en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

The Voice Of Spring | နွေဦးအသံ |

The Voice Of Spring | နွေဦးအသံ |

Open in Telegram

Investigative, Innovative, Independent Digital Media

Show more

📈 Analytical overview of Telegram channel The Voice Of Spring | နွေဦးအသံ |

Channel The Voice Of Spring | နွေဦးအသံ | (@vostelegram) in the Burmese language segment is an active participant. Currently, the community unites 28 612 subscribers, ranking 8 586 in the News & Media category and 5 116 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 28 612 subscribers.

According to the latest data from 23 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -557 over the last 30 days and by -23 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 5.34%. Within the first 24 hours after publication, content typically collects 3.58% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 529 views. Within the first day, a publication typically gains 1 024 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 36.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Investigative, Innovative, Independent Digital Media”

Thanks to the high frequency of updates (latest data received on 24 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

28 612
Subscribers
-2324 hours
-1527 days
-55730 days
Posts Archive
◼️ရှမ်းတောင်-ကရင်နီဒေသ PDF ၁၁၀၉ တပ်ရင်းရဲ့ မွမ်းမံသင်တန်း ပြီးစီး ၂၄ အောက်တိုဘာ ||| နွေဦးအသံ ||| ရှမ်းတောင်/ကရင်နီဒေသ အခြေစိုက် PDF အမှတ် ၁၁၀၉ တပ်ရင်းက ရဲဘော်တွေကို ကျင့်ဝတ်စည်းကမ်းလိုက်နာမှု၊ တာဝန်ယူမှုအပြင် သက်ဆိုင်ရာသင်ခန်းစာတွေ ပို့ချခဲ့တဲ့ မွမ်းမံသင်တန်း၊ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၄ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အခြေခံမွမ်းမံသင်တန်းကို ၁၄ ရက်တာဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်းအောင်မြင်စွာပြီးဆုံးခဲ့ကြောင်း ရှမ်းတောင် - ကရင်နီတိုင်းစစ်ဌာန၊ ကရင်နီစစ်ဒေသ၊ ဗျူဟာ ၁၁ ကွပ်ကဲမှုအောက်ရှိ အမှတ် ၁၁၀၉ တပ်ရင်းက မှတ်တမ်းပုံရိပ်အချို့နဲ့အတူ ‌ထုတ်ပြန်ထားတာပါ။ သင်တန်းကာလအတွင်း ရဲဘော်တွေ ကျင့်ဝတ်၊ စည်းကမ်းလိုက်နာမှု၊ တာဝန်ယူမှုနဲ့ သက်ဆိုင်ရာသင်ခန်းစာတွေကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြားပို့ချခဲ့တယ်လို့ အမှတ် ၁၁၀၉ တပ်ရင်းက ဖော်ပြထားပါတယ်။ သင်တန်းကာလ အသိပညာ၊ အတွေ့အကြုံတွေကို လက်တွေ့နယ်ပယ်မှာ အသုံးချပြီး တော်လှန်ရေးတာဝန်တွေ ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အမှတ် ၁၁၀၉ တပ်ရင်းက အသိပေးထားတာ တွေ့ရပါတယ်။ Photo | P3-1109 Phoenix Battalion ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️စစ်ကိုင်းမှာ အရှင်မိတဲ့ သံချပ်ကာတပ် ဒုတပ်မမှူး ဗိုလ်မှူးကြီးထံမှ ပစ္စတိုတလက်နဲ့ ပစ္စည်းအချို့သိမ်းဆည်းရရှိ ၂၄ အောက်တိုဘာ ||| နွေဦးအသံ ||| စစ်ကိုင်းမှာ အရှင်ဖမ်းမိခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံချပ်ကာတပ်မ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇော်မျိုးတင့်ထံမှ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က သေနတ် ၁ လက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ရဲ့ အောက်တိုဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ အရှင်ဖမ်းမိခဲ့တဲ့ စစ်တပ် ဗိုလ်မှူးကြီး ဇော်မျိုးတင့်ထံမှ MA-5 MKll 9mm pistol သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ လက်ကိုင်ဖုန်း ၁ လုံး၊ ATM card တခု၊ လိုင်စင်နဲ့ အရာရှိစိစစ်ရေးကဒ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားပါတယ်။ အဆိုပါ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ဟာ စစ်ကိုင်း၊ အုန်းတောရွာ အခြေစိုက် အမှတ် ၇၂ သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး / ဒုတပ်မမှူး ရာထူးအဆင့်ရှိသူ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။ လက်အောက်ခံတပ် အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းမှ တပ်ရင်းမှူးနဲ့ နောက်လိုက်တွေရဲ့ ဂိတ်ဖွင့်ဆက်ကြေးကောက်ပြီး အကျင့်ပျက်ချစားမှုတွေကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် စစ်ကိုင်း တပ်မ ၃၃ သို့ သွားရောက်စဉ် တပ်တွင်းသတင်းပေးမှုအရ ကံတလူတိုးဂိတ်အနီး အောက်တိုဘာ ၁၈ ရက်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူ့ကို သက်ဆိုင်ရာသို့ လွှဲပြောင်းဖို့ဆောင်ရွက်နေသလို ပတ်ဝန်းကျင်ကျေးရွာအချို့ကို စစ်တပ်က စစ်ကြောင်းထိုး၊ လေကြောင်းတိုက်ခိုက်ခဲ့ချိန်မှာ လက်နက်လုယုထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က အသိပေးထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️PDF အမှတ် ၉၇၁၁ တပ်ရင်းကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေး 🔹တပ်တည်ဆောက်ရေးနဲ့ ကျစ်လစ်ခိုင်မာရေး မွမ်းမံနေပြီး စစ်တပ်ကို ပိုမိုထိရောက်စွာ ချေမှုန်းနိုင်ဖို့ အစဉ်ကြိုးပမ်းနေဟုဆို ၂၃ အောက်တိုဘာ ||| နွေဦးအသံ ||| ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ စစ်ရုံးချုပ် ကွပ်ကဲမှုအောက်ရှိ အမှတ် ၉၇၁၁ တပ်ဖွဲ့ရဲ့ လက်နက်တပ်ဆင်ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၃ ရက်၊ NUG အစိုးရ၊ ထိန်းချုပ်နယ်မြေတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အခမ်းအနားမှာ PDF အလံတော်ကို အလေးပြုတာ၊ နွေဦးတော်လှန်ရေးအတွင်း ကျဆုံး သူရဲကောင်းတွေကို ဂုဏ်ပြု ဦးညွှတ်တာ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တာဝန်ရှိသူတွေက အမှာစကား ပြောကြားတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက် PDF အမှတ် ၉၇၁၁ တပ်ဖွဲ့ ရဲဘော်တွေရဲ့ ကိုယ်ပိုင်နံပါတ်တွေကို အတည်ပြု ထုတ်ပြန်ဖတ်ကြားပြီး ရဲဘော်တွေကို တာဝန်ရှိသူတွေက လက်နက် တပ်ဆင်ပေးအပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က မှတ်တမ်းဓာတ်ပုံအချို့နဲ့တကွ ဖော်ပြထားတာပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တပ်တည်ဆောက်ရေးနဲ့ တပ်ကျစ်လစ် ခိုင်မာရေး အလေးထားဆောင်ရွက်နေသလို အမိမြေနဲ့ ပြည်သူကို ဂုတ်သွေးစုပ် ဖိနှိပ်နေတဲ့ စစ်အုပ်စုကို ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ရေး အမြဲမပြတ် ကြိုးပမ်းလျက်ရှိတယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ် ချေမှုန်းရေးအတွက် စစ်မျက်နှာအသီးသီးမှာ အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်လျက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသမျှ ဝိုင်းဝန်း ကူညီပေးကြဖို့ကိုလည်း PDF စစ်ရုံးချုပ်က မေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။ Photo | PDF ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️ညောင်လေးပင်မှာ စစ်တပ်ဒရုန်းတိုက်ခိုက်မှုကြောင့် အသက် ၇၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံး ၂၃ အောက်တိုဘာ ||| နွေဦးအသံ ||| ပဲခူးဒေသ၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို အမျိုးသမီး တဦးသေဆုံးခဲ့ပြီး အမျိုးသမီး တဦး ဒဏ်ရာရခဲ့တယ်လို့ အောက်တိုဘာ ၂၂ ရက် KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မူး(မုန်း)မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာကို ကကွေးမှာတပ်စွဲထားတဲ့ စစ်တပ်က အောက်တိုဘာ ၁၈ ရက်မှာ ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ် ဒေါ်ငြိမ်လှ သေဆုံးခဲ့ရပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဖော်ပြထားတာပါ။ ဒါ့အပြင် ဆောထိမြို့နယ်၊ ထင်းကုန်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက်၊ ညနေပိုင်းမှာ ကာမီကာဇေ အသေခံဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ည်သူပိုင်နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ စစ်တပ်ဟာ နိုင်ငံတဝှမ်းမှာ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်တာတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်လျက်ရှိတယ်လို့ KNU က အသိပေးထားတာ တွေ့ရပါတယ်။ Photo | KNU ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက် PDF တပ်ရင်း/ဖွဲ့တွေကို ကျည်ကာဝတ်စုံများတပ်ဆင် ၂၃ အောက်တိုဘာ ||| နွေဦးအသံ ||| တနင်္သာရီဒေသအတွင်းရှိ တပ်ရင်းတပ်ဖွဲ့တွေကို ကျည်ကာဝတ်စုံများ တပ်ဆင်ပေးခဲ့ပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက PDF တပ်ရင်းတပ်ဖွဲ့တွေကို စစ်စည်းကမ်း၊ ဥပဒေလိုက်နာတဲ့၊ စနစ်ကျတဲ့တပ် ဖြစ်လာစေဖို့ လေ့ကျင့်တပ်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့တွေအတွက် "ဆီသို့လှမ်းချီ တနင်္သာရီ" ကမ်ပိန်းမှ ထောက်ပို့လိုက်တဲ့ ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိကြောင်း အမျိူးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက် ညပိုင်းမှာ ထုတ်ပြန်ထားတာပါ။ "ဆီသို့လှမ်းချီ တနင်္သာရီ" ကမ်ပိန်းကို Forward Myanmar အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြေပြင်မှတပ်ရင်းတပ်ဖွဲ့တွေထံသို့ ထောက်ပို့ကူညီတဲ့ ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ ကျည်ကာအင်္ကျီတွေ ရောက်ရှိနေပြီဖြစ်တယ်လို့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားပါတယ်။ ဒါ့အပြင် "Forward Myanmar" ကမ်ပိန်းအဖွဲ့နဲ့ တော်လှန်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုထားတယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်စည်းကမ်း၊ စစ်ဥပဒေ လိုက်နာပြီး လက်နက်တပ်ဆင်မှု စနစ်ကျတဲ့ တပ်ဖြစ်လာအောင် လေ့ကျင့် တပ်ဆင်ပေးလျက်ရှိတယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားတာ တွေ့ရပါတယ်။ Photo | MOD ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️စစ်ကိုင်းမှာ စစ်တပ်ဗိုလ်မှူးကြီးကို အရှင်မိပြီး လေကြောင်းတိုက်ခိုက်ချိန် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး ၂၂ အောက်တိုဘာ ||| နွေဦးအသံ ||| စစ်ကိုင်းမှာ အကြမ်းဖက်စစ်တပ် ဗိုလ်မှူးကြီး တဦးကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ ၁၈ ရက်မှာ အရှင်ဖမ်းမိခဲ့သော်လည်း ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်ချိန် လက်နက်လုထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ‌သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်တွင်းသတင်းပေးတွေရဲ့ တိကျတဲ့ သတင်းပေးပို့ချက်အရ ဗိုလ်မှူးကြီး ‌ဇော်မျိုးတင့် ဆိုသူကို ကံတလူတိုးဂိတ်အနီး ညနေ ၄ နာရီခန့်မှာ လက်ရဖမ်းဆီးခဲ့ကြောင်း စစ်ကိုင်းမြို့အခြေစိုက် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အရှင်ဖမ်းမိတဲ့ စစ်တပ် ဗိုလ်မှူးကြီးကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေထံ အဆင့်ဆင့် လွှဲပြောင်းပေးအပ်ဖို့ ဆောင်ရွက်နေစဉ်အတွင်း အကြမ်းဖက်စစ်တပ်က အနီးပတ်ဝန်းကျင် ကျေးရွာအချို့ကို မြေပြင်မှ စစ်ကြောင်းထိုးခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးကြီးက တော်လှန်ရေးရဲဘော်တွေရဲ့ သေနတ်ကို လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် ကျည်ထိမှန်ပြီး နေရာတင်သေဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က အသိပေးထားတာပါ။ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ဟာ စစ်ကိုင်းမြို့နဲ့ အနီးပတ်ဝန်းကျင်နေရာတွေမှာ စစ်တပ်ရဲ့ အထိုင်တပ်ရင်းတွေ၊ ရဲတပ်ရင်းတွေ၊ စစ်ယာဉ်တန်းနဲ့ လုံခြုံရေးအဖွဲ့တွေကို စစ်ရေးပစ်မှတ်အဖြစ် မကြာခဏ စစ်ဆင်ရေး‌ဖော်ဆောင်တိုက်ခိုက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းတို့ ငါးနှစ်ခွဲကျော်မှ ပထမဆုံးအကြိမ် စကားပြောခွင့်ရ ၂၂ အောက်တိုဘာ ||| နွေဦးအသံ ||| နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့တာကြောင့် အားပေးခဲ့သူအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်သလို သူမ လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြဖို့ သူမရဲ့ သားငယ် ကိုထိန်လင်းက အသိပေးတောင်းဆိုလိုက်ပါတယ်။ "ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်" လို့ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူရဲ့ လူမှုကွန်ယက်မှတဆင့် အသိပေးထားတာပါ။ ဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီးခံရပြီး‌နောက် နွေဦးတော်လှန်ရေးကာလ ၅ နှစ်ကျော်မှာ စစ်တပ်က သူမကို ပထမဆုံးအကြိမ် မိသားစုနဲ့ စကားပြောခွင့်ပေးခဲ့တာဖြစ်ပြီး ဒီအခွင့်အရေးဟာ အားလုံးရဲ့တောင်းဆိုသံတွေကြောင့်ဆိုတာ ယုံကြည်သလို လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြဖို့ကိုလည်း ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သလို စကားားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်သလို ဆက်သွယ်ခွင့်ရတာဟာလည်း လွတ်မြောက်ခြင်း မဟုတ်ကြောင်း ကိုထိန်လင်းက ထောက်ပြထားပါတယ်။ ဒါ့အပြင် စစ်တပ်အနေနဲ့ သူမကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့တွေအတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ကြောင်းကိုလည်း ဆိုထားပါတယ်။ ဒါကြောင့် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံနေတဲ့ အစိုးရအားလုံးအနေနဲ့ အခြေခံလူအခွင့်အရေးတွေကို စစ်အုပ်စု ကြိုးပန်နေတဲ့ တရားမဝင်အသိအမှတ်ပြုမှုနဲ့ အလဲအလှယ်မလုပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ ချက်ခြင်းလွှတ်ဖို့ ကိုထိန်လင်းက အသိပေးတောင်းဆိုထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️ပေါက်တာမှာ စကစက Y 12 လေယာဥ်နဲ့ ဗုံးအလုံး ၃၀ ထက်မနည်း ကြဲချ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ ၂၁ အောက်တိုဘာ ||| နွေဦးအသံ ||| ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ကျေးရွာကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၀ ရက်၊ ညပိုင်းမှာ လေကြောင်းမှ Y 12 လေယာဥ်နဲ့ ဗုံးအလုံး ၃၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပြားသူကြွယ်ရွာကို ည ၉ နာရီခွဲခန့်မှာ Y 12 လေယာဥ်နဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ပေါက်တောမြို့နယ်တဝိုက်ကို ည ၉ နာရီ ၅၃ မိနစ်ခန့်မှာ ဗုံးအလုံး ၃၀ ခန့် ၊ လက်ပံပြားရွာကို ည ၁၀ နာရီခွဲ့ခန့်မှာ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားတာပါ။ အဲဒီတိုက်ခိုက်မှုတွေကြောင့် ပြားသူကြွယ်ရွာမှ အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရတဲ့အပြင် ရပ်ကွက် (၁ ၊ ၄) နဲ့ လက်ပံပြားရွာမှ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ စစ်တွေမြို့နယ်အစပ် ပုဏ္ဏာကျွန်းနဲ့ ပေါက်တော မြို့နယ်တွေမှာ သေဆုံးထိခိုက်မှု များစွာနဲ့ အထိနာနေတာကြောင့် ပြည်သူလူထုနေထိုင်ရာ မြို့နဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက်ပြုလုပ်လျက်တယ်လို့ သတင်းရရှိပါတယ်။ Photo | APM ၊ APV ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

| စလင်း မြေနီကုန်းရွာအနီးရှိ စစ်တပ်ယာယီစခန်းကို PDF က FPV ဒရုန်းနဲ့ တိုက်ခိုက်မှုမှတ်တမ်း | ◼️မကွေးဒေသ၊ စလင်းမြို့နယ်၊ မြေနီကုန်းရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စု အင်အား ၂၅ ဦးခန့်နဲ့ ဒရုန်းအဖွဲ့တို့ ယာယီတပ်စွဲနေထိုင်နေတဲ့စခန်းကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းနဲ့ တပ်ရင်း ဒရုန်းလက်ရုံးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၀ ရက်၊ မနက်ပိုင်းမှာ FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုတွေရှိခဲ့တယ်လို့ မင်းဘူး ခရိုင် အမှတ် ၅ တပ်ရင်းက အောက်တိုဘာ ၂၁ ရက်မှာ ရုပ်သံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားပါတယ်။ Video | မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ၂၁ အောက်တိုဘာ ||| နွေဦးအသံ ||| ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။