cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

The Irrawaddy - Burmese

The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com

Більше
Рекламні дописи
66 296
Підписники
+27624 години
+2 0437 днів
+7 03230 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

လားရှိုးမြို့တိုက်ပွဲများကြောင့် ဒေသခံများ နေရပ် စွန့်ခွာလာကြ ဧရာဝတီ၊ ဇူလိုင် ၅၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့တိုက်ပွဲများအတွင်း လူများ သေဆုံး ထိခိုက်မှု ရှိလာသောကြောင့် မြို့ခံများ နေရပ်စွန့်ခွာလာကြကြောင်း ဒေသခံများထံက သိရသည်။ လားရှိုးမြို့အနီးဝန်းကျင်တွင် ဇူလိုင် ၃ ရက်မှ စတင်ကာ စစ်ကောင်စီတပ်များနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)နှင့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။ လားရှိုးမြို့ခံတဦးက “ဒီနေ့ မြို့အဝင်အထွက် သွားလာလို့ ရသေးတော့ စစ်ရှောင်တဲ့သူတွေ ပိုများလာတယ်၊ မနေ့ကထိ ရှော့တိုက်ဒုံးတွေ၊ လက်နက်ကြီးကျည်တွေ လူနေရပ်ကွက်တွေထဲထိကျပြီး လူတွေ ထိခိုက် သေဆုံးတာတွေ ရှိလာတာကြောင့် မြို့ကို စွန့်ခွာလာကြတာ၊ အများစုကတော့ ဘုန်းကြီးကျောင်းတွေမှာ သွားရှောင်ကြတာ ပိုများပါတယ်၊ ဒီနေ့တော့ လူထိခိုက်တာမျိုး မကြားရသေးပါဘူး”ဟု ပြောသည်။ ယခုအခါ လားရှိုးမြို့မှနေ၍ စဉ့်အင်ဖောင်ဆိပ်လမ်းတခုသာ သွားလာ၍ရပြီး စစ်ရှောင်ကြသူများမှာ လားရှိုး-စဉ့်အင်-သီပေါလမ်းခွဲ-နမ့်လန်-ကျောက်ဂူ-နောင်ချို-ဘန့်ဘွေး-ပြင်ဦးလွင်-မန္တလေးလမ်းအတိုင်းသွားလာနေကြကြောင်း သိရသည်။ လားရှိုးမြို့ခံ နောက်ထပ်တဦးက “ဒီမနက် ၇ နာရီခွဲ ၈ နာရီလောက်ကတည်းက မြို့ကနေ ထွက်ကြတာ၊ ကားတွေက ၂ လိုင်း၊ ၃ လိုင်းထိဖြစ်ပြီး ပိတ်နေတယ်၊ မယ်ဟန်ဘက်မှာ ပိတ်နေတာ၊ လမ်းကြောင်းကတော့ သီပေါ-လားရှိုးလမ်းတလမ်းပဲ ဖွင့်တော့တယ်၊ ကျန်တဲ့လမ်းပိုင်းတွေ အားလုံးက ပိတ်ကုန်ပြီ၊ သီပေါကနေ နမ့်လန်ဘက် တောင်ကြီးပေါ့၊ ကျောက်ဂူ အဲဒီဘက်နေ မန္တလေးတို့ ရန်ကုန်တို့ကို ပြန် ပတ်တဲ့လမ်း၊ အဲဒီလမ်းကနေထွက်သွားရင် မိုင်းရယ် တန့်ယန်းဘက်သွားပေါ့၊ မယ်ဟန်နဲ့ စဉ့်အင်ဘက်မှာပါ ကားတွေ ပိတ်နေတယ်” ဟုပြောသည်။ MNDAA နှင့် ပူးပေါင်းတပ်များ လားရှိုးမြို့အား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ၃ ရက်အတွင်း လားရှိုးမြို့ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းအချို့ သိမ်းပိုက်ထားကြောင်း သိရသလို စစ်ကောင်စီက တိုက်ပွဲများအတွင်း လက်နက်ကြီး၊ ဒရုန်းများအပြင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း၊ ထို့ပြင် လားရှိုးမြို့အဝင်အထွက်ကိုလည်း ပိတ်ဆို့ထားပြီး စစ်အင်အားများ ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။ လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ထားသလို လက်အောက်ခံတပ်ရင်း ခလရ ၄၁၊ အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၆) လက်အောက်ခံ ခလရ ၆၈၊ ခမရ ၅၀၇၊ ခမရ ၅၂၂ တပ်ရင်းများလည်း ရှိသည်။ ပုံစာ- ယနေ့ လားရှိုးမှ စစ်ရှောင်နေကြသော ကားတန်းအား တွေ့ရပုံ / CJ #WhatsHappeningInMyanmar #RejectMilitaryCoup စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Показати все...
The Irrawaddy

မတ္တရာမြို့တွင်း စစ်တပ်က လက်နက်အပြည့်ဖြင့် နေရာယူ ဧရာဝတီ၊ ဇူလိုင် ၅၊ ၂၀၂၄ မန္တလေးတိုင်း၊ မတ္တရာမြို့တွင်းရှိ အေးမေတ္တာဆေးရုံ၊ ချစ်ဦးမွန်ဆေးခန်း၊ ဟိန်း ကားအပိုပစ္စည်းဆိုင်တို့အား စစ်တပ်က စီးနင်းပြီး လက်နက်အပြည့်အစုံဖြင့် နေရာယူထားသလို မတ္တရာမြို့ အဝင်အထွက်ကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ မန္တလေး-မိုးကုတ်လမ်းပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်တပ်က မတ္တရာမြို့ အဝင်အထွက်ကို ဇူလိုင် ၄ ရက် နံနက်ပိုင်းမှ စတင်ပိတ်ခဲ့သလို ဇွန် ၂၆ ရက်မှစ၍ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းကာ ခုခံနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင် မတ္တရာမြို့နယ် မြောင်းသစ်ရွာထိပ်၊ တံတားဖြူတံတား၌ ကား၊ ဆိုင်ကယ်များကို စစ်ဆေးနေသလို ယမန်နေ့ကလည်း မတ္တရာမြို့တွင်း ဘောလုံးကွင်းအတွင်းမှနေ၍ ဟောင်ဝစ်ဇာအမြောက်ကြီးဖြင့် မြို့အရှေ့ခြမ်းသို့ ၂ ချက် ပစ်ခတ်ခဲ့ကြောင်း The voice of wetlet madayar က အသိပေးထားသည်။ မြို့ပေါ်ရပ်ကွက် ၅ ခု ရှိသည့် မတ္တရာမြို့သည် မန္တလေးမြို့မှ ၂၅ မိုင်ခန့် အကွာတွင်တည်ရှိကာ ကား၊ ဆိုင်ကယ် တနာရီခန့်သာ မောင်းနှင်ရပြီး အရှေ့ဘက် ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မြောက်ဘက်တွင် စဉ့်ကူးမြို့နယ်၊ တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်တို့နှင့် နယ်နမိတ် ထိစပ်နေသည်။ ပုံစာ- မတ္တရာမြို့မဈေးကြီးအား မြင်ရပုံ / The Voice of Wetlet Madayar #WhatsHappeningInMyanmar #RejectMilitaryCoup စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Показати все...
The Irrawaddy

Фото недоступнеДивитись в Telegram
စစ်ဆင်ရေး တပတ်အတွင်း တပ်စခန်း ၄၀ ခန့် သိမ်းပိုက် (ရုပ်/သံ) ဘုန်းအောင် ၊ ဇူလိုင် ၅ ၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တ‌ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ဟာ တပတ်အတွင်းစစ်တပ်ရဲ့ စခန်းပေါင်း ၃၁ ခုကို သိမ်းပိုက်နိုက်ခဲ့တယ်လို့ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကတရားဝင်ထုတ်ပြန်ထားပါတယ်။ ရှမ်းမြောက်စစ်ဆင်ရေးမှာ TNLA နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတဲ့ NUG လက်အောက်ခံ PDF တပ်တွေ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက စခန်း ၈ ခုပါပါရင် စုစုပေါင်း တပ်စခန်း ၄၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဟာ ပထမအကြိမ်တုန်းကလိုပဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လူအင်အားနဲ့ လေကြောင်းအင်အားသုံး ခုခံမှုတွေရှိခဲ့ပေမယ့် စစ်ရေးအရ အရေးပါတဲ့ တပ်စခန်း တွေဆုံးရှုံးတာ၊ လက်နက်ချခိုလှုံတာနဲ့ လက်နက်ခဲယမ်းတွေ ဆုံးရှုံးမှုဆက်တိုက် ဖြစ်ပွားနေတာပါ။ https://youtu.be/u5u-NVdmhkA #၁၀၂၇ #TNLA #ရှမ်းမြောက် #မတ္တရာ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Показати все...
စစ်ဆင်ရေး တပတ်အတွင်း တပ်စခန်း ၄၀ ခန့် သိမ်းပိုက်

စစ်ဆင်ရေး တပတ်အတွင်း တပ်စခန်း ၄၀ ခန့် သိမ်းပိုက် (ရုပ်/သံ) ဘုန်းအောင် ၊ ဇူလိုင် ၅ ၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တ‌ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဟာ တပတ်အတွင်းစစ်တပ်ရဲ့ စခန်းပေါင်း ၃၁ ခုကို သိမ်းပိုက်နိုက်ခဲ့တယ်လို့ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကတရားဝင်ထုတ်ပြန်ထားပါတယ်။ ရှမ်းမြောက်စစ်ဆင်ရေးမှာ TNLA နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတဲ့ NUG လက်အောက်ခံ PDF တပ်တွေ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက စခန်း ၈ ခုပါပါရင် စုစုပေါင်း တပ်စခန်း ၄၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဟာ ပထမအကြိမ်တုန်းကလိုပဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လူအင်အားနဲ့ လေကြောင်းအင်အားသုံး ခုခံမှုတွေရှိခဲ့ပေမယ့် စစ်ရေးအရ အရေးပါတဲ့ တပ်စခန်း တွေဆုံးရှုံးတာ၊ လက်နက်ချခိုလှုံတာနဲ့ လက်နက်ခဲယမ်းတွေ ဆုံးရှုံးမှုဆက်တိုက် ဖြစ်ပွားနေတာပါ။ #၁၀၂၇ #TNLA #ရှမ်းမြောက် #မတ္တရာ ------------------------------------------------------------------------------------ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy:

https://bit.ly/3btQYpR

တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်ရန် စစ်ခေါင်းဆောင်ပြော ဧရာဝတီ၊ ဇူလိုင် ၅၊ ၂၀၂၄ ရှမ်းမြောက်ဒေသ တိုက်ပွဲများ ပြန်လည် ပြင်းထန်နေချိန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်က ဇူလိုင်လ ၄ ရက်တွင် နေပြည်တော်၌ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သွားရောက် တွေ့ဆုံခဲ့ရာ တရုတ်-မြန်မာအေးအတူ ပူအမျှ အသိုက်အဝန်းထူထောင်ကြရန် စစ်ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ထုတ်ပြန်သည်။ တရုတ်သံအမတ် မစ္စတာချန်ဟိုင်သည် မြန်မာနိုင်ငံတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာခါနီး စစ်ခေါင်းဆောင်အား သွားရောက် နှုတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့တွေ့ဆုံရာတွင် စစ်ခေါင်းဆောင်က သံအမတ်ကြီး တာဝန်ထမ်းဆောင်သည့်ကာလအတွင်း တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းမှုများကို အပြုသဘောဆောင် ချီးကျူးခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အလွန်အလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်နက်ရှိုင်းလာစေရန် ဆောင်ရွက်ပြီး မြန်မာ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွင် ကြိုးစားဆောင်ရွက်နေရာတွင် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးမှုများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုစသည်တို့ကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။ တရုတ်သံအမတ် မစ္စတာချန်ဟိုင်သည် မြန်မာနိုင်ငံ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှစတင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ အခြေအနေများကို မျက်မြင် တွေ့ရှိခဲ့သူတဦးလည်း ဖြစ်သည်။ #WhatsHappeningInMyanmar #RejectMilitaryCoup စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Показати все...
The Irrawaddy

လမ်းခရီး ကြမ်းတမ်းခြင်း၊ မိုးတွင်းကာလဖြစ်၍ သွားလာရ ခက်ခဲခြင်း၊ လမ်းတလျောက်ပေးကမ်းရသည့် ဂိတ်ကြေးများတို့ကြောင့် တွက်ခြေ မကိုက်ကြောင်း၊ ကုန်သည်များဘက်ကလည်း မဖြစ်မနေ တင်ပို့/ တင်သွင်းရမည့် ကုန်များကိုသာ သယ်ယူပို့ဆောင်ကြောင်း Website တွင် ဖတ်ရန် https://bit.ly/4eRXA1e #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Показати все...
တိုက်ပွဲနှင့် လမ်းပန်းခက်ခဲမှုကြောင့် နယ်စပ်ကုန်သွယ်ရေး ပိုမိုကျဆင်း

မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးတို့မှာ ရပ်တန့်နေသလို ကန်ပိုက်တည် နယ်စပ် ကုန်သွယ်ရေးမှာလည်း KIA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများကြောင့် အနည်းငယ်သာသွားလာ၍ ရသည့်အနေအထားဖြစ်ပြီး

"ဒဏ်ရာတွေကို သေသေချာချာ စစ်ဆေးတဲ့အခါ အဲဒီဒဏ်ရာတွေက ဆဲလ်တွေ အလျင်အမြန် ပျက်စီးလာပြီး အလွယ်တကူ ပုပ်လာသလို သတ္တုစတွေနဲ့ မသက်ဆိုင်ဘူးဆိုတာ တွေ့ရတယ်" ဟု ထိုသံသယဖြစ်စရာ ဖြစ်ရပ်များကို ကုသပေးခဲ့သည့် ဝါရင့်ဆရာဝန် ဒေါက်တာ စိုးမင်းက Al Jazeera သို့ ပြောသည်။ သူသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး စစ်မြေပြင်နှင့် ပတ်သက်သည့် ထိခိုက်မှုများကို ကုသပေးနေပြီး ပေါက်ကွဲမှုကြောင့် ရသောဒဏ်များကို ရာနှင့်ချီ ကုသပေးခဲ့ပြီးဖြစ်သည်။ Website တွင် ဖတ်ရန် https://bit.ly/3W8alNM --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Показати все...
တားမြစ်ကန့်သတ် လက်နက်များ စစ်ကောင်စီသုံးနေ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းခဲ့သော မြန်မာစစ်တပ်သည် တားမြစ်လက်နက်များကို ယခင်ကလည်း သုံးခဲ့ဖူးသည်ဟု စွပ်စွဲခံရသည်။

စစ်ကောင်စီသည် ၎င်းတို့အဖွဲ့ဝင်များနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြံပေးများကို အငြိမ်းစားချီးမြှင့်ငွေ ခံစားခွင့် ပြုလိုက်သည်။ ၎င်းတို့ ကွယ်လွန်ပါက မိသားစုဝင်များသည် ထိုချီးမြှင့်ငွေကို ဆက်လက် ခံစားခွင့်ရမည် ဖြစ်သည်။ Website တွင် ဖတ်ရန် https://bit.ly/4byVdgN --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Показати все...
စစ်ကောင်စီဝင်များ၊ အကြံပေးများကို အငြိမ်းစားချီးမြှင့်ငွေ ခံစားခွင့်ပြု

စစ်ကောင်စီသည် ၎င်းတို့အဖွဲ့ဝင်များနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြံပေးများကို အငြိမ်းစားချီးမြှင့်ငွေ ခံစားခွင့် ပြုလိုက်သည်။

Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.