fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

Teaching Agency

Teaching Agency

رفتن به کانال در Telegram

Teaching Agency ရဲ့ Official Telegram Channel ဖြစ်ပါတယ် ခင်ဗျာ

نمایش بیشتر
5 721
مشترکین
اطلاعاتی وجود ندارد24 ساعت
-77 روز
+3530 روز
آرشیو پست ها
အနှစ်ချုပ်ရရင် ... GED Maths Word Problems တွေကို သင်ကြားရာမှာ ကျောင်းသားတွေ အဖြေမှန်ရဖို့တစ်ခုတည်းတင်မဟုတ်ဘဲ သင်္ချာဝေါဟာရတွေကို နားလည်ဖို့၊ မေးခွန်းကို အဆင့်လိုက် ခွဲခြမ်းစိတ်ဖြာတတ်ဖို့နဲ့ စာသားကနေ Equation (သို့) Visual Model အဖြစ် ပြောင်းလဲပြီး ကိုယ်တိုင်စဉ်းစား ဖြေရှင်းနိုင်စွမ်း (Problem-Solving Skills) တိုးတက်လာအောင် လေ့ကျင့်ပေးဖို့က အဓိကကျပါတယ်။ 💙 📢 GED Mathematical Reasoning ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူတွေ နားလည်လွယ်ပြီး အမှတ်ကောင်းကောင်းရအောင် စနစ်တကျ သင်ကြားပေးချင်တဲ့ ဆရာ၊ ဆရာမတို့အတွက် ... Teaching Agency မှာ How to Teach GED Mathematical Reasoning (Batch-2) သင်တန်းလေးကို ဖွင့်လှစ်ပေးထားပါတယ်။ 📌 သင်တန်းအချက်အလက်များ ▪️ သင်တန်းဖွင့်ပွဲ - 13. 11. 2026 (Fri) ▪️ သင်တန်းစရက် - 14. 11. 2026 (Sat) ▪️ သင်တန်းရက် - Sat & Sun (Weekly) ▪️ သင်တန်းပိတ်ပွဲ - 20. 12. 2026 (Sun) ▪️ သင်တန်းကာလ - 6 Weeks ▪️ သင်တန်းအချိန် - 7:00 PM – 8:30 PM ▪️ သင်တန်းကြေး - 120,000 ကျပ် (TA သင်တန်းသားဟောင်း - 100,000 ကျပ်) 💬 အချိန်မီ အတန်းအပ်နှံဖို့ရန် Comment မှာ " Maths " လို့ရေးခဲ့ပေးပါ။TA Team မှ အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးသွားပါမယ်။ 💙 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက် ရှိနေပါတယ် 🔹 🔹 ဆရာ၊ ဆရာမများအတွက် သီးသန့် Training ရယူလိုတဲ့ Private School / International School များအနေနဲ့လည်း Teaching Agency မှ Cooperative Training နှင့် Coaching Session များ ရယူနိုင်ပါတယ် 🔹

📘 ❝ GED Maths Word Problems တွေ့တာနဲ့ မေးခွန်းမဖတ်တတ်လို့ ခေါင်းကိုက်တတ်တဲ့ ကျောင်းသားတွေကို ဘယ်လိုချဉ်းကပ်သင်ကြားပေးမလဲ? ❞ GED Mathematical Reasoning သင်ကြားတဲ့အခါ ကျောင်းသားတော်တော်များများဟာ သင်္ချာပုံသေနည်း (Mathematical Formulas) တွေနဲ့ ရိုးရိုးတွက်ပုစ္ဆာတွေကို ကောင်းကောင်းတွက်နိုင်ကြပေမဲ့၊ Word Problems တွေ့တဲ့အခါမှာတော့ ဘယ်ကနေစတွက်ရမလဲ မသိဘဲ အခက်တွေ့တတ်ကြပါတယ်။ အဓိကအားဖြင့် မေးခွန်းထဲက အင်္ဂလိပ်အသုံးအနှုန်းတွေကို နားမလည်တာ၊ ပေးထားချက်နဲ့ မေးထားချက်ကို ခွဲခြားမထုတ်တတ်တာနဲ့ စာသားတွေကို သင်္ချာညီမျှခြင်း (Equation) အဖြစ် ပြောင်းလဲဖို့ အခက်အခဲရှိနေကြတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ကျောင်းသားကို ပုစ္ဆာတွေချည်း ထပ်ခါထပ်ခါ တွက်ခိုင်းနေရုံနဲ့ မလုံလောက်ပါဘူး။ မေးခွန်းကို ဖတ်ရှုနားလည်ခြင်းကနေ စတင်ပြီး သင်္ချာပုစ္ဆာအဖြစ် ပြောင်းလဲစဉ်းစားတတ်အောင် အောက်ပါ Teaching Strategies (၃) ခု နဲ့ စနစ်တကျ လေ့ကျင့်ပေးနိုင်ပါတယ်။ 💠 ၁။ Math-to-English Dictionary (သင်္ချာဝေါဟာရနှင့် အင်္ဂလိပ်စာကို ချိတ်ဆက်သင်ကြားခြင်း) Word Problems တွေမှာ အတွေ့ရများတဲ့ သင်္ချာဆိုင်ရာ အင်္ဂလိပ်ဝေါဟာရ (Mathematical Vocabulary) တွေကို ကျောင်းသားတွေ တိတိကျကျ နားလည်ထားဖို့ အရမ်းအရေးကြီးပါတယ်။ ဥပမာ - 🔹 Sum / Total — ပေါင်းလဒ်၊ စုစုပေါင်း 🔹 Difference — ကွာခြားချက် (နှုတ်လဒ်) 🔹 Product / Quotient — မြှောက်လဒ် / စားလဒ် 🔹 At least / At most (No more than) — အနည်းဆုံး / အများဆုံး (ထက်မပိုသော) 🔹 Remaining / Left — ကျန်ရှိသော 🔹 Twice / Double — နှစ်ဆ 🔹 Increased by / Decreased by — တိုးလာသော / လျော့သွားသော ပမာဏ 💡 စကားလုံးနဲ့ မြန်မာအဓိပ္ပာယ်ကို အလွတ်ကျက်ခိုင်းရုံမဟုတ်ဘဲ ဝါကျထဲမှာ ဘယ်လိုအသုံးပြုထားသလဲ ဆိုတာကိုပါ ဥပမာနဲ့ ရှင်းပြပေးပါ။ (ဥပမာ - “John has twice as many books as Mary.” ဆိုတဲ့ ဝါကျမှာ "twice" ကို မှတ်မိရုံတင်မကဘဲ Mary မှာ စာအုပ် 5 အုပ်ရှိရင် John မှာ 2 × 5 = 10 အုပ်ရှိမယ်ဆိုတဲ့ ဆက်နွယ်မှုကိုပါ နားလည်အောင် ပြသပေးပါ။) ကျောင်းသားတွေကို ကိုယ်ပိုင် Math Vocabulary Notebook လေးတစ်အုပ်ထားပြီး စကားလုံး၊ အဓိပ္ပာယ်၊ ဥပမာဝါကျနဲ့ သင်္ချာပုံစံတို့ကို တွဲဖက်မှတ်သားစေတာက ထိရောက်ပါတယ်။ 💠 ၂။ 4-Step Decoding Process (ပုစ္ဆာကို အဆင့်လိုက် ခွဲခြမ်းစိတ်ဖြာခြင်း) မေးခွန်းအရှည်ကြီးတွေ့တာနဲ့ ကျောင်းသားတွေ စိတ်ရှုပ်ထွေးမသွားစေဖို့ ပုစ္ဆာတစ်ပုဒ်ကို အဆင့် (၄) ဆင့်နဲ့ စနစ်တကျ ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးပါ။ 🔹 Step 1: READ (ဖတ်ရှုနားလည်ခြင်း) ပုစ္ဆာကို အလျင်စလိုဖတ်ပြီး တန်းတွက်တာမျိုး မလုပ်စေဘဲ မေးခွန်းရဲ့ ဆိုလိုရင်းကို အရင်နားလည်အောင်လုပ်ခိုင်းပါ။ 🔹 Step 2: IDENTIFY (ခွဲခြားထုတ်ယူခြင်း) မေးခွန်းထဲမှာ ဘာအချက်အလက်တွေ ပေးထားသလဲ၊ ဘာကို ရှာဖွေခိုင်းသလဲဆိုတာ ခွဲထုတ်စေပါ။ 🔹 Step 3: TRANSLATE (သင်္ချာပုံစံပြောင်းခြင်း) ပေးထားချက်တွေကြားက ဆက်နွယ်မှုကိုကြည့်ပြီး Equation, Table (သို့မဟုတ်) Diagram အဖြစ် ပြောင်းလဲစေပါ။ 🔹 Step 4: SOLVE & CHECK (တွက်ချက်စစ်ဆေးခြင်း) Equation ကို တွက်ချက်ပြီး ရလာတဲ့အဖြေနဲ့ ယူနစ်ဟာ မေးခွန်းရဲ့ တောင်းဆိုချက်နဲ့ ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်စစ်ဆေးစေပါ။ 💡ဥပမာ - "A student buys 3 notebooks for $4 each. How much does the student pay in total?" ဆိုတဲ့ ပုစ္ဆာမျိုးမှာ ဆရာက အဆင့် (၄) ဆင့်လုံးကို အသံထွက်စဉ်းစားပြပြီး (Think-aloud) နမူနာတွက်ပြပါ။ နောက်တစ်ပုဒ်မှာ ကျောင်းသားနဲ့အတူ တွက်ပြီး နောက်ဆုံးမှာမှ ကျောင်းသားကိုယ်တိုင် ဖြေရှင်းခိုင်းပါ (I Do, We Do, You Do ပုံစံ)။ 💠 ၃။ Graphical Representation (ပုံ၊ Diagram နှင့် Graph များ အသုံးပြုခြင်း) တချို့သင်္ချာအယူအဆတွေက ဖတ်ရုံ၊ Equation ချရေးရုံနဲ့ မမြင်သာနိုင်ပါဘူး။ ဒါကြောင့် ပုစ္ဆာအမျိုးအစားအလိုက် သင့်တော်တဲ့ Visual Model တွေနဲ့ ချိတ်ဆက်သင်ကြားပေးသင့်ပါတယ်။ 🔹 Bar Model ပမာဏနှစ်ခုကို နှိုင်းယှဉ်ခြင်း၊ စုစုပေါင်းနဲ့ အစိတ်အပိုင်းတွေကို မြင်သာစေခြင်း (ဥပမာ - Sarah ရဲ့ မူလငွေ $20 ထဲက နေ့လယ်စာဖိုး $6 သုံးလိုက်ရင် ကျန်ငွေ $20 − $6 = $14 ကို Bar လေးဆွဲပြီး ခွဲပြခြင်း)။ 🔹 Number Line အပေါင်း၊ အနုတ်၊ ကိန်းတန်ဖိုးနဲ့ အကွာအဝေးတို့ကို မြင်သာစေခြင်း။ 🔹 Table & Graph ပေးထားတဲ့ Data တွေကို စနစ်တကျ စုစည်းပြီး ဆက်နွယ်မှု (Relationships) နဲ့ ပြောင်းလဲမှုပုံစံ (Trends) တွေကို ရှာဖွေစေခြင်း။ 💡 ဒီနည်းလမ်းက ကျောင်းသားကို အဖြေတန်းပေးတာမဟုတ်ဘဲ ပုစ္ဆာထဲက ပမာဏတွေရဲ့ ဆက်နွယ်မှုကို မျက်စိနဲ့မြင်ပြီး ကိုယ်တိုင် Diagram ဆွဲကာ အဖြေရှာတတ်လာစေဖို့ ဖြစ်ပါတယ်။

📘 TAstudents+ က ရှာပေးခဲ့တဲ့ ဆရာတိုင်းက အဆင်ပြေတယ် ၊ ဆရာတွေက အသင်အပြကောင်းတယ်ဆိုတဲ့ မေမေ့ရဲ့ စကားသံလေးကို မျှဝေပေးချင်ပါတယ်။ ကလေးရဲ့ ပညာရေးတိုးတက်မှုအတွက် ဒီလကနေစပြီး၊ သေချာပြင်ဆင်ပေးဖို့ စဉ်းစားနေတယ်ဆိုရင် အိမ်အရောက် (Home Guide) ဖြစ်ဖြစ်၊ အွန်လိုင်း (Online Guide) ကနေဖြစ်ဖြစ် ✨ ကလေးနဲ့ အံဝင်ခွင်ကျဖြစ်မယ့် တစ်ဦးချင်းသင် ဆရာ၊ ဆရာမတွေကို TAstudents+ မှာ စနစ်တကျ ရွေးချယ်ချိတ်ဆက်ပေးနေပါပြီ။ 💠 Page Chatbox မှ တိုက်ရိုက်ဆက်သွယ်ရန် - http://m.me/tastudents.official 💠TELEGRAM @tafinancedepartment 💠 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန် - 🇲🇲 09762012599 🇲🇲 09976048967 🇹🇭 (+66) 0824965216 ❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞

ကလေးတွေကို အင်္ဂလိပ်စာ ဖတ်တတ်အောင် သင်ပေးတဲ့အခါ A, B, C စာလုံးလေးတွေ သိရုံနဲ့တင် မလုံလောက်ဘူးနော်။ စာလုံးတစ်လုံးချင်းစီရဲ့ ထွက်ရမယ့် အသံ (Sound) ကို သေသေချာချာ သိပြီး စာလုံးတွေကို ကိုယ်တိုင် ပေါင်းဖတ်နိုင်တဲ့အထိ သင်ပေးဖို့က တကယ့်ကို အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ဆရာ၊ ဆရာမတို့ စောင့်မျှော်နေကြတဲ့ Teaching Agency ရဲ့ Jolly Phonics Teacher Training (Batch-29) အတန်းလေး ပြန်လာပါပြီ! ဒီသင်တန်းမှာတော့ Letter Sounds တွေကို ကလေးတွေ သဘောကျအောင် ဘယ်လိုသင်မလဲ၊ အသံတွေ ပေါင်းပြီး စာလုံးတွေ ဘယ်လိုဖတ်ခိုင်းမလဲဆိုတာကအစ... ကလေးတွေရဲ့ Reading နဲ့ Writing Skills တွေ သိသိသာသာ တိုးတက်လာအောင် သင်ကြားပေးနိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ ဝေမျှပေးသွားမှာပါ။ Preschool နဲ့ Primary ကလေးတွေကို အင်္ဂလိပ်စာ သင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေ၊ Phonics ကို အခြေခံကစပြီး လေ့လာချင်သူတွေနဲ့ Teaching Skills ကို ပိုပြီး မြှင့်တင်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ အတန်းလေးမို့ အမြန်ဆုံး လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 📩 သင်တန်းအပ်နှံရန် – TELEGRAM @tafinancedepartment

Password မေ့သွားလို့ ဖိုင်တွေအကုန် ဆုံးရှုံးသွားမှာ စိုးရိမ်နေရပါသလား📘 Teaching Agency ရဲ့ Digital Tools for Teachers Program ကနေ ကြိုဆိုလိုက်ပါတယ်။ သင်ကြားရေးဆိုင်ရာ အရေးကြီး စာရွက်စာတမ်းတွေ၊ ကျောင်းသားအချက်အလက်တွေနဲ့ သင်ထောက်ကူတွေကို သိမ်းဆည်းထားတဲ့ Google Account တစ်ခု ဟက်ခ် (Hack) ခံရတာ ဒါမှမဟုတ် Password မေ့သွားတာမျိုး ကြုံရရင် အချိန်ကုန်ပြီး စိတ်ဖိစီးမှုတွေ များရတတ်ပါတယ်။ အကောင့်တစ်ခုကို လုံခြုံစိတ်ချရအောင် ပြုလုပ်ဖို့ဆိုတာ မှတ်ရလွယ်ပြီး ခန့်မှန်းရခက်တဲ့ Password သတ်မှတ်တာအပြင် အရေးပေါ်ပြန်လည်ရယူနိုင်မယ့် Recovery စနစ်တွေ ထည့်သွင်းထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီနေ့ Episode (Part 2) မှာ 🔹သူတစ်ပါး ခန့်မှန်းရခက်ပြီး ကိုယ်တိုင် မှတ်ရလွယ်မယ့် Strong Password သတ်မှတ်နည်း 🔹ဖုန်းပျောက်သွားတာ (သို့) Password မေ့သွားတာမျိုး ဖြစ်ခဲ့ရင် အလွယ်တကူ ပြန်ယူနိုင်မယ့် Recovery Phone & Recovery Email ချိတ်ဆက်နည်း စတာတွေကို သေချာ‌လေ့လာလိုက်ကြစို့ခင်ဗျာ။ https://www.facebook.com/share/v/1EE1M2fCLR/ _____ ဆရာ/မတို့တွေ ခေတ်မီနည်းပညာနဲ့ သင်ထောက်ကူတွေကို အသုံးချပြီး သင်ကြားသင်ယူရေးလုပ်ငန်းစဉ်တွေ တိုးတက်ဖို့ ရည်ရွယ်ပြီး ဒီအစီအစဉ်ကို အခမဲ့ တင်ဆက်ပေးနေတာဖြစ်ပါတယ်။ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်းမှာ ကျွန်တော်တို့ရဲ့ Teaching Agency စာမျက်နှာကနေ မိနစ်ပိုင်းခန့် အတူတူ‌လေ့လာရင်း၊ ကောမန့်မှာ ဆွေးနွေးလိုတာတွေကို ရေးသားမေးမြန်းခဲ့နိုင်ပါတယ်။ 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက် ရှိနေပါတယ် 🔹 🔹 ဆရာ၊ ဆရာမများအတွက် သီးသန့် Training ရယူလိုတဲ့ Private School / International School များအနေနဲ့လည်း Teaching Agency မှ Cooperative Training နှင့် Coaching Session များ ရယူနိုင်ပါတယ် 🔹

❝ IGCSE တက်တော့မယ်ဆိုရင် Pearson Edexcel နဲ့ Cambridge (CAIE) ဘယ် Board ကို ရွေးရမလဲလို့ စဉ်းစားနေတဲ့ ကျောင်းသားတွေနဲ့ ဖေဖေ၊ မေမေတို့အတွက် Exam Board နှစ်ခုကြားက အဓိက ကွာခြားချက် (၃) ချက်ကို သေချာနားလည်သွားအောင် မျှဝေပေးလိုက်ပါတယ်။ ❞ ✅ (၁) မေးခွန်းပုံစံနဲ့ အမှတ်ပေးစနစ် ကွာခြားမှု Exam Board (၂) ခုလုံးက ကမ္ဘာတဝန်းလုံးက အသိအမှတ်ပြုခံရတဲ့ Board တွေဖြစ်ပေမယ့် မေးခွန်းမေးတဲ့ပုံစံနဲ့ စာမေးပွဲစစ်ဆေးပုံချင်း ကွာပါတယ်။ Cambridge က သီအိုရီပိုင်းဆိုင်ရာ အယူအဆတွေနဲ့ နက်နက်နဲနဲ စဉ်းစားဖြေဆိုရတာတွေကို ပိုပြီးထည့်သွင်းပေးလေ့ရှိပြီး၊ Edexcel ကတော့ လက်တွေ့အသုံးချမှုတွေနဲ့ အဆင့်ဆင့် တွက်ချက်ဖြေဆိုရတဲ့ မေးခွန်းပုံစံတွေကို ပိုပြီး ဦးစားပေး မေးလေ့ရှိပါတယ်။ ✅ (၂) အမှတ်ပေးစနစ်နဲ့ အမှတ်သတ်မှတ်ချက် ကွာခြားမှု အမှတ်ပေးတဲ့နေရာမှာလည်း Edexcel က 9-1 Grading Scale စနစ်ကို အဓိကထားပြီး အမှတ်အပိုင်းအခြားကို သေသေချာချာ ခွဲခြားပေးထားပါတယ်။ Cambridge မှာတော့ ဘာသာရပ်နဲ့ ဒေသအလိုက် A*-G စနစ်ကို သုံးတာရှိသလို၊ 9-1 စနစ်ကို ပြောင်းလဲကျင့်သုံးတာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် စာမေးပွဲမေးခွန်းရဲ့ ခက်ခဲမှုအပေါ်မူတည်ပြီး အမှတ်သတ်မှတ်ချက် “Grade Boundaries” တွေလည်း ကွာခြားတတ်တာတွေကို ကြိုသိထားဖို့ လိုပါတယ်။ ✅ (၃) စာမေးပွဲဖြေဆိုနိုင်မယ့် အချိန်ကာလ “Exam Series” ကွာခြားမှု နောက်ဆုံးအနေနဲ့ကတော့ စာမေးပွဲဖြေဆိုလို့ရတဲ့ အချိန်ကာလတွေလည်း မတူပါဘူး။ Cambridge မှာဆိုရင် May/June နဲ့ October/November ဆိုပြီး (၂) ကြိမ် ဖြေဆိုလို့ရပါတယ်။ Edexcel မှာကိုတော့ May/June အပြင် January နဲ့ November တွေမှာပါ ထပ်မံဖြေဆိုခွင့်ရှိပါတယ်။ ကျောင်းသားရဲ့ ပြင်ဆင်ချိန်နဲ့ စာမေးပွဲဖြေမယ့် အစီအစဉ်အပေါ်မူတည်ပြီး ကိုက်ညီမယ့် Exam Series ကို ရွေးချယ်နိုင်တာပဲ ဖြစ်ပါတယ်။ 💠 ဒါကြောင့် IGCSE တက်တဲ့အခါ နာမည်ကြီးတာတစ်ခုတည်းကိုပဲ မကြည့်ဘဲ ကျောင်းသားရဲ့ ပညာရေးလိုအပ်ချက်၊ တက္ကသိုလ်တက်ဖို့ ရည်ရွယ်ထားတဲ့ အချိန်ကာလ စသဖြင့် ကိုက်ညီမယ့် Exam Board ကို သေချာချိန်ဆ ရွေးချယ်တတ်ဖို့ လိုပါတယ်။ ✔️ TAstudents+ မှာဆိုရင်… Exam Board (၂) မျိုးလုံးအတွက် IGCSE သင်ရိုး ဘာသာရပ်စုံ၊ တစ်ဘာသာချင်းကို ဆရာနဲ့ တစ်ဦးချင်းထိထိရောက်ရောက် သင်ယူနိုင်ပါပြီ။ အသေးစိတ်အတွက် Page Messenger ကနေ တဆင့် ဆက်သွယ်စုံစမ်းနိုင်သလို၊ အောက်ပါ ဖုန်းနံပါတ်တွေကနေ တဆင့်လည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 💠 Page Chatbox မှ တိုက်ရိုက်ဆက်သွယ်ရန် - http://m.me/tastudents.official 💠TELEGRAM @tafinancedepartment 💠 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန် - 🇲🇲 09762012599 🇲🇲 09976048967 🇹🇭 (+66) 0824965216 ❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞

photo content

လူအများရှေ့ စကားပြောရမှာ ကြောက်ရွံ့ရတဲ့ အကြောင်းရင်းတစ်ခုက “ငါမှားပြောမိရင် ဘယ်လိုလုပ်မလဲ”၊ “သူတို့ ငါ့ကို ဘယ်လိုထင်ကြမလဲ” ဆိုတဲ့ စိုးရိမ်မှုတွေကြောင့်ပါ။ ဒီလိုအချိန်မှာ ကိုယ်ကိုကိုယ် မေးကြည့်ပါ။ “ငါ ဒီနေရာမှာ သူတို့ကို အထင်ကြီးအောင် လုပ်ဖို့ လာတာလား၊ ဒါမှမဟုတ် အကျိုးရှိတဲ့ အကြောင်းအရာတစ်ခုကို မျှဝေဖို့ လာတာလား။” ဆရာတစ်ယောက်ရဲ့ ရည်ရွယ်ချက်က နားထောင်သူတွေကို အနိုင်ယူဖို့၊ မိမိရဲ့ အသိပညာကို ပြသဖို့ မဟုတ်ပါဘူးခင်ဗျာ။ သူတို့ နားလည်လာစေဖို့၊ ပူးပေါင်းဆောင်ရွက်လာစေဖို့နဲ့ အကျိုးရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကူညီပေးဖို ဖြစ်ပါတယ်။ မိဘတွေကို ပြိုင်ဘက်တွေအဖြစ် မမြင်ဘဲ ကလေးရဲ့ ပညာရေးအတွက် ပူးပေါင်းဆောင်ရွက်မယ့် မိတ်ဖက်တွေအဖြစ် သဘောထားပါ။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်တွေကိုလည်း နားထောင်ပေးပါ။ လူအများရှေ့မှာ စကားပြောကောင်းသူဖြစ်ဖို့ထက် လူတွေနဲ့ အဓိပ္ပာယ်ရှိရှိ ဆက်သွယ်ပြောဆိုနိုင်သူဖြစ်ဖို့ ကြိုးစားပါခင်ဗျာ။ လေးစားယုံကြည်ရတဲ့ ဆရာတစ်ယောက်ဖြစ်လာဖို့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဆက်သွယ်ပြောဆိုနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့ မိမိကိုယ်ကို အမြဲတိုးတက်အောင် လေ့လာနေတဲ့ စိတ်ထားတို့လည်း လိုအပ်ပါတယ်ခင်ဗျာ။ Public Speaking Skill ဆိုတာ မွေးရာပါ ပါရမီရှိသူတွေသာ တတ်မြောက်နိုင်တဲ့ အရာမဟုတ်ပါဘူး။ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အဆက်မပြတ်လေ့ကျင့်ရင် တိုးတက်လာနိုင်တဲ့ ကျွမ်းကျင်မှုတစ်ခုပါ။ TA ရဲ့ Teacher Training သင်တန်းတွေကတစ်ဆင့် မိမိရဲ့ သင်ကြားရေးစွမ်းရည်နဲ့ Professional Skills တွေကို တစ်ဆင့်ချင်း တိုးတက်အောင် လေ့လာလိုက်ပါ။ 💬 New Teacher တစ်ယောက်အနေနဲ့ လူအများရှေ့ စကားပြောရတဲ့အခါ ဘယ်အရာကို အခက်ခဲဆုံးလို့ ခံစားရပါသလဲ။ Comment မှာ မျှဝေပေးခဲ့ပါဦးနော်။ 🔷Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်။ 🔷ဆရာ၊ဆရာမများရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ဖို့ သီးသန့်သင်တန်းများရယူလိုတဲ့ Private School, International School များအတွက်လည်း Coach Session and Cooperative Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

New Teacher တွေအနေနဲ့ လေးစားယုံကြည်ရတဲ့ ဆရာတစ်ယောက်ဖြစ်ဖို့ 'လူအများရှေ့ စကားပြောခြင်းစွမ်းရည်' ကို အမြန်တိုးတက်စေမယ့် နည်းလမ်း (၅) ခု 💙💙 စာသင်ခန်းထဲမှာ ကျောင်းသားတွေကို စာတော်အောင် သင်ပြနိုင်ရုံနဲ့ ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ လုံလောက်ပြီလား။ ဆရာတစ်ယောက်အနေနဲ့ မိမိရဲ့ အသိပညာကို ကျောင်းသားတွေထံ မျှဝေပေးနိုင်ဖို့သာမက မိမိပြောလိုက်တဲ့ စကားတွေကနေတစ်ဆင့် အခြားသူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့လည်း လိုအပ်ပါတယ်ခင်ဗျာ။ ကျောင်းအစည်းအဝေးတွေမှာ မိမိရဲ့အမြင်ကို တင်ပြရတာ၊ ကျောင်းပွဲတွေမှာ Speech ပြောရတာ၊ မိဘဆရာမီတင်တွေမှာ ကလေးတွေရဲ့ သင်ယူမှုအခြေအနေကို ရှင်းပြရတာနဲ့ ရပ်ရွာအတွင်း ပညာရေးဆိုင်ရာ အသိပညာတွေကို ဟောပြောစည်းရုံးရတာတွေမှာ Public Speaking Skill (လူအများရှေ့ စကားပြောခြင်းစွမ်းရည်) က အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်စတင်ဝင်ရောက်လာတဲ့ New Teacher တွေအနေနဲ့ ဒီစွမ်းရည်ကို ဘယ်လိုလေ့ကျင့်ပြီး တိုးတက်အောင် လုပ်ဆောင်နိုင်မလဲဆိုတာကို ဒီပိုစ်လေးနဲ့ ဆွေးနွေးတင်ပြပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ 1️⃣ အချက်အလက်နဲ့ ဒေတာတွေကို ကြိုတင်ပြင်ဆင်ပါ (Prepare Your Facts) လူအများရှေ့မှာ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ဖို့ ပထမဆုံးလိုအပ်တာက မိမိပြောမယ့်အကြောင်းအရာကို ကောင်းကောင်းနားလည်ထားဖို့ ဖြစ်ပါတယ်ခင်ဗျာ။ ဥပမာ - မိဘဆရာမီတင်မှာ ကျောင်းသားတစ်ယောက်ရဲ့ တိုးတက်မှုကို တင်ပြတဲ့အခါ “ကလေးက စာတော်လာပါတယ်” လို့ပဲ ပြောမယ့်အစား အိမ်စာပြီးစီးမှု၊ စာမေးပွဲရလဒ်နဲ့ အတန်းတွင်းပါဝင်မှုတို့ကို အထောက်အထားတွေနဲ့ မိဘကို ရှင်းပြပါ။ ✅ ပြောမယ့်အကြောင်းအရာရဲ့ အဓိကအချက် (၃) ချက်ကို ကြိုတင်မှတ်သားပါ။ ✅ လိုအပ်တဲ့ ကိန်းဂဏန်း၊ ဥပမာနဲ့ အထောက်အထားတွေကို စုဆောင်းထားပါ။ ✅ မသေချာတဲ့အချက်တွေကို အတည်ပြုမထားဘဲ မပြောပါနဲ့။ ကိုယ့်ဘက်က အချက်အလက်ပြည့်စုံလေလေ၊ ကိုယ့်စကားအပေါ် ယုံကြည်မှုရှိလေလေပါပဲ။ --------- 2️⃣ Sandwich နည်းလမ်းကို အသုံးပြုပါ မိဘတွေနဲ့ ဆွေးနွေးတဲ့အခါဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အကြံပြုချက်ပေးတဲ့အခါဖြစ်စေ အပြစ်တင်သလို မဖြစ်ဘဲ နားလည်လက်ခံလာစေဖို့ Sandwich Method ကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းမှာ အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။ 🔹 Positive – ကောင်းတဲ့အချက်ကို အရင်ပြောပါ။ 🔹 Constructive Feedback – တိုးတက်ဖို့လိုအပ်တဲ့အချက်ကို နူးညံ့ရှင်းလင်းစွာ ပြောပါ။ 🔹 Positive Ending – အားပေးစကားနဲ့ အဆုံးသတ်ပါ။ ဥပမာ - မိဘတစ်ဦးကို “မေမေ့ သားလေးက အတန်းထဲမှာ မေးခွန်းတွေကို စိတ်ဝင်တစား ဖြေတတ်ပါတယ်။ ဒါပေမဲ့ စာရေးတဲ့လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်နိုင်ဖို့ အိမ်မှာလည်း နည်းနည်းစီ လေ့ကျင့်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ ဆရာ၊မိဘ အတူတူပူးပေါင်းပေးရင် သားလေးက ဒီထက်ပိုပြီးတိုးတက်လာနိုင်မှာပါ” လို့ ပြောတာမျိုးပေါ့ဗျာ။ သတိပြုရမှာက ဒီ Sandwich Method ကို ကလေးကို အပေါ်ယံချီးကျူးဖို့အတွက်မဟုတ်ဘဲ အမှန်တကယ်ကောင်းတဲ့အချက်ကို အသိအမှတ်ပြုပြီး တိုးတက်စေမယ့် အကြံပြုချက်ကို လေးစားစွာပေးဖို့ အသုံးပြုသင့်ဖို့ကို ပိုတိုက်တွန်းလိုပါတယ်ခင်ဗျာ။ -------- 3️⃣ Body Language ကို သတိပြုပါ စကားလုံးတွေက အရေးကြီးသလို ဆရာ၊ဆရာမတစ်ယောက်ရဲ့ ကိုယ်ဟန်အမူအရာကလည်း နားထောင်သူတွေအပေါ် သက်ရောက်မှုရှိပါတယ်ခင်ဗျာ။ စကားပြောနေတဲ့ချိန်မှာ ❌ ကြမ်းပြင်ကိုပဲ ကြည့်ပြီး ပြောနေခြင်း ❌ လက်တွေကို အမြဲလှုပ်ရှားနေခြင်း ❌ အသံတိုးလွန်းခြင်း၊ အလွန်မြန်မြန်ပြောခြင်း ဒီအချက်တွေကို သတိထားပြီး ပြင်ဆင်သင့်ပါတယ်ခင်ဗျာ။ အဲ့အစား စကားပြောနေတဲ့ချိန်မှာ ✅ နားထောင်သူတွေနဲ့ သဘာဝကျကျ မျက်လုံးချင်းဆုံပါ။ ✅ မိမိရဲ့ ကိုယ်ဟန်အနေအထားကို သက်သောင့်သက်သာနဲ့ တည်ငြိမ်စွာထားပါ။ ✅ အသံအနိမ့်အမြင့်နဲ့ စကားပြောနှုန်းကို သင့်တင့်အောင် ထိန်းညှိပြီးပြောနိုင်ဖို့ ကြိုးစားသင့်ပါတယ်ခင်ဗျာ။ လူအများရှေ့မှာ ယုံကြည်မှုရှိတယ်ဆိုတာ အသံကျယ်ကျယ်ပြောနိုင်ခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ တည်ငြိမ်ပြီး ရှင်းလင်းစွာ ပြောဆိုနိုင်ခြင်းကလည်း Professional Teacher တစ်ယောက်ရဲ့ အရည်အချင်းပါပဲခင်ဗျာ။ ------------- 4️⃣ စင်ပေါ်မတက်ခင် ဇာတ်တိုက်လေ့ကျင့်ပါ (Practice Makes Progress) Public Speaking ကို စာဖတ်ရုံနဲ့ မတတ်မြောက်နိုင်ပါဘူးခင်ဗျာ။ ဒါတကယ်ပါ။ တကယ်ပြောကြည့်ပြီး ပြန်လည်သုံးသပ်တဲ့ အလေ့အကျင့် လိုအပ်ပါတယ်ခင်ဗျာ။ ကိုယ်က ဒီနယ်ပယ်မှာ ဆရာ၊ဆရာမအသစ်ဆိုရင် လက်တွေ့အသုံးချနိုင်တဲ့ လေ့ကျင့်နည်းတွေကိုလည်း ပြင်ဆင်ပေးထားပါတယ်ခင်ဗျာ။ 📌 မိမိပြောမယ့်အကြောင်းအရာကို ဖုန်းနဲ့ အသံသွင်းထားပါ။ 📌 မှန်ရှေ့မှာ မိဘဆရာmeetingတစ်ခု လုပ်နေသလို လေ့ကျင့်ပါ။ 📌 ၂ မိနစ်မှ ၃ မိနစ်အတွင်း အကြောင်းအရာတစ်ခုကို အစ၊ အလယ်၊ အဆုံးနဲ့ ပြောကြည့်ပါ။ 📌 မိမိရဲ့ အသံ၊ စကားပြောနှုန်း၊ ရပ်နားချိန်နဲ့ ထပ်ခါတလဲလဲ သုံးမိတဲ့ စကားလုံးတွေကို ပြန်လည်သုံးသပ်ပါ။ 📌 ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဆီက အကြံပြုချက်တောင်းပါ။ နေ့စဉ် ၁၀ မိနစ်လောက် ပုံမှန်လေ့ကျင့်သွားရင်တောင် တဖြည်းဖြည်း တိုးတက်လာနိုင်ပါတယ်ခင်ဗျာ။

ဆရာ၊ ဆရာမတစ်ယောက်အဖြစ် စတင်သင်ကြားတော့မယ့်သူတွေအတွက် အခြေခံကျပြီး လက်တွေ့အသုံးဝင်တဲ့ Teaching Skills တွေကို စနစ်တကျ လေ့လာထားဖို့ လိုအပ်ပါတယ်။ Teaching Agency ကနေ ဆရာ၊ ဆရာမအသစ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Fundamental Skills for New Teachers (Batch-3) သင်တန်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါပြီ။ ဒီသင်တန်းမှာ ထိရောက်တဲ့ သင်ကြားမှုတစ်ခုဖြစ်လာစေဖို့ လိုအပ်တဲ့ အခြေခံသင်ကြားရေးစွမ်းရည်များ၊ စာသင်ခန်းအတွင်း လက်တွေ့အသုံးချနိုင်မယ့် Teaching Strategies များနဲ့ ဆရာ၊ ဆရာမတစ်ယောက်အနေနဲ့ သိရှိထားသင့်တဲ့ အခြေခံကျွမ်းကျင်မှုတွေကို စနစ်တကျ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။ သင်ကြားရေးနယ်ပယ်ထဲကို စတင်ဝင်ရောက်မယ့် ဆရာ၊ ဆရာမအသစ်များ၊ သင်ကြားမှုအတွေ့အကြုံနည်းပါးသေးတဲ့သူများနဲ့ မိမိရဲ့ Teaching Skills တွေကို အခြေခံကနေ ပြန်လည်တည်ဆောက်ချင်တဲ့ ဆရာ၊ ဆရာမများအတွက် အထူးသင့်တော်ပါတယ်ခင်ဗျာ။ 📩 သင်တန်းအပ်နှံရန် – TELEGRAM @tafinancedepartment

Digital Tools တွေကို စတင်အသုံးမပြုခင် ဆရာ/မတို့မှာ သင်ကြားရေးအတွက် သီးသန့် Google Account တစ်ခု ရှိပြီးပြီလား📘 Teaching Agency ရဲ့ Digital Tools for Teachers Program ကနေ ကြိုဆိုလိုက်ပါတယ်။ ကိုယ်ပိုင် Personal Account နဲ့ ကျောင်း/သင်ကြားရေးဆိုင်ရာ အလုပ်တွေကို ရောထွေးသုံးနေမိလို့ အရေးကြီးတဲ့ ဖိုင်တွေ၊ မေးလ်တွေ ရှာမတွေ့တော့တာမျိုး ကြုံဖူးကြမှာပါ။ သင်ကြားရေးမှာ ခေတ်မီ နည်းပညာတွေကို စနစ်တကျ အသုံးချနိုင်ဖို့ ပထမဆုံးနဲ့ အရေးအကြီးဆုံး ခြေလှမ်းကတော့ သင်ကြားရေးအတွက် သီးသန့် Google Account တစ်ခုကို မှန်ကန်စွာ ဖွင့်လှစ်ပြီး စနစ်တကျ Setup ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေ့ Episode (Part 1) မှာတော့သင်ကြားရေးအတွက် Professional ဆန်တဲ့ Google Account တစ်ခု ဘယ်လို အလွယ်တကူ ဖန်တီးမလဲ တူတူလေ့လာကြရအောင် ခင်ဗျာ။ https://www.facebook.com/share/v/1KDG3gCGv5/ ---------- 💠ဆရာ/မတို့တွေ ခေတ်မီနည်းပညာနဲ့ သင်ထောက်ကူတွေကို အသုံးချပြီး သင်ကြားသင်ယူရေးလုပ်ငန်းစဉ်တွေ တိုးတက်ဖို့ ရည်ရွယ်ပြီး ဒီအစီအစဉ်ကို အခမဲ့ တင်ဆက်ပေးနေတာဖြစ်ပါတယ်။ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်းမှာ ကျွန်တော်တို့ရဲ့ Teaching Agency စာမျက်နှာကနေ မိနစ်ပိုင်းခန့် အတူတူ‌လေ့လာရင်း၊ ကောမန့်မှာ ဆွေးနွေးလိုတာတွေကို ရေးသားမေးမြန်းခဲ့နိုင်ပါတယ်။ 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက် ရှိနေပါတယ် 🔹 🔹 ဆရာ၊ ဆရာမများအတွက် သီးသန့် Training ရယူလိုတဲ့ Private School / International School များအနေနဲ့လည်း Teaching Agency မှ Cooperative Training နှင့် Coaching Session များ ရယူနိုင်ပါတယ် 🔹

❝ သီတင်းကျွတ်ကျောင်းပိတ်ရက်အပြီး... ကလေးအတွက် ကိုက်ညီသင့်တော်တဲ့ ဂိုက်ခေါ်ပေးဖို့ တွေးနေပြီလား ❞ Agency တွေကနေ (သို့) Freelance Guide တွေ ချိတ်ဆက်ပြီး သင်တဲ့အခါ၊ ဘွဲ့လက်မှတ်တွေကြီးပဲ ကြည့်ခေါ်မိလို့ ကလေးသင်နေတဲ့ IGCSE/Cambridge သင်ရိုးတွေကို မပိုင်နိုင်တာ၊ ကလေးရဲ့ Introvert/Extrovert စတဲ့ သဘာဝနဲ့ သင်ယူမှုပုံစံကို သေချာ မဆန်းစစ်ဘဲ ပုံသေကားချပ်ကျ နည်းနဲ့ပဲသင်နေတာ၊ သင်ကြားချိန်အမီ အချိန်မှန်မှန်မလာတာအပြင် ကလေးရဲ့တိုးတက်မှုကို ပုံမှန်တင်ပြတာမျိုး မရှိတာတွေကို ကြုံရတတ်ပါတယ်။ ဒါကြောင့် ဒီပြဿနာအားလုံးကို စိတ်ပူစရာမလိုတော့ဘဲ စနစ်တကျ စိစစ်ပေးထားတဲ့ Guide ဆရာ၊ ဆရာမတွေနဲ့ စိတ်ချလက်ချ သင်ကြားချင်တယ်ဆိုရင် TAstudents+ ရဲ့ တစ်ဦးချင်းသင်ပညာရေးဝန်ဆောင်မှုကို ဖေဖေ၊ မေမေတို့အားလုံးအတွက် အခမဲ့ ချိတ်ဆက်ပေးနေပါပြီ။ ကလေးအတွက် အသင့်တော်ဆုံးနဲ့ စိတ်အချရဆုံး သင်ကြားမှုကို ရယူဖို့ အခုပဲ ကြိုက်နှစ်သက်ရာဖုန်း (သို့) Page Chatbox ကနေ တဆင့် သင်ရိုးစုံ၊ ဘာသာရပ်စုံအတွက် မေးမြန်းစုံစမ်းနိုင်ပါပြီခင်ဗျာ။ 💠 Page Chatbox မှ တိုက်ရိုက်ဆက်သွယ်ရန် - http://m.me/tastudents.official 💠TELEGRAM @tafinancedepartment 💠 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန် - 🇲🇲 09762012599 🇲🇲 09976048967 🇹🇭 (+66) 0824965216 ❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞

photo content

💬 သင်ကြားရေးလောကထဲကို ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းစတင်ဖို့ အခုပဲ ဒီ Post အောက်မှာ "New Teachers" လို့ ရေးပြီးစာရင်းပေးသွင်းလိုက်ပါခင်ဗျာ။ 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက် ရှိနေပါတယ် 🔹 🔹 ဆရာ၊ ဆရာမများအတွက် သီးသန့် Training ရယူလိုတဲ့ Private School / International School များအနေနဲ့လည်း Teaching Agency မှ Cooperative Training နှင့် Coaching Session များ ရယူနိုင်ပါတယ် 🔹

📢 ❝ Teaching Career ကို စတင်တော့မယ့်ဆရာ/မတွေ လက်မလွှတ်သင့်တဲ့သင်တန်း ❞ ကိုယ်တိုင်က စာတော်တယ်၊ ဘာသာရပ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်တယ်၊ ကလေးတွေကိုလည်း ချစ်တတ်တယ်... ဒီလောက်ဆိုရင် ဆရာ၊ ဆရာမကောင်းတစ်ယောက် ဖြစ်နိုင်ပြီလို့ ထင်ပါသလား။ လက်တွေ့မှာတော့ သင်ကြားရေးနယ်ပယ်ထဲကို စတင်ဝင်ရောက်လာတဲ့ ဆရာ၊ ဆရာမအသစ်တော်တော်များများဟာ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ 🌀 ကိုယ်က သင်ခန်းစာကို အသေအချာ ရှင်းပြနေပေမဲ့ ကလေးတွေက စိတ်မဝင်စားဘဲ အာရုံပျံ့လွင့်နေတာ... 🌀 အတန်းထဲမှာ ကလေးတစ်ယောက်နဲ့တစ်ယောက် သင်ယူနိုင်စွမ်း မတူလို့ ဘယ်လိုညှိသင်ရမလဲ မသိတော့တာ... 🌀 အတန်းဆူညံလာတဲ့အခါ အော်ဟစ်ဆူပူရမလား၊ လွှတ်ထားရမလား ဆုံးဖြတ်ရခက်ပြီး စိတ်ဖိစီးလာတာ... 🌀 ကျောင်းသားမိဘတွေက ကလေးရဲ့ တိုးတက်မှုအကြောင်း လာမေးတဲ့အခါ Professional ကျကျ ဘယ်လိုပြန်ဆွေးနွေးရမလဲ စိုးရိမ်နေမိတာ... ဒီလိုအခက်အခဲတွေ ကြုံရတာဟာ ဆရာ/မတို့ အနေနဲ့ ကိုယ်တိုင်သိထားတဲ့ပညာကို တစ်ဖက်သား နားလည်တတ်မြောက်အောင် ပြန်လည်သင်ကြားပေးနိုင်မယ့် ဆရာအတတ်ပညာ အခြေခံစွမ်းရည် (Fundamental Teaching Skills) တွေကို စနစ်တကျ မလေ့လာရသေးလို့ပဲ ဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ ယုံကြည်မှုအပြည့်နဲ့ သင်ကြားနိုင်ဖို့ဆိုရင် ဆရာ၊ ဆရာမတိုင်းမှာ ဒီအခြေခံ Skill (၅) ခု မဖြစ်မနေ ရှိထားဖို့ လိုအပ်ပါတယ်။ ➡️ ၁။ ကလေးတွေရဲ့ ဦးနှောက်နဲ့ စိတ်သဘာဝကို နားလည်ခြင်း (Educational Psychology & Learning Theories) ကလေးတိုင်းဟာ သက်တူရွယ်တူ ဖြစ်နေရင်တောင် သူတို့ရဲ့ ဖွံ့ဖြိုးမှုအဆင့် (Milestones) နဲ့ သင်ယူမှုပုံစံတွေ မတူညီကြပါဘူး။ ကလေးတွေရဲ့ စိတ်ပညာနဲ့ သင်ယူမှုသီအိုရီတွေကို သိထားမှသာ "ဒီကလေးက ဘာကြောင့် စာလိုက်မလုပ်နိုင်တာလဲ၊ သူ့ကို ဘယ်လိုချဉ်းကပ်ရမလဲ" ဆိုတာကို အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။ ➡️ ၂။ သင်ခန်းစာကို စနစ်တကျ ပုံဖော်သင်ကြားတတ်ခြင်း (Lesson Planning & Teaching Methods) စာသင်ခန်းထဲရောက်မှ စာအုပ်လှန်ပြီး သင်တာမျိုးမဟုတ်ဘဲ၊ သင်ခန်းစာရဲ့ ရည်ရွယ်ချက် အောင်မြင်တဲ့ထိ အချိန်ဘယ်လိုခွဲမလဲ၊ ကလေးတွေ မပျင်းရအောင် ဘယ်လိုသင်မလဲ ဆိုတဲ့သင်ကြားနည်း (Teaching Methods) နဲ့ သင်ထောက်ကူ (Teaching Aids) တွေ ကို ကြိုတင်စီစဉ်ထားတတ်ရပါမယ်။ ➡️ ၃။ စာသင်ခန်းကို စနစ်တကျ စီမံခန့်ခွဲတတ်ခြင်း (Classroom Management) အတန်းထဲမှာ ဆရာက အသံကုန်ဟစ်ပြီး အော်နေရတာဟာ ကောင်းမွန်တဲ့ Classroom Management မဟုတ်ပါဘူး။ စည်းကမ်းတွေကို အစကတည်းက ဘယ်လိုချမှတ်မလဲ၊ ကလေးတွေရဲ့ အပြုအမူတွေကို Positive နည်းလမ်းနဲ့ ဘယ်လိုထိန်းကျောင်းမလဲဆိုတဲ့ နည်းစနစ်တွေကို ပိုင်နိုင်ထားဖို့ လိုပါတယ်။ ➡️ ၄။ တတ်မြောက်မှုကို မှန်ကန်စွာ အကဲဖြတ်တတ်ခြင်း (Test and Measurement) စာသင်ပြီးသွားရုံနဲ့ တာဝန်မပြီးသေးပါဘူး။ ကိုယ်သင်လိုက်တဲ့စာကို ကလေးတွေ တကယ်နားလည်သွားရဲ့လား၊ ဘယ်အပိုင်းမှာ လိုအပ်ချက်ရှိနေသေးလဲဆိုတာကို စနစ်တကျ စစ်ဆေးအကဲဖြတ်တတ်မှသာ ကလေးတွေရဲ့ တိုးတက်မှုကို အာမခံပေးနိုင်မှာ ဖြစ်ပါတယ်။ ➡️ ၅။ မိဘဆရာဆက်ဆံရေး (Parent-Teacher Relationship & Teacher Mindset) ကျောင်းသားမိဘတွေရဲ့ ယုံကြည်လေးစားမှုကို ရရှိအောင် ဘယ်လိုပြောဆိုဆက်ဆံမလဲ ဆိုတာနဲ့ အခက်အခဲတွေကြားကနေ အမြဲတမ်း သင်ယူတိုးတက်နေချင်တဲ့ Professional Teacher Mindset တစ်ခု တည်ဆောက်ထားနိုင်ဖို့ကလည်း ရေရှည် Career အတွက် အသက်သွေးကြောပဲ ဖြစ်ပါတယ်။ အဆောက်အအုံတစ်ခု ရေရှည်ခိုင်ခံ့ဖို့ အုတ်မြစ်ကောင်းဖို့ လိုအပ်သလို၊ သင်ကြားရေးလမ်းကြောင်းမှာ အောင်မြင်တဲ့ ဆရာ၊ ဆရာမတစ်ယောက် ဖြစ်လာဖို့ ဒီ Fundamental Skills တွေကို အစကတည်းက စနစ်တကျ တည်ဆောက်ထားဖို့ အရေးကြီးပါတယ်။ 💙 💎 ဆရာ/မတစ်ယောက်အတွက် မသိမဖြစ် လိုအပ်တဲ့ အခြေခံသင်ကြားရေးစွမ်းရည်တွေကို တစ်နေရာတည်းမှာ အချိန်တိုအတွင်း စနစ်တကျ လေ့လာချင်သူများအတွက် ... Teaching Agency မှာ “Fundamental Skills for New Teachers (Batch-3)”ကို နိုဝင်ဘာလမှာ ထပ်မံဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီသင်တန်းမှာ ဝါရင့် Trainer တစ်ဦးဖြစ်တဲ့ Tr. Honey ကိုယ်တိုင် စာတွေ့သီအိုရီသာမက လက်တွေ့စာသင်ခန်းထဲမှာ ချက်ချင်းပြန်သုံးနိုင်မယ့် နည်းလမ်းတွေကိုပါ အနီးကပ်လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်လို့ ✔️ Teaching Career ကို အခုမှ စတင်မယ့် ဆရာ၊ ဆရာမအသစ်များ ✔️ Assistant Teacher မှ Lead Teacher အဖြစ် တက်လှမ်းလိုသူများနှင့် ✔️ မိမိရဲ့ သင်ကြားရေး အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာတည်ဆောက်ချင်တဲ့ Preschool, Primary နှင့် Secondary ဆရာ၊ ဆရာမတိုင်း လုံးဝ လက်မလွှတ်သင့်တဲ့ အတန်းလေး ဖြစ်ပါတယ်။ 💠 သင်တန်းအချက်အလက်များ 💠 Fundamental Skills for New Teachers (Batch-3) သင်တန်းဖွင့်ပွဲ - 10. 11. 2026 (Tue) သင်တန်းစရက် - 11. 11. 2026 (Wed) သင်တန်းရက် - November 11, 12, 13, 14, 15, 16, 17, 18 သင်တန်းပိတ်ပွဲ - 19. 11. 2026 (Thu) သင်တန်းအချိန် - 7:00 PM - 8:00 PM သင်တန်းကာလ - 10 Days သင်တန်းကြေး - 100,000 ကျပ် TA သင်တန်းသားဟောင်း - 80,000 ကျပ်

အတန်းထိန်းကျောင်းခြင်းဟာ လေ့ကျင့်သင်ယူလို့ရတဲ့ အတတ်ပညာဟုတ်ရဲ့လား။ 💠📘 ဆရာ၊ ဆရာမ အတော်များများက Classroom Management (အတန်းတွင်း စီမံခန့်ခွဲမှု) ကို သီးသန့်လေ့လာရမယ့်ပညာရပ်တစ်ခုလို့ မထင်ကြပါဘူး။ ဒါကလည်း ရိုးရာလက်ဆင့်ကမ်းသင်ကြားမှုတွေနဲ့ ဘာသာရပ်ကျွမ်းကျင်မှုကို ဦးစားပေးတဲ့ အလေ့အထမှာ အသားကျခဲ့လို့ပါပဲ။ ဒါပေမဲ့ လက်တွေ့ ပညာရေးလောကမှာတော့ အံ့သြစရာကောင်းတဲ့ အချက်အလက်တွေ ရှိနေပါတယ်။ နိုင်ငံတကာ ပညာရေးသုတေသနစစ်တမ်းများအရ စနစ်ကျတဲ့ Classroom Management မရှိတဲ့ စာသင်ခန်းတစ်ခုဟာ စာသင်ချိန် မိနစ် (၄၀) ရဲ့ တစ်ဝက်လောက်ကို ကလေးများကို တိတ်ခိုင်းရခြင်း၊ အာရုံပြန်စုစည်းရခြင်းနှင့် ဆူပူထိန်းသိမ်းနေရခြင်းတွေနဲ့သာ အချိန်ကုန်ဆုံးသွားလေ့ ရှိပါတယ်တဲ့။ ဒါတင်မဟုတ်ဘဲ Private School နဲ့ International School တွေက အလုပ်ခေါ်ယူရာမှာလည်း Demo Teaching (သရုပ်ပြသင်ကြားခြင်း) စစ်ဆေးတဲ့အခါ "အတန်းကို ဘယ်လို ဦးဆောင်သလဲ၊ ကလေးတွေရဲ့ အာရုံစူးစိုက်မှုကို ဘယ်လို ထိန်းချုပ်သလဲ" ဆိုတဲ့ Classroom Presence နဲ့ Management Skill ကို အဓိကထား အကဲဖြတ်ကြပါတယ်။ ပိုပြီးအရေးကြီးတာကတော့ သင်ကြားရေး လောကမှ ဆရာ၊ ဆရာမ အများစု စိတ်ဓာတ်ကျပြီး လက်လျှော့သွားကြရတဲ့ အချက်တွေထဲမှာ စာသင်ရတာ မချစ်လို့ မဟုတ်ဘဲ၊ နေ့စဉ်နှင့်အမျှ ကလေးတွေရဲ့ အပြုအမူတွေကို ကိုင်တွယ်ရင်း စိတ်ပန်းလူပန်း ဖြစ်လာရခြင်းကြောင့်သာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် Alpha Generation ကလေးတွေကို အရင်ခေတ်ကလို တုတ်ပြ၊ အော်ဟစ်ပြီး ကြောက်အောင်ခြောက်လှန့်တဲ့ နည်းလမ်းတွေနဲ့ ထိန်းကျောင်းလို့ လုံးဝ မရတော့ပါဘူး။ ဒါဆိုဘယ်လိုမျိုး အတန်းကို စီမံထိန်းကျောင်းမလဲ။ ဆရာ၊ ဆရာမတို့အနေနဲ့ စာသင်ခန်းထဲဝင်လိုက်တိုင်း လည်ချောင်းနာအောင် အော်နေရတဲ့ ဘဝကနေ လွတ်မြောက်ပြီး၊ ကျောင်းအုပ်ချုပ်ရေးနဲ့ မိဘတွေကပါ လေးစားအားကျရတဲ့ Professional ဆရာ၊ ဆရာမတစ်ဦးအဖြစ် ရပ်တည်နိုင်ဖို့ "Classroom Management - Teacher Training (Batch - 13)" သင်တန်းကို Teaching Agency မှ ဖွင့်လှစ်ပေးလိုက်ပါတယ် ခင်ဗျာ။ 💠 ဒီသင်တန်းက ဘယ်လို ဆရာ၊ ဆရာမတွေအတွက် မဖြစ်မနေ လိုအပ်သလဲ။ 🔹ဘာသာရပ်ပိုင်း ကျွမ်းကျင်ပေမဲ့ အတန်းထဲမှာ ကလေးတွေ ဆူညံရှုပ်ထွေးနေလို့ စာသင်ရတာ အရာမထင်ဖြစ်နေသော ဆရာ၊ ဆရာမများ 🔹International School နှင့် Private School များတွင် အင်တာဗျူးနှင့် Demo Teaching များအတွက် စိုးရိမ်နေသူများ 🔹ကလေးတွေကို အော်ဟစ်အပြစ်ပေးတဲ့ နည်းလမ်းအစား စည်းကမ်းတကျနဲ့ ချစ်ကြောက်ရိုသေလာအောင် ပညာရှင်ဆန်ဆန် ဦးဆောင်လိုသော အတန်းပိုင်နှင့် ဘာသာရပ်သင် ဆရာ၊ ဆရာမများ 🔹နေ့စဉ် စာသင်ကြားရေးဘဝမှာ စိတ်ဖိစီးမှု လျှော့ချပြီး သက်သောင့်သက်သာဖြင့် ထိရောက်စွာ သင်ကြားလိုသူများ နဲ့ 🔹 ဆရာ/မ အဖြစ်စတင်ပြီး စာသင်ခန်းကို ဦးစီးသင်ကြားတတ်လိုသူများ တက်ရောက်နိုင်ပါတယ်ခင်ဗျာ။ 🔷ပို့ချမည့်အကြောင်းအရာများ 1. Classroom Management Skills 2. Classroom Setting 3. Physical Evidence and Stress-free Environment 4. Time Blocks 5. Classroom Rules and Reinforcing Techniques 6. Classroom Language 7. Teacher’s Behaviors 📅 သင်တန်းအသေးစိတ် အချက်အလက်များ ▪️ သင်တန်းဖွင့်ပွဲ - 16. 11. 2026 (Mon) ▪️ သင်တန်းစရက် - 17. 11. 2026 (Tue) ▪️ သင်တန်းရက် - Nov 17, 18, 19, 20 & 25, 26, 27, 28 ▪️ သင်တန်းပိတ်ပွဲ - 29. 11. 2026 (Sun) ▪️ သင်တန်းကာလ - 10 Days | အချိန် - 7:00 PM - 8:00 PM ▪️ သင်တန်းကြေး - 60,000 ကျပ် (TA သင်တန်းသားဟောင်း - 50,000 ကျပ်) 👩‍🏫 Trainer Profile: Tr. Zin Thu 🎓 Master of English (Mandalay University) 🎓 Bachelor of English (UFL Mandalay) 🎓 Dip. in ELT (Mandalay University) 🎓 Dip. in ECCD (YUOE) 🎓 Dip. in Educational Administration (London Examination Board) 🎓 Certificate in ECCD (Social Welfare) 🏆 ဒီသင်တန်းပြီးဆုံးသွားတဲ့အခါ ဘာသာရပ်တစ်ခုကို သင်တတ်ရုံသာမက စာသင်ခန်းတစ်ခုလုံးရဲ့ စွမ်းအင်နဲ့ စည်းကမ်းကို ပိုင်နိုင်စွာ ဦးဆောင်နိုင်တဲ့ "Complete Educator" တစ်ယောက်ရဲ့ အရည်အချင်းနဲ့ ယုံကြည်မှုကို ပိုင်ဆိုင်နိုင်သွားမှာ ဖြစ်ပါတယ်။ သင်တန်းပြီးမြောက်ပါက Official Certificate နှင့်တကွ Teaching Agency ၏ Alumni Card ကိုပါ ပေးအပ်သွားမည် ဖြစ်ပါသည် ခင်ဗျာ။ 📩 စာသင်ချိန်တိုင်းကို ပင်ပန်းမှုကင်းပြီး အောင်မြင်တဲ့ အချိန်တွေအဖြစ် ပြောင်းလဲဖို့ နေရာမပြည့်ခင် 💠TELEGRAM @tafinancedepartment ကတဆင့် သင်တန်းအသေးစိတ်များကိုမေးမြန်းစုံစမ်းလိုက်ပါခင်ဗျာ။ 💠 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက် ရှိပါတယ်။ 💠ဆရာ၊ ဆရာမများရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖို့ သီးသန့်သင်တန်းများ ရယူလိုတဲ့ Private School နှင့် International School များအတွက်လည်း Coach Session & Cooperative Session များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

photo content

မူလတန်းစနစ်သစ် မြန်မာစာသင်ရိုးအတိုင်း ကလေးတွေကို စိတ်ဝင်စားဖွယ်ကောင်းပြီး ထိရောက်တဲ့ သင်ကြားနည်းစနစ်တွေနဲ့ စနစ်တကျ သင်ကြားပေးနိုင်ဖို့ Teaching Agency ကနေ မူလတန်းစနစ်သစ် မြန်မာစာ သင်ကြားနည်း (Batch-21) သင်တန်းကို ပြန်လည်ဖွင့်လှစ်ပါပြီ။ ဒီသင်တန်းမှာ မူလတန်းစနစ်သစ် မြန်မာစာသင်ရိုးနဲ့ ကိုက်ညီတဲ့ သင်ကြားနည်းစနစ်များ၊ ကလေးတွေရဲ့ နားထောင်ခြင်း၊ ပြောဆိုခြင်း၊ ဖတ်ရှုခြင်းနဲ့ ရေးသားခြင်းစွမ်းရည်တွေ တိုးတက်လာစေမယ့် Teaching Strategies များအပြင် စာသင်ခန်းထဲမှာ လက်တွေ့အသုံးချနိုင်မယ့် Learning Activities များကိုပါ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။ Trainer ကတော့ အားလုံးသိကြတဲ့ ကျွန်တော်တို့ရဲ့ Tr. Seint ပဲဖြစ်ပါတယ်ခင်ဗျာ။ မူလတန်းအဆင့် မြန်မာစာသင်ကြားနေတဲ့ ဆရာ၊ ဆရာမများ၊ Home Guide Teachers များနဲ့ မိမိတို့ရဲ့ ကလေးတွေကို စနစ်တကျ သင်ကြားပေးလိုတဲ့ မိဘများအတွက် အထူးသင့်တော်ပါတယ်ခင်ဗျာ။ 📩 သင်တန်းအပ်နှံရန် – TELEGRAM @tafinancedepartment

photo content

✨ မီးထွန်းပွဲတော်ရဲ့ အလင်းရောင်တွေနဲ့အတူ တောက်ပမယ့် ဆရာတို့ရဲ့ ပညာရေးခရီးလမ်းအတွက် Teaching Agency ရဲ့ “မှတ်မှတ်ရရ တစ်ခါက သီတင်းကျွတ်” Teacher Training Giveaway အတွက် ရွေးချယ်ပေးမယ့် အချိန်က နီးလာပါပြီ။ လာမယ့် အောက်တိုဘာလ (၃၁) ရက်နေ့ည မှာတော့ အခမဲ့တက်ရောက်ခွင့်ရမယ့် ကံထူးရှင် ဆရာ၊ ဆရာမ (၂) ဦးကို ကြေညာပေးတော့မှာမို့၊ မပါ၀င်ရသေးဘူးဆိုရင် အခုပဲ ဒီလင့်ခ် https://www.facebook.com/share/p/1JNaAXhSZa/ ကိုနှိပ်ပြီး ပါ၀င်လိုက်ဖို့ မမေ့ပါနဲ့ခင်ဗျာ။ 🪔 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတိုရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹