Teaching Agency
Открыть в Telegram
5 671
Подписчики
Нет данных24 часа
+357 дней
+14430 дней
Архив постов
5 671
💙 Teaching Agency ဟာ စာတွေ့သက်သက်မဟုတ်ဘဲ လက်တွေ့စာသင်ခန်းနဲ့ ချိတ်ဆက်သင်ကြားပေးနိုင်မှုကြောင့် သင်တန်းသားတွေရဲ့ Positive Reviews တွေကို အခိုင်အမာ ရရှိထားပါတယ်။ ပြီးခဲ့တဲ့ Official Cambridge TKT Exam တွေမှာလည်း Teaching Agency ကနေ လေ့ကျင့်ပေးလိုက်တဲ့ ဆရာ၊ ဆရာမအများစုဟာ အမြင့်ဆုံး ရမှတ်တွေဖြစ်တဲ့ Band 3 နဲ့ Band 4 တွေကို ဂုဏ်ယူဖွယ်ရာ ရရှိပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။
အထူးအခွင့်အရေးအနေနဲ့ သင်တန်းတက်ပြီး Cambridge TKT Exam ဝင်ဖြေမယ့်သူတွေအတွက် အခမဲ့ Exam Registration Service နဲ့ Study Plan တွေပါ Teaching Agency ကနေ ပံ့ပိုးပေးသွားမှာ ဖြစ်သလို၊ Exam မှာ အမြင့်ဆုံးရမှတ် Band 4 ရရှိခဲ့ရင် သင်တန်းကြေး 100% အပြည့်အဝ Refund ပြန်လည်ပေးအပ်သွားမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ (Band-4 ရရှိခဲ့တဲ့ သင်တန်းသားများစွာကိုလည်း သင်တန်းကြေး ပြန်လည်ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ 💙)
Cambridge စံနှုန်းမီ Lesson Plan တွေကို ကျွမ်းကျင်စွာ ရေးဆွဲနိုင်တဲ့ Professional Educator တစ်ယောက်အဖြစ် Career ကို ယုံကြည်မှုရှိရှိ အဆင့်မြှင့်တင်ဖို့ဆိုရင် အခုပဲ 💠TELEGRAM @tafinancedepartment ကနေတစ်ဆင့် အသေးစိတ် မေးမြန်း အပ်နှံနိုင်ပါပြီခင်ဗျာ။
🔹 ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် Teaching Agency က အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက်ရှိနေပါတယ်
🔹Teaching Agency မှ ပို့ချသောသင်တန်းများအား မိမိတို့ ဆရာ၊ ဆရာမများအတွက် သီးသန့်ရယူလိုသော Private School၊ International School များအနေနဲ့ Cooperative Trainingနှင့် Coach Session များ ရယူနိုင်ပြီ ဖြစ်ပါတယ်။
5 671
သတ်မှတ်စာသင်ချိန်အတွင်း အစအဆုံး အချိတ်အဆက်မိမိဖြစ်အောင် သင်ခန်းစာကို ပြင်ဆင်တတ်စေနိုင်မဲ့ TKT Module 2 – Lesson planning and use of resources for language teaching (Batch-21) 📘
ဆရာ၊ ဆရာမတိုင်းက ကိုယ့်ကျောင်းသားတွေကို အကောင်းဆုံး သင်ပေးချင်တဲ့ စေတနာရှိကြပါတယ်။ ဒါပေမယ့် ပြဋ္ဌာန်းစာအုပ်ထဲကအတိုင်း တသဝေမတိမ်း သင်နေရုံနဲ့ ကလေးတွေ တကယ် တတ်မြောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ တစ်ခါတလေ စာအုပ်ထဲက သင်ခန်းစာတွေက ကလေးတွေရဲ့ Level နဲ့ မကိုက်ညီတာ၊ ပျင်းစရာကောင်းနေတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။
💠➡️ Cambridge ရဲ့ နိုင်ငံတကာအသိအမှတ်ပြု TKT (Teaching Knowledge Test) စာမေးပွဲတွေထဲမှာမှ Module 2 ဟာ ဆရာ၊ ဆရာမတွေရဲ့ နေ့စဉ်သင်ကြားရေးအတွက် အသုံးအဝင်ဆုံးဖြစ်တဲ့ "Lesson planning and use of resources for language teaching" ကို သီးသန့် အကဲဖြတ်ပေးတဲ့ အရေးပါတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။
ဒီ Module ဟာ စာအုပ်ထဲကစာကို အလွတ်သင်ဖို့ထက်
◾ Lesson Planning- မိမိသင်မယ့် သင်ခန်းစာကနေ ကလေးတွေ ဘာတတ်သွားရမလဲဆိုတဲ့ ရည်ရွယ်ချက်ကို ဘယ်လိုတိတိကျကျ သတ်မှတ်မလဲ။ အတန်းတစ်တန်းကို Warm-up ကနေ အဆုံးသတ်တဲ့အထိ အချိတ်အဆက်မိမိ ဘယ်လို ဖွဲ့စည်းတည်ဆောက်မလဲ။
◾ Use of Resources - တစ်ခါတလေ ကလေးတွေရဲ့ Level နဲ့ မကိုက်ညီတဲ့၊ ပျင်းစရာကောင်းနေတဲ့ ပြဋ္ဌာန်းစာအုပ်တွေကို ကိုယ့်စာသင်ခန်းနဲ့ ကိုက်ညီအောင် ဘယ်လို ချန်လှပ်/ဖြည့်စွက် ပြုပြင်မလဲ ၊ ကလေးတွေ စိတ်ဝင်စားလာအောင် ပြင်ပသင်ထောက်ကူတွေကို ဘယ်လိုသုံးရမလဲ စတဲ့
နိုင်ငံတကာစံနှုန်းမီ သင်ခန်းစာပြင်ဆင်မှု နည်းစနစ်တွေကို လေ့လာစေတာပါ။
ဒီလိုနည်းလမ်းတွေကို တကယ့်စာသင်ခန်းထဲမှာ လက်တွေ့အသုံးချချင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ TKT Module 2 စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ချင်သူတွေအတွက် Teaching Agency ရဲ့ "TKT Module 2 – Lesson planning and use of resources for language teaching (Batch-21)" ကို ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။
📘TKT Module 2 – Lesson planning and use of resources for language teaching (Batch-21)
သင်တန်းဖွင့်ပွဲ- 14. 10. 2026 (Wed)
သင်တန်းစတင်မည့်ရက် - 14. 10. 2026 (Wed)
သင်တန်းအချိန် - 8:45 PM - 9:45 PM
သင်တန်းရက် - Wed & Thu (Weekly)
သင်တန်းကာလ - 2 months (8 weeks)
သင်တန်းပိတ်ပွဲ- 3. 12. 2026 (Thu)
သင်တန်းကြေး - 120000 ကျပ်
TA သင်တန်းသားဟောင်း -100000 ကျပ်
💠 Trainer: Tr. Stefani
B.A. (EPP, YU)
Dip. in ELT (YU)
Dip. in ELTM (YUOE)
Dip. in TESOL (LTTC)
CELTA (Cambridge)
TKT (Cambridge)
TKT: YL (Cambridge)
TKT: CLIL (Cambridge)
M.Ed. (EAL) Assumption University
ဒီသင်တန်းမှာ သင်ခန်းစာတစ်ခုရဲ့ Lesson Aims ကို တိကျစွာ သတ်မှတ်ပြီး အစမှအဆုံး အချိတ်အဆက်မိမိ ဖွဲ့စည်းတည်ဆောက်နည်း (Sequencing & Staging) နဲ့ ကျောင်းသားတွေရဲ့ တတ်မြောက်မှုကို အသင့်လျော်ဆုံးနည်းလမ်းတွေနဲ့ အကဲဖြတ်နည်း (Assessment) တွေကို အဓိက လေ့လာရမှာပါ။
ဒါ့အပြင် ပြဋ္ဌာန်းစာအုပ်တွေကို မိမိစာသင်ခန်းနဲ့ ကိုက်ညီအောင် ချန်လှပ်၊ ဖြည့်စွက် ပြုပြင်သုံးစွဲနည်းတွေအပါအဝင် ပြင်ပသင်ထောက်ကူတွေ နဲ့ ပြင်ပကိုးကားစရာ ရင်းမြစ်တွေကို စာသင်ခန်းထဲမှာ ဘယ်လို ထိထိရောက်ရောက် ပေါင်းစပ်အသုံးပြုရမလဲဆိုတာကိုပါ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
💠 အတန်းတွေကို Zoom ကနေ Live သွားပေးမှာဖြစ်လို့ နားမလည်တာရှိရင် Trainer နဲ့ Face-to-face ချက်ချင်း မေးမြန်းဆွေးနွေးနိုင်ပြီး
💠TKT-Style Mock Tests (၆) ခုတိတိကို ကိုယ်တိုင်ဖြေဆိုလေ့ကျင့်ရမယ့်အပြင်၊ Band Score ကောင်းကောင်းရစေမယ့် သီးသန့် Guideline တွေကိုပါ လမ်းညွှန်ပေးသွားမှာပါ။
💠အလုပ်များလို့ အတန်းလွတ်သွားတာမျိုး ဖြစ်ခဲ့ရင်တောင် နေ့စဉ် သင်ကြားသမျှ သင်ခန်းစာတွေကို အချိန်မရွေး အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်မယ့် Recorded Videos တွေ စီစဉ်ပေးထားပါတယ်။
ဒါ့အပြင် သင်တန်းတက်ပြီး Cambridge TKT Exam ဝင်ဖြေမယ့်သူတွေအတွက် အခမဲ့ Exam Registration Service အပြင်၊ စာမေးပွဲအတွက် သေချာပြင်ဆင်နိုင်မယ့် Study Plan တွေကိုပါ Teaching Agency ကနေ အခမဲ့ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
အခုဖွင့်လှစ်မဲ့ သင်တန်းလေးကို
- စာအုပ်ထဲကအတိုင်း အလွတ်သင်နေရတဲ့ ပုံစံကနေ ခွဲထွက်ပြီး၊ ကိုယ်ပိုင် Lesson Plan နဲ့ စာသင်ခန်းကို နိုင်နိုင်နင်းနင်း စီမံချင်တဲ့ လက်ရှိ ဆရာ၊ ဆရာမများ
- နိုင်ငံတကာအသိအမှတ်ပြု Cambridge Certificate ရယူပြီး ဝင်ငွေနဲ့ အခွင့်အလမ်း ပိုမိုများပြားတဲ့ International Schools တွေ၊ Bilingual Schools တွေဆီ Career ကူးပြောင်းလိုသူများနဲ့
- Professional Teacher တစ်ယောက်အဖြစ် ယုံကြည်မှုရှိရှိ စတင်ရပ်တည်လိုတဲ့ ဆရာ၊ ဆရာမများ တက်ရောက်သင့်ပါတယ်။
5 671
💎 ❝ မှတ်မှတ်ရရ ထရိန်နာကို မှတ်မှတ်ရရ စကားဆိုရင်း၊ အထူးလက်ဆောင် ကံစမ်းကြစို့ ❞
Teaching Agency (Est.2021) မှာ ဖွင့်လှစ်ခဲ့တဲ့ သင်တန်းတွေမှာ တက်ရောက်ခဲ့ဖူးတဲ့ (သို့) လက်ရှိတက်ရောက်နေဆဲ ဆရာ၊ ဆရာမတို့ရေ… စိတ်မှတ်ဉာဏ်ထဲ အခုထိကိန်းဝပ်နေတဲ့ ထရိန်နာ (သို့) နောက်တစ်ကြိမ် ပြန်ဆုံတွေ့ရရင် ကောင်းမယ်လို့ တွေးထားတဲ့ Teacher Trainer တစ်ဦးဦးဆိုရင် ဘယ်သူများဖြစ်မလဲ။
ဒီနှစ် ကမ္ဘာ့ဆရာများနေ့အမှတ်တရအဖြစ်၊ Teaching Agency မှာ သင်တန်းတက်ရောက်တုန်းက၊ မပြောဖြစ်ခဲ့တဲ့၊ ပြောချင်ပေမယ့် အခွင့်အရေးမရခဲ့တဲ့ စကားတွေရှိရင်…. အခုချိန်ထိ မှတ်မှတ်ရရဖြစ်နေတဲ့ ထရိန်နာဆီ အမှတ်တရစကားဆိုရင်း၊ အောက်တိုဘာလမှာဖွင့်မယ့် သင်တန်းတွေထဲကနေ ကြိုက်နှစ်သက်ရာသင်တန်းတက်ရောက်ခွင့် မေတ္တာလက်ဆောင်ကို ပျော်ပျော်ကြီး ကံစမ်းနိုင်ပါပြီ။ 💙
ဒီအထူးအစီအစဉ်မှာ ပါဝင်ဖို့ဆိုရင်တော့...
👉 (၁) ကိုယ့်အတွက်တော့ အမှတ်အရရှိဆုံးဖြစ်တဲ့ Trainer ဆရာ/ဆရာမကို ဘာတွေပြောပြချင်လဲ၊ ဘယ်လိုရင်တွင်းစကားလေးတွေ ဆိုချင်လဲဆိုတာကို ဒီပို့စ်ရဲ့ “comment” မှာ ရေးပေးပါ၊
👉 (၂) အဲ့ဒီ Trainer နဲ့သာ နောက်တစ်ခါ ထပ်ပြီး သင်ခွင့်ရမယ်ဆိုရင် ဘယ်လိုအတန်းလေးကို လက်မလွှတ်တမ်း ထပ်တက်ချင်လဲဆိုတာကိုပါ ဆက်ပြီး ဖြေပေးခဲ့ပါ။
လာမယ့် အောက်တိုဘာလ (၅) ရက်နေ့မှာတော့ ဒီပို့စ်အောက်မှာ ရင်ဖွင့်စကားဆိုထားကြတဲ့ Comment တွေထဲကနေဆရာ၊ ဆရာမ (၂) ဦးကို ရွေးချယ်ပြီး၊ သင်တန်း အခမဲ့တက်ရောက်ခွင့်ကို မေတ္တာလက်ဆောင်အဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီတော့ ဆရာ၊ ဆရာမတို့ရဲ့ မှတ်မှတ်ရရထရိန်နာအကြောင်း အခုပဲ ကောမန့်မှာ ရေးသားလိုက်ဖို့ မမေ့ပါနဲ့ခင်ဗျာ။
🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹
5 671
🔹 ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် Teaching Agency က အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက်ရှိနေပါတယ်
🔹Teaching Agency မှ ပို့ချသောသင်တန်းများအား မိမိတို့ ဆရာ၊ ဆရာမများအတွက် သီးသန့်ရယူလိုသော Private School၊ International School များအနေနဲ့ Cooperative Trainingနှင့် Coach Session များ ရယူနိုင်ပြီ ဖြစ်ပါတယ်။
5 671
ဘာသာရပ်ကို ကျွမ်းကျင်ပေမဲ့ အင်္ဂလိပ်လိုသင်ပေးရမယ်ဆို အခက်အခဲဖြစ်နေတတ်တဲ့ ဆရာ/မတို့ ရှိပါသလား။
💠Cambridge က မိတ်ဆက်ထားတဲ့ CLIL (Content and Language Integrated Learning) ဆိုတာ ကျောင်းသင်ဘာသာရပ်တွေကို မိမိရဲ့ မိခင်ဘာသာစကားနဲ့ မဟုတ်ဘဲ အင်္ဂလိပ်စာလိုမျိုး ဒုတိယဘာသာစကားတစ်ခုခုကို အသုံးပြုပြီး ပေါင်းစပ်သင်ကြားတဲ့ ချဉ်းကပ်မှုစနစ်တစ်ခု ဖြစ်ပါတယ်။
ဘာသာပြန်သင်ပေးတာမျိုး မဟုတ်ဘဲ၊ အင်္ဂလိပ်လိုပဲ တိုက်ရိုက်သင်ကြားပြီး ကလေးတွေ နားလည်လာအောင် ပုံတွေ၊ ဗီဒီယိုတွေ၊ Body language တွေနဲ့ အဆင့်ဆင့် ပံ့ပိုးကူညီမှုနည်းစနစ်တွေကို အသုံးပြုရတဲ့ စနစ်ဖြစ်ပါတယ်။
CLIL သင်ကြားရေးမှာ အောင်မြင်ဖို့အတွက် Content (ဘာသာရပ်ဆိုင်ရာ အသိပညာ)
၊ Communication (ဆက်သွယ်ပြောဆိုခြင်း)၊ Cognition (တွေးခေါ်ဆင်ခြင်ခြင်း)၊
Culture (ယဉ်ကျေးမှု နားလည်ခြင်း) တွေကို အခြေခံပြီးတည်ဆောက်ယူရတာပါ။
အခုလိုမျိုး CLIL Methodology ကို တကယ်နားလည်ချင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ Cambridge က စစ်ဆေးတဲ့ TKT CLIL စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ချင်သူတွေအတွက် Teaching Agency ရဲ့ "TKT CLIL for Teachers (Batch-15) " ကို ယခုလမှာ ထပ်မံဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
📍ဒီသင်တန်းကို တက်ရောက်ခြင်းဖြင့် ဘာတွေ ရရှိနိုင်မလဲ
◾ဘာသာစကားနဲ့ ဘာသာရပ်ကို ဘယ်လို ဟန်ချက်ညီညီ ပေါင်းစပ်သင်ကြားမလဲ၊
◾BICS (နေ့စဉ်သုံးဘာသာစကား) နဲ့ CALP (ပညာရပ်ဆိုင်ရာဘာသာစကား) တွေကို ဘယ်လို ခွဲခြားတည်ဆောက်မလဲ။
◾ခက်ခဲတဲ့ ဘာသာရပ်ဆိုင်ရာ ဝေါဟာရတွေ၊ သဘောတရားတွေကို ကျောင်းသားတွေ နားလည်လွယ်အောင် ဘယ်လို အဆင့်ဆင့် ပံ့ပိုးကူညီ ပေးမလဲ။
◾ CLIL စာသင်ခန်းအတွက် အသင့်တော်ဆုံးဖြစ်မယ့် လှုပ်ရှားမှုတွေနဲ့ ကလေးတွေရဲ့ တတ်မြောက်မှုကို ဘယ်လို အကဲဖြတ်မလဲ ဆိုတဲ့ လက်တွေ့ အသုံးချနည်းစနစ်အပြင်
◾ Cambridge TKT CLIL စာမေးပွဲ ဖြေဆိုမည့်သူများအတွက် စာမေးပွဲရဲ့ သဘောသဘာဝ၊ မေးခွန်းပုံစံ (Task types) နဲ့ အချိန်စီမံခန့်ခွဲမှုတွေကို အတိအကျ လေ့ကျင့်ပေးသွားမယ့် အတန်းလည်းဖြစ်ပါတယ်။
Past Papers တွေကို ကိုယ်တိုင်ဖြေဆိုစေပြီး Trainer က အသေးစိတ် ရှင်းလင်းပြသပေးလို့ ရည်မှန်းချက်မြင့်မြင့်နဲ့ စာမေးပွဲမှာ High Score Achiever ဖြစ်လိုသူတွေအတွက် ပံ့ပိုးမှုကောင်းကောင်းရနိုင်မှာပါ။
💠သင်တန်းကာလနှင့် အကြောင်းအရာများ💠
TKT CLIL for Teachers (Batch-15)
သင်တန်းဖွင့်ပွဲ- 14. 10. 2026 (Wed)
သင်တန်းစတင်မည့်ရက် - 14. 10. 2026 (Wed)
သင်တန်းအချိန် - 7:00 PM - 8:30 PM
သင်တန်းရက် - Wed & Thu (Weekly)
သင်တန်းကာလ - 2 months (8 weeks)
သင်တန်းပိတ်ပွဲ- 3. 12. 2026 (Thu)
သင်တန်းကြေး - 140,000 ကျပ်
TA သင်တန်းသားဟောင်း -120000 ကျပ်
----
💠သင်ကြားပေးမည့် Trainer💠
Trainer: Tr. Stefani
B.A. (EPP, YU)
Dip. in ELT (YU)
Dip. in ELTM (YUOE)
Dip. in TESOL (LTTC)
CELTA (Cambridge)
TKT (Cambridge)
TKT: YL (Cambridge)
TKT: CLIL (Cambridge)
M.Ed. (EAL) Assumption University
💠Teaching Agency ဟာ TKT သင်တန်းတွေနဲ့ ပတ်သက်ပြီး စာတွေ့သက်သက်မဟုတ်ဘဲ လက်တွေ့စာသင်ခန်းနဲ့ ချိတ်ဆက်သင်ကြားပေးနိုင်မှုကြောင့် သင်တန်းသားတွေရဲ့ Positive Reviews တွေကို အခိုင်အမာ ရရှိထားတဲ့အပြင် Official Cambridge TKT Exam စာမေးပွဲတွေမှာလည်း Teaching Agency ကနေ လေ့ကျင့်ပေးလိုက်တဲ့ ဆရာ၊ ဆရာမအများစုဟာ အမြင့်ဆုံး ရမှတ်တွေဖြစ်တဲ့ Band 3 နဲ့ Band 4 တွေကို ဂုဏ်ယူဖွယ်ရာ ရရှိပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။
💠အထူးအခွင့်အရေးအနေနဲ့ သင်တန်းတက်ပြီး Cambridge TKT Exam ဝင်ဖြေမယ့်သူတွေအတွက် အခမဲ့ Exam Registration Service နဲ့ Study Plan တွေပါ Teaching Agency ကနေ ပံ့ပိုးပေးသွားမှာ ဖြစ်သလို၊ Exam မှာ အမြင့်ဆုံးရမှတ် Band 4 ရရှိခဲ့ရင် သင်တန်းကြေး 100% အပြည့်အဝ Refund ပြန်လည်ပေးအပ်သွားမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ Band -4 ရရှိခဲ့တဲ့ သင်တန်းသားများစွာကိုလည်း သင်တန်းကြေး ပြန်လည်ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။ 💙💙
CLIL ကိုလေ့လာသင်ယူပြီးသွားတဲ့ အခါ ဆရာ/မတို့အနေနဲ့ စာမေးပွဲဖြေပြီး နိုင်ငံတကာ အသိအမှတ်ပြု TKT လက်မှတ်ရယူနိုင်သလို၊ စာမေးပွဲမဖြေသေးဘူးဆိုရင်တောင်မှ ဒီ အကြောင်းအရာတွေကိုလေ့လာထားခြင်းကြောင့်
- ကလေးတွေကို သင်္ချာ၊ သမိုင်း၊ သိပ္ပံစတဲ့ ဘာသာရပ်တွေ အင်္ဂလိပ်လို သင်တဲ့အခါ သင်ကြားသူ/သင်ယူသူကြားပိုမိုချောမွေ့လာအောင် သင်တတ်လာမယ်၊
- မိခင်ဘာသာစကား မဟုတ်တဲ့ ဒုတိယဘာသာစကားနဲ့ ပညာရပ်တစ်ခုကိုလေ့လာနေရတဲ့ ကလေးတွေကို Problem-solvingနဲ့ Critical Thinking အတွက် လေ့ကျင့်ပေးတတ်လာမယ်
- ဘာသာရပ်အပေါ် စိတ်ဝင်စားမှုရှိပေမဲ့ ဘာသာစကားကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကို လျှော့ချပြီး သင်ကြားပေးတတ်လာမှာပါ။
ဒီသင်တန်းလေးအကြောင်း မေးမြန်းချင်တယ်ဆိုရင်တော့ အခုပဲ TELEGRAM @tafinancedepartment ကနေတစ်ဆင့် မေးမြန်းအပ်နှံနိုင်ပါပြီ။
5 671
✨ ❝ သားသားမီးမီးတို့ရဲ့ နှစ်ဝက်စာမေးပွဲအတွက် ဖိဖိစီးစီး၊ ထိထိရောက်ရောက်နဲ့ တစ်ဦးချင်း သေချာဂရုစိုက်သင်ပေးမယ့် ကျွမ်းကျင်ဆရာ၊ ဆရာမကို (၇၂) နာရီအတွင်း စနစ်တကျ ချိတ်ဆက်ပေးနေပါပြီ ❞
ကျောင်းစာတွေ ပိုခက်လာတာ၊ နှစ်၀က်စာမေးပွဲနီးလာလို့ စိုးရိမ်ပူပန်နေရတာတွေကြားထဲ… ဖေဖေ၊ မေမေတို့ရဲ့ ကလေးနဲ့ အကိုက်ညီဆုံး၊ စာအသင်အပြကောင်းပြီး၊ စိတ်ရှည်တဲ့ ဂိုက်ဆရာကောင်းတစ်ယောက်ကို ရှာတွေ့ဖို့ အခက်အခဲဖြစ်နေလား။
ကလေးတစ်ယောက်အတွက် စာမေးပွဲကာလမှာ အများကြီးစုပြုံသင်ရတာထက်စာရင်၊ သားသား၊ မီးမီးတို့ရဲ့ ဘာသာရပ်ဆိုင်ရာ အားနည်းချက်၊ အားသာချက်ကို သေချာအာရုံစိုက်ပြီး၊ တစ်ဦးချင်း ထိထိရောက်ရောက် သီးသန့် သင်ပေးနိုင်တဲ့အခါ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်မှာက အသေအချာပါပဲ။
အခုလိုမျိုး ဖေဖေ၊ မေမေတို့ရဲ့ စိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးဖို့အတွက် TAstudents+ က သင်ယူမယ့် ကလေးရဲ့ လိုအပ်ချက်၊ အချိန်ဇယားနဲ့ အကိုက်ညီဆုံး ဆရာ၊ ဆရာမကို (၇၂) နာရီအတွင်း အမြန်ဆုံး ချိတ်ဆက်ပေးနေပါပြီ။
TAstudents+ ရဲ့ ပညာရေးဝန်ဆောင်မှုဟာဆိုရင်…
💠 စိတ်ကြိုက် သင်ကြားမှုပုံစံ - ဖေဖေမေမေတို့ အဆင်ပြေမယ့်အတိုင်း အိမ်အရောက်သင် (သို့) အွန်လိုင်းသင်ထဲကနေ နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။
💠 တစ်ရက်တာ အစမ်းသင်ကြားခွင့် - သင်ပြမယ့် ဆရာ/မ ရဲ့ သင်ကြားရေး အရည်အချင်းကို စစ်ဆေးနိုင်သလို၊၊ (၁) ရက် အစမ်းသင်ကြည့်ပြီးမှ မိဘတွေဘက်က စိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်။
💠 တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိခြင်း - သင်ကြားရေးကာလတစ်လျှောက် ကလေးရဲ့ တိုးတက်မှုကို Continuous Feedback စနစ်နဲ့ အမြဲတမ်း ပြန်လည်တင်ပြပေးနေတာမှာ ဖြစ်ပါတယ်။
သိပ်မကြာခင် ရောက်ရှိတော့မယ့် နှစ်ဝက်စာမေးပွဲအတွက် ကလေးတွေရဲ့ ပညာရေးကို စနစ်တကျ ပြင်ဆင်ပေးချင်တယ်ဆိုရင်၊ အသေးစိတ်ကို Page Messenger ကနေ တဆင့် ဆက်သွယ်ဆွေးနွေးနိုင်သလို၊ အောက်ပါ ဖုန်းနံပါတ်တွေကနေ တဆင့်လည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
💠 Page Chatbox မှ တိုက်ရိုက်ဆက်သွယ်ရန် - http://m.me/tastudents.official
💠TELEGRAM @tafinancedepartment
💠 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန် -
🇲🇲 09762012599
🇲🇲 09976048967
🇹🇭 (+66) 0824965216
❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞
5 671
"စာသင်တဲ့အခါ ကိုယ်ကအားစိုက်သလောက် ခရီးမပေါက်ဖြစ်နေရတဲ့ အကြောင်းအရင်း……" 🤦♂️📖
"အချိန်တွေ ကုန်ခံ၊ အားတွေစိုက်ပြီး သေချာသင်ပေးနေတာပဲ…… ဘာလို့ ကလေးက ခေါင်းထဲ မဝင်ရတာလဲ?" ဆိုပြီး ဆရာ၊ဆရာမတွေ စိတ်တိုဖူးကြတယ်မလား။
ဆရာ၊ ဆရာမတွေရော မိဘတွေပါ အဖြစ်များဆုံး ပြဿနာတစ်ခုရှိပါတယ်။
အဲဒါကတော့ "ကိုယ့်ဘက်က အားစိုက်သလောက် ခရီးမပေါက်တာ" ပါပဲ။ ဒါဟာ ကလေး စာမကြိုးစားလို့မဟုတ်သလို၊ သင်ပေးတဲ့သူရဲ့ စေတနာနည်းလို့လည်း မဟုတ်ပါဘူးခင်ဗျာ။
ဒါဆို အဓိက လိုအပ်နေတဲ့ အကြောင်းအရင်းတွေကို တစ်ချက်ချင်း TA နဲ့အတူတူလေ့လာကြည့်ရအောင်ပါ။
၁။ ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်နဲ့ သင်နည်း လွဲနေခြင်း
ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ အသက်အရွယ်အလိုက် လက်ခံနိုင်စွမ်း မတူညီကြပါဘူး။ ဒါကြောင့် ကလေးရဲ့ သဘာဝဖွံ့ဖြိုးမှုအဆင့်ထက် ကျော်လွန်ပြီး အတင်းအကျပ် သင်ကြားပေးတဲ့အခါ သင်ပေးတဲ့သူ ဘက်က ဘယ်လောက်ပဲ အားစိုက်ပါစေ ကလေးက နားမလည်နိုင်ဘဲ စိတ်ဓာတ်ကျသွားတတ်ပါတယ်ခင်ဗျာ။
၂။ ကလေးရဲ့ သင်ယူမှုပုံစံ (Learning Style) ကို မသိခြင်း
ကလေးတိုင်းဟာ စာကို နည်းလမ်းတစ်ခုတည်းနဲ့ မမှတ်မိကြပါဘူး။ မြင်မှ မှတ်မိတဲ့ Visual Learner၊ ကြားမှ မှတ်မိတဲ့ Auditory Learner နဲ့ ကိုယ်တိုင် လက်တွေ့လုပ်ဆောင်မှ နားလည်တဲ့ Kinesthetic Learner ဆိုပြီး သင်ယူမှုပုံစံအမျိုးမျိုး ရှိကြပါတယ်။ ကလေးရဲ့ သဘာဝပုံစံကို မသိဘဲ ပုံစံခွက်အတိုင်း အတင်းသင်နေရင်တော့ အချိန်ကုန် စိတ်ပင်ပန်းရုံပဲ အဖတ်တင်ပါလိမ့်မယ်ခင်ဗျာ။
၃။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု (Emotional Safety) မရှိခြင်း
"စာမရရင် ဆူခံရတော့မယ်" ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကြောက်ရွံ့မှုတွေ ရှိနေတဲ့အခါ ဦးနှောက်ရဲ့ မှတ်ဉာဏ်အပိုင်းဟာ အလိုအလျောက် ပိတ်သွားတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ မလုံခြုံဘဲ ကြောက်လန့်နေရတဲ့ ကလေးတစ်ယောက်ဟာ စာကို ဘာမှ အာရုံစိုက်လို့ မရနိုင်ပါဘူးခင်ဗျာ။
၄။ အာရုံစိုက်နိုင်စွမ်း (Attention Span) ကို လွန်ကဲစွာ မျှော်လင့်ခြင်း
ကလေးတွေရဲ့ အာရုံစိုက်နိုင်စွမ်းဟာ အသက်အရွယ်ပေါ် မူတည်ပြီး အကန့်အသတ် ရှိပါတယ်ခင်ဗျာ။ ကလေးရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်ပြီး ကြာရှည်စွာ အတင်းအကျပ် ထိုင်သင်ခိုင်းတာဟာ စာသင်တာကို ပိုမုန်းသွားစေတဲ့ အဓိကတရားခံပဲ ဖြစ်ပါတယ်ခင်ဗျာ။
🧠 ဒါဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ
-------
ကျောင်းသားတွေကို စာတော်အောင် သင်ပေးနိုင်ရုံနဲ့ ထိရောက်တဲ့ သင်ကြားရေးတစ်ခု မဖြစ်နိုင်ပါဘူးခင်ဗျာ။ ကလေးစိတ်ပညာ (Child Psychology) ကို နားလည်ထားမှသာ ကလေးရဲ့ မတူညီတဲ့ ခံစားချက်တွေကို စာနာနားလည်စွာ ကိုင်တွယ်နိုင်လာပါလိမ့်မယ်။ ဒါ့အပြင် ကလေး ဂျီကျတာနဲ့ စာမလုပ်တာတွေကို စိတ်ရှည်ရှည်နဲ့ အကြောင်းရင်းရှာ ဖြေရှင်းပေးနိုင်မှာဖြစ်သလို ကလေးကိုယ်တိုင် စာသင်ချင်စိတ်ရှိလာအောင်လည်း မှန်ကန်စွာ မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။
"စာသင်ရတာ ခက်ခဲနေတာမဟုတ်ပါဘူး၊ ကလေးရဲ့ စိတ်ကို နားလည်ဖို့ နည်းလမ်းလိုနေတာသာ ဖြစ်ပါတယ်။"
ဆရာ/ဆရာမတွေအနေနဲ့ ကလေးတွေရဲ့ စိတ်ကမ္ဘာကို ပိုမိုနားလည်ပြီး သင်ကြားရေးခရီးစဉ်တစ်လျှောက် စာသင်ရတာ ပိုမိုပေါ့ပါး အဆင်ပြေသွားစေဖို့ ကျွန်တော်တို့ TA ရဲ့ Child Psychology Class မှာ အတူတူ လေ့လာဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ ❤️
Child Psychology for Parents and Teachers (Batch-39)
သင်တန်းဖွင့်ပွဲ - 5. 10. 2026 (Mon)
သင်တန်းစရက် - 6. 10. 2026 (Tue)
သင်တန်းရက် - Oct 6, 7, 8, 9 & 12, 13, 14, 15
သင်တန်းအချိန် - 7:00 PM - 8:00 PM
သင်တန်းပိတ်ပွဲ -16. 10. 2026 (Fri)
သင်တန်းကာလ - 10 Days
သင်တန်းကြေး - 60000 ကျပ်
TA သင်တန်းသားဟောင်း -50000 ကျပ်
🔷Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်။
🔷ဆရာ၊ဆရာမများရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ဖို့ သီးသန့်သင်တန်းများရယူလိုတဲ့ Private School, International School များအတွက်လည်း Coach Session and Cooperative Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
5 671
ကလေးတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းဟာ လူကြီးတွေနဲ့မတူဘဲ အသက်အရွယ်အလိုက် ဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတဲ့ စွမ်းရည်တစ်ခုပါ။ ဒီသဘာဝကို မှန်မှန်ကန်ကန် နားလည်ထားမှသာ သူတို့လေးတွေကို အကောင်းဆုံး ပံ့ပိုးပေးနိုင်တဲ့ ဆရာ/မိဘကောင်းတွေ ဖြစ်လာနိုင်မှာပါ။ ကလေးတွေရဲ့ စိတ်ကမ္ဘာကို ပိုမိုနားလည်နိုင်ဖို့ Child Psychology for Parents and Teachers အတန်း မှာ လေ့လာနိုင်ပါတယ်ခင်ဗျာ။ တက်ရောက်လိုပါက Child Psychology လို့ရေးခဲ့ပေးပါ။
5 671
💯 ❝ ကလေးရဲ့ဦးနှောက်ထဲ ဘာသာစကားအသစ်တွေ တကယ် စွဲမြဲသွားအောင် ဒီအချက် (၃) ချက်ကို လေ့ကျင့်ပေးဖို့လိုပါတယ် မေမေတို့ရေ ... ❞
ဘာသာစကားနှစ်မျိုးကို သဘာဝကျကျ လက်ခံနိုင်ဖို့ အားပေးတဲ့ Bilingual Brain အကြောင်းကို ဒီလင့်ခ်ကနေ တဆင့် ဖတ်ရှုနိုင်ပါတယ်။ ဒီနေ့မှာတော့ Bilingual Brain အားကောင်းအောင် မေမေတို့ ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်း (၃) ချက်ကို ဆက်လက်မျှဝေပေးသွားပါမယ်။
💠 (၁) အချိန်၊ နေရာ၊ ပြောဆိုမယ့်သူအလိုက် ခွဲခြားသတ်မှတ်ပေးထားပါ။ 💠
ကလေးရဲ့ဦးနှောက်က မိခင်ဘာသာစကားအပြင်၊ English,Thai စသဖြင့် ဘာသာစကားတွေကို ရောထွေးမသွားစေဘဲ၊ သီးသန့်စီ မှတ်သားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အချိန်၊ နေရာနဲ့ ပြောမယ့်သူအလိုက် ခွဲခြားထားဖို့ပါပဲ။
🔵 အိမ်မှာ မိခင်ဘာသာစကားကိုပဲ အဓိကသုံးမယ်၊ ဖေဖေက အင်္ဂလိပ်လိုပြောပြီး မေမေက မြန်မာလိုပြောမယ်၊ ဒါမှမဟုတ် ညနေခင်း ပုံပြင်ဖတ်ချိန်မှာ အင်္ဂလိပ်လို သီးသန့်သုံးပေးတာမျိုး လုပ်ဆောင်ပေးတာမျိုး ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးရင်း၊ ကလေးရဲ့ဦးနှောက်က အခြေအနေပေါ်မူတည်ပြီး ဘာသာစကားကို လွယ်ကူစွာ ပြောင်းလဲသုံးစွဲနိုင်စွမ်း “Code-switching” မြင့်မားလာပါတယ်။
💠 (၂) အလွတ်ကျက်ခိုင်းမယ့်အစား သဘာဝကျကျ ထိတွေ့ပေးပါ။ 💠
ဘာသာစကားဆိုတာ စာအုပ်ကြီးအတိုင်း အလွတ်ကျက်ရမယ့်အရာ မဟုတ်ဘဲ နေ့စဉ်ဘဝရဲ့ လုပ်ဆောင်မှုတွေထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ထိတွေ့ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးကြိုက်တဲ့ ပုံပြင်စာအုပ်လေးတွေ ဖတ်ပြတာ၊ သီချင်းနားထောင်ခိုင်းတာ၊ အနီးအနားက ပစ္စည်းလေးတွေရဲ့ နာမည်ကို ဘာသာစကားနှစ်မျိုးနဲ့ တွဲခေါ်ပြတာမျိုး လုပ်ဆောင်ပေးသင့်ပါတယ်။
🔵 ဒီလိုမျိုးဖိအားမရှိဘဲ သဘာ၀ကျကျ သင်ယူဖြစိလာမှပဲ၊ ကလေးရဲ့ဦးနှောက်က အချက်အလက်တွေကို ရေရှည်မှတ်ဉာဏ်ထဲမှာ ကောင်းကောင်း သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။
💠 (၃) နေ့စဉ် ပုံမှန်ဆက်တိုက် လုပ်ဆောင်ပေးပါ။ 💠
“Consistency is Key” ဆိုတဲ့စကားအတိုင်းပဲ ဘာသာစကားတွေနဲ့ နေ့စဉ်ပုံမှန် ထိတွေ့မှုရှိနေဖို့က အရေးကြီးဆုံးပါပဲ။ မိဘတွေအနေနဲ့ စိတ်ရှည်ရှည်နဲ့ နေ့စဉ် ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် အပေါ်မှာပြောပြထားတဲ့ နည်းလမ်းတွေအတိုင်း၊ အလေ့အကျင့်ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှပဲ ကလေးရဲ့ ဦးနှောက်အာရုံကြောလမ်းကြောင်းတွေ ပိုမိုသန်မာလာစေပြီး၊ ဘာသာစကားနှစ်မျိုးလုံးကို မိခင်ဘာသာစကားလိုမျိုး အလွယ်တကူ ကျွမ်းကျင်ပိုင်နိုင်လာမှာ ဖြစ်ပါတယ်။
ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးမယ့်အပြင်၊ ကလေးရဲ့ အနာဂတ်အတွက် အင်္ဂလိပ်၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ တရုတ် စတဲ့ နိုင်ငံတကာ ဘာသာစကားတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာချင်တယ်ဆိုရင်၊ TAstudents+ မှာ ကျွမ်းကျင်ဆရာတွေနဲ့ တစ်ဦးချင်း စနစ်တကျ သင်ယူနိုင်ပါပြီ။
အသေးစိတ်ကို Page Messenger (သို့) အောက်ပါဖုန်းနံပါတ်များမှတဆင့် အလွယ်တကူ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အသေးစိတ်အတွက် Page Messenger ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်သလို၊ အောက်ပါ ဖုန်းနံပါတ်တွေကနေတစ်ဆင့်လည်း အခမဲ့ ချိတ်ဆက်နိုင်ပါပြီခင်ဗျာ။
💠 Page Chatbox မှ တိုက်ရိုက်ဆက်သွယ်ရန် - http://m.me/tastudents.official
💠TELEGRAM @tafinancedepartment
💠 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန် -
🇲🇲 09762012599
🇲🇲 09976048967
🇹🇭 (+66) 0824965216
❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞
5 671
🛑 ❝ Flyers ပြီးရင် KET အတန်း တက်ခွင့်ပြုလိုက်လို့ ရပြီလား ❞ KET အတန်း ဆက်ကူးခွင့်ကို အသက်နဲ့ စာအုပ်ကုန်တာတစ်ခုတည်းနဲ့ မဆုံးဖြတ်လိုက်ပါနဲ့။ ဒီဗီဒီယိုမှာ မျှဝေထားတဲ့ အချက် (၅) ချက်နဲ့ ပြန်တိုက်ကြည့်လိုက်ပါ။
https://www.facebook.com/share/r/1DfBsEnHZ5/
✔️ YLE Flyers ကို ယုံကြည်မှုအပြည့်နဲ့ ထိထိရောက်ရောက်သင်ကြားနိုင်ဖို့၊ Flyers Exam ဖြေဆိုမယ့် ကျောင်းသားတွေကို ထိထိရောက်ရောက် လေ့ကျင့်ပြင်ဆင်ပေးနိုင်ဖို့ အောက်တိုဘာ (၁၀) ရက်နေ့ ဖွင့်လှစ်မယ့်
Teaching Agency ရဲ့ “How to teach Flyers YLE (Batch-11) ” ကို စိတ်ဝင်စားပါက ကောမန့်မှာ “Flyers” လို့ ရေးပေးခဲ့ပါ။ ကျနော်တို့ဘက်ကနေ အမြန်ဆုံး ဆက်သွယ်ပေးပါမယ်ခင်ဗျာ။
🔷Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔷
5 671
📍ကိုယ့်ရဲ့ ပထမဆုံး စာသင်ခန်းကို ကြောက်ရွံ့မှုတွေနဲ့ မဟုတ်ဘဲ၊ သေချာရေရာတဲ့ Lesson Plan နဲ့ ယုံကြည်မှုရှိရှိ အကောင်းဆုံး ဖြတ်သန်းချင်တယ်ဆိုရင် 💠TELEGRAM @tafinancedepartment ကနေ မေးမြန်းအပ်နှံနိုင်ပါပြီခင်ဗျာ။
🔹 ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် Teaching Agency က အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက်ရှိနေပါတယ်
🔹Teaching Agency မှ ပို့ချသောသင်တန်းများအား မိမိတို့ ဆရာ၊ ဆရာမများအတွက် သီးသန့်ရယူလိုသော Private School၊ International School များအနေနဲ့ Cooperative Trainingနှင့် Coach Session များ ရယူနိုင်ပြီ ဖြစ်ပါတယ်။
5 671
💠သင်ကြားရေးလောကထဲကို စတင်ဝင်ရောက်လာမယ့် ဆရာ၊ ဆရာမအသစ်တိုင်းမှာ တူညီတဲ့ စိုးရိမ်စိတ်တစ်ခု ရှိတတ်ပါတယ်။ အဲဒါကတော့ "စာသင်ခန်းထဲရောက်ရင် ငါဘာတွေ အရင်စပြောရမလဲ" ဆိုတဲ့ မသေချာမှုပါပဲ။
စာအုပ်ထဲက သင်ရိုးကို ကိုယ်တိုင်ကြေညက်အောင် ဖတ်သွားပေမယ့်၊ တကယ်တမ်း စာသင်ခန်းထဲရောက်တဲ့အခါ ကိုယ်ပြင်ဆင်သွားတဲ့စာက ခဏလေးနဲ့ ပြီးသွားတတ်တာရှိသလို၊ တစ်ခါတလေမှာလည်း ထင်သလိုပြီးမြောက်အောင် မသင်နိုင်ပြန်ပါဘူး။
စောပြီးခဲ့ရင် ကလေးတွေက စိတ်ဝင်စားမှု လျော့ကျလာတယ်၊ ငြိမ်ငြိမ်မနေတော့ဘူး၊ အချင်းချင်း စကားတွေပြောပြီး စာသင်ခန်းတစ်ခုလုံး ဆူညံလာတာမျိုး၊ အာရုံစူးစိုက်မှု အချိန်တိုတောင်းတဲ့ ကလေးငယ်တွေရဲ့ အတန်းတွေမှာဆိုရင် ဆရာ၊ ဆရာမဘက်က နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုတဲ့ အစီအစဉ် မရှိတော့လို့ အခန်းက ထိန်းမရဖြစ်လာတာမျိုးကြုံရတာပါ။
တကယ်တော့ Lesson Plan ဆိုတာ ကျောင်းအုပ်ကြီးကို တင်ပြဖို့ ရေးရတဲ့ စာရွက်စာတမ်းသက်သက် မဟုတ်ပါဘူး။ ဒါဟာ ဆရာ၊ ဆရာမတွေ စာသင်ခန်းထဲမှာ ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းနိုင်ဖို့၊ မိနစ်တိုင်းကို အကျိုးရှိရှိ အသုံးချနိုင်ဖို့နဲ့ ကလေးတွေရဲ့ အာရုံစိုက်မှုကို အစကနေ အဆုံးထိ ဆွဲခေါ်ထားနိုင်ဖို့အတွက် မဖြစ်မနေ ရှိနေရတာပါ။
Lesson Plan လို့ ပြောလိုက်တာနဲ့ အလွယ်တကူပဲ AI က ထုတ်လိုက်မယ်၊ တခြားသူတွေဆီကကြည့်လိုက်မယ်၊ အဆင်ပြေသလို စီစဉ်လိုက်မယ်ဆိုတာမျိုးလုပ်ဖို့ကလည်း မလွယ်လှပါဘူး ။ သင်ကြားရေးခရီးလမ်းကို စတင်လျှောက်လှမ်းမယ့် သူတွေအတွက်ဆိုရင် ဒီစိန်ခေါ်မှုကပိုကြီးမားပါတယ်။
စာသင်ခန်းကို အခုမှစပြီး နဖူးတွေ့ဒူးတွေ့ ဦးဆောင်ရမယ့် ဆရာ/မတို့အတွက် ကလေးတွေကိုလည်း တကယ်ထိန်းကျောင်းနိုင်ပြီး၊ ကျောင်းအုပ်တွေရဲ့ အမြင်မှာလည်း တကယ့်အဆင့်မီ Lesson Plan တစ်ခု ဆွဲနိုင်ဖို့ Teaching Agency ကနေ "Lesson Planning Framework for New Teachers" ဆိုတဲ့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး သင်တန်းတစ်ခုကို အထူးပြင်ဆင် ဖွင့်လှစ်လိုက်ပါတယ်။
💠သင်တန်းကာလနှင့် သင်တန်းကြေး
သင်တန်းဖွင့်ပွဲ - 12. 10. 2026 (Mon)
သင်တန်းစရက် -13. 10. 2026 (Tue)
သင်တန်းရက် - Oct 13, 14, 15, 16, 17, 18, 19, 20
သင်တန်းပိတ်ပွဲ - 21. 10. 2026 (Wed)
သင်တန်းကာလ - 10 Days
သင်တန်းအချိန် - 8:00 PM - 9:00 PM
သင်တန်းကြေး - 60000 ကျပ်
TA သင်တန်းသားဟောင်း - 50000 ကျပ်
💠 Trainer: Tr. Thanduh
B.A English
Dip in TESOL (London Teacher Training College)
Dip in ECCD(LTTC)
Certified in Early Childhood Care and Development (Social Welfare)
Certified in Jolly Phonics & Jolly Grammar (UK)
Certified in Orff Schulwerk Creative Music and Movement (Musical Journey)
---------------
ဒီသင်တန်းမှာ လက်တွေ့မြေပြင်နဲ့ ကိုက်ညီမယ့်
1) Effective Lesson Planning Framework - သင်ခန်းစာတစ်ခုကို အစပျိုးတာကနေ အဆုံးသတ်တဲ့အထိ အချိန်ကိုက်၊ ထိရောက်ပြီး ရည်ရွယ်ချက်ရှိတဲ့ Lesson Plan တစ်ခု ဘယ်လို အဆင့်ဆင့် ရေးဆွဲရမလဲ။
2) Different Learning Styles- ကလေးတစ်ယောက်နဲ့ တစ်ယောက် သင်ယူပုံချင်း မတူညီတာကို နားလည်ပြီး သင်ခန်းစာတွေ ဖန်တီးနည်း။
3) Learn Through Play Approach - ကလေးတွေကို စာသင်နေတယ်လို့ မခံစားရစေဘဲ ကစားရင်း သင်ယူစေမယ့် Play-based Learning အကြောင်း
4) Interaction Patterns in the Classrooms- ဆရာနဲ့ တပည့်၊ တပည့်အချင်းချင်းကြားအပြန်အလှန်ဆက်သွယ်ပြီး သင်ကြားတဲ့ပုံစံများ၊
5)Effective Teaching Methods -ကိုယ်သင်မယ့် "အကြောင်းအရာ" ကို ဘယ်လို ထိထိရောက်ရောက် ပို့ချမလဲဆိုတဲ့ ဗျူဟာများ။
6) Practice & Assessment- ကိုယ်သင်ပေးလိုက်တဲ့စာကို ကလေးတွေ တကယ်တတ်မြောက်သွားရဲ့လားဆိုတာကို ဆန်းစစ် အကဲဖြတ်နည်း။
7) Games & Teaching Tools- ကလေးတွေ ငြီးငွေ့လာတဲ့အခါ သုံးနိုင်မယ့် Games များနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုနည်း။
8) 30-Minute Preschool Lesson Structure: Preschool ကလေးငယ်တွေအတွက် ပျင်းရိမသွားစေဘဲ ထိရောက်မှုအပြည့်ရှိမယ့် အကောင်းဆုံး မိနစ် ၃၀ စာသင်ခန်း တည်ဆောက်နည်း တွေကို တစ်ခါတည်း လေ့လာနိုင်မှာပါ။
----------
➡️သင်တန်းကနေ ဘယ်လို ပံ့ပိုးမှုတွေ ရရှိမလဲ
◾ Lesson Plan ဆွဲတဲ့အခါတိုင်း ပြန်လည်ကိုးကားကြည့်ရှုနိုင်ဖို့ သင်တန်းအစအဆုံး Lifelong Recorded Videos များကို ရရှိပါမယ်။
◾ တကယ့်စာသင်ခန်းထဲမှာ အခက်အခဲကြုံလာတဲ့အခါ၊ ကိုယ်ဆွဲထားတဲ့ Plan လေး အဆင်ပြေရဲ့လားဆိုတာကို အတွေ့အကြုံရှိ Trainer တွေ၊ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမတွေနဲ့ အချိန်မရွေး တိုင်ပင်ဆွေးနွေးနိုင်မယ့် Lifetime Telegram Discussion Group မှာ ပါဝင်ခွင့်ရပါမယ်။
◾ ကျောင်းတွေမှာ အလုပ်လျှောက်တဲ့အခါ ကိုယ့်ရဲ့ ပြင်ဆင်ထားမှုကို သက်သေပြနိုင်မယ့် သင်တန်းဆင်း Certificate ကို ပေးအပ်သွားမှာပါ။
နောက်ထပ် မိမိရဲ့ Teaching Career ကို မြှင့်တင်မယ့် သင်တန်းတွေ ဆက်တက်တဲ့အခါ Teaching Agency ရဲ့ သင်တန်းသားဟောင်းများအတွက် သီးသန့် Alumni Discount တွေလည်း ရရှိဦးမှာ ဖြစ်ပါတယ်။
5 671
GED Social Studies Specialist တစ်ယောက်အဖြစ် ဘယ်ကစတင်ရမလဲ။
GED ဖြေတဲ့ ကလေးတွေကြားမှာ စိန်ခေါ်မှုအမြင့်ဆုံးနဲ့ ဆရာ/မတို့အတွက်လည်း သင်ရခက်ခဲတယ်လို့ သတ်မှတ်ထားတဲ့ ဘာသာရပ်တစ်ခုကတော့ Social Studies ပါ။
ဘာကြောင့်လဲဆိုတော့ မြန်မာကျောင်းသားအများစုအတွက် အမေရိကန်သမိုင်း (US History)၊ အစိုးရဖွဲ့စည်းပုံ (Civics and Government) နဲ့ စီးပွားရေးသဘောတရား (Economics) တွေဟာ လုံးဝစိမ်းသက်နေတဲ့ အကြောင်းအရာတွေ ဖြစ်နေတာကြောင့်ပါပဲ။
ဒါကြောင့် ဆရာ၊ ဆရာမတွေအနေနဲ့ ဒီဘာသာရပ်ကို သင်တဲ့အခါ စာအုပ်ထဲက အချက်အလက်တွေကို သာမန်ဘာသာပြန်ပြပြီး အလွတ်ကျက်ခိုင်းလို့လည်းမရ၊ ကလေးကလည်း နားမလည် ၊ ဘာသာစကားနဲ့ အကြောင်းအရာရှုပ်ထွေးမှုမှာ ပိုခက်ခဲလာတာပါ။ ဒါပေမဲ့ ကျောင်းသားတွေဟာ ပေးထားတဲ့ သမိုင်းမှတ်တမ်းဟောင်းတွေ၊ နိုင်ငံရေးကာတွန်းတွေနဲ့ စီးပွားရေး ဂရပ်ဖ်တွေကို ဖတ်ရှုပြီး ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိလာခဲ့ရင်တော့ ဆရာ/မတို့ရဲ့ သင်ကြားရေးက အောင်မြင်သွားပါပြီ။
Teaching Agency က ဖွင့်လှစ်ပေးမဲ့ How to Teach GED Social Studies ( Batch -13) သင်တန်းမှာတော့ ဒီလိုအကြောင်းအရာတွေကို ဘယ်လိုချဉ်းကပ်သင်ကြားမလဲ၊ စာသင်ခန်းကို အသက်ဝင်စေမယ့် EdTech Tools တွေနဲ့ ဘယ်လို ပေါင်းစပ်သင်ကြားရမလဲဆိုတာတွေကို လေ့လာနိုင်ပါတယ်။
ဒါ့အပြင်
◾စာမေးပွဲရဲ့ သဘောသဘာဝ၊ မေးခွန်းပုံစံနဲ့ အမှတ်ပေးစနစ်တွေ
◾စီးပွားရေး သဘောတရားများနှင့် ဂရပ်ဖ် တွေကို ဘယ်လိုဖတ်ကြမလဲဆိုတဲ့ သင်ကြားနည်းတွေ
◾ပထဝီဝင်ဆိုင်ရာ အချက်အလက်များနှင့် မြေပုံဖတ်ရှုခြင်း သင်ကြားမှုပုံစံ စတဲ့ အခြေခံတွေကနေ ဒစ်ဂျစ်တယ် သင်ထောက်ကူနည်းပညာများနဲ့ ကိုယ်တိုင်ရှေ့ဆက်လေ့လာနိုင်မယ့် လမ်းညွှန်မှုတွေကိုလည်း ရရှိသွားမှာပါ။
💠သင်တန်းကာလနှင့် အကြောင်းအရာများ💠
How to teach GED Social Studies (Batch-13)
သင်တန်းဖွင့်ပွဲ- 12. 10. 2026 (Mon)
သင်တန်းစရက်- 13. 10. 2026 (Tue)
သင်တန်းအချိန်- 7:30 PM - 9:00 PM
သင်တန်းရက် - Tue, Thu (Weekly)
သင်တန်းပိတ်ပွဲ- 13. 11. 2026 (Fri)
သင်တန်းကာလ- 1 Month (5 Weeks)
သင်တန်းကြေး- 60000 MMK
သင်တန်းသားဟောင်း 50000 MMK
----
💠Course Outline 💠
1. Introduction to GED Social Studies
2. Teaching of Civics and Government
3. Teaching of US History
4. Teaching of Economic
5. Teaching of Geography
6. How to prepare GED Social Studies lessons
7. Appropriate teaching methods for GED Social Studies
8. Essential Educational Technology and Psychology for GED Social Studies teaching
9. Continuous Professional Development for Teachers
10. Micro teaching and Feedback
💠သင်ကြားပေးမည့် Trainer💠
Trainer: Saya YOLO
Bachelor of Education
Diploma in Business English
Diploma in Federalism and Peace Studies
💠ဘယ်သူတွေ တက်ရောက်သင့်လဲ 💠
-အင်္ဂလိပ်စာ သင်ကြားရေးမှ အခွင့်အလမ်းပိုများသော GED လောကသို့ Career Switch ပြုလုပ်လိုသော ဆရာ၊ ဆရာမများ
-GED Social Studies ကို စတင်သင်ကြားရန် ပြင်ဆင်နေသော New Teachers များ
- လက်ရှိ သင်ကြားနေသော်လည်း မိမိ၏ သင်ကြားမှုပုံစံကို ပိုမိုစနစ်ကျအောင် Upgrade လုပ်လိုသော ဆရာ၊ ဆရာမများ အပါအဝင် မိမိတို့ရင်သွေးများ၊ မောင်နှမများကို ကူညီသင်ကြားပေးလိုတဲ့ သူတိုင်းလည်း လာရောက်လေ့လာသင်ယူနိုင်ပါတယ်။
သင်တန်းကာလတစ်လျှောက် အွန်လိုင်းကနေ ဆရာနဲ့ တိုက်ရိုက်သင်ယူခွင့်ရမှာဖြစ်ပြီး ပျက်ကွက်ရက်များရှိရင်/ အင်တာနက်အခြေအနေကြောင့် အဆင်မပြေခဲ့ရင် ပြန်လည်လေ့လာနိုင်ဖို့ Recorded Video တွေကိုလည်း မျှဝေထားပေးဦးမှာဖြစ်ပါတယ်။
📍သင်တန်းသားကိုယ်တိုင် လက်တွေ့စာသင်ပြရမည်ဖြစ်ပြီး Trainer မှ အားသာချက်၊ လိုအပ်ချက်များကို တိုက်ရိုက် အကြံပြုပေးသွားမှာ ဖြစ်လို့ သီအိုရီသက်သက်တင်မဟုတ်ဘဲ ကိုယ်တိုင်ယုံကြည်မှုရှိရှိနဲ့ သင်ကြားနိုင်သူအဖြစ် တစ်ပါတည်းလေ့လာရင်း ပြောင်းလဲခွင့်ရမှာပါခင်ဗျာ။
ဒီသင်တန်းလေးအကြောင်း အသေးစိတ်မေးမြန်းဆွေးနွေးလိုတယ်၊ ကိုယ်နဲ့ ကိုက်ညီမှုရှိ/မရှိ မေးမြန်းချင်တယ်ဆိုရင်တော့ အခုပဲ 💠TELEGRAM @tafinancedepartment ကနေတစ်ဆင့် မေးမြန်းအပ်နှံနိုင်ပါပြီ။
🔹 ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် Teaching Agency က အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက်ရှိနေပါတယ်
🔹Teaching Agency မှ ပို့ချသောသင်တန်းများအား မိမိတို့ ဆရာ၊ ဆရာမများအတွက် သီးသန့်ရယူလိုသော Private School၊ International School များအနေနဲ့ Cooperative Trainingနှင့် Coach Session များ ရယူနိုင်ပြီ ဖြစ်ပါတယ်။
