Dr Khaing Khaing Soe
Open in Telegram
Official Spokesperson for the President of the Republic of the Union of Myanmar
Show moreThe country is not specifiedThe category is not specified
2 797
Subscribers
+18824 hours
+2 4967 days
+2 54630 days
Data loading in progress...
Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
July '26
July '26
+686
in 17 channels
June '26
+2 113
in 32 channels
| Date | Subscriber Growth | Mentions | Channels | |
| 03 July | +5 | |||
| 02 July | +188 | |||
| 01 July | +493 |
Channel Posts
+4
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ
နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေးမည်
နေပြည်တော်၊ ဇူလိုင် ၃
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပါသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် လာအိုသံရုံးမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။
ယခု နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအားကောင်းစေရေး၊ နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူများအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆွေးနွေးသွားမည်ဖြစ်ပါသည်။
အဆိုပါ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များလည်း လိုက်ပါသွားခဲ့ကြပါသည်။
| 2 | ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ရန်အတွက် အင်ဒိုနီးရှား နိုင်ငံမှ စတင်ထွက်ခွာလာ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်ဖြင့် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ယနေ့ လာရောက်လျက်ရှိပြီး၊ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတတို့သည် နှစ်ဦးတည်းတွေ့ဆုံဆွေးနွေးပွဲ (One-on-One Meeting) ပြုလုပ်မည်ဖြစ်ပြီး မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ အရေးပါသည့်ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။
ထို့ပြင် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍနှင့် အခြားဦးစားပေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကို ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် ပူးတွဲအကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက် (Joint Action Plan) ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။
ယခုခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတတို့အကြား အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
မြန်မာနှင့် ဘယ်လာရုစ်နိုင်ငံတို့သည် အစဉ်အလာချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းလျက်ရှိပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များနှင့် အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်လျက်ရှိပါသည်။ | 16 868 |
| 3 | နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် ၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) သွားရောက်မည်ဖြစ်ပါသည်။ | 4 307 |
| 4 | နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲအား ၃၀-၆-၂၀၂၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် နေပြည်တော်တွင်ကျင်းပခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် -
-နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ခဲ့သည့် ခရီးစဉ်ဆိုင်ရာကိစ္စရပ်များ
-နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) သွားရောက်ခဲ့သည့် ခရီးစဉ်ဆိုင်ရာကိစ္စရပ်များ
-နိုင်ငံတော်အစိုးရ၏ရက် ၁၀၀ စီမံချက် တိုးတက်မှုများ
-နိုင်ငံတော်သမ္မတရုံး၊ သတင်းနှင့်ပြန်ကြားရေးဗျူရို ၏ Website နှင့် Social Media များ
-သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားပေးခြင်းများအား လုပ်ဆောင်ခဲ့ပါသည်။ | 3 853 |
| 5 | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြား ချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီးစဉ် လာရောက်မည်ဖြစ် | 3 621 |
| 6 | EAO များကို မည်သည့်ကန့်သတ်ချက်မျှ မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် နိုင်ငံတော်သမ္မတ ဖိတ်ခေါ်
နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ရမည့် အဓိကတာဝန်ဖြစ်ပြီး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံ၏ ရေရှည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်ပြီး၊ အစည်းအဝေးတွင် ငြိမ်းချမ်းရေးတည်ဆောက်မှု၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ်မြှင့်တင်ရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးပါသည့် လမ်းညွှန်ချက်များကို အလေးထားဆွေးနွေးခဲ့ပါသည်။
နိုင်ငံတော် သမ္မတမှ အောက်ဖော်ပြပါ အချက်များအား အဓိကထား၍ လမ်းညွှန်မှာကြားခဲ့ပါသည် -
(၁) နယ်စပ်ဒေသဖွံ့ဖြိုးရေးသည် နိုင်ငံတော်၏ အဓိကတာဝန်
* နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ရမည့် တာဝန်ဖြစ်ကြောင်း
(၂) ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်မည်
* ငြိမ်းချမ်းရေးကို အဓိကဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
* အစိုးရသက်တမ်း (၅) နှစ်အတွင်း နိုင်ငံငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း
* မငြိမ်းချမ်းမှု၊ ပဋိပက္ခနှင့် အခက်အခဲများသည် ဖွံ့ဖြိုးရေးအတွက် အဟန့်အတားဖြစ်နေကြောင်း
* EAO များအား "ကြိုတင်ကန့်သတ်ချက်မရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးလိုပြီး၊ ငြိမ်းချမ်းရေးလိုချင်လျှင် လာရောက်ဆွေးနွေးကြပါ"ဟု ဖိတ်ခေါ်တိုက်တွန်းလိုကြောင်း
(၃) နယ်စပ်ဒေသ အခြေခံအဆောက်အအုံနှင့် ဆက်သွယ်ရေးကဏ္ဍ မြှင့်တင်ရေး
* လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း
* ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ထိရောက်စွာ ပံ့ပိုးပေးရမည် ဖြစ်ကြောင်း
(၄) လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
* နယ်စပ်ဒေသများသို့ ပညာရှင်များနှင့် ကျွမ်းကျင်သူများ ရောက်ရှိအောင် ပြည်ထောင်စုအစိုးရက ပံ့ပိုးပြီး ပြည်နယ်အစိုးရများကလည်း ရရှိအောင်လုပ်ပေးရမည်ဖြစ်ကြောင်း
* အသိပညာမြင့်မားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း
(၅) စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အခြေခံအုတ်မြစ်အဖြစ် ဖွံ့ဖြိုးစေမည်
* စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် နယ်စပ်ဒေသဖွံ့ဖြိုးရေး၏ အခြေခံအကျဆုံးကဏ္ဍဖြစ်သဖြင့် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း
(၆) တိုင်းရင်းသားလူငယ်များ ပညာရေးနှင့် အရည်အချင်းမြှင့်တင်ရေး
* နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းများကို ဖွင့်လှစ်ထားပြီး၊ အဆိုပါ ကျောင်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် ရည်ရွယ်ထားကြောင်း
* အဆိုပါကျောင်းဆင်းများသည် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ပေးဖို့ မွေးထုတ်ထားခြင်း ဖြစ်ကြောင်း
* အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၉၂) ကျောင်းနှင့် သက်ဆိုင်ရာ သိပ္ပံကျောင်းများကို ဖွင့်လှစ်ပေးထားပြီး ဖြစ်ကြောင်း
(၇) အမျိုးသားအနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်ရေး
* နိုင်ငံအနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ အမြဲစဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း
* အခက်အခဲများကို စုပေါင်းအင်အားဖြင့် ညှိနှိုင်းဖြေရှင်းကာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။ | 7 506 |
| 7 | EAO များကို မည်သည့်ကန့်သတ်ချက်မျှ မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် နိုင်ငံတော်သမ္မတ ဖိတ်ခေါ်
နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ရမည့် အဓိကတာဝန်ဖြစ်ပြီး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံ၏ ရေရှည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်ပြီး၊ အစည်းအဝေးတွင် ငြိမ်းချမ်းရေးတည်ဆောက်မှု၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ်မြှင့်တင်ရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးပါသည့် လမ်းညွှန်ချက်များကို အလေးထားဆွေးနွေးခဲ့ပါသည်။
နိုင်ငံတော် သမ္မတမှ အောက်ဖော်ပြပါ အချက်များအား အဓိကထား၍ လမ်းညွှန်မှာကြားခဲ့ပါသည် -
(၁) နယ်စပ်ဒေသဖွံ့ဖြိုးရေးသည် နိုင်ငံတော်၏ အဓိကတာဝန်
* နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ရမည့် တာဝန်ဖြစ်ကြောင်း
(၂) ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်မည်
* ငြိမ်းချမ်းရေးကို အဓိကဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
* အစိုးရသက်တမ်း (၅) နှစ်အတွင်း နိုင်ငံငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း
* မငြိမ်းချမ်းမှု၊ ပဋိပက္ခနှင့် အခက်အခဲများသည် ဖွံ့ဖြိုးရေးအတွက် အဟန့်အတားဖြစ်နေကြောင်း
* EAO များအား "ကြိုတင်ကန့်သတ်ချက်မရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးလိုပြီး၊ ငြိမ်းချမ်းရေးလိုချင်လျှင် လာရောက်ဆွေးနွေးကြပါ"ဟု ဖိတ်ခေါ်တိုက်တွန်းလိုကြောင်း
(၃) နယ်စပ်ဒေသ အခြေခံအဆောက်အအုံနှင့် ဆက်သွယ်ရေးကဏ္ဍ မြှင့်တင်ရေး
* လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း
* ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ထိရောက်စွာ ပံ့ပိုးပေးရမည် ဖြစ်ကြောင်း
(၄) လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
* နယ်စပ်ဒေသများသို့ ပညာရှင်များနှင့် ကျွမ်းကျင်သူများ ရောက်ရှိအောင် ပြည်ထောင်စုအစိုးရက ပံ့ပိုးပြီး ပြည်နယ်အစိုးရများကလည်း ရရှိအောင်လုပ်ပေးရမည်ဖြစ်ကြောင်း
* အသိပညာမြင့်မားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း
(၅) စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အခြေခံအုတ်မြစ်အဖြစ် ဖွံ့ဖြိုးစေမည်
* စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် နယ်စပ်ဒေသဖွံ့ဖြိုးရေး၏ အခြေခံအကျဆုံးကဏ္ဍဖြစ်သဖြင့် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း
(၆) တိုင်းရင်းသားလူငယ်များ ပညာရေးနှင့် အရည်အချင်းမြှင့်တင်ရေး
* နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းများကို ဖွင့်လှစ်ထားပြီး၊ အဆိုပါ ကျောင်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် ရည်ရွယ်ထားကြောင်း
* အဆိုပါကျောင်းဆင်းများသည် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ပေးဖို့ မွေးထုတ်ထားခြင်း ဖြစ်ကြောင်း
* အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၉၂) ကျောင်းနှင့် သက်ဆိုင်ရာ သိပ္ပံကျောင်းများကို ဖွင့်လှစ်ပေးထားပြီး ဖြစ်ကြောင်း
(၇) နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးပံ့ပိုးမှု
* နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်မှ ၂၀၇၃ ဘီလီယံကျပ် ချထားပေးပြီးဖြစ်ကြောင်း
(၈) အမျိုးသားအနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်ရေး
* နိုင်ငံအနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ အမြဲစဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း
* အခက်အခဲများကို စုပေါင်းအင်အားဖြင့် ညှိနှိုင်းဖြေရှင်းကာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။ | 8 |
| 8 | မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံ ဖြစ်ရမည်ဟု နိုင်ငံတော်သမ္မတမှ လမ်းညွှန်မှာကြား
စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးကို အားကောင်းစေရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရေရှည်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတမှ အောက်ပါအတိုင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။
၁။ စားနပ်ရိက္ခာဖူလုံရေး
နိုင်ငံအဆင့်နှင့် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရေးကို အပြည့်အဝရရှိစေရေးနှင့် လိုအပ်သည့် သီးနှံများကို ပြည်တွင်း၌ လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်သွားရန်။
၂။ ပြည်ပသွင်းကုန်အစားထိုးရေး
စားအုန်းဆီအပါအဝင် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ရန် ဆီထွက်သီးနှံများကို ပြည်တွင်း၌ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်။
၃။ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေး
သတ်မှတ်ပန်းတိုင်များ ပြည့်မီစေရန် အရည်အသွေးမြင့်ပြီး အထွက်နှုန်းကောင်းသည့် စိုက်ပျိုးထုတ်လုပ်မှုကို ဖော်ဆောင်ရန်။
၄။ ဂျုံဖူလုံရေး
ပြည်ပတင်သွင်းမှုကို လျှော့ချနိုင်ရန် ဂျုံစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ပြီး ဂျုံစားသုံးမှုကို မြှင့်တင်ရန်။
၅။ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး
မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မြှင့်တင်ပြီး နို့စားနွား၊ အသားစားနွားမွေးမြူရေးကို အားပေးဆောင်ရွက်ရန်
၆။ ခေတ်မီစိုက်ပျိုးရေးစနစ်
ခေတ်မီစိုက်ပျိုးရေးနည်းပညာများ အသုံးချကာ စက်မှုလယ်ယာစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနိုင်ရေး ဆောင်ရွက်သွားရန်
၇။ သုတေသနနှင့် ဆန်းသစ်တီထွင်ရေး
စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်
၈။ လူ့စွမ်းအားအရင်းအမြစ် (HR) ဖွံ့ဖြိုးရေး
ကျွမ်းကျင်လုပ်သားများ (Skill Labor) မှ ပညာရှင်များအထိ စနစ်တကျ မွေးထုတ်၍ လူ့စွမ်းအားအရင်းအမြစ်ကို အားကောင်းစေရေး ဆောင်ရွက်သွားရန်
၉။ ရေရှည်အမျိုးသားရည်မှန်းချက်
မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရေးကို ရေရှည်မဟာဗျူဟာ ရည်မှန်းချက်အဖြစ် သတ်မှတ်ဆောင်ရွက်ရန် စသည်ဖြင့် လမ်းညွှန်ပြောကြားခဲ့ပါသည်။ | 7 427 |
| 9 | အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်မှာကြားမှု ကောက်နုတ်ချက်များ
MSME ဖွံ့ဖြိုးရေးနှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး – MSME လုပ်ငန်းများကို နိုင်ငံ့စီးပွားရေး၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ကာ ကုန်ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်ပြီး ကုန်ကြမ်းများကို Value-added ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထုတ်ကုန်အရည်အသွေးနှင့် ဈေးကွက်ချဲ့ထွင်ရေး – ထုတ်ကုန်များ အရည်အသွေးမြှင့်တင်ရန်၊ ဆန်စက်များ အဆင့်မီစေရန်၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
လျှပ်စစ်၊ စွမ်းအင်နှင့် နည်းပညာအခြေခံလိုအပ်ချက်များ – MSME လုပ်ငန်းများအတွက် လောင်စာဆီ၊ လျှပ်စစ်၊ နည်းပညာကျွမ်းကျင်မှုတို့ အရေးကြီးကြောင်း၊ ဒေသအလိုက် ဆိုလာစနစ်များ တိုးချဲ့တပ်ဆင်ရန်နှင့် AI နည်းပညာကို MSME လုပ်ငန်းများတွင် ပေါင်းစပ်အသုံးချရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
လူ့စွမ်းအားအရင်းအမြစ်နှင့် ပညာရေးမြှင့်တင်ရေး – ပညာရေးကဏ္ဍကို ပိုမိုမြှင့်တင်ကာ KG+9 စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ လုပ်ငန်းခွင်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေးနှင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အမြင့်ဆုံးတန်ဖိုးရှိကြောင်း အလေးပေးပြောကြားခဲ့ပါသည်။
စိုက်ပျိုးရေးနှင့် ကုန်ကြမ်းအခြေခံ MSME ဖွံ့ဖြိုးရေး – မျိုးကောင်းမျိုးသန့်၊ ရေရရှိရေးကို ပံ့ပိုးပေးရန်၊ နှမ်း၊ ဝါ၊ ရာဘာ၊ ကော်ဖီ၊ သရက်နှင့် ဝါးအခြေခံ ထုတ်ကုန်များကို MSME လုပ်ငန်းများအဖြစ် တိုးချဲ့ဖွံ့ဖြိုးစေရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှု၊ စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး – ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို အားပေးကာ စက်မှုဇုန်များ၊ စက်မှုရပ်ကွက်များကို စနစ်တကျ ဖွံ့ဖြိုးစေရေးနှင့် နိုင်ငံတကာအဆင့်မီ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
အုပ်ချုပ်ရေးနှင့် အချက်အလက်အခြေပြု စီမံခန့်ခွဲရေး – ကြိုးနီစနစ်များကို ပြန်လည်သုံးသပ်၍ လုပ်ငန်းဆောင်ရွက်မှုများ ထိရောက်စေရန်၊ မှန်ကန်ပြည့်စုံသော စာရင်းအင်းနှင့် အချက်အလက်များအပေါ် အခြေခံပြီး ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးနှင့် နိုင်ငံတိုးတက်ရေး – အစားအသောက်များ ဈေးနှုန်းသက်သာ၍ အရည်အသွေးပြည့်မီစေရေး၊ ရှင်းလင်းနားလည်လွယ်သည့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် စေတနာကောင်းဖြင့် ပူးပေါင်းအကောင်အထည်ဖော်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ | 1 884 |
| 10 | 🌱 ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
-အပင်အမျိုးအစား (၁၄) မျိုးမှ ပျိုးပင်အမျိုးအစား စုစုပေါင်း(၃,၀၀၀) ပင်ကို စိုက်ပျိုးခဲ့ပါသည်။ | 1 684 |
| 11 | ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားမှု ကောက်နှုတ်ချက်များ
· တိုင်းပြည်သာယာဝပြောရေးအတွက် ရွေးကောက်ခံအစိုးရက ဦးဆောင်မှုပေးရမည် ဖြစ်ကြောင်း
· အခြေခံအဆောက်အအုံများဖြစ်သော ရထားလမ်း၊ ဂုံးကျော်တံတားများကို အများအပြား တည်ဆောက်သွားရန်လိုကြောင်း
· နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကဏ္ဍကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကို အားပေးကူညီသွားမည်ဖြစ်သလို ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို လည်း နွေးထွေးစွာ ကြိုဆိုကြောင်း
· အလုပ်လုပ်ဖို့ လိုကြောင်း၊ ကုန်ထုတ်လုပ်မှုကို ကြိုးစား ဆောင်ရွက်ဖို့ လိုကြောင်း
· စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ခေတ်မီစက်ယန္တရားများ အသုံးပြုနိုင်ရေး ဆောင် ရွက်သွားရန် လိုကြောင်း
· လက်ရှိတွင် လိုအပ်ချက်ရှိနေသော ကျွဲနွားမွေးမြူရေး ကဏ္ဍကို လည်း အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း၊
· ဒေသတွင်း ဝမ်းစာဖူလုံစေရန် နှင့် စားသုံးဆီ ဖူလုံစေရန်အတွက် ဆီထွက်သီးနှံများ စိုက်ပျိုးမှုကို အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
· လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများကို ကြပ်မတ်စစ်ဆေးသွားမည် ဖြစ်ပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးကိုလည်း တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း
· လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် KG+9 ပညာရေးစနစ်ကို အောင်မြင် အောင် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းများ ပေါင်းစည်းခြင်း ဆိုင်ရာ ကိစ္စရပ်များတွင် စီမံခန့်ခွဲမှုပိုင်းကို သေချာစွာတွက်ချက်စဉ်းစား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း
· အားကစားကဏ္ဍတွင်လည်း ကျောင်းများမှတစ်ဆင့်ပြိုင်ပွဲများ စနစ်တကျ ကျင်းပ ပေးခြင်းဖြင့် နိုင်ငံတကာ အဆင့်တွင် အောင်မြင်မှုများ ရရှိစေရန် ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း
· ပြည်သူများ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာ နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် ဆောင်ရွက် ပေးရန်လိုကြောင်း
· ပြည်ထောင်စုဝန်ကြီးများအနေဖြင့်လည်း မိမိဝန်ထမ်းများနှင့် ထိတွေ့၍ ဝန်ထမ်းရေးရာ ကိစ္စရပ်များတွင် လိုအပ်သည်များကို ဖြည့်ဆည်းပေးရန် လိုကြောင်း
· ဝန်ကြီးချုပ်များအနေဖြင့် ခရိုင်နှင့် မြို့နယ်များ အထိ ကွင်းဆင်း၍ ပြည်သူများ ကိုယ်စိတ် နှလုံး ချမ်းမြေ့စွာ နေထိုင်လုပ်ကိုင်နိုင်ရေး ဆောင်ရွက် ပေးရန်လိုကြောင်း၊
· ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့၍ ပြည့်သူ့အသံနားထောင်မှသာ အောင်မြင်မှုများ ရရှိလိမ့်မည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။ | 6 828 |
| 12 | BIMSTEC အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူမည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် (BIMSTEC) အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် BIMSTEC အဖွဲ့အစည်းအတွင်း မြန်မာနိုင်ငံ၏ တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိမှုများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများ၊ အဖွဲ့အစည်း၏ အနာဂတ်လုပ်ငန်းစဉ်များနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
BIMSTEC အတွင်းရေးမှူးချုပ် Mr. Indra Mani Pandey က ပြီးခဲ့သည့် BIMSTEC (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ခြင်းကို ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။
၎င်းက အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် BIMSTEC ၏ တည်ထောင်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် အဖွဲ့အစည်းအတွင်း အလွန်တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းအကျိုးပြု အခန်းကဏ္ဍအတွက် အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် BIMSTEC ၏ လုပ်ငန်းများတွင် အစဉ်တစိုက် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လာမည့် ခြောက်လခန့်အကြာတွင် မြန်မာနိုင်ငံမှ BIMSTEC အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို လွှဲပြောင်းရယူဆောင်ရွက်မည်ဖြစ်သဖြင့် အဖွဲ့အစည်း၏ လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးအတွက် မြန်မာနိုင်ငံနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
BIMSTEC တည်ထောင်ခြင်း နှစ် (၃၀) ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျရောက်မည့်အချိန်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့အစည်း၏ ရည်မှန်းချက်များ အောင်မြင်စေရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးအတွက် အဓိပ္ပာယ်ပြည့်ဝသော လှုပ်ရှားဆောင်ရွက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်းနှင့် နိုင်ငံ့ခေါင်းဆောင်များအနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံအနေဖြင့် BIMSTEC ၏ ရည်မှန်းချက်များနှင့် ဦးစားပေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
BIMSTEC သည် ဘင်္ဂလားပင်လယ်အော်ဒေသရှိ နိုင်ငံများအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဖွဲ့စည်းထားသည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသည် တည်ထောင်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ | 2 290 |
| 13 | မြန်မာ-တရုတ် ပူးပေါင်း၍ ဂြိုဟ်တုလွှတ်တင်ရေး စီမံကိန်း အကောင်အထည်ဖော်မည်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၌ အရေးပါသော ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပြီး မြန်မာနှင့် တရုတ်နိုင်ငံမှ ပညာရှင်များ ပူးပေါင်းကာ လယ်ယာစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မိုးလေဝသ စောင့်ကြည့်လေ့လာရေးလုပ်ငန်းများတွင် အသုံးပြုမည့် ဂြိုဟ်တုတစ်လုံး လွှတ်တင်နိုင်ရေးအတွက် အခြေခံသဘောတူညီမှုများ ရရှိခဲ့ပါသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက အာကာသနည်းပညာ အသုံးချမှုကဏ္ဍတွင်ပါ ခေတ်သစ်တစ်ရပ် ဖွင့်လှစ်ပေးနိုင်မည့် အလားအလာရှိနေပါသည်။
နိုင်ငံတော်သမ္မတ၏ ယခု တရုတ်နိုင်ငံ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့သည့် ခရီးစဉ်ဖြစ်သလို အာကာသသို့ မြန်မာ၏ ခြေလှမ်းသစ် စတင်နိုင်ခဲ့သည့် သမိုင်းဝင် ခရီးစဉ်တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်စေခဲ့ပါသည်။
ထို့ပြင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် နည်းပညာကဏ္ဍများအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်များ ချမှတ်နိုင်ခဲ့သဖြင့် နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် အောင်မြင်မှုများစွာ ရရှိခဲ့သည့် ခရီးစဉ်တစ်ခုအဖြစ် သတ်မှတ်နိုင်ခဲ့ပါသည်။ | 7 660 |
| 14 | လယ်ယာထွက်ကုန်တင်ပို့ရေးမှသည် AI နှင့် အာကာသနည်းပညာအထိ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်စုံ ဆွေးနွေးနိုင်ခဲ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် အခြေခံအကျဆုံးဖြစ်သည့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရောင်းချနိုင်ရေးကိစ္စများမှစ၍ Artificial Intelligence (AI)၊ ဒီဂျစ်တယ်နည်းပညာ၊ စွမ်းအင်ကဏ္ဍနှင့် အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအထိ နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ပါသည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နည်းပညာကဏ္ဍမှ တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာလွှဲပြောင်းရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်မည့် အလားအလာများကို ဖော်ဆောင်နိုင်ခဲ့ပါသည်။ | 6 417 |
| 15 | မြန်မာတွင် အာကာသပညာရှင်များ မွေးထုတ်ရေးနှင့် နည်းပညာလွှဲပြောင်းရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ်ကုမ္ပဏီများ စိတ်ဝင်စား
ရှန်ဟိုင်း၊ ဇွန် ၁၈
မြန်မာနိုင်ငံ၏ အာကာသစက်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာကာသဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပူးတွဲလေ့ကျင့်ပျိုးထောင်ရေး၊ ပူးတွဲဓာတ်ခွဲခန်းများ တည်ထောင်ရေးနှင့် နည်းပညာလွှဲပြောင်းရေးဆိုင်ရာ အစီအစဉ်များရှိ၊ မရှိကို တရုတ်နိုင်ငံမှ အာကာသနည်းပညာကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မေးမြန်းခဲ့ပါသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအတွင်း အဆိုပါကုမ္ပဏီတာဝန်ရှိသူက ၎င်းတို့အနေဖြင့် ဂြိုဟ်တုထုတ်လုပ်ရေးနှင့် ဂြိုဟ်တုပတ်လမ်းကြောင်းအတွင်း လည်ပတ်ထိန်းသိမ်းရေး (On-orbit Operation and Maintenance) ဆိုင်ရာ လက်တွေ့အသုံးချသင်တန်းများ ပံ့ပိုးပေးရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ပြည်တွင်းအခြေစိုက် အာကာသနည်းပညာ ကျွမ်းကျင်ပညာရှင်အဖွဲ့များ ပေါ်ထွန်းလာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုနက်ရှိုင်းစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ယင်းမေးခွန်းအပေါ် ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အာကာသကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို မိမိကိုယ်တိုင် အထူးစိတ်ဝင်စားကြောင်း၊ တရုတ်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပြခန်းများနှင့် သုတေသနအဆောက်အအုံများကို သွားရောက်လေ့လာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ အဆင့်မြင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ယုံကြည်အားထားမှုရှိပြီး နှစ်နိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကို ကြိုဆိုကြောင်းလည်း သမ္မတကြီးမှ ပြောကြားခဲ့ပါသည်။
“မြန်မာနိုင်ငံ၏ အာကာသကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် သင်တန်းပေးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ အသေးစိတ်အစီအစဉ်များကို ဆက်လက်ဆွေးနွေးနိုင်ရန်လည်း ကြိုဆိုပါကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ | 6 586 |
| 16 | မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများတွင် ပါဝင်ရန် တရုတ်ရင်းနှီးမြှုပ်နှံသူများအား နိုင်ငံတော်သမ္မတ ဖိတ်ခေါ်
ရှန်ဟိုင်း၊ ဇွန် ၁၈
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် အလားအလာကောင်းများရှိနေပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများ ပိုမိုပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။
ရှန်ဟိုင်းမြို့၌ ကျင်းပသည့် Myanmar-China Investment and Trade Networking Summit (MCITP-2026) တွင် အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ရပ်တည်နေပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် အလားအလာကောင်းများ ရှိနေကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားသည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံဒေသများကို ချိတ်ဆက်ပေးသည့် မဟာဗျူဟာမြောက် အားသာချက်တစ်ရပ်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) နှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်ပြီး စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား၊ သတ္တုတူးဖော်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်မော်တော်ယာဉ် (EV) ထုတ်လုပ်ရေး၊ e-commerce နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် ကဏ္ဍအသီးသီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။ | 1 269 |
| 17 | မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး MCITP-2026 Shanghai ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်
ရှန်ဟိုင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတဟာ အခမ်းအနားကို တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားတဲ့ ပြခန်းတွေကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
အဲဒီနောက် အဖွင့်အမှာစကား ပြောကြားရာမှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်နိုင်ရေး၊ စီးပွားရေးဆက်ဆံမှုတွေ ပိုမိုခိုင်မာလာရေးတို့ကို အလေးပေး ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကွန်ဖရင့်ကို တက်ရောက်လာကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ မေးမြန်းချက်တွေကိုလည်း ပြန်လည်ဖြေကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုတဲ့ ကုမ္ပဏီတွေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ | 735 |
| 18 | မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် CRCC တာဝန်ရှိသူများ တွေ့ဆုံ၊ မီးရထားလမ်းဖောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၇ ရက်က ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်ခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မီးရထားလမ်း ဖောက်လုပ်ရေးဆိုင်ရာ နည်းပညာများ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် CRCC ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ခေတ်မီ မီးရထားတည်ဆောက်ရေး နည်းပညာများကို ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။ | 516 |
| 19 | တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်အား သီးသန့်တွေ့ဆုံမေးမြန်း
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံပိုင် China Central Television (CCTV) သတင်းဌာနက သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
အင်တာဗျူးအတွင်း CCTV သတင်းဌာနက နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်မှ ရရှိလာမည့် မဟာဗျူဟာမြောက် ရလဒ်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၏ လက်ရှိနှင့် အနာဂတ်အရေးပါမှု၊ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်အပေါ် အမြင်သဘောထားများကို မေးမြန်းခဲ့ပါသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ “Chinese Modernization” ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးပုံစံအပေါ် သမ္မတ၏ အမြင်များ၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို မြန်မာနိုင်ငံတွင် မည်သို့ အသုံးချနိုင်မည်ဆိုသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးမေးမြန်းခဲ့ပါသည်။
အလားတူ နှစ်နိုင်ငံပြည်သူများအကြား စိတ်ချင်းနီးကပ်မှု တိုးမြှင့်ရေးတွင် ရုပ်ရှင်နှင့် ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍ၏ အခန်းကဏ္ဍ၊ မကြာသေးမီက ကျင်းပခဲ့သည့် “Chinese Film Week” အစီအစဉ်နှင့် တရုတ်ရုပ်ရှင်များအပေါ် သမ္မတ၏ သဘောထားအမြင်များကိုလည်း CCTV က မေးမြန်းခဲ့ပါသည်။
အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူချင်းဖလှယ်ရေးဆိုင်ရာ အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ပါသည်။ | 1 125 |
| 20 | မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီချန်းနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ပေါက်ဖော်ချစ်ကြည်ရေးနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
နှစ်နိုင်ငံနယ်စပ်ဂိတ်များအား တရားဥပဒေစိုးမိုးမှုနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လျှပ်စစ်ကဏ္ဍ၊ EV ယာဉ်ထုတ်လုပ်မှု၊ စက်မှုဇုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝါးနှင့် ဝါးအချောထည် ပစ္စည်းများ ထုတ်လုပ်ရေး၊ AI နှင့် ဆေးဝါးဆိုင်ရာ ကဏ္ဍများအပြင် အခြားသော ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင်ငလျင်ဒဏ်သင့် အင်းဝတံတား ပြန်လည်ပြုပြင်ရေး အပါအဝင် သမိုင်းဝင်အဆောက်အဦများ ပြန်လည်ပြုပြင်ရေး၊ လူမှုဘဝမြှင့်တင်ရေးကိစ္စရပ်များ၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ | 770 |
Available now! Telegram Research 2025 — the year's key insights 
