ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

CJ Platform

CJ Platform

الذهاب إلى القناة على Telegram

We are freedom and voices. Website Link: https://cjplatform.com/

إظهار المزيد
4 741
المشتركون
-224 ساعات
-117 أيام
-3430 أيام

جارٍ تحميل البيانات

سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
أكتوبر '26
أكتوبر '26
+55
في 4 قنوات
سبتمبر '26
+81
في 3 قنوات
Get PRO
أغسطس '26
+86
في 6 قنوات
Get PRO
يوليو '26
+77
في 4 قنوات
Get PRO
يونيو '26
+53
في 4 قنوات
Get PRO
مايو '26
+57
في 12 قنوات
Get PRO
أبريل '26
+33
في 6 قنوات
Get PRO
مارس '26
+40
في 8 قنوات
Get PRO
فبراير '26
+43
في 6 قنوات
Get PRO
يناير '26
+47
في 7 قنوات
Get PRO
ديسمبر '25
+41
في 8 قنوات
Get PRO
نوفمبر '25
+58
في 3 قنوات
Get PRO
أكتوبر '25
+57
في 7 قنوات
Get PRO
سبتمبر '25
+87
في 5 قنوات
Get PRO
أغسطس '25
+99
في 2 قنوات
Get PRO
يوليو '25
+80
في 6 قنوات
Get PRO
يونيو '25
+37
في 8 قنوات
Get PRO
مايو '25
+56
في 6 قنوات
Get PRO
أبريل '25
+94
في 2 قنوات
Get PRO
مارس '25
+238
في 8 قنوات
Get PRO
فبراير '25
+32
في 3 قنوات
Get PRO
يناير '25
+53
في 3 قنوات
Get PRO
ديسمبر '24
+97
في 7 قنوات
Get PRO
نوفمبر '24
+92
في 6 قنوات
Get PRO
أكتوبر '24
+126
في 5 قنوات
Get PRO
سبتمبر '24
+233
في 6 قنوات
Get PRO
أغسطس '24
+420
في 6 قنوات
Get PRO
يوليو '24
+1 021
في 6 قنوات
Get PRO
يونيو '24
+438
في 6 قنوات
Get PRO
مايو '24
+243
في 5 قنوات
Get PRO
أبريل '24
+308
في 9 قنوات
Get PRO
مارس '24
+454
في 11 قنوات
Get PRO
فبراير '24
+1 070
في 9 قنوات
Get PRO
يناير '24
+334
في 2 قنوات
Get PRO
ديسمبر '23
+354
في 4 قنوات
Get PRO
نوفمبر '23
+554
في 5 قنوات
Get PRO
أكتوبر '23
+161
في 14 قنوات
Get PRO
سبتمبر '23
+37
في 0 قنوات
Get PRO
أغسطس '23
+38
في 0 قنوات
Get PRO
يوليو '23
+33
في 0 قنوات
Get PRO
يونيو '23
+33
في 0 قنوات
Get PRO
مايو '23
+136
في 0 قنوات
Get PRO
أبريل '23
+325
في 0 قنوات
Get PRO
مارس '23
+185
في 0 قنوات
Get PRO
فبراير '23
+167
في 0 قنوات
Get PRO
يناير '23
+496
في 0 قنوات
Get PRO
ديسمبر '22
+353
في 0 قنوات
Get PRO
نوفمبر '22
+442
في 0 قنوات
التاريخ
نمو المشتركين
الإشارات
القنوات
26 أكتوبر+1
25 أكتوبر+1
24 أكتوبر+1
23 أكتوبر+3
22 أكتوبر+1
21 أكتوبر+2
20 أكتوبر+2
19 أكتوبر+1
18 أكتوبر+3
17 أكتوبر+3
16 أكتوبر+3
15 أكتوبر0
14 أكتوبر+3
13 أكتوبر+3
12 أكتوبر+4
11 أكتوبر+3
10 أكتوبر+2
09 أكتوبر0
08 أكتوبر0
07 أكتوبر+4
06 أكتوبر+4
05 أكتوبر+4
04 أكتوبر+1
03 أكتوبر0
02 أكتوبر+1
01 أكتوبر+5
منشورات القناة
အယ်လ်နီညိုနဲ့အတူ နိုဝင်ဘာလရဲ့ မိုးလေဝသ အခြေအနေ ဘယ်လိုရှိမလဲ နိုဝင်ဘာလအတွက် မိုးလေဝသနဲ့ ရာသီဥတု ခန့်မှန်းချက် CJ Platform လာမယ
အယ်လ်နီညိုနဲ့အတူ နိုဝင်ဘာလရဲ့ မိုးလေဝသ အခြေအနေ ဘယ်လိုရှိမလဲ နိုဝင်ဘာလအတွက် မိုးလေဝသနဲ့ ရာသီဥတု ခန့်မှန်းချက် CJ Platform လာမယ့် နိုဝင်ဘာလအတွက် တလတာ မိုးလေဝသနဲ့ ရာသီဥတုခန့်မှန်းချက်ကို တင်ဆက်ပေးသွားပါမယ်။နိုဝင်ဘာလမှာ မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှု လျော့နည်းလာနိုင်ပြီး ဆောင်းရာသီရဲ့ အအေးဓာတ်ကို ပိုမိုခံစားလာရနိုင်ပါတယ်။ ဒါပေမဲ့ ဒေသအလိုက် မိုးရေချိန်နဲ့ အပူချိန် ကွာခြားနိုင်တာကြောင့် တောင်သူတွေနဲ့ ပြည်သူတွေအနေနဲ့ ရာသီဥတုအခြေအနေတွေကို ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ အမေရိကန် အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေးဌာန NOAA ရဲ့ ခန့်မှန်းချက်တွေအရ အီကွေတာပစိဖိတ်သမုဒ္ဒရာမှာ အယ်လ်နီညိုအခြေအနေ ဆက်လက်အားကောင်းနေနိုင်ပြီး ၂၀၂၇ ခုနှစ် မတ်လအထိ ဆက်လက်တည်ရှိနိုင်ခြေ မြင့်မားနေပါတယ်။ အိန္ဒိယသမုဒ္ဒရာရဲ့ အပူချိန်ကွာခြားမှုကို ဖော်ပြတဲ့ Indian Ocean Dipole (IOD) ကတော့ ပုံမှန်အခြေအနေမှာ ရှိနေနိုင်ပါတယ်။မိုးတိမ်ဖြစ်ထွန်းမှုနဲ့ မိုးရွာသွန်းမှုကို သက်ရောက်စေတဲ့ အပူပိုင်းလေထုလှိုင်း MJO ကလည်း နိုဝင်ဘာလဆန်းပိုင်းမှာ အားလျော့လာနိုင်တယ်လို့ NOAA ရဲ့ ခန့်မှန်းချက်တွေမှာ ဖော်ပြထားပါတယ်။ #CJPlatform #နိုဝင်ဘာမိုးလေဝသ #တစ်လတာမိ

2
لا يوجد نص...
195
3
ညောင်လေးပင်မှာ ၁၃ နှစ်အရွယ် သမီးအရင်းကို အဓမ္မကျင့်သူဆိုတဲ့ ဖခင်ကို ဖမ်းမိ CJ Platform ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ မြို့မ ၄ ရပ်ကွက်မှာ အသက် ၁၃ နှစ်အရွယ် သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဖခင်ဖြစ်သူ ဦးအာကာမိုးကို အောက်တိုဘာ ၂၄ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိခင်ဖြစ်သူ ဈေးရောင်းသွားချိန် လွန်ခဲ့တဲ့ ၂ လခန့်ကစပြီး သမီးဖြစ်သူကို အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ ကလေးကို ရိုက်နှက်တာတွေလည်း ရှိခဲ့ပြီး ဒဏ်ရာတွေတွေ့ရတဲ့အတွက် မိခင်ဖြစ်သူက မေးမြန်းရာကနေ ဖြစ်စဉ်ကို သိရှိခဲ့တာလို့ ဆိုပါတယ်။ “ကလေးမှာ ဒဏ်ရာတွေ့လို့ မသင်္ကာတာနဲ့ အမေဖြစ်သူက မေးမှ ပြောပြတာ။ အဲဒါနဲ့ ချက်ချင်း အမှုသွားဖွင့်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မိခင်ဖြစ်သူဟာ အောက်တိုဘာ ၂၃ ရက်မှာ ညောင်လေးပင်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ပြီးနောက် အောက်တိုဘာ ၂၄ ရက်မှာ ဦးအာကာမိုးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဦးအာကာမိုးကို ညောင်လေးပင်မြို့မရဲစခန်းက (ပ) ၁၂၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်ကလည်း အသက် ၁၂ နှစ်အရွယ် သမီးအရင်းကို အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဦးကျော်သက်ကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့ပါတယ်။ အလားတူ ဇူလိုင် ၁၄ ရက်ကလည်း ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်မှာ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဖခင်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဓာတ်ပုံ - မှုခင်း #CJPlatform #ညောင်လေးပင် #ကလေးသူငယ်ကာကွယ်ရေး #လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု #ပဲခူးတိုင်း
188
4
لا يوجد نص...
213
5
နေပြည်တော် Excellent Unplugged Bar မီးလောင်မှု ဝန်ထမ်း ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ CJ Platform နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ဧရာဝတီလမ်းပေါ်က Excellent Unplugged Bar မှာ အောက်တိုဘာ ၂၅ ရက် နေ့လယ် ၃ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်း ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဆိုင်အတွင်း စတိတ်စင်တွေကို ဝရိန်ဆော်နေချိန် မီးပွားတွေ ဆိုဖာပေါ်ကျရာကနေ မီးလောင်ခဲ့တာလို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။ “ဆိုင်ထဲက စတိတ်စင်တွေ ဝရိန်ဆော်ရင်း ဆိုဖာပေါ်ကို မီးပွားကျတာကနေ မီးလောင်တာပါ။ ကနဦးမီးငြှိမ်းတဲ့ ဝန်ထမ်း ၃ ဦးသေတယ်၊ ၃ ဦး ဒဏ်ရာရတယ်။ မီးသတ်အချို့လည်း ဒဏ်ရာရတာရှိတယ်” လို့ သူက ပြောပါတယ်။ အဆိုပါမီးလောင်မှုကို ဗဟို၊ ခရိုင်နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့တွေက မီးသတ်ယာဉ်နဲ့ ရေသယ်ယာဉ် ၈ စီး အသုံးပြုပြီး ၂၅ မိနစ်ခန့်အကြာမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိမှာ Excellent Unplugged Bar တာဝန်ခံကို ဇမ္ဗူသီရိမြို့နယ်ရဲစခန်းက မီးပေါ့ဆမှုဆိုင်ရာ ပုဒ်မနဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။ အလားတူ အောက်တိုဘာ ၂၅ ရက် နေ့လယ် ၁၂ နာရီခန့်ကလည်း နေပြည်တော် ရေပန်းဥယျာဉ်အနီးမှာ ဆိုကရေးတီးပြိုင်ပွဲအတွက် ကြိုပို့ယာဉ်တစ်စီး မီးလောင်ခဲ့ပြီး ယာဉ်ပေါ်ပါသူတွေ အချိန်မီဆင်းပြေးနိုင်ခဲ့တာကြောင့် ထိခိုက်မှုမရှိခဲ့ဘဲ မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ခဲ့ရပါတယ်။ ဓာတ်ပုံ - MFSD #CJPlatform #နေပြည်တော် #မီးလောင်မှု #ExcellentUnpluggedBar #မီးသတ်
206
6
لا يوجد نص...
218
7
ကျောက်ခက်က တရုတ်ကျားဖြန့်လုပ်သားတွေ သေ့ဘောဘိုးဘက် ရွှေ့လာလို့ နယ်စပ်လှေဆိပ်မှာ စစ်ဆေးမှုတင်းကြပ် CJ Platform ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ကျောက်ခက်ကျေးရွာမှာရှိတဲ့ တရုတ်ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်သူတချို့ သေ့ဘောဘိုးကျေးရွာဘက်ကို ရွှေ့ပြောင်းလာတာကြောင့် ထိုင်း–မြန်မာနယ်စပ်ရှိ လှေဆိပ်မှာ ထိုင်းစစ်တပ်က လုံခြုံရေးစစ်ဆေးမှုတွေ ပိုမိုတင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လှေဆိပ်မှာ ထိုင်းစစ်တပ်ဂိတ်ရှိပြီးသားဖြစ်ပေမဲ့ လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကစပြီး စစ်ဆေးမှုတွေ ပိုတင်းကြပ်လာတာလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “အရင်က အေးအေးဆေးဆေး ကူးသွားလာလို့ရတယ်။ ပစ္စည်းများရင် ဘယ်သွားမလဲ၊ ဘာလုပ်မလဲဆိုတာ နည်းနည်းပါးပါးမေးတယ်။ အခုက သူတို့သိပ်မရင်းနှီးတဲ့မျက်နှာတွေဆို မေးတယ်၊ လက်မှတ်ထိုးခိုင်းတယ်၊ ဓာတ်ပုံရိုက်တယ်၊ အချိန်အတိအကျမှတ်တယ်” လို့ သူက ပြောပါတယ်။ စစ်ဆေးမှုတွေ တင်းကြပ်လာတာဟာ တရုတ်ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်သူတချို့ ထွက်ပြေးဖို့ ကြိုးစားနေကြတာကြောင့်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒေသခံအမျိုးသားတစ်ဦးကလည်း မကြာသေးခင်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသားတစ်ဦးဟာ အဝတ်အစားလဲပြီး ထိုင်းဘက်ကို ထွက်ခွာဖို့ ကြိုးစားခဲ့ပေမဲ့ ထိုင်းစစ်သားတွေက ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိမှာ ကျောက်ခက်ဒေသရှိ တရုတ်နိုင်ငံသားတချို့ နေရာပြောင်းရွှေ့ပြီး သေ့ဘောဘိုးကျေးရွာဘက်ကို ရွှေ့လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဓာတ်ပုံ - CJ CJ #CJPlatform #မြဝတီ #ကျောက်ခက် #သေ့ဘောဘိုး #ကျားဖြန့်
219
8
لا يوجد نص...
240
9
ဆားဘီးယားရွေးကောက်ပွဲမှာ ကျောင်းသားလှုပ်ရှားမှု ကျောထောက်နောက်ခံပြု အမတ်လောင်းစာရင်း အနိုင်ရ၊ ဗူချစ် ရှုံးနိမ့်ကြောင်း ဝန်ခံ CJ Platform ဆားဘီးယားနိုင်ငံမှာ အောက်တိုဘာ ၂၅ ရက်က ကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲမှာ ကျောင်းသားလှုပ်ရှားမှုက ကျောထောက်နောက်ခံပြုထားတဲ့ အမတ်လောင်းစာရင်း အနိုင်ရခဲ့ပြီး သမ္မတ အလက်ဇန္ဒား ဗူချစ်က ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့တယ်လို့ Reuters က ဖော်ပြပါတယ်။ ဗူချစ်က ရွေးကောက်ပွဲရလဒ် အပြီးသတ်မထွက်ပေါ်သေးပေမဲ့ ကနဦးရလဒ်တွေအရ သူ့ဘက်က ရှုံးနိမ့်ခဲ့တယ်လို့ အောက်တိုဘာ ၂၅ ရက်ညမှာ ပြောကြားခဲ့တာပါ။ မဲရလဒ်နမူနာကောက်ယူမှုတွေအရ ဆားဘီးယားပါလီမန်မှာ အမတ်နေရာ စုစုပေါင်း ၂၅၀ ရှိတဲ့အနက် ကျောင်းသားလှုပ်ရှားမှု ကျောထောက်နောက်ခံပြု အမတ်လောင်းစာရင်းက လွှတ်တော်အမတ်နေရာ ၁၃၈ နေရာခန့် ရရှိနိုင်ပြီး ဗူချစ်ရဲ့ ဆားဘီးယားတိုးတက်ရေးပါတီ (SNS) က ၁၀၄ နေရာခန့် ရရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာပြီးနောက် မြို့တော် ဘဲလ်ဂရိတ်မှာ ကျောင်းသားလှုပ်ရှားမှုကို ထောက်ခံသူတွေက အောင်ပွဲကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပြီး ကားတွေ ဟွန်းတီးကာ လမ်းမတွေပေါ်မှာ အောင်ပွဲခံခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲဟာ ၂၀၂၄ ခုနှစ် နိုဗီဆတ်မြို့ ရထားဘူတာရုံအမိုး ပြိုကျမှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပြီးနောက် ပေါ်ပေါက်လာတဲ့ ကျောင်းသားဦးဆောင် ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း ကျောင်းသားတွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးကို တောင်းဆိုခဲ့ကြပြီး နောက်ပိုင်းမှာ အစိုးရအတွင်း အဂတိလိုက်စားမှုနဲ့ အာဏာချုပ်ကိုင်မှုတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအဖြစ် ကျယ်ပြန့်လာခဲ့ပါတယ်။ ဗူချစ်ဟာ ၂၀၁၄ ခုနှစ်ကစပြီး ဝန်ကြီးချုပ်နဲ့ သမ္မတရာထူးတွေကို ရယူခဲ့သူဖြစ်ပြီး ဆားဘီးယားနိုင်ငံရေးမှာ အဓိကအင်အားကြီးတစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။ ကျောင်းသားလှုပ်ရှားမှုကတော့ ဆန္ဒပြပွဲတွေကနေ ရွေးကောက်ပွဲဝင် အမတ်လောင်းစာရင်းတစ်ခုအဖြစ် ပြောင်းလဲလာပြီး ဗူချစ်ရဲ့ နိုင်ငံရေးအင်အားကို စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ Ref - Reuters #CJPlatform #ဆားဘီးယား #ရွေးကောက်ပွဲ #ကျောင်းသားလှုပ်ရှားမှု #ကမ္ဘာ့သတင်း
238
10
لا يوجد نص...
225
11
တီးတိန်ကနေ ကလေးမြို့ဘက်ဆင်းတဲ့ ဆိုင်ကယ်တွေကို ကနေဒီတောင်ပေါ်က စစ်သားတွေ ရေခပ်ဖို့ ငှားရမ်းအသုံးပြုနေ CJ Platform ချင်းပြည်၊ တီးတိန်မြို့ကနေ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်ကို ဆင်းလာတဲ့ ဆိုင်ကယ်တွေကို ကနေဒီတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုတပ်သားတွေက ရေခပ်ဖို့ ငှားရမ်းအသုံးပြုနေတယ်လို့ ဆိုင်ကယ်ငှားပေးရသူတစ်ဦးက CJ Platform ကို ပြောပါတယ်။ ဆိုင်ကယ်ငှားမပေးရင် ကလေးမြို့ဘက်ကို ဖြတ်သန်းသွားလာခွင့်မပေးတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စခန်းမှာ ရေလုံလောက်နေတဲ့အချိန်ဆိုရင်တော့ ဆိုင်ကယ်တွေကို စစ်ဆေးပြီး ဖြတ်သန်းခွင့်ပေးတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့က ဆိုင်ကယ်ပေးလိုက်ရုံပဲ။ ရေကို ဘယ်နေရာမှာ သွားခပ်လဲဆိုတာတော့ မသိဘူး။ သူတို့စစ်သားတွေကိုယ်တိုင် သွားခပ်ကြတာ၊ ကျွန်တော်တို့က ရေလိုက်ခပ်ပေးစရာ မလိုဘူး။ ရေတစ်ခါသွားခပ်ရင် အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက်အထိ ကြာတယ်။ ဆိုင်ကယ်တစ်စီးကို တစ်ခါသွားခပ်ပေးရတယ်” လို့ သူက ပြောပါတယ်။ ကနေဒီတောင်ဟာ ကလေးမြို့နဲ့ တီးတိန်မြို့အကြား ပေ ၈,၀၀၀ ကျော်မြင့်တဲ့ နေရာမှာ တည်ရှိပြီး စစ်ရေးအရ အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီတောင်ပေါ်က စစ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ PDF-Zoland က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်မှာ သိမ်းယူခဲ့ပေမဲ့ နောက်ပိုင်းမှာ စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် CJ #CJPlatform #တီးတိန် #ကလေးမြို့ #ကနေဒီတောင် #စစ်ရေး
224
12
အိန္ဒိယကမ်းရိုးတန်းဘက် ဦးတည်နိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်း၊ မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်နိုင်လဲ တပတ်တာအတွက် မိုးလေဝသခန့်
အိန္ဒိယကမ်းရိုးတန်းဘက် ဦးတည်နိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်း၊ မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်နိုင်လဲ တပတ်တာအတွက် မိုးလေဝသခန့်မှန်းချက် CJ Platform ဒီကနေ့ အောက်တိုဘာ ၂၆ ရက် တနင်္လာနေ့ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ တစ်ပတ်တာ အတွင်း မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။ ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပေမယ့် မြန်မာနိုင်ငံတစ်ဝန်းမှာတော့ ဒီတစ်ပတ်အတွင်း မိုးရွာသွန်းမှု နည်းပါးနိုင်တယ်လို့ မိုးလေဝသခန့်မှန်းမော်ဒယ်တွေက ပြသနေပါတယ်။ ဒါပေမဲ့ ပင်လယ်ပြင်မှာ လေပြင်းနဲ့ လှိုင်းကြီးနိုင်တာကြောင့် ရေလုပ်သားတွေနဲ့ သင်္ဘော၊ စက်လှေတွေ သတိပြုဖို့ လိုအပ်ပါတယ်ရှင်။ ECMWF မုန်တိုင်းဖြစ်နိုင်ခြေပြမြေပုံနဲ့ Meteoblue ခန့်မှန်းချက်တွေအရ အောက်တိုဘာ ၂၆ ရက်မှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ မုန်တိုင်းစနစ် အားကောင်းလာနိုင်ခြေ ၈၀ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ #CJPlatform #တစ်ပတ်တာမိုးလေဝသ #ဘင်္ဂလားပင်လယ်အော် #ဆိုင်ကလုန်းမုန်တိုင်း #မိုးလေဝသသတိပေးချက် Youtube တွင်ကြည့်ရှုရန်>>https://youtu.be/FKMZ1saVE4U
243
13
لا يوجد نص...
303
14
ချင်းရိုင်–မြန်မာနယ်စပ်အနီး တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ရွှေတူးဖော်နေ၊ ရေအရင်းအမြစ် ပျက်စီးမှာ ထိုင်း စိုးရိမ် CJ Platform ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်နဲ့ မျက်နှာချင်းဆိုင် မြန်မာနိုင်ငံဘက်ခြမ်း ဒွိုင်ကော်ဝမ်တောင်အနီးမှာ တရုတ်အရင်းအနှီးနဲ့ ရွှေတူးဖော်နေတဲ့လုပ်ငန်းကြောင့် မယ်ဆိုင်မြစ်အပါအဝင် ထိုင်းနိုင်ငံရဲ့ ရေအရင်းအမြစ်တွေ ထိခိုက်ပျက်စီးလာမှာကို နယ်စပ်ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ Thai PBS ရဲ့ အောက်တိုဘာ ၂၄ ရက် သတင်းဖော်ပြချက်အရ ချင်းရိုင်ခရိုင်၊ မယ်ဖာလွမ်မြို့နယ်၊ ထာ့ဒ်ထိုင်းဒေသအနီး မြန်မာဘက်ခြမ်းမှာ တောင်မြေတွေကို ကျယ်ကျယ်ပြန့်ပြန့် တူးဖော်နေပြီး စက်ယန္တရားတွေနဲ့ လုပ်ငန်းလုပ်ကိုင်နေတာကို ထိုင်းဘက်ခြမ်းကနေ မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းကို ၂၀၂၄ ခုနှစ် ရေကြီးရေလျှံမှုကြီး ဖြစ်ပွားပြီးနောက်ပိုင်း စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး နှစ်နှစ်နီးပါးရှိပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဒေသခံတွေအနေနဲ့ တူးဖော်မှုကြောင့် မြေသားနဲ့ ရွှံ့နွံတွေ မြစ်ထဲစီးဝင်လာနိုင်တာအပြင် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ရေအရင်းအမြစ်ထဲ ရောက်ရှိလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ သတ္တုတူးဖော်ရေးနေရာအနီးက ရေတွေဟာ မယ်ဆိုင်မြစ်ထဲ စီးဝင်နိုင်တဲ့အနေအထားရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ Thai PBS ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံဘက်ခြမ်း မယ်ဆိုင်မြစ်ဝှမ်းဒေသမှာ ရွှေတူးဖော်ရေးလုပ်ငန်း အနည်းဆုံး ၁၃ ခုရှိပြီး အဲဒီထဲက နှစ်ခုဟာ ထိုင်းနယ်စပ်နဲ့ တိုက်ရိုက်နီးကပ်တဲ့နေရာတွေမှာ တည်ရှိနေပါတယ်။ #CJPlatform #ထိုင်းနိုင်ငံ #မြန်မာနယ်စပ် #ရွှေတူးဖော်ရေး #မယ်ဆိုင်မြစ်
293
15
لا يوجد نص...
274
16
ပဲခူးမှာ အရက်မူးပြီး အုပ်ချုပ်ရေးမှူးတွေကို စိန်ခေါ်တဲ့ ဘုန်းကြီး လူဝတ်လဲဖမ်းဆီးခံရ CJ Platform ပဲခူးမြို့နယ်၊ ကျိုက်ပေါကျေးရွာမှာ အရက်မူးပြီး အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို စိန်ခေါ်ခဲ့တဲ့ ဘုန်းကြီးတစ်ပါးကို အောက်တိုဘာ ၂၄ ရက်မှာ သာသနာရေးဆိုင်ရာ ဆရာတော်ကြီးတွေက လူဝတ်လဲပေးပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၂၄ ရက် မနက် ၁၀ နာရီခန့်က ကျိုက်ပေါကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ စားသုံးဆီရောင်းချနေချိန် အဲဒီဘုန်းကြီးက အရက်မူးပြီး အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို စိန်ခေါ်ခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ “ဘယ်သူက မြှောက်ပေးလိုက်လဲမသိဘူး။ ဆီရောင်းနေတဲ့အချိန် ဘုန်းကြီးဦးတေဇက ‘ဆီကို ရောင်းချင်သလို ရောင်းတဲ့ကောင်တွေ ထွက်ခဲ့ဆိုပြီး စိန်ခေါ်တာ။ အုပ်ချုပ်ရေးက သာသနာရေးက ဆရာတော်ကြီးတွေကို ခေါ်ပြီး လူဝတ်လဲပြီး ဖမ်းသွားတာ” လို့ သူက ပြောပါတယ်။ ဖမ်းဆီးခံရသူဟာ ဇောတိကရာမကျောင်းတိုက်မှ ဦးတေဇ (ခ) ဦးစိန်ကျော်အောင်ဖြစ်ပြီး ဆရာတော်ကြီးတွေက စစ်ဆေးမေးမြန်းပြီးနောက် လူဝတ်လဲပေးခဲ့တာလို့ ရပ်မိရပ်ဖတစ်ဦးက CJ Platform ကို ပြောပါတယ်။ “ပြဿနာမဖြစ်အောင်လို့ ဆရာတော်ကြီးတွေက လူဝတ်လဲပြီး ရဲကို အမှုဖွင့်ခိုင်းတာပါ။ စခန်းက ပုဒ်မ ၂၉၅(က) နဲ့ စစ်ဆေးနေတယ်” လို့ သူက ပြောပါတယ်။ လက်ရှိမှာ ဦးတေဇ (ခ) ဦးစိန်ကျော်အောင်ကို ပဲခူးနယ်မြေရဲစခန်းက သာသနာညှိုးနွမ်းစေမှုဆိုင်ရာ ပုဒ်မ ၂၉၅(က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အလားတူ စက်တင်ဘာ ၂၄ ရက် ည ၉ နာရီခန့်ကလည်း အုတ်တွင်းမြို့နယ်၊ တိုးဂိတ်အနီးမှာ အရက်မူးပြီး ရမ်းကားနေတဲ့ သံဃာတစ်ပါးကို သံဃနာယကအဖွဲ့က လူဝတ်လဲပေးပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဩဂုတ် ၄ ရက် ည ၁၁ နာရီခွဲခန့်က ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ အောင်သိုက်ကန်ဘုန်းကြီးကျောင်းမှာလည်း အရက်မူးပြီး သောင်းကျန်းနေတဲ့ သံဃာတစ်ပါးကို တရားသွားပြတဲ့ ဆရာတော်တစ်ပါး ဓားနဲ့ခုတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ပါတယ်။ ဓာတ်ပုံ - မှုခင်း #CJPlatform #ပဲခူး #ဘုန်းကြီး #ဖမ်းဆီးမှု #သာသနာရေး
269
17
+3
لا يوجد نص...
278
18
တောင်ကြီးမှာ မီးပုံးပျံယမ်းပေါက်ကွဲရာမှ မီးလောင်ပြီး ကလေးငယ် ၁ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရ CJ Platform ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ တန်ဆောင်တိုင်ပွဲတော်အတွက် မီးပုံးပျံယမ်း ပြင်ဆင်နေချိန် ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၂၄ ရက် ည ၇ နာရီခွဲခန့်က တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မြရတနာလမ်း၊ အောင်မြေသာစည်ကျောင်းအနောက်ဘက်မှာ မီးပုံးပျံယမ်းစပ်နေချိန် ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ “မီးပုံးပျံယမ်းခွေအတွက် ယမ်းစပ်နေတဲ့အချိန် ထပေါက်တာ။ ၁၃ နှစ်ကလေးတစ်ယောက် သေတယ်၊ ၅ ယောက် ဒဏ်ရာရတယ်။ သေသွားတဲ့ ကလေးက မီးပုံပျံလုပ်တာ မမြင်ဖူးလို့ နေ့တိုင်းလာလာကြည့်နေတဲ့ ကလေး G6 တက်နေတာ ဝေယံမင်းထက်တဲ့” လို့ သူက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ်နဲ့ ဒဏ်ရာရသူ ၅ ဦးကို လူမှုကူညီရေးအသင်းတွေက စစ်စံထွန်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။ အဆိုပါမီးလောင်မှုကို မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ အရန်မီးသတ်တပ်ဖွဲ့တွေက မိနစ် ၂၀ ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ လက်ရှိမှာ ပုံရိပ်မီးပုံးပျံအဖွဲ့ရဲ့ ခေါင်းဆောင်ကို တောင်ကြီးမြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ မီးသတ်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဓာတ်ပုံ - MFSD #CJPlatform #တောင်ကြီး #မီးပုံးပျံ #ပေါက်ကွဲမှု #တန်ဆောင်တိုင်
273
19
ဒီကနေ့ အောက်တိုဘာ ၂၅ ရက် တနင်္ဂနွေနေ့အတွက် မိုးလေဝသခန့်မှန်းချက် CJ Platform ဒီနေ့ အောက်တိုဘာ ၂၅ ရက်၊ တနင်္ဂနွေနေ့အတွက် မြန်မ
ဒီကနေ့ အောက်တိုဘာ ၂၅ ရက် တနင်္ဂနွေနေ့အတွက် မိုးလေဝသခန့်မှန်းချက် CJ Platform ဒီနေ့ အောက်တိုဘာ ၂၅ ရက်၊ တနင်္ဂနွေနေ့အတွက် မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါမယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်း အားကောင်းလာနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ လှိုင်းအမြင့် ၉ ပေအထိ ရှိနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဒေသအချို့မှာ မိုးထစ်ချုန်းရွာနိုင်သလို နေ့အပူချိန်နဲ့ မိုးတိမ်တောင်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ လေပြင်း၊ မိုးကြိုးအန္တရာယ်တွေကိုလည်း သတိပြုဖို့ လိုအပ်ပါတယ်။ ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ မြေပြင်မိုးလေဝသပြမြေပုံအရ ဘင်္ဂလားပင်လယ်အော်မှာ လေထုမတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေသလို တောင်တရုတ်ပင်လယ်ပြင်မှာလည်း ချမ်ပီအမည်ရှိ အပူပိုင်းမုန်တိုင်းတစ်ခု ရှိနေပါတယ်။ ဒီမုန်တိုင်းဟာ ဗဟိုလေဖိအား ၉၈၀ ဟက်တိုပါစကယ်ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၆၀ မိုင်ဝန်းကျင်နဲ့ အနောက်ဘက်ကို ရွေ့လျားနေပါတယ်။ #CJPlatform #မိုးလေဝသခန့်မှန်းချက် #ဆိုင်ကလုန်းမုန်တိုင်း #ဘင်္ဂလားပင်လယ်အော် #မြန်မာ့ကမ်းရိုးတန်း Youtube တွင်ကြည့်ရှုရန်>>https://youtu.be/HMCmGv22Wuo
285
20
ဒေသ ၄ ခု မိုးသတိပြု မနက်ဖြန် အောက်တိုဘာ ၂၅ ရက် တနင်္ဂနွေနေ့အတွက် မိုးလေဝသခန့်မှန်းချက် CJ Platform မနက်ဖြန် အောက်တိုဘာ ၂၅ ရက်
ဒေသ ၄ ခု မိုးသတိပြု မနက်ဖြန် အောက်တိုဘာ ၂၅ ရက် တနင်္ဂနွေနေ့အတွက် မိုးလေဝသခန့်မှန်းချက် CJ Platform မနက်ဖြန် အောက်တိုဘာ ၂၅ ရက်၊ တနင်္ဂနွေနေ့အတွက် မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါမယ်။ အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မနက်ဖြန် အောက်တိုဘာ ၂၅ ရက်မှာ အားကောင်းတဲ့ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိလာနိုင်ပါတယ်။ အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ဥရောပမိုးလေဝသခန့်မှန်းမော်ဒယ် ECMWF ရဲ့ မုန်တိုင်းဖြစ်နိုင်ခြေပြမြေပုံအရ အောက်တိုဘာ ၂၆ ရက်မှာ မုန်တိုင်းစနစ် အားကောင်းလာနိုင်ခြေ ၈၀ ရာခိုင်နှုန်းခန့်ရှိပြီး ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာတော့ ၉၀ ကနေ ၁၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ #CJPlatform #မိုးလေဝသခန့်မှန်းချက် #ဆိုင်ကလုန်းမုန်တိုင်း #ဘင်္ဂလားပင်လယ်အော် #မြန်မာ့ကမ်းရိုးတန်း Youtube တွင်ကြည့်ရှုရန်>>https://youtu.be/Pxhtd97-6xM
325