ch
Feedback
မြေလတ်အသံ - Myaelatt Athan

မြေလတ်အသံ - Myaelatt Athan

前往频道在 Telegram

Sharing Information to the local

显示更多

📈 Telegram 频道 မြေလတ်အသံ - Myaelatt Athan 的分析概览

频道 မြေလတ်အသံ - Myaelatt Athan (@myaelattathan) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 36 281 名订阅者,在 新闻与媒体 类别中位列第 6 991,并在 缅甸 地区排名第 4 003

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 36 281 名订阅者。

根据 03 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -791,过去 24 小时变化为 -18,整体触达仍然可观。

  • 认证状态: 已认证(Telegram 官方确认)
  • 互动率 (ER): 平均受众互动率为 13.95%。内容发布后 24 小时内通常能获得 7.87% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 5 061 次浏览,首日通常累积 2 856 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 43

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
Sharing Information to the local

凭借高频更新(最新数据采集于 04 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

36 281
订阅者
-1824 小时
-1947 天
-79130 天

数据加载中...

标签云
无数据
有任何问题?请刷新页面或联系我们的客服
进出提及
---
---
---
---
---
---
吸引订阅者
九月 '26
九月 '260
在1个频道中
八月 '26
+4
在2个频道中
Get PRO
七月 '26
+28
在3个频道中
Get PRO
六月 '26
+23
在3个频道中
Get PRO
五月 '26
+5
在2个频道中
Get PRO
四月 '26
+6
在3个频道中
Get PRO
三月 '260
在3个频道中
Get PRO
二月 '26
+2
在3个频道中
Get PRO
一月 '26
+31
在9个频道中
Get PRO
十二月 '25
+54
在2个频道中
Get PRO
十一月 '25
+104
在6个频道中
Get PRO
十月 '25
+188
在9个频道中
Get PRO
九月 '25
+131
在7个频道中
Get PRO
八月 '25
+153
在7个频道中
Get PRO
七月 '25
+297
在8个频道中
Get PRO
六月 '25
+259
在8个频道中
Get PRO
五月 '25
+474
在7个频道中
Get PRO
四月 '25
+228
在4个频道中
Get PRO
三月 '25
+258
在6个频道中
Get PRO
二月 '25
+491
在8个频道中
Get PRO
一月 '25
+580
在10个频道中
Get PRO
十二月 '24
+982
在16个频道中
Get PRO
十一月 '24
+1 066
在9个频道中
Get PRO
十月 '24
+1 154
在7个频道中
Get PRO
九月 '24
+618
在8个频道中
Get PRO
八月 '24
+2 124
在12个频道中
Get PRO
七月 '24
+1 862
在8个频道中
Get PRO
六月 '24
+1 335
在8个频道中
Get PRO
五月 '24
+1 773
在6个频道中
Get PRO
四月 '24
+2 057
在4个频道中
Get PRO
三月 '24
+2 410
在8个频道中
Get PRO
二月 '24
+3 025
在11个频道中
Get PRO
一月 '24
+2 217
在7个频道中
Get PRO
十二月 '23
+4 175
在8个频道中
Get PRO
十一月 '23
+6 234
在8个频道中
Get PRO
十月 '23
+2 389
在9个频道中
Get PRO
九月 '23
+1 945
在0个频道中
Get PRO
八月 '23
+2 566
在0个频道中
Get PRO
七月 '23
+1 215
在0个频道中
Get PRO
六月 '23
+958
在0个频道中
Get PRO
五月 '23
+1 187
在0个频道中
Get PRO
四月 '23
+2 151
在0个频道中
Get PRO
三月 '23
+1 791
在0个频道中
Get PRO
二月 '23
+1 812
在0个频道中
Get PRO
一月 '23
+340
在0个频道中
Get PRO
十二月 '22
+308
在0个频道中
Get PRO
十一月 '22
+357
在0个频道中
Get PRO
十月 '22
+233
在0个频道中
Get PRO
九月 '22
+212
在0个频道中
Get PRO
八月 '22
+262
在0个频道中
Get PRO
七月 '22
+235
在0个频道中
Get PRO
六月 '22
+283
在0个频道中
Get PRO
五月 '22
+231
在0个频道中
Get PRO
四月 '22
+148
在0个频道中
Get PRO
三月 '22
+123
在0个频道中
Get PRO
二月 '22
+82
在0个频道中
Get PRO
一月 '22
+147
在0个频道中
Get PRO
十二月 '21
+103
在0个频道中
Get PRO
十一月 '21
+130
在0个频道中
Get PRO
十月 '21
+1 633
在0个频道中
Get PRO
九月 '21
+1 729
在0个频道中
日期
订阅者增长
提及
频道
04 九月0
03 九月0
02 九月0
01 九月0
频道帖子
ဝက်လက်မှာ စစ်တပ်ရဲ့ အသေခံဒရုန်းကြောင့် အမျိုးသား ၁ ဦး သေဆုံး ဝက်လက်၊ စက်တင်ဘာ ၄၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကန်ပ
ဝက်လက်မှာ စစ်တပ်ရဲ့ အသေခံဒရုန်းကြောင့် အမျိုးသား ၁ ဦး သေဆုံး ဝက်လက်၊ စက်တင်ဘာ ၄၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကန်ပေါက်ကျေးရွာမှာ စစ်တပ်ရဲ့ အသေခံဒရုန်းကြောင့် အမျိုးသား (၁) ဦး သေဆုံးသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။ ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့ ည ၇ နာရီ ခွဲခန့်မှာ ရွှေဘို လေ့ကျင့်ရေး (၈) တပ်ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်းနှစ်စီးအနက် တစ်စီးဟာ ကျေးရွာထဲက နေအိမ်အနားကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ "ပထမတစ်စီးတက်လာပြီးကတည်းက ပျောက်နေတာ။ ပြီးမှ ကျနော်အိမ်ရဲ့ လက်ဝဲဘက်က မကျည်းပင်ကိုဝင်တိုက်ကွဲပြီးတော့ အစက ကောင်လေး ခေါင်းကိုစိုက်ဝင်သွားတာ။ သူက ကွဲတဲ့နားက အနောက်ဘက်အိမ်မှာ သူငယ်ချင်းနှစ်ယောက်ထိုင်နေတာမှာ ထပြေးတာမှာ ထိတာ"လို့ ရွာခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26154/

2
ပုပ္ပါးမှာ ရွာသားတစ်ဦးဆီက ရွှေသုံးကျပ်သားနဲ့ ငွေ(၁၁) သိန်းကို စစ်တပ်က လုယူ ◾️ စစ်ကြောင်းထိုး ရွာတွေမီးရှို့ပြီး ပြည်သူပိုင်တန
ပုပ္ပါးမှာ ရွာသားတစ်ဦးဆီက ရွှေသုံးကျပ်သားနဲ့ ငွေ(၁၁) သိန်းကို စစ်တပ်က လုယူ ◾️ စစ်ကြောင်းထိုး ရွာတွေမီးရှို့ပြီး ပြည်သူပိုင်တန်ဖိုးရှိ ပစ္စည်းတွေကိုယူနေ ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၄၊ ၂ဝ၂၆။ မန္တလေးတိုင်း၊ ကျောက်ပန်းကောင်းမြို့နယ်က ပုပ္ပါးတောင်ခြေရင်းကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးမီးရှို့တာတွေ ပြုလုပ်နေပြီး ဒေသခံရွာသားတစ်ဦးရဲ့ ရွှေတွေနဲ့ ငွေတွေကို အဓမ္မလုယူသွားတယ်လို့ သိရပါတယ်။ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က စက်တင်ဘာလ၂ ရက်မွန်းလွဲပိုင်းက ချိုင်းရွာက ပြည်သူ့နေအိမ် ၇ လုံးကို မီးရှို့ခဲ့သလို တောင်ပေါ်(တောင်)ရွာသားတယောက်ဆီက ရွှေ ၃ ကျပ်သား၊ ငွေ ၁၁ သိန်း ကို အဓမ္မယူသွားတယ်လို့မလှိုင်မြို့နယ် အခြေစိုက်လူထုသတင်းကွန်ယက် ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင် ငရန့်ကုန်းရွာက နေအိမ် ၁၅ လုံးလောက်က အဖိုးတန်ပစ္စည်းတွေကိုလည်း ခိုးယူတာတွေပြုလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26151/
1 581
3
တပခ ထဲကို PDF ၂၄ ဦး ဝင်ရောက်လာတယ်လို့ စစ်တပ်ထုတ်ပြန် သာယာဝတီခရိုင်ထဲက PDF အချို့ပါတယ်လို့ဆို မြေလတ်အသံ၊ စက်တင်ဘာ ၄၊ ၂၀၂၆။ တေ
တပခ ထဲကို PDF ၂၄ ဦး ဝင်ရောက်လာတယ်လို့ စစ်တပ်ထုတ်ပြန် သာယာဝတီခရိုင်ထဲက PDF အချို့ပါတယ်လို့ဆို မြေလတ်အသံ၊ စက်တင်ဘာ ၄၊ ၂၀၂၆။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ကို PDF ၂၄ ဦး အလင်းဝင်လာတယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ခဲ့ရာ သာယာဝတီခရိုင်ထဲက PDF တပ်ဖွဲ့ဝင်အချို့ပါတယ်လို့ မြေပြင်အခြေနေကိုသိရှိထားသူ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ စက်တင်ဘာလ (၂) ရက်နေ့ထုတ်ပြန်ချက်အရ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမမှာ PDF အတွင်းရောက်ရှိနေသူတွေ ဥပဒဘောင်အတွင်းပြန်လည်ဝင်ရောက်လာမှု အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း ၂၄ ဦး ပါဝင်ပြီး အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၄ ဦး တို့ဟာ MA-3 တစ်လက်၊ M-4 တစ်လက်၊ ကာဘိုင်တစ်လက်၊ M-79 လက်လုပ်လောင်ချာတစ်လက်၊ BA-63 တစ်လက်၊ လက်လုပ်ပစ္စတိုတစ်လက်နဲ့ လက်လုပ်သေနတ်နှစ်လက်တို့အပြင် ၄၀ မမ ဗုံးသီးတစ်လုံး၊ လက်ပစ်ဗုံး ၁၀ လုံး၊ ကျည်အိမ် ၆ ခုနဲ့ ကျည်မျိုးစုံ ၂၆၁ တောင့်ပါလာတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားသူတွေထဲမှာ သာယာဝတီခရိုင်အတွင်းက ရဲဘော်တွေလည်းပါဝင်ပြီး လက်နက်တွေလည်း ယူဆောင်သွားကြတာ မှန်ကန်တယ်လို့ အခြေနေကိုသိရှိတဲ့ ဒေသကာကွယ်ရေးအ
2 256
4
⁩ ⁨အမြန်လမ်းမပေါ်မှာ TikTok ရိုက်နေသူ အမျိုးသမီးတဦး ယာဥ်တိုက်ခံရပြီး ​သေဆုံး ပဲခူး၊ စက်တင်ဘာ ၃၊ ၂၀၂၆။ ပဲခူးမြို့နယ်အပိုင် ရန
⁩ ⁨အမြန်လမ်းမပေါ်မှာ TikTok ရိုက်နေသူ အမျိုးသမီးတဦး ယာဥ်တိုက်ခံရပြီး ​သေဆုံး ပဲခူး၊ စက်တင်ဘာ ၃၊ ၂၀၂၆။ ပဲခူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း ၃၂ မိုင်အနီးမှာ TikTok ရိုက်နေသူ အမျိုးသမီး တဦးယာဥ်တိုက်ခံရပြီး ​သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိထားသူတွေထံက သိရပါတယ်။ စက်တင်ဘာလ ၃ ရက်နေ့မနက် ၉ နာရီခန့်မှာ အဆိုပါ မိုင်တိုင် ၃၂ အနီးနေ ကျေးရွာက သက်လတ်ပိုင်း အမျိုးသမီးတဦးဟာ အမြန်လမ်းမကြီးပေါ် မှာ တက်ပြီး TikTok ရိုက်နေစဥ် ဒိုင်နာယာဥ်တစီးက ဝင်တိုက်မိခဲ့တာလို့ ဆို​ပါတယ်။ "ကျောင်းသားမိဘ ကလေးကျောင်းပို့ပြီး ပြန်လာပြီးမှ Tiktok ရိုက်နေရင်းဖြစ်တာ။ ကားသမားက ဟွန်းတီးတာလည်း မကြားဘူးလို့ သိရတယ်။ အဲနားရွာကလို့လည်း သိရတယ်။" လို့ ဖြစ်စဥ်ကိုသိရှိထားသူတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26144/
3 164
5
⁨⁨မလှိုင်မှာ စစ်ကော်မရှင်တပ်က အသေခံဒရုန်းနဲ့ ကျေးရွာထဲကိုပစ်လို့ အရပ်သားတဦးသေဆုံး မလှိုင်၊ စက်တင်ဘာ ၃၊ ၂ဝ၂၆။ မန္တလေးတိုင်း၊ မ
⁨⁨မလှိုင်မှာ စစ်ကော်မရှင်တပ်က အသေခံဒရုန်းနဲ့ ကျေးရွာထဲကိုပစ်လို့ အရပ်သားတဦးသေဆုံး မလှိုင်၊ စက်တင်ဘာ ၃၊ ၂ဝ၂၆။ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ဆည်တိုရွာထဲကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ပစ်တဲ့အတွက် အရပ်သားတဦးသေဆုံးခဲ့တယ်လို့ မလှိုင်အခြေစိုက် လူထုသတင်းကွန်ယက်က ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ မလှိုင်မြို့နယ် ယာကြီးကုန်းရွာဘုန်းကြီးကျောင်းဝန်းထဲမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်က ပစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီဒရုန်းဟာ ဆည်တိုရွာထဲကို ကျရောက်ပေါက်ကွဲကာ အသက် ၅၀ နှစ်ဝန်းကျင် ဦးချစ်ကိုနဲ့ ဇနီးဒေါ်ဝိုင်းတို့ကို ဗုံးစထိမှန်လို့ ဒဏ်ရာရခဲ့ပြီး သူတို့ကို ဆည်တိုတိုက်နယ်ဆေးရုံမှာ ကုသနေချိန် ဦးချစ်ကို သေဆုံးခဲ့တာလို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26141/
3 390
6
⁨ရေကြီးနေတဲ့ ပဲခူးမှာ ခြံဝန်းထဲ လှေနဲ့ရေးသွားခပ်တဲ့အမျိုးသား ရေတိုင်ကီထဲပြုတ်ကျ သေဆုံး ပဲခူး၊ စက်တင်ဘာ ၃၊ ၂၀၂၆။ ပဲခူးမြို့ပေါ
⁨ရေကြီးနေတဲ့ ပဲခူးမှာ ခြံဝန်းထဲ လှေနဲ့ရေးသွားခပ်တဲ့အမျိုးသား ရေတိုင်ကီထဲပြုတ်ကျ သေဆုံး ပဲခူး၊ စက်တင်ဘာ ၃၊ ၂၀၂၆။ ပဲခူးမြို့ပေါ်မှာ ရေကြီးနေတာကြောင့် မဇင်းရပ်ကွက်၊ မဇင် ၁ လမ်းက အမျိုးသား ၁ ဦးရေနစ်သေဆုံးသွားတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းဝင်တွေထံက သိရပါတယ်။ သေဆုံးသူဟာ အသက် ၄၉ နှစ်အရွယ် ဦးသန်းဇော်ဆိုသူဖြစ်ပြီး စက်တင်ဘာလ ၂ ရက်နေ့ညနေ ၃ နာရီကျော်ခန့်မှာ နေအိမ်ခြံဝင်းအတွင်းမှာ ပင်ရေနစ်သေဆုံးတာလို့ ဆိုပါတယ်။ "လှေနဲ့ ရေသွားခပ်ရင်း ရေတိုင်ကီထဲကို ပြုတ်ကျတာ။ သူအိမ်​ခြံထဲမှာပဲ။ ရေလည်းတက်နေတာ။ ရေသွားခပ်ဖို့သွားမှာ ဖြစ်သွားတာလို့ သိရတယ်။ သောက်ထားတာလည်း ပါမယ်"လို့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26137/
3 597
7
ချောင်းဦးမှာ ပစ်ခတ်ခံရတာနဲ့ မိုင်းထိတာကြောင့် ပြည်သူ ၃ ဦး သေဆုံး ချောင်းဦး၊ စက်တင်ဘာ ၂၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြ
ချောင်းဦးမှာ ပစ်ခတ်ခံရတာနဲ့ မိုင်းထိတာကြောင့် ပြည်သူ ၃ ဦး သေဆုံး ချောင်းဦး၊ စက်တင်ဘာ ၂၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာမှာ ပစ်ခတ်ခံရတာနဲ့ မိုင်းထိတာတွေကြောင့် ပြည်သူ ၃ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။ ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၈ နာရီခန့်မှာ ခင်မွန်ကျေးရွာအနီးတိုက်ပွဲဖြစ်ပြီးနောက် ပြန်ဆုတ်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာအနီးကို လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ သားအဖ ၂ ဦးကို ထိမှန်ခဲ့သေဆုံးခဲ့တာလို့ ဆိုပါတယ်။ အလားတူ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ မနက် ၈ နာရီခန့်မှာလည်း ကျေးရွာထိပ် ဆိုင်းဘုတ်နားမှာ မိုင်းထိလို့ အမျိုးသား ၁ ဦးထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26133/
4 044
8
ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လာလို့ အနိမ့်ပိုင်းရပ်ကွက်နေပြည်သူတွေ စတင်ရွေ့ပြောင်း ပဲခူး၊ စက်တင်ဘာ ၂၊ ၂၀၂၆ ။ ပဲခူးမြို့နယ်အ+3
ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လာလို့ အနိမ့်ပိုင်းရပ်ကွက်နေပြည်သူတွေ စတင်ရွေ့ပြောင်း ပဲခူး၊ စက်တင်ဘာ ၂၊ ၂၀၂၆ ။ ပဲခူးမြို့နယ်အတွင်းရှိ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လာလို့ အနိမ့်ပိုင်းရပ်ကွက်နေပြည်သူတွေ စတင်ရွေ့ပြောင်းနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့မနက်ပိုင်းက ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာ အထက် ၉၀၄ စင်တီမီတာကို ရောက်ရှိနေတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နစ်မြှပ်တာတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ "ရွှေ့ပြီ မိမိအစီအစဥ်နဲ့ မိမိရွေ့တယ်။ နေလို့မရတဲ့သူတွေက ဘုန်းကြီးကျောင်းတွေကို သွားတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတော့ မဖွင့်သေးဘူး။ ရေကတော့ ၄ ပေ အနည်းလေးတက်နေပြီး" လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26127/
3 684
9
⁨မုံရွာမှာ ဆိုင်ကယ်နဲ့ လူလိုင်စင် စစ်ဆေးမှုတွေကြောင့် နေ့စားလုပ်သားတွေ အလုပ်မသွားနိုင် မုံရွာ၊ စက်တင်ဘာ ၂၊ ၂၀၂၆။ စစ်ကိုင်းတို
⁨မုံရွာမှာ ဆိုင်ကယ်နဲ့ လူလိုင်စင် စစ်ဆေးမှုတွေကြောင့် နေ့စားလုပ်သားတွေ အလုပ်မသွားနိုင် မုံရွာ၊ စက်တင်ဘာ ၂၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ယာဉ်ထိန်းရဲတွေနဲ့ စစ်တပ်ပူးပေါင်းပြီး ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နဲ့ ဆိုင်ကယ်ဦးထုပ်၊ နောက်ကြည့်မှန်၊ ဘရိတ်စတာတွေကို အသေးစိပ် စစ်ဆေးနေလို့ နေ့စားအလုပ်သမားတွေ အလုပ်မသွားနိုင်ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။ မနေ့ မနက်ပိုင်းကစလို့ ယာဉ်ထိန်းရဲတဝက်၊ စစ်သားတဝက်ပါတဲ့ အဖွဲ့တွေက မုံရွာမြို့၊ ကျောက္ကာလမ်းတလျောက်နဲ့ မြို့ပတ်လမ်းတလျောက်မှာ ခရီးသွားဆိုင်ကယ်တွေကို စစ်ဆေးနေတာလို့ မြို့ခံတဦးက ဆိုပါတယ်။ “မနက်၉နာရီလောက်က ကျောက္ကာမိးပွိုင့်မှာ စပြီးစစ်ဆေးဖမ်းဆီးပြနေပြီ။ အခုလက်ရှိ သူတို့ထုတ်တဲ့ဥပဒေက ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဦးထုပ်၊ ဘက်မှန် အစုံပါရမယ်တဲ့လေ။ ဘက်မှန်က ဝါးနေရင် မရဘူးတဲ့ဗျ။” လို့ ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26124/
3 964
10
ရွှေဒါးကျရွာကို စစ်တပ်ကမီးရှို့လို့ နေအိမ် ၁၀ လုံးပျက်စီးပြီး ထိတွေ့တိုက်ပွဲလည်းဖြစ်နေ ချောင်းဦး၊ စက်တင်ဘာ ၁၊ ၂၀၂၆။ စစ်ကိုင်+1
ရွှေဒါးကျရွာကို စစ်တပ်ကမီးရှို့လို့ နေအိမ် ၁၀ လုံးပျက်စီးပြီး ထိတွေ့တိုက်ပွဲလည်းဖြစ်နေ ချောင်းဦး၊ စက်တင်ဘာ ၁၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို စစ်တပ်စစ်ကြောင်းရောက်နေပြီးနောက် ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှိူ့လို့ နေအိမ် (၁၀) လုံးထက်မနည်းပျက်စီးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။ ကျီကုန်းကျေးရွာက စစ်တပ်အင်အား ၃၀၀ ကျော်ဟာ ဩဂုတ်လ ၃၀ ရက်နေ့မှာ ရွှေဒါးကျကျေးရွာထဲကိုရောက်လာပြီးနောက် ဩဂုတ်လ ၃၁ ရက်နေ့ညနေပိုင်းမှာ ကျေးရွာထဲက နေအိမ်တွေကို မီးတင်ရှို့ခဲ့တယ်လို့ ဆိုပါတယ်။ "ဒီနေ့မနက် ၅ နာရီလောက်မှာ တိုက်ပွဲဖြစ်ကြတယ်။ ရွှေဒါးကျရွာထဲမှာကော ခင်မွန်၊ မုံရွေးဘက်မှာကော ဖြစ်ကြတယ်။ ရွာကိုတော့မနေ့ညနေက မီးရှို့တယ်။ ဗုံတို၊ ကုန်းကြီးတို့ဘက်ကိုလည်း ဒရုန်းဗုံးသီးတွေနဲ့လိုက်ချတာရှိတယ်။"လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26120/
4 252
11
မလှိုင်မြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင်ပါ ၁၂ ဦး ကျေးရွာအတွင်းမှာ ပစ်သတ်ခံရ ◼️ (၁) ဦးအရှင်ဖမ်းခံရပြီး (၈) ဦးထွက်ပြေး မလှိုင်
မလှိုင်မြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင်ပါ ၁၂ ဦး ကျေးရွာအတွင်းမှာ ပစ်သတ်ခံရ ◼️ (၁) ဦးအရှင်ဖမ်းခံရပြီး (၈) ဦးထွက်ပြေး မလှိုင်၊ စက်တင်ဘာ ၁၊ ၂၀၂၆။ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာက အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူအပါအဝင် ၁၂ ဦးဟာ ကျေးရွာအတွင်းမှာ ပစ်သတ်ခံရတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတွေထံက သိရပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့မနက် ၆ နာရီခန့်မှာ PDF တပ်ဖွဲ့ဝင်တွေက ကျေးရွာထဲကို ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၄ နှစ်အရွယ် ဦးစိုးလင်းထိုက်ပါ ၁၂ ဦးကို ရွာလယ်မှာပင် ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။ "ခေါင်းဆောင်ကိုအရင်ဖမ်းတယ်။ ပြီးမှသူလက်အောက်ကအဖွဲ့ဝင်တွေကိုဖမ်းတယ်။ တနေရာစီကနေခေါ်လာပြီး ရွာလယ်ခေါင်မှာ တန်းစီပြီး ပစ်ခတ်ရှင်းလင်းသွားတာ" သတင်းအပြည့်အစုံ - https://myaelattathan.com/news/26117/
4 027
12
စိုက်ပျိုးစရိတ်မြင့်တက်မှုနဲ့ မိုးကြီးရေလျှံမှုတွေကြောင့် လယ်သမားတွေ အရှုံးပေါ်နိုင် (ရုပ်/သံ) မြေလတ်အသံ၊ ဩဂုတ် ၃၁၊ ၂၀၂၆။ မြေ
စိုက်ပျိုးစရိတ်မြင့်တက်မှုနဲ့ မိုးကြီးရေလျှံမှုတွေကြောင့် လယ်သမားတွေ အရှုံးပေါ်နိုင် (ရုပ်/သံ) မြေလတ်အသံ၊ ဩဂုတ် ၃၁၊ ၂၀၂၆။ မြေလတ်ဒေသအတွင်းမှာ မိုးစပါးစိုက်ပျိုးစရိတ် ထက်ဝက်ကျော်တက်လာလို့ အရှုံးပေါ်နိုင်တယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ဆေးဝါး၊ စက်ယန္တယားနဲ့ လုပ်သားငှားရမ်းခတွေ ယခင်နှစ်ထက် စျေးတက်လာတဲ့အတွက် အခုနှစ် လယ်တဧက စိုက်ပျိုးကုန်ကျစရိတ်က ယခင်နှစ်မိုးစပါးစိုက်ပျိုးရာသီရဲ့ ကုန်ကျစရိတ်ထက် ထက်ဝက်ကျော်မြင့်တက်လာတယ်လို့ ဆိုပါတယ်။ "အကျိုးအမြတ်ကတော့ နည်းမယ်ဗျ။ လယ်ကအထွက်ကောင်းရင် ပါးပါးရမယ်။ အထွက်နည်းရင်ရှုံးမယ်။ ကျနော်တို့နယ်က စပါးပြီး စပါးဆိုတော့ အချို့မြေတွေက မောတာရှိတယ်။ မောတဲ့အခါ မိုးသီးနှံစိုက်တဲ့အခါ ထွက်အားလျော့တာပေါ့။ ကိုးဆယ်တို့တရာတို့မထွက်ဘဲနဲ့ ခြောက်ဆယ်ခုနှစ်ဆယ်လောက် ထွက်ရင်တော့ ရှုံးမှာ။" လို့ ဝမ်းတွင်းနယ်ခံ လယ်သမားတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26114/
4 289
13
⁨⁩ ⁨ရိက္ခာရှာထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး အရှင် ၅ ဦး ဖမ်းမိထား ■ စစ်ကြောင်းဆက်ထိုးနေလို့ ကျေးရွ
⁨⁩ ⁨ရိက္ခာရှာထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး အရှင် ၅ ဦး ဖမ်းမိထား ■ စစ်ကြောင်းဆက်ထိုးနေလို့ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးနေရ မင်းတုန်း၊ ဩဂုတ် ၃၁၊ ၂၀၂၆။ မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အနောက်ခြမ်းရှိ ရခိုင်ရိုးမအစပ်တနေရာမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ ဖမ်းမိသူတွေရှိသလို စစ်ကြောင်းဆက်ထိုးနေလို့ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတွေထံက သိရပါတယ်။ ဩဂုတ်လ ၂၉ ရက်နေ့ည ၇ နာရီခန့်မှာ မင်းတုန်းနယ်ထဲကို အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အဖွဲ့ထဲက အင်အား ၅၀ ကျော်လောက်ဟာ ရခိုင်ရိုးမအစပ် တနေရာမှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ၁၀ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ "မင်းတုန်းအနောက်ခြမ်းကို ထိုးနေတဲ့စစ်ကြောင်းတွေထဲက တခုနဲ့ ဖြစ်တာ။ ကျနော်တို့က လက်ဦးမှုရပြီး အလစ်၊ အငိုက် ခြုံခိုတိုက်တာ။ အထိနာပြီး ခုခံချိန်မရပဲ ပြန်ဆုတ်သွားတယ်။ အလောင်း၊ လက်နက်ရတယ်။ အဲနေ့မှာပဲ နောက်ထပ် စစ်ကြောင်းတခုကနေ ထွက်ပြေးလာတဲ့ တပ်သားတွေ ဖမ်းမိတာရှိ သေးတယ်။ တိုက်ပွဲဖြစ်ပြီး --------- သတင်းအပြည့်အစုံ - https://myaelattathan.com/news/26111/
4 263
14
ရိက္ခာရှာထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး အရှင် ၅ ဦး ဖမ်းမိထား ■ စစ်ကြောင်းဆက်ထိုးနေလို့ ကျေးရွာ ၂၀
ရိက္ခာရှာထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး အရှင် ၅ ဦး ဖမ်းမိထား ■ စစ်ကြောင်းဆက်ထိုးနေလို့ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးနေရ မင်းတုန်း၊ ဩဂုတ် ၃၁၊ ၂၀၂၆။ မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အနောက်ခြမ်းရှိ ရခိုင်ရိုးမအစပ်တနေရာမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ ဖမ်းမိသူတွေရှိသလို စစ်ကြောင်းဆက်ထိုးနေလို့ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတွေထံက သိရပါတယ်။ ဩဂုတ်လ ၂၉ ရက်နေ့ည ၇ နာရီခန့်မှာ မင်းတုန်းနယ်ထဲကို အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အဖွဲ့ထဲက အင်အား ၅၀ ကျော်လောက်ဟာ ရခိုင်ရိုးမအစပ် တနေရာမှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ၁၀ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ "မင်းတုန်းအနောက်ခြမ်းကို ထိုးနေတဲ့စစ်ကြောင်းတွေထဲက တခုနဲ့ ဖြစ်တာ။ ကျနော်တို့က လက်ဦးမှုရပြီး အလစ်၊ အငိုက် ခြုံခိုတိုက်တာ။ အထိနာပြီး ခုခံချိန်မရပဲ ပြန်ဆုတ်သွားတယ်။ အလောင်း၊ လက်နက်ရတယ်။ အဲနေ့မှာပဲ နောက်ထပ် စစ်ကြောင်းတခုကနေ ထွက်ပြေးလာတဲ့ တပ်သားတွေ ဖမ်းမိတာရှိ သေးတယ်။ တိုက်ပွဲဖြစ်ပြီး စစ်ကြောင်းဆက်ထိုးနေတော့ အနောက်ခြမ်းက ရွာတော်တော်များများ ပြေးနေရတယ်"-------
1
15
⁩ ⁨ချောင်းဦးပလဖ ဖမ်းဆီးစစ်ဆေးပြီးနောက် ပျံလွန်သွားတဲ့ ဆရာတော်ကို အကြောင်းပြုပြီး စစ်တပ်ထိုးစစ်ဆင် ■ စစ်တပ်အင်အား ၃၀၀ ကျော်နဲ
⁩ ⁨ချောင်းဦးပလဖ ဖမ်းဆီးစစ်ဆေးပြီးနောက် ပျံလွန်သွားတဲ့ ဆရာတော်ကို အကြောင်းပြုပြီး စစ်တပ်ထိုးစစ်ဆင် ■ စစ်တပ်အင်အား ၃၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာလို့ ဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရ ချောင်းဦး၊ ဩဂုတ် ၃၁၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ပလဖ က ရွှေဒါးကျကျေးရွာ ဆရာတော်ကို ဖမ်းဆီးခေါ်ယူစစ်ဆေးပြီး ဩဂုတ်လ ၂၅ ရက်နေ့က ပျံလွန်တော်မူသွားတာကို အကြောင်းပြုပြီး အာဏာသိမ်းစစ်တပ်က အဲဒီဒေသကို စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာကြောင်း သိရပါတယ်။ ရွှေဒါးကျကျေးရွာဆရာတော် ပျံလွန်တော်မူသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ထောက်ခံတဲ့ ချန်နယ်တွေမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့ နေ့စဥ်နီးပါး ရေးတင်လာကြတာတွေရှိလာလို့ အခုလို ထိုးစစ်ဆင်လာတာ ဖြစ်နိုင်ကြောင်း ချောင်းဦးမြို့နယ် ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။ "အဓိက ကတော့ အဲဒီပြဿနာကို ယူပြီးတော့ စကစ လော်ဘီချန်နယ်တွေကနေ တင်တဲ့အခါကျတော့ စစ်ကြောင်းထိုးလာတာလို့ ယူဆတယ်။ ရွှေဒါးကျကိုတော့ မရောက်သေးဘူး။ မနေ့က ဒရုန်းနဲ့ချလို့ ပြည်သူတယောက် ဒဏ်ရာရထားတယ်။ ဒေသခံတွေကတော့ ရှောင်ရတယ်"လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ရှိတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26108/
4 354
16
စစ်တပ်စစ်ကြောင်းက ဒရုန်းဗုံးကြဲလို့ PDF အပါအဝင် (၂) ဦးသေဆုံး (၁) ဦးဒဏ်ရာရ ဆိပ်ဖြူ၊ ဩဂုတ် ၂၉၊ ၂၀၂၆။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့
စစ်တပ်စစ်ကြောင်းက ဒရုန်းဗုံးကြဲလို့ PDF အပါအဝင် (၂) ဦးသေဆုံး (၁) ဦးဒဏ်ရာရ ဆိပ်ဖြူ၊ ဩဂုတ် ၂၉၊ ၂၀၂၆။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထိန်ကန်နဲ့ တမာချောင်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တဲ့အတွက် PDF အပါအဝင် ၂ ဦးသေဆုံးတယ်လို့ တမာချောင်းရွာခံတွေဆီက သိရပါတယ်။ ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့မနက် ၈ နာရီခန့်က အဲဒီကျေးရွာတွေကို ရောက်နေတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေက ကျေးရွာ နှစ်ရွာကြား PDF အဖွဲ့တွေရဲ့ ရှေ့တန်းကင်းစခန်းနေရာကို ဒရုန်းနဲ့တကြိမ်၊ ညနေ ၄ နာရီခန့်မှာ နောက်ထပ်ရှေ့တန်းကင်းစခန်းနေရာကို ဒရုန်း ၂ စီးနဲ့ နှစ်ကြိမ် ဗုံးချခဲ့တာလို့ ဆိုပါတယ်။ "မနက်ပိုင်းတကြိမ်ချတာမှာ တကြိမ်ထိတာပဲ။ ခ--တွေတက်လာမလားဆိုပြီး သွားကြည့်တဲ့နေရာပေါ့။ ရှေ့ကင်းလို့ပြောရမယ်။ အဲတည့်တည့်ကိုကျတာ။ အဲမှာက ပြည်သူကျတာ။ ရဲဘော်ဒဏ်ရာရတယ်။ ပြည်သူကရဲဘော်တွေနဲ့ အဖော်လိုက်သွားတာ။ ညနေပိုင်းကျ တခေါက်ကို အသီးနှစ်လုံးနဲ့ တကြိမ်ချတယ်။ အဲမှာဘာမှမဖြစ်ဘူး။ နောက် ၁၀ မိနစ်နေလာထပ်ချတာမှာ ရဲဘော်ထပ်ထိတာ"------ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26102/
5 732
17
ပျူစောထီးနဲ့ PDF တို့ပစ်ခတ်မှုအတွင်း အမျိုးသမီး ၁ ဦးသေဆုံး ပွင့်ဖြူ၊ ဩဂုတ် ၂၉၊ ၂၀၂၆။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီ
ပျူစောထီးနဲ့ PDF တို့ပစ်ခတ်မှုအတွင်း အမျိုးသမီး ၁ ဦးသေဆုံး ပွင့်ဖြူ၊ ဩဂုတ် ၂၉၊ ၂၀၂၆။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီးနဲ့ PDF တပ်ဖွဲ့ဝင်တို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း အရပ်သားအမျိုးသမီး ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဩဂုတ် ၂၉ ရက်မနက် ၇ နာရီခန့်မှာ ရေပုတ်ကြီးကျေးရွာက ပျုစောထီး ငကျန်ဆိုသူနဲ့ သားဖြစ်သူတို့ မောင်းလာတဲ့ သုံးဘီး ၂ စီးကို PDF တပ်ဖွဲ့ဝင်တွေတားဆီးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ သုံးဘီးပေါ်လိုက်ပါလာတဲ့ ခရီးသည်အချို့ထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ "ပျူခေါင်းဆောင်ရဲ့ သုံးဘီးကို PDF တွေကတားတယ်။ သူက ခဏရပ်ပေးပြီးမောင်းပြေးတော့ သုံးဘီးသမားကို ပစ်ခတ်တယ်။ အဲ့ဒီချိန်မှာ သူက သုံးဘီးကိုထားခဲ့ပြီး ဆင်းပြေးတယ်။ ဆင်းပြေးပြီးမှ လက်ပစ်ဗုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာ" သတင်းအပြည့်အစုံ - https://myaelattathan.com/news/26103/
5 390
18
တိုင်းပြည်မပြိုကွဲအောင် စစ်တပ်က အချိန်မီတာဝန်ယူခဲ့ရတယ်လို့ တပ်ချုပ်သစ်ရဲဝင်းဦး က ပြောပြန် ဩဂုတ် ၂၈၊ ၂၀၂၆။ တပ်မတော်ရဲ့ အဓိကတာဝ
တိုင်းပြည်မပြိုကွဲအောင် စစ်တပ်က အချိန်မီတာဝန်ယူခဲ့ရတယ်လို့ တပ်ချုပ်သစ်ရဲဝင်းဦး က ပြောပြန် ဩဂုတ် ၂၈၊ ၂၀၂၆။ တပ်မတော်ရဲ့ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် မြေပေါ်မြေအောက်အဖျက်သမားတွေရဲ့ တိုင်းပြည်ဆူပူအံ့ဩစေမှုနဲ့ မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေကြောင့် ဆိုးရွားစွာနဲ့ တိုင်းပြည်ပြိုကွဲမယ့် အခြေအနေမှာ တပ်မတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အပြည့်အဝအချိန်မီတာဝန်ယူခဲ့ရတယ်လို့ တပ်ချုပ်သစ်ဖြစ်လာတဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောပြန်ပါတယ်။ ဒီစကားဟာ အာဏာသိမ်းစစ်တပ်ရဲ့ခေါင်းဆောင်အဆက်ဆက်က အာဏာသိမ်းမှုဖြစ်စဉ်တိုင်းမှာ အကြောင်းပြ သုံးနှုန်းကြတဲ့ စကားလည်းဖြစ်ပြီး မကြာသေးခင်က တပ်ချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကလည်း ပြောဆိုလာပြန်ပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26099/
5 792
19
လိင်တူချစ်သူစာအုပ် ဖြန့်ချီရောင်းချသူတွေကို တရားစွဲမယ် ဩဂုတ် ၂၈၊ ၂၀၂၆။ လိင်တူချစ်သူအချင်းချင်း ချစ်ကြိုက်ကြတဲ့ အကြောင်းရေးသား+2
လိင်တူချစ်သူစာအုပ် ဖြန့်ချီရောင်းချသူတွေကို တရားစွဲမယ် ဩဂုတ် ၂၈၊ ၂၀၂၆။ လိင်တူချစ်သူအချင်းချင်း ချစ်ကြိုက်ကြတဲ့ အကြောင်းရေးသားထားတဲ့ စာအုပ်တွေကို ဖြန့်ချီ ရောင်းချနေမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာအုပ်အရောင်းဆိုင်တွေဖြစ်တဲ့ ဆိုင် (၉) ဆိုင်ကို တရားစွဲဆိုမယ်လို့ အာဏာသိမ်းစစ်အစိုးရ ပြန်ကြားရေးဌာနက သတိပေးကြေညာလိုက်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ လိင်တူအချင်းအချင်းချစ်ကြိုက်တဲ့ BL (Boys’ Love)၊ GL (Girls’ Love) စာအုပ်တွေကို ရောင်းချနေတယ် အွန်လိုင်းအရောင်းစာမျက်နှာ (၉) ကို အသိပေးကြေညာချက်ဆိုပြီး ယနေ့ ဩဂုတ်လ(၂၈) ရက်နေ့ ထုတ် အာဏာသိမ်းစစ်အစိုးရပိုင် ကြေးမုံနဲ့ မြန်မာအလင်း သတင်းစာတွေကနေ ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ဝေဖြန့်ချီနေတဲ့ လိင်တူချစ်သူစာအုပ်တွေဟာ မြန််မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီခြင်းမရှိဘဲ လူငယ်တွေကို တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တဲ့ စာအုပ်တွေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26093/
6 298
20
ကျောက်ပန်းတောင်းမှာ (၁) လအတွင်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေအပါ (၄) ဦး ဖမ်းဆီးခံရ ◾️အုပ်ချုပ်ရေးမှူးကိုဖမ်းချိန် သားမက်ဖ
ကျောက်ပန်းတောင်းမှာ (၁) လအတွင်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေအပါ (၄) ဦး ဖမ်းဆီးခံရ ◾️အုပ်ချုပ်ရေးမှူးကိုဖမ်းချိန် သားမက်ဖြစ်သူကိုလည်း ဖမ်းသွား ကျောက်ပန်းတောင်း၊ ဩဂုတ် ၂၈၊ ၂၀၂၆။ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ (၁)လအတွင်း အုပ်ချုပ်ရေးမှူး (၁) ဦးနဲ့ ရာအိမ်မှူး ၂ ဦးအပါ စုစုပေါင်း ၄ ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်က အသက် (၆၆) နှစ်ဝန်းကျင် ဦးမောင်ဆန်း ကို ဩဂုတ်လ (၂၅) ရက် ည (၉) နာရီခန့်က နေအိမ်ကနေဖမ်းဆီးသွားခဲ့ပြီး လယ်ယားအုပ်စု၊ တောင်ချေရွာ ရာအိမ်မှူး(တာဝန်ခံ) အသက် (၆၃) နှစ်အရွယ် ဦးလှညွှန့် နဲ့ ကြံစို့ရွာက အသက် (၆၇) နှစ်အရွယ် ဦးမောင်တိုး တို့ကိုလည်း ဩဂုတ်လ (၁၄) ရက် မနက် (၈) နာရီခွဲလောက်မှာ တောင်ချေရွာကနေ ဆိုင်ကယ်နဲ့ ထွက်လာချိန် အင်းခေါင်းရွာအနီးအရောက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။ ဘူတာအုပ်ချုပ်ရေးမှူးကိုဖမ်းဆီးချိန်မှာ သားမက်ဖြစ်သူ ကိုအောင်ပြည့်သော်ကိုလည်းဖမ်းဆီးသွားခဲ့သလို ဦးမောင်ဆန်း ပိုင် HONDA 110 ——— သတင်းအပြည့်အစုံ - https://myaelattathan.com/news/26090/
5 598