The Voice Of Spring | နွေဦးအသံ |
📈 Analytical overview of Telegram channel The Voice Of Spring | နွေဦးအသံ |
Channel The Voice Of Spring | နွေဦးအသံ | (@vostelegram) in the Burmese language segment is an active participant. Currently, the community unites 29 114 subscribers, ranking 8 416 in the News & Media category and 5 030 in the Myanmar region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 29 114 subscribers.
According to the latest data from 27 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -566 over the last 30 days and by -25 over the last 24 hours, overall reach remains high.
- Verification status: Verified (Officially confirmed by Telegram)
- Engagement rate (ER): The average audience engagement rate is 5.68%. Within the first 24 hours after publication, content typically collects 3.82% reactions from the total number of subscribers.
- Post reach: On average, each post receives 1 653 views. Within the first day, a publication typically gains 1 113 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 39.
📝 Description and content policy
The author describes the resource as a platform for expressing subjective opinions:
“Investigative, Innovative, Independent Digital Media”
Thanks to the high frequency of updates (latest data received on 28 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.
Data loading in progress...
| Date | Subscriber Growth | Mentions | Channels | |
| 28 September | 0 | |||
| 27 September | 0 | |||
| 26 September | 0 | |||
| 25 September | 0 | |||
| 24 September | 0 | |||
| 23 September | +2 | |||
| 22 September | 0 | |||
| 21 September | 0 | |||
| 20 September | 0 | |||
| 19 September | 0 | |||
| 18 September | 0 | |||
| 17 September | 0 | |||
| 16 September | 0 | |||
| 15 September | +8 | |||
| 14 September | +3 | |||
| 13 September | 0 | |||
| 12 September | 0 | |||
| 11 September | 0 | |||
| 10 September | 0 | |||
| 09 September | 0 | |||
| 08 September | 0 | |||
| 07 September | 0 | |||
| 06 September | 0 | |||
| 05 September | 0 | |||
| 04 September | 0 | |||
| 03 September | 0 | |||
| 02 September | 0 | |||
| 01 September | 0 |
| 2 | No text... | 555 |
| 3 | ◼️ဆောမြို့နယ်ရှိ စစ်ဘေးရှောင်ရွာကို တိုက်ပွဲမဖြစ်ဘဲစစ်တပ်ဗုံးကြဲ၊ အမျိုးသမီး ၂ ဦး သေဆုံး
၂၈ စက်တင်ဘာ ||| နွေဦးအသံ |||
မကွေးဒေသ၊ ဆောမြို့နယ်မှာ စစ်ဘေးရှောင်တွေ လက်ခံကူညီပေးနေတဲ့ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က စက်တင်ဘာ ၂၇ ရက်၊ ညနေ ၄ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆောမြို့နယ်အရှေ့မြောက်ပိုင်းရှိ စစ်ဘေးရှောင်အများစုနေထိုင်တဲ့ ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ၁၀ နှစ်အရွယ် မိန်းကလေး တဦး အပါအဝင် အရပ်သား ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရတဲ့အပြင် လူနေအိမ် ၃ လုံးထက်မနည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသ သတင်းမီဒီယာအချို့မှာ ဖော်ပြထားတာပါ။
ဗုံးတွေဟာ လူနေအိမ် ကျဲတဲ့ နေရာမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု သက်သာခဲ့ပြီး ဗုံးကြဲခံရတဲ့ကျေးရွာအနီးရှိ အခြား ရွာတရွာကိုလည်း ဗုံး ၁ လုံး ထပ်မံ ကြဲချခဲ့ရာ ရွာအပြင်ဘက်နားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဆောနဲ့ လောင်းရှည် မြို့နယ်အတွင်း အချက်အခြာကျတဲ့ နေရာတွေမှာ တပ်ဖြန့် အထိုင်ချထားပြီး ဆောမြို့နယ်မှာ စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲဖိအားပေးနေတာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။
ဒါ့အပြင် အခုလိုတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်လာနိုင်တာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ လေကြောင်းရန်နဲ့ မြေပြင်စစ်ကြောင်းရန်တွေကို အထူးဂရုစိုက်ကြဖို့ သတိပေးထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 698 |
| 4 | No text... | 616 |
| 5 | ◼️အမျိုးသားအောင်ပွဲနေ့ရက် လက်တကမ်းအလိုရောက်နေပေမယ့် ခက်ခဲကြမ်းတမ်းတဲ့ ကာလတခုရင်ဆိုင်ရလိမ့်မည်ဟု AA သတိပေး
၂၇ စက်တင်ဘာ ||| နွေဦးအသံ |||
ရခိုင်ပြည်သူတရပ်လုံး မျှော်လင့်တဲ့ အမျိုးသားအောင်ပွဲနေ့ရက်ဟာ လက်တကမ်းအလို ရောက်ရှိနေပြီး တော်လှန်ရေးရဲ့ သဘာဝအတိုင်း ခက်ခဲကြမ်းတမ်းတဲ့ကာလတခုကို မလွှဲမရှောင်သာရင်ဆိုင်ရဦးမယ်လို့ အာရက္ခတပ်တော် (AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က အသိပေးလိုက်ပါတယ်။
ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ပါတီက စက်တင်ဘာ ၂၇ ရက်မှာ ပထမဆုံး ထုတ်ဝေလိုက်တဲ့ စာစောင်၊ အယ်ဒီတာ့အာဘော်မှာ ဒေါက်တာ ညိုထွန်းအောင်က စစ်ရေးအခြေအနေတွေကို ရခိုင်ဘာသာနဲ့ အခုလို အသိပေးရေးသားထားတာပါ။
အကြမ်းဖက်စစ်တပ် ထိုးစစ်ဆင်နေတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ပဲခူးအစပ်၊ ရခိုင်-ဧရာဝတီအစပ် ဒေသတွေအပြင် ချင်း-ပလက်ဝ-ရခိုင်အစပ်နဲ့ ရခိုင်ကမ်းရိုးတန်း ဘက်တွေမှလည်း ထိုးစစ်ဆင်လာနိုင်ပြီး စစ်ရိပ်စစ်ငွေသန်းလာတာတွေကို တွေ့နေရတယ်လို့ ဆိုပါတယ်။
အဆိုပါ ဒေသတွေမှာ လက်ရှိအသုံးပြုနေတဲ့ စစ်အင်အားထက် ၂ ဆ မှ ၃ ဆအထိ တိုးပြီး ကြည်း၊ ရေ၊ လေ ထိုးစစ်ကြီးကို တပြိုင်နက်တည်းပြုလုပ်လာနိုင်တာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း သတိပေးထားတာပါ။
ဒါ့အပြင် တိုက်ပွဲတွေ တိုက်ရင်း အာရက္ခတိုင်းပြည် တည်ဆောက်ရေးကိုပါ တပြိုင်တည်း ဆောင်ရွက်နေတာကြောင့် ရန်သူ့ထိုးစစ်တွေ ဘယ်လောက်ပဲ များများ၊ ခက်ခဲမှုကြားကနေ တည်တည်ငြိမ်ငြိမ်နဲ့ ရည်မှန်းချက်မပျောက်ဘဲ ဆက်လျှောက်ကြဖို့ AA ဒုစစ်ဦးစီးချုပ်က တိုက်တွန်းထားပါတယ်။
တမျိုးသားလုံးအိပ်မက်ဖြစ်တဲ့ ဖိနှိပ်မှုအောက်မှလုံးဝလွတ်မြောက်ရေး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဦးဆောင်တိုက်ပွဲဝင်နေသလို Through the Strom မုန်တိုင်းကို ဖြတ်သန်းခြင်းဟာ အချိန်မရွေးရောက်လာနိုင်တဲ့အတွက် အမြဲကျော်ဖြတ်နိုင်ဖို့ ခွန်အား၊ ဉာဏ်ပညာ၊ စည်းလုံးမှုနဲ့ သတ္တိတို့ ရှိနေဖို့လိုကြောင်း သတိပေးထားတာ တွေ့ရပါတယ်။
Photo | AA (ပုံဟောင်း)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 248 |
| 6 | No text... | 1 021 |
| 7 | ◼️ဖာပွန်၊ ကမမောင်းမြို့မှာ စစ်တပ်ကို KNLA ပူးပေါင်းတပ် တိုက်ခိုက်မှု စကစ ၇ ဦးထက်မနည်းသေဆုံး
၂၇ စက်တင်ဘာ ||| နွေဦးအသံ |||
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့မှာ အကြမ်းဖက်စစ်တပ်ကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ကတိုင်တိ-ကမမောင်း လမ်းပိုင်း၊ ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို စက်တင်ဘာ ၂၅ ရက်မှာ တိုက်ခိုက်ခဲ့ပြီး MA1 ၂ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်နဲ့ K3 ၃ လက် တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ KNU မူတြော်ခရိုင်က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် စက်တင်ဘာ ၁၆ ရက်မှာလည်း ဖာပွန်ခရိုင်အတွင်း KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး MA1 ၂ လက်၊ MA3 ၁ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်မှာလည်း ကတိုင်တိ-ကမမောင်းကြားမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
Photo | KNU
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 174 |
| 8 | No text... | 1 060 |
| 9 | ◼️လက်ရုံးရည်နှလုံးရည်ပြည့်ဝပြီး ရဲဘော်ရဲဘက်ပီသစွာ ကြိုးပမ်းဆောင်ရွက်မှုကြောင့် လေးစားဂုဏ်ပြုခြင်းဟုဆို
၂၇ စက်တင်ဘာ ||| နွေဦးအသံ |||
တိုက်ပွဲမှာ ဒဏ်ရာရရဲဘော်တွေအပြင် ရဲဘော် တဦးရဲ့ အသက်ကို အန္တရာယ်ကြားမှ ကိုယ့်ရဲ့အသက်ကို ပဓာနမထားဘဲ ကယ်တင်ခဲ့တဲ့ ရဲဘော် ဇင်ကြီးကို PDF အထူးလှုပ်ရှားတပ်က ဂုဏ်ပြုငွေနဲ့ ရင်ထိုးတံဆိပ် ချီးမြှင့်လိုက်တယ်လို့ အဆိုပါတပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီတိုင်းစစ်ဌာန၊ အထူးလှုပ်ရှားတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ဇင်ကြီးဟာ တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်တွေနဲ့ ကျဆုံးရဲဘော်ကို မိမိအသက်ကိုပဓာနမထားဘဲ ကယ်ဆယ်ရယူခဲ့တဲ့အပြင် ရဲဘော် တဦးရဲ့ အသက်ကိုလည်း အန္တရာယ်ကြားမှ ကယ်တင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် လက်ရုံးရည်သာမက နှလုံးရည်ပါပြည့်ဝပြီး ရဲဘော်ရဲဘက်ပီသစွာ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ရဲဘော် ဇင်ကြီးကို လေးစာဂုဏ်ပြုတဲ့အနေနဲ့ ပြည်သူတွေကိုယ်စား ဂုဏ်ပြုငွေ ၅ သိန်းကျပ်နဲ့ ဂုဏ်ပြုအမှတ်တံဆိပ်ရင်ထိုး ချီးမြှင့်လိုက်ကြောင်း အဆိုပါတပ်က စက်တင်ဘာ ၂၆ ရက်၊ ညပိုင်းမှာ ထုတ်ပြန်ကြေညာထားတာပါ။
ကရင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ PDF အထူးလှုပ်ရှားတပ်မှ ရဲဘော်တွေအနေနဲ့ လေ့ကေ့ကော်၊ ဘလက်တိုရွာ၊ သေ့ဘော့ဘိုးကုန်း၊ ဥကရစ်ထကုန်း၊ အလယ်စခန်းရွာ၊ တောင်ကြာအင်းနဲ့ ကော့ကရိတ်မြို့ တို့အပြင် ဒီပဲယင်း၊ ယင်းမာပင်ခရိုင် စတဲ့ တိုက်ပွဲစဉ်တွေမှာ ကဏ္ဍအသီးသီးမှ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
Photo | အထူးလှုပ်ရှားတပ်က ရဲဘော် ဇင်ကြီးကို ဂုဏ်ပြုချီးမြှင့်စဉ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 374 |
| 10 | No text... | 1 258 |
| 11 | ◼️နိုင်ငံအနှံ့ ပစ များစွာသုံးပြီး လူလှိုင်းစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်နေတဲ့စစ်တပ် ဩဂုတ်လအတွင်း ၃၅၀ ဦးခန့်သေဆုံး
🔹ပြည်သူ ၁ သိန်း ၃ သောင်းကျော် အဓမ္မစစ်သားစုဆောင်းခဲ့ပြီး စစ်တပ်စစ်ကြောင်းတွေမှာ (ပစ) ၈၀ ရာခိုင်နှုန်းခန့်ပါဝင်နေ
၂၆ စက်တင်ဘာ ||| နွေဦးအသံ |||
နိုင်ငံအနှံ့အပြားမှာ အကြမ်းဖက်စစ်တပ်က လူလှိုင်းစစ်ဆင်ရေးတွေနဲ့ ထိုးစစ်ဆင်လျက်ရှိရာ စစ်ကြောင်းတွေမှာ စစ်မှုထမ်း(ပစ)အင်အား ၈၀ ရာခိုင်နှုန်းခန့် ပါဝင်နေပြီး ပြီးခဲ့တဲ့ ဩဂုတ်လ တလအတွင်း စစ်တပ်ဘက် ၃၄၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်တပ်စခန်းတွေကို ၁၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စခန်း ၄ ခု သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄၄ ဦးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူ ၁၀၁ ဦးရှိခဲ့သလို အဲဒီအထိမှာ အရာရှိအဆင့် ၁၀ ဦးပါဝင်တယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း စစ်မှုထမ်း(ပစ) အပတ်စဉ် ၂၇ ခု ဖွင့်လှစ်ခဲ့ပြီး (ပစ)အင်အား ၁၃၅၀၈၀ ဦးခန့် အဓမ္မစစ်သားစုဆောင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိကာလမှာ စစ်တပ်က အဲဒီအင်အားတွေကို အသုံးပြုပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်း(ပစ) အင်အား ပါဝင်မှုဟာ ၈၀ ရာခိုင်နှုန်းခန့်အထိ ရှိတယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားတာ တွေ့ရပါတယ်။
Photo | ဩဂုတ်လအတွင်း အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှုများ(တော်လှန်ရေးအင်အားစုများ)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 637 |
| 12 | No text... | 1 416 |
| 13 | ◼️ပေါက်နဲ့ မြိုင်ရှိ စစ်ဘေးရှောင်တွေအတွက် NUG နဲ့ မကွေးယူနစ်အစိုးရတို့က ကျပ်သိန်း ၁,၀၀၀ ထောက်ပံ့
၂၆ စက်တင်ဘာ ||| နွေဦးအသံ |||
မကွေးဒေသ၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှ စစ်ဘေးရှောင် ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ ပူးပေါင်းပြီး တမြို့နယ်ကို ကျပ်သိန်း ၅၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် ပေါက်နဲ့ မြိုင်မြို့နယ်မှ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးနဲ့ လူသားစာနာ တာဝန်ခံတွေထံ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက စက်တင်ဘာ ၂၅ ရက် ညပိုင်းမှာ အသိပေးထားတာပါ။
အဆိုပါ ထောက်ပံ့ငွေတွေကို လူမှုစီးပွားတာဝန်ယူမှု (CSR) ရန်ပုံငွေတွေမှ ရရှိတာဖြစ်ပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်နဲ့ NUG အစိုးရ ဒုဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းတို့က ဦးဆောင်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ထောက်ပံ့နိုင်မှုဟာ NUG အစိုးရ၊ လူသားစာနာ ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း ဦးဆောင်တဲ့ CSR ကော်မတီနဲ့ မကွေးဖက်ဒရယ်ယူနစ် CSR ကော်မတီတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ရလဒ်ဖြစ်တယ်လို့ မကွေးယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်က သူရဲ့ လူမှုကွန်ရက်မှတဆင့် အသိပေးထားတာ တွေ့ရပါတယ်။
Photo | မကွေးဖက်ဒရယ်ယူနစ် အစိုးရ
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 428 |
| 14 | No text... | 1 212 |
| 15 | ◼️စလေမြို့ရှိ ခလရ ၄၁၆ စစ်တပ်ဂိတ်ကို ပကဖ စီးနင်းတိုက်ခိုက်၊ စကစ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ
၂၆ စက်တင်ဘာ ||| နွေဦးအသံ |||
မကွေးဒေသ၊ စလေမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ စက်တင်ဘာ ၂၅ ရက်၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ခွဲ ၄ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ် ခလရ ၄၁၆ ရဲ့ အုတ်ဖိုဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးပြီး ၄ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့အပြင် MA1 ၁ လက်၊ MA2 ၁ လက်နဲ့ ကျည်ဘောက် ၂ ခုကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့တဲ့အပြင် တော်လှန်ရေးရဲဘော်တွေလည်း အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အဆိုပါတပ်က အသိပေးထားတာ တွေ့ရပါတယ်။
Photo | မကွေးခရိုင် ပကဖ
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 387 |
| 16 | No text... | 1 237 |
| 17 | ◼️နွားထိုးကြီးမှာ စစ်အုပ်စုကို ပစ်ခတ်ဖမ်းဆီးရာ ပျူခေါင်းဆောင် သီတာယုမွန်ရဲ့တပည့်ကို လက်နက်နဲ့ အရှင်ဖမ်းမိ
၂၆ စက်တင်ဘာ ||| နွေဦးအသံ |||
မန္တလေး၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုကို မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း - Myingyan Black Tiger (MBT) က စက်တင်ဘာ ၂၀ ရက်၊ ညနေ ၄ နာရီခွဲခန့်မှာ ပစ်ခတ်ဖမ်းဆီးရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို အရှင်ဖမ်းမိပြီး သေနတ် တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ရေးလှုပ်ရှားရာ နယ်မြေအတွင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်ခတ်တားဆီးစဉ် လက်နက်ချဖို့အကြိမ်ကြိမ်ပြောဆိုသော်လည်း ထွက်ပြေးတဲ့အတွက် မဖြစ်မနေပစ်ခတ်ခဲ့တယ်လို့ MBT တပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာပါ။
အဲဒီနောက် စစ်တပ်လက်ပါးစေ ပျူစောထီး ခေါင်းဆောင် သီတာယုမွန်ရဲ့ တပည့်ဖြစ်သူ ဝဏ္ဏစိုးကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်လုပ်ပစ္စတိုသေနတ် တလက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြို့ပြမှာနေတဲ့လူငယ်တွေအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဖို့ မတရားဖမ်းဆီးပေါ်တာဆွဲမှုတွေကနေ လွတ်မြောက်အောင်ရုန်းထွက်ဖို့ Myingyan Black Tiger (MBT) က အသိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 464 |
| 18 | No text... | 1 354 |
| 19 | ◼️စစ်မှုထမ်းကင်းလွတ်နေတဲ့ အနုပညာရှင်၊ ခရိုနီတွေနဲ့ သားသမီးတွေလဲ အလှည့်ကျစစ်မှုထမ်းရမည်ဟု စစ်တပ်ပြော
၂၅ စက်တင်ဘာ ||| နွေဦးအသံ |||
တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူကို အကြမ်းဖက်စစ်တပ်က နည်းမျိုးစုံနဲ့ အဓမ္မစစ်သားစုဆောင်းနေသော်လည်း ကင်းလွတ်ခွင့်ရနေသေးတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေကိုပါ အလှည့်ကျစစ်မှုထမ်းဆင့်ခေါ်သွားမယ်လို့ စစ်တပ်က သတိပေးလိုက်ပါတယ်။
လက်ရှိ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေပါ စစ်မှုထမ်းနိုင်သော်လည်း နိုင်ငံတကာနည်းတူ အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေကိုပါ စစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ် ရှိမရှိ ကြံ့ဖွံ့အမတ် တဦးက မေးမြန်းရာမှာ စစ်အုပ်စု ကာကွယ်ရေးဒုဝန်ကြီးက ဖြေဆိုခဲ့တာပါ။
အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေ အပါအဝင် "စစ်မှုထမ်းဥပဒေပါ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတိုင်း အလှည့်ကျပါက ဆင့်ခေါ်မှာဖြစ်သလို ကင်းလွတ်ခွင့်ရနိုင်သူတွေမှလွှဲပြီး ကျန်တဲ့သူတွေ အလှည့်ကျစစ်မှုထမ်းရမှာဖြစ်တယ်"
- လို့ စက်တင်ဘာ ၂၄ ရက်မှာ ပြုလုပ်တဲ့ စစ်အုပ်စုရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အရပ်ဝတ်လဲထားတဲ့ ရွေးတုစစ်အစိုးရ၊ စစ်တပ်ခန့် ကာကွယ်ရေးဒုဝန်ကြီး အောင်မျိုးသန့်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
သို့သော်လည်း လက်တွေမှာတော့ စစ်ဗိုလ်ချုပ်များစွာနဲ့ သားသမီးတွေအပါအဝင် စစ်အုပ်စုနဲ့ နီးစပ်တဲ့ သရုပ်ဆောင်၊ အဆိုတော်၊ ခရိုနီလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေဟာ ပြည်သူများ အဓမ္မဖမ်းဆီး ပေါ်တာဆွဲခံရပြီး နည်းမျိုးစုံနဲ့ စစ်သားစုဆောင်းခံနေရသော်လည်း စစ်တပ်အလိုကျ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပြီး စစ်မှုထမ်းကင်းလွတ်နေဆဲ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Photo | စစ်တပ်ပြုလုပ်သည့် ရွေးကောက်ပွဲမဲဆွယ်မှု၊ သင်္ကြန်ပွဲတို့တွင်တွေ့ရသည့် သရုပ်ဆောင်၊ အဆိုတော်များ (ပုံဟောင်း/လူမှုကွန်ယက်)။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 764 |
| 20 | No text... | 1 683 |
