Teaching Agency
Ir al canal en Telegram
Teaching Agency ရဲ့ Official Telegram Channel ဖြစ်ပါတယ် ခင်ဗျာ
Mostrar más5 546
Suscriptores
+724 horas
+417 días
+17730 días
Archivo de publicaciones
5 546
IGCSE Math သင်ချင်တဲ့ Teacher တို့အတွက် Teacher Training
✅IGCSE O Level Math (Cambridge IGCSE Mathematics) သင်တန်းလေးဖွင့်လှစ်ပါပြီခင်ဗျာ။ စတင်သင်ကြားမဲ့သူတွေ၊ လက်ရှိသင်ကြားနေပေမဲ့ Skill မြှင့်ချင်သူတွေ အထူးတက်ရောက်သင့်တဲ့သင်တန်းလေး ဖြစ်ပါတယ်ခင်ဗျာ။
🔷သင်တန်းအပ်ချင်တယ်ဆိုရင်တော့ ကောမန့်မှာ “IG Math” လို့ ရေးခဲ့ပေးပါခင်ဗျာ။
5 546
အင်္ဂလိပ်စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမများ၊ အထူးသဖြင့် YLE Movers သင်ကြားနေသူများနဲ့ သင်ကြားဖို့ ပြင်ဆင်နေတဲ့ ဆရာတို့အားလုံးအတွက် Free Webinar လေး Join လို့ရပါပြီခင်ဗျာ။
Topic: Grammar without Tears
Time: Sep 1, 2026 08:30 PM Rangoon
Join Zoom Meeting
https://us06web.zoom.us/j/81144822740?pwd=91X26axaALDUaXGJvCb9frGdUqYmhk.1
Meeting ID: 811 4482 2740
Passcode: 329757
---
5 546
ဆရာ၊ဆရာမကောင်းများအဖြစ် လေ့လာ သင်ယူရင်း အစဉ်သင်ယူဖြည့်ဆည်းကြပါစို့။
🔷Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်။
🔷ဆရာ၊ဆရာမများရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ဖို့ သီးသန့်သင်တန်းများရယူလိုတဲ့ Private School, International School များအတွက်လည်း Coach Session and Cooperative Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
5 546
“ငါ စာသင်တတ်ရဲ့လား” လို့ ကိုယ့်ကိုယ်ကို မေးနေတဲ့ New Teachers တွေအတွက် မသိမဖြစ် အချက်များ ⚠️📘
ကျောက်သင်ပုန်းရှေ့မှာ ရပ်နေရင်း ဒါမှမဟုတ် ညဘက်တွေမှာ အထူးသဖြင့် ကိုယ့်ရဲ့ စာသင်နှစ် ပထမဆုံးနှစ်မှာ New Teacher ဆရာ၊ဆရာမတိုင်းရဲ့ ခေါင်းထဲမှာ ငါတကယ်စာသင်တတ်ရဲ့လားဆိုတဲ့ မေးခွန်းက အသံကျယ်ကျယ်နဲ့ လာခြောက်လှန့်နေလေ့ ရှိပါတယ်။
ဒီလိုခံစားရတာကို Psychology မှာ Imposter Syndrome (ကိုယ်ကိုယ်ကို မထိုက်တန်ဘူးလို့ ထင်မှတ်ခြင်း) လို့ခေါ်ပြီး ဒါဟာ ဆရာ၊ဆရာမ တစ်ယောက်တည်း ကြုံတွေ့နေရတာ မဟုတ်ပါဘူးခင်ဗျာ။
စာသင်တာဟာ စာအုပ်ထဲက စာတွေကို ဖတ်ပြရုံတင် မဟုတ်ဘဲ လူသားတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ဗဟုသုတကို ပုံသွင်းရတာဖြစ်လို့ ဖိအားများတာ သဘာဝပါ။ ကိုယ့်ကိုယ်ကို သံသယဝင်နေတဲ့ New Teacher တွေအတွက် လက်တွေ့အသုံးကျပြီး စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အချက်လေးတွေကို အသေးစိတ် ဥပမာလေးတွေနဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
၁။ Perfectionism ကို စွန့်လွှတ်ပြီး Adaptability ကို လက်ခံပါ
ကိုယ်က သင်ကြားဖို့ Slides တွေ၊ Activity တွေနဲ့ အပြည့်အဝ ပြင်ဆင်လာခဲ့ပေမဲ့ အတန်းထဲရောက်တော့ Projector စက်ချို့ယွင်းသွားတာ၊ ဒါမှမဟုတ် ကလေးတွေက သင်ယူဖို့ စိတ်ပါဝင်စားမှု လုံးဝမရှိဘဲ ငေးမှိုင်နေတာမျိုး ကြုံရနိုင်ပါတယ်။
အရာရာ ပြီးပြည့်စုံမနေရင် စာမသင်တတ်တာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ့်ရဲ့ Plan A ပျက်စီးသွားတဲ့အခါ စိုးရိမ်ထိတ်လန့်မသွားဘဲ စာအုပ်ကို ပိတ်၊ ကလေးတွေကို စက်ဝိုင်းပုံ ဝိုင်းထိုင်ခိုင်းပြီး (Group Discussion) အဖြစ် ချက်ချင်း ပြောင်းလဲလိုက်တာမျိုးက ဆရာကောင်းတစ်ယောက်ရဲ့ အရည်အသွေးဖြစ်ပါတယ်ခင်ဗျာ။
၂။ "မသိသေးဘူး" လို့ ရိုးသားစွာ ပြောရဲသည့် သတ္တိကို မွေးပါ
သိပ္ပံ ဒါမှမဟုတ် သမိုင်းသင်နေချိန်မှာ ကျောင်းသားတစ်ယောက်က "ဆရာမ... ဒီဂြိုဟ်မှာ လေထုရှိရင် ဘာလို့ ရေမရှိတာလဲ" ဆိုပြီး သင်မစဉ်းစားဖူးတဲ့ မေးခွန်းကို မေးလာပါစေ။ မသိတာကို သိချင်ယောင်ဆောင်ပြီး လျှောက်ဖြေတာဟာ ကလေးတွေရဲ့ ယုံကြည်မှုကို ကျစေပါတယ်။
"ဒီမေးခွန်းလေးက ကောင်းတယ်၊ ဆရာမလည်း ဒီအချက်ကို သေချာ အသေးစိတ် မသိသေးဘူး။ မနက်ဖြန် ရှာပြီး ပြန်ပြောပေးမယ်။ သားရော အတူတူ ရှာခဲ့မလား" လို့ ပြောလိုက်ပါ။ ဒါဟာ ကလေးကို လေးစားမှုပေးရုံတင်မကဘဲ "လူတိုင်း အရာရာ မသိနိုင်ဘူး" ဆိုတဲ့ သဘာဝတရားကိုလည်း သင်ပေးလိုက်တာ ဖြစ်ပါတယ်ခင်ဗျာ။
၃။ Classroom Management ဆိုသည်မှာ အမိန့်ပေးခြင်း မဟုတ်ပါ
အတန်းထဲမှာ ကလေးတွေ စကားပြောနေလို့ "တိတ်တိတ်နေကြစမ်း" လို့ အော်ဟစ်နေရခြင်းက ဆရာရော ကျောင်းသားပါ စိတ်ညစ်ပင်ပန်းရတယ်မဟုတ်လားနော်။ တကယ့် အတန်းထိန်းချုပ်မှုဆိုတာ ဆရာကနေ အာဏာပြတာမဟုတ်ဘဲ Expectationsတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။ စာသင်နှစ်စကတည်းက "ဆရာတို့ အတန်းထဲမှာ တစ်ယောက်စကားပြောနေရင် ကျန်တဲ့သူက နားထောင်ရမယ်" ဆိုတဲ့ စည်းကမ်းကို ကလေးတွေနဲ့အတူတူ သဘောတူညီချက်ယူထားပါ။ ဒီလိုအတန်းကဆူလာချိန်မှာ စည်းကမ်းကို သတိပေးခြင်း (Non-verbal cues ဒါမှမဟုတ် လက်ခုပ်တီးသံ ၃ချက်ပေးတာ)လိုမျိုးက အော်ဟစ်တာထက် ပိုမို ထိရောက်ပါတယ်ခင်ဗျာ။
၄။ စီနီယာဆရာများရဲ့ အတန်းထဲသို့ ဝင်ရောက်လေ့လာပါ (Classroom Observation)
ကိုယ့်ဘာသာ အခန်းထဲမှာ တစ်ယောက်တည်း ရုန်းကန်နေမယ့်အစား အတန်းထိန်းကျွမ်းကျင်တဲ့ စီနီယာဆရာ/မ ရဲ့ စာသင်ချိန်မှာ အနောက်ကနေ အသာလေး ဝင်ထိုင်ပြီး လေ့လာကြည့်ပါ။ ကိုယ့်ရဲ့စီနီယာတွေက စာကို ဘယ်လို စိတ်ဝင်စားအောင် စာသင်ခန်းကို စတင်လဲ။ ကလေးတွေ ဆူညံလာရင် အသံမမြှင့်ဘဲ ဘယ်လို ငြိမ်အောင်လုပ်လဲ။ မေးခွန်းတွေကို ဘယ်လို ပြန်ဆွဲထုတ်လဲဆိုတဲ့ "မမြင်နိုင်တဲ့ နည်းဗျူဟာ" တွေကို မှတ်စုထုတ်ပြီး ကိုယ့်စတိုင်နဲ့ကိုယ် ပြန်လည် အသုံးချကြည့်ပါခင်ဗျာ။
၅။ သေးငယ်သည့် အောင်မြင်မှုများကို Micro-Wins အဖြစ် မှတ်တမ်းတင်ပါ
တခါတလေ တစ်ပတ်လုံး အတန်းထဲမှာ စာမလိုက်နိုင်၊ စည်းကမ်းမရှိခဲ့တဲ့ ကျောင်းသားတစ်ယောက်က ကိုယ့်ရဲ့ ဂရုစိုက်မှုကြောင့် ဒီနေ့မှ ပထမဆုံးအကြိမ် စာအုပ်ဖွင့်ပြီး လေ့ကျင့်ခန်း လာပြတာမျိုးကလည်း အောင်မြင်မှုတစ်ခုဖြစ်နိုင်ပါတယ်။
ဆရာတစ်ယောက်ရဲ့ အောင်မြင်မှုဟာ ကျောင်းသားတိုင်း A အဆင့် ရတာတစ်ခုတည်း မဟုတ်ပါဘူး။ "ဒီနေ့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်" ဆိုတဲ့ သေးငယ်တဲ့ ပြောင်းလဲမှုလေးတွေကို မှတ်စုစာအုပ်ထဲမှာ ရေးထားပါ၊ ကျောင်းသားတိုင်းအတွက် ကိုယ်လုပ်ပေးနိုင်ခဲ့တဲ့ အောင်မြင်မှု သေးသေးလေးတွေအတွက် မှတ်တမ်းထားပါ။ ကိုယ်စိတ်ဓာတ်ကျပြီး "ငါ မလုပ်နိုင်တော့ဘူး" လို့ ခံစားရတဲ့ ရက်တွေမှာ ဒီမှတ်တမ်းလေးတွေက ဆရာ၊ဆရာမတို့ကို ပြန်လည် ကုစားပေးပါလိမ့်မယ်ခင်ဗျာ။
စာသင်ကြားခြင်းဆိုတာ ချက်ချင်း ကျွမ်းကျင်သွားတဲ့ အနုပညာတစ်ခု မဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း သင်ကြားရင်း၊ မှားယွင်းရင်း၊ ပြန်လည် ပြင်ဆင်ရင်းနဲ့မှ ပုံသွင်းယူရတဲ့ ရေရှည်ခရီးတစ်ခု ဖြစ်ပါတယ်ခင်ဗျာ။ ကိုယ့်ကိုယ်ကို သံသယဝင်နေတာဟာ ကိုယ်ဟာ မကောင်းတဲ့ဆရာမို့လို့ မဟုတ်ဘဲ "ကောင်းမွန်တဲ့ ဆရာတစ်ယောက် ဖြစ်ချင်လွန်းလို့" ဆိုတဲ့ စေတနာကြောင့်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ သင်ကြားရေးခရီးစဉ်တစ်လျှောက်
5 546
🚨 ❝ Grammar သင်မယ်လို့ ကြားလိုက်တာနဲ့၊ Movers ကလေးလေးတွေမျက်ဝန်းထဲက တက်ကြွမှုတွေ ပျောက်ဆုံးမသွားအောင်၊ ဒီ Webinar ကို အခုပဲ register လုပ်ထားလိုက်ပါ ❞
ဒီ Webinar မှာ ကလေးငယ်လေးတွေကို အင်္ဂလိပ်စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမများ၊ အထူးသဖြင့် YLE Movers သင်ကြားနေသူများနဲ့ သင်ကြားဖို့ ပြင်ဆင်နေတဲ့ ဆရာတို့အားလုံးအတွက်… Grammar ကို ကလေးတွေ စိတ်ဝင်တစား လေ့လာချင်လာအောင် သင်ပြတဲ့အခါ ပြန်လည်အသုံးချနိုင်မယ့် Engagement Strategies နဲ့ Contextual Teaching နည်းလမ်းများစွာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
အခမဲ့ တက်ရောက်နိုင်အောင် စီစဉ်ထားပေမယ့်၊ ထိရောက်တဲ့ မျှဝေမှုဖြစ်စေဖို့…လူဦးရေ ကန့်သတ်ထားပါတယ်။ မကြာခင် နာရီပိုင်းအတွင်းမှာ Free Webinar စတင်တော့မှာမို့၊ 👉 ဒီမှာ https://www.facebook.com/share/p/19m4hyE6eN/
ပြောပြထားတဲ့အတိုင်း၊ ခပ်သွက်သွက် စာရင်းပေးသွင်းလိုက်ပါခင်ဗျာ။
🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့၏ သင်ကြားရေးခရီးစဉ်တွင် အမြဲတမ်း အတူရှိနေပါမည်။ 🔹
5 546
✔️ IGCSE EFL syllabus နဲ့ assessment format ကို ပြတ်ပြတ်သားသား သိနားလည်သွားမယ်၊
✔️ Reading skills အပိုင်းရဲ့ comprehension နဲ့ summary writing အကြောင်းကို အရင်ကထက် ပြည့်ပြည့်စုံစုံ သင်ပြနိုင်လာပြီး
✔️ Directed Writing tasks နဲ့ descriptive & narrative writing techniques တွေကိုလည်း ချောချောမွေ့မွေ့သင်ပြနိုင်လာမယ်၊
✔️ Model lessons နဲ့ past paper activities တွေကို ဂဃဏန ကွဲကွဲပြားပြား၊ ထိထိရောက်ရောက် သင်ပြနိုင်လာစေမဲ့အပြင်
✔️ ကျောင်းသားတွေရဲ့ skills အလိုက် IGCSE EFL exam အတွက် အကောင်းဆုံး ပြင်ဆင်ပေးလာနိုင်မှာ ဖြစ်ပါတယ်။
💠 သင်တန်းကာလတစ်လျှောက် Zoom platform နဲ့ သင်ကြားပေးသွားမှာ ဖြစ်ပြီး Recording များလည်း စီစဉ်ပေးထားမှာ ဖြစ်တာကြောင့် အင်တာနက်လိုင်း၊ မီးအခက်အခဲရှိတဲ့အခါ အချိန်မရွေးပြန်လည်လေ့လာနိုင်မှာဖြစ်ပါတယ်။
💠 သင်ကြားသူ ဆရာမဆီကနေ မေးလိုသမျှ မေးမြန်းဆွေးနွေးနိုင်ဖို့ Telegram group တစ်ခုကိုလည်း စီစဉ်ထားရှိပေးဦးမှာ ဖြစ်သလို သင်တန်းပြီးဆုံးတဲ့အခါ သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု Certificate နှင့်တကွ Teaching Agency ရဲ့ သင်တန်းသားဟောင်းအသိအမှတ်ပြု Alumni Cards ကို လည်း ပေးအပ်သွားမှာဖြစ်ပါတယ်။၊
ဒီတော့ IGCSE EFL ကို အရင်ကထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ၊ ထိထိရောက်ရောက် သင်ပြနိုင်လာစေမဲ့ အခွင့်အရေးကို ရှာဖွေနေတယ်ဆိုရင် အခုပဲ @tafinancedepartment ကနေ စုံစမ်းမေးမြန်းနိုင်ပါတယ်။
🔷 ကိုယ်ပိုင်ကျောင်းများနှင့် International School များအတွက်လည်း Cooperative Training များ၊ Coach Session များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹
5 546
How to Teach IGCSE EFL-Teacher Training ( Batch-4)
🎓IGCSE English as a First Language (EFL) ကို ယုံကြည်မှုရှိရှိ ကျွမ်းကျင်စွာ သင်ကြားနိုင်တဲ့ ဆရာတစ်ဦးဖြစ်လိုပါသလား?
IGCSE English as a First Language (EFL) ကို စတင်သင်ကြားချင်တဲ့ ဆရာ၊ ဆရာမတွေ ဒါမှမဟုတ် လက်ရှိသင်ကြားနေပေမယ့် Marking Scheme တွေကို ပိုမိုနားလည်ချင်တဲ့ ဆရာ၊ ဆရာမတွေအတွက် IGCSE EFL သင်ကြားနည်းသင်တန်းလေး ထပ်မံဖွင့်လှစ်လိုက်ပါပြီ။
International အသိအမှတ်ပြု IGCSE သင်ရိုးကို သင်ကြားရတာဟာ သာမန်အင်္ဂလိပ်စာသင်ကြားရတာနဲ့မတူဘဲ သေချာကျနတဲ့ စာမေးပွဲဗျူဟာတွေနဲ့ သင်ကြားရေးနည်းစနစ်တွေ လိုအပ်ပါတယ်။ IGCSE EFL ကို သင်ကြားတဲ့အခါ English ကျွမ်းကျင်ရုံနဲ့ မလုံလောက်ပါဘူး။ ကျောင်းသားတွေကို IGCSE ရဲ့ Syllabus, Assessment Objectives နဲ့ Exam Requirements တွေအတိုင်း စနစ်တကျ သင်ကြားပေးနိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် Reading & Writing ပိုင်းမှာ ကျောင်းသားတွေ ဘာကိုနားလည်ရမလဲ၊ ဘယ်လိုဖြေရမလဲ၊ Examiner က ဘာတွေကို အကဲဖြတ်သလဲဆိုတာကို Teacher တစ်ယောက်အနေနဲ့ သိရှိထားဖို့ အရေးကြီးပါတယ်။
Summary Writing, Directed Writing, Descriptive Writing, Narrative Writing စတဲ့ Writing Tasks တွေကိုလည်း စာရေးခိုင်းရုံနဲ့ မပြီးပါဘူး။ Writing Skills, Language Features, Structure နဲ့ Assessment Criteria တွေကို ချိတ်ဆက်ပြီး သင်ကြားပေးနိုင်မှ ကျောင်းသားတွေရဲ့ Exam Performance ကို တိုးတက်စေနိုင်မှာပါ။
ဒီသင်တန်းလေးမှာတော့ IGCSE EFL ရဲ့ Syllabus တစ်ခုလုံးကို အသေးစိတ် ရှင်းလင်းပေးသွားမယ့်အပြင် လက်တွေ့စာသင်ခန်းထဲမှာ အသုံးပြုနိုင်မယ့် သင်ကြားရေးနည်းစနစ်တွေကိုပါ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ Past Papers)တွေကို အသုံးပြုပြီး Model Lesson တွေနဲ့ သေချာလေ့ကျင့်သင်ကြားပေးသွားမှာမို့ မိမိရဲ့ Teaching Skills နဲ့ Career ကို တစ်ဆင့်မြှင့်တင်ချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။
ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို အမြင့်ဆုံးရောက်အောင် တွန်းတင်ပေးနိုင်တဲ့ Professional IGCSE EFL Teacher တစ်ယောက်ဖြစ်လာစေဖို့ အခုပဲ ဒီသင်တန်းကို တက်ရောက်လိုက်ပါ။
🎯 ဒီ Training ကို ဘယ်သူတွေတက်သင့်လဲ?
🔹 IGCSE EFL ကို စတင်သင်ကြားလိုသူများ
🔹 EFL သင်ကြားရေးအတွေ့အကြုံရှိပေမဲ့ syllabus နဲ့ exam requirements တွေအကြောင်း ပိုမိုပြီး စနစ်တကျ လေ့လာ သင်ပြချင်တဲ့ ဆရာ၊ ဆရာမများ
🔹 International School ဆရာ၊ ဆရာမများ
🔹 IGCSE Exam Preparation Class သင်ကြားမည့် ဆရာ၊ ဆရာမများ
🔹 Reading & Writing Skills ကို ပိုမိုထိရောက်စွာ သင်ကြားလိုတဲ့ ဆရာ၊ ဆရာမများ
🔹 IGCSE EFL Teaching Methodology ကို စနစ်တကျ လေ့လာလိုသူများ
🔷 သင်တန်းမှာ ပို့ချမယ့်ကြောင်းအရာများ 🔷
❏ Orientation and Syllabus Overview
❏ Content & Assessment Overview (Reading & Writing)
❏ Assessment Objectives(Reading & Writing)
❏ Reading Skills & Course Introduction
❏ Reading Skills: Comprehension &Summary
❏ Practical Activities (Model lesson : Summary Writing from past paper)
❏ Language & Effect - How language creates effect & Practical activities
❏ Directed Writing - Writing skills and practical activities
❏ Genres of directed writing (Articles ,Report ,Journal Entry, Speech& Formal letter)
❏ Language features of Directed Writing
❏Composition : Descriptive Writing
Writing skills and Activities
❏ Composition: Narrative Writing
Writing skills & Activities
❏ Exam Preparation & Practice
🔷 သင်တန်းအကြောင်းအရာများ
သင်တန်းဖွင့်ပွဲ - 15. 9. 2026 (Tue)
သင်တန်းစရက်- 15. 9. 2026 (Tue)
သင်တန်းရက် - Tue & Wed (Weekly)
သင်တန်းပိတ်ပွဲ - 2. 12. 2026 (Wed)
သင်တန်းကာလ - 3 month
သင်တန်းအချိန် - 7:00 PM - 8:30 PM
သင်တန်းကြေး - 180000 ကျပ်
TA သင်တန်းသားဟောင်း - 150000 ကျပ်
💠 Teacher Trainer: Tr. Hnin
◾️ MA ( English ) , Yangon University
◾️ BA ( German),YUFL, 2002-2005
◾️ Diploma in English Language Teaching( Yangon University)
◾️ Diploma In Information and Communication Technology(Ygn)
◾️ Diploma in Business English @ABE ( UK)
◾️ IGCSE Teaching Experience (Present)
◾️ Working as a freelance IGCSE ESL teacher and IELTS Trainer for groups of students
◾️ IGCSE ESL Trainer and Instructor (Present)
◾️ IELTS instructor (Present)
ဆရာ၊ ဆရာမတို့အနေနဲ့ IGCSE EFL Teacher Training ကို တက်ရောက်ပြီးတဲ့အခါ
✔️ IGCSE EFL ရဲ့ reading နဲ့ writing အပိုင်းကို သင်ပြဖို့ strong teaching skills ကို ရရှိသွားမယ်၊
5 546
Kg ဆရာမလေးတွေ ရှိလားခင်ဗျာ❓
Learning by Playing နဲ့ သင်ကြားပေးချင်တယ်။ ဒါပေမဲ့ တစ်ခါတလေမှာ သင်ပေးရင်းကစားရမဲ့ဂိမ်းလေးတွေ အတော်စဉ်းစားရတာ ရှိတတ်ပါတယ်။
ဒါကြောင့် ဆရာမတို့အတွက် Classroom Games, Activities and ideas for Kindergarten Teachers Teacher Training ပြန်လည်ဖွင့်လှစ်ပါပြီခင်ဗျာ။
✅ သင်မယ့်ဘာသာရပ်နဲ့ ကိုက်ညီမယ့် Games & Activities တွေကို ရွေးချယ်အသုံးချနည်း
✅ ကလေးတွေရဲ့ တက်ကြွစွာ သင်ယူနိုင်စွမ်းကို မြှင့်တင်ပေးမယ့် Creative Ideas များ
✅ ဆူညံနေတဲ့ စာသင်ခန်းကို အော်ဟစ်ဆုံးမစရာမလိုဘဲ ပျော်ရွှင်စရာကောင်းတဲ့ သင်ယူမှုဝန်းကျင်အဖြစ် ပြောင်းလဲနည်း တွေကို သင်ကြားပေးသွားမှာပါ။
အခုပဲ အတန်းအပ်ချင်တယ်ဆိုရင်တော့ “KG” လို့ ရေးခဲ့ပေးပါခင်ဗျာ။
5 546
💫 ❝ ဘာသာစကားသင်ယူဖို့အတွက်ဆိုရင် အကိုက်ညီဆုံး One-on-One Tutor ကို TAstudents+ က (၇၂) နာရီအတွင်း ချိတ်ဆက်ပေးနေပါပြီ ❞
ဘာသာစကားတစ်ခုကို ပိုင်ပိုင်နိုင်နိုင် လေ့လာစေချင်ပေမဲ့… အချိန်ဇယား မကိုက်လို့၊ ကလေးနဲ့ အဆင်ပြေမယ့် ဆရာကို ရှာမတွေ့သေးလို့ အခွင့်အရေးတွေ လက်လွှတ်လိုက်ရဖူးပါသလား။
ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါ အတန်းအချိန်ဇယားနောက်ကို လိုက်နေရတာထက် ကျောင်း (သို့) မိဘလည်းအလုပ်နားချိန်၊ အားလပ်ချိန်ပေါ်မူတည်ပြီး၊ ကလေးနဲ့ကိုက်ညီသင့်တော်တဲ့ ဆရာ/မနဲ့ သင်ယူရတာက အထိရောက်ဆုံး၊ အမြန်ဆန်ဆုံးပါပဲ။
ဒီလိုအခက်အခဲတွေကို ဖြေရှင်းဖို့အတွက် TAstudents+ ရဲ့ ဝန်ဆောင်မှုက သင်ယူသူရဲ့ တောင်းဆိုမှုအလိုက်၊ အကိုက်ညီဆုံး Tutor ကို (၇၂) နာရီအတွင်း စနစ်တကျ ချိတ်ဆက်ပေးနေပါပြီ။
TAstudents+ ရဲ့ ပညာရေးဝန်ဆောင်မှုဟာဆိုရင်…
💠 စိတ်ကြိုက် သင်ကြားမှုပုံစံ - အိမ်အရောက်သင် (သို့) အွန်လိုင်းသင်ထဲကနေ နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။
💠 တစ်ရက်တာ အစမ်းသင်ကြားခွင့် - သင်ပေးမယ့် ဆရာ (သို့) ဆရာမရဲ့ Education Background ကို စစ်ဆေးနိုင်ရုံမက၊ (၁) ရက် အစမ်းသင်ကြည့်ပြီးမှ စိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်။
💠 တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိခြင်း - သင်ကြားရေးကာလတစ်လျှောက် Continuous Feedback စနစ်နဲ့ လိုအပ်တာများကို ကူညီပေးပါတယ်။
သင်တန်းကြေးများအနေဖြင့် -
⚡ Thai, Chinese - 150000 MMK (Offline) / 130000 MMK (Online) ဖြစ်ပြီး၊
⚡ English, Japanese, Korean နဲ့ Burmese ဘာသာစကားတွေအတွက် သင်ယူသူဘက်ကနေ သင်ချင်တဲ့ အချိန်၊ ဘာသာရပ်တွေအလိုက် အသေးစိတ် ညှိနှိုင်းဆွေးနွေးနိုင်ပါတယ်။ အသေးစိတ်ကို Page Messenger ကနေ တဆင့် ဆက်သွယ်စုံစမ်းနိုင်သလို၊ အောက်ပါ ဖုန်းနံပါတ်တွေကနေ တဆင့်လည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
💠 Page Chatbox မှ တိုက်ရိုက်ဆက်သွယ်ရန် - http://m.me/tastudents.official
TELEGRAM @tafinancedepartment
Viber +66947717570
💠 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန် -
🇲🇲 09762012599
🇹🇭 (+66) 0824965216
5 546
“ငါ့မိဘတွေက ငါ့ကို အမြဲအော်တယ်” လို့ မှတ်မိစေချင်ပါသလား။
ဒါမှမဟုတ် “ငါအခက်အခဲတွေ့တိုင်း ငါ့မိဘတွေက ငါ့ဘက်ကနေ နားလည်ပေးခဲ့တယ်”လို့ မှတ်မိစေချင်ပါလား။
ကလေးတွေအတွက် ကျွန်တော်တို့ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တွေထဲမှာ ငွေကြေး၊ အဆင့်မြင့်ပညာရေး၊ အကောင်းဆုံးကျောင်းတွေရှိသလို“နားလည်ပေးတတ်တဲ့ မိဘတစ်ယောက်” ဆိုတာလည်း ပါပါတယ်ခင်ဗျာ။
ကလေးတစ်ယောက်ရဲ့ အပြုအမူတိုင်းဟာ အဓိပ္ပာယ်မဲ့နေတာ မဟုတ်ပါဘူး။ တစ်ခါတလေ သူက စကားနဲ့ မပြောတတ်သေးလို့ အပြုအမူနဲ့ ပြောနေတာဖြစ်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ အဲဒီအပြုအမူရဲ့နောက်က စကားကို နားထောင်တတ်ဖို့ဆိုတာလည်း လေ့လာယူရတဲ့ ပညာတစ်ခုပါ။
ဒီလို Child Psychology အခြေခံသဘောတရားတွေကို စနစ်တကျ လေ့လာပြီး
- ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်တွေကို နားလည်လိုသူများ
- ကလေးတွေရဲ့ Behavior ကို ပိုမိုနားလည်လိုသူများ
- Positive Parenting နည်းလမ်းတွေကို လေ့လာလိုသူများ
- မိဘအနေနဲ့ ကလေးကို ပိုကောင်းမွန်စွာ ပံ့ပိုးပေးလိုသူများ
- ဆရာ၊ ဆရာမများ
- Childcare / Education နယ်ပယ်မှာ လုပ်ကိုင်နေသူများအတွက် TA ရဲ့ Child Psychology Training – Batch 38 ကို မကြာခင် ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်ခင်ဗျာ။
Child Psychology ကို လေ့လာခြင်းဟာ ကလေးကို ပိုကောင်းအောင် ပြောင်းလဲဖို့ထက်ကလေးကို ပိုနားလည်လာဖို့ ဖြစ်ပါတယ်။
ကလေးကို နားလည်လာတဲ့အခါဆက်ဆံရေးက ပြောင်းလဲလာတယ်။
ဆက်ဆံရေးက ပြောင်းလဲလာတဲ့အခါကလေးရဲ့ ယုံကြည်မှုက တိုးလာတယ်။
ယုံကြည်မှုတိုးလာတဲ့အခါ ကလေးက သူ့ဘဝထဲက အခက်အခဲတွေကို မိဘနဲ့ မျှဝေလာတယ်။
အဲဒီကနေ ကျွန်တော်တို့ ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ပိုကောင်းတဲ့နည်းလမ်းနဲ့ ပံ့ပိုးပေးနိုင်လာလိမ့်မယ်ခင်ဗျာ။
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ မိဘကောင်းတစ်ယောက်ဖြစ်ရုံနဲ့ မလုံလောက်ပါဘူး။
ကလေးကို နားလည်တတ်တဲ့ မိဘတစ်ယောက်ဖြစ်လာဖို့လည်း လိုအပ်ပါတယ်။
Child Psychology ကို လေ့လာပါ။
ကလေးရဲ့ အပြုအမူနောက်က စကားကို နားထောင်တတ်လာပြီးတော့ ကလေးနဲ့အတူ ပိုကောင်းတဲ့အနာဂတ်ကို တည်ဆောက်ကြပါစို့။
Child Psychology Training – Batch 38 အကြောင်း အသေးစိတ်သိရှိလိုပါက TA cbမှတဆင့် သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
🔷Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်။
🔷ဆရာ၊ဆရာမများရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ဖို့ သီးသန့်သင်တန်းများရယူလိုတဲ့ Private School, International School များအတွက်လည်း Coach Session and Cooperative Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
5 546
“ငါက မတော်ဘူး”ဆိုတဲ့ Self-Conceptမိသွားနိုင်ပါတယ်။
Child Psychology ကို နားလည်တဲ့ မိဘကတော့
“ဒီအပိုင်းမှာ ဘာကို နားမလည်သေးတာလဲ”
“ဘယ်လိုသင်ပေးရင် ပိုနားလည်မလဲ”
“နည်းလမ်းပြောင်းကြည့်ရမလား”ဆိုပြီး ပြဿနာရဲ့ အရင်းအမြစ်ကို ရှာတတ်လာပါတယ်ခင်ဗျာ။
🌈 ကလေးတိုင်းရဲ့ Learning Style နဲ့ Pace မတူပါဘူး
ကလေးတစ်ယောက်က စာဖတ်တာ မြန်နိုင်တယ်။ ဒါပေမယ့်နောက်တစ်ယောက်က ပုံနဲ့သင်မှ နားလည်တယ်။ ကလေးတစ်ယောက်က လက်တွေ့လုပ်မှ မှတ်မိတယ်။ တစ်ယောက်က ထပ်ခါထပ်ခါ လေ့ကျင့်မှ ကျွမ်းကျင်လာတယ်ဆိုတာမျိုး ဖြစ်နိုင်ပါတယ်ခင်ဗျာ။ ဒါကပုံမှန်ပါပဲ။
ဒါကြောင့် “သူများကလေးက ရနေပြီ၊ ငါ့ကလေးက ဘာလို့မရသေးတာလဲ” ဆိုတဲ့ နှိုင်းယှဉ်မှုထက်
“ငါ့ကလေးအတွက် ဘယ်လိုနည်းလမ်းက ပိုအဆင်ပြေလဲ” ဆိုတာက ပိုအရေးကြီးပါတယ်ခင်ဗျာ။
👀 ကလေးတစ်ယောက် တိတ်နေတဲ့အခါလည်း အကြောင်းပြချက်ရှိနိုင်ပါတယ်
အချို့ကလေးတွေက ပြဿနာရှိရင် အော်ဟစ်တတ်ကြပါတယ်။ အချို့ကလေးတွေကတော့ တိတ်သွားတတ်ပါတယ်။ အတန်းထဲမှာ ဘယ်နေရာမှာမှ ပါဝင်လိုက်လုပ်တာတွေ မလုပ်တော့ပါဘူး။
သူငယ်ချင်းတွေနဲ့ မကစားတော့ဘူး။ အရင်လို စကားတွေ မပြောတော့ဘူး။
ဒီလိုအခြေအနေတွေမှာ“ကလေးက ရှက်တတ်တာပဲ” “သူကိုက တိတ်တိတ်လေး ငြိမ်ငြိမ်လေးနေတတ်တာ”ဆိုပြီး အလွယ်တကူ သတ်မှတ်မထားဘဲ ကလေးရဲ့ အပြုအမူပြောင်းလဲမှုကို သတိထားဖို့ လိုပါတယ်။
Child Psychology ရဲ့ အရေးကြီးတဲ့ အကျိုးကျေးဇူးတစ်ခုက ကလေးပြောတဲ့စကားကိုသာမက ကလေးမပြောနိုင်သေးတဲ့အရာကိုပါ သတိထားတတ်လာခြင်း ဖြစ်ပါတယ်။
“Attention Seeking” လို့ခေါ်တဲ့အရာတိုင်းဟာ အာရုံစိုက်ခံချင်တာပဲလား
ကလေးတစ်ယောက်က မိဘကို အမြဲခေါ်တယ်။
“မေမေ…”
“မေမေ…”ဆိုပြီး မေးခွန်းတွေ အဆက်မပြတ်မေးတယ်။
အလုပ်လုပ်နေရင်တောင် လာနှောင့်ယှက်တယ်။
“အာရုံစိုက်ခံချင်လို့”လို့ပဲ သတ်မှတ်မထားဘဲ
ကလေးက မိဘနဲ့ Connection လိုအပ်နေတာလား။ အထီးကျန်နေတာလား။ တစ်ခုခုကို မိဘနဲ့မျှဝေချင်နေတာလား ဆိုတာကိုပါ စဉ်းစားတတ်ဖို့လိုပါတယ်ခင်ဗျာ။
တစ်ခါတလေ ကလေးက “မေမေ့ကို အနှောင့်အယှက်ပေးချင်လို့” မဟုတ်ဘဲ
“မေမေ့အချိန်ထဲမှာ သား/သမီးအတွက် နေရာလေးတစ်ခု ရှိသေးလား”ဆိုတာကို အပြုအမူနဲ့ မေးနေတာ ခင်ဗျာ။
👨👩👧 Parenting ဆိုတာ ကလေးကိုပဲ သင်ပေးနေရတာ မဟုတ်ပါဘူး
Child Psychology ကို လေ့လာတဲ့အခါ ကလေးအကြောင်းတင်မကဘဲ မိဘကိုယ်တိုင်ကိုလည်း ပြန်လေ့လာရပါတယ်။
ကလေးက စိတ်ဆိုးတဲ့အခါ မိဘက ဘာကြောင့် ပိုစိတ်ဆိုးသွားတာလဲ။ ကလေးက မနားထောင်တဲ့အခါ ဘာကြောင့် “ငါ့ကို မလေးစားဘူး” လို့ ခံစားရတာလဲ။ ကလေးက အမှားလုပ်တဲ့အခါ ဘာကြောင့် ချက်ချင်းအော်ချင်လာတာလဲ။
ဒါတွေဟာ ကလေးရဲ့အပြုအမူတစ်ခုတည်းနဲ့ မဆိုင်ဘဲ မိဘကိုယ်တိုင်ရဲ့ အတွေ့အကြုံ၊ ယုံကြည်ချက်၊ စိတ်ဖိစီးမှုနဲ့ Parenting Style တွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်ခင်ဗျာ။
ဒါကြောင့် Child Psychology က
“ကလေးကို ပြောင်းလဲဖို့ သင်ယူခြင်း” ထက်
“မိဘနဲ့ကလေး နှစ်ဦးစလုံးကို ပိုနားလည်လာဖို့ သင်ယူခြင်း” ဖြစ်တယ်ဆိုရင် ပိုပြီးမှန်ပါတယ်ခင်ဗျာ။
🤝 မိဘနဲ့ကလေး “Team”တစ်ခု ဖြစ်မလာဘဲ ကလေးကို ထိန်းချုပ်ဖို့ပဲ ကြိုးစားနေရင်
မိဘက အမိန့်ပေးသူ။ ကလေးက လိုက်နာရသူဆိုတဲ့ ဆက်ဆံရေးဖြစ်သွားနိုင်ပါတယ်။
ဒါပေမယ့် Child Psychology ကို နားလည်လာတဲ့အခါ
ပြဿနာကို ဘယ်လိုအတူတူ ဖြေရှင်းကြမလဲဆိုတဲ့ အသင်းအဖွဲ့လိုမျိုး တသားတည်းကျစေတဲ့ မိသားစုနွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်လာနိုင်ပါတယ်။
ကလေးက အမှားလုပ်မိတဲ့အခါ ဖုံးကွယ်မယ့်အစား“မေမေ့ကို ပြောရင် ကူညီပေးမှာပဲ”ဆိုတဲ့ ယုံကြည်မှုရှိလာပါတယ်။ ဒီလို Trust က ကလေးငယ်အရွယ်မှာသာမက Teenage Years ရောက်လာတဲ့အခါ ပိုပြီးတန်ဖိုးရှိလာပါတယ်ခင်ဗျာ။
-
🌱 Child Psychology သိထားတဲ့ မိဘတစ်ယောက်က ဘာတွေပြောင်းလဲလာမလဲ?
၁။ ကလေးရဲ့ "အပြုအမူ" တစ်ခုတည်းကိုပဲ မကြည့်တော့ဘဲ နောက်ကွယ်က "အကြောင်းရင်း" ကို ရှာဖွေနားလည်လာမယ်။
၂။ ကလေးရဲ့ အသက်အရွယ် ဖွံ့ဖြိုးမှုအဆင့်နဲ့ ကိုက်ညီတဲ့ မျှော်လင့်ချက်တွေ ထားတတ်လာမယ်။
၃။ ကလေးရဲ့ "ခံစားချက်" နဲ့ "အပြုအမူ" ကို ခွဲခြားနားလည်လာမယ်။
၄။ "ပြစ်ဒဏ်ပေးခြင်း" ထက် "သင်ကြားလမ်းပြပေးခြင်း" ကို ပိုအာရုံစိုက်လာမယ်။
၅။ ကလေးနဲ့ မိဘကြား အပြန်အလှန် "ပြောဆိုဆက်ဆံရေး" ပိုမိုကောင်းမွန်လာမယ်။
၆။ မိဘကိုယ်တိုင်လည်း ပိုပြီး စိတ်တည်ငြိမ်အေးချမ်းလာမယ်။
ဒါဆို Child Psychology ကို မိဘတိုင်း လေ့လာသင့်လား?
မိဘတိုင်းက Psychologist ဖြစ်ဖို့ မလိုပါဘူး။
ကလေးတိုင်းမှာ ဖြစ်လာတဲ့အရာတိုင်းကို မိဘတစ်ယောက်တည်းက Diagnosis လုပ်ဖို့ ဆုံးဖြတ်ပြီး ထင်တာတွေလုပ်ဖို့ စိတ်ပင်ပန်းနေဖို့လည်း မဖြစ်သင့်ပါဘူးခင်ဗျာ။
ဒါပေမယ့်
ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ကို နားလည်ခြင်း၊
ကလေးရဲ့ စိတ်ခံစားချက်ကို နားထောင်တတ်ခြင်း၊
အပြုအမူနောက်ကွယ်က လိုအပ်ချက်ကို သတိထားတတ်ခြင်း၊
သင့်တော်တဲ့ Boundary ထားတတ်ခြင်း၊
လိုအပ်တဲ့အခါ ကျွမ်းကျင်သူတွေဆီ အကူအညီတောင်းတတ်ခြင်းစတာတွေကိုတော့ မိဘတစ်ယောက်အနေနဲ့ သိထားသင့်ပါတယ်ခင်ဗျာ။
❤️ နောက်ဆုံးမှာ မိဘတွေကို ကျွန်တော်တို့မေးချင်တာတစ်ခုရှိပါတယ်…
နှစ်ပေါင်းများစွာကြာတဲ့အခါ သင့်ကလေးက သူ့ရဲ့ကလေးဘဝကို ပြန်စဉ်းစားတဲ့အခါ—
5 546
💠မိဘတစ်ယောက်အနေနဲ့ Child Psychology ဘာကြောင့် လေ့လာသင့်တာလဲ 💠
တစ်ခါတလေ ကျွန်တော်တို့ ကလေးတစ်ယောက်ရဲ့ အပြုအမူကိုကြည့်ပြီး
“ဒီကလေးက တော်တော်ဆိုးတာပဲ…”
“စကားနားမထောင်ဘူး…”
“ဂျစ်တီးဂျစ်ကန်လုပ်နေတာ…”
“ပျင်းနေတယ်…”
“သူများကလေးတွေလို မဖြစ်ဘူး…”လို့ မိဘတွေ ပြောကြတဲ့အချိန်တွေ ရှိတတ်တယ်မဟုတ်လားဗျာ။
ဒါပေမယ့် ကလေးရဲ့ အပြုအမူကို မြင်ရုံနဲ့ ကလေးရဲ့အကြောင်းကို အပြည့်အစုံ ဖေဖေ မေမေတို့ သိနေပြီလား။
တကယ်တော့ ကလေးရဲ့ အပြုအမူဟာ ပြဿနာရဲ့ အဆုံးပိုင်းသာ ဖြစ်ပြီး၊ အဲဒီနောက်ကွယ်မှာ မမြင်ရသေးတဲ့ လိုအပ်ချက်တစ်ခု၊ ခံစားချက်တစ်ခု၊ အခက်အခဲတစ်ခု ရှိနေနိုင်ပါတယ်ခင်ဗျာ။
ဒါကြောင့် Child Psychology ကို လေ့လာခြင်းဆိုတာ အများထင်ထားသလို ကလေးကို “ဘယ်လိုထိန်းချုပ်ရမလဲ” ဆိုတာကိုပဲ သင်ယူတာမဟုတ်ပါဘူး။
“ကလေး ဘာကြောင့် ဒီလိုပြုမူနေတာလဲ” ဆိုတဲ့မေးခွန်းကို မိမိကိုယ်ကို မေးတတ်လာပြီး ဖြေရှင်းနည်းကို မှန်မှန်ကန်ကန် စဉ်းစားတတ်လာဖို့ ဖြစ်ပါတယ်ခင်ဗျာ။
🌱 ကလေးက နားမထောင်တာလား… မလုပ်နိုင်သေးတာလား?
ဥပမာ အသက် ၅ နှစ်အရွယ်ကလေးတစ်ယောက်ကို
“အဝတ်တွေ သိမ်း”
“ကစားစရာတွေ ပြန်ထားရမယ်”
“စာအုပ်တွေ စီနော်”လို့ မေမေက ပြောတယ်။
ကလေးက မလုပ်ဘူး။
ဒီအခါ အမေက “ငါ ဘယ်နှစ်ခါပြောရမလဲ”
“စကားနားမထောင်ဘူးလား”
“ဒီကလေးက တော်တော်ဆိုးတာပဲ”ဆိုပြီး စိတ်ဆိုးလာပါလိမ့်မယ်။
ဒါပေမယ့် Child Psychology ကို နားလည်တဲ့မိဘက ဒီလိုမေးခွန်းတွေကို
“သူ မလုပ်ချင်တာလား၊ မလုပ်နိုင်သေးတာလား”ဆိုတဲ့ ရှုထောင့်အမြင်တစ်ခုကို ပြောင်းလိုက်ပါတယ်။
အသက် ၅ နှစ်ကလေးအတွက် “အခန်းကိုရှင်းရမယ်” ဆိုတာက လူကြီးတစ်ယောက်အတွက်လို လွယ်ကူတဲ့ instruction မဟုတ်နိုင်ပါဘူးခင်ဗျာ။
ဘယ်ကစရမလဲ။
ဘာကိုအရင်သိမ်းရမလဲ။
ဘယ်လောက်အထိ သန့်ရှင်းရမလဲဆိုတာကို မသိနိုင်ပါဘူးခင်ဗျာ။
အဲဒီအခါ “အရုပ်တွေကို ဒီဘူးထဲထည့်မယ်။ ပြီးရင် စာအုပ်တွေကို ဒီစင်ပေါ်တင်မယ်”လိုမျိုး Task ကို သေးသေးလေးတွေ ခွဲပေးခြင်း ကကလေးအတွက် လိုက်နာနိုင်ဖို့ ပိုလွယ်ကူစေတာမို့ လိုက်လုပ်လာစေပါတယ်။
ဒီပြသာနာလေးကနေ မိဘတွေသိလာတာက ကလေးက ကိုယ့်စကားကို နားမထောင်တာမဟုတ်ဘူး။ သူ့အသက်အရွယ်နဲ့ သူ့ရဲ့စွမ်းရည်အတိုင်း instruction ကို မဖြေရှင်းနိုင်သေးတာ ဖြစ်နိုင်တယ်”ဆိုတာဖြစ်ပါတယ်ခင်ဗျာ။
🧠 Child Psychology က “ကလေးရဲ့ဦးနှောက်” ကို နားလည်စေတယ်
ကလေးတွေဟာ လူကြီးအသေးစားလေးတွေ မဟုတ်ပါဘူးခင်ဗျာ။
သူတို့ရဲ့ ဦးနှောက်၊ စိတ်ခံစားချက်ထိန်းချုပ်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေဟာ အသက်အရွယ်အလိုက် တဖြည်းဖြည်းဖွံ့ဖြိုးလာတာပါ။
ဒါကြောင့် အသက် ၄ နှစ်ကလေးဆီက လူကြီးတစ်ယောက်လို စိတ်ရှည်မှုကို မျှော်လင့်လို့မရသလို၊
အသက် ၇ နှစ်ကလေးဆီက ဆယ်ကျော်သက်တစ်ယောက်လို အကျိုးအကြောင်းဆင်ခြင်ပြီး ဆုံးဖြတ်နိုင်မှုကိုလည်း မျှော်လင့်လို့ မရသေးပါဘူးခင်ဗျာ။
လူကြီးတွေ မိဘတွေ ဆရာတွေအနေနဲ့ Developmental Expectation ကို မသိထားတဲ့အခါ ကလေးရဲ့ “မလုပ်နိုင်သေးခြင်း” ကို “မလုပ်ချင်ခြင်း” လို့ အလွယ်တကူ အဓိပ္ပာယ်ကောက်မိနိုင်ပါတယ်ခင်ဗျာ။
❤️ ကလေးရဲ့ Feeling ကို လက်ခံပေးတာက အလိုလိုက်တာ မဟုတ်ပါဘူး
ကလေးက စိတ်ဆိုးတယ်။
ငိုတယ်။
မကြိုက်ဘူးလို့ ပြောတယ်။
တစ်ခုခုကို မကျေနပ်ဘူး။
အဲဒီအချိန်မှာ
“မငိုနဲ့”
“ဘာမှမဟုတ်ဘူး”
“အဲဒါလောက်နဲ့ မငိုရဘူး” လို့ ကလေးရဲ့ခံစားချက်ကို ပိတ်ပင်လိုက်မိတတ်ပါတယ်ခင်ဗျာ။
ဒါပေမယ့်လည်း Emotion Validation ဆိုတာ ကလေးလုပ်ချင်သမျှကို ခွင့်ပြုလိုက်တာ မဟုတ်ပါဘူး။
ဥပမာ
“မင်းစိတ်ဆိုးနေတာ မေမေသိတယ်။ ဒါပေမယ့် လူကို ရိုက်လို့တော့ မရဘူး။ စိတ်ဆိုးတာကို စကားနဲ့ ပြောလို့ရတယ်” ဒီလိုဆိုရင်တော့ ကလေးက သူ့ရဲ့Feeling ကို လက်ခံတယ်။ Behavior ကိုတော့ Boundary ထားတယ်ဆိုတာကို ကွဲကွဲပြားပြား နားလည်သွားပြီး သူ့ကိုယ်တိုင်ထိန်းသိမ်းဖို့ နားလည်လာစေပါတယ်။
ဒီကွာခြားချက်ကို နားလည်လာတာက Parenting မှာ အလွန်အရေးကြီးပါတယ်ခင်ဗျာ။
🗣️ “မလုပ်နဲ့” ထက် “ဘာလုပ်လို့ရလဲ” ကို သင်ပေးပါ
ကလေးတစ်ယောက် ပြေးနေတယ်ဆိုပါစို့။
“မပြေးနဲ့”
“မလုပ်နဲ့”
“မကိုင်နဲ့”ဆိုတာတွေချည်း ပြောနေရင် ကလေးအတွက် ဘာလုပ်ရမလဲဆိုတာ သေချာရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူးခင်ဗျာ။
အဲ့စကားတွေအစား
“ဒီနေရာမှာ လမ်းလျှောက်မယ်”
“ဒီပစ္စည်းက မကိုင်ရဘူး။ ဒီတစ်ခုကိုတော့ ကိုင်လို့ရတယ်”
“စိတ်ဆိုးရင် ‘မကြိုက်ဘူး’ လို့ ပြောလို့ရတယ်” လိုမျိုး Alternative Behavior ကို သင်ပေးရပါတယ်ခင်ဗျာ။
Child Psychology ကို လေ့လာထားတဲ့ မိဘက
“ကလေးကို အပြစ်ပေးဖို့ ဘာလုပ်ရမလဲ”ဆိုတာထက်
“ကလေးကို ဒီအခြေအနေမှာ ဘာလုပ်တတ်အောင် သင်ပေးရမလဲ”ဆိုတာကို ပိုစဉ်းစားတတ်လာပါတယ်ခင်ဗျာ။
📚 စာမတော်တာနဲ့ ဉာဏ်မကောင်းတာ မတူပါဘူး
ကလေးတစ်ယောက်က စာသင်ရတာ ခက်တယ်။ တစ်ခါတလေ အတန်းထဲမှာ တခြားကလေးတွေထက် နောက်ကျတယ်။ စာမေးပွဲအမှတ်လည်း နည်းတယ်။
ဒီအခါကလေးကို
“မင်းက ဉာဏ်မကောင်းဘူး”
“ဒီလောက်လေးတောင် မသိဘူးလား”
“သူများတွေတောင် ရတယ်”ဆိုပြီး နှိုင်းယှဉ်မိရင် ကလေးက စာမရတာထက် ပိုကြီးတဲ့ ပြဿနာတစ်ခု ရလာနိုင်ပါတယ်။
5 546
Picture Story ကို ကြည့်ပြီး သဘာဝကျကျပြောနိုင်ဖို့ ကလေးတွေကို Step-by-Step ဘယ်လို သင်ပေးမလဲ (YLE Movers Level)💠💠
အိမ်မှာ ကိုယ်သင်ပေးတဲ့ ကလေးက Movers Speaking ကိုလည်း ဖြေတတ်တယ်။ Grammar လည်းတော်တယ်။ Vocabulary လည်းကောင်းတယ်။ ဒါပေမယ့် Picture Story ရောက်တာနဲ့ ပါးစပ်က ထစ်သွားတယ်။ စကားလုံးတွေ ရုတ်တရက် ပျောက်သွားတယ်။ ဇာတ်လမ်းကို ဖြတ်တောက်ပြီး ပြောလေ့ရှိတယ် ဒါမှမဟုတ် ကလေးက ပုံတစ်ပုံချင်းစီကို သီးသန့်ဖော်ပြပြီး ဇာတ်လမ်းကို ဆက်စပ်ပြောမပြတတ်ဘူးဖြစ်နေတယ်။
ဒီပြဿနာကို (YLE Movers Leve)သင်ဖူးတဲ့ ဆရာ၊ဆရာမတိုင်း ကြုံဖူးကြမှာပါ။ ဒါပေမယ့် အဖြေကတော့ ရိုးရှင်းပါတယ်။ Picture Story တွေကို ပိုင်ပိုင်နိုင်နိုင် ပြောတတ်စေဖို့ဆိုရင် ကလေးတွေကို ဇာတ်လမ်းပြောတဲ့ နည်းလမ်းကို အဆင့်ဆင့်ခွဲပြီး သင်ပေးဖို့ လိုပါတယ်ခင်ဗျာ။
ဒီနေ့မှာ Teaching Agency ကနေ Movers Level မှာ Picture Story ကို သဘာဝကျကျ ပြောပြတတ်အောင် သင်ပေးတဲ့ Step-by-Step နည်းလမ်း ၅ ဆင့် ကို မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
ဒီနည်းလမ်းတွေက Movers စာမေးပွဲအတွက်တင်မကဘဲ ကလေးတွေရဲ့ ဇာတ်လမ်းပြောပြနိုင်တဲ့စွမ်းရည်၊ စိတ်ကူးစိတ်သန်းနဲ့ ယုံကြည်မှုကိုပါ တည်ဆောက်ပေးနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။
🔷️ပုံတွေကို အရင်ဆုံး စီစဉ်ပါ (Sequencing)
ပထမဆုံးအနေနဲ့ ကလေးတွေကို ပုံတွေရဲ့ အစဉ်လိုက် နားလည်အောင် သင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ ပုံတွေကို ဖြတ်ညှပ်ရောထားပြီး ကလေးတွေကို ဇာတ်လမ်းအစဉ်လိုက် ပြန်စီခိုင်းပါ။
➡️ပုံတွေကို ရောနှောထားတဲ့ ကတ်ပြားတွေ ပေးပါ
➡️"ဇာတ်လမ်းရဲ့ အစပုံက ဘယ်ဟာလဲ?" မေးပြီး ပထမပုံကို ရှာခိုင်းပါ
➡️ကျန်ပုံတွေကို အစဉ်လိုက် စီခိုင်းပါ
ဒီအဆင့်မှာ ကလေးတွေက ဇာတ်လမ်းရဲ့ အဆင့်ဆင့်ကို မြင်ယောင်နိုင်လာပါလိမ့်မယ်ခင်ဗျာ။
🔷️ဇာတ်ကောင်တွေနဲ့ အခြေအနေကို မိတ်ဆက်ပါ (Setting the Scene)
ပုံတွေကို စီပြီးသွားရင် ဇာတ်ကောင်တွေရဲ့ အခြေအနေကို မေးမြန်းခြင်းအားဖြင့် ဇာတ်လမ်းကို စခိုင်းပါ။
· Who is in the picture?
· How old is he/she?
· Where are they?
· What are they doing?
· How do they feel?
ဒီအဆင့်မှာ ကလေးတွေက ဇာတ်ကောင်တွေနဲ့ ရင်းနှီးလာပြီး ဇာတ်လမ်းကို စိတ်ဝင်စားလာပါလိမ့်မယ်ခင်ဗျာ။
🔷️ပုံတစ်ပုံချင်းစီကို ဖော်ပြခြင်း (Describing Each Picture)
ပုံတစ်ပုံချင်းစီအတွက် ဘာဖြစ်နေလဲဆိုတာကို ပြောပြတတ်အောင် သင်ပေးရမှာဖြစ်ပါတယ်။
➡️ဇာတ်ကောင်တွေ ဘာလုပ်နေလဲ? (e.g., He is riding a bike)
➡️ ဘယ်လိုခံစားနေလဲ? (e.g., She is happy)
➡️ဘာတွေမြင်ရလဲ? (e.g., There is a big tree)
ဒီအဆင့်မှာ ကလေးတွေကို "I can see..." "There is/are..." ဆိုတဲ့ စကားစုတွေ သုံးတတ်အောင် သင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။
🔷️ဆက်စပ်စကားလုံးတွေ သုံးတတ်အောင် သင်ပေးပါ (Using Connectors)
ဇာတ်လမ်းကို ချောမွေ့အောင် ဆက်ပြောနိုင်ဖို့ ဆက်စပ်စကားလုံးတွေကို သင်ပေးပါ။
Movers Level အတွက် လိုအပ်တဲ့ ဆက်စပ်စကားလုံးလေးတွေကတော့
· Then
· Next
· After that
· Suddenly
ဥပမာ-
"Paul is at the park. Then it starts to rain. Next he falls down. After that he goes home."
ဒီအဆင့်မှာ ကလေးတွေကို ဆက်စပ်စကားလုံးတွေ သုံးပြီး ဇာတ်လမ်းကို ချိတ်ဆက်ပြောတတ်အောင် လေ့ကျင့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။
🔷️ဇာတ်လမ်းကို ပြန်ပြောပြခြင်း (Telling the Whole Story)
နောက်ဆုံးအဆင့်အနေနဲ့ ကလေးတွေကို ဇာတ်လမ်းတစ်ခုလုံးကို အစအဆုံး ပြန်ပြောပြခိုင်းပါ။
· ကလေးတွေကို အတွဲလိုက် သို့မဟုတ် အုပ်စုလိုက် ဇာတ်လမ်းပြောခိုင်းပါ။ စာမေးပွဲပုံစံအတိုင်း ဆရာက ပထမပုံကို စပြီးပြောပြပါ။ ကလေးတွေကို ကျန်ပုံတွေကို ဆက်ပြောခိုင်းပါ။ အမှားတွေကို ချက်ချင်းပြင်မယ့်အစား နောက်မှ ပြင်ပေးပါ
ဒီအဆင့်မှာ ကလေးတွေက ဇာတ်လမ်းကို ယုံကြည်မှုရှိရှိနဲ့ သဘာဝကျကျ ပြောပြတတ်လာပါလိမ့်မယ်ခင်ဗျာ။
Movers Level အတွက် လိုအပ်တဲ့ ဝေါဟာရတွေဖြစ်တဲ့ နာမဝိသေသနတွေ (happy, sad, excited, tired) နဲ့ ကြိယာတွေ (run, jump, fall, give) ကို သင်ပေးထားပါ။
ကလေးတွေကို ဇာတ်ကောင်တွေရဲ့ စကားတွေ ၊ အတွေးတွေကို ဖန်တီးခိုင်းပါ။ "What is the boy thinking?" လို့ မေးပြီး သူတို့ရဲ့ စိတ်ကူးစိတ်သန်း ထည့်သွင်းခိုင်းပါ။
ကလေးတွေကို အမှားတွေက သင်ယူမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း နားလည်အောင်သင်ပေးပါ။ အားပေးမှုနဲ့ ချီးကျူးမှုတွေ များများပေးပါ။
ဒီနည်းလမ်းတွေကို ကျွန်တော်တို့ရဲ့ Movers တန်းတွေမှာ အသုံးပြုပြီး ကလေးတွေရဲ့ Picture Story ပြောနိုင်စွမ်း သိသိသာသာ တိုးတက်လာတာကို တွေ့ရပါလိမ့်မယ်ခင်ဗျာ။ အရေးကြီးဆုံးက ကလေးတွေကို စိတ်ရှည်ရှည်နဲ့ အဆင့်ဆင့် လမ်းညွှန်ပေးဖို့ပါပဲခင်ဗျာ။
🔷Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်။
🔷ဆရာ၊ဆရာမများရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ဖို့ သီးသန့်သင်တန်းများရယူလိုတဲ့ Private School, International School များအတွက်လည်း Coach Session and Cooperative Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
5 546
TKT Module 1 [Background to language learning and teaching] Preparation Class (Batch-23)
🎓 အင်္ဂလိပ်စာဆရာ/ဆရာမတစ်ယောက်အနေနဲ့ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တစ်ခုနဲ့ ကိုယ့်ရဲ့ Career ကို အဆင့်မြှင့်တင်ချင်ပါသလား။
ဒါဆိုရင်တော့ Cambridge Assessment က တရားဝင်အသိအမှတ်ပြုထားတဲ့ TKT လက်မှတ်က သင့်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။ အဲဒီအထဲကမှ TKT Module 1 ဟာ English ဘာသာစကားသင်ကြားရေးနဲ့ သင်ယူမှုနောက်ခံ (Background to language learning and teaching) ကို အဓိကထားသင်ကြားပေးပြီး ဆရာတစ်ယောက်အတွက် အရေးအကြီးဆုံး အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
English ဘာသာစကားသင်ကြားရာမှာ ဆရာအနေနဲ့ အင်္ဂလိပ်စာကျွမ်းကျင်ရုံနဲ့ မလုံလောက်ပါဘူး။ ကျောင်းသားတွေ နားလည်အောင် ဘယ်လိုသင်ပေးရမလဲ၊ သူတို့ရဲ့ သင်ယူမှုပုံစံတွေက ဘာတွေလဲဆိုတာနဲ့ အထိရောက်ဆုံး သင်ကြားရေးနည်းစနစ်တွေကိုပါ သိထားဖို့လိုပါတယ်။
TKT Exam ဖြေဆိုဖို့ စတင်ပြင်ဆင်တဲ့အခါ Course Book တွေဖတ်ရုံနဲ့ မလုံလောက်နိုင်ပါဘူး။ စာတွေကို အလွတ်ကျက်ရုံနဲ့ ဖြေဆိုဖို့ထက် Teaching terminology, language systems နဲ့ learning concepts တွေကို နားလည်ထားဖို့ အရေးကြီးပါတယ်။ Exam Question ပုံစံကို နားလည်ခြင်း၊ Key Terminology တွေကို ခွဲခြားသိရှိခြင်း၊ Teaching Situation တွေမှာ Theory ကို အသုံးချနိုင်ခြင်း က Exam Preparation အတွက် အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။
ယခုထပ်မံဖွင့်လှစ်မယ့် "TKT Module 1 Exam Preparation Class" ကနေ ဒီသင်ကြားရေးသဘောတရားတွေကို အသေးစိတ် ရှင်းပြပေးသွားမယ့်အပြင် စာမေးပွဲအတွက်ပါ အပြည့်အဝ ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။
🎯 ဒီ Class ကို ဘယ်သူတွေ တက်သင့်လဲ?
✅ TKT Module 1 Exam ဖြေဆိုရန် ပြင်ဆင်နေသော ဆရာ/ဆရာမများ
✅ TKT ကို ပထမဆုံးအကြိမ် ဖြေမယ့် ဆရာ၊ ဆရာမများ
✅ English Teaching Terms တွေကို ပိုမိုနားလည်ချင်သူများ
✅ TKT Exam Question ပုံစံနဲ့ မရင်းနှီးသေးသူများ
✅ English သင်ကြားရေးဆိုင်ရာ Teaching Knowledge ကို စနစ်တကျ ပြန်လည်လေ့လာချင်သူများ
✅ Cambridge TKT Certificate ရယူပြီး Professional Development လုပ်ချင်သူမျာ
🔷 သင်တန်းအချက်အလက်များ
သင်တန်းဖွင့်ပွဲ- 14. 9. 2026 (Mon)
သင်တန်းစတင်မည့်ရက် - 14. 9. 2026 (Mon)
သင်တန်းအချိန် - 8:45 PM - 9:45 PM
သင်တန်းရက် -Mon & Tue (Weekly)
သင်တန်းကာလ - 2 months (8 weeks)
သင်တန်းပိတ်ပွဲ- 3. 11. 2026 (Tue)
သင်တန်းကြေး - 120,000 ကျပ်
TA သင်တန်းသားဟောင်း - 100000 ကျပ်
💠 Trainer Profile: Tr. Stefani
B.A. (EPP, YU)
Dip. in ELT (YU)
Dip. in ELTM (YUOE)
Dip. in TESOL (LTTC)
CELTA (Cambridge)
TKT (Cambridge)
TKT: YL (Cambridge)
TKT: CLIL (Cambridge)
M.Ed. (EAL) Assumption University
🌟 သင်တန်းတက်ပြီး ဘာတွေ ရရှိနိုင်မလဲ?
✅ TKT Module 1 ရဲ့ Key Concepts တွေကို စနစ်တကျ နားလည်လာမယ်
✅ Exam Question တွေကို အဓိပ္ပါယ်နားလည်ပြီး ဖြေဆိုနိုင်မယ်
✅ Exam Strategies နဲ့ Time Management ပိုမိုကောင်းမွန်လာမယ်
✅ Practice Questions များဖြင့် မိမိရဲ့ Preparation Level ကို စစ်ဆေးနိုင်မယ်
✅ TKT Exam အတွက် ယုံကြည်မှု ပိုမိုရှိလာမယ်
ဒီသင်တန်းလေးကတော့ တစ်ပတ်ကို ၂ ရက်၊ Online ကနေ တက်ရောက်ရမှာ ဖြစ်ပြီး သင်တန်းတက်ရောက်မယ်ဆိုရင်တော့ English CEFR Level B1 နှင့်အထက် ရှိထားသင့်ပါတယ်။
ဒါကြောင့် တက်ရောက်လေ့လာလိုကြတဲ့ ဆရာ၊ ဆရာမတို့အနေနဲ့ ယခုပဲ TELEGRAM @tafinancedepartment ကနေ တစ်ဆင့် စာရင်းသွင်းအပ်နှံနိုင်ကြဖို ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ
🔷Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်
🔷 Teaching Agency မှ သင်တန်းများကို မိမိတို့ကျောင်းများမှ ဆရာ၊ဆရာမများအတွက် သီးသန့်ပိုချသင်ကြားပေးလိုသော Private School, International School များအတွက်လည်း Coach Session & Cooperative Training များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
5 546
How to teach Singapore Maths (Primary Level) (Batch- 1)
🎓 မူလတန်းအရွယ် ကလေးတွေကို သင်္ချာသင်ပေးတဲ့အခါ ကလေးတွေ နားလည်သဘောပေါက်လွယ်အောင် ဘယ်လိုသင်ပေးရမလဲ နည်းလမ်းရှာဖွေနေပါသလား?
မိမိရဲ့ သင်ကြားရေးစွမ်းရည်ကို နိုင်ငံတကာအဆင့်မီ မြှင့်တင်ချင်တဲ့ ဆရာ၊ ဆရာမတွေအတွက် ကမ္ဘာမှာ အအောင်မြင်ဆုံး သင်္ချာသင်ရိုးတစ်ခုဖြစ်တဲ့ Singapore Math သင်ကြားနည်းစနစ်က အကောင်းဆုံး အဖြေတစ်ခုပဲ ဖြစ်ပါတယ်။
Singapore Math ဆိုတာ ရိုးရှင်းတဲ့ သင်ရိုးညွှန်းတမ်းတစ်ခုတင် မဟုတ်ပါဘူး။ ကလေးတွေကို သင်္ချာသဘောတရားတွေ အမှန်တကယ် နားလည်သွားအောင်တည်ဆောက်ပေးတဲ့ သင်ကြားနည်းစနစ်တစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာ ပညာရေးစစ်တမ်းတွေဖြစ်တဲ့ TIMSS နဲ့ PISA တို့မှာ စင်ကာပူနိုင်ငံက ထိပ်ဆုံးမှာ အမြဲရပ်တည်နေနိုင်တာဟာ ဒီစနစ်ရဲ့ အကျိုးကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်။
ဒီစနစ်ရဲ့ အဓိက အသက်သွေးကြောကတော့ C-P-A (Concrete-Pictorial-Abstract) Approach ပဲ ဖြစ်ပါတယ်။ သင်္ချာကို စာတွေ့သက်သက် သင်တာမျိုးမဟုတ်ဘဲ၊ ပထမဦးစွာ အရာဝတ္ထုတွေကို ကိုင်တွယ်ရေတွက်စေတာ (Concrete)၊ အဲဒီနောက်မှာ အဆိုပါ သဘောတရားကို ရုပ်ပုံတွေ၊ ဇယားတွေအဖြစ် ပြောင်းလဲရေးဆွဲစေတာ (Pictorial) နဲ့ နောက်ဆုံးအဆင့်ရောက်မှသာ ကိန်းဂဏန်း သင်္ကေတတွေ (Abstract) အဖြစ် ပြောင်းလဲတွက်ချက်စေတာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ "Bar Model Drawing" လို့ခေါ်တဲ့ ပုံဆွဲပြီး အဖြေရှာတဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းကြောင့် မူလတန်းအရွယ် ကလေးတွေဟာ ခက်ခဲတဲ့ ဉာဏ်စမ်းပုစ္ဆာတွေကို ရှုပ်ထွေးတဲ့ Equations တွေ မသုံးဘဲ၊ မျက်စိထဲ မြင်သာတဲ့ အတုံးလေးတွေ ဆွဲပြီး အလွယ်တကူ စဉ်းစားတွက်ချက်လာနိုင်ပါတယ်။
ဒီလိုမျိုး စနစ်တကျ တွေးခေါ်ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးနိုင်ဖို့အတွက် "How to teach Singapore Maths (Primary Level)" Teacher Training သင်တန်းလေးကို စတင်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
🎯 ဘယ်သူတွေအတွက် တက်သင့်လဲ
💠 Primary School Teachers
💠 New & Experienced Maths Teachers
💠 Teacher Training ကို စိတ်ဝင်စားသူများ
💠Singapore Maths ကို စနစ်တကျ လေ့လာလိုသူများ
🔷 သင်တန်းတွင် လေ့လာသင်ယူရမည့် သင်ခန်းစာများ
(1) How people learn,
Why Need to Use Concrete materials in teaching,
What is Singapore Mathematics,
C-P-A approach in Singapore primary Mathematics
(2) MODEL DRAWING
(3) WHOLE NUMBERS
(4) FRACTION
(5) NUMBER PATTERN
(6) DECIMAL
(7) PERCENTAGE
(8) RATIO
(9) RATE, SPEED
(10) AVERAGE DATA ANALYSIS
(11) GEOMETRY, ANGLES
(12) MEASUREMENT
🔷 သင်တန်းအကြောင်းအရာများ
သင်တန်းဖွင့်ပွဲ - 13. 9. 2026 (Sun)
သင်တန်းစရက် - 14. 9. 2026 (Mon)
သင်တန်းရက် - Mon & Tue (Weekly)
သင်တန်းပိတ်ပွဲ -28. 10. 2026
သင်တန်းကာလ - 7 weeks
သင်တန်းအချိန် - 8:00 PM - 9:30 PM
သင်တန်းကြေး - 120000 ကျပ်
TA သင်တန်းသားဟောင်း -100000 ကျပ်
💠 Trainer: Saya Mason Hein
B.A (English)
B.Ed., M.Ed., Ph.D., (Thesis -III, Pedagogic Methodology)
Certificate in (IPSLE Mathematics) Training SEAB
🌟ဒီသင်တန်းပြီးဆုံးတဲ့အခါ Singapore Maths ရဲ့ အခြေခံသဘောတရားတွေကို နားလည်ပြီး C-P-A Approach, Model Drawing နဲ့ Problem-Solving Strategies တွေကို Primary Mathematics သင်ကြားရာမှာ ပိုမိုထိရောက်စွာ အသုံးချနိုင်လာမှာ ဖြစ်ပါတယ်။
💡 ကလေးတွေကို သင်္ချာသင်ကြားရာမှာ “တွက်တတ်အောင်” သင်ပေးတာထက် “စဉ်းစားတတ်အောင်” သင်ပေးနိုင်တဲ့ ဆရာ ဖြစ်လာဖို့ အရေးကြီးပါတယ်။
ယခုသင်တန်းလေးကို နေ့စဉ် Zoom Meeting နဲ့ ပို့ချသင်ကြားပေးမှာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းပုံမှန် မတက်ရောက်နိုင်သူတွေအတွက် Recording များ စီစဉ်ပေးထားမှာဖြစ်ပြီး ရာသက်ပန် ပြည်လည် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ သင်ကြားသွားတဲ့ သင်ခန်းစာတွေနဲ့ပတ်သက်ပြီး သင်တန်းဆရာနဲ့ အချိန်မရွေးမေးမြန်းနိုင်ဖို့ Telegram Group တစ်ခုလည်း စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။
သင်တန်းပြီးဆုံးသွားတဲ့အခါမှာ သင်တန်းပြီးမြောက်ကြောင်းအသိအမှတ်ပြု Certificate နှင့် တကွ သင်တန်းများတက်ရောက်ရာမှာ Discount ရရှိနိုင်တဲ့ Teaching Agency ရဲ့ သင်တန်းသားဟောင်း အသိအမှတ်ပြုကတ်ပြားကိုပါ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် စိတ်ပါဝင်စားကြတဲ့ ဆရာ၊ဆရာမတို့အနေနဲ့ ဒီသင်တန်းလေးကို တက်ရောက်နိုင်ကြဖို့ အသိပေးဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ
သင်တန်းတက်ရောက်လိုပါက TELEGRAM @tafinancedepartment မှာ သင်တန်းအပ်နိုင်ပါတယ်
🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်
🔹 နိုင်ငံတကာကျောင်းများနဲ့ ပုဂ္ဂလိကကျောင်းများမှ ဆရာ၊ ဆရာမများအတွက်လည်း Cooperative Training & Coach Session များကို ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။
