကြီးပဲ အဲ့ခေတ်မှာ soloတစ်ကိုယ်တော်ပေါက်တဲ့ ဆော်ကြီးက "Dolly parton"ပဲ သူ့ရဲ့masterpieceက "Jolene" ဂျိုလင်းဆိုတဲ့စနှိုက်ကြော်မကို ဖဲ့ထားတဲ့သီချင်းပေါ့ အဲ့ဘွားတော်ကို တယောက်သောသူရဲ့ တေးချစ်သူအမျိူးသမီးနဲ့မမှားကြပါနဲ့ တေးချစ်သူက Dolly ကိုလိုက်ပြီး copy cutတာပါ Miley cyrusဘာလို့အောင်မြင်နေလဲဆိုရင် Dolly က သူ့ရဲ့ Mentorမို့လို့ပါ Dollyရဲ့ Coat of many coloursဆိုတဲ့သီချင်းဆိုရင် မူလတန်းသင်ရိုးညွှန်းတန်းမှာထည့်သင်ရတဲ့အထိအောင်မြင်ပါတယ် အဓိက manner အကြောင်း empathyအကြောင်းကို သိစေချင်လို့ သူတို့နိုင်ငံရဲ့သင်ရိုးညွှန်းတန်းထဲမှာထည့်ထားတာပါ သီချင်းတွေက တကယ်ကို စိတ်ထွက်ပေါက်ပေးပြီး ခွန်းအားရစေတယ် ကျွန်တော့်အတွက်တော့ သီချင်းတွေက Ideaအသစ်တွေရစေတယ် အဲ့သီချင်းတွေရဲ့ဖြစ်တည်လာမှုတွေ အဲ့သီချင်းတွေကိုဘယ်သူတွေဖန်တီးခဲ့တာလဲဆိုပြီးလိုက်ရှာဖတ်ရတာတွေ ဒါတွေက တကယ့်Paradiseပါပဲ သူတို့ရဲ့နောက်တခေတ်ဆိုရင် Madonna ကိုချန်ထားလို့မရဘူး "Materials girl"က သိပ်ကလို့ကောင်းတဲ့သီချင်းပေါ့ အဲ့သီချင်းထဲမှာဆိုရင် Madonnaက လှလိုက်တာများမှုံလို့ အခုထိလည်း ဂေါ်နေတုန်းပါပဲ သီချင်းနားမထောင်တတ်တဲ့လူတွေ သီချင်းတွေကိုစိတ်မဝင်စားတဲ့လူတွေရဲ့ ဘဝက အရမ်းကို ခက်ခဲပင်ပန်းပါလိမ့်မယ် သီချင်းတွေက ဘဝရဲ့ဖြေဆေးပါ သီချင်းတွေသာရှိရင် ဘဝက ပြီးပြည့်စုံတယ် သီချင်းတွေနဲ့ကပါ သီချင်းတွေနဲ့စီးမျောပါ သီချင်းတွေရှိတဲ့ကမ္ဘာမှာနေပါ stressဆိုတာ ကိုယ့်ဆီမှာ ကြာရှည်မနေနိုင်ပဲ ထွက်ပြေးသွားပါလိမ့်မယ် သီချင်းတွေနဲ့က‌တဲ့အခါမှာ သွေးလည်ပတ်မှုလည်းကောင်းတယ် Musicကလာတဲ့ vibrationတွေ frequencyတွေက နှလုံးသားနဲ့ဦးနှောက်ကို သွားပြီးရိုက်ခတ်ပါတယ် အဲ့ကနေမှတဆင့် energyတွေရလာပြီး လူကတက်ကြွလန်းဆန်းလာပါတယ် တယောက်တည်းနေရတဲ့လူတွေအဖို့ stress releseလုပ်ဖို့ ဒီနည်းကို သုံးကြည့်ပါ ဒီနည်းလမ်းအတိုင်းလုပ်နေတဲ့သူတွေရှိရင်လည် မျှဝေပေးခဲ့ပါဦးနော်
Hammasini ko'rsatish...
Min's Beauty Book

Relationshipတွေထဲက ပျော်ရွှင်မှု ကျွန်တော့်ရဲ့ ရေးခဲ့သမျှစာစုတွေထဲက ၃၂ပုဒ်ကို ပြန်လည်ရွေးချယ်စီစစ်ပြီး ဒီE bookကလေးကို လုပ်ဖြစ်သွားခြင်းပါ Physical bookလည်း စက္ကူစျေးအတက်အကျ ဘာညာကြောင့်သာ...

Photo unavailableShow in Telegram
တစ်ယောက်တည်းနေရတဲ့အချိန်မှာ ဘာလုပ်သင့်လဲ ?
Hammasini ko'rsatish...
ကောင်းတာတွေမျှဝေရင်း ကောင်းတဲ့communityတစ်ခုမှာ ရှင်သန် ဖြတ်သန်းချင်ရင်တော့ Life timeဆွေးနွေးရင်ဖွင့်လို့ရမယ့် Private gpလေးအကြောင်းကို အောက်က Linkထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/1661090587524063/posts/pfbid02sTMzxASNgEn3iRQHQqEFeM1UdKtKhVVXMM31YyfV8UiAXWzgfwEmzezQvoXdWFCal/ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ဖြစ်စေ LGBTအရေးနဲ့ပတ်သက်လို့ဖြစ်စေ တခြားrelationshipတွေအတွက်ဖြစ်စေ Self-care,Self-Loveရှိတတ်ဖို့ဖြစ်စေ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်ဖြစ်စေ ပိတ်မိနေတဲ့အတွေးတွေကြောင့် ကိုယ့်ဘဝတိုးတက်ရာတိုးတက်အကြောင်းအတွက်ဖြစ်စေ ဆွေးနွေးချင်တယ် တိုင်ပင်ချင်တယ်ဆိုရင် ကျွန်တော် serviceပေးနေတဲ့ private sessionတွေအကြောင်းကို @minthan5 ရဲ့ message boxမှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ ဒါကတော့ Fb post linkလေးပါ https://www.facebook.com/share/56sXqiFG3AgmN3Mh/?mibextid=oFDknk ဒါကတော့ Viber Channel လေးပါ https://invite.viber.com/?g2=AQAcNKqrA%2FYvDE%2FBuJ7Mlv4iaF6E%2B4joqrGS1iXxEQE8iuQqZjvfynQTnCUTL2RO ချစ်တဲ့ #Min_Thant (Min's Beauty Book)🖤 #Real_Talk_With_MinThant #Coaching_Service #Counseling_Service #Emotional_Support #Mental_Support #Physical_support
Hammasini ko'rsatish...
Min's Beauty Book

Hello အားလုံးပဲမင်္ဂလာပါဗျ Special Announcementလေးကို အောက်မှာဆက်ဖတ်ပေးပါနော်✨ ဒီGPလေးကို လုပ်ရတဲ့ရည်ရွယ်ချက်က ကျွန်တော့်နဲ့ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်တွေကြားမှာ ထပ်ပြီး ပေါင်းကူးပေးမယ့်...

Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.