es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

The Voice Of Spring | နွေဦးအသံ |

The Voice Of Spring | နွေဦးအသံ |

Ir al canal en Telegram

Investigative, Innovative, Independent Digital Media

Mostrar más

📈 Análisis del canal de Telegram The Voice Of Spring | နွေဦးအသံ |

El canal The Voice Of Spring | နွေဦးအသံ | (@vostelegram) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 27 873 suscriptores, ocupando la posición 8 447 en la categoría Noticias y medios y el puesto 5 051 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 27 873 suscriptores.

Según los últimos datos del 27 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -636, y en las últimas 24 horas de -24, conservando un alto alcance.

  • Estado de verificación: Verificado (confirmado oficialmente por Telegram)
  • Tasa de interacción (ER): El promedio de interacción de la audiencia es 5.00%. Durante las primeras 24 horas tras publicar, el contenido suele obtener 3.33% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 393 visualizaciones. En el primer día suele acumular 929 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 34.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“Investigative, Innovative, Independent Digital Media”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 28 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

27 873
Suscriptores
-2424 horas
-1417 días
-63630 días

Cargando datos

Atraer Suscriptores
nov '26
noviembre '26
+5
en 0 canales
octubre '26
+11
en 1 canales
Get PRO
septiembre '26
+13
en 0 canales
Get PRO
agosto '26
+23
en 2 canales
Get PRO
julio '26
+4
en 3 canales
Get PRO
junio '26
+8
en 4 canales
Get PRO
mayo '26
+9
en 3 canales
Get PRO
abril '26
+2
en 3 canales
Get PRO
marzo '260
en 3 canales
Get PRO
febrero '26
+5
en 1 canales
Get PRO
enero '26
+12
en 2 canales
Get PRO
diciembre '25
+15
en 2 canales
Get PRO
noviembre '25
+75
en 1 canales
Get PRO
octubre '25
+36
en 1 canales
Get PRO
septiembre '25
+151
en 1 canales
Get PRO
agosto '25
+50
en 3 canales
Get PRO
julio '25
+737
en 0 canales
Get PRO
junio '25
+469
en 4 canales
Get PRO
mayo '25
+350
en 4 canales
Get PRO
abril '25
+229
en 5 canales
Get PRO
marzo '25
+557
en 5 canales
Get PRO
febrero '25
+195
en 3 canales
Get PRO
enero '25
+191
en 4 canales
Get PRO
diciembre '24
+340
en 6 canales
Get PRO
noviembre '24
+233
en 4 canales
Get PRO
octubre '24
+369
en 5 canales
Get PRO
septiembre '24
+744
en 5 canales
Get PRO
agosto '24
+1 528
en 6 canales
Get PRO
julio '24
+1 725
en 5 canales
Get PRO
junio '24
+1 419
en 7 canales
Get PRO
mayo '24
+832
en 3 canales
Get PRO
abril '24
+1 718
en 6 canales
Get PRO
marzo '24
+663
en 0 canales
Get PRO
febrero '24
+2 050
en 1 canales
Get PRO
enero '24
+1 683
en 2 canales
Get PRO
diciembre '23
+1 815
en 3 canales
Get PRO
noviembre '23
+6 280
en 4 canales
Get PRO
octubre '23
+2 558
en 4 canales
Get PRO
septiembre '23
+2 278
en 0 canales
Get PRO
agosto '23
+4 985
en 0 canales
Get PRO
julio '23
+2 916
en 0 canales
Get PRO
junio '23
+3 363
en 0 canales
Get PRO
mayo '23
+3 291
en 0 canales
Get PRO
abril '23
+3 702
en 0 canales
Get PRO
marzo '23
+783
en 0 canales
Get PRO
febrero '23
+825
en 0 canales
Get PRO
enero '23
+275
en 0 canales
Get PRO
diciembre '22
+371
en 0 canales
Get PRO
noviembre '22
+221
en 0 canales
Get PRO
octubre '22
+283
en 0 canales
Get PRO
septiembre '22
+143
en 0 canales
Get PRO
agosto '22
+1 430
en 0 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
28 noviembre0
27 noviembre0
26 noviembre0
25 noviembre+3
24 noviembre0
23 noviembre0
22 noviembre0
21 noviembre0
20 noviembre0
19 noviembre0
18 noviembre0
17 noviembre0
16 noviembre0
15 noviembre0
14 noviembre0
13 noviembre0
12 noviembre0
11 noviembre0
10 noviembre+1
09 noviembre0
08 noviembre0
07 noviembre0
06 noviembre0
05 noviembre+1
04 noviembre0
03 noviembre0
02 noviembre0
01 noviembre0
Publicaciones del Canal
◼️ကောလင်းကို ဖြတ်သွားတဲ့ တပ်မ ၃၃ စစ်တပ်စစ်ကြောင်းက စစ်ရှောင်တွေနဲ့ အရပ်သားပြည်သူ ၁၇ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့ ၂၇ နိုဝင်ဘာ ||| နွေဦးအသံ ||| စစ်ကိုင်းဒေသ၊ ကောလင်းမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေက ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းတွေကို လုယက်ယူဆောင်သွားခဲ့တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) ရဲ့ နိုဝင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ အင်းတော်မြို့နယ်၊ ကျောင်းကုန်းကျေးရွာနဲ့ မဲဇာဘက်မှတဆင့် စစ်တပ်ရဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) လက်အောက်ခံ စစ်ကြောင်းတွေဟာ နိုဝင်ဘာ ၄ ရက်၊ မနက်ပိုင်းမှစတင်ပြီး ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းသို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းတွေဟာ ဖြတ်သန်းလာခဲ့တဲ့ လမ်းကြောင်းတလျှောက် ကျေးရွာတွေမှ ဒေသခံ အရပ်သားတွေနဲ့ စစ်ဘေးရှောင်ပြည်သူ ၁၇ ဦးကို ရက်စက်စွာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ပြည်သူပိုင်ပစ္စည်းများစွာကိုလည်း မတရားလုယက်ယူဆောင်သွားခဲ့တယ်လို့ ကောလင်းမြို့နယ် (ပအဖ) က ထုတ်ပြန်ထားတာပါ။ အဲဒီနောက် အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေဟာ စစ်ကြောင်းတွေခွဲပြီး နယ်မြေချင်း ထိစပ်နေတဲ့ ကန့်ဘလူမြို့နယ်ဘက်သို့ ဆက်လက် ရွေ့လျားသွားခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) က အသိပေးထားတာ တွေ့ရပါတယ်။ Photo | ကောလင်း ပအဖ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
27 nov, 11:32

2
+9
Sin texto...
671
3
◼️ကော်သူးလေတပ် KTLA တပ်ဖွဲ့ဝင် ၂၄ ဦး လက်နက် ၁၈ လက်နဲ့အတူ KNLA ထံလက်နက်ချ ၂၇ နိုဝင်ဘာ ||| နွေဦးအသံ ||| တနင်္သာရီဒေသ၊ KNU မြိတ်ထားဝယ်ခရိုင်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံသို့ ကော်သူးလေတပ်ဖွဲ့ KTLA တပ်ဖွဲ့ဝင် ၂၄ ဦးက နိုဝင်ဘာ ၂၆ ရက်မှာ လက်နက် ၁၈ လက်နဲ့အတူ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ KNLA တပ်မဟာ ၉ နယ်မြေအတွင်း ဗိုလ်စောထီးမူး ဦးဆောင်တဲ့ KTLA တပ်ရင်းတာဝန်ရှိသူ အပါအဝင် တပ်ခွဲ ၂ ခုမှ တပ်သား ၂၄ ဦးက KNLA တပ်မဟာ ၉၊ တပ်ရင်း ၁၂ ထံသို့ လက်နက် ၁၈ နဲ့အတူ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားတာပါ။ KNU မြိတ်ထားဝယ်ခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်မှာလည်း ကော်သူးလေတပ်ဖွဲ့ KTLA ဆာကပေါ်တပ်ရင်းမှ ဗိုလ်စောအဲဖိုးနဲ့ တပ်ရင်းတာဝန်ရှိသူတွေအပါအဝင် တပ်ဖွဲ့ဝင် ၂၅ ဦးက ပြန်လည်ပူးပေါင်းဝင်ရောက်လာတာကြောင့် KNLA တပ်မဟာ ၄ က အခမ်းအနားနဲ့ ကြိုဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။ Photo | KNU - MTD (လက်ရှိ လက်နက်ချအလင်းဝင်ခဲ့တဲ့ KTLA တပ်ဖွဲ့ဝင်များနဲ့ စက်တင်ဘာလအတွင်း ပြန်လည်ပူးပေါင်းခဲ့တဲ့ KTLA တပ်ဖွဲ့ဝင်များ(ပုံဟောင်း) ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
1 050
4
+1
Sin texto...
889
5
‎◼️‌မြင်းခြံမှာ စစ်တပ်စခန်းကို PDF တပ်များ စီးနင်းတိုက်ခိုက်ရာ စကစ ၆ ဦးသေဆုံး ‎ ‎၂၇ နိုဝင်ဘာ | နွေဦးအသံ | ‎ ‎မန္တလေးဒေသ၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုစခန်းကို PDF ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂၅ ရက်၊ ည ၁၀ နာရီ ၄၈ မိနစ်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး အလောင်းတွေနဲ့အတူ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ ‎ ‎မြသီတာကျေးရွာအတွင်း အင်အား ၁၇ ဦး အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး အလောင်း ၄ လောင်းနဲ့အတူ သေနတ် (၁)လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ‎ ‎တိုက်ခိုက်မှုကို မြင်းခြံခရိုင် ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၉) တပ်ရင်း၊ TFM ပြောက်ကျားတပ်ဖွဲ့၊ MPDF ၊ MGN အညာသား‌ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ‎ ‎©The Voice of Spring ‎#thevoiceofspring ‎#WhatsHappeningInMyanmar ‎#RejectMilitaryCoup ‎ ‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
1 087
6
Sin texto...
976
7
◼️ပုလောမြို့နယ်အတွင်းရှိ ကျေးရွာကို စစ်တပ်ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ် တဦးသေဆုံး ၂၆ နိုဝင်ဘာ ||| နွေဦးအသံ ||| တနင်္သာရီဒေသ၊ ပုလောမြို့နယ်ရှိ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၂၆ ရက်၊ နေ့လယ်ပိုင်းမှာ K8W Jet Fighter လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် တဦး သေဆုံးခဲ့ပြီး လူနေအိမ် တလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ထီးမိုပွာကျေးရွာအုပ်စု၊ တိုးတယ်ထာ ကျေးရွာအတွင်းကို နေ့လယ် ၁ နာရီခွဲခန့်မှာ K8W Jet Fighter ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၇ နှစ်အရွယ် ကလေးငယ် တဦး သေဆုံးခဲ့ပြီး လူနေအိမ် တလုံးလည်း ပျက်စီးခဲ့တယ်လို့ KNU - မြိတ် ထားဝယ်ခရိုင်က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်၊ မနက်ပိုင်းမှာလည်း ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို အမျိုးသမီး တဦး သေဆုံးခဲ့ရပြီး ကလေးငယ်တွေ အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ခဲ့ပါသေးတယ်။ နိုင်ငံအနှံ့ အပြားမှာ အခုလို အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ် တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။ Photo | KNU ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
1 147
8
+2
Sin texto...
1 008
9
◼️‌လောင်းလုံးမှာ ပြည်သူကို လက်နက်ပြခြိမ်းခြောက်တဲ့အပြင် မူးယစ်ဆေးရောင်းချသူ တဦးကို SGF တပ်ဖွဲ့ဖမ်းဆီး ၂၆ နိုဝင်ဘာ ||| နွေဦးအသံ ||| တနင်္သာရီဒေသ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ပြည်သူကို လက်နက်ပြခြိမ်းခြောက်တဲ့အပြင် မူးယစ်ဆေးဝါးရောင်းချသူ ၁ ဦးကို အထူးပြောက်ကျားတပ်ဖွဲ့ (Special Guerrilla Force - SGF) က ထောက်လှမ်းပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ရဲ့ နိုဝင်ဘာ ၂၆ ရက်၊ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြည်သူတွေရဲ့ တိုင်ကြားချက်အရ လောင်းလုံးမြို့နယ် လမ်းပိုင်းတနေရာမှာ ကင်းယူထောက်လှမ်းပြီး ဧရာပြည် (ခ) AK ဆိုသူ မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို နိုဝင်ဘာ ၁၃ ရက်မှာ တားဆီးစစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့ကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ SGF က ထုတ်ပြန်ထားတာပါ။ အဲဒီနောက် ပြည်သူတွေရဲ့ တိုင်ကြားချက်နဲ့ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးမေးမြန်းရာမှာ ဧရာပြည် (ခ) AK ဆိုသူဟာ ကိုယ်တိုင် မူးယစ်ဆေးရောင်းချသူဖြစ်တဲ့အပြင် တော်လှန်ရေးအဖွဲ့အစည်းအပေါ် ထင်ယောင်ထင်မှားဖြစ်စေတာ၊ ပြည်သူတွေကို လက်နက်ပြခြိမ်းခြောက်တာတွေကိုလည်း သိရှိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဧရာပြည် (ခ) AK ဆိုသူကို ချမှတ်ထားတဲ့ မူဝါဒအတိုင်း ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး အလားတူ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကိုလည်း ဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်လို့ အထူးပြောက်ကျားတပ်ဖွဲ့ SGF က သတိပေးထားတာ တွေ့ရပါတယ်။ Photo | SGF ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
1 137
10
+2
Sin texto...
1 066
11
◼️ရေဦးမြို့မှာ စစ်ထဲထည့်ဖို့ စစ်တပ် အဓမ္မဖမ်းဆီးထားတဲ့ လူငယ် ၁၀ ဦး အချုပ်ခန်းဖောက်ထွက်ပြေးလွတ်မြောက် ၂၆ နိုဝင်ဘာ ||| နွေဦးအသံ ||| စစ်ကိုင်းဒေသ၊ ရေဦးမြို့မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစေခိုင်းဖို့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ် ၁၀ ဦးက နိုဝင်ဘာ ၂၅ ရက်မှာ အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာပြီး မြို့နယ် (ပကဖ)က ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ စာသင်ကျောင်းအတွင်း ပြုလုပ်ထားတဲ့ အချုပ်ခန်းမှာ စစ်တပ်ရဲ့ အဓမ္မဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ် ၁၀ ဦး အချုပ်ခန်းကိုဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က နိုဝင်ဘာ ၂၆ ရက်မှာ အသိပေးထုတ်ပြန်ထားတာပါ။ အခုလို အကြမ်းဖက်စစ်တပ်ထံမှ ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်တွေကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က လွတ်မြောက်နယ်မြေတနေရာမှာ ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်လို့ အသိပေးထားပါတယ်။ အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာလည်း အကြမ်းဖက်စစ်တပ် အဓမ္မဖမ်းဆီးချုပ်နှောင်ခံထားရခြင်းမှ လူငယ်အချို့ အချုပ်ခန်းဖောက်ထွက်ပြေးလွတ်မြောက်လာပြီး ရေဦးမြို့နယ် (ပကဖ)က လွတ်မြောက်နယ်မြေမှာ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ Photo | စစ်တပ်အဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားများ (စစ်တပ်လော်ဘီချန်နယ်) ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
986
12
+2
Sin texto...
1 062
13
◼️ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာကို စစ်တပ် ဗုံးကြဲပြီး စက်သေနတ်နဲ့ပစ်ခတ်သဖြင့် သက်ကြီးရွယ်အို အမျိုးသမီး ၁ ဦးသေဆုံး ၂၆ နိုဝင်ဘာ ||| နွေဦးအသံ ||| ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ ကျေးရွာအတွင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်က နိုဝင်ဘာ ၂၂ ရက်၊ မနက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် သက်ကြီးရွယ်အို အမျိုးသမီး တဦး သေဆုံးခဲ့ပြီး ကလေးငယ် အပါအဝင် အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ နောရိုထာကျေးရွာအတွင်းကို မနက် ၁၀ နာရီ ၇ မိနစ်မှာ ဗုံးသီး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။ အဲဒီ တိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် အမျိုးသမီး တဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲ အရွယ် ကလေးငယ် အပါအဝင် ၆ ဦး ဒဏ်ရာရခဲ့တဲ့အပြင် လူနေအိမ် ၈ လုံး၊ ယာဉ် ၂ စီး၊ မီးစက်၊ စပါးကျည်နဲ့ စာသင်ကျောင်း အဆောက်အအုံ ၃ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသခံ ပြည်သူတွေလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီး လက်ရှိအချိန်အထိ တိမ်းရှောင်နေကြရတဲ့ ပြည်သူ အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။ အရပ်သား ပြည်သူ နေထိုင်လုပ်ကိုင်ရာ နေရာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လျက်ရှိတာကြောင့် ဒေသခံပြည်သူတွေဟာ အသက်အန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က အသိပေးထားတာ တွေ့ရပါတယ်။ Photo | KNU ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
1 205
14
+4
Sin texto...
1 123
15
◼️မန္တလေး၊ တံတားဦးမြို့မှာ ရဲစခန်းနဲ့ KTV ကို PDF ဖောက်ခွဲတိုက်ခိုက်၊ စစ်အုပ်စုအများအပြားသေဆုံးထိခိုက်ဟုဆို ၂၅ နိုဝင်ဘာ ||| နွေဦးအသံ ||| မန္တလေးဒေသ၊ တံတားဦးမြို့နယ် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်း အနီးပတ်ဝန်းကျင်နဲ့ KTV ဆိုင်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၄ ရက်၊ ညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ မြို့နယ် (ပကဖ)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရွှေအိမ်စည် KTV ဆိုင်ကို ည ၇ နာရီ ၃၂ မိနစ်မှာ လည်းကောင်း၊ တံတားဦးမြို့နယ် ရဲစခန်းအနောက်မြောက်ဘက် တနေရာကိုလည်း ည ၈ နာရီခွဲခန့်မှာ လည်းကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားတာပါ။ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အတွင်း စစ်တပ်လက်အောက်ခံ မြို့နယ် ရဲစခန်းမှူး၊ အုပ်ချုပ်ရေးမှူး၊ ထွေအုပ်စာရေးတွေနဲ့ ရဲတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ တံတားဦးမြို့နယ် (ပကဖ) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီဖောက်ခွဲမှုကို တံတားဦးမြို့နယ် ပကဖ ၊ မန်းခရိုင် တပ်ရင်း ၅ တပ်ခွဲ ၃၊ တံတားဦးမြို့နယ် ဇုန် ၁ နဲ့ ဇုန် ၂ တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်အတွင်း အရပ်သားပြည်သူ တဦးတယောက်မှ ထိခိုက်မှုမရှိခဲ့ဘူးလို့ အသိပေးထားတာ တွေ့ရပါတယ်။ Photo | တံတားဦး ပကဖ ရဲဘော်များ (ပုံဟောင်း) ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
1 380
16
+3
Sin texto...
1 064
17
◼️အောက်တိုဘာ တလတာတိုက်ပွဲများအတွင်း စစ်တပ်စခန်း ၈ ခုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စု ၅၇၄ ဦးသေဆုံး ၂၅ နိုဝင်ဘာ ||| နွေဦးအသံ ||| မြန်မာနိုင်ငံအနှံ့အပြား အကြမ်းဖက်စစ်တပ်ရဲ့ စခန်း ၈ ခုကို တော်လှန်ရေးအင်အားစုတွေက အောက်တိုဘာလအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တလတာတိုက်ပွဲတွေအတွင်း အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်ကျရှုံးတဲ့ အခြေအနေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်မှာ အသိပေး ထုတ်ပြန်ထားတာပါ။ စစ်အုပ်စုဘက်မှ စခန်းသိမ်းပိုက်ရရှိမှု အောက်တိုဘာလမှာ ၈ ကြိမ်ရှိခဲ့ပြီး တလတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇၄ ဦး သေဆုံးခဲ့တဲ့အပြင် ၁၃၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ အရာရှိအဆင့် သေဆုံး၊ ထိခိုက်နဲ့ ဖမ်းမိခဲ့တဲ့ အရေအတွက်မှာ ၁၅ ဦး ရှိခဲ့ပြီး အဆိုပါ တလတာအတွင်း စစ်တပ်စခန်းတွေကို ၂၁ ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ အဓမ္မ စစ်သားစုဆောင်းမှု အစီအစဉ်ကို တိုက်ဖျက်ဖို့ဆောင်ရွက်နေသလို တော်လှန်ရေးရန်ပုံငွေရလမ်းဖြစ်တဲ့ သယံဇာတနယ်မြေတွေ ဆက်လက်ထိန်းချုပ်နိုင်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း ဧရိယာတွေကို စိုးမိုးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။ Photo | အောက်တိုဘာလအတွင်း စစ်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှု၊ သိမ်းဆည်းရရှိမှု မှတ်တမ်းများ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
1 170
18
+9
Sin texto...
1 304
19
◼️ပုဏ္ဏားကျွန်းရှိ ကျေးရွာ ၂ ရွာကို စစ်တပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး တဦးဒဏ်ရာရ ၂၅ နိုဝင်ဘာ ||| နွေဦးအသံ ||| ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အရပ်သားပြည်သူ နေထိုင်ရာ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၂၃ ရက်၊ ညနေပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ယိုးတရုတ်ကျေးရွာကို ညနေ ၄ နာရီ ၁၅ မိနစ်မှာ လည်း‌ကောင်း၊ အောင်ဖြူပြင်ကျေးရွာကို ညနေ ၄ နာရီခွဲခန့်မှာ လည်းကောင်း စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။ အဆိုပါ တိုက်ခိုက်မှုကြောင့် လယ်ကွင်းထဲမှာ စပါးတလင်းနယ်နေတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသား တဦးနဲ့ ၆၄ နှစ်အရွယ် အမျိုးသား တဦးတို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အသက် ၂၂ နှစ်အရွယ် အမျိုးသား တဦး ဒဏ်ရာရခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။ ဒါ့အပြင် တလင်းနယ်နေတဲ့ နွား ၂ ကောင်နဲ့ နွားအငယ် တကောင် စုစုပေါင်း နွား ၃ ကောင် သေဆုံးခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃ လုံးနဲ့ ယာဉ် ၂ စီးလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အသိပေးထားပါတယ်။ အခုလို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို စစ်ကောင်စီ လေတပ်က လေကြောင်းမှ ဂျက်တိုက်လေယာဉ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။ Photo | AA ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
1 245
20
+8
Sin texto...
1 189