256
Subscribers
No data24 hours
-17 days
-130 days
Data loading in progress...
Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
April '25
April '25
+3
in 0 channels
March '25
+259
in 4 channels
| Date | Subscriber Growth | Mentions | Channels | |
| 28 April | 0 | |||
| 27 April | 0 | |||
| 26 April | 0 | |||
| 25 April | 0 | |||
| 24 April | 0 | |||
| 23 April | 0 | |||
| 22 April | 0 | |||
| 21 April | 0 | |||
| 20 April | 0 | |||
| 19 April | 0 | |||
| 18 April | 0 | |||
| 17 April | +1 | |||
| 16 April | 0 | |||
| 15 April | 0 | |||
| 14 April | 0 | |||
| 13 April | +1 | |||
| 12 April | 0 | |||
| 11 April | 0 | |||
| 10 April | 0 | |||
| 09 April | 0 | |||
| 08 April | 0 | |||
| 07 April | 0 | |||
| 06 April | 0 | |||
| 05 April | 0 | |||
| 04 April | +1 | |||
| 03 April | 0 | |||
| 02 April | 0 | |||
| 01 April | 0 |
Channel Posts
မဟာသင်္ကြန်အကြိုနေ့ စစ်တပ်ဗုံးကြဲလို့ တန့်ဆည်မြို့က ၃၇နှစ်အရွယ်အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
AAMIJ / ဧပြီ ၁၃
ဧပြီလ ၁၃ရက်နေ့ မဟာသင်္ကြန်အကြိုနေ့ နေ့လည် ၁နာရီခွဲခန့်မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ကို လေကြောင်းကနေ ပေါင်၂၅၀ဗုံး ၄လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၇နှစ်အရွယ် အရပ်သားအမျိုးသမီး တစ်ဦးသေဆုံးခဲ့ပါတယ်။
မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာတဲ့ စစ်တပ်ဂျက်ဖိုက်တာတိုက်လေယဉ် ၂စီးဟာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပေါင်၂၅၀ဗုံး ၄လုံး ကြဲချခဲ့တာဖြစ်ပါတယ်။
“လူသေတာက ဘုန်းကြီးကျောင်းအနီးနားက ဒေါ်စန်းတင်တို့ အိမ်ပေါ်ကို စတုတ္ထမြောက် ဗုံးသီးကျတာ ဒေါ်စန်းတင်တော့ ပွဲချင်းပြီးသေသွားတယ် ဦးညွန့်ဝင်း၊ဒေါ်အေးအောင်၊ဒေါ်ဝင်း နဲ့နောက်တစ်ယောက်တို့က ဒဏ်ရာရတာပြင်းထန်တယ်” လို့ ဒေသခံ အမျိုးသမီးကြီးတစ်ဦးက AAMIJကိုပြောပါတယ်။
ဒါ့အပြင် တန့်ဆည်မြို့နယ် လယ်မရွာ ဘုန်းကြီးကျောင်းအတွင်းမှာရှိတဲ့ စေတီပေါ်ကို စစ်တပ်က လေကြောင်းကနေ ကြဲချလိုက်တဲ့ ဗုံးသီးတည့်တည့်ထိမှန်ပြီး ထီးတော်မြေခသွားကြောင်း AAMIJမှ ဓာတ်ပုံမှတ်တမ်း ရရှိထားပါတယ်။
ဒါ့အပြင် ဒုတိယနဲ့ တတိယ ဗုံးသီး ၂လုံးမှာ ဘုန်းတော်ကြီးကျောင်း နှစ်ထပ်ဆောင်ပေါ် တည့်တည့်ကျသွားတာကြောင့် ကျောင်းဆောင်မီးလောင်
ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၁၂ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ အနောက်ဘုန်းကြီး
ကျောင်းကို စစ်တပ်ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ဗုံးများကြဲချခဲ့ရာ ကိုရင် ၃ပါး အပါအဝင် သတင်းသီလဆောက်တည်ဖို့ ဘုန်းကြီးကျောင်းကို ရောက်ရှိနေကြတဲ့ ဥပသကာ ၃ဦးနဲ့ စုစုပေါင်း ၆ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁ဦး ရှိခဲ့ကာ ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားခဲ့ပါတယ်။
ရုပ်သံကို AAMIJ ရဲ့ Youtube Channel မှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Comment တွင် ရုပ်သံ Link ရှိသည်။
#aamij #WhatsHappeningInMyanmar #Airstrikes #Thingyan #fypシ
| 2 | No text... | 35 |
| 3 | စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ဦးသေဆုံးပြီး ၁၀ဦး ပြင်ထန်ဒဏ်ရာရရှိ
AAMIJ / ဧပြီ ၁၂
ဧပြီလ ၁၁ရက်နေ့ ည၇နာရီ ၁၀မိနစ်ခန့်က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇင်ကလဲရွာကို တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ဗုံးသီးများ ကြဲချကာ လေကြောင်းတိုက်ခိုက်မှု့ပြုလုပ်ခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာတပ်ပေါင်းစုထံကနေ သိရပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၂၈နှစ်နှင့် အသက် ၃၁နှစ်အရွယ် ဒေသခံအမျိုးသမီး ၂ဦးသေဆုံးပြီး ပြည်သူ ၁၀ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါ့အပြင် အိမ်မွေးကျွဲ၊ နွားများသေဆုံးခဲ့ကာ လူနေအိမ်များလည်းပျက်စီးသွားခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေကို
မြို့နယ်ပအဖတာဝန်၊ မြို့နယ်ကျန်းမာရေးတာဝန်ခံ၊မြို့နယ်ပကဖဆေးတပ်ဖွဲ့၊ တော်လှန်ရေးရဲဘော်များနဲ့ မြို့နယ်ပလဖအဖွဲ့ဝင်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
#aamij #Airstrikes #WhatsHappeningInMyanmar | 42 |
| 4 | No text... | 38 |
| 5 | No text... | 33 |
| 6 | ငလျင်ဖြစ်ပြီး ၄ရက်ကျော်သည်အထိ စစ်တပ်မှ ကယ်ဆယ်ရေး မလုပ်နိုင်သေး
AAMIJ / မတ် ၃၁
မြန်မာနိုင်ငံအတွင်း အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်းထောင်နဲ့ချီသေးဆုံးခဲ့ပြီး အိုးအိမ်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။
ငလျင်ဖြစ်ပြီး ၄ရက်ကျော်တဲ့အထိ စစ်တပ်ရဲ့ကယ်ဆယ်ရေးတွေကို တိတိပပ မမြင်တွေ့ရသလို ၎င်းတို့ ရုံးဆိုက်ရာ နေပြည်တော်မှာလည်း ကယ်ဆယ်ရေးလုပ်နိုင်တာကို မတွေ့ရပါဘူး။
ငလျင်ဖြစ်ပြီး ၄၈နာရီကျော်ပြီးနောက်မှာ နိုင်ငံတကာက ကယ်ဆယ်ရေးတွေဟာ မန္တလေးသို့ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ငလျင်ဖြစ်ပြီးနောက် ကယ်ဆယ်ရေးကိုအဓိကလုပ်ဆောင်နေကြသူတွေဟာ ဒေသအတွင်းပရဟိတများနဲ့ ပြည်သူအချင်းချင်းသာ ကယ်ဆယ်ရေးလုပ်ဆောင်နေကြရပါတယ်။
စစ်ခေါင်းဆောင်ကတော့ ငလျင်ဘေးသင့်ရာနေရာတွေမှာ ဓာတ်ပုံပတ်ရိုက်ပြီး ၄င်းတို့ပဲကူညီကယ်ဆယ်တော့မလိုနဲ့ ပြည်သူအချင်းချင်းသာကယ်ဆယ်နေရကြောင်း ဒေသခံတွေကပြောပါတယ်။
“စစ်တပ်ရဲ့ကယ်ဆယ်ရေးကိုအခုထိမတွေ့ရသေးပါဘူး နိုင်ငံတကာကယ်ဆယ်ရေးတွေကလည်း Sky Villa မှာပဲပြုံနေကြတာ၊ အခုထိကယ်ဆယ်ရေးမရောက်သေးတဲ့နေရာတွေအများကြီးကျန်သေးတယ် အထဲမှာပိမိသူတွေလည်း ရှိသေးတယ်” လို့ ဒေသခံတစ်ဦးက AAMIJကိုပြောပါတယ်။
စစ်တပ်က ကယ်ဆယ်ရေးကို တိတိပပမလုပ်နိုင်သလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နာမည်ကြီးတဲ့ ထိုင်ဝမ်နိုင်ငံကယ်ဆယ်ရေးကိုလည်း ဝင်ခွင့်မပြုခဲ့ပါဘူး။
စစ်တပ်ဝင်ခွင့်ပေးခဲ့တဲ့နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေဟာလည်း ငလျင်ဘေးသင့်ရာနေရာကို ချက်ချင်းသွားရောက်တာမျိုးမရှိပဲ တစ်ရက်ကြာမှ ကယ်ဆယ်ရေးတွေကို စတင်နေကြပါတယ်။
တော်လှန်ရေးအဖွဲ့စည်းများနဲ့ ပြည်သူများကလည်း နိုင်ငံတကာကပေးတဲ့ အကူညီတွေဟာ ငလျင်ဘေးသင့်သူတွေထံကို တိုက်ရိုက်မရောက်ရှိမှာကို စိုးရိမ်နေကြပါတယ်။
မန္တလေး၊စစ်ကိုင်း၊ပဲခူး၊ တောင်ငူ အစရှိတဲ့ ငလျင်ဘေးသင့်နေရာတွေမှာ ယခုအချိန်အထိ ပိတ်မိသေဆုံးသူတွေ ပျောက်ဆုံးသူတွေဟာ အများပြားရှိနေပါတယ်။
စစ်တပ်ကတော့ ငလျင်ဘေးသင့်နေချိန်မှာ အရပ်သားတွေနေထိုင်ရာနေရာတွေကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်တာတွေကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။
#aamij #MyanmarEarthquake | 70 |
| 7 | No text... | 55 |
| 8 | အမြန်လမ်းတွင် စစ်တပ်လက်ဝေခံများ ငွေညစ်နေမှုကို အရေးယူပေးရန် PDFများကို ပြည်သူများကတောင်းဆို
AAMIJ / မတ် ၂၇
အမြန်လမ်းပေါ်မှာ မောင်းနှင်နေတဲ့ကားတွေကို အကြောင်းပြချက်မဲ့ ဖမ်းဆီးပြီး ငွေညစ်နေတဲ့ စစ်တပ်လက်အောက်ခံ အမြန်လမ်းလုံခြုံရေးအဖွဲတွေကို အရေးယူပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDFတွေကို ပြည်သူတွေက အကူညီတောင်းခံနေကြပါတယ်။
စစ်တပ်လက်အောက်ခံ အမြန်လမ်းလုံခြုံရေးအဖွဲ့တွေက ယဉ်မောင်းနှင်ရာမှာ မိုင်နှုန်းကျော်ပြီးမောင်းတယ်လို့ဆိုကာ ကားတစ်စီးကို တစ်သိန်းကျော်ဒဏ်ငွေတောင်းခံနေကြောင်း ဒေသခံပြည်သူတွေက ရင်ဖွင့်ရေးသားနေတာကို တွေ့ရပါတယ်။
“စည်းကမ်းရှိစေဖို့ ယာဉ်အန္တာရယ်ကင်းစေဖို့ စေတနာတစ်ကယ် ပြည်သူကိုထားရင် အမြန်လမ်းမှာ ဒဏ်ကြေးရထားသမျှ ငွေတွေနဲ့ CCTV တွေ နေရာအနှံ တပ်လေ၊ ခိုးဝှက်ပြီး သူခိုးလို ဟိုကြား၊ ဒီ ခြုံပုတ်ကြားထဲ ထားပြီး တမင်ယုတ်မာနေတဲ့ အမြန်လမ်းရဲတွေကို နှိပ်ကွပ်ပေးကြပါဦး PDF တွေ။ ရေရွံစရာသိပ်ကောင်းလို့ပါလုပ်ရပ်က သူခိုးလိုလို နဲ့ပြီးမှ မဖြစ်စလောက်ကျော်လဲ ၁၂၀၀၀၀ ဆိုငွေညှစ်နေတာ ၊ ဖမ်းချင်ရင် စည်းဖောက်တဲ့ကားတိုင်း ရအောင်ဖမ်းတဲ့ စနစ်လုပ်ကြလေ “ ဟု လူမှုကွန်ယက်ပေါ်မှာ ရင်ဖွင့်ရေးသားထားပါတယ်။
အဲ့ဒိလိုဒဏ်ငွေတောင်းခံရာမှာ သာမန်ပြည်သူ လက်လုပ်၊လက်စား ကားတွေကိုသာ ပစ်မှတ်ထားငွေညှစ်နေပြီး စစ်တပ်နဲ့နီးစပ်တဲ့ ကားတွေကိုတော့ မသိချင်ယောင်ဆောင်ပေးနေတယ်လို့ အမြန်လမ်းမှာ ကားမောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ သာမန်ပြည်သူတစ်ဦးက ရင်ဖွင့်ရေးသားထားပါတယ်။
လွန်ခဲ့တဲ့လကလည်း စစ်တပ်လက်အောက်ခံတွေက စစ်ဆေးရေးဂိတ်တစ်ခုမှာ ကုန်တင်ကားတွေကို ငွေညှစ်နေတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်ပေါ်မှာ ပေါက်ကြားလာခဲ့ပါတယ်။စစ်တပ်လက်ဝေခံအဖွဲ့စည်းတွေရဲ့ အကြောင်းပြချက်ငွေညှစ်မှုတွေဟာ အခြေခံလူတန်းစားအသီးသီးကိုသာ ပစ်မှတ်ထား ငွေညစ်နေတာဖြစ်ပါတယ်။ | 78 |
| 9 | No text... | 61 |
| 10 | CDM သူနာပြု အမျိုးသမီးရဲဘော်တစ်ဦးကို
PDF တပ်ရင်းမှူးမှ နှိပ်စက်
AAMIJ / မတ် ၂၆
CDM သူနာပြု အမျိုးသမီး ရဲဘော်တစ်ဦးဖြစ်တဲ့ မယဉ်မွန်အောင်ကို NUGရဲ့ တပ်ရင်းမှူးမှ ဥပဒေမဲ့ဖိနှိပ်မှု၊ အကြမ်းဖက်ဖမ်းဆီးနှိပ်စက်မှုများ၊ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးပေးဖို့နဲ့ တရားမျှတမှုအတွက် အရေးတကြီးလိုအပ်နေတယ်လို့ ရှိ( Shield Women Organization) အမျိုးသမီးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနထံ မတ်လ ၂၆ ရက်နေ့ကအိတ်ဖွင့်ပေးစာပေးပို့ပြီး တောင်းဆိုခဲ့ပါတယ်။
မယဉ်မွန်အောင်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်အာဏာသိမ်းမှုကို လက်မခံတာကြောင့် CDM ပြုလုပ်ခဲ့ပြီး NUGရဲ့ စစ်ဒေသ(၁)၊ အမှတ် (၅၁၅)တပ်ရင်းမှာ ဆေးတပ်ဖွဲ့ဝင်အဖြစ် စတင်ပြီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဲ့ဒိနောက် ရဲဘော်ယဉ်မွန်အောင်ဟာ ဒုတပ်ရင်းမှူး(လက်ရှိ တပ်ရင်းမှူး) ဒေါက်တာလုံးလုံးရဲ့ ညွှန်ကြားချက်အရ ကျောက်ဆည်ခရိုင် တပ်ရင်း (၃)ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။
ရဲဘော် မယဉ်မွန်အောင်ဟာ တပ်ရင်းမှူးထံ နှုတ်ထွက်စာ (၃)ကြိမ် တင်သွင်းခဲ့ပြီး ပြန်လည်အကြောင်းပြန်ခြင်း မရှိတာကြောင့် စစ်ရေးချုပ်ထံ တိုက်ရိုက်တင်ပြခဲ့ပြီးနောက် ရဲဘော်ယဉ်မွန်အောင်ကို ဝန်ကြီးချုပ်နှုတ်မိန့်ဟုဆိုကာ တပ်ရင်းမှူးက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ မယဉ်မွန်
အောင်ကို ခွင့်ပြုချက်မရှိဘဲ အဖွဲ့ရဲ့ Facebook Messenger မှ ထွက်ခွာလို့ဆိုကာ တပ်ရင်းမှ အာဏာသုံးပြီး အပြစ်ပေး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒိနောက် တပ်ရေးဗိုလ်ဈာန်က ဦးဆောင်ပြီး မယဉ်မွန်အောင်ကို အကြမ်းဖက် ဆွဲထုတ်ပြီး (၃)ချက် ရိုက်နှက်ခဲ့ကာ "ပြည်သူ့စစ်သား" ဟု အော်ခိုင်းခဲ့ခြင်း၊ သတိလစ်သည်အထိ နာရီပေါင်းများစွာ ဒဏ်ပေးခံရခြင်း၊ ယောကျ်ားလေး အကျဉ်းသားတွေနဲ့အတူ (၃)ရက်ကြာ ခြောက်ပေါက်ချုပ်ဖြင့် ချုပ်နှောင်ခံခဲ့ရခြင်း၊ ချုပ်ရက်ပြည့်သည့်နေ့မှာလည်း ထပ်မံရိုက်
နှက်ခံရခြင်းတို့ကို ရဲဘော်မယဉ်မွန်အောင်ဟာ ခံခဲ့ရပါတယ်။
မယဉ်မွန်အောင်ရဲ့ ဖုန်းနဲ့ မှတ်ပုံတင်စာအုပ်ကိုသိမ်းဆည်းထားသလို မိသားစုနဲ့ ဆက်သွယ်ခွင့် မပြုခဲ့ကြောင်းကို အမျိုးသမီးအဖွဲ့တစ်ခုဖြစ်တဲ့ ရှိ (Shield) အဖွဲ့ထံကို ဒဏ်ရာရ ဓါတ်ပုံသက်သေများနဲ့အတူ အကူအညီတောင်းခံလာကြောင်း သိရပါတယ်။
ရှိ(Shield) အမျိုးသမီးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနထံ နစ်နာသူ မယဉ်မွန်အောင်ကို လုံခြုံတဲ့ နေရာမှာ ယာယီခိုလှုံခွင့်နဲ့ လူမှုရေး အထောက်အပံ့များပေးဖို့၊အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်သူများကို စုံစမ်းစစ်ဆေးပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့၊
ဆေးကုသမှု၊ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှုများ ချိတ်ဆက် ထောက်ပံ့ပေးဖို့ တောင်းဆိုထားပါတယ်။
ယခုလို လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အမျိုးသမီးများကို ဖိနှိပ်နှိပ်စက်မှုများမှ ကာကွယ်ပေးရန်နှင့် တရားမျှတမှုရရှိစေရေး ရှိ/ Shield အမျိုးသမီးအဖွဲ့က ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဖိနှိပ်ခံ အမျိုးသမီးများအား အကာအကွယ်ပေးရန်နှင့် တရားမျှတမှုရရှိရေးအတွက် နိုင်ငံတကာနှင့် ပြည်တွင်း လူ့အခွင့်အရေး ကာကွယ်သူများနှနဲ့ အဖွဲ့အစည်းများ ပူးပေါင်းပါ၀င်ကြရန် ရှိ/ Shield အမျိုးသမီးအဖွဲ့က တောင်းဆိုထားပါတယ်။
#aamij #womenrights #stopvoilenceagainstwomen #fypシ | 54 |
| 11 | No text... | 33 |
| 12 | ရက်တိုကွန်ဒိုငှါးရမ်းမှုများ ပိတ်ပင်ပေးရန် ထိုင်းဟိုတယ်အစည်းရုံးမှ တောင်းဆို
AAMIJ / မတ် ၂၇
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူမှုဟာ အများပြားရှိနေပါတယ်။
အဲ့ဒိကွန်ဒိုဝယ်ယူသူတွေထဲမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက ဒုတိယအများဆုံး ဝယ်ယူနေကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ရက်တိုကွန်ဒို အခန်းငှါးရမ်းမှုဟာလည်း ခေတ်စားနေတဲ့အရာတစ်ခုဖြစ်ပါတယ်။
အဲ့ဒိလို ရက်တိုကွန်ဒိုငှါးရမ်းမှုတွေဟာ ဟိုတယ်ငှါးခတွေထက် စျေးသက်သာနေတာကြောင့် ထိုင်နိုင်ငံရဲ့ဟိုတယ်လုပ်ငန်းတွေဟာ အမြတ်ဆုံးရှုံးမှုတွေရှိနေတာကြောင့် ရက်တိုကွန်ဒိုငှါးရမ်းမှုတွေကို ပိတ်ပင်ပေးဖို့ ထိုင်းနိုင်ငံဟိုတယ်အစည်းအရုံးက ထိုင်းအစိုးရထံ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံခြားသားတွေက အခုလိုရက်တိုကွန်ဒိုကို ပြန်လည်ငှါးစားတာဟာ ထိုင်းဥပဒေအရ အရေးယူနိုင်ပြီး ဒဏ်ငွေ ဘတ်၂သောင်း ဒဏ်ရိုက်အရေးယူလို့ ရပါတယ်။
ဒဏ်ငွေ ဘတ်၂သောင်း အရေးယူမှုဟာ ထိရောက်တဲ့အရေးယူမှုမဟုတ်ကြောင်း ထိုင်းဟိုတယ်လုပ်ငန်းရှင်များအစည်းအရုံးက ထိုင်းအစိုးရကို တိုက်တွန်းနေပါတယ်။
#aamij #thailand #fypシ | 30 |
| 13 | KNU ထိန်းချုပ်နယ်မြေများကို စစ်တပ် တိုက်ခိုက်မှုကြောင့် ပြည်သူ၄ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိ
AAMIJ / မတ် ၂၇
KNU ထိန်းချုပ်နယ်မြေရှိ ကျေးရွာတွေကို စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ဦး သေဆုံးခဲ့ပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူ−လယ်ဒိုမြို့နယ်မှာ မတ်လ (၂၄) ရက်နေ့ ညနေ ၃နာရီ ၄၅မိနစ်ခန့်က စစ်တပ်မှ လေယာဥ်နဲ့ အင်တိုင်းကုန်းကျေးရွာနဲ့ လိန်ပင်ကျေးရွာကြားကို လာရောက်ပစ်ခတ်ခဲ့ရာ သံဃာတော်တစ်ပါး ညာဘက်လက်ပြတ်ထွက် ဒဏ်ရာရရှိခဲ့ပြီး အင်တိုင်းကုန်းရွာနေ ပြည်သူ ၄ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကော်သူးလေအုပ်ချုပ်ရေးနယ်မြေ၊ ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ် အတွင်း မတ်လ ၂၅ရက်နေ့က စစ်ကောင်စီတပ်ဟာ စဥ်အိုးလှကျေးရွာကနေပြီး ဒရုန်းနဲ့ တလှိုင်းခင်ကျေးရွာထဲကို ဗုံးကျဲခဲ့ရာ တလှိုင်းခင် ကျေးရွာကို စစ်ဘေးရှောင်လာရောက်နေထိုင်တဲ့ ကလေးငယ်၂ဦးအပါအဝင် ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
#aamij | 1 |
| 14 | နှစ် ၈၀ပြည့် တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့လယ်တွင် ဘန်နာချိန်ဆွဲ ဆန္ဒပြ
AAMIJ / မတ် ၂၇
ဒီကနေ့ မတ်လ ၂၇ရက်နေ့မှာကျရောက်တဲ့ နှစ် ၈၀ပြည့် တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့လယ်မှာ ဘန်နာချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။
အဆိုပါ ဘန်နာချိတ်ဆွဲမှုကို Youth of Anarchy (YOA) အဖွဲ့မှ ပြုလုပ်တာပဲ ဖြစ်ပါတယ်။
" အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည် " ဆိုတဲ့ စသားပါ ဘန်နာကို ချိတ်ဆွဲခဲ့တာဖြစ်ပြီး စာသားရဲ့ အဓိပ္ပါယ်ကတော့ နှစ်ပေါင်းများစွာတိုင် အာဏာရှင်သည်သာ သခင်၊ အာဏာရှင်သည်သာ ကျေးဇူးရှင်ပုံစံမျိုးဖြင့် လုပ်သားပြည်သူတို့ အလုပ်အကျွေးပြုနေရသော အာဏာကို ဗဟိုပြုထိန်းချုပ်သော စနစ်ကို မုတ်ချပြိုလဲရမည် ဆိုတဲ့ အဓပိပ္ပါယ်ဖြစ်ပါတယ်။
YOA မှ ညီညွတ်သော၊ တရားသော၊ ဘက်မလိုက်သော နည်းလမ်းများနဲ့ အာဏာရှင်ကို အဆုံးထိ တော်လှန်လူထုများနဲ့ လက်တွဲကာ အတူတကွ တိုက်ထုတ်သွားမှာဖြစ်ကြောင်းလည်း ပြည်သူကို အသိပေးထားပါတယ်။
စစ်တပ်ကတော့ ဒီနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ပြီး နှစ် ၈၀ပြည့် အထိမ်းအမှတ်အခမ်းအနားတွေပြုလုပ်နေပေမယ့် ပြည်သူတွေကတော့ တော်လှန်ရေးနေ့အဖြစ် ခံယူထားပြီး စစ်
အာဏာရှင်ကို ရရာနည်းလမ်းနဲ့ တော်လှန်နေကြတာ
ဖြစ်ပါတယ်။ #Yangon #aamij | 41 |
| 15 | https://youtu.be/WCT8hQ11IFA?si=C1H75DdkjMC7y0Y9 | 24 |
| 16 | မြောက်ဒဂုံ OWICရုံးဗုံပေါက်
AAMIJ / မတ် ၂၆
ဒီကနေ့မနက် ၅နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က OWICရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်ဆီးမှု အခြေနေကိုတော့ မသိရှိရသေးပါဘူး။
စစ်တပ်က OWICရုံးကို ဖေဖော်ဝါရီလ ၁၈ရက်နေ့ကစတင်ပိတ်ခဲ့ပြီး ပြည်ပကို ထွက်ခွါအလုပ်လုပ်ကိုင်ခွင့်ကိုလည်း ကန့်သန့်ထားပါတယ်။
#Yangon #aamij | 38 |
| 17 | လှိုင်သာယာတွင် အသက်၁၉နှစ်အရွယ် လူငယ်တစ်ဦးကို PDFဟုဆိုကာ စစ်တပ်က ဖမ်းဆီး
AAMIJ / မတ် ၂၆
မတ်လ ၂၆ရက် နေ့ မနက် ၉နာရီ ၄၀မိနစ်ခန့်က ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်ရှိ အပိုင်(၁၅)အင်ကြင်းလမ်း၊ အမှတ်(၄၂၉/ခ)မှာ လူငယ်တစ်ဦးကို PDFဟု စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါဖမ်းဆီးခံရတဲ့ လူငယ်ဟာ အသက် ၁၉နှစ်အရွယ်ခန့်သာရှိသေးတဲ့ ဇော်မျိုးထွေး(ခ)ဇော်ဇော်အောင်ဖြစ်ပါတယ်။
လက်ရှိမှာတော့ အဆိုပါလူငယ်ကို စစ်တပ်က မည်သည့်နေရာမှာ ချုပ်နှောင် ဖမ်းဆီးထားတယ်ဆိုတာကို မသိရှိရသေးပါဘူး။ ရန်ကုန်မြို့မှာ စစ်တပ်က လူငယ်တွေကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးနေတာဟာ ၄င်းတို့ စစ်အာဏာသိမ်းပြီးထဲက ဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး Rangoon Scout Network (RSN)ကို AAMIJ မှ ဆက်သွယ်မေးမြန်းခဲ့ရာမှာ စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။
#Yangon #aamij #HlaingTharYar | 38 |
| 18 | No text... | 32 |
| 19 | အဆိုပါစက်ရုံက စင်္ကြာမင်းတိုင်းရင်းဆေးထုတ်လုပ်တာဖြစ်သလို ဆေးကုခန်းလည်းထားရှိထားပြီး စင်္ကြာမင်းကျီးပေါင်းဆေး၊ အားတိုးဆေး၊ အကြောဆေး အစရှိတဲ့ တိုင်းရင်းဆေးတွေကို
ထုတ်လုပ်တာလည်းဖြစ်ပါတယ်။ | 32 |
| 20 | အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာ၊ မလာ စစ်ဆေးခဲ့သည့် စကြာမင်းဆေးတိုက်ကို အရေးယူပေးရန် တောင်းဆို
AAMIJ / မတ် ၂၆
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းရှိ စင်္ကြာမင်းတိုင်းရင်းဆေးထုတ်လုပ်ရေး စက်ရုံမှာ အမျိုးသမီးအလုပ်သမားအားလုံးကို တစ်ဦးချင်း ထဘီလှန်ပြီး ရာသီလာ မလာ စစ်ဆေးခံခဲ့ရတဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိထိရောက်ရောက်အရေးယူပေးဖို့ အလုပ်သမားတွေက တောင်းဆိုခဲ့တယ်လို့ Myanmar Labour News မှာ ဖေါ်ပြထားပါတယ်။
"စက်ရုံမှာက အိမ်သာတွေမှာကျအမှိုက်ပုံးပေးမထားဘူး။ ဒီလိုအမျိုးသမီးကိစ္စတွေဖြစ်ပြီဆိုရင် အိတ်နဲ့ထုပ်ပြီးအိမ်ကိုပြန်သယ်ရတာ။ အဲဒါကိုပစ်မိတဲ့ကောင်မလေးက သူကအသစ်ဆိုတော့ ဘယ်မှာပစ်ရမှန်းမသိတော့စက်ရုံရဲ့အမှိုက်ပုံးထဲမှာပစ်လိုက်တာ။ မသိဘဲပစ်လိုက်တော့ အမှိုက်သိမ်းတော့ တွေ့သွားတော့ စက်ရုံမှူးကအကုန်ခေါ်တယ်။ မေးတော့ကောင်မလေးကမပြောရဲတော့ မန်နေဂျာရယ် စက်ရုံမှူးရယ်က အကုန်စစ်မယ်ဆိုပြီးထမိန်တွေအကုန်လှန်စစ်တာ။ စစ်တော့ရာသီလာနေတာ ၃ယောက်တွေ့တယ်။ အဲ့ဒီ ၃ယောက်ကိုဝန်ခံခိုင်းတာ။ ဝန်ခံခိုင်းတုန်းရှိသေးတယ်စက်ရုံဆင်းချိန်ရောက်တော့ မနက်ဖြန်ထပ်စစ်မယ်ဆိုပြီးပြီးသွားတယ်။ ဒီနေ့ကျတော့ အဲ့၃ယောက်ထဲက အဲဒီကောင်မလေးကမလာတော့ဘူး။ မလာတော့အဲဒီကောင်မလေးပဲဆိုတာသိလိုက်ပြီး ဒီအတိုင်းပြီးသွားတယ်။ ဒါပေမဲ့ ဒီအတိုင်းပြီးသွားပေမဲ့ထမိန်လှန်ပြီးအကုန်စစ်ခံရတဲ့မိန်းကလေးအကုန်က မကျေနပ်တော့ ဒါကိုထိထိရောက်ရောက်အရေးယူပေးစေချင်တာပါ" လို့ အလုပ်သမားတွေနဲ့နီးစပ်သူတစ်ဦးကဆိုပါတယ်။
အဆိုပါစက်ရုံမှာ အမျိုးသမီးအလုပ်သမား ၄၀ ကျော်ရှိတာဖြစ်ပြီး အလုပ်သမားအားလုံးကို တစ်ဦးချင်းစီ လုံခြည်လှန်ပြီး အတွင်းခံမှာရာသီလာမလာကို လိုက်လံစစ်ဆေးခဲ့တာဖြစ်သလို စစ်ဆေးသူဟာ အမျိုးသမီးဖြစ်ပေမဲ့လည်း CCTV တပ်ဆင်ထားတဲ့နေရာမှာစစ်ဆေးခံခဲ့ရတာဖြစ်တာကြောင့် အဲဒီလိုစစ်ဆေးတဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အရေးယူပေးစေလိုတယ်လို့ ဆိုပါတယ်။
"သူတို့ကပြောဆိုဆက်ဆံတာကြမ်းတမ်းတော့ အလုပ်သမားတွေကကြောက်ကြတယ်။ ဆဲဆိုတာကလည်းတော်တော်ဆိုးတယ်။ ပြောရင်ရှေ့ခေါ်ထုတ်ပြီးပြောတော့ရှက်ပြီးအလုပ်ထွက်ကြတာတွေလည်းအများကြီးပဲ။ အချိန်ပိုကြေးတွေဆိုရင် ရှေ့လကလည်း တနင်္ဂနွေနေ့တိုင်းလိုလိုOTဆင်းခိုင်းပြီး အချိန်ပိုကြေးနှစ်ဆပေးရမှာကိုမပေးဘဲ ပုံမှန်အတိုင်းပဲပေးတယ်။ အလုပ်ချိန်မနက် ၈နာရီ ၊ ညနေ ၅နာရီဆိုပေမဲ့ ညနေ၆နာရီထိုးခါနီးအထိဆင်းပေးရတယ်။ စံချိန်တွေလည်းမဖြစ်နိုင်တဲ့နှုန်း တွေတောင်းတယ်” လို့ ဆိုပါတယ်။
အခုလို အမျိုးသမီးလုပ်သားတွေအပေါ် ချိုးဖောက်ကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် FGWM က ရှုတ်ချပြီး တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
"ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးတော့ ကျမတို့ လုံးဝရှုံ့ချပါတယ်။ လုံးဝမဖြစ်သင့်တဲ့ ကိစ္စလည်းဖြစ်တယ်။ အမျိုးသမီးအလုပ်သမား အများဆုံး ရှိ နေတဲ့ လုပ်ငန်းခွင်ထဲ၊ မိုးလင်း မိုးချုပ် နေ့တဓူဝ ဒီလုပ်ငန်းခွင်ထဲရှိနေတဲ့အချိန်က အများ ဆုံးဖြစ်တယ်။ လုပ်ငန်းခွင်ထဲမှာရှိတဲ့ အလုပ်သမားအားလုံးရဲ့ လိုအပ်ချုပ်မှန်သမျှ ကိုလုပ်ဆောင် ပေးဖို့ လုပ်ငန်းရှင်မှာအပြည့်အဝတာဝန်ရှိပါတယ်။ လုပ်ငန်းရှင်အနေနဲ့ဒီလိုလုပ်ရပ်မျိုးကိုလုပ်တာအင်မတန်မှလူမဆန်တဲ့လုပ်ရပ်လည်းဖြစ်တယ် ။ ကိုယ့်လုပ်ငန်းခွင်ထဲမှာရှိနေတဲ့အလုပ်သမားတွေကို ကြိုက်သလိုလုပ်လို့ရတယ်ဆိုတဲ့ အခြေအနေမျိုးက စစ်အာဏာသိမ်းပြီး ထဲက လုပ်ငန်းရှင်တွေရဲ့ ခေါင်းထဲအလိုလိုရောက်လာတယ် ပြီးတော့ အာဏာကုန်ထုတ်သုံးပြီး ဖိနှိပ်တယ်၊ အနိုင်ကျင့်ဗိုလ်ကျ စော်ကားတယ် ၊ ခြိမ်းခြောက်တယ် ၊ အဆိုးဆုံးကအခုလိုလုပ်ရပ်ဖြစ်တယ် ဒါလုံးဝလက်မခံနိုင်တဲ့ကိစ္စဖြစ်တယ် ။ မတ်လ ၈ ရက်နေ့ နိုင်ငံတကာမဟာမိတ် သမဂ္ဂ တွေ ညီအမတွေစုပေါင်းပြီး” ဓမ္မတာ လစဥ်သုံး ဂွမ်းထုတ်လိုသူတိုင်း လူတိုင်းရရှိရေး “ ခေါင်းစဥ်နဲ့ကမ်ပိန်းလှုပ်ရှားမှုတောင်းဆိုမှု လုပ်ဆောင်တာမကြာသေး ဘူး ဒီဖြစ်စဥ်ကိုကြားရတော့ ကျမတို့အနေနဲ့ လက်ခံလို့မရဘူး ၊ ဆက်ပြီး လုပ်ဆောင်စရာရှိတာလုပ်ဆောင်မယ် ဒီစက်ရုံမှာရှိနေတဲ့ ကုန်အမှတ်တံဆိပ်ကို စာပို့မယ် မဟာမိတ်အဖွဲ့တွေနဲ့ ညီမတွေနဲ့တိုင်ပင်ပြီး လုပ်ဆောင်သင့်တာဆက်လုပ်သွားဖို့ ရှိပါတယ်။"လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် FGWM - အမျိုးသမီးကော်မတီ တာဝန်ခံ ဒေါ်ခင်သန္တာမိုး က ပြောပါတယ်။
အဲ့ဒီစက်ရုံမှာ HR လည်းမရှိဘဲ ဆေးရောင်းတဲ့ Page admin သာရှိပြီး စက်ရုံမှူး အမျိုးသမီးကသာ စီမံခန့်ခွဲတာဖြစ်သလို အလုပ်သမားတွေကိုအချိန်ပိုခေါ်ယူရာမှာလည်း အစိုးရရုံးပိတ်ရက်မှာခေါ်ယူတိုင်း အချိန်ပိုကြေးနှစ်ဆမရဘဲ ပုံမှန်အတိုင်းသာပေးချေတာ အလုပ်ချိန်ကိုလည်း နံနက်၈နာရီကနေ ညနေ ၅ နာရီနဲ့ ၆နာရီတွေအထိလုပ်ပေးရတာဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားတွေအပေါ် ကြမ်းကြမ်းတမ်းတမ်းပြောဆို ဆက်ဆံတာ ဆဲဆိုတာတွေလုပ်လေ့ရှိသလို အချိန်ပိုကြေးအပြည့်မရတာတွေနဲ့ သင်္ကြန်ပိတ်ရက်မရတာတွေ စတဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေလည်းရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ | 31 |
