ru
Feedback
မြေလတ်အသံ - Myaelatt Athan

မြေလတ်အသံ - Myaelatt Athan

Открыть в Telegram

Sharing Information to the local

Больше

📈 Аналитический обзор Telegram-канала မြေလတ်အသံ - Myaelatt Athan

Канал မြေလတ်အသံ - Myaelatt Athan (@myaelattathan) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 37 359 подписчиков, занимая 6 886 место в категории Новости и СМИ и 3 868 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 37 359 подписчиков.

Согласно последним данным от 25 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -755, а за последние 24 часа — -48, при этом общий охват остаётся высоким.

  • Статус верификации: Верифицирован (официально подтверждён Telegram)
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 13.56%. В первые 24 часа после публикации контент обычно набирает 8.18% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 5 067 просмотров. В течение первых суток публикация набирает 3 056 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 54.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
Sharing Information to the local

Благодаря высокой частоте обновлений (последние данные получены 26 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

37 359
Подписчики
-4824 часа
-2387 дней
-75530 день

Загрузка данных...

Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
июль '26
июль '26
+26
в 1 каналах
июнь '26
+23
в 3 каналах
Get PRO
май '26
+5
в 2 каналах
Get PRO
апрель '26
+6
в 3 каналах
Get PRO
март '260
в 3 каналах
Get PRO
февраль '26
+2
в 3 каналах
Get PRO
январь '26
+31
в 9 каналах
Get PRO
декабрь '25
+54
в 2 каналах
Get PRO
ноябрь '25
+104
в 6 каналах
Get PRO
октябрь '25
+188
в 9 каналах
Get PRO
сентябрь '25
+131
в 7 каналах
Get PRO
август '25
+153
в 7 каналах
Get PRO
июль '25
+297
в 8 каналах
Get PRO
июнь '25
+259
в 8 каналах
Get PRO
май '25
+474
в 7 каналах
Get PRO
апрель '25
+228
в 4 каналах
Get PRO
март '25
+258
в 6 каналах
Get PRO
февраль '25
+491
в 8 каналах
Get PRO
январь '25
+580
в 10 каналах
Get PRO
декабрь '24
+982
в 16 каналах
Get PRO
ноябрь '24
+1 066
в 9 каналах
Get PRO
октябрь '24
+1 154
в 7 каналах
Get PRO
сентябрь '24
+618
в 8 каналах
Get PRO
август '24
+2 124
в 12 каналах
Get PRO
июль '24
+1 862
в 8 каналах
Get PRO
июнь '24
+1 335
в 8 каналах
Get PRO
май '24
+1 773
в 6 каналах
Get PRO
апрель '24
+2 057
в 4 каналах
Get PRO
март '24
+2 410
в 8 каналах
Get PRO
февраль '24
+3 025
в 11 каналах
Get PRO
январь '24
+2 217
в 7 каналах
Get PRO
декабрь '23
+4 175
в 8 каналах
Get PRO
ноябрь '23
+6 234
в 8 каналах
Get PRO
октябрь '23
+2 389
в 9 каналах
Get PRO
сентябрь '23
+1 945
в 0 каналах
Get PRO
август '23
+2 566
в 0 каналах
Get PRO
июль '23
+1 215
в 0 каналах
Get PRO
июнь '23
+958
в 0 каналах
Get PRO
май '23
+1 187
в 0 каналах
Get PRO
апрель '23
+2 151
в 0 каналах
Get PRO
март '23
+1 791
в 0 каналах
Get PRO
февраль '23
+1 812
в 0 каналах
Get PRO
январь '23
+340
в 0 каналах
Get PRO
декабрь '22
+308
в 0 каналах
Get PRO
ноябрь '22
+357
в 0 каналах
Get PRO
октябрь '22
+233
в 0 каналах
Get PRO
сентябрь '22
+212
в 0 каналах
Get PRO
август '22
+262
в 0 каналах
Get PRO
июль '22
+235
в 0 каналах
Get PRO
июнь '22
+283
в 0 каналах
Get PRO
май '22
+231
в 0 каналах
Get PRO
апрель '22
+148
в 0 каналах
Get PRO
март '22
+123
в 0 каналах
Get PRO
февраль '22
+82
в 0 каналах
Get PRO
январь '22
+147
в 0 каналах
Get PRO
декабрь '21
+103
в 0 каналах
Get PRO
ноябрь '21
+130
в 0 каналах
Get PRO
октябрь '21
+1 633
в 0 каналах
Get PRO
сентябрь '21
+1 729
в 0 каналах
Дата
Привлечение подписчиков
Упоминания
Каналы
25 июля0
24 июля0
23 июля0
22 июля0
21 июля0
20 июля0
19 июля0
18 июля0
17 июля0
16 июля0
15 июля+5
14 июля0
13 июля0
12 июля0
11 июля+14
10 июля+4
09 июля0
08 июля0
07 июля0
06 июля0
05 июля+3
04 июля0
03 июля0
02 июля0
01 июля0
Посты канала
အသစ်တိုးချဲ့ပြေးဆွဲမယ့် ရန်ကုန်-ပြည် မီးရထားခရီးစဉ်မှာ အုတ်ဖို၊ ဇီးကုန်းနဲ့ သဲကုန်း​ဘူတာတွေမပါဝင် ပဲခူး၊ ဇူလိုင် ၂၅၊ ၂၀၂၆။ ၂၀
အသစ်တိုးချဲ့ပြေးဆွဲမယ့် ရန်ကုန်-ပြည် မီးရထားခရီးစဉ်မှာ အုတ်ဖို၊ ဇီးကုန်းနဲ့ သဲကုန်း​ဘူတာတွေမပါဝင် ပဲခူး၊ ဇူလိုင် ၂၅၊ ၂၀၂၆။ ၂၀၂၆ ဇူလိုင် ၃၁ ရက်နေ့ (အခုလကုန်) က စတင်ပြီး လေအေးပေးစက်ပါ အဆင့်မြင့်ခေတ်မီရထား DEMU (Diesel Electric Multiple Unit)နဲ့ ရန်ကုန်-ပြည်မီးရထားခရီးစဉ် အဖြစ် အသစ်ပြေးဆွဲသွားမှာဖြစ်ပြီး၊ အဲ့ဒီခရီးစဥ်သစ်မှာ အုတ်ဖို၊ ဇီးကုန်းနဲ့ သဲကုန်း ဘူတာတွေ ပါဝင်ခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ရန်ကုန်- ပြည်လမ်းတလျှောက်မှာရပ်တန့်မယ့် ကြားဘူတာတွေဟာ ရန်ကုန်တိုင်းအတွင်းက တညင်းကုန်းဘူတာနဲ့ ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်၊ နတ်တလင်းနဲ့ ပေါင်းတည်စတဲ့ ဘူတာတွေသာပါဝင်ကြောင်း ဖော်ပြထားပါတယ်။ ရထားရပ်တန့်ခြင်းမရှိတဲ့ မြို့နယ် ၃ ခုရဲ့ ဘူတာတွေထဲက ဇီးကုန်းမြို့ဟာ ရန်ကုန်-ပြည် ကားလမ်းနဲ့ မီးရထားလမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး၊ တခြားမြို့နယ် ၂ ခုဖြစ်တဲ့ သဲကုန်းနဲ့ အုတ်ဖိုမြို့တို့ရဲ့ ဘူတာတွေကတော့ ရန်ကုန်-ပြည် ကားလမ်းပေါ်မှာ မဟုတ်တဲ့အတွက် — သတင်းအပြည့်အစုံ - https://myaelattathan.com/news/25459/

2
လူမရှိတဲ့ PDF စခန်းထဲဝင်သိမ်းတဲ့စစ်ကြောင်းကို ပြန်တိုက်ခိုက်ပြီး လက်နက်တွေသိမ်းဆည်း ဆော၊ ဇူလိုင် ၂၅၊ ၂၀၂၆။ မကွေးတိုင်း၊ ဆောမြ+7
လူမရှိတဲ့ PDF စခန်းထဲဝင်သိမ်းတဲ့စစ်ကြောင်းကို ပြန်တိုက်ခိုက်ပြီး လက်နက်တွေသိမ်းဆည်း ဆော၊ ဇူလိုင် ၂၅၊ ၂၀၂၆။ မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆောမြို့နဲ့လောင်းရှည်မြို့အကြားရှိ PDF ယာယီစခန်းကို ဝင်သိမ်းတဲ့စစ်ကောင်စီအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်ရာ လက်နက်အချို့သိမ်းဆည်းရမိထားတယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ဇူလိုင် ၂၄ ရက်နေ့လယ် ၁၂ နာရီခန့်မှာ လောင်းရှည်မြို့ကနေထွက်လာတဲ့ အင်အား ၂၀၀ ပါ စစ်ကြောင်းဟာ လောင်းရှည်နဲ့ဆောမြို့အစပ်က ဂန့်ဂေါခရိုင်တပ်ရင်း ၆ ရဲ့စခန်းနေရာကို ဝင်ရောက်စီးနင်းပြီးနောက် ပြန်ထွက်လာချိန်မှာတိုက်ခိုက်ခံရတာလို့ဆိုပါတယ်။ "စခန်းဟောင်းကို ဟပေးလိုက်တာ။ တပ်ရင်း ၆ ကစခန်းကုန်းကို ဟပေးပြီးမှဝင်တိုက်တာ။ အာပီဂျီတွေကော G3 တွေကော၊ MA 3 တွေနဲ့ ၆၀ သီး၊ ၈၀ သီးတွေလည်းတော်တော်ရလိုက်တယ်"လို့ ဖြစ်စဥ်ကိုသိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25449/
2 807
3
ပုဂံနဲ့ခေတ်ပြိုင်ယဥ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ ပုဂံငယ်ရွာကို စစ်ကြောင်းထိုးမီးရှို့နေ ■ စစ်ကြောင်းကြောင့် ရွာပေါင်း ၂၀ ကျော်က
ပုဂံနဲ့ခေတ်ပြိုင်ယဥ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ ပုဂံငယ်ရွာကို စစ်ကြောင်းထိုးမီးရှို့နေ ■ စစ်ကြောင်းကြောင့် ရွာပေါင်း ၂၀ ကျော်က ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ ချောက်၊ ဇူလိုင် ၂၅၊ ၂၀၂၆။ မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ပုဂံနဲ့ခေတ်ပြိုင်ယဥ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ ပခန်းငယ် (ခ) ပုဂံငယ်ရွာကို စစ်ကော်မရှင်တပ်ကစစ်ကြောင်းဝင်မီးရှို့ခဲ့တာကြောင့် ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရတယ်လို့ မကွေးတိုင်းပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။ ဇူလိုင် ၂၅ ရက်မနက် ၈ နာရီခန့်မှာ စလေအခြေစိုက် ခမရ ၄၁၆ တပ်ကနေ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ကျေးရွာထဲကိုရောက်လာပြီး နေအိမ်တွေကို မီးရှို့နေတာလို့ဆိုပါတယ်။ "စစ်ကြောင်းဝင် မီးရှို့နေလို့ ချောက်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေအကုန်စစ်ရှောင်နေရတယ်။ စစ်ကြောင်းက ရွာထဲရှိနေတုန်းပါ။ မီးလောင်ပျက်စီးအခြေနေကတော့ လတ်တလောမသိရသေးပါဘူး" သတင်းအပြည့်အစုံ - https://myaelattathan.com/news/25445/
3 011
4
https://www.youtube.com/shorts/U2e-OCM030Y?feature=share
3 588
5
ရွှေတပိဿာကျော် ဓားပြတိုက်သူ ၆ ဦးဖမ်းမိသော်လည်း ရွှေအနည်းငယ်သာပြန်ရသေး မန္တလေး၊ ဇူလိုင် ၂၄၊ ၂၀၂၆။ မန္တလေးတိုင်း၊ ချမ်းမြသာစည်
ရွှေတပိဿာကျော် ဓားပြတိုက်သူ ၆ ဦးဖမ်းမိသော်လည်း ရွှေအနည်းငယ်သာပြန်ရသေး မန္တလေး၊ ဇူလိုင် ၂၄၊ ၂၀၂၆။ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က မီလျံနာရွှေဆိုင် ဓားပြတိုက်မှုမှာ ပြစ်မှုကျူးလွန်သူ ၆ ဦးကို ဖမ်းမိထားတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ မြို့ခံတွေထံက သိရပါတယ်။ ဓားပြတိုက်မှုဖြစ်ပွားပြီး ၂ ရက်အကြာ ဇူလိုင်လ ၂၂ ရက်နေ့မှာ ပြစ်မှူကျူးလွန်သူတွေအနက် ၂ ဦးကို တံတားဦးမြို့အပိုင် အမြန်လမ်းပေါ်မှာ ဖမ်းမိခဲ့ပြီးနောက် ကျန် ၄ ဦးကို ဇူလိုင်လ ၂၃ ရက်နေ့က ထပ်မံဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ "အမြန်လမ်းမှာ နှစ်ယောက်မိပြီးတော့ နောက်နှစ်ယောက်ကို စစ်ကိုင်းသွားမယ့်လမ်းပေါ်မှာ ထပ်မိတယ်။ တယောက်က တံလျှပ်မော်တောင်ရပ်ကွက်က တည်းခိုခန်းတခုမှာ မိတာ။ နောက်တယောက်ကိုလည်း မြို့ထဲမှာ ထပ်မိတာ။ နောက်ဆုံးတယောက်က သေနတ်ကိုင်တဲ့တယောက်ပါ"လို့ ဖြစ်စဥ်ကိုသိထားတဲ့ မြို့ခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25442/
3 489
6
⁨⁩ ⁨စလင်းမှာ လယ်တောသွားတဲ့ တောင်သူတဦး မြေမြှုပ်မိုင်းထိလို့ ခြေထောက်ပြတ် စလင်း၊ ဇူလိုင် ၂၄၊ ၂၀၂၆။ မကွေးတိုင်း၊ စလင်းမြို့နယ်၊
⁨⁩ ⁨စလင်းမှာ လယ်တောသွားတဲ့ တောင်သူတဦး မြေမြှုပ်မိုင်းထိလို့ ခြေထောက်ပြတ် စလင်း၊ ဇူလိုင် ၂၄၊ ၂၀၂၆။ မကွေးတိုင်း၊ စလင်းမြို့နယ်၊ မန်ကျီးပင်ပုကျေးရွာမှာ မိုင်းထိလို့ တောင်သူတဦး ခြေထောက်ပြတ်ခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေထံက သိရပါတယ်။ မိုင်းထိသူဟာ အဆိုပါကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ဦးရဲမြင့်ဆိုသူဖြစ်ပြီး ဇူလိူင်လ ၂၃ ရက်နေ့မနက် ၁၁ နာရီကျော်ခန့်မှာ နေအိမ်ကနေ လယ်ကွင်းထဲအသွား ရွာအပြင်လယ်ကွင်းနားမှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။ "အဲဘက်တွေမှာက နီးစပ်တဲ့နေရာတွေမှာ မိုင်းတွေထောင်ထားတာ ရှိတယ်။ မသွားခိုင်းတဲ့နေရာတွေ ရှိတယ်။ သူကတောင်သူ သွားလာရင်း ထိတာ။ ခြေထောက်တော့ ပြတ်သွားတယ်"လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25434/
3 738
7
⁩ ⁨အုပ်ချုပ်ရေးမှူးအသစ် ခန့်ပြီးနောက်ပိုင်း မန္တလေးမှာ တပတ်အတွင်း လူငယ် ၈ ဦး ပေါ်တာဆွဲခံရ မန္တလေး၊ ဇူလိုင်၂၃၊ ၂၀၂၆။ မန္တလေးမြ+1
⁩ ⁨အုပ်ချုပ်ရေးမှူးအသစ် ခန့်ပြီးနောက်ပိုင်း မန္တလေးမှာ တပတ်အတွင်း လူငယ် ၈ ဦး ပေါ်တာဆွဲခံရ မန္တလေး၊ ဇူလိုင်၂၃၊ ၂၀၂၆။ မန္တလေးမြို့မှာ တပတ်အတွင်း လူငယ် ၈ ဦး ပေါ်တာဆွဲခံရပြီး၊ တခြားမြို့တွေကနေ မန္တလေးမြို့ကို လာသူတွေကိုလည်း ကားဂိတ်၊ ရထားဂိတ်တွေကနေ စောင့်ပြီးပေါ်တာဆွဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့မှာ မန္တလေးမြို့၊ ကြံခင်းရပ်ကွက်မှာ အသက် ၂၀ ဝန်းကျင်လူငယ်တဦးကို စစ်တပ်ခန့် ရာအိမ်မှူးတွေက နေအိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲခဲ့တာလို့ သိရပါတယ်။ အဲဒီညမှာပဲ ၇၂ လမ်း၊ ၃၄×၃၅ လမ်းကြားက ၁၈ နှစ်အရွယ် လူငယ်တဦးကို စစ်ကောင်စီတပ်က အိမ်စီးကားနဲ့ ပေါ်တာဆွဲခဲ့တယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25430/
4 183
8
⁩ ⁨တနှစ်ကို ကျပ်သိန်း ၆၀ အလှူငွေထည့်ဝင်ခိုင်းလို့ ဆန်စက်နဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေ အခက်ကြုံနေ ဝက်လက်၊ ဇူလိုင် ၂၃၊ ၂၀၂၆။ စစ်
⁩ ⁨တနှစ်ကို ကျပ်သိန်း ၆၀ အလှူငွေထည့်ဝင်ခိုင်းလို့ ဆန်စက်နဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေ အခက်ကြုံနေ ဝက်လက်၊ ဇူလိုင် ၂၃၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အနောက်ခြမ်းရှိ ဆန်စက်နဲ့ စက်သုံးဆီရောင်းသူတွေထံက တနှစ်စာ ကျပ်သိန်း ၆၀ ပေးဖို့ ရွှေဘိုခရိုင်တပ်ရင်း(၁)က အလှူငွေထည့်ဝင်ခိုင်းလို့ လုပ်ငန်းရှင်တွေ အခက်ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။ လုပ်ငန်းရှင် ၃၀ ကျော်ထံက တလကို ၅ သိန်းကျပ်နှုန်းနဲ့ တနှစ်စာ ကျပ်သိန်း ၆၀ ပေးကြဖို့နဲ့ ငွေကိုလည်း ဇူလိုင်လအကုန်အပြီး နှစ်ရစ်ခွဲပေးဖို့ တပ်ရင်း(၁) တာဝန်ရှိသူတွေက လုပ်ငန်းရှင်တွေကို အစည်းအဝေး နှစ်ကြိမ်ခေါ်ယူပြီးတောင်းခံခဲ့တာလို့ ဆို​ပါတယ်။ "ကျနော်တို့ဆို အရာရာတိုင်းကို ကူညီရတဲ့ ကဏ္ဍတွေရှိတယ်။ အချို့တပ်ရင်း၊ တပ်ဖွဲ့တွေဆိုလည်း လစဥ်ထော​က်ပံရတာ ရှိတယ်။ ကျနော်တို့အနေနဲ့ဆို အခက်ခဲတွေ အများကြီး။ သဒ္ဓါသလောက်လှူပါဆို ရသေးတယ်။ အခုလိုကြေးနှုန်းကြီးထားပြီး သတ်မှတ်တာကျတော့ အဆင်မပြေဘူး။ ------------- သတင်းအပြည့်အစုံ - https://myaelattathan.com/news/25427/
4 509
9
⁩ ⁨တနှစ်ကို ကျပ်သိန်း ၆၀ အလှူငွေထည့်ဝင်ခိုင်းလို့ ဆန်စက်နဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေ အခက်ကြုံနေ ဝက်လက်၊ ဇူလိုင် ၂၃၊ ၂၀၂၆။ စစ်
⁩ ⁨တနှစ်ကို ကျပ်သိန်း ၆၀ အလှူငွေထည့်ဝင်ခိုင်းလို့ ဆန်စက်နဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေ အခက်ကြုံနေ ဝက်လက်၊ ဇူလိုင် ၂၃၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အနောက်ခြမ်းရှိ ဆန်စက်နဲ့ စက်သုံးဆီရောင်းသူတွေထံက တနှစ်စာ ကျပ်သိန်း ၆၀ ပေးဖို့ ရွှေဘိုခရိုင်တပ်ရင်း(၁)က အလှူငွေထည့်ဝင်ခိုင်းလို့ လုပ်ငန်းရှင်တွေ အခက်ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။ လုပ်ငန်းရှင် ၃၀ ကျော်ထံက တလကို ၅ သိန်းကျပ်နှုန်းနဲ့ တနှစ်စာ ကျပ်သိန်း ၆၀ ပေးကြဖို့နဲ့ ငွေကိုလည်း ဇူလိုင်လအကုန်အပြီး နှစ်ရစ်ခွဲပေးဖို့ တပ်ရင်း(၁) တာဝန်ရှိသူတွေက လုပ်ငန်းရှင်တွေကို အစည်းအဝေး နှစ်ကြိမ်ခေါ်ယူပြီးတောင်းခံခဲ့တာလို့ ဆို​ပါတယ်။ "ကျနော်တို့ဆို အရာရာတိုင်းကို ကူညီရတဲ့ ကဏ္ဍတွေရှိတယ်။ အချို့တပ်ရင်း၊ တပ်ဖွဲ့တွေဆိုလည်း လစဥ်ထော​က်ပံရတာ ရှိတယ်။ ကျနော်တို့အနေနဲ့ဆို အခက်ခဲတွေ အများကြီး။ သဒ္ဓါသလောက်လှူပါဆို ရသေးတယ်။ အခုလိုကြေးနှုန်းကြီးထားပြီး သတ်မှတ်တာကျတော့ အဆင်မပြေဘူး။ လုပ်ငန်းလည်ပတ်ရတာတွေက အဆင်မပြေဘူး။ စစ်ကြောင်းကာလတွေဆို စကစကပဲ လုပ်လုပ်၊ တော်လှန်ရေးအဖွဲ့တွေကလုပ်လုပ် လုပ်ငန်းလည်ပတ်ရတာနှောက်နှေးတာ။ ထိခိုက်ပျက်စီးရတာတွေရှိနေတာ။ အရှင်းဆုံးပြောရရင် ကြည်ဖြူလို့ပေးရတာမ
2
10
⁨⁩ ⁨စစ်ကြောင်းထိုးရင်း လက်နက်ကြီးတွေနဲ့ ရွာတွေကိုရမ်းပစ်လို့ လင်မယား ၂ ဦးသေဆုံး မြိုင်၊ ဇူလိုင် ၂၂၊ ၂၀၂၆။ မကွေးတိုင်း၊ မြိုင+1
⁨⁩ ⁨စစ်ကြောင်းထိုးရင်း လက်နက်ကြီးတွေနဲ့ ရွာတွေကိုရမ်းပစ်လို့ လင်မယား ၂ ဦးသေဆုံး မြိုင်၊ ဇူလိုင် ၂၂၊ ၂၀၂၆။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ဖိုးကျေးရွာမှာ စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကရမ်းပစ်လိုက်တဲ့ လက်နက်ကြီးမှန်လို့ လင်မယား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။ ဇူလိုင်လ ၂၂ ရက်နေ့မနက် ၇ နာရီခန့်က သင်းမကျေးရွာကိုရောက်နေတဲ့ စစ်ကောသ်စီစစ်ကြောင်းက ဝက်ဖိုးရွာဘက်ကို လက်နက်ကြီး ၃ လုံးထက်မနည်းပစ်ခတ်ခဲ့ရာမှာ လူနေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့လို့ လင်မယား ၂ ဦး သေဆုံးရတာလို့ ပြောပါတယ်။ "ဒီမနက် သင်းမရွာကို မီးရှို့ပြီး အဲဒီကနေ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့လှမ်းပစ်တာ။ ဝက်ဖိုးရွာထဲကျတဲ့ လက်နက်ကြီးက နေအိမ်ဝင်းထဲကျပြီး အစမှန်ပြီး နေရာမှာတင် သေတာ"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ -https://myaelattathan.com/news/25423/
4 596
11
စစ်ရှောင်ရာမှ အိမ်ပြန်လာနေသူလင်မယား ဒရုန်းနဲ့ဗုံးကြဲခံရလို့ မိန်းမဖြစ်သူသေဆုံး စဉ့်ကူး၊ ဇူလိုင် ၂၂၊ ၂၀၂၆။ မန္တလေးတိုင်း၊ စဉ့်+1
စစ်ရှောင်ရာမှ အိမ်ပြန်လာနေသူလင်မယား ဒရုန်းနဲ့ဗုံးကြဲခံရလို့ မိန်းမဖြစ်သူသေဆုံး စဉ့်ကူး၊ ဇူလိုင် ၂၂၊ ၂၀၂၆။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာမှာ စစ်ရှောင်နေရာမှ နေအိမ်ပြန်လာတဲ့ လင်မယား ဒရုန်းဗုံးထိမှန်လို့ မိန်းမဖြစ်သူသေဆုံးသွားတယ်လို့ စဉ့်ကူးမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ညနေ ၆ နာရီ မိနစ် ၃၀ ခန့်မှာ ကျွန်းကြီးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေက ကြက်တူရွေးရွာဘက်ကို ဒရုန်းနဲ့ ၃ ကြိမ် ဗုံးသီးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ "သူတို့က တောင်သူနဲ့ တံငါလည်းလု​ပ်တယ်။ ရေတက်တော့ လိုအပ်တဲ့ပစ္စည်းလေးယူရင်း နေအိမ်ပြန်နေ နေတာမှာ ထိတာ။ နေအိမ်ပေါ် တည့်တည့်ကျတာ။ ထိတာက လင်မယားနှစ်ယောက်ပါ။ သူတို့ကစစ်ရှောင်ရင်း မြစ်ရေတက်တော့ အိမ်မှာလာပြန်နေတာ"လို့ စဉ့်ကူးမြို့နယ်ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25419/
4 828
12
⁩ ⁨ဆိုင်ကယ်နဲ့ မြို့ထဲဝင်လာတဲ့ ရဲနဲ့ပျူ ပစ်သတ်ခံရပြီး PDF တွေ လက်နက်သိမ်းဆည်းနိုင်ခဲ့ ကန့်ဘလူ၊ ဇူလိုင် ၂၁၊ ၂၀၂၆ စစ်ကိုင်းတိုင
⁩ ⁨ဆိုင်ကယ်နဲ့ မြို့ထဲဝင်လာတဲ့ ရဲနဲ့ပျူ ပစ်သတ်ခံရပြီး PDF တွေ လက်နက်သိမ်းဆည်းနိုင်ခဲ့ ကန့်ဘလူ၊ ဇူလိုင် ၂၁၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ထဲကို ဆိုင်ကယ်နဲ့ ဝင်လာတဲ့ ရဲနဲ့ ပျူစောထီး ၂ ဦး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ကန့်ဘလူမြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့မနက် ၈ နာရီခန့်မှာ ဇီးကုန်းရဲစခန်းကနေ ဆိုင်ကယ်တစီးနဲ့အတူ ထွက်လာတဲ့ ရဲတပ်သားတဦးနဲ့ ပျုစောထီးတို့ကို မြို့ထဲတနေရာမှာ သတင်းအရ စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ "ဖြစ်တာက မနက် ၈ နာရီလောက်ဆိုတော့ လက်ဖက်ရည် ထွက်သောက်တာ ဖြစ်နိုင်တယ်။ ပစ်ခတ်မှုက ခဏပဲဖြစ်လိုက်တယ်။ နှစ်ယောက်စလုံးကတော့ နေရာမှာပွဲချင်းပြီးပဲ"လို့ ကန့်ဘလူမြို့နယ်ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25415/
5 124
13
⁩ ⁨PDF စခန်းဗုံးကြဲခံရလို့ လက်နက်တွေအပါအဝင် စခန်းပျက်စီး ရေစကြို၊ ဇူလိုင် ၂၁၊ ၂၀၂၆။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်ပိုင်း+3
⁩ ⁨PDF စခန်းဗုံးကြဲခံရလို့ လက်နက်တွေအပါအဝင် စခန်းပျက်စီး ရေစကြို၊ ဇူလိုင် ၂၁၊ ၂၀၂၆။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်ပိုင်းတနေရာရှိ PDF စခန်းဗုံးကြဲခဲရလို့ လက်နက်တွေအပါအဝင် စခန်းလည်း ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ညနေ ၃ နာရီခန့်မှာ စခန်းတည်နေရာကို စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာ ၄ စီး၊ Mi-35 ၁ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ "ကြဲတာက အလုံးကြီး ၇ လုံး။ ဖိုက်တာနဲ့ ၂ စီး ၂ ကြိမ်လာကြဲတယ်။ Mi-35 နဲ့ကဗုံးလည်းကြဲ၊ ပစ်လည်းပစ်တယ်။ ထိခိုက်သေဆုံးတာ မရှိဘူး။ အပျက်အစီးတော့ ရှိတယ်။ ရဲဘော်တွေက အချိန်မှီရှောင်နိုင်တိမ်းလိုက်နိုင်လို့ ထိခိုက်မရှိတာ"လို့ အခြေနေကို သိရှိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25408/
5 902
14
⁨မီလျံနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေတပိဿာကျော် ပါသွား မန္တလေး၊ ဇူလိုင် ၂၁၊ ၂၀၂၆။ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀+1
⁨မီလျံနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေတပိဿာကျော် ပါသွား မန္တလေး၊ ဇူလိုင် ၂၁၊ ၂၀၂၆။ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာတည်ရှိတဲ့ မီလျံနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေတပိဿာကျော် ပါသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ ဇူလိုင်လ ၂၀ ရက်နေ့ ည​နေ ၃ နာရီကျော်ခန့်မှာ ဆိုင်ကယ် ၃ စီးနဲ့ အမျိုးသား ၆ ဦးပါတဲ့ ဓားပြတွေက ဆိုင်ကိုဝင်စီးပြီး ရွှေတွေကိုယူသွားတာလို့ဆိုပါတယ်။ "သေနတ်အတိုတလက်ပါတယ်။ တချက်ဖောက်ပြီးတော့ ဆိုင်ထဲဝင်လာတယ်။ ဆိုင်ကယ်ဦးထုပ်တွေ ဆောင်းထားတယ်။ ကောင်တာကိုရိုက်ခွဲပြီး ရွှေတွေယူပြီးချက်ချင်းပြန်ထွက်သွားတာ။ မိနစ်ပိုင်းလေးပဲကြာတယ်။ မြန်တယ်။ ရွှေဆိုင်ကလည်း ကာစတန်မာတွေသိပ်မရှိတဲ့ဆိုင်ဆိုတော့"လို့ ဖြစ်စဥ်ကိုသိတဲ့ မြို့ခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25401/
5 076
15
⁨တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရလို့ ပခုက္ကူတမြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက် ■ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း သတင်းထု
⁨တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရလို့ ပခုက္ကူတမြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက် ■ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိ ပခုက္ကူ၊ ဇူလိုင် ၂၀၊ ၂၀၂၆ မကွေးတိုင်း၊ ပခုက္ကူမြို့နဲ့ ရေစ​ကြိုမြို့ကြားရှိ ညောင်ပင်ကြီး-ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရလို့ ပခုက္ကူတမြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ညနေ ၅ နာရီခန့်မှာ မြို့နဲ့ ၂ မိုင်ကျော်အကွာက တာဝါတိုင်တတိုင် မိုင်းခွဲခံရလို့ လျှပ်စစ်မီးတွေပြတ်တောက်ခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီကျော်အထိ လျှပ်စစ်မီးမလာသေးဘူးလို့ ဆိုပါတယ်။ "တမြို့လုံးပျက်နေပြီး။ အဲဒီလိုင်းလုပ်လိုက်ပြီဟေ့ဆိုရင် တမြို့လုံးဖြစ်တာ။ ပခုက္ကူလျှပ်စစ်(EPC)ကလည်း ရက်ကြာနိုင်တယ်လို့ တင်ထားတယ်။ ခုမီးပြတ်ပြီးဆိုရင် ရေဒုက္ခရောက်တယ်။ လျှပ်စစ်နဲ့လုပ်ရတဲ့သူတွေအကုန် ဒုက္ခရောက်ပြီး။ အခုထမင်းဟင်းချက်ဖို့တောင် မီးသွေး၊ ထင်းနဲ့ချက်နေရပြီ"လို့ ပခုက္ကူမြို့ခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25398/
5 861
16
အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို စစ်မှုထမ်းကြေးလစဉ်ပေးနေရတဲ့ကြားက ပေါ်တာဆွဲဖမ်းဆီးမှုတွေဆက်လုပ်နေ ရေတာရှည်၊ ဇူလိုင် ၁၈၊ ၂၀၂၆။ ပဲခူ
အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို စစ်မှုထမ်းကြေးလစဉ်ပေးနေရတဲ့ကြားက ပေါ်တာဆွဲဖမ်းဆီးမှုတွေဆက်လုပ်နေ ရေတာရှည်၊ ဇူလိုင် ၁၈၊ ၂၀၂၆။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စုရှိ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က စစ်မှုထမ်းကြေးလစဥ်ကောက်တဲ့အပြင် ညဘက်ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်း ပြုလုပ်နေတယ်လို့ ရွာခံတွေဆီက သိရပါတယ်။ စစ်မှုထမ်းကြေးတအိမ် ကျပ် ၃၀,၀၀၀ နှုန်း၊ ဝန်ထမ်းမိသားစုတအိမ် ကျပ် ၁၅,၀၀၀ ကောက်ခံနေတဲ့အပြင် ပြီးခဲ့တဲ့ဇွန်လအတွင်းကစတင်ပြီး ကျေးရွာတွေမှာ ညဘက်လမ်းထွက်တဲ့လူငယ်တွေကို ကြံသနွယ်‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေ၊ ပျူစောထီးခေါင်းဆောင် ဇော်ဇော်အောင်(ခ)ပေါင်ချိန်တို့က ဖမ်းဆီးငွေတောင်းကာ ငွေမပေးနိုင်သူကို စစ်မှုထမ်းပို့ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။ "ပိုက်ဆံကောက်ကတည်းက စစ်မှူထမ်းပေးရရင် အပြင်ကဝယ်ထည့်ပေးမယ်ဆိုပြီးပြောခဲ့တယ်။ အခုကျတော့ သူတို့ကိုယ်တိုင်လိုက်ဖမ်းပြီးထည့်နေတာ။ သူတို့ဖမ်းမိတဲ့သူတွေထဲ ကျောင်းသားပါရင်လည်း ကျောင်းသားလို့မပြောဖို့ ပြောလို့ပြန်လွတ်လာရင်ရိုက်နှက်မယ်ဆိုပြီးခြိမ်းခြောက်တယ်။-------- သတင်းအပြည့်အစုံ - https://myaelattathan.com/news/25395/
6 547
17
လင်မယားချင်းစကားများပြီး ဓားနဲ့ထိုး၊ ငရုတ်ကျည်ပွေ့နဲ့ထုလို့ အမျိုးသမီးသေဆုံး ပဲခူး၊ ဇူလိုင် ၁၈၊ ၂၀၂၆။ ပဲခူးတိုင်း၊ ပဲခူးမြို့
လင်မယားချင်းစကားများပြီး ဓားနဲ့ထိုး၊ ငရုတ်ကျည်ပွေ့နဲ့ထုလို့ အမျိုးသမီးသေဆုံး ပဲခူး၊ ဇူလိုင် ၁၈၊ ၂၀၂၆။ ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ၈ ရပ်ကွက်၊ တက္ကသိုလ်ဘုရားလမ်းမှာ လင်မယားချင်းစကားများရန်ဖြစ်ချိန် အမျိုးသားဖြစ်သူက ဓားနဲ့ထိုး ငရုတ်ကျည်ပွေ့နဲ့ထုတာကြောင့် အမျိုးသမီးဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇူလိုင် ၁၇ ရက်ညနေ ၅ နာရီခန့်မှာ အသက် ၄၆ နှစ်အရွယ် ဒေါ်နွဲ့နွဲ့စန်းနဲ့ အမျိုးသားဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဦးဇော်မင်းတို့ဟာ နေအိမ်မှာရှိနေချိန် စကားများရန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ "လင်မယားချင်းစကားများရင်းနဲ့ ယောက်ျားဘက်က လက်လွန်တာလို့သိရတယ်။ သားသမီးတွေအပြောအရ လင်မယားချင်းက မကြာခဏစကားများတာရှိတယ်။ အဖေလုပ်သူကလည်း အသောက်အစားရှိတယ်။ သိရသလောက်က စကားများတော့ ယောက်ျားက မိန်းမကို ခေါင်းကိုအရင်ထုတယ်။ ပြီးမှ ဓါးနဲ့ထိုးတာ" သတင်းအပြည့်အစုံ - https://myaelattathan.com/news/25392/
6 183
18
⁩ ⁨ခရီးသွားကားတွေကို ပိုက်ဆံကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို PDF တွေ ပေါင်းတိုက်လို့ ၅ ဦးသေဆုံး ဟုဆို ကန့်ဘလူ၊ ဇူလိုင် ၁၇
⁩ ⁨ခရီးသွားကားတွေကို ပိုက်ဆံကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို PDF တွေ ပေါင်းတိုက်လို့ ၅ ဦးသေဆုံး ဟုဆို ကန့်ဘလူ၊ ဇူလိုင် ၁၇၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာအနီး ကာဘိုး-ကျီကုန်းလမ်းပေါ်မှာ ပိုက်ဆံကောက်ထွက်လာတဲ့ စစ်ကော်မရှင်အဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးသေတယ်လို့ ကန့်ဘလူမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့မနက် ၆ နာရီခွဲခန့်က ကာဘိုးကျေးရွာ ပျူစောထီးစခန်းကနေ အင်အား ၂၀ ကျော်နဲ့ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာ တိုက်ပွဲဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။ "ကာဘိုးကနေ ကျီကုန်းလမ်းပိုင်းမှာ ဆက်ကြေး ကောက်နေသူတွေ ရှိတယ်။ သူတို့က ဒေသခံခရီးသွားတွေက အဲဒီလမ်းကနေသွားတာဆိုတော့ ပိုက်ဆံကောက် ထွက်လာတာ။ မျက်မြင်ကတော့ လဲကျသေဆုံးတာ တွေ့ရတယ်။ လက်နက်တွေက အကုန်မကောက်နိုင်ဘူး"လို့ ကန့်ဘလူမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25389/
6 228
19
⁨Y-12 လေယာဉ်နဲ့ ဗုံးကြဲလို့ တောင်ယာထဲသွားတဲ့ ကရင်အမျိုးသမီး ၂ ဦး ဗုံးထိမှန်သေဆုံး မူး၊ ဇူလိုင် ၁၇၊ ၂၀၂၆။ ပဲခူးတိုင်း၊ ညောင်လ+1
⁨Y-12 လေယာဉ်နဲ့ ဗုံးကြဲလို့ တောင်ယာထဲသွားတဲ့ ကရင်အမျိုးသမီး ၂ ဦး ဗုံးထိမှန်သေဆုံး မူး၊ ဇူလိုင် ၁၇၊ ၂၀၂၆။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ KNU အုပ်ချုပ်နယ်မြေ၊ မူးမြို့နယ်အတွင်းမှာ တောင်ယာထဲသွားတဲ့ ကရင်အမျိုးသမီး ၂ ဦးဗုံးထိမှန်လို့ သေဆုံးခဲ့တယ်လို့ ဇူလိုင်လ ၁၆ ရက်နေ့မှာ KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။ လေယာဥ်ဗုံးထိလို့ သေဆုံးသူတွေမှာ မီးရထားကျေးရွာနေ အသက် ၅၇ နှစ်အရွယ် နော်ဘွေဖောနဲ့ အသက် ၅၆ နှစ်အရွယ် နော်လေးဝါးတို့ ၂ ဦးဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ဗုံးထိမှန် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ "ထိခိုက်သေဆုံးတဲ့နှစ်ယောက်က တောင်ယာထဲသွားတဲ့အချိန် လမ်းမှာထိတာ။ ရွာအနီး အနားပတ်ဝန်းကျင်မှာဖြစ်တာ။ အိမ်မှာရှိနေတဲ့အချိန်ထိကြတာမဟုတ်ဘူး။ အဲနေ့က ကြဲချတာ အားလုံးက အလုံး ၂၀ ကျော်တယ်။"လို့ KNU ညောင်လေးပင်ခရိုင် ပြောရေးဆိုခွင့်ရှိသူ စောဟဲဂေက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25384/
6 449
20
⁨⁨မြိုင်မှာ စစ်တပ်က ပြည်သူ ၄ ဦးကို ရက်စက်စွာ သတ်ဖြတ်ပြီး နေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီး မြိုင်၊ ဇူလိုင် ၁၆၊ ၂၀၂၆။ စစ်ကိုင်း+8
⁨⁨မြိုင်မှာ စစ်တပ်က ပြည်သူ ၄ ဦးကို ရက်စက်စွာ သတ်ဖြတ်ပြီး နေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီး မြိုင်၊ ဇူလိုင် ၁၆၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်၊ ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနဲ့ မြင်းကိုးသစ်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူ ၄ ဦးကိုရက်စက်စွာသတ်ဖြတ်ခဲ့ပြီး နေအိမ် ၅၀ ကျော် မီးရှို့ခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်ရဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့ပြီးနောက် အဆိုပါကျေးရွာတွေကို ဒေသခံတာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရန်သွားရောက်စဥ်မှာ အလောင်းတွေနဲ့ မီးလောင်ပျက်ဆီးနေတဲ့ နေအိမ်တွေကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။ သတ်ဖြတ်ခံရသူ ၄ ဦးစလုံးမှာ အမျိုးသားတွေဖြစ်ပြီး၊ အသက် ၅၀ နဲ့ ၆၀ အရွယ် ကန်နက်ကျေးရွာသား ၂ ဦးမှာ ရွာမြောက်ဖက် တမိုင်အကွာခန့်က လခုပ်ပင်ကျေးရွာမြောက်ဖျားမှာ မြုပ်ထားတာဖြစ်ပြီး၊ သေချာမြေမမြုပ် ထားတာကြောင့် မြေပေါ် ပေါ်နေလို့ မြင်တွေ့ခဲ့ရတာလို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25368/
7 854