ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك 👈

ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

الذهاب إلى القناة على Telegram

Information Channel

إظهار المزيد
2 485
المشتركون
لا توجد بيانات24 ساعات
-47 أيام
-4130 أيام
أرشيف المشاركات
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၆ ထပ် အဆောက်အအုံ
+6
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ  အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်         အသုံးပြုသည့် တရားမဝင် ၆ ထပ် အဆောက်အအုံ ၁ လုံးအား စနစ်တကျထပ်မံ ဖြိုချဖျက်ဆီး #SN

အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက်ကြော
အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက်ကြောင်း နေပြည်တော် အောက်တိုဘာ ၁၀ #SN

၁၀-၁၀-၂၀၂၆ ရက်နေ့ယနေ့ နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်သည့် အမိန့်များ #SN
+4
၁၀-၁၀-၂၀၂၆ ရက်နေ့ယနေ့ နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်သည့် အမိန့်များ #SN

ဒုတိယ ဝန်ကြီး များပြောင်းလဲတာဝန်ပေးအပ်ခြင်း #SN
ဒုတိယ ဝန်ကြီး များပြောင်းလဲတာဝန်ပေးအပ်ခြင်း #SN

❝ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း❞ #SN
❝ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း❞ #SN

ကြည်မြင်တိုင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမိုး၊ ဈေးကြီးအရှေ့ရပ်ကွက်သို့ နယ်မြေကွင်းဆင်း ကြည်မြင်တ
+5
ကြည်မြင်တိုင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမိုး၊ ဈေးကြီးအရှေ့ရပ်ကွက်သို့ နယ်မြေကွင်းဆင်း ကြည်မြင်တိုင် အောက်တိုဘာ ၁၀ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည်မြင်တိုင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်သင်းသင်းမိုး၊ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းကော်မတီဝင်၊ ခရိုင်တာဝန်ခံ ဒေါ်အိအိလှိုင်၊ ကြည်မြင်တိုင်မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်နှင့် ပါတီကော်မတီဝင်များသည့် ယနေ့ နံနက် ၁၁:၃၀ အချိန်တွင် ဈေးကြီးအရှေ့ရပ်ကွက်သို့ နယ်မြေကွင်းဆင်း၍ပရဟိတနှလုံးသား လူမှုကူညီရေး အသင်း (ရန်ကုန်)တာဝန်ရှိသူနှင့်တွေ့ဆုံဆွေးနွေးခဲ့ သည်။ဆက်လက်၍တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့သည့် ပရဟိတနှလုံးသားလူမှုကူညီရေး အသင်း (ရန်ကုန်)၏ ပရဟိတနှလုံးသား ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းအားကြည်ရှုခဲ့ကြ ပါသည်။ထို့နောက် ကြည့်မြင်တိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ ပရဟိတနှလုံးသားလူမှုကူညီရေးအသင်းအားအလှူငွေနှစ်သိန်းကျပ် လှူဒါန်းခဲ့ကြပါသည်။ #USDP #YANGONMYANMAR #ကြည်မြင်တိုင်မြို့နယ် #တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ရန်ကုန်တိုင်းဒေသကြီးမှ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံ၌ ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်း ------------------------------------------------------------------------- ရန်ကုန် အောက်တိုဘာ ၁၀ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီး၊တိုင်းပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များဖြစ်သောဦးနေဝင်း၊ ဒေါ်သင်းသင်းမိုး၊ဒေါ်အိအိလှိုင်၊ဦးမျိုးမင်းနိုင်တို့ ဦးဆောင်သောရန်ကုန်တိုင်းပါတီဝင်များသည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ (၁၀)ရက် ၀၈:၃၀မှ ၁၁:၀၀အချိန်ထိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) မင်္ဂလာဒုံ၌ ဇီဝိတဒါနစုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ သွေးလှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ အလုံခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်နှင် ဒဂုံမြို့သစ် ခရိုင်တို့မှ ပြည်ခိုင်ဖြိုးပါတီဝင်(၈၄)ဦးတို့ကို သွေးစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးဖောက်ယူခြင်းများဆောင်ရွက်ခဲ့ရာ သွေးအိတ် စုစုပေါင်း (၈၁) အိတ်ရရှိခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံမှ တပ်မမှူး ဗိုလ်မှူးချပ်မြင့်ဇော်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းကော်မတီဝင်များ က လက်ခံရယူခဲ့ကြသည်။ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့​ဖြိုးရေးပါတီစုပေါင်းသွေးလှူဒါန်းပွဲသို့ ဗဟိုကော်မတီဝင် တိုင်းပါတီကော်မတီဝင်များဖြစ်သော ဦးနေဝင်း၊ဒေါ်သင်းသင်းမိုး ၊ ဒေါ်အိအိလှိုင် နှင့်ဦးမျိုးမင်းနိုင်တို့ ဦးဆောင်သောပါတီဝင် (၁၁၇)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ #USDP #yangonMyanmar

ဝေါနှင့် ကျောက်မဲမြို့နယ်တို့တွင် မူးယစ်ဆေးဝါး ကျပ် ၁,၂၄၃ သိန်းဖိုး ဖမ်းဆီးရမိ အောက်တိုဘာ ၁၀ ဝေါမြို့နယ်တွင် ငွေကျပ် ၆၉၃ သိန်
ဝေါနှင့် ကျောက်မဲမြို့နယ်တို့တွင် မူးယစ်ဆေးဝါး ကျပ် ၁,၂၄၃ သိန်းဖိုး ဖမ်းဆီးရမိ အောက်တိုဘာ ၁၀ ဝေါမြို့နယ်တွင် ငွေကျပ် ၆၉၃ သိန်းတန်ဖိုးရှိ TRAMADOL ဆေးတောင့် ၁၃၈,၆၀၀ တောင့်နှင့် ကျောက်မဲမြို့နယ်တွင် ငွေကျပ်သိန်း ၅၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၂ ဒသမ ၇၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ အောက်တိုဘာ ၅ ရက်က ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ယာဉ်နှစ်စီးအား စစ်ဆေးရှာဖွေရာမှ TRAMADOL ဆေးတောင့်များ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ သထုံမြို့ရှိ နေအိမ်တစ်အိမ်တွင် သယ်ဆောင်ခိုင်းသူကိုပါ ဖမ်းဆီးရမိခဲ့သည်။ ယင်းဖြစ်စဉ်တွင် အမျိုးသား ၆ ဦးကို အရေးယူထားသည်။ အလားတူ အောက်တိုဘာ ၆ ရက်က ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၇၅ ကီလိုနှင့်အတူ ယာဉ်မောင်း ကျော်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ #SittNaing

ရေဘေးသင့်တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ တွေ့ဆုံအားပေး၊ ထောက်ပံ့ပစ္စည်းများပေးအပ် သရက်ချောင်း၊ အောက်တိုဘာ ၁၀ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ စကခ (၈) တပ်မမှူး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ရေဘေးဒဏ်သင့်ခဲ့သည့် ခမရ (၄၀၃၊ ၄၀၅၊ ၄၀၆) တို့မှ တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအား ခမရ (၄၀၅) တပ်ရင်းခန်းမ၌ တွေ့ဆုံအားပေးပြီး စားသောက်ဖွယ်ရာများနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် ထပ်တူစိတ်မကောင်းဖြစ်ရကြောင်း၊ ပျက်စီးဆုံးရှုံးမှုများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ထောက်ပံ့မှုများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် မိမိတို့တပ်ရင်းတပ်ဖွဲ့များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် မြို့ခံပြည်သူများနှင့် တစ်သားတည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ #SittNaingရေဘေးသင့်တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ တွေ့ဆုံအားပေး၊ ထောက်ပံ့ပစ္စည်းများပေးအပ် သရက်ချောင်း၊ အောက်တိုဘာ ၁၀ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ စကခ (၈) တပ်မမှူး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ရေဘေးဒဏ်သင့်ခဲ့သည့် ခမရ (၄၀၃၊ ၄၀၅၊ ၄၀၆) တို့မှ တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအား ခမရ (၄၀၅) တပ်ရင်းခန်းမ၌ တွေ့ဆုံအားပေးပြီး စားသောက်ဖွယ်ရာများနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် ထပ်တူစိတ်မကောင်းဖြစ်ရကြောင်း၊ ပျက်စီးဆုံးရှုံးမှုများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ထောက်ပံ့မှုများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် မိမိတို့တပ်ရင်းတပ်ဖွဲ့များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် မြို့ခံပြည်သူများနှင့် တစ်သားတည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ #SittNaing

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကရခတိုင်းမှူးတို့က သရက်ချောင်းမြို့နယ်အတွင်း ရေဘေးသင့်နေရာများသို့ ကွင်းဆင်းကြည့်ရှုပြီး ပြည်သူများအား တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများပေးအပ် သရက်ချောင်း၊ အောက်တိုဘာ ၁၀ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ စကခ (၈) တပ်မမှူး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့သည်။ သရက်ချောင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး အိမ်ထောင်စု ၁,၆၀၅ စုအတွက် တစ်စုလျှင် ၂၆,၇၀၀ ကျပ်နှုန်းဖြင့် ပစ္စည်းငါးမျိုးတန်ဖိုး စုစုပေါင်း ၄၂,၈၅၃,၅၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နေရာများ၌ သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများအနေဖြင့် ကူညီထောက်ပံ့မှုများ အချိန်ပြည့်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် ပြည်သူများအနေဖြင့် လိုအပ်သည့်အကူအညီများကို တင်ပြတောင်းခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အစိုးရဌာနများရှိ မှတ်တမ်းစာရွက်စာတမ်းများ ရေစိုပျက်စီးခဲ့သော်လည်း ဒစ်ဂျစ်တယ်စနစ်ဖြင့် သိမ်းဆည်းထားသည့် အချက်အလက်များမှတစ်ဆင့် ပြန်လည်ဖြည့်ဆည်းရန်နှင့် မှတ်တမ်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် အချိန်နှင့်တစ်ပြေးညီ သိမ်းဆည်းရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ တံတားအနီး ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် နေရာများတွင် စက်ယန္တရားများ ထပ်မံဖြည့်တင်း၍ အမြန်ဆုံးပြုပြင်ဆောင်ရွက်ကာ ပြည်သူများ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်လည်း လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရက်ချောင်းမြို့အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်ခဲ့သည့် မြို့မဈေး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ ရပ်ကွက်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် တံတားများသို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ #SittNaing

မရမ်းကုန်း MCC ခန်းမရှေ့ ယာဉ်တိုက်မှုဖြစ်ပွားပြီး ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ ရန်ကုန်၊ အောက်တိုဘာ ၁၀ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကု
+3
မရမ်းကုန်း MCC ခန်းမရှေ့ ယာဉ်တိုက်မှုဖြစ်ပွားပြီး ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ ရန်ကုန်၊ အောက်တိုဘာ ၁၀ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမရှေ့တွင် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် သွားရောက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို လှိုင်လူမှုကူညီရေးအသင်းနှင့် ကောင်းမှုဆောင်ပရဟိတအသင်းတို့၏ လူနာတင်ယာဉ်များဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ #SN

တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပဲခူးတိုင်းဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး တောင်ငူ၊ အောက်တိုဘာ ၁၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ဦးစွာ တောင်ငူမြို့ရှိ ကေတုမတီရှေးဟောင်းကျုံး မြောက်ဘက် ရေထုတ်ပြွန်တည်ဆောက်နေမှု၊ ဘုတ်တလုပ်ရေကန် အဆင့်မြှင့်တင်ဖော်ထုတ်နေမှုနှင့် ကေတုမတီနန်းမြို့၊ နန်းတော်ရာဟောင်း တူးဖော်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် အနောက်ဘက်ကျုံးနှင့် တောင်ဘက်ကျုံးတို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီး ကေတုမတီမြို့ဟောင်း ယိုးဒယားပေါက် ပြန်လည်ထိန်းသိမ်းထားရှိမှုနှင့် ပေါရိသာဒ်တံခါးပေါက်ရှေ့ ကျုံးရေပြင်အတွင်း တူးဖော်တွေ့ရှိထားသည့် ရှေးဟောင်းကျုံးကူးတံတား၏ ကျွန်းတိုင်လုံးများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဟောင်းအမွေအနှစ်များကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ရေလမ်းကြောင်းပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ တောင်ငူမြို့နယ်၊ ကင်းဆိပ်ကျေးရွာအုပ်စုရှိ တောင်ငူဘူတာသစ် တည်ဆောက်မည့်နေရာသို့ သွားရောက်ခဲ့ရာ စီမံကိန်းအင်ဂျင်နီယာက တောင်ငူဘူတာယာဒ်ဝန်းသစ် တည်ဆောက်ရေးနှင့် တောင်ငူမြို့ရှောင်ရထားလမ်း ဖောက်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် တောင်ငူမြို့ရှိ ခပေါင်းခန်းမ ဘက်စုံအဆင့်မြှင့်တင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ #SittNaing

ပေါင်းတည်မြို့တွင် ရှေ့တန်းပြန်တပ်မတော်သားများအား အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆို ပေါင်းတည်၊ အောက်တိုဘာ ၁၀ နိုင်ငံတော်တ
+9
ပေါင်းတည်မြို့တွင် ရှေ့တန်းပြန်တပ်မတော်သားများအား အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆို ပေါင်းတည်၊ အောက်တိုဘာ ၁၀ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုနယ်မြေ၊ ပေါင်းတည်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ရှေ့တန်းပြန်တပ်မတော်သားများအား အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ #SN

+4
မြန်အောင်မြို့နယ်ရှိ မမြဆည် အခြေအနေ အသိပေးချက် ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ရှိ မမြရေဆည်တွင် အောက်တိုဘာ ၇ ရက်၌ အက်ကြောင်းဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့ ည ၉နာရီအချိန်တွင် အဆိုပါတာတမံထိပ် မျက်နှာပြင်ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ပေ အကြားတွင် အလျား၂၀၀ ပေခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁၀ပေခန့် တမံဆင်ခြေလျှော လျှောချမှု ထပ်မံဖြစ်ပွားခဲ့ပြီး မူလတမံထိပ်ပြင်၏ အောက်ဘက်သို ၂၅ပေခန့် နိမ့်ကျခဲ့ပါသည်။ လက်ရှိတွင် မမြဆည် ဆည်ရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ပေအား သိုလှောင်ထိန်းသိမ်းထားရှိကာရေလွှတ်မှု၊သိုလှောင်ရေပြင်အမှတ် ၃၁၅ ပေမှ ၃၀၅ ပေအထိ လျှော့ချနိုင်ရန် အရေးပေါ်ရေပိုလွှမှ ရေထုတ်လွှတ်ရေး ဆောင်ရွက်လျက်ရှိသည်။ ဆည်ရေဝင်ရောက်နိုင်သည့် စမ်းရွာကြီး၊ ဥယျာဉ်ကွင်း၊ မရွေးကုန်း၊ ရွာသစ်ကုန်း၊ ငါးဘတ်ကျနှင့် ရေနံချက်ဖိုကုန်းကျေးရွာများမှ လူဦးရေ ၉၀၀ ခန့်ကို ရေလွတ်ရာ ကုန်းမြင့်ဒေသများသို ကြိုတင်ရွှေ့ပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ရေးလုပ်ငန်းများအနေဖြင့် တမံအခြေထောက်ခြင်းနှင့် အရေးပေါ်ရေထုတ်လွှတ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။ စစ်နိုင် News Agency

မမြဆည် အခြေနေမှန် ပြည်သူများသိရှိစေရန်အသိပေးပန်ကြားချက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈နာရီအချိန်တွင် မြန်အောင်ခရို
+5
မမြဆည် အခြေနေမှန် ပြည်သူများသိရှိစေရန်အသိပေးပန်ကြားချက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈နာရီအချိန်တွင် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၊ တမံထိပ်မျက်နှာပြင် ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ ပေတိုင်အကြား အလျား ၈၀ ပေခန့်၊ ပျမ်းမျှအကျယ် ၁လက်မခန့်၊ ပျမ်းမျှအနက် ၆လက်မခန့် အက်ကြောင်းဖြစ်ပေါ်ခဲ့ပြီး အဆိုပါပေတိုင်အတွင်း တမံဆင်ခြေလျှော အလျား ၁၀၀ ပေခန့်၊ အနက် ၆ လက်မခန့် နိမ့်ကျမှုဖြစ်ပေါ်ခဲ့ရာ တမံထိပ် အပြင်အက်ကြောင်းအား သဲဖြည့်ခြင်း၊ ရေစိမ့်ဝင်ခြင်းမရှိစေရန် ပလတ်စတစ်ဖြင့် အုပ်မိုးကာကွယ်ခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉) ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ မြန်အောင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ အနီးကြီးကြပ် ကွပ်ကဲမှုဖြင့်ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အောက်တိုဘာလ ၉ ရက်နေ့ ည ၉နာရီအချိန်တွင် အဆိုပါတာတမံထိပ် မျက်နှာပြင်ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ပေ အကြားတွင် အလျား၂၀၀ ပေခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁၀ပေခန့် တမံဆင်ခြေလျှော လျှောချမှု ထပ်မံဖြစ်ပွားခဲ့ပြီး မူလတမံထိပ်ပြင်၏ အောက်ဘက်သို့ ၂၅ပေခန့် နိမ့်ကျခဲ့ပါသည်။ လက်ရှိတွင် မမြရေလှောင်တမံ တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ပေအား သိုလှောင်ထိန်းသိမ်းထားရှိကာ နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန်အတွက် တမံ၏အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတဆင့် မမြချောင်း၊ မမြချောင်းမှ တစ်ဆင့်ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိပါကြောင်းသိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ယနေ့နံနက် ၇နာရီအချိန်တွင် ရောက်ရှိပြီး တမံလျှောအိကျသည့်နေရာအား ကြည့်ရှုစစ်ဆေးကာ ကာကွယ်ရေး လုပ်ငန်းစဉ်ဖြစ်သည့် တာတမံတာအခြေထောက်ခြင်းလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်စီးဆင်းရန် စက်ယန္တရားအသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှု၊ ဆည်ရေဝင်ရောက်နိုင်သည့် စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ရေနံချက်ဖိုကုန်းကျေးရွာတို့ရှိ လူဦးရေ ၉၀၀ဦး ခန့်အား ရေလွတ်ရာကုန်းမြင့်ဒေသများသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေးဆောင်ရွက်နေမှုများကို ကြီးကြပ်ကွက်ကဲ ဆောင်ရွက်လျက်ရှိပြီး ဆည်မြောင်းနှင့်ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကာ စက်ယန္တရားများအသုံးပြု၍ တာအခြေထောက်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ Source- Ayarwady Region Government