cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

မြေလတ်အသံ - Myaelatt Athan

Sharing Information to the local

Больше
Рекламные посты
40 082
Подписчики
+2324 часа
+3357 дней
+1 32830 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Фото недоступноПоказать в Telegram
ခရိုင်အုပ်ချုပ်ရေးမှူးရုံး ဆောက်ဖို့ဆိုပြီး အရက်‌ဆိုင်နဲ့ KTV ကနေ ပိုက်ဆံလိုက်တောင်းနေ နတ်တလင်း၊ မေ ၃၀၊ ၂၀၂၄။ ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ ခရိုင်အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်စရိတ်ဆိုကာ မေ ၃၀ ရက် ဒီမနက်မှာ အရက်ဆိုင်တွေနဲ့ KTV တွေဆီကို အထွေထွေအုပ်ချုပ်‌ရေးဌာနက ပိုက်ဆံလိုက်တောင်းနေတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။ အရက်ဖြူဆိုင်တဆိုင်ကို ကျပ်သုံးသောင်း၊ အရက်ဘီယာနဲ့ တွဲဖက်ရောင်းချတဲ့ စားသောက်ဆိုင် တဆိုင်ကို ကျပ် ငါးသောင်းနဲ့ KTV တွေကို ကျပ်တသိန်းခွဲစီ တောင်းခံနေတာလို့ ပြောပါတယ်။ နတ်တလင်းမြို့နယ်မှာ အရက်ဖြူဆိုင် ၂၀၀ ကျော်၊ အရက်နဲ့ တွဲဖက်ရောင်းချတဲ့ စားသောက်ဆိုင် ၁၀၀ ကျော်နဲ့ KTV ၄ ခုထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ခရိုင်အုပ်ချုပ်ရေးမှူးရုံးဆောက်ဖို့ဆိုပြီး_အရက်%E2%80%8Cဆိုင်နဲ့KTVကနေ_ပိုက်ဆံလိုက်တောင်းနေ
Показать все...
👍 39🤬 7 5🖕 5
ရိုးမအနီးက PDF ကင်းစခန်းတခု တိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးမှုရှိ ကျောက်တံခါး၊ မေ ၃၀၊ ၂၀၂၄။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာနဲ့ မင်းလှမြို့နယ်အစပ် ရိုးမအနီးက PDF ကင်းစခန်းတခု တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တခုဆီက သိရပါတယ်။ မြို့ချောင်းကျေးရွာနဲ့ ၁၈ မိုင်ခန့်အကွာရှိ PDF ကင်းစခန်းကို မေ ၂၈ ရက်မှာ စစ်ကောင်စီဘက်က အင်အား ၅၀ ကျော်နဲ့ လာရောက်တိုက်ခိုက်ရာက နှစ်ဘက်တိုက်ခိုက်မှုဖြစ်ခဲ့ကြတာပါ။ "ကင်းစခန်းစီးခံရတာပါ။ စကစ စစ်ကြောင်းကရှေ့ရက်တွေကတည်းက အဲ့ဘက်ခြမ်းဝင်မယ်လို့ သတင်းရထားပေမယ့် ရုတ်တရက်ရောက်ချလာကြတာ။ ရဲဘော်တယောက်က ဖမ်းဆီးခံရပြီးမှ ပစ်သတ်ခံလိုက်ရတာ"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ရိုးမအနီးက_PDFကင်းစခန်းတခုတိုက်ခိုက်ခံရပြီး_နှစ်ဖက်သေဆုံးမှုရှိ
Показать все...
😢 62👍 12🤣 1😭 1
Фото недоступноПоказать в Telegram
ကိုရဲမင်း၏ စစ်ရှောင်စခန်းရှိ အသက် ၆၀ အရွယ် အဘိုးအဘွား ၅ ဦးသည် ကျေးရွာ မီးရှို့ခံရသည့်နေ့က ၎င်းတို့ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့သည်။ ထို့နောက် ရွာကို မီးရှို့သည့်အကြောင်း မည်သူ့ကိုမျှပြန်မပြောရန် စစ်ကောင်စီတပ်သားများက ၎င်းတို့ ၅ ဦးကို သေနတ်ထောက်ခြိမ်းခြောက်ပြီး ပြန်လွှတ်ပေးခဲ့သည်။ အဆိုပါ အဘိုးအဘွားများသည် ယခုအချိန်ထိ သေနတ်မြင်လျှင်ကြောက်လန့်နေကြဆဲဖြစ်သည်ဟု ကိုရဲမင်းက ပြောသည်။ “နဖူးကို ပြောင်းဝတေ့ပြီး မင်းတို့ ငါတို့မီးရှို့တာကိုမပြောနဲ့ ပြောရင် သတ်ပစ်မယ်ဆိုပြီး ပြောတာ။ ဒါမျိုးတွေထိ ခြိမ်းခြောက်ခံရတော့ အဲ့ဒီအဘိုးအဘွားတွေမှာဆိုရင် ခုချိန်အထိ သေနတ်မြင်ရင်ကို ကြောက်နေကြတာ။” ဟု သူက ပြောသည်။ စစ်ရှောင်စခန်းရှိ အဘိုးအဘွားများဆီသို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လာရောက်စကားပြောသည့်အခါ သူတို့အနီးကိုလာလျှင် သေနတ်များယူမလာရန် တောင်းဆိုကြပြီး တချို့အဘိုးအဘွားများမှာလည်း သေနတ်မြင်လျှင်... ဆောင်းပါးအပြည့်အစုံ - https://www.myaelattathan.org/articles/စိတ်ဒဏ်ရာကုစားဖို့လိုအပ်နေသည့်_အညာစစ်မြေပြင်က_သက်ကြီးရွယ်အိုများ
Показать все...
👍 27😢 24😁 6 1🤬 1🕊 1
ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ) မြိုင်၊ မေ ၂၉၊ ၂၀၂၄။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာ စာသင်ကျောင်းကနေ ရွာတောင်ဘက်ကို ရိက္ခာထွက်ရှာတဲ့ စစ်သားတွေကို မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အင်အား ၁၅ ဦးခန့်နဲ့ ရိက္ခာရှာထွက်လာချိန် မေ ၂၉ ရက် မနက်ပိုင်း ၈ နာရီ ၄၀ မိနစ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Earthquake People Defence Force ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ ၃၅ မိနစ်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ကိုင်းတောမရွာ စာသင်ကျောင်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို Earthquake People Defence Force ၊ ပခုက္ကူမြို့နယ်အခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့ ၊ Pakokku People's Defense Force ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Young Force UG ၊ Thu Rain TR ၊ Pakokku Hunter ၊ Pakokku Underground Force၊ မြိုင်တပ်ရင်း ၂ ၊Just Revolution Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ သတင်း - ဒိန်းဂျား၊ တည်းဖြတ် - HP #မြေလတ်အသံ #မကွေး #မြိုင် #ကိုင်းတောမ #စစ်တပ် #ပစ်ခတ် #တိုက်ပွဲ https://youtu.be/D5Jt5m9k5tQ
Показать все...
ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး မြိုင်၊ မေ ၂၉၊ ၂၀၂၄။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာ စာသင်ကျောင်းကနေ ရွာတောင်ဘက်ကို ရိက္ခာထွက်ရှာတဲ့ စစ်သားတွေကို မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အင်အား ၁၅ ဦးခန့်နဲ့ ရိက္ခာရှာထွက်လာချိန် မေ ၂၉ ရက် မနက်ပိုင်း ၈ နာရီ ၄၀ မိနစ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Earthquake People Defence Force ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ ၃၅ မိနစ်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ကိုင်းတောမရွာ စာသင်ကျောင်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို Earthquake People Defence Force ၊ ပခုက္ကူမြို့နယ်အခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့ ၊ Pakokku People's Defense Force ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Young Force UG ၊ Thu Rain TR ၊ Pakokku Hunter ၊ Pakokku Underground Force၊ မြိုင်တပ်ရင်း ၂ ၊Just Revolution Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ သတင်း - ဒိန်းဂျား၊ တည်းဖြတ် - HP #မြေလတ်အသံ #မကွေး #မြိုင် #ကိုင်းတောမ #စစ်တပ် #ပစ်ခတ် #တိုက်ပွဲ

👍 48👏 10 8🔥 1
စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အထူးလှုပ်ရှားတပ်ရင်း ၅ က ဒုတပ်ရင်းမှူး ကျဆုံး ကလေး၊ မေ ၃၀၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်ဇလပ်ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းအထူးလှုပ်ရှား တပ်ရင်း ၅ - SR 5 က ဒုတပ်ရင်းမှူး ကျဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ မေ ၂၉ ရက် မနေ့ကနေ့လယ်ပိုင်းမှာ အဆိုပါဒုတပ်ရင်းမှူနဲ့အဖွဲ့ဟာ မြို့ပေါ်ကို မစ်ရှင်လုပ်ဖို့သွားချိန် စစ်ကောင်စီဘက်က နောက်ယောင်ခံလိုက်တာကိုခံရတဲ့အတွက် လူစုခွဲလိုက်ချိန်မှာ ပစ်ခတ်မှုဖြစ်ခဲ့ကြတာပါ။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ချိန်မှာ စစ်ကိုင်းတိုင်းအထူးလှုပ်ရှား တပ်ရင်း ၅ - SR 5 ဒုတပ်ရင်းမှူး ကိုဒီမို(ခ) ကိုရန်နိုင်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ၁ ဦးသေကာ ၁ ဦးခြေထောက်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်_အထူးလှုပ်ရှားတပ်ရင်း၅က_ဒုတပ်ရင်းမှူးကျဆုံး
Показать все...
😢 67👍 13🫡 7 1👏 1
Фото недоступноПоказать в Telegram
ဒီလိုတွေ ဖြစ်ပြီးတဲ့နောက်မှာ နန်းရဲ့ စိတ်ခံစားချက်တွေဟာ အရင်ကထက် သိသိသာသာ ဆိုးရွားလာခဲ့တယ်။ အရင်ကထက် ဝမ်းနည်းလွယ်လာသလို၊ အိပ်ချိန်တွေကို ကမောက်ကမ ဖြစ်စေခဲ့တယ်။ အိမ်မက်ဆိုးတွေ မက်တယ်။ လူတွေအသတ်ခံရတာတွေကို ပြန်မြင်ယောင်တယ်။ သီချင်းတီးလုံးသံ ကြားရင်တောင် သူ့သတင်းရင်းမြစ်တွေ ကြုံတွေ့နေရတဲ့ ဘေးဒုက္ခတွေ အကြောင်း ခေါင်းထဲပေါ်လာပြီး မျက်ရည်ဝဲလာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ "ကျမနားထဲမှာ သူ့ရဲ့ ငိုသံတွေထပ်ကြားတယ်၊ အိပ်လို့မရဘူး၊ အနားမှာ လူတယောက်ယောက် လာပြီး စကားလာပြောနေတယ်လို့ ကျမမြင်နေရတယ်၊ သေချာအောင်ဆိုပြီး ဖုန်းမီးဖွင့်ပြီး ကြည့်တော့ ဘယ်သူမှမရှိဘူး"လို့ ... ဆောင်းပါးအပြည့်အစုံ - https://www.myaelattathan.org/articles/အနိဌာရုံသတင်းတွေကြားက_အမျိုးသမီးသတင်းသမားတွေ
Показать все...
👍 19😢 8 1
မကွေး PDF ရဲမေတွေက သိုင်းပညာကိုသင်ယူပြီး ပြန်လည်လေ့ကျင့်ပေးနေ (ရုပ်/သံ) မကွေး၊ မေ ၃၀၊၂၀၂၄။ မကွေးတိုင်း၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင်ကွပ်ကဲရေးရုံးက PDF ရဲမေတွေဟာ သူတို့တတ်ထားတဲ့ မြန်မာ့သိုင်းပညာကို ပြန်လည်သင်ကြားပေးနေတယ်လို့ အဲ့ဒီတပ်ရင်းက သိရပါတယ်။ မကွေးခရိုင်ကွပ်ကဲရေးရုံးက ဆရာမ ၃ ဦးဟာ လိုင်ဇာမြို့နယ်မှာ သိုင်းပညာကို သင်ယူခဲ့တာဖြစ်ပြီး တပ်ရင်းမှာရှိတဲ့ ရဲဘော်တွေကို သင်တန်းအပတ်စဥ် ၁ နဲ့ ၂ ကို ပြန်လည် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ "စစ်ပညာသာမကဘဲ ကိုယ်ခံပညာကိုပါ လက်ဆင့်ကမ်းသင်ကြားပေးသွားမှာပါ။ သင်တန်းမှာ စိတ်ဓာတ် တက်ကြွဖို့၊ အမြင်ဆန်းဖို့နဲ့ လိုအပ်ရင် ခုခံကာကွယ်ဖို့အတွက် အဓိကရည်ရွယ်ပြီး ဒီပညာကို သင်ခဲ့တာပါ" လို့ ဆရာမ ဂျူရီ ကပြောပါတယ်။ မြန်မာ့သိုင်းပညာ အမျိုးအစားများစွာ ရှိတဲ့အထဲက ရှောင်နည်း၊ တိမ်းနည်း၊ ဗန်တို၊ ဗန်ရှည်၊ ၆၃ မောင်း စတဲ့ အခြေခံသိုင်းပညာတွေကို လေ့လာသင်ယူခဲ့ပြီး တပ်ဖွဲ့က ရဲဘော်တွေကို ပြန်လည်သင်ကြားပေးတယ်လို့ ဆိုပါတယ်။ သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် -ငြိမ်းဇော် #မြေလတ်အသံ #မကွေး #PDF #ခရိုင်ကွပ်ကဲရေး # စစ်သင်တန်း #သိုင်းပညာ #လက်ဆင့်ကမ်းသင်ကြား https://youtu.be/Y6Kwk4LNqFc
Показать все...
မကွေး PDF ရဲမေတွေက သိုင်းပညာကိုသင်ယူပြီး ပြန်လည်လေ့ကျင့်ပေးနေ

မကွေး PDF ရဲမေတွေက သိုင်းပညာကိုသင်ယူပြီး ပြန်လည်လေ့ကျင့်ပေးနေ (ရုပ်/သံ) မကွေး၊ မေ ၃၀၊၂၀၂၄။ မကွေးတိုင်း၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင်ကွပ်ကဲရေးရုံးက PDF ရဲမေတွေဟာ သူတို့တတ်ထားတဲ့ မြန်မာ့သိုင်းပညာကို ပြန်လည်သင်ကြားပေးနေတယ်လို့ အဲ့ဒီတပ်ရင်းက သိရပါတယ်။ မကွေးခရိုင်ကွပ်ကဲရေးရုံးက ဆရာမ ၃ ဦးဟာ လိုင်ဇာမြို့နယ်မှာ သိုင်းပညာကို သင်ယူခဲ့တာဖြစ်ပြီး တပ်ရင်းမှာရှိတဲ့ ရဲဘော်တွေကို သင်တန်းအပတ်စဥ် ၁ နဲ့ ၂ ကို ပြန်လည် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ "စစ်ပညာသာမကဘဲ ကိုယ်ခံပညာကိုပါ လက်ဆင့်ကမ်းသင်ကြားပေးသွားမှာပါ။ သင်တန်းမှာ စိတ်ဓာတ် တက်ကြွဖို့၊ အမြင်ဆန်းဖို့နဲ့ လိုအပ်ရင် ခုခံကာကွယ်ဖို့အတွက် အဓိကရည်ရွယ်ပြီး ဒီပညာကို သင်ခဲ့တာပါ" လို့ ဆရာမ ဂျူရီ ကပြောပါတယ်။ မြန်မာ့သိုင်းပညာ အမျိုးအစားများစွာ ရှိတဲ့အထဲက ရှောင်နည်း၊ တိမ်းနည်း၊ ဗန်တို၊ ဗန်ရှည်၊ ၆၃ မောင်း စတဲ့ အခြေခံသိုင်းပညာတွေကို လေ့လာသင်ယူခဲ့ပြီး တပ်ဖွဲ့က ရဲဘော်တွေကို ပြန်လည်သင်ကြားပေးတယ်လို့ ဆိုပါတယ်။ သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် -ငြိမ်းဇော် #မြေလတ်အသံ #မကွေး #PDF #ခရိုင်ကွပ်ကဲရေး # စစ်သင်တန်း #သိုင်းပညာ #လက်ဆင့်ကမ်းသင်ကြား

👍 55 11
Фото недоступноПоказать в Telegram
စစ်မှုထမ်းအပတ်စဉ် ၂ အတွက် မြေလတ်ဒေသက လူငယ် ၈၀၀ ကျော် အဓမ္မဖမ်းဆီးခံရ မြေလတ်အသံ၊ မေ ၃၀၊ ၂၀၂၄။ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း စတဲ့ မြေလတ်ဒေသက လူငယ် ၈၀၀ ကျော် အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ဆိုပါတယ်။ ဧပြီလအစောပိုင်းက စတင်ကာ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် မြို့ရွာတွေမှာ လူစာရင်းကောက်ယူ ရွေးချယ်မှုတွေ ပြုလုပ်ခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့ရဲ့ မြို့နယ်ပေါင်း ၂၀ က လူငယ် ၉၀၀ ကျော် အဓမ္မဖမ်းဆီးခံခဲ့ရတာလို့ BACS ရဲ့ ‘စစ်ကောင်စီ၏စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း- အပတ်စဉ် ၂’ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/စစ်မှုထမ်းအပတ်စဉ်၂အတွက်_မြေလတ်ဒေသကလူငယ်၈၀၀ကျော်_အဓမ္မဖမ်းဆီးခံရ
Показать все...
🤬 39👍 14😢 2😁 1
ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိလို့ ရဲတပ်ကြပ်ကြီးတဦးသေဆုံး ပြည်၊ မေ ၃၀၊ ၂၀၂၄။ ပဲခူးတိုင်း၊ ပြည်မြို့၊ တီတွတ်ဂေါက်ကွင်းအနီး ပြည်-အောင်လံ ကားလမ်းမပေါ် မှာ ကားတိုက်ခံရလို့ ရဲတပ်ကြပ်ကြီး ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မေ ၂၉ ရက် နေ့လယ် ၁ နာရီခန့်မှာ မကွေးကနေ ပြည်ဘက်ကိုမောင်းလာတဲ့ ကောင်းမြတ်သာ ခရီးသည်တင်ယာဥ်နဲ့ ပြည်ဘက်ကမောင်းလာတဲ့ ရဲတပ်ကြပ်ကြီးသားအဖရဲ့ဆိုင်ကယ်တို့ ဂေါက်ကွင်းနားမှာ တိုက်မိခဲ့တာလို့ ဆိုပါတယ်။ "ကားနဲ့ဆိုင်ကယ်နဲ့က တည့်တိုက်ပြီး ဆိုင်ကယ်က ကားအောက်ကနေညှပ်ပါသွားတော့ ဆိုင်ကယ်မောင်းသူ ရဲတပ်ကြပ်ကြီးက ဆိုင်ကယ်နဲ့ညှပ်ပါသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကားနဲ့ဆိုင်ကယ်_မျက်နှာချင်းဆိုင်တိုက်မိလို့_ရဲတပ်ကြပ်ကြီးတဦးသေဆုံး
Показать все...
👍 63👏 18 11😁 3
“အဆစ်ရောင်ဂေါက်ရောဂါနှင့် လက်တကမ်းဆေးပညာ” (Podcast) မြေလတ်အသံ၊ မေ ၃၀၊ ၂၀၂၄။ သောတရှင်များအားလုံး မင်္ဂလာပါ။ မြေလတ်အသံရဲ့ “လက်တကမ်း ကျန်းမာရေး Podcast” အစီအစဉ်နားဆင်လို့ရပါပြီ။ အခုတပတ် လက်တကမ်းကျန်းမာရေးအစီအစဉ်မှာ “အဆစ်ရောင်ဂေါက်ရောဂါ” အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ အဆစ်ရောင်ဂေါက်ရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ အဆစ်ရောင်ရောဂါမဖြစ်အောင် ရှောင်ရန်၊ ဆောင်ရန်နည်းလမ်းများ၊ အဆစ်ရောင်ရောဂါဖြစ်လာရင် ဘယ်လိုဆေးဝါးဓာတ်စာတွေနဲ့ ကုသနိုင်သလဲ စတာတွေကို နားဆင်ရမှာပါ။ #မြေလတ်အသံ #လက်တကမ်းကျန်းမာရေး #Podcast #အဆစ်ရောင်ဂေါက်ရောဂါ https://youtu.be/84eGwI1QCFA
Показать все...
“အဆစ်ရောင်ဂေါက်ရောဂါနှင့် လက်တကမ်းဆေးပညာ” (Podcast)

“အဆစ်ရောင်ဂေါက်ရောဂါနှင့် လက်တကမ်းဆေးပညာ” (Podcast) မြေလတ်အသံ၊ မေ ၃၀၊ ၂၀၂၄။ သောတရှင်များအားလုံး မင်္ဂလာပါ။ မြေလတ်အသံရဲ့ “လက်တကမ်း ကျန်းမာရေး Podcast” အစီအစဉ်နားဆင်လို့ရပါပြီ။ အခုတပတ် လက်တကမ်းကျန်းမာရေးအစီအစဉ်မှာ “အဆစ်ရောင်ဂေါက်ရောဂါ” အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ အဆစ်ရောင်ဂေါက်ရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ အဆစ်ရောင်ရောဂါမဖြစ်အောင် ရှောင်ရန်၊ ဆောင်ရန်နည်းလမ်းများ၊ အဆစ်ရောင်ရောဂါဖြစ်လာရင် ဘယ်လိုဆေးဝါးဓာတ်စာတွေနဲ့ ကုသနိုင်သလဲ စတာတွေကို နားဆင်ရမှာပါ။ #မြေလတ်အသံ #လက်တကမ်းကျန်းမာရေး #Podcast #အဆစ်ရောင်ဂေါက်ရောဂါ

👍 41