cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

သတင်းမှန် ဖိုးစီ

ပြည်သူနဲ့တသားတည်း ရပ်တည်နေတဲ့ ပြည်သူ့ဘက်တော်သား 4C

نمایش بیشتر
پست‌های تبلیغاتی
85 987
مشترکین
+20524 ساعت
+3 6747 روز
+8 29330 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

"ဧရာဝတီက အပတ်စဉ် (၁) စစ်သင်တန်းဆင်းတွေကို ရခိုင်သို့ပို့" ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ အမှတ် (၆) စစ်အခြေခံ လေ့ကျင့်ရေး သင်တန်းကျောင်းမှ စစ်မှုထမ်း အပတ်စဉ် (၁) စစ်သင်တန်းဆင်း သင်တန်းသားတွေကို ဇွန်လ နောက်ဆုံးပတ်က ရခိုင်ပြည်နယ်သို့ တာဝန်ထမ်းဆောင်ရန် ပို့လိုက်ကြောင်း သိရှိရပါတယ်။ #4C_TruthNews
نمایش همه...
👏 86👍 35😱 17 1🥰 1
Photo unavailableShow in Telegram
‼️ဒီကောင်နဲ့ ပတ်သက်တဲ့ အချက်အလက် ပေးပို့နိုင်‼️ NUG ရဲ့ လက်အောက်ခံ မဟုတ်သလို Code of Conduct (COC) မရှိပဲ လွတ်လပ်စွာ ရပ်တည် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတစ်ခု ရှိပါတယ်။ ဒီကောင်နဲ့ သူ့မိသားစုတွေရဲ့ တိကျတဲ့ အချက်အလက်တွေ မန့်မှာ သတ္တိရှိရှိ လာပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ အချက်အလက် အတိအကျ ရရင် စိတ်ကျေနပ်မှု ပြန်ပေးဖို့ အဲ့အဖွဲ့က အာမခံထားပါတယ်။ ဘယ်သူတွေ ပူးပေါင်း ပါဝင်ရဲကြလဲဗျ 🙂 #4C_TruthNews
نمایش همه...
286👍 203👏 33🤣 10🥰 4🏆 2
"မတ္တရာ မြို့နယ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင် အပါအဝင် တပ်စခန်း ၈ ခုကို MDY-PDF သိမ်းပိုက်" ■ စစ်တပ်ဘက်မှ လက်နက်ချ အညံ့ခံသူ ၆၄ ဦးနဲ့ မိသားစုဝင် ၁၁၇ ဦးကို ထိန်းသိမ်းထား၊ လက်နက် ၁၂၅ လက်နဲ့ ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရမိ မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်အတွင်းရှိ လေကြောင်းရန် ကာကွယ်ရေးတပ်၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင် အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ လက်နက်ချ အညံ့ခံသူ ၆၄ ဦးနဲ့ မိသားစုဝင် ၁၁၇ ဦးကို ထိန်းသိမ်းထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် မတ္တရာမြိုနယ် အတွင်းရှိ လေကြောင်းရန် ကာကွယ်ရေး (လကတ ၁၀၁၄) အင်ကြင်းမြိုင် တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင် တပ်စခန်း၊ ရေစိုတောင် တပ်စခန်း၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုး တပ်စခန်း၊ ကျောက်ခလုတ် တပ်စခန်း နဲ့ Alpha ဘိလပ်မြေစက်ရုံရဲ့ စိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင် တပ်စခန်းတွေကို အပြီးသတ် သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း၊ မတ္တရာ စစ်ဆင်ရေး နယ်မြေအတွင်း စစ်ရှုံးကောင်စီ တပ်ဘက်မှ ဖမ်းဆီးရမိ စစ်သုံ့ပန်းနဲ့ လက်နက်ချ အညံ့ခံသူ ၆၄ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားကြောင်း၊ ဒါ့အပြင် တပ်မိသာစုဝင်တွေဖြစ်တဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ် စုစုပေါင်း (၁၁၇) ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း၊ တိုက်ပွဲတွေအတွင်း စစ်ရှုံးကောင်စီ တပ်ဘက်မှ လက်နက်မျိုးစုံ ၁၂၅ လက်နဲ့ ဆက်စပ်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ မတ္တရာမြို့နယ် အတွင်းရှိ စစ်ဆင်ရေးများတွင်  ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့အတူ ဒေသခံ တော်လှန်ရေး တပ်တွေဖြစ်တဲ့ မတ္တရာမျိုးမှန် တပ်ဖွဲ့၊ SSTF တပ်ဖွဲ့တွေပါ ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး “၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)” နဲ့အတူ ဟန်ချက်ညီညီ တိုက်ပွဲဝင်လျက်ရှိကာ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲနဲ့ မတ္တရာ စစ်မျက်နှာတွေမှာ စစ်ဆင်ရေးတွေ ဖော်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ #4C_TruthNews
نمایش همه...
247👍 99👏 27❤‍🔥 23😁 3🥰 1
01:15
Video unavailableShow in Telegram
"ငပျူတွေရဲ့ နေဝင်ချိန်" မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာမှ အကြမ်းဖက် စစ်တပ် လက်ပါးစေ ငပျူခေါင်းဆောင် ဇံမင်း (ခေါ်) ခေါင်းဖြူကို ရေးဘီလူးအဖွဲ့က အရှင် ဖမ်းဆီးရမိခဲ့တယ်။ ပြည်သူတွေအပေါ် လက်နက်အားကိုးပြီး အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်နေတုန်းက ငပျူကောင်တွေရဲ့ စောက်ခွက်က ဒီလိုမျိုး မဟုတ်ဘူး။ အခုတော့ "တစ်ခါလောက် ခွင့်လွှတ်ပေးပါ" တဲ့။ PDF တွေမှာ လက်နက်အင်အား နည်းပါးစဉ် အချိန်က စစ်ကိုင်း မကွေး ဒေသတွေမှာ ငပျူတွေ သတ်ဖြတ်လို့ သေခဲ့ကြရတဲ့ အပြစ်မဲ့ အရပ်သား ပြည်သူတွေ ရာချီပြီး ရှိခဲ့သလို သူတို့တွေ ဓားပြတိုက် လုယက် မီးရှို့ ဖျက်ဆီးလို့ ပြာကျခဲ့ရတဲ့ ရွာပေါင်း မနည်းခဲ့ဘူး။ တချိန်က ငပျူတွေကို သုံးစားရမလားလို့ စစ်ရှုံးကောင်စီက ပစားပေးခဲ့ပေမယ့် အခုချိန်မှာတော့ ဒီကောင်တွေကြောင့်ပဲ ရိက္ခာကုန် လက်နက်ကုန် အင်အားပြုန်း ဖြစ်ပြီး စစ်တပ်က လုံးပါးပါးခဲ့တာလဲ သဘောပေါက်စပြုနေပြီ။ အခုဆိုရင် စစ်တပ်ကကောင်တွေက ငပျူရွာတွေကို ရိက္ခာပို့ သွားဖို့အတွက်ကို မစဉ်းစားကြတော့ဘူး။ သွားလိုက်တိုင်း စစ်တပ်ကကောင်တွေ အတုံးအရုံး သေနေကြတာကိုး။ ငပျူကောင်တွေက စစ်လဲ ကူမတိုက်ပဲ သူတို့ရွာတွေထဲကနေ အခန့်သား ထိုင်စားနေကြတာ ဆိုတော့ စစ်တပ်ကလဲ တင်းပြီလေ။ ဒီလိုနဲ့ နောက်ဆုံးတော့ ငပျူတွေ ဘဝက PDF က မသတ်လဲ ငတ်သေကြမှာ..။ #4C_TruthNews
نمایش همه...
video_2024-07-01_14-41-44.mp41.83 MB
👍 579 46👏 26🤬 16😁 10🔥 3🕊 2🥰 1😱 1
"UAB ပိုင်ရှင် အစစ်က ဘယ်သူလဲ" စစ်ရှုံးကောင်စီက ဘဏ်တွေကို အရေးယူ ဒဏ်ရိုက်မယ်လို့ ဇူလိုင် (၁) ရက်နေ့ ဒီကနေ့မှာပဲ ကြေညာတယ်။ အမှန်က ပိုင်ရှင်တွေကို ဖမ်းပြီး နားအုံဖုန်ခါတာမျိုး လုပ်ရမှာ။ လျှို့ဝှက် ရရှိထားတဲ့ သတင်းတစ်ခုအရ ဆိုရင် UAB ဘဏ်ကို ပြီးခဲ့တဲ့ သင်္ကြန် မတိုင်မီကတည်းက ပိုင်ရှင် အသစ်က လက်လွှဲ ဝယ်ယူထားပြီး လက်ရှိ လုပ်ကိုင်နေတဲ့ သွားလေသူ အောင်သောင်းရဲ့ သားတွေကိုပဲ ဆက်ပြီး တာဝန်ယူ ခိုင်းထားတယ်လို့ သိရတယ်။ ဒီလောက်ဆိုရင် ဝယ်ယူလိုက်တဲ့သူက အောင်သောင်း အုပ်စုထက် မနိမ့်တဲ့ အနေအထား ဆိုတာ ရိပ်မိကြမယ် ထင်ပါတယ်။ စောင့်ကြည့်ကြတာပေါ့.. 😈 #4C_TruthNews
نمایش همه...
👍 415👏 38 16
‼️စစ်မှုထမ်းဖို မတရား ဖမ်းဆီးခံခဲ့ရတဲ့ ကလေးငယ် ကိစ္စ‼️ ကလေးရဲ့ ဖခင်ဖြစ်သူ ကိုယ်တိုင်က သတင်းကို ဖြုတ်ချပေးဖို့ တောင်းဆိုလာတာကြောင့် ပြန်ဖြုတ်ချလိုက်ပါတယ်။ 4C ချန်နယ်ကနေ ယူပြီး ပြန်ရှဲ​ကြသူတွေလဲ ပြန်ဖြုတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ မိဘတစ်ယောက်ရဲ့ သားအပေါ်ထားတဲ့က မေတ္တာနဲ့ သောကကို ကျနော်တို့ နားလည်ပေးကြရအောင်ပါ။ လေးစားစွာဖြင့်... #4C_TruthNews
نمایش همه...
👍 570 88🕊 5🤣 5🫡 3❤‍🔥 2
❗ဖရဲသီး အထူးသတင်း❗ စစ်တပ်အတွက် အသုံးမဝင်တော့တဲ့ ဘောမတစ်ကောင်ကို စစ်ရှုံးကောင်စီက ထိုးကျွေးနေတယ်လို့ ဖရဲသီးက သတင်းပေးပို့လာပါတယ်။ အဆိုပါ ဘောမကောင်ကို တိကျတဲ့ လျှို့ဝှက် စစ်ဆင်ရေး သတင်းတွေ ကြိုတင် ပေးပို့ကာ ၎င်းရဲ့ ချန်နယ်မှတဆင့် တင်ခိုင်းနေပြီး PDF က သတ်သ​ယောင် ဖန်တီးကာ စစ်တပ်က မကြာခင် အပျောက်ရှင်းဖို့ လုပ်ဆောင်နိုင်တယ်လို့ ဖရဲသီးက ပြောဆိုပါတယ်။ #4C_TruthNews
نمایش همه...
"စစ်မွဲကောင်စီက ပုဂ္ဂလိကပိုင် ဘဏ် ၇ ခုကို အရေးယူ ဒဏ်ရိုက်မည်ဖြစ်ကြောင်း ကြေညာ" လက်နက် အကြွေးတွေနဲ့ လေယာဥ်ဆီ အကြွေးတွေ လည်ပင်းနစ်နေပြီး ဖွက်တက်အောင် မွဲပြာကျနေပြီဖြစ်တဲ့ စစ်မွဲကောင်စီက ပြည်တွင်းက ပုဂ္ဂလိကပိုင် ဘဏ် ၇ ခုကို အရေးယူ ဒဏ်ရိုက်မည် ဖြစ်ကြောင်း ကယောင်ကတမ်းနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ 4C_TruthNews
نمایش همه...
👍 277🤣 188🤬 15😱 14 12
"မြစ်ကြီးနား မြစ်ရေ အခြေအနေ" +၂၆၂ စင်တီမီတာ ဆိုတာ လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်းက ရေတိုးခဲ့တဲ့ မှတ်တမ်းကို ပြောတာ။ တိုးလာမယ့် ရေကို ပြောတာ မဟုတ်ဘူး။ မပြောချင်လို့ ကြည့်နေလဲ စောက်တုံး စောက်ထုံတွေက စောက်တလွဲတွေပဲ တင်နေကြလို့ ဝင်ပြောရတာ။ စာမတတ် ပေမတတ်ကောင်တွေလို့ ပြောပြန်ရင်လဲ စာပေနဲ့ နှိုင်းခံရတယ်ဟ ဆိုပြီး ကြံဖန် ဂုဏ်ယူနေကြမယ့် စောက်ပိန်းတွေ.. ဒီလိုကောင်တွေ ရေးသမျှ အဟုတ် ထင်နေကြရှာတဲ့ ကျပ်မပြည့်ကောင်တွေကလဲ တပုံကြီး.. 🙄 #4C_TruthNews
نمایش همه...
Photo unavailableShow in Telegram
"မြန်မာပညာရေးစနစ် (MES) တွင် တက္ကသိုလ်၀င်ခွင့် လျှောက်ထားသူ ကျောင်းသားကျောင်းသူများသည် တစ်ဦးလျှင် MES Account တစ်ခုထက်ပို၍ လျှောက်ထားခြင်း မပြုကြရန် အသိပေး အကြောင်းကြားခြင်း" ဇူလိုင်လ (၁) ရက် မြန်မာပညာရေးစနစ် (MES) မှ တဆင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ကျောင်းသားတစ်ဦးလျှင် MES Account တစ်ခု ဖြင့် အထူးပြုဘာသာရပ်/ တက္ကသိုလ် အနည်းဆုံး ၃ ခု မှ အများဆုံး ၁၀ ခု အထိ ဖြည့်သွင်း လျှောက်ထားနိုင်ပါသည်။ သို့ရာတွင် ကျောင်းသားတစ်ဦးတည်းမှ MES Account တစ်ခု ထက်မက အသုံးပြုကာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို ကျွန်ုပ်တို့ တက္ကသိုလ်ဝင်ခွင့်ဖြစ်မြောက်ရေးအဖွဲ့ အနေဖြင့် လက်ခံ ခွင့်ပြုမည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။ ဥပမာ - (၁) ကျောင်းသား မောင်ကကြီးသည် တူညီသော ကိုယ်ရေးအချက်အလက်များ၊ ပညာရေးအထောက်အထားများဖြင့် MES Account နှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပိုသော MES Account များ အသုံးပြုကာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း၊ (၂) ကျောင်းသား မောင်ကကြီးသည် MES Account နှစ်ခု အသုံးပြုပြီး MES Account ID A1 တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ပညာရေးအထောက်အထားဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားကာ အဆိုပါ ကျောင်းသား မောင်ကကြီးသည် MES Account ID B1 ၌ GED/IGCSE ပညာရေး အထောက်အထားဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း၊ (၃) ဥပမာ (၁) နှင့် ဥပမာ (၂) တို့နှင့် အလားတူသော ပုံစံများ ထို့ကဲ့သို့ လျှောက်ထားခြင်းများကို စိစစ်တွေ့ရှိရပါက အဆိုပါ ကျောင်းသားကျောင်းသူ၏ အစောဆုံး တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအမှတ်စဉ် ရှိသည့် MES Account ၏ ကိုယ်ရေးအချက်အလက်၊ ပညာရေးအထောက်အထား၊ လျှောက်ထားသည့် အထူးပြုဘာသာရပ်/ တက္ကသိုလ်များ - ဝင်ခွင့်လျှောက်ထားမှုကိုသာ အတည်ဖြစ်သည်ဟု သတ်မှတ်ပြီး ကျန်သော MES Account များမှ အချက်အလက်များကို တက္ကသိုလ်ဝင်ခွင့် စိစစ်လက်ခံရေးတွင် ထည့်သွင်းစဉ်းစားမည် မဟုတ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ တက္ကသိုလ်၀င်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့ #4C_TruthNews
نمایش همه...
👍 330 34🤣 8❤‍🔥 3🏆 1
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.