fa
Feedback
Khit Thit Media

Khit Thit Media

رفتن به کانال در Telegram

🚩 Channel was restricted by Telegram

نمایش بیشتر

📈 تحلیل کانال تلگرام Khit Thit Media

کانال Khit Thit Media (@khitthitnews) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 347 486 مشترک است و جایگاه 384 را در دسته اخبار و رسانه‌ها و رتبه 32 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 347 486 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 25 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -12 607 و در ۲۴ ساعت گذشته برابر -490 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید شده (به صورت رسمی توسط تلگرام)
  • نرخ تعامل (ER): میانگین تعامل مخاطب 3.52% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 3.01% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 12 230 بازدید دریافت می‌کند. در اولین روز معمولاً 10 459 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 276 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“🚩 Channel was restricted by Telegram”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 26 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

347 486
مشترکین
-49024 ساعت
-2 9587 روز
-12 60730 روز
آرشیو پست ها
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အာရက္ခတပ်တော် AA ထိုးစစ်ဆင်နေတဲ့ ကျောက်ဖြူမြို့နယ်အတွင်းက အထူးစီးပွားရေးဇုန်ကို ကာကွယ်ဖို့ စစ်တပ်က အဖွဲ့ဝင် ၈ ဦးပါ ကော်မတီ အဖွဲ့ကို ဖွဲ့စည်းလိုက်ပြန်ပါတယ်။ - အကြမ်းဖက်စစ်တပ်ရဲ့ တပ်ချုပ်သစ် ရဲဝင်းဦးက သူတို့စစ်တပ်အုပ်စုအတွင်း သစ္စာဖောက်မှု၊ စစ်ဆင်ရေးဆိုင်ရာ ပေါက်ကြားမှုနဲ့ မူးယစ်ဆေးဝါးအမှုတွေကို လုံးဝခွင့်မလွှတ်ဘူးလို့ ပြောလာပြန်ပါတယ်။ - တနင်္သာရီတိုင်း၊ ကော့သောင်းမြို့အဝင် ၁၀ မိုင်ဂိတ်နဲ့ ခမောက်ကြီးဂိတ်တွေမှာ စစ်တပ်ဘက်က ရဲစခန်းမှူး ကံမြင့်နဲ့ တပ်နယ်မှူးတွေက ကုန်ကား ၁ စီးကို ငွေကျပ် သိန်းဆယ်ချီတောင်းယမ်းနေပြီး ငွေ မပေးနိုင်ရင် ကုန်စည်တွေကို ဆွဲချ သိမ်းဆည်းတာတွေအထိ လုပ်နေတယ်လို့ ကုန်သည်တွေက ရန်ကုန်ခေတ်သစ်ကို ပြောလာကြပါတယ်။ - အမေရိကန်ရဲ့ လေကြောင်းပိတ်ဆို့မှုအသစ်ကြောင့် အီရန်နဲ့ အပြန်အလှန် ပြေးဆွဲနေတဲ့ လေယာဉ်တွေကို အီရတ်နိုင်ငံ လေဆိပ် ၄ ခုက ရပ်ဆိုင်းလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://www.youtube.com/watch?v=S64Z19XJKbw

photo content

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး ရန်ကုန်၊ စက်တင်ဘာ ၂၆ မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၂၆ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

photo content

တော်လှန်ရေးအင်အားစုများ၏ ညီညွတ်စွာ တွန်းလှန်တိုက်ပွဲဝင်မှုကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပြဋ္ဌာန်းခွင့်များ မြေပြင်တွင် လက်တွေ့ ပုံပေါ်လာနေပြီဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော ရန်ကုန်၊ စက်တင်ဘာ ၂၆ မကွေးပြည်သူလူထု၊ မြေပြင်သပိတ်ကော်မတီများ၊ CDM ဝန်ထမ်းများ၊ တော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်မှုနှင့် ရွပ်ရွပ်ချွံချွံတွန်းလှန်တိုက်ပွဲဝင်မှုကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်မှ မြေပြင်တွင်လက်တွေ့ပုံပေါ်လာနေပြီဖြစ်ကြောင်း NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပသော မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဒွါဒသမ အကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာတွင် ၎င်းကထည့်သွင်းပြောဆိုထားခြင်း သည်။ အညာဒေသ မကွေးယူနစ်သည် စစ်အုပ်စု၏ အဓိက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံများ တည် ရှိရာဒေသဖြစ်သကဲ့သို့ ခုခံတွန်းလှန်စစ်၏ မဟာဗျူဟာကျသော ဆုံချက်တစ်ခုလည်း ဖြစ်ကြောင်း၊ ဤ ကဲ့သို့သော ဗျူဟာမြောက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူများကို ရည်ရွယ်ချက် ရှိရှိ လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်နှင့်အမျှ ရက်စက်စွာ ကျူးလွန်လျက်ရှိကြောင်း အသိပေး ထားသည်။ ထိုသို့သော ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်မှုများကြားမှပင် မကွေး ပြည်သူလူထု၊ မြေပြင် သပိတ်ကော် မတီများ၊ CDM ဝန်ထမ်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် ဒေသခံတော်လှန်ရေး အင်အားစု များ ၏ စည်းလုံးညီညွတ်မှု၊ ရွပ်ရွပ်ချွံချွံ တွန်းလှန်တိုက်ပွဲဝင်မှုတို့ ကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်မှာ မြေပြင်တွင် လက်တွေ့ပုံပေါ်လာနေပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းက ပြောကြားသည်။ ရှေ့ဆက်ရမည့် တော်လှန်ရေးခရီးကြမ်းတွင် တော်လှန်ရေးအင်အားစုများအကြား သွေးခွဲ စကားများနှင့် စိန်ခေါ်မှုများကို ညီညွတ်သော စွမ်းအားဖြင့် ကျော်လွှားကြရန်နှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် ကာ ကွယ ရေးဆိုင်ရာ အဖွဲ့အစည်းများအကြား အပြန်အလှန် သည်းခံမှု၊ နားလည် ယုံကြည်မှု၊ စေ့စပ်ညှိနှိုင်း မှုတို့ဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရန် အထူး တိုက်တွန်းထားသည်။ တော်လှန်ရေးအရှိန်အဟုန် မြင့်မားလာသည်နှင့်အမျှ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ် ငန်းများ ချောမွေ့စေရေးနှင့် ပြည်သူလူထု၏ လုံခြုံရေးတို့ကို ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်နှင့်အညီ အကောင်းဆုံး ကာကွယ် စောင့်ရှောက်ပေးနိုင်မည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးအတွက်လည်း ဆက်လက် ကြိုးပမ်းပေးကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

photo content
+5

ချင်းမိုင်ရှိ စန်းဆိုင်းဈေးအတွင်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာ ၄ ဦးနှင့် ထိုင်းအလုပ်ရှင် ၂ ဦးကို ဖမ်းဆီး ရန်ကုန်၊ စက်တင်ဘာ ၂၆ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ရှိ စန်းဆိုင်းဈေးအတွင်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာ ၄ ဦးနှင့် ထိုင်းအလုပ်ရှင် ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ချင်းမိုင်ခရိုင်အတွင်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို စစ်ဆေးဖမ်းဆီးရန် အမျိုးသားရဲတပ်ဖွဲ့၏ မူဝါဒအတိုင်း ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)၊ စန်းဆိုင်းရဲစခန်းနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်း၍ စန်းဆိုင်းမြို့နယ်၊ စန်းနားမင်းကျေးရွာအုပ်စုရှိ ဈေးအတွင်းကို စက်တင်ဘာ ၂၄ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့သည်။ အဆိုပါ စစ်ဆေးမှုအတွင်း တရားမဝင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄ ဦးနှင့် ထိုင်းအလုပ်ရှင် ၂ ဦး၊ စုစုပေါင်း ၆ ဦးကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာအလုပ်သမား ၂ ဦးသည် ခွင့်ပြုထားသည့် အလုပ်အကိုင်မဟုတ်ဘဲ လွန်ကဲစွာ အလုပ်လုပ်ကိုင်မှု၊ ၁ ဦးမှာ အလုပ်ရှင်သစ်နှင့် အလုပ်လုပ်ကိုင်သည့်နေရာ ပြောင်းလဲမှုကို ၁၅ ရက်အတွင်း သက်ဆိုင်ရာ လဝက စာရင်းဇယားသို့ သတင်းမပို့မိမှု၊ ၁ ဦး: အလုပ်လုပ်ကိုင်ခွင့်ပါမစ် (Work Permit) လုံးဝ မရှိဘဲ တရားမဝင် လုပ်ကိုင်မှုတို့ဖြင့် စွဲချက်တင်ဖမ်းဆီးထားကြောင်း သိရသည်။ ထိုင်းအလုပ်ရှင် ၂ ဦးမှာ အလုပ်လုပ်ခွင့် ပါမစ်မရှိသည့် နိုင်ငံခြားသားကို အလုပ်ခန့်ထားမှုနှင့် အလုပ်သမားသစ် ခန့်အပ်ကြောင်း ၁၅ ရက်အတွင်း အကြောင်းမကြားမှုတို့ဖြင့် အရေးယူထားကြောင်း သိရှိရသည်။ ဖမ်းဆီးရမိသူများအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေးအတွက် စန်းဆိုင်းမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။

photo content

ကန်ပက်လက်၊ စလင်း၊ မင်းတပ်၊ ကျင်ဒွေးနှင့် ကျောက်ထု-ထီးလင်း မြို့နယ်တို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး ရန်ကုန်၊ စက်တင်ဘာ ၂၆ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အမှတ် (၆) ဒေသရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် ကန်ပက်လက်မြို့နယ်၊ အမှတ် (၆) ဒေသရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ်တိုင်တိုင် ဗုံးကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့နေအိမ် ၅ လုံးခန့် လုံးဝပျက်စီးသွားခဲ့သည့်အပြင် တစ်စိတ်တစ်ပိုင်း ပျက်စီးမှုများလည်း များပြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် သတိရှိကြရန်နှင့် ခိုလှုံရန် ဗုံးခိုကျင်းများကို မဖြစ်မနေ တူးထားကြပါရန် ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက အသိပေး နှိုးဆော်ထားသည်။ ထို့အတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် ကျင်ဒွေးမြို့တို့အပြင် မကွေးတိုင်းအတွင်းရှိ ကျောက်ထု-ထီးလင်းအစပ်နေရာများကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာများနှင့် Y-12 လေယာဉ်များအသုံးပြု၍ ယနေ့စက်တင်ဘာ ၂၆ ရက်နေ့တွင် လေကြောင်းမှ အပြင်းအထန် စက်တိုက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်မှ ၅ နာရီ ၃၀ မိနစ်အတွင်း မင်းတပ်မြို့အနီးပတ်ဝန်းကျင်နေရာများကို တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီး၊ မကွေးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၃ စီး၊ စုစုပေါင်း တိုက်လေယာဉ် ၅ စီးဖြင့် တစ်ကြိမ်လျှင် ဗုံး ၂ လုံးစီဖြင့် ၁၀ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် မိနစ်ပိုင်းအတွင်းမှာပင် ရှမ်းတဲလေတပ်မှ တက်လာသည့် Y-12 အမျိုးအစား လေယာဉ်ဖြင့်လည်း တစ်ကြိမ်လျှင် ဗုံး ၈ လုံးစီဖြင့် ၂ ကြိမ်တိုင်တိုင် ထပ်မံဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါအချိန်အတွင်းမှာပင် ရှမ်းတဲလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတိုက်လေယာဉ်သည် မင်းတပ်မြို့နယ်၊ ကျင်ဒွေးဒေသအတွင်းရှိ နေရာတစ်ခုသို့လည်း ၂ ကြိမ်တိုင်တိုင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ယနေ့မွန်းလွဲပိုင်းကလည်း ကျောက်ထုနှင့် ထီးလင်းမြို့နယ်အစပ်ရှိ နေရာတစ်ခုကို စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၂ စီးက လာရောက်၍ ၄ ကြိမ်တိုင်တိုင် လေကြောင်းမှ တိုက်ခိုက်သွားခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါ လေကြောင်းမှ အပြင်းအထန် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် ဒေသပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် မြေနီကုန်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် စလင်းမြို့နယ်၊ ခြင်ထောင်ကျေးရွာဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုပစ်ခတ်မှုအတွင်း ပြည်သူ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် နေအိမ် ပျက်စီးမှု မရှိကြောင်း သိရသည်။ "စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိသလို နေအိမ် ပျက်စီးတာလည်း မရှိခဲ့ပါဘူး။ ဒေသခံ ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ လေကြောင်း အန္တရာယ်တွေကို သတိပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း စလင်းမြို့နယ်၊ မြောက်တောကျေးရွာ တောင်ဘက်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ဝမ်းပြည့်ကျေးရွာ စာသင်ကျောင်းသို့ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

photo content

စလေမြို့တောင်ဘက်အထွက် ဥယျာဉ်ကျေးရွာအနီးရှိ ခလရ ၄၁၆ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက် ခိုက်သိမ်းပိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ စက်တင်ဘာ ၂၆ မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့တောင်ဘက်အထွက် ဥယျာဉ်ကျေးရွာ အနီးရှိ ခလရ ၄၁၆ တပ် ရင်း ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ တပ်ခွဲ - ၄ တာဝန်ခံက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် နေ့က ချောက်မြို့နယ်၊ စလေမြို့ တောင်ဘက်အထွက်၊ ဥယျာဉ်ကျေးရွာ မြောက်ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခလရ ၄၁၆ တပ်ရင်း၏ ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးပွဲချင်းပြီး သေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ် ရာရရှိခဲ့ကြောင်း၊စစ်ကောင်စီတပ်သားများထံမှ MA2 အမျိုးအစား သေနတ် ၁ လက်နှင့် MA1 အမျိုးအစား သေ နတ် ၁ လက်နှင့် ကျည်ဘောက် ၂ ဘောက် တို့ကို သိမ်းဆည်းရရှိခဲ့ပြီး ဂိတ်စခန်းကို အောင်မြင်စွာ သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။ “ကျနော်တို့ ဂိတ်စခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။ စလေမြို့တောင်ထွက်၊ ဥယျာဉ်ကျေးရွာ မြောက်ဘက်မှာ တည်ရှိတဲ့ ဂိတ်စခန်းပါ၊ မြေပြင်စစ်ရေးအနေအထားအရ အခုမှ ထုတ်ပြန်ရခြင်းဖြစ်ပါ တယ်။ တခြား မထုတ်ပြန်ရသေးတဲ့သတင်းတွေလည်းရှိပါတယ်” ဟု မကွေးခရိုင် ပကဖ အထူးတိုက်ခိုက် ရေးတပ်ဖွဲ့၊ တပ်ခွဲ - ၄ တာဝန်ခံက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အဆိုပါတိုက်ခိုက်သိမ်းပိုက်မှုကို မကွေးခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၄ မှ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။ “ကျနော်တို့တပ်ဖွဲ့အနေနဲ့ လူအင်အားမများသလို လက်နက်အင်အားမှာလည်း အတော်အားနည်း နေပါတယ်။ မိဘပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ဝန်းရံအားဖြည့်ပေးဖို့ တိုက်တွန်းချင် ပါတယ်” ဟု မကွေးခရိုင် ပကဖ အထူးတိုက်ခိုက် ရေးတပ်ဖွဲ့၊ တပ်ခွဲ - ၄ တာဝန်ခံက ပြောဆိုသည်။

photo content

AA က ထိုးစစ်ဆင်နေသော ကျောက်ဖြူမြို့နယ်ရှိ အထူးစီးပွားရေးဇုန်ကို ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးအတွက် အဖွဲ့ဝင် ၈ ဦးပါ အဖွဲ့ကို စစ်တပ်က ဖွဲ့စည်းထားပြီး ရခိုင်လုံနယ်ဝန်ကြီး၊ ဓညဝတီရေတပ်စခန်းဌာနချုပ်မှူးနှင့် နပခတိုင်းဦးစီးတို့ကိုပါ အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်း ရန်ကုန်၊ စက်တင်ဘာ ၂၆ အာရက္ခတပ်တော် AA က ထိုးစစ်ဆင်နေသော ကျောက်ဖြူမြို့နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံထားသော ကျောက်ဖြူရေနက်စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်ကို ကာကွယ်ရန် အကြမ်းဖက်စစ်တပ်က အဖွဲ့ဝင် ၈ ဦးပါ ကော်မတီကို ဖွဲ့စည်းထားပြီး စစ်တပ်မှ အရာရှိကြီးများကိုပါ ထည့်သွင်းဖွဲ့စည်းထားကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့က ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည့် အရေးပါသော စီမံကိန်းများဖြစ်ပြီး လက်ရှိတွင် AA ၏ ထိုးစစ်ဆင်မှုများနှင့် ရင်ဆိုင်နေရသည့် ကျောက်ဖြူမြို့နယ်အတွင်း တည်ရှိနေသည်။ ထို့ကြောင့် အဆိုပါ စီမံကိန်းများကို စီမံခန့်ခွဲရန်အတွက် ကော်မတီကို ပြန်လည်ဖွဲ့စည်းရာတွင် အရပ်ဘက်အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများအပြင် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများကိုပါ ထည့်သွင်းဖွဲ့စည်းထားသည်။ ကော်မတီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝင်းမြင့်ခိုင်ကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမြတ်လွင်ကို ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ပေးထားသည်။ ထို့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ဓညဝတီရေတပ်စခန်းဌာနချုပ်မှူး သို့မဟုတ် ဒုတိယဌာနချုပ်မှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးချုပ်နှင့် ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးတို့ကို ကော်မတီအဖွဲ့ဝင်များအဖြစ် ထည့်သွင်းထားသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း) ကျော်ဇောမောင်ကို အတွင်းရေးမှူးအဖြစ် ခန့်အပ်ထားပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ကို တွဲဖက် အတွင်း ရေးမှူးအဖြစ် တာဝန်ပေးထားသည်။ အဓိကအားဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို AA က ထိုးစစ်ဆင်နေသည့် အခြေအနေတွင် စစ်တပ်က အဆိုပါစီမံကိန်းများကို စီမံခန့်ခွဲရန် ကော်မတီကို ပြင်ဆင်ဖွဲ့စည်းပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ရေတပ်စခန်းဌာနချုပ်မှူးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးတို့ကဲ့သို့သော စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ အရာရှိများကိုပါ ထည့်သွင်းထားခြင်း ဖြစ်သည်။

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့အရေးမေ့မထားကြဖို့ တီမောသမ္မတက ကမ္ဘာ့ ခေါင်းဆောင်တွေ ကို သတိပေးခဲ့မှုအပေါ် NUG ယာယီသမ္မတက ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုပြီး မြန်မာပြည်သူတွေအတွက် ကောင်းမွန်တဲ့ မိတ်ဆွေအဖြစ် ဂုဏ်ပြုလိုက်ပါတယ်။ -မကွေးတိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ မြေပြင်မှာ လက်တွေ့ ပုံပေါ်လာနေပြီလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောလာပါတယ်။ -အာရက္ခတပ်တော် AA နဲ့ အိန္ဒိယ မရာလူမျိုး MTP တာဝန်ရှိသူတွေ တွေ့ပြီး ယာယီပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးဝင်ပေါက် ၃ ခုကို ပြန်ဖွင့်လိုက်တယ်လို့ အိန္ဒိယ MTP က ထုတ်ပြန်လာပါတယ်။ -အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းကို အဆင့်မြင့် ပက်ထရီယော့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တွေ ထုတ်လုပ်ခွင့် လိုင်စင်ပေးဖို့ ဆုံးဖြတ် ထားပြီးကြောင့် ပြောခဲ့ တယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပြောဆိုလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://www.youtube.com/watch?v=IeX-qpOm5Dw

photo content

မြန်မာနိုင်ငံဘက်သို့ ယူရီးယားမြေဩဇာ မှောင်ခိုသယ်ဆောင်ရန် ကြိုးပမ်းသူ ၃ ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် ဖမ်းဆီး ရန်ကုန်၊ စက်တင်ဘာ ၂၆ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ချာတဂရမ်မြို့၊ မီရာဆာရိုင်ဒေသတွင် မြန်မာနိုင်ငံဘက်သို့ ယူရီးယားမြေဩဇာ မှောင်ခိုသယ်ဆောင်ရန် ကြိုးပမ်းနေသည်ဟု သံသယရှိသူ ၃ ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့ပြီး ယူရီးယားမြေဩဇာ တန်ချိန် ၄၈ တန်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်၏ မီဒီယာအရာရှိ ဒုတိယတပ်မှူး ဆာဘီရာလမ် ဆူဂျွန် ၏ ပြောကြားချက်အရ သတင်းပေးချက်ရရှိပြီးနောက် မီရာဆာရိုင်ကမ်းခြေစောင့်တပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီရာဆာရိုင်ရဲစခန်းနယ်မြေအတွင်းရှိ အီချာခါလီဆိပ်ခံတံတားအနီးသို့ စက်တင်ဘာ ၂၅ ရက် မနက် ၁ နာရီခန့်တွင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ စစ်ဆေးမှုအတွင်း ယူရီးယားမြေဩဇာအိတ် ၉၆၀ အိတ်ကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းအလေးချိန်မှာ ၄၈,၀၀၀ ကီလိုဂရမ်ရှိကာ တန်ဖိုးအားဖြင့် ဘင်္ဂလားဒေ့ရှ်တာကာ ၃၃ ဒသမ ၆၀ သိန်းခန့်ရှိကြောင်း သိရသည်။ အဆိုပါမြေဩဇာများကို ကုန်တင်ယာဉ် ၄ စီးပေါ်မှ ငါးဖမ်းလှေတစ်စီးပေါ်သို့ ပြောင်းရွှေ့တင်ဆောင်နေချိန်တွင် ကမ်းခြေစောင့်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒုတိယတပ်မှူး ဆာဘီရာလမ် ဆူဂျွန်က ပြောသည်။ ထို့အပြင် မှောင်ခိုသယ်ဆောင်ရန် အသုံးပြုသည်ဟု ယူဆရသည့် ကုန်တင်ယာဉ် ၄ စီးနှင့် ငါးဖမ်းလှေကိုလည်း ကမ်းခြေစောင့်တပ်က သိမ်းဆည်းခဲ့သည်။ ဖမ်းဆီးရမိသည့် ယူရီးယားမြေဩဇာများ၊ ယာဉ်များနှင့် လှေတို့အပြင် ဖမ်းဆီးထားသည့် သံသယရှိသူ ၃ ဦးကိုပါ အုပ်ချုပ်ရေးအရာရှိတစ်ဦး၏ ရှေ့မှောက်တွင် ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်က ပြောသည်။

photo content

ခရမ်းမြို့ အမှတ် ၉ ရပ်ကွက်တွင် နှစ်ပေါင်း ၅၀ ကျော် နေထိုင်ခဲ့သည့် အိမ်ခြေ ၂၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ ထွေ/အုပ်က ဖယ်ရှားခိုင်း ရန်ကုန်၊ စက်တင်ဘာ ၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့၊ အမှတ် ၉ ရပ်ကွက်အတွင်း စက်စုပိုင်းရေကန်မှ ရဲမွန်ဘုရားလမ်းတစ်လျှောက်တွင် နှစ်ပေါင်း ၅၀ ထက်မနည်း နေထိုင်လာခဲ့သည့် အိမ်ခြေ ၂၀၀ ကျော်ကို “ကျူးကျော်” ဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါနေရာတွင် နေထိုင်သူအများစုမှာ အခြေခံလူတန်းစားများဖြစ်ပြီး မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့သည့် နေအိမ်များကို ပြောင်းရွှေ့ပေးရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖိအားပေးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဖယ်ရှားရန် စီစဉ်နေသည့် အခြေအနေနှင့်ပတ်သက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် ရပ်ကွက်အတွင်းရှိ လူကြီးပိုင်းများကို ရပ်ကွက်ရုံးသို့ ခေါ်ယူကာ အစည်းအဝေးပြုလုပ်ခဲ့ပြီး လာမည့် အောက်တိုဘာလအတွင်း အပြီးပြောင်းရွှေ့ပေးရန် ညှိနှိုင်းပြောဆိုခဲ့ကြောင်း သိရသည်။ ဖယ်ရှားခံရမည့် နယ်မြေအတွင်းရှိ ဒေသခံအများစုမှာ လက်လုပ်လက်စားနှင့် ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော် အခြေချနေထိုင်လာခဲ့သည့် အိမ်ထောင်စု ၂၀၀ ကျော် ရုတ်တရက် ပြောင်းရွှေ့ရမည့်အခြေအနေကြောင့် နေထိုင်ရေးနှင့် စားဝတ်နေရေးအပြင် သာရေး၊ နာရေးကိစ္စများအတွက်ပါ အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း ဒေသခံများက ပြောသည်။ ဒေသခံတစ်ဦးက “လူဦးရေလည်း များသလို နဂိုတည်းက ကျောမွဲလူတန်းစားတွေပါ။ နှစ်ပေါင်း ၅၀ ထက်မနည်း နေခဲ့တဲ့နေရာမှာ အခု ကျူးဆိုတဲ့အမည်နဲ့ နာမည်ထွက်ပြီး ဖယ်ရမယ်လို့ စာထွက်နေပါတယ်။ နေအိမ် ၂၀၀ ကျော် အနည်းဆုံးပဲ။ စက်စုပိုင်းရေကန်ကနေ ရဲမွန်ဘုရားလမ်းတစ်လျှောက် ဆယ်လပိုင်းမှာ ပြောင်းပေးရမယ်လို့ ပြောနေပါတယ်။ သူတို့လူကြီးပိုင်းပဲ ခေါ်ပြီးပြောထားတာ၊ ရပ်ကွက်ရုံးကို အစည်းအဝေးခေါ်ပြီး ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးပိုင်းကလူတွေကို ထွေ/အုပ်က ခေါ်ပြောတာလို့ သိရပါတယ်” ဟု ပြောသည်။ လက်ရှိတွင် ဖယ်ရှားခံရမည့် ဒေသခံများအနေဖြင့် ကာလရှည်ကြာ နေထိုင်လာခဲ့သည့် မိမိတို့၏ နေအိမ်များမှ ရုတ်တရက် ပြောင်းရွှေ့ရမည့်အခြေအနေကြောင့် နေထိုင်ရေးအခက်အခဲများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ပူပန်နေကြသည်။ အဆိုပါနေရာတွင် နှစ်ပေါင်း ၅၀ ကျော် နေထိုင်လာခဲ့သည့် အိမ်ထောင်စု ၂၀၀ ကျော်ကို “ကျူးကျော်” ဟု သတ်မှတ်ကာ အောက်တိုဘာလအတွင်း အပြီးပြောင်းရွှေ့ရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ဒေသခံများအတွက် မည်သည့်အစားထိုးနေရာ သို့မဟုတ် ကူညီထောက်ပံ့မှုများ ပေးမည်ဆိုသည်ကို လက်ရှိတွင် ရှင်းလင်းစွာ သိရှိရခြင်း မရှိသေးကြောင်း သိရသည်။

photo content

ရွှေပြည်သာ၊ သာဓုကန်စက်မှုဇုန်မှ အလုပ်သမား ၈၀၀ ဝန်းကျင်ရှိသော Sunrise (Myanmar) အထည်ချုပ်စက်ရုံ အပြီးပိတ်သိမ်းတော့မည်ဟု တရားဝင် အသိပေးကြေညာ ရန်ကုန်၊ စက်တင်ဘာ ၂၆ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ၄ တွင် ဖွင့်လှစ်ထားသည့် အလုပ်သမား ၈၀၀ ဝန်းကျင်ရှိသော Sunrise (Myanmar) Fashion Co.,Ltd အထည်ချုပ်စက်ရုံကို ယခုလာမည့် အောက်တိုဘာလတွင် အပြီး ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း အဆိုပါ စက်ရုံက တရားဝင် ကြေညာလိုက်သည်ဟု ယင်းစက်ရုံမှ အလုပ်သမားများက ပြောသည်။ အဆိုပါ စက်ရုံတွင် အလုပ်လုပ်နေကြသော အလုပ်သမားများကို ယခု စက်တင်ဘာလကုန်မှ အောက် တိုဘာလ တတိယအပတ်အထိ နစ်နာကြေး၊ လုပ်သက်အလိုက် ပေးရမည့် လျှော်ကြေးများကို အလုပ်သမားဥပဒေနှင့်အညီ ပေးအပ်သွားမည်ဖြစ်ပြီး ယင်းနောက် စက်ရုံကို တရားဝင်အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း သိရှိရသည်။ ထိုစက်ရုံက အပြီးပိတ်သိမ်းမည်ဖြစ်၍ သက်ဆိုင်ရာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ နစ်နာကြေးနှင့် လျှော်ကြေးများပေးရန်အတွက် သက်ဆိုင်ရာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် အလုပ်သမားများ၊ စက်ရုံအကြား ညှိနှိုင်းစကားပြောနေပြီဖြစ်ကြောင်း သိရှိရသည်။ "လုပ်သက်ရင့် နှစ်ကြာတဲ့ အလုပ်သမားတွေကတော့ နစ်နာကြေးနဲ့ လုပ်သက်အလိုက် လျှော်ကြေးပေးဖို့ ညှိနှိုင်းနေတယ်။ လုပ်သက်သက်တမ်းနုတဲ့သူတွေကတော့ စာချုပ်အရရော ဥပဒေအရရော ဘာမှ မရနိုင်လို့ အခု အဲဒါကို ညှိနှိုင်းနေကြတယ်" ဟု အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက​ ပြောဆိုသည်။ Sunrise (Myanmar) Fashion Co.,Ltd သည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး BURTLE၊ ZEROSTAGE နှင့် AIRRICH FWANNEL စသည့် အမှတ်တံဆိပ်များအတွက် အထည်များချုပ်လုပ်တင်ပို့နေခြင်းဖြစ်သည်။ ယခု စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမား ၃,၀၀၀ ကျော်ရှိသော တရုတ်နိုင်ငံသားပိုင် TENG HUI (Myanmar) သိုးမွှေးအထည်ချုပ်စက်ရုံမှာလည်း အော်ဒါ (Order) မရရှိတော့သဖြင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ အပြီးတိုင်ပိတ်သိမ်းနေပြီဖြစ်ပြီး ယခုစက်တင်ဘာလအတွင်း အလုပ် သမားနစ်နာကြေးများနှင့် လျှော်ကြေးကိစ္စများကို ရှင်းလင်းဆောင်ရွက်နေသည်။ ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသား အများစု ရင်းနှီးမြှုပ်နှံထားသည့် အထည်ချုပ်နှင့် ဖိနပ်စက်ရုံ အပါအဝင် CMP စက်ရုံ ၂၀ နီးပါးကလည်း ပိတ်သိမ်းရန်အတွက် အကြမ်းဖက် စစ်အုပ်စုထံ တရားဝင် အသိပေး အကြောင်းကြားထားပြီးဖြစ်သည်။ အဆိုပါ စက်ရုံများ ပိတ်သိမ်းပါက လုပ်သား အင်အား ၅ သောင်းခွဲမှ ၆ သောင်းခန့် အလုပ်လက်မဲ့ဖြစ်လာမည်ဖြစ်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများက ဆိုသည်။ ရန်ကုန်တွင် အထည်ချုပ်စက်ရုံများ ဆက်တိုက် ပိတ်သိမ်းလာခြင်းမှာ စစ်အာဏာသိမ်းမှုကြောင့် ပြည်ပ အမှာစာများ ထိုးစိုက်ကျဆင်းသွားခြင်း၊ CMP ကုန်ကြမ်းများကို သွင်းကုန်လိုင်စင် လျှောက်ထားရန် စစ်အုပ်စုက မဖြစ်နိုင်သည့် အမိန့်များ ထုတ်ပြန်ခြင်းနှင့် စီးပွားရေး ပိတ်ဆို့ခံရမှုများကြောင့် လုပ်ငန်းများ ဆက်လက် လည်ပတ်ရန် ခက်ခဲလာခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် စစ်မှုထမ်း ဥပဒေကြောင့် လူငယ်များနှင့် ကျွမ်းကျင် လုပ်သား အများပြား ပြည်ပသို့ ထွက်ခွာသွားကြသဖြင့် စက်ရုံများတွင် အလုပ်သမား ရှားပါးသည့် ပြဿနာကို အပြင်းအထန် ကြုံတွေ့နေရသည်။ တစ်ဖက်တွင်လည်း လျှပ်စစ်မီး မမှန်ခြင်းနှင့် မီးစက်မောင်းရန် ဒီဇယ်ဆီ လွတ်လပ်စွာ ဝယ်ယူခွင့် မရှိခြင်းတို့က အထည်ချုပ် ကဏ္ဍတစ်ခုလုံးကို ရိုက်ခတ်နေကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ၏ CMP အထည်ချုပ် ကဏ္ဍသည် ၂၀၂၂ ခုနှစ်တွင် ပို့ကုန် အများဆုံး တင်ပို့နိုင်ခဲ့သော်လည်း စစ်အာ ဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်းခန့်အထိ တင်ပို့မှု ဆက်တိုက် ကျဆင်းခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၅၀ သန်းခန့် လျော့နည်းသွားခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းထံမှ သိရှိရသည်။ ဓာတ်ပုံ- ရန်ကုန်အခြေစိုက် အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှုမြင်ကွင်း။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)