en
Feedback
Botahtaung Scout Channel

Botahtaung Scout Channel

Open in Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Show more
2 029
Subscribers
-124 hours
-27 days
-2630 days
Posts Archive
Repost from RSN WEB
🆕 DAILY HIGHLIGHTS (13-18 JUN 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ ကလေးမြို့နယ်ထဲက ရာဇဂြိုဟ်ရွာကိ
🆕 DAILY HIGHLIGHTS (13-18 JUN 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ ကလေးမြို့နယ်ထဲက ရာဇဂြိုဟ်ရွာကို စစ်တပ်ပြန်သိမ်း – BBC ———— 🔍 နိုင်ငံရေးထူးခြားသတင်းများ NSPNC နဲ့ SSPP တို့အကြား NCA Plus အကြောင်း ဆွေးနွေး – THN ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ Belt and Road စီမံကိန်းများ လုံခြုံရေး အာမခံချက်ပေးရန် တရုတ်သမ္မတက အကြမ်းဖက် မင်းအောင်လှိုင်ကို ပြော – KT ငှက်ပျောသီးတင်ပို့ရေးအပါ နားလည်မှုစာချွန်လွှာ ၁၈ခု မင်းအောင်လှိုင်နှင့် ရှီကျင့်ဖျင် လက်မှတ်ရေးထိုး – MPA ———— 💵 စီးပွားရေးထူးခြားသတင်းများ ကမ်းလွန်စီမံကိန်းအသစ် ၄ ခု ထပ်မံဖော်ဆောင်ရန် စစ်ကော်မရှင် ပြင်ဆင်နေ – MPA မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ဟု ကမ္ဘာ့ဘဏ် သတိပေး – KT ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မူဆယ်-မန္တလေး ရထားလမ်း အပါအဝင် အဓိကစီမံကိန်းများ ဆက်အကောင်အထည်ဖော်မည်ဟု ကြေညာ – KT ———— ➕ အခြားထူးခြားသတင်းများ စစ်တပ်ပိုင် Mytel ရဲ့ ကမ္ဘာ့ဖလားကြော်ငြာစာမျက်နှာကို facebook ဖယ်ရှား – BBC #RangoonScoutNetwork

⬜️ ဒေါပုံ မဟာဗန္ဓုလတံတားအဆင်း သင်္ဘောသားရုံးရှေ့ ခွေးဘဲဥ တသိုက် အစာကောက် – RSG 8:36 AM 📬 @Inform_RSN

🕊️ ၈၁ နှစ်ပြည့် မွေးနေ့မင်္ဂလာပါ အမေစု အမေစု ကျန်းမာရေးကောင်းမွန်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ရှည်ရှည် နေထိုင်န
🕊️ ၈၁ နှစ်ပြည့် မွေးနေ့မင်္ဂလာပါ အမေစု အမေစု ကျန်းမာရေးကောင်းမွန်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ရှည်ရှည် နေထိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ နှစ်ပေါင်းများစွာ အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ မယိမ်းမယိုင် ရပ်တည်ခဲ့သည့် သတ္တိ၊ ဇွဲလုံ့လနှင့် ယုံကြည်ချက်များသည် မြန်မာပြည်သူများအတွက် အားအင်တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါစေ။ ယနေ့ကျရောက်သော ၈၁ နှစ်ပြည့် မွေးနေ့မှစ၍ အေးချမ်းပျော်ရွှင်မှုများ၊ ကျန်းမာခြင်းများနှင့် မျှော်လင့်ထားသော ကောင်းမွန်သည့် နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေကြောင်း လေးစားစွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🌹 Happy 81st Birthday, Daw Aung San Suu Kyi. 🕊️ May you be blessed with good health, strength, peace, and happiness. #HappyBirthdayMotherSuu #June19 #DawAungSanSuuKyi #81stBirthday 🌹🕊️

🔴 ဗိုလ်တထောင်၊ အစစ်အဆေး * ဗိုလ်ချုပ်လမ်း အိုးအိမ်ရုံးအနီး စခ ၁၀ ကောင်ဝန်းကျင်ခန့် လမ်းသွား လမ်းလာတွေ စစ်ဆေးနေခဲ့ * 7:46 PM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

ကျောက်တံတား အနော်ရထာလမ်းမပေါ် ၃၉လမ်းထိပ် 9K 7310 ရခ မီးတန်း ၁ စီး ရပ်ထား – RSG 5:43 PM 📬 @Inform_RSN

🟨 ကျောက်တံတား ဆိုင်ကယ် ၁ စီး ရခ မီးတန်း ၁ စီး ပရာဒို အမဲ ၁ စီး အိမ်စီးကား အမဲ ၁ စီး Hilux အဖြူ ၁ စီး ရခ မီးတန်း ၁ စီး ကုန်သည်လမ်းဘက်ကနေ ဆူးလေဘက်ကွေ့သွား – RSG 1:05 PM 📬 @Inform_RSN

ပန်းပဲတန်း ရွှေတိဂုံဘုရားလမ်းမပေါ် Pan Pacific Hotel ရှေ့ ရခ DC ၁ စီးနဲ့ ရခအင်အားအများအပြားနဲ့ ဘဲဥ တချို့ရှိ – RSG 8:20 AM 📬 @Inform_RSN

ကျောက်တံတား မဟာဗန္ဓုလပန်းခြံရှေ့ မြို့တော်ခန်းမရှေ့ ‌ဧမာနွေလဘုရားကျောင်း ပတ်ပတ်လည်ကို CCTVတွေ တပ်နေ 11:20 AM 📬 @Inform_RSN

ပန်းပဲတန်း ဗိုလ်ချုပ်လမ်းပေါ် Holy Trinity Cathedral Church ကျောင်းဝင်ပေါက်နား ရခ SC ၁ စီး ရပ်ထားပြီး ရခ ၂ ကောင် အောက်ဆင်းနေ – RSG 8:57 AM 📬 @Inform_RSN

လသာ ရွှေတိဂုံဘုရားလမ်း သွေးလှူဘဏ်ရှေ့ဘက်အခြမ်း ရခ မီးတန်း ၁ စီး၊ ရခ SC ၁ စီး၊ ရပ်ထားပြီး ရခတွေ အောက်ဆင်းနေ၊ ခွေးဘဲဥ အထီး ၂၊ အမ ၂လဲရှိ သွေးလှူဘဏ် မျက်နှာချင်းဆိုင် Junction Cityဘေးနား စခ DC ၁ စီး၊ ရခ SC ၁ စီး၊ ဘဲဥ ဆိုင်ကယ် ၁ စီးရှိ – RSG 8:49 AM 📬 @Inform_RSN

မင်္ဂလာတောင်ညွှန့် ဗိုလ်ချုပ်နဲ့ ဆူးလေပွိုင့်ထောင့် ခွေးဘဲဥ ၁ ကောင်ရှိ – RSG 8:30 AM 📬 @Inform_RSN

ကျောက်တံတား ကမ်းနားလမ်းနဲ့ ပန်းဆိုးတန်းပွိုင့်အကျော် ကွမ်းယာဆိုင်နား ခွေးဘဲဥ ၂ ကောင်ရှိ – RSG 8:25 AM 📬 @Inform_RSN

ကျောက်တံတား ရခ Jeep ၁ စီး ရခ DC ၁ စီး ဆူးလေဘုရားဘက်မှ ဆူးလေဘုရားလမ်းအတိုင်း ဗိုလ်ချုပ်လမ်းဖြတ်ပြီး သမ္မတဂုံးဘက်မောင်းသွား။ 2:56 PM 📬 @Inform_RSN

ဗိုလ်တထောင် * ဗိုလ်ချုပ်လမ်းပေါ် ၄၅၊ ၄၆ လမ်းထိပ် ခွေးဘဲဥ ဘယ် ၁၊ ညာ ၂ ရှိနေ * 10:43 AM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ် ဇွန်လ 1️⃣6️⃣ရက် ရန်ကုန်မြို့မှာ အကြမ်းဖက်စစ်အုပ်စု စောင့်ကြည့်နေတဲ့ကြားက နှင်း
+8
ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ် ဇွန်လ 1️⃣6️⃣ရက်
ရန်ကုန်မြို့မှာ အကြမ်းဖက်စစ်အုပ်စု စောင့်ကြည့်နေတဲ့ကြားက နှင်းဆီလှုပ်ရှားမှုတွေကို အထင်ကရ နေရာတွေမှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ “အကြမ်းဖက် စစ်တပ်ရဲ့ စောင့်ကြည့်မှုများကြားထဲမှ ရန်ကုန် နှင်းဆီများ ပေါ်ပေါက်လာ ပြန်ပြီ ဖြစ်ပါတယ်။ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်မြို့ရဲ့ အထင်ကရ‌ နေရာများ ၊ လမ်းများမှတဆင့် စီးကူးသယ်ဆောင်ရင်း ရန်သူ့အခြေစိုက်နယ်မြေမှာဘဲ ရန်သူကြောက်တဲ့ နှင်းဆီပန်းများကို မြင်တွေ့နိုင်အောင် ကြိုးစားခဲ့ကြပါတယ်။” လို့ နှင်းဆီလှုပ်ရှားမှု ဦးဆောင်သူတွေက ပြောကြားထား ပါတယ်။ နှင်းဆီလှုပ်ရှားမှုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ ဇွန်လ ၁၉ မှာ ပြုလုပ်ကြ မှာဖြစ်ပြီး အဲဒီနေ့မှာ နှင်းဆီပန် ဒါမှမဟုတ် ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာ၊၊ အပြန်အလှန် ဝေငှတာတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ အွန်လိုင်းကမ်ပိန်းအဖြစ်နဲ့လည်း မိမိတို့ ပန်ဆင်တာ ၊ ကိုင်ဆောင်တာ ပြုလုပ်ထားတဲ့ ပန်နဲ့ဓာတ်ပုံတွေကို Social Media ပေါ်မှာ တင်ပြီး အွန်လိုင်းမှ ပါဝင်ရမှာဖြစ်ပါတယ်။ မြေပြင်လှုပ်ရှား မှု အနေနဲ့ကတော့ မြေပြင်သပိတ်လှုပ်ရှားမှုတွေမှာ နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီးတော့ ပါဝင်ပေးဖို့ ဖြစ်ပါတယ်။ နှင်းဆီလှုပ်ရှားမှု ရဲ့ ဆောင်ပုဒ်ကို “အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” လို့ ပေးထားပြီး Proof of Life ကမ်ပိန်းနဲ့လည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။
ŠPVTV #SpringRevolution #KyimyindaingNetworks #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar

ဗိုလ်တထောင် * စခ Faw ၁ စီး၊ နောက်ခန်း ‌ဆီပေပါတွေပါ * မဟာဗန္ဓုလလမ်းပွိုင့်ဘက်ကနေ ဗိုလ်တထောင်ဘုရားလမ်းအတိုင်း ကုန်သည်လမ်းပွိုင့်ဖြတ်ပြီး ကမ်းနားဘက်ဆင်းသွားခဲ့ * 9:30 AM #RSG သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင်၊ ကားဖမ်း * ကမ်းနားလမ်း သိမ်ဖြူပွိုင့်အကျော် ကျောက်လမ်းမပေါ် ဘဲဥ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီးနဲ့ ခွေးဘဲဥ တသိုက် အစာကောက်ဖို့ ရောက်ရှိနေ * 9:05 AM #RSG သတင်းပေးပို့ရန် @Bo1000_Informer

⬜️ ကျောက်တံတား ကမ်းနားလမ်း ပန်းဆိုးတန်းပွိုင့်အကျော် လူကူးဂုံးတံတားအောက် ခွေးဘဲဥ အထီး ၁ ကောင် ဆိုင်ကယ်ပေါ်ထိုင်ပြီး ဖုန်းကြည့်နေ – RSG 9:04 AM 📬 @Inform_RSN

ကျောက်တံတား အနော်ရထာနဲ့ ဆူးလေထိပ်ပွိုင့် ခွေးဘဲဥ အထီး ၁၊ အမ ၂ရှိ အမ ၂ ကောင် တံတားဘက် လမ်းလျှောက်သွား – RSG 9:01 AM 📬 @Inform_RSN

Repost from Khit Thit Media
ရန်ကုန်တွင် စစ်မှုထမ်းပေါ်တာဆွဲမှုများ များပြားနေချိန် ကုမ္ပဏီဝန်ထမ်း ကိုသူရထွန်း အလုပ် အပြန် ပျောက်ဆုံးသွား၊ ကွမ်းခြံကုန်းတွင် အုပ်ချုပ်ရေးမှူးကျော်စွာဝင်း စစ်မှုထမ်းအကြောင်း ပြ၍ သိန်းရာချီ လစဉ် ကောက်ခံကိုယ်ကျိုးသုံးနေ ရန်ကုန်၊ ဇွန် ၁၅ ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ များပြားနေချိန် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသူရထွန်းသည် သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ပျောက်ဆုံးသွားကြောင်း မိသားစုဝင်များနှင့် မိတ်ဆွေများထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်း အလုပ်မှ ပြန်လာစဉ် နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး၊ ကိုသူရထွန်း၏ မိခင်ဖြစ်သူမှာ နှလုံးရောဂါအခံရှိသူဖြစ်သဖြင့် သားဖြစ်သူ ပျောက်ဆုံးမှုကြောင့် လက်ရှိတွင် ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း သိရှိရသည်။ "ကိုသူရထွန်း မနေ့က သင်္ဃန်းကျွန်းမှာ ပေါ်တာဆွဲခံရပါတယ်။ ဖုန်းလည်းဆက်လို့မရဘဲ ဘာသတင်းမှမရဖြစ်နေလို့ မိသားစုတွေအားလုံး စိတ်ပူနေကြပါတယ်။ နှလုံးရောဂါသည် အမေကို ငဲ့ညှာသောအားဖြင့် အဆက်အသွယ်ရချင်ပါတယ်" ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက တယ်လီဂရမ်ချန်နယ်တွင် ရေးသားဖြန့်ဝေထားသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက မိသားစုထံသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ကိုသူရထွန်းသည် အလုပ်မှ ပြန်လာနေပြီဟု ဖုန်းဆက်ပြောဆိုပြီးနောက်ပိုင်း နေအိမ်သို့ ပြန်လည်ရောက်ရှိမလာတော့ဘဲ အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်ကြောင်း အတည်ပြုသည်။ လတ်တလော ရန်ကုန်မြို့တွင် စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် လမ်းပေါ်မှ ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် လူငယ်အများအပြား ပျောက်ဆုံးလျက်ရှိကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။ အလားတူ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာအုပ်စု၏ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ကျော်စွာဝင်းသည်လည်း ကျေးရွာနေပြည်သူများထံမှ နည်းမျိုးစုံဖြင့် စစ်မှုထမ်းငွေကြေးများကို အဓမ္မတောင်းခံပြီး ကိုယ်ကျိုးအတွက် လစဉ် သိန်းရာချီ ကောက်ခံသုံးစွဲနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်စွာဝင်းသည် ၂၀၂၄ ခုနှစ် စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ချိန်ကတည်းက စစ်မှုထမ်းရန်ဟု အကြောင်းပြကာ ကျေးရွာအတွင်းရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ် ၄၂၀ ဦးထံမှ တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၄၂၀ ကို တစ်ကြိမ် ကောက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၇၃၀ ခန့်ထံမှလည်း စစ်မှုထမ်းကြေးအဖြစ် တစ်လလျှင် ငွေကျပ် ၂၅,၀၀၀၊ ကင်းစောင့်ခအဖြစ် တစ်လလျှင် ၅,၀၀၀ ကျပ်ဖြင့် စုစုပေါင်း တစ်အိမ်လျှင် လစဉ် ၃၀,၀၀၀ ကျပ်စီကို လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ ယနေ့အထိ လစဉ်မပြတ် အဓမ္မကောက်ခံလျက်ရှိပြီး၊ ရရှိလာသော ငွေကြေးများကို ၎င်းဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့က ကိုယ်ကျိုးအတွက် ခွဲဝေအသုံးပြုနေကြကြောင်း သိရှိရသည်။ ယင်းအပြင် ကျေးရွာပိုင်မြေများကို ကိုယ်ကျိုးအတွက် ရောင်းစားမှုများလည်း ရှိနေပြီး၊ ကျေးရွာ၏တောင်ဘက်ရှိ မြေလွတ်နှင့် ကမ်းတက်မြေများကို ပေ ၄၀ ပတ်လည် တစ်ကွက်လျှင် ငွေကျပ် ၄ သိန်းနှုန်းဖြင့် အကွက်ပေါင်း ၄၀ ကျော်ကို ရောင်းစားခဲ့သည်ဟု ဆိုသည်။ ယခုအခါတွင်လည်း ကျေးရွာဘောလုံးကွင်း ပြုလုပ်မည်ဟု အကြောင်းပြကာ တစ်အိမ်လျှင် ငွေကျပ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ထပ်မံကောက်ခံပြီး စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ ခန့်ကို သိမ်းကျုံးရယူသွားခဲ့ကြောင်း သိရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်စွာဝင်းသည် ယခင် စစ်အစိုးရ (နဝတ) လက်ထက်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး၊ ထိုစဉ်က လောင်းကစားဝိုင်းများ ထူ ထောင်ပေးကာ ငွေကြေးကောက်ခံမှုကြောင့် ရဲတပ်ဖွဲ့၏ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရကာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရဖူးသူ ဖြစ်သည်။ ၎င်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်ခုပ်ကုန်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်လုပ်ကိုင်လာသူဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။