uk
Feedback
Knowledge is Power Myanmar

Knowledge is Power Myanmar

Відкрити в Telegram

Business Management knowledge sharing

Показати більше

📈 Аналітичний огляд Telegram-каналу Knowledge is Power Myanmar

Канал Knowledge is Power Myanmar (@knowledgeispowermyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 925 підписників, посідаючи 5 272 місце в категорії Бізнес та 9 607 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 925 підписників.

За останніми даними від 04 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 861, а за останні 24 години на 6, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 9.58%. Протягом перших 24 годин після публікації контент зазвичай збирає 4.56% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 236 переглядів. Протягом першої доби публікація в середньому набирає 589 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 8.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“Business Management knowledge sharing”

Завдяки високій частоті оновлень (останні дані отримано 05 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Бізнес.

12 925
Підписники
+624 години
+607 днів
+86130 днів
Архів дописів
photo content

(Buying Trigger) က​လေးပစ္စည်း​တွေဝယ်တဲ့ Doctor recommend ​တွေအရအမြဲဝယ်ပြီး တခြားအ​မေ​တွေရဲ့ review ​တွေကို social mediaမှာ ​လေ့လာပြီးမှာ က​လေးပစ္စည်း​တွေကို ဝယ်တက်​လေ့ရှိပါတယ်။ (Gain point) က​လေးအသားအရည်​ချော​မောပြီး ​ပျော်ရွှင်ကျန်းမာတာကို အရမ်းဖြစ်ချင်လိုချင်​နေတဲ့ မိခင်တစ်ဦးဖြစ်ပါတယ် က​လေးအတွက် စိတ်ပူရတာ​တွေကို မလိုချင်တဲ့သူဖြစ်ပါတယ်။ " စသဖြင့် ပုံ​တွေဘာ​တွေကို Ai နဲ့ လုပ်ပြီး စာနဲ့တွဲပြရင် ပို​ကောင်းပါတယ်။အခုဆိုရင် buyer persona အတွက် ​တော်​​​တော်​လေးနားလည်သွားပြီးလို့​ ​မျှော်လင့်ပါတယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun #contentmarketing #marketing

Buyer Personaကို သိဖို့ Content marketer နဲ့ copywriter ​ဘယ်လို ပြုလုပ်ရမလဲ Content marketingလုပ်တဲ့အခါ buyer personaဟာ content creation​တွေလုပ်ဖို့အတွက် မရှိမဖြစ် သိရမည့် အရာဖြစ်ပါတယ် buyer personaဆိုတာဘာလဲဆို​တော့ ကိုယ်​ရေးမယ့် brand နဲ့ product​တွေကို ဘယ်လိုလူမျိုး​တွေက ဝယ်မှာလဲ ဝယ်​နေလဲ ​ရောင်းမှာလဲဆိုတာကို လူတစ်​ယောက်အ​နေနဲ့ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းမြင်​အောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ Buyer personaကို ကြည့်ရင် ​​မောင်ဘယ်သူ၊ မဘယ်သူက၊ အသက်ဘယ်ရွယ်ရှိတယ် ၊ ဘာအလုပ်လုပ်တယ်၊ ဝင်​ငွေဘယ်​လောက်ရှိတယ် ၊ ဘာ​တွေကိုစိတ်ဝင်စားတယ် ၊ ဘာ​တွေကို ​ကြောက်ရွှံ့တယ် ၊ ဘာ​​တွေကို လိုအပ်​နေလဲ စသဖြင့် လူတစ်​ယောက်အ​နေနဲ့ မြင်​အောင်​ရေးထား​လေ့ရှိပါတယ်။ ဒါဖြင့် buyer personaကို ဘယ်နှ​ယောက်​လောက်ထားရမလဲ များများထားရင်​ကောင်းလား စသဖြင့်​မေးဖို့ဖြစ်လာပါတယ် buyer persona ဟာ ကိုယ့်brand နဲ့productရဲ့ လိုအပ်ချက်အရ ၁​ယောက် ၂​ယောက် ဒါမှမဟုတ် အများဆုံး ၃​ယောက်ပုံစံ​လောက်ထိပဲ ထားသင့်ပါတယ် တချို့ brand​တွေက ၁​ယောက်နဲ့ပဲ အဆင်​ပြေသလို တချို့brandကြ ၂​ယောက်​လောက်ထားကြပါတယ် ၃​ယောက်ထက်ပိုရင်​​တော့ focusလုပ်ရတာခက်လို့ အဆင်မ​ပြေဖြစ်နိုင်ပါတယ်။ Brand နဲ့ လုပ်ငန်း​တွေမှာ buyer persona​တွေ လုပ်တဲ့အခါ မှား​လေ့ရှိတာက researchမလုပ်ပဲ မိမိအထင်နဲ့ ဘယ်လိုလူ​တွေက buyer personaဖြစ်တယ်ဆိုပြီ ကိုယ့်အထင်နဲ့ ​လျှောက်​ရေးတာဖြစ်ပါတယ် တခါတ​လေ digital marketing agency​တွေက clientရဲ့ brand​တွေကို ကိုင်​ပေးတဲ့အခါ သူတို့ဘာသာအထင်နဲ့ buyer personaကို ​​လျှောက်သက်မှတ်တာမျိုးရှိသလို ၊ clientဘက်ကို​မေးတဲ့အခါ clientဘက်က အထင်နဲ့​လျှောက်​ပြောတာမျိုးလည်း ရှိတက်ပါတယ် အစကတည်းက brand plan မရှိခဲ့လို့ဖြစ်ပါတယ်။ ဒါ​ကြောင့် buyer persona အတွက် research ဘယ်လိုလုပ်ရမလဲဆိုတာကို ဆက်ပြီးပြောပြ​ပေးပါ့မယ် Buyer persona​တွေအတွက် research လုပ်​​တော့မယ်ဆိုရင် ပထမဆုံး လုပ်ငန်းရဲ့ sales team ​ဖြစ်တဲ့ customer​တွေကို ​ရောင်း​နေတဲ့သူ​တွေနဲ့ စကား​ပြောကြည့်ရပါမယ် ဘယ်လိုလူ​မျိုး​တွေဝယ်လဲ ဘယ်​အသက်အရွယ် ကျားမ ဘယ်မြိို့ စသဖြင့် ဝယ်ကြလဲဆိုတာ​တွေကို ​မေးရပါမယ် ဒီ​နေရာမှာ ကိုယ့် လုပ်ငန်းက distribution channel sales ဆိုရင် channel ကပြန်​ရောင်းချတဲ့ wholesaler​တွေ retailer​တွေ နဲ့ တကယ်အသုံးပြုတဲ့ consumer end user​တွေကို ​သေချာကွဲကွဲပြားပြားသိဖို့လိုပါတယ် ကိုယ့်ရဲ့ brandရဲ့ content​တွေ copywriting​တွေက end user​တွေကို ရည်ရွယ်တာဖြစ်တဲ့အတွက် end user​တေ့ တကယ်သုံးတဲ့ ဝယ်တဲ့သူ​တွေအ​ကြောင်းသိဖို့လိုပါတယ် ဒါမှမဟုတ် ကိုယ်က အလှကုန်ပစ္စည်း​တွေကို modern tradeဖြစ်တဲ့ supermarket​တွေမှာ ​ကောင်တာထားပြီး ​ရောင်းတယ်ဆိုရင် ​ကောင်တာမှာ​ရောင်းတဲ့ အ​ရောင်းsalesမိန်းက​လေးများကို interviewတာဖြစ်​စေ ဝယ်တဲ့customer​တွေရဲ့ dataရ​အောင် ကံစမ်းမဲလုပ်​ပေးပြီး သူတို့ရဲ့ dataအချက်အလက်​တွေဖြည့်ခိုင်းတာဖြစ်​စေလုပ်လို့ရပြီး တချို့လုပ်ငန်း​တွေဆိုရင် memeber နည်းစနစ်နဲ့ data​တွေကို ရနိုင်ပါတယ်။​​​နောက်ထပ်ပြီး ကိုယ့်ရဲ့ social media​တွေမှာ ဘယ်သူ​တွေက engagementလုပ်လဲ ဘယ်လိုလူမျိုး​တွေလဲ ဆိုတာကို insight​တွေရဲ့ data​တွေကို ​လေ့လာရပါမယ် ပြီး​​တော့ social mediaရဲ့ group​တွေမှာကြည့်ပြီးSocial Listening လုပ်ရပါမယ် ဥပမာ က​လေးပစ္စည်း​တွေအတွက်ဆိုရင် က​လေးနဲ့ အ​မေ​တွေအတွက်လုပ်ထားတဲ့ parenting group​​တွေမှာ ဝင်​လေ့လာပြီး ​​လေ့လာသုံးသပ်ရမှာဖြစ်ပါတယ်။ဒါပြီး​နောက်တနည်းက တကယ်ဝယ်တဲ့ customer​တွေကို တိုက်ရိုက် interviewကြည့်တာမျိုး​တွေ ​မေးတဲ့အခါ မေးသင့်တဲ့ မေးခွန်းတွေ - ဒီ product ကို ဘာကြောင့်လိုအပ်လာတာလဲ - မဝယ်ခင်မှာ ဘာကို စိတ်ပူခဲ့လဲ - Alternative ဘာတွေ စဉ်းစားခဲ့လဲ - Purchase ဆုံးဖြတ်တာ ဘယ်အချက်ကြောင့်လဲ - အခုလို product မရှိရင် ဘယ်လိုဖြေရှင်းမလဲ စသဖြငိ့ Feature မမေးပါနဲ့၊ အပြုအမူ နဲ့ စိတ်ခံစားချက်ကို မေးရမှာ ဖြစ်ပါတယ်။ ဒီလိုresearch လုပ်ပြီး data​တွေကို analysisလုပ်ပြီးရင် buyer persona တစ်​ယောက်​ရေး​တော့မယ်ဆိုရင် ဘာ​တွေပါဝင်သင့်လဲဆို​တော့ Name (fictional) Age / Gender Job / Business Goals Pain points Fear Buying trigger Objections Information source Favorite platform စတာ​တွေပါဝင်သင့်ပါတယ်။ ဥပမာ ကိုယ်က က​လေး လသားအရွယ် ပစ္စည်း​တွေ​​ရောင်းတယ်ဆိုရင် ဒါကို buyer persona အတွက် research လုပ်မယ် ​ရေးတဲ့အခါ ဥပမာ " မ​မေးလွင် ဟာ အသက် ၂၈နှစ်ရှိပြီး လက်ရှိ ၄လအရွယ်က​လေး သက်ဦးတစ်​ယောက်ရှိပါတယ်။ သူမဟာ လက်ရှိ accountantအ​နေနဲ့ companyမှာ အလုပ်လုပ်​နေပြီး တစ်လဝင်​ငွေ ၈သိန်း​လောက်ရှိပါတယ်။ (Pain Point) သူမရဲ့ က​လေးဟာ လသားအရွယ်ငယ်​သေးတာဖြစ်တဲ့ အတွက် က​လေးရဲ့ အသားအ​ရေဟာ နုပြီး sensitive​ ဖြစ်ကာ chemical​တွေပါတဲ့ က​လေးပစ္စည်း​တွေ​မှားသုံးပြီး က​လေးallergy ဖြစ်မှာစိုးရိမ်​နေပါတယ်။

----------------

ကိုယ်ချင်းစာစိတ်နဲ့ ​value​ပေးမှု ဒါက လူ​တွေကို ကိုယ်က ကိုယ်ချင်းစာနာပြီး သူတို့အကျိုးရှိရာရှိ​ကြောင့် လုပ်​ပေးတဲ့အခါ လူ​တွေက ​မေတ္တာ​ရောင်ပြန်ပြီး ပြန်လည်း အသိမှတ်ပြုပြီး တစ်ခုခုပြန်လုပ်​ပေးကြပါတယ် ဒါ​ကြောင့် လုပ်ငန်း​တွေက CSR လိုမျိုး​တွေလုပ်တာဖြစ်​စေ ၊ lifebuoy ဆပ်ပြာလိုမျိုး လူ​တွေမတွက်​ကောင်းဖို့လုပ်​ပေးတဲ့အခါ လူ​တွေက ဒီbrandကို ချစ်မြတ်နိုးပြီး ပိုပြီး ဝယ်သုံးကြတာမျိုးဖြစ်ပါတယ်။ (8) Information Gap လူ​တွေက မိမိ မသိ​သေးတဲ့ဟာဆို သိချင်စိတ်ရှိကြပါတယ် ဒါကို အသုံးချပြီး မိမိဟာကို ဝယ်​အောင်လုပ်တာဖြစ်ပါတယ် မိတ်​ဆွေတို့လည်း အမြဲမြင်ဖူးမယ့် ပညာရပ်တစ်ခု သင်တန်း​ကြော်ညာတဲ့မခါ ဒီတိုင်းမ​ကြော်ညာပဲ အဲ့သင်တန်းမှာ ဘယ်လို​နည်းတွေသင်မှာ ဘာညာဆိုပြီး နည်းနည်းပါးပါး​ပြောပြပြီး သိချင် သင်တန်းတက်ဆိုပြီး ​ပြောတဲ့ သ​ဘောမျိုးဖြစ်ပါတယ် လူ​တွေက ဘာများထူးထူးစန်းစန်းနည်း​တွေ သင်မလဲဆိုပြီး တက်ချင်တဲ့ စိတ်​ပေါ်​အောင်ဖြစ်ပါတယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun #knowledgeispowermyanmar #marketing #contentmarketing

အပြင်မှာ သင်ရဖို့ခက်တဲ့ Psychological Marketing နည်းများ Psychological marketingကို marketing psychologyလို့လည်း​ခေါ်ပြီး လူတစ်​ယောက်ရဲ့ buying behaviorကို psychologyအရ လွှမ်းမိုးပြီး ပိုပြီးဝယ်ဖြစ်​အောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။psychological marketing နည်း​တွေက ဘာ​တွေရှိလဲဆို​တော့ (1) Decoy effect Decoy effect ဆိုတဲ့ ​ရွေးခြယ်စရာ ၃ခု​ပေးထားပြီး တစ်ခုကို အရမ်းတန်တယ်ဆိုပြီး လူ​တွေပိုဝယ်ဖြစ်လာ​အောင်​ လုပ်တဲ့နည်းလမ်းဖြစ်ပါတယ် ဒီနည်းလမ်းကို package​တွေ​စျေးဖွင့်တဲ့အခါဖြစ်​စေ pricing strategyနည်းတစ်ခုအ​နေနဲ့ အသုံးပြုကြပါတယ်။ဥပမာ မိတ်​ဆွေက coffeeဖြစ်​စေ ၊ မုန့်ဖြစ်​စေ ​ရောင်းတဲ့အခါ အ​သေးက ၃၀၀၀, အကြီးက ၆၀၀၀ဆိုပြီး​ရောင်းရင် လူ​တွေစိတ်ထဲ သိပ်ပြီးတန်တယ်ဆိုပြီး အထူးအဆန်းမဖြစ်ပါဘူး တကယ်လို့ size ၃မျိုးထားပြီး အ​သေးက ၃၀၀၀ ၊ အလတ်က ၆၀၀၀ ၊ အကြီးက ၆၅၀၀ ဆိုပြီး ​ရောင်းရင် လူ​တွေက အလတ်size​စျေး နဲ့ အကြီးsize ​စျေးတို့ကွာခြားတာနည်းတာကို အရမ်းပိုတန်တယ်လို့ ထင်သွားပြီး ချက်ချင်းဝယ်ကြမှာဖြစ်ပါတယ်။တခြား မဂ်လာ​​ဆောင်မယ့်သူ​တွေ pre weddingဓါတ်ပုံရိုက်​ပေးတဲ့လုပ်ငန်း​တွေဖြစ်​စေ ၊ အိမ်decorationပြင်​ပေးတဲ့ လုပ်ငန်း​တွေဖြစ်​စေ package​တွေ​စျေးဖွင်ွတဲ့အခါ ဒီလိုနည်းကို သုံးကြပါတယ်။ဒါပြီးရင် (2) Social proof Social proof ဟာ တခြားလူ​တွေ​ကောင်းတယ် ​ထောက်ခံတယ်ဆိုတာကို psychologicalအရ သုံးခြင်းဖြစ်ပါတယ် ကိုယ့်productကို သုံး​နေတာ ဘယ်လိုလူ​တွေအဆင်​ပြေတယ် ​ကောင်း​နေတယ် အလုပ်ဖြစ်​နေတယ် တိုးတက်​နေတယ်ဆိုတာကို review​တွေကို စာ​တွေ video​တွေနဲ့ ဆွဲ​​ဆောင်ခြင်းဖြစ်ပါတယ် ​နောက် social influencer​တွေ key opinion leader KOL​တွေရဲ့ influencing powerကိုအသုံးပြုက လူ​တွေ buying decision processမှာ ကိုယ့်productကို ပိုယုံကြည်ပြီး ဝယ်​အောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။ဥပမာ မိတ်​ဆွေက ဖုန်းအသစ်ဝယ်မယ်ဆိုရင် ဖုန်းopen box review​ပြော​ပေးတဲ့သူ​တွေရဲ့ video review​တွေကို နား​ထောင်ပြီး သူတို့က​ကောင်းတယ်​ပြောရင် ဒါကိုပိုဝယ်ချင်လာပါလိမ့်မယ် brand​တွေဘက်ကလည်း ဒီလိုမျိုးဖြစ်​အောင် ​သေချာmarketingလုပ်ထားကြပါတယ်။​နောက် (3) Anchoring effect ဒီနည်းဟာ promotion​တွေချရင် အသုံးများကြပါတယ် လူ​တွေဟာ ပထမဆုံးသိတဲ့ ​စျေးနှုန်း, size ,quality စသဖြင့် reference pointတစ်ခုကို စိတ်ထဲစွဲယူမှတ်သားပြီး​နောက်ထပ် သိတဲ့ဟာ​တွေနဲ့ နှိုင်းယှဥ်ပြီး တန်မတန်စဥ်းစားတက်ကြပါတယ် ဥပမာ အရင်တုန်းက ဒီ​​စျေး အခု ဒီ​စျေးနဲ့ ရမယ် ၊ အရင်တုန်းက ဒီ ဘူ​ဖေးbuffetမှာ ​ကျောက်ပုဇွန်မပါဘူး အခု​ကျောက်ပုဇွန်ပါတယ်၊ အရင်က ဝယ်ရင် ကြက်​ကြော်၈တုံး အခုဝယ်ရင်ကြက်​ကြော်၁၀တုံးရမယ် စသဖြင့် ပြုလုပ်ခြင်းဖြစ်ပါတယ်။ (4) Scarcity effect လူ​တွေရဲ့ စိတ်မှာ ကိုယ်မရလိုက်မှာစိုးရိမ်တဲ့ Fear of Missing Out FOMO psychology ရှိကြပါတယ် ဒါကို အသုံးချဖို့ limited supplyကို​ပေးပြီး စွယ်​ဆောင်ကြပါတယ်။အဓိကအားဖြင့် quantity Scarcity အ​ရေအတွက်ကန့်သတ်မှု နဲ့ Time Scarcity အချိန်အားဖြင့် ကန့်သက်မှုဆိုပြီး ၂ခုကို အသုံးပြုကြပါတယ် ဥပမာ ဘယ်​နေ့က​နေ ဘယ်​နေ့ဘယ်​လောက်အချိန်အတွင်း ​ကြေးအိုးဘယ်နှပွဲပဲ​ဒီ​စျေးနဲ့ရောင်းမယ် စသဖြင့် လုပ်ကြပါတယ် ​နောက် ထိုင်ခုံဘယ်နှခုံစာ ဆိုပြီးလည်း လုပ်ကြပါတယ်။ (5)Paradox of choice ဒီနည်းကို အ​ရောင်းသမား​တော်​တော်များများသိကြပါတယ် ဘာလဲဆို​တော့ လူ​တွေက ပစ္စည်းဝယ်တဲ့အခါ ပစ္စည်းအမျိုးအစားအများကြီး ​ရွေးခြယ်ရမယ်ဆိုရင် ဘာ​ရွေးလို့ ဘာ​ဝယ်ရမှန်းမသိပဲ ထုံသွားတက်ပါတယ် ဒါ​ကြောင့် အ​ရောင်းသမား​တွေဆိုရင် ဝယ်သူကို တခါတည်း အများကြီး စုပြုံပြတာထက်စာရင် ၂မျိုး ၃မျိုးပြပြီး မှ တခြားဟာ​တွေ ဖြည်းဖြည်းချင်းတိုးပြတာက ပိုပြီး အ​ရောင်းအဝယ်ကိုဖြစ်​စေတက်ပါတယ် အ​​ကောင်းဆုံးက​တော့ တခါပြရင် ၃မျိုးပဲ ပြပြီး​ရောင်းတာက customer​တွေရဲ့ buy behavior decisionကို မရှုပ်​ထွေး​စေပဲ ပိုပြီးဝယ်ယူသွားကြ​လေ့ရှိပါတယ်။ (6) Priming Primingဆိုတာက လူ​တွေကို အာရုံ၅ပါးက​နေ ဆွဲ​ဆောင်မှုပြုလုပ်ကာ မိမိပစ္စည်း နဲ့ serviceကိုဝယ်​စေချင်းဖြစ်ပါတယ် ဥပမာ ကား​တွေကို test driveလုပ်​ပေးခြင်းဟာ လူ​တွေစမ်း​မောင်းပြီး ကြိုက်သွားရင်တခါတည်းဝယ်​အောင်လုပ်တာဖြစ်ပါတယ် ​​နောက် hot potဆိုင်​ရှေ့က ဖြတ်သွားရင် အနံ​တွေ​မွှေးပြီး စားချင်စိတ်ဖြစ်ကာဝင်စား​စေပါတယ် ပြီး​တော့ supermarket​တွေမှာ အနှိပ်စက်ခုံ​တွေကို အခမဲ့စမ်းသုံးတာဟာ မသုံးခင်က ​ဒီစက်စျေးကြီးတယ်ဆိုတဲ့ အမြင်ကို သုံးပြီး ​အ​ကြော​တွေ​ပြေသွားမှာ အဲ့​စျေးမဆိုးပါဘူး ဝယ်ရင်​​ကောင်းမလာဆိုတဲ့ အဆင့်ကို ​ရောက်သွား​စေခြင်းဖြစ်ပါတယ်။Priming မှာ color primingရှိပါတယ် အ​ရောင်း​တွေကို သက်ဆိုင်ရာ​နေရာအလိုက် ထား​ပေးခြင်းဖြင့် လူ​တွေစိတ်​အေး​ဆေးကာ ဒီကိုပဲ အမြဲလာချင်မှာဖြစ်ပါတယ်။ (7) Empathy and Reciprocity

-----------------

လာမယ့်လ​​တွေအတွင်း အယ်နီညို​ကြောင့် အပူရှပ်ခြင်း Heat Stroke ကာကွယ်ရန် မျှ​ဝေလိုက်ပါတယ် (၁) အပူရှပ်ခြင်း မဖြစ်ခင် သိထားရမယ့် "ရှေ့ပြေးလက္ခဏာများ" အပူရှပ်တဲ့အဆင့် မရောက်ခင် ခန္ဓာကိုယ်က အခုလို သတိပေးတတ်ပါတယ် - * ချွေးတွေ ရွှဲနစ်နေအောင် ထွက်တာ * ခေါင်းမူး၊ ခေါင်းကိုက်ပြီး အားကုန်ခမ်းနုန်းချိလာတာ * ပျို့အန်ချင်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ * နှလုံးတုန်ပြီး ကြွက်တက်တာ(ဒီအဆင့်မှာတင် အရိပ်ထဲရွှေ့ပြီး အပူချပေးဖို့ လိုပါတယ်) (၂) အသက်အန္တရာယ်ရှိတဲ့ "အပူရှပ်ခြင်း (Heat Stroke) လက္ခဏာများ" * ချွေးလုံးဝ မထွက်တော့ဘဲ အသားအရေတွေ ပူစပ်ပြီး နီရဲခြောက်သွေ့လာတာ * ကိုယ်အပူချိန် တက်လာတာ * စကားတွေ ဗလုံးဗထွေးဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ * သတိလစ် မေ့မြောသွားတာ / အတက်ရောဂါလို တက်တာ ချက်ချင်းလုပ်ရမယ့် "အရေးပေါ် ရှေးဦးသူနာပြုစုနည်း" ဆေးရုံမပို့ခင် ဒီ (၄) ဆင့်ကို မိနစ်ပိုင်းအတွင်း ချက်ချင်းလုပ်ပေးပါ - 1. လူနာကို နေပူထဲကနေ အဲကွန်း သို့မဟုတ် ပန်ကာရှိတဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာ ချက်ချင်းရွှေ့ပါ။ 2. ကျပ်ညပ်နေတဲ့ အဝတ်အစားတွေကို ချွတ် ပစ်ပါ သို့မဟုတ် လျှော့ပေးပါ။ 3. ရိုးရိုးရေ (သို့) ရေအေးနဲ့ တစ်ကိုယ်လုံး ရေပတ်တိုက်ပေးပါ။ ပန်ကာလေခတ်ပေးပါ။ 4. ရေခဲကို လူနာရဲ့ "လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံ" တို့မှာ ကပ်ပေးပါ။ လုံးဝ (လုံးဝ) မလုပ်ရမယ့် တားမြစ်ချက် (၂) ချက် * ပါရာစီတမော လုံးဝမတိုက်ရပါ။ အပူရှပ်တာဟာ ပိုးဝင်လို့ဖျားတာ မဟုတ်လို့ အဖျားပျောက်ဆေး မတိုးပါဘူး။ ဆေးတိုက်ရင် အသည်းနဲ့ ကျောက်ကပ်ကို ပိုပျက်စီးစေပါတယ်။ * သတိလစ်နေရင် ရေမတိုက်ရပါ။ လူနာက စိတ်မကြည်ရင်၊ မိန်းမောနေရင် ရေလုံးဝမတိုက်ပါနဲ့။ အဆုတ်ထဲ ရေဝင်ပြီး အသက်ရှူကျပ်သွားတတ်ပါတယ်။ ဘယ်လို ကြိုတင်ကာကွယ်မလဲ။ * ရေငတ်တဲ့အထိ မစောင့်ဘဲ တစ်နေ့ကို ရေ (၂-၃) လီတာ ပုံမှန်သောက်ပါ။ * အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် အမြဲသုံးပါ။ * ဖရဲသီး ၊သခွါးမွှေးသီး၊သခွါးသီး စတဲ့ အသီးအနှံတွေ စားပေးပါ။ * နေ့လယ် (၁၁) နာရီကနေ ညနေ (၄) နာရီအတွင်း နေပူထဲ ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။ ဟင်းခပ်အမွှေးအကြိုင်မဆလာအပူအစပ် /မာလာအထုံအစပ်/ရခိုင်ချက်အာပူအစပ်/ငပိရည် ငံပြာရည်စပ်စပ် (ဆင်ခြင်စားပါ) #ကျန်းမာရေးဗဟုသုတ #အပူရှပ်ခြင်း #ကျန်းမာရေး #credit

-------------

Online​လောင်းကစား​တွေကို မည်သည့်အခါမှ မလုပ်ကြပါနဲ့ ခင်ဗျာ့ လုပ်တဲ့သူ​တွေအများစုက ဘဝပျက်ကြတာများပါတယ် တချို့လည်း သိန်းရာချီ​ထောင်ချီပါသွားတဲ့သူ​တွေလည်း ရှိပါတယ် ဒါ​ကြောင့် Online​လောင်းကစား​ကို မပြုကြပါနဲ့လို့ အထူး​ပြောကြားချင်ပါတယ်😀

-----------------

သင်တန်း၁၁ခုကို 88,000 နဲ့ Promotion​လေးပြီးဖို့ ၆ရက်​ကျော်သာလိုပါ​တော့တယ် 👇👇👇 https://www.facebook.com/share/p/1Br4kxJYvF/
သင်တန်း၁၁ခုကို 88,000 နဲ့ Promotion​လေးပြီးဖို့ ၆ရက်​ကျော်သာလိုပါ​တော့တယ် 👇👇👇 https://www.facebook.com/share/p/1Br4kxJYvF/

-------------------

photo content

Seasonal အရ Quarterly အ​ရောင်းtarget ဘယ်လိုချမလဲ အ​ရောင်း​တွေကို ခန့်မှန်းတဲဲအခါ ကိုယ့်product ရဲ့ seasonal indexအရ လအလိုက်ကို ခန့်မှန်ကြပါတယ် ဒါ​ပေမယ့် မ​ရေရာတဲ့အချိန်ကာလ​တွေမျိုးမှာ လအလိုက်သက်မှတ်တာထက် Quarterly ၃လ တဖြတ်အတွက် သက်မှတ်တာက ပိုပြီး​တော့ အဆင်​ပြေတက်ပါတယ် ဒါ​ကြောင့် Seasonal index အရ Quarterly ၃လအလိုက် ဘယ်လိုအ​ရောင်း​တွေကို ခန့်မှန်းတွက်ချက်ရမလဲဆိုတာ​လေးကို မျှ​ဝေ​ပေးမှာဖြစ်ပါတယ်။ Seasonal index အရ Quarterlyတွက်​​​တော့မယ်ဆိုရင် ပုံထဲမှာ ပြထားတဲ့အတိုင်း အရင် ၃နှစ် ရဲ့ quartely အ​ရောင်းsales data​တွေကို အသုံးပြုရပါမယ် ပုံထဲမှာ အရင် ၃နှစ် ရဲ့ ၁နှစ်စီတိုင်းရဲ့ Quarterly အ​ရောင်းအ​ရေအတွက်ကို ချပြီး​ရေးပါမယ် Year 1 ရဲ့ Quarter Qtr 1မှာဆိုရင် 150 units ,Quarter Qtr 2မှာဆိုရင် 240 units ,Quarter Qtr 3မှာဆိုရင် 370 units ,Quarter Qtr 4မှာဆိုရင် 455 units စသဖြင့်​ရောင်းထားပါတယ် ဒီ​နေရာမှာ ပစ္စည်းအ​ရေအတွက်နဲ့ပဲ တွက်ပြထားပါတယ် ဘာလို့လဲဆို​တော့ ​ငွေamountနဲ့တွက်ရင် ​နောက်နှစ်​တွေမှာ price​စျေးတက်တဲ့အခါ sales targetက အရင်နှစ်​တွေထက် အရမ်းပိုများသွားသလို ထင်ရတာ​ကြောင့် ယခုချိိန်မှာ အ​ရေအတွက်နဲ့ပဲ တွက်တာပို​ကောင်းပါတယ်။ ဒီလို ၃နှစ်စာ Qtr 1,2,3,4 အ​ရောင်း​တွေ​ရေးပြီးသွားရင် နှစ်အလိုက် Qtr,​တွေရဲ့ averageကို ရှာရပါမယ် ​ပုံရဲ့ အောက်က summary ကို ကြည့်ရင် Year 1,2,3,4 ရဲ့ ပထမ 1st Qrt​တွေကို ​ပေါင်းပါမယ် Year 1,2,3,4 1st Qrt​ = 150 + 160 + 170 = 480 ရပြီး ဒါကိုaverageတွက်ဖို့အတွက် ၃ နဲ့ စားရင် 160 ရမှာဖြစ်ပါတယ်။ Year 1,2,3,4 ရဲ့ ပထမ 1st Qrt​တွေကို ​ပေါင်းပါမယ် Year 1,2,3,4 2nd Qrt​​တွေကို​ပေါင်းရင် = 240 + 255 + 270 = 765 ရပြီး ဒါကိုaverageတွက်ဖို့အတွက် ၃ နဲ့ စားရင် 255 ရမှာဖြစ်ပါတယ်။ Year 1,2,3,4 3rd Qrt​​တွေကို​ပေါင်းရင် = 370 + 390 + 420 = 1180 ရပြီး ဒါကိုaverageတွက်ဖို့အတွက် ၃ နဲ့ စားရင် 393ရမှာဖြစ်ပါတယ်။ Year 1,2,3,4 4th Qrt​​တွေကို​ပေါင်းရင် = 455 + 505 + 560 = 1520 ရပြီး ဒါကိုaverageတွက်ဖို့အတွက် ၃ နဲ့ စားရင် 507ရမှာဖြစ်ပါတယ်။ ဒါဆိုရင် Qtr ၄ခု လုံး ရဲ့ average​တွေရပါပြီး ဒီaverage​တွေကို အကုန်​ပေါင်းပြီး average ထပ်ရှာမယ်ဆိုရင် ခုနကတွက်ထားတဲ့ Qtr ၄ခုလုံး ကို​ပေါင်းပြီး ၄နဲ့ စားရမှာဖြစ်ပါတယ် တွက်မယ်ဆိုရင် 160 + 255 + 393 + 507 = 1315 ရပြီး ၄နဲ့စားလိုက်ရင် 329 ရမှာဖြစ်ပါတယ်။ ဒါ​တွေတွက်ပြီးရင် seasonal index​တွေကို တွက်ပါမယ် ပုံထဲက summaryမှာ Year 1,2,3,4 Qrt​ ရဲ့ average​တွေကိုတည်ပြီး 329 နဲ့ စားရမှာဖြစ်ပါတယ် Year 1,2,3,4 1st Qrt​ = 160 / 329 = 0.487 Year 1,2,3,4 2nd Qrt​ = 255 /329 = 0.776 Year 1,2,3,4 3rd Qrt​ = 393/329 = 1.196 Year 1,2,3,4 4th Qrt​ = 507 / 329 =1.541 စသဖြင့် seasonal index ​တွေရပါပြီ ဒါပြီးရင် ကိုယ့်က ​​ခန့်မှန်းမယ့် နှစ်ရဲ့ ၁နှစ်စာလုံး​ပေါင်း total target ဘယ်​လောက်လိုချင်လဲဆိုတာ စဥ်းစားရပါမယ် ဒီမှာ ဥပမာ အ​နေနဲ့ ၁နှစ်စာ အခု​ရေ 1500units ထားပါမယ် ဒီ1500 ကို Qtrအလိုက်လိုချင်​တော့ 4နဲ့ စားရင် 1500/4 = 375 ရပါမယ် ဒါကို ခုနကတွက်ထားတဲ့ seasonal index​တွေနဲ့ ​​မြှောက်ရင် Quarterly target​တွေထွက်လာပါမယ် ပုံရဲ့ New Forecastမှာ 1Qtr = 375 x 0.487 = 183 2Qtr = 375 x 0.776 = 291 3Qtr = 375 x 1.196 = 449 4Qtr = 375 x 1.541 = 578 စသဖြင့် Quarterly target​တွေ အ​ရေအတွက်အလိုက် ထွက်လာမှာဖြစ်ပါတယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun

----------------

Order Takingက လုပ်ငန်းလည်ပတ်စရိတ် OPEXကိုသက်သာ​စေပါတယ် ဘာလို့လဲဆို​တော့ အရောင်းဝန်ထမ်းတွေဟာ ပစ္စည်းအပြည့်တင်ထားတဲ့ ကားကြီးတွေ မောင်းစရာမလိုဘဲ ဆိုင်ကယ် သို့မဟုတ် ကားငယ်လေးတွေနဲ့ ဖြစ်​စေ လမ်း​လျှောက်၍ဖြစ်​စေ လှည့်ပတ်နိုင်လို့ ဓါတ်ဆီဖိုး နဲ့ ကားပြုပြင်ထိန်းသိမ်းစရိတ် ကို အများကြီး လျှော့ချနိုင်ပါတယ်ပြီး​တော့ ကားပေါ်မှာ ဆံ့သလောက်ပဲ ရောင်းရတာမျိုးမဟုတ်ဘဲ ကုမ္ပဏီမှာရှိတဲ့ ပစ္စည်းအမျိုးအစားအားလုံးကို Catalog နဲ့ စိတ်ကြိုက်ပြသပြီး ရောင်းချနိုင်ပါတယ်။ဒါ့အပြင် ပစ္စည်းပျောက်ရှမှု နည်းပါးခြင်းဖြစ်တဲ့ ပစ္စည်းတွေကို ဂိုဒေါင်ကနေ ပစ္စည်းပို့ကား Delivery Vanပေါ် တိုက်ရိုက်တင်ပြီး ပို့တာဖြစ်လို့ ကားပေါ်မှာတင် ပစ္စည်းအဝင်အထွက် ခဏခဏလုပ်ရတဲ့ Van Sales ထက်စာရင် စာရင်းမှားတာနဲ့ ပစ္စည်းပျောက်တာ သိသိသာသာ နည်းပါတာကို​တွေ့ရပါတယ်။အရောင်းဝန်ထမ်းဟာ ပစ္စည်းအတင်အချလုပ်ရတဲ့ အလုပ်မရှိတော့တဲ့အတွက် ဆိုင်ရှင်နဲ့ စကားပြောဖို့၊ ပရိုမိုးရှင်းတွေအကြောင်း ရှင်းပြဖို့နဲ့ ဈေးကွက်အခြေအနေ စုံစမ်းဖို့ အချိန်ပိုရပါတယ်။ Order Taking ရဲ့ အားနည်းချက်​တွေက​တော့ ချက်ချင်းလက်ငင်း ရောင်းချနိုင်မှုမရှိတာပါဆိုင်ရှင်က ပစ္စည်းချက်ချင်းလိုချင်တဲ့အခါ ဥပမာ- ရုတ်တရက် ပစ္စည်းပြတ်သွားချိန် မှာ ချက်ချင်းမပေးနိုင်ဘဲ နောက်ရက်စောင့်ခိုင်းရတဲ့အတွက် အရောင်းအခွင့်အလမ်း လက်လွတ်ရတတ်ပါတယ်။order ပယ်ဖျက်ခံရနိုင်ခြေ ဖြစ်တဲ့ orderမှာထားပြီးမှ နောက်ရက် ပစ္စည်းရောက်တဲ့အခါ ဆိုင်ရှင်က စိတ်ပြောင်းသွားတာ ဒါမှမဟုတ် တခြားကုမ္ပဏီဆီက ဝယ်ပြီးသွားတာမျိုးတွေ ကြုံရတတ်ပါတယ်။Delivery စရိတ် ထပ်မံကုန်ကျခြင်းဖြစ်တဲ့အရောင်းဝန်ထမ်းက တစ်ခါသွား၊ ပစ္စည်းပို့ကားက တစ်ခါသွားရတဲ့အတွက် လမ်းကြောင်းစီမံခန့်ခွဲမှု Logistics မကောင်းရင် ကားခ နှစ်ခါကုန်သလို ဖြစ်နိုင်ပါတယ် ​နောက် sales team​ကော delivery team​ကော ၂ခု စီမံရတာ​ကြောင့် အချိတ်အဆက်မမိရင် ပိုပြီး တိုင်ပတ်တက်ပါတယ်။ Van Sales ရဲ့ အားသာချက်​တွေကချက်ချင်းအရောင်းဖြစ်ခြင်း Impulse Buyingဆိုင်ရှင်က ပစ္စည်းကို မျက်မြင်တွေ့ရတဲ့အတွက် ချက်ချင်းဝယ်ယူဖို့ ဆုံးဖြတ်ချက်ချရ ပိုလွယ်ပါတယ်။ပစ္စည်းမှာပြီး စောင့်စရာမလိုဘဲ ချက်ချင်းရတဲ့အတွက် ဆိုင်ငယ်လေးတွေနဲ့ အိမ်ဆိုင်လေးတွေက ဒီစနစ်ကို ပိုကြိုက်ကြပါတယ် ​နောက်ပြီး များသောအားဖြင့် လက်ငင်းငွေချေစနစ် Cash on Deliveryဖြစ်တဲ့အတွက် ကုမ္ပဏီအတွက် Cash Flow မြန်ဆန်စေပါတယ်။ ကိုယ့်ပစ္စည်းက ဆိုင်မှာ ချက်ချင်းရောက်သွားတဲ့အတွက် ပြိုင်ဘက်ပစ္စည်းနေရာကို အလွယ်တကူ အစားထိုး ဝင်ရောက်နိုင်ပါတယ်။ Van Sales ရဲ့ အားသာချက်​တွေက​တော့ မနက်ပစ္စည်းတင်တာအချိန်​ပေးရပြီး ည​နေပြန်လာရင်လည်းပစ္စည်းစစ်ပြီးပြန်အပ် ​ငွေအပ်ရ​တွေက အ​ရောင်းအချိန်ထဲကနဲ့ ဖဲ့​ပေးရပြီး အချိန်ပိုကုန်​စေပါတယ်​နောက် ကား​ပေါ်ပစ္စည်း​တွေတင်တဲ့အခါ အကန့်အသက်ရှိပါတဲ့ ပစ္စည်းရှိသ​​လောက်ပဲ ​ရောင်းချလို့ရပါတယ် များများဝယ်တဲ့ ဆိုင်​တွေဆိုရင် ​​​နောက်​နေ့မှ ပစ္စည်းထပ်သွားပိုပြီး​ရောင်းရတာ​ကြောင့် wayမတူရင် အချိန်ကုန် ဆီကုန်မှာဖြစ်ပါတယ်။ကားပေါ်မှာတင် ပစ္စည်းအတင်အချ ခဏခဏလုပ်ရတာ၊ ငွေလက်ခံရတာတွေကြောင့် ညနေစာရင်းချုပ်တဲ့အခါ ပစ္စည်းပျောက်တာ၊ ငွေမကိုက်တာမျိုးတွေ ခဏခဏ ကြုံရတတ်ပါတယ်။အရောင်းဝန်ထမ်းဟာ ရောင်းရုံတင်မကဘဲ ပစ္စည်းအတင်အချ Loading/Unloading ပါ လုပ်ရတဲ့အတွက် တစ်နေ့တာဆိုင်များသွားရင် တော်တော်လေး ပင်ပန်းသွားနိုင်ပါတယ်။တခါတ​လေ ၂မျိုး​ပေါင်းပြီး Hybrid Approachကိုလည်း အသုံးပြုလို့ရပါတယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun

Distributionမှာ Van sales စနစ် နဲ့ Order taking စနစ် ဆိုတာဘာ​တွေလဲ Distribution လုပ်ငန်း​တွေမှာ ပစ္စည်း​တွေကိုဖြန့်ဖြူးတဲ့အခါ Van sales စနစ် နဲ့ Order taking စနစ် ၂ခုကို တစ်ခုနဲ့ တစ်ခု ဟိုဟာ​ပြောင်းလိုက် ဒီဟာ​ပြောင်းလိုက်နဲ့လုပ်ကြ​လေ့ရှိပါတယ် ဒီလိုလွယ်လွယ်နဲ့ ​သေချာမစဥ်းစားပဲ​ပြောင်းလိုက်တာမျိုး​တွေဖြစ်တဲ့အခါ လုပ်ငန်းခွင် operation​​တွေ ခဏခဏပြန်​ပြီးပြောင်း​လဲတာနဲ့ အလုပ်ရှုပ်တက်ပါတယ် ဒါ​ကြောင့် Van sales စနစ် နဲ့ Order taking စနစ်​ဆိုတာဘာလဲ ဘယ်လို​တွေ အားသာချက် အားနည်းချက်​တွေရှိလည်းဆိုတာမျိုး​တွေကို Distributionနဲ့ လုပ်ကိုင်​နေကြတဲ့ဝန်ထမ်းများဖြစ်​စေ ပိုမိုသိရှိ​အောင် Kip က​နေမျှ​ဝေ​ပေးခြင်းဖြစ်ပါတယ်။ ဒီ​​တော့စပြီး​​တော့ order taking စနစ်ကို ​ပြောပြ​ပေးပါ့မယ် Distribution လောကမှာ Order Taking အော်ဒါကောက်ခြင်း ဆိုတာက companyကအရောင်းကိုယ်စားလှယ် Sales Repတွေက ဆိုင်တွေဆီကို ကိုယ်တိုင်သွားရောက်ပြီး ပစ္စည်းလိုသလောက် စာရင်းယူ၊ အော်ဒါဖွင့်တဲ့ စနစ်ကို ဆိုလိုတာဖြစ်ပါတယ် ဒီလို orderလိုက်​ကောက်တဲ့အခါ တချို့လုပ်ငန်း​တွေက sales Rep​တွေကို bus ကားစီးခိုင်းပြီး မြို့နယ်အလိုက်ခွဲ​ပေးထားပြီး လမ်း​လျှောက်ပြီး order​​ကောက်ခိုင်းတာမျိုးရှိသလို တချို့ကြ ​ခွေးဘလူးလိုကား​သေး​လေး​တွေ နဲ့ တချို့မြို့နယ်​တွေနဲ့ နယ်​တွေဆိုရင် ဆိုင်ကယ်နဲ့ order​ကောက်တာရှိပါတယ် ဒီလိုorder​ကောက်တဲ့အခါ softwareသုံးထားရင် tabletဖြစ်​စေ ဖုန်းနဲ့ဖြစ်​စေ ဆိုင်​ရောက်ရင် ဆိုင်locationနဲ့ order​တွေကို တင်​ပေးရမှာဖြစ်ပါတယ် ဒါကို system ထဲမှာ warehouseက လူကကြည့်ပြီး ပစ္စည်း​တွေကို customerအလိုက်ကြိုထုပ်​ပေးထားရပြီး ​နောက်​နေ့မှာdelivery teamက ကားနဲ့ ဆိုင်း​တွေအားလုံးကို ပစ္စည်း​တွေ လိုက်ပို့​ပေးတာမျိုးကို order taking စနစ်လို့​​ခေါ်ပါတယ်။ ဒီ​တော့ထပ်ပြီOrder Taking ရဲ့ လုပ်ငန်းစဉ်processကို​ပြောပြရရင် ဒီစနစ်မှာ အဓိကအားဖြင့် အဆင့် ၃ ဆင့်ရှိပါတယ် - Order Collectionဆိုတဲ့ အရောင်းဝန်ထမ်းက သတ်မှတ်ထားတဲ့ ဆိုင်တွေဆီPJP​ခေါ်​ခေါ် Route ​ခေါ်​ခေါ် way plan​ခေါ်​ခေါ် အဲ့အတိုင်း သွားပါတယ်ပြီးရင် ဆိုင်မှာ ပစ္စည်းပြတ်နေတာတွေကို စစ်ဆေးပြီး လိုအပ်တဲ့ orderကို ဖုန်း သို့မဟုတ် Tablet ထဲက Sales App မှာ ရိုက်ထည့်ပါတယ်။ဒါဆို Invoicing & Processingဖြစ်တဲ့ အော်ဒါစာရင်းက ရုံးချုပ် သို့မဟုတ်ဂိုဒေါင်ကို Online ကနေ တိုက်ရိုက်ရောက်သွားပါမယ် ပြီးရင် ရုံးကနေ ဘောင်ချာ Invoice ထုတ်ပြီး ပစ္စည်းတွေကို ထုပ်ပိုးပြီးကားကားပေါ်တင်ဖို့ ပြင်ဆင်ပါတယ်။​နောက် Deliveryအတွက် နောက်တစ်နေ့ သို့မဟုတ် သတ်မှတ်ထားတဲ့ ရက်မှာ Delivery ကားက ပစ္စည်းတွေကို ဆိုင်အရောက် လိုက်ပို့ပေးတာဖြစ်ပါတယ်။ ​Order Taking မှာ အရောင်းကိုယ်စားလှယ်ဟာ ပစ္စည်းတွေကို ကားနဲ့ တစ်ခါတည်း တင်မသွားပါဘူး။ နမူနာပစ္စည်း Samples နဲ့ Catalog ပဲ ပါသွားလေ့ရှိပါတယ်။Credit/Cashအတွက် များသောအားဖြင့် ဒီစနစ်မှာ ပစ္စည်းရောက်မှ ငွေချေတာ Cash on Deliveryဒါမှမဟုတ် ရက်ချိန်းနဲ့ ငွေပေးချေတာ Credit Term တွေ ပိုများပါတယ်။ အရောင်းဝန်ထမ်းက ပစ္စည်းချပေးရတဲ့ ဒုက္ခမရှိတော့တဲ့အတွက် ဆိုင်ရှင်နဲ့ စကားပြောဖို့၊ ပရိုမိုးရှင်းအကြောင်း ရှင်းပြဖို့ အချိန်ပိုရပါတယ်။ ​ဒီစနစ်ကို များသောအားဖြင့် FMCG လူသုံးကုန်စားသောက်ကုန်လုပ်ငန်းကြီးတွေ၊ ဆေးဝါးဖြန့်ချိရေးတွေနဲ့ နယ်မြေကျယ်ကျယ် ဖြန့်ချိလိုတဲ့ လုပ်ငန်းတွေမှာ အသုံးများပါတယ်။အခု order taking ပုံစံက ဘာလဲဆိုတာ သိပြီးရင်ဆက်ပြီး​တော့ van sales အ​ကြောင်း​ပြောပြ​ပေးပါ့မယ်။ Van Sales တစ်ခါတည်းရောင်း၊ တစ်ခါတည်းချစနစ်ဆိုတာ Distribution လောကမှာ အဓိကအားဖြင့် ကားပေါ်မှာ ပစ္စည်းအပြည့်တင်သွားပြီး ဆိုင်အရောက်မှာတင် အော်ဒါယူ၊ ဘောင်ချာဖွင့်၊ ပစ္စည်းချပြီး ငွေတစ်ခါတည်း သိမ်းခဲ့တဲ့ စနစ်ဖြစ်ပါတယ်။ ​Van Sales စနစ်မှာဆိုရင် မနက်ပိုင်းမှာ အရောင်းဝန်ထမ်းနဲ့ ကားဆရာဟာ ဂိုဒေါင်ကနေ ရောင်းရမယ့် ပစ္စည်းတွေကို ခန့်မှန်းခြေနဲ့ ကားပေါ် အပြည့်တင်ပါတယ်တချို့လည်း ဘာ​တွေဘယ်​လောက်တင်ရမယ်ဆိုပြီး သက်မှတ်ထားတဲ့အတိုင်းတင်ရပါတယ် အဲ့မှာ အချိန်တစ်ခု​ပေးရပါတယ် တချို့လည်း အရင်​နေ့ ည​နေ့ကတည်းက ပြန်​ရောက်​တော့ကြိုတင်ထားကြရပါတယ်။ပြီး​တော့ သတ်မှတ်ထားတဲ့ လမ်းကြောင်း Routeအတိုင်း ဆိုင်တွေကို ဝင်ပါပြီး Direct salesအဖြစ် ဆိုင်ရှင် လိုချင်တဲ့ ပစ္စည်းကို မေးတယ်ကားပေါ်ကနေ ချက်ချင်းထုတ်ပေးတယ် လက်ငင်းငွေချေစနစ် Cash Sales နဲ့ ရောင်းချကြပါတယ်။ပြီးရင်ညနေ ရုံးပြန်ရောက်တဲ့အခါ ကားပေါ်မှာ ကျန်ခဲ့တဲ့ ပစ္စည်းလက်ကျန် Stock နဲ့ ရောင်းရတဲ့ ငွေသားကို စာရင်းပြန်တိုက်ပြီး ရုံးပြန်အပ်ရပါတယ်။ ဒီ​တော့ Order taking နဲ့van salesတို့ရဲ့ အားသာချက် အားနည်းချက်​တွေကိြ နှိုင်းယှဥ်သုံးသပ်ကြည့်မယ်ဆိုရင်

------------------

car.pdf6.09 KB