CJ Platform
الذهاب إلى القناة على Telegram
We are freedom and voices. Website Link: https://cjplatform.com/
إظهار المزيد4 759
المشتركون
+324 ساعات
-67 أيام
-2930 أيام
جاري تحميل البيانات...
القنوات المماثلة
سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
أكتوبر '26أكتوبر '26
أكتوبر '26
+12
في 0 قنوات
سبتمبر '26
+81
في 3 قنوات
Get PRO
أغسطس '26
+86
في 6 قنوات
Get PRO
يوليو '26
+77
في 4 قنوات
Get PRO
يونيو '26
+53
في 4 قنوات
Get PRO
مايو '26
+57
في 12 قنوات
Get PRO
أبريل '26
+33
في 6 قنوات
Get PRO
مارس '26
+40
في 8 قنوات
Get PRO
فبراير '26
+43
في 6 قنوات
Get PRO
يناير '26
+47
في 7 قنوات
Get PRO
ديسمبر '25
+41
في 8 قنوات
Get PRO
نوفمبر '25
+58
في 3 قنوات
Get PRO
أكتوبر '25
+57
في 7 قنوات
Get PRO
سبتمبر '25
+87
في 5 قنوات
Get PRO
أغسطس '25
+99
في 2 قنوات
Get PRO
يوليو '25
+80
في 6 قنوات
Get PRO
يونيو '25
+37
في 8 قنوات
Get PRO
مايو '25
+56
في 6 قنوات
Get PRO
أبريل '25
+94
في 2 قنوات
Get PRO
مارس '25
+238
في 8 قنوات
Get PRO
فبراير '25
+32
في 3 قنوات
Get PRO
يناير '25
+53
في 3 قنوات
Get PRO
ديسمبر '24
+97
في 7 قنوات
Get PRO
نوفمبر '24
+92
في 6 قنوات
Get PRO
أكتوبر '24
+126
في 5 قنوات
Get PRO
سبتمبر '24
+233
في 6 قنوات
Get PRO
أغسطس '24
+420
في 6 قنوات
Get PRO
يوليو '24
+1 021
في 6 قنوات
Get PRO
يونيو '24
+438
في 6 قنوات
Get PRO
مايو '24
+243
في 5 قنوات
Get PRO
أبريل '24
+308
في 9 قنوات
Get PRO
مارس '24
+454
في 11 قنوات
Get PRO
فبراير '24
+1 070
في 9 قنوات
Get PRO
يناير '24
+334
في 2 قنوات
Get PRO
ديسمبر '23
+354
في 4 قنوات
Get PRO
نوفمبر '23
+554
في 5 قنوات
Get PRO
أكتوبر '23
+161
في 14 قنوات
Get PRO
سبتمبر '23
+37
في 0 قنوات
Get PRO
أغسطس '23
+38
في 0 قنوات
Get PRO
يوليو '23
+33
في 0 قنوات
Get PRO
يونيو '23
+33
في 0 قنوات
Get PRO
مايو '23
+136
في 0 قنوات
Get PRO
أبريل '23
+325
في 0 قنوات
Get PRO
مارس '23
+185
في 0 قنوات
Get PRO
فبراير '23
+167
في 0 قنوات
Get PRO
يناير '23
+496
في 0 قنوات
Get PRO
ديسمبر '22
+353
في 0 قنوات
Get PRO
نوفمبر '22
+442
في 0 قنوات
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 06 أكتوبر | +1 | |||
| 05 أكتوبر | +4 | |||
| 04 أكتوبر | +1 | |||
| 03 أكتوبر | 0 | |||
| 02 أكتوبر | +1 | |||
| 01 أكتوبر | +5 |
منشورات القناة
| 2 | မော်လမြိုင်မှာ စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး စစ်မှုထမ်းအတွက် ဖမ်းဆီး ရောင်းစားခံရ
CJ Platform
မွန်ပြည် မော်လမြိုင်မြို့နယ်၊ မြေနီကုန်းရပ်ကွက် နယ်မြေ ၆ မှ အသက် ၂၀ ကျော်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ လူငယ်တစ်ဦး စစ်မှုထမ်းအတွက် ရောင်းစားခံရပြီး မုပွန်စစ်သားစုဆောင်းရေးတပ်မှာ ရောက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂ ရက်က ဇနီးဖြစ်သူနဲ့ စိတ်ဆိုးပြီး မိဘတွေရှိရာ ကြာအင်းဆိပ်ကြီးကို ပြန်သွားတဲ့ အသက် ၂၂ နှစ်အရွယ် မောင်ဝေယံအောင်ဟာ လမ်းမှာ ပျောက်ဆုံးသွားခဲ့တာလို့ ဖြစ်စဉ်သိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
တစ်လနီးပါး ပျောက်ဆုံးနေပြီးနောက် အောက်တိုဘာ ၁ ရက်မှာ အဆက်အသွယ်ပြန်ရချိန် မောင်ဝေယံအောင်ဟာ မုပွန်စစ်သားစုဆောင်းရေးတပ်မှာ ရောက်ရှိနေကြောင်း သိရတာလို့ ဆိုပါတယ်။
“အဲ့ကောင်လေးကို ကယ်ရီသမားက စစ်ထဲကို သွားရောင်းစားလိုက်တာ။ အခု သူ့မိသားစုဝင်တွေက ဆေးစာအုပ်နဲ့ လိုက်ထုတ်ဖို့လုပ်နေတယ်။ ရမရတော့ မသိဘူး” လို့ ဖြစ်စဉ်သိသူက ပြောပါတယ်။
မောင်ဝေယံအောင်ဟာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာရှိသူဖြစ်ပြီး မိသားစုက ဆေးမှတ်တမ်းတွေနဲ့အတူ စစ်သားစုဆောင်းရေးတပ်ကနေ ပြန်လည်ခေါ်ထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အလားတူ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၇၀ ရပ်ကွက်မှာလည်း လွန်ခဲ့တဲ့ ၆ လခန့်က ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့ အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ကိုဝင်းညွန့်ဦးဟာ အဆက်အသွယ်ပြန်ရချိန်မှာ စစ်သင်တန်းရောက်ရှိနေတယ်လို့ သိရပါတယ်။
စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၂ အရ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ၊ သားသမီးရှိသူတွေ၊ အမြဲတမ်း ကိုယ်လက်မသန်စွမ်းသူတွေနဲ့ ဆေးစစ်ချက်အရ စစ်မှုထမ်းရန် မသင့်လျော်သူတွေကို စစ်မှုထမ်းရန် ခေါ်ယူခြင်းမပြုရဘူးလို့ ဖော်ပြထားပါတယ်။
စစ်မှုထမ်းဥပဒေကို စစ်အုပ်စုက ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်ဝင်စေခဲ့ပြီး မတ်လ ၂၄ ရက်ကစတင်ကာ လူငယ်တွေကို စစ်မှုထမ်းရန် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၉ အထိ ရောက်ရှိနေပြီလို့ သိရပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #မွန်ပြည် #မော်လမြိုင် #စစ်မှုထမ်း #လူငယ် | 45 |
| 3 | لا يوجد نص... | 61 |
| 4 | ညောင်လေးပင်ခရိုင်မှာ စစ်အုပ်စု ဒရုန်းဗုံးကြဲမှုကြောင့် လူငယ် ၁ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
CJ Platform
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင်) လယ်ဒိုနဲ့ မူးမြို့နယ်တွေမှာ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ KNU ဗဟိုက အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁ ရက်မှာ မူးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာအတွင်းကို စစ်အုပ်စုက ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် မင်းခန့်ဇော်ဟာ ဒရုန်းဗုံးစထိမှန်ပြီး သေဆုံးခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အသက် ၅၃ နှစ်အရွယ် ဦးမျိုးအောင်၊ အသက် ၇၀ အရွယ် ဒေါ်မဲတူ၊ အသက် ၄၅ နှစ်အရွယ် မချစ်စု၊ အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်အောင်၊ အသက် ၄၅ နှစ်အရွယ် ဦးကြည်စိုးနဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်ဝင်းကြည်တို့ ၆ ဦးလည်း ဒရုန်းဗုံးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာ ၃ ရက်မှာ လယ်ဒိုမြို့နယ်၊ အင်ပုရစ်ကျေးရွာအတွင်းကို စစ်အုပ်စုက ဒရုန်းနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ဦးမိုးကြီး၊ ဦးထွန်းမြင့်၊ ဦးခိုင်လေး၊ ဦးတာပို့ခိုနဲ့ ဦးစိုးစိုးတို့ရဲ့ နေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
KNU ကတော့ စစ်အုပ်စုဟာ နိုင်ငံတစ်ဝန်း အရပ်သားပြည်သူတွေကို လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်တာအပြင် ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြုလုပ်နေပြီး အာဆီယံဘုံသဘောတူညီချက်ကိုလည်း လိုက်နာခြင်းမရှိဘူးလို့ ဝေဖန်ထားပါတယ်။
ဓာတ်ပုံ - KNU
#CJPlatform #ကရင်ပြည် #ညောင်လေးပင်ခရိုင် #ဒရုန်းတိုက်ခိုက်မှု #KNU | 66 |
| 5 | لا يوجد نص... | 126 |
| 6 | ထိုင်းမှာ ကုတင်တွေကို သံလှောင်အိမ်ပုံ ပြင်ဆင်ပြီး အချုပ်ခန်းသဖွယ် လုပ်ထားတဲ့ သက်ကြီးရွယ်အိုဂေဟာကို စစ်ဆေးတွေ့ရှိ
CJ Platform
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်က သက်ကြီးရွယ်အိုနဲ့ စိတ်ကျန်းမာရေးဝေဒနာရှင်တွေကို စောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုမှာ ကုတင်တွေပေါ်အထိ သံလှောင်အိမ်တွေ တပ်ဆင်ထားပြီး အဆောက်အအုံအပြင်ဘက်မှာလည်း သံဆူးကြိုးတွေ ခတ်ထားတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ Central Investigation Police (CIB) က အောက်တိုဘာ ၅ ရက်မှာ ဂေဟာကို သွားရောက်စစ်ဆေးခဲ့ပြီး အဖြစ်မှန်ကို အမြန်စုံစမ်းကာ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ ဂေဟာဝန်းကျင်မှာ သံဘောင်တွေနဲ့ ကာရံထားတဲ့ နေရာတွေရှိသလို သံဆူးကြိုးတွေလည်း တပ်ဆင်ထားတာ တွေ့ရပြီး ဂေဟာအတွင်းမှာလည်း သက်ကြီးရွယ်အိုနဲ့ လူနာတွေ အိပ်တဲ့ ကုတင်အချို့ရဲ့ အပေါ်ဘက်မှာ သံလှောင်အိမ်ပုံစံ သံဘောင်တွေ တပ်ဆင်ထားပြီး ကုတင်နဲ့ ချိတ်ဆက်ထားတာ တွေ့ရပါတယ်။ တချို့အခန်းတွေကိုလည်း သံလှောင်အိမ်ပုံစံနဲ့ ခြားထားပြီး အပြင်ဘက်ကနေ သော့ခတ်ထားတဲ့ အခြေအနေတွေကို ရဲတပ်ဖွဲ့က မှတ်တမ်းတင်ထားပါတယ်။
ဒီဖြစ်စဉ်ဟာ ထိုင်းနိုင်ငံရဲ့ လူမှုရေးဆွေးနွေးခန်းအစီအစဉ်တစ်ခုဖြစ်တဲ့ “Hon Krasae” အစီအစဉ်မှာ အမျိုးသမီးတစ်ဦး လာရောက်တိုင်ကြားရာကနေ လူသိများလာတာဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးဟာ သားနဲ့ချွေးမက သူမရဲ့ဆန္ဒမပါဘဲ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကို ပို့ထားခဲ့တယ်လို့ ပြောဆိုထားပြီး ဂေဟာမှာ ၂ နှစ်ခွဲကျော် နေခဲ့ရတယ်လို့ ဆိုပါတယ်။
သူမက ဂေဟာအတွင်းမှာ ကိုယ်ထိလက်ရောက်ပြုမူခံရတာ၊ ခြိမ်းခြောက်ခံရတာနဲ့ ဆေးဝါးတွေကို အတင်းအကျပ် သောက်ခိုင်းခံရတာတွေ ရှိခဲ့တယ်လို့လည်း တိုင်ကြားထားပါတယ်။ နောက်ပိုင်းမှာ အစ်မဖြစ်သူထံ လျှို့ဝှက်ဆက်သွယ်ပြီး အကူအညီတောင်းကာ ဂေဟာကနေ ထွက်လာနိုင်ခဲ့တယ်လို့ သူမက ပြောထားပါတယ်။
ဂေဟာအတွင်း သံလှောင်အိမ်တွေ၊ သံဆူးကြိုးတွေ ပါဝင်တဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ကာ Thairath ရဲ့ ဖော်ပြချက်အရ Facebook ပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး “ဒါက သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာလား၊ အချုပ်ခန်းလား” ဆိုတဲ့ မေးခွန်းတွေနဲ့အတူ လူအများက ဝေဖန်မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။
Central Investigation Police က ဂေဟာကို ဝင်ရောက်စစ်ဆေးပြီးနောက် အမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အမြန်ဆုံး စုံစမ်းဖော်ထုတ်သွားမယ်လို့ ပြောထားပါတယ်။
Ref - Thai PBS
#CJPlatform #Thailand #သက်ကြီးရွယ်အို #လူ့အခွင့်အရေး #သတင်း | 117 |
| 7 | لا يوجد نص... | 119 |
| 8 | ရေဘေးအတွင်း စီမံခန့်ခွဲမှုအားနည်းတယ်ဆိုကာ Thai Airways CEO ရာထူးကနေ ဖယ်ရှားခံရ
CJ Platform
ထိုင်းနိုင်ငံမှာ စက်တင်ဘာကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုအတွင်း Suvarnabhumi လေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေ အနှောင့်အယှက်ဖြစ်ခဲ့တာ၊ ခရီးဆောင်အိတ်တွေ စုပုံကျန်ခဲ့တာနဲ့ Cargo လုပ်ငန်းတွေ ရပ်နားခဲ့ရတာတွေကို ကိုင်တွယ်ရာမှာ စီမံခန့်ခွဲမှုအားနည်းခဲ့တယ်ဆိုကာ Thai Airways CEO Chai Eamsiri ကို ကုမ္ပဏီဘုတ်အဖွဲ့က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။
Chai Eamsiri ကို အောက်တိုဘာ ၂ ရက်မှာ ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပြီး ရေဘေးအတွင်း ကုမ္ပဏီရဲ့ အရေးပေါ်အခြေအနေ ကိုင်တွယ်ပုံနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အားနည်းချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၆ ရက်ကနေ ၂၉ ရက်အတွင်း ဘန်ကောက်မှာ မိုးသည်းထန်ပြီး ရေကြီးခဲ့တာကြောင့် Thai Airways ရဲ့ မြေပြင်ဝန်ဆောင်မှုဝန်ထမ်းအများအပြား လုပ်ငန်းခွင်မဝင်နိုင်ခဲ့ဘဲ Check-in၊ ခရီးဆောင်အိတ်သယ်ယူပို့ဆောင်ရေးနဲ့ လေယာဉ်ပေါ် အိတ်တင်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီအခြေအနေကြောင့် စက်တင်ဘာ ၂၉ ရက်မှာ Suvarnabhumi လေဆိပ်၌ Thai Airways ရဲ့ ခရီးဆောင်အိတ် ၅,၆၀၀ ဝန်းကျင် စုပုံကျန်ခဲ့ပြီး နောက်ပိုင်းမှာ ၁၀,၀၀၀ ဝန်းကျင်အထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်ခရီးစဉ်အချို့လည်း ဖျက်သိမ်းခဲ့ရပြီး မြေပြင်ဝန်ဆောင်မှုပေးနိုင်စွမ်းနဲ့ ကိုက်ညီအောင် ပျံသန်းမှုတွေကို လျှော့ချခဲ့ရပါတယ်။ ထိုင်းအစိုးရဘက်ကလည်း Thai Airways ရဲ့ ရေဘေးအတွင်း အရေးပေါ်အခြေအနေ ကိုင်တွယ်မှုကို ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် Cargo လုပ်ငန်းတွေ ထိခိုက်ခဲ့တာကြောင့် စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၆ ရက်အထိ Transit Cargo လက်ခံမှုကို ယာယီရပ်နားခဲ့ရပြီး ထိုင်းနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းတွေလည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
Chai Eamsiri နေရာမှာ Samrit Samniang ကို ယာယီ CEO အဖြစ် ခန့်အပ်ထားပါတယ်။ Samrit ဟာ ယခင်က PTT Exploration and Production မှာ ဘဏ္ဍာရေးနဲ့ စာရင်းပိုင်းဆိုင်ရာ အမှုဆောင်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၂၅ ခုနှစ်ကတည်းက Thai Airways ဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
Thai Airways က အောက်တိုဘာ ၁ ရက်မှာ အောက်တိုဘာ ၃ ရက်ကစပြီး ပုံမှန်လေယာဉ်ခရီးစဉ်အများစု ပြန်လည်ပြေးဆွဲနိုင်ရေး ဝန်ထမ်းအင်အားနဲ့ လုပ်ငန်းစီမံခန့်ခွဲမှုတွေကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁ ရက်မှာ ခရီးစဉ် ၁၅ ခု၊ အောက်တိုဘာ ၂ ရက်မှာ ၉ ခု လျှော့ချခဲ့ပေမယ့် အောက်တိုဘာ ၃ ရက်ကစပြီး ပုံမှန်ခရီးစဉ်အများစုကို ပြန်လည်ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ လက်ကျန်ခရီးဆောင်အိတ်တွေ ပြန်လည်ပို့ဆောင်ပေးရေးနဲ့ ရေဘေးကြောင့် ဖြစ်ပေါ်ခဲ့တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဆက်လက်ဖြေရှင်းနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Bangkok Post
#CJPlatform #Thailand #ThaiAirways #ရေဘေး #လေဆိပ် | 120 |
| 9 | لا يوجد نص... | 116 |
| 10 | မြောက်ဒဂုံမှာ အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားကို သတ်သွား
CJ Platform
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင်မှာ အောက်တိုဘာ ၅ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က အမျိုးသား ၃ ဦး ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ဆိုင်ရှင်အမျိုးသားကို သတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ ဆိုင်မှာ ဆိုင်ရှင်အမျိုးသားတစ်ဦးတည်း ရှိနေချိန် အမည်မသိအမျိုးသား ၃ ဦး ဝင်ရောက်လာပြီး ဆိုင်ရှင်ကို ချုပ်ထားကာ ငွေတောင်းခဲ့ပြီး ငွေမရတဲ့အချိန်မှာ ပါလာတဲ့ဓားနဲ့ ထိုးခုတ်ခဲ့တာလို့ သိရပါတယ်။
ဓားနဲ့ ထိုးခုတ်နေချိန် ဆိုင်ရှင်ရဲ့ ဇနီး ရောက်လာခဲ့ပြီး သူ့ကိုပါ လက်သီးနဲ့ ထိုးခဲ့တာကြောင့် ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့ရာ အမျိုးသား ၃ ဦး ထွက်ပြေးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဓားဒဏ်ရာရရှိခဲ့တဲ့ ဆိုင်ရှင်အမျိုးသားကို လူမှုကူညီရေးအသင်းတွေက မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံရောက်ပြီး မိနစ်ပိုင်းအကြာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပြီးနောက် စစ်အုပ်စုနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ၄၂ ရပ်ကွက်အပါအဝင် ဦးဝိစာရလမ်းတစ်လျှောက် ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် သံသယရှိသူ ၃ ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြောက်ဒဂုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၅ ရက် မနက်ပိုင်းကလည်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာအနီးမှာ ယာဉ်မောင်းအမျိုးသားတစ်ဦး သတ်ဖြတ်ခံရပြီး ငွေကျပ်သိန်း ၈၀၀ လုယက်ခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားထားပါတယ်။
ဓာတ်ပုံ - ဝန်းရံမှူး
#CJPlatform #မြောက်ဒဂုံ #ရန်ကုန် #ဓားပြတိုက်မှု #မှုခင်း | 111 |
| 11 | ဒီနေ့ အောက်တိုဘာ ၆ ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မိုးလျော့ပြီး ဆောင်းဦးရာသီဘက် ကူးပြောင်းချိန် အပူချိန်တွေ ဘယ်လိုရှိမလဲ
CJ Platform
ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးသွားပါမယ်။လက်ရှိမှာ အာရှတိုက်မြောက်ပိုင်းနဲ့ တိဘက်ကုန်းမြင့်ဘက်က အေးမြခြောက်သွေ့တဲ့ လေဖိအားမြင့်စနစ်တွေ အားကောင်းလာတာကြောင့် မြန်မာနိုင်ငံအတွင်းက မုတ်သုံလေထုဟာ တဖြည်းဖြည်း တောင်ဘက်ကို ဆုတ်ခွာနေပြီဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ပြည်တို့မှာ မိုးတိမ်တွေ တဖြည်းဖြည်း လျော့ကျလာပြီး လေထုခြောက်သွေ့ကာ ဆောင်းဦးရာသီဘက်ကို ကူးပြောင်းလာနိုင်ပါတယ်။
တနင်္သာရီတိုင်း၊ မွန်ပြည်၊ ကရင်ပြည်၊ ကရင်နီပြည်နဲ့ ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းတို့မှာတော့ အရှေ့ဘက်က လေပူစိုဝင်ရောက်မှုကြောင့် မိုးဆက်ရှိနိုင်ပေမယ့် အောက်တိုဘာ ၉ ရက်နောက်ပိုင်းမှာ မိုးရွာသွန်းမှုက ပိုမိုလျော့ကျလာနိုင်ပါတယ်။
#CJPlatform #မိုးလေဝသ #မုတ်သုံလေဆုတ်ခွာ #ဆောင်းဦးရာသီ #အပူချိန်မြင့်တက်နိုင်
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/dII7aXwXYMg | 149 |
| 12 | မနက်ဖြန် အောက်တိုဘာ ၆ ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်
တရုတ်ဘက်က လေထုအေးကြောင့် ဘာတွေ ဖြစ်လာနိုင်လဲ
CJ Platform
မနက်ဖြန် အောက်တိုဘာလ ၆ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးသွားပါမယ်။လက်ရှိ မိုးလေဝသအခြေအနေမှာ တရုတ်နိုင်ငံဘက်က အေးမြတဲ့ လေဖိအားမြင့်ဧရိယာ အရှိန်ကြောင့် လေအေးထုတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းအထိ ဆက်လက်ဝင်ရောက်နေပါတယ်။
တစ်ဖက်မှာတော့ ထိုင်းနိုင်ငံအတွင်းနဲ့ မြန်မာနိုင်ငံအရှေ့မြောက်ဘက် နယ်စပ်တစ်လျှောက်မှာ လေဖိအားနည်းဆဲလ်တွေ ရှိနေတဲ့အတွက် ရှမ်းပြည်၊ ကရင်နီပြည်၊ ပဲခူးတိုင်း၊ ကရင်ပြည်၊ မွန်ပြည်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာသွန်းမှု ပိုမိုတွေ့ရနိုင်ပါတယ်။ဒါ့အပြင် အရှေ့မြောက်လေစီးကြောင်းတွေ ဆက်လက်ဝင်ရောက်နေတာကြောင့် မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းဒေသတွေမှာလည်း အောက်တိုဘာ ၇ ရက်အထိ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာနိုင်ပါတယ်။
#CJPlatform #မိုးလေဝသ #ဘင်္ဂလားပင်လယ်အော် #မုန်တိုင်းငယ် #မိုးတိမ်တောင်
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/X6PhAyvi-i4 | 232 |
| 13 | لا يوجد نص... | 238 |
| 14 | လှိုင်သာယာမှာ ပွဲရုံပိုင်ရှင်ရဲ့ယာဉ်မောင်းကို သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၈၀၀ လုယက်သွား
CJ Platform
ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ ၅ ရက် မနက်ပိုင်းက ပွဲရုံပိုင်ရှင်တစ်ဦးရဲ့ ယာဉ်မောင်းကို သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၈၀၀ ထည့်ထားတဲ့ လက်ဆွဲအိတ် လုယက်ခံခဲ့ရတယ် လို့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
ဖြစ်စဉ်မှာ ဖျာပုံမြို့က ဦးကျော်လင်းနဲ့ ယာဉ်မောင်း ဦးဟံညွန့်တို့ဟာ Mitsubishi Xpander အဖြူရောင်ကားနဲ့ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်းကို ဈေးဝယ်ဖို့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဦးကျော်လင်းက ရေတမံလမ်းရှိ စိန်ဘုရားသီးနှံကုန်သည်ပွဲရုံရှေ့မှာ ကျန်ခဲ့ပြီး ယာဉ်မောင်း ဦးဟံညွန့်ကိုတော့ မရမ်းကုန်းမြို့နယ်၊ ငွေဝါလမ်းရှိ ပွဲရုံကို ကားနဲ့သွားစောင့်နေဖို့ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဈေးဝယ်ပြီးချိန်မှာ ဦးကျော်လင်းက ဦးဟံညွန့်ကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရတာကြောင့် ဆက်လက်စုံစမ်းရာ မနက် ၁၁ နာရီ ၄၀ မိနစ်ခန့်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦး ဖုန်းကိုင်ဖြေကြားခဲ့ရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ ကျောင်းလမ်းနဲ့ စိန်ပန်းလမ်းထောင့်၊ တိုက်အမှတ်(၉၅)ဘေးမှာ ဦးဟံညွန့်ကို ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ရဲတပ်ဖွဲ့က တွေ့ရှိတာကြောင့် စစ်ဆေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ဦးဟံညွန့်မှာ လည်ပင်းထိုးသွင်းဒဏ်ရာ ၇ ချက်၊ ဝဲဘက်လက်ကောက်ဝတ်မှာ ပြတ်ရှဒဏ်ရာ ၁ ချက်နဲ့ ညာဘက်လက်ခလယ်၊ လက်သူကြွယ်တို့မှာ ပြတ်ရှဒဏ်ရာ ၁ ချက်စီ ရရှိထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကားပေါ်မှာ ဦးကျော်လင်း ထားရှိခဲ့တဲ့ ငွေကျပ်သိန်း ၈၀၀ ပါ ခဲရောင်လက်ဆွဲအိတ်လည်း ပျောက်ဆုံးနေတယ် လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးကျော်လင်းက ကျူးလွန်သူကို ဖမ်းဆီးရမိရေး တိုင်ကြားခဲ့ရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက (ပ)အမှတ် ၁၁၈၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ၃၉၂ တို့နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။
ရဲတပ်ဖွဲ့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းတွေ ရရှိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ရန်ကုန် #လှိုင်သာယာ #လုယက်မှု #မှုခင်း | 237 |
| 15 | لا يوجد نص... | 229 |
| 16 | အိမ်တစ်အိမ် တစ်နေ့ ၃ သောင်းနီးပါးကုန်မှ ဝမ်းဝတဲ့အခြေအနေ ရောက်လာ
CJ Platform
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ စားအုန်းဆီ၊ ဆား၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကြောင့် နေ့စားအလုပ်သမားနဲ့ လခစားဝန်ထမ်းတွေ ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့ဘဲ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ အိမ်ရှင်မတွေနဲ့ အလုပ်သမားတွေထံက သိရပါတယ်။
စက်တင်ဘာကုန်ပိုင်းကစပြီး တဖြည်းဖြည်း မြင့်တက်လာတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကြောင့် ဈေးဝယ်ထွက်ဖို့တောင် အခက်အခဲဖြစ်လာတယ်လို့ အိမ်ရှင်မတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဈေးသွားရမှာတောင် ကြောက်တယ်။ ဆီက ဒီမနက် ၁၀ သားကို ၂,၆၅၀ ဖြစ်သွားပြီ။ ကြက်သွန်နီက ၁၀ သားကို ၁,၃၀၀၊ အဖြူက ၂,၀၀၀၊ ဆန်တစ်ပြည်ကို ၈,၀၀၀။ အသားငါးမစားဘဲ ဟင်းသီးဟင်းရွက်စားမယ်ဆိုရင်တောင် ပဲစည်းတစ်စည်း ၁,၂၀၀၊ ၁,၅၀၀၊ ကန်စွန်းရွက်တစ်စည်း ၁,၅၀၀ ဖြစ်နေတယ်” လို့ ဆိုပါတယ်။
တစ်ရက်လုပ်ခ ၂ သောင်းကျော်သာရရှိတဲ့ နေ့စားအလုပ်သမားတွေအနေနဲ့ ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့တာကြောင့် အိမ်မှာ အလုပ်လုပ်နိုင်သူအားလုံး အလုပ်ထွက်လုပ်ရတဲ့ အခြေအနေကို ရောက်လာတယ်လို့ နေ့စားအလုပ်သမားတစ်ဦးက ပြောပါတယ်။
“အရင်က မိဘတစ်ယောက်ရှာရင် သားသမီး ၃ ယောက် ထိုင်စားလို့ရတယ်။ အခု အိမ်မှာ အလုပ်လုပ်နိုင်တဲ့သူ ၃ ယောက်ရှိရင် ၃ ယောက်လုံး အလုပ်ထွက်လုပ်မှ ဝမ်းဝတဲ့အခြေအနေမျိုး။ ဘာကြောင့်လဲဆိုတော့ ဝင်ငွေနဲ့ ထွက်ငွေက မမျှတဘူးလေ” လို့ ပြောပါတယ်။
ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့ဒဏ်ကို နေ့စားအလုပ်သမားတွေနဲ့ လခစားဝန်ထမ်းအများစု ခံနေရပြီး ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတာကြောင့် ဝန်ထမ်းတွေကြား လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်လာရတယ်လို့ လခစားဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ဝန်ထမ်းတွေ လာဘ်စားတာလည်း မပြောနဲ့။ ရတဲ့လစာ ၂ သိန်း၊ ၃ သိန်းက ဆန်တစ်အိတ်ဖိုးတောင် မရှိဘူး။ ကုန်ဈေးနှုန်းဒဏ်ကို အကုန်လုံး ခါးစည်းခံရတာ။ တစ်ဦးတစ်ယောက် အဆင်ပြေတာကြည့်ပြီး အားလုံးအဆင်ပြေတယ်လို့ တွက်မယ်ဆိုရင် မှားတာပေါ့” လို့ ဆိုပါတယ်။
အာဏာမသိမ်းခင်က အိမ်တစ်အိမ်ရဲ့ နေ့စဉ်အသုံးစရိတ် ၅,၀၀၀ ကျပ်၊ ၁၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ မိသားစုစားဝတ်နေရေး ဖြေရှင်းနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ တစ်အိမ်ထောင်ရဲ့ နေ့စဉ်အသုံးစရိတ် ၃ သောင်းကျပ်ဝန်းကျင် ရှိမှသာ အခြေခံစားဝတ်နေရေး ဖြေရှင်းနိုင်တဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#CJPlatform #ကုန်ဈေးနှုန်း #အခြေခံစားသောက်ကုန် #အလုပ်သမား #ပြည်သူများ | 224 |
| 17 | လူ့အခွင့်အရေးအဖွဲ့တွေ ကန့်ကွက်နေတဲ့ကြား မလေးရှားက မြန်မာနိုင်ငံသား ၃၅၀၀ကျော်ကို ပြန်ပို့ဖို့ပြင်နေပြန်
CJ Platform
မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားနေဆဲ အချိန်မှာ မလေးရှားအစိုးရက မြန်မာနိုင်ငံသား ၃,၅၂၄ ဦးကို ဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံကို ထပ်မံပြန်ပို့ဖို့ ပြင်ဆင်နေမှုကို UNHCR၊ SUHAKAM၊ Amnesty International နဲ့ Human Rights Watch တို့က ပြန်ပို့ရေးအစီအစဉ်ကို ကန့်ကွက်နေကြပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/5102026-2/ | 222 |
| 18 | لا يوجد نص... | 217 |
| 19 | လောင်းလုံမှာ မြေပြိုနေအိမ်က ရွှေ ၁၅ ကျပ်သားနဲ့ ငွေ ၁၀ သိန်းကျော်ကို ပိုင်ရှင်ဆီ ပြန်အပ်
CJ Platform
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ တောကျဲကျေးရွာမှာ အောက်တိုဘာ ၁ ရက်က မြေပြိုပျက်စီးသွားတဲ့ နေအိမ်ကို ရှင်းလင်းရာက ရွှေ ၁၅ ကျပ်သားနဲ့ ငွေကျပ် ၁၀ သိန်းကျော် တွေ့ရှိခဲ့ပြီး ပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြေပြိုပြီး ပျက်စီးနေတဲ့ နေအိမ်အပျက်အစီးတွေကို ပရဟိတနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရှင်းလင်းနေချိန်မှာ ရွှေထည်ပစ္စည်းနဲ့ ငွေတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး အမျိုးသမီးပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ပိုင်ရှင်က ဝမ်းသာလွန်းလို့ မျက်ရည်တောင် ပိုးပိုးပေါက်ပေါက် ကျတယ်။ ဂုဏ်ပြုတဲ့အနေနဲ့ ပရဟိတအဖွဲ့ကို ရွှေ ၃ ကျပ်သား ပေးမယ်ပြောပေမယ့် ဘယ်သူမှ လက်မခံဘူး” လို့ သူက ပြောပါတယ်။
အဆိုပါဖြစ်စဉ်ကို ပရဟိတသမားတစ်ဦးဖြစ်တဲ့ ကိုစိုးထိုက် (ဖဒို) ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားပါတယ်။
နေအိမ်ရှင်းလင်းရေးမှာ ပေးဆပ်သူ (မြိုင်ကလေး)၊ ဘိုဘိုဝင်း (မော်လမြိုင်)၊ အနာဂတ် (မော်လမြိုင်)၊ ဂရုဏာတွဲလက် (ရန်ကုန်)၊ ကရုဏာနုဂ္ဂဟ (ရန်ကုန်)၊ ကြီးလေးကြီး (ရန်ကုန်)၊ အနာဂတ်ကြယ်ပွင့် (ပဲခူး) နဲ့ ပူးပေါင်း Rescue အဖွဲ့သားတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ကိုစိုးထိုက် (ဖဒို)
#CJPlatform #လောင်းလုံ #တနင်္သာရီတိုင်း #ပရဟိတ #မြေပြို | 217 |
| 20 | لا يوجد نص... | 210 |
