ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

The Irrawaddy - Burmese

The Irrawaddy - Burmese

前往频道在 Telegram

The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com

显示更多

📈 Telegram 频道 The Irrawaddy - Burmese 的分析概览

频道 The Irrawaddy - Burmese (@theirrawaddy) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 74 864 名订阅者,在 新闻与媒体 类别中位列第 3 066,并在 缅甸 地区排名第 1 565 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 74 864 名订阅者。

根据 28 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -790,过去 24 小时变化为 -8,整体触达仍然可观。

  • 认证状态: 已认证(Telegram 官方确认)
  • 互动率 (ER): 平均受众互动率为 4.95%。内容发布后 24 小时内通常能获得 4.18% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 3 707 次浏览,首日通常累积 3 126 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 45。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com”

凭借高频更新(最新数据采集于 29 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

74 864
订阅者
-824 小时
-2127 天
-79030 天

正在加载数据

吸引订阅者
11月 '26
十一月 '26
+116
在3个频道中
十月 '26
+164
在15个频道中
Get PRO
九月 '26
+311
在11个频道中
Get PRO
八月 '26
+227
在1个频道中
Get PRO
七月 '26
+123
在6个频道中
Get PRO
六月 '26
+208
在6个频道中
Get PRO
五月 '26
+138
在3个频道中
Get PRO
四月 '26
+125
在13个频道中
Get PRO
三月 '26
+11
在6个频道中
Get PRO
二月 '26
+206
在7个频道中
Get PRO
一月 '26
+76
在6个频道中
Get PRO
十二月 '25
+26
在13个频道中
Get PRO
十一月 '25
+125
在12个频道中
Get PRO
十月 '25
+295
在11个频道中
Get PRO
九月 '25
+215
在8个频道中
Get PRO
八月 '25
+144
在10个频道中
Get PRO
七月 '25
+122
在6个频道中
Get PRO
六月 '25
+71
在4个频道中
Get PRO
五月 '25
+79
在4个频道中
Get PRO
四月 '25
+240
在14个频道中
Get PRO
三月 '25
+670
在18个频道中
Get PRO
二月 '25
+178
在15个频道中
Get PRO
一月 '25
+1 622
在22个频道中
Get PRO
十二月 '24
+5 672
在16个频道中
Get PRO
十一月 '24
+4 708
在19个频道中
Get PRO
十月 '24
+7 667
在16个频道中
Get PRO
九月 '24
+6 967
在15个频道中
Get PRO
八月 '24
+12 786
在16个频道中
Get PRO
七月 '24
+7 860
在16个频道中
Get PRO
六月 '24
+8 031
在15个频道中
Get PRO
五月 '24
+3 810
在9个频道中
Get PRO
四月 '24
+4 547
在5个频道中
Get PRO
三月 '24
+5 643
在5个频道中
Get PRO
二月 '24
+8 309
在13个频道中
Get PRO
一月 '24
+4 734
在5个频道中
Get PRO
十二月 '23
+5 475
在7个频道中
Get PRO
十一月 '23
+1 018
在7个频道中
Get PRO
十月 '23
+499
在3个频道中
Get PRO
九月 '23
+393
在0个频道中
Get PRO
八月 '23
+349
在0个频道中
Get PRO
七月 '23
+339
在0个频道中
Get PRO
六月 '23
+228
在0个频道中
Get PRO
五月 '23
+240
在0个频道中
Get PRO
四月 '23
+379
在0个频道中
Get PRO
三月 '23
+194
在0个频道中
Get PRO
二月 '23
+184
在0个频道中
Get PRO
一月 '23
+382
在0个频道中
Get PRO
十二月 '22
+143
在0个频道中
Get PRO
十一月 '22
+83
在0个频道中
Get PRO
十月 '22
+67
在0个频道中
Get PRO
九月 '22
+67
在0个频道中
Get PRO
八月 '22
+58
在0个频道中
Get PRO
七月 '22
+154
在0个频道中
Get PRO
六月 '22
+201
在0个频道中
Get PRO
五月 '22
+329
在0个频道中
Get PRO
四月 '22
+528
在0个频道中
Get PRO
三月 '22
+265
在0个频道中
Get PRO
二月 '22
+74
在0个频道中
Get PRO
一月 '22
+1 725
在0个频道中
Get PRO
十二月 '21
+4 029
在0个频道中
Get PRO
十一月 '21
+3 168
在0个频道中
Get PRO
十月 '21
+6 620
在0个频道中
Get PRO
九月 '21
+10 603
在0个频道中
Get PRO
八月 '21
+9 236
在0个频道中
日期
订阅者增长
提及
频道
29 十一月+4
28 十一月+13
27 十一月+12
26 十一月+3
25 十一月0
24 十一月+4
23 十一月0
22 十一月+5
21 十一月0
20 十一月+3
19 十一月+38
18 十一月+8
17 十一月0
16 十一月0
15 十一月0
14 十一月+3
13 十一月0
12 十一月0
11 十一月+2
10 十一月+10
09 十一月0
08 十一月0
07 十一月+2
06 十一月+4
05 十一月0
04 十一月0
03 十一月0
02 十一月+2
01 十一月+3
频道帖子
Apple ဟာ MiniMax ရဲ့ နာမည်ကျော် AI Chatbot App ဖြစ်တဲ့ Talkie ကို ကလေးသူငယ် လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဒီသီတင်းပတ် အတွင်း App Store မှ ဖယ်ရှားခဲ့… Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/29/417952.html --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation
29 11月, 04:34

2
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလက ဧရာဝတီမှာ ရေးထားတဲ့ ငွေလိမ်ဂိုဏ်း ခေါင်းဆောင်များနဲ့ တရုတ် အစိုးရ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/02/28/411437.html ---------------------
2 630
3
အာဆီယံမှာနေရာမရသည့် မင်းအောင်လှိုင် ၅ နိုင်ငံ ACMECS ဥက္ကဋ္ဌအဖြစ် ဦးဆောင် ဧရာဝတီ၊ နိုဝင်ဘာ ၂၉ ၊ ၂၀၂၆ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်အား အကောင်အထည်ဖော်ခြင်း မရှိသဖြင့် ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်မရသည့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်သည် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ တို့ပါဝင်သည့် (၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေး အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လုပ်ဆောင်နေကြောင်း အာဏာသိမ်းအစိုးရက သတင်းထုတ်ပြန်သည်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ယမန်နေ့က ကျင်းပခဲ့သည့် အဆိုပါထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်၊ လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆလုံဆေးကိုမာဆစ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာလေမင်ဟုန်နှင့် ACMECS အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းရှိ အဓိက မြစ်ကြီး ၃ သွယ်ဖြစ်သော ဧရာဝတီ၊ ကျောက်ဖရားနှင့် မဲခေါင်မြစ်ဝှမ်းဒေသ ၅ နိုင်ငံအကြား စီးပွားရေးကွာဟချက် ကျဉ်းမြောင်းစေရန်နှင့် ဒေသတွင်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ရည်ရွယ်ဖွဲ့စည်းထားသည့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းဖြစ်သည့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ၌ မြန်မာစစ်အုပ်စုသည် နိုင်ငံတကာ အရေးယူပိတ်ယူမှုများခံနေရသည့်တိုင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရခြင်းဖြစ်သည်။ ကမ္ဘာတဝန်းစိန်ခေါ်မှုများရှုပ်ထွေးများပြားလျက်ရှိသည့် ယနေ့အချိန်၌ ထောက်ပံ့ရေးကွင်းဆက်များ ထိခိုက်လွယ်သည့် အနေအထားဖြစ်သည့်အပြင် နည်းပညာများတရှိန်ထိုးတိုးတက်ပြောင်းလဲနေသည့် အချိန်ကာလတခုဖြစ်သောကြောင့် ဒေသအတွင်း ပိုမိုခိုင်မာအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုကိုပြသကြရန် အာဏာသိမ်းသမ္မတက ပြောသည်။ ထိုအစည်းအဝေး၌ ဒေသတွင်း စီးပွားရေးချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှင့် ကျားဖြန့်တိုက်ဖျက်ရေး၊ မြစ်ရေအရင်းအမြစ် ထိန်းသိမ်းရေးတို့ကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။ အာဆီယံနိုင်ငံများအနက် ကျွန်းဆွယ်နိုင်ငံများဖြစ်ပြီး အာဏာရှင်နှင့် စစ်တပ်အားကောင်းသော ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနှင့် လာအိုနိုင်ငံတို့သည် အာဏာသိမ်း စစ်အုပ်စု မင်းအောင်လှိုင်နှင့် ဆက်ဆံရေး ကောင်းမွန်သောနိုင်ငံများ ဖြစ်သည်။ ဓာတ်ပုံ-MOI #WhatsHappeningInMyanmar #RejectMilitaryCoup
2 371
4
+2
没有文字...
1 977
5
မြောက်ဦးဗုံးကြဲခံရမှု သေဆုံးသူ ၂၈ ဦးအထိရှိလာ ဧရာဝတီ၊ နိုဝင်ဘာ ၂၉ ၊ ၂၀၂၆ ရခိုင်ပြည်နယ် မြောက်ဦးမြို့ လူနေရပ်ကွက်ကို ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၈ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၃၀ ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံတဦးက"စဖြစ်တုန်းက ၂၀ ဦးသေဆုံးတယ်။ ပြင်းထန်ဒဏ်ရာရသူတွေရှိတော့ ဒီနေ့မှာ ၈ ဦးထပ်ဆုံးပါတယ်"ဟု ဧရာဝတီကို ပြောသည်။ ယမန်နေ့ ညနေ ၄ နာရီ ၃ မိနစ်ခန့်တွင် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေရှိသူများလည်း ပါဝင်ကာ ထိခိုက်သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်းလည်း သိရသည်။ သေဆုံးသူများထဲ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလည်းပါဝင်ပြီး လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။ နိုဝင်ဘာ ၂၆ ရက်က မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် အင်ရုံကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား၂၀ ဦးနှင့် သရက်ခရိုင်တပ်ရင်းမှ တော်လှန်ရေးရဲဘော် ၉ ဦး စုစုပေါင်း ၂၉ ဦး သေဆုံးခဲ့ကြောင်း NUG နှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့က ထုတ်ပြန်ထားသလို ယမန်နေ့ နေ့လယ်ပိုင်းက ကရင်နီပြည် မိုးဗြဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၁ ဦးသေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ သတင်း- မောင်လူအေး ဓာတ်ပုံ-AA Info Desk #WhatsHappeningInMyanmar #RejectMilitaryCoup
2 296
6
+3
没有文字...
2 125
7
ICJ စီရင်ချက် ကန့်ကွက်ရှုတ်ချပွဲ မဘသတို့ ပဲခူးမှာ ပထမဆုံး ပြုလုပ် ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၉ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များသည် အမှန်တရားနှင့် ကင်းကွာနေသည့် ဆုံးဖြတ်ချက်များဟုဆိုကာ ကန့်ကွက်ရှုတ်ချပွဲကို မဘသဘုန်းကြီးများ၊အမျိုးသားရေးအစွန်းရောက်များ(မဘသ)နှင့် စစ်တပ်လက်အောက်ခံအဖွဲ့များက ယနေ့ ပဲခူးရွှေမော်ဓောဘုရား ကားရပ်နားဝင်းတွင် ပြုလုပ်ခဲ့သည်။ “ရွှေမော်ဓောမှာ စပြီး ပြုလုပ်တာက တောင်ငူခေတ်က ရန်သူ့နယ်မြေထဲအထိသွားပြီး နားထွင်းမင်္ဂလာပြုလုပ်ခဲ့တဲ့ တပင် ရွှေထီးထုံးကို နှလုံးမူပြီး လုပ်တာမျိုးပါ၊ ဒါကြောင့် ရွှေမော်ဓောကနေစပြီး လုပ်ဖို့ ဆုံးဖြတ်ချခဲ့တာမျိုးပဲ၊ ICJ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံတခုလုံးနဲ့ သက်ဆိုင်တဲ့အရေးမို့ ဇာတိသွေး ဇာတိမာန်ကို ပြကြဖို့လည်း လိုပါတယ်”ဟု မန္တလေးမြို့ခံ မဘသ အဖွဲ့ဝင်တဦးက ပြောသည်။ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း နိုဝင်ဘာ ၁၉ ရက်က အပြီးသတ်စီရင်ချက် ချမှတ်ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ကို ထောက်ခံအားပေးသည့် မဘသအမည်ခံ အမျိုးသားရေးလှုပ်ရှားသူ သံဃာတော်များနှင့် မျိုးချစ်ရဟန်းတော်များ (မဘသ)၊ အမျိုးသားရေးဆရာတော် အဖြစ် လူသိများသော ဦးဝီရသူ ဦးဆောင်သည့် မြန်မာ့သွေးအဖွဲ့၊ ဗုဒ္ဓကလျာဏယုဝအသင်း (YMBA)၊ သတင်းမီဒီယာကောင်စီနှင့် ပါတီအချို့က ကန့်ကွက်ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီးနောက် “ရိုဟင်ဂျာအလိုမရှိ၊ ICJ အလိုမရှိ” ကြွေးကြော်သံများဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ရန် ပြင်ဆင်နေကြသည်။ နိုဝင်ဘာ ၂၂ ရက်နေ့က ဦးဝီရသူ ဦးဆောင်သော မြန်မာ့သွေးအဖွဲ့၏ အချက် ၁၂ ချက်ပါ ထုတ်ပြန်ချက်တွင် ICJ ၏ ဆုံးဖြတ်ချက်သည် ဖောက်ပြန်မှားယွင်းသော မတရားဆုံးဖြတ်ချက်ဖြစ်ကာ ချမှတ်ခဲ့သည့် တရားသူကြီး ၉ ဦးကိုလည်း မတရားသူကြီးများနှင့် အဂတိလိုက်စားသူများဟု သတ်မှတ်ကြောင်း ထည့်သွင်းရေးသားထားသည်။ ထို့ပြင် ဂမ်ဘီယာနှင့် နောက်ခံအင်အားများကို ကြည့်ပြီး မြန်မာနိုင်ငံအပေါ် မတရားဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ICJ စီရင်ချက်သည် ရိုဟင်ဂျာဟူသည့် လူမျိုးအမည်ကို ဖန်တီးပြီး ရခိုင်ပြည် ရရှိရေးနှင့် မြန်မာနိုင်ငံကို ထိုးဖောက်ရေးအတွက် ကျူးကျော်စစ် ဆင်နွှဲခြင်း ဖြစ်ကြောင်း၊ ICJ ၏ ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးသည့်ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို အမျိုးသား သစ္စာဖောက်များအဖြစ် သတ်မှတ်သည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။ ICJ စီရင်ချက်သည် တရားမျှတမှုမရှိကြောင်းနှင့် လိုက်နာသင့်သည်အချက်ကိုသာ လိုက်နာသွားမည်ဖြစ်ကြောင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ကလည်း ထုတ်ဖော် ပြောဆိုထားသည်။ ဓာတ်ပုံ-စစ်လော်ဘီချန်နယ် #WhatsHappeningInMyanmar #RejectMilitaryCoup
2 160
8
+3
没有文字...
2 098
9
ထိုင်းနယ်စပ် တင်းကျပ်ထားသည့်ကြားမှ လက်နက်များ မိ၊ စောချစ်သူ လက်နက်များမဟုတ်ဟု KNA ငြင်း ဧရာဝတီ၊ နိုဝင်ဘာ ၂၉ ၊ ၂၀၂၆ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင်း နယ်ဖြတ်ကျော် ဂိတ် ၁၇ ခုကိုပိတ်ထားပြီး ထိုင်း-မြန်မာနယ်တလျောက် ထိုင်းအာဏာပိုင်များက စစ်ဆေးမှုတင်းကျပ်နေသည့် ကြားမှ တရားဝင်နယ်စပ်ဖြတ်ကျော် အမှတ်၁ တံတား စစ်ဆေးဂိတ်၌ ယမန်နေ့က မြန်မာဘက်သို့သွားမည့် ကားပေါ်တွင် လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုင်းဘုရင့်တပ်မတော်လက်အောက်ရှိ အမှတ် (၃) စစ်ဒေသ၏ ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးနှင့် ကာကွယ်ရေးတပ် ဖြစ်သည့် နရဲစွမ်တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် ပရာဆန်း ဦးဆောင်သော အဖွဲ့စုံစစ်ဆေးရေးအဖွဲ့က အမှတ် ၁ တံတား စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေစဉ် M4A1 စစ်သုံးလက်နက် ၁၅ လက် ခိုးထုတ်ရန် ကြိုးပမ်းသူ မြန်မာနိုင်ငံသား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု နရဲစွမ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ မီးခိုးရောင် တိုယိုတာ (Toyota) ကိုယ်ပိုင်ယာဉ်တစီးကို တာဝန်ရှိသူများက တားဆီးစစ်ဆေးခဲ့ရာ ကားအတွင်း M4A1 စစ်သုံးလက်နက် ၁၅ လက် နှင့် နိုင်ငံကူးလက်မှတ် (Passport) မပါရှိသော မြန်မာနိုင်ငံသား ၃ ဦးကို တွေ့ရသဖြင့် သက်သေခံပစ္စည်းများ အားလုံးကို သိမ်းဆည်း၍ သံသယရှိသူများကို မဲဆောက်မြို့နယ် ရဲစခန်းထံ လွှဲပြောင်းခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါ လက်နက်များမှာ ကရင်အမျိုးသားတပ်မတော် (KNA)ကို ဦးဆောင်သော ဗိုလ်ချုပ်စောချစ်သူ ပိုင်ပစ္စည်းများဖြစ်ပြီး ထိုပစ္စည်းများပြန်ရရန် ထိုင်းအာဏာပိုင်များနှင့်ညှိနှိုင်းနေကြောင်း သတင်းတချို့က ဆိုသည်။ ထိုအခြေအနေများနှင့်ပတ်သက်ပြီး KNA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “ဒီလက်နက် မှောင်ခို ကိစ္စဆိုတာ ဘယ်လောက်ထိအပြစ်ကြီးလဲ သိတယ်။ တပ်ဖွဲ့သေးသေးမှ မဟုတ်တာ၊ တပ်ဖွဲ့ကြီးတခုလုပ်နေတာ ဥပဒေတွေ နားလည်ပါတယ်။ ဒီတံတားပေါ်ကနေ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ကျည်တတောင့်တောင်မှ မသယ်ရဲတာ လက်နက်တွေ သယ်ဖို့ထိ မမိုက်မဲကြဘူး”ဟု ဧရာဝတီကို ပြောသည်။ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့တွင် လက်နက်၊ ခဲယမ်းများ ၊ ဒရုန်းများ မကြာခဏဖမ်းဆီးရမိနေပြီး နယ်စပ် လက်နက် မှောင်ခိုသမားများသည် သောင်ရင်းမြစ်ကမ်းတလျောက်ရှိ လူသူအရောက်အပေါက်နည်းသော တရားမဝင် ခိုးဝင်ပေါက်များနှင့် လှေဆိပ်များမှတဆင့် ခိုးသွင်းလေ့ ရှိကြသော်လည်း ယခု အမှတ် ၁ တံတား၌ လက်နက် ဖမ်းမိခြင်းသည် သာမန် လက်နက်မှောင်ခိုမှုများနှင့်မတူရာ အထူးသတိပြုစရာ ဖြစ်စဉ်တခုဟု နယ်စပ်အရေး လေ့လာစောင့်ကြည့်နေသူ တချို့က မှတ်ချက်ပြုသည်။ ထိုသို့ လက်နက်များ ဖမ်းဆီးရရှိမှုသည် ထိုင်းနိုင်ငံ၏ ၂၀၁၇ ခုနှစ် အကောက်ခွန်အက်ဥပဒေ၊ ၁၉၄၇ ခုနှစ် လက်နက်၊ ကျည်ဆန်၊ ပေါက်ကွဲစေတတ်သောပစ္စည်း၊ မီးရှူးမီးပန်းနှင့် လက်နက်တုဆိုင်ရာ အက်ဥပဒေတို့အပြင် ၁၉၈၇ ခုနှစ် စစ်သုံးပစ္စည်း ထိန်းချုပ်ရေးအက်ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ စစ်သုံးပစ္စည်းများ လက်ဝယ်တွေ့ရှိမှုတို့ဖြင့် အရေးယူခံရနိုင်ခြေရှိသည်ဟု AEC သတင်းက ဖော်ပြသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup
2 288
10
没有文字...
2 315
11
မြဝတီကျားဖြန့်စီးနင်းမှု ထိုင်း ၈၀၀ ကျော်ဖမ်းမိ ကာစီနို လုပ်ကိုင်နေသူများဟု အာဏာသိမ်းအစိုးရ ထုတ်ပြန် ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၉ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ပေါ် သောင်ရင်းမြစ်ကမ်းဘေး ပြီးခဲ့သည့်သောကြာနေ့က စစ်တပ်ကဝင်စီးသည့်နေရာများမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့် )ရုံများမဟုတ် ကာစီနိုလောင်းကစားဝိုင်းများဖြစ်ကြောင်း၊ တရားမဝင်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၈၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အာဏာသိမ်းအစိုးရက သတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၂၇ ရက်က ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ဖားခြောက်ကောင်လမ်းရှိ Grand Myawaddy ဟိုတယ်ကို ရှာဖွေစစ်ဆေးခဲ့ရာ လောင်းကစားဝိုင်း(ကာစီနို)များလုပ်နေသည့် မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၇၁ ဦး စုစုပေါင်း ၇၉ ဦး၊ တရားမဝင် ထိုင်းနိုင်ငံသား အမျိုးသား ၂၇၂ ဦးနှင့် အမျိုးသမီး ၃၂၁ ဦး စုစုပေါင်း ၅၉၃ ဦးတို့ကို လောင်းကစားမှုများလုပ်ကိုင်ရာ၌ အသုံးပြုသည့် Laptop ၁၈၅ လုံး၊ All in One ကွန်ပျူတာ ၁၉၂ လုံး၊ မော်နီတာ ၄၀ လုံး၊ CPU ၄၀ လုံးနှင့် ကွန်ပျူတာဆက်စပ် ပစ္စည်းများ၊ ဖုန်းမျိုးစုံ ၃၄၅ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် အမှတ်(၅) ရပ်ကွက်ရှိ Myawaddy Complex နေရာအား ဝင်ရောက်စစ်ဆေးခဲ့ရာ အဆိုပါလောင်းကစားရုံအတွင်းမှ All in One ကွန်ပျူတာ ၁၀ လုံး၊ မော်နီတာ ၅၀ လုံး၊ CPU ၅၀ လုံး UPS ၁၀ လုံးနှင့် ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ၊ ဖုန်းမျိုးစုံ ၁၀ လုံးနှင့် ဖဲကစားခုံ ၂ ခုံ တို့ကို ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်တွင် အမှတ်(၅)ရပ်ကွက် ဝါးတောလမ်း နေရာတဝိုက်၌ ထိုင်းနိုင်ငံသား အမျိုးသား ၁၇၀ ဦး၊ အမျိုးသမီး ၆၇ ဦး စုစုပေါင်း ၂၃၇ ဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ထိုသို့အာဏာသိမ်းအစိုးရ ကာစီနိုဝိုင်းများဟု ဖုံးကွယ်နေသော်လည်း မြဝတီမြို့ခံများကမူ ထိုနေရာများသည် လောင်းကစားနှင့်တွဲ၍ ကျားဖြန့်အဓိကလုပ်နေသည့် နေရာများဖြစ်ကြောင်းဆိုပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) နှင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာများတွင်လည်း ထိုင်း-မြန်မာ နယ်စပ်တလျောက်ရှိ ကာစီနို လောင်းကစားရုံ အများစုသည် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များနှင့် ဆက်စပ်လုပ်ကိုင်နေကြောင်း ဖော်ပြကြသည်။ ဓာတ်ပုံ-MOI #WhatsHappeningInMyanmar #RejectMilitaryCoup
2 768
12
没有文字...
2 547
13
စစ်တပ်က လူစုလူဝေးနေရာများ ဆက်တိုက်ဗုံးကြဲရာ ၃ ရက်တွင်း ၆၀ ကျော် သေဆုံး ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၆ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း အပြီးသတ် စီရင်ချက်ချမှတ်သော်လည်း စစ်တပ်ကမူ ယခုတိုင် အရပ်သား လူစုလူဝေးရှိရာ နေရာများကို ဗုံးကြဲနေရာ ၃ ရက်အတွင်း ကလေးငယ်များအပါအဝင် အရပ်သား ၆၀ ကျော်သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ICJ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အပြည့်အဝ လိုက်နာမည်မဟုတ်ကြောင်း နိုဝင်ဘာ ၂၅ ရက်က တုံ့ပြန်ပြောဆိုပြီး နောက်တနေ့ နိုဝင်ဘာ ၂၆ ရက်၌ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် အလှူပွဲကို တိုက်လေယာဉ်ဖြင့် ဖျက်အားပြင်း ပေါင်း ၅၀၀ ဗုံး ၄ လုံးကြဲသည့်အပြင် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့်ပါ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ သေဆုံး၍ ၂၁ ဦး ပြင်းထန် ဒဏ်ရာရှိခဲ့သည်။ အလားတူ နိုဝင်ဘာ ၂၈ ရက်က ဖယ်ခုံမြို့နယ်၊ မိုးဗြဲအနောက်ဘက်ခြမ်းရှိ လကျီလုံကျေးရွာ၌ မင်္ဂလာအခမ်းအနား ကျင်းပ ရန်ပြင်နေစဉ် တိုက်လေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံးများ အသုံးပြုကာ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KG တန်း ကျောင်းသား ၁ ဦးနှင့် Grade 1 ကျောင်းသား ၁ ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၂၁ ဦးကျော် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ပညာရေးဝန်ထမ်းဆရာမ ၁ ဦး အပါအဝင် ပြည်သူ ၆၀ ကျော် ဒဏ်ရာရှိခဲ့သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ် ရေးကောင်စီ IEC က ထုတ်ပြန်သည်။ ယင်းနေ့မှာပင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြို့သစ်ရပ်ကွက်အား ပေါင် ၅၀၀ ဗုံးများဖြင့် ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးသူငယ် သက်ကြီးရွယ်အိုတို့အပါအဝင် အရပ်သား ၂၀ ဦးခန့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးခန့်ရှိကြောင်း အာရက္ခတပ်တော် AA သတင်းထုတ်ပြန်သည်။ အလားတူ ယမန်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO)ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့ပြင်ရှိ မူးယစ်ဆေးဖြတ်စခန်းတခုကိုလည်း လေကြောင်းဗုံးကြဲခဲ့သဖြင့် အရပ်သား ၁၀ ဦးကျော်ထိခိုက်ခဲ့ကြောင်း သိရသည်။ ပုံစာ- ၃ ရက်အတွင်း လူစုလူဝေးနေရာများကို ဗုံးကြဲပြီးမြင်ကွင်း #WhatsHappeningInMyanmar #RejectMilitaryCoup
2 645
14
+3
没有文字...
2 397
15
တိုင်းပြည်ကို ကင်ဆာလို လှိုက်စားနေတဲ့ မင်းအောင်လှိုင် မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုဘဝနဲ့ ပြည်သူတွေရဲ့ အနာဂတ်ကိုပါ ဘက်စုံဖျက်ဆီးနေတဲ့ စစ်ခေါင်းဆောင်နဲ့ဗိုလ်ချုပ်တွေရဲ့ ဇာတိရုပ်နဲ့ လုပ်ရပ်တွေကို နှစ်ချုပ်သုံးသပ်ပြီး သူတို့ရဲ့ အာဏာရှင်စနစ်ကို ဘယ်လိုဖယ်ရှားကြမလဲဆိုတာ ဒီတစ်ပတ် Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုးက ဆွေးနွေးထားပါတယ်။ https://youtu.be/PNlMsJ86PG0 #မြန်မာ #မင်းအောင်လှိုင် #စစ်ဗိုလ်ချုပ် #ကြံရာပါ #လွှတ်တော် #Genocide #ICJ #parliament #cancer #Myanmar #MinAungHlaing #military #general #IRWENG
2 512
16
ဂန္ထဝင် ရသ ကာတွန်းများ ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၆ ကာတွန်းဆရာကြီး မောင်ဝဏ္ဏ ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
ဂန္ထဝင် ရသ ကာတွန်းများ ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၆ ကာတွန်းဆရာကြီး မောင်ဝဏ္ဏ ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
2 646
17
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း အခု တနင်္ဂနွေမှာတော့ လူငယ်များ အတွက် အဓိက ရည်ရွယ်ပြီး တေးရေး ကိုနေဝင်း (မောင့်လပြည့်ဝန်း) ရဲ့ ပန်းချီဆရာ၊ တေးရေး တေးဆို ခင်ဝမ်း အကြောင်း ဆောင်းပါးကို တင်ဆက် ပေးထားပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/11/29/417947.html --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy
2 771
18
လူမျိုးတုံးသတ်ဖြတ်မှုရဲ့အဓိက တရားခံ ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၆ ICJ စီရင်ချက်မှာ မင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေရဲ့ တာဝန်ရှ
လူမျိုးတုံးသတ်ဖြတ်မှုရဲ့အဓိက တရားခံ ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၆ ICJ စီရင်ချက်မှာ မင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေရဲ့ တာဝန်ရှိမှုကို ဘယ်လိုဖော်ပြထားသလဲ။ အာဏာသိမ်းပြီးနောက် စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက်ရော ဘယ်လိုအကျိုးဆက်တွေ ရင်ဆိုင်ရနိုင်သလဲ။ အပြည့်အစုံကို အောက် Link မှာ ကြည့်ရှုနိုင်ပါတယ်။ တိုင်းပြည်ကို ကင်ဆာလို လှိုက်စားနေတဲ့ မင်းအောင်လှိုင် https://youtu.be/PNlMsJ86PG0 #မြန်မာ #မင်းအောင်လှိုင် #စစ်ဗိုလ်ချုပ် #ကြံရာပါ #လွှတ်တော် #Genocide #ICJ #parliament #cancer #Myanmar #MinAungHlaing #military #general #IRWENG
2 744
19
သံဃာတော်တွေ မီးလောင်တိုက်သွင်းခံရတဲ့နေ့ ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေတဲ့ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့ လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှုဟာ နိုဝင်ဘာ ၂၉ ရက်မှာ ၁၄ နှစ်ပြည့်မြောက်ပါပြီ။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရအာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဟာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက် မနက်အစောပိုင်းတုန်းက သံဃာတော်တွေနဲ့ ပြည်သူတွေ ပါဝင်တဲ့ အဲဒီသပိတ်စခန်းတွေကို လောင်ကျွမ်းစေတဲ့ လက်နက်တွေ အသုံးပြုပြီး အင်အားသုံး ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခံရမှုကြောင့် သံဃာတော် ၉၉ ပါးနဲ့ ပြည်သူ ၉ ဦး စုစုပေါင်း ၁၀၈ ဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြရတာပါ။ လက်ပံတောင်းတောင်ဖြစ်စဉ်ဟာ စစ်အာဏာရှင်အဆက်ဆက်ရဲ့ အာဏာတည်မြဲရေးနဲ့ အကျိုးစီးပွားကို ထိခိုက်လာတဲ့အခါ သံဃာတော်တွေကိုပါ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ဖြစ်ရပ်တွေထဲက တခုသာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာနဲ့ သာသနာတော်ကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် ပုံဖော်လေ့ရှိကြပေမဲ့၊ လက်တွေ့မှာတော့ သူတို့ရဲ့ အာဏာနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်လာတဲ့အခါ ဘာသာရေးနဲ့ သာသနာကို နိုင်ငံရေးအတွက် အသုံးချတာ၊ သံဃာတော်တွေကိုပါ အကြမ်းဖက်နှိမ်နင်းတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ https://youtu.be/CbWAvyE5On4 #မြန်မာ #ဧရာဝတီ #လက်ပတောင်း #တရုတ် #WhatsHappensInMyanmar
2 948
20
၂၀၂၅ ခုနှစ် နိုဝင်ဘာလက ဧရာဝတီမှာ ရေးထားတဲ့ လူထုဒေါ်အမာ မွေးနေ့ပွဲ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2025/11/30/408573.html
3 035