ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်
Kanalga Telegram’da o‘tish
2 642
Obunachilar
+124 soatlar
+187 kunlar
-4430 kunlar
Postlar arxiv
လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသူများအား နိုင်ငံတစ်ဝန်း ဆောင်ရွက်ပေးလျက်ရှိ
July 9th
နေပြည်တော်တွင် ဇူလိုင် ၈ ရက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းတို့သည် ပျဉ်းမနားမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် e-ID စနစ် UID ကတ် ထုတ်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် One Stop Service စနစ်ဖြင့် ထုတ်ပေးပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ပြီး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ၊ ပျောက်ဆုံး သို့မဟုတ် ပျက်စီးသွားသူများနှင့် အသက် ၁၀ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများကို လမင်းစီမံချက်ဖြင့် နိုင်ငံတစ်ဝန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#SN
ဒုတိယဝန်ကြီး ဦးရဲတင့် ရန်ကုန်တိုင်း ပြန်/ဆက်ဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံ
July 9th
ရန်ကုန်မြို့တွင် ဇူလိုင် ၈ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများနှင့် တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို မှာကြားခဲ့သည်။
ထို့အပြင် ယမန်နေ့မွန်းလွဲပိုင်းကလည်း ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာနှင့် မော်ကွန်းရုပ်ရှင်ရုံးတွင် ဖွင့်လှစ်ထားသည့် မြန်မာ့ရုပ်ရှင်သရုပ်ဆောင် မြှင့်တင်ရေးသင်တန်းနှင့် ရုပ်ရှင်ဓာတ်ပုံသင်တန်းများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
#SN
Repost from Yangon Division News 2025
ဓာတ်အားလိုင်းနှင့် မလွတ်သည့် သစ်ပင်သစ်ကိုင်းရှင်းလင်းရေးကြောင့် တာမွေမြို့နယ်အတွင်း ယာယီဓာတ်အားပြတ်တောက်မည်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ 66kV ပုသိမ်ညွန့်ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသည့် 33kV ပုသိမ်ညွန့်-နတ်ချောင်းဖီဒါ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို ဇူလိုင် ၉ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထားသည်။
အဆိုပါလုပ်ငန်းကို ဇူလိုင် ၉ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဆောင်ရွက်မည်ဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း တာမွေမြို့နယ်အတွင်းရှိ နတ်ချောင်းရပ်ကွက်၊ မေတ္တာညွန့်ရပ်ကွက်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာနှင့် ချမ်းသာဂုဏ်ရောင်အိမ်ရာတို့တွင် ယာယီဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
YESC အနေဖြင့် လုပ်ငန်းဆောင်ရွက်ချိန်အတွင်း ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အားပြတ်တောက်မည့် ဧရိယာများ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
Repost from Sitt Naing(News)
+2
မီးလောင်မှုအတွင်း ဘိုးဘွားနှစ်ဦးကို အသက်စွန့်ကယ်တင်ခဲ့သည့် ဦးချိုအား ဂုဏ်ပြုဆုငွေ ချီးမြှင့်မည်
July 9th
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဂိုဒေါင်ဟောင်းမီးလောင်မှုအတွင်း သက်ကြီးဘိုးဘွားဇနီးမောင်နှံကို အသက်စွန့်ကယ်တင်ခဲ့သည့် အသက် (၆၆) နှစ်အရွယ် ဦးချိုအား အလှူရှင်များနှင့် ရွှေမေတ္တာလူမှုကူညီရေးအသင်းတို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၆ ရက် နံနက်ပိုင်းက ၁၀၁A လမ်းနှင့် ၆၇A လမ်းထောင့်ရှိ ဂိုဒေါင်ဟောင်းတွင် မီးလောင်မှုဖြစ်ပွားစဉ် ဦးချိုက မီးခိုးနှင့် မီးတောက်များကြားသို့ သုံးကြိမ်တိုင်တိုင် ဝင်ရောက်ကာ ပိတ်မိနေသည့် သက်ကြီးဘိုးဘွားနှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။
ကယ်တင်ခံခဲ့ရသည့် ဦးတင်ထွန်း (၆၄ နှစ်) သည် ဆေးကုသမှုခံယူနေစဉ် မီးလောင်ဒဏ်ရာပြင်းထန်မှုကြောင့် ကွယ်လွန်ခဲ့ပြီး၊ ဇနီးဖြစ်သူမှာ ဆက်လက်ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ဦးချို၏ ရဲဝံ့စွာကယ်တင်ခဲ့သည့် လုပ်ရပ်ကို ဂုဏ်ပြုသည့်အနေဖြင့် မရွှေလဲ့၏ မမကြီးမိသားစုက ဂုဏ်ပြုဆုငွေ ကျပ် ၁၀ သိန်း ချီးမြှင့်မည်ဖြစ်ပြီး၊ မီးဘေးသင့်မိသားစုအတွက်လည်း စုစုပေါင်း ကျပ် ၁၀ သိန်း ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
#SN
ဒလမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် တည်ဆောက်ခဲ့သည့် ထရန်စဖော်မာဖွင့်ပွဲ ကျင်းပ
ရန်ကုန်၊ ဇူလိုင် ၈
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဒလမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ရက်(၁၀၀)စီမံချက်အဖြစ် ဆောင်ရွက်ခဲ့သည့် ဒလမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ဗိုလ်တေဇ(၁)လမ်းရှိ ၁၁/၆.၆/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ၊ ၆.၆ ကေဗွီလိုင်း ပေ(၇၀၀)နှင့် ၄၀၀ ဗို့လိုင်း ပေ(၃၀၀) တည်ဆောက်ပြီးစီးမှု ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဦးကျော်သူ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများက ရက်(၁၀၀)စီမံချက်ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ၁၁/၆.၆/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် တပင်ရွှေထီးရပ်ကွက်မှ ဦးကျော်မင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယခုအသစ်တည်ဆောက်ပြီးစီးသည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာကြောင့် တပင်ရွှေထီးရပ်ကွက်ရှိ ပြည်သူ ၁,၂၈၄ ဦးအတွက် လျှပ်စစ်ဓာတ်အားကို ဗို့အားပြည့်ဝစွာ ပိုမိုတည်ငြိမ်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့အပြင် ရပ်ကွက်အတွင်းရှိ ထရန်စဖော်မာအရေအတွက်မှာ ယခင် သုံးလုံးမှ လေးလုံးအထိ တိုးမြှင့်လာခဲ့သဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
#SN
+1
CNG တရားမဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်း
မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)အား တရား မဝင်ရောင်းချ/ဝယ်ယူသည့် ခရီးသည်တင်ကား(၂)စီးကို ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေးယူခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
YBS ၆၅ ယာဉ်လိုင်းတံဆိပ်တပ်ဆင်ထားသော 2I-2957 ခရီးသည်တင်ကားသည် YBS ယာဉ်လိုင်းတွင် အမှန်တကယ်ပြေးဆွဲခြင်းမရှိဘဲ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရွာသာကြီးအကြီးစားစက်မှုဇုန်အတွင်း စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ထို့ပြင် CNG အား ယာဉ်အမှတ် 6F-3682 ကားသို့ တရားမဝင်ရောင်းချခြင်းများပြုလုပ်သဖြင့် တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးရာ အမှန်တကယ်ကျူးလွန်ကြောင်းစစ်ဆေးတွေ့ရှိရ၍ 2I-2957 ကားနှင့် 6F-3682 ကားတို့အား ဇွန် ၃၀ ရက်မှစ၍ ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေးယူခဲ့ကြောင်း သိရသည်။
#SN
+3
ပြည်ခိုင်ဖြိုးပါတီ၊ ကော့မှူးမြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်
ကော်မတီဝင်များ အရှေ့ခြမ်းတိုက်နယ်သို့ ကွင်းဆင်း
====================================
ကော့မှူး ဇူလိုင် ၈
ပြည်ခိုင်ဖြိုးပါတီ၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့နယ်
ပါတီဥက္ကဌ ဦးအေးကြိုင်နှင့် မြို့နယ်ကော်မတီ၀င် ဦးတင်ဦးတို့သည် ညနေ ၃နာရီ အချိန်တွင် ကွင်းတိုင်ကျေးရွာ
ပါတီကော်မတီ၀င် ဦးကျော်၀င်းနိုင် နေအိမ်၌ ရပ်ကျေးပါတီ
ကော်မတီများ ဖွဲ့စည်းခြင်း၊ လူငယ်နှင့် အမျိုးသမီးအင်အား
ရရှိရေးများဆွေနွေးခြင်း၊ လူမှူရေးကိစ္စရပ်များဆွေးနွေးခဲ့ပြီး၊တွေ့ဆုံပွဲအား ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် ပြီးဆုံးခဲ့
ကြောင်းသိရသည်။
TZO
တောင်ကြီးတွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ဖမ်းမိ
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ယနေ့ ဇွန်လ ၈ ရက်၊ နေ့လယ်ပိုင်းတွင် အမျိုးသား တစ်ဦးထံမှ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေး လိမ္မော်ရောင် ဆေးပြား ၁၀၀၀၀ အား ဖမ်းမိခဲ့ကြောင်း သိရသည်။
တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၉)၊ သဇင်-၃ လမ်းမပေါ်တွင် သတင်းအရ ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဉ် ခွန်ခမ်းထို (ခ) ငါးမန်း မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် အနီရောင် လွယ်အိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေး လိမ္မော်ရောင် ဆေးပြား ၁၀၀၀၀ ကို ရှာဖွေတွေ့ရှိ၍ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွမူးယစ်ဆေးပြားများနှင့် အတူ ဖမ်းဆီရမိခဲ့သည့် ခွန်ခမ်းထို (ခ) ငါးမန်း အား သက်ဆိုင်ရာ ရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
#SN
+2
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၃၉ ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ်
#SN
+7
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၆ ထပ်အဆောက်အအုံ ၁ လုံး အား စနစ်တကျ ထပ်မံ ဖောက်ခွဲဖျက်ဆီး၊ တရားမဝင်လူနေအဆောက်အအုံ ၇၀ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်
#SN
ပဲခူးတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
နေပြည်တော်၊ ဇူလိုင် ၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင် ၈ ရက်နေ့လယ်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်နှင့် တရားလွှတ်တော်တာဝန်ရှိသူများ၊ CPU အဖွဲ့ဝင်များနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအပါအဝင် စုစုပေါင်း ၂၅၀ ဦး တက်ရောက်ခဲ့သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်အနေဖြင့် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသည့် လုပ်ငန်းစဉ် (၃) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ပေါ်ပေါက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု တိုးတက်စေရေး၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အများပြည်သူအကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
#SN
U-14 Boys Royal-D Cup 2026 ဘောလုံးပြိုင်ပွဲကျင်းပမည့် ဗိုလ်တထောင် အ.ထ.က(၆) ဘောလုံးကွင်း သန့်ရှင်းရေး ဆောင်ရွက်
ဗိုလ်တထောင်၊ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ U-14 Boys Royal-D Cup 2026 ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲ အဆင်ပြေစွာကျင်းပနိုင်ရေးအတွက် ဘောလုံးကွင်းအတွင်းရှိ ချုံနွယ်မြက်ပင်များ ရှင်းလင်းခြင်းလုပ်ငန်းကို ဇူလိုင် ၈ ရက် နံနက် ၇ နာရီမှ စတင်ဆောင်ရွက်ခဲ့သည်။
ရှင်းလင်းရေးလုပ်ငန်းများကို ဗိုလ်တထောင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးကျော် (ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးဆပ်ကော်မတီ အတွင်းရေးမှူး) နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးချိုထွန်းအောင်တို့၏ ပူးပေါင်းချိတ်ဆက်မှုဖြင့် ဗိုလ်တထောင်မြို့နယ် ပန်းဥယျာဉ်တာဝန်ခံ ဦးလတ်ဆွေ ဦးစီးသည့် ဝန်ထမ်း ၁၄ ဦးက ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် ဗိုလ်တထောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးနေဝင်းအောင်နှင့် ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးသန်းနိုင်၊ ဦးခင်ထွေးတို့က ကျောင်းတာဝန်ရှိသူများနှင့် ပူးပေါင်းကာ ရှင်းလင်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဘောလုံးကွင်း သန့်ရှင်းရေးလုပ်ငန်းများကို နေ့လယ် ၁၂ နာရီခွဲခန့်တွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။
#SN
Repost from Sitt Naing(News)
အမှုထမ်းအဆင့် နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ခရီးသွားခွင့်ပေးရေး လွှတ်တော်တွင် မေးမြန်း
July 8th
ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်က အမှုထမ်းအဆင့် နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံအတွင်းရှိ ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းခရီးစဉ်များတွင် တာဝန်ဖြင့်ဖြစ်စေ၊ အခြားအကြောင်းကိစ္စဖြင့်ဖြစ်စေ အခမဲ့ခရီးသွားလာနိုင်ရေးကို ဦးစားပေးအဆင့်ဖြင့် စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ပေးနိုင်မည်ကို လွှတ်တော်တွင် မေးမြန်းခဲ့သည်။
ဒေါက်တာနန္ဒာလှမြင့်က “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် သွားလာရေးအဆင်ပြေစေရန် ယင်းအစီအစဉ်ကို စဉ်းစားဆောင်ရွက်ပေးရန် တိုက်တွန်းမေးမြန်းခဲ့ကြောင်း သိရသည်။
#SittNaing
+4
ဇဗ္ဗူသီရိတွင် ဓာတ်အားလိုင်းပြုပြင်မည်ဖြစ်၍ (၂) ရက်ဆက် အချိန်ပိုင်းလျှပ်စစ်ပြတ်တောက်မည်
နေပြည်တော်၊ ဇူလိုင် ၈
ဇဗ္ဗူသီရိမြို့နယ်တွင် ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်းတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းလုပ်ငန်းများကို ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းဆောင်ရွက်နေစဉ် ၁၁ ကေဗွီ အကွက်ကြီး ၄/၅ ဖီဒါကို ယာယီဓာတ်အားပိတ်၍ ဆောင်ရွက်မည်ဖြစ်သဖြင့် သုခသိဒ္ဓိနှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများ၊ အ.ထ.က(၁၁)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့တွင် လျှပ်စစ်ဓာတ်အား အချိန်ပိုင်းယာယီပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဇူလိုင် ၇ ရက်ကလည်း ဇဗ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများက မြို့နယ်အတွင်း လူမနေသည့်အိမ်များ၊ အိမ်ပိတ်များနှင့် ခြံကွက်လပ်များရှိ လျှပ်စစ်မီတာများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
#SittNaing
ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌ “လူငယ်နှင့်အနာဂတ် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေး” အသိပညာပေး
ဇူလိုင် ၈
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များတက်ကြွစွာပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ပူးပေါင်းကျင်းပသည့်“လူငယ်နှင့် အနာဂတ်နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဝန်ကြီး ဦးဗိုလ်ဌေးက အမှာစကားပြောကြားပြီး လူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက အသိပညာပေးဟောပြောမည့် ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးအောင်နိုင်ဦးကို ဂုဏ်ပြုလက်ဆောင်ပစ္စည်းပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးအောင်နိုင်ဦးက “လူငယ်နှင့် အနာဂတ်နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေး” အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသည့် လူငယ်မောင်မယ်များက သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
#SN
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် ယနေ့မှ စတင်အသက်ဝင်
July 8th
တစ်နှစ်အတွင်း အများဆုံး ရက်ပေါင်း ၉၀ နေထိုင်ခွင့်ရရှိမည်
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်သည် ယနေ့ (ဇူလိုင် ၈ ရက်) မှစတင်၍ တရားဝင်အသက်ဝင်ပြီဖြစ်ကြောင်း ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး (အော့တာဝါမြို့) က ထုတ်ပြန်အသိပေးသည်။
အဆိုပါ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအစိုးရတို့က ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယနေ့မှစတင်ကာ တရားဝင်အကျိုးသက်ရောက်မှုရှိလာခြင်းဖြစ်ကြောင်း သိရသည်။
သဘောတူစာချုပ်အရ သက်တမ်းရှိ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာနှင့် ဘယ်လာရုစ်နိုင်ငံသားများသည် တစ်ဖက်နိုင်ငံသို့ ဝင်ရောက်ရာတွင် အိမ်ရှင်နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ အထိ ဗီဇာကင်းလွတ်စွာ နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။
ထို့ပြင် ပြက္ခဒိန်တစ်နှစ်အတွင်း စုစုပေါင်း ရက်ပေါင်း ၉၀ အထိ ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်နိုင်မည်ဖြစ်ကြောင်း ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။
#SittNaing
