The Voice Of Spring | နွေဦးအသံ |
📈 Аналітичний огляд Telegram-каналу The Voice Of Spring | နွေဦးအသံ |
Канал The Voice Of Spring | နွေဦးအသံ | (@vostelegram) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 28 612 підписників, посідаючи 8 586 місце в категорії Новини і ЗМІ та 5 116 місце у регіоні М'янма.
📊 Показники аудиторії та динаміка
З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 28 612 підписників.
За останніми даними від 23 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -557, а за останні 24 години на -23, загальне охоплення залишається високим.
- Статус верифікації: Верифікований (Офіційно підтверджено Telegram)
- Рівень залученості (ER): Середній показник залученості аудиторії становить 5.34%. Протягом перших 24 годин після публікації контент зазвичай збирає 3.58% реакцій від загальної кількості підписників.
- Охоплення публікацій: В середньому кожен допис отримує 1 529 переглядів. Протягом першої доби публікація в середньому набирає 1 024 переглядів.
- Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 36.
📝 Опис та контентна політика
Автор описує ресурс як майданчик для висловлення суб'єктивної думки:
“Investigative, Innovative, Independent Digital Media”
Завдяки високій частоті оновлень (останні дані отримано 24 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.
Завантажуємо дані
| Дата | Залучення підписників | Згадування | Канали | |
| 24 жовтня | 0 | |||
| 23 жовтня | 0 | |||
| 22 жовтня | 0 | |||
| 21 жовтня | 0 | |||
| 20 жовтня | +4 | |||
| 19 жовтня | 0 | |||
| 18 жовтня | 0 | |||
| 17 жовтня | 0 | |||
| 16 жовтня | 0 | |||
| 15 жовтня | 0 | |||
| 14 жовтня | 0 | |||
| 13 жовтня | 0 | |||
| 12 жовтня | 0 | |||
| 11 жовтня | 0 | |||
| 10 жовтня | 0 | |||
| 09 жовтня | +2 | |||
| 08 жовтня | 0 | |||
| 07 жовтня | 0 | |||
| 06 жовтня | 0 | |||
| 05 жовтня | 0 | |||
| 04 жовтня | +3 | |||
| 03 жовтня | +2 | |||
| 02 жовтня | 0 | |||
| 01 жовтня | 0 |
| 2 | Немає тексту... | 1 149 |
| 3 | Немає тексту... | 1 206 |
| 4 | Немає тексту... | 1 |
| 5 | ◼️ညောင်လေးပင်မှာ စစ်တပ်ဒရုန်းတိုက်ခိုက်မှုကြောင့် အသက် ၇၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံး
၂၃ အောက်တိုဘာ ||| နွေဦးအသံ |||
ပဲခူးဒေသ၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို အမျိုးသမီး တဦးသေဆုံးခဲ့ပြီး အမျိုးသမီး တဦး ဒဏ်ရာရခဲ့တယ်လို့ အောက်တိုဘာ ၂၂ ရက် KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မူး(မုန်း)မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာကို ကကွေးမှာတပ်စွဲထားတဲ့ စစ်တပ်က အောက်တိုဘာ ၁၈ ရက်မှာ ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ် ဒေါ်ငြိမ်လှ သေဆုံးခဲ့ရပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဖော်ပြထားတာပါ။
ဒါ့အပြင် ဆောထိမြို့နယ်၊ ထင်းကုန်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက်၊ ညနေပိုင်းမှာ ကာမီကာဇေ အသေခံဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ည်သူပိုင်နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ စစ်တပ်ဟာ နိုင်ငံတဝှမ်းမှာ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်တာတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်လျက်ရှိတယ်လို့ KNU က အသိပေးထားတာ တွေ့ရပါတယ်။
Photo | KNU
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 110 |
| 6 | Немає тексту... | 897 |
| 7 | ◼️တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက် PDF တပ်ရင်း/ဖွဲ့တွေကို ကျည်ကာဝတ်စုံများတပ်ဆင်
၂၃ အောက်တိုဘာ ||| နွေဦးအသံ |||
တနင်္သာရီဒေသအတွင်းရှိ တပ်ရင်းတပ်ဖွဲ့တွေကို ကျည်ကာဝတ်စုံများ တပ်ဆင်ပေးခဲ့ပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက PDF တပ်ရင်းတပ်ဖွဲ့တွေကို စစ်စည်းကမ်း၊ ဥပဒေလိုက်နာတဲ့၊ စနစ်ကျတဲ့တပ် ဖြစ်လာစေဖို့ လေ့ကျင့်တပ်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့တွေအတွက် "ဆီသို့လှမ်းချီ တနင်္သာရီ" ကမ်ပိန်းမှ ထောက်ပို့လိုက်တဲ့ ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိကြောင်း အမျိူးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက် ညပိုင်းမှာ ထုတ်ပြန်ထားတာပါ။
"ဆီသို့လှမ်းချီ တနင်္သာရီ" ကမ်ပိန်းကို Forward Myanmar အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြေပြင်မှတပ်ရင်းတပ်ဖွဲ့တွေထံသို့ ထောက်ပို့ကူညီတဲ့ ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ ကျည်ကာအင်္ကျီတွေ ရောက်ရှိနေပြီဖြစ်တယ်လို့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားပါတယ်။
ဒါ့အပြင် "Forward Myanmar" ကမ်ပိန်းအဖွဲ့နဲ့ တော်လှန်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုထားတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်စည်းကမ်း၊ စစ်ဥပဒေ လိုက်နာပြီး လက်နက်တပ်ဆင်မှု စနစ်ကျတဲ့ တပ်ဖြစ်လာအောင် လေ့ကျင့် တပ်ဆင်ပေးလျက်ရှိတယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားတာ တွေ့ရပါတယ်။
Photo | MOD
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 086 |
| 8 | Немає тексту... | 988 |
| 9 | ◼️စစ်ကိုင်းမှာ စစ်တပ်ဗိုလ်မှူးကြီးကို အရှင်မိပြီး လေကြောင်းတိုက်ခိုက်ချိန် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး
၂၂ အောက်တိုဘာ ||| နွေဦးအသံ |||
စစ်ကိုင်းမှာ အကြမ်းဖက်စစ်တပ် ဗိုလ်မှူးကြီး တဦးကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ ၁၈ ရက်မှာ အရှင်ဖမ်းမိခဲ့သော်လည်း ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်ချိန် လက်နက်လုထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်တွင်းသတင်းပေးတွေရဲ့ တိကျတဲ့ သတင်းပေးပို့ချက်အရ ဗိုလ်မှူးကြီး ဇော်မျိုးတင့် ဆိုသူကို ကံတလူတိုးဂိတ်အနီး ညနေ ၄ နာရီခန့်မှာ လက်ရဖမ်းဆီးခဲ့ကြောင်း စစ်ကိုင်းမြို့အခြေစိုက် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အရှင်ဖမ်းမိတဲ့ စစ်တပ် ဗိုလ်မှူးကြီးကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေထံ အဆင့်ဆင့် လွှဲပြောင်းပေးအပ်ဖို့ ဆောင်ရွက်နေစဉ်အတွင်း အကြမ်းဖက်စစ်တပ်က အနီးပတ်ဝန်းကျင် ကျေးရွာအချို့ကို မြေပြင်မှ စစ်ကြောင်းထိုးခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးကြီးက တော်လှန်ရေးရဲဘော်တွေရဲ့ သေနတ်ကို လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် ကျည်ထိမှန်ပြီး နေရာတင်သေဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က အသိပေးထားတာပါ။
လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ဟာ စစ်ကိုင်းမြို့နဲ့ အနီးပတ်ဝန်းကျင်နေရာတွေမှာ စစ်တပ်ရဲ့ အထိုင်တပ်ရင်းတွေ၊ ရဲတပ်ရင်းတွေ၊ စစ်ယာဉ်တန်းနဲ့ လုံခြုံရေးအဖွဲ့တွေကို စစ်ရေးပစ်မှတ်အဖြစ် မကြာခဏ စစ်ဆင်ရေးဖော်ဆောင်တိုက်ခိုက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 350 |
| 10 | Немає тексту... | 1 283 |
| 11 | ◼️ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းတို့ ငါးနှစ်ခွဲကျော်မှ ပထမဆုံးအကြိမ် စကားပြောခွင့်ရ
၂၂ အောက်တိုဘာ ||| နွေဦးအသံ |||
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့တာကြောင့် အားပေးခဲ့သူအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်သလို သူမ လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြဖို့ သူမရဲ့ သားငယ် ကိုထိန်လင်းက အသိပေးတောင်းဆိုလိုက်ပါတယ်။
"ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်" လို့ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူရဲ့ လူမှုကွန်ယက်မှတဆင့် အသိပေးထားတာပါ။
ဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီးခံရပြီးနောက် နွေဦးတော်လှန်ရေးကာလ ၅ နှစ်ကျော်မှာ စစ်တပ်က သူမကို ပထမဆုံးအကြိမ် မိသားစုနဲ့ စကားပြောခွင့်ပေးခဲ့တာဖြစ်ပြီး ဒီအခွင့်အရေးဟာ အားလုံးရဲ့တောင်းဆိုသံတွေကြောင့်ဆိုတာ ယုံကြည်သလို လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြဖို့ကိုလည်း ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။
အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သလို စကားားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်သလို ဆက်သွယ်ခွင့်ရတာဟာလည်း လွတ်မြောက်ခြင်း မဟုတ်ကြောင်း ကိုထိန်လင်းက ထောက်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်အနေနဲ့ သူမကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့တွေအတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ကြောင်းကိုလည်း ဆိုထားပါတယ်။
ဒါကြောင့် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံနေတဲ့ အစိုးရအားလုံးအနေနဲ့ အခြေခံလူအခွင့်အရေးတွေကို စစ်အုပ်စု ကြိုးပန်နေတဲ့ တရားမဝင်အသိအမှတ်ပြုမှုနဲ့ အလဲအလှယ်မလုပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ ချက်ခြင်းလွှတ်ဖို့ ကိုထိန်လင်းက အသိပေးတောင်းဆိုထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 420 |
| 12 | Немає тексту... | 1 471 |
| 13 | ◼️ပေါက်တာမှာ စကစက Y 12 လေယာဥ်နဲ့ ဗုံးအလုံး ၃၀ ထက်မနည်း ကြဲချ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ
၂၁ အောက်တိုဘာ ||| နွေဦးအသံ |||
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ကျေးရွာကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၀ ရက်၊ ညပိုင်းမှာ လေကြောင်းမှ Y 12 လေယာဥ်နဲ့ ဗုံးအလုံး ၃၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြားသူကြွယ်ရွာကို ည ၉ နာရီခွဲခန့်မှာ Y 12 လေယာဥ်နဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ပေါက်တောမြို့နယ်တဝိုက်ကို ည ၉ နာရီ ၅၃ မိနစ်ခန့်မှာ ဗုံးအလုံး ၃၀ ခန့် ၊ လက်ပံပြားရွာကို ည ၁၀ နာရီခွဲ့ခန့်မှာ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားတာပါ။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ပြားသူကြွယ်ရွာမှ အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရတဲ့အပြင် ရပ်ကွက် (၁ ၊ ၄) နဲ့ လက်ပံပြားရွာမှ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်တွေမြို့နယ်အစပ် ပုဏ္ဏာကျွန်းနဲ့ ပေါက်တော မြို့နယ်တွေမှာ သေဆုံးထိခိုက်မှု များစွာနဲ့ အထိနာနေတာကြောင့် ပြည်သူလူထုနေထိုင်ရာ မြို့နဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက်ပြုလုပ်လျက်တယ်လို့ သတင်းရရှိပါတယ်။
Photo | APM ၊ APV
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 774 |
| 14 | Немає тексту... | 1 352 |
| 15 | | စလင်း မြေနီကုန်းရွာအနီးရှိ စစ်တပ်ယာယီစခန်းကို PDF က FPV ဒရုန်းနဲ့ တိုက်ခိုက်မှုမှတ်တမ်း |
◼️မကွေးဒေသ၊ စလင်းမြို့နယ်၊ မြေနီကုန်းရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စု အင်အား ၂၅ ဦးခန့်နဲ့ ဒရုန်းအဖွဲ့တို့ ယာယီတပ်စွဲနေထိုင်နေတဲ့စခန်းကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းနဲ့ တပ်ရင်း ဒရုန်းလက်ရုံးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၀ ရက်၊ မနက်ပိုင်းမှာ FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုတွေရှိခဲ့တယ်လို့ မင်းဘူး ခရိုင် အမှတ် ၅ တပ်ရင်းက အောက်တိုဘာ ၂၁ ရက်မှာ ရုပ်သံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားပါတယ်။
Video | မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း
၂၁ အောက်တိုဘာ ||| နွေဦးအသံ |||
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 276 |
| 16 | Немає тексту... | 1 200 |
| 17 | ◼️စလင်းမှာ စစ်ကောင်စီတပ် ယာယီစခန်းကို PDF ရဲဘော်များ FPV ဒရုန်းနဲ့ တိုက်ခိုက်
၂၁ အောက်တိုဘာ ||| နွေဦးအသံ |||
မကွေးဒေသ၊ စလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ ဒရုန်းအဖွဲ့ အပါအဝင် စစ်အုပ်စု ယာယီတပ်စွဲထားတဲ့ နေရာကို PDF ရဲဘော်တွေက အောက်တိုဘာ ၂၀ ရက်၊ မနက်ပိုင်းမှာ FPV အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
မြေနီကုန်းကျေးရွာအနီး စစ်တပ် အရာရှိ တဦးပါဝင်တဲ့ အင်အား ၂၅ ဦးခန့် အပြင် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပြည်သူလူထုနေထိုင်ရာနေရာတွေကို အမြဲတိုက်ခိုက် ဒုက္ခပေးနေတဲ့ ဒရုန်းအဖွဲ့တို့ ယာယီစခန်းချနေတာကို သတင်းရရှိထားတာကြောင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း PDF မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားတာပါ။
စစ်အုပ်စုစခန်းချထားတဲ့ အဲဒီနေရာကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက မနက် ၆ နာရီခန့်မှာ FPV ဒရုန်းနဲ့ သွားရောက်ရှာဖွေတိုက်ခိုက်ခဲ့ရာ အရာရှိနဲ့ ဒရုန်းဂျမ်ပါကိုင် တပ်သား ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်စစ်ဌာနရဲ့ ညွှန်ကြားချက်နဲ့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းနဲ့ တပ်ရင်း ဒရုန်းလက်ရုံးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | မင်းဘူးခရိုင် တပ်ရင်း ၅
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 339 |
| 18 | Немає тексту... | 1 312 |
| 19 | ◼️ဘုတလင်မှာ စစ်တပ်အကြောင်းမဲ့လေကြောင်းတိုက်ခိုက်သဖြင့် ဆယ်ကျော်သက် ၄ ဦးအပါ အမျိုးသမီး ၆ ဦးသေဆုံး
၂၀ အောက်တိုဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၀ ရက်၊ နေ့လယ်ပိုင်းမှာ ဂျိုင်ရိုကော်ပတာ၊ အသေခံ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၆ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကွမ်းခြံကုန်းကျေးရွာအတွင်းကို မုံရွာအခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၁ စီးက နေ့လယ် ၂ နာရီခွဲခန့်မှာ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသေခံ ဒရုန်း ၁ စီးနဲ့ပါ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သားပြည်သူ မိသားစုဝင် အမျိုးသမီး ၄ ဦးနဲ့ ညီအစ်မ ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့တဲ့အပြင် အမျိုးသမီး တ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်က ဆိုပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးတွေမှာ အသက် ၁၃ နှစ်အရွယ် ၁ ဦး၊ ၁၅ နှစ်အရွယ် ၁ ဦး၊ ၁၇ နှစ်အရွယ် ၂ ဦးနဲ့ အသက် ၂၂ နှစ်အရွယ် ၁ ဦး၊ ၄၀ နှစ်အရွယ် ၁ ဦးတို့ ဖြစ်ကြတယ်လို့ ဖော်ပြထားပါတယ်။
ဘုတလင်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူ ၉ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 568 |
| 20 | Немає тексту... | 1 362 |
