uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

The Irrawaddy - Burmese

The Irrawaddy - Burmese

Відкрити в Telegram

The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com

Показати більше

📈 Аналітичний огляд Telegram-каналу The Irrawaddy - Burmese

Канал The Irrawaddy - Burmese (@theirrawaddy) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 76 061 підписників, посідаючи 3 559 місце в категорії Новини і ЗМІ та 1 734 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 76 061 підписників.

За останніми даними від 16 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -479, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Верифікований (Офіційно підтверджено Telegram)
  • Рівень залученості (ER): Середній показник залученості аудиторії становить 5.52%. Протягом перших 24 годин після публікації контент зазвичай збирає 4.47% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 4 200 переглядів. Протягом першої доби публікація в середньому набирає 3 403 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 48.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com”

Завдяки високій частоті оновлень (останні дані отримано 17 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

76 061
Підписники
-924 години
-1717 днів
-47930 днів

Завантажуємо дані

Схожі канали
Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
жовт '26
жовтень '26
+115
в 4 каналах
вересень '26
+311
в 11 каналах
Get PRO
серпень '26
+227
в 1 каналах
Get PRO
липень '26
+123
в 6 каналах
Get PRO
червень '26
+208
в 6 каналах
Get PRO
травень '26
+138
в 3 каналах
Get PRO
квітень '26
+125
в 13 каналах
Get PRO
березень '26
+11
в 6 каналах
Get PRO
лютий '26
+206
в 7 каналах
Get PRO
січень '26
+76
в 6 каналах
Get PRO
грудень '25
+26
в 13 каналах
Get PRO
листопад '25
+125
в 12 каналах
Get PRO
жовтень '25
+295
в 11 каналах
Get PRO
вересень '25
+215
в 8 каналах
Get PRO
серпень '25
+144
в 10 каналах
Get PRO
липень '25
+122
в 6 каналах
Get PRO
червень '25
+71
в 4 каналах
Get PRO
травень '25
+79
в 4 каналах
Get PRO
квітень '25
+240
в 14 каналах
Get PRO
березень '25
+670
в 18 каналах
Get PRO
лютий '25
+178
в 15 каналах
Get PRO
січень '25
+1 622
в 22 каналах
Get PRO
грудень '24
+5 672
в 16 каналах
Get PRO
листопад '24
+4 708
в 19 каналах
Get PRO
жовтень '24
+7 667
в 16 каналах
Get PRO
вересень '24
+6 967
в 15 каналах
Get PRO
серпень '24
+12 786
в 16 каналах
Get PRO
липень '24
+7 860
в 16 каналах
Get PRO
червень '24
+8 031
в 15 каналах
Get PRO
травень '24
+3 810
в 9 каналах
Get PRO
квітень '24
+4 547
в 5 каналах
Get PRO
березень '24
+5 643
в 5 каналах
Get PRO
лютий '24
+8 309
в 13 каналах
Get PRO
січень '24
+4 734
в 5 каналах
Get PRO
грудень '23
+5 475
в 7 каналах
Get PRO
листопад '23
+1 018
в 7 каналах
Get PRO
жовтень '23
+499
в 3 каналах
Get PRO
вересень '23
+393
в 0 каналах
Get PRO
серпень '23
+349
в 0 каналах
Get PRO
липень '23
+339
в 0 каналах
Get PRO
червень '23
+228
в 0 каналах
Get PRO
травень '23
+240
в 0 каналах
Get PRO
квітень '23
+379
в 0 каналах
Get PRO
березень '23
+194
в 0 каналах
Get PRO
лютий '23
+184
в 0 каналах
Get PRO
січень '23
+382
в 0 каналах
Get PRO
грудень '22
+143
в 0 каналах
Get PRO
листопад '22
+83
в 0 каналах
Get PRO
жовтень '22
+67
в 0 каналах
Get PRO
вересень '22
+67
в 0 каналах
Get PRO
серпень '22
+58
в 0 каналах
Get PRO
липень '22
+154
в 0 каналах
Get PRO
червень '22
+201
в 0 каналах
Get PRO
травень '22
+329
в 0 каналах
Get PRO
квітень '22
+528
в 0 каналах
Get PRO
березень '22
+265
в 0 каналах
Get PRO
лютий '22
+74
в 0 каналах
Get PRO
січень '22
+1 725
в 0 каналах
Get PRO
грудень '21
+4 029
в 0 каналах
Get PRO
листопад '21
+3 168
в 0 каналах
Get PRO
жовтень '21
+6 620
в 0 каналах
Get PRO
вересень '21
+10 603
в 0 каналах
Get PRO
серпень '21
+9 236
в 0 каналах
Дата
Залучення підписників
Згадування
Канали
17 жовтня+5
16 жовтня+26
15 жовтня+21
14 жовтня+3
13 жовтня0
12 жовтня+4
11 жовтня0
10 жовтня+1
09 жовтня+12
08 жовтня0
07 жовтня+11
06 жовтня0
05 жовтня0
04 жовтня+14
03 жовтня+2
02 жовтня0
01 жовтня+16
Дописи каналу
အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး ပြင်းထန်သော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ဗီဒီယိုတခုတွင် ဆာဂန်ဒါ နာအင်ဂိုလန် က ပြောကြားခဲ့သည်။ ဆယာလီနာက ထိုမှတ်ချက်များကို "လုံးဝ စာနာထောက်ထားမှု မရှိတဲ့ စကားတွေ" ဟု ခေါ်ဆိုခဲ့သည်။ "ကျမတို့ အင်ဒိုနီးရှားနဲ့ ဆက်ဆံရေးကို တန်ဖိုးထားပါတယ်၊ ဒါပေမဲ့ မသင့်တော်တဲ့ မှတ်ချက်တွေ ပေးလာတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောဆိုတာကိုတော့ မတားဆီးပါနဲ့ " ဟု အဆိုပါ ပါလီမန်အမတ်က ဆိုသည်။ ကိုးကား။ ။ AFP သတင်း In Malaysia, frustration grows over Indonesia haze

2
မလေးရှားတွင် အင်ဒိုနီးရှား မီးခိုးအပေါ် မကျေနပ်မှုများ ပိုမိုကြီးထွားလာ ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆။ "ဒေသတွင်းမှာ သူတို့ကို ဝိုင်းပယ်ထားသူတွေလို သဘောထား ဆက်ဆံဖို့ လိုပါတယ်" ဟု အင်ဒိုနီးရှား တောမီးလောင်ကျွမ်းမှုများနှင့် ပတ်သက်၍ မလေးရှား ပါလီမန် အမတ် ဆယက် ဆဒိခ် ဆယက် အဘဒူ ရာမန် က ယခုသီတင်းပတ်အတွင်း ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြောကြားခဲ့သည်။ သူ၏ မှတ်ချက်များသည် မလေးရှားအစိုးရမှ ယခုအချိန်အထိ ကျင့်သုံးခဲ့သော နူးညံ့သည့် သံတမန်ရေးအရ ဖိအားပေးမှုများထက် များစွာ ပိုမိုပြင်းထန်ပြီး တောမီးများကို ထိန်းချုပ်ရန် အင်ဒိုနီးရှား၏ မစွမ်းဆောင်နိုင်မှုအပေါ် တဖြည်းဖြည်း တိုးပွားလာသော မကျေနပ်မှုများကို ပေါ်လွင်စေသည်။ "မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဟာ အနီးကပ် အိမ်နီးချင်းတွေ ဖြစ်ပေမဲ့ အဲဒီဆက်ဆံရေးမှာ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ပါဝင်ရပါမယ်" ဟု မလေးရှား ပါလီမန်အမတ် ဆယာလီနာ အဘဒူ ရာရှစ် ကလည်း AFP သတင်းဌာနသို့ ပြောသည်။ "ကျမတို့ နယ်စပ်ပြင်ပက တာဝန်မဲ့တဲ့ လုပ်ရပ်တွေအတွက် မလေးရှားပြည်သူတွေက ဘာလို့ ဆက်ပြီး အနစ်နာခံ ပေးဆပ်နေရမှာလဲ" ဟု သူမက ဆိုသည်။ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် က ကြာသပတေးနေ့တွင် ၎င်းတို့၏ ဆောင်ရွက်ပုံနည်းလမ်းကို ကာကွယ်ပြောဆိုခဲ့ပြီး၊ ယင်းပြဿနာနှင့် ပတ်သက်၍ အိမ်နီးချင်း အင်ဒိုနီးရှားနှင့် ဆွေးနွေးညှိနှိုင်းရန် မလေးရှားအနေဖြင့် "လုပ်နိုင်သမျှ အကုန်လုံး လုပ်ဆောင်ခဲ့ပြီးပြီ" ဟု ပြောကြားခဲ့သည်။ လူကြိုက်များသော ဘာတူဂူ (Batu Caves) ကမ္ဘာလှည့်ခရီးသွားနေရာတွင် ခရီးသွားများနှင့် ဝန်ထမ်းများကပါ မကျေနပ်မှုကို ဖော်ပြကြသည်။ "ဘာမှ မမြင်ရတော့ဘူး" ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ဒစ်ဒီ ဟာမီဒွန် (Diddy Hamidon) က မြူခိုးများ ဖုံးလွှမ်းနေသော ရှုခင်းကို ကြည့်ရင်း AFP သို့ ပြောကြားခဲ့သည်။ "အင်ဒိုနီးရှား အနေနဲ့ မှန်ကန်တဲ့အရာကို လုပ်ဆောင်ဖို့ လိုပါတယ်" ဟု သူက ဆက်လက်ပြောသည်။ မလေးရှားနိုင်ငံသည် မီးခိုးမြူများကြောင့် ကျောင်းများကို ပိတ်ထားခဲ့ရပြီး မီးငြှိမ်းသတ်ရာတွင် ကူညီရန် အင်ဒိုနီးရှားသို့ ကမ်းလှမ်းခဲ့သည်။ သို့သော် နှစ်ဖက်စလုံးမှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရာရှိများ ပါဝင်သော ဆွေးနွေးပွဲများ အပြီး ဗုဒ္ဓဟူးနေ့ကျမှသာ ယင်းကမ်းလှမ်းမှုကို စတင် လက်ခံခဲ့ပုံရသည်ဟု နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားခဲ့သည်။ "ပူးပေါင်းဆောင်ရွက်မှု ပုံစံဟာ ဆွေးနွေးပွဲတွေရဲ့ ရလဒ်ပေါ်မှာ မူတည်ပါလိမ့်မယ်" ဟု သူက ဒေသတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ "ဒါပေမဲ့ နှစ်နိုင်ငံစလုံးက အာဏာပိုင်တွေဟာ ပိုမိုဆိုးရွားလာနေပုံရတဲ့ မီးခိုးမြူပြဿနာကို ပူးပေါင်းဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ပထမဆုံးအကြိမ်အဖြစ် စတင်ဆွေးနွေးနေကြပါပြီ။" အင်ဒိုနီးရှားနိုင်ငံသည် ပုံမှန်အားဖြင့် နှစ်စဉ် နွေရာသီတွင် တောမီးလောင်ကျွမ်းမှုများနှင့် ကြုံတွေ့ရလေ့ရှိသော်လည်း၊ ယခုနှစ် မီးလောင်ကျွမ်းမှုများသည် နိုင်ငံအတွင်း အယ်လ်နီညို (El Nino) ရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားကာ မိုးခေါင်ရေရှားမှုကို ပိုမိုဆိုးရွားစေခဲ့သည်။ တောမီးကြောင့် အင်ဒိုနီးရှားနိုင်ငံအတွင်း မြေဧက သောင်းပေါင်းများစွာ မီးလောင်ကျွမ်းခဲ့ရပြီး မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် အရှေ့တီမော နိုင်ငံတို့တွင် လေထုညစ်ညမ်းမှုများ စံချိန်တင် မြင့်တက်ခဲ့ကာ ယခုသီတင်းပတ်အတွင်း မီးခိုးမြူများကြောင့် ကျောင်းများကို ပိတ်ခဲ့ရသည်။ ဤအကျပ်အတည်းသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ၂၀၀၂ ခုနှစ်တွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုဆိုင်ရာ သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် ထိုသဘောတူညီချက်ကို "စာရွက်ပေါ်မှာပဲ ရှိပြီး ဘာမှ အသုံးမဝင်တဲ့အရာ" အဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်ကြသည်။ တောမီးများနှင့် ဆက်စပ်နေသော ကုမ္ပဏီများကို ဥပဒေကြောင်းအရ အရေးယူရန် အိမ်နီးချင်း စင်ကာပူက ကြိုးပမ်းလာသည်။ မလေးရှားတွင်သာမက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံး မြို့ကြီးများစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် စင်ကာပူနိုင်ငံ၌ပါ လူထု၏ မကျေနပ်မှုများ တိုးပွားလာခြင်းသည် အစိုးရများအပေါ် ဖိအားဖြစ်စေသည်။ မလေးရှားနိုင်ငံက နောက်ဆုံးဖြစ်ပွားသည့် အကျပ်အတည်းကို ဆွေးနွေးရန် အာဆီယံထံ အရေးပေါ်အစည်းအဝေး ခေါ်ယူပေးရန် တောင်းဆိုထားပြီး၊ ယခုနှစ် ထိပ်သီးအစည်းအဝေး အိမ်ရှင်ဖြစ်သော မနီလာကလည်း လာမည့်လတွင် ကျင်းပမည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ အစီအစဉ်တွင် ဤပြဿနာ ပါဝင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ မီးခိုးမြူများကို ထိန်းချုပ်ရန် အင်ဒိုနီးရှား၏ မစွမ်းဆောင်နိုင်မှုအပေါ် ဒေါသထွက်မှုများသည် ဂျကာတာ၏ ပြန်ကြားရေးအေဂျင်စီအကြီးအကဲထံမှ လွန်ခဲ့သည့် သီတင်းပတ်ကုန်က ထွက်ပေါ်လာသော မှတ်ချက်များကြောင့် ပိုမိုဆိုးရွားသွားခဲ့သည်။ "ကျနော်တို့က မီးခိုးပဲ လွှတ်နေတာ မဟုတ်ပါဘူး... စင်ကာပူနဲ့ မလေးရှားမှာရှိတဲ့ အောက်ဆီဂျင်တွေဟာလည်း ကျနော်တို့ရဲ့ သစ်တောတွေကနေ လာတာပါ" ဟု လူမှုကွန်ရက်ပေါ်တွင်
272
3
+2
Немає тексту...
212
4
Немає тексту...
212
5
ကျပ် ၅ သောင်းတန်အသစ် မထုတ်ဟု ငြင်း ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆ ငွေကျပ် ၅၀,၀၀၀ တန် ငွေစက္ကူအသစ်များ ထုတ်ဝေမည်ဆိုသည်မှာ သတင်းမှားသာဖြစ်ကြောင်း အာဏာသိမ်းသမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေလာပြီးနောက် ယခုကဲ့သို့ ဒေါ်ခိုင်ခိုင်စိုးက ၎င်း၏ တယ်လီဂရမ်ချန်နယ်မှတဆင့် ထုတ်ပြန်ပြောဆိုလာခြင်းဖြစ်သည်။ “လူမှုကွန်ရက်စာမျက်နှာများနှင့် အွန်လိုင်းမီဒီယာအချို့တွင် ၅၀,၀၀၀ ကျပ်တန် ငွေစက္ကူအသစ်များ ထုတ်ဝေမည် ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရပြီး သတင်းအမှားသာ ဖြစ်ပါသည်” ဟု ၎င်းက ဆိုသည်။ ၎င်းက ပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ တရားဝင်ဌာနများ၏ ထုတ်ပြန်ချက်များမှတဆင့်သာ စိစစ် အတည်ပြုကြရန်နှင့် သတင်းမှားများကြောင့် မလိုလားအပ်သည့် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup
239
6
Немає тексту...
205
7
လွန်ခဲ့သည့် ၃ နှစ်က ရှမ်းမြောက် ကျားဖြန့်နှိမ်နင်းမှုကို တရုတ်အာဏာပိုင်များက The Demise of Myanmar-Based Telecom Fraud / 缅北电诈覆灭记) မှတ်တမ်းရုပ်ရှင်အနေဖြင့် တရုတ်အစိုးရပိုင် မီဒီယာများ၌ ယခုလအစောပိုင်းက ပြသခဲ့သလို စစ်တပ်၏မဟာမိတ် ကိုးကန့် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ဟောင်း ဝေစန်း (ခ) ဝေဝှိုင်ရန်နှင့် အဓိက တရားခံ ၃ ဦးကို လူသတ်မှု၊ ကျားဖြန့် အပါအဝင် ကြီးလေးသောရာဇဝတ်မှုများဖြင့် တရုတ်တရားရုံးက အောက်တိုဘာ ၁၃ ရက်တွင် သေဒဏ် ချမှတ်လိုက်သည်။ ထိုအခြေအနေများနှင့် ဆက်စပ်၍ ၂၀၂၄ မတ်လက ဧရာဝတီတွင် ဖော်ပြခဲ့သော ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၄) ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်သည်။ ဝေယုံ (ခ) ချောချောအေးသည် မိသားစု စီးပွားရေးလုပ်ငန်းများကို အဓိက ဦးဆောင်နေသူ အမျိုးသမီးဖြစ်ပြီး ဖခင်၏ လုပ်ငန်းများကို ၎င်းလက်ထက်တွင် များစွာ တိုးချဲ့ခဲ့သူလည်း ဖြစ်သည်။ ဟိန်းလီအုပ်စု၊ ဟင်နရီပိုင်အုပ်စု ကုမ္ပဏီများ၏ ဒါရိုက်တာ ရာထူးကို အကိုဖြစ်သူ ဝေချင်ဟိုင်းနှင့်အတူ ယူထားပြီး အကိုထက် ပို၍ လူမှုရေး အားကောင်းသူ ဖြစ်သည်။ ‘ဝေ” မိသားစု၏ နောက်ပိုင်း အသစ်ထောင်သည့် လုပ်ငန်းများကို သူက ဦးဆောင်ခဲ့သည်။ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ် ကိုးကန့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် တဦးလည်းဖြစ်သည့် ဝေယုံသည် လောက်ကိုင်၏ ဩဇာရှိ အမျိုးသမီးတဦးဖြစ်ပြီး လူမှု ပွဲလမ်းသဘင်များတွင်လည်း အမြဲတွေ့ရတတ်သည်။ ဝေယုံနှင့် ဦးပယ်ဆောက်ချိန်၏ သမီး ပယ်ရင်လန်တို့သည် သူငယ်ချင်းများ ဖြစ်ကြပြီး နှစ်ဦးစလုံးက လောက်ကိုင်၌ ထင်ပေါ် လွှမ်းမိုးမှုရှိသည့် အမျိုးသမီးများ ဖြစ်သည်။ ၎င်းတို့ကို ကိုးကန့် မိသားစုကြီး ငါးစု၏ ဒုတိယမျိုးဆက်များဟု ပြော၍ရသည်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2024/03/14/380844.html
260
8
MNDAA နဲ့ TNLA သိမ်းပိုက်မြို့တွေ ပြန်တောင်းပေးဖို့ တရုတ်ကို ကျားဖြူပါတီ တောင်းဆို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာအမျိုးသာ
MNDAA နဲ့ TNLA သိမ်းပိုက်မြို့တွေ ပြန်တောင်းပေးဖို့ တရုတ်ကို ကျားဖြူပါတီ တောင်းဆို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေကို အာဏာသိမ်းအစိုးရ အုပ်ချုပ်မှုအောက် ပြန်လည်ထားရှိနိုင်ရေး ကူညီပေးဖို့ ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဖုန်းရှူပင်(Peng Xiubin) ဦးဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၉ ခုတို့ အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးချိန် အခုလိုတောင်းဆိုခဲ့တာလို့ ဦးစိုင်းအိုက်ပေါင်းက ပြည်တွင်းမီဒီယာတခုနဲ့ အင်တာဗျူးမှာ ပြောလိုက်တာပါ။ #မြန်မာ #ဧရာဝတီ #ကျားဖြူပါတီ #MNDAA #TNLA #တရုတ်ကွန်မြူနစ်ပါတီ #ဦးစိုင်းအိုက်ပေါင်း #ရှမ်းပြည်နယ်မြောက်ပိုင်း #သိမ်းပိုက်မြို့ #WhatsHappeningInMyanmar
913
9
၂၀၂၆ ခုနှစ် သြဂုတ်လက ဧရာဝတီမှာ ရေးထားတဲ့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်၊ ရက် ၁၀၀ ငြိမ်းချမ်းရေး နဲ့ လက်နက်ကိုင် ၁၃ ဖွဲ့ အကြေ
၂၀၂၆ ခုနှစ် သြဂုတ်လက ဧရာဝတီမှာ ရေးထားတဲ့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်၊ ရက် ၁၀၀ ငြိမ်းချမ်းရေး နဲ့ လက်နက်ကိုင် ၁၃ ဖွဲ့ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/08/14/415492.html
851
10
စစ်ရေယာဉ်များ ပြုပြင်ထိန်းသိမ်းဖို့ ရုရှားရေတပ်နှင့် ဆွေးနွေး ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆ ရုရှား-မြန်မာ နှစ်နိုင်ငံ ရေတပ်ချင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုကို အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ တွေ့ဆုံစဉ် ရေယာဉ်များ ပြုပြင်ထိန်းသိမ်းရေးအပါအဝင် ပူးပေါင်းဆောင်ရွက်ရေးများ ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် အာဏာသိမ်းအစိုးရအာဘော် သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ရုရှားရေတပ်မှ ဗိုလ်ချုပ် Andrey Nikolaevich ဦးဆောင်သော အဖွဲ့နှင့် တပ်မတော်(ရေ)မှ ကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ပြီး နှစ်နိုင်ငံရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ လေ့ကျင့်ရေး ကိစ္စများ၊ သတင်းအချက်အလက် ဖလှယ်ရေးနှင့် ရေယာဉ်များ ပြုပြင်ထိန်းသိမ်းရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ဆိုသည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် ရုရှားနှင့် မြန်မာစစ်တပ်တို့၏ ဆက်ဆံရေးသည် ပိုမိုနီးကပ်လာပြီး လက်ရှိတွင် မဟာဗျူဟာမိတ်ဖက်အဆင့်အထိ ရောက်ရှိနေပြီဖြစ်ကာ စစ်ရေးနှင့် နည်းပညာပူးပေါင်းမှု၊ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ ဓာတ်ပုံ-MOI #WhatsHappeningInMyanmar #RejectMilitaryCoup
1 011
11
Немає тексту...
1 286
12
AA ရဲ့ ထိုးစစ် စစ်တွေ ဒကစ နားအထိ ရောက်လာ အာရက္ခတပ်(AA) ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က စစ်တွေဒေသကွပ်
AA ရဲ့ ထိုးစစ် စစ်တွေ ဒကစ နားအထိ ရောက်လာ အာရက္ခတပ်(AA) ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က စစ်တွေဒေသကွပ်မှုစစ်ဌာနချုပ် (ဒကစ) နားအထိ ရောက်ရှိလာနေပြီလို့ မြေပြင်အခြေအနေကို သိရှိသူတွေက ဧရာဝတီကို ပြောပါတယ်။ စက်တင်ဘာလအတွင်းမှာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေဟာ ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့အစပ် ဒေသတွေနဲ့ အမြင့်ကျွန်းကျေးရွာနားမှာ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာပါ။ ရခိုင်ပြည်နယ် အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို AA ထံလက်လွှတ် ဆုံးရှုံးထားရတဲ့ အာဏာသိမ်းစစ်တပ်အတွက် စစ်တွေ ဒကစ ဟာ အရေးကြီးတဲ့ စစ်ဌာနချုပ်တခုလို့ စစ်ရေး သတင်းရင်းမြစ် တွေက ဧရာဝတီကို ပြောပါတယ်။ #မြန်မာ #ဧရာဝတီ #စစ်တွေ #ဒကစ #အမြင့်ကျွန်း #ထိုးစစ် #WhatsHappeningInMyanmar
882
13
၅၅ မြို့နယ်ကို အရေးပေါ်အခြေအနေ သက်တမ်း ထပ်တိုး ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆ အာဏာသိမ်းစစ်အုပ်စု ဦးဆောင်၍ ရွေးကောက်ပွဲပြုလုပ်ကာ အရပ်သားအစိုးရအသွင်ပြောင်းထားပြီး ၆ လကြာသည်အထိ တရားဥပဒေစိုးမိုးရေးများ မူလအခြေအနေ မရောက်သေးဆိုကာ ၅၅ မြို့နယ်တွင် ထုတ်ပြန်ထားသည့် အရေးပေါ် အခြေအနေကို ရက်ပေါင်း ၉၀ သက်တမ်း ထပ်တိုးရန် ယမန်နေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။ သက်တမ်းတိုးမြှင့်ရေး အဆိုပြုချက်ကို အောက်တိုဘာ ၁၄ ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းဦးက တင်ပြခဲ့ပြီး ဝန်းသိုမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့မှအပ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ မူလအခြေအနေသို့ မရောက်ရှိသေးသည့် မြို့နယ် ၅၅ မြို့နယ်ကို ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ သက်တမ်းတိုးပြီး စစ်အုပ်ချုပ်ရေး ဆက်ထားရန် ထောက်ခံခဲ့ကာ ယမန်နေ့က အပြီးသတ် အတည်ပြုခဲ့ခြင်းဖြစ်သည်။ သက်တမ်းတိုးမြှင့်သည့် မြို့နယ် ၅၅ မြို့နယ်တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ်များ ပါဝင်သည်။ #WhatsHappeningInMyanmar #RejectMilitaryCoup
841
14
Немає тексту...
741
15
Meta AI စမတ် မျက်မှန်တွေ ထိုင်းမှာ စရောင်းတော့မယ် ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆ Meta AI စမတ် မျက်မှန်တွေကို ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၂၀ ရက်နေ့ကစပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။ AI မျက်မှန်တွေအပြင် Meta AI ကိုလည်း ထိုင်းဘာသာနဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta က ကြေညာလိုက်ပါတယ်။ ရောင်းချသွားမယ့် AI မျက်မှန်တွေကို Ray-Ban နဲ့ Oakley တို့က ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Ray-Ban Meta မျက်မှန်တွေမှာ Gen 3 model တွေဖြစ်တဲ့ Wayfarer, Aviator နဲ့ Zena ဆိုတဲ့ ဒီဇိုင်း ၃ မျိုးပါဝင်မှာဖြစ်ပြီး အမြင်အာရုံ အားနည်းသူတွေ အတွက်တော့ Gen 2 model တွေဖြစ်တဲ့ Blayzer Optics နဲ့ Scriber Optics ဆိုပြီး ၂ မျိုး ပါဝင်မယ်လို့ သိရပါတယ်။ ဒီမျက်မှန်တွေက မြင်ရတဲ့ အရာတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးတာ၊ သီချင်းဖွင့်တာ၊ ဖုန်းခေါ်တာ၊ ပြောဆိုမှုတွေကို ဘာသာပြန်ခိုင်းတာ၊ စာပို့တာနဲ့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးတာတွေကို လက်အသုံးပြုစရာ မလိုဘဲ လုပ်ဆာင်နိုင်မယ်လို့ သိရပါတယ်။ Oakley Meta မျက်မှန်တွေကတော့ 3K Camera နဲ့ IPX4 ရေစိုခံနိုင်စွမ်း ပါဝင်တဲ့ HSTN (Gen 2) နဲ့ 12-megapixel မြင်ကွင်းကျယ် ကင်မရာနဲ့ IP67 ရေစိုခံနိုင်စွမ်း ပါဝင်ပြီး ပြေးခြင်းနဲ့ စက်ဘီးစီးခြင်းတို့ အတွက် ရည်ရွယ်ထားတဲ့ Vanguard (Gen 2) ဆိုတဲ့ မျက်မှန် ၂ မျိုးကို ရောင်းချသွားမယ်လို့ ဆိုပါတယ်။ Oakley Meta မျက်မှန်တွေက fitness app တွေဖြစ်တဲ့ Strava နဲ့ Garmin တို့ကိုလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Meta အပါအဝင် ကုမ္ပဏီအသီးသီးရဲ့ စမတ်မျက်မှန်တွေဟာ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ခံနေရတာ ဖြစ်ပါတယ်။ နယူးယော့ခ်မြို့၊ အင်္ဂလန်နဲ့ ဝေးလ်စ် တရားရုံးတွေမှာဆိုရင် စမတ်မျက်မှန်တွေကို ပိတ်ပင်ထားပြီး US နဲ့ UK ရဲ့ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်နဲ့ ဘားတချို့မှာလည်း ပိတ်ပင်ထားကြပါတယ်။ ဒါ့အပြင် ဩစတြေးလျ နိုင်ငံကလည်း အစိုးရ အဆောက်အအုံတွေမှာ ပိတ်ပင်ဖို့ စဉ်းစားနေပြီး နော်ဝေး နိုင်ငံကလည်း အများပြည်သူ နေရာတွေမှာ စမတ်မျက်မှန် အသုံးပြုမှုကို ပိတ်ပင်ဖို့ စဉ်းစားနေပါတယ်။ ထိုင်းမှာ ရောင်းချသွားမယ့် စမတ်မျက်မှန်တွေရဲ့ ဈေးနှုန်းတွေအနေနဲ့ Ray-Ban Meta Optics (Gen 2) အတွက် ၁၇,၄၉၀ ဘတ်၊ Ray-Ban Meta (Gen 3) အတွက် ၁၆,၆၉၀ ဘတ်၊ Oakley Meta Vanguard အတွက် ၂၀,၃၉၀ ဘတ် နဲ့ Oakley Meta HSTN အတွက် ၁၆,၂၉၀ ဘတ် အသီးသီး ကျသင့်မယ် လို့လည်း သိရပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/17/417103.html Ref : Bangkok Post , CNA
731
16
ရေစကြိုမြောက်ပိုင်း ဗုံးကြဲမှု ၁၅ ဦး သေဆုံး ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြောက်ပိုင်းရှိ အင်တာနက်ဆိုင်တဆိုင်ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဗုံးကြဲမှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။ လက်တလောသတင်းများအရ သစ်ကြီးတောကျေးရွာမှ ဒေသခံ ၁၄ ဦးနှင့် သစ်ကောက်ဆိပ်ကျေးရွာမှ တဦးသေဆုံးကြောင်း၊ သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်းလည်း သိရသည်။ ဒေသခံတဦးက"လေကြောင်းတိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ အချို့နေရာတွေက ဖုန်းလိုင်းတွေပါ ပြတ်နေတယ်"ဟု ဧရာဝတီကို ပြောသည်။ ဖုန်းလိုင်းများ မမိသဖြင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ စာရင်းများကို အပြည့်အစုံ ကောက်ယူနိုင်ခြင်း မရှိသေးဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။ ယင်းနေ့ ည ၇ နာရီခွဲခန့်တွင် ဂျက်တိုက်လေယာဉ်တစီးက စစ်ကိုင်းတိုင်း၊ ချောင်းဦးနှင့် မြောင်မြို့နယ်အစပ်ကိုလည်း ဗုံးနှစ်ကြိမ် ကြဲချခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ပေါင် ၅၀၀ ဗုံးများ အသုံးပြုခဲ့သဖြင့် အနီးဝန်းကျင်ကျေးရွာများ၌ ပေါက်ကွဲသံများ ကျယ်လောင်စွာကြားရခြင်းနှင့် မြေတုန်ခါမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းမာပင်သတင်းအချက်အလက် ကော်မတီက ထုတ်ပြန်ထားသည်။ သတင်း-မောင်လူအေး ဓာတ်ပုံ- CJ #WhatsHappeningInMyanmar #RejectMilitaryCoup
1 291
17
Немає тексту...
1 191
18
စင်ကာပူအပေါ် မြူခိုးငွေ့များ ဖုံးအုပ်လျက်ရှိသည်/AFP
1 598
19
အင်ဒိုနီးရှား တောမီး နယ်စပ်ဖြတ်ကျော် မြူခိုးငွေ့ဥပဒေဖြင့် အရေးယူမည်ဟု စင်ကာပူ ဝန်ကြီးချုပ် သတိပေး ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆ စင်ကာပူနိုင်ငံသည် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံရှိ တောမီးများမှ မီးခိုးများ လွင့်လာသဖြင့် ပြင်းထန်သော မြူခိုးငွေ့ ပြဿနာကို ဆက်လက်ရင်ဆိုင်နေရပြီး၊ မီးလောင်မှုအတွက် တာဝန်ရှိသည့် ကုမ္ပဏီများကို အရေးယူမည်ဟု ဝန်ကြီးချုပ် လောရင့်စ်ဝေါင်းက သတိပေးပြောကြားခဲ့သည်။ အမျိုးသား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ၏ ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံ ခါလီမန်တန် ဒေသရှိ ကျယ်ပြန့်သော မီးလောင်မှုများမှ မီးခိုးများ စင်ကာပူဘက်သို့ ဆက်လက်လွင့်စင်လာသောကြောင့် စင်ကာပူ၏ လေထုအရည်အသွေးသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အဆင့်၌ ဆက်လက်ရှိနေသည်။ အစိုးရ၏ အချက်အလက်များအရ စင်ကာပူ၏ လေထုအရည်အသွေးသည် စက်တင်ဘာ ၄ ရက်တွင် သုံးနှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျန်းမာရေး ထိခိုက်နိုင်သည့် အဆင့်သို့ စတင်ကျဆင်းခဲ့သည်။ ပိုမိုဆိုးရွားလာသော မြူခိုးငွေ့များသည် စင်ကာပူအပေါ် ဖုံးအုပ်လျက်ရှိပြီး၊ လေထုညစ်ညမ်းမှု ဆက်လက်ဆိုးရွားလာသည်နှင့်အမျှ နေ့စဉ်လူနေမှုဘဝကို အနှောင့်အယှက်ဖြစ်စေကာ စီးပွားရေးလုပ်ငန်းများကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ ကြာသပတေးနေ့ညက X လူမှုကွန်ရက်ပေါ်ရှိ ပို့စ်တခုတွင် လောရင့်စ်ဝေါင်းက အင်ဒိုနီးရှားရှိ သစ်တောနှင့် မီးလောင်မှုများအတွက် တာဝန်ရှိနိုင်သည့် ကုမ္ပဏီများကို အစိုးရက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ သင့်တော်ပါက စင်ကာပူ၏ နယ်စပ်ဖြတ်ကျော် မြူခိုးငွေ့ညစ်ညမ်းမှုဆိုင်ရာ ဥပဒေ (Transboundary Haze Pollution Act) အရ တာဝန်ရှိသူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်းနှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း လေ့လာလုပ်ဆောင်နေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ မြင်ကွင်း မရှင်းလင်းမှုကြောင့် စင်ကာပူ၏ ဆီလက်တာ (Seletar) လေဆိပ်သို့ ဆင်းသက်မည့် လေယာဉ် ၁၆ စီး လမ်းကြောင်းလွှဲပြောင်းခဲ့ရကြောင်း ချန်ဂီလေဆိပ်အုပ်စုနှင့် စင်ကာပူ လေကြောင်းအာဏာပိုင်အဖွဲ့တို့၏ ပြောရေးဆိုခွင့်ရှိသူများက CNBC သို့ ပူးတွဲမီဒီယာပြန်ကြားချက်တွင် ပြောကြားခဲ့သည်။ ကာလရှည်ကြာနေသော မြူခိုးငွေ့များကြောင့် နေ့စဉ်လူနေမှုဘဝနှင့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်နေပြီး၊ ပြင်ပစားသောက်ဆိုင်များနှင့် စင်တာများ အပါအဝင် ပြင်ပခန်းမ အချို့တွင် ရောင်းအားကျဆင်းသွားကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြကြသည်။ မာရီနာဘေးဆန်းစ် (Marina Bay Sands) မှ ပြောရေးဆိုခွင့်ရှိသူတဦးက "ပြင်ပတွင် အချိန်ကြာမြင့်စွာ နေထိုင်ရသည့် အချို့သော ပြင်ပ အတွေ့အကြုံများကို ယာယီဆိုင်းငံ့ထားသည်" ဟု CNBC သို့ အီးမေးလ်မှတဆင့် ပြောကြားခဲ့ပြီး၊ ဟိုတယ်အနေဖြင့် ဧည့်သည်များကို နှာခေါင်းစည်း (Mask) နှင့် လေထုသန့်စင်စက်များ ထောက်ပံ့ပေးလျက်ရှိသည်။ စင်ကာပူနိုင်ငံသည် အဖွဲ့ဝင် ၁၅,၀၀၀ ကျော် ပါဝင်တက်ရောက်သည့် စင်ကာပူ အပြည်ပြည်ဆိုင်ရာ ဆိုင်ဘာသီတင်းပတ် (Singapore International Cyber Week) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေချိန်တွင် မြူခိုးငွေ့များသည် "နိုင်ငံတကာဧည့်သည်များကို ကြိုဆိုရန် အကောင်းဆုံးနည်းလမ်း မဟုတ်ပါ" ဟု စင်ကာပူ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ ဝန်ကြီး ဂျိုးဇက်ဖင်းတီယို က ကြာသပတေးနေ့တွင် CNBC ၏ “Squawk Box Asia” သို့ ပြောကြားခဲ့သည်။ အဆိုပါ ပွဲသို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ လာရောက်သူ စံချိန်တင် ပမာဏအဖြစ် ၁၅,၀၀၀ ကျော်ရှိခဲ့သည်။ အစိုးရအနေဖြင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း အပါအဝင် ပြည်သူများကို ကူညီရန် သီတင်းပတ်အနည်းငယ်စော၍ ပြင်ဆင်မှုများ စတင်ခဲ့ကြောင်း တီယိုက ပြောကြားခဲ့သည်။ မြူခိုးငွေ့များ မည်သည့်အချိန်တွင် သက်သာလာမည်ကို မသိရသေးသော်လည်း စင်ကာပူသည် အင်ဒိုနီးရှား တာဝန်ရှိသူများ၏ လိုအပ်ချက်များကို နားလည်ရန် အနီးကပ် ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး အကူအညီပေးရန် အသင့်ရှိကြောင်း ပြောသည်။ ယာဉ်လိုင်းနှင့် ပို့ဆောင်ရေးပလက်ဖောင်း Grab ၏ ပြောရေးဆိုခွင့်ရှိသူတဦးက ၎င်းတို့သည် နှာခေါင်းစည်းများ ဖြန့်ဝေပေးလျက်ရှိပြီး ၎င်းတို့၏ ပလက်ဖောင်း အလုပ်သမားများထံသို့လည်း သတိပေးချက်များ ထုတ်ပြန်ထားကြောင်း CNBC သို့ အီးမေးလ်မှတစ်ဆင့် ပြောကြားခဲ့သည်။ မြူခိုးငွေ့များသည် စင်ကာပူထက် ကျော်လွန်၍ အိမ်နီးချင်း မလေးရှားနိုင်ငံသို့ပါ ကူးစက်ပျံ့နှံ့လျက်ရှိသည်။ မလေးရှား ဒုတိယ ဘဏ္ဍာရေးဝန်ကြီး အမီးရ် ဟမ်ဇာ အာဇီဇန် က ပိုမိုဆိုးရွားလာသော မြူခိုးငွေ့ပြဿနာသည် အရှေ့တောင်အာရှတခွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် CNBC သို့ ပြောကြားခဲ့ပြီး၊ အဆိုပါပြဿနာကို ဖြေရှင်းရန် ရေဖြန်းလေယာဉ်များနှင့် အခြားအရင်းအမြစ်များကို စေလွှတ်ရန် ကမ်းလှမ်းထားကြောင်း ပြောကြားခဲ့သည်။ "ဒါဟာ အာဆီယံ နည်းလမ်းနဲ့ ဖြေရှင်းရမယ့် ပြဿနာတခုဖြစ်ပါတယ်" ဟု သူက ပြောကြားခဲ့သည်။ ကိုးကား။ ။ CNBC သတင်း Gasping for clean air: Singapore battles relentless haze as Prime Minister Wong warns of action ပုံစာ -
1 601
20
Немає тексту...
1 338