CJ Platform
前往频道在 Telegram
4 702
订阅者
-124 小时
-57 天
-4830 天
正在加载数据
吸引订阅者
十一月 '2611月 '26
十一月 '26
+25
在4个频道中
十月 '26
+63
在4个频道中
Get PRO
九月 '26
+81
在3个频道中
Get PRO
八月 '26
+86
在6个频道中
Get PRO
七月 '26
+77
在4个频道中
Get PRO
六月 '26
+53
在4个频道中
Get PRO
五月 '26
+57
在12个频道中
Get PRO
四月 '26
+33
在6个频道中
Get PRO
三月 '26
+40
在8个频道中
Get PRO
二月 '26
+43
在6个频道中
Get PRO
一月 '26
+47
在7个频道中
Get PRO
十二月 '25
+41
在8个频道中
Get PRO
十一月 '25
+58
在3个频道中
Get PRO
十月 '25
+57
在7个频道中
Get PRO
九月 '25
+87
在5个频道中
Get PRO
八月 '25
+99
在2个频道中
Get PRO
七月 '25
+80
在6个频道中
Get PRO
六月 '25
+37
在8个频道中
Get PRO
五月 '25
+56
在6个频道中
Get PRO
四月 '25
+94
在2个频道中
Get PRO
三月 '25
+238
在8个频道中
Get PRO
二月 '25
+32
在3个频道中
Get PRO
一月 '25
+53
在3个频道中
Get PRO
十二月 '24
+97
在7个频道中
Get PRO
十一月 '24
+92
在6个频道中
Get PRO
十月 '24
+126
在5个频道中
Get PRO
九月 '24
+233
在6个频道中
Get PRO
八月 '24
+420
在6个频道中
Get PRO
七月 '24
+1 021
在6个频道中
Get PRO
六月 '24
+438
在6个频道中
Get PRO
五月 '24
+243
在5个频道中
Get PRO
四月 '24
+308
在9个频道中
Get PRO
三月 '24
+454
在11个频道中
Get PRO
二月 '24
+1 070
在9个频道中
Get PRO
一月 '24
+334
在2个频道中
Get PRO
十二月 '23
+354
在4个频道中
Get PRO
十一月 '23
+554
在5个频道中
Get PRO
十月 '23
+161
在14个频道中
Get PRO
九月 '23
+37
在0个频道中
Get PRO
八月 '23
+38
在0个频道中
Get PRO
七月 '23
+33
在0个频道中
Get PRO
六月 '23
+33
在0个频道中
Get PRO
五月 '23
+136
在0个频道中
Get PRO
四月 '23
+325
在0个频道中
Get PRO
三月 '23
+185
在0个频道中
Get PRO
二月 '23
+167
在0个频道中
Get PRO
一月 '23
+496
在0个频道中
Get PRO
十二月 '22
+353
在0个频道中
Get PRO
十一月 '22
+442
在0个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 17 十一月 | 0 | |||
| 16 十一月 | 0 | |||
| 15 十一月 | 0 | |||
| 14 十一月 | +1 | |||
| 13 十一月 | +1 | |||
| 12 十一月 | +6 | |||
| 11 十一月 | +1 | |||
| 10 十一月 | +2 | |||
| 09 十一月 | 0 | |||
| 08 十一月 | 0 | |||
| 07 十一月 | 0 | |||
| 06 十一月 | 0 | |||
| 05 十一月 | +4 | |||
| 04 十一月 | 0 | |||
| 03 十一月 | +7 | |||
| 02 十一月 | 0 | |||
| 01 十一月 | +3 |
频道帖子
ကိုးတောင်ဘို့တိုက်ပွဲမှာ စစ်အုပ်စု ၂၀ ခန့် သေဆုံးပြီး သုံ့ပန်းတစ်ဦး ဖမ်းမိ၊ စစ်ကြောင်းဆက်ရှိနေ၍ ဒေသခံ သောင်းနဲ့ချီ နေရပ်မပြန်နိုင်သေး
CJ Platform
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ၂၀ ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး WY စိတ်ကြွဆေးပြားတွေနဲ့အတူ စစ်သုံ့ပန်းတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/17112026-2/
| 2 | 没有文字... | 122 |
| 3 | မြောက်ဥက္ကလာပ တံတားလေးဘူတာအနီး အမျိုးသားတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံး
CJ Platform
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ တံတားလေးဘူတာနဲ့ ရေကူးဘူတာကြားမှာ နိုဝင်ဘာ ၁၆ ရက် မနက် ၁၀ နာရီခန့်က အမျိုးသားတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တံတားလေးဘူတာနဲ့ ရေကူးဘူတာကြား လမ်းဝကားလမ်းကူး ဂုံးကျော်တံတားအနီးမှာ ရထားလာနေချိန် သံလမ်းကို ဖြတ်ကူးတဲ့ အမျိုးသားတစ်ဦး ရထားကြိတ်ခံခဲ့ရတာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရန်ကုန်ကို ဝင်လာတဲ့ မြို့ပတ်ရထားလာတဲ့အချိန် သံလမ်းကို ဖြတ်ကူးတာ။ သေတဲ့သူက အသက် ၃၀ လောက်ရှိမယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ပြေးဆွဲနေတဲ့ DEMU နဲ့ BEL ရထားတွေဟာ အရှိန်ပြင်းတာကြောင့် ရထားလမ်းဖြတ်ကူးသူတွေအနေနဲ့ သတိထားသင့်တယ်လို့ မီးရထားဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အခုရထားတွေက အရှိန်ပြင်းတယ်။ တချို့က ရထားဝေးသေးတယ်အထင်နဲ့ လမ်းဖြတ်ကူးကြတယ်။ အဲဒီမှာ ရထားကြိတ်ခံရတာပဲ။ ရထားသွားတဲ့အချိန်က ၃ မိနစ်တောင် မကြာဘူး။ ဒီအချိန်လေးကို စောင့်ဆိုင်းပြီးမှ ကူးသင့်တယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ရထားဘူတာပလက်ဖောင်းမှာ ရထားစောင့်ဆိုင်းနေသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ မျဉ်းဝါအတွင်းမှာသာ ရပ်တန့်စောင့်ဆိုင်းသင့်တယ်လို့ သူက ရှင်းပြပါတယ်။
နိုဝင်ဘာ ၁၅ ရက်ကလည်း ရန်ကုန်-မော်လမြိုင်ရထားလမ်းပေါ်ရှိ ကျိုက်ထိုဘူတာမှာ သက်ကြီးအမျိုးသမီးတစ်ဦး ရထားပေါ်က ခြေချော်ကျပြီး ရထားကြိတ်ခံရကာ သေဆုံးခဲ့ပါတယ်။
#CJPlatform #ရန်ကုန် #မြောက်ဥက္ကလာပ #ရထားမတော်တဆမှု #ရထားလုံခြုံရေး | 123 |
| 4 | မိုးပြန်ရွာနိုင်လို့ တောင်သူတွေနဲ့ ဆားဖိုသူကြီးတွေ ကြိုတင်ပြင်ဆင်ဖို့လို
ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်
CJ Platform
ဒီနေ့ နိုဝင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။လက်ရှိ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း အက်ဗန် ဖြစ်ပေါ်နေပြီး ဒီနေ့ညနေပိုင်းမှာ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိလာနိုင်တယ်လို့ အိန္ဒိယမိုးလေဝသဌာန IMD က ခန့်မှန်းထားပါတယ်။
မုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာ ၂၀ ရက်ဝန်းကျင်မှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၇၅ မိုင်ကနေ ၈၁ မိုင်အထိ ရှိလာနိုင်သလို လေပြင်းတိုက်ခတ်ချိန်မှာ တစ်နာရီ မိုင် ၉၀ ဝန်းကျင်အထိ ရှိနိုင်ပါတယ်။ အဲဒီနောက် အလွန်ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ IMD က သတိပေးထားပါတယ်။
#CJPlatform #မိုးလေဝသ #ဆိုင်ကလုန်းမုန်တိုင်း #မြန်မာ့ပင်လယ်ပြင် #ရာသီဥတု
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/NIHW5ymcZ4I | 176 |
| 5 | နိုဝင်ဘာ ၁၈ ရက်မှ ၂၀ ရက်အတွင်း မြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်တောင်ပိုင်းမှာ မိုးရွာနိုင်
မနက်ဖြန် နိုဝင်ဘာ ၁၇ ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်
CJ Platform
မင်္ဂလာပါရှင်။ မနက်ဖြန် နိုဝင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးသွားပါမယ်။
ဒီနေ့မှာတော့ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ မုန်တိုင်းစနစ်နဲ့ မြန်မာနိုင်ငံကုန်းတွင်းပိုင်းမှာ သက်ရောက်နေတဲ့ ဆောင်းလေအေးအခြေအနေတွေကို လေ့လာပြီး လာမယ့်ရက်တွေအတွင်း မြန်မာနိုင်ငံမှာ ဘယ်လိုရာသီဥတုအပြောင်းအလဲတွေ ဖြစ်လာနိုင်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။
ပထမဆုံး ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ INVEST 92B မုန်တိုင်းစနစ်ရဲ့ နောက်ဆုံးအခြေအနေကို ကြည့်မယ်ဆိုရင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်း ဆက်စပ်နေတဲ့ ပင်လယ်ပြင်ဒေသမှာ အားကောင်းတဲ့ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေပါတယ်။
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/D8bDVw9PjkA | 237 |
| 6 | အမေရိကန်က ကရင်ပြည်ရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး သတင်းပေးသူကို ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးမယ်
CJ Platform
မြန်မာနိုင်ငံ ကရင်ပြည်အတွင်းရှိ Tai Chang ကျားဖြန့်လုပ်ငန်းဝင်းတွေနဲ့ ဆက်စပ်တဲ့ ငွေကြေးခဝါချမှုကနေ ရရှိထားတဲ့ ငွေကြေးတွေကို သိမ်းဆည်းနိုင်ဖို့ သို့မဟုတ် ပြန်လည်ရယူနိုင်ဖို့ အထောက်အကူပြုမယ့် သတင်းအချက်အလက်ပေးသူကို အမေရိကန်အစိုးရက ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးမယ်လို့ ကြေညာလိုက်ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/16112026-2/ | 387 |
| 7 | 没有文字... | 269 |
| 8 | ဖူးခက် ပတ်တောင်မှာ အဆောက်အအုံမီးလောင်ပြီး ၁၁ ဦး သေဆုံး၊ ၁၈ ဦး ဒဏ်ရာရ မြန်မာနိုင်ငံသားတစ်ဦးပါဝင်
CJ Platform
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ပြည်နယ်၊ ပတ်တောင်မြို့မှာ ဆိုင်ကယ်အငှားဆိုင်နဲ့ အခန်းငှားလုပ်ငန်း ဖွင့်လှစ်ထားတဲ့ အဆောက်အအုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၆ ရက် မနက် ၃ နာရီ ၁၇ မိနစ်ခန့်မှာ ပတ်တောင်မြို့ ဖရာမက်တာလမ်း၊ နာနိုင်ဆွယ် ၈ အနီးရှိ အိုမ်ရေစင်း (Ohm Racing Patong) ဆိုင်ကယ်အငှားဆိုင်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် အထပ်လေးထပ်ရှိတဲ့ စီးပွားရေးအဆောက်အအုံကနေ အနီးအနားရှိ အဆောက်အအုံတွေကိုပါ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေက မနက် ၄ နာရီဝန်းကျင်မှာ မီးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပတ်တောင်ရဲတပ်ဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူ ၁၁ ဦးထဲမှာ အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၃ ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၁၈ ဦးမှာ အမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၄ ဦး ပါဝင်ပါတယ်။ သေဆုံးသူတွေဟာ မီးလောင်ဒဏ်ရာကြောင့်ထက် မီးခိုးငွေ့ရှူရှိုက်မိတာကြောင့် သေဆုံးခဲ့ရနိုင်တယ်လို့ ကနဦးသုံးသပ်ထားပါတယ်။
အဆောက်အအုံရဲ့ မြေညီထပ်မှာ ဆိုင်ကယ်အစီးရေ ၁၀၀ ကျော် ရပ်ထားပြီး အပေါ်ထပ်တွေကို ဆိုင်ဝန်ထမ်းတွေနဲ့ အခြားသူတွေ နေထိုင်တဲ့ အခန်းတွေအဖြစ် အသုံးပြုထားတာပါ။ ဆိုင်ကယ်တွေအပြင် လောင်စာဆီ၊ အင်ဂျင်ဝိုင်၊ ပလတ်စတစ်ပစ္စည်းနဲ့ တာယာတွေ ရှိနေတာကြောင့် မီးလောင်မှု ပိုမိုပြင်းထန်လာပြီး အဆောက်အအုံအတွင်း မီးခိုးငွေ့တွေ ထူထပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဆောက်အအုံအပေါ်ထပ်မှာ ရှိနေသူတွေဟာ မီးခိုးငွေ့တွေကြောင့် အောက်ထပ်ကို ဆင်းနိုင်ဖို့ ခက်ခဲခဲ့ပြီး တချို့သူတွေက အပေါ်ထပ်နဲ့ ခေါင်မိုးပေါ်ကို တက်ပြီး ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။
ပတ်တောင်မြို့တော်ဝန်နဲ့ ဒုတိယမြို့တော်ဝန်တို့ရဲ့ ကနဦးသုံးသပ်ချက်အရ အနီးရှိ လျှပ်စစ်တိုင် ဒါမှမဟုတ် ထရန်စဖော်မာမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးပွားတွေ ကျလာရာကနေ အနီးရှိ ဆိုင်ကယ်တွေကို မီးကူးစက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းအတိအကျကိုတော့ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့နဲ့ မှုခင်းဆေးပညာဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးနေပြီး CCTV မှတ်တမ်းတွေကိုလည်း ပြန်လည်ကြည့်ရှုနေပါတယ်။ ဒါ့အပြင် ပျောက်ဆုံးနေသူတွေနဲ့ သေဆုံးသူတွေကို အတည်ပြုနိုင်ဖို့ ဆွေမျိုးတွေထံက သတင်းအချက်အလက်တွေ စုဆောင်းနေပါတယ်။
ဒီဖြစ်စဉ်မှာ ဒဏ်ရာရသူတွေထဲ မြန်မာနိုင်ငံသားတစ်ဦးလည်း ပါဝင်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြထားပါတယ်။
Ref - The Phuket News
#CJPlatform #Phuket #Patong #ThailandNews #FireAccident | 254 |
| 9 | 没有文字... | 215 |
| 10 | ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကင်းလှည့်လေယာဉ်ပျံသန်းမှုကြောင့် စိုးရိမ်မှုမဖြစ်ရန် သတိပေး
CJ Platform
ထိုင်းလေတပ်ဟာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဝေဟင်ကင်းလှည့်မှုတွေ ပြုလုပ်ဖို့ F-16 တိုက်လေယာဉ် ၂ စင်းကို စေလွှတ်ထားတယ်လို့ Khaosod English က နိုဝင်ဘာ ၁၆ ရက်မှာ ဖော်ပြပါတယ်။
အဲဒီတိုက်လေယာဉ်တွေဟာ တာ့ခ်ပြည်နယ် ဖို့ဖရာခရိုင်ကနေ မယ်ဟောင်ဆောင်ပြည်နယ် မယ်ဆရီယန်းခရိုင်အထိ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဝေဟင်ကင်းလှည့်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ကင်းလှည့်ပျံသန်းမှုအတွင်း လေယာဉ်သံကျယ်လောင်စွာ ကြားရနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှု မဖြစ်ကြဖို့ ရတ်ချ်မနူးတပ်ဖွဲ့က နိုဝင်ဘာ ၁၆ ရက်မှာ အသိပေးထားပါတယ်။
ဒါ့အပြင် အခုလို ကင်းလှည့်ပျံသန်းမှုဟာ ပြည်သူတွေရဲ့ လုံခြုံရေးကို ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့လည်း ရတ်ချ်မနူးတပ်ဖွဲ့က ပြောကြားထားပါတယ်။
#CJPlatform #ထိုင်းနိုင်ငံ #မြန်မာထိုင်းနယ်စပ် #F16တိုက်လေယာဉ် #ဝေဟင်ကင်းလှည့်မှု | 219 |
| 11 | 没有文字... | 233 |
| 12 | ချင်းပြည်ထွက် မျောက်ငိုသီး တစ်တောင့် ကျပ် ၅၀၀ အထိ ဈေးရရှိနေ
CJ Platform
ချင်းပြည်၊ တီးတိန်မြို့နယ်အပါအဝင် အခြားမြို့နယ်တွေက ထွက်ရှိတဲ့ မျောက်ငိုသီးတွေဟာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ရိခေါ်ဒါရ်မြို့မှာ တစ်တောင့်ကို မြန်မာငွေကျပ် ၅၀၀ နှုန်းအထိ ဈေးရရှိနေတယ်လို့ သိရပါတယ်။
မျောက်ငိုသီးတွေကို တီးတိန်မြို့နယ်အပါအဝင် အခြားမြို့နယ်တွေက ပွဲစားတွေက ကျေးရွာတွေအထိ သွားရောက်ဝယ်ယူကြပြီး အပင်ပြတ်စနစ်နဲ့ ဈေးညှိနှိုင်းဝယ်ယူကြတာဖြစ်ပါတယ်။ အဲဒီလို ဝယ်ယူရရှိလာတဲ့ မျောက်ငိုသီးတွေကို ရိခေါ်ဒါရ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးဒိုင်တွေကို ပြန်လည်ရောင်းချကြပါတယ်။
မျောက်ငိုသီး ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက လက်ရှိမှာ မျောက်ငိုသီးတွေ အထွက်များလာတာကြောင့် တစ်တောင့်ကို ကျပ် ၅၀၀ ဝန်းကျင်သာ ရရှိတော့ပြီး စတင်ထွက်ရှိတဲ့အချိန်မှာတော့ အခုထက်ပိုပြီး ဈေးကောင်းရရှိခဲ့တယ်လို့ ပြောပါတယ်။
“အခုက မျောက်ငိုသီးက ပေါလာတော့ မြန်မာငွေ ၅၀၀ လောက်ပဲ ရတော့တာ။ ပေါ်ခါစဆိုရင်တော့ ပိုပြီးဈေးကောင်းတာပေါ့။ ကျွန်တော်တို့က ရွာတွေထိ ဆင်းပြီး လိုက်ဝယ်ရတယ်။ ရွာမှာဆိုတော့ ကျွန်တော်တို့က အပင်ပြတ်ဝယ်တာ။ တချို့အပင်တွေက အသီးများရင် များသလို ကျွန်တော်တို့က ဈေးပေးရတယ်။ တစ်ပင်နဲ့တစ်ပင် ဈေးကတော့ မတူဘူး။ တချို့အပင်တွေက တစ်သိန်းကျော်ကနေ သုံးသိန်းကျော်အထိ ရတယ်။ အဲဒါက အပင်ရဲ့ အသီးသီးနှုန်းပေါ်မှာပဲ မူတည်ပါတယ်” လို့ မျောက်ငိုသီးရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။
ဝယ်ယူရရှိထားတဲ့ မျောက်ငိုသီးတွေကို ရိခေါ်ဒါရ်မြို့ကတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို အဓိကတင်ပို့ရောင်းချနေကြတာဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်မှာ မျောက်ငိုသီးတွေကို အတောင့်လိုက် ရောင်းချကြသလို အစေ့တွေကို ဆားရည်စိမ်ပြီး ဗူးတွေနဲ့လည်း ပြန်လည်ထုပ်ပိုးရောင်းချကြတယ်လို့ သိရပါတယ်။
မျောက်ငိုသီးတွေ သယ်ယူပို့ဆောင်ရာမှာ ဆိုင်ကယ်တွေနဲ့ Suzuki Carry အသေးစားကားတွေကို အသုံးပြုကြပါတယ်။ ဆိုင်ကယ်တစ်စီးမှာ မျောက်ငိုသီး အတောင့်ရေ ၂,၅၀၀ အထိ တင်ဆောင်နိုင်ပြီး အသေးစားကားတွေနဲ့ တစ်ခေါက်ပို့ဆောင်ရင် မြန်မာငွေကျပ် သိန်း ၂၀ နီးပါး အမြတ်ရရှိတယ်လို့လည်း သိရပါတယ်။
အခုလို မျောက်ငိုသီးတွေကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတစ်ဆင့် မီဇိုရမ်ပြည်နယ်ဘက် တင်ပို့ရောင်းချနေတာကြောင့် ချင်းပြည်အတွင်း မျောက်ငိုသီးထွက်ရှိရာ ဒေသတွေက ဒေသခံတွေနဲ့ ဝယ်ယူရောင်းချသူတွေအတွက် ဝင်ငွေရရှိစေတဲ့ ဒေသထွက်ကုန်တစ်ခု ဖြစ်နေပါတယ်။
CJ
#CJPlatform #ချင်းပြည် #မျောက်ငိုသီး #နယ်စပ်ကုန်သွယ်ရေး #မီဇိုရမ် | 241 |
| 13 | 没有文字... | 261 |
| 14 | ဘင်္ဂလားပင်လယ်အော် မုန်တိုင်းငယ် အားကောင်းလာမှုကြောင့် မြန်မာနိုင်ငံမှာ မိုးထစ်ချုန်းရွာပြီး ကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းကျနိုင်
CJ Platform
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ် အားကောင်းလာပြီး အဲဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း မြန်မာနိုင်ငံက တိုင်းနဲ့ပြည် ၁၁ ခုမှာ မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အားကောင်းသော မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၄၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ မုန်တိုင်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားတယ်လို့ မိုးဇလက ပြောပါတယ်။
အဲဒီမုန်တိုင်းငယ်ဟာ နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်နဲ့ နိုဝင်ဘာ ၁၇ ရက်မှာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ် ထပ်မံအားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးလေဝသခန့်မှန်းမော်ဒယ်တွေအရ အဆိုပါမုန်တိုင်းဟာ နိုဝင်ဘာ ၁၉ ရက်မှာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ် ကမ်းခြေအနီးကို ရောက်ရှိနိုင်ပြီး နိုဝင်ဘာ ၂၀ ရက်မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးနောက် အားပျော့ပျက်ပြယ်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဟာ မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်ရောက်ဖို့ မရှိပေမဲ့ မုန်တိုင်းရဲ့ အရှိန်ကြောင့် နိုဝင်ဘာ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း တနင်္သာရီတိုင်း၊ ကယားပြည်၊ ကရင်ပြည်၊ မွန်ပြည်နဲ့ ရှမ်းပြည်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပါတယ်။
ဒါ့အပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းကျရောက်နိုင်ပြီး လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေခန့်အထိ ရှိနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။
ဒါကြောင့် ကုန်းမြင့်ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ချောင်းတွေအနီး နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုအန္တရာယ်နဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ အနေနဲ့လည်း မိုးသက်လေပြင်းနဲ့ လှိုင်းကြီးမှုတွေကို ကြိုတင်သတိပြုရှောင်ရှားကြဖို့ မိုးဇလက အသိပေးနှိုးဆော်ထားပါတယ်။
#CJPlatform #မိုးလေဝသ #ဘင်္ဂလားပင်လယ်အော် #မုန်တိုင်း #မိုးကြီးနိုင် | 254 |
| 15 | 没有文字... | 236 |
| 16 | ရေးမြို့ ရွှေတောင်ကြားဟိုတယ်မှာ ၄ နှစ်အရွယ်ကလေးအပါအဝင် ၂၁ ဦးကို ဧည့်စာရင်းစစ်ဆေးရင်း ဖမ်းဆီးတဲ့ စစ်အုပ်စုက တရုတ်နိုင်ငံသား ၄ ဦးကို မဖမ်းခဲ့
CJ Platform
မွန်ပြည်မှာ ရေးမြို့နယ်ရှိ ရွှေတောင်ကြားဟိုတယ်ကို စစ်အုပ်စုတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၁၃ ရက်မှာ ဧည့်စာရင်းဝင်ရောက်စစ်ဆေးပြီး အသက် ၄ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် လူ ၂၁ ဦးကို ဖမ်းဆီးခဲ့ပေမဲ့ တရုတ်နိုင်ငံသား ၄ ဦးကိုတော့ ဖမ်းဆီးခြင်းမရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီနေ့က ရွှေတောင်ကြားဟိုတယ်မှာ တည်းခိုနေသူတွေကို စစ်အုပ်စုတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့ပြီး အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဥပဒေအရ ဖမ်းမယ်ဆို အကုန်ဖမ်းလေ။ မြန်မာလူမျိုးတွေ၊ မွန်လူမျိုးတွေကျ ဖမ်းပြီး တရုတ်တွေကျတော့ မဖမ်းဘဲ ထားခဲ့တယ်။ ၄ နှစ်နဲ့ ၉ နှစ် ကလေး ၂ ယောက်ပါတယ်။ အကုန်လုံးကို အချုပ်ခန်းမှာ တစ်ည အိပ်ခိုင်းတယ်” လို့ သူက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁၃ ဦး ပါဝင်ပြီး ရေးမြို့မရဲစခန်းအချုပ်မှာ တစ်ည ထိန်းသိမ်းခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။
စစ်အုပ်စုတပ်နဲ့ ရဲတပ်ဖွဲ့က မဖမ်းဆီးဘဲ ထားခဲ့တဲ့ တရုတ်နိုင်ငံသား ၄ ဦးဟာ ရှမ်းပြည်မြောက်ပိုင်းကနေ ထွက်ပြေးလာတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်သူတွေဖြစ်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“စစ်တပ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းကို နှိမ်နင်းနေတယ်လို့ ပြောသေးတယ်။ ရှမ်းမြောက်က ပြေးလာတဲ့ ကျားဖြန့်တရုတ်တွေ မိတာတောင် မဖမ်းဘဲ ဟိုတယ်မှာ ထားခဲ့တယ်ဆိုတော့ ရေးမှာ ကျားဖြန့်လုပ်ငန်းတွေ ရှိနေတဲ့သဘော” လို့ သူက ပြောပါတယ်။
ရွှေတောင်ကြားဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်အကြောင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် နိုဝင်ဘာ ၁၄ ရက်မှာ ဖမ်းဆီးထားသူ ၂၁ ဦးထဲက ၁၄ ဦးကို ရေးမြို့နယ်ရဲစခန်းက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
#CJPlatform #မွန်ပြည် #ရေးမြို့ #ကျားဖြန့် #ဖမ်းဆီးမှု | 235 |
| 17 | 没有文字... | 213 |
| 18 | အောင်မင်္ဂလာအဝေးပြေးဝင်းမှာ အမည်မသိအမျိုးသားတစ်ဦး သေဆုံးလျက်တွေ့ရှိ
CJ Platform
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်ရှိ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားဝင်းအတွင်း မနေ့ညနေ ၅ နာရီခန့်က အမည်မသိအမျိုးသားတစ်ဦးကို သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောင်မင်္ဂလာအဝေးပြေးဝင်း၊ စက်မှုလမ်း (မ)၊ ဌ/၄၇ အလုပ်ရုံရှေ့မှာ အမျိုးသားတစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့တာလို့ ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“လုံခြုံရေးကင်းရှေ့မှာ သေနေတာ။ အသက် ၃၀ လောက်ရှိမယ်။ ဘယ်ကလဲဆိုတာ မသိဘူး။ အဝေးပြေးထဲက လူကြီးတွေကပဲ လူမှုကူညီရေးကို ဖုန်းဆက်ပြီး မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့လိုက်မယ်။ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရင် ပိုင်ရှင်မဲ့အဖြစ် သဂြိုဟ်မှာ” လို့ သူက ပြောပါတယ်။
အခင်းဖြစ်ရာနေရာကို ရဲတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးခဲ့ပြီးနောက် အဝေးပြေးဝင်းအတွင်း နေထိုင်သူတွေကို ပရဟိတအဖွဲ့ထံ ဖုန်းဆက်ပြီး ဆေးရုံပို့ဆောင်ပေးဖို့ ပြောဆိုခဲ့တယ်လို့ အဲဒီယာဉ်မောင်းက ဆက်ပြောပါတယ်။
“ရဲတွေ လာစစ်ဆေးတယ်။ ပြင်ပဒဏ်ရာ မတွေ့ဘူးဆိုပြီး စုံစမ်းမေးမြန်းတာ မလုပ်ဘဲ ပရဟိတအဖွဲ့ကို ဖုန်းဆက်ပြီး ဆေးရုံပို့ခိုင်းတာ” လို့ သူက ဆိုပါတယ်။
သေဆုံးသူအမျိုးသားကို ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
#CJPlatform #ရန်ကုန် #အောင်မင်္ဂလာအဝေးပြေး #သေဆုံးမှု #လူမှုကူညီရေး | 220 |
| 19 | 没有文字... | 210 |
| 20 | ရွှေကျင်မြို့နယ်မှာ စစ်အုပ်စု စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၁၅ ရွာက ဒေသခံ ၂,၉၂၅ ဦး ထွက်ပြေးတိမ်းရှောင်နေရ
CJ Platform
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်အတွင်း စစ်အုပ်စုတပ်တွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာ ၁၅ ရွာက ဒေသခံပြည်သူ ၂,၉၂၅ ဦးခန့် ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကစပြီး စစ်အုပ်စုတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး စစ်ကြောင်းထိုးစဉ်အတွင်း လက်နက်ကြီး၊ ဒရုန်းနဲ့ လေယာဉ်တွေ အသုံးပြုကာ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြေပြင်စစ်ကြောင်းထိုးမှုအပြင် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဇီးဖြူတောင်၊ ပနာဒဲ၊ ထီးဖဒို၊ မဲပျောထာ၊ မောထာ၊ ကဘူးလော၊ ဘလောခို၊ ပလေပလော၊ သဲခေါထာ၊ ရဲသောခီး၊ ကော်က၊ ထီးကလားခီး၊ ခမောက်ခွေ၊ ဝါးဖြူတောင်နဲ့ ကျုံတူး စတဲ့ ကျေးရွာ ၁၅ ရွာက ဒေသခံ ၂,၉၂၅ ဦးခန့်ဟာ ထိတ်လန့်ကြောက်ရွံ့ပြီး ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
#CJPlatform #KNU #ရွှေကျင် #စစ်ဘေးရှောင် #ကရင်ပြည် | 233 |
