CJ Platform
رفتن به کانال در Telegram
We are freedom and voices. Website Link: https://cjplatform.com/
نمایش بیشتر4 741
مشترکین
-124 ساعت
-97 روز
-3430 روز
در حال بارگذاری دادهها
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26اکتبر '26
اکتبر '26
+57
در 4 کانالها
سپتامبر '26
+81
در 3 کانالها
Get PRO
اوت '26
+86
در 6 کانالها
Get PRO
ژوئیه '26
+77
در 4 کانالها
Get PRO
ژوئن '26
+53
در 4 کانالها
Get PRO
مه '26
+57
در 12 کانالها
Get PRO
آوریل '26
+33
در 6 کانالها
Get PRO
مارس '26
+40
در 8 کانالها
Get PRO
فوریه '26
+43
در 6 کانالها
Get PRO
ژانویه '26
+47
در 7 کانالها
Get PRO
دسامبر '25
+41
در 8 کانالها
Get PRO
نوامبر '25
+58
در 3 کانالها
Get PRO
اکتبر '25
+57
در 7 کانالها
Get PRO
سپتامبر '25
+87
در 5 کانالها
Get PRO
اوت '25
+99
در 2 کانالها
Get PRO
ژوئیه '25
+80
در 6 کانالها
Get PRO
ژوئن '25
+37
در 8 کانالها
Get PRO
مه '25
+56
در 6 کانالها
Get PRO
آوریل '25
+94
در 2 کانالها
Get PRO
مارس '25
+238
در 8 کانالها
Get PRO
فوریه '25
+32
در 3 کانالها
Get PRO
ژانویه '25
+53
در 3 کانالها
Get PRO
دسامبر '24
+97
در 7 کانالها
Get PRO
نوامبر '24
+92
در 6 کانالها
Get PRO
اکتبر '24
+126
در 5 کانالها
Get PRO
سپتامبر '24
+233
در 6 کانالها
Get PRO
اوت '24
+420
در 6 کانالها
Get PRO
ژوئیه '24
+1 021
در 6 کانالها
Get PRO
ژوئن '24
+438
در 6 کانالها
Get PRO
مه '24
+243
در 5 کانالها
Get PRO
آوریل '24
+308
در 9 کانالها
Get PRO
مارس '24
+454
در 11 کانالها
Get PRO
فوریه '24
+1 070
در 9 کانالها
Get PRO
ژانویه '24
+334
در 2 کانالها
Get PRO
دسامبر '23
+354
در 4 کانالها
Get PRO
نوامبر '23
+554
در 5 کانالها
Get PRO
اکتبر '23
+161
در 14 کانالها
Get PRO
سپتامبر '23
+37
در 0 کانالها
Get PRO
اوت '23
+38
در 0 کانالها
Get PRO
ژوئیه '23
+33
در 0 کانالها
Get PRO
ژوئن '23
+33
در 0 کانالها
Get PRO
مه '23
+136
در 0 کانالها
Get PRO
آوریل '23
+325
در 0 کانالها
Get PRO
مارس '23
+185
در 0 کانالها
Get PRO
فوریه '23
+167
در 0 کانالها
Get PRO
ژانویه '23
+496
در 0 کانالها
Get PRO
دسامبر '22
+353
در 0 کانالها
Get PRO
نوامبر '22
+442
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 27 اکتبر | +2 | |||
| 26 اکتبر | +1 | |||
| 25 اکتبر | +1 | |||
| 24 اکتبر | +1 | |||
| 23 اکتبر | +3 | |||
| 22 اکتبر | +1 | |||
| 21 اکتبر | +2 | |||
| 20 اکتبر | +2 | |||
| 19 اکتبر | +1 | |||
| 18 اکتبر | +3 | |||
| 17 اکتبر | +3 | |||
| 16 اکتبر | +3 | |||
| 15 اکتبر | 0 | |||
| 14 اکتبر | +3 | |||
| 13 اکتبر | +3 | |||
| 12 اکتبر | +4 | |||
| 11 اکتبر | +3 | |||
| 10 اکتبر | +2 | |||
| 09 اکتبر | 0 | |||
| 08 اکتبر | 0 | |||
| 07 اکتبر | +4 | |||
| 06 اکتبر | +4 | |||
| 05 اکتبر | +4 | |||
| 04 اکتبر | +1 | |||
| 03 اکتبر | 0 | |||
| 02 اکتبر | +1 | |||
| 01 اکتبر | +5 |
پستهای کانال
| 2 | အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်ကြပ်ကြီးနဲ့ တပ်သားတစ်ဦး သင်တန်းရိက္ခာအတွက် ထားတဲ့ ငွေကျပ်သိန်း ၁၃၀ ယူပြီး ထွက်ပြေး
CJ Platform
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အခြေစိုက် အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ အောက်တိုဘာ ၂၇ ရက် မနက် ၆ နာရီက အုပ်စုတပ်ခွဲတပ်ကြပ်ကြီးနဲ့ တပ်သားတစ်ဦး ငွေကျပ်သိန်း ၁၃၀ ယူဆောင်ကာ ထွက်ပြေးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သင်တန်းကျောင်းအတွက် စားနပ်ရိက္ခာတွေ ဝယ်ယူဖို့ အပ်နှံထားတဲ့ ငွေကျပ်သိန်း ၁၃၀ ကိုယူပြီး သူ့လက်အောက်မှာရှိတဲ့ တပည့်ကိုပါ ခေါ်ကာ ထွက်ပြေးသွားတာလို့ ဂျိုးဖြူကျေးရွာနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“သင်တန်းမှာ စားရိပ်သာအတွက် အပ်ထားတဲ့ငွေတွေကိုယူပြီး ထွက်ပြေးတာ။ သူ့တပည့်ပါ ခေါ်သွားတယ်။ တပ်ထဲက ဗိုလ်မှူးတစ်ယောက်ရဲ့ ဆိုင်ကယ်လည်း ယူသွားတယ်။ တပ်က နေရာဖြန့်ပြီး လိုက်ရှာနေတယ်။ အခုထိတော့ ရှာမတွေ့သေးဘူး” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ ခွဲတပ်ကြပ်ကြီး အောင်ကျော်ဌေးဟာ နေပြည်တော်၊ မိုးစွေအခြေစိုက် အမှတ် ၂ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က ပြောင်းရွှေ့လာသူဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မပြေးခင်က ဘာပဲခိုင်းခိုင်း ‘ဟုတ်၊ အဘ’ ဆိုတာချည်းပဲ။ ဒီနေ့မနက် ဗိုလ်မှူးကြီးအတွက် ယတြာသွားချေပေးမယ်ဆိုပြီး ရိက္ခာဝယ်ဖို့ အပ်ထားတဲ့ ပိုက်ဆံတွေရော ထွက်ပြေးတာ။ ဗိုလ်မှူးရဲ့ ဆိုင်ကယ်ကိုလည်း ခဏဆိုပြီး ယူသွားတာ။ တပ်က စိတ်ချရအောင် တပ်သားတစ်ယောက် ထည့်ပေးလိုက်တာ၊ အဲဒီသူကိုပါ စည်းရုံးပြီး ခေါ်သွားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ထွက်မပြေးခင် အောက်တိုဘာ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ သင်တန်းကျောင်းနာမည်ကို အသုံးပြုပြီး မြို့ပေါ်က လုပ်ငန်းရှင်တချို့ဆီက ငွေကျပ်သိန်း ၁၈၀ နီးပါး ချေးယူသွားတာကြောင့် လက်ရှိမှာ ငွေချေးထားသူတွေက သင်တန်းကျောင်းကို လာရောက်တောင်းခံနေကြတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းမှာ စစ်သင်တန်းကျောင်း ၄ ကျောင်းရှိပြီး အဲဒီကျောင်းတွေကတော့ အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း၊ အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း၊ ရဲမွန်တိုက်ပွဲစည်းရုံးရေးသင်တန်းကျောင်းနဲ့ ရဲမွန်အားကစားနှင့်သိပ္ပံသင်တန်းကျောင်းတို့ ဖြစ်ပါတယ်။
ဓာတ်ပုံ - Pro/SAC
#CJPlatform #တိုက်ကြီး #စစ်သင်တန်းကျောင်း #ရန်ကုန် #သတင်း | 58 |
| 3 | بدون متن... | 87 |
| 4 | လှိုင်သာယာတွင် ၄ နှစ်သမီးလေး သတ်ဖြတ်ခံရ
CJ Platform
ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ မင်းရဲကျော်စွာ ၉ လမ်းမှာ ဒီနေ့ အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီက အသက် ၄ နှစ်အရွယ် သမီးငယ်လေး အသတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နေအိမ်အတွင်း ကလေးငယ်မှာ ဝမ်းဗိုက်ဒဏ်ရာ၊ ဦးခေါင်းဒဏ်ရာတွေရရှိကာ သေဆုံးနေတာဖြစ်ပြီး မိခင်ဖြစ်သူကတစ်ဆင့် ရာအိမ်မှူးကို အကြောင်းကြားခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကလေးကို ဘယ်လိုသတ်သွားလဲတော့ မသိဘူး။ ဗိုက်ရော၊ ခေါင်းမှာရော ဒဏ်ရာတွေနဲ့ သေနေတာ။ အမေက ရာအိမ်မှူးကို အသိပေး၊ ရာအိမ်မှူးကတစ်ဆင့် ရဲစခန်းကို အကြောင်းကြားတာ။ လုယက်သတ်ဖြတ်ခံရတာ ဘာလားဆိုတာ ရဲစခန်းက စစ်ဆေးနေတယ်” လို့ ပြောပါတယ်။
သေဆုံးသူကလေးငယ်မှာ အသက် ၄ နှစ်အရွယ်ရှိ မယွန်းယွန်းဖြစ်ပြီး လတ်တလောမှာ လှိုင်သာယာဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
လတ်တလောမှာ အဆိုပါလူသတ်မှုနဲ့ ပတ်သက်ပြီး လှိုင်သာယာအနောက်ပိုင်းမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းက ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - မှုခင်း
#CJPlatform #လှိုင်သာယာ #ရန်ကုန် #မှုခင်း #သတင်း | 85 |
| 5 | بدون متن... | 119 |
| 6 | အင်ဒိုနီးရှားမှာ ကောင်းကင်ပြာပြာ မရှိတော့ဘဲ လိမ္မော်ရောင် အဖြစ် အသွင်ပြောင်းသွား
CJ Platform
အင်ဒိုနီးရှားနိုင်ငံမှာ တောမီးနဲ့ မြေယာမီးလောင်မှုတွေကြောင့် မီးခိုးမြူအထူထပ်ဆုံးအခြေအနေ ဖြစ်ပေါ်နေပြီး ကာလီမန်တန်အလယ်ပိုင်း ပါလန်ကာရာယာမြို့မှာ ကောင်းကင်လိမ္မော်ရောင်ပြောင်းသွားတဲ့အထိ လေထုညစ်ညမ်းမှု ပြင်းထန်နေပါတယ်။
မီးခိုးမြူကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရသူတွေကို အကူအညီပေးဖို့ ဒေသအာဏာပိုင်တွေက အောက်ဆီဂျင်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်တဲ့ ရွေ့လျားအောက်ဆီဂျင်ဘတ်စ်ကားကို စီစဉ်ပေးထားရတယ်လို့ သိရပါတယ်။
Reuters သတင်းဌာနရဲ့ အောက်တိုဘာ ၂၇ ရက် ဖော်ပြချက်အရ ဒီနှစ် အင်ဒိုနီးရှားနိုင်ငံမှာ တောမီးလောင်မှုဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အပြင်းထန်ဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။ မီးခိုးမြူတွေကြောင့် အင်ဒိုနီးရှားနိုင်ငံအတွင်းသာမက အိမ်နီးချင်း မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့မှာပါ ကောင်းကင်အရောင်ပြောင်းလဲမှုနဲ့ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေပါတယ်။
ကာလီမန်တန်အလယ်ပိုင်းပြည်နယ်ရဲ့ မြို့တော် ပါလန်ကာရာယာမှာ ဒေသခံတွေ အသက်ရှူရခက်ခဲလာတာကြောင့် အာဏာပိုင်တွေက အောက်ဆီဂျင်ဘတ်စ်ကားကို အသုံးပြုပြီး အကူအညီပေးနေရပါတယ်။
အဲဒီဘတ်စ်ကားမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အောက်ဆီဂျင်ပေးနိုင်တဲ့ ကိရိယာတွေ ပါဝင်ပါတယ်။ အသက်ရှူရခက်ခဲနေသူတွေကို နှာခေါင်းကတစ်ဆင့် အောက်ဆီဂျင်ပေးပြီး တစ်ကြိမ်ကို ၅ မိနစ်ကနေ ၁၀ မိနစ်အထိ ကူညီပေးနေတာပါ။
ဒေသအာဏာပိုင်တွေဟာ မီးခိုးမြူကြောင့် ကျန်းမာရေးထိခိုက်မှုရှိသူတွေကို ဆေးဘက်ဆိုင်ရာအကူအညီ အလွယ်တကူရရှိနိုင်ဖို့ အောက်ဆီဂျင်ဘတ်စ်ကားကို စီစဉ်ပေးထားတာဖြစ်ပါတယ်။
Ref - Reuters
ဓာတ်ပုံ - Reuters
#CJPlatform #အင်ဒိုနီးရှား #တောမီး #မီးခိုးမြူ #သဘာဝပတ်ဝန်းကျင် | 114 |
| 7 | بدون متن... | 128 |
| 8 | တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးဖို့ SSPP/SSA ဖမ်းဝရမ်းထုတ်
CJ Platform
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ထိန်းချုပ်နယ်မြေအတွင်း တရုတ်နိုင်ငံက အလိုရှိနေတဲ့ တိုင်းလူမျိုးတစ်ဦးကို ဖမ်းဆီးအပ်နှံနိုင်ဖို့ အောက်တိုဘာ ၂၇ ရက်စွဲနဲ့ ဖမ်းဝရမ်းထုတ်ပြန်လိုက်ပါတယ်။
SSPP/SSA ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မတီက နိုင်ငံရေးဦးဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ဖမ်းဝရမ်းထုတ်ပြန်ခံရသူဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပုအာမြို့၊ မိုင်းလျန်းခရိုင်၊ နားယွန်မြို့၊ အမှတ် (၂) ပန်းခြံလမ်းမှာ မူရင်းနေရပ်လိပ်စာရှိသူ တိုင်းလူမျိုး “အားချန်” (ခ) Dao Junxiang ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၎င်းကို ဖမ်းဆီးရမိရေးအတွက် SSPP/SSA ရဲ့ စစ်ဘက်၊ အရပ်ဘက်တာဝန်ရှိသူတွေနဲ့ ပြည်သူတွေ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့လည်း ညွှန်ကြားထားပါတယ်။
ဒါပေမဲ့ အားချန်ကို တရုတ်နိုင်ငံက ဘယ်ပြစ်မှုနဲ့ အလိုရှိနေတာလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ SSPP/SSA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိပါဘူး။
#CJPlatform #SSPP #SSA #ရှမ်းပြည် #တရုတ်နိုင်ငံ | 131 |
| 9 | ဘင်္ဂလားပင်လယ်အော်မှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နေ မြန်မာနိုင်ငံက ဒေသအချို့မှာ မိုးကြီးနိုင်
CJ Platform
ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ “အာနာဘ်” (ARNAB) ဆိုင်ကလုန်းမုန်တိုင်းဟာ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းမှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိလာပြီး မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံက ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
အောက်တိုဘာ ၂၇ ရက် မနက် ၅ နာရီခွဲ တိုင်းထွာချက်အရ မုန်တိုင်းဟာ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၄၀ ခန့်နဲ့ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၉၀ ခန့်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုနေပါတယ်။ မုန်တိုင်းဗဟိုချက် လေဖိအားဟာ ၉၈၅ ဟက်တိုပါစကယ်ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်းက တစ်နာရီ မိုင် ၇၀ မှ ၇၅ မိုင်အထိ ရှိတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး အောက်တိုဘာ ၂၈ ရက်မှာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းရိုးတန်းကို ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဟာ မြန်မာနိုင်ငံကို တိုက်ရိုက်ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိပေမဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ၂၉ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းနဲ့ ချင်းပြည်၊ ရခိုင်ပြည်၊ ရှမ်းပြည်တို့မှာ မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ မှ ၃၅ မိုင်အထိ ရှိနိုင်ပါတယ်။ လှိုင်းအမြင့်က ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်တာကြောင့် ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်တဲ့အတွက် တောင်ကုန်းတောင်တန်းဒေသနဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်သူတွေအနေနဲ့ သတိပြုကြဖို့၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်နဲ့ သင်္ဘောတွေ ကြိုတင်သတိထားကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။
#CJPlatform #မိုးလေဝသ #ဆိုင်ကလုန်းမုန်တိုင်း #မြန်မာနိုင်ငံ #မိုးကြီးနိုင် | 136 |
| 10 | بدون متن... | 129 |
| 11 | ဘင်္ဂလားပင်လယ်အော်မှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နေ မြန်မာနိုင်ငံက ဒေသအချို့မှာ မိုးကြီးနိုင် | 127 |
| 12 | بدون متن... | 160 |
| 13 | SSJAC ရဲ့ ရှမ်းမြောက်အုပ်ချုပ်ရေးဆိုင်ရာ စွပ်စွဲချက်တွေကို MNDAA ငြင်းဆို၊ လူမျိုးရေးပဋိပက္ခ ဖန်တီးဖို့ ကြိုးပမ်းမှုဟု တုံ့ပြန်
CJ Platform
ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဒေသခံတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်ဆိုတဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ရဲ့ စွပ်စွဲချက်တွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီက အောက်တိုဘာ ၂၇ ရက်မှာ အိတ်ဖွင့်ပေးစာထုတ်ပြန်ပြီး ငြင်းဆိုခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်တွေဟာ တိုင်းရင်းသားတွေအကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်တာဖြစ်တယ်လို့လည်း တုံ့ပြန်ထားပါတယ်။
SSJAC က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ MNDAA ထိန်းချုပ်နယ်မြေအတွင်း ဒေသခံတွေနဲ့ မရင်းနှီးတဲ့ ဘာသာစကားကို အတင်းအကျပ်သုံးစွဲခိုင်းတာ၊ ဘိုးဘွားပိုင်မြေတွေကို ပိုင်ရှင်တွေရဲ့ ဆန္ဒမပါဘဲ သိမ်းယူတာ၊ သမိုင်းဝင်မြို့ရွာအမည်တွေ ပြောင်းလဲတာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာတွေ ရှိနေတယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီလုပ်ရပ်တွေကို မရပ်တန့်ရင် ပြင်းထန်တဲ့ နိုင်ငံရေးနဲ့ လူမှုရေးတုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သတိပေးထားပါတယ်။
အဲဒီစွပ်စွဲချက်တွေကို MNDAA အုပ်ချုပ်ရေးကော်မတီက ငြင်းဆိုခဲ့ပြီး ပညာရေးကဏ္ဍမှာ မြန်မာဘာသာအပြင် ကွတ်ခိုင်နဲ့ သိန္နီခရိုင်အတွင်းရှိ ကျောင်းတွေမှာ တအာင်း၊ ရှမ်းနဲ့ တရုတ်ဘာသာစကားတွေကို ဆန္ဒအလျောက် သင်ကြားခွင့်ပြုထားတယ်လို့ ပြောပါတယ်။
မြေယာစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးလည်း နိုင်ငံခြားသားတွေကို မြေယာပိုင်ဆိုင်ခွင့် မပြုထားဘဲ တရားဝင်မှတ်ပုံတင်နဲ့ သက်ဆိုင်ရာစည်းမျဉ်းတွေအတိုင်း စိစစ်ဆောင်ရွက်နေတယ်လို့ MNDAA ဘက်က ဆိုပါတယ်။ သမိုင်းဝင်မြို့ရွာအမည်တွေကိုလည်း အတင်းအကျပ်ပြောင်းလဲတာမရှိဘဲ မူလအမည်တွေအတိုင်း ဆက်လက်အသုံးပြုနေတယ်လို့ တုံ့ပြန်ထားပါတယ်။
MNDAA အုပ်ချုပ်ရေးကော်မတီက SSJAC ရဲ့ စွပ်စွဲချက်တွေဟာ မြေပြင်အခြေအနေနဲ့ ကင်းကွာနေပြီး တိုင်းရင်းသားတွေအကြား လူမျိုးရေးပဋိပက္ခဖြစ်ပွားအောင် ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် လုပ်ရပ်တွေကိုလည်း ဥပဒေနဲ့အညီ တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။
#CJPlatform #ရှမ်းပြည် #MNDAA #SSJAC #တိုင်းရင်းသားအရေး | 153 |
| 14 | بدون متن... | 164 |
| 15 | ဆော်ဒီအာရေဗျကို ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည် ၃ စင်းနဲ့ ဒရုန်း ၄ စင်းကို ကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့ မဟာမိတ်တပ်ဖွဲ့ပြော
CJ Platform
ဆော်ဒီအာရေဗျနိုင်ငံဘက်ကို ပစ်လွှတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည် ၃ စင်းနဲ့ ဒရုန်း ၄ စင်းကို ကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။
Reuters ရဲ့ ဖော်ပြချက်အရ ယီမင်နိုင်ငံမှာ အခြေစိုက်တဲ့ ဟူသီအဖွဲ့ဟာ ဆော်ဒီအာရေဗျ အရှေ့ပိုင်းဒေသဘက်ကို ပဲ့ထိန်းဒုံးကျည် ၃ စင်းနဲ့ တောင်ပိုင်းဒေသဘက်ကို ဒရုန်း ၄ စင်း ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ မဟာမိတ်တပ်ဖွဲ့က ပြောပါတယ်။
ဆော်ဒီအရပ်ဘက်ကာကွယ်ရေးဌာနကလည်း အရှေ့ပိုင်းဒေသနဲ့ ခါ့ဂျ် (Kharj) အုပ်ချုပ်ရေးနယ်မြေတို့မှာ တိုက်ခိုက်မှုအန္တရာယ်ရှိနိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အန္တရာယ်ကျော်လွန်သွားပြီလို့ ကြေညာခဲ့ပါတယ်။
ဆော်ဒီနဲ့ ဟူသီအဖွဲ့အကြား စစ်ရေးတင်းမာမှုဟာ ယီမင်နိုင်ငံအတွင်း နယ်မြေထိန်းချုပ်ရေးတိုက်ပွဲတွေနဲ့ ဆက်စပ်နေပါတယ်။ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ယီမင်နိုင်ငံရဲ့ နိုင်ငံတကာအသိအမှတ်ပြုအစိုးရကို ထောက်ခံပေးနေပြီး ဟူသီအဖွဲ့ကတော့ မြို့တော် ဆာနာ (Sanaa) ကို ထိန်းချုပ်ထားပါတယ်။
Reuters ရဲ့ ဖော်ပြချက်အရ ဟူသီအဖွဲ့ဟာ ပင်လယ်နီကမ်းရိုးတန်းတစ်လျှောက် မဟာဗျူဟာအရ အရေးပါတဲ့ နယ်မြေတွေကို ထိန်းချုပ်လာပြီး ဘတ်ဘ်အယ်လ်မန်ဒက်ဘ် (Bab el-Mandeb) ရေလက်ကြားအနီးအထိ လှုပ်ရှားလာခဲ့ပါတယ်။ အဲဒီရေလက်ကြားဟာ ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာဘက်ကို ဆက်သွယ်ပေးတဲ့ အရေးပါတဲ့ ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
ဆော်ဒီနဲ့ ဟူသီအဖွဲ့အကြား ၂၀၂၂ ခုနှစ်မှာ ကုလသမဂ္ဂ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးက တိုက်ခိုက်မှုအများအပြားကို လျှော့ချနိုင်ခဲ့ပေမဲ့ ဒေသတွင်း စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပါတယ်။
Ref - Reuters
#CJPlatform #ဆော်ဒီအာရေဗျ #ယီမင် #ဟူသီအဖွဲ့ #ကမ္ဘာ့သတင်း | 171 |
| 16 | အားကောင်းတဲ့ အယ်လ်နီညိုက ဘာတွေဖြစ်လာနိုင်လဲ
CJ Platform
ဒီကနေ့ အောက်တိုဘာ ၂၇ ရက် အင်္ဂါနေ့မှာတော့ CJ Platform ရဲ့ မိုးလေဝသခန့်မှန်းချက်တွေကို အမြဲစောင့်ကြည့်အားပေးခဲ့ကြတဲ့ အစ်ကို အစ်မတို့အတွက် ကမ္ဘာ့ရာသီဥတုကို ကြီးမားစွာ လွှမ်းမိုးနေတဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ ဘယ်လောက်အထိ အားကောင်းနေသလဲ၊ မြန်မာနိုင်ငံမှာ လာမယ့်နွေရာသီအထိ အပူချိန် ဘယ်လိုပြောင်းလဲလာနိုင်သလဲ ဆိုတာကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိခန့်မှန်းချက်တွေအရ အယ်လ်နီညိုဟာ အားကောင်းလာနေပြီး ၂၀၂၇ ခုနှစ် အစောပိုင်းအထိ အားကောင်းတဲ့အခြေအနေ ဆက်ရှိနေနိုင်ပါတယ်။ ဒီဖြစ်စဉ်ရဲ့ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံမှာလည်း လာမယ့်နိုဝင်ဘာလကနေ မတ်လအထိ ပုံမှန်ထက် အပူချိန်ပိုမြင့်နိုင်တဲ့အပြင် နွေရာသီမှာ အပူဒဏ်နဲ့ ရေရှားပါးမှုအန္တရာယ်တွေကိုပါ ကြိုတင်သတိပြုဖို့ လိုအပ်လာပါတယ်။
#CJPlatform #အယ်လ်နီညို #မိုးလေဝသခန့်မှန်းချက် #မြန်မာ့ရာသီဥတု #အပူလှိုင်း
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/XvlSljt1zIw | 250 |
| 17 | အယ်လ်နီညိုနဲ့အတူ နိုဝင်ဘာလရဲ့ မိုးလေဝသ အခြေအနေ ဘယ်လိုရှိမလဲ
နိုဝင်ဘာလအတွက် မိုးလေဝသနဲ့ ရာသီဥတု ခန့်မှန်းချက်
CJ Platform
လာမယ့် နိုဝင်ဘာလအတွက် တလတာ မိုးလေဝသနဲ့ ရာသီဥတုခန့်မှန်းချက်ကို တင်ဆက်ပေးသွားပါမယ်။နိုဝင်ဘာလမှာ မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှု လျော့နည်းလာနိုင်ပြီး ဆောင်းရာသီရဲ့ အအေးဓာတ်ကို ပိုမိုခံစားလာရနိုင်ပါတယ်။ ဒါပေမဲ့ ဒေသအလိုက် မိုးရေချိန်နဲ့ အပူချိန် ကွာခြားနိုင်တာကြောင့် တောင်သူတွေနဲ့ ပြည်သူတွေအနေနဲ့ ရာသီဥတုအခြေအနေတွေကို ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
အမေရိကန် အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေးဌာန NOAA ရဲ့ ခန့်မှန်းချက်တွေအရ အီကွေတာပစိဖိတ်သမုဒ္ဒရာမှာ အယ်လ်နီညိုအခြေအနေ ဆက်လက်အားကောင်းနေနိုင်ပြီး ၂၀၂၇ ခုနှစ် မတ်လအထိ ဆက်လက်တည်ရှိနိုင်ခြေ မြင့်မားနေပါတယ်။ အိန္ဒိယသမုဒ္ဒရာရဲ့ အပူချိန်ကွာခြားမှုကို ဖော်ပြတဲ့ Indian Ocean Dipole (IOD) ကတော့ ပုံမှန်အခြေအနေမှာ ရှိနေနိုင်ပါတယ်။မိုးတိမ်ဖြစ်ထွန်းမှုနဲ့ မိုးရွာသွန်းမှုကို သက်ရောက်စေတဲ့ အပူပိုင်းလေထုလှိုင်း MJO ကလည်း နိုဝင်ဘာလဆန်းပိုင်းမှာ အားလျော့လာနိုင်တယ်လို့ NOAA ရဲ့ ခန့်မှန်းချက်တွေမှာ ဖော်ပြထားပါတယ်။
#CJPlatform #နိုဝင်ဘာမိုးလေဝသ #တစ်လတာမိ | 474 |
| 18 | بدون متن... | 365 |
| 19 | ညောင်လေးပင်မှာ ၁၃ နှစ်အရွယ် သမီးအရင်းကို အဓမ္မကျင့်သူဆိုတဲ့ ဖခင်ကို ဖမ်းမိ
CJ Platform
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ မြို့မ ၄ ရပ်ကွက်မှာ အသက် ၁၃ နှစ်အရွယ် သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဖခင်ဖြစ်သူ ဦးအာကာမိုးကို အောက်တိုဘာ ၂၄ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိခင်ဖြစ်သူ ဈေးရောင်းသွားချိန် လွန်ခဲ့တဲ့ ၂ လခန့်ကစပြီး သမီးဖြစ်သူကို အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
ကလေးကို ရိုက်နှက်တာတွေလည်း ရှိခဲ့ပြီး ဒဏ်ရာတွေတွေ့ရတဲ့အတွက် မိခင်ဖြစ်သူက မေးမြန်းရာကနေ ဖြစ်စဉ်ကို သိရှိခဲ့တာလို့ ဆိုပါတယ်။
“ကလေးမှာ ဒဏ်ရာတွေ့လို့ မသင်္ကာတာနဲ့ အမေဖြစ်သူက မေးမှ ပြောပြတာ။ အဲဒါနဲ့ ချက်ချင်း အမှုသွားဖွင့်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိခင်ဖြစ်သူဟာ အောက်တိုဘာ ၂၃ ရက်မှာ ညောင်လေးပင်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ပြီးနောက် အောက်တိုဘာ ၂၄ ရက်မှာ ဦးအာကာမိုးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဦးအာကာမိုးကို ညောင်လေးပင်မြို့မရဲစခန်းက (ပ) ၁၂၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်ကလည်း အသက် ၁၂ နှစ်အရွယ် သမီးအရင်းကို အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဦးကျော်သက်ကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့ပါတယ်။
အလားတူ ဇူလိုင် ၁၄ ရက်ကလည်း ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်မှာ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဖခင်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ခဲ့ပါတယ်။
ဓာတ်ပုံ - မှုခင်း
#CJPlatform #ညောင်လေးပင် #ကလေးသူငယ်ကာကွယ်ရေး #လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု #ပဲခူးတိုင်း | 366 |
| 20 | بدون متن... | 329 |
