en
Feedback
Teaching Agency

Teaching Agency

Open in Telegram

Teaching Agency ရဲ့ Official Telegram Channel ဖြစ်ပါတယ် ခင်ဗျာ

Show more
5 366
Subscribers
+1124 hours
+707 days
+16430 days
Posts Archive
Preschool တစ်ခုကို အောင်အောင်မြင်မြင်လည်ပတ်နိုင်ဖို့အတွက် သင်တန်းကောင်းရှာနေပါသလား။   Teaching Agency က ဆရာဆရာမတို့လိုအပ်နေတဲ့ Intensive Workshop for Preschool Founders (Batch-17) ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ။ 👩‍🏫 ဘယ်သူတွေတက်သင့်လဲ? 🌟 Preschool ကျောင်းတည်ထောင်လိုသူများ 🌟 Preschool Founder များ 🌟 Professional Approach ဖြင့် စနစ်တကျကလေးကိုစောင့်ရှောက်ပျိုးထောင်လိုသူများ 🌟 International Preschool ဖွင့်လှစ်လိုသူများ 🌟 လက်ရှိ Preschool ကို အရည်အသွေးမြှင့်တင်လိုသူများ 🌟 ECCD / ECCE ဆရာ၊ ဆရာမများ ဒီသင်တန်းကို Preschool အတွေ့အကြုံများစွာရှိပြီး သင်တန်းပေါင်းများစွာ ပို့ချပေးခဲ့တဲ့ Trainer Teacher Honey က သင်ကြားပေးသွားမှာပါ။ အမြန်ဆုံးအတန်းအပ်ဖို့အတွက် comment မှာ “Preschool Founders” လို့ ရေးခဲ့ပေးပါခင်ဗျာ။

ခန္ဓာကိုယ်လှုပ်ရှားမှုဖြင့် ဘာသာစကားသင်ကြားနည်းကို အတန်းထဲမှာ ဘယ်လိုလက်တွေ့အသုံးချရမလဲ ================= ကလေးငယ်တွေကို အင်္ဂလိပ်စာသင်တဲ့အခါ (အထူးသဖြင့် Cambridge YLE ဖြစ်တဲ့ Starters, Movers, Flyers အဆင့်တွေမှာ) စာအုပ်ကြီးအတိုင်း ချရေးခိုင်းနေရင် ကလေးတွေ စာသင်ချိန်ကို ငြီးငွေ့လွယ်တတ်ကြပါတယ်။ ဒါကြောင့် YLE အတန်းတွေမှာ အင်မတန် ထိရောက်ပြီး ဆရာ/ဆရာမတိုင်း လက်တွေ့သုံးသင့်တဲ့ TPR (Total Physical Response) - ခန္ဓာကိုယ်လှုပ်ရှားမှုဖြင့် ဘာသာစကားသင်ကြားနည်းကို အတန်းထဲမှာ ဘယ်လိုလက်တွေ့အသုံးချရမလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။ 💡 TPR (Total Physical Response) ဆိုတာ ဘာလဲ။ ကလေးတွေရဲ့ နားထောင်မှု (Listening) နဲ့ လှုပ်ရှားမှု (Action) ကို တွဲဖက်ပြီး စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို မှတ်မိစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆရာက အမိန့်/ညွှန်ကြားချက်တစ်ခု ပေးလိုက်တာနဲ့ ကလေးက ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ ချက်ချင်း တုံ့ပြန်ရတဲ့ ပျော်စရာနည်းလမ်းတစ်ခု ဖြစ်ပါတယ်ခင်ဗျာ။ 🎯 YLE အတန်းများအတွက် TPR လက်တွေ့အသုံးချနည်း (၄) ဆင့် ၁။ Vocabulary (ဝေါဟာရ) အသစ်များ မိတ်ဆက်ခြင်း YLE Exam မှာ ကလေးတွေ Action Verbs တွေနဲ့ Nounsတွေကို ကောင်းကောင်းသိဖို့ လိုပါတယ်။ သင်တဲ့အခါ ဆရာက စကားလုံးကို အသံထွက်ရုံတင်မကဘဲ ကိုယ်ဟန်ပြောင်းလဲပြပါ။ ဥပမာ (Starters level) "Fly"လို့ ပြောရင် ဆရာက ငှက်တောင်ပံလို လက်နှစ်ဖက်ကို ခတ်ပြပါ။ ကလေးတွေကို လိုက်လုပ်ခိုင်းပါ။ "Swim"လို့ပြောရင် ရေကူးပြပါ။ ဒီအခါ ကလေးတွေဟာ ကောင်းကင်ပျံတာကို "Fly" လို့ ခေါ်တယ်ဆိုတာကို ဘာသာပြန်စရာမလိုဘဲ သူတို့ရဲ့ Muscle Memory နဲ့ တိုက်ရိုက်မှတ်မိသွားပါလိမ့်မယ်ခင်ဗျာ။ --------- ၂။ Listening Component အတွက် Pre-positions (နေရာပြပုဒ်) များ သင်ကြားခြင်း YLE Listening Exam မှာ "Put the watch on the table" တို့ "Put the frog under the chair" တို့လို ပုံဆွဲရ၊ မျဉ်းဆွဲရတဲ့ ပုစ္ဆာတွေ အမြဲတမ်း ပါဝင်ပါတယ်။ "Simon Says" ကစားနည်းပုံစံမျိုးကို TPR နဲ့ တွဲသုံးပါ။ "Put your hands ON your head!" "Put your hands UNDER the desk!”စသဖြင့် ညွှန်ကြားပြီး ကလေးတွေကို လိုက်လုပ်ခိုင်းပါ။ On, Under, In, Next to စတဲ့ နေရာပြပုဒ်တွေကို Listening ပုစ္ဆာတွေ နားထောင်တဲ့အခါ မျက်စိထဲ ချက်ချင်း မြင်သာသွားစေပါတယ်။ ------------ ၃။ Flashcard Games များဖြင့် ပေါင်းစပ်ခြင်း Flashcards တွေကို အတန်းထဲက နံရံတွေ၊ ကစားကွင်းတွေမှာ ကပ်ထားပြီး ဆရာက ညွှန်ကြားချက်ပေးပါ။ "Run to the crocodile!" (မိကျောင်းပုံဆီ ပြေးသွားပါ) သို့မဟုတ် "Jump to the apple!" (ပန်းသီးပုံဆီ ခုန်သွားပါ)စတဲ့ gameလေးတွေနဲ့ ကလေးတွေဟာ ထိုင်ခုံမှာ ငြိမ်ငြိမ်မထိုင်နိုင်တဲ့ သဘာဝရှိတာကြောင့် ဒီလိုဆော့ကစားပေးခြင်းက အတန်းကို ပျော်စရာကောင်းစေပြီး စကားလုံးတွေကို စွဲစွဲမြဲမြဲ မှတ်မိစေပါတယ်ခင်ဗျာ။ --------- ၄။ Speaking (စကားပြောစွမ်းရည်) မြှင့်တင်ခြင်း TPR ကို နားထောင်ဖို့တင်မကဘဲ Speaking ရောက်တဲ့အထိ သုံးနိုင်ပါတယ်ခင်ဗျာ။ ကလေးတစ်ယောက်ကို ရှေ့ထွက်ခိုင်းပြီး ဆရာက နားထဲမှာ စကားလုံးတစ်လုံး တိုးတိုးလေးပြောပြပါ။ အဲဒီကလေးက အမူအရာ လုပ်ပြရမှာဖြစ်ပြီး ကျန်တဲ့ကလေးတွေက "Is he running?" သို့မဟုတ် "She is eating an ice cream!"စသဖြင့် အင်္ဂလိပ်လို ပြိုင်တူအော်ပြီး ခန့်မှန်းရမှာ ဖြစ်ပါတယ်။ ရလဒ်ကတော့ ကလေးတွေက စာကြောင်း ဖွဲ့စည်းပုံအမှန် တွေကိုပါ သဘာဝကျကျ ပြောဆိုတတ်လာပါလိမ့်မယ်ခင်ဗျာ။ ➡️ဆရာက အစပိုင်းမှာ ပူးတွဲလုပ်ဆောင်ပေးပါ။ ကလေးတွေ အစမှာ အမိန့်ကို နားမလည်သေးရင် ဆရာကိုယ်တိုင် အမူအရာအရင် လုပ်ပြပါ။ နောက်ပိုင်း ရသွားတဲ့အခါကျမှ ဆရာက အသံပဲထွက်ပြီး ကလေးတွေကိုပဲ ကိုယ်တိုင်လှုပ်ရှားခိုင်းပါ။ ➡️ကလေးတွေရဲ့ စွမ်းအင်ကို ထိန်းညှိပါ။ TPR က ကလေးတွေကို တက်ကြွလန်းဆန်းစေတာ မှန်ပေမဲ့ အတန်းအရမ်းဆူညံမသွားအောင် စည်းကမ်းလေးတစ်ခုထားပါ။ (ဥပမာ - ဆရာက လက်ခုပ် ၃ ချက်တီးရင် နေရာမှာ ငြိမ်ငြိမ်ပြန်ထိုင်ရမယ်) ဆိုတာမျိုး ကြိုတင်သတ်မှတ်ထားဖို့ လိုအပ်ပါတယ်ခင်ဗျာ။ ဒီ TPR နည်းလမ်းကို YLE သင်ကြားရေးမှာ ထည့်သွင်းအသုံးပြုခြင်းဖြင့် ဆရာ၊ဆရာမတို့ရဲ့အတန်းဟာ ကလေးတွေအတွက် အပျော်ဆုံးနဲ့ အထိရောက်ဆုံး အတန်းတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ ဆရာ၊ ဆရာမတို့အနေနဲ့ကော အတန်းထဲမှာ TPR ကို ဘယ်လိုပုံစံမျိုးတွေ သုံးဖူးကြလဲ ဆိုတာကိုလည်း မျှဝေပေးခဲ့လို့ရပါတယ်ခင်ဗျာ။ 🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်

🇨🇳 Wu Lei (ဝူးလေ) ဆိုတာနဲ့ တရုတ်ကားကြိုက်တဲ့ လူငယ်ပရိသတ်တွေ အသည်းစွဲချစ်ကြတဲ့၊ တရုတ်နိုင်ငံရဲ့ ထိပ်တန်းမင်းသားချောလေးကို တန်းပြီး၊ ပြေးမြင်ကြမှာပါ။ ဝူးလေက ကလေးဘဝကတည်းက အနုပညာလောကထဲ ရောက်နေခဲ့ပေမယ့်၊ ဘဝင်မမြင့်ဘဲ လိမ္မာယဉ်ကျေးပြီး၊ EQ လည်းကောင်းတဲ့ ပြည်သူ့အချစ်တော် ညီငယ်လေး ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းကနေ ပြည်သူ့အချစ်တော်ဖြစ်တဲ့အထိ လူကြီးလူကောင်းဆန်လွန်းတဲ့ ဝူးလေဖြစ်လာအောင်၊ နောက်ကွယ်ကနေ စနစ်တကျ ပြုစုပျိုးထောင်ပေးခဲ့တဲ့ စံပြမေမေရဲ့Parenting Styles ကို ဖေဖေ၊ မေမေတို့လည်း ချင့်ချိန်ပြီး၊ ကိုက်ညီရင် အတုယူနိုင်အောင် မျှဝေပေးချင်ပါတယ်။ 💠 Wu Lei ရဲ့ မေမေ သုံးခဲ့တဲ့ parenting style က ဘာလဲ။ ဝူလေးရဲ့ မေမေဟာ ကလေးသရုပ်ဆောင်တွေ ကြုံတွေ့ရလေ့ရှိတဲ့ လမ်းမှားရောက်ခြင်းတွေကနေ ကာကွယ်ဖို့ စည်းကမ်းနဲ့ မေတ္တာမျှတတဲ့ "Authoritative Parenting" ကို သုံးပြီး၊ သားဖြစ်သူကို အောင်မြင်ပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်အောင် ဒီနည်းလမ်း (၃) ခုကို သုံးပြီး ထိန်းကျောင်းခဲ့ပါတယ်။ 💙 (၁) EQ မြင့်မားတဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်အောင် ပျိုးထောင်ပေးခြင်း ဝူးလေရဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုကတော့ အမျိုးသမီးတွေအပေါ် လေးလေးစားစား ဆက်ဆံတတ်တဲ့ လူကြီးလူကောင်းဆန်မှုပါ။ အင်တာဗျူးတွေမှာ မင်းသမီးတွေကို အမြဲကာကွယ်ပေးတတ်ပြီး၊ "အမျိုးသမီးတွေကို အမြဲတမ်း လေးလေးစားစားနဲ့ တန်ဖိုးထားရမယ်" ဆိုတာကို သူ့မေမေက ငယ်ဘဝအမူအကျင့်တွေကအစ အနီးကပ် သေချာသင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ 💙 (၂) သားရဲ့နောက်ကွယ်က အမြော်အမြင်ရှိတဲ့ ပဲ့ကိုင်ရှင်ဖြစ်ပေးခြင်း သားဖြစ်သူ ဝူးလေကို တခြားသူတွေ နှိမ်တာ၊ အနိုင်ကျင့်တာ မခံရအောင် ရိုက်ကွင်းအထိ လိုက်လံ ကာကွယ်ပေးခဲ့သလို၊ ပိုက်ဆံရသမျှ ကြော်ငြာတွေအကုန် ရိုက်ခိုင်းတာမျိုး မလုပ်ဘဲ၊ ဇာတ်ညွှန်းကောင်းတာကိုပဲ သေသေချာချာ စိစစ်ရွေးချယ်ပေးခဲ့လို့ ဝူးလေက ငယ်ငယ်ကတည်းက အရည်အသွေးရှိတဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ 💙 (၃) မာနမထောင်လွှားစေဘဲ၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်အောင် သင်ကြားပေးခြင်း ကလေးဘဝကတည်းက နာမည်ကြီးလာတဲ့အတွက် ဘဝင်မြင့်ပြီး လမ်းလွဲမသွားအောင်၊ ဝူးလေမေမေက အမြဲ သတိထား ထိန်းကျောင်းခဲ့ပါတယ်။ ဘယ်လောက်ပဲ ရိုက်ကူးရေး အလုပ်များများ ကျောင်းပညာရေးကို မပျက်ကွက်စေဘဲ သာမန်ကလေးတစ်ယောက်လို ဖြတ်သန်းခွင့် ပေးခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်အောင် အမြဲသင်ကြားပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဝူးလေက အခုအချိန်ထိ ရိုက်ကွင်းက ဝန်ထမ်းတွေ၊ ပရိသတ်တွေအပေါ် အင်မတန် သဘောကောင်းလွန်း၊ Manner ကောင်းလွန်းလို့ ဂုဏ်သတင်းမွှေးတဲ့ မင်းသားဖြစ်လာခဲ့တာပါ။ 💠 Wu Lei ရဲ့ မေမေဖြစ်သူရဲ့ ကလေးအုပ်ထိန်းမှုစနစ်က ဖေဖေ၊ မေမေတို့အတွက် အတုယူစရာ သင်ခန်းစာ၊ တွေးစရာ တစ်ခုခု ရရှိစေမှာ သေချာပါတယ်။ သူမရဲ့ ကလေးအုပ်ထိန်းမှုစနစ်ကို ဖေဖေ၊ မေမေတို့လဲ သဘောတူတယ်၊ သဘောကျတယ်ဆိုရင် "Agree" လို့ ကောမန့်ပေးခဲ့ပါဦး။ ဖေဖေ၊ မေမေတို့ရဲ့ ကလေးထိန်းကျောင်းမှုမှာရော ဒီနည်းလမ်းလေးတွေထဲက ဘယ်အချက်ကို သုံးဖြစ်နေလဲခင်ဗျာ။ ❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞

photo content

📚 GED RLA သင်မယ့် ဆရာဆရာမတွေအတွက် သင်တန်းကောင်းလာပါပြီ! 🎉 How to Teach GED RLA (Batch-14) ဒီသင်တန်းကို GED ခုမှ စသင်မယ့်သူတွေ၊ လက်ရှိသင်နေပေမယ့် သင်ကြားရေးပိုမိုတိုးတက်ချင်သူတွေ တက်ရောက်သင့်တဲ့ အတန်းလေးဖြစ်ပါတယ်။ 👩‍🏫👨‍🏫 သင်တန်းမှာ အောက်ပါအကြောင်းအရာတွေကို စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ် — ✅ Introduction to RLA ✅ Overview of RLA Test according to GED Testing Service ✅ How to Teach Grammar (Learner-Centered Approach) ✅ How to Teach Informational Text ✅ How to Interpret Literary Text ✅ How to Teach Extended Response with an Exam Format GED RLA ကို ထိရောက်စွာ သင်ကြားနိုင်ဖို့ လက်တွေ့အသုံးချနိုင်တဲ့ Teaching Strategies တွေကို လေ့လာချင်တယ်ဆိုရင် ဒီသင်တန်းကို လက်မလွတ်သင့်ပါဘူး။ 🚀 📩 သင်တန်းအမြန်ဆုံးအပ်ချင်တယ်ဆိုရင် ကောမန့်မှာ “GED RLA” လို့ ရေးခဲ့ပေးပါခင်ဗျာ။

❝ အမှတ် ၁၀၀ ရတဲ့ ကလေးတွေ အပြင်လောကမှာရော တကယ် ထူးထူးချွန်ချွန်နဲ့ တော်ကြရဲ့လား။ ❞ စာမေးပွဲမှာ အမှတ် ၁၀၀ ရတာက ကလေးအတွက် တကယ့်ကို ဂုဏ်ယူစရာကောင်းသလို၊ ကလေးရဲ့ ကြိုးစားအားထုတ်မှုကို ပြသရာလည်း ရောက်ပါတယ်။ ဒါပေမဲ့ ဖေဖေ၊ မေမေတို့အနေနဲ့ လက်ခံရမယ့် အချက်အချို့တော့ ရှိနေတာမို့၊ ကလေးရဲ့အနာဂတ်အတွက် ပျိုးထောင်ပေးသင့်တဲ့ စွမ်းရည်တွေကို ပိုမိုသိမြင်လာအောင် အခုလို ဝေမျှပေးလိုက်ပါတယ်။ 💠 (၁) စာကျက်တော်ခြင်းနဲ့ လက်တွေ့အသုံးချနိုင်ခြင်း အမှတ် ၁၀၀ ရတဲ့ကလေးအများစုက မှတ်ဉာဏ်အားကောင်းပြီး၊ စာအုပ်ထဲက သင်ခန်းစာတွေကို အလွတ်ကျက်မှတ်၊ ပြန်လည်ဖြေဆိုရာမှာ ထူးချွန်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ပြင်ပလောကက မမျှော်လင့်ဘဲ ကြုံတွေ့ရမယ့် ပြဿနာတွေကို လက်တွေ့ဖြေရှင်းနိုင်စွမ်း (Problem-Solving Skills) ရှိတယ်လို့ တိုက်ရိုက် မဆိုလိုနိုင်ပါဘူး။ 💠 (၂) IQ နဲ့ EQ ကွဲပြားမှု စာမေးပွဲရလဒ်က ကလေးရဲ့ သိတတ်နားလည်နိုင်စွမ်း (IQ) ဆိုတဲ့ အတိုင်းအတာတစ်ခုကိုပဲ တိုင်းတာနိုင်တာပါ။ ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း၊ လူမှုဆက်ဆံရေးစတဲ့ (EQ) တွေကိုတော့ စာမေးပွဲစာရွက်ပေါ်မှာ တိုင်းတာလို့ မရနိုင်ပါဘူး။ 💠 (၃) ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း ဒီနေ့ခေတ် ပြင်ပလောကကြီးမှာ ကလေးတစ်ယောက် တကယ်တော်ဖို့၊ တကယ်အောင်မြင်ဖို့ဆိုရင် ကျောင်းစာအမှတ်တွေထက် Critical Thinking (ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း) ရှိဖို့က အဆမတန် ပိုအရေးကြီးလာပါတယ်။ စာမေးပွဲမှာ အဖြေမှန်က တစ်ခုပဲ ရှိတတ်ပေမယ့်၊ ဘဝအပြင်လောကရဲ့ ပြဿနာတွေမှာတော့ အဖြေမှန်က နည်းလမ်းပေါင်းစုံ ရှိနိုင်တာကြောင့်ပါပဲ။ အမှတ်ပြည့်ရဖို့ပဲ အာရုံစိုက်တဲ့အခါ၊ ကလေးတွေက ဆရာသင်သမျှ၊ စာအုပ်ထဲမှာပါသမျှကို မေးခွန်းမထုတ်ဘဲ အလွတ်ကျက်မှတ်တတ်ကြပါတယ်။ ဒါပေမဲ့ အပြင်လောကမှာတော့ အချက်အလက်တစ်ခုကို မြင်မြင်ချင်း မယုံဘဲ၊ "ဒါက တကယ့် အမှန်တရား ဟုတ်ရဲ့လား"၊ "ဘာကြောင့် ဒီလိုဖြစ်ရတာလဲ" လို့ စနစ်တကျ ခွဲခြမ်းစိတ်ဖြာတွေးခေါ်တတ်ဖို့ လိုပါတယ်။ 💠 သားသားမီးမီးတွေအနေနဲ့ ပြင်ပလောကမှာ အောင်မြင်ဖို့ အခုမျှဝေသွားတဲ့အချက်တွေအပြင်၊ ပေါင်းသင်းဆက်ဆံရေး၊ ဒူပေနာပေခံနိုင်စွမ်းနဲ့ ပူးပေါင်းလုပ်ဆောနိုင်စွမ်းတွေကိုပါ လိုအပ်ပါတယ်။ ဒါ့အပြင် အမှတ် ၁၀၀ ဆိုတာ စာရွက်ပေါ်က အောင်မြင်မှုတစ်ခုဖြစ်ပြီး၊ ကလေးတစ်ယောက်ရဲ့ လူသားတန်ဖိုးတစ်ခုလုံးကို ဆုံးဖြတ်ပေးတဲ့အရာ မဟုတ်ပါဘူး။ ဒါကြောင့် ဖေဖေ၊ မေမေတို့အနေနဲ့ ကလေးတွေကို အမှတ်တွေနောက်ပဲ အတင်းလိုက်ခိုင်းမယ့်အစား၊ ဘဝအတွက် တကယ်အရေးကြီးလိုအပ်တဲ့ စွမ်းရည်တွေလည်း အားကောင်းအောင်၊ ပျိုးထောင်ပေးဖို့ အကြံပြုချင်ပါတယ်။ နောက်ဆုံးအနေနဲ့ ဆိုရရင်၊ ကျောင်းစာအမှတ်ထက် ကလေးတစ်ယောက်ရဲ့ စရိုက်နဲ့ ပင်ကိုယ်အရည်အချင်းက ပိုစကားပြောတယ်လို့ ယူဆကြတဲ့ မိဘတွေရှိသလို၊ ကျောင်းစာမှာ ထူးချွန်ခဲ့တဲ့ အလေ့အထကပဲ အပြင်လောကအတွက် အခြေခံကောင်း ဖြစ်စေတယ်လို့ ယူဆကြတဲ့ မိဘတွေလည်း ရှိပါတယ်။ 💠 ဖေဖေ၊ မေမေတို့ရော... ကျောင်းစာမှာ ထိပ်ဆုံးကရှိနေတဲ့ ကလေးတွေ အပြင်လောကထဲ ရောက်တဲ့အခါ တကယ်တော်ပါ့မလားဆိုတဲ့အပေါ် ဘယ်လိုမျိုး မြင်မိကြလဲ။ ကိုယ့်ပတ်ဝန်းကျင်က အတွေ့အကြုံတွေ (သို့) ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့ ဖြစ်ရပ်လေးတွေ ရှိရင်လည်း တခြားမိဘတွေအတွက် အကြံပြုချက်ဖြစ်အောင် ပွင့်ပွင့်လင်းလင်း မျှဝေဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာ။ ❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞

photo content

🧠“Extended response ကျနော်မရေးခဲ့ဘူး တီချယ်၊ မရေးတတ်လို့” ဆိုပြီး ကြုံဖူးပါသလား။ ဒါဆိုရင်တော့ ဆရာမတို့အတွက် လုံးဝအသုံးဝင်မဲ့ဒီပို့စ်လေးကို အဆုံးထိဆက်ဖတ်လိုက်ပါခင်ဗျာ။ 📝GED RLA ဆိုတာက Reasoning Through Arts ဖြစ်ပြီးတော့ 4 Skills လုံးစစ်ဆေးတာ မဟုတ်ပါဘူး။ Reading Comprehension ၊ Writing Skills ၊ Grammar ၊ Critical Thinking ကို အဓိကထားပြီး ဖြေဆိုရတာပါ။ အဲဒီထဲကမှ Writing အားနည်းတဲ့ ကျောင်းသားတွေအတွက်တော့ Extended Response Writing က စိန်ခေါ်မှုတစ်ခုပါပဲ။ ဟုတ်ပါတယ် ၊ ကျောင်းသားတွေဆိုတာက Learning Style တွေမတူညီကြသလို သူတို့ရဲ့နောက်ခံသင်ယူမှုဝန်းကျင်နဲ့ အခြေခံတွေက အများကြီးကွဲပြားပါတယ်။ RLA မှာ အမှတ်ကောင်းကောင်းရချင်တဲ့ ကျောင်းသားတွေအတွက် ဆရာမတို့က ER ကိုတော့ မဖြစ်မနေရေးတတ်အောင် သင်ကြားပေးသင့်ပါတယ်။ ဒီလိုရေးတတ်တာက GED ‌အောင်လို့ အဆင့်မြင့်ပညာရပ်တွေလေ့လာမဲ့ တက္ကသိုလ်၊ ကောလိပ်တက်တဲ့အခါမှာလည်း အထောက်အကူအများကြီး ပြုပါလိမ့်မယ်ခင်ဗျာ။ 🔷Extended response writing template တစ်ခုက ကျောင်းသားတွေ writing ရေးနိုင်ဖို့အတွက် အထောက်အကူဖြစ်စေနိုင်တာမို့ ဆရာမတို့အနေနဲ့ ဒီ template လေးကို အသုံးပြုနိုင်ပါတယ်ခင်ဗျာ။ တစ်ခုသတိထားရမှာကတော့ ဒီ Template ကိုပဲ တသမတ်တည်းသုံးဖို့မဟုတ်ဘဲ တခြားပုံစံတွေလည်း ရှိနေပါတယ်။ အသုံးများတဲ့ နမူနာ Template လေးကတော့ Introduction အနေနဲ့ 🔹 “The two passages present different viewpoints on the issue of __. Although both authors make important points, Passage _ provides the stronger argument because it uses more convincing evidence, clearer reasoning, and better support for its claims.” 🔹Body Paragraph 1မှာဆိုရင် First Reason အတွက် “One reason that Passage _ is more persuasive is that . The author explains that “,” which shows ____. This evidence strengthens the argument because ______.” 🔹Body Paragraph 2 ;Second Reason မှာ “Another reason Passage _ is more effective is that . For example, the author states “.” This supports the main idea by ____ and makes the argument more believable than the opposing passage.” 🔹Body Paragraph 3: Compare the Other Passage အတွက် In contrast, Passage _ is less convincing because ____. While it mentions ______, it does not provide enough evidence or logical explanation to fully support its position. As a result, its argument is weaker. 🔹Conclusion အတွက် “Overall, Passage _ presents the stronger argument. Its use of evidence, logical reasoning, and well-developed explanations makes it more persuasive than Passage _. Therefore, readers are more likely to accept its conclusion.” ဆိုပြီး ရေးနိုင်ပါတယ်။ အဓိကဂရုစိုက်သင့်တဲ့အချက်တွေကတော့ - ✅ Read the prompt carefully. ✅ State a clear thesis. ✅ Use evidence from the passages. ✅ Explain your evidence. ✅ Compare both arguments. ✅ Stay on topic. ✅ Organize into clear paragraphs. ✅ Use transition words. ✅ Avoid personal opinions. ✅ Check grammar and spelling. ✅ Manage your time. ✅ Proofread before submitting. ဒါဆိုရင်တော့ ကျောင်းသူကျောင်းသားတွေကို Extended response writing မကြောက်အောင် သင်ပေးနိုင်ပြီလို့ ထင်ပါတယ်ခင်ဗျာ။ Teaching Agency မှာဆိုရင် ဆရာဆရာမတို့ရဲ့ သင်ကြားရေးတိုးတက်ကောင်းမွန်ဖို့အတွက် “How to teach GED RLA” သင်တန်းကို ဖွင့်လှစ်ခဲ့တာ အပတ်စဉ်(၁၂)ခုအထိ ပြီးမြောက်ခဲ့ပြီး Feedback ကောင်းတွေလည်း ရရှိထားပါတယ်။ အတန်းအပ်ဖို့အတွက် comment မှာ “RLA” လို့ ရေးခဲ့ပေးနိုင်ပါတယ်ခင်ဗျာ။ ဒီပို့စ်လေးက GED သင်ကြားရေးအတွက် အသုံးဝင်တယ်ဆိုရင် “Share” လုပ်ပေးနိုင်ပါတယ်ခင်ဗျာ။ Teaching Agency အနေနဲ့ ဆရာ၊ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက် ရှိနေပါတယ်။

🔹Teaching Agency နဲ့ ချိတ်ဆက်ပြီး သီးသန့်သင်တန်းများ ပို့ချပေးလိုတဲ့ ကိုယ်ပိုင်ကျောင်းများ၊ International School များအတွက် Cooperative Training နှင့် Coach Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

🌟 Young Learner English ကို Cambridge Level အတိုင်း စနစ်တကျ ပြင်ဆင်သင်ကြားတတ်ပြီး Exam Preparation ပိုင်နိုင်တဲ့ ဆရာ/မ ဖြစ်လိုပါသလား။ 🎓 How to Teach Starters YLE Exam Preparation (Batch-11) ကို သြဂုတ်လမှာ ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ Young Learners English (YLE) Level မှာ စာသင်ပေးခြင်းဟာ ရိုးရိုး Vocabulary နဲ့ Grammar ရှင်းပြရုံ၊ Workbook လေ့ကျင့်ခန်း ပေးရုံနဲ့ မလုံလောက်ပါဘူး။ကလေးတွေရဲ့ Listening, Reading, Writing, Speaking ဆိုတဲ့ Skills (၄) မျိုးလုံးကို ဘက်စုံ တိုးတက်လာစေဖို့ဆိုရင် 🎯 Exam Tasks တစ်ခုချင်းစီရဲ့ ရည်ရွယ်ချက်ကို စနစ်တကျ နားလည်ထားဖို့ လိုပါတယ်။ 🎯 ကလေးတွေ စိတ်ပါဝင်စားမယ့် ထိရောက်တဲ့ Teaching Strategies & Pedagogical Methodology များကို အသုံးချနိုင်ရပါမယ်။ ဒီ Training မှာ Cambridge English Standard နဲ့အညီ YLE Starters Exam ကို ယုံကြည်မှုရှိရှိနဲ့ ကျွမ်းကျင်စွာ သင်ကြားပေးနိုင်မယ့် Practical Approaches များကို စနစ်တကျ မျှဝေပေးသွားမှာဖြစ်ပါတယ်။ ✅ Starters (Pre-A1) Level သင်ကြားနေပြီး မိမိရဲ့ Teaching Techniques ကို Cambridge Standard နဲ့အညီ Upgrade လုပ်ချင်သူများ ✅ Young Learners (YL) Educator အဖြစ် အခြေခံမှစ၍ စနစ်တကျ လေ့လာပြီး Professional ကျကျ စတင်ရပ်တည်လိုသူများ ✅ YLE Exam Pattern နဲ့ Assessment Criteria များကို အခြေခံမှစ၍ အမှန်တကယ် နားလည်ကျွမ်းကျင်လိုသူများ ✅ အနာဂတ်မှာ English Language School ကိုယ်ပိုင် ဖွင့်လှစ်နိုင်ရေးအတွက် Academic Preparation စနစ်တကျ ပြင်ဆင်လိုသူများ အတွက် အခုသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ထားတာလည်းဖြစ်ပါတယ်။ 📚 ၁၂ ရက်တာအတွင်း စနစ်တကျ လေ့လာရမယ့် Module များ Day1-What is the YLE starters exam? (Exam information and exam tasks). Day2-How to teach Unit 1-4 Day3-How to teach Unit 5-8 Day4-How to teach Unit 9-12 Day5-How to teach Unit 13-16(Garder's Multiple Intelligence) Day6-How to teach Unit 17-21 Day7-How to teach Unit 22-26 (Spelling Games) Day8-How to teach Unit 27-31 (Grammar in Starters Level) Day9-How to teach Unit 32-35 (Grammar in Starters Level) Day10-How to teach Unit 36-39 (Dealing with error) Day11-How to teach Unit 40-43 (TPR Games) Day12-Unit 44-45(Authentic tests) သင်တန်းမှာ အလွတ်ကျက်စရာ မလိုဘဲ Class တိုင်းမှာ တကယ် အသုံးချနိုင်မယ့် 45 Units ကို သေချာသင်ယူနိုင်ပြီး ◾YLE Starters Exam Structure နှင့် Exam Tasks များအား အသေးစိတ် နားလည်ခြင်း ◾Gardner’s Multiple Intelligence Theory & TPR (Total Physical Response) Games များကို Classroom အတွင်း အသုံးချခြင်း ◾Starters Level Grammar Teaching, Spelling Games နှင့် Interactive Practice မော်ဂျူးများ ◾Error Correction Technique များနှင့် Authentic Test Papers များကို ထိရောက်စွာ အသုံးပြုခြင်း စတဲ့ skill တွေကို ရရှိသွားစေမှာပါခင်ဗျာ။ 👩‍🏫 Trainer Profile Tr. Thiri B.Act (YIE) Diploma in TESOL (LTTC, UK) Diploma in Teacher Training (TQUK) Diploma in Arts; Music (NUAC) TKT (Cambridge) & TKT YL (Cambridge) Certified Trainer 💠 သင်တန်းအကြောင်းအရာများ သင်တန်းဖွင့်ပွဲ - 5. 8. 2026 (Wed) သင်တန်းစရက် - 5. 8. 2026 (Wed) သင်တန်းရက် -Wed, Sat, Sun (Weekly) သင်တန်းပိတ်ပွဲ - 30. 8. 2026 (Sun) သင်တန်းကာလ - 4 Week (12 Days) သင်တန်းအချိန် - 8:30 PM - 10:00 PM သင်တန်းကြေး - 50,000 ကျပ် TA သင်တန်းသားဟောင်း -45,000 ကျပ် ဒီသင်တန်းတက်ပြီးရင် ဆရာ/မတို့အနေနဲ့ Cambridge Standard အတိုင်း Starters Exam ကို Confidence အပြည့်နဲ့ သင်ကြားနိုင်လာရုံသာမက Activities & Games တွေကို သုံးပြီး ကလေးတွေ စိတ်ပါဝင်စားမယ့် Class တွေကို ကိုယ်တိုင်ဖန်တီးနိုင်လာမှာပါ။ 🎓 မိမိ Teaching Career အတွက် ခိုင်မာတဲ့ Certificate of Completion ကိုလည်း ပေးအပ်သွားမှာဖြစ်ပြီး Zoom Live + Recording Access အပြင် Telegram Group မှာပါ အချိန်မရွေး ဆွေးနွေးနိုင်လို့ lifelong learning အဖြစ် သင်ကြားခွင့်ရတာလည်းဖြစ်မှာပါ။ 📩 စိတ်ပါဝင်စားကြတဲ့ ဆရာ၊ဆရာမတို့အနေနဲ့ သင်တန်းတက်ရောက်လိုပါက သင်တန်းတက်ရောက်လိုပါက TELEGRAM @tafinancedepartment မှာ သင်တန်းအပ်နိုင်ပါတယ်။ သင်တန်းသားအရေအတွက် ကန့်သတ်ထားသောကြောင့် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါခင်ဗျာ။ 👇 ဆရာ/ဆရာမတို့အနေနဲ့ YLE Starters Exam Prep သင်ပေးတဲ့အခါ ဘာသာစကား Skill (၄) မျိုး (Listening, Reading, Writing, Speaking) ထဲက ဘယ်အပိုင်းမှာ ဘာသင်ပေးရမလဲဆိုတာ အခက်အခဲဆုံး ကြုံတွေ့ရလေ့ရှိလဲ ဆိုတာ Comment မှာ မျှဝေပေးခဲ့ကြပါဦး။ 🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်

photo content

အလင်းဖွင့်ပေးချင်သူတွေအတွက် 🎁 100% FREE SEAT GIVEAWAY ပေးဖို့ စီစဉ်ထားပါတယ်။ 🎁 ဒီသင်တန်းကို အခမဲ့ တက်ရောက်ခွင့် ရရှိချင်တယ်ဆိုရင်တော့ - (၁) ဒီ Post လေးကို Share ပေးပါ။ (၂) ကိုယ် Share ထားတဲ့ Proof Screenshot နဲ့အတူတူ၊ "ဒီသင်တန်းကို ဘာကြောင့် တက်ရောက်ချင်ရသလဲ" ဆိုတဲ့ အကြောင်းပြချက်လေးကို ဒီ Post ရဲ့ Comment မှာ ရေးသားပေးခဲ့ရုံပါပဲ။ ကံထူးသူ ဆရာ/မ တစ်ဦးကို မဲနှိုက်ရွေးချယ်ပေးသွားမှာပါ။ ကံထူးမှာကို မစောင့်ချင်ဘူး၊ အမိအရတက်ရောက်နိုင်အောင် အခုပဲ အပ်နှံထားချင်တယ်ဆိုရင်၊ TELEGRAM @tafinancedepartment ကနေ တစ်ဆင့် ဆက်သွယ်ပြီး သင်တန်းအပ်နှံနိုင်ပါတယ်ခင်ဗျာ။ 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹 🔹Teaching Agency နဲ့ ချိတ်ဆက်ပြီး သီးသန့်သင်တန်းများ ပို့ချပေးလိုတဲ့ ကိုယ်ပိုင်ကျောင်းများ၊ International School များအတွက် Cooperative Training နှင့် Coach Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ် 🔹

❝ ကလေးတွေရဲ့ ကွဲပြားခြားနားမှုကို သေချာနားလည်ပြီး၊ ထိထိရောက်ရောက် ပံံ့ပိုးပေးတတ်ချင်တဲ့ ဆရာ၊ ဆရာမတို့အတွက် Supporting Children with learning disabilities: Special Needs & ADHD (Batch-1) ❞ (🎁 100% သင်တန်းကြေးကင်းလွတ်ခွင့် လက်ဆောင်အတွက် ပို့စ်အဆုံးမှာ အသေးစိတ်ဖတ်ပေးပါခင်ဗျာ )) ကလေးငယ်လေးတွေကို စာသင်ရာမှာ ကိုယ်က နည်းလမ်းပေါင်းစုံနဲ့ အပင်ပန်းခံပြီး ဘယ်လောက်ကြိုးစားပမ်းစားသင်နေပါစေ ကလေးက ကိုယ်ပြောသလို လိုက်မလုပ်နိုင်တာ၊ အာရုံမစိုက်နိုင်တာ၊ စကားနားမထောင်တာမျိုးတွေကြောင့် စိတ်ဖိစီးပင်ပန်းနေရတဲ့ မိဘ/ ဆရာတစ်ယောက်ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ကလေးတွေကို ပိုနားလည်ပေးနိုင်ဖို့ “သင်” အကူအညီလိုအပ်နေပါပြီ။ တကယ်တော့ ကလေးတိုင်းက သင်ယူနိုင်စွမ်းရှိကြပါတယ်။ ဒါပေမယ့် တူညီတဲ့ နည်းလမ်းနဲ့တော့ မဟုတ်ပါဘူး။ စာသင်ခန်းထဲမှာ မတူညီတဲ့ Learning Style အမျိုးမျိုးရှိတဲ့ ကလေးတွေ များစွာတွေ့ကြုံရနိုင်ပါတယ်။ 📌 စာဖတ်ဖို့ အချိန်ပိုယူတဲ့ ကလေးရှိမယ်။ 📌 စာရေးတဲ့အခါ အမှားတွေ ထပ်ခါထပ်ခါ လုပ်နေတဲ့ ကလေးရှိမယ်။ 📌 သင်ခန်းစာကို အာရုံမစိုက်နိုင်ဘဲ အမြဲလှုပ်ရှားဆူညံနေတဲ့ ကလေးရှိမယ်။ 📌 Homework တွေမပြီးနိုင်လို့ အမြဲအဆူခံရတဲ့ ကလေးတွေလည်း ရှိနိုင်ပါမယ်။ ဒီအခါမှာ ဆရာ၊ မိဘတွေအပါအဝင် ကလေးရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအများစုကတော့ ဒီကလေးက “စကားနားမထောင်ဘူး”၊ “အာရုံမစိုက်ဘူး”၊ “မကြိုးစားဘူး” လို့ လူဆိုးလူညံ့တစ်ယောက်လို လွယ်လွယ်ပဲ တံဆိပ်ကပ်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအပြုအမူတွေရဲ့ နောက်ကွယ်မှာ Learning Disabilities (LD) ဒါမှမဟုတ် ADHD လိုမျိုး ဖွံ့ဖြိုးမှုဆိုင်ရာ အခက်အခဲတွေရှိနေနိုင်တဲ့ Special Needs ကလေးတွေ ဖြစ်နိုင်တယ်ဆိုတာကိုတော့ ထည့်မတွေးကြတော့ပါဘူး။ ကလေးက မလုပ်နိုင်တာကို ကျွန်တော်တို့က မလုပ်ချင်တာလို့ နားလည်နေမိပြီး ဖယ်ကြဉ်စွန့်ပယ်တာမျိုးတွေလုပ်ကြတဲ့အခါ ကလေးရဲ့ သင်ယူမှုအခက်အခဲတွေဟာ လျော့ပါးမသွားပဲ စိတ်ဒဏ်ရာပေးပြီး သူတို့ရဲ့ သင်ယူလိုစိတ်ကိုပါ ချိုးနှိမ်လိုက်သလို ဖြစ်သွားစေတတ်ပါတယ်။ Special Needs ကလေးတစ်ယောက်ဟာ အခြားကလေးတွေနဲ့ သင်ယူပုံ၊ နားလည်ပုံ၊ အာရုံစူးစိုက်ပုံ၊ ပြောဆိုဆက်သွယ်ပုံတွေမှာ ကွာခြားမှုရှိပြီး ထပ်ဆောင်းပံ့ပိုးမှု (Additional Support) လိုအပ်နေတဲ့ အခြေအနေကို ဆိုလိုတာမို့၊ မိဘတစ်ယောက်ရဲ့ နားလည်မှု၊ ဆရာတစ်ယောက်ရဲ့ သင်ကြားနည်း၊ ပညာရှင်တစ်ယောက်ရဲ့ လမ်းညွှန်မှု ဒီသုံးခု စနစ်တကျပေါင်းစည်းလိုက်တဲ့အခါ ကလေးတစ်ယောက်ရဲ့ ဘဝဟာ အကောင်းဘက်ကို ပြောင်းလဲသွားနိုင်ပါတယ်။ ✨ ကလေးကို ပြောင်းလဲဖို့ မကြိုးစားခင် ကလေးကို နားလည်ဖို့ အရင်ကြိုးစားချင်တယ်၊ Special Needs နှင့် ADHD ရှိတဲ့ ကလေးတွေကို နားလည်ပြီး အိမ်နှင့် ကျောင်းပတ်ဝန်းကျင် နှစ်ခုလုံးမှာ ထိရောက်စွာ ပံ့ပိုးပေးချင်တယ်ဆိုရင် ဒီသင်တန်းက အထူးအခွင့်အရေးပဲ ဖြစ်ပါတယ်။ သင်တန်းမှာ ဘာတွေကို လေ့လာရမလဲ။ 🌟Understanding Special Needs 🌟Children Development 🌟Identifying Your Child 🌟Positive Parenting Strategies 🌟How to Support Home Learning 🌟Children & Parent Well-being 🌟Partnerships with Teachers and Professionals 🌟Community Resources & Inclusion ဘယ်သူတွေ တက်သင့်သလဲ။ 💡 Preschool Teachers 💡 Assistant Teachers 💡 Primary & Secondary School Teachers 💡 ကလေးကို စနစ်တကျ ပံ့ပိုးပျိုးထောင်လိုတဲ့ မိဘများ 💡 Special Education ကို စိတ်ဝင်စားသူများ 💡 Learning Disabilities နှင့် ADHD အကြောင်းကို ပိုမိုနားလည်လိုသူများ 💠 သင်တန်းအကြောင်းအရာများ သင်တန်းဖွင့်ပွဲ - 13. 8. 2026 (Fri) သင်တန်းစရက် - 14. 8. 2026 (Sat) သင်တန်းရက် - Fri, Sat (Weekly) သင်တန်းပိတ်ပွဲ - 6. 9. 2026 (Sun) သင်တန်းကာလ -1 month သင်တန်းအချိန် - 7:00 PM - 8:30 PM သင်တန်းကြေး - 60000 ကျပ် TA သင်တန်းသားဟောင်း -50000 ကျပ် 💎Trainer: Dr Hnin Wai Wai Htet ❖ Ph.D (Education) ❖ Master of Education (M.Ed) ❖ Bachelor of Education (B.Ed) ❖ ECCD(UNICEF) ❖ Certificate in English Proficiency (BRITISH COUNCIL) ဒီသင်တန်းပြီးရင် ဘာတွေကို ရသွားမလဲ။ ✅ Learning Disabilities နဲ့ ADHD အကြောင်းကို မှန်ကန်စွာ နားလည်လာမယ်။ ✅ ကလေးရဲ့ အပြုအမူနောက်ကွယ်က အကြောင်းရင်းတွေကို ခွဲခြားသိမြင်လာမယ်။ ✅ အိမ်မှာရော ကျောင်းမှာပါ ကလေးကို ထိရောက်စွာ ပံ့ပိုးနိုင်မယ်။ ✅ Positive Parenting Skills ကို လက်တွေ့အသုံးချနိုင်မယ်။ ✅ ဆရာ၊ မိဘ၊ Professional တွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မယ်။ ✅ Special Needs ရှိတဲ့ ကလေးတိုင်းရဲ့ အလားအလာကို ဖော်ထုတ်ပေးနိုင်မယ့် ယုံကြည်မှုနဲ့ အသိပညာကို ရရှိမယ်။ 🎓 Supporting Children with Learning Disabilities: Special Needs & ADHD (Batch-1) သင်တန်းက မိဘများ၊ ဆရာ/ဆရာမများနှင့် ကလေးဖွံ့ဖြိုးရေးကို စိတ်ဝင်စားသူများအတွက် အသိပညာနှင့် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများကို မျှဝေပေးမည့် အထူးသင်တန်းဖြစ်လို့၊ Special Needs ကလေးတွေရဲ့ သင်ကြားရေးခရီးလမ်းကို

photo content

🎁 Classroom Language: English Communication Skills for Teachers သင်တန်းကို အခမဲ့ တက်ရောက်ခွင့် ရရှိချင်တယ်ဆိုရင်တော့ - (၁) ဒီ Post လေးကို Share ပေးပါ။ (၂) ကိုယ် Share ထားတဲ့ Proof Screenshot နဲ့အတူတူ၊ "ဒီသင်တန်းကို ဘာကြောင့် တက်ရောက်ချင်ရသလဲ" ဆိုတဲ့ အကြောင်းပြချက်လေးကို ဒီ Post ရဲ့ Comment မှာ ရေးသားပေးခဲ့ရုံပါပဲ။ ကောမန့်များထဲမှ ဆရာ၊ဆရာမတစ်ဦးကို ကံစမ်းလက်ဆောင်ပေးအပ်သွားမှာပါ။ Teaching Agency ကနေ ELT လောကထဲကို ဝင်ရောက်မယ့် ဆရာ၊ ဆရာမတို့အတွက် Professional အဆင့်အထိ သွားနိုင်အောင်၊ အထူးစီစဉ်ထားတဲ့ သင်တန်းဖြစ်သလို၊ တက်ရောက်နိုင်တဲ့ လူဦးရေ ကန့်သတ်ထားတာမို့၊ တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်၊ TELEGRAM @tafinancedepartment ကနေ အမြန်ဆုံး ကြိုတင်စာရင်းပေးသွင်းလိုက်ပါခင်ဗျာ။ 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹 🔹Teaching Agency နဲ့ ချိတ်ဆက်ပြီး သီးသန့်သင်တန်းများ ပို့ချပေးလိုတဲ့ ကိုယ်ပိုင်ကျောင်းများ၊ International School များအတွက် Cooperative Training နှင့် Coach Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ် 🔹

𝗖𝗹𝗮𝘀𝘀𝗿𝗼𝗼𝗺 𝗹𝗮𝗻𝗴𝘂𝗮𝗴𝗲: 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗸𝗶𝗹𝗹𝘀 𝗳𝗼𝗿 𝗧𝗲𝗮𝗰𝗵𝗲𝗿𝘀 (𝗕𝗮𝘁𝗰𝗵-𝟭) (🎁 100% သင်တန်းကြေးကင်းလွတ်ခွင့် လက်ဆောင်အတွက် ပို့စ်အဆုံးမှာ အသေးစိတ်ဖတ်ပေးပါခင်ဗျာ ) 🎓 စာသင်ခန်းထဲမှာ အင်္ဂလိပ်လို ယုံကြည်မှုရှိရှိနဲ့ ကျောင်းသားတွေကို လမ်းညွှန်ပြသနိုင်ဖို့ အခက်အခဲရှိနေပါသလား။ ဒီနေ့ခေတ် ပညာရေးလောကမှာ Teacher တစ်ယောက်ကို တန်ဖိုးထားသတ်မှတ်တဲ့အရာက Subject Knowledge တစ်ခုတည်း မဟုတ်တော့ပါဘူး။ Professional Communication Skill၊ Classroom Management Skill နဲ့ English Communication Skill တွေဟာလည်း မရှိမဖြစ်လိုအပ်လာပါပြီ။ အထူးသဖြင့် International Schools, Private Schools, Cambridge Schools, Bilingual Schools နဲ့ English Program Schools တို့လို English ကို အဓိကအသုံးပြုတဲ့ သင်ကြားရေးပတ်ဝန်းကျင်တွေမှာ Teacher တစ်ယောက်အတွက် Classroom English ဟာ အခြေခံ Professional Skill တစ်ခုဖြစ်နေပါပြီ။ Teacher အများစုဟာ English ကို ဖတ်နိုင်၊ ရေးနိုင်ပေမယ့် Classroom ထဲရောက်တဲ့အခါ 💢 Lesson ကို English လို ရှင်းလင်းသင်ကြားဖို့ 💢 Activities တွေ လုပ်ဆောင်ဖို့ Guideline ပေးရတဲ့အခါ 💢ကျောင်းသားတွေကို Encourage လုပ်ဖို့ 💢 Questions မေးဖို့၊ Feedback ပေးဖို့ 💢 မိဘတွေနဲ့ Communicate လုပ်ဖို့ ဆိုတဲ့ လက်တွေ့အခြေအနေတွေမှာ သဘာဝကျကျ ပြောဆိုဖို့ အခက်အခဲရှိနေတတ်ပါတယ်။ ဆရာ တစ်ယောက်အတွက် English Communication ဆိုတာ Vocabulary များများသိခြင်း၊ Difficult Words တွေသုံးနိုင်ခြင်းကိုလည်း မဆိုလိုပါဘူး။ အရေးကြီးတာက မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ Expression ကို ယုံကြည်မှုရှိရှိ အသုံးပြုနိုင်ခြင်းပဲ ဖြစ်ပါတယ်။ Communication Skill ဆိုတာ စာဖတ်ရုံနဲ့ မရပါဘူး။ Practice လုပ်ရင်း၊ ပြောရင်း၊ အသုံးပြုရင်းသာ တိုးတက်လာနိုင်မှာဖြစ်ပါတယ်။ ဒီသင်တန်းဟာ ဆရာတွေအတွက် အထူးဒီဇိုင်းရေးဆွဲထားတဲ့ Practical English Communication Training ဖြစ်ပြီး သင်ခန်းစာတိုင်းကို English to English ပုံစံဖြင့် လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလအတွင်း English ကို နားထောင်ခြင်း၊ ပြောဆိုခြင်း၊ ဆွေးနွေးခြင်းနှင့် Simulation Activities များမှတစ်ဆင့် လက်တွေ့အသုံးချနိုင်စွမ်းကို တဖြည်းဖြည်း တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။ 🎯သင်ကြားမည့်အကြောင်းအရာများ Session 1: Introductions & Everyday English Session 2: Greetings, Small Talk & Confidence Session 3: Teacher-to-Student Communication Session 4: Asking & Answering Questions Session 5: Instructions & Classroom Activities Session 6: Checking Understanding & Feedback Session 7: Teacher-to-Teacher Communication Session 8: Professional Meetings Session 9: Communicating with Parents Session 10: Phone, Online & Email Session 11: Teacher Presentation Skills Session 12: Pronunciation, Fluency & Natural Speaking Session 13: Problem-solving & Scenarios Session 14: Role Plays & Professional Conversations Session 15: Practice & Simulation Session 16: Final Assessment, Feedback & Reflection 💠 သင်တန်းအကြောင်းအရာများ သင်တန်းဖွင့်ပွဲ - 12. 8. 2026 (Wed) သင်တန်းစရက် - 13. 8. 2026 (Thu) သင်တန်းရက် - Thursday, Friday (Weekly) သင်တန်းပိတ်ပွဲ -19. 9. 2026 (Sat) သင်တန်းကာလ - 6 Weeks သင်တန်းအချိန် - 8:00 PM - 9:30 PM သင်တန်းကြေး - 100000 ကျပ် TA သင်တန်းသားဟောင်း - 80000 ကျပ် 💎 Trainer: Tr. Zarchi 🎓 Master of Arts (English) – Yangon University 🎓 Bachelor of Arts (English) – West Yangon University 🎓 Diploma in English Language Teaching (ELT) – Yangon University 🎓 Diploma in Early Childhood Care and Development – LQB, UK 🎓 Executive Diploma in Child Psychology – LEB 🎓 Certificate in Educational Leadership & Management – Teacher Education Academy ဘယ်သူတွေ တက်သင့်သလဲ။ ❒ Preschool Teachers ❒ Primary & Secondary Teachers ❒ English Teachers ❒ Assistant Teachers ❒ International School သို့ ဝင်ရောက်လုပ်ကိုင်လိုသူများ ❒ Professional English Communication ကို မြှင့်တင်လိုသူ Teacher များ 🎯ကျောင်းသားတွေကို အကောင်းဆုံး သင်ကြားပေးနိုင်ဖို့ ကိုယ့်ရဲ့ Teaching Skill နဲ့ Communication Skill ကိုလည်း အမြဲတမ်း ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်နေဖို့ လိုအပ်ပါတယ်။ Classroom Language: English Communication Skills for Teachers (Batch-1) ဟာ ဆရာဆရာမတို့ရဲ့ နေ့စဉ်သင်ကြားရေးဘဝမှာ တကယ်အသုံးဝင်မယ့် English Communication Skills များကို လက်တွေ့အခြေခံဖြင့် တည်ဆောက်ပေးမယ့် သင်တန်းဖြစ်တာကြောင့် သင်တန်းတက်ရောက်ဖို့ စိတ်ပါဝင်စားကြတဲ့ ဆရာ၊ ဆရာမတို့အတွက် အထူးမေတ္တာလက်ဆောင်အနေနဲ့ 🎁 100% FREE SEAT GIVEAWAY ပေးဖို့ စီစဉ်ထားပါတယ်။

photo content

🌟 YLE Teacher တို့အတွက် သတင်းကောင်း! 👩‍🏫👨‍🏫 📚 How to Teach Starters YLE (Batch 11) ကို ဖွင့်လှစ်ပေးပါတော့မယ်နော်။ 🎉 💡 Professional YLE Teacher တစ်ယောက်ဖြစ်ဖို့ ဒီသင်တန်းလေးကို လက်မလွှတ်ဘဲ တက်ရောက်သင့်ပါတယ်။ 🎓 သင်တန်းပြီးတာနဲ့... ✅ Cambridge YLE Starters Exam ကို ယုံကြည်မှုရှိရှိ သင်ကြားနိုင်လာမယ်။ 📖 ✅ Young Learners (5–8 နှစ်) အတွက် ထိရောက်သော Teaching Techniques များကို ကျွမ်းကျင်လာမယ်။ 🎨🎲 ✅ Lesson Planning 📝 နှင့် Classroom Management Skills 👏 များ ပိုမိုတိုးတက်လာမယ်။ ✅ International Schools 🏫, Private Schools 📚 နှင့် Language Centers 🌍 များတွင် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာနိုင်မယ်။ 🚀 📩 အခုပဲ အတန်းအပ်ချင်တယ်ဆိုရင်တော့ "starters" လို့ Comment ရေးခဲ့ပေးပါခင်ဗျာ။ 💬👇

❝ အပြစ်ပြောတဲ့ ဆုံးမစကားတွေအစား ဒီလမ်းညွှန်ချက်ပြပေးတဲ့ စကားတွေကို ပြောင်းလဲ သုံးကြည့်ပါ။❞ ဆရာ၊ ဆရာမတွေအတွက် စာသင်ခန်းထဲက ကလေးလေးတွေရဲ့ ဆူပူမှုနဲ့ စည်းကမ်းဖောက်ဖျက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရတာက မလွယ်ကူတဲ့ စိန်ခေါ်မှုတစ်ခုပါ။ ဒါကြောင့် စိတ်ပင်ပန်းနွမ်းနယ်ချိန်တွေမှာ မရည်ရွယ်ဘဲ ထွက်သွားမိတဲ့ စကားလုံးတွေက ကလေးလေးတွေရဲ့ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ရိုက်ခတ်သွားတတ်တယ်ဆိုတာ ဆရာ၊ ဆရာမတို့ အသိဆုံးပါပဲ။ ❏ ဆရာ/မရဲ့ လမ်းညွှန်ချင်တဲ့ စေတနာက "အပြစ်ပေးလိုက်သလို" ဖြစ်သွားတဲ့အခါ ကလေးလေးတွေအနေနဲ့ စည်းကမ်းတွေနဲ့ပတ်သက်ပြီး၊ နားလည်မှု ရစေမယ့်အစား ကြောက်ရွံ့မှုတွေပဲ အမြစ်တွယ်စေမှာပါ။ ဒါကြောင့် ဆရာ၊ ဆရာမတို့ အပြစ်ပေးရုံသက်သက် ပြောမိနိုင်တဲ့ စကားတွေအစား၊ လမ်းညွှန်ပြသပေးဖို့ ပြုပြင်နိုင်အောင် အခုလို မျှဝေပေးလိုက်ပါတယ်။ (၁) "ဆရာမပြောတာ နားမထောင်ဘူးလား၊ ဆူပူရတာ ပင်ပန်းလှပြီ..." ဆရာ/မရဲ့ စိတ်ခံစားချက်ကို ဖော်ပြပြီး အပြစ်တင်တာထက်၊ ကျောင်းသားကို ရှင်းလင်းတဲ့ ညွှန်ကြားချက်ပေးဖို့ ဒီစကား (၃) ခွန်းကို ပြောင်းလဲအသုံးပြုပါ။ ❏ "အားလုံးပဲ ဆရာမကို အာရုံစိုက်ပြီး သေချာလေး နားထောင်ပေးကြမယ်နော်။" ❏ "ဆရာမက အားလုံးရဲ့ အာရုံစိုက်မှုကို အပြည့်အဝ လိုအပ်တယ်။" ❏ "ကဲ... ခဏလေး အသက်ပြင်းပြင်းရှူပြီး ဆရာမပြောတာကို သေချာနားထောင်ကြည့်ရအောင်။" (၂) "ဘာလို့ ဒီလိုလုပ်ရတာလဲ၊ သားသား/မီးမီးကတော့ တကယ်ပဲ..." ကျောင်းသားရဲ့ အပြုအမူထက် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သလို ဖြစ်သွားတဲ့ အပြစ်တင်စကားအစား၊ ကျောင်းသားရဲ့ စွမ်းရည်အပေါ် ယုံကြည်ကြောင်း ပြသနိုင်တဲ့အပြင်၊ အပြုအမူကိုပါ ပြုပြင်ပေးနိုင်မယ့် ဒီ စကား (၃) ခွန်းကို အသုံးပြုပါ။ ❏ "သားသား၊ မီးမီးတို့ ပိုကောင်းတဲ့ ရွေးချယ်မှုတစ်ခု လုပ်နိုင်မယ်ဆိုတာ ဆရာမ ယုံကြည်ပြီးသား။" ❏ "ဒီတစ်ခါတော့ နည်းလမ်းမှန်မှန်နဲ့ အတူတူ ပြန်လုပ်ကြည့်ရအောင်။" ❏ "သားသား၊ မီးမီးတို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်မယ်ဆိုတာ ဆရာမ သေချာသိပါတယ်။" (၃) "နောက်တစ်ခါ ထပ်လုပ်ရင် အတန်းထဲက ထုတ်ပစ်မယ်" ကျောင်းသား ကြောက်ရွံ့သွားစေမယ့် စကားအစား၊ အတန်းထဲမှာ ကျောင်းသားတိုင်း လိုက်နာရမယ့် စည်းကမ်းကို ရှင်းရှင်းလင်းလင်း နားလည်စေလိုတဲ့အခါ ဒီစကား (၃) ခွန်းကို သုံးပေးပါ။ ❏ "အားလုံး စာသင်လို့ရအောင် ဆရာမတို့ရဲ့ စည်းကမ်းတွေကို လိုက်နာရမှာနော်။" ❏ "အရင်ဆုံး ကိုယ်တွက်နေတဲ့ပုဒ်စာကို အာရုံစိုက်ကြရအောင်။" ❏ "အသံလေး တိတ်ထားပေးရင် အလုပ်ကို မြန်မြန်ပြီးအောင် လုပ်လို့ရတယ်နော် ကလေးတို့။" 🌟 ကျောင်းသူကျောင်းသားတွေကို သင်ပြလမ်းညွှန်ပေးတဲ့အခါ၊ သတိမထားမိလိုက်တဲ့အချိန်မှာတောင် အပြစ်တင်တဲ့သဘော မသက်ရောက်စေဘဲ အပြုသဘောဆောင်တဲ့ လမ်းညွှန်ချက်တွေ ပေးနိုင်ဖို့က သူတို့လေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် သိပ်အရေးပါပါတယ်။ ဒါကြောင့် ဆရာ၊ ဆရာမတို့ရဲ့ စာသင်ခန်းထဲက ဆက်ဆံရေးတွေ၊ လမ်းညွှန်မှုတွေကို ပိုမိုထိရောက်စေဖို့၊ ကျောင်းသားတွေနဲ့ ပိုမိုနားလည်မှုရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ဖို့အတွက် Classroom Language for Teachers ကို တက်ရောက်လေ့လာဖို့ အကြံပြုလိုက်ပါတယ်။ ဆရာတို့ရဲ့ စာသင်ခန်းကို စိတ်ဖိစီးမှုကင်းဝေးပြီး ထိရောက်တဲ့သင်ကြားခြင်းတွေကို ဖော်ဆောင်ဖို့ Classroom Language အပိုင်း ကို သေချာလေ့လာချင်ရင် TELEGRAM @tafinancedepartment ကနေ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹

photo content