uz
Feedback
Teaching Agency

Teaching Agency

Kanalga Telegram’da o‘tish

Teaching Agency ရဲ့ Official Telegram Channel ဖြစ်ပါတယ် ခင်ဗျာ

Ko'proq ko'rsatish
5 228
Obunachilar
+424 soatlar
+427 kunlar
+14930 kunlar
Postlar arxiv
🌟 ❝ ၅ နှစ်တာအတွင်း (၅) ကြိမ်အထက် ရွေးချယ်၊ အစဉ်မပြတ် ယုံကြည်ပေးခဲ့တဲ့ 𝗧𝗲𝗮𝗰𝗵𝗶𝗻𝗴 𝗔𝗴𝗲𝗻𝗰𝘆’𝘀 𝗦𝘂𝗽𝗲𝗿 𝗔𝗹𝘂𝗺𝗻𝗶, 𝗧𝗿. 𝗦𝘂 𝗠𝗼𝗻 𝗧𝗵𝗮𝗻𝘁 ❞ ရဲ့ ရင်တွင်းစကားသံတွေကို ဂုဏ်ယူစွာနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Tr. Su Mon Thant က Jolly Phonics, IGCSE Biology, Secondary Maths, GED Science, GED Social Studies နဲ့ TKT Module - 1 အတန်းတွေကို စုစုပေါင်း (၆) ကြိမ်မြောက် တက်ရောက်ပြီး၊ Teaching Agency ရဲ့ (၅) နှစ်ပြည့်အတွက် သင်တန်းတက်ရောက်၊ မွမ်းမံမှုနှုန်းအများဆုံး Super Alumni တစ်ဦးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Teaching Agency က Tr. Su အတွက် ဆရာ၊ ဆရာမတွေအတွက် Teaching Career development အဆင်ပြေချောမွေ့လာစေဖို့ အခွင့်အလမ်းသစ်တစ်ခု၊ အကောင်းဆုံး CPD Network တစ်ခု ဖြစ်နေတာကြောင့်၊ စိတ်ချလက်ချ ရွေးချယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တက်ခဲ့ဖူးတဲ့ သင်တန်းတိုင်းက ဆရာတွေကို သဘောကျပေမယ့်၊ ကိုယ့်ဘာသာရပ်တောင် မဟုတ်တဲ့၊ IGCSE Biology ဘာသာရပ်ကို အလွယ်တကူ နားလည်သဘောပေါက်သွားအောင် သင်ပေးနိုင်ခဲ့တဲ့ ဆရာ K ရဲ့ သင်ကြားမှုကို အမှတ်တရအရှိဆုံး၊ အလေးစားဆုံး ဖြစ်ခဲ့ရပါတယ်လို့ မျှဝေပေးသွားပါတယ်။ 💙 Teaching Agency ကို အမြဲယုံကြည်ပေးတဲ့ Tr. Su Mon Thant ကို Teaching Agency မိသားစုမှ ကျေးဇူးအထူးတင်ရှိပြီး၊ ရှေ့ဆက်မယ့် ဆရာမရဲ့ သင်ကြားရေးခရီလမ်းကြောင်းမှာ ဒီထက်မက အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹

photo content

❝ IGCSE Biology ဘာသာရပ်နဲ့ မရင်းနှီးတဲ့ ဆရာ၊ ဆရာမတွေအတွက်ပါ ထိထိရောက်ရောက်၊ လွယ်လွယ်ကူကူ သင်ပြနိုင်ဖို့ အထောက်အကူများစွာ ပေးခဲ့တယ်ဆိုတဲ့ Teaching Agency ရဲ့How to teach IGCSE Biology (Batch-11) ကို တက်ရောက်ဖို့ စာရင်းပေးပြီးပြီလား ❞ ဒီအတန်းက ဆရာ၊ ဆရာမတွေအနေနဲ့ IGCSE Biology (CIE) ကို စနစ်တကျ သင်ကြားပိုချနိုင်ဖို့ IGCSE syllabus နဲ့ exam requirements အခြေခံတွေကနေ စပြီး၊ Effective teaching methods နဲ့ Up-to-date resources & model lessons တွေအထိပါ ရယူနိုင်မှာ ဖြစ်ပါတယ်။ 💎 ဆေးပညာဘွဲ့ MBBS အပြင်၊ MMEdSc (Medical Education) နဲ့ PhD ဘွဲ့တွေကိုပါ ရရှိထားတဲ့ ပညာရေးနယ်ပယ်က ဝါရင့်ပညာရှင် Dr. K ကိုယ်တိုင် ပို့ချပေးမယ့် How to teach IGCSE Biology (Batch-11) ကို လာမယ့် ဇူလိုင် (၁၃) ရက်နေ့မှာ စတင် လေ့လာနိုင်ပါပြီ။ 👉 သင်တန်းအကြောင်းအသေးစိတ် - https://www.facebook.com/share/p/1E7x3PXhjv/ ဒီအတန်းကို အခုပဲ အပ်နှံချင်တယ်ဆိုရင်၊ ဒီလင့်ခ် TELEGRAM @tafinancedepartment ကနေ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါပြီခင်ဗျာ။ ✅ ဒီသင်တန်းကို Zoom နဲ့ ပို့ချသွားမှာဖြစ်ပြီး အင်တာနက်လိုင်းအခက်အခဲတွေရှိရင်လည်း သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး သင်တန်းနည်းပြဆရာနဲ့ ဆက်သွယ်မေးမြန်းနိုင်ဖို့၊ ဆွေးနွေးပို့ချတဲ့ သင်ခန်းစာတွေကိုပြန်လည်လေ့လာနိုင်ဖို့ စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။ 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတိုရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹

photo content

💡 ❝ စာသင်ခန်းထဲမှာ ကလေးတွေ စကားနားမထောင်တဲ့အခါ ကိုယ့်သင်ကြားနည်းကိုပဲ အပြစ်တင်မိနေတဲ့ ဆရာ၊ ဆရာမတွေ ရှိကြလား ❞ စာသင်ခန်းထဲမှာ ကလေးတွေ စကားနားမထောင်တာ၊ အာရုံမစိုက်တာ၊ ဘယ်လောက်ရှင်းပြရှင်းပြ နားမလည်ကြတာတွေ ကြုံရတိုင်း ဒါဟာ 'သင်ကြားနည်း (Methodology)' မကောင်းလို့ပဲလို့ထင်မိတတ်ပါတယ်။ တကယ်တော့ ဒါဟာ ဆရာ၊ ဆရာမတို့က ကလေးရဲ့ အပြုအမူကို 'တုံ့ပြန်' နေတာသာဖြစ်ပြီး၊ သူတို့ကို တကယ်တမ်း 'နားလည်ပေးခြင်း' မရှိ‌သေးတာပါ။ စကားမနာခံတာ၊ ဂျီကျတာ၊ ဆတ်ဆတ်ထိမခံ ငိုယိုတာ၊ ဆူပူသောင်းကျန်းတာတွေကို ဆရာတော်တော်များများက "ဆိုးသွမ်းမှု" အဖြစ်သတ်မှတ်တတ်ကြပါတယ်။ တကယ်တော့ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း (Emotional Regulation) အပြည့်အဝမရှိသေးပါဘူး။ အကြောင်းရင်းနဲ့ အကျိုးဆက်ကို ဆင်ခြင်ပိုင်းခြားနိုင်တဲ့ ဦးနှောက်ရဲ့ အရေးကြီးဆုံးအပိုင်း (Prefrontal Cortex) ဟာ အရွယ်ရောက်မှသာ အပြည့်အဝ ဖွံ့ဖြိုးရင့်ကျက်လာတာ ဖြစ်ပါတယ်။ ဒါကို သတိမမူဘဲ ကလေးတွေကို မရမက နားထောင်၊ လိုက်နာခိုင်းခြင်းဟာ သူတို့ရဲ့ ဖွံ့ဖြိုးဆဲ ဦးနှောက်လေးတွေဆီကနေ မလုပ်နိုင်သေးတဲ့အရာကို အတင်းအကျပ်တောင်းဆိုနေသလို ဖြစ်ပြီး မရည်ရွယ်ဘဲ စိတ်ဒဏ်ရာတွေ ပိုရစေနိုင်ပါတယ်။ ဒီနေရာမှာ သာမန်ဆရာနဲ့ Child Psychology ကို နားလည်တဲ့ ဆရာတစ်ယောက်ရဲ့ကွာဟချက်က သိသာလာပါတယ်။ 🎯 Child Psychology ကို နားလည်တဲ့ ဆရာတွေက ဘာလို့ပိုအောင်မြင်ကြတာလဲ။ အဖြေကတော့ သူတို့ဟာ ကလေးတွေရဲ့ အပြုအမူကို ချက်ချင်းတုံ့ပြန်ဖို့ မကြိုးစားဘဲ၊ အပြုအမူနောက်ကွယ်က တကယ့်လိုအပ်ချက်ကို အရင်ဆုံး ရှာဖွေဖြေရှင်းပေးနိုင်လို့ပါပဲ။ Child Psychology ကို သေချာနားလည်ထားတဲ့ ဆရာတစ်ယောက်ဟာ ❌ "ဘာဖြစ်လို့ ဒီလောက်ဆိုးရတာလဲ" လို့ အပြစ်မတင်ဘဲ ✅ "ဒီကလေး ဘာကိုအဆင်မပြေဖြစ်နေ တာလဲ၊ ဘာခံစားနေရတာလဲ" လို့ သိအောင်ကြိုးစားပါတယ်။ ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို မှန်မှန်ကန်ကန် ဖတ်ရှုနိုင်တဲ့အတွက် စာသင်ခန်းကို အော်ဟစ်ဆူပူစရာမလိုဘဲ လုံခြုံနွေးထွေးတဲ့ သင်ယူမှုဝန်းကျင်အဖြစ် အလွယ်တကူ ဖန်တီးပေးနိုင်ပါတယ်။ ဒီလို နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးကြောင့် ကလေးတွေက ဆရာ့စကားကို ကြောက်လို့မဟုတ်ဘဲ လိုလိုလားလား ပိုနားထောင်လာပြီး သင်ယူမှုရလဒ်တွေလည်း အလိုလို တိုးတက်လာပါတယ်။ ဆရာတစ်ယောက်ဟာ ကလေးပေါင်း ထောင်ချီရဲ့ အနာဂတ်တွေကို ပုံဖော်ပေးရမဲ့သူမို့ သင်ခန်းစာတွေ၊ Lesson Plan တွေထက် ပိုအရေးကြီးတဲ့ "ကလေးတွေရဲ့ စိတ်ကမ္ဘာကို ဖတ်တတ်တဲ့ ပညာ" ကို မဖြစ်မနေ လေ့လာထားသင့်ပါတယ်။ ကလေးလေးတွေရဲ့ စိတ်ခံစားမှု၊ တုံ့ပြန်မှုနဲ့ အပြုအမူတွေကို နားလည်လက်ခံနိုင်ပြီး အထိရောက်ဆုံး နည်းလမ်းတွေနဲ့ ဖေးမဆုံးမပေးနိုင်ဖို့၊ TA ရဲ့ Child Psychology for Parents and Teachers အတန်းမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ အပ်နှံလိုပါက 'CP' လို့ရေးခဲ့လိုက်ပါခင်ဗျာ။ 🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးဖို့ အသင့်ရှိနေပါတယ်။

photo content

🤔 ❝ GED စာမေးပွဲကို အချိန်တိုအတွင်း ထိထိရောက်ရောက် ပြင်ဆင်ဖို့ စဉ်းစားထားလား ❞ GED ဖြေဖို့ ပြင်နေရင်း၊ ဘယ်ကစရမှန်း မသိတော့ဘူး၊ ဘာသာရပ် (၄) ခုတောင်ဆိုတော့ တစ်ယောက်တည်း လိုက်ဖတ်ရတာ အားမရသလိုပဲ… စတဲ့ စိန်ခေါ်မှုတွေက GED ဖြေမယ့် ကျောင်းသားတော်တော်များများ ရင်ဆိုင်ရလေ့ရှိပါတယ်။ တစ်ဖက်မှာလည်း မိဘတွေက ကလေးကို အချိန်တိုအတွင်း GED စာမေးပွဲ အောင်မြင်အောင် ဖိဖိစီးစီးလေ့လာစေချင်ပေမယ့်၊ အပြင်သင်တန်းတွေ လွှတ်ရမှာ၊ အများနဲ့ရောသင်လို့ ကလေးက အားနာပြီး နားမလည်တာ မမေးရဲမှာကို စိုးရိမ်တတ်ကြပါတယ်။ 💡 တကယ်တော့ GED ဆိုတာ ဘာသာရပ် (၄) ခုကို တစ်ဘာသာချင်းဖြစ်ဖြစ်၊ ဘာသာစုံပဲ ဖြစ်ဖြစ်.. ကြိုက်နှစ်သက်သလို အချိန်သတ်မှတ်ပြီး ဖြေဆိုနိုင်တာမို့၊ ကျောင်းသားဘက်ကနေ လမ်းကြောင်းမှန်မှန်နဲ့ Exam Techniques တွေကို သေသေချာချာ ရသွားပြီဆိုရင်၊ ထင်ထားတာထက် ပိုမြန်မြန်နဲ့ ထိထိရောက်ရောက် အောင်မြင်နိုင်တဲ့ ပညာရေးလမ်းကြောင်းတစ်ခုပါ။ ဒါပေမဲ့ အောင်မြင်မှုအမြန်နှုန်းက ကျောင်းသားတစ်ယောက်စီရဲ့ သင်ယူတဲ့ ပုံစံပေါ်မှာ အများကြီး မူတည်ပါတယ်။ ကျောင်းသားတိုင်းရဲ့ ဉာဏ်ရည်နဲ့ စာလိုက်နိုင်တဲ့အရှိန်က မတူညီကြတာမို့၊ တချို့က သင်္ချာအားသန်ပြီး အင်္ဂလိပ်စာမှာ အားနည်းတတ်ကြတာမို့၊ သင်ယူသူရဲ့ သက်ဆိုင်ရာ ဘာသာရပ် နောက်ခံအလိုက် စွမ်းရည်နဲ့ ဗဟုသုတတွေကို ပိုပြီး အချိန်ပေး ဖြည့်ရတတ်ပါတယ်။ အများနဲ့ရောသင်တဲ့ စာသင်ခန်းတွေထဲမှာ ကျောင်းသား တစ်ယောက်ချင်းစီရဲ့ အားနည်းချက်ကို ကွက်တိ ပြင်ပေးဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူပါဘူး။ ဒါကြောင့် TAstudents+ ရဲ့ One-on-One (တစ်ဦးချင်းညှိနှိုင်းသင်) Service ကျောင်းသားတွေအတွက်တင်မကပဲ၊ မိဘတွေအတွက်ပါ အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာတာပါ။ ဘာကြောင့် TAstudents+ ရဲ့ တစ်ဦးချင်းလမ်းညွှန်မှုကို ရွေးချယ်ကြတာလဲ။ 💠 GED ဘာသာရပ်တစ်ခုချင်းစီအတွက် ဆရာတွေ လိုက်ရှာရတဲ့ အချိန်ကုန်၊ လူပင်ပန်းမှုတွေကို အသက်သာဆုံး လျှော့ချပေးပြီး (၄) ဘာသာလုံးကို တစ်နေရာတည်းမှာ စနစ်တကျ ချိတ်ဆက်ပြီး၊ သင်ယူနိုင်ပါတယ်။ 💠 ကျောင်းသားရဲ့ လက်ရှိ စာလေ့လာနိုင်တဲ့ အချိန်၊ အရှိန်အပေါ် မူတည်ပြီး ရက်နဲ့ အချိန်ကို ဆရာနဲ့ တိုက်ရိုက်ညှိနှိုင်းနိုင်တာမို့ တခြားအတန်းတွေနဲ့ အချိန်ထပ်မှာကို စိတ်ပူစရာမလိုပါဘူး။ 💠 ကျောင်းသားရဲ့ လိုအပ်ချက်၊ အားနည်းချက်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် သီးသန့် Guide ဆရာ/မတွေကို (၂၄) နာရီအတွင်း သေသေချာချာ စိစစ်ရွေးချယ်ပြီး၊ Professional Matching လုပ်ပေးပါတယ်။ 💠 ဆရာနဲ့ ကျောင်းသား တကယ် အံဝင်ခွင်ကျ ဖြစ်၊ မဖြစ် ယုံကြည်စိတ်ချရအောင် Free Trial (၁) ရက် အရင် အစမ်းသင်ကြည့်လို့ရပြီး စိတ်ကျေနပ်မှု ရှိမှသာ ရှေ့ဆက်သင်ယူဖို့ ရွေးချယ်နိုင်ပါတယ်။ ဒီတော့ GED စာမေးပွဲကို အချိန်တိုအတွင်း ထိထိရောက်ရောက် အောင်မြင်နိုင်ဖို့ သင့်တော်တဲ့ ဆရာရှာဖွေတဲ့ အချိန်ကုန်တာ၊ သွားရလာရလို့ လူပင်ပန်းတာတွေမရှိဘဲ အိမ်မှာတင် စိတ်အေးလက်အေးနဲ့ အထိရောက်ဆုံး သင်ချင်တယ်ဆိုရင်တော့… တာဝန်ယူမှု အပြည့်ရှိတဲ့ TAstudents+ မှာ ကျောင်းသားနဲ့ အကိုက်ညီဆုံး ဆရာ/မတွေကို ရှာဖွေဖို့ Page Chatbox တဆင့် ဖြစ်ဖြစ်၊ အောက်ပါဖုန်းနံပါတ်တွေကနေပဲ ဖြစ်ဖြစ် အသေးစိတ် တိုင်ပင်နိုင်ပါပြီခင်ဗျာ။ Page Chatbox မှ တိုက်ရိုက်ဆက်သွယ်ရန် - http://m.me/tastudents.official TELEGRAM @tafinancedepartment မြန်မာနိုင်ငံမှ တိုက်ရိုက်ဆက်သွယ်ရန် - 📞 09 762 012 599 🇹🇭 ထိုင်းနိုင်ငံရောက် မိဘများအတွက် - 📞 082 496 5216 (ထိုင်းနိုင်ငံတွင်းမှ တိုက်ရိုက်ခေါ်ဆိုရန်) ❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞

photo content

🎯 ❝ A1 ကနေ C2 အထိ ရောက်ဖို့ အင်္ဂလိပ်ဘာသာစကားသင်တန်းတွေမှာ နှစ်ချီကြာ အချိန်ဖြုန်းမလား၊ Teaching Agency မှာ လပိုင်းအတွင်း ထိထိရောက်ရောက် တိုးတက်လာအောင် သင်ယူမလား ❞ ကျောင်းသား အများကြီးနဲ့ သင်ရတဲ့ သင်တန်းတွေမှာ အချိန်ကုန်ခံမယ့်အစား... ကလေးရဲ့ Level အလိုက်၊ ကလေးရဲ့ သင်ယူမှုအရှိန်အလိုက်၊ ဆရာနဲ့ နှစ်ယောက်တည်း သီးသန့်သင်ရမယ့် Teaching Agency ရဲ့ One-on-One အတန်းတွေကိုသာ ရွေးချယ်ပေးလိုက်မယ်ဆိုရင်၊ ကလေးအနေနဲ့ ကိုယ့်အားလပ်ချိန်မှာ ထိထိရောက်ရောက် စနစ်တကျ လေ့လာနိုင်လို့၊ English Language Skills က သိသိသာသာ မြန်မြန်ဆန်ဆန် တိုးတက်လာစေမှာပါ။ 🔷 အင်္ဂလိပ်ဘာသာစကားကို CEFR Level အလိုက် ဘယ်သူတွေ တက်သင့်လဲ။ ⭐ A1 (Beginner) - အင်္ဂလိပ်စာကို အခြေခံကစပြီး အကြောက်အလန့်မရှိ ပိုင်ပိုင်နိုင်နိုင် စတင်ချင်သူများ။ ⭐ A2 (Elementary) - နေ့စဉ်သုံးစကားပြော အားနည်းပြီး၊ ရိုးရှင်းတဲ့စာကြောင်းတွေ မတည်ဆောက်နိုင်သေးသူများ။ ⭐ B1 (Intermediate) - အင်္ဂလိပ်စာတတ်ပေမယ့် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုဖို့ တုံ့ဆိုင်းနေတတ်သူများ။ ⭐ B2 (Upper-Intermediate) - ကျောင်း၊ အလုပ်နဲ့ လူမှုပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကို ယုံကြည်မှုအပြည့်နဲ့ သုံးချင်သူများ။ ⭐ C1 & C2 (Advanced / Proficient) - Professional ကျကျ သုံးနိုင်ပြီး Native Speaker တစ်ယောက်လို ညှိနှိုင်းပြောဆိုနိုင်မယ့် အမြင့်ဆုံးအဆင့်များ။ တကယ်လို့ ကလေးအတွက် ဘယ် Level က စရမလဲ ဝေခွဲမရရင် စိတ်မပူပါနဲ့။ ဆရာ/မကိုယ်တိုင်က ကလေးရဲ့ Skills ကို သေသေချာချာ အကဲခတ်ပေးပြီး အကိုက်ညီဆုံးအဆင့်ကနေ စတင်ပေးသွားမှာပါ။ 🔷 Teaching Agency ကိုမှ ဖေဖေ၊ မေမေတို့ ဘာကြောင့်ရွေးချယ်ပေးသင့်လဲဆိုရင် - ❑ ကလေးရဲ့ လိုအပ်ချက်ကို ကွက်တိဖြည့်ဆည်းပေးနိုင်မယ့် ဆရာ/မကို ရွေးချယ်ပေးခြင်း - ကလေးရဲ့ သင်ယူ‌နိုင်စွမ်းအလိုက် အကိုက်ညီဆုံးဖြစ်မယ့် ဆရာ/ဆရာမနဲ့ သီးသန့် တစ်ဦးချင်း သင်ရမှာမို့ 4 Skills လုံး သိသိသာသာ မြန်မြန်ဆန်ဆန် တိုးတက်လာမှာပါ။ ❑ မိဘများ လိုချင်တဲ့ စံနှုန်းကို ပေးစွမ်းနိုင်ခြင်း - အတွေ့ရှိ၊ သင်ကြားရေးသင်တန်းဆင်း ဆရာတွေနဲ့ စိတ်ချလက်ချ သင်ယူနိုင်အောင်၊ ဆရာ/မတို့ရဲ့ Education Background ကို စိစစ်ပေးထားပြီး၊ သင်ကြားရေးကာလအတွင်း၊ Feedback တွေကိုလည်း အစဉ်တစိုက် တာဝန်ယူ စောင့်ကြည့်ပေးနေပါတယ်။ ❑ သင်ယူမှုပုံစံနဲ့အချိန်ကို စိတ်ကြိုက်ရွေးချယ်ခွင့် - အိမ်အရောက် (သို့) Online ကနေ One-on-One (တစ်ဦးချင်း) သင်ယူနိုင်သလို၊ ကလေးသင်ယူချင်တဲ့အချိန်ကို ဆရာနဲ့ ညှိနှိုင်းနိုင်ပါတယ်။ 💯 ဒါ့အပြင် သင်ကြားရေးကာလအတွင်း ပုံမှန် Feedback ကောက်ယူပေးတဲ့ စနစ်ရှိတာကြောင့် မေမေတို့ရဲ့ ယုံကြည်မှုကို အပြည့်အဝ အာမခံနိုင်ပါတယ်။ ဆရာနဲ့ အစမ်းတစ်ရက် သင်ကြားကြည့်ပြီးမှ ဆက်သင်၊ မသင် ဆုံးဖြတ်နိုင်ခွင့်ရှိတာက မေမေတို့အတွက် အကြီးမားဆုံး အားသာချက်တစ်ခုပါပဲ။ ဆရာရဲ့သင်ကြားပုံက ကလေးနဲ့ကိုက်၊ မကိုက် လေ့လာဖို့ အစမ်းတစ်ရက်တာ သင်ကြားခွင့် လည်း ရှိတာမို့၊ သားသား၊ မီးမီးတို့ရဲ့ အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကို ထိထိရောက်ရောက် တိုးမြှင့်ပေးဖို့ အခုပဲ Page Chat Box ကို “ENG Class” လို့ ပို့ပြီး၊ သင်တန်းကြေး အသေးစိတ်ကို စုံစမ်းနိုင်ပါပြီခင်ဗျာ။ Page Chatbox မှ တဆင့် ဆက်သွယ်ရန် - m.me/teaching.agency.official TELEGRAM @tafinancedepartment ☎️ 09 - 762 012 599 ☎️ 09 - 978 296 678 🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹

photo content

ကလေးတွေကို ဆူပူဆုံးမတာမျိုးမလုပ်ဘဲ သူတို့ရဲ့ စိတ်ခံစားချက်ကို နားလည်ပြီး အကောင်းဆုံး ထိန်းကျောင်းလမ်းပြပေးနိုင်မဲ့ Professional ဆရာမတစ်ယောက်၊ မိဘတစ်ယောက် ဖြစ်လာဖို့ Child Psychology for Parents and Teachers တန်းခွဲအသစ် ဒီနေ့စပါပြီခင်ဗျာ။ အချိန်မီအပ်နှံဖို့ CP လို့ရေးခဲ့လိုက်ပါ။

photo content

IGCSE ရဲ့ Biology (ဇီဝဗေဒ) ဘာသာရပ်ဟာ ကလေးတွေအတွက် စိတ်လှုပ်ရှားစရာ ကောင်းသလို၊ သင်ပြရတဲ့ ဆရာတွေအတွက်လည်း တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာသာရပ်တစ်ခုပါ။ ဒါပေမဲ့ ပထမဆုံးအကြိမ် စသင်ပြီဆိုရင်တော့ လက်တွေ့အတန်းထဲမှာ မလွဲမသွေ ကြုံတွေ့ရမယ့် စိန်ခေါ်မှုကြီး (၄) ခုရှိပါတယ်ခင်ဗျာ။ ဆရာတို့အနေနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်အောင် လက်တွေ့သင်ကြားမှု အတွေ့အကြုံတွေအရ ကြုံရမယ့် စိန်ခေါ်မှုတွေနဲ့ အကြံပြုချက်အချို့ကို ဝေမျှပေးပါရစေ။ 🔹စာလုံးအသုံးအနှုန်း (Vocabulary) =============== IGCSE Biology ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ အသစ်အဆန်းဖြစ်နေမယ့် သိပ္ပံဝေါဟာရ (Scientific Terms) တွေဖြစ်ပါတယ်။ ကလေးတွေဟာ Phloem, Xylem, Homeostasis, Phagocytosisစတဲ့ စာလုံးအဆန်းကြီးတွေကို စာလုံးပေါင်းကအစ၊ အဓိပ္ပာယ်အထိ မှတ်မိဖို့ ရုန်းကန်ရလေ့ရှိပါတယ်။ ဆရာကိုယ်တိုင်ကလည်း ဒီစာလုံးတွေကို ကလေးတွေ ခေါင်းထဲစွဲသွားအောင် ဘယ်လိုသင်ရမလဲဆိုတာ ခေါင်းစားရတတ်ပါတယ်။ စာလုံးကြီးတွေကို တစ်ခါတည်း အလွတ်ကျက်ခိုင်းမယ့်အစား Root Words (လက်တင် သို့မဟုတ် ဂရိအခြေခံစာလုံးများ) ကို ခွဲခြားပြီး ရှင်းပြပေးပါ။ ဥပမာ - "Photo-" ဆိုတာ အလင်း၊ "-synthesis" ဆိုတာ ပေါင်းစပ်တာ စသဖြင့် ပုံဖော်ပေးရင် ကလေးတွေ ပိုမှတ်မိလွယ်ပါတယ်ခင်ဗျာ။ 🔹 ခြုံငုံရုံတင်မဟုတ်ဘဲ "အတိအကျ" ဖြေခိုင်းရတဲ့ စိန်ခေါ်မှု ===================== ဆရာတို့ သတိထားမိမှာပါ။ ကလေးတွေက အကြောင်းအရာတစ်ခုကို နားလည်ပေမယ့် စာမေးပွဲစစ်တဲ့အခါ အမှတ်မရကြပါဘူး။ Mark Scheme (အမှတ်ပေးစည်းမျဉ်း) က တောင်းဆိုတဲ့ Keywords အတိအကျကို ကလေးတွေက မရေးတတ်ကြပါဘူး။ ဥပမာ - ကလေးက "အပင်တွေက အလင်းရောင်သုံးပြီး အစာချက်လုပ်တယ်" လို့ ရေးရင် မှန်ပေမယ့် စာမေးပွဲမှာ အမှတ်ရဖို့ Carbon dioxide, Water, Light energy, Chlorophyll စတဲ့ စကားလုံးတွေ ပါကိုပါရပါမယ်။ ဆရာတစ်ယောက်အနေနဲ့ စာသင်တဲ့အခါ Concept ကို နားလည်အောင် ရှင်းပြရုံတင် မကဘဲ၊ "ဒီမေးခွန်းအတွက် ဘယ် Keywords တွေက အသက်လဲ" ဆိုတာကို အစကတည်းက သေချာ Highlight လုပ်ပြီး တွဲသင်ပေးဖို့ လိုပါတယ်ခင်ဗျာ။ 🔹 အလွတ်ကျက်တာထက်လက်တွေ့အသုံးချမှုကို ဦးစားပေးရခြင်း ============ မြန်မာ့ပညာရေးစနစ် သို့မဟုတ် အလွတ်ကျက်စနစ်ကလာတဲ့ ကလေးတွေအတွက် ဒါက အခက်ဆုံးပါပဲ။ IGCSE Biology စာမေးပွဲတွေမှာ စာအုပ်ထဲကအတိုင်း တိုက်ရိုက်မေးတာထက် ဇယားတွေ၊ ဂရပ်ဖ် (Graphs) တွေ၊ မရင်းနှီးတဲ့ တိရစ္ဆာန် ဒါမှမဟုတ် အပင်တစ်မျိုးရဲ့ အချက်အလက်တွေကို ပေးပြီး "ဉာဏ်စမ်း" တဲ့ အသုံးချမေးခွန်း (Application Questions) တွေ အများကြီး ပါလာပါတယ်။ ဒါ့ကြောင့် ဆရာတွေအနေနဲ့ အတန်းထဲမှာ စာအုပ်ထဲက Diagram တွေတင်မကဘဲ ပြင်ပက real-life examples တွေ၊ Data Table တွေနဲ့ ဂရပ်ဖ်တွေကို ကလေးတွေ ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာတတ်အောင် အလေ့အကျင့် လုပ်ပေးရပါမယ်ခင်ဗျာ။ 🔹 Alternative to Practical (Paper 6) ကို လက်တွေ့မပါဘဲသင်ရခြင်း ============ အွန်လိုင်းကသင်ရတဲ့အခါ သို့မဟုတ် ဒီတိုင်းစာသင်ခန်းထဲမှာပဲထိုင်သင်ရတဲ့အခါ လက်တွေ့စမ်းသပ်ချက်တွေကိုပါ စစ်ဆေးတဲ့ Paper 6 အတွက် ပြင်ဆင်ပေးရတာ စိန်ခေါ်မှုတစ်ခုပါ။ စမ်းသပ်မှုတစ်ခုရဲ့ Variables (ပြောင်းလဲကိန်း) တွေကို ဘယ်လိုထိန်းချုပ်မလဲ၊ လုံခြုံရေးအရ ဘာတွေသတိထားရမလဲ၊ စမ်းသပ်မှု ပိုမှန်ကန်အောင် ဘာတွေလုပ်ရမလဲ စတာတွေကို စာမျက်နှာပေါ်မှာပဲ ကလေးမြင်အောင် ချပြရတာ ဖြစ်ပါတယ်။ ဆရာတွေအနေနဲ့ တကယ့်လက်တွေ့ မလုပ်နိုင်ရင်တောင်မှ အခုခေတ်မှာ YouTube Virtual Labs ဗီဒီယိုတွေ အများကြီးရှိပါတယ်။ ကလေးတွေကို ဗီဒီယိုပြပါ။ ပြီးရင် "ဒီစမ်းသပ်ချက်မှာ ဘာလို့ ရေနွေးနွေးလေး သုံးရတာလဲ?" စတဲ့ မေးခွန်းမျိုးတွေနဲ့ လှုံ့ဆော်ပြီး ဓာတ်ခွဲခန်းထဲ ရောက်နေသလိုမျိုး စဉ်းစားတတ်အောင် လေ့ကျင့်ပေးပါ။ ----------- ဆရာ၊ ဆရာမတို့အတွက် သင်ကြားရေးစတဲ့ ပထမဆုံးနှစ်မှာ သင်ရိုးညွှန်းတမ်း (Syllabus) ရဲ့ ကျယ်ဝန်းမှုကြောင့် ကိုယ်တိုင်လည်း အမောဆို့ရတတ်ပါတယ်။ ဒါပေမဲ့ စိတ်မပျက်ပါနဲ့။ သင်ခန်းစာတစ်ခုချင်းစီကို အလောမကြီးဘဲ ကလေးတွေရဲ့ Critical Thinking တက်လာအောင် အချိန်ယူ ပျိုးထောင်ပေးဖို့ ကြိုးစားသင့်ပါတယ်ခင်ဗျာ။ အနှစ်ချုပ်ရရင်တော့ IGCSE Biology ဟာ စာကျက်ရုံသက်သက် ဘာသာရပ်မဟုတ်ဘဲ "နားလည်မှု + အသုံးချမှု" ကို အဓိကတောင်းဆိုတဲ့ ဘာသာရပ်ဖြစ်လို့ ဆရာတို့အနေနဲ့ ဆွဲဆောင်မှုရှိတဲ့ သင်ကြားရေးထောက်ကူပြုပစ္စည်းတွေ၊ Past Papers (မေးခွန်းဟောင်း) တွေကို အစောကြီးကတည်းက အသုံးချပြီး စနစ်တကျ လေ့ကျင့်ပေးဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 🔹 Teaching Agency အနေနဲ့ ဆရာ၊ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက် ရှိနေပါတယ်။

💠 သင်တန်းကာလတစ်လျှောက်လုံးမှာ Teaching Agency အနေနဲ့ လိုအပ်တဲ့ အခက်အခဲမှန်သမျှကို ကူညီဆောင်ရွက်ပေးနေမှာ ဖြစ်ပါတယ်။ သင်တန်းကာလအဆုံးမှာသင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု Certificate ကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပါဝင်စားကြတဲ့ ဆရာ၊ဆရာမတိုအနေနဲ့ ဒီသင်တန်းလေးကို တက်ရောက်နိုင်ကြဖို အသိပေးဖိတ်ခေါ်လိုက်ပါတယ်ခင်‌ဗျာ သင်တန်းတက်ရောက်လိုပါက TELEGRAM @tafinancedepartment မှာ သင်တန်းအပ်နိုင်ပါတယ်။ 🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတိုရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹မိမိတို့ကျောင်းများအတွက် သီးသန့်သင်တန်းများ ရယူလိုတဲ့ Private School, International School များအတွက်လည်း Cooperative Training & Coach Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

အခုစာကိုဖတ်နေတဲ့ ဆရာ၊ဆရာမတို့က သင်ကြားရေးနယ်ပယ်ထဲကို အခုမှ စတင်ဝင်ရောက်လာတဲ့ အတွေ့အကြုံနုနယ်သေးတဲ့ Preschool Teacher တစ်ယောက်လား? စာသင်ခန်းထဲဝင်ခါနီးတိုင်း "ဒီနေ့ ကလေးတွေကို ဘာပေးဆော့ရင် ကောင်းမလဲ"။ "ကလေးတွေ ငြိမ်သွားအောင် ဘယ်လိုလုပ်ရမလဲ" ဆိုပြီး နေ့တိုင်း ခေါင်းခဲနေရပြီလား? ဘာသာရပ်ပိုင်းတွေ ဘယ်လောက်ပဲ သိထားပါစေ Lesson Planning မနိုင်နင်းရင် စာသင်ခန်းထဲမှာ အချိန်ပိုနေတာ/မလောက်တာ၊ Activity တွေနဲ့ သင်ခန်းစာ မချိတ်ဆက်မိတာ၊ ကလေးတွေ စိတ်မဝင်စားတာမျိုးတွေ ကြုံရတတ်ပါတယ်။ အလွယ်ပြောရရင် Lesson Plan မရှိတဲ့ဆရာက "မြေပုံမရှိဘဲ ခရီးသွားနေသူတစ်ယောက်"နဲ့ တူပါတယ်ခင်ဗျာ။ အထူးသဖြင့် အသက် (၃) နှစ်ကနေ (၅) နှစ်အရွယ် ကလေးငယ်တွေနဲ့ ထိတွေ့ရတဲ့ Preschool ဆရာ၊ ဆရာမတွေအတွက် နေ့စဉ်ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို လျှော့ချပေးနိုင်မယ့် အခြေခံကောင်းကတော့ စနစ်ကျတဲ့ Lesson Planning ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယုံကြည်မှုအပြည့်ရှိတဲ့ Professional ဆရာ၊ ဆရာမတစ်ယောက် ဖြစ်လာစေဖို့ Teaching Agencyမှ Lesson Planning Framework for New Teachers Batch-1 တန်းခွဲအသစ်ကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်ခင်ဗျာ။ 📚 ဒီသင်တန်းမှာ ဘာတွေ လေ့လာရမလဲ။ 1. Core Framework & Structure အခြေခံအုတ်မြစ် Effective Lesson Planning Framework ရေးဆွဲနည်းနှင့် မိနစ် ၃၀ စာ Preschool Lesson Structure တည်ဆောက်ပုံကို စနစ်တကျ သင်ယူရပါမယ်။ 2. Teaching Methodology & Styles သင်ကြားနည်းစနစ်များ Different Learning Styles ကို နားလည်ပြီး ထိရောက်တဲ့ သင်ကြားနည်းစနစ်များ (Effective Teaching Methods) ကို အသုံးချခြင်း။ 3. Learn Through Play Approach လက်တွေ့ကစားနည်းများ Play-based Learning ကို လက်တွေ့အသုံးချပြီး ကစားရင်း သင်ယူစေမယ့် Activity Ideas များ၊ Games & Teaching Tools များ ထည့်သွင်းခြင်း။ 4. Management & Assessment အတန်းတွင်းထိန်းချုပ်မှု Classroom Interaction Patterns များကို နားလည်ပြီး ကလေးတစ်ဦးချင်းစီကို စနစ်တကျ Observation & Assessment (အကဲဖြတ်မှု) ပြုလုပ်ခြင်း။ ✨ သင်တန်းကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ ၁။ စာသင်ခန်းကို အချိန်ကုန်သက်သာပြီး ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်း သင်ခန်းစာစီမံချက် ရှိထားတဲ့အခါ ဘယ်အချိန်မှာ ဘာလုပ်မယ်။ ဘယ်အပိုင်းကို မိနစ်ဘယ်လောက် သုံးမယ်ဆိုတာ ကြိုတင်တွက်ချက်ထားနိုင်ပါတယ်။ ဒါကြောင့် သင်ခန်းစာမပြီးမှာ၊ အချိန်ပိုသွားမှာ ဒါမှမဟုတ် စာသင်ခန်းထဲမှာ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်မှာတွေကို လုံးဝပူစရာမလိုတော့ပါဘူး။ ၂။ ကျောင်းသားဗဟိုပြု (Student-Centered) အတန်းတစ်ခု ဖန်တီးနိုင်ခြင်း ဆရာကပဲ တစ်ချိန်လုံး ပြောနေတဲ့ ရိုးအီနေတဲ့ ပုံစံကနေ ရုန်းထွက်ပြီး ကျောင်းသားတွေ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်လာနိုင်မယ့် Activities တွေကို စနစ်တကျ ထည့်သွင်းဆွဲသားတတ်လာမှာ ဖြစ်ပါတယ်။ ၃။ သင်ကြားမှု ရည်မှန်းချက်ပန်းတိုင် (Learning Objectives) တိကျခြင်း သင်တန်းပြီးရင် ကျောင်းသားတွေ ဘာတွေ တတ်မြောက်သွားရမလဲဆိုတဲ့ Target ကို ရှင်းရှင်းလင်းလင်း သတ်မှတ်တတ်လာပြီး အဲဒီ Target ပြည့်မီဖို့အတွက် လိုအပ်တဲ့ Teaching Aids (သင်ထောက်ကူပစ္စည်း) နဲ့ Assessment (အကဲဖြတ်မှု) တွေကို မှန်မှန်ကန်ကန် ရွေးချယ်တတ်လာပါလိမ့်မယ်။ ၄။ ဆရာတစ်ယောက်ရဲ့ Professional ဆန်မှုကို မြှင့်တင်ပေးခြင်း စနစ်ကျတဲ့ Lesson Plan တစ်စောင်ကို ကိုယ်တိုင်ဆွဲနိုင်ခြင်းက မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးစေရုံတင်မကဘဲ နိုင်ငံတကာကျောင်းတွေ၊ Language Centers တွေမှာ အလုပ်လျှောက်တဲ့အခါဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာဖြစ်ဖြစ် မိမိရဲ့ အရည်အချင်းကို အကောင်းဆုံး သက်သေပြနိုင်မယ့် Professional Skill တစ်ခု ဖြစ်ပါတယ်။ 👩‍🏫 Trainer မိတ်ဆက် ဒီသင်တန်းကို ဘာသာရပ်ဆိုင်ရာ Diploma နဲ့ Certificate မြောက်မြားစွာ ရရှိထားပြီး လက်တွေ့သင်ကြားရေးနယ်ပယ်တွင် အတွေ့အကြုံရင့်ကျက်တဲ့ Trainer: Tr. Thanduhကိုယ်တိုင် အသေးစိတ် ပို့ချပေးသွားမှာ ဖြစ်ပါတယ်။ Tr. Thanduh Qualifications: * B.A English * Dip in TESOL (London Teacher Training College) * Dip in ECCD (LTTC) * Certified in Early Childhood Care and Development (Social Welfare) * Certified in Jolly Phonics & Jolly Grammar (UK) * Certified in Orff Schulwerk Creative Music and Movement (Musical Journey) 📅 သင်တန်းအသေးစိတ် အချက်အလက်များ သင်တန်းဖွင့်ပွဲ - 15. 7. 2026 (Wed) သင်တန်းစရက် - 16. 7. 2026 (Thu) | သင်တန်းရက်များ - July 16, 17, 18, 19 & 22, 23, 24, 25 | သင်တန်းပိတ်ပွဲ - 26. 7. 2026 (Sun) | သင်တန်းကာလ - 10 Days သင်တန်းအချိန် - 8:00 PM to 9:00 PM သင်တန်းကြေး -60,000 ကျပ်(TA သင်တန်းသားဟောင်းများအတွက် 50,000 ကျပ်)

💫 ❝ A1 ကနေ C2 အထိ English level စုံကို ထိထိရောက်ရောက်၊ စိတ်ချလက်ချ သင်ယူနိုင်တဲ့ TAstudents+ ရဲ့ One On One သင်ကြားရေး ဝန်ဆောင်မှု ❞ 🔷 အင်္ဂလိပ်ဘာသာစကားသင်တန်းတွေ ခဏခဏအပ်ပေးပေမယ့် ကလေးက ထိထိရောက်ရောက် တတ်မလာဘူး ဖြစ်နေလား။ သင်တန်းတွေ အများကြီးတက်ပေမယ့် ကလေးက အင်္ဂလိပ်စကားလည်း မပြောရဲ၊ အခြေခံလည်း မပိုင်သေးဘူးဆိုရင်... ပြဿနာက ကလေးညံ့တာမဟုတ်ဘဲ ကျောင်းသားအများကြားထဲမှာ သေချာဂရုမစိုက်ခံရလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖေဖေ၊ မေမေတွေကြားမှာ အရမ်းခေတ်စားနေတဲ့ TAstudents+ ရဲ့ One-on-one (တစ်ဦးချင်း) စနစ်နဲ့ ပြောင်းလဲသင်ကြားဖို့ အကြံပြုချင်ပါတယ်။ မြန်မာနိုင်ငံအတွင်း အိမ်အရောက်နဲ့ အွန်လိုင်းစနစ်ဆိုပြီး ဖေဖေ၊ မေမေတို့ဘက်ကနေ စိတ်ကြိုက် ရွေးချယ်ပေးနိုင်ပါတယ်။ A1 ကနေ C2 အထိ 💡 အင်္ဂလိပ်ဘာသာစကားကို CEFR Level အလိုက် ဘယ်သူတွေ တက်သင့်လဲ။ 🔵 A1 (Beginner) - အင်္ဂလိပ်စာကို အစကနေ စနစ်တကျ ပိုင်ပိုင်နိုင်နိုင် ပြန်စချင်တဲ့ ကလေးနဲ့ လူငယ်များအတွက်။ 🔵 A2 (Elementary) - စာကြောင်းအလွယ်လေးတွေ မတည်ဆောက်နိုင်သေးသူနဲ့ နေ့စဉ်သုံး စကားပြော အားနည်းသူများအတွက်။ 🔵 B1 (Intermediate) - အခြေခံရပေမယ့် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုဖို့ ခက်ခဲနေသေးသူများအတွက်။ 🔵 B2 (Upper-Intermediate) - လုပ်ငန်းခွင်နဲ့ ကျောင်းသင်တန်းတွေမှာ အင်္ဂလိပ်စာကို ယုံကြည်မှုရှိရှိ ပိုင်ပိုင်နိုင်နိုင် အသုံးပြုချင်သူများအတွက်။ 🔵 C1 (Advanced) - ဘယ်လိုအကြောင်းအရာမျိုးကိုမဆို နားလည်ပြီး Professional ကျကျ အသုံးပြုလိုသူများအတွက်။ 🔵 C2 (Proficient) - Native Speaker တစ်ယောက်လို အကျွမ်းကျင်ဆုံးအဆင့်ထိ တက်လှမ်းချင်သူများအတွက် အမြင့်ဆုံးအဆင့်။ 📌 ကိုယ်တိုင် (သို့) ကိုယ့်သားသား၊ မီးမီးအတွက် ဘယ်အဆင့်ကို စထားပေးရမလဲမသိရင်လည်း စိတ်မပူပါနဲ့။ TAstudents မှာ တစ်ဦးချင်းသင်ယူရတာဖြစ်လို့၊ ဆရာဘက်ကနေ ကလေးရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို စစ်ဆေးပေးပြီး၊ ကလေးရဲ့ ဘာသာစကားအဆင့်အလိုက် ပိုမိုတိုးတက်လာအောင် အစွမ်းကုန် သင်ပြပေးသွားမှာဖြစ်ပါတယ်။ 🔷 TAstudents+ နဲ့မှ ဘာကြောင့်ချိတ်ဆက်သင်ကြားသင့်လဲဆိုရင် - ❑ Customized Learning - ကလေးရဲ့ Language Skills နဲ့ Language Goals အလိုက် အကိုက်ညီဆုံးဖြစ်မယ့် ဆရာ/ဆရာမနဲ့ သီးသန့် တစ်ဦးချင်း သင်ရမှာမို့ 4 Skills လုံး သိသိသာသာ မြန်မြန်ဆန်ဆန် တိုးတက်လာမှာပါ။ ❑ Qualified Tutors - အတွေ့အကြုံရင့်ကျက်ပြီး စိတ်ရှည်ကြင်နာတဲ့ ဆရာတွေနဲ့မို့ စိတ်ချလက်ချ သင်ယူနိုင်အောင်၊ ဆရာ/မတို့ရဲ့ Education Background ကို စိစစ်ပေးထားပြီး၊ သင်ကြားရေးကာလအတွင်း၊ Feedback တွေကိုလည်း အစဉ်တစိုက် တာဝန်ယူ စောင့်ကြည့်ပေးနေပါတယ်။ ❑ Flexible Time - ကျောင်းသင်ခန်းစာတွေ၊ အလုပ်တွေနဲ့ မအားတဲ့သူတွေအတွက် သင်ယူမယ့်ရက်နဲ့ အချိန်ကို ဆရာနဲ့ စိတ်ကြိုက်ညှိနှိုင်းတက်ရောက်နိုင်ပါတယ်။ ❑ FREE 1-Day Trial - အထူးခြားဆုံးအချက်ကတော့ ဆရာရဲ့သင်ကြားပုံကို ကြိုတင်လေ့လာနိုင်ဖို့ အစမ်း (၁) ရက် အခမဲ့ သင်ကြားခွင့် ပေးထားပါတယ်။ ကလေးနဲ့ အဆင်ပြေ၊ သဘောကျမှ ဆက်အပ်လို့ရတာမို့ ဆရာနဲ့ အဆင်မပြေမှာ လုံးဝပူစရာမလိုတော့ပါဘူး။ သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာ Skills ကို အိမ်မှာပဲဖြစ်ဖြစ်၊ အွန်လိုင်းကပဲဖြစ်ဖြစ် ထိထိရောက်ရောက် မြှင့်တင်ပေးဖို့ အခုပဲ Page Chat Box ကို “English” လို့ ပို့ပြီး၊ သင်တန်းကြေး အသေးစိတ်ကို စုံစမ်းနိုင်ပါပြီခင်ဗျာ။ Page Chatbox မှ တိုက်ရိုက်ဆက်သွယ်ရန် - http://m.me/tastudents.official TELEGRAM @tafinancedepartment Viber +66947717570 မြန်မာနိုင်ငံမှ တိုက်ရိုက်ဆက်သွယ်ရန် - 📞 09 762 012 599 🇹🇭 ထိုင်းနိုင်ငံရောက် မိဘများအတွက် - 📞 082 496 5216 (ထိုင်းနိုင်ငံတွင်းမှ တိုက်ရိုက်ခေါ်ဆိုရန်) 📞 +66 82 496 5216 (Viber / International Call) ❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞

photo content

photo content

🇺🇸 ❝ J.Lo ❞ လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ကမ္ဘာကျော် Pop ဘုရင်မ၊ မင်းသမီးနဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် Jennifer Lopez ကို ဖေဖေ၊ မေမေတို့ ကောင်းကောင်းသိကြမှာပါ။ သူက စင်ပေါ်မှာတင် လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်တင်မကဘဲ၊ လက်တွေ့ဘဝမှာလည်း ချစ်စရာကောင်းတဲ့ အမြွှာမောင်နှမလေးတွေဖြစ်တဲ့ Max နဲ့ Emme တို့ကို စနစ်တကျ ပြုစုပျိုးထောင်နေတဲ့ စံပြမေမေတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာပတ်ပြီး အလုပ်တွေ များနေတဲ့ကြားက ကလေးတွေကို အလိုမလိုက်ဘဲ ဘဝရဲ့တန်ဖိုးတွေကို သိအောင်၊ စည်းကမ်းရှိပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ဘယ်လိုပြုစုပျိုးထောင်ခဲ့သလဲဆိုတာကို ဖေဖေ၊ မေမေတို့လည်း ချင့်ချိန်ပြီး၊ ကိုက်ညီရင် အတုယူနိုင်အောင် မျှဝေပေးချင်ပါတယ်။ 💠 Jennifer Lopez (J.Lo) သုံးတဲ့ parenting style က ဘာလဲ။ J.Lo ရဲ့ မိဘအုပ်ထိန်းမှုပုံစံ (Parenting Style) ကို TA က ဗဟုသုတအဖြစ် အခုလို ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ 💙 Lead by Example (ကိုယ်တိုင်လုပ်ပြပြီး စံပြဖြစ်စေခြင်း) J.Lo ရဲ့ အဓိက အုပ်ထိန်းမှုအတွေးအခေါ်ကတော့ "စကားလုံးတွေထက် လုပ်ရပ်က ပိုစကားပြောတယ်" ဆိုတာပါပဲ။ ကလေးတွေကို "ကြိုးစားကြပါ" လို့ ပါးစပ်ကပြောနေမယ့်အစား သူမကိုယ်တိုင် မနက်ကတည်းက ညအထိ အလုပ်တွေကို ကြိုးကြိုးစားစား လုပ်ပြလေ့ရှိပါတယ်။ သူမပြောဖူးတာက "ကျွန်မ ကလေးတွေကို အလုပ်ကြိုးစားဖို့ စကားတွေအများကြီး မပြောပါဘူး။ ကျွန်မကိုယ်တိုင် ကြိုးစားပမ်းစား လုပ်ကိုင်နေတာကို သူတို့ မြင်နေရတာကပဲ အကောင်းဆုံး သင်ခန်းစာပါပဲ။" — Jennifer Lopez 💙 Emotional Independence & Fluidity (စိတ်ခံစားချက်ကို လွတ်လပ်ခွင့်ပေးခြင်း) J.Lo ဟာ ခေတ်သစ်မိခင်တစ်ဦးပီပီ ကလေးတွေရဲ့ စိတ်ခံစားချက်၊ ရွေးချယ်မှုနဲ့ မတူကွဲပြားမှုတွေကို အလွန်တန်ဖိုးထားပါတယ်။ အထူးသဖြင့် သူမရဲ့ကလေး Emme က သူတို့ကို They/Them (Non-binary) pronouns သုံးနှုန်းတာကို မိခင်တစ်ယောက်အနေနဲ့ လူသိရှင်ကြား အပြည့်အဝ ထောက်ခံပေးခဲ့ပါတယ်။ ကလေးတွေရဲ့ Identity (မည်သူမည်ဝါဖြစ်မှု) ကို အတင်းအကျပ် ပုံသွင်းတာမျိုးမလုပ်ဘဲ လွတ်လပ်စွာ ဖော်ပြခွင့်ပေးတဲ့ ပွင့်လင်းတဲ့ မိခင်တစ်ဦး ဖြစ်တာကိုလည်း တွေ့ရပါတယ်ခင်ဗျာ။ 💙 Strict Screen Time Rules (ဖုန်း/အိုင်ပက် သုံးစွဲမှုကို တင်းကျပ်ခြင်း) J.Lo ဟာ စည်းကမ်းပိုင်းမှာလည်း ပြတ်သားသူတစ်ဦးပါ။ ကလေးတွေ ငယ်စဉ်ကတည်းက Weekdays (တနင်္လာမှ သောကြာ) တွေမှာ ဖုန်း၊ အိုင်ပက်နဲ့ ဗီဒီယိုဂိမ်း ကစားခွင့်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခဲ့ပါတယ်။ "Sunday Funday"လို့ခေါ်တဲ့ တနင်္ဂနွေနေ့ကျမှသာ ကလေးတွေကို နည်းပညာပစ္စည်းတွေ သုံးစွဲခွင့် ပေးလေ့ရှိပါတယ်။ ဒီစည်းကမ်းက ကလေးတွေကို ပညာရေးနဲ့ အခြားပြင်ပလှုပ်ရှားမှုတွေမှာ ပိုအာရုံစိုက်နိုင်စေခဲ့ပါတယ်။ 💙 Quality Time is Priority (အလုပ်များကြားက အချိန်ပေးခြင်း) သူမဟာ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ၊ ရုပ်ရှင်ရိုက်ကွင်းတွေနဲ့ အလွန်အလုပ်များပေမယ့်လည်း ကလေးတွေအတွက် Quality Time ကို မပြတ်ပေးလေ့ရှိပါတယ်။ ရိုက်ကွင်းတွေကို ကလေးတွေ ခေါ်သွားတတ်သလို၊ မိသားစု ညစာ အတူစားတာ၊ အိပ်ရာဝင်ပုံပြင်ပြောတာတွေကိုလည်း ပုံမှန်လုပ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။ 💠 J.Lo ရဲ့ ကလေးအုပ်ထိန်းမှုစနစ်က ဖေဖေ၊ မေမေတို့အတွက် အတုယူစရာ သင်ခန်းစာ၊ တွေးစရာ တစ်ခုခု ရရှိစေမှာ သေချာပါတယ်။ သူမရဲ့ "Authoritative Parenting" (စည်းကမ်းလည်းရှိ၊ မေတ္တာလည်းပေး၊ ပွင့်လင်းမှုလည်းရှိတဲ့ပုံစံ) ကို ဖေဖေ၊ မေမေတို့လည်း သဘောတူတယ်၊ သဘောကျတယ်ဆိုရင် "Agree" လို့ ရေးခဲ့ပါဦးဗျာ။ ❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞

IGCSE ESL Reading မှာ ကျောင်းသားတွေ Keyword လိုက်ရှာပြီး အဖြေကို Copy-Paste လုပ်ရုံနဲ့ အမှတ်မရနိုင်တော့တဲ့အတွက် အတန်းထဲမှာ Paraphrasing Skill ကို စနစ်တကျ ပြောင်းလဲလေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ ကျောင်းသားတွေကို Exam-Ready ဖြစ်စေမဲ့ လက်တွေ့ကျတဲ့ သင်ကြားရေးနည်းစနစ်တွေကို ဇူလိုင် ၁၅ ရက်မှာ စတင်မဲ့ "How to Teach IGCSE ESL (Batch-11)" သင်တန်းမှာ လာရောက်လေ့လာပြီး Teaching Performance ကို မြှင့်တင်နိုင်ပါပြီခင်ဗျာ။ အပ်နှံလိုပါက ESL လို့ရေးခဲ့ပေးပါ။