cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

မြေလတ်အသံ - Myaelatt Athan

Sharing Information to the local

Show more
Advertising posts
40 052
Subscribers
+2324 hours
+3357 days
+1 32830 days
Posting time distributions

Data loading in progress...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
Publication analysis
PostsViews
Shares
Views dynamics
01
ကိုရဲမင်း၏ စစ်ရှောင်စခန်းရှိ အသက် ၆၀ အရွယ် အဘိုးအဘွား ၅ ဦးသည် ကျေးရွာ မီးရှို့ခံရသည့်နေ့က ၎င်းတို့ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့သည်။ ထို့နောက် ရွာကို မီးရှို့သည့်အကြောင်း မည်သူ့ကိုမျှပြန်မပြောရန် စစ်ကောင်စီတပ်သားများက ၎င်းတို့ ၅ ဦးကို သေနတ်ထောက်ခြိမ်းခြောက်ပြီး ပြန်လွှတ်ပေးခဲ့သည်။ အဆိုပါ အဘိုးအဘွားများသည် ယခုအချိန်ထိ သေနတ်မြင်လျှင်ကြောက်လန့်နေကြဆဲဖြစ်သည်ဟု ကိုရဲမင်းက ပြောသည်။ “နဖူးကို ပြောင်းဝတေ့ပြီး မင်းတို့ ငါတို့မီးရှို့တာကိုမပြောနဲ့ ပြောရင် သတ်ပစ်မယ်ဆိုပြီး ပြောတာ။ ဒါမျိုးတွေထိ ခြိမ်းခြောက်ခံရတော့ အဲ့ဒီအဘိုးအဘွားတွေမှာဆိုရင် ခုချိန်အထိ သေနတ်မြင်ရင်ကို ကြောက်နေကြတာ။” ဟု သူက ပြောသည်။ စစ်ရှောင်စခန်းရှိ အဘိုးအဘွားများဆီသို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လာရောက်စကားပြောသည့်အခါ သူတို့အနီးကိုလာလျှင် သေနတ်များယူမလာရန် တောင်းဆိုကြပြီး တချို့အဘိုးအဘွားများမှာလည်း သေနတ်မြင်လျှင်... ဆောင်းပါးအပြည့်အစုံ - https://www.myaelattathan.org/articles/စိတ်ဒဏ်ရာကုစားဖို့လိုအပ်နေသည့်_အညာစစ်မြေပြင်က_သက်ကြီးရွယ်အိုများ
1 1870Loading...
02
ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ) မြိုင်၊ မေ ၂၉၊ ၂၀၂၄။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာ စာသင်ကျောင်းကနေ ရွာတောင်ဘက်ကို ရိက္ခာထွက်ရှာတဲ့ စစ်သားတွေကို မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အင်အား ၁၅ ဦးခန့်နဲ့ ရိက္ခာရှာထွက်လာချိန် မေ ၂၉ ရက် မနက်ပိုင်း ၈ နာရီ ၄၀ မိနစ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Earthquake People Defence Force ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ ၃၅ မိနစ်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ကိုင်းတောမရွာ စာသင်ကျောင်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို Earthquake People Defence Force ၊ ပခုက္ကူမြို့နယ်အခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့ ၊ Pakokku People's Defense Force ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Young Force UG ၊ Thu Rain TR ၊ Pakokku Hunter ၊ Pakokku Underground Force၊ မြိုင်တပ်ရင်း ၂ ၊Just Revolution Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ သတင်း - ဒိန်းဂျား၊ တည်းဖြတ် - HP #မြေလတ်အသံ #မကွေး #မြိုင် #ကိုင်းတောမ #စစ်တပ် #ပစ်ခတ် #တိုက်ပွဲ https://youtu.be/D5Jt5m9k5tQ
2 6120Loading...
03
စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အထူးလှုပ်ရှားတပ်ရင်း ၅ က ဒုတပ်ရင်းမှူး ကျဆုံး ကလေး၊ မေ ၃၀၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်ဇလပ်ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းအထူးလှုပ်ရှား တပ်ရင်း ၅ - SR 5 က ဒုတပ်ရင်းမှူး ကျဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ မေ ၂၉ ရက် မနေ့ကနေ့လယ်ပိုင်းမှာ အဆိုပါဒုတပ်ရင်းမှူနဲ့အဖွဲ့ဟာ မြို့ပေါ်ကို မစ်ရှင်လုပ်ဖို့သွားချိန် စစ်ကောင်စီဘက်က နောက်ယောင်ခံလိုက်တာကိုခံရတဲ့အတွက် လူစုခွဲလိုက်ချိန်မှာ ပစ်ခတ်မှုဖြစ်ခဲ့ကြတာပါ။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ချိန်မှာ စစ်ကိုင်းတိုင်းအထူးလှုပ်ရှား တပ်ရင်း ၅ - SR 5 ဒုတပ်ရင်းမှူး ကိုဒီမို(ခ) ကိုရန်နိုင်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ၁ ဦးသေကာ ၁ ဦးခြေထောက်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်_အထူးလှုပ်ရှားတပ်ရင်း၅က_ဒုတပ်ရင်းမှူးကျဆုံး
2 4851Loading...
04
ဒီလိုတွေ ဖြစ်ပြီးတဲ့နောက်မှာ နန်းရဲ့ စိတ်ခံစားချက်တွေဟာ အရင်ကထက် သိသိသာသာ ဆိုးရွားလာခဲ့တယ်။ အရင်ကထက် ဝမ်းနည်းလွယ်လာသလို၊ အိပ်ချိန်တွေကို ကမောက်ကမ ဖြစ်စေခဲ့တယ်။ အိမ်မက်ဆိုးတွေ မက်တယ်။ လူတွေအသတ်ခံရတာတွေကို ပြန်မြင်ယောင်တယ်။ သီချင်းတီးလုံးသံ ကြားရင်တောင် သူ့သတင်းရင်းမြစ်တွေ ကြုံတွေ့နေရတဲ့ ဘေးဒုက္ခတွေ အကြောင်း ခေါင်းထဲပေါ်လာပြီး မျက်ရည်ဝဲလာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ "ကျမနားထဲမှာ သူ့ရဲ့ ငိုသံတွေထပ်ကြားတယ်၊ အိပ်လို့မရဘူး၊ အနားမှာ လူတယောက်ယောက် လာပြီး စကားလာပြောနေတယ်လို့ ကျမမြင်နေရတယ်၊ သေချာအောင်ဆိုပြီး ဖုန်းမီးဖွင့်ပြီး ကြည့်တော့ ဘယ်သူမှမရှိဘူး"လို့ ... ဆောင်းပါးအပြည့်အစုံ - https://www.myaelattathan.org/articles/အနိဌာရုံသတင်းတွေကြားက_အမျိုးသမီးသတင်းသမားတွေ
2 3960Loading...
05
မကွေး PDF ရဲမေတွေက သိုင်းပညာကိုသင်ယူပြီး ပြန်လည်လေ့ကျင့်ပေးနေ (ရုပ်/သံ) မကွေး၊ မေ ၃၀၊၂၀၂၄။ မကွေးတိုင်း၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင်ကွပ်ကဲရေးရုံးက PDF ရဲမေတွေဟာ သူတို့တတ်ထားတဲ့ မြန်မာ့သိုင်းပညာကို ပြန်လည်သင်ကြားပေးနေတယ်လို့ အဲ့ဒီတပ်ရင်းက သိရပါတယ်။ မကွေးခရိုင်ကွပ်ကဲရေးရုံးက ဆရာမ ၃ ဦးဟာ လိုင်ဇာမြို့နယ်မှာ သိုင်းပညာကို သင်ယူခဲ့တာဖြစ်ပြီး တပ်ရင်းမှာရှိတဲ့ ရဲဘော်တွေကို သင်တန်းအပတ်စဥ် ၁ နဲ့ ၂ ကို ပြန်လည် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ "စစ်ပညာသာမကဘဲ ကိုယ်ခံပညာကိုပါ လက်ဆင့်ကမ်းသင်ကြားပေးသွားမှာပါ။ သင်တန်းမှာ စိတ်ဓာတ် တက်ကြွဖို့၊ အမြင်ဆန်းဖို့နဲ့ လိုအပ်ရင် ခုခံကာကွယ်ဖို့အတွက် အဓိကရည်ရွယ်ပြီး ဒီပညာကို သင်ခဲ့တာပါ" လို့ ဆရာမ ဂျူရီ ကပြောပါတယ်။ မြန်မာ့သိုင်းပညာ အမျိုးအစားများစွာ ရှိတဲ့အထဲက ရှောင်နည်း၊ တိမ်းနည်း၊ ဗန်တို၊ ဗန်ရှည်၊ ၆၃ မောင်း စတဲ့ အခြေခံသိုင်းပညာတွေကို လေ့လာသင်ယူခဲ့ပြီး တပ်ဖွဲ့က ရဲဘော်တွေကို ပြန်လည်သင်ကြားပေးတယ်လို့ ဆိုပါတယ်။ သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် -ငြိမ်းဇော် #မြေလတ်အသံ #မကွေး #PDF #ခရိုင်ကွပ်ကဲရေး # စစ်သင်တန်း #သိုင်းပညာ #လက်ဆင့်ကမ်းသင်ကြား https://youtu.be/Y6Kwk4LNqFc
3 7391Loading...
06
စစ်မှုထမ်းအပတ်စဉ် ၂ အတွက် မြေလတ်ဒေသက လူငယ် ၈၀၀ ကျော် အဓမ္မဖမ်းဆီးခံရ မြေလတ်အသံ၊ မေ ၃၀၊ ၂၀၂၄။ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း စတဲ့ မြေလတ်ဒေသက လူငယ် ၈၀၀ ကျော် အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ဆိုပါတယ်။ ဧပြီလအစောပိုင်းက စတင်ကာ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် မြို့ရွာတွေမှာ လူစာရင်းကောက်ယူ ရွေးချယ်မှုတွေ ပြုလုပ်ခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့ရဲ့ မြို့နယ်ပေါင်း ၂၀ က လူငယ် ၉၀၀ ကျော် အဓမ္မဖမ်းဆီးခံခဲ့ရတာလို့ BACS ရဲ့ ‘စစ်ကောင်စီ၏စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း- အပတ်စဉ် ၂’ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/စစ်မှုထမ်းအပတ်စဉ်၂အတွက်_မြေလတ်ဒေသကလူငယ်၈၀၀ကျော်_အဓမ္မဖမ်းဆီးခံရ
3 4814Loading...
07
ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိလို့ ရဲတပ်ကြပ်ကြီးတဦးသေဆုံး ပြည်၊ မေ ၃၀၊ ၂၀၂၄။ ပဲခူးတိုင်း၊ ပြည်မြို့၊ တီတွတ်ဂေါက်ကွင်းအနီး ပြည်-အောင်လံ ကားလမ်းမပေါ် မှာ ကားတိုက်ခံရလို့ ရဲတပ်ကြပ်ကြီး ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မေ ၂၉ ရက် နေ့လယ် ၁ နာရီခန့်မှာ မကွေးကနေ ပြည်ဘက်ကိုမောင်းလာတဲ့ ကောင်းမြတ်သာ ခရီးသည်တင်ယာဥ်နဲ့ ပြည်ဘက်ကမောင်းလာတဲ့ ရဲတပ်ကြပ်ကြီးသားအဖရဲ့ဆိုင်ကယ်တို့ ဂေါက်ကွင်းနားမှာ တိုက်မိခဲ့တာလို့ ဆိုပါတယ်။ "ကားနဲ့ဆိုင်ကယ်နဲ့က တည့်တိုက်ပြီး ဆိုင်ကယ်က ကားအောက်ကနေညှပ်ပါသွားတော့ ဆိုင်ကယ်မောင်းသူ ရဲတပ်ကြပ်ကြီးက ဆိုင်ကယ်နဲ့ညှပ်ပါသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကားနဲ့ဆိုင်ကယ်_မျက်နှာချင်းဆိုင်တိုက်မိလို့_ရဲတပ်ကြပ်ကြီးတဦးသေဆုံး
3 2361Loading...
08
“အဆစ်ရောင်ဂေါက်ရောဂါနှင့် လက်တကမ်းဆေးပညာ” (Podcast) မြေလတ်အသံ၊ မေ ၃၀၊ ၂၀၂၄။ သောတရှင်များအားလုံး မင်္ဂလာပါ။ မြေလတ်အသံရဲ့ “လက်တကမ်း ကျန်းမာရေး Podcast” အစီအစဉ်နားဆင်လို့ရပါပြီ။ အခုတပတ် လက်တကမ်းကျန်းမာရေးအစီအစဉ်မှာ “အဆစ်ရောင်ဂေါက်ရောဂါ” အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ အဆစ်ရောင်ဂေါက်ရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ အဆစ်ရောင်ရောဂါမဖြစ်အောင် ရှောင်ရန်၊ ဆောင်ရန်နည်းလမ်းများ၊ အဆစ်ရောင်ရောဂါဖြစ်လာရင် ဘယ်လိုဆေးဝါးဓာတ်စာတွေနဲ့ ကုသနိုင်သလဲ စတာတွေကို နားဆင်ရမှာပါ။ #မြေလတ်အသံ #လက်တကမ်းကျန်းမာရေး #Podcast #အဆစ်ရောင်ဂေါက်ရောဂါ https://youtu.be/84eGwI1QCFA
3 4744Loading...
09
ဒေသခံတွေရဲ့ ဆိုင်ကယ်၊ ကားတွေကို အခမဲ့ပြင်ဆင်ပေးနေတဲ့ မန္တလေး ခရိုင်တပ်ရင်း ၅ (ရုပ်/သံ) မန္တလေး၊ မေ ၂၉၊ ၂၀၂၄။ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက PDF ရဲဘော်တွေဟာ တပ်ရင်းမှာရှိတဲ့ ဆိုင်ကယ်၊ ကားတွေသာမကဘဲ အခြားတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ယာဥ်တွေကိုပါ ပြင်ဆင်ပေးနေတယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့စခန်းနဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေအထိပါ အခကြေးငွေမယူဘဲ လိုက်လံပြင်ဆင်ပေးနေတာလို့ မန္တလေးခရိုင် တပ်ရင်း ၅ ရဲ့ တပ်ရင်းမှူးဗိုလ်ဖောင်းဒိုင်း ကပြောပါတယ်။ တပ်ဖွဲ့အချင်းချင်း ကူညီပေးတာဖြစ်သလို ပြည်သူတွေစားဝတ်နေရေး ခက်ခဲနေတဲ့အခါမှာ တတ်နိုင်တဲ့ဘက်က ပြည်သူကို အကျိုးပြုတဲ့အနေနဲ့ အခမဲ့ပြင်ဆင်ရတာလို့ ဆိုပါတယ်။ ဆိုင်ကယ်နဲ့ကားတွေကို ပြင်ဆင်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေကိုသာ ဝယ်ယူပေးရတာမျိုးရှိပြီး ခရီးသွားသူတွေနဲ့ မှာယူရတဲ့အတွက် ခရီးကြန့်ကြာတဲ့ အခက်အခဲသာရှိတယ်လို့ သိရပါတယ်။ သတင်း - စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP #မြေလတ်အသံ #မန္တလေး #PDF ရဲဘော် #ယာဥ်ပြုပြင် #အခမဲ့ပြင်ဆင် #တော်လှန်ရေးတပ်ရင်း https://youtu.be/Jazm3w8d1gE
5 1223Loading...
10
စစ်မှုထမ်းဖို့အတွက် ဝေါမြို့နယ်ထဲက ရွာတွေကို စစ်တပ်က အင်အားသုံးဝင်ဖမ်းနေ ဝေါ၊ မေ ၂၉၊ ၂၀၂၄။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဘုရားပျို၊ စိုင်တီစု၊ ညောင်ကိုင်းကျေးရွာတွေက ဒေသခံတွေကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီအဖွဲ့ဝင်တွေက ဝင်ဖမ်းနေကြတယ်လို့ အဲ့ဒီဒေသခံတွေဆီက သိရပါတယ်။ မေလ ၂၉ ရက် မနက် ၉ နာရီခန့်ကစပြီး စစ်တပ်အင်အား ၁၀၀ ကျော်ဟာ အဲ့ဒီ့ကျေးရွာတွေကို ကားတွေနဲ့ ဝင်လာပြီးနောက် ဒေသခံတွေကို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။ "စကစတပ်သားတွေ ရွာတွေကို ဝင်ဆွဲနေတယ်။ အရင်ကစစ်မှုထမ်းဖို့ မဲပေါက်ပြီး စာရင်းပေးထားသူတွေနဲ့ အရွယ်ကောင်းတွေကို လာဖမ်းတာ။ ရွာသားတွေကတော့ စစ်ကားတွေနဲ့လာတာဆိုတော့ ဘာမှန်းမသိဘဲ ရှောင်နေကြတယ်"လို့ ​ဝေါမြို့ဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ https://www.myaelattathan.org/articles/%E2%81%A8စစ်မှုထမ်းဖို့အတွက်ဝေါမြို့နယ်ထဲကရွာတွေမှာ_စစ်တပ်ကအင်အားသုံးဝင်ဖမ်းနေ
6 60011Loading...
11
တိုက်ပွဲပြန်တွေကို ကြိုဆိုတဲ့ပွဲမှာ ပြည်သူတွေက သိန်း ၆၀ ကျော်ထောက်ပံ့(ရုပ်/သံ) မြောင်၊ မေ ၂၉၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက်အဖွဲ့တခုဖြစ်တဲ့ CDSOM တပ်ဖွဲ့ကို ကျေးရွာ ၃ရွာက ပြည်သူတွေစုပြီး သိန်း ၆၀ ကျော်ထောက်ပံ့ခဲ့သလို ဖျော်ဖြေရေးတွေနဲ့ လည်းကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။ မေလ ၂၈ရက် မ‌နေ့က တိုက်ပွဲမှာ ဒဏ်ရာရလို့ ကုသမှုခံယူနေတဲ့ ရဲဘော်တွေကို သွားရောက် ခေါ်ယူချိန် ကြိုဆိုခံခဲ့ရတာဖြစ်ပြီး တိုက်ပွဲပြီးတာ ရက်ပိုင်းကြာမှ ပြည်သူတွေ ကြိုဆိုတဲ့ပွဲမျိုးဟာ ခုမှ ပထမဆုံး ကြုံရတာဖြစ်တယ်လို့ CDSOM အဖွဲ့တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။ ကြိုဆိုပွဲမှာကျောင်းသူ ကျောင်းသားတွေက အကတွေနဲ့ ဖျော်ဖြေကာ ပန်းကုန်းစွပ်ကြိုဆိုပွဲလုပ်ပေးခဲ့ကြပြီး ထောက်ပံ့နေချိန်မှာတင် တခြားကျေးရွာတွေကပါ ထောက်ပံ့ချင်သူတွေရောက်လာကြလို့ ရဲဘော်တွေအနေနဲ့ ၂ ကြိမ်ပြန်ပြီး လက်ခံခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။ အဲ့ဒီ ကြိုဆိုပွဲကနေ ပြည်သူထောက်ပံ့ငွေ သိန်း ၆၀ကျော် လက်ခံရရှိခဲ့ပြီး ကျည်ဝယ်တဲ့နေရာမှာ ပြန်အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြောင်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၃ရက်၊ ၂၄ရက် ၂ ရက်ဆက်တိုက် CDSOM စခန်းကို ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရဲဘော် ၄ ဦး ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ သတင်း-ချယ်ရီ၊ စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP #မြေလတ်အသံ https://youtu.be/Aspi0j4Nx00?si=2zVnJD9y30PefGXp
4 7925Loading...
12
တောင်ညိုဆည်မှာတာဝန်ကျတဲ့ ဗိုလ်မှူးက ဒေသခံတွေဆီက အဓမ္မငွေတောင်းနေ နတ်တလင်း၊ မေ ၂၉၊ ၂၀၂၄။ ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ရှိ ဒေသအခေါ် မကျီးပင်ဆည်(တောင်ညိုဆည်) စက်လှေ ဂိတ်မှာတာဝန်ကျတဲ့ စစ်ကောင်စီဗိုလ်မှူးက အဓမ္မငွေကြေးတောင်းခံခဲ့တယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်က တောင်ညိုဆည်ကိုအမှီပြုနေတဲ့ ငါးအဝယ်ဒိုင် ၉ ဒိုင်ဆီကနေ စုစုပေါင်း ကျပ် ၄ သိန်း တောင်းပြီး ဆည်အနီးက ကုန်စုံဆိုင် ၄ ဆိုင်ကိုလည်း အဲ့ဒီရက်ဝန်းကျင်မှာပဲ တဆိုင်ကို ကျပ်နှစ် သိန်းခွဲစီ တောင်းယူခဲ့တာလို့ ဆိုပါတယ်။ “သူ့အတွက် အခွန်အခ သဘောမျိုး‌တောင်းတာ။ မိုက်ကြေးခွဲတာပေါ့ဗျာ။ အကုန်လုံးပေးရတာ၊ အရင်ကောင်(ဗိုလ်မှူး)တွေက မတောင်းဘူး။ သူ့လက်ထက်ကျမှ တောင်းတာ။ သူက စက်လှေဂိတ်ကို ရောက်လာတာ တလခွဲဝန်းကျင်ပဲရှိသေးတယ်” လို့ နတ်တလင်းဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ https://www.myaelattathan.org/articles/တောင်ညိုဆည်မှာတာဝန်ကျတဲ့ဗိုလ်မှူးက_ဒေသခံတွေဆီက_အဓမ္မငွေတောင်းနေ
4 6522Loading...
13
တောင်ညိုဆည်မှာတာဝန်ကျတဲ့ ဗိုလ်မှူးက ဒေသခံတွေဆီက အဓမ္မငွေတောင်းနေ နတ်တလင်း၊ မေ ၂၉၊ ၂၀၂၄။ ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ရှိ ဒေသအခေါ် မကျီးပင်ဆည်(တောင်ညိုဆည်) စက်လှေ ဂိတ်မှာတာဝန်ကျတဲ့ စစ်ကောင်စီဗိုလ်မှူးက အဓမ္မငွေကြေးတောင်းခံခဲ့တယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်က တောင်ညိုဆည်ကိုအမှီပြုနေတဲ့ ငါးအဝယ်ဒိုင် ၉ ဒိုင်ဆီကနေ စုစုပေါင်း ကျပ် ၄ သိန်း တောင်းပြီး ဆည်အနီးက ကုန်စုံဆိုင် ၄ ဆိုင်ကိုလည်း အဲ့ဒီရက်ဝန်းကျင်မှာပဲ တဆိုင်ကို ကျပ်နှစ် သိန်းခွဲစီ တောင်းယူခဲ့တာလို့ ဆိုပါတယ်။ “သူ့အတွက် အခွန်အခ သဘောမျိုး‌တောင်းတာ။ မိုက်ကြေးခွဲတာပေါ့ဗျာ။ အကုန်လုံးပေးရတာ၊ အရင်ကောင်(ဗိုလ်မှူး)တွေက မတောင်းဘူး။ သူ့လက်ထက်ကျမှ တောင်းတာ။ သူက စက်လှေဂိတ်ကို ရောက်လာတာ တလခွဲဝန်းကျင်ပဲရှိသေးတယ်” လို့ နတ်တလင်းဒေသခံတဦးက ပြောပါတယ်။
20Loading...
14
ကနီရွာမှာ မိုင်းဆွဲခံရလို့ စစ်သား ၂ ဦးသေဆုံး မြိုင်၊ မေ ၂၉၊ ၂၀၂၄။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ကနီကျေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၂၈ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်း ဆီက သိရပါတယ်။ ကနီကျေးရွာကထွက်လာတဲ့ စစ်သားနဲ့ပျူစောထီးအင်အား ၆၀ လောက်ကို ရွာဘုန်းကြီးကျောင်းတိုက် အနီးမှာ ည ၇ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက် မိနစ် ၂၀ ကြာနှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ရာ ထိခိုက်သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။ "သူတို့ မိုင်းကွင်းထဲရောက်တဲ့အချိန်မှာ လက်နက်ငယ်နဲ့ အရင်ပစ်လိုက်တယ်။ ပြီးတော့ မိုင်းဆွဲချလိုက်တယ်။ စစ်သား ၂ ယောက်သေတယ်" လို့ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းမှ တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကနီရွာမှာမိုင်းဆွဲခံရလို့_စစ်သား၂ဦးသေဆုံး
4 7334Loading...
15
ရိက္ခာဖူလုံရေး စိုက်ပျိုးမွေးမြူလုပ်ငန်းတွေ တိုးချဲ့ဖို့ ရံပုံငွေနည်းပါးနေ (ရုပ်/သံ) ယင်းမာပင်၊ မေ ၂၉၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁ မှာ စားနပ်ရိက္ခာဖူလုံဖို့အတွက် ၂၀၂၂ ခုနှစ် အစောပိုင်းမှစပြီး သီးနှံစိုက်ခင်းတွေနဲ့ မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။ တပ်ရင်းက ရဲဘော်ရဲမေတွေ ရိက္ခာအတွက် မေလအစောပိုင်းမှာ ကြက်သွန်၊ နှမ်း၊ စပါး သီးနှံတွေကို စိုက်ပျိုးလုပ်ကိုင်နေပြီး တိုးချဲ့လုပ်ကိုင်ဖို့ ရံပုံငွေအခက်အခဲရှိနေတယ်လို့ တပ်ဖွဲ့ ထောက်ပို့တာဝန်ခံ ရဲမေ မချယ်ရီ ကပြောပါတယ်။ ဒေသရာသီအလိုက် ကြက်သွန် ၀.၂၅ ဧက၊ နှမ်း ၀.၂၅ ဧကနဲ့ စပါး ၁ ဧက တို့ကို စိုက်ခင်းအကျယ် ၁ ဧကခွဲခန့်မှာ စိုက်ပျိုးနေကြတာဖြစ်ပြီး မြေနေရာကို ဒေသခံပြည်သူတွေက ငွေကြေးမယူဘဲ ငှားရမ်းပေးထားတာလို့ သူမက ဆက်ပြောပါတယ်။ စိုက်ပျိုးမြေနေရာ၊ ဆည်ရေရဖို့နဲ့ စိုက်ပျိုးရေးအတွက်လိုအပ်တာတွေကို ဒေသခံပြည်သူတွေ၊ ပအဖ၊ ပကဖတို့က ရဲဘော်များနဲ့အတူ ကူညီလုပ်ကိုင်ပေးပြီး ယခင်ကရရှိလာတဲ့ စိုက်ပျိုးသီးနှံတွေကို တပ်ရင်းအတွက်သုံးသလို စစ်ရှောင်တွေကိုလည်း မျှဝေပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်ဖွဲ့မှာ အသားဟင်းအတွက် ကြက်ငယ်များ တနိုင်တပိုင် မွေးထားသလို ကြက်၊ဘဲ၊ ဝက်၊ ဆိတ် တို့ကို ခြံဝန်းနဲ့မွေးမြူချင်ပေမယ့် ရံပုံငွေလိုအပ်ချက်ကြောင့် တိုးချဲ့မမွေးမြူနိုင်သေးတာလို့ သိရပါတယ်။ သတင်း - စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP #မြေလတ်အသံ #စစ်ကိုင်း #ယင်းမာပင် #PDF #ရိက္ခာ #စိုက်ပျိုးမွေးမြူရေး #ရံပုံငွေ https://youtu.be/oesSapdniF8
4 7891Loading...
16
နယ်စပ်တကျောမှာ သူတို့နေထိုင်ကြီးပြင်း ရှင်သန်ကျက်စားနေကြပုံကို ကျနော် အံ့ဩမှင်သက်ရတယ်။ သူတို့တွေက နိုင်ငံရပ်ခြားမှာဆိုပေမယ့် ဧည့်စာရင်းတိုင်စရာမလိုဘဲ နေထိုင်နိုင်ကြတဲ့ နိုင်ငံရပ်ခြားက ဧည့်သည်တွေ။ ဒီလိုပြောရင် သူတို့ကြိုက်မှာ မဟုတ်လောက်ဘူး။ တချို့က ထိုင်းနိုင်ငံသားမဖြစ်ယုံတမယ် ထိုင်းမှာမွေး ထိုင်းမှာကြီးပြင်း ကျင်လည်နေကြသူတွေ။ သူတို့က မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ချောင်းသာသာ သောင်ရင်းမြစ်ကိုဖြတ် အိမ်ဦးနဲ့ကြမ်းပြင်လို့ ကူးချည်သန်းချည်ပဲ။ တခါတလေဆို မနက်အစော ပီနံအိတ်ထုပ်လေး ထမ်းပိုးရွက်ပြီး မြန်မာနိုင်ငံကို ခဏပြန်သွားလိုက်တာ ညနေမှောင်ရီဖြိုးဖျ အချိန်မှာ ချက်ပြုတ်စရာ မီးဖိုချောင်ပစ္စည်းလေးတွေနဲ့ ထိုင်းနိုင်ငံရဲ့ တောင်ယာလယ်ကွင်းလေးတွေထဲကို ပြန်ရောက်လာတတ် ပြန်ပါတယ်။ အဲဒီလိုအာဂ မြန်မာရွှေ့ပြောင်းလုပ်သား တောင်ယာသမားများပါပေ။ ပြောမယုံကြုံဖူးမှသိ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းခဲ့ကြသူများပါပေ... အပြည့်အစုံဖတ်ရန် - https://www.myaelattathan.org/articles/ကျောင်းဖွင့်ချိန်မှာ_သူတို့ပြန်ရောက်မလာပါ
4 3980Loading...
17
NUG ပညာရေးဝန်ကြီးဌာန ဝေဖန်ခံရပြီးနောက် စာမေးပွဲရလဒ်စစ်ဆေးခြင်းဖောင်ကို အခမဲ့ သတ်မှတ် မြေလတ်အသံ၊ မေ ၂၉၊ ၂၀၂၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကထုတ်ပေးတဲ့ ၂၀၂၃ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်စာမေးပွဲ အောင်လက်မှတ် မရသူတွေအနေနဲ့ ငွေကျပ် ၃ သောင်းပေးကာ ပြန်လည်စစ်ဆေးဖို့ ဖောင်တင်နိုင်တယ်လို့ ကနဦးထုတ်ပြန်ထားပေမယ့် အဲဒီထုတ်ပြန်ချက်အပေါ် ကျောင်းသားမိဘတွေက ဝေဖန်ခဲ့ကြတဲ့နောက်ပိုင်း အခုအခါ အဆိုပါ ငွေကျပ် ၃ သောင်းကို ပေးစရာမလိုတော့ဘဲ ဖောင်တင်နိုင်ပြီလို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ၂၀၂၃ ဖေဖော်ဝါရီကနေ အောက်တိုဘာလထိ ကျင်းပခဲ့တဲ့ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ် စာမေးပွဲအောင်စာရင်းကို ဖြေဆိုပြီး ၁ နှစ်ကျော်အကြာမှာ ထုတ်ပေးနိုင်ခဲ့ပေမယ့် CDM ကျောင်းသား ၆,၀၀၀ ကျော်ကို မသမာမှုစည်းကမ်းချက်နဲ့ ငြိတယ်ဟုဆိုကာ အသိမှတ်ပြုလက်မှတ် မထုတ်ပေးခဲ့ပါဘူး။ အဲဒီထဲကမှ စည်းကမ်းချက်နဲ့အညီ ဖြေဆိုထားပေမယ့်... သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/NUGပညာရေးဝန်ကြီးဌာနဝေဖန်ခံရပြီးနောက်_စာမေးပွဲရလဒ်စစ်ဆေးခြင်းဖောင်ကို_အခမဲ့သတ်မှတ်
4 4565Loading...
18
လှည့်ကင်းလာတဲ့ စစ်ကောင်စီ ရဲအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး အုတ်တွင်း၊ မေ ၂၉၊ ၂၀၂၄။ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကြက်တက်ညောင်ပင်ကျေးရွာ စာသင်ကျောင်းအနီးမှာ လှည့်ကင်းလာတဲ့ စစ်ကောင်စီ ရဲအဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ တောင်ငူခရိုင် ၃၅၀၁ တပ်ရင်းဆီက သိရပါတယ်။ မေ ၂၈ ရက် နေ့လယ် ၂ နာရီခန့်မှာ အင်အား ၁၀ ဦးခန့်နဲ့ စာသင်ကျောင်းမှာ ကျောင်းအပ်တာကို လာကြည့်ပြီး လှည့်ကင်းလှည့်နေတဲ့ရဲအဖွဲ့ကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ "သူတို့တွေက ကျောင်းအပ်တာကိုလာစစ်ပြီး ပြန်ထွက်လာတဲ့အဖွဲ့လို့တော့ သိရတယ်။ အဲ့ဒါကို ကျနော်တို့ရဲဘော်တွေဘက်က အလစ်ချောင်းပြီး ပစ်ခတ်ခဲ့ကြတာ။ ပစ်ခတ်ချိန်ကတော့ သိပ်မကြာလိုက်ဘူး"လို့ တောင်ငူခရိုင် ၃၅၀၁၊ တပ်ခွဲ ၁၊ ထောက်လှမ်းရေးတာဝန်ခံကပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/လှည့်ကင်းလာတဲ့_စစ်ကောင်စီ_ရဲအဖွဲ့_တိုက်ခိုက်ခံရလို့၃ဦးသေဆုံး
4 4673Loading...
19
ဖြူးမြို့နယ်မှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၁ ဦးသေပြီး ကလေး ၁ ဦးအပါ ၅ ဦးဒဏ်ရာရ ဖြူး၊ မေ ၂၉၊ ၂၀၂၄။ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဥသျှစ်ခင်အနောက်ကျေးရွာမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၁ ဦးသေပြီး ကလေး ၁ ဦးအပါအဝင် ၅ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မေ ၂၇ ရက် ညနေ ၅ နာရီခန့်မှာ ဥသျှစ်ခင်ကျေးရွာလမ်းပေါ်ကို လက်နက်ကြီးတလုံးကျပြီး ပေါက်ကွဲခဲ့ရာ လမ်းသွားလမ်းလာနဲ့အနီးအနား လူနေအိမ်တွေ ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ "တိုက်ပွဲဖြစ်နေတာမျိုးလည်းမရှိဘူး။ အဲတော့ရွာက လူတွေက ပုံမှန်သွားလာနေချိန်မှာ လက်နက်ကြီးကျလာ တာလို့ သိရတယ်။ အဲဒီမှာ ကလေးတွေကော အမျိုးသမီးတွေကိုပါ အစမှန်ကုန်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ဖြူးမြို့နယ်မှာလက်နက်ကြီးကျလို့_အမျိုးသမီး၁ဦးသေပြီး_ကလေး၁ဦးအပါ၅ဦးဒဏ်ရာရ
4 9773Loading...
20
လက်နက်နဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားတဦးကို ကျပ်သိန်း ၁၀၀ ချီးမြှင့် ဆားလင်းကြီး၊ မေ ၂၉၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြို့မရဲစခန်းမှ လုပ်သက် တနှစ်ခွဲကျော်ရှိတဲ့ ရဲတပ်သား ၁ ဦး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ကတဆင့် သိရပါတယ်။ အထက်အရာရှိတွေရဲ့ ရိုက်နှက်ညှင်းပန်းမှုကို သည်းမခံနိုင်တော့တဲ့အတွက် မေ ၂၆ ရက်မှာ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ ၄ Salingyi Revolution Eagles အဖွဲ့ဆီကို အလင်းဝင်လာတာဖြစ်ပြီး တပ်ဖွဲ့ကနေ ဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ “သူ့မှာက ဖုန်းမရှိတော့ သွားခေါ်ချိန် လမ်းလွဲပြီး ကြိုတဲ့သူနဲ့မတွေ့ဘဲ နောက်မှာကျန်ခဲ့တဲ့ ရဲဘော်တွေရဲ့ကားဆီကို ရောက်သွားတယ်။ အဲမှာ သေနတ်ကြီးကို မြှောက်ပြီး အလင်းဝင်ချင်လို့ပါဗျဆိုပြီး အော်ပြောတာ။” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ရဲ့ ထောက်လှမ်းရေးအရာရှိက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/လက်နက်နဲ့အလင်းဝင်လာတဲ့_ရဲတပ်သားတဦးကို_ကျပ်သိန်း၁၀၀ချီးမြှင့်
4 9071Loading...
21
လက်နက်နဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားတဦးကို ကျပ်သိန်း ၁၀၀ ချီးမြှင့် ဆားလင်းကြီး၊ မေ ၂၉၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြို့မရဲစခန်းမှ လုပ်သက် တနှစ်ခွဲကျော်ရှိတဲ့ ရဲတပ်သား ၁ ဦး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ကတဆင့် သိရပါတယ်။ အထက်အရာရှိတွေရဲ့ ရိုက်နှက်ညှင်းပန်းမှုကို သည်းမခံနိုင်တော့တဲ့အတွက် မေ ၂၆ ရက်မှာ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ ၄ Salingyi Revolution Eagles အဖွဲ့ဆီကို အလင်းဝင်လာတာဖြစ်ပြီး တပ်ဖွဲ့ကနေ ဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ “သူ့မှာက ဖုန်းမရှိတော့ သွားခေါ်ချိန် လမ်းလွဲပြီး ကြိုတဲ့သူနဲ့မတွေ့ဘဲ နောက်မှာကျန်ခဲ့တဲ့ ရဲဘော်တွေရဲ့ကားဆီကို ရောက်သွားတယ်။ အဲမှာ သေနတ်ကြီးကို မြှောက်ပြီး အလင်းဝင်ချင်လို့ပါဗျဆိုပြီး အော်ပြောတာ။” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ရဲ့ ထောက်လှမ်းရေးအရာရှိက ပြောပါတယ်။
20Loading...
22
လက်ရုံးတပ် ညွှန်ကြားရေးမှူးတွေအပါ စစ်တပ်ထိပ်ပိုင်းနေရာတချို့ ထပ်မံလူစားလဲ မြေလတ်အသံ၊ မေ ၂၈၊ ၂၀၂၄ ။ စစ်ကောင်စီတပ်ရဲ့ စစ်လက်ရုံးတပ်ညွှန်ကြားရေးမှူး စစ်ဗိုလ်ချုပ်တွေ အပါအဝင် စစ်တပ်ထိပ်ပိုင်းနေရာတချို့ကို ထပ်မံအပြောင်းအလဲလုပ်ဆောင်တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်အောင်၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းဦး၊ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းမြတ်၊ သံချပ်ကာနှင့်ယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးနဲ့ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် တို့ကို အရန်အင်အားကို ပို့ဆောင်ခဲ့တာပါ။ အပြည့်အစုံ... https://www.myaelattathan.org/articles/လက်ရုံးတပ်_ညွှန်ကြားရေးမှူးတွေအပါ_စစ်တပ်ထိပ်ပိုင်းနေရာတချို့_ထပ်မံလူစားလဲ
7 97010Loading...
23
Media files
5 4130Loading...
24
ရှိန်းမကားရွာက စစ်ရှောင်တွေကို ရိက္ခာနဲ့ဆေးဝါးထောက်ပံ့ ဝက်လက်၊ မေ ၂၈၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာကနေ တိမ်းရှောင်နေရတဲ့စစ်ရှောင်တွေကို မေလ ၂၈ ရက် ဒီမနက်ပိုင်းမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးထောက်ပံ့ပေးခဲ့တယ်လို့ Bo Tiger - ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။ ရွှေဘိုမြို့နယ်ထောက်ပို့ရေးအဖွဲ့နဲ့ Bo Tiger - ဗိုလ်ကျားကြီး အဖွဲ့တို့ပူးပေါင်းကာ စစ်ရှောင် အိမ်ထောင်စု ၄၂ စုအတွက် ဆန်၊ ဆီ၊ မိုးကာ၊ ဆေးဝါးအချို့နဲ့ စားသောက်ကုန်ပစ္စည်းတွေ ထောက်ပံ့ခဲ့တာဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၂၀ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အဆိုပါစစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ စားသောက်ကုန်ပစ္စည်းတွေ လိုအပ်လျှက်ရှိနေသေးတဲ့အပြင် မိုးတွင်းကာလရောက်လာတဲ့အတွက် နေထိုင်ရာ အဆောက်အဦတွေလည်း လိုအပ်နေတယ်လို့ Bo Tiger - ဗိုလ်ကျားကြီးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။ ရှိန်းမကားကျေးရွာကို စစ်ကောင်စီတပ်သားတွေက အခုနှစ် နှစ်ဆန်းပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ၅၀၀ လောက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတာလည်း ဖြစ်ပါတယ်။ သတင်း - ဒိန်းဂျား၊ စာတည်း - လင်း #မြေလတ်အသံ
5 7591Loading...
25
မောင်ကရင်ရဲ့ ပျောက်ဆုံးရက်စွဲများ (ရုပ်/သံ) မြေလတ်အသံ၊ မေ ၂၈၊ ၂၀၂၄။ မိသားစုစားဝတ်နေရေး ကြပ်တည်းတာကြောင့် လူငယ်တယောက်ဟာ ၂၀၁၆ ခုနှစ်လောက်မှာ ရန်ကုန်မြို့ကို ရောက်လာခဲ့ပါတယ်။ ရန်ကုန်တိုင်း အင်းစိန်မြို့မှာနေကြတဲ့ သူငယ်ချင်းတွေနဲ့အတူ အခန်းငှားကာ ဟိုတယ်တခုမှာ စားပွဲထိုးလုပ်ပြီး သူ့ရဲ့ ဘဝတက်လမ်းအတွက် ရုန်းကန်နေခဲ့တာပါ။ ရန်ကုန်ရောက်ပြီး ၃ နှစ်အလွန် ၂၀၁၉ မှာတော့ ကိုဗစ်နိုင်တင်း ကပ်ဆိုးကြောင့် သူအလုပ်လုပ်နေတဲ့ ဟိုတယ်လည်း ပိတ်လိုက်ရလို့ မောင်ကရင်တယောက် ၆ လဝန်းကျင်လောက် အလုပ်လက်မဲ့ဖြစ်ခဲ့ရပါသေးတယ်။ နေ့တဒူဝကို ပင်ပင်ပန်းပန်း ရုန်းကန်နေတဲ့ လူငယ်တယောက် ဘဝတက်လမ်းအတွက် မွေးရပ်မြေကို သုံးနှစ် သုံးမိုးတိုင်တိုင် စွန့်ခွာခဲ့ပြီး ကိုဗစ်ကြောင့် ဘဝကို အသစ်ကပြန်စနေရတဲ့အချိန်မှာပဲ စစ်တပ်က အာဏာသိမ်းတာကို ထပ်ကြုံရပြန်ပါတယ်။ စစ်တပ်က အာဏာသိမ်းတာ တလအကျော်မှာတော့ မောင်ကရင်ဟာ ကြံမ္မာဆိုး ကြီးတခုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ရုပ်သံကြည့်ရန်... https://youtu.be/tUlW3YOTXK0 #ခြေတဘက် #ဆုံးရှုံး #နွေဦးတော်လှန်ရေး #မသန်စွမ်း #မြေလတ်သတင်း #မြေလတ်ရုပ်သံ
5 1572Loading...
Photo unavailableShow in Telegram
ကိုရဲမင်း၏ စစ်ရှောင်စခန်းရှိ အသက် ၆၀ အရွယ် အဘိုးအဘွား ၅ ဦးသည် ကျေးရွာ မီးရှို့ခံရသည့်နေ့က ၎င်းတို့ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့သည်။ ထို့နောက် ရွာကို မီးရှို့သည့်အကြောင်း မည်သူ့ကိုမျှပြန်မပြောရန် စစ်ကောင်စီတပ်သားများက ၎င်းတို့ ၅ ဦးကို သေနတ်ထောက်ခြိမ်းခြောက်ပြီး ပြန်လွှတ်ပေးခဲ့သည်။ အဆိုပါ အဘိုးအဘွားများသည် ယခုအချိန်ထိ သေနတ်မြင်လျှင်ကြောက်လန့်နေကြဆဲဖြစ်သည်ဟု ကိုရဲမင်းက ပြောသည်။ “နဖူးကို ပြောင်းဝတေ့ပြီး မင်းတို့ ငါတို့မီးရှို့တာကိုမပြောနဲ့ ပြောရင် သတ်ပစ်မယ်ဆိုပြီး ပြောတာ။ ဒါမျိုးတွေထိ ခြိမ်းခြောက်ခံရတော့ အဲ့ဒီအဘိုးအဘွားတွေမှာဆိုရင် ခုချိန်အထိ သေနတ်မြင်ရင်ကို ကြောက်နေကြတာ။” ဟု သူက ပြောသည်။ စစ်ရှောင်စခန်းရှိ အဘိုးအဘွားများဆီသို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လာရောက်စကားပြောသည့်အခါ သူတို့အနီးကိုလာလျှင် သေနတ်များယူမလာရန် တောင်းဆိုကြပြီး တချို့အဘိုးအဘွားများမှာလည်း သေနတ်မြင်လျှင်... ဆောင်းပါးအပြည့်အစုံ - https://www.myaelattathan.org/articles/စိတ်ဒဏ်ရာကုစားဖို့လိုအပ်နေသည့်_အညာစစ်မြေပြင်က_သက်ကြီးရွယ်အိုများ
Show all...
👍 12😁 5😢 5
ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ) မြိုင်၊ မေ ၂၉၊ ၂၀၂၄။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာ စာသင်ကျောင်းကနေ ရွာတောင်ဘက်ကို ရိက္ခာထွက်ရှာတဲ့ စစ်သားတွေကို မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အင်အား ၁၅ ဦးခန့်နဲ့ ရိက္ခာရှာထွက်လာချိန် မေ ၂၉ ရက် မနက်ပိုင်း ၈ နာရီ ၄၀ မိနစ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Earthquake People Defence Force ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ ၃၅ မိနစ်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ကိုင်းတောမရွာ စာသင်ကျောင်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို Earthquake People Defence Force ၊ ပခုက္ကူမြို့နယ်အခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့ ၊ Pakokku People's Defense Force ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Young Force UG ၊ Thu Rain TR ၊ Pakokku Hunter ၊ Pakokku Underground Force၊ မြိုင်တပ်ရင်း ၂ ၊Just Revolution Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ သတင်း - ဒိန်းဂျား၊ တည်းဖြတ် - HP #မြေလတ်အသံ #မကွေး #မြိုင် #ကိုင်းတောမ #စစ်တပ် #ပစ်ခတ် #တိုက်ပွဲ https://youtu.be/D5Jt5m9k5tQ
Show all...
ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး မြိုင်၊ မေ ၂၉၊ ၂၀၂၄။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာ စာသင်ကျောင်းကနေ ရွာတောင်ဘက်ကို ရိက္ခာထွက်ရှာတဲ့ စစ်သားတွေကို မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အင်အား ၁၅ ဦးခန့်နဲ့ ရိက္ခာရှာထွက်လာချိန် မေ ၂၉ ရက် မနက်ပိုင်း ၈ နာရီ ၄၀ မိနစ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Earthquake People Defence Force ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ ၃၅ မိနစ်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ကိုင်းတောမရွာ စာသင်ကျောင်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို Earthquake People Defence Force ၊ ပခုက္ကူမြို့နယ်အခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့ ၊ Pakokku People's Defense Force ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Young Force UG ၊ Thu Rain TR ၊ Pakokku Hunter ၊ Pakokku Underground Force၊ မြိုင်တပ်ရင်း ၂ ၊Just Revolution Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ သတင်း - ဒိန်းဂျား၊ တည်းဖြတ် - HP #မြေလတ်အသံ #မကွေး #မြိုင် #ကိုင်းတောမ #စစ်တပ် #ပစ်ခတ် #တိုက်ပွဲ

👍 32👏 5 4
စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အထူးလှုပ်ရှားတပ်ရင်း ၅ က ဒုတပ်ရင်းမှူး ကျဆုံး ကလေး၊ မေ ၃၀၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်ဇလပ်ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းအထူးလှုပ်ရှား တပ်ရင်း ၅ - SR 5 က ဒုတပ်ရင်းမှူး ကျဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ မေ ၂၉ ရက် မနေ့ကနေ့လယ်ပိုင်းမှာ အဆိုပါဒုတပ်ရင်းမှူနဲ့အဖွဲ့ဟာ မြို့ပေါ်ကို မစ်ရှင်လုပ်ဖို့သွားချိန် စစ်ကောင်စီဘက်က နောက်ယောင်ခံလိုက်တာကိုခံရတဲ့အတွက် လူစုခွဲလိုက်ချိန်မှာ ပစ်ခတ်မှုဖြစ်ခဲ့ကြတာပါ။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ချိန်မှာ စစ်ကိုင်းတိုင်းအထူးလှုပ်ရှား တပ်ရင်း ၅ - SR 5 ဒုတပ်ရင်းမှူး ကိုဒီမို(ခ) ကိုရန်နိုင်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ၁ ဦးသေကာ ၁ ဦးခြေထောက်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်_အထူးလှုပ်ရှားတပ်ရင်း၅က_ဒုတပ်ရင်းမှူးကျဆုံး
Show all...
😢 39👍 8🫡 5
Photo unavailableShow in Telegram
ဒီလိုတွေ ဖြစ်ပြီးတဲ့နောက်မှာ နန်းရဲ့ စိတ်ခံစားချက်တွေဟာ အရင်ကထက် သိသိသာသာ ဆိုးရွားလာခဲ့တယ်။ အရင်ကထက် ဝမ်းနည်းလွယ်လာသလို၊ အိပ်ချိန်တွေကို ကမောက်ကမ ဖြစ်စေခဲ့တယ်။ အိမ်မက်ဆိုးတွေ မက်တယ်။ လူတွေအသတ်ခံရတာတွေကို ပြန်မြင်ယောင်တယ်။ သီချင်းတီးလုံးသံ ကြားရင်တောင် သူ့သတင်းရင်းမြစ်တွေ ကြုံတွေ့နေရတဲ့ ဘေးဒုက္ခတွေ အကြောင်း ခေါင်းထဲပေါ်လာပြီး မျက်ရည်ဝဲလာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ "ကျမနားထဲမှာ သူ့ရဲ့ ငိုသံတွေထပ်ကြားတယ်၊ အိပ်လို့မရဘူး၊ အနားမှာ လူတယောက်ယောက် လာပြီး စကားလာပြောနေတယ်လို့ ကျမမြင်နေရတယ်၊ သေချာအောင်ဆိုပြီး ဖုန်းမီးဖွင့်ပြီး ကြည့်တော့ ဘယ်သူမှမရှိဘူး"လို့ ... ဆောင်းပါးအပြည့်အစုံ - https://www.myaelattathan.org/articles/အနိဌာရုံသတင်းတွေကြားက_အမျိုးသမီးသတင်းသမားတွေ
Show all...
👍 8😢 3
မကွေး PDF ရဲမေတွေက သိုင်းပညာကိုသင်ယူပြီး ပြန်လည်လေ့ကျင့်ပေးနေ (ရုပ်/သံ) မကွေး၊ မေ ၃၀၊၂၀၂၄။ မကွေးတိုင်း၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင်ကွပ်ကဲရေးရုံးက PDF ရဲမေတွေဟာ သူတို့တတ်ထားတဲ့ မြန်မာ့သိုင်းပညာကို ပြန်လည်သင်ကြားပေးနေတယ်လို့ အဲ့ဒီတပ်ရင်းက သိရပါတယ်။ မကွေးခရိုင်ကွပ်ကဲရေးရုံးက ဆရာမ ၃ ဦးဟာ လိုင်ဇာမြို့နယ်မှာ သိုင်းပညာကို သင်ယူခဲ့တာဖြစ်ပြီး တပ်ရင်းမှာရှိတဲ့ ရဲဘော်တွေကို သင်တန်းအပတ်စဥ် ၁ နဲ့ ၂ ကို ပြန်လည် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ "စစ်ပညာသာမကဘဲ ကိုယ်ခံပညာကိုပါ လက်ဆင့်ကမ်းသင်ကြားပေးသွားမှာပါ။ သင်တန်းမှာ စိတ်ဓာတ် တက်ကြွဖို့၊ အမြင်ဆန်းဖို့နဲ့ လိုအပ်ရင် ခုခံကာကွယ်ဖို့အတွက် အဓိကရည်ရွယ်ပြီး ဒီပညာကို သင်ခဲ့တာပါ" လို့ ဆရာမ ဂျူရီ ကပြောပါတယ်။ မြန်မာ့သိုင်းပညာ အမျိုးအစားများစွာ ရှိတဲ့အထဲက ရှောင်နည်း၊ တိမ်းနည်း၊ ဗန်တို၊ ဗန်ရှည်၊ ၆၃ မောင်း စတဲ့ အခြေခံသိုင်းပညာတွေကို လေ့လာသင်ယူခဲ့ပြီး တပ်ဖွဲ့က ရဲဘော်တွေကို ပြန်လည်သင်ကြားပေးတယ်လို့ ဆိုပါတယ်။ သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် -ငြိမ်းဇော် #မြေလတ်အသံ #မကွေး #PDF #ခရိုင်ကွပ်ကဲရေး # စစ်သင်တန်း #သိုင်းပညာ #လက်ဆင့်ကမ်းသင်ကြား https://youtu.be/Y6Kwk4LNqFc
Show all...
မကွေး PDF ရဲမေတွေက သိုင်းပညာကိုသင်ယူပြီး ပြန်လည်လေ့ကျင့်ပေးနေ

မကွေး PDF ရဲမေတွေက သိုင်းပညာကိုသင်ယူပြီး ပြန်လည်လေ့ကျင့်ပေးနေ (ရုပ်/သံ) မကွေး၊ မေ ၃၀၊၂၀၂၄။ မကွေးတိုင်း၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင်ကွပ်ကဲရေးရုံးက PDF ရဲမေတွေဟာ သူတို့တတ်ထားတဲ့ မြန်မာ့သိုင်းပညာကို ပြန်လည်သင်ကြားပေးနေတယ်လို့ အဲ့ဒီတပ်ရင်းက သိရပါတယ်။ မကွေးခရိုင်ကွပ်ကဲရေးရုံးက ဆရာမ ၃ ဦးဟာ လိုင်ဇာမြို့နယ်မှာ သိုင်းပညာကို သင်ယူခဲ့တာဖြစ်ပြီး တပ်ရင်းမှာရှိတဲ့ ရဲဘော်တွေကို သင်တန်းအပတ်စဥ် ၁ နဲ့ ၂ ကို ပြန်လည် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ "စစ်ပညာသာမကဘဲ ကိုယ်ခံပညာကိုပါ လက်ဆင့်ကမ်းသင်ကြားပေးသွားမှာပါ။ သင်တန်းမှာ စိတ်ဓာတ် တက်ကြွဖို့၊ အမြင်ဆန်းဖို့နဲ့ လိုအပ်ရင် ခုခံကာကွယ်ဖို့အတွက် အဓိကရည်ရွယ်ပြီး ဒီပညာကို သင်ခဲ့တာပါ" လို့ ဆရာမ ဂျူရီ ကပြောပါတယ်။ မြန်မာ့သိုင်းပညာ အမျိုးအစားများစွာ ရှိတဲ့အထဲက ရှောင်နည်း၊ တိမ်းနည်း၊ ဗန်တို၊ ဗန်ရှည်၊ ၆၃ မောင်း စတဲ့ အခြေခံသိုင်းပညာတွေကို လေ့လာသင်ယူခဲ့ပြီး တပ်ဖွဲ့က ရဲဘော်တွေကို ပြန်လည်သင်ကြားပေးတယ်လို့ ဆိုပါတယ်။ သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် -ငြိမ်းဇော် #မြေလတ်အသံ #မကွေး #PDF #ခရိုင်ကွပ်ကဲရေး # စစ်သင်တန်း #သိုင်းပညာ #လက်ဆင့်ကမ်းသင်ကြား

👍 37 5
Photo unavailableShow in Telegram
စစ်မှုထမ်းအပတ်စဉ် ၂ အတွက် မြေလတ်ဒေသက လူငယ် ၈၀၀ ကျော် အဓမ္မဖမ်းဆီးခံရ မြေလတ်အသံ၊ မေ ၃၀၊ ၂၀၂၄။ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း စတဲ့ မြေလတ်ဒေသက လူငယ် ၈၀၀ ကျော် အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ဆိုပါတယ်။ ဧပြီလအစောပိုင်းက စတင်ကာ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် မြို့ရွာတွေမှာ လူစာရင်းကောက်ယူ ရွေးချယ်မှုတွေ ပြုလုပ်ခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့ရဲ့ မြို့နယ်ပေါင်း ၂၀ က လူငယ် ၉၀၀ ကျော် အဓမ္မဖမ်းဆီးခံခဲ့ရတာလို့ BACS ရဲ့ ‘စစ်ကောင်စီ၏စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း- အပတ်စဉ် ၂’ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/စစ်မှုထမ်းအပတ်စဉ်၂အတွက်_မြေလတ်ဒေသကလူငယ်၈၀၀ကျော်_အဓမ္မဖမ်းဆီးခံရ
Show all...
🤬 23👍 12😢 1
ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိလို့ ရဲတပ်ကြပ်ကြီးတဦးသေဆုံး ပြည်၊ မေ ၃၀၊ ၂၀၂၄။ ပဲခူးတိုင်း၊ ပြည်မြို့၊ တီတွတ်ဂေါက်ကွင်းအနီး ပြည်-အောင်လံ ကားလမ်းမပေါ် မှာ ကားတိုက်ခံရလို့ ရဲတပ်ကြပ်ကြီး ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မေ ၂၉ ရက် နေ့လယ် ၁ နာရီခန့်မှာ မကွေးကနေ ပြည်ဘက်ကိုမောင်းလာတဲ့ ကောင်းမြတ်သာ ခရီးသည်တင်ယာဥ်နဲ့ ပြည်ဘက်ကမောင်းလာတဲ့ ရဲတပ်ကြပ်ကြီးသားအဖရဲ့ဆိုင်ကယ်တို့ ဂေါက်ကွင်းနားမှာ တိုက်မိခဲ့တာလို့ ဆိုပါတယ်။ "ကားနဲ့ဆိုင်ကယ်နဲ့က တည့်တိုက်ပြီး ဆိုင်ကယ်က ကားအောက်ကနေညှပ်ပါသွားတော့ ဆိုင်ကယ်မောင်းသူ ရဲတပ်ကြပ်ကြီးက ဆိုင်ကယ်နဲ့ညှပ်ပါသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကားနဲ့ဆိုင်ကယ်_မျက်နှာချင်းဆိုင်တိုက်မိလို့_ရဲတပ်ကြပ်ကြီးတဦးသေဆုံး
Show all...
👍 52👏 12 9😁 2
“အဆစ်ရောင်ဂေါက်ရောဂါနှင့် လက်တကမ်းဆေးပညာ” (Podcast) မြေလတ်အသံ၊ မေ ၃၀၊ ၂၀၂၄။ သောတရှင်များအားလုံး မင်္ဂလာပါ။ မြေလတ်အသံရဲ့ “လက်တကမ်း ကျန်းမာရေး Podcast” အစီအစဉ်နားဆင်လို့ရပါပြီ။ အခုတပတ် လက်တကမ်းကျန်းမာရေးအစီအစဉ်မှာ “အဆစ်ရောင်ဂေါက်ရောဂါ” အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ အဆစ်ရောင်ဂေါက်ရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ အဆစ်ရောင်ရောဂါမဖြစ်အောင် ရှောင်ရန်၊ ဆောင်ရန်နည်းလမ်းများ၊ အဆစ်ရောင်ရောဂါဖြစ်လာရင် ဘယ်လိုဆေးဝါးဓာတ်စာတွေနဲ့ ကုသနိုင်သလဲ စတာတွေကို နားဆင်ရမှာပါ။ #မြေလတ်အသံ #လက်တကမ်းကျန်းမာရေး #Podcast #အဆစ်ရောင်ဂေါက်ရောဂါ https://youtu.be/84eGwI1QCFA
Show all...
“အဆစ်ရောင်ဂေါက်ရောဂါနှင့် လက်တကမ်းဆေးပညာ” (Podcast)

“အဆစ်ရောင်ဂေါက်ရောဂါနှင့် လက်တကမ်းဆေးပညာ” (Podcast) မြေလတ်အသံ၊ မေ ၃၀၊ ၂၀၂၄။ သောတရှင်များအားလုံး မင်္ဂလာပါ။ မြေလတ်အသံရဲ့ “လက်တကမ်း ကျန်းမာရေး Podcast” အစီအစဉ်နားဆင်လို့ရပါပြီ။ အခုတပတ် လက်တကမ်းကျန်းမာရေးအစီအစဉ်မှာ “အဆစ်ရောင်ဂေါက်ရောဂါ” အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ အဆစ်ရောင်ဂေါက်ရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ အဆစ်ရောင်ရောဂါမဖြစ်အောင် ရှောင်ရန်၊ ဆောင်ရန်နည်းလမ်းများ၊ အဆစ်ရောင်ရောဂါဖြစ်လာရင် ဘယ်လိုဆေးဝါးဓာတ်စာတွေနဲ့ ကုသနိုင်သလဲ စတာတွေကို နားဆင်ရမှာပါ။ #မြေလတ်အသံ #လက်တကမ်းကျန်းမာရေး #Podcast #အဆစ်ရောင်ဂေါက်ရောဂါ

👍 31
ဒေသခံတွေရဲ့ ဆိုင်ကယ်၊ ကားတွေကို အခမဲ့ပြင်ဆင်ပေးနေတဲ့ မန္တလေး ခရိုင်တပ်ရင်း ၅ (ရုပ်/သံ) မန္တလေး၊ မေ ၂၉၊ ၂၀၂၄။ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက PDF ရဲဘော်တွေဟာ တပ်ရင်းမှာရှိတဲ့ ဆိုင်ကယ်၊ ကားတွေသာမကဘဲ အခြားတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ယာဥ်တွေကိုပါ ပြင်ဆင်ပေးနေတယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့စခန်းနဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေအထိပါ အခကြေးငွေမယူဘဲ လိုက်လံပြင်ဆင်ပေးနေတာလို့ မန္တလေးခရိုင် တပ်ရင်း ၅ ရဲ့ တပ်ရင်းမှူးဗိုလ်ဖောင်းဒိုင်း ကပြောပါတယ်။ တပ်ဖွဲ့အချင်းချင်း ကူညီပေးတာဖြစ်သလို ပြည်သူတွေစားဝတ်နေရေး ခက်ခဲနေတဲ့အခါမှာ တတ်နိုင်တဲ့ဘက်က ပြည်သူကို အကျိုးပြုတဲ့အနေနဲ့ အခမဲ့ပြင်ဆင်ရတာလို့ ဆိုပါတယ်။ ဆိုင်ကယ်နဲ့ကားတွေကို ပြင်ဆင်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေကိုသာ ဝယ်ယူပေးရတာမျိုးရှိပြီး ခရီးသွားသူတွေနဲ့ မှာယူရတဲ့အတွက် ခရီးကြန့်ကြာတဲ့ အခက်အခဲသာရှိတယ်လို့ သိရပါတယ်။ သတင်း - စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP #မြေလတ်အသံ #မန္တလေး #PDF ရဲဘော် #ယာဥ်ပြုပြင် #အခမဲ့ပြင်ဆင် #တော်လှန်ရေးတပ်ရင်း https://youtu.be/Jazm3w8d1gE
Show all...
ဒေသခံတွေရဲ့ ဆိုင်ကယ်၊ ကားတွေကို အခမဲ့ပြင်ဆင်ပေးနေတဲ့ မန္တလေး ခရိုင်တပ်ရင်း ၅

ဒေသခံတွေရဲ့ ဆိုင်ကယ်၊ ကားတွေကို အခမဲ့ပြင်ဆင်ပေးနေတဲ့ မန္တလေး ခရိုင်တပ်ရင်း ၅ မန္တလေး၊ မေ ၂၉၊ ၂၀၂၄။ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက PDF ရဲဘော်တွေဟာ တပ်ရင်းမှာရှိတဲ့ ဆိုင်ကယ်၊ ကားတွေသာမကဘဲ အခြားတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ယာဥ်တွေကိုပါ ပြင်ဆင်ပေးနေတယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့စခန်းနဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေအထိပါ အခကြေးငွေမယူဘဲ လိုက်လံပြင်ဆင်ပေးနေတာလို့ မန္တလေးခရိုင် တပ်ရင်း ၅ ရဲ့ တပ်ရင်းမှူးဗိုလ်ဖောင်းဒိုင်း ကပြောပါတယ်။ တပ်ဖွဲ့အချင်းချင်း ကူညီပေးတာဖြစ်သလို ပြည်သူတွေစားဝတ်နေရေး ခက်ခဲနေတဲ့အခါမှာ တတ်နိုင်တဲ့ဘက်က ပြည်သူကို အကျိုးပြုတဲ့အနေနဲ့ အခမဲ့ပြင်ဆင်ရတာလို့ ဆိုပါတယ်။ ဆိုင်ကယ်နဲ့ကားတွေကို ပြင်ဆင်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေကိုသာ ဝယ်ယူပေးရတာမျိုးရှိပြီး ခရီးသွားသူတွေနဲ့ မှာယူရတဲ့အတွက် ခရီးကြန့်ကြာတဲ့ အခက်အခဲသာရှိတယ်လို့ သိရပါတယ်။ သတင်း - စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP #မြေလတ်အသံ #မန္တလေး #PDF ရဲဘော် #ယာဥ်ပြုပြင် #အခမဲ့ပြင်ဆင် #တော်လှန်ရေးတပ်ရင်း

👍 77 33😁 7🌚 1

🤬 35👍 14 1😢 1