Teaching Agency
Відкрити в Telegram
Teaching Agency ရဲ့ Official Telegram Channel ဖြစ်ပါတယ် ခင်ဗျာ
Показати більше5 662
Підписники
+324 години
+417 днів
+14830 днів
Архів дописів
5 662
💯 ❝ ကလေးရဲ့ဦးနှောက်ထဲ ဘာသာစကားအသစ်တွေ တကယ် စွဲမြဲသွားအောင် ဒီအချက် (၃) ချက်ကို လေ့ကျင့်ပေးဖို့လိုပါတယ် မေမေတို့ရေ ... ❞
ဘာသာစကားနှစ်မျိုးကို သဘာဝကျကျ လက်ခံနိုင်ဖို့ အားပေးတဲ့ Bilingual Brain အကြောင်းကို ဒီလင့်ခ်ကနေ တဆင့် ဖတ်ရှုနိုင်ပါတယ်။ ဒီနေ့မှာတော့ Bilingual Brain အားကောင်းအောင် မေမေတို့ ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်း (၃) ချက်ကို ဆက်လက်မျှဝေပေးသွားပါမယ်။
💠 (၁) အချိန်၊ နေရာ၊ ပြောဆိုမယ့်သူအလိုက် ခွဲခြားသတ်မှတ်ပေးထားပါ။ 💠
ကလေးရဲ့ဦးနှောက်က မိခင်ဘာသာစကားအပြင်၊ English,Thai စသဖြင့် ဘာသာစကားတွေကို ရောထွေးမသွားစေဘဲ၊ သီးသန့်စီ မှတ်သားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အချိန်၊ နေရာနဲ့ ပြောမယ့်သူအလိုက် ခွဲခြားထားဖို့ပါပဲ။
🔵 အိမ်မှာ မိခင်ဘာသာစကားကိုပဲ အဓိကသုံးမယ်၊ ဖေဖေက အင်္ဂလိပ်လိုပြောပြီး မေမေက မြန်မာလိုပြောမယ်၊ ဒါမှမဟုတ် ညနေခင်း ပုံပြင်ဖတ်ချိန်မှာ အင်္ဂလိပ်လို သီးသန့်သုံးပေးတာမျိုး လုပ်ဆောင်ပေးတာမျိုး ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးရင်း၊ ကလေးရဲ့ဦးနှောက်က အခြေအနေပေါ်မူတည်ပြီး ဘာသာစကားကို လွယ်ကူစွာ ပြောင်းလဲသုံးစွဲနိုင်စွမ်း “Code-switching” မြင့်မားလာပါတယ်။
💠 (၂) အလွတ်ကျက်ခိုင်းမယ့်အစား သဘာဝကျကျ ထိတွေ့ပေးပါ။ 💠
ဘာသာစကားဆိုတာ စာအုပ်ကြီးအတိုင်း အလွတ်ကျက်ရမယ့်အရာ မဟုတ်ဘဲ နေ့စဉ်ဘဝရဲ့ လုပ်ဆောင်မှုတွေထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ထိတွေ့ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးကြိုက်တဲ့ ပုံပြင်စာအုပ်လေးတွေ ဖတ်ပြတာ၊ သီချင်းနားထောင်ခိုင်းတာ၊ အနီးအနားက ပစ္စည်းလေးတွေရဲ့ နာမည်ကို ဘာသာစကားနှစ်မျိုးနဲ့ တွဲခေါ်ပြတာမျိုး လုပ်ဆောင်ပေးသင့်ပါတယ်။
🔵 ဒီလိုမျိုးဖိအားမရှိဘဲ သဘာ၀ကျကျ သင်ယူဖြစိလာမှပဲ၊ ကလေးရဲ့ဦးနှောက်က အချက်အလက်တွေကို ရေရှည်မှတ်ဉာဏ်ထဲမှာ ကောင်းကောင်း သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။
💠 (၃) နေ့စဉ် ပုံမှန်ဆက်တိုက် လုပ်ဆောင်ပေးပါ။ 💠
“Consistency is Key” ဆိုတဲ့စကားအတိုင်းပဲ ဘာသာစကားတွေနဲ့ နေ့စဉ်ပုံမှန် ထိတွေ့မှုရှိနေဖို့က အရေးကြီးဆုံးပါပဲ။ မိဘတွေအနေနဲ့ စိတ်ရှည်ရှည်နဲ့ နေ့စဉ် ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် အပေါ်မှာပြောပြထားတဲ့ နည်းလမ်းတွေအတိုင်း၊ အလေ့အကျင့်ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှပဲ ကလေးရဲ့ ဦးနှောက်အာရုံကြောလမ်းကြောင်းတွေ ပိုမိုသန်မာလာစေပြီး၊ ဘာသာစကားနှစ်မျိုးလုံးကို မိခင်ဘာသာစကားလိုမျိုး အလွယ်တကူ ကျွမ်းကျင်ပိုင်နိုင်လာမှာ ဖြစ်ပါတယ်။
ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးမယ့်အပြင်၊ ကလေးရဲ့ အနာဂတ်အတွက် အင်္ဂလိပ်၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ တရုတ် စတဲ့ နိုင်ငံတကာ ဘာသာစကားတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာချင်တယ်ဆိုရင်၊ TAstudents+ မှာ ကျွမ်းကျင်ဆရာတွေနဲ့ တစ်ဦးချင်း စနစ်တကျ သင်ယူနိုင်ပါပြီ။
အသေးစိတ်ကို Page Messenger (သို့) အောက်ပါဖုန်းနံပါတ်များမှတဆင့် အလွယ်တကူ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အသေးစိတ်အတွက် Page Messenger ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်သလို၊ အောက်ပါ ဖုန်းနံပါတ်တွေကနေတစ်ဆင့်လည်း အခမဲ့ ချိတ်ဆက်နိုင်ပါပြီခင်ဗျာ။
💠 Page Chatbox မှ တိုက်ရိုက်ဆက်သွယ်ရန် - http://m.me/tastudents.official
💠TELEGRAM @tafinancedepartment
💠 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန် -
🇲🇲 09762012599
🇲🇲 09976048967
🇹🇭 (+66) 0824965216
❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞
5 662
🛑 ❝ Flyers ပြီးရင် KET အတန်း တက်ခွင့်ပြုလိုက်လို့ ရပြီလား ❞ KET အတန်း ဆက်ကူးခွင့်ကို အသက်နဲ့ စာအုပ်ကုန်တာတစ်ခုတည်းနဲ့ မဆုံးဖြတ်လိုက်ပါနဲ့။ ဒီဗီဒီယိုမှာ မျှဝေထားတဲ့ အချက် (၅) ချက်နဲ့ ပြန်တိုက်ကြည့်လိုက်ပါ။
https://www.facebook.com/share/r/1DfBsEnHZ5/
✔️ YLE Flyers ကို ယုံကြည်မှုအပြည့်နဲ့ ထိထိရောက်ရောက်သင်ကြားနိုင်ဖို့၊ Flyers Exam ဖြေဆိုမယ့် ကျောင်းသားတွေကို ထိထိရောက်ရောက် လေ့ကျင့်ပြင်ဆင်ပေးနိုင်ဖို့ အောက်တိုဘာ (၁၀) ရက်နေ့ ဖွင့်လှစ်မယ့်
Teaching Agency ရဲ့ “How to teach Flyers YLE (Batch-11) ” ကို စိတ်ဝင်စားပါက ကောမန့်မှာ “Flyers” လို့ ရေးပေးခဲ့ပါ။ ကျနော်တို့ဘက်ကနေ အမြန်ဆုံး ဆက်သွယ်ပေးပါမယ်ခင်ဗျာ။
🔷Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔷
5 662
📍ကိုယ့်ရဲ့ ပထမဆုံး စာသင်ခန်းကို ကြောက်ရွံ့မှုတွေနဲ့ မဟုတ်ဘဲ၊ သေချာရေရာတဲ့ Lesson Plan နဲ့ ယုံကြည်မှုရှိရှိ အကောင်းဆုံး ဖြတ်သန်းချင်တယ်ဆိုရင် 💠TELEGRAM @tafinancedepartment ကနေ မေးမြန်းအပ်နှံနိုင်ပါပြီခင်ဗျာ။
🔹 ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် Teaching Agency က အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက်ရှိနေပါတယ်
🔹Teaching Agency မှ ပို့ချသောသင်တန်းများအား မိမိတို့ ဆရာ၊ ဆရာမများအတွက် သီးသန့်ရယူလိုသော Private School၊ International School များအနေနဲ့ Cooperative Trainingနှင့် Coach Session များ ရယူနိုင်ပြီ ဖြစ်ပါတယ်။
5 662
💠သင်ကြားရေးလောကထဲကို စတင်ဝင်ရောက်လာမယ့် ဆရာ၊ ဆရာမအသစ်တိုင်းမှာ တူညီတဲ့ စိုးရိမ်စိတ်တစ်ခု ရှိတတ်ပါတယ်။ အဲဒါကတော့ "စာသင်ခန်းထဲရောက်ရင် ငါဘာတွေ အရင်စပြောရမလဲ" ဆိုတဲ့ မသေချာမှုပါပဲ။
စာအုပ်ထဲက သင်ရိုးကို ကိုယ်တိုင်ကြေညက်အောင် ဖတ်သွားပေမယ့်၊ တကယ်တမ်း စာသင်ခန်းထဲရောက်တဲ့အခါ ကိုယ်ပြင်ဆင်သွားတဲ့စာက ခဏလေးနဲ့ ပြီးသွားတတ်တာရှိသလို၊ တစ်ခါတလေမှာလည်း ထင်သလိုပြီးမြောက်အောင် မသင်နိုင်ပြန်ပါဘူး။
စောပြီးခဲ့ရင် ကလေးတွေက စိတ်ဝင်စားမှု လျော့ကျလာတယ်၊ ငြိမ်ငြိမ်မနေတော့ဘူး၊ အချင်းချင်း စကားတွေပြောပြီး စာသင်ခန်းတစ်ခုလုံး ဆူညံလာတာမျိုး၊ အာရုံစူးစိုက်မှု အချိန်တိုတောင်းတဲ့ ကလေးငယ်တွေရဲ့ အတန်းတွေမှာဆိုရင် ဆရာ၊ ဆရာမဘက်က နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုတဲ့ အစီအစဉ် မရှိတော့လို့ အခန်းက ထိန်းမရဖြစ်လာတာမျိုးကြုံရတာပါ။
တကယ်တော့ Lesson Plan ဆိုတာ ကျောင်းအုပ်ကြီးကို တင်ပြဖို့ ရေးရတဲ့ စာရွက်စာတမ်းသက်သက် မဟုတ်ပါဘူး။ ဒါဟာ ဆရာ၊ ဆရာမတွေ စာသင်ခန်းထဲမှာ ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းနိုင်ဖို့၊ မိနစ်တိုင်းကို အကျိုးရှိရှိ အသုံးချနိုင်ဖို့နဲ့ ကလေးတွေရဲ့ အာရုံစိုက်မှုကို အစကနေ အဆုံးထိ ဆွဲခေါ်ထားနိုင်ဖို့အတွက် မဖြစ်မနေ ရှိနေရတာပါ။
Lesson Plan လို့ ပြောလိုက်တာနဲ့ အလွယ်တကူပဲ AI က ထုတ်လိုက်မယ်၊ တခြားသူတွေဆီကကြည့်လိုက်မယ်၊ အဆင်ပြေသလို စီစဉ်လိုက်မယ်ဆိုတာမျိုးလုပ်ဖို့ကလည်း မလွယ်လှပါဘူး ။ သင်ကြားရေးခရီးလမ်းကို စတင်လျှောက်လှမ်းမယ့် သူတွေအတွက်ဆိုရင် ဒီစိန်ခေါ်မှုကပိုကြီးမားပါတယ်။
စာသင်ခန်းကို အခုမှစပြီး နဖူးတွေ့ဒူးတွေ့ ဦးဆောင်ရမယ့် ဆရာ/မတို့အတွက် ကလေးတွေကိုလည်း တကယ်ထိန်းကျောင်းနိုင်ပြီး၊ ကျောင်းအုပ်တွေရဲ့ အမြင်မှာလည်း တကယ့်အဆင့်မီ Lesson Plan တစ်ခု ဆွဲနိုင်ဖို့ Teaching Agency ကနေ "Lesson Planning Framework for New Teachers" ဆိုတဲ့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး သင်တန်းတစ်ခုကို အထူးပြင်ဆင် ဖွင့်လှစ်လိုက်ပါတယ်။
💠သင်တန်းကာလနှင့် သင်တန်းကြေး
သင်တန်းဖွင့်ပွဲ - 12. 10. 2026 (Mon)
သင်တန်းစရက် -13. 10. 2026 (Tue)
သင်တန်းရက် - Oct 13, 14, 15, 16, 17, 18, 19, 20
သင်တန်းပိတ်ပွဲ - 21. 10. 2026 (Wed)
သင်တန်းကာလ - 10 Days
သင်တန်းအချိန် - 8:00 PM - 9:00 PM
သင်တန်းကြေး - 60000 ကျပ်
TA သင်တန်းသားဟောင်း - 50000 ကျပ်
💠 Trainer: Tr. Thanduh
B.A English
Dip in TESOL (London Teacher Training College)
Dip in ECCD(LTTC)
Certified in Early Childhood Care and Development (Social Welfare)
Certified in Jolly Phonics & Jolly Grammar (UK)
Certified in Orff Schulwerk Creative Music and Movement (Musical Journey)
---------------
ဒီသင်တန်းမှာ လက်တွေ့မြေပြင်နဲ့ ကိုက်ညီမယ့်
1) Effective Lesson Planning Framework - သင်ခန်းစာတစ်ခုကို အစပျိုးတာကနေ အဆုံးသတ်တဲ့အထိ အချိန်ကိုက်၊ ထိရောက်ပြီး ရည်ရွယ်ချက်ရှိတဲ့ Lesson Plan တစ်ခု ဘယ်လို အဆင့်ဆင့် ရေးဆွဲရမလဲ။
2) Different Learning Styles- ကလေးတစ်ယောက်နဲ့ တစ်ယောက် သင်ယူပုံချင်း မတူညီတာကို နားလည်ပြီး သင်ခန်းစာတွေ ဖန်တီးနည်း။
3) Learn Through Play Approach - ကလေးတွေကို စာသင်နေတယ်လို့ မခံစားရစေဘဲ ကစားရင်း သင်ယူစေမယ့် Play-based Learning အကြောင်း
4) Interaction Patterns in the Classrooms- ဆရာနဲ့ တပည့်၊ တပည့်အချင်းချင်းကြားအပြန်အလှန်ဆက်သွယ်ပြီး သင်ကြားတဲ့ပုံစံများ၊
5)Effective Teaching Methods -ကိုယ်သင်မယ့် "အကြောင်းအရာ" ကို ဘယ်လို ထိထိရောက်ရောက် ပို့ချမလဲဆိုတဲ့ ဗျူဟာများ။
6) Practice & Assessment- ကိုယ်သင်ပေးလိုက်တဲ့စာကို ကလေးတွေ တကယ်တတ်မြောက်သွားရဲ့လားဆိုတာကို ဆန်းစစ် အကဲဖြတ်နည်း။
7) Games & Teaching Tools- ကလေးတွေ ငြီးငွေ့လာတဲ့အခါ သုံးနိုင်မယ့် Games များနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုနည်း။
8) 30-Minute Preschool Lesson Structure: Preschool ကလေးငယ်တွေအတွက် ပျင်းရိမသွားစေဘဲ ထိရောက်မှုအပြည့်ရှိမယ့် အကောင်းဆုံး မိနစ် ၃၀ စာသင်ခန်း တည်ဆောက်နည်း တွေကို တစ်ခါတည်း လေ့လာနိုင်မှာပါ။
----------
➡️သင်တန်းကနေ ဘယ်လို ပံ့ပိုးမှုတွေ ရရှိမလဲ
◾ Lesson Plan ဆွဲတဲ့အခါတိုင်း ပြန်လည်ကိုးကားကြည့်ရှုနိုင်ဖို့ သင်တန်းအစအဆုံး Lifelong Recorded Videos များကို ရရှိပါမယ်။
◾ တကယ့်စာသင်ခန်းထဲမှာ အခက်အခဲကြုံလာတဲ့အခါ၊ ကိုယ်ဆွဲထားတဲ့ Plan လေး အဆင်ပြေရဲ့လားဆိုတာကို အတွေ့အကြုံရှိ Trainer တွေ၊ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမတွေနဲ့ အချိန်မရွေး တိုင်ပင်ဆွေးနွေးနိုင်မယ့် Lifetime Telegram Discussion Group မှာ ပါဝင်ခွင့်ရပါမယ်။
◾ ကျောင်းတွေမှာ အလုပ်လျှောက်တဲ့အခါ ကိုယ့်ရဲ့ ပြင်ဆင်ထားမှုကို သက်သေပြနိုင်မယ့် သင်တန်းဆင်း Certificate ကို ပေးအပ်သွားမှာပါ။
နောက်ထပ် မိမိရဲ့ Teaching Career ကို မြှင့်တင်မယ့် သင်တန်းတွေ ဆက်တက်တဲ့အခါ Teaching Agency ရဲ့ သင်တန်းသားဟောင်းများအတွက် သီးသန့် Alumni Discount တွေလည်း ရရှိဦးမှာ ဖြစ်ပါတယ်။
5 662
GED Social Studies Specialist တစ်ယောက်အဖြစ် ဘယ်ကစတင်ရမလဲ။
GED ဖြေတဲ့ ကလေးတွေကြားမှာ စိန်ခေါ်မှုအမြင့်ဆုံးနဲ့ ဆရာ/မတို့အတွက်လည်း သင်ရခက်ခဲတယ်လို့ သတ်မှတ်ထားတဲ့ ဘာသာရပ်တစ်ခုကတော့ Social Studies ပါ။
ဘာကြောင့်လဲဆိုတော့ မြန်မာကျောင်းသားအများစုအတွက် အမေရိကန်သမိုင်း (US History)၊ အစိုးရဖွဲ့စည်းပုံ (Civics and Government) နဲ့ စီးပွားရေးသဘောတရား (Economics) တွေဟာ လုံးဝစိမ်းသက်နေတဲ့ အကြောင်းအရာတွေ ဖြစ်နေတာကြောင့်ပါပဲ။
ဒါကြောင့် ဆရာ၊ ဆရာမတွေအနေနဲ့ ဒီဘာသာရပ်ကို သင်တဲ့အခါ စာအုပ်ထဲက အချက်အလက်တွေကို သာမန်ဘာသာပြန်ပြပြီး အလွတ်ကျက်ခိုင်းလို့လည်းမရ၊ ကလေးကလည်း နားမလည် ၊ ဘာသာစကားနဲ့ အကြောင်းအရာရှုပ်ထွေးမှုမှာ ပိုခက်ခဲလာတာပါ။ ဒါပေမဲ့ ကျောင်းသားတွေဟာ ပေးထားတဲ့ သမိုင်းမှတ်တမ်းဟောင်းတွေ၊ နိုင်ငံရေးကာတွန်းတွေနဲ့ စီးပွားရေး ဂရပ်ဖ်တွေကို ဖတ်ရှုပြီး ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိလာခဲ့ရင်တော့ ဆရာ/မတို့ရဲ့ သင်ကြားရေးက အောင်မြင်သွားပါပြီ။
Teaching Agency က ဖွင့်လှစ်ပေးမဲ့ How to Teach GED Social Studies ( Batch -13) သင်တန်းမှာတော့ ဒီလိုအကြောင်းအရာတွေကို ဘယ်လိုချဉ်းကပ်သင်ကြားမလဲ၊ စာသင်ခန်းကို အသက်ဝင်စေမယ့် EdTech Tools တွေနဲ့ ဘယ်လို ပေါင်းစပ်သင်ကြားရမလဲဆိုတာတွေကို လေ့လာနိုင်ပါတယ်။
ဒါ့အပြင်
◾စာမေးပွဲရဲ့ သဘောသဘာဝ၊ မေးခွန်းပုံစံနဲ့ အမှတ်ပေးစနစ်တွေ
◾စီးပွားရေး သဘောတရားများနှင့် ဂရပ်ဖ် တွေကို ဘယ်လိုဖတ်ကြမလဲဆိုတဲ့ သင်ကြားနည်းတွေ
◾ပထဝီဝင်ဆိုင်ရာ အချက်အလက်များနှင့် မြေပုံဖတ်ရှုခြင်း သင်ကြားမှုပုံစံ စတဲ့ အခြေခံတွေကနေ ဒစ်ဂျစ်တယ် သင်ထောက်ကူနည်းပညာများနဲ့ ကိုယ်တိုင်ရှေ့ဆက်လေ့လာနိုင်မယ့် လမ်းညွှန်မှုတွေကိုလည်း ရရှိသွားမှာပါ။
💠သင်တန်းကာလနှင့် အကြောင်းအရာများ💠
How to teach GED Social Studies (Batch-13)
သင်တန်းဖွင့်ပွဲ- 12. 10. 2026 (Mon)
သင်တန်းစရက်- 13. 10. 2026 (Tue)
သင်တန်းအချိန်- 7:30 PM - 9:00 PM
သင်တန်းရက် - Tue, Thu (Weekly)
သင်တန်းပိတ်ပွဲ- 13. 11. 2026 (Fri)
သင်တန်းကာလ- 1 Month (5 Weeks)
သင်တန်းကြေး- 60000 MMK
သင်တန်းသားဟောင်း 50000 MMK
----
💠Course Outline 💠
1. Introduction to GED Social Studies
2. Teaching of Civics and Government
3. Teaching of US History
4. Teaching of Economic
5. Teaching of Geography
6. How to prepare GED Social Studies lessons
7. Appropriate teaching methods for GED Social Studies
8. Essential Educational Technology and Psychology for GED Social Studies teaching
9. Continuous Professional Development for Teachers
10. Micro teaching and Feedback
💠သင်ကြားပေးမည့် Trainer💠
Trainer: Saya YOLO
Bachelor of Education
Diploma in Business English
Diploma in Federalism and Peace Studies
💠ဘယ်သူတွေ တက်ရောက်သင့်လဲ 💠
-အင်္ဂလိပ်စာ သင်ကြားရေးမှ အခွင့်အလမ်းပိုများသော GED လောကသို့ Career Switch ပြုလုပ်လိုသော ဆရာ၊ ဆရာမများ
-GED Social Studies ကို စတင်သင်ကြားရန် ပြင်ဆင်နေသော New Teachers များ
- လက်ရှိ သင်ကြားနေသော်လည်း မိမိ၏ သင်ကြားမှုပုံစံကို ပိုမိုစနစ်ကျအောင် Upgrade လုပ်လိုသော ဆရာ၊ ဆရာမများ အပါအဝင် မိမိတို့ရင်သွေးများ၊ မောင်နှမများကို ကူညီသင်ကြားပေးလိုတဲ့ သူတိုင်းလည်း လာရောက်လေ့လာသင်ယူနိုင်ပါတယ်။
သင်တန်းကာလတစ်လျှောက် အွန်လိုင်းကနေ ဆရာနဲ့ တိုက်ရိုက်သင်ယူခွင့်ရမှာဖြစ်ပြီး ပျက်ကွက်ရက်များရှိရင်/ အင်တာနက်အခြေအနေကြောင့် အဆင်မပြေခဲ့ရင် ပြန်လည်လေ့လာနိုင်ဖို့ Recorded Video တွေကိုလည်း မျှဝေထားပေးဦးမှာဖြစ်ပါတယ်။
📍သင်တန်းသားကိုယ်တိုင် လက်တွေ့စာသင်ပြရမည်ဖြစ်ပြီး Trainer မှ အားသာချက်၊ လိုအပ်ချက်များကို တိုက်ရိုက် အကြံပြုပေးသွားမှာ ဖြစ်လို့ သီအိုရီသက်သက်တင်မဟုတ်ဘဲ ကိုယ်တိုင်ယုံကြည်မှုရှိရှိနဲ့ သင်ကြားနိုင်သူအဖြစ် တစ်ပါတည်းလေ့လာရင်း ပြောင်းလဲခွင့်ရမှာပါခင်ဗျာ။
ဒီသင်တန်းလေးအကြောင်း အသေးစိတ်မေးမြန်းဆွေးနွေးလိုတယ်၊ ကိုယ်နဲ့ ကိုက်ညီမှုရှိ/မရှိ မေးမြန်းချင်တယ်ဆိုရင်တော့ အခုပဲ 💠TELEGRAM @tafinancedepartment ကနေတစ်ဆင့် မေးမြန်းအပ်နှံနိုင်ပါပြီ။
🔹 ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် Teaching Agency က အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက်ရှိနေပါတယ်
🔹Teaching Agency မှ ပို့ချသောသင်တန်းများအား မိမိတို့ ဆရာ၊ ဆရာမများအတွက် သီးသန့်ရယူလိုသော Private School၊ International School များအနေနဲ့ Cooperative Trainingနှင့် Coach Session များ ရယူနိုင်ပြီ ဖြစ်ပါတယ်။
5 662
28.9.2026
Total - Sale 4, Design 2
Revise - TAs row 6
‼️1st Priority
TA row 62
TAs row 9
TA row 40, 41, 43, 44(Sale)
2nd Priority
TA row 67
TAs row 10
5 662
သင်ကြားရေးအလုပ်လျှောက်တဲ့အခါ ကိုယ့်ကိုအမြန်ဆုံးရွေးချယ်ခန့်အပ်ခံချင်ပါသလား။⁉️
သင်ကြားရေးအလုပ်လျှောက်တဲ့အခါ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ Skills တွေကို ပြသဖို့လိုပါတယ်။ Skills ရှိရုံတင်မဟုတ်ဘဲ တကယ်ပြသနိုင်ကြောင်း မှတ်ကျောက်တင်ခံနိုင်ရပါမယ်။ Demo Teaching မစခင် တောင်းတာက Lesson Plan ပါ။ First Impression အနေနဲ့ Lesson Plan မကောင်းရင် ကိုယ့်အတွက် နစ်နာပါတယ်။ ဒါကြောင့် သင်ကြားတတ်ရုံတင်မဟုတ်ဘဲ Lesson Plan တွေကို Professional ကျကျဆွဲတတ်အောင် Lesson Planning Framework for New Teachers (Batch-2) ဖွင့်လှစ်ပါပြီ။
အတန်းအပ်ဖို့အတွက် ကောမန့်မှာ 👉 LP” လို့ ရေးခဲ့ပေးပါခင်ဗျာ။
5 662
💠 ခုနောက်ပိုင်းကလေးတွေ အာရုံစူးစိုက်မှုနည်းလာတာ ဘာကြောင့်လဲ 💠
ကိုယ်မြတ်နိုးရတဲ့ သင်ကြားရေးအလုပ်ကို စွန့်လွှတ်ချင်လောက်အောင် ဆရာ/မတွေ အများဆုံးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုကတော့ ကလေးတွေ အာရုံစူးစိုက်နိုင်စွမ်း (Attention) ပိုနည်းလာတဲ့အချက်ပါ။ ဒီလို စာသင်ခန်းတွင်းအာရုံစူးစိုက်မှု နည်းလာရတဲ့ အကြောင်းရင်းတွေထဲမှာ Digital Tools တွေ၊ နေ့စဉ်အတွေ့အကြုံနဲ့ ပတ်ဝန်းကျင်ကလဲ တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်ပါတယ်ခင်ဗျာ။
➡️ ၁။ Short-form Content တွေနဲ့ အသားကျလာခြင်း
TikTok, YouTube Short Video, Reels စတဲ့ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတဲ့ Short-form Content တွေကို မကြာခဏ ကြည့်ရှုလာတဲ့အခါ ကလေးအတွက် ရှည်လျားတဲ့ Teacher-led Instruction မှာ အာရုံစူးစိုက်မှုကို ထိန်းထားဖို့ ခက်ခဲလာပါတယ်။
📍ဒါကြောင့် ကလေးတွေကို Passive Listener အဖြစ်ထားမဲ့အစား ပါဝင်စဉ်းစား၊ ဆွေးနွေး၊ လက်တွေ့လုပ်ဆောင်နိုင်မဲ့ Learning Activities တွေ ထည့်သွင်းပေးဖို့ အရေးကြီးပါတယ်။
➡️ ၂။ ချက်ချင်းတုံ့ပြန်မှုတွေ ရရှိနေတဲ့ ပတ်ဝန်းကျင်
Game ဆော့တာ၊ Internet မှာ ရှာဖွေတာ တွေလုပ်တဲ့အခါ လိုချင်တဲ့ အချက်အလက်၊ အဖြေကို ချက်ချင်းရရှိနိုင်ပါတယ်။ ဒါပေမဲ့ စာသင်ခန်းထဲမှာတော့ အဖြေတစ်ခုရဖို့ အဆင့်ဆင့် စဉ်းစားရတာ၊ စောင့်ဆိုင်းရတာနဲ့ ကြိုးစားပြီးမှ ရလဒ်ရတာတွေ ရှိပါတယ်။
📍ဒါကြောင့် ကလေးတွေကို ချက်ချင်းအဖြေရဖို့ထက် Process ကို တဖြည်းဖြည်းလိုက်နာပြီး စဉ်းစားတတ်အောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
➡️ ၃။ Information တွေ များပြားလာခြင်း
ယနေ့ခေတ်ကလေးတွေဟာ နေ့စဉ်ဘဝမှာ ပုံရိပ်၊ အသံ၊ Video၊ စာသားနဲ့ Information အမျိုးမျိုး ကို ထိတွေ့နေရပါတယ်။ ဒီလို Information-rich Environment ထဲမှာ နေထိုင်လာတဲ့ ကလေးတွေအတွက် စာသင်ခန်းထဲမှာ ဘာသာရပ်အကြောင်းအရာကို တစ်ပုံစံတည်းနဲ့ အချိန်ကြာကြာ သင်ကြားပေးတဲ့အခါ အာရုံစူးစိုက်မှုထိန်းထားဖို့ ခက်ခဲပါတယ်။
📍ဒါကြောင့် Information တွေကို တစ်ခါတည်း အများကြီးပေးမဲ့အစား သင်ခန်းစာအကြောင်းအရာကို အပိုင်းငယ်တွေခွဲပြီး Visuals, Questions, Discussion နဲ့ Short Activities တွေနဲ့ ပေါင်းစပ်သင်ကြားပေးနိုင်ပါတယ်။
💡 ဒါဆို ဆရာ/မတို့ဘက်က ဘယ်လိုပြောင်းလဲချဉ်းကပ်သင့်လဲ။
နည်းပညာတိုးတက်မှုကို ကျွန်တော်တို့ တားဆီးလို့မရပါဘူး။ ဒါပေမဲ့ စာသင်ခန်းထဲက သင်ကြားရေးနည်းစနစ် (Pedagogy) ကိုတော့ ကလေးတွေရဲ့ အသက်အရွယ်၊ ဖွံ့ဖြိုးမှုနဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ပြောင်းလဲပေးနိုင်ပါတယ်။
📍 ၄၅ မိနစ်လုံး ဆရာကပဲ ဆက်တိုက်ရှင်းပြနေမဲ့အစား သင့်တော်တဲ့အချိန်မှာ Movement Activities / Brain Break လေးတွေ ထည့်ပေးပါ။
📍 စာချည်းသက်သက်သင်တာထက် Game-based / Play-based Learning တွေကို သင့်တော်သလို ထည့်သွင်းပြီး ကလေးတွေကို တက်ကြွစွာ ပါဝင်ခိုင်းပါ။
📍 ဆရာကချည်း ပြောနေမဲ့အစား ကလေးကိုယ်တိုင် စဉ်းစား၊ ဆွေးနွေး၊ မေးခွန်းမေးပြီး ပါဝင်နိုင်မဲ့ Interactive Activities တွေနဲ့ အတန်းကို အသက်ဝင်အောင် ဖန်တီးပါ။
အတန်းထဲမှာ အာရုံမစူးစိုက်နိုင်တဲ့ ကလေးကို “ဒီကလေးက စာမကြိုးစားဘူး” လို့ သတ်မှတ်ပစ်လို့ မရပါဘူး။
ကလေးတစ်ယောက်ရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှု၊ စိတ်ခံစားချက်၊ အပြုအမူ၊ သင်ကြားရေးပတ်ဝန်းကျင် နဲ့ တစ်ဦးချင်းလိုအပ်ချက်တွေကလဲ သူ့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာ/မတစ်ယောက်အနေနဲ့ “ဘယ်လိုသင်ရမလဲ?” ဆိုတာတင်မကဘဲ “ဒီကလေးက ဘာကြောင့် ဒီလိုတုံ့ပြန်နေတာလဲ” ဆိုတာကိုပါ နားလည်ဖို့ လိုအပ်ပါတယ်။
💬 ကလေးတွေရဲ့ ဖွံ့ဖြိုးမှု၊ စိတ်ခံစားချက်နဲ့ အပြုအမူကို နားလည်ပြီး စာသင်ခန်းထဲမှာ ပိုမိုသင့်တော်တဲ့ Teaching Approach တွေကို အသုံးချနိုင်ဖို့ "Child Psychology for Parents and Teachers" အတန်းကို အောက်တိုဘာလ (6)ရက်နေ့မှာ ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ။ တက်ရောက်လိုတဲ့ ဆရာ/မတို့အနေနဲ့ Comment မှာ "Child Psychology" လို့ရေးခဲ့လိုက်ပါခင်ဗျာ။TA Team က အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးသွားပါမယ်။ 💙
🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹
💠 ဆရာ၊ဆရာမများရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ဖို့ သီးသန့်သင်တန်းများရယူလိုတဲ့ Private School, International School များအတွက်လည်း Coach Session and Cooperative Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 💠
5 662
🇹🇭 ထိုင်းစကားပြော တတ်ချင်လို့ သင်တန်းတက်ဖို့ စဉ်းစားနေတယ်။ ဒါပေမဲ့ သင်နေရင်းတန်းလန်း ဆက်မလေ့လာနိုင်မှာကိုရော စိုးရိမ်မိနေလား။
ထိုင်းဘာသာစကားကို စတင်လေ့လာတဲ့ ကျောင်းသားအများစု ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှု (၃) ခုအတွက် ကြိုတင်ပြင်ဆင်နိုင်အောင် မျှဝေပေးသွားပါမယ်။
💠 (၁) အသံထွက်လွဲတာနဲ့ အဓိပ္ပာယ် လုံးဝပြောင်းသွားခြင်း 💠
ထိုင်းဘာသာစကားဟာ အသံအနိမ့်အမြင့် (Mid, Low, Falling, High, Rising) ဆိုမျိုး Tone (၅) မျိုးရှိပါတယ်။ ဒါကြောင့် အခြေခံအဆင့်ကို စတင်သင်ကြားရင်း၊ အသံဖတ်စည်းမျဉ်းတွေကို ကျေညှက်အောင် မလေ့လာရတဲ့အခါ အသံမှားထွက်နိုင်ခြေ အလွန်များပါတယ်။ အခုလို အသံထွက် အနည်းငယ်မှားသွားရုံနဲ့ ပြောချင်တဲ့ အဓိပ္ပာယ်က လုံးဝပြောင်းသွားတတ်တာမို့ စကားပြောတဲ့အခါ အမြဲတမ်း သတိထားနေရပြီး၊ စတင်လေ့လာသူတွေအတွက်တော့ အကြီးမားဆုံး စိတ်ဖိစီးမှုတစ်ခု ဖြစ်လာတတ်ပါတယ်။
💠 (၂) မြန်မာစကားနဲ့ ပြောင်းပြန်ဖြစ်နေတဲ့ သဒ္ဒါဖွဲ့စည်းပုံ 💠
ဝါကျတည်ဆောက်တဲ့အခါ မြန်မာလို တိုက်ရိုက်ဘာသာပြန်လို့ မရပါဘူး။ နာမ်နဲ့ နာမဝေသေသန နေရာချထားမှုတွေ ပြောင်းပြန်ဖြစ်နေတာကြောင့်၊ ကိုယ်ပိုင် စာကြောင်းတည်ဆောက်တဲ့အခါ ကျောင်းသားအများစု ရောထွေးမှားယွင်းတတ်တဲ့ အတားအဆီးတစ်ခု ဖြစ်ပါတယ်။
💠 (၃) ရှုပ်ထွေးလှတဲ့ အက္ခရာစဉ်၊ သရနဲ့ စည်းမျဉ်းစည်းကမ်းများ 💠
ထိုင်းဗျည်း (၄၂) လုံးကို အုပ်စု (၃) စု ခွဲခြားထားတာ၊ သရပေါင်းများစွာနဲ့ အသံပြောင်းသင်္ကေတတွေကို အသုံးချရပါတယ်။ ဒါကြောင့် ထိုင်းစာ အဖတ်၊ အရေးကို စတင်လေ့လာတဲ့အခါ၊ စည်းမျဉ်းတွေ များပြားလွန်းလို့ ကျောင်းသားတချို့ကတော့ ဆက်သင်ဖို့ လက်လျှော့သွားတတ်ကြပါတယ်။
💡 ဒီလို အခက်အခဲတွေကို ကျော်လွှားပြီး ထိုင်းဘာသာစကားကို ကျောင်း (သို့) အလုပ်အားလပ်ချိန်မှာ ထိထိရောက်ရောက်၊ ဖိဖိစီးစီး လေ့လာချင်တယ်ဆိုရငိတော့ TAstudents+ မှာ ထိုင်းဘာသာစကားအတွက် ကျွမ်းကျင်ဆရာနဲ့ တစ်ဦးချင်းသီးသန့် (အွန်လိုင်း/အိမ်အရောက်) သင်ယူနိုင်တဲ့ One On One Education Service ကို အခမဲ့ရယူနိုင်ပါပြီ။
စိတ်၀င်စားတယ်ဆိုရင်၊ အောက်ပါ Page Chat Box ကဖြစ်ဖြစ်၊ ဖုန်းနံပါတ်တွေကနေ တဆင့်ပဲဖြစ်ဖြစ် စိတ်ကြိုက်စုံစမ်းမေးမြန်းနိုင်ပါပြီခင်ဗျာ။
💠 Page Chatbox မှ တိုက်ရိုက်ဆက်သွယ်ရန် - m.me/teaching.agency.official
💠TELEGRAM @tafinancedepartment
💠 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန် -
🇲🇲 09762012599
🇲🇲 09976048967
🇹🇭 (+66) 0824965216
❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞
5 662
💠Digital Media နဲ့ ကြီးပြင်းလာတဲ့ ကလေးတွေကို မြန်မာစာသင်ရတာ အခက်အခဲရှိနေပြီလား။
အထက်တန်းအဆင့် မြန်မာစာဆိုတာ သဒ္ဒါ၊ ကဗျာ၊ အလင်္ကာကနေ ပြဇာတ်အထိ စာပေအနုပညာတွေကို ခံစားနားလည်ရမယ့် အဆင့်ပါ။ ဒါပေမဲ့ Digital Media တွေနဲ့ ကြီးပြင်းလာတဲ့ ယနေ့ခေတ် ကလေးတွေအတွက် စာရှည်ကြီးတွေ ဖတ်ဖို့၊ ရှေးဟောင်းကဗျာတွေကို အဓိပ္ပာယ်မသိဘဲ အလွတ်ကျက်ဖို့ဆိုတာ တော်တော်လေး စိတ်ဝင်စားမှုနည်းလာတဲ့ အပိုင်းဖြစ်လာပါတယ်။
ဆရာ၊ ဆရာမတွေဘက်ကလည်း မိမိသင်မယ့် ဘာသာရပ်ကို ကျွမ်းကျင်ပေမယ့် ကလေးတွေ စာပေအရသာကို အမှန်တကယ် ခံစားတတ်လာအောင် ဘယ်လိုဆွဲဆောင်သင်ကြားရမလဲဆိုတဲ့ စိန်ခေါ်မှုတွေနဲ့ နေ့စဉ် ကြုံတွေ့နေရပါတယ်။
မြန်မာစာကို အလွတ်ကျက်ဖြေရတဲ့ ဘာသာရပ်တစ်ခုအဖြစ်ကနေ ကျောင်းသားတွေ ကိုယ်တိုင် တွေးခေါ်ဝေဖန်နိုင်စွမ်းမြင့်တက်လာစေမယ့် ဘာသာရပ်တစ်ခုဖြစ်လာဖို့ဆိုရင် ဆရာကိုယ်တိုင်က ဘာသာရပ်ကျွမ်းကျင်မှုသာမက စနစ်ကျတဲ့ သင်ကြားနည်းဗျူဟာတွေပါ ပေါင်းစပ်တတ်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် စာသင်ခန်းထဲမှာ ကျောင်းသားတွေနဲ့ အပြန်အလှန် ဆွေးနွေးပြီး မြန်မာစာရဲ့ အနှစ်သာရကို ထိထိမိမိ ပို့ချနိုင်မယ့် Teaching Agency ရဲ့ "အထက်တန်းဆင့် မြန်မာစာသင်ကြားနည်း (Batch-6)" ကိုဖွင့်လှစ်ပေးလိုက်ပါပြီခင်ဗျာ။
💠သင်တန်းနေ့ရက်နဲ့ အချိန်များ
အထက်တန်းဆင့် မြန်မာစာသင်ကြားနည်း (Batch-6)
သင်တန်းဖွင့်ပွဲ - 11. 10. 2026 (Sun)
သင်တန်းစရက် - 12. 10. 2026 (Mon)
သင်တန်းရက် - Mon, Tue, Thu, Fri
သင်တန်းပိတ်ပွဲ - 21. 11. 2026 (Sat)
သင်တန်းကာလ - ၁ လခွဲ (6 Weeks)
သင်တန်းအချိန် - 8:30 PM - 10:00 PM
သင်တန်းကြေး - 100000 ကျပ်
TA သင်တန်းသားဟောင်း - 80000 ကျပ်
💠 Trainer:
Sayar Hmue Tay Za
B.Ed.(YUOE)
Dip ECCD (YUOE)
Post Graduate Diploma in Creative Writing and Editing (YU)
---------------
🔷 သင်တန်းအကြောင်းအရာများ
မြန်မာစကား၊ မြန်မာစာ
(၁) ဘာသာဗေဒ
(၂) မြန်မာသဒ္ဒါ
(၃) မြန်မာစာပေသမိုင်း
(၄) အလင်္ကာပညာ
(၅) ရေးဟန်ပညာ
(၆) မြန်မာကဗျာဖွဲ့နည်း
မြန်မာစာသင်ကြားရေး
(၇) အပြောသင်ခန်းစာသင်ကြားရေး
(၈) မြန်မာစကားပြေသင်ကြားရေး
(၉) မြန်မာကဗျာသင်ကြားရေး
(၁၀) မြန်မာပြဇာတ်သင်ကြားရေး
(၁၁) အရေးသင်ခန်းစာသင်ကြားရေး
(၁၂) စာစီစာကုံးနှင့်အဆိုဆွေးနွေးသင်ကြားရေး
ဒီသင်တန်းလေးမှာ မြန်မာစာပေရဲ့ အခြေခံအုတ်မြစ်တွေဖြစ်တဲ့ ဘာသာဗေဒ၊ မြန်မာသဒ္ဒါ၊ စာပေသမိုင်း၊ အလင်္ကာပညာ၊ ရေးဟန်ပညာနဲ့ မြန်မာကဗျာဖွဲ့နည်းတွေကို နားလည်ပြီး ရရှိလာတဲ့ အသိပညာတွေကို စာသင်ခန်းထဲမှာ အသက်သွင်းနိုင်မယ့် သင်ကြားနည်းဗျူဟာတွေ၊ ကလေးတွေရဲ့ ကိုယ်ပိုင်အိုင်ဒီယာ ထွက်လာအောင် ဘယ်လို လမ်းညွှန်မလဲ ဆိုတာတွေကို လက်တွေ့ကျကျ လေ့လာရမှာပါ။
--------
➡️ Teaching Agency မှာ အထက်တန်းမြန်မာစာသင်ကြားနည်းအတန်းတက်ရောက်တဲ့အခါ
◾သင်တန်းပြီးသွားပေမယ့် ကိုယ်တိုင် Lesson Plan ဆွဲတဲ့အခါတိုင်း ပြန်လည်ကိုးကားကြည့်ရှုနိုင်မယ့် Lifelong Recorded Videos များကို ပံ့ပိုးပေးထားပါတယ်။
◾သင်တန်းဆင်းပြီးနောက် စာသင်ခန်းထဲမှာ လက်တွေ့ကြုံလာရတဲ့ အခက်အခဲတွေကို Trainer ဆရာကြီးများအပြင် အခြားသော Professional ဆရာ၊ ဆရာမတွေနဲ့ပါ အချိန်မရွေး တိုင်ပင်ဆွေးနွေးနိုင်မယ့် Lifetime Telegram Group ပါဝင်ပါတယ်။
◾သင်တန်းဆင်း Certificate ရရှိမယ့်အပြင်၊ Teaching Agency ရဲ့ နောက်ထပ် Career Upgrade သင်တန်းတွေအတွက် သီးသန့် Alumni Discount တွေကိုပါ ရရှိနိုင်မှာပါ။
📍မြန်မာစာကို ရိုးရိုးရှင်းရှင်း စာသင်တဲ့အဆင့်ကနေ ကျောင်းသားတွေရဲ့ တွေးခေါ်မှုကိုပါ ပြောင်းလဲပေးနိုင်တဲ့ Professional မြန်မာစာဆရာတစ်ယောက်အဖြစ် သင့်ရဲ့ Career ကို အဆင့်မြှင့်တင်ဖို့ ယခုပဲ 💠TELEGRAM @tafinancedepartment
ကနေ မေးမြန်းအပ်နှံနိုင်ပါပြီခင်ဗျာ။
🔹 ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် Teaching Agency က အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက်ရှိနေပါတယ်
🔹Teaching Agency မှ ပို့ချသောသင်တန်းများအား မိမိတို့ ဆရာ၊ ဆရာမများအတွက် သီးသန့်ရယူလိုသော Private School၊ International School များအနေနဲ့ Cooperative Trainingနှင့် Coach Session များ ရယူနိုင်ပြီ ဖြစ်ပါတယ်။
5 662
❝ သင်္ချာသင်ရိုးများစွာထဲမှာမှ အခက်ဆုံးလို့ သိကြတဲ့ Olympiad Math သင်တဲ့ ဆရာတစ်ဦးဖြစ်လာဖို့ စိတ်ဝင်စားလား ❞
❖ Olympiad Mathematics ဆိုတာ ပုံသေနည်းအလွတ်ကျက်ရတဲ့ သာမန်သင်္ချာမျိုး မဟုတ်ဘဲ ကလေးတွေရဲ့ Problem-solving skills နဲ့ Logical reasoning တွေကို မြှင့်တင်ပေးရတဲ့ ပညာရပ်တစ်ခုပါ။ Primary နဲ့ Lower Secondary ဆရာ၊ ဆရာမတွေအပြင်၊ International Math ကိုမှ ရွေးချယ် သင်ကြားလိုသူတွေအတွက် Smart Calculation, Logic Skills ကနေစပြီး၊ Mock Teaching တွေအထိ (၇) ပတ်ကြာ သင်ကြားပေးမယ့် “Olympiad Maths (Basic Level 1 and 2) Teacher Training (Batch-1)” သင်တန်းကို လာမယ့် စက်တင်ဘာလ (၂၇) ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာပါ။
ဒီသင်တန်းတက်ရောက်လိုတယ်ဆိုရင် Page Messenger ကနေ အခုပဲ ဆက်သွယ်အပ်နှံနိုင်ပါပြီခင်ဗျာ။
👉 သင်တန်းအသေးစိတ် - https://www.facebook.com/share/p/1CygYP756V/
👉 ချက်ချင်းအပ်နှံရန် - 💠TELEGRAM @tafinancedepartment
🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတိုရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်
5 662
အထက်တန်းဆင့်မြန်မာစာသင်ကြားရေးအတွက် ဝမ်းစာဖြည့်ဖို့ သင်တန်းကောင်းရှာနေပါသလား။❓
အထက်တန်းဆင့် မြန်မာစာသင်ကြားနည်း (Batch-6)
ဒီသင်တန်းကို ဆရာမှူးတေဇက လာမဲ့ အောက်တိုဘာလ(11)ရက်နေ့မှာ စတင်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သင်ကြားရေးဝမ်းစာဖြည့်ဖို့ အတန်းလေးအပ်ချင်တယ်ဆိုရင်တော့ ကောမန့်မှာ 👉”အထက်တန်းမြန်မာစာ” လို့ ရေးခဲ့ပေးပါခင်ဗျာ။
5 662
💠A2 Level စာမေးပွဲကို ပိုင်နိုင်စွာ ကိုင်တွယ်ချင်တဲ့ ဆရာ၊ ဆရာမများအတွက် How to teach Flyers YLE Exam Preparation (Batch-11) 💠
Cambridge YLE စာမေးပွဲတွေရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ Flyers အဆင့်ဟာ ကလေးအင်္ဂလိပ်စာအဆင့်ကနေ ဥရောပစံနှုန်း CEFR အရ A2 Level ကို ရောက်ရှိသွားပြီဖြစ်လို့ Secondary ပညာရေးနဲ့ Cambridge KET စာမေးပွဲအတွက် အရေးပါလာပါပြီ ။ ဒါကြောင့်လည်း ဒီအဆင့်မှာ မိဘတိုင်း မျှော်လင့်တာက ကလေးတွေ Listening, Reading & Writing, Speaking သုံးခုစလုံးမှာ Shields တွေ ပိုရလာဖို့ဖြစ်ပါတယ်။
ဒါပေမယ့် ဆရာ၊ ဆရာမတွေ အဓိကကြုံတွေ့ရတဲ့ စိန်ခေါ်မှုက ကျောင်းသားတွေရဲ့Productive Skills ကို မြှင့်တင်ပေးရတဲ့ အပိုင်းပါ။ Starters, Movers တွေလို အခြေခံဝေါဟာရနဲ့ ပုံကြည့်ဖြေရုံနဲ့ မရတော့ဘဲ ပိုမိုရှုပ်ထွေးတဲ့ Grammar Structure တွေကို လက်တွေ့အသုံးချလာရပါတယ်။
ဥပမာ - Reading & Writing ရဲ့ Story-writing အပိုင်းမှာ ကိုယ်ပိုင်အိုင်ဒီယာနဲ့ စာကြောင်းတွေ အချိတ်အဆက်မိမိ ရေးသားရတာ၊ Listening မှာ တိုက်ရိုက်အဖြေမဟုတ်ဘဲ စကားပြောသူရဲ့ ဆိုလိုရင်းကို ကောက်ချက်ချ (Inference) ရွေးချယ်ရတာ၊ Speaking မှာလည်း အလွတ်ကျက်ထားတဲ့ အဖြေတွေထက် ချက်ချင်းစဉ်းစားပြီး မေးခွန်းထုတ်၊ ဇာတ်လမ်းဆင်ပြောဆိုရတာတွေဟာ ကျောင်းသားတွေအတွက် သိသိသာသာ ခက်ခဲလာတဲ့ အပိုင်းတွေ ဖြစ်ပါတယ်။
ဒီလိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် ဆရာ၊ ဆရာမတွေအနေနဲ့ ရိုးရှင်းတဲ့ သင်ရိုးလမ်းညွှန်မှုထက် စာမေးပွဲမှာ ကြုံလာနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ချောချောမွေ့မွေ့ဖြေနိုင်မယ့်နည်းလမ်းတွေကို နားလည်ပြီး အဆင့်ဆင့် ပံ့ပိုးသင်ကြားပေးတဲ့ နည်းစနစ်တွေ လိုအပ်လာပါတယ်။
Teaching Agency ရဲ့ "How to teach Flyers YLE Exam Preparation (Batch-11)" သင်တန်းမှာတော့ YLE Flyers Exam ဖြေဆိုဖို့ ရည်ရွယ်ထားတဲ့ ကျောင်းသားတွေကို သင်တဲ့အခါမှ စာမေးပွဲရဲ့ သဘောသဘာဝကို နားလည်လာအောင် ဘယ်လိုစနစ်တကျ လေ့ကျင့်ပေးရမလဲဆိုတဲ့ Pedagogical Strategies တွေကို ပိုမိုလေ့လာနိုင်မှာပါ။
💠သင်တန်းအချက်အလက်များ
သင်တန်းဖွင့်ပွဲ - 10. 10. 2026 (Sat)
သင်တန်းစရက် - 10. 10. 2026 (Sat)
သင်တန်းရက် - Wed, Sat, Sun (Weekly)
သင်တန်းပိတ်ပွဲ -7. 11. 2026 (Sat)
သင်တန်းကာလ - 4 Weeks
သင်တန်းအချိန် - 8:30 PM - 10:00 PM
သင်တန်းကြေး - 60,000 ကျပ်
TA သင်တန်းသားဟောင်း -50,000 ကျပ်
💠 Trainer: Tr. Thiri
❖ B.Act ( YIE),
❖ Diploma in TESOL (LTTC, UK)
❖ Diploma in Teacher Training (TQUK)
❖ Diploma in Arts; Music (NUAC)
❖ TKT (Cambridge)
❖ TKT YL (Cambridge)
---------------
◾Flyers အဆင့်ကို ယုံကြည်မှုအပြည့်နဲ့ သင်ကြားနိုင်ပြီး ကျောင်းသားတိုင်းကို Shield အပြည့်ရအောင် စနစ်တကျ လမ်းညွှန်ပေးနိုင်လိုသူများ၊
◾မိဘတွေနဲ့ ကျောင်းအုပ်ချုပ်သူတွေက ယုံကြည်ရတဲ့ Exam Specialist တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ပြီး၊ International Schools တွေနဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ Career Opportunity အသစ်တွေ ပိုမိုရရှိလိုသူများ
◾စာမေးပွဲဖြေဆိုမှုအတွက်သာမက ခေတ်မီသင်ကြားနည်းတွေနဲ့ Lesson Plan တွေကို ကိုယ်တိုင် ရေးဆွဲဖန်တီးတတ်လိုသူများအတွက် အတွေးအခေါ်အသစ်တွေအများကြီး ရရှိစေမှာပါ။
💠📍Teaching Agency မှာတက်တဲ့အခါ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ 📍
◾အလုပ်များတဲ့ ဆရာ၊ ဆရာမတွေအတွက် အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်မယ့် Lifelong Recorded Videos များ စီစဉ်ပေးထားခြင်း
◾သင်တန်းဆင်းပြီးနောက်ပိုင်း လက်တွေ့သင်ကြားရာမှာ အခက်အခဲရှိလာပါက အချိန်မရွေး မေးမြန်းဆွေးနွေးနိုင်မယ့် Lifetime Telegram Discussion Group ရှိခြင်း
◾သင်တန်းဆင်း Certificate ပေးအပ်ခြင်း
◾Teaching Agency ၏ သင်တန်းသားဟောင်းများအတွက် သီးသန့် Alumni Discount ထားရှိပေးခြင်း
ဒီသင်တန်းလေးက တစ်နှစ်မှာ အကြိမ်ရေအနည်းငယ်သာဖွင့်လှစ်တာဖြစ်လို့ Cambridge Exam Specialist အဖြစ် ရပ်တည်လိုတဲ့ ဆရာ/မတို့အနေနဲ့ သင်တန်းဖွင့်ရက်မတိုင်ခင် 💠TELEGRAM @tafinancedepartment ကနေတစ်ဆင့် အမြန်ဆုံးစာရင်းပေးသွင်းတန်းအပ်နှံနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
🔹 ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် Teaching Agency က အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက်ရှိနေပါတယ်
🔹Teaching Agency မှ ပို့ချသောသင်တန်းများအား မိမိတို့ ဆရာ၊ ဆရာမများအတွက် သီးသန့်ရယူလိုသော Private School၊ International School များအနေနဲ့ Cooperative Trainingနှင့် Coach Session များ ရယူနိုင်ပြီ ဖြစ်ပါတယ်။
