The Voice Of Spring | နွေဦးအသံ |
📈 نظرة تحليلية على قناة تيليجرام The Voice Of Spring | နွေဦးအသံ |
تُعد قناة The Voice Of Spring | နွေဦးအသံ | (@vostelegram) في القطاع اللغوي البورمية لاعباً نشطاً. يضم المجتمع حالياً 27 914 مشتركاً، محتلاً المرتبة 8 656 في فئة الأخبار والوسائط والمرتبة 5 183 في منطقة ميانمار.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 27 914 مشتركاً.
بحسب آخر البيانات بتاريخ 25 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -646، وفي آخر 24 ساعة بمقدار -21، مع بقاء الوصول العام مرتفعاً.
- حالة التحقق: موثّقة (مؤكدة رسمياً من تيليجرام)
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 5.03%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 3.36% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 1 405 مشاهدة. وخلال اليوم الأول يجمع عادةً 937 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 34.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Investigative, Innovative, Independent Digital Media”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 26 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.
جارٍ تحميل البيانات
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 25 نوفمبر | +3 | |||
| 24 نوفمبر | 0 | |||
| 23 نوفمبر | 0 | |||
| 22 نوفمبر | 0 | |||
| 21 نوفمبر | 0 | |||
| 20 نوفمبر | 0 | |||
| 19 نوفمبر | 0 | |||
| 18 نوفمبر | 0 | |||
| 17 نوفمبر | 0 | |||
| 16 نوفمبر | 0 | |||
| 15 نوفمبر | 0 | |||
| 14 نوفمبر | 0 | |||
| 13 نوفمبر | 0 | |||
| 12 نوفمبر | 0 | |||
| 11 نوفمبر | 0 | |||
| 10 نوفمبر | +1 | |||
| 09 نوفمبر | 0 | |||
| 08 نوفمبر | 0 | |||
| 07 نوفمبر | 0 | |||
| 06 نوفمبر | 0 | |||
| 05 نوفمبر | +1 | |||
| 04 نوفمبر | 0 | |||
| 03 نوفمبر | 0 | |||
| 02 نوفمبر | 0 | |||
| 01 نوفمبر | 0 |
| 2 | لا يوجد نص... | 139 |
| 3 | ◼️မန္တလေး၊ တံတားဦးမြို့မှာ ရဲစခန်းနဲ့ KTV ကို PDF ဖောက်ခွဲတိုက်ခိုက်၊ စစ်အုပ်စုအများအပြားသေဆုံးထိခိုက်ဟုဆို
၂၅ နိုဝင်ဘာ ||| နွေဦးအသံ |||
မန္တလေးဒေသ၊ တံတားဦးမြို့နယ် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်း အနီးပတ်ဝန်းကျင်နဲ့ KTV ဆိုင်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၄ ရက်၊ ညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ မြို့နယ် (ပကဖ)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရွှေအိမ်စည် KTV ဆိုင်ကို ည ၇ နာရီ ၃၂ မိနစ်မှာ လည်းကောင်း၊ တံတားဦးမြို့နယ် ရဲစခန်းအနောက်မြောက်ဘက် တနေရာကိုလည်း ည ၈ နာရီခွဲခန့်မှာ လည်းကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားတာပါ။
ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အတွင်း စစ်တပ်လက်အောက်ခံ မြို့နယ် ရဲစခန်းမှူး၊ အုပ်ချုပ်ရေးမှူး၊ ထွေအုပ်စာရေးတွေနဲ့ ရဲတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ တံတားဦးမြို့နယ် (ပကဖ) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီဖောက်ခွဲမှုကို တံတားဦးမြို့နယ် ပကဖ ၊ မန်းခရိုင် တပ်ရင်း ၅ တပ်ခွဲ ၃၊ တံတားဦးမြို့နယ် ဇုန် ၁ နဲ့ ဇုန် ၂ တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်အတွင်း အရပ်သားပြည်သူ တဦးတယောက်မှ ထိခိုက်မှုမရှိခဲ့ဘူးလို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | တံတားဦး ပကဖ ရဲဘော်များ (ပုံဟောင်း)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 671 |
| 4 | لا يوجد نص... | 541 |
| 5 | ◼️အောက်တိုဘာ တလတာတိုက်ပွဲများအတွင်း စစ်တပ်စခန်း ၈ ခုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စု ၅၇၄ ဦးသေဆုံး
၂၅ နိုဝင်ဘာ ||| နွေဦးအသံ |||
မြန်မာနိုင်ငံအနှံ့အပြား အကြမ်းဖက်စစ်တပ်ရဲ့ စခန်း ၈ ခုကို တော်လှန်ရေးအင်အားစုတွေက အောက်တိုဘာလအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တလတာတိုက်ပွဲတွေအတွင်း အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်ကျရှုံးတဲ့ အခြေအနေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်မှာ အသိပေး ထုတ်ပြန်ထားတာပါ။
စစ်အုပ်စုဘက်မှ စခန်းသိမ်းပိုက်ရရှိမှု အောက်တိုဘာလမှာ ၈ ကြိမ်ရှိခဲ့ပြီး တလတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇၄ ဦး သေဆုံးခဲ့တဲ့အပြင် ၁၃၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ အရာရှိအဆင့် သေဆုံး၊ ထိခိုက်နဲ့ ဖမ်းမိခဲ့တဲ့ အရေအတွက်မှာ ၁၅ ဦး ရှိခဲ့ပြီး အဆိုပါ တလတာအတွင်း စစ်တပ်စခန်းတွေကို ၂၁ ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ အဓမ္မ စစ်သားစုဆောင်းမှု အစီအစဉ်ကို တိုက်ဖျက်ဖို့ဆောင်ရွက်နေသလို တော်လှန်ရေးရန်ပုံငွေရလမ်းဖြစ်တဲ့ သယံဇာတနယ်မြေတွေ ဆက်လက်ထိန်းချုပ်နိုင်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း ဧရိယာတွေကို စိုးမိုးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
Photo | အောက်တိုဘာလအတွင်း စစ်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှု၊ သိမ်းဆည်းရရှိမှု မှတ်တမ်းများ
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 700 |
| 6 | لا يوجد نص... | 634 |
| 7 | ◼️ပုဏ္ဏားကျွန်းရှိ ကျေးရွာ ၂ ရွာကို စစ်တပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး တဦးဒဏ်ရာရ
၂၅ နိုဝင်ဘာ ||| နွေဦးအသံ |||
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အရပ်သားပြည်သူ နေထိုင်ရာ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၂၃ ရက်၊ ညနေပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ယိုးတရုတ်ကျေးရွာကို ညနေ ၄ နာရီ ၁၅ မိနစ်မှာ လည်းကောင်း၊ အောင်ဖြူပြင်ကျေးရွာကို ညနေ ၄ နာရီခွဲခန့်မှာ လည်းကောင်း စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။
အဆိုပါ တိုက်ခိုက်မှုကြောင့် လယ်ကွင်းထဲမှာ စပါးတလင်းနယ်နေတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသား တဦးနဲ့ ၆၄ နှစ်အရွယ် အမျိုးသား တဦးတို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အသက် ၂၂ နှစ်အရွယ် အမျိုးသား တဦး ဒဏ်ရာရခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။
ဒါ့အပြင် တလင်းနယ်နေတဲ့ နွား ၂ ကောင်နဲ့ နွားအငယ် တကောင် စုစုပေါင်း နွား ၃ ကောင် သေဆုံးခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃ လုံးနဲ့ ယာဉ် ၂ စီးလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အသိပေးထားပါတယ်။
အခုလို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို စစ်ကောင်စီ လေတပ်က လေကြောင်းမှ ဂျက်တိုက်လေယာဉ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
Photo | AA
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 857 |
| 8 | لا يوجد نص... | 799 |
| 9 | ◼️စစ်ကိုင်း၊ ဆားတောင်ဒေသခံပြည်သူတွေထံ ခရိုင် ပကဖနဲ့အဖွဲ့ ကွင်းဆင်းတွေ့ဆုံဆွေးနွေးပြီး ပံ့သကူလက်ဆောင်ပေး
၂၄ နိုဝင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းခရိုင်အတွင်း ဒေသခံပြည်သူတွေကို ခရိုင် ပကဖ နဲ့ နယ်မြေခံအဖွဲ့တွေက တန်ဆောင်တိုင်ပံ့သကူလက်ဆောင်တွေ သွားရောက်ပေးအပ်ခဲ့ကြပြီး လုံခြုံရေး၊ ပညာရေးအခြေအနေ၊ အခက်အခဲတွေကို ရင်းနှီးစွာဆွေးနွေးခဲ့ကြသလို လမ်းပြုပြင်ရေးမှာလည်း လုပ်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ထံ လက်နက်ချ အညံ့ခံသွားတဲ့ ဂျိန်းစိုးနဲ့ မင်းဆန်းတို့ လှုပ်ရှားခဲ့ရာ ဆားတောင်ဒေသရှိ ကျေးရွာ ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကို ခရိုင် ပကဖနဲ့ နယ်မြေခံအဖွဲ့တွေက ရင်းနှီးစွာ သွားရောက်တွေ့ဆုံခဲ့ကြတယ်လို့ ပကဖအသံက ဖော်ပြထားတာပါ။
အခုလိုတွေ့ဆုံရာမှာ ဒေသခံပြည်သူတွေက လက်ရှိကာလမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ကျေးရွာရဲ့ လုံခြုံရေး၊ ပညာရေး အခြေအနေတွေအပေါ် ရင်းနှီးပွင့်လင်းစွာ ရင်ဖွင့်ဆွေးနွေးကြတာကို နားထောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒေသခံတွေ ပြုပြင်လိုတဲ့ မြစ်ရေကြောင့် ပျက်စီးခဲ့တဲ့ လမ်းတံတားတွေကိုလည်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့တဲ့အပြင် တော်လှန်ပြည်သူတွေရဲ့ လှူဒါန်းငွေနဲ့ လမ်းပြုပြင်ရာ လုပ်ငန်းခွင်မှာလည်း လုပ်အားပေးကူညီခဲ့ကြတယ်လို့ အသိပေးထားပါတယ်။
အဲဒီနောက် တန်ဆောင်တိုင် ပံ့သကူလက်ဆောင်တွေကိုလည်း ခရိုင် ပကဖ ရဲဘော်၊ ရဲမေတွေနဲ့ နယ်မြေခံအဖွဲ့အစည်းတွေက ဒေသခံပြည်သူတွေထံ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒေသခံတော်လှန်ပြည်သူတွေဟာ NUG အစိုးရအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး မြစ်ရေကြီးမှုကြောင့် ပျက်စီးခဲ့တဲ့ လမ်း၊ တံတားတွေကို ပရဟိတစိတ်၊ တော်လှန်ရေးအသိစိတ်တွေနဲ့ အခုလိုဝိုင်းဝန်းပြုပြင်ဆောင်ရွက်လျက်ရှိကြတာဖြစ်ကြောင်း အသိပေးထားတာ တွေ့ရပါတယ်။
Photo | ပကဖ အသံ
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 212 |
| 10 | لا يوجد نص... | 1 164 |
| 11 | ◼️ညောင်ဦးမှာ စစ်ရေးလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေး ၄ ဖွဲ့ ပကဖ ကွပ်ကဲမှုခံယူပြီး 'ပုဂံညီနောင်စစ်ကြောင်း'ဖွဲ့စည်း
၂၄ နိုဝင်ဘာ | နွေဦးအသံ |
မန္တလေးဒေသ၊ ညောင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်အုပ်စုကို ပိုမို ထိရောက်စွာ တော်လှန်နိုင်ဖို့နဲ့ စစ်ရေးကွပ်ကဲမှု ပိုမိုခိုင်မာလာစေဖို့အတွက် ဒေသ ကာကွယ်ရေး အဖွဲ့ (LPDF) ၄ ဖွဲ့က နိုဝင်ဘာ ၂၃ ရက်မှာ မြို့နယ် ပကဖရဲ့ ကွပ်ကဲမှုကို ခံယူပြီး ပုဂံညီနောင် စစ်ကြောင်းအဖြစ် ပူးပေါင်း ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ Black Eagle PDF ၊ ပုဂံညောင်ဦး အထူးတပ်ဖွဲ့ (Bagan Nyaung Oo Special Task Force PDF)၊ အရိန္ဒမာ PDF နဲ့ ရန်ကြီးအောင် PDF တပ်ဖွဲ့တွေက "ပုဂံညီနောင် စစ်ကြောင်း"အဖြစ် ပူးပေါင်း ဖွဲ့စည်းပြီး ကွပ်ကဲမှုခံယူလိုက်ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားတာပါ။
စစ်ရေး ကွပ်ကဲမှု ပိုမို ခိုင်မာလာစေရေးနဲ့ တော်လှန်ရေးလုပ်ငန်းတွေ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် အခုလိုပူးပေါင်းဖွဲ့စည်းပြီး ညောင်ဦး ပကဖ ရဲ့ ကွပ်ကဲမှုကို ခံယူလိုက်တာ ဖြစ်သလို တော်လှန်ရေး အောင်မြင်တဲ့အထိ လက်တွဲပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | ညောင်ဦး ပကဖ ၊ Bagan Nyaung Oo Special Task Force PDF
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 174 |
| 12 | لا يوجد نص... | 1 011 |
| 13 | ◼️နတ်တလင်းမှာ အစည်းအဝေးလုပ်နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စကစ ၅ ဦး သေဆုံး
၂၄ နိုဝင်ဘာ ||| နွေဦးအသံ |||
ပဲခူးဒေသ၊ နတ်တလင်းမြို့နယ်မှာ အစည်းအဝေးလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ရှားစေးဖိုကျေးရွာနဲ့ လယ်မအင်းကျေးရွာတွေမှ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ လက်ပါးစေ ပျူစောထီးတွေ ဘန့်ဘွေးကုန်းရွာမှာ အစည်းအဝေးလုပ်နေချိန် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဧရာညီနောင် မြို့ပြပြောက်ကျားအဖွဲ့က နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားတာပါ။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတဲ့အပြင် ၅ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရခဲ့ပြီး စစ်အုပ်စုဘက်မှ အင်အား များပြားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၁၊ တပ်ရင်းတိုက်ခိုက်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၄ B.R.A တပ်ဖွဲ့၊ တပ်ခွဲ ၂ Phoenix DF တပ်ဖွဲ့ နဲ့ တပ်ခွဲ ၆ ဧရာညီနောင်စစ်ကြောင်း တပ်ပေါင်းစုအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူ မထိခိုက်ခဲ့ပေမယ့် ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | Ayeyar NyiNaung
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 277 |
| 14 | لا يوجد نص... | 1 108 |
| 15 | ◼️နွားထိုးကြီးမှာ စခန်းမှ ကင်းလှည့်လာတဲ့စစ်အုပ်စုကို PDF စောင့်ကြိုတိုက်ခိုက်၊ စကစ ၂ ဦးသေဆုံး၊ သေနတ် ၂ လက်သိမ်းဆည်းရရှိ
၂၃ နိုဝင်ဘာ ||| နွေဦးအသံ |||
မန္တလေး၊ နွားထိုးကြီးမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို PDF ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၁ ရက်၊ မနက် ၇ နာရီခန့်မှာ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ရွာကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်းမှ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုကို ကြိုတင်သတင်းအရ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိခဲ့အပြင် သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို မြင်းခြံခရိုင် ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံမြို့နယ် ပကဖနဲ့ တိုက်နယ် ၁ ပကဖ၊ ပြည်သူ့ကြယ်တပွင့် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
Photo | ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံ ပကဖ
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 287 |
| 16 | لا يوجد نص... | 1 264 |
| 17 | ◼️မိုးမိတ်-တွင်းငယ်ကြား စစ်တပ်ကင်းစခန်း ၃ ခု KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းယူ၊ စကစ ၅ ဦးသေဆုံး ၂၀ ခန့်ထိခိုက်
၂၃ နိုဝင်ဘာ ||| နွေဦးအသံ |||
ရှမ်းမြောက်၊ မိုးမိတ်မြို့နဲ့ မန္တလေး၊ တွင်းငယ်ကြားရှိ အကြမ်းဖက်စစ်တပ် ကင်းစခန်း ၃ ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၉ ရက်၊ မနက်ပိုင်းမှစပြီး ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ကင်းချောင်း၊ ပေကုန်းနဲ့ သစ်စိမ်းကုန်း ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်တပ်ကင်းစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေး LAIZA TV က နိုဝင်ဘာ ၂၂ ရက်မှာ ကြေညာထားတာပါ။
အဲဒီစစ်ဆင်ရေးမှာ KIA တပ်မဟာ ၁၁၊ တပ်မဟာ ၄၊ ABSDF နဲ့ KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
လက်ရှိအချိန်မှာ မိုးမိတ်နဲ့ မြစ်ဆုံကြားရှိ ၅ မိုင်နဲ့ ၆ မိုင် ပတ်ဝန်းကျင် KIA ပူးပေါင်းတပ်တွေ ရှိရာဘက်သို့ စစ်ကောင်စီ စစ်ကြောင်းတွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နေ့စဉ်နီးပါး တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
Photo | လူမှုကွန်ယက် (Screenshot)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 477 |
| 18 | لا يوجد نص... | 1 522 |
| 19 | ◼️ရေးမြို့တွင်းတနေရာမှာ စစ်အုပ်စုဖြတ်သန်းသွားလာနေစဉ် ရေးဘီလူးတပ် လက်ပစ်ဗုံးနဲ့ ဝင်ပစ်
၂၁ နိုဝင်ဘာ ||| နွေဦးအသံ |||
မွန်ပြည်နယ်၊ ရေးမြို့၊ မြို့တွင်းတနေရာမှာ အကြမ်းဖက်စစ်အုပ်စုကို ရေးဘီလူးတပ်ရင်းက နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ အဆိုပါတပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြို့တွင်းတနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြတ်သန်းသွားလာနေစဉ် လက်ပစ်ဗုံးနဲ့ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေလည်း အထိအခိုက်မရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေးဘီလူးက လူမှုကွန်ယက်မှာ အသိပေးထားတာပါ။
ဒါ့အပြင် ရေးမြို့နယ်အတွင်းမှာ ပြည်သူလူထုအနေနဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပွဲလမ်းသဘင်/ ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ကြဖို့နဲ့ စစ်အုပ်စုပြုလုပ်တဲ့ပွဲတွေ သွားလာတာကို ရှောင်ကျဉ်ကြဖို့ ရေးဘီလူးတပ်ဖွဲ့က အသိပေးထားတာ တွေ့ရပါတယ်။
Photo | ရေးဘီလူးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ | 1 760 |
| 20 | لا يوجد نص... | 1 468 |
