CJ Platform
رفتن به کانال در Telegram
We are freedom and voices. Website Link: https://cjplatform.com/
نمایش بیشتر4 761
مشترکین
+324 ساعت
-67 روز
-2930 روز
در حال بارگیری داده...
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26اکتبر '26
اکتبر '26
+15
در 0 کانالها
سپتامبر '26
+81
در 3 کانالها
Get PRO
اوت '26
+86
در 6 کانالها
Get PRO
ژوئیه '26
+77
در 4 کانالها
Get PRO
ژوئن '26
+53
در 4 کانالها
Get PRO
مه '26
+57
در 12 کانالها
Get PRO
آوریل '26
+33
در 6 کانالها
Get PRO
مارس '26
+40
در 8 کانالها
Get PRO
فوریه '26
+43
در 6 کانالها
Get PRO
ژانویه '26
+47
در 7 کانالها
Get PRO
دسامبر '25
+41
در 8 کانالها
Get PRO
نوامبر '25
+58
در 3 کانالها
Get PRO
اکتبر '25
+57
در 7 کانالها
Get PRO
سپتامبر '25
+87
در 5 کانالها
Get PRO
اوت '25
+99
در 2 کانالها
Get PRO
ژوئیه '25
+80
در 6 کانالها
Get PRO
ژوئن '25
+37
در 8 کانالها
Get PRO
مه '25
+56
در 6 کانالها
Get PRO
آوریل '25
+94
در 2 کانالها
Get PRO
مارس '25
+238
در 8 کانالها
Get PRO
فوریه '25
+32
در 3 کانالها
Get PRO
ژانویه '25
+53
در 3 کانالها
Get PRO
دسامبر '24
+97
در 7 کانالها
Get PRO
نوامبر '24
+92
در 6 کانالها
Get PRO
اکتبر '24
+126
در 5 کانالها
Get PRO
سپتامبر '24
+233
در 6 کانالها
Get PRO
اوت '24
+420
در 6 کانالها
Get PRO
ژوئیه '24
+1 021
در 6 کانالها
Get PRO
ژوئن '24
+438
در 6 کانالها
Get PRO
مه '24
+243
در 5 کانالها
Get PRO
آوریل '24
+308
در 9 کانالها
Get PRO
مارس '24
+454
در 11 کانالها
Get PRO
فوریه '24
+1 070
در 9 کانالها
Get PRO
ژانویه '24
+334
در 2 کانالها
Get PRO
دسامبر '23
+354
در 4 کانالها
Get PRO
نوامبر '23
+554
در 5 کانالها
Get PRO
اکتبر '23
+161
در 14 کانالها
Get PRO
سپتامبر '23
+37
در 0 کانالها
Get PRO
اوت '23
+38
در 0 کانالها
Get PRO
ژوئیه '23
+33
در 0 کانالها
Get PRO
ژوئن '23
+33
در 0 کانالها
Get PRO
مه '23
+136
در 0 کانالها
Get PRO
آوریل '23
+325
در 0 کانالها
Get PRO
مارس '23
+185
در 0 کانالها
Get PRO
فوریه '23
+167
در 0 کانالها
Get PRO
ژانویه '23
+496
در 0 کانالها
Get PRO
دسامبر '22
+353
در 0 کانالها
Get PRO
نوامبر '22
+442
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 06 اکتبر | +4 | |||
| 05 اکتبر | +4 | |||
| 04 اکتبر | +1 | |||
| 03 اکتبر | 0 | |||
| 02 اکتبر | +1 | |||
| 01 اکتبر | +5 |
پستهای کانال
မနက်ဖြန် အောက်တိုဘာ ၇ ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မုတ်သုံလေဆုတ်ခွာတော့မှာလား
CJ Platform
မနက်ဖြန် အောက်တိုဘာလ ၇ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးသွားပါမယ်။လက်ရှိမှာ အာရှကုန်းတွင်းပိုင်းက အေးမြခြောက်သွေ့တဲ့ လေဖိအားမြင့်စနစ်တွေ အားကောင်းလာတာကြောင့် မြန်မာနိုင်ငံတစ်ဝန်း အနောက်တောင်မုတ်သုံလေ အပြီးသတ်ဆုတ်ခွာဖို့ အခြေအနေ ပိုအားကောင်းလာနေပါတယ်။ ဒါကြောင့် ဆောင်းအငွေ့အသက်တွေ စတင်ဝင်ရောက်လာနိုင်ပါတယ်။ဒါပေမဲ့ အရှေ့ဘက် ထိုင်းနဲ့ လာအိုဘက်က လေပူစိုတွေ ဝင်ရောက်လာတာကြောင့် တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးတိမ်တွေ ဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။
#CJPlatform #မိုးလေဝသ #ဘင်္ဂလားပင်လယ်အော် #မုန်တိုင်းငယ် #အပူချိန်မြင့်တက်နိုင်
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/kku3_ArluXs
| 2 | بدون متن... | 197 |
| 3 | ပုဂံဟိုတယ် ၈၈ ခု အခန်းပြည့်ဆိုတဲ့ စစ်အုပ်စုမီဒီယာရဲ့ ဖော်ပြချက်နောက်က ပြန်ပေးဆွဲမှုတွေနဲ့ ခရီးသွားလုပ်ငန်းအခြေအနေ ဘယ်လိုရှိနေလဲ
CJ Platform
မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦးဒေသမှာ သီတင်းကျွတ်ပိတ်ရက်အတွက် ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်း ၈၈ ခု အခန်းပြည့်နေပြီလို့ စစ်အုပ်စုထိန်းချုပ်မီဒီယာဖြစ်တဲ့ Global New Light of Myanmar က အောက်တိုဘာ ၅ ရက်မှာ ဖော်ပြလာပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်း ၈၈ ခုဟာ အောက်တိုဘာ ၂၄ ရက်ကနေ ၂၆ ရက်အထိ ကျရောက်မယ့် သီတင်းကျွတ်အားလပ်ရက်အတွက် အပြည့်အဝ ကြိုတင်မှာယူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီသတင်းမှာ သီတင်းကျွတ်ကာလအတွင်း ပုဂံကို တစ်ရက်လျှင် ခရီးသွားဧည့်သည် ၁၅၀,၀၀၀ ခန့် ဝင်ရောက်လေ့ရှိပြီး အများစုက တစ်နေ့တည်းလာရောက်တဲ့ ဘုရားဖူးဧည့်သည်တွေဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန၊ ပုဂံရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်ကို ကိုးကားဖော်ပြထားပါတယ်။
Eleven Media က အောက်တိုဘာ ၃ ရက်မှာ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သီတင်းကျွတ်အားလပ်ရက်အတွက် ဟိုတယ် booking များပြားလာပြီး အခန်းလက်ကျန် အနည်းငယ်သာရှိတော့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကို ကိုးကားဖော်ပြထားပါတယ်။
အဲဒီသတင်းမှာ စက်တင်ဘာလကစပြီး ပုဂံကို ခရီးသွားတွေ ပြန်လည်ဝင်ရောက်လာပြီး စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်နဲ့ ဟိုတယ်လုပ်ငန်းတွေက ခရီးသွားဧည့်သည်များလာဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဘုရားဖူးလာတဲ့ ခရီးသွားတချို့ ပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပြီးနောက် ခရီးသွားဝင်ရောက်မှု သိသိသာသာကျဆင်းနေဆဲဖြစ်ပါတယ်။
ပုဂံ-ညောင်ဦးဒေသရဲ့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး RFA က ဇန်နဝါရီ ၁ ရက်မှာ ဖော်ပြခဲ့တဲ့သတင်းအရ ၂၀၂၅ ဒီဇင်ဘာအတွင်း ခရီးသွားတွေ ပြန်ပေးဆွဲဖမ်းဆီးခံရမှုတွေရှိခဲ့ပြီး ပုဂံ၊ ကျောက်ပန်းတောင်းနဲ့ ညောင်ဦးခရိုင်အတွင်း ပြန်ပေးဆွဲမှုနဲ့ ဓားပြတိုက်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ဖြစ်စဉ်တွေကြောင့် ပုဂံကို ဘုရားဖူးသွားရောက်ဖို့ စီစဉ်ထားသူတချို့အကြား လုံခြုံရေးစိုးရိမ်မှုတွေ ရှိခဲ့တယ်လို့လည်း RFA က ဖော်ပြထားပါတယ်။ သို့သော် အဲဒီဖြစ်စဉ်တွေကို မည်သည့်အဖွဲ့က ကျူးလွန်ခဲ့သလဲဆိုတာကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် လက်ရှိသတင်းအချက်အလက်တွေအရ ပုဂံမှာ သီတင်းကျွတ်ကာလအတွက် ဟိုတယ် booking မြင့်တက်လာနေတယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်မှုအပေါ် ဒေသတွင်းနဲ့ လမ်းပိုင်းလုံခြုံရေးအတွက် အာမခံချက်တွေ ပါဝင်နေတာ မရှိတာကို တွေ့ရပါတယ်။
အထူးသဖြင့် စစ်အုပ်စုထိန်းချုပ်မီဒီယာက ဟိုတယ် ၈၈ ခု အပြည့်အဝကြိုတင်မှာယူထားတဲ့အချက်နဲ့ သီတင်းကျွတ်ကာလအတွင်း ခရီးသွား ၁၅၀,၀၀၀ ခန့် ဝင်ရောက်လေ့ရှိတယ်ဆိုတဲ့ ကိန်းဂဏန်းတွေကို အလေးပေးဖော်ပြထားပေမဲ့ ခရီးသွားတွေရဲ့ လုံခြုံရေးအခြေအနေ၊ ခရီးသွားလုပ်ငန်း ထိခိုက်ခဲ့တဲ့အချိန်ကာလနဲ့ ပြန်လည်နာလန်ထူမှု အတိုင်းအတာတွေကိုတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #Bagan #MyanmarTourism #Thadingyut | 188 |
| 4 | بدون متن... | 186 |
| 5 | တရုတ် AI ပြိုင်ပွဲ ပိုအရှိန်မြင့်လာပြီး DeepSeek က ဒေါ်လာ ၁၂ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံမှုရဖို့ နီးစပ်နေ
CJ Platform
တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ ဉာဏ်ရည်တုနည်းပညာ (AI) ကုမ္ပဏီ DeepSeek ဟာ နောက်ဆုံးရင်းနှီးမြှုပ်နှံမှုမှာ အနည်းဆုံး ယွမ် ၈၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၁.၉၃ ဘီလျံခန့်) ရရှိဖို့ နီးစပ်နေပြီး တရုတ်နည်းပညာကုမ္ပဏီ Tencent နဲ့ ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီ CATL တို့က အကြီးဆုံးရင်းနှီးမြှုပ်နှံသူတွေထဲမှာ ပါဝင်တယ်လို့ Bloomberg News က သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြထားပါတယ်။
Bloomberg ရဲ့ ဖော်ပြချက်အရ DeepSeek ဟာ အစောပိုင်းမှာ ယွမ် ၅၀ ဘီလျံခန့် ရင်းနှီးမြှုပ်နှံမှု ရရှိဖို့ ရည်မှန်းထားခဲ့ပေမယ့် နောက်ဆုံး AI မော်ဒယ် ထုတ်ပြန်ပြီးနောက် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုဟာ မျှော်မှန်းထားတာထက် ပိုမိုမြင့်တက်လာခဲ့ပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တွေကို အခြေခံတွက်ချက်ရင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုဟာ ယွမ် ၁၀၀ ဘီလျံနီးပါး အထိ ရောက်ရှိနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
တရုတ်နည်းပညာကုမ္ပဏီကြီး Tencent Holdings နဲ့ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားဘက်ထရီထုတ်လုပ်သူတွေထဲက တစ်ခုဖြစ်တဲ့ Contemporary Amperex Technology (CATL) တို့က အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေထဲမှာ ပါဝင်တယ်လို့ Bloomberg က ဖော်ပြပါတယ်။
Tencent ဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပြီး WeChat၊ Cloud Computing နဲ့ Gaming လုပ်ငန်းတွေအပြင် AI နည်းပညာဖွံ့ဖြိုးရေးကိုလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပါတယ်။
CATL ကတော့ လျှပ်စစ်ကားဘက်ထရီနဲ့ စွမ်းအင်သိုလှောင်ရေးနည်းပညာမှာ ကမ္ဘာ့ဈေးကွက်အတွင်း အရေးပါတဲ့ ထုတ်လုပ်သူတစ်ခုဖြစ်ပါတယ်။
DeepSeek ရဲ့ ရင်းနှီးမြှုပ်နှံမှုထဲမှာ ဒီကုမ္ပဏီကြီးနှစ်ခု ပါဝင်လာတာဟာ တရုတ် AI လုပ်ငန်းအပေါ် နည်းပညာကဏ္ဍတစ်ခုတည်းကသာမက စက်မှုလုပ်ငန်းကြီးတွေကပါ စိတ်ဝင်စားမှု တိုးလာတာကို ပြသနေပါတယ်။
DeepSeek ရဲ့ မူလရည်မှန်းချက်က ယွမ် ၅၀ ဘီလျံခန့် ရရှိဖို့ဖြစ်ပေမယ့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဝယ်လိုအားဟာ မျှော်မှန်းထားတာထက် သိသိသာသာ မြင့်တက်လာတာကြောင့် လက်ရှိမှာ ယွမ် ၈၀ ဘီလျံထက်မနည်း ရရှိဖို့ နီးစပ်နေတာပါ။
ဒီပမာဏဟာ DeepSeek ရဲ့ မူလရည်မှန်းချက်ထက် ယွမ် ၃၀ ဘီလျံခန့် ပိုများ နေတာဖြစ်ပြီး နောက်ဆုံးပမာဏဟာ ယွမ် ၁၀၀ ဘီလျံအထိ ရောက်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။
အမေရိကန်ဒေါ်လာနဲ့တွက်ရင် ယွမ် ၈၀ ဘီလျံဟာ ဒေါ်လာ ၁၁ ဒသမ ၉၃ ဘီလျံခန့် တန်ဖိုးရှိပါတယ်။ ယွမ် ၁၀၀ ဘီလျံအထိ ရောက်ခဲ့မယ်ဆိုရင် လက်ရှိငွေလဲနှုန်းအရ ဒေါ်လာ ၁၅ ဘီလျံနီးပါး ရှိလာနိုင်ပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာတဲ့အကြောင်းရင်းတွေထဲမှာ DeepSeek ရဲ့ နောက်ဆုံးထွက် AI မော်ဒယ် အောင်မြင်မှုလည်း ပါဝင်ပါတယ်။
DeepSeek ဟာ မကြာသေးခင်က V4.1 Flash မော်ဒယ်ကို ထုတ်ပြန်ခဲ့ပြီး အမေရိကန်နဲ့ တရုတ် AI မော်ဒယ်တွေကြား စွမ်းဆောင်ရည်ကွာဟချက် ပိုမိုကျဉ်းမြောင်းလာတဲ့အကြောင်း လေ့လာချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
Bloomberg Intelligence ရဲ့ လေ့လာချက်အရ အမေရိကန် AI မော်ဒယ်တွေဟာ တရုတ်မော်ဒယ်တွေထက် အသာရနေဆဲဖြစ်ပေမယ့် ထိပ်တန်းတရုတ်မော်ဒယ်တွေနဲ့ အမေရိကန်မော်ဒယ်တွေရဲ့ Benchmark စွမ်းဆောင်ရည်ကွာဟချက်ဟာ ၃ ရာခိုင်နှုန်းခန့်သာ ကျန်တော့တယ်လို့ ဖော်ပြထားပါတယ်။ မေလက ကွာဟချက် ၉ ရာခိုင်နှုန်းခန့်၊ နှစ်အစပိုင်းမှာ ၁၅ ရာခိုင်နှုန်းခန့် ရှိခဲ့တာနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ ကျဉ်းလာတာဖြစ်ပါတယ်။
ဓာတ်ပုံ - AI
#CJPlatform #DeepSeek #ChinaAI #AI #Tencent | 176 |
| 6 | بدون متن... | 155 |
| 7 | သာယာဝတီမှာ ဂျင်ဝိုင်းကို ဝင်ဖမ်း၊ လောင်းကစားလုပ်နေသူဆိုသူ ၁၁ဦး အဖမ်းခံရ
CJ Platform
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာမှာ အံဂလုံ၊ ဂျင်ဝိုင်း လောင်းကစားပြုလုပ်နေသူတွေကို အောက်တိုဘာ ၅ ရက်က ဖမ်းဆီးရာ လူ ၁၁ ဦး၊ ငွေကျပ် ၂၁၁ သိန်းခန့်နဲ့ မော်တော်ဆိုင်ကယ် ၃၀ စီး၊ မော်တော်ယာဉ် ၇ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီး ဖမ်းဆီးသိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီခန့်မှာ လောင်းကစားဝိုင်းပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတွေရဲ့ တိုင်းကြားချက်အရ စစ်အုပ်စု လက်အောက်ခံ ရဲတပ်ဖွဲ့က သာယာအေးကျေးရွာရှိ ဦးအာထစ်(ခ) ဦးကုလားနဲ့ ဒေါ်ဌေးမာတို့ရဲ့ ခြံဝန်းကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီနေရာမှာ ဂျင်ဝိုင်း လောင်းကစားပြုလုပ်နေကြတာကို တွေ့ရှိတာကြောင့် ဖမ်းဆီးခဲ့ပြီး အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
လောင်းကစားပြုလုပ်ရာမှာ အသုံးပြုတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ငွေကြေးနဲ့ မော်တော်ယာဉ်တွေကိုလည်း သိမ်းဆည်းခဲ့ပြီး သာယာဝတီမြို့မရဲစခန်းကို ပို့ဆောင်ကာ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အမှုနဲ့ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ လောင်းကစားဝိုင်းကနေ ထွက်ပြေးသွားတဲ့ ကားနဲ့ ဆိုင်ကယ်ပိုင်ရှင်တွေကိုပါ ဆက်လက်ဖမ်းဆီးအရေးယူနိုင်ရေး စုံစမ်းနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #သာယာဝတီ #လောင်းကစား #ပဲခူးတိုင်း #မှုခင်း | 155 |
| 8 | بدون متن... | 170 |
| 9 | စိတ်ကျန်းမာရေးမကောင်းသူတွေကို ကျားဖောင်လုပ်ငန်းဆီ ရောင်းစားသူ ၄ ဦး ထောင် ၁၅ နှစ်ချမှတ်ခံရ
CJ Platform
စိတ်ကျန်းမာရေးမကောင်းသူတွေကို ကျားဖောင်လုပ်ငန်းတွေဆီ ရောင်းစားသူ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို အင်းစိန်ခရိုင်တရားရုံးက အောက်တိုဘာ ၁ ရက်မှာ လူကုန်ကူးမှုနဲ့ ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကိုအေးလွင်၊ ကိုအောင်ကိုဦး၊ ကိုဇော်လှိုင်မောင်နဲ့ မပုံ့ပုံ့တို့ကို လူကုန်ကူးမှုဆိုင်ရာ ပုဒ်မ ၃၈(ခ) နဲ့ အလုပ်နဲ့ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီအဖွဲ့ဟာ စုစုပေါင်း ၁၀ ဦးပါဝင်တဲ့ လူကုန်ကူးဂိုဏ်းဖြစ်ပြီး ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မင်္ဂလာဒုံမြို့နယ်တွေက စိတ်ကျန်းမာရေးမကောင်းသူ လူငယ် ၃ ဦးကို ဧရာဝတီတိုင်းနဲ့ မွန်ပြည်အတွင်းက ကျားဖောင်လုပ်ငန်းတွေဆီ ရောင်းစားခဲ့တယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“စိတ်ပုံမှန်မရှိတဲ့ကလေးတွေကို အစားအသောက်၊ ကစားစရာတွေနဲ့ မျှားခေါ်သွားပြီး ရောင်းစားတာ။ အဲ့ဒီအဖွဲ့မှာ ယောက်ျားလေး ၇ ဦး၊ မိန်းကလေး ၃ ဦး ပါတယ်။ အမိန့်ချလိုက်တာ ၄ ယောက်ဆိုတော့ ၆ ယောက် လွတ်နေတယ်” လို့ အဆိုပါဝန်ထမ်းက ပြောပါတယ်။
လက်ရှိမှာ အမှုနဲ့ ဆက်စပ်သူတွေဖြစ်တဲ့ ကိုဆိုတေး၊ ကိုထွန်းဝင်းလှိုင်၊ ကိုကျော်နိုင်ဦး၊ ကိုအောင်ဆန်း၊ မမြမြထွေးနဲ့ မရီရီသန်းတို့ကို ပုဒ်မ ၈၇/၈၈ အရ တရားခံပြေးအဖြစ် အင်းစိန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။
အလားတူ စက်တင်ဘာ ၂၉ ရက်ကလည်း ပြည်ပမှာ ကျောက်ကပ်အစားထိုးကုသဖို့အတွက် ပြည်တွင်းမှာ ကျောက်ကပ်တစ်လုံးကို ငွေကျပ် သိန်း ၁၀၀ နဲ့ အရောင်းအဝယ်ပြုလုပ်ခဲ့တဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို မင်္ဂလာဒုံခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #လူကုန်ကူးမှု #ကျားဖောင် #စိတ်ကျန်းမာရေး #ရန်ကုန် | 170 |
| 10 | بدون متن... | 179 |
| 11 | မော်လမြိုင်မှာ စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး စစ်မှုထမ်းအတွက် ဖမ်းဆီး ရောင်းစားခံရ
CJ Platform
မွန်ပြည် မော်လမြိုင်မြို့နယ်၊ မြေနီကုန်းရပ်ကွက် နယ်မြေ ၆ မှ အသက် ၂၀ ကျော်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ လူငယ်တစ်ဦး စစ်မှုထမ်းအတွက် ရောင်းစားခံရပြီး မုပွန်စစ်သားစုဆောင်းရေးတပ်မှာ ရောက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂ ရက်က ဇနီးဖြစ်သူနဲ့ စိတ်ဆိုးပြီး မိဘတွေရှိရာ ကြာအင်းဆိပ်ကြီးကို ပြန်သွားတဲ့ အသက် ၂၂ နှစ်အရွယ် မောင်ဝေယံအောင်ဟာ လမ်းမှာ ပျောက်ဆုံးသွားခဲ့တာလို့ ဖြစ်စဉ်သိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
တစ်လနီးပါး ပျောက်ဆုံးနေပြီးနောက် အောက်တိုဘာ ၁ ရက်မှာ အဆက်အသွယ်ပြန်ရချိန် မောင်ဝေယံအောင်ဟာ မုပွန်စစ်သားစုဆောင်းရေးတပ်မှာ ရောက်ရှိနေကြောင်း သိရတာလို့ ဆိုပါတယ်။
“အဲ့ကောင်လေးကို ကယ်ရီသမားက စစ်ထဲကို သွားရောင်းစားလိုက်တာ။ အခု သူ့မိသားစုဝင်တွေက ဆေးစာအုပ်နဲ့ လိုက်ထုတ်ဖို့လုပ်နေတယ်။ ရမရတော့ မသိဘူး” လို့ ဖြစ်စဉ်သိသူက ပြောပါတယ်။
မောင်ဝေယံအောင်ဟာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာရှိသူဖြစ်ပြီး မိသားစုက ဆေးမှတ်တမ်းတွေနဲ့အတူ စစ်သားစုဆောင်းရေးတပ်ကနေ ပြန်လည်ခေါ်ထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အလားတူ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၇၀ ရပ်ကွက်မှာလည်း လွန်ခဲ့တဲ့ ၆ လခန့်က ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့ အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ကိုဝင်းညွန့်ဦးဟာ အဆက်အသွယ်ပြန်ရချိန်မှာ စစ်သင်တန်းရောက်ရှိနေတယ်လို့ သိရပါတယ်။
စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၂ အရ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ၊ သားသမီးရှိသူတွေ၊ အမြဲတမ်း ကိုယ်လက်မသန်စွမ်းသူတွေနဲ့ ဆေးစစ်ချက်အရ စစ်မှုထမ်းရန် မသင့်လျော်သူတွေကို စစ်မှုထမ်းရန် ခေါ်ယူခြင်းမပြုရဘူးလို့ ဖော်ပြထားပါတယ်။
စစ်မှုထမ်းဥပဒေကို စစ်အုပ်စုက ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်ဝင်စေခဲ့ပြီး မတ်လ ၂၄ ရက်ကစတင်ကာ လူငယ်တွေကို စစ်မှုထမ်းရန် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၉ အထိ ရောက်ရှိနေပြီလို့ သိရပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #မွန်ပြည် #မော်လမြိုင် #စစ်မှုထမ်း #လူငယ် | 182 |
| 12 | بدون متن... | 172 |
| 13 | ညောင်လေးပင်ခရိုင်မှာ စစ်အုပ်စု ဒရုန်းဗုံးကြဲမှုကြောင့် လူငယ် ၁ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
CJ Platform
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင်) လယ်ဒိုနဲ့ မူးမြို့နယ်တွေမှာ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ KNU ဗဟိုက အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁ ရက်မှာ မူးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာအတွင်းကို စစ်အုပ်စုက ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် မင်းခန့်ဇော်ဟာ ဒရုန်းဗုံးစထိမှန်ပြီး သေဆုံးခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အသက် ၅၃ နှစ်အရွယ် ဦးမျိုးအောင်၊ အသက် ၇၀ အရွယ် ဒေါ်မဲတူ၊ အသက် ၄၅ နှစ်အရွယ် မချစ်စု၊ အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်အောင်၊ အသက် ၄၅ နှစ်အရွယ် ဦးကြည်စိုးနဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်ဝင်းကြည်တို့ ၆ ဦးလည်း ဒရုန်းဗုံးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာ ၃ ရက်မှာ လယ်ဒိုမြို့နယ်၊ အင်ပုရစ်ကျေးရွာအတွင်းကို စစ်အုပ်စုက ဒရုန်းနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ဦးမိုးကြီး၊ ဦးထွန်းမြင့်၊ ဦးခိုင်လေး၊ ဦးတာပို့ခိုနဲ့ ဦးစိုးစိုးတို့ရဲ့ နေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
KNU ကတော့ စစ်အုပ်စုဟာ နိုင်ငံတစ်ဝန်း အရပ်သားပြည်သူတွေကို လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်တာအပြင် ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြုလုပ်နေပြီး အာဆီယံဘုံသဘောတူညီချက်ကိုလည်း လိုက်နာခြင်းမရှိဘူးလို့ ဝေဖန်ထားပါတယ်။
ဓာတ်ပုံ - KNU
#CJPlatform #ကရင်ပြည် #ညောင်လေးပင်ခရိုင် #ဒရုန်းတိုက်ခိုက်မှု #KNU | 194 |
| 14 | بدون متن... | 225 |
| 15 | ထိုင်းမှာ ကုတင်တွေကို သံလှောင်အိမ်ပုံ ပြင်ဆင်ပြီး အချုပ်ခန်းသဖွယ် လုပ်ထားတဲ့ သက်ကြီးရွယ်အိုဂေဟာကို စစ်ဆေးတွေ့ရှိ
CJ Platform
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်က သက်ကြီးရွယ်အိုနဲ့ စိတ်ကျန်းမာရေးဝေဒနာရှင်တွေကို စောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုမှာ ကုတင်တွေပေါ်အထိ သံလှောင်အိမ်တွေ တပ်ဆင်ထားပြီး အဆောက်အအုံအပြင်ဘက်မှာလည်း သံဆူးကြိုးတွေ ခတ်ထားတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ Central Investigation Police (CIB) က အောက်တိုဘာ ၅ ရက်မှာ ဂေဟာကို သွားရောက်စစ်ဆေးခဲ့ပြီး အဖြစ်မှန်ကို အမြန်စုံစမ်းကာ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ ဂေဟာဝန်းကျင်မှာ သံဘောင်တွေနဲ့ ကာရံထားတဲ့ နေရာတွေရှိသလို သံဆူးကြိုးတွေလည်း တပ်ဆင်ထားတာ တွေ့ရပြီး ဂေဟာအတွင်းမှာလည်း သက်ကြီးရွယ်အိုနဲ့ လူနာတွေ အိပ်တဲ့ ကုတင်အချို့ရဲ့ အပေါ်ဘက်မှာ သံလှောင်အိမ်ပုံစံ သံဘောင်တွေ တပ်ဆင်ထားပြီး ကုတင်နဲ့ ချိတ်ဆက်ထားတာ တွေ့ရပါတယ်။ တချို့အခန်းတွေကိုလည်း သံလှောင်အိမ်ပုံစံနဲ့ ခြားထားပြီး အပြင်ဘက်ကနေ သော့ခတ်ထားတဲ့ အခြေအနေတွေကို ရဲတပ်ဖွဲ့က မှတ်တမ်းတင်ထားပါတယ်။
ဒီဖြစ်စဉ်ဟာ ထိုင်းနိုင်ငံရဲ့ လူမှုရေးဆွေးနွေးခန်းအစီအစဉ်တစ်ခုဖြစ်တဲ့ “Hon Krasae” အစီအစဉ်မှာ အမျိုးသမီးတစ်ဦး လာရောက်တိုင်ကြားရာကနေ လူသိများလာတာဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးဟာ သားနဲ့ချွေးမက သူမရဲ့ဆန္ဒမပါဘဲ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကို ပို့ထားခဲ့တယ်လို့ ပြောဆိုထားပြီး ဂေဟာမှာ ၂ နှစ်ခွဲကျော် နေခဲ့ရတယ်လို့ ဆိုပါတယ်။
သူမက ဂေဟာအတွင်းမှာ ကိုယ်ထိလက်ရောက်ပြုမူခံရတာ၊ ခြိမ်းခြောက်ခံရတာနဲ့ ဆေးဝါးတွေကို အတင်းအကျပ် သောက်ခိုင်းခံရတာတွေ ရှိခဲ့တယ်လို့လည်း တိုင်ကြားထားပါတယ်။ နောက်ပိုင်းမှာ အစ်မဖြစ်သူထံ လျှို့ဝှက်ဆက်သွယ်ပြီး အကူအညီတောင်းကာ ဂေဟာကနေ ထွက်လာနိုင်ခဲ့တယ်လို့ သူမက ပြောထားပါတယ်။
ဂေဟာအတွင်း သံလှောင်အိမ်တွေ၊ သံဆူးကြိုးတွေ ပါဝင်တဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ကာ Thairath ရဲ့ ဖော်ပြချက်အရ Facebook ပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး “ဒါက သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာလား၊ အချုပ်ခန်းလား” ဆိုတဲ့ မေးခွန်းတွေနဲ့အတူ လူအများက ဝေဖန်မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။
Central Investigation Police က ဂေဟာကို ဝင်ရောက်စစ်ဆေးပြီးနောက် အမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အမြန်ဆုံး စုံစမ်းဖော်ထုတ်သွားမယ်လို့ ပြောထားပါတယ်။
Ref - Thai PBS
#CJPlatform #Thailand #သက်ကြီးရွယ်အို #လူ့အခွင့်အရေး #သတင်း | 196 |
| 16 | بدون متن... | 185 |
| 17 | ရေဘေးအတွင်း စီမံခန့်ခွဲမှုအားနည်းတယ်ဆိုကာ Thai Airways CEO ရာထူးကနေ ဖယ်ရှားခံရ
CJ Platform
ထိုင်းနိုင်ငံမှာ စက်တင်ဘာကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုအတွင်း Suvarnabhumi လေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေ အနှောင့်အယှက်ဖြစ်ခဲ့တာ၊ ခရီးဆောင်အိတ်တွေ စုပုံကျန်ခဲ့တာနဲ့ Cargo လုပ်ငန်းတွေ ရပ်နားခဲ့ရတာတွေကို ကိုင်တွယ်ရာမှာ စီမံခန့်ခွဲမှုအားနည်းခဲ့တယ်ဆိုကာ Thai Airways CEO Chai Eamsiri ကို ကုမ္ပဏီဘုတ်အဖွဲ့က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။
Chai Eamsiri ကို အောက်တိုဘာ ၂ ရက်မှာ ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပြီး ရေဘေးအတွင်း ကုမ္ပဏီရဲ့ အရေးပေါ်အခြေအနေ ကိုင်တွယ်ပုံနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အားနည်းချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၆ ရက်ကနေ ၂၉ ရက်အတွင်း ဘန်ကောက်မှာ မိုးသည်းထန်ပြီး ရေကြီးခဲ့တာကြောင့် Thai Airways ရဲ့ မြေပြင်ဝန်ဆောင်မှုဝန်ထမ်းအများအပြား လုပ်ငန်းခွင်မဝင်နိုင်ခဲ့ဘဲ Check-in၊ ခရီးဆောင်အိတ်သယ်ယူပို့ဆောင်ရေးနဲ့ လေယာဉ်ပေါ် အိတ်တင်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီအခြေအနေကြောင့် စက်တင်ဘာ ၂၉ ရက်မှာ Suvarnabhumi လေဆိပ်၌ Thai Airways ရဲ့ ခရီးဆောင်အိတ် ၅,၆၀၀ ဝန်းကျင် စုပုံကျန်ခဲ့ပြီး နောက်ပိုင်းမှာ ၁၀,၀၀၀ ဝန်းကျင်အထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်ခရီးစဉ်အချို့လည်း ဖျက်သိမ်းခဲ့ရပြီး မြေပြင်ဝန်ဆောင်မှုပေးနိုင်စွမ်းနဲ့ ကိုက်ညီအောင် ပျံသန်းမှုတွေကို လျှော့ချခဲ့ရပါတယ်။ ထိုင်းအစိုးရဘက်ကလည်း Thai Airways ရဲ့ ရေဘေးအတွင်း အရေးပေါ်အခြေအနေ ကိုင်တွယ်မှုကို ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် Cargo လုပ်ငန်းတွေ ထိခိုက်ခဲ့တာကြောင့် စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၆ ရက်အထိ Transit Cargo လက်ခံမှုကို ယာယီရပ်နားခဲ့ရပြီး ထိုင်းနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းတွေလည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
Chai Eamsiri နေရာမှာ Samrit Samniang ကို ယာယီ CEO အဖြစ် ခန့်အပ်ထားပါတယ်။ Samrit ဟာ ယခင်က PTT Exploration and Production မှာ ဘဏ္ဍာရေးနဲ့ စာရင်းပိုင်းဆိုင်ရာ အမှုဆောင်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၂၅ ခုနှစ်ကတည်းက Thai Airways ဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
Thai Airways က အောက်တိုဘာ ၁ ရက်မှာ အောက်တိုဘာ ၃ ရက်ကစပြီး ပုံမှန်လေယာဉ်ခရီးစဉ်အများစု ပြန်လည်ပြေးဆွဲနိုင်ရေး ဝန်ထမ်းအင်အားနဲ့ လုပ်ငန်းစီမံခန့်ခွဲမှုတွေကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁ ရက်မှာ ခရီးစဉ် ၁၅ ခု၊ အောက်တိုဘာ ၂ ရက်မှာ ၉ ခု လျှော့ချခဲ့ပေမယ့် အောက်တိုဘာ ၃ ရက်ကစပြီး ပုံမှန်ခရီးစဉ်အများစုကို ပြန်လည်ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ လက်ကျန်ခရီးဆောင်အိတ်တွေ ပြန်လည်ပို့ဆောင်ပေးရေးနဲ့ ရေဘေးကြောင့် ဖြစ်ပေါ်ခဲ့တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဆက်လက်ဖြေရှင်းနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Bangkok Post
#CJPlatform #Thailand #ThaiAirways #ရေဘေး #လေဆိပ် | 190 |
| 18 | بدون متن... | 191 |
| 19 | မြောက်ဒဂုံမှာ အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားကို သတ်သွား
CJ Platform
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင်မှာ အောက်တိုဘာ ၅ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က အမျိုးသား ၃ ဦး ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ဆိုင်ရှင်အမျိုးသားကို သတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ ဆိုင်မှာ ဆိုင်ရှင်အမျိုးသားတစ်ဦးတည်း ရှိနေချိန် အမည်မသိအမျိုးသား ၃ ဦး ဝင်ရောက်လာပြီး ဆိုင်ရှင်ကို ချုပ်ထားကာ ငွေတောင်းခဲ့ပြီး ငွေမရတဲ့အချိန်မှာ ပါလာတဲ့ဓားနဲ့ ထိုးခုတ်ခဲ့တာလို့ သိရပါတယ်။
ဓားနဲ့ ထိုးခုတ်နေချိန် ဆိုင်ရှင်ရဲ့ ဇနီး ရောက်လာခဲ့ပြီး သူ့ကိုပါ လက်သီးနဲ့ ထိုးခဲ့တာကြောင့် ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့ရာ အမျိုးသား ၃ ဦး ထွက်ပြေးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဓားဒဏ်ရာရရှိခဲ့တဲ့ ဆိုင်ရှင်အမျိုးသားကို လူမှုကူညီရေးအသင်းတွေက မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံရောက်ပြီး မိနစ်ပိုင်းအကြာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပြီးနောက် စစ်အုပ်စုနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ၄၂ ရပ်ကွက်အပါအဝင် ဦးဝိစာရလမ်းတစ်လျှောက် ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် သံသယရှိသူ ၃ ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြောက်ဒဂုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၅ ရက် မနက်ပိုင်းကလည်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာအနီးမှာ ယာဉ်မောင်းအမျိုးသားတစ်ဦး သတ်ဖြတ်ခံရပြီး ငွေကျပ်သိန်း ၈၀၀ လုယက်ခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားထားပါတယ်။
ဓာတ်ပုံ - ဝန်းရံမှူး
#CJPlatform #မြောက်ဒဂုံ #ရန်ကုန် #ဓားပြတိုက်မှု #မှုခင်း | 190 |
| 20 | ဒီနေ့ အောက်တိုဘာ ၆ ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မိုးလျော့ပြီး ဆောင်းဦးရာသီဘက် ကူးပြောင်းချိန် အပူချိန်တွေ ဘယ်လိုရှိမလဲ
CJ Platform
ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးသွားပါမယ်။လက်ရှိမှာ အာရှတိုက်မြောက်ပိုင်းနဲ့ တိဘက်ကုန်းမြင့်ဘက်က အေးမြခြောက်သွေ့တဲ့ လေဖိအားမြင့်စနစ်တွေ အားကောင်းလာတာကြောင့် မြန်မာနိုင်ငံအတွင်းက မုတ်သုံလေထုဟာ တဖြည်းဖြည်း တောင်ဘက်ကို ဆုတ်ခွာနေပြီဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ပြည်တို့မှာ မိုးတိမ်တွေ တဖြည်းဖြည်း လျော့ကျလာပြီး လေထုခြောက်သွေ့ကာ ဆောင်းဦးရာသီဘက်ကို ကူးပြောင်းလာနိုင်ပါတယ်။
တနင်္သာရီတိုင်း၊ မွန်ပြည်၊ ကရင်ပြည်၊ ကရင်နီပြည်နဲ့ ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းတို့မှာတော့ အရှေ့ဘက်က လေပူစိုဝင်ရောက်မှုကြောင့် မိုးဆက်ရှိနိုင်ပေမယ့် အောက်တိုဘာ ၉ ရက်နောက်ပိုင်းမှာ မိုးရွာသွန်းမှုက ပိုမိုလျော့ကျလာနိုင်ပါတယ်။
#CJPlatform #မိုးလေဝသ #မုတ်သုံလေဆုတ်ခွာ #ဆောင်းဦးရာသီ #အပူချိန်မြင့်တက်နိုင်
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/dII7aXwXYMg | 220 |
