ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

Открыть в Telegram
2 486
Подписчики
-124 часа
-97 дней
-4430 дней
Архив постов
ရေဘေးသင့်တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ တွေ့ဆုံအားပေး၊ ထောက်ပံ့ပစ္စည်းများပေးအပ် သရက်ချောင်း၊ အောက်တိုဘာ ၁၀ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ စကခ (၈) တပ်မမှူး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ရေဘေးဒဏ်သင့်ခဲ့သည့် ခမရ (၄၀၃၊ ၄၀၅၊ ၄၀၆) တို့မှ တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအား ခမရ (၄၀၅) တပ်ရင်းခန်းမ၌ တွေ့ဆုံအားပေးပြီး စားသောက်ဖွယ်ရာများနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် ထပ်တူစိတ်မကောင်းဖြစ်ရကြောင်း၊ ပျက်စီးဆုံးရှုံးမှုများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ထောက်ပံ့မှုများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် မိမိတို့တပ်ရင်းတပ်ဖွဲ့များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် မြို့ခံပြည်သူများနှင့် တစ်သားတည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ #SittNaingရေဘေးသင့်တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ တွေ့ဆုံအားပေး၊ ထောက်ပံ့ပစ္စည်းများပေးအပ် သရက်ချောင်း၊ အောက်တိုဘာ ၁၀ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ စကခ (၈) တပ်မမှူး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ရေဘေးဒဏ်သင့်ခဲ့သည့် ခမရ (၄၀၃၊ ၄၀၅၊ ၄၀၆) တို့မှ တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအား ခမရ (၄၀၅) တပ်ရင်းခန်းမ၌ တွေ့ဆုံအားပေးပြီး စားသောက်ဖွယ်ရာများနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် ထပ်တူစိတ်မကောင်းဖြစ်ရကြောင်း၊ ပျက်စီးဆုံးရှုံးမှုများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ထောက်ပံ့မှုများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် မိမိတို့တပ်ရင်းတပ်ဖွဲ့များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် မြို့ခံပြည်သူများနှင့် တစ်သားတည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ #SittNaing

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကရခတိုင်းမှူးတို့က သရက်ချောင်းမြို့နယ်အတွင်း ရေဘေးသင့်နေရာများသို့ ကွင်းဆင်းကြည့်ရှုပြီး ပြည်သူများအား တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများပေးအပ် သရက်ချောင်း၊ အောက်တိုဘာ ၁၀ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ စကခ (၈) တပ်မမှူး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့သည်။ သရက်ချောင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး အိမ်ထောင်စု ၁,၆၀၅ စုအတွက် တစ်စုလျှင် ၂၆,၇၀၀ ကျပ်နှုန်းဖြင့် ပစ္စည်းငါးမျိုးတန်ဖိုး စုစုပေါင်း ၄၂,၈၅၃,၅၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နေရာများ၌ သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများအနေဖြင့် ကူညီထောက်ပံ့မှုများ အချိန်ပြည့်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် ပြည်သူများအနေဖြင့် လိုအပ်သည့်အကူအညီများကို တင်ပြတောင်းခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အစိုးရဌာနများရှိ မှတ်တမ်းစာရွက်စာတမ်းများ ရေစိုပျက်စီးခဲ့သော်လည်း ဒစ်ဂျစ်တယ်စနစ်ဖြင့် သိမ်းဆည်းထားသည့် အချက်အလက်များမှတစ်ဆင့် ပြန်လည်ဖြည့်ဆည်းရန်နှင့် မှတ်တမ်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် အချိန်နှင့်တစ်ပြေးညီ သိမ်းဆည်းရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ တံတားအနီး ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် နေရာများတွင် စက်ယန္တရားများ ထပ်မံဖြည့်တင်း၍ အမြန်ဆုံးပြုပြင်ဆောင်ရွက်ကာ ပြည်သူများ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်လည်း လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရက်ချောင်းမြို့အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်ခဲ့သည့် မြို့မဈေး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ ရပ်ကွက်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် တံတားများသို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ #SittNaing

မရမ်းကုန်း MCC ခန်းမရှေ့ ယာဉ်တိုက်မှုဖြစ်ပွားပြီး ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ ရန်ကုန်၊ အောက်တိုဘာ ၁၀ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကု
+3
မရမ်းကုန်း MCC ခန်းမရှေ့ ယာဉ်တိုက်မှုဖြစ်ပွားပြီး ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ ရန်ကုန်၊ အောက်တိုဘာ ၁၀ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမရှေ့တွင် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် သွားရောက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို လှိုင်လူမှုကူညီရေးအသင်းနှင့် ကောင်းမှုဆောင်ပရဟိတအသင်းတို့၏ လူနာတင်ယာဉ်များဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ #SN

တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပဲခူးတိုင်းဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး တောင်ငူ၊ အောက်တိုဘာ ၁၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ဦးစွာ တောင်ငူမြို့ရှိ ကေတုမတီရှေးဟောင်းကျုံး မြောက်ဘက် ရေထုတ်ပြွန်တည်ဆောက်နေမှု၊ ဘုတ်တလုပ်ရေကန် အဆင့်မြှင့်တင်ဖော်ထုတ်နေမှုနှင့် ကေတုမတီနန်းမြို့၊ နန်းတော်ရာဟောင်း တူးဖော်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် အနောက်ဘက်ကျုံးနှင့် တောင်ဘက်ကျုံးတို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီး ကေတုမတီမြို့ဟောင်း ယိုးဒယားပေါက် ပြန်လည်ထိန်းသိမ်းထားရှိမှုနှင့် ပေါရိသာဒ်တံခါးပေါက်ရှေ့ ကျုံးရေပြင်အတွင်း တူးဖော်တွေ့ရှိထားသည့် ရှေးဟောင်းကျုံးကူးတံတား၏ ကျွန်းတိုင်လုံးများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဟောင်းအမွေအနှစ်များကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ရေလမ်းကြောင်းပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ တောင်ငူမြို့နယ်၊ ကင်းဆိပ်ကျေးရွာအုပ်စုရှိ တောင်ငူဘူတာသစ် တည်ဆောက်မည့်နေရာသို့ သွားရောက်ခဲ့ရာ စီမံကိန်းအင်ဂျင်နီယာက တောင်ငူဘူတာယာဒ်ဝန်းသစ် တည်ဆောက်ရေးနှင့် တောင်ငူမြို့ရှောင်ရထားလမ်း ဖောက်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် တောင်ငူမြို့ရှိ ခပေါင်းခန်းမ ဘက်စုံအဆင့်မြှင့်တင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ #SittNaing

ပေါင်းတည်မြို့တွင် ရှေ့တန်းပြန်တပ်မတော်သားများအား အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆို ပေါင်းတည်၊ အောက်တိုဘာ ၁၀ နိုင်ငံတော်တ
+9
ပေါင်းတည်မြို့တွင် ရှေ့တန်းပြန်တပ်မတော်သားများအား အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆို ပေါင်းတည်၊ အောက်တိုဘာ ၁၀ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုနယ်မြေ၊ ပေါင်းတည်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ရှေ့တန်းပြန်တပ်မတော်သားများအား အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ #SN

+4
မြန်အောင်မြို့နယ်ရှိ မမြဆည် အခြေအနေ အသိပေးချက် ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ရှိ မမြရေဆည်တွင် အောက်တိုဘာ ၇ ရက်၌ အက်ကြောင်းဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့ ည ၉နာရီအချိန်တွင် အဆိုပါတာတမံထိပ် မျက်နှာပြင်ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ပေ အကြားတွင် အလျား၂၀၀ ပေခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁၀ပေခန့် တမံဆင်ခြေလျှော လျှောချမှု ထပ်မံဖြစ်ပွားခဲ့ပြီး မူလတမံထိပ်ပြင်၏ အောက်ဘက်သို ၂၅ပေခန့် နိမ့်ကျခဲ့ပါသည်။ လက်ရှိတွင် မမြဆည် ဆည်ရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ပေအား သိုလှောင်ထိန်းသိမ်းထားရှိကာရေလွှတ်မှု၊သိုလှောင်ရေပြင်အမှတ် ၃၁၅ ပေမှ ၃၀၅ ပေအထိ လျှော့ချနိုင်ရန် အရေးပေါ်ရေပိုလွှမှ ရေထုတ်လွှတ်ရေး ဆောင်ရွက်လျက်ရှိသည်။ ဆည်ရေဝင်ရောက်နိုင်သည့် စမ်းရွာကြီး၊ ဥယျာဉ်ကွင်း၊ မရွေးကုန်း၊ ရွာသစ်ကုန်း၊ ငါးဘတ်ကျနှင့် ရေနံချက်ဖိုကုန်းကျေးရွာများမှ လူဦးရေ ၉၀၀ ခန့်ကို ရေလွတ်ရာ ကုန်းမြင့်ဒေသများသို ကြိုတင်ရွှေ့ပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ရေးလုပ်ငန်းများအနေဖြင့် တမံအခြေထောက်ခြင်းနှင့် အရေးပေါ်ရေထုတ်လွှတ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။ စစ်နိုင် News Agency

မမြဆည် အခြေနေမှန် ပြည်သူများသိရှိစေရန်အသိပေးပန်ကြားချက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈နာရီအချိန်တွင် မြန်အောင်ခရို
+5
မမြဆည် အခြေနေမှန် ပြည်သူများသိရှိစေရန်အသိပေးပန်ကြားချက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈နာရီအချိန်တွင် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၊ တမံထိပ်မျက်နှာပြင် ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ ပေတိုင်အကြား အလျား ၈၀ ပေခန့်၊ ပျမ်းမျှအကျယ် ၁လက်မခန့်၊ ပျမ်းမျှအနက် ၆လက်မခန့် အက်ကြောင်းဖြစ်ပေါ်ခဲ့ပြီး အဆိုပါပေတိုင်အတွင်း တမံဆင်ခြေလျှော အလျား ၁၀၀ ပေခန့်၊ အနက် ၆ လက်မခန့် နိမ့်ကျမှုဖြစ်ပေါ်ခဲ့ရာ တမံထိပ် အပြင်အက်ကြောင်းအား သဲဖြည့်ခြင်း၊ ရေစိမ့်ဝင်ခြင်းမရှိစေရန် ပလတ်စတစ်ဖြင့် အုပ်မိုးကာကွယ်ခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉) ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ မြန်အောင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ အနီးကြီးကြပ် ကွပ်ကဲမှုဖြင့်ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အောက်တိုဘာလ ၉ ရက်နေ့ ည ၉နာရီအချိန်တွင် အဆိုပါတာတမံထိပ် မျက်နှာပြင်ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ပေ အကြားတွင် အလျား၂၀၀ ပေခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁၀ပေခန့် တမံဆင်ခြေလျှော လျှောချမှု ထပ်မံဖြစ်ပွားခဲ့ပြီး မူလတမံထိပ်ပြင်၏ အောက်ဘက်သို့ ၂၅ပေခန့် နိမ့်ကျခဲ့ပါသည်။ လက်ရှိတွင် မမြရေလှောင်တမံ တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ပေအား သိုလှောင်ထိန်းသိမ်းထားရှိကာ နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန်အတွက် တမံ၏အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတဆင့် မမြချောင်း၊ မမြချောင်းမှ တစ်ဆင့်ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိပါကြောင်းသိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ယနေ့နံနက် ၇နာရီအချိန်တွင် ရောက်ရှိပြီး တမံလျှောအိကျသည့်နေရာအား ကြည့်ရှုစစ်ဆေးကာ ကာကွယ်ရေး လုပ်ငန်းစဉ်ဖြစ်သည့် တာတမံတာအခြေထောက်ခြင်းလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်စီးဆင်းရန် စက်ယန္တရားအသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှု၊ ဆည်ရေဝင်ရောက်နိုင်သည့် စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ရေနံချက်ဖိုကုန်းကျေးရွာတို့ရှိ လူဦးရေ ၉၀၀ဦး ခန့်အား ရေလွတ်ရာကုန်းမြင့်ဒေသများသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေးဆောင်ရွက်နေမှုများကို ကြီးကြပ်ကွက်ကဲ ဆောင်ရွက်လျက်ရှိပြီး ဆည်မြောင်းနှင့်ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကာ စက်ယန္တရားများအသုံးပြု၍ တာအခြေထောက်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ Source- Ayarwady Region Government

နိုင်ငံတော်အဆင့် စာပို့တိုက်နေ့အထိမ်းအမှတ် လူငယ်များပေးစာရေးပြိုင်ပွဲ တတိယဆုရ ကျောင်းသူ မဖြိုးရတနာဇော်အား သောင်းသောင်းဖျဖျ ဂု
+6
နိုင်ငံတော်အဆင့် စာပို့တိုက်နေ့အထိမ်းအမှတ် လူငယ်များပေးစာရေးပြိုင်ပွဲ တတိယဆုရ ကျောင်းသူ မဖြိုးရတနာဇော်အား သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆို October 10th ၂၀၂၆ ခုနှစ်၊ (၁၅၂) နှစ်မြောက် နိုင်ငံတော်အဆင့် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အလက(ခွဲ)၊ မှတ်တိုင်လမ်းမှ Grade-6 ကျောင်းသူ မဖြိုးရတနာဇော်အား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခဲ့ရာ မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးညီညီလတ်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ #SittNaing

မမြဆည်တမံ မြေသားထပ်မံနိမ့်ကျ၊ ဆည်အောက်ပိုင်းကျေးရွာများမှ ဒေသခံများ အရေးပေါ်ရွှေ့ပြောင်း အောက်တိုဘာ ၁၀၊ ၂၀၂၆ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံတွင် မြေသားတမံ အရှည် ကိုက် ၁၀၀ ကျော်၊ အနက် ၆ ပေနီးပါး ထပ်မံနိမ့်ကျခဲ့သဖြင့် ဆည်အောက်ပိုင်းကျေးရွာများမှ ဒေသခံများကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းနေကြောင်း သိရသည်။ အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲခန့်တွင် ယခင်က မြေသားနိမ့်ကျခဲ့သည့်နေရာ၌ ထပ်မံနိမ့်ကျခဲ့ခြင်းဖြစ်ပြီး တမံကျိုးပေါက်နိုင်သည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။ တာဝန်ရှိသူများက မျှင်ဝါးတောင်၊ ငါးဘက်ကျ၊ စာနီစု၊ အုပ်ပုံနှင့် လက်ပံကွင်းကျေးရွာများအပါအဝင် ဆည်အောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် သတိပေးထားပြီး ဒေသခံများမှာ ညတွင်းချင်း ရွှေ့ပြောင်းနေကြရကြောင်း သိရသည်။ အောက်တိုဘာ ၁၀ ရက် နံနက် ၅ နာရီအထိ တမံကျိုးပေါက်ခြင်း မရှိသေးသော်လည်း အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်ပြီး ဆည်အတွင်း ရေဖိအားလျှော့ချနိုင်ရန် အရေးပေါ်ရေပိုလွှဲမှတစ်ဆင့် ရေထုတ်လွှတ်နေကြောင်း သိရသည်။ မမြရေလှောင်တမံကို မမြချောင်းပေါ်တွင် ၂၀၀၁-၂၀၀၂ ခုနှစ်၌ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စီမံကိန်းပြီးစီးခဲ့သည်။ မြန်အောင်နှင့် အင်္ဂပူမြို့နယ်တို့ရှိ လယ်ယာမြေ စုစုပေါင်း ၈,၃၆၉ ဧကအတွက် ရေပေးဝေရန် ရည်ရွယ်တည်ဆောက်ထားသည့် ဆည်ဖြစ်သည်။ SH Media Group အနေဖြင့် မမြဆည်တမံ၏ နောက်ဆုံးအခြေအနေနှင့် ဒေသခံများ၏ ရွှေ့ပြောင်းမှုအခြေအနေများကို ဆက်လက်စုံစမ်းဖော်ပြပေးသွားမည်ဖြစ်သည်။ #SHMediaGroup

ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအဖွဲ့ဝင် ၁၀ ဦး တို့အား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်
+4
ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအဖွဲ့ဝင် ၁၀ ဦး တို့အား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ် နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၉ #SN

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ထိုင်းနိုင်ငံသား လေး ဦးအား သက်ဆို
+2
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ထိုင်းနိုင်ငံသား လေး ဦးအား သက်ဆိုင်ရာနိုင်ငံသို့  ထပ်မံလွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၂ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ နေပြည်တော်၊ အောက်တိုဘာ ၉ #SN

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား
+9
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာလ ၉ ရက်

အစိုးရ၏ Online ဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက Online ဝန်ဆောင်မှုလုပ်ငန်းများနှင့် အများပြည်သူအသုံးပြုလျက်ရှိသော ပုဂ္ဂလိကဒီ
+3
အစိုးရ၏ Online ဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက Online ဝန်ဆောင်မှုလုပ်ငန်းများနှင့် အများပြည်သူအသုံးပြုလျက်ရှိသော ပုဂ္ဂလိကဒီဂျစ်တယ် ငွေပေးချေမှုစနစ်တို့အပေါ် ဆိုက်ဘာတိုက်ခိုက်ခဲ့သူအား ဖမ်းဆီးရမိ #SittNaing

လူမှုကွန်ရက်ပေါ်တွင် တပ်မတော်သားတစ်ဦးကဲ့သို့ အယောင်ဆောင်ကာ ပြည်သူ့ စစ်မှုထမ်းများ ပြန်လည်ထုတ်ပေးနိုင်ကြောင်း လိမ်လည်ဖော်ပြ၍ င
+4
လူမှုကွန်ရက်ပေါ်တွင် တပ်မတော်သားတစ်ဦးကဲ့သို့ အယောင်ဆောင်ကာ ပြည်သူ့ စစ်မှုထမ်းများ ပြန်လည်ထုတ်ပေးနိုင်ကြောင်း လိမ်လည်ဖော်ပြ၍ ငွေကြေးလိမ်လည် နေသူများအား ဖမ်းဆီးရမိ #SittNaing

အဆိုတော် ဆက်နိုင် အသတ်ခံရသေဆုံးသည်ဆိုသည့် သတင်းမှား၊ နေအိမ်သို့ အသက်ရှင်လျက် ပြန်ရောက်လာ မန္တလေး၊ အောက်တိုဘာ ၉ အဆိုတော် ဆက်နိ
+1
အဆိုတော် ဆက်နိုင် အသတ်ခံရသေဆုံးသည်ဆိုသည့် သတင်းမှား၊ နေအိမ်သို့ အသက်ရှင်လျက် ပြန်ရောက်လာ မန္တလေး၊ အောက်တိုဘာ ၉ အဆိုတော် ဆက်နိုင် အသတ်ခံရပြီး သေဆုံးသွားပြီဆိုသည့် သတင်းများသည် မှားယွင်းကြောင်းနှင့် ၎င်းသည် နေအိမ်သို့ အသက်ရှင်လျက် ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က အောက်တိုဘာ ၉ ရက် ညပိုင်းတွင် အတည်ပြုပြောကြားသည်။ အဆိုတော် ဆက်နိုင် အသတ်ခံရသည်ဆိုသည့် သတင်းများသည် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းမှစတင်၍ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ တံတားဦးမြို့နယ်တွင် နေထိုင်သည့် အဆိုတော် ဆက်နိုင်သည် အောက်တိုဘာ ၇ ရက်က နေအိမ်မှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၉ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ၎င်းနေအိမ်မှ ပျောက်ဆုံးခဲ့ရသည့် အကြောင်းရင်းနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ရသည့် အခြေအနေများကို ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #SittNaing