People's Spring
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။ Facebook >> https://www.facebook.com/LuduNwayOo Youtube >> https://www.youtube.com/@peoplespring Website >> https://www.ludunwayoo.com/
نمایش بیشتر📈 تحلیل کانال تلگرام People's Spring
کانال People's Spring (@peoplespring) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 61 614 مشترک است و جایگاه 4 278 را در دسته اخبار و رسانهها و رتبه 2 265 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 61 614 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 09 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -906 و در ۲۴ ساعت گذشته برابر -29 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید شده (به صورت رسمی توسط تلگرام)
- نرخ تعامل (ER): میانگین تعامل مخاطب 3.99% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 3.76% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 2 457 بازدید دریافت میکند. در اولین روز معمولاً 2 317 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 43 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။
Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 10 ژوئیه, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانهها تبدیل کردهاند.
در حال بارگیری داده...
| تاریخ | رشد مشترکین | اشارات | کانالها | |
| 10 ژوئیه | 0 | |||
| 09 ژوئیه | +1 | |||
| 08 ژوئیه | +4 | |||
| 07 ژوئیه | +15 | |||
| 06 ژوئیه | +2 | |||
| 05 ژوئیه | +7 | |||
| 04 ژوئیه | 0 | |||
| 03 ژوئیه | 0 | |||
| 02 ژوئیه | +10 | |||
| 01 ژوئیه | +18 |
| 2 | ရေစကြိုမှာ ခလရ(၂၅၆)တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၂ ဦး သေဆုံး
ဇူလိုင် ၁၀၊ ၂၀၂၆။ဟာနာဆန်/People's Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
မနေ့က ဇူလိုင် ၉ ရက် ညနေ ၄ နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ဖူလုံရွာ၊ အမှတ် (၂၅၆) ခြေလျင်တပ်ရင်းထဲကနေ လက်နက်ကြီး ၂ လုံး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီး ၂လုံးဟာ ခင်မွန်ကျေးရွာကို ကျရောက်ပေါက်ကွဲပြီး အသက် (၃၄)နှစ်အရွယ် ကိုထွန်းနိုင်လင်းနဲ့ အသက် (၇၅) နှစ်အရွယ် ဒေါ်သန်းချစ် တို့နှစ်ဦး နေရာမှာတင် သေဆုံးသွားခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
"တစ်လုံးက ရွာထဲကျတာ။ တစ်လုံးက ရွာအနီးကျတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အသက် (၁၀) နှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသား (၃) ဦး၊ အသက် (၅၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။
ခလရ (၂၅၆)တပ်ရင်းကနေ လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်နေပြီး ဇွန်လ ၁၈ ရက်ကလည်း ရွာထောင်ရွာအနီး လက်နက်ကြီးကျလို့ အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဇွန်လ ၂၂ ရက်ကလည်း မုံညင်းရွာ ဘုန်းကြီးကျောင်းအနီး လက်နက်ကြီးကျည်ကျပြီး သံဃာ ၁ပါးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက အသိပေးထားပါတယ်။ | 703 |
| 3 | စစ်ကိုင်း-ကချင် အစပ်တိုက်ပွဲမှာသေဆုံးခဲ့တဲ့စစ်သားအလောင်း တစ်လောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ။ဓါတ်ပုံ-IR | 603 |
| 4 | ကချင်းနဲ့စစ်ကိုင်းအစပ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်
■ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် သေဆုံးထိခိုက်သူများနေ
ဇူလိုင်-၁၀၊၂၀၂၆။ဇော်ရမ်း/People's Spring
ကချင်ပြည်နယ်၊ရွှေကူမြို့နဲ့ စစ်ကိုင်းတိုင်း ကသာ၊အင်းတော်မြို့နယ်အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ရွှေကူမြို့အနီးတိုက်ပွဲမှာ ထိ
ခိုက်သေဆုံးမှုတွေများပြားနေတဲ့စစ်တပ်က လေကြောင်းကနေဗုံးကြဲနေတယ်လို့ သတင်း
ရရှိပါတယ်။
ရွှေကူမြို့နယ် ငါးဘတ်ကြီးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး စစ်အာဏာသိမ်းစစ်တပ်ဘက်က သုံးဦးသေဆုံးခဲ့ပါတယ်။ငါးဘတ်ကြီးရွာဟာ ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ကမ်းမှာတည်ရှိပြီး စစ်တပ်စစ်ကြောင်းတွေရောက်ရှိနေတဲ့ရွာဖြစ်ပါတယ်။ဇူလိုင်လ ၈
ရက်နေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA၊ KPDF ရဲ့ ဒရုန်းဗုံးကစစ်တပ်စစ်ကြောင်း
ပေါ်ကိုတည့်တည့်ကျခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ်။
"တိုက်ပွဲက မြို့အနားပတ်ချာလည်မှာဖြစ်နေတာ။ လေကြောင်းလည်းအရမ်းကြဲတာ
ဟုတ်တယ်။ မနေ့ဆို Y-12 ရော ဂျက်ရောလာကြဲတာ။ စစ်တပ်ဘက်က ၃ ယောက်သေတာက ကျနော်တို့သိတဲ့ဟာ။ တကယ့်မြေပြင်မှာဖြစ်တဲ့တိုက်ပွဲတွေမှာ ဘယ်လောက်တောင်ထိလို့လေကြောင်းလာလဲမသိဘူး" လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အခုရက်ပိုင်းမှာ ရွှေကူမြို့နယ်အပြင် ကသာ၊ အင်းတော်၊ မော်လူးမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာနေသလို စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဇူလိုင်လ၇ရက်နေ့က ကသာမြို့နယ်ထဲက ပင်းမလွတ်ရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှာထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။မြေပြင်တိုက်ပွဲမှာအထိနာနေတဲ့စစ်တပ်က လေယာဉ်နဲ့ဗုံးအလုံး၄၀ကျော်ကြဲချသွားတယ်လို့ ဒေသတွင်း စစ်ရေးနဲ့လုံခြုံ ရေးသတင်းတွေဖော်ပြပေးနေတဲ့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲမှာစစ်တပ်ဘက်ကရုပ်အလောင်းတွေနဲ့လက်နက်ခဲယမ်းတွေကို တော်လှန်ရေးတပ်တွေကရရှိခဲ့တယ်လို့ IR ကဖော်ပြပါတယ်။
မန္တလေး-မြစ်ကြီးနားကားလမ်းပေါ်မှာရှိတဲ့အအင်းတော်မြို့နယ် နဘားလမ်းဆုံအနီးတဝိုက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ဇူလိုင်လဆန်းက တိုက်ပွဲတွေမှာ အင်းတော်မြို့နယ်အတွင်း မြစ်ကြီးနား-ရွှေဘို မီးရ
ထားလမ်းပေါ်က မဲဇာရွာနဲ့ နန့်သဲရွာကနေ
တော်လှန်ရေးတပ်တွေဆုတ်ခွာခဲ့ရပေမယ့် တခြားစစ်မျက်နှာတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။
ရွှေကူမြို့နယ်နဲ့ဆက်စပ်နေတဲ့ ငါးအိုးဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဇွန်လအတွင်းက လက်လွှတ်ခဲ့ရတဲ့ စခန်းတချို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
အင်းတော်၊ ကသာ၊ ရွှေကူ၊ ငါးအိုးဒေသတွေဟာ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်း
ပြည်နယ်ဆက်စပ်နေတဲ့ ဒေသဖြစ်ပြီး တိုက်ပွဲဧရိယာကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေး
မြန်းနေဆဲဖြစ်ပါတယ်။KIA နဲ့ ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့နေရာတွေကို စစ်တပ်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဆက်ပြင်းထန်နိုင်ကြောင်းနဲ့လေကြောင်းအန္တရာယ်
၊ လုံခြုံရေးအန္တရာယ်တွေကိုသတိပြုကြဖို့ ဗိုလ်မှူးကြီးနော်ဘူက ဇွန်လကုန်ပိုင်းမှာ ပြောထားပါတယ်။ | 604 |
| 5 | بدون متن... | 526 |
| 6 | မုန်းမြို့နယ်မှာ စစ်တပ်ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံး
ဇူလိုင် ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်း(မူး)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၆ရက်က မုန်းမြို့နယ် နိုကလော်ကျေးရွာအနီး စစ်တပ်ထောင်ထားတဲ့ မိုင်းကို အသက် ၁၈နှစ်နဲ့ အသက် ၂၇နှစ်အရွယ် ဒေသခံ အမျိုးသား ၂ဦးဟာ မိုင်းကို မတော်တဆနင်းမိကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် ၁ဦးဟာ အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့တာ ဖြစ်ပြီးကျန် ၁ဦးဟာ ဆေးကုသဖို့ ဆေးရုံ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့တာလို့ အသိပေးထားပါတယ်။
စစ်တပ်ဟာ စစ်ရေးလှုပ်ရှားမှုမရှိတဲ့ အရပ်သား ပြည်သူတွေ နေ့စဉ် သွားလာလှုပ်ရှားနေတဲ့ နေရာတွေကို မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ် သွားလာလှုပ်ရှားမှုတွေကို ခြိမ်းခြောက်လျက်ရှိတယ်လို့ KNUက ထုတ်ပြန်ပါတယ်။ ဒီလို မိုင်းတွေကြောင့် ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေကို လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုတွေလည်း ဆက်တိုက် ပြုလုပ်လျက်ရှိပြီး အရပ်သား သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။ | 529 |
| 7 | بدون متن... | 560 |
| 8 | ကွတ်ခိုင်က KIA ဂိတ်ဖျက်ဆီးမှု ကိုးကန့်တပ် ပြန်တောင်းပန်၊ ဂိတ် ပြန်ပြင်ပေး
ဇူလိုင် ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဇူလိုင် ၈ရက် ညနေပိုင်းမှာ မော်ဟန်ဂိတ်ကို ကိုးကန့်တပ်တွေ ရောက်လာပြီး အထက်အမိန့်ဟုဆိုကာ ဖျက်ဆီးခဲ့တာပါ။ ဒါ့အပြင် KIA ရဲဘော်ကို ရိုက်နှက်ခဲ့ပါသေးတယ်။
“သူတို့ အထက်အမိန့်ဆိုပြီးမှ သူတို့ဒေသခံ ခရိုင်မှူးက ညွှန်ကြားတာ။ ဗဟိုရဲ့ ညွှန်ကြားချက်မပါဘူး။ သူတို့ဟာ သူတို့လုပ်တာ။ အဲဒီတော့ ဗဟိုကနေ ပြန်ပြီးတော့ ညွှန်ကြားပြီး ဖျက်ဆီးလိုက်တဲ့ ဂိတ်တွေကို သူတို့ လာလုပ်ပေးတာပေါ့။ သူတို့ ပြန်တောင်းပန်တာ” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီဂိတ်ကို ကိုးကန့်တပ်လာဖျက်ဆီးတဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာ ဖော်ပြမှုတွေရှိခဲ့ရာ ကိုးကန့်တပ်ရဲ့ ရေကားကို KIAက အခွန်ကောက်တဲ့အပေါ် ဒေသခံ ခရိုင်မှူးဆိုသူက ဂိတ်ဖျက်ဖို့ ခိုင်းစေခဲ့တာလို့ သိရပါတယ်။
KIA အနေနဲ့ ကိုးကန့်တပ်ဖွဲ့ယူနီဖောင်းနဲ့လာတဲ့ ကားတွေကို အခွန်ကောက်တာ မရှိဘူးလို့လည်း KIA တပ်မှူးက ပြောကြားခဲ့တာကိုလည်း ရုပ်သံမှာ ကြားရပါတယ်။
အခုလို ကိစ္စရပ်တွေကို လူကြီးချင်းညှိနှိုင်းဖြေရှင်းဖို့ အောက်ခြေ ရဲဘော်တွေကို ရိုက်နှက်တာ၊ ဂိတ်ကိုဖျက်ဆီးတာတွေ မလုပ်ဖို့လည်း KIA တပ်မှူးက ပြောကြားခဲ့တာ တွေ့ရပါတယ်။
“ကျနော်တို အချင်းချင်း မသိတာလည်း မဟုတ်ဘူး။ သူငယ်ချင်းလည်း ဟုတ်တယ်။ ပြောစရာရှိတာ လူကြီးအချင်းချင်း ပြောရအောင် ။ ဘာလို အောက်ခြေရဲဘော်တွေကို ရန်လာရှာလဲ” လို KIA တပ်မှူးက မေးမြန်းရာ KIA ဂိတ်က အခွန်ကောက်လို အထက်က လာဖျက်ဆီးခိုင်းတာလို MNDAA အရာရှိက ပြောပါတယ်။
“ကျနော်တို အခွန်ကောက်တာ ဌာနချုပ် အမိန့်နဲ့ ကောက်တာ ကျနော်တို့က။ ခင်ဗျားတို အဖွဲ့က မကောက်နဲ့ ဆို ကျနော်တိုက MNDAA လက်အောက်ခံ အဖွဲတွေ လည်းမဟုတ်ဘူး။ ကျနော်တိုက သပ်သပ်လေ။ မင်းတို အခွန်မကောက်နဲ့လို ကျနော်တို ပြောလိုရလား” လို KIA တပ်မှူးက မေးမြန်းခဲ့ပါတယ်။
KIAဟာ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အပါအဝင်ဒေသအချို့ကို ထိန်းချုပ်ထားသလို ကိုးကန့်တပ်ကလည်း ကွတ်ခိုင်မြို့ကို ထိန်းချုပ်ထားတာပါ။ မူလက ကွတ်ခိုင်မြို့ကို တအာင်းတပ်မတော်(TNLA)က သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး အခုနှစ်မတ်လမှာ မဟာမိတ်ဖြစ်တဲ့ MNDAAက ကွတ်ခိုင်မြို့တွင်း အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းကာ မြို့ကို ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ | 588 |
| 9 | (အာဏာသိမ်းစစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ) | 1 306 |
| 10 | မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေး ဘန်ကောက်မှာ ကျင်းပမယ်
ထိုင်း ကမကထပြုတဲ့အစည်းအဝေးမှာ စစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ဖို့ရှိ
ဇူလိုင်-၁၂၊ ၂၀၂၆။ People’s Spring
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ လာမယ့်တနင်္ဂနွေနေ့ ဇူလိုင် ၁၂ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ့အရေးအထူးအစည်းအဝေးတရပ်ကျင်းပသွားမှာဖြစ်ပြီး အဲဒီအစည်းအဝေးကို အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေလည်း တက်ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။
ထိုင်းသတင်းဌာန Thai PBS ရဲ့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ဘန်ကောက်မှာကျင်းပမယ့် အဲဒီအစည်းအဝေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးအားလုံး တက်ရောက်ဖို့ အတည်ပြုထားပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီး အခြေအနေတွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိပ်တန်းနိုင်ငံရေးကိုယ်စားလှယ်တွေကို အာဆီယံက တက်ရောက်ခွင့် ပိတ်ပင်ပြီးကတည်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီးတို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုလည်း ဖြစ်လာမှာပါ။
ဇူလိုင် ၉ရက် မနေ့က မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့မှာ ပြုလုပ်ခဲ့တဲ့ မလေးရှားဝန်ကြီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအထူးအစည်းအဝေးဖြစ်မြောက်ဖို့ ဆောင်ရွက်ပေးတဲ့ ထိုင်းနိုင်ငံရဲ့အခန်းကဏ္ဍကို မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က ချီးကျူးခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်အနုတင်က မလေးရှားကို နှစ်ရက်ကြာခရီးစဥ် ရောက်ရှိနေတာပါ။
အခု လူချင်းတွေ့ဆုံကြမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးကို ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က အဆိုပြုကြိုးပမ်းခဲ့တာဖြစ်ပြီး စစ်တပ်ရွေးကောက်ပွဲတွေအပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ထိတွေ့ဆက်ဆံဖို့ တောင်းဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီအစောပိုင်းတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး ဧပြီမှာ လွှတ်တော်ခေါ်ယူကာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပဲ သမ္မတရာထူးယူ၊ အရပ်သားအမည်ခံအစိုးရဖွဲ့ခဲ့ပါတယ်။ အဲဒီစစ်ရွေးကောက်ပွဲရလဒ်တွေကို ရုရှား၊ တရုတ်၊ ဘီလာရုစ်၊ မြောက်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေက အသိအမှတ်ပြုခဲ့ကြပြီး အာဆီယံအနေနဲ့ အခုအချိန်အထိ အသိအမှတ်မပြုသေးပါဘူး။
Thai PBS ရဲ့ သတင်းရင်းမြစ်က လက်ရှိမှာ အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံကပဲ အာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်ရေးအဖွဲ့ကို အသိအမှတ်ပြုဖို့ ကန့်ကွက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ရပ်ကို တိုးတက်မှု မလုပ်နိုင်ဘဲ အာဆီယံအနေနဲ့ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုအဖြစ် ဘယ်လိုသတ်မှတ်ရမလဲဆိုတာ အဲဒီအဖွဲ့ဝင်နှစ်နိုင်ငံက ထောက်ပြနေတယ်လို့ ဆိုပါတယ်။
အာဆီယံတစုံလုံးအနေနဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ပြန်လည်ထိတွေ့၊ မတွေ့က လာမယ့်တနင်္ဂနွေနေ့ အစည်းအဝေးအပေါ် အများကြီး မူတည်နေတယ်လို့ သိရပါတယ်။
အဲဒီအစည်းအဝေးကို လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလာဇိုရိုက သဘာပတိအဖြစ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အခု ဘန်ကောက်အထူးအစည်းအဝေးအပြီးမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအပါအဝင် မြန်မာ့တော်လှန်ရေးအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးအကြံပြုမှုတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ကိုးကား - Thai PBS | 1 269 |
| 11 | بدون متن... | 1 255 |
| 12 | ■ဆောင်းပါး
ချို့တဲ့နေသောကျန်းမာရေးစနစ်နှင့် ပိုမိုကြီး
မားလာသည့် ကင်ဆာရောဂါဝန်ထုတ်ဝန်ပိုး
ကိုသုညံရေးသားသည်။
မြန်မာနိုင်ငံတွင် ကင်ဆာရောဂါသည် တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုကြီးတခုဖြစ်ပြီး အသက်အရွယ်မရွေး လူတိုင်းအတွက် အန္တရာယ်ရှိနေသည့် အခြေအနေဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံ
တကာကင်ဆာသုတေသနအေဂျင်စီ (IARC) တို့မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကင်ဆာရောဂါအခြေအနေဆိုင်ရာ အစီ
ရင်ခံစာတွင် ဖော်ပြထားသည်။
ဤအစီရင်ခံစာသည် ကမ္ဘာတဝန်းရှိ ကင်ဆာရောဂါဖြစ်ပွားမှုလမ်းကြောင်းများကို စောင့်ကြည့်လေ့လာရန်နှင့် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေးစနစ်များ ချို့တဲ့မှုကြောင့် ကင်ဆာရောဂါ ဝန်ထုပ်ဝန်ပိုးပိုမိုကြီး
မားလာမှုကို မီးမောင်းထိုးပြရန် ဖြစ်သည်။
အစီရင်ခံစာအရ ကင်ဆာရောဂါသည် တကမ္ဘာလုံးအတိုင်းအတာဖြင့် သေဆုံးမှုနှုန်း အမြင့်ဆုံးရောဂါများထဲတွင် ဆက်လက်တည်ရှိနေပြီး၊ အရင်းအမြစ်နည်းပါးသော နိုင်ငံများတွင် ရောဂါရှာဖွေကုသမှုအပိုင်း၌ ကွာဟချက်များမှာ ပိုမိုကျယ်ပြန့်လာကြောင်း ထောက်ပြထားသည်။
မြန်မာနိုင်ငံကဲ့သို့ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ကျန်းမာရေးစနစ် ပြိုလဲမှုများ ကြုံတွေ့နေရသည့် နေရာများတွင် ဤကိန်းဂဏန်းများ
သည် ပိုမိုဆိုးရွားလာသည့် လက္ခဏာရပ်များကို ပြသနေသည်။
ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နှစ်စဉ် ကင်ဆာရောဂါအသစ် ဖြစ်ပွားသူဦးရေမှာ ခန့်မှန်းခြေ ၈၀,၀၀၀ မှ ၉၀,၀၀၀ ဝန်းကျင်အထိ ရှိနေပြီး ကင်ဆာရောဂါကြောင့် နှစ်စဉ်သေဆုံးသူဦးရေမှာ ၆၀,၀၀၀ ဝန်းကျင်အထိ မြင့်မားနေကြောင်း တွေ့ရှိရသည်။
ဤကိန်းဂဏန်းများသည်နိုင်ငံအတွင်းရှိ ဆေး
ရုံဆေးခန်းများ၏ စွမ်းဆောင်ရည် ကျဆင်းမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လစ်ဟာမှုများကြောင့် ရောဂါရှာဖွေရေးတွင် အချိန်နောက်ကျခြင်းနှင့် ကုသမှုမပြည့်စုံခြင်းတို့ကြောင့်ပင် ဖြစ်သည်။
ကင်ဆာအမျိုးအစားများထဲတွင် အဆုတ်ကင်ဆာသည် အဖြစ်အများဆုံးအဖြစ် ဆက်
လက်တည်ရှိနေပြီး အမျိုးသားများတွင် ပိုမိုအဖြစ်များသည်။
အမျိုးသမီးများတွင်မူ ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာတို့မှာ အဓိကသေဆုံးမှုများသော ကင်ဆာများဖြစ်သည်။
အသည်းကင်ဆာဖြစ်ပွားမှုမှာလည်း အသည်းရောင်အသားဝါပိုး B နှင့် C ပိုးရှိသူများတွင် တွေ့ရသည့် ပုံမှန်နှုန်းထားအတိုင်း မြင့်မားနေဆဲဖြစ်ပြီး၊ ယင်းရောဂါသည်များအနေဖြင့် ပုံမှန်စစ်ဆေးမှုနှင့် ကုသမှုမရရှိပါက အသည်းကင်ဆာအဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားနိုင်သည့် အနေအထားဖြစ်သည်။
နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ကျန်းမာရေးဝန်ဆောင်မှုများ ကျဆင်းသွားခြင်းသည် ကင်ဆာရောဂါလူနာများအတွက် သေဆုံးမှုနှုန်းကို မြင့်တက်စေသည့် အဓိကအချက်ဖြစ်သည်။
ကျန်းမာရေးအသုံးစရိတ်လျော့နည်းသွားခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပြိုလဲသွားခြင်းတို့ကြောင့် ယခင်က ကင်ဆာလူနာများအတွက် ထောက်ပံ့ပေးနိုင်ခဲ့သည့် အခမဲ့ဆေးဝါးအစီအစဉ်များနှင့် ပံ့ပိုးမှုများမှာ ရပ်တန့်လုနီးပါးဖြစ်ခဲ့သည်။
ကင်ဆာလူနာများသည် ကိုယ်ပိုင်ငွေကြေးဖြင့်သာ ကုသမှုခံယူရသဖြင့် ကုသမှုအစီ
အစဉ်များ ပြတ်တောက်သွားခြင်းကို ကြုံတွေ့နေရသည်။ ထို့အပြင် ဓာတ်ရောင်ခြည်ကုသမှုဆိုင်ရာ စက်ပစ္စည်းများမှာလည်း ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းနှင့် အပိုပစ္စည်းရှားပါးခြင်းများသည် ကင်ဆာကြောင့် သေဆုံးနှုန်း ကိန်းဂဏန်းများမြင့်တက်လာရခဲ့သည်။
ကင်ဆာရောဂါအတွက်အဓိကကျသော ကာ
ကွယ်ခြင်းနှင့် စောစီးစွာ ရှာဖွေခြင်းလုပ်
ငန်းစဉ်များတွင်လည်း အကြီးအကျယ်
နှောင့်နှေးသွားသည်။
ကျန်းမာရေးဝန်ထမ်းများ ပြတ်လပ်မှုကြောင့် ကျေးလက်ဒေသများတွင်ရောဂါရှာဖွေမှု အစီ
အစဉ်များ လုံးဝနီးပါး ရပ်ဆိုင်းသွားပြီး၊ လူနာများသည် ရောဂါအဆင့် ၃ သို့မဟုတ် ၄ အထိ ရောက်ရှိမှသာ ရောဂါကို သိရှိနိုင်တော့သည့် အနေအထားမျိုး ဖြစ်လာသည်။
ဤသည်မှာ မြန်မာနိုင်ငံရှိ ကင်ဆာလူနာများအတွက် အသက်ရှင်နိုင်ခြေကို အလွန်နည်း
ပါးစေသည့်အဓိကအကြောင်းအရင်း ဖြစ်
သည်။
ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကင်ဆာရောဂါအခြေအနေဆိုင်ရာ အစီရင်
ခံစာတွင် ဖော်ပြထားသည့် ကိန်းဂဏန်းများသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် ချက်ချင်းလက်ငင်း ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတကာအကူအညီများ လိုအပ်နေကြောင်းကို ပြသနေပါသည်။
စစ်အာဏာရှင်လက်အောက်တွင်ကင်ဆာရော
ဂါသည် လူနာတဦးတည်း၏ ပြဿနာမဟုတ်တော့ဘဲ နိုင်ငံတနိုင်ငံလုံး၏ကျန်းမာရေးစနစ် ကျဆုံးမှု၏ အကျိုးဆက်တစ်ခုအဖြစ် ရှုမြင်ရမည်ဖြစ်သည်။
အနာဂတ်တွင် ကင်ဆာရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ပုံငွေများ ပွင့်လင်းမြင်သာစွာ သုံးစွဲခြင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ လုံခြုံရေးနှင့် ကျွမ်းကျင်မှုကို မြှင့်တင်ခြင်း၊ နှင့် လူနာများအတွက် ဆေးဝါးရရှိနိုင်မှုအား ပြန်လည်လုပ်ဆောင်ပေးခြင်းတို့မှာမဖြစ်မနေ လိုအပ်နေသောအချက်များဖြစ်သည်။ ။
(ကိုးကား -ကမ္ဘာ့ကျန်းမာရေးအဖွဲ့ -WHOနှင့် နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ- IARCတို့မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကင်ဆာရောဂါအခြေအနေဆိုင်ရာ အစီ
ရင်ခံစာ) | 1 325 |
| 13 | (စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ငိုကြွေးနေစဉ်။ ဓာတ်ပုံ - Ministry Of Social Development, Government Of Chinland) | 1 795 |
| 14 | ချင်းပြည်မှာ စစ်တပ်ဗုံးကြဲမှုတွေကြောင့် ဇွန်လအတွင်း အရပ်သား ၈ ဦးထက်မနည်းသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ
ဇူလိုင်-၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်အတွင်း စစ်တပ်က လေကြာင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇွန်လအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၈ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ပူးဇာထောင်းက ပြောပါတယ်။
ချင်းပြည်မှာ ဇွန်လအတွင်း အရပ်သား သေဆုံးထိခိုက် အခြေအနေကို ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဇူလိုင် ၉ရက်မှာ ထုတ်ပြန်ခဲ့ရာ အမျိုးသမီး ၃ဦး၊ အမျိုးသား ၅ဦး စုစုပေါင်း ၈ဦး စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု အသိပေးထားပါတယ်။
စစ်တပ် လက်ချက်ကြောင့် အရပ်သား ၁၇ဦး ဒဏ်ရာရရှိခဲ့ရာ လေကြောင်းဗုံးကြဲခံရမှုကြောင့် ၁၆ဦး၊ စစ်တပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ၁ဦး ဒဏ်ရာရခဲ့ပြီး မိုင်းနင်းမိတဲ့ ပြည်သူ ၁ဦး ခြေတဖက် ဆုံးရှုံးရတယ်လို့ လည်း အသိပေးထားပါတယ်။
“မင်းတပ်မြို့နယ် ၃ဦး၊ ကန်ပက်လက်မြို့နယ် ၅ဦးသေဆုံးပါတယ်။ ဇိုဖေရမ်းဒေသ ၆ဦးနဲ့ ကန်ပက်လက် စစ်ရှောင် ၁၀ဦး ဒဏ်ရာရတယ်။ဖလမ်းမြို့နယ်မှာ ၁ဦး နင်းမိုင်းထိတယ်” လို့ ဝန်ကြီး ပူးဇာထောင်းက ပြောပါတယ်။
အပြစ်မဲ့ ပြည်သူတွေအပေါ် အကြောင်းမဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် လုံး၀ ရှုတ်ချကြောင်းလည်း ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်ကို လေကြောင်း ပစ်ကူ အများအပြားသုံးထိုးစစ်ဆင်နေသလို ဟားခါးနဲ့ ထန်တလန်စတဲ့ ချင်းမြောက်ပိုင်းဒေသတွေကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ချင်းတောင်ပိုင်းက မင်းတပ်ဒေသကို အများဆုံးဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ ဇူလိုင် ၁၀ရက် မနက် အစောပိုင်းမှာ လည်း Y12 လေယာဉ်နဲ့ အတွဲလိုက်ဗုံးတွေ ၁၀ကြိမ် ဗုံးအလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။ ဒါ့အပြင် ကန်ပက်လက်မြို့နယ်ကိုလည်း စစ်တပ်က ဒီကနေ့မနက်မှာလည်း လေကြောင်းတိုက်ခိုက်နေတယ်လို့ ဒေသခံက ဆိုပါတယ်။ | 1 789 |
| 15 | (ထောက်ရှာပင် ကျေးရွာကို စစ်တပ်က မီးရှို့နေတာကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - အညာမြေတပ်ပေါင်းစုအညာမြေတပ်ပေါင်းစု) | 1 762 |
| 16 | ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ထောက်ရှာပင်ရွာ မီးရှို့ဖျက်ဆီး
ဇူလိုင်-၁၀၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ထောက်ရှာပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။
မြိုင်-ပေါက်လမ်းပိုင်းပေါ်က ထောက်ရှာပင်ရွာကို ဒီကနေ့(ဇူလိုင် ၁၀ ရက်)မနက် ၈ နာရီခန့်မှာ မီးရှို့ပြီး စစ်ကြောင်းက အနောက်ဘက်ကို စတင်ထွက်ခွာနေတယ်လို့ ဆိုပါတယ်။
" တွင်းမက စစ်ကြောင်းက မနေ့က ထောက်ရှာပင်ရွာကို ရောက်တယ်။တညလုံး တပ်စွဲပြီး ဒီမနက်မီးရှို့နေတာ။ ဘယ်နှစ်လုံးပါသွားလဲတော့ မသိရသေးဘူး"လို့ ပေါက်မြို့နယ်စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
စစ်ကြောင်းအန္တရာယ်ကြောင့် ပေါက်နဲ့ မြိုင် ဒေသတွင်းက ကျေးရွာ အနည်းဆုံး ၇ရွာထက်မနည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ အသိပေးပါတယ်။
စစ်ကြောင်းဦးတည်မယ့်နေရာကို မခန့်မှန်းနိုင်သေးတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကြောင်း၊ လေကြောင်း သတိပြုဖို့ အညာမြေတပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။
ဇူလိုင် ၄ ရက်ကလည်း ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီး ဒေသခံအရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လက ပေါက်မြို့နယ် ရေပြာရဲစခန်းနဲ့ ကုက္ကိုလ်စု ပြည်သူ့စစ်ရွာတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အင်အားအလုံး အရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်လာတာလို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်က ဆိုပါတယ်။
"အခုစစ်ကြောင်းက ပေါက် -မြိုင်လမ်းပိုင်းအနီးကို တက်လာတယ်။ရေပြာတို့ ကုက္ကိုလ်စုတို့ဘက်ကို လာတာလို့ ယူဆတယ်"လို့ သူက ပြောပါတယ်။
မြိုင်မြို့နယ်က သရက်ကန်ပြည်သူ့စစ်ရွာ၊ပေါက်မြို့နယ်က ကုက္ကိုလ်စုပြည်သူ့စစ်ရွာနဲ့ ရေပြာရဲစခန်းတွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ပြီးနောက် ဇွန်လ ၁၂ ရက်မှာ စစ်တပ်က တပ်မ(၁၀၁)ကနေ အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
မြိုင်မြို့နယ် ၊ ကိုင်းတောမကျေးရွာအနီးက တိုက်ပွဲတွေမှာ တပ်မ(၁၀၁) စစ်ကြောင်း တိုက်ခံရပြီး အရာရှိတွေ အပါအ၀င် ၅၀ ထက်မနည်း ထိခိုက်သေဆုံးကာ ခဲယမ်းအများအပြားနဲ့ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ၊ယာဉ်ယန္တယားတွေ သိမ်းဆည်းရရှိတယ်လို့Magway - PDFက ဇွန်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အထိနာခဲ့တဲ့စစ်တပ်က ဇွန်လ နောက်ဆုံးပတ်မှာ ပခုက္ကူမြို့ကနေအင်အား ၅၀၀ ၀န်းကျင်ထပ်မံအင်အားဖြည့်ပြီး ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းတွေ ရောက်လာတာ ဖြစ်ပါတယ်။ | 1 712 |
| 17 | بدون متن... | 1 310 |
| 18 | နဲ့ ဆုံရမှာ ကြောက်ရွံ့ထိတ်လန့်ကြရတယ်။ ပစ်ခတ်သတ်ဖြတ်သွားမလား၊ လူသားဒိုင်းအဖြစ်သုံးမလား၊ ပေါ်တာဆွဲစစ်သားလုပ်ခိုင်းမလား စတဲ့ အခြေအနေတွေ မကြုံရဖို့ အ
ညာသားတွေ မလိုအပ်ဘဲ ရွာအပြင် မထွက်ကြသလို စစ်ကြောင်းလာတယ်ဆိုတဲ့ သတင်းတွေကြားရင်လည်း ထွက်ပြေးတိမ်းရှောင်ကြရတာပါပဲ။ တချို့ရွာသားတွေဆို ရွာနဲ့ သိပ်မဝေးတဲ့ ကားလမ်းမဆီကို မရောက်တာ နှစ်ချီကြာနေတဲ့အထိ စစ်တပ်ရန်ကို ရှောင်ရှားကြပါတယ်။
တဖက်မှာလည်း မြို့ပြဆီမှာ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေလုပ်ကြတဲ့သူအချို့လည်း ရွာကို ပြန်မလာရဲကြတော့ပါဘူး။ စစ်တပ်လက်အောက်ခံတွေနဲ့ ဆက်နွယ်သူအချို့လည်း ရွာမှာမနေရဲဘဲ ပြောင်းရွှေ့သွားကြတာမျိုးရှိတော့ ရွာတွေဟာ တစတစ ပိုခြောက်ကပ်လာပါတော့တယ်။
ဒီလို အရာရာရှားပါး အန္တရာယ်များတဲ့ အရပ်မှာ နေသင့်ကြရဲလားမေးရင် ဖြေဖို့တော့ ခက်ကြမှာပါ။ ဒီမှာ မနေရင် ဘယ်မှာ နေကြမလဲ မေးခွန်းအတွက် ရွေးချယ်စရာနည်းတဲ့ နွမ်း
ပါးသူတွေမှာ ဖြေစရာရှားမှာပါ။ဒါပေမဲ့
မခင်အေးတို့ရွာမှာရှိတဲ့ အိမ်ခြေ စုစုပေါင်းရဲ့ ၈ပုံ ၁ပုံဟာ လူနေထိုင်တာ မရှိတော့ဘဲ ပိတ်ထားတဲ့အိမ်အလွတ်တွေ ဖြစ်နေသလို ကျန်နေတဲ့ အိမ်အများစုမှာလည်း မိအိုဖအိုအချို့ ကလေးငယ်အချို့ သာ ကျန်နေကြတာပါ။ လူငယ်လူရွယ်အတော်ရှားတဲ့ အရပ်ဖြစ်နေပါပြီ။
မခင်အေးကတော့ သူ့သမီး ကျောင်းမနေရဘဲ အခုလို အလုပ်လုပ်ထွက်ရတာ ကိုဗစ်နဲ့ ကိုစစ်ကြောင့်လို့ အရပ်ထဲမှာ ပြောနေကျ စကားကို ပြောပါတယ်။ ကိုဗစ် ကပ်ရောဂါကာလမှာ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကတော့ အညာသူအညာသားတွေသာမက တနိုင်ငံလုံးက ပြည်သူလူထုတွေရဲ့လူမှုဘ
၀ကို ဆင်းရဲတွင်းဆီ နက်သထက်နက်အောင် တွန်းပို့လိုက်တာပါပဲ။
ဆင်းရဲခြင်းကို ပိုဆိုးရွားစေတဲ့ဇစ်မြစ်ပြ
ဿနာကို အဖြေရှာနိုင်မှသာ နောက်ဆက်တွဲ ဆိုးကျိုးတွေ အဖြေရှာနိုင်မယ့် လမ်းစ တွေ့နိုင်မှာကိုတော့ မခင်အေးတယောက် တွေးနေမိမယ်မထင်ပါဘူး။
မခင်အေး တွေးနေတာ ပြောပြတာကတော့ အဝေးရောက်တာ မကြာသေးတဲ့ သမီးဖြစ်သူကို သတိရကြောင်း လွမ်းနေကြောင်းပါပဲ။
သိပ်မကျယ်ဝန်းလှတဲ့ အိမ်ခြံဝန်းငယ်ထဲက မပျက်ပြယ်သေးတဲ့ သမီးကြီးရဲ့ ဖိနပ်ခြေရာ ရှိကြောင်း အသိပေးရင်း အခုလို ရေရွတ်လိုက်ပါတယ်။
“ဖိနပ်ခြေရာကြီးကို ကြည့်ပြီးငိုချင်တယ်” ။ | 1 346 |
| 19 | မခင်အေးနဲ့ တရွာတည်းသူ မဖြူဆိုရင်လည်း သမီးဖြစ်သူ ကလေးမအေကို မကြာသေးမီကမှ ရန်ကုန်ဆီလွှတ်ထားရတာပါ။ ရွာမှာ အ
လုပ်အကိုင် နေ့တိုင်းမရှိတော့ သမီးမြို့တက်သွားတော့ မြေးဖြစ်သူကို မဖြူတယောက် ထိန်းရင်း နေ့စဉ်စာဝတ်နေရေးအတွက်လည်း ရင်မောရင်းပေါ့။ တကယ်ခက်ခဲလာရင်တ
ကယ်ရင်မောရတာ ခက်ခဲဖူးသူတွေ ခံစားဖူးကြပါတယ်။
ဆယ်မိုင်လောက်ဝေးတဲ့ မြို့ကို ပြောင်းသွားတဲ့ ညီမတွေက ပံ့ပိုးလို့ မဖြူတို့ မိသားစု ဆန်ရိက္ခာ အတွက် အထိုက်အလျောက် ဖူလုံနေသေးပေမယ့် ရေရှည် စားဝတ်နေရေးအတွက် ယောက်ျားဖြစ်သူ အလုပ်ရဖို့ ရွာထဲ ခင်မင်ရာသူတွေဆီ အလုပ်စပ်(အလုပ်လုပ်စရာရှိရင် ခေါ်ဖို့ ဖိတ်ခေါ်တာ)ရင်း အိမ်လည်ရင်းနဲ့ ဘ၀အမော အထိုက်အလျောက်ဖြေလျှော့ဖြတ်သန်းနေရရှာတာပါ။
မဖြူတို့ မခင်အေးတို့ လိုမျိုး ကိုယ့်သားသမီးကို တနယ်တကျေး လွှတ်ရတဲ့မိဘတွေအများ
ကြီးရှိသလို အရွယ်မရောက်သေးတဲ့ ကိုယ့်ရင့်သွေးငယ်ကို အဘိုးအဘွားနဲ့ ထားခဲ့ပြီး အဝေးထွက် အလုပ်လုပ်နေရတဲ့ လူငယ်လူရွယ် မိဘတွေလည်း အများကြီးပါပဲ။
တချို့က ရန်ကုန်၊ မန္တလေးလို့ မြို့ကြီးတွေဆီ၊ တချို့က တရုတ်၊ ထိုင်းနယ်စပ်ဒေသတွေဆီ၊ တချို့ကျတော့ ထိုင်း၊ မလေးရှားအပါအဝင် နိုင်ငံရပ်ခြားဆီ သွားနေကြရတာပါ။တချို့က ပိုမိုကြီးပွားတိုးတက်လိုလို့၊တချို့ကပိုကောင်းတဲ့အနာဂတ်ကြုံရဖို့၊ တချို့ကျ လတ်တလော စားဝတ်နေရေးပြေလည်စေဖို့အတွက် ပျော်
သည်ဖြစ်စေ မပျော်သည်ဖြစ်စေ အိမ်နဲ့ ဝေးရာမှာ နေထိုင်ကြရတာပါ။
အိမ်ခြေ ရာဂဏန်းမပြည့်တဲ့ မခင်အေးတို့ ရွာမှာတင် သမီးလေးကို ထားပြီး မလေးရှားကို ထွက်သွားကြရတဲ့ မိဘတွေ၊ သားငယ်ကို ထားခဲ့ပြီး ရန်ကုန်အလုပ်သွားလုပ်တဲ့ မိခင်၊မိဘညီအကိုမောင်နှမတွေ ကိုခွဲပြီး မလေးရှားကို သွားရတဲ့ အထက်တန်းကျောင်းသား၊ မိသားစုဝမ်းရေးအတွက် တရုတ်ပြည်အလုပ်လုပ်နေတဲ့ မိန်းကလေးငယ် တော်တော်များများကို ရှိပါတယ်။
နိုင်ငံရပ်ခြားဆိုလို့ တရားဝင်သွားရတာမျိုးမဟုတ်ဘဲ အောက်လမ်းလို့ ခေါ်တဲ့ တရားမဝင် သွားရောက်ကြရတဲ့ အလုပ်မျိုးပါ။ ဂျပန်၊ ကိုရီးယား နိုင်ငံတွေဆီ တရားဝင်သွားအလုပ်
လုပ်ကြတဲ့ သူအချို့လည်း ရှိပေမဲ့ သူတို့က တောင်သူကြီး(ယာဧကအများအပြားပိုင်ဆိုင်တဲ့)မိသားစု ဒါမှမဟုတ် မြို့မှာရောက်နေတဲ့ ဆွေးမျိုးတွေရဲ့ ပံ့ပိုးမှုကြောင့် သွားရတာမျိုးပါ။ဒါဟာ အညာက ရွာငယ်ငယ်လေးတခုက နေရပ်စွန့် အဝေးကိုထွက်ခွာအလုပ်လုပ်ကိုင်ကြရတဲ့ ပမာဏ ဖြစ်ပြီး ရွာကြီးလေ အိမ်ခြေများလေ မြို့ပြနဲ့ နိုင်ငံရပ်ခြား ထွက်ခွာရတဲ့သူ ပိုများလေလို့ ခန့်မှန်းနိုင်ပါတယ်။
အခုအချိန်မှာတော့ စစ်သားစုဆောင်းခံရမှာ စိုးရိမ်လို့ နိုင်ငံရပ်ခြားသွားကြတဲ့ လူငယ်အချို့တောင် ရှိလာပါပြီ။ ဒါကတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတဝန်း အရွယ်
ရောက်တဲ့ သားရှင် မိဘတွေအများစု ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြဿနာကြီး တရပ်ဖြစ်ပါတယ်။
●စစ်အာဏာသိမ်းမှုနဲ့အတူဖြစ်ပေါ်လာတဲ့ ကိုယ်၊ စိတ်၊ ဘ၀ မလုံခြုံမှုတွေ
အရာရာရှားပါးတဲ့ အညာဒေသ(အညာဒေသတိုင်းကိုဆိုလိုတာမဟုတ်ဘဲ မြန်မာမှာသာမက ကမ္ဘာ့အပူဆုံးဒေသ)ဟာ စစ်တပ်အာ
ဏာသိမ်းမှု နောက်ဆက်တွဲဒဏ်တွေကို အ
ခြား ဒေသတွေနည်းတူ တွေ့ကြုံခံစားကြရတာပါပဲ။
အာဏာမသိမ်းမီ ကာလတွေတုန်းက လမ်းဆိုလမ်း၊ လျှပ်စစ်မီးဆို လျှပ်စစ်မီး စတဲ့ ကျေး
ရွာဖွံ့ဖြိုးရေးဆိုင်ရာတွေကိုလွှတ်တော်အမတ်တွေကတဆင့် ရရှိခံစားရတာ တောင်းဆိုနိုင်တာတွေ ရှိခဲ့ပါတယ်။ကိုယ်ဝန်ဆောင်၊ သက်
ကြီးရွယ်အို၊မသန်စွမ်း နဲ့ ကိုဗစ်ထောက်ပံ့
ကြေးတွေ အစိုးရ ဆီက ရခဲ့ဖူးတဲ့ သူတွေအနေနဲ့အာဏာသိမ်းပြီးနောက်ပိုင်း အပြောင်း
အလဲကတော့ အရင်နဲ့ အတော်ကွာခြားသွားတာပါ။
သေနတ်သံတောင် အရင်က ကြားရလေ့မရှိခဲ့ဖူးတဲ့ အညာဒေသခံ ရွာသူရွာသားတွေဟာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ခုခံတော်လှန်မှုအားကောင်းတဲ့ဒေသတွေ အဖြစ် ပြောင်းပြီး ဗုံးသံ အမြောက်သံ၊ လေယာဉ်သံတွေတောင် ကြားလာရတာမျိုးပါ။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးတာ၊ ရွာတွေမီးရှို့တာ၊ စစ်ရှောင်ရတာ၊ နေအိမ်က ပစ္စည်းတွေအတင်း လုယူ ခိုးယူတာ၊ စစ်တပ်စစ်ကြောင်းမှာ လူသားဒိုင်းအဖြစ် လမ်းပြလုပ်ခိုင်းတာ၊ လူဖမ်းငွေညှစ်ခံရတာ၊ ပေါ်တာဆွဲခံရတာ စတာတွေကို အခြားဒေသတွေလို အညာမှာလည်း ကြုံရပါတယ်။
သေနတ်သံကြားရင် ကြောက်လန့်နေရတဲ့ အခြေအနေကနေ ဗုံးသံ၊ လက်နက်ကြီးသံ၊ စက်သေနတ်သံတွေ ကြားရင်တောင် အလုပ်
အကိုင် မပျက်တဲ့ အခြေအနေမျိုးထိ စစ်ရေးပဋိပက္ခဟာ နေ့စဉ်ဘ၀နဲ့ ရင်းနီးလာကြပါတယ်။
ကျန်းမာရေးကိစ္စ အသွားအလာခက်တော့ အရင်ထက်ပိုခက်လာသလို ကလေးငယ်တွေ ရောဂါကာကွယ်ဆေးထိုးတာတောင် ပုံမှန်မရှိတော့ပါဘူး။ ကလေးတွေ ပညာရေးကတော့ ကျောင်းတွေ ဖွင့်လိုက် ပိတ်လိုက်ပါပဲ။ သေ
နတ်သံတွေကို ကလေးငယ်တွေတောင် သိပ်မကြောက်တော့သလို အသားကျလာရတာပါ။
အညာဒေသခံတွေအထူးသဖြင့် အညာသားလူငယ်လူရွယ်တွေဟာလည်း အခြားဒေသတွေနည်းတူအာဏာသိမ်းစစ်တပ်စစ်ကြောင်း | 1 199 |
| 20 | ●ပြင်းထန်လာတဲ့ အညာဒေသ ရာသီဥတု
အညာဒေသလို့ ဆိုလိုက်တာနဲ့ မိုးခေါင်တဲ့အရပ်လို့ သာမာန်အားဖြင့် သိကြပေမဲ့ ဒေသခံ မဟုတ်တဲ့ သူတွေအနေနဲ့ ဆိုးရွာတဲ့ မိုးခေါင်မှုကို ရင်ဆိုင်ဖူးမှာ မဟုတ်လို့ မိုးခေါင်တဲ့အရသာကို သိကြမှာ မဟုတ်ပါဘူး။
အညာဟာ အပူ၊ အအေး အလွန်ပြင်းထန်တဲ့ အရပ်ဖြစ်သလို မိုးခေါင်ပြီဟေ့ဆိုရင် နိုင်ငံတဝန်း ရေကြီး၊ရေဘေးကြုံနေရတဲ့ နှစ်မျိုးမှာဆိုရင်တောင် အညာမှာ မိုးမရွာတာမျိုး၊ မိုးတွင်းကာလမှာတောင် လနဲ့ချီ မိုးမရွာတာမျိုးတွေ တကယ်ရှိခဲ့ပါတယ်။ နေရာကွက်ကျားရွာလေ့ရှိတဲ့ အရပ်မို့ တရွာနဲ့ တရွာ တော့ မတူဘူးပေါ့။
ဒါပေမဲ့ အညာရဲ့ ဒေသအများစုမှာ စိုက်ပျိုး
ရေးလုပ်ငန်းတွေအတွက် မိုးရေလိုအပ်တဲ့ ကဆုန်၊ နယုန်၊ ဝါဆို၊ဝါခေါင်(မေလကနေ ဇူလိုင်လဝန်းကျင်)တွေမှာ မိုးရာသီရဲ့ ထုံးစံက မိုးတိမ်တိုက်တွေ ဖြတ်သန်းသွားတာ၊ မိုးအုံ့တာ၊ မိုးဖွဲဖွဲကျတာ လောက်ပဲ ဖြစ်တာမို့ တောင်သူတွေ အခက်ကြုံကြရတာများပါတယ်။ ဧရာ၀တီလို မြစ်ဘေးနဲ့ ချောင်းဘေးနီးတဲ့ဒေသတွေမှာ ရေသွင်းစိုက်ပျိုးတဲ့နည်းနဲ့ အန်တုနိုင်ပေမဲ့ မခင်အေးတို့ နေထိုင်တဲ့ အရပ်ကတော့ တကယ်မိုးမရွာရင် စိုက်ပျိုးရေ မပြောနဲ့ သောက်သုံးရေပါ အခက်အခဲ ကြုံခဲ့ရ ကြုံနေရဆဲဒေသတွေဖြစ်ပါတယ်။
အညာကနွားတွေဆို မြက်ရှားလွန်းလို့ တမာရွက်ကို နွားစာအဖြစ်လုပ်ကျွေးခဲ့ရတဲ့ နှစ်တွေတောင် ကြုံခဲ့ရတာ အညာမှာ နေဖူးကြသူတိုင်းသိပါတယ်။
မခင်အေးတို့နေတဲ့ အရပ်ဒေသကတော့ ရာသီဥတုကြောင့် သီးနှံမရတာ ဒါမှမဟုတ် အရနည်းတာ ခြောက်နှစ်ဆက်တိုက်ရှိနေပါပြီ။ ဒေသရဲ့ အဓိက စိုက်ပျိုးသီးနှံတွေဖြစ်တဲ့ နှမ်း၊ မြေပဲနဲ့ ပဲစင်းငုံ သုံးမျိုးမှာ နှမ်းသီးနှံမရတာ၊ အများစု အရှုံးပေါ်တာ ၆ရာသီရှိပါပြီ။တပေါင်း၊ တန်ခူး (မတ်၊ဧပြီ ဝန်းကျင်) မှာ မိုးဦးကျကာလ စိုက်ပျိုးခဲ့တဲ့ နှမ်းဟာ အသီးအပွင့်ချိန်အရောက် မိုးရေမရလို့ အပွင့်တိတ်၊ အသီးမအောင်မြင်ဘဲ ဆုံးရှုံးရတာမျိုးပါ။ အချို့ရာသီမှာ အထွက်လျော့တာမျိုး ကြုံရပြီး အချို့ရာသီမှာတော့ နှမ်းပင်နှုတ်ခနဲ့လုပ်အားခ မကာမိလို့ ဒီအတိုင်းထွန်ယက်လိုက်ရတာမျိုး ကြုံရတာရှိပါတယ်။ မိုးအခေါင်ခံတဲ့ မြေပဲနဲ့ ပဲစင်းငုံသီးနှံကတော့ ရာသီတိုင်းလိုလိုရကြပြီး အထွက်များတာနည်းတာပဲ ကွာခြားမှုရှိတာပါ။
အခု နှစ်လည်း အညာဒေသက ပွင့်နီကပ်(နှမ်းပွင့်အဖြူလေးတွေဟာ မိုးမရလို့ အသီးအဖြစ် မပြောင်းလဲနိုင်ဘဲ နွမ်းခြောက်နီရဲသွားတာ) အသက်ကုန်သွားတဲ့ နှမ်းစိုက်ခင်းတွေက
တော့ မိုးဘယ်လောက်ရွာရွာ မှီတော့မှာ ပြန်ပြီး သီးပွင့်ကြတော့မှာ မဟုတ်ပါဘူး။ သီးနှံ
စိုက်ခင်းတွေ မအောင်မြင်တာ ပျက်စီးဆုံးရှုံးတာတွေရဲ့ နောက်ဆက်တွဲကတော့ အညာသူအညာသားတွေ အလုပ်အကိုင် ပိုမိုရှားပါးလာစေတာ အမှန်ပါပဲ။
●လုပ်အားခနည်းသလောက် အလုပ်အကိုင်ရှားတဲ့ အရပ်
အညာဒေသကျေးရွာအများစုဟာ တောင်ယာ
လုပ်ငန်းတွေ ရပ်နားထားရတဲ့ နွေကာလတခုလုံး အနားရထားတာဖြစ်လို့ မိုးဦးကျ ထွန်
ယက်စိုက်ပျိုးချိန်ကစလို့ ဆောင်းကာလ ရိတ်သိမ်းချိန်အထိ အလုပ်တွေ လုပ်ဖို့ အား
မွေး လုပ်ကိုင်ကြရတာပါ။ ရာဦဥတု အထိုက်
လျောက်မှန်တဲ့နှစ်တွေဆို နှမ်း၊မြေပဲ ၊ ပဲစင်းငုံ စိုက်ချိန် စိုက်၊ ပေါင်းနှုတ်ချိန် ပေါင်းနှုတ်၊ နှမ်းနှုတ်ချိန် နှမ်းနှုတ်၊ မြေပဲဖော်ချိန် မြေပဲနှုတ် ၊ မြေပဲဆွတ်၊ ပဲစင်းငုံ ခုတ်ချိန် ပဲစင်းငုံခုတ် ပဲစင်းငုံပုတ် စသဖြင့် အလုပ်တွေပုံမှန် လည်ပတ်နိုင်ကြပါတယ်။
ဒါပေမဲ့ ရာသီဥတု မူမမှန်တာ များလာတာနဲ့အမျှ ၊ စက်ပစ္စည်းကိရိယာတွေ ပိုသုံးလာတာနဲ့အမျှ၊ စိုက်ပျိုးမြေ ဧရိယာက တိုးမလာဘဲ လူဦးရေ တိုးပွားလာတာနဲ့အမျှ အလုပ်အကိုင်တွေ အရင်ကထက် ရှားပါးလာပါတော့တယ်။ လုပ်အားခဆိုရင်လည်းမနက်တချိန်စာလုပ်
အားခ( သုံးနာရီခွဲဝန်းကျင်)ကကျပ်ငါးထောင် ဝန်းကျင်သာရှိပါတယ်။ အလုပ်အမျိုးအစားပေါ် မူတည်ပြီး အမျိုးသား ၁ဦး ခုနှစ်ထောင်ကျပ်ထိရတာမျိုးလည်းရှိပါတယ်။အချို့အ
လုပ်တွေဆို အဲဒီထက်ပိုရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါတွေက ၂၀၂၆ ခုနှစ် နှစ်လည်ပိုင်းပေါက်စျေးပြီပြီး ဟိုးအရင် ငါးနှစ်ခြောက်နှစ်လောက်ကဆိုရင် အမျိုးသမီးတဦးရဲ့ တချိန်စာလုပ်အားခက၂၀၀၀ ကျပ်၊ အမျိုးသားတဦး ၂၅၀၀ ကျပ်ရယ်ပါ။
ဒါပေမဲ့ ကုန်ခဲ့တဲ့ ၅နှစ်က အမျိုးသမီးတယောက်ရဲ့အလုပ်ချိန်လေးချိန်(ကျပ် ၈၀၀၀)
ဟာ ဝက်သား တပိဿာ(တပိဿာ ၈၀၀၀ ကျပ်) ဝယ်စားနိုင်ပေမဲ့ ဒီအချိန်မှာ ဝက်သား တပိဿနာ စားနိုင်ဖို့ အလုပ်ချိန် ၆ချိန်လောက်လုပ်ရမှာ ပါ။ အားလုံးသိထားပြီးတဲ့အတိုင်း စစ်တပ်အာဏာသိမ်းပြီးနောက် တစတစ တက်လာတဲ့ ကုန်စျေးနှုန်း၊ တရှိန်ထိုး ကျဆင်းတဲ့ ငွေကြေးတန်ဖိုး တွေရဲ့ ဒဏ်ကို တနိုင်ငံလုံးနည်းတူ အညာသူအညာသားတွေလည်း ရင်ဆိုင်ကြရတာပါပဲ။
အဲဒီလိုလုပ်အားခနည်းပါးတာ၊ အလုပ်အကိုင်
ရှားပါးတာနဲ့ ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်း ပြဿနာတွေ ဟာ မခင်အေးတို့မျိုး အညာဒေသက မိသားစုတွေကို ပိုပြီးတကွဲတပြား ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်လာပါတော့တယ်။ | 1 051 |
