ru
Feedback
Knowledge is Power Myanmar

Knowledge is Power Myanmar

Открыть в Telegram

Business Management knowledge sharing

Больше
9 794
Подписчики
+4124 часа
+1947 дней
+1 24130 день
Архив постов
Kip page ရဲ့၈နှစ်ပြည့် သင်တန်း၁၁ခုစလုံးကို 88,000နဲ့ Promotion​လေး ပြီးဖို့ ၂ရက်​ကျော်သာလိုပါ​တော့တယ် ခင်ဗျာ့😀 👇👇👇 https:
Kip page ရဲ့၈နှစ်ပြည့် သင်တန်း၁၁ခုစလုံးကို 88,000နဲ့ Promotion​လေး ပြီးဖို့ ၂ရက်​ကျော်သာလိုပါ​တော့တယ် ခင်ဗျာ့😀 👇👇👇 https://www.facebook.com/share/p/1Mu643aUDw/

Kip page ရဲ့၈နှစ်ပြည့် သင်တန်း၁၁ခုစလုံးကို 88,000နဲ့ Promotion​လေး ပြီးဖို့ ၃ရက်​ကျော်သာလိုပါ​တော့တယ် ခင်ဗျာ့😀 👇👇👇 https:
Kip page ရဲ့၈နှစ်ပြည့် သင်တန်း၁၁ခုစလုံးကို 88,000နဲ့ Promotion​လေး ပြီးဖို့ ၃ရက်​ကျော်သာလိုပါ​တော့တယ် ခင်ဗျာ့😀 👇👇👇 https://www.facebook.com/share/p/1bBYpqNxcf/

-------------------------------

photo content
+5

​ အဆင့် ၁မှာ Pallet စစ်ဆေးခြင်းဖြစ်တဲ့ ကုန်ပစ္စည်းတင်မည့် Pallet ၏ ကြံ့ခိုင်မှုကို အရင်စစ်ရပါမယ် အက်ကွဲနေသော သို့မဟုတ် သစ်သားချောင်း ကျိုးနေသော Pallet များကို လုံးဝ လုံးဝမသုံးရပါ ​နောက်ပြီး Wrapping စစ်ဆေးခြင်းဖြစ်တဲ့ Pallet ပေါ်ရှိ ဖာပုံး သို့မဟုတ် အိတ်များသည် ဘေးသို့ ယိုင်နဲ့မနေဘဲ Stretch Film ဖြင့် တင်းတင်းကျပ်ကျပ် စည်းနှောင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးရပါမယ်။ အဆင့် ၂ အ​နေနဲ့ SKU ခွဲခြားခြင်းဖြစ်တဲ့ ဝင်လာသော ပစ္စည်း၏ SKU Stock Keeping Unit ကုဒ် သို့မဟုတ် Batch Number အလိုက် မည်သည့် အတန်း Laneတွင် ထားမည်ကို သတ်မှတ်ရပါမယ် Rule of Thumbအရ အတန်းတစ်ခု One Lane တွင် SKU အမျိုးအစား တူညီပြီး Batch နံပါတ် တူညီသော ပစ္စည်းများကိုသာ စုပုံရပါမည်။ SKU မတူသည်များကို ရောနှော၍ ရှေ့ဆင့်နောက်ဆင့် မပုံရပါ။ဒါပြီးရင် အဆင့် ၃ဖြစ်တဲ့ အတွင်းမှ အပြင်သို့ တင်ဖို့ Forklift မောင်းသူသည် အတန်း Lane ၏ အထဲဆုံး/အနောက်ဆုံး နေရာမှ စတင်၍ ပစ္စည်းကို ပုံရပါမည်။ ဒေါင်လိုက် ဆင့်တင်ခြင်း Vertical Stackingမှာ အောက်ဆုံး Pallet ကို ကောင်းမွန်စွာ ချပြီးနောက် ဒုတိယမြောက် Pallet ကို အပေါ်တည့်တည့်မှ ဗဟိုချက် Center ချိန်၍ ဖြည်းညှင်းစွာ တင်ရပါမယ် အမြင့်ကန့်သတ်ချက်အ​နေဖြင့် သတ်မှတ်ထားသော အမြင့် ဥပမာ အများဆုံး ၃ ထပ် သို့မဟုတ် ၄ ထပ် ပြည့်ပါက ရှေ့သို့ တစ်ဆင့်တိုး၍ အတန်းပြည့်သည့်အထိ ဆက်လက်စီရပါမည်။​နောက်ဆုံး အဆင့် ၄ဖြစ်တဲ့ LIFO နိယာမအတိုင်း ပစ္စည်းပြန်ထုတ်သည့်အခါ အပြင်ဘက်ဆုံးနှင့် အပေါ်ဆုံးရှိသော နောက်ဆုံးမှ ဝင်ထားသော Pallet ကို အရင်ဆုံး မယူရပါမယ် Row Clearing အတန်းတစ်ခုအတွင်းရှိ ပစ္စည်းများကို ထုတ်ယူရာတွင် ထိုအတန်းထဲရှိ ပစ္စည်းအားလုံး ကုန်စင်သွားသည့်အထိ Row Empty ဖြစ်သည်အထိထုတ်ယူရပါမယ် ထိုအတန်း မရှင်းလင်းသေးဘဲ ပစ္စည်းအသစ် လာမညှပ်ရပါ။ Part - 2တွင် ဆက်ပြီး​ရေးပါမယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun

Warehouse ​တွေမှာ storage လုပ်တဲ့အခါ ပစ္စည်းအ​ပေါ်မှုတည်ပြီး သုံးရတဲ့ storage method များ Part (1) Warehouse ​တွေမှာ ပစ္စည်း storage လုပ်တဲ့အခါ ပစ္စည်းအ​ပေါ်မှုတည်ပြီး လုပ်ရတဲ့ storage method ​တွေကို​ Kip က​နေမျှ​ဝေ​ပေးပါ့မယ် ပထမဦးဆုံး Block Stacking သို့မဟုတ် Floor Stackingဆိုတဲ့ Warehouse ထဲမှာ စင် Racking Systemတွေ လုံးဝမသုံးဘဲ၊ ကုန်ပစ္စည်းတွေကို Pallet ပေါ်တင်ပြီး ကြမ်းပြင်ပေါ်မှာ တစ်ဆင့်ချင်း အပေါ်သို့ ဆင့်တင် Stack သိုလှောင်တဲ့ အရိုးရှင်းဆုံးနဲ့ သဘာဝအကျဆုံး နည်းလမ်းဖြစ်ပါတယ်။ ဒီစနစ်က နေရာလွတ် Floor Spaceကို ကောင်းကောင်းအသုံးချနိုင်ပြီး ငွေကုန်ကြေးကျ အသက်သာဆုံး သိုလှောင်မှုပုံစံ ဖြစ်ပါတယ်။ ​Block Stacking ရဲ့ ပုံစံ​တွေက Lane & Row Layoutဆိုတဲွ ပစ္စည်းတွေကိုရှေ့ဆင့်နောက်ဆင့် အတန်းလိုက် Lanes ပုံရပါတယ်။ တန်းစီထားတဲ့ အတန်းတွေကြားထဲမှာမှ Forklift မောင်းဖို့ ကြားလမ်း (Aisle) တစ်ခုပဲ ထားလေ့ရှိပြီး Ceiling Height Utilizationဆိုတဲ့ ဂိုဒေါင်ရဲ့ အမြင့် အမိုးအထိ နေရာလွတ်ကို အသုံးချဖို့အတွက် ပစ္စည်းတွေကို အပေါ်ကို ၃ ထပ်ကနေ ၅ ထပ်အထိ ပစ္စည်းအလေးချိန်နှင့် ခိုင်ခံ့မှုပေါ်မူတည်၍ ဆင့်တင်ကြပါတယ် LIFO Flowအရအတန်းတစ်ခုရဲ့ အထဲဆုံးနဲ့ အောက်ဆုံးက ပစ္စည်းကို နှိုက်ယူဖို့ မဖြစ်နိုင်တဲ့အတွက် LIFO Last-In, First-Out စနစ်နဲ့ပဲ အလုပ်လုပ်ကြတာများပါတယ်။ ​ဒီmethodက ဘယ်လိုပစ္စည်းမျိုးတွေအတွက် အကောင်းဆုံးလဲဆို​​တ့္ေ Block Stacking ကို ဖြစ်သလိုပုံလို့ မရပါဘူး ဖိသိပ်ခံနိုင်သော ပစ္စည်းများ Crush Resistanceဖြစ်တဲ့အပေါ်က ပစ္စည်းအလေးချိန်ကို အောက်ဆုံးထပ်က ဖာပုံး သို့မဟုတ် အထုပ်က ခံနိုင်ရည်ရှိရပါမယ်ဥပမာ -ဘိလပ်မြေအိတ်များ၊ ရေသန့်ဘူးကတ်များ၊ ဘီယာ/အဖျော်ယမကာ သေတ္တာများကဲ့သို့ ပစ္စည်း​တွေမှာ သုံးပြီး SKU အမျိုးအစား နည်းပြီး ပမာဏ အများကြီးရှိခြင်း Low SKU, High Volume ဖြစ်တဲ့ ပစ္စည်းအမျိုးအစား တစ်ခုတည်းကိုပဲ Pallet အရေအတွက် ရာနဲ့ချီ သိုလှောင်ရမည့်အခါ သုံးပါတယ်ပြီး​တော့ သက်တမ်းကုန်ရက် Expiry Date မရှိခြင်း သို့မဟုတ် သက်တမ်း အလွန်ရှည်ခြင်းလ်ု ပစ္စည်း​တွေဖြစ်တဲ့ ကုန်ကြမ်းပစ္စည်းများ၊ စက္ကူလိပ်ကြီးများ၊ အုတ်ခဲနှင့် ဆောက်လုပ်ရေးပစ္စည်းများ​ေျွမှာ အသုံးများပါတယ်။ ​ဒီmethodရဲ့ အားသာချက်များနှင့် အားနည်းချက်များ​တွေကို ​ပြောရရင် အားသာချက်​တွေကကုန်ကျစရိတ် လုံးဝ သက်သာပြီး အဆင့်မြင့် စင် Racksတွေ ဝယ်ယူတပ်ဆင်စရာ မလိုတဲ့အတွက် Capital Expenditure ရင်းနှီးမြှုပ်နှံမှုစရိတ် မရှိသလောက်ဖြစ်ကာStorage Density မြင့်မားခြင်း​ကြောင့် စင်တွေကြားထဲမှာ ထားရမည့် Forklift မောင်းရန် ကြားလမ်း Aislesတွေကို လျှော့ချပစ်နိုင်လို့ ဂိုဒေါင်ကြမ်းပြင်နေရာကို အပြည့်အဝ သုံးနိုင်ပါတယ်ဂိုဒေါင် Layout ကို လိုသလို ချက်ချင်း ပြောင်းလဲနိုင်ပါတယ်။ ဒီနေ့ ဒီနေရာမှာ ပစ္စည်းပုံမယ်၊ မနက်ဖြန် ရှင်းလင်းပြီး ကားပတ်မောင်းမယ် ဆိုရင်လည်း လွယ်ကူပါတယ်။ ​အားနည်းချက်များနှင့် စိန်ခေါ်မှုများ က​တော့ Honeycombing နေရာလွတ် အလဟဿဖြစ်ခြင်းဖြစ်တဲ့ အတန်းတစ်ခုထဲက ပစ္စည်းအချို့ကို ထုတ်လိုက်တဲ့အခါ အလယ်မှာ ကွက်လပ်တွေ ဖြစ်ကျန်ခဲ့တတ်ပါတယ် LIFO စနစ်ဖြစ်လို့ အဲ့ဒီကွက်လပ်ထဲကို SKU မတူတဲ့ တခြားပစ္စည်း သွားညှပ်လို့ မရပါဘူး။ ဒါကို Honeycombing လို့ ခေါ်ပြီး နေရာဖြုန်းတီးမှု ဖြစ်စေပါတယ်ပြီး​တော့အမြင့် ကန့်သတ်ချက် Height Limitation ဖြစ်လို့ပစ္စည်းတွေရဲ့ ခိုင်ခံ့မှုအပေါ် မူတည်ပြီး ၃ ထပ် သို့မဟုတ် ၄ ထပ်ထက် ပိုဆင့်ရင် ပြိုကျမည့် အန္တရာယ် ရှိပါတယ် ဒါကြောင့် ဂိုဒေါင်အမိုးက အရမ်းမြင့်နေရင် အပေါ်က လေဟာနယ်နေရာတွေ အလဟဿ ဖြစ်ကျန်ခဲ့ပါလိမ့်မယ်​နောက် Damage Risk ဖြစ်တဲ့ Forklift မောင်းသူ ကျွမ်းကျင်မှု အားနည်းရင် သော်လည်းကောင်း၊ အောက်ဆုံးက ပစ္စည်းက အလေးချိန် မခံနိုင်ရင်သော်လည်းကောင်း ပစ္စည်းတွေ ပိန်ချိုင့်၊ ပျက်စီးတတ်ပါတယ်။ဒါ​ကြောင့် Block Stacking လုပ်ရာတွင် လိုက်နာရမယ့်အရာ​တွေက​တော့Stack Height Limit သတ်မှတ်ခြင်းဖြစ်တဲ့ ပစ္စည်းတစ်ခုချင်းစီရဲ့ Weight Capacity အရ အများဆုံး ၄ ထပ်ပဲ ဆင့်ရမယ်စသဖြင့် SOP Standard Operating Procedure ရှင်းရှင်းလင်းလင်း ရှိရပါမယ် Good Quality Pallets သုံးရပါမယ် အောက်ဆုံးက Pallet က ကွဲအက်နေရင် အပေါ်က ပစ္စည်းအပုံလိုက်ကြီး စောင်းပြီး ပြိုကျနိုင်ပါတယ်ပြီး​​တော့ Row Clearing System သုံးရပါမယ် အတန်း Lane တစ်ခုထဲက ပစ္စည်းကို ထုတ်ရင် အကုန်ကုန်တဲ့အထိ ထုတ်ပြီးမှ First-Empty, First-Refill နောက်ထပ် ပစ္စည်းအသစ် ပြန်ဖြည့်ရပါမယ် ဒါမှ Honeycombing ဖြစ်တာကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ Block Stacking Floor Stackingကို စနစ်တကျ မလုပ်ရင် ပစ္စည်းတွေ ပြိုကျတာ၊ ရှာမရတာနဲ့ နေရာလွတ်တွေ အလဟဿ ဖြစ်ကုန်တာမျိုး ကြုံရတတ်ပါတယ်ဒါကြောင့် လုပ်ငန်းခွင်မှာ အမှားအယွင်း မရှိစေဖို့ ကုန်ပစ္စည်း လက်ခံကတည်းက ပြန်ထုတ်တဲ့အထိ အဆင့် (၄) ဆင့် အတိုင်း Procedural Process အဖြစ် စနစ်တကျ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ဘာ​တွေလဲဆို​​တော့

---------------

photo content
+3

FIFO ,LIFO , Average method တို့ရဲ့ သဘောတရားများ FIFO ဆိုတာကတော့ First In First Outဆိုတဲ့ ကိုယ်က ကိုယ်ဆိုင်အတွက်ပြန်ရောင်းဖို့ ပစ္စည်းတွေ ဝယ်တဲ့အခါ တစ်ခေါက်နဲ့ တစ်ခေါက်စျေးမတူတာနဲ့ expire dateမတူတာတွေရှိပါတယ် FIFO method က ပထမဝင်တဲ့ပစ္စည်းတွေက customer ဝယ်တဲ့အခါ ပထမပြန်ထွက်တယ်ဆိုတဲ့ သဘောတရားဖြစ်ပါတယ်။ ဥပမာ ပုံ(1) မှာဆိုရင် ပစ္စည်း၃ခေါက်ဝယ်ထားပါတယ် 1ရက် 4လမှာ 1800ks နဲ့အခု 50units 10ရက် 4လမှာ 1900ks နဲ့အခု 100units 20ရက် 4လမှာ 2000ks နဲ့ အခု 90units ဝယ်ထားပါတယ် 21ရက်နေ့မှာ အခု 200units ကို ရောင်းရပါတယ် ဒါကို ပစ္စည်းထုပ်ပေးပြီး စာရင်းပေးတဲ့အခါ ပထမ စစဝင်တာကနေ စပြီးပေးရပါတယ် ဒီအရောင်းရဲ့ ပစ္စည်းအရင်းကုန်ကျစရိတ် COGS က 380,000ks ရှိပါတယ်။ ပုံ(2)မှာဆိုရင် Last In First Outဖြစ်တာကြောင့် နောက်မှ ဝင်တဲ့ ပစ္စည်းကအရင်ထွက်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ် ဥပမာ ကိုယ့်supplier က expire နီးနေတဲ့ ပစ္စည်းကို ကိုယ့်အားစျေးပေါပေါနဲ့ပေးတဲ့အခါကိုယ်က ဝယ်ပြီးအရင်ထုပ်ရောင်းတဲ့သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။LIFO ရဲ့ ပစ္စည်းရောင်းရcost တွက်တဲ့အခါ နောက်ဆုံးဝယ်တာကနေပြီး စတွက်လေ့ရှိပါတယ်အရောင်းunit200အတွင် ပုံမှာ COGS က388,000ks ကျပါတယ်။ ပုံ(3)မှာ Average method က ရှေ့ဝင်နောက်ဝင်တွေ မစဥ်းစားတော့ပဲ စုစုပေါင်းငွေamountကို စုစုပေါင်းအရေအတွက်နဲ့ စားလိုက်ခြင်းဖြင့် ပစ္စည်းတစ်ခုရဲ့ averageတန်းဖို့အနေနဲ့ သက်မှတ်လိုက်တာဖြစ်ပါတယ်။အရောင်း Units 200အတွက် 383,340ksကျပါတယ်။ ပုံ(4)ကကြတော့ methodတွေ မတူရင် အမြတ်ရဲ့ ငွေပမာဏလည်း ကွဲပြားသွားနိုင်တာကိုပြခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun

-------------

photo content

VED analysis နည်းဖြင့် inventory​တွေကို ဘယ်လိုခွဲခြားလဲ Inventory managementလုပ်တဲ့အခါ VED analysisနည်းကို အသုံးပြုကြပါတယ် အထူးသဖြင့် ​ဆေးရုံးနဲ့ စက်ရုံ​တွေမျိုးမှာ အသုံးများကြပါတယ်။VED က ဘယ်အ​ပေါ်ကိုမှုတည်ပြီး inventory​တွေကို classification ခွဲခြားလဲဆို​တော့ အ​ရေးပါမှု အ​ရေးကြီးမှု important အ​ပေါ်မှုတည်ကာ ခွဲခြားပါတယ်။ VED ကာဘာ​တွေလဲဆို​တော့ V - Vital - မရှိမဖြစ်​အ​ရေးကြီးလိုအပ်​သော stockအမြဲရှိရမယ့် ပစ္စည်း E - Essential - လိုအပ်တယ်ဒါ​ပေမယ့် တခြားပစ္စည်းနဲ့ အစားထိုးသုံးလို့ရတယ် D - Desirable - မရှိလည်းဘားမှ သိပ်မဖြစ်ဘူး ဆိုပြီး သ​ဘောတရားရှိပါတယ်။ ဒီ​တော့ ဥပမာအ​နေနဲ့ VED analysisကို ​ဆေးရုံ​တွေမှာ ဘယ်လိုသုံးလဲဆို​​တော့ (1) ​ဆေးရုံရဲ့ medical item​တွေကို စာရင်းအရင်ပြုစုပါ ​သောက်​ဆေးထိုး​ဆေး ​ဆေးထိုးအပ် လက်အိတ်စတဲ့ ကိရိယာပါ အကုန်listလုပ်ပါ ပြီးရင် (2) VED အမျိုးအစားခွဲခြားမှု Classificationလုပ်ပါ ဆရာဝန်​တွေ ,pharmacist​တွေ ,nurse​တွေ နဲ့ တိုင်ပင်မှု အ​ရေးပါမှု importantအ​ပေါ်မှုတည်ပြီး VED အမျိုးအစား​တွေကို ခွဲပါ ဥပမာ လူနာအသက်ကယ်​ဆေးဆိုရင် အရမ်းအ​ရေးကြီးတယ် ပစ္စည်းပျက်လို့မရဘူး ဒါဆို V - Vital အမျိုးအစားဖြစ်ပြီး ၊ တချို့ပိုးသတ်​ဆေး​တွေဆိုရင် အသင့်အတင့်ပဲအ​ရေးကြီးတယ် ဒါ​ပေမယ့် အမျိုးအစား​တွေထဲကကြိုက်တာသုံးလိုရတယ်ဆိုရင် E - Essential ဖြစ်ကာ ၊ vitamin အား​ဆေး​တွေဆိုရင် အရမ်းအ​ရေးမကြီးတဲ့အတွက် D - Desirable အမျိုးအစားဖြစ်ပါတယ်။အခုလို VED ခွဲပြီးရင် (3) Inventory policy သက်မှတ်ရပါမယ် ဘယ်လို သက်မှတ်မလဲဆို​တော့ V - Vital ပစ္စည်း​တွေအတွက် Reorder level ဖြစ်တဲ့ ပစ္စည်းပြန်မှာရမယ့် levelကမြင့်ရပါမယ် ကုန်မှကပ်မှာလို့မရပါဘူး safety stock ကိုများများထားရပါမယ် ပြီး​​တော့ ​နေ့စဥ် stock levelဘယ်​လောက်ရှိတယ်ဆိုတာကို စစ်​ဆေးရမှာဖြစ်ပါတယ်။ E - Essential ပစ္စည်း​တွေအတွက် Reorder level က အလယ်အလတ်ရှိရပါမယ် safety stock ကိုအသင့်အတင့်ထားရပါမယ် ပြီး​​တော့ ​၄ရက်တစ်ခါ ၁ပက်တစ်ခါဖြစ်​စေ stock levelဘယ်​လောက်ရှိတယ်ဆိုတာကို စစ်​ဆေးရမှာဖြစ်ပါတယ်။ D - Desirable ​တွေက​တော့ reoder levelကပုံမှန်ထားရင်ရပြီး safety stockမထားရင်​တောင်ရပါတယ် ၂ပက်တစ်ခါ ၁လတစ်ခါ​လောက်မှ stock levelကို စစ်​ဆေးရင်ရပါတယ်။ ဒီလိုမျိုး stock​တွေကို VED နည်းဖြင့် analysis လုပ်ပြီး ​သေချာစီမံရင် လူနာအ​ရေး​ပေါ်အချိန်မှာ ​ဆေးမရှိလို ဆုံးရှုံတာမျိုး​တွေကို​ကာကွယ်နိုင်ပြီး ​​ငွေ​ကြေးနဲ့ အရ အ​ရေးကြီးလိုအပ် inventory​တွေကိုပဲ အဓီကဝယ်ယူတဲ့အတွက် အ​လေအလွင့်နဲ့ opportunity cost​တွေကို ​လျော့ချနိုင်ပါတယ် ဒါအပြင် inventory ​တွေကို audit စစ်တဲ့အခါ VED ခွဲစစ်ရင်ပိုပြီူ​တော့ အဆင်​ပြေလွယ်ကူပြီး မှန်ကန်နိုင်မှာဖြစ်ပါတယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun

------------------

photo content
+6

Warehouse ဂို​ထောင်​တွေမှာ ABC analysis လုပ်ပြီး ပစ္စည်း​တွေကို ဘယ်လိုထားလဲ ပုံ(၁)မှာပြထားတဲ့အတိုင်း လုပ်ငန်း​တွေမှာ 80/20 Pareto ruleအရ မိမိ​ရောင်း​နေတဲ့ ပစ္စည်း အမျိုးစုစု​ပေါင်းရဲ့ 20%က လုပ်ငန်းရဲ့ အ​ရောင်း​ငွေ80%ကို ​ပေးတဲ့ပုံစံရှိတက်ပါတယ်။ ABC analysis လုပ်တယ်ဆိုတာက မိမိရဲ့လုပ်ငန်းမှာရှိတဲ့ ပစ္စည်းအမျိုးအစား Skus​တွေထဲမှာ ဘယ်ပစ္စည်းက အရမ်း​ရောင်းရတဲ့ ပစ္စည်း ၊ အသင့်အတင့်​​ရောင်းရတဲ့ပစ္စည်း ၊ နည်းနည်းပဲ​ရောင်းရတဲ့ပစ္စည်းဆိုတာကို အ​ရောင်း​sales ငွေamount နဲ့ warehouse က​နေပစ္စည်း အကြိမ်အ​ရေအတွက် ဘယ်​လောက်များများထုပ်ရတယ် အ​ပေါ်မှုတည်က ABC ဆိုပြီး ၃မျိုး ခွဲမှာဖြစ်ပါတယ်။ ပုံ(၂)မှာဆိုရင် မိမိကုန်ပစ္စည်း​တွေကို Annual demand တစ်နှစ်​ရောင်အား sales နဲ့ pick list frequency ဂို​ထောင်က ထုပ်ရတဲ့အကြိမ်အ​ရေအတွက်နဲ့ ​မြှောက်ပြီး ရတဲ့ တန်ဖိုးနဲ့ ABCခွဲထားတာဖြစ်ပါတယ်။ Product code 85058 ပစ္စည်းဟာ အ​ရောင်းsales 200,000ရှိပြီး pick frequencyက 20,000 ရှိပါတယ် ဒီ၂ခုကို ​မြှောက်​​​တော့ 4,000,000 ရပါမယ် ဒီလိုမျိုး မိမိရဲ့ ပစ္စည်း​တွေကိုတွက်ချက်ကာ များတာကို အ​ပေါ်ဆုံး​နေ​ထားပြီးအောက်ကို နည်းသွားရမှာဖြစ်ပါတယ်။အ​ပေါ်ဆုံးကအများဆုံး​တွေကို A​ပေးပြီး အလယ်အလတ်​တွေကို B​ပေးကာ နည်းတာ​တွေကို Cဆိုပြီးခွဲထားပါမယ်။ဒါပြီးရင် ဘာ​ကြောင့် warehouse မှာ ဒီလို၃မျိုးခွဲထားလဲဆိုတာ​ပြောပြပါ့မယ်။ ပုံ(၃)မှာ ဆိုရင် warehouseတစ်လုံးရှိပါတယ် pallet 200ကိုပဲ ​မြေပြင်groundမှာချထားတဲ့ပုံစံဖြစ်ပြီး aisles ​လျှောက်လမ်း ၅ခုရှိပါတယ်။ ဘယ်ဘက်အပြာကွက်​လေး​နေရာက ပစ္စည်း​တွေကို pickထုပ်ပြီး စုထားရမယ့်​နေရာဖြစ်ပါတယ်။ ပုံ​(၄)မှာ အရင်က ပစ္စည်း​တွေကို ​ရောင်း​ကောင်းတာ​ကော အလယ်အလတ်​ရောင်းရတာ​​ကော မ​​ရောင်းရတာ​တွေပါ အကုန် ​ရောပြီးထားတဲ့ပုံစံဖြစ်ပါတယ်။ပုံထဲမှာ အနီ​ရောင်ပစ္စည်း​တွေက A အမျိုးအစားပစ္စည်း​တွေဖြစ်ပြီး စုစု​ပေါင်းရဲ့ 15%ရှိပြီး ၊ အစိမ်း​ရောင်က အလယ်လတ် Bအမျိုးအစားဖြစ်ကာ 25%ရှိကာ ၊ အဝါ​​ရောင်က အ​ရောင်းနည်းတဲ့ Cအမျိုးအစား ပစ္စည်း​တွေက 60%ရှိမှာ ဖြစ်ပါတယ်။ ပုံ(၅)မှာ ပစ္စည်းorderရလို ပစ္စည်းထုပ်တဲ့အခါ ပစ္စည်း pickထုပ်ရတာ ​လမ်း​လျှောက်ရတာများပြီး အချိန်ကြာမြင့်တာကို​တွေ့ရပါတယ်။ ​နောက် ပုံ(၆) တွင် ABC analysisလုပ်ပြီး ပစ္စည်း​တွေကို ABCခွဲကာ A ပစ္စည်း​တွေကို ပစ္စည်းထုပ်ပြီးစုထားတဲ့​နေရာနှင့် ပထမအနီးဆုံး​နေရာတွင်ထားကာ Bကို ဒုတိယအနီးဆုံး​နေရာ Cကို တတိယအနီးဆုံး​နေရာ စသဖြင့် ပုံ(၆)ထဲကလိုထားပြီး ပစ္စည်းထုပ်တဲ့အခါပိုပြီး​တော့ မြန်စန်ကာ အချိန်ကုန် လူပင်ပန်းတာ သက်သာသွားတာကို​တွေ့ရပါတယ်။ တကယ်လ်ု့ မိမိ warehouseက ပုံ(၇)ထဲကလိုဆိုရင် Despatchထုပ်ထဲ​နေရာအ​ပေါ်မှုတည်ပြီး ABC zone​တွေခွဲပြီးထားလို့ရပါတယ်။ ဒါက​တော့ warehouse​တွေမှာ ABC analysisလုပ်ပြီး ​နေရာထားရင် ဘယ်လိုအကျိုးရှိလဲဆိုတာ​လေးကို မျှ​ဝေ​ပေးခြင်းဖြစ်ပါတယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun

--------------------

Kip page ရဲ့၈နှစ်ပြည့် သင်တန်း၁၁ခုစလုံးကို 88,000နဲ့ Promotion​လေး ပြီးဖို့ ၆ရက်​ကျော်သာလိုပါ​တော့တယ် ခင်ဗျာ့😀 👇👇👇 https:
Kip page ရဲ့၈နှစ်ပြည့် သင်တန်း၁၁ခုစလုံးကို 88,000နဲ့ Promotion​လေး ပြီးဖို့ ၆ရက်​ကျော်သာလိုပါ​တော့တယ် ခင်ဗျာ့😀 👇👇👇 https://www.facebook.com/share/p/1JALgBPzyp/

Kip page ရဲ့၈နှစ်ပြည့် သင်တန်း၁၁ခုစလုံးကို 88,000နဲ့ Promotion​လေး ပြီးဖို့ ၈ရက်​ကျော်သာလိုပါ​တော့တယ် ခင်ဗျာ့😀 👇👇👇 https:
Kip page ရဲ့၈နှစ်ပြည့် သင်တန်း၁၁ခုစလုံးကို 88,000နဲ့ Promotion​လေး ပြီးဖို့ ၈ရက်​ကျော်သာလိုပါ​တော့တယ် ခင်ဗျာ့😀 👇👇👇 https://www.facebook.com/share/p/1JtnRJdUyz/

‐------------

က​လေးနို့မှုန့်​တွေတိုက်ကြရတဲ့အခါ ​မွေးစက​လေးငယ်​တွေအတွက် အထူးထုပ်ထားတဲ့ နို့မှုန့်​တွေကိုပဲတိုက်ရပါမယ် မိခင်​တွေကလည်း ဒါမျိုးပဲ ​ရွေးကြပါတယ် ဒါ​ပေမယ့် ​ ​ငွေ​ကြေးတက်နိုင်တဲ့အ​ပေါ်မှုတည်ပြီး စျေးနှုန်း အရ brand​တွေ ​ရွေးချယ်တာ ကွာခြားသွားနိုင်ပါတယ် က​လေးနို့မှုန့်မှာ Step 1 ,Step 2 စသဖြင့် ​မွေးစမှ ၆လအထိ ,၆လမှ ၁နှစ်အထိ စသဖြင့် နို့မှုန်​တွေ ကွာခြားတာမျိုးရှိသလို က​လေးငယ်​တွေ ဝမ်း​လျောတာကြာသွားတဲ့အခါ lactose ကို အူကမ​ခြေဖျက်နိုင်ပဲ အမြဲဝမ်း​လျော့တဲ့အခါမျိုးမှာ lactose မပါတဲ့ lactose free က​လေးနို့မှုန့်​တွေကို က​လေးဆရာဝန်ညွှန်ကြားချက်နဲ့ ၂ပက်​လောက်တိုက်ရတာမျိုး​တွေရှိပါတယ် ​​နောက်ပြီး က​လေးမိခင် ​တွေအတွက် ဒီbrand​တွေက အထူးထုပ်ထားတဲ့ နို့မှုန့်​တွေရှိပါတယ် ဒီ​လောက်ဆို က​လေးနို့နို့မှုန့် ​တွေကို မြင်ပြီထင်ပါတယ်။ဒါပြီးရင် အသက်ကြီး ၆၀​ကျော်​လောက်​တွေအတွက် အရိုးမပွ​အောင် ကယ်စီယံ များများပါတဲ့ နို့မှုန်​တွေဖြစ်တဲ့ Anleneအန်လင်းတို့ဘာတို့ နဲ့ အစားသိပ်မစားနိုင်တဲ့သူ​တွေအတွက် အဟာရ​တွေ protein​တွေဖြည့်ထားတဲ့ နို့မှုန့်​တွေဖြစ်တဲ့ Ensure ,Glucerna ,appeton60+ စသဖြင့် ဒါ​တွေကို ​သောက်သုံးကြပါတယ်။ ဒီနို့မှုန့်​တွေကို ဘယ်လိုmarketing နဲ့ sales channnelပုံစံနဲ့ ဖြန့်ဖြူး​ရောင်းချကြလဲဆိုတာ​လေး​တွေကို ဆက်ပြီးမျှ​ဝေ​ပေးပါ့မယ် ရိုးရိုးနို့မှုန့်​တွေက brandကိုလူ​တွေသိ​အောင်​ကြော်ညာမယ် sample​တွေတိုက်မယ် merchandising​​တွေလုပ်မယ် စတဲ့ ATL ,TTL ,BTL ​တွေနဲ့ သုံးပြီး FMCG ပုံစံပံ general tradeမှာ whoesales ,retail​တွေ​ရောင်းမယ် ၊modern trade City Martတို့ ဘာ​တို့​တွေမှာ​ရောင်းမယ် နယ်​တွေဖြန့်မယ် dealer​တွေ area distributor​တွေ​ပေးမယ် စသဖြင့် ​ရောင်းချကြပါတယ် တချို့ကြ B2B အ​နေနဲ့ ကိတ်မုန့်ဆိုင်​တွေ ,coffeeဆိုင်​တွေ ,မုန့်စက်ရုံ​တွေကို လုပ်ငန်းသုံး အ​နေနဲ့ ​ရောင်းချကြပါတယ်။ ကိုယ်ဝန်​ဆောင်မိခင်​တွေနဲ့ က​လေးနို့မှုန်​တွေကြ​တော့ ​ကြော်ညာ​တွေလည်း သုံးမယ် ပြီး​တော့ ​ဆေးရုံ​ဆေးခန်း က​လေးဆရာဝန်​တွေနဲ့​တွေ့ပြီး MR​တွေ မိမိရဲ့ brand product​တွေကို မိတ်ဆက်​​ပေးရပြီး ​ဆေးရုံး​ဆေးခန်း​တွေကို ​ရောင်းရပါမယ် ​​နောက် sales teamက မဂ်လာ​စျေး ဗိုလ်ချုပ်​စျေးက ​လက်ကား​ဆေးဆိုင်း​တွေနဲ့ လက်လီ​ဆေးဆိုင်​တွေ ပြီး​တော့ ​modern tradeအ​နေနဲ့ ရွှေအိုး ,City Care ,Life plus , Medicareစတာ​တွေကိုပါ ​channel sales​ရောင်းရမှာဖြစ်ပါတယ်။အသက်ကြီး နို့မှုန့်​တွေကို ​ရောင်းတဲ့အခါမှာလည်း ဒီလိုပုံစံတူပါတယ်။ ဒီ​နေရာမှာ နို့မှုန့်brand​တွေ သိရမှာက ကိုယ်နို့မှုန့်က ရှိသမျှအကုန်​ရောင်းချင်လို့ မရပါဘူး က​လေးလည်း ​သောက် ၊ ကိုယ်ဝန်​ဆောင်လည်း​သောက် ၊ လူငယ်​တွေလည်း​သောက် ၊ လူကြီး​တွေလည်း ​သောက်ဆိုပြီး လုပ်လို့မရပါဘူး ဒါမျိုးလုပ်ရင် brandက ​ကြောင်သွားပါမယ် မိခင်​တွေက​တွေမှာက ဒါကြီးက​လေးအတွက် သီးသန့်မဟုတ်လို့ စိတ်မချရဘူးဆိုပြီး မဝယ်ပါဘူး လူကြီး​တွေအတွက်​တော့ ဒါက ရိုးရိုးနို့မှုန့်ပါပဲ တခြားဟာ​တွေနဲ့မထူးပါဘူး ဆိုပြီး​တွေးကာ ​ကိုယ့်စျေးကြီးရင် တခြားbrandပဲ ​ရွေးသွားပါမယ် လူတိုင်​သောက်​နေကြတဲ့ နို့မှုန်ဆိုရင် creamer​တွေ နဲ့ နမည်ကြီး brand ​တွေနဲ့ ပြိုင်ရပါမယ် ဒါ​ကြောင့် brand strategy နဲ့ market segmentကို ​သေချာနားလည်ဖို့လိုပါတယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun