cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

The Irrawaddy - Burmese

The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com

نمایش بیشتر
پست‌های تبلیغاتی
55 986
مشترکین
+5724 ساعت
+4667 روز
+1 97630 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ဘာတာစနစ် Barter Trade ဆိုသည်မှာ နိုင်ငံ တနိုင်ငံနှင့် တနိုင်ငံ ငွေကြေးဖြင့် ကုန်စည် အရောင်းအဝယ် မပြုလုပ်ဘဲ တန်ဖိုးအားဖြင့် မျှခြေရှိသော ကုန်စည်တို့အား အချင်းချင်း ဖလှယ်သော ကုန်သွယ်ရေးစနစ် တခုဖြစ်ပြီး ငွေကြေးမပေါ်မီ ကုန်သွယ်မှု စနစ်ဟောင်း တခု ဖြစ်သည်။ Website တွင် ဖတ်ရန် https://bit.ly/3KorrQM #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
نمایش همه...
ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားငွေ လိုအပ်ချက်ကို လျှော့ချရန် ကုန်သွယ်ဖက် နှစ်နိုင်ငံခြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement-BAT) ကို ပြန်ကျင့်သုံးမည်။

ထောင်ဝင်စာပို့ရန်ခက်ခဲသည့် နိုင်ကျဉ်းများကို ကူညီပေးနေဟု PPNM ဆို ဧရာဝတီ၊ မေ ၃၀၊ ၂၀၂၄ ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာ၍ နိုင်ငံတဝန်းရှိ အကျဥ်းသားများ ၏ မိသားစုဝင်များ ထောင်ဝင်စာပို့ရန် ခက်ခဲမှုများ ရှိလာသောကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM) အနေဖြင့် ကူညီမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “PPNM အနေနဲ့ တကယ်ကို အကျဉ်းထောင်တွေထဲမှာ ခက်ခဲနေတဲ့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေကို ကူညီပို့ဆောင်မှုမျိုးစုံ လုပ်ပေးနေပါတယ်။ အခြေခံလိုအပ်နေတဲ့ ကျန်းမာရေး၊ စားသောက်နေထိုင်ရေးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်အားလုံးကိုတော့ ကူညီပေးနေတာမျိုးတွေ ရှိပါတယ်၊ လက်ရှိမှာတော့ ငွေ ကြေးကို ပိုပြီးတော့ ထောက်ပံ့တာမျိုး လုပ်ပေးနေပါတယ်” ဟု ၎င်းက ဆို သည်။ အကျဥ်းထောင်အသီးသီး၌ မတရားအကျဥ်းကျနေသော နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များအနက် အခြေခံလူ တန်းစားမိသားစုများမှာ ထောင်ဝင်စာပို့ရန် အခက်အခဲများရှိလာသဖြင့် အကူအညီ တောင်းခံလာမှုများကြောင့် ကူညီပေးမှုများ လုပ်ဆောင်ပေးနေရာ ၂၀၂၄ နှစ်အစပိုင်းက ထောင်ဝင်စာအတွက် နိုင်ငံရေးအကျဥ်းသား ၃၀ခန့်ကိုသာ ကူညီခဲ့ရပြီး ယခုအခါ တလလျှင် ၅၀ မှ ၁၀၀ ဝန်းကျင်အထိ ကူညီပေးနေရကြောင်း သိရသည်။ ကိုသိုက်ထွန်းဦးက “ကျနော်တို့ ကူညီနိုင်တဲ့စာရင်းပမာဏ တင်လိုက်တဲ့အချိန်တိုင်းမှာ လာရောက်ပြီး အကူအညီတောင်းတဲ့ အရေအတွက်ကလည်း တော်တော်ကို များလာပါတယ်။ တကယ့်ကိုမှ ခက်ခဲတဲ့သူတွေကို စိစစ်ပြီး ကူညီနိုင်အောင် အကောင်းဆုံး ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ပြောသည်။ နိုင်ငံရေးအကျဉ်းသားများအား ကူညီပေးမှုကို လူထု၏ထည့်ဝင်ငွေ၊ နိုင်ကျဥ်းဟောင်းများ၏ လစဥ် ၅ ထောင် ကျပ်နှုန်း ထည့်ဝင်ငွေများဖြင့် ကူ ညီထောက်ပံ့နေခြင်းမျိုးဖြစ်ပြီး ပြည်တွင်းပြည်ပမှ ပြည်သူအနေဖြင့် နိုင်ငံရေးအကျဥ်းသားများအား မမေ့မလျော့ပါဝင် လှူဒါန်းပေးရန်လည်း PPNM က မေတ္တာရပ်ခံထားသည်။ ပုံစာ - အင်းစိန်ထောင်ရှေ့၌ ထောင်ဝင်စာတွေ့ရန် စောင့်ဆိုင်းနေကြသူများ/PPNM #WhatsHappeningInMyanmar #RejectMilitaryCoup စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
نمایش همه...
The Irrawaddy

Photo unavailableShow in Telegram
မေ ၃၀ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။ ပြင်ပ ဆန်ဈေး ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၄၅၀၀၀ ကျပ် ဝန်းကျင်မှ ၁၇၃၀၀၀ ကျပ် ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၃၅၀၀၀ ကျပ်မှ ၁၅၅၀၀၀ ကျပ် ပေါ်ကျွဲဆန် ၁ အိတ် ၁၀၈၀၀၀ ကျပ်ကျော်မှ ၁၁၃၀၀၀ ကျပ် ဆန်ကြမ်း (အဟောင်း ရက် ၉၀) ၁ အိတ်လျှင် ၁၁၀၀၀၀ ကျပ်ကျော် မှ ၁၂၇၀၀၀ ကျပ်အထိ ဆန်ကြမ်း ( အသစ် ရက် ၉၀) ၁ အိတ်လျှင် ၁၀၁၀၀၀ ကျပ်မှ ၁၀၅၀၀၀ ကျပ်အထိရှိ ဆန်ကြမ်း (နှံကား) ၁ အိတ်လျှင် ၉၀၀၀၀ ကျပ်ကျော် မနောသုခဆန် ၁ အိတ်လျှင် ၉၀၀၀၀ ကျပ် ယခုတပတ်ပြင်ပ ဆန်ဈေးကွက်တွင် အမြင့်ဈေးတွင်သာ ဆက်ရှိနေပြီး အရောင်းအဝယ်မှာ အေးနေကြောင်း ဝါးတန်းလမ်းကုန်စည်ဒိုင်ရှိ ဈေးကွက်အတွင်းမှ သိရသည်။ ယခုဖော်ပြပါ ဈေးနှုန်းများသည် ကုန်စည်ဒိုင်လက်ကားဈေး ဖြစ်ပြီး လက်လီဈေးမှာ ဆန်တအိတ်လျှင် ၄၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ မြို့နယ်အနီးအဝေးနှင့် ဆိုင်ပေါ်မူတည်၍ ဈေးနှုန်း မြင့်တက်မှုများ ရှိနိုင်သည်။ ထို့ပြင် လက်ရှိတွင် စစ်ကောင်စီ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးမှာလည်း ကုန်စည်ဒိုင်တွင် ယခင်အတိုင်း ရှိနေဆဲ ဖြစ်သော်လည်း ယင်းဖြင့် အလုပ်လုပ်ခြင်းမရှိတော့ကြောင်း ကုန်သည်များထံက သိရသည်။ စားအုန်းဆီ စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၅၂၇၀ ကျပ် ယင်းဈေးမှာ မေလ ၂၀ ရက်မှ ၂၆ ရက်နေ့ အထိ စစ်ကောင်စီ သတ်မှတ်ထားသည့် ရန်ကုန် အထိုင် လက်ကား ဈေးဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှတဆင့် စားဆီ တင်သွင်းသည့် ကုမ္ပဏီများထံမှ ခွဲတမ်းရသည့် ဆိုင်တချို့က ရောင်းချ ပေးနေကြောင်း လူမှုကွန်ယက်စာမျက်နှာများမှ တဆင့်သိရသည်။ ထိုသို့ ရောင်းချပေးနေသော်လည်း စားဆီ ဈေးမှာ လက်လီ စားသုံးသူများ၊ ဆိုင်သမားများ လိုသလောက်မရရှိပဲ အပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာ ရန်ကုန်ဈေးကွက်မှာပင် ၁ ပိဿာလျှင် ၈၀၀၀ ကျပ်ကျော် တွင်ရှိနေသည်။ (ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ ဖြစ်ပြီး နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ၊ ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။) စက်သုံးဆီ ဓာတ်ဆီ ၉၂ ၁ လီတာ ၂၆၂၅ ကျပ် ဓာတ်ဆီ ၉၅ ၁ လီတာ ၂၇၃၅ ကျပ် ဒီဇယ် ၁ လီတာ ၂၃၃၅ ကျပ် ပရီမီယံ ဒီဇယ် ၁ လီတာ ၂၃၈၅ ကျပ် ယင်းမှာ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသည့် စက်သုံးဆီ ဈေးနှုန်းများဖြစ်ပြီး ယင်းကို တပတ်တခါ ဈေးနှုန်းအပြောင်းအလဲ ပြုလုပ်ထားသည်ကို တွေ့ရသည်။ လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်သုံး ရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်း၊ တချို့နေရာများတွင် ပြတ်လပ်ခြင်းများ ဖြစ်ပေါ်နေသည်။ ထို့ပြင် တခြားတိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနိုင်သလို ပြင်ပဈေးကွက်နှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေး ထက် ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။ ရွှေနှင့် ဒေါ်လာ ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၅၀၀၀ ကျပ်ကျော်တွင်ရှိနေ (ဆက်လက် အတက်ကြမ်းနေ) ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၃၉၉၉၀၀၀ ကျပ် ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂၃၃၅ ဒေါ်လာ ပြင်ပ အကယ်ဒီအခေါက်ရွှေဈေး ၅၈၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေ (အတက်ကြမ်းနေ) ပြင်ပ လက်ဝတ်ရတနာ (၁၅ ပဲရည်) ရွှေဈေး ၅၂၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေ စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်က သတ်မှတ်သည့် ဒေါ်လာဈေးမှာ တဈေးရှိပြီး ယင်းဈေးမှာ ဝန်ဆောင်မှု လုပ်ငန်းများအတွက်သာ အလုပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။ #နေ့စဉ်ကုန်ဈေးနှုန်း #ဆန်ဈေး #ဆီဈေး #လောင်စာဆီဈေး #ရွှေဈေး #ဒေါ်လာဈေး
نمایش همه...
Photo unavailableShow in Telegram
Air-X ကို ရပ်ကွက်ဆိုင်မှာ သွားဝယ်တာ တကတ် ၃၅၀၀ တဲ့၊ အရင်က တကတ် ၃၀၀ ပဲ ရှိတာလေ။ ဝယ်နေကျ ဒိုင်မှာသွားမေးတော့ ပစ္စည်းပြတ်နေတယ်တဲ့။ အစားက လျှော့စားရသေးတယ်။ ဆေးက လျှော့သောက်လို့ မရဘူး။ အရှင်လတ်လတ် ငရဲကျသလိုပါပဲ Website တွင် ဖတ်ရန် https://bit.ly/3Ru4FLp #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
نمایش همه...
ဒေါ်လာဈေးနှင့်အတူ စားကုန် ဆေးဝါးဈေးမြင့်လာ၍ ပြည်သူတို့ အခက်ကြုံ

ဆန်၊ ဆီ၊ ဆေးဝါးသာမက သားငါးဈေးမှာလည်း ယခင်က ဝက်သား ၁၀ သား ၁၀၀၀ ကျပ်ပေးရပါက ယခုအချိန်တွင် ၂၀၀၀ ကျပ်အထိ ထက်ဝက်ခန့် ဈေးတက်လာကြောင်း သိရသည်။

ဒေါ်လာဈေး ၅၀၀၀ ကျော်ပြီ ဧရာဝတီ၊ မေ ၃၀၊ ၂၀၂၄ ပြည်တွင်းဈေးကွက်တွင် အမေရိကန် တဒေါ်လာလျှင် ကျပ် ၅၀၀၀ ကျော်အထိ မြင့်တက်လာသလို ရွှေဈေးမှာလည်း အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၅၈ သိန်းကျော် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ထိုသို့ ဒေါ်လာနှင့် ရွှေဈေးနှုန်းများ အဆမတန်မြင့်တက်နေသောကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးစစ်ဆေးမှုများ ခံရနိုင်သဖြင့် ဒေါ်လာနှင့် ရွှေလုပ်ငန်းရှင်အချို့ တိမ်းရှောင်နေရပြီး အရောင်းအဝယ်မဖြစ်ဘဲ ဈေးနှုန်းတခုအဖြစ်သာရှိနေကြောင်း လုပ်ငန်းရှင်များက ပြောသည်။ ရန်ကုန်မြို့ရှိ ‌ဒေါ်လာရောင်းဝယ်ရေး ကိုယ်စားလှယ်တဦးက “ကျနော်တို့ သိတာတော့ ဒေါ်လာက ၅၀၂၀ ကျပ်လောက် ရှိတယ်။ အရောင်းအဝယ်မရှိဘဲ ဈေးပဲ ရှိနေတဲ့ သဘောဖြစ်တယ်။ ဈေးကွက်မှာ အလုပ်လုပ်တဲ့သူတွေ မလုပ်ရဲဘဲ ရှောင်နေရလို့ပေါ့။ မနေ့ထဲက စရှောင်ကြတာ။ အခုချိန်က ဈေးကွက်မှာ ဘာမှ လုပ်လို့မရဘူး။ လောလောဆယ်ကတော့ ဈေးတွေပဲ ပြောနေကျတာ”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။ ငွေဈေးနှင့် ရွှေဈေးနှုန်းများ အဆမတန် မြင့်တက်နေသောကြောင့် ဈေးကွက်အတွင်း အဖမ်းအဆီးများ ရှိနေပြီး အရောင်း/အဝယ်သမားများမှာ သတိကြီးကြီးထား၍ လုပ်ကိုင်နေရသလို ယနေ့တွင်လည်း စစ်ကောင်စီက အစည်းအဝေး ပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ဒေါ်လာဝယ်ရောင်းနှင့် ရွှေလုပ်ငန်းရှင်အများစု တိမ်းရှောင် နေကြကြောင်း သိရသည်။ အလားတူ ပြည်တွင်းရွှေဈေးမှာလည်း အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၅၈ သိန်းကျော်သို့ တဟုန်ထိုး မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စစ်ကောင်စီ၏ လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံး( YGEA) တွင် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ်သိန်း ၄၀ နီးပါးနှင့်သာ ဈေးတင်ထားပြီး အပြောင်းအလဲ ပြုလုပ်ထားခြင်း မရှိသေးသောကြောင့် ပြင်ပဈေးနှင့်နှိုင်းယှဉ်ပါက ရွှေ ၁ ကျပ်သားကို ကျပ် ၁၈ သိန်း နီးပါး ဈေးနှုန်း ကွာဟမှုရှိနေသည်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က Online Social Platform များဖြစ်သည့် Facebook၊ Viber၊ Telegram အစရှိ သည်တို့ပေါ်တွင် ID အစစ်အမှန်မဟုတ်သည့်အကောင့် (Fake Account)များအသုံးပြု၍ ဘဏ်များမှ ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်းအပါအဝင် မမှန်ကန်သည့်သတင်းများထုတ်ပြန်ဖော်ပြပြီး ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ၎င်းတို့ကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဗဟိုဘဏ်ထိန်းချုပ်ထားသည့် လိုင်စင်ရဘဏ်များ၏ ငွေလဲလှယ်နှုန်းထားကိုသာ ယုံကြည်ကြရန်၊ အွန်လိုင်းပေါ်မှ ငွေလဲလှယ်နှုန်းများကို မယုံကြည်ကြရန်လည်း ကြေညာထားသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
نمایش همه...
The Irrawaddy

Photo unavailableShow in Telegram
ရိုဟင်ဂျာကိစ္စ ဖြေရှင်းနိုင်ဖို့စွမ်းရည် AA မှာပဲရှိတယ် (ရုပ်/သံ) ဧရာဝတီ၊ မေ ၃၀၊ ၂၀၂၄ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားအောင် ကြိုးကိုင်လှုပ်ရှားနေတယ်လို့ လှု့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသုတေသီတွေက ပြောဆိုနေကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ရဲ့ စစ်ဆင်ရေးအောက်မှာ စစ်ရှုံးနေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ မတူညီတဲ့ အသိုင်းအဝိုင်းတွေအကြား ပဋိပက္ခဖြစ်အောင် နေအိမ်တွေမီးရှို့တာ၊ လုယက်ဖျက်ဆီးတာနဲ့ ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်အောင် ဖန်တီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ လွတ်လပ်တဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ်မက်သီဆန်ရဲ့ အင်တာဗျူး ကောက်နုတ်ချက်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။ https://youtu.be/yZSlBbzXSKU စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
نمایش همه...
ရိုဟင်ဂျာကိစ္စ ဖြေရှင်းနိုင်ဖို့စွမ်းရည် AA မှာပဲရှိတယ်

ရိုဟင်ဂျာကိစ္စ ဖြေရှင်းနိုင်ဖို့စွမ်းရည် AA မှာပဲရှိတယ် (ရုပ်/သံ) ဧရာဝတီ၊ မေ ၃၀၊ ၂၀၂၄ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားအောင် ကြိုးကိုင်လှုပ်ရှားနေတယ်လို့ လှု့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသုတေသီတွေက ပြောဆိုနေကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ရဲ့ စစ်ဆင်ရေးအောက်မှာ စစ်ရှုံးနေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ မတူညီတဲ့ အသိုင်းအဝိုင်းတွေအကြား ပဋိပက္ခဖြစ်အောင် နေအိမ်တွေမီးရှို့တာ၊ လုယက်ဖျက်ဆီးတာနဲ့ ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်အောင် ဖန်တီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ လွတ်လပ်တဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ်မက်သီဆန်ရဲ့ အင်တာဗျူး ကောက်နုတ်ချက်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy:

https://bit.ly/3btQYpR

ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလွတ်မြောက်ခဲ့လဲ (ရုပ်/သံ) ယဉ်မွန်၊ မေ ၃၀၊ ၂၀၂၄ သမိုင်းဝင် ဒီပဲယင်းလုပ်ံကြံမှုဟာ ၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ၂၁ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေကတော့ ဒီအကြမ်းဖက်မှုရဲ့ လက်သည်ဟာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရနဲ့ စစ်တပ်ကမွေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံဖြိုးရေးအသင်း (USDA) တို့လက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျီရွာအထွက်နားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ ကြုံတွေ့ခဲ့ရသူတွေက ပြောထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အထက်မြန်မာပြည် စည်းရုံးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးတင်ဦးတို့ ပါဝင်တဲ့ ယဉ်တန်းကို တားဆီးလုပ်ကြံခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလုပ်ကြံမှုမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူမရဲ့ ကားကိုမောင်းပေးခဲ့တဲ့ ဦးကျော်စိုးလင်း က သူအနီးကပ်မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းတွေကို ပြန်ရှင်းပြထားတာဖြစ်ပါတယ်။ https://youtu.be/R_t4isnja9Y စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
نمایش همه...
ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလွတ်မြောက်ခဲ့လဲ

ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလွတ်မြောက်ခဲ့လဲ (ရုပ်/သံ) ယဉ်မွန်၊ မေ ၃၀၊ ၂၀၂၄ သမိုင်းဝင် ဒီပဲယင်းလုပ်ံကြံမှုဟာ ၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ၂၁ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေကတော့ ဒီအကြမ်းဖက်မှုရဲ့ လက်သည်ဟာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရနဲ့ စစ်တပ်ကမွေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံဖြိုးရေးအသင်း (USDA) တို့လက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျီရွာအထွက်နားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ ကြုံတွေ့ခဲ့ရသူတွေက ပြောထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အထက်မြန်မာပြည် စည်းရုံးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးတင်ဦးတို့ ပါဝင်တဲ့ ယဉ်တန်းကို တားဆီးလုပ်ကြံခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလုပ်ကြံမှုမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူမရဲ့ ကားကိုမောင်းပေးခဲ့တဲ့ ဦးကျော်စိုးလင်း က သူအနီးကပ်မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းတွေကို ပြန်ရှင်းပြထားတာဖြစ်ပါတယ်။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy:

https://bit.ly/3btQYpR