en
Feedback
Botahtaung Scout Channel

Botahtaung Scout Channel

Open in Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Show more
2 029
Subscribers
No data24 hours
No data7 days
-2530 days
Posts Archive
⚠️ဒဂုံ - ကျောက်တံတား၊ ခွေးလမ်းကြောင်း * ကုန်ကား ၁ စီး အိမ်ကား ၂ စီး ပွိုင့်ဘဲဥဆိုင်ကယ် ၁ စီး * ဆူလေဘုရားလမ်းအတိုင်း သမ္မတရုံရှင်ရုံဘက်ကနေ ဆူလေဘုရားဘက်ဖြတ်သွားခဲ့ * 12:30 PM သတင်းပေးပို့ရန် @Bo1000_Informer

Repost from MMWeather
Meteoblue (ICON Global Model) မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ ၁၂၀၀ နာရီတွင် ရရှိသည့် နေ့စဉ်မိုးရေချိန်ပြမြေပုံများ (Daily Precipitation Maps) အရ ဩဂုတ်လ ၁၈ ရက်မှ ၂၄ ရက်အထိ (၇ ရက်အတွင်း) မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် မိုးရေချိန် ခန့်မှန်းချက်၊ မိုးလေဝသစနစ်များ ဆန်းစစ်ချက်နှင့် ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေများ - (ဩဂုတ်လ ၁၈ ရက် နေ့လည် ၁၂ နာရီ) ======= မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသများအလိုက် နေ့စဉ် မိုးရေချိန်ခန့်မှန်းချက်ဇယား (mm) (မှတ်ချက်။ ။ ခန့်မှန်းချက်များကို ၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများဆုံးရရှိနိုင်သည့် ဒေသမှ အနည်းဆုံးဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်) ** ပုံတွင်ကြည့်ပါ ** သုံးသပ်ချက်များ ၁။ နေ့စဉ် မိုးရွာသွန်းမှု အခြေအနေ သုံးသပ်ချက် 🔸ဩဂုတ် ၁၈ - ၁၉ ရက် (မိုးအပြင်းဆုံး ကာလ): ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှ အိန္ဒိယသို့ ဝင်ရောက်သွားသော မုန်တိုင်းငယ်၏ အရှိန်နှင့် ကပ္ပလီပင်လယ်ပြင် မုတ်သုံလေ အားကောင်းမှုတို့ကြောင့် တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၆၀ မီလီမီတာ မှ ၉၀ မီလီမီတာ အထိ မိုးအလွန်ကြီးမည့် ပန်းရောင်/နီညိုရောင် ဇုန်များ အဓိက ဖြစ်ပေါ်နေပါသည်။ 🔸ဩဂုတ် ၂၀ - ဩဂုတ် ၂၂ ရက် (မိုးအရှိန် ရက်ဆက်ရွာနိုင်သည့် ကာလ): တောင်တရုတ်ပင်လယ်မှ လေဖိအားနည်း ရပ်ဝန်း (INVEST 95W) နီးကပ်လာမှုကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်း) နှင့် မွန်၊ ကရင် ပြည်နယ်တို့တွင် မိုးအသင့်အတင့်မှ မိုးကြီးမှုများ ဆက်လက်ရွာနေနိုင်မည်။ 🔸ဩဂုတ် ၂၃ - ဩဂုတ် ၂၄ ရက် (မိုးအရှိန် အနည်းငယ် လျော့ကျချိန်): မြန်မာနိုင်ငံ အလယ်ပိုင်း မိုးကွယ်ဇုန်များ (မကွေး၊ မန္တလေး၊ နေပြည်တော်) တွင် မိုးကျဲပါးမည် ဖြစ်သော်လည်း၊ ပင်လယ်ကမ်းရိုးတန်းနှင့် မြောက်ပိုင်း ကုန်းမြင့်ဒေသများတွင် မိုးအတန်အသင့် ဆက်လက် ရွာသွန်းနေပါမည်။   ၂။ ဩဂုတ် ၁၈ ရက် မှ ၂၄ ရက်အထိ နေ့စဉ် မိုးရေချိန် အနည်း/အများ ဖြစ်စဉ် သုံးသပ်ချက် 📌ဩဂုတ် ၁၈ - ၁၉ ရက် (အိန္ဒိယမုန်တိုင်းငယ်နှင့် တနင်္သာရီ မိုးအရှိန်): ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှ အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ကာ အနောက်ဘက်သို့ ရွေ့လျားသွားသည့် မုန်တိုင်းငယ်၏ ဆွဲအားကြောင့် အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် မိုးကြီးနေဆဲ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကပ္ပလီပင်လယ်ပြင်မှ တက်လာသော မုတ်သုံလေစီးကြောင်းကြောင့် တနင်္သာရီတိုင်းတွင် တစ်နေ့လျှင် ၆၀ မီလီမီတာ မှ ၁၀၀ မီလီမီတာ အထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမည်။ 📌ဩဂုတ် ၂၀ - ၂၂ ရက် (INVEST-95W နှင့် အနောက်တောင်မုတ်သုံလေ ပေါင်းစပ်ချိန်): တောင်တရုတ်ပင်လယ်မှ လေဖိအားနည်း cell INVEST-95W သည် ဗီယက်နမ်နှင့် လာအိုတို့ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံ အရှေ့ဘက်နယ်စပ်သို့ တဖြည်းဖြည်း နီးကပ်လာမည် ဖြစ်သည်။ ထို့ကြောင့် ဩဂုတ် ၂၀ ရက်မှစ၍ တနင်္သာရီတိုင်း၊ မွန်၊ ကရင်၊ ရခိုင်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း/မြောက်ပိုင်း) တို့တွင် မိုးကြီးမည့် ခရမ်းရင့်ရောင်/ပန်းရောင်ပြ ဇုန်များ ပြန်လည်ကျယ်ပြန့်လာမည်။ 📌ဩဂုတ် ၂၃ - ၂၄ ရက် (မိုးတိမ်ထု မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းသို့ သက်ရောက်ချိန်): ဩဂုတ် ၂၃ ရက်နေ့ မိုးရေချိန်မြေပုံတွင် တွေ့ရသည့်အတိုင်း မုတ္တမကွေ့မှ မိုးတိမ်ကြီးများသည် ပဲခူးတိုင်းအရှေ့ပိုင်း၊ ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသများအတွင်းသို့ ထိုးဝင်လာမည်ဖြစ်ပြီး မိုးရွာရက် စိပ်စိပ်ဖြင့် မိုးအသင့်အတင့်မှ ပိုမိုရွာသွန်းလာနိုင်ပါမည်။   ၃။ မိုးလေဝသစနစ် (အိန္ဒိယမုန်တိုင်းငယ် + INVEST-95W) မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မှု ဆန်းစစ်သုံးသပ်ချက် 📌အိန္ဒိယကုန်းတွင်း မုန်တိုင်းငယ်၏ သက်ရောက်မှု - အဆိုပါ မုန်တိုင်းငယ်သည် အနောက်ဘက်သို့ အဝေးသို့ ရွေ့လျားသွားသော်လည်း ယင်း၏ အမြှီးပိုင်း(နောက်ပိုင်းမှ) ဆွဲအားကြောင့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း အနောက်တောင်မုတ်သုံလေကို "အားကောင်းမှ အားအလွန်ကောင်း" သော အနေအထားတွင် ဆက်လက်ထိန်းသိမ်းထားသည်။ ရလဒ်အနေဖြင့် ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီတိုင်းတို့တွင် ပင်လယ်ပြင်မှ မိုးသက်တိမ်တိုက်ကြီးများ အဆက်မပြတ် တိုးဝင်နေမည် ဖြစ်သည်။ 📌တောင်တရုတ်ပင်လယ်မှ INVEST-95W ၏ သက်ရောက်မှု - INVEST-95W မှ စုတ်ယူလာသော စိုစွတ်လေထုနှင့် မုတ်သုံမြောင်တန်းတို့ ပေါင်းစပ်မှုကြောင့် ဩဂုတ် ၂၀ ရက်နောက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် မြောက်ပိုင်း)၊ တနင်္သာရီတိုင်းနှင့် မွန်/ကရင် ပြည်နယ်တို့တွင် မိုးအလွန်သည်းထန်လာမည့် ဖြစ်နိုင်ခြေ ၈၅% ထက်မက ရှိနေသည်။   ၄။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သဘာဝဘေး သတိပေးချက်များ 📌တနင်္သာရီတိုင်း၊ မွန်နှင့် ကရင်ပြည်နယ် - ၇ ရက် စုစုပေါင်း မိုးရေချိန် ၃၀၀ မီလီမီတာ မှ ၄၅၀ မီလီမီတာအထက်အထိ ရရှိနိုင်သဖြင့် ရက်ရှည် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် တောင်ကျရေလျှံခြင်း၊ ချောင်းရေရုတ်တရက်တက်ခြင်း၊ မြို့နယ်အလိုက် ရေလွှမ်းမိုးခြင်းနှင့် တောင်ကြားလမ်းများ၌ စံချိန်တင် မြေပြိုခြင်းများ (Severe Flash Floods & Landslides) ဖြစ်ပွားနိုင်သဖြင့် အထူးသတိပြုရန် လိုအပ်ပါသည်။ 📌စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်နှင့် ရခိုင်ပြည်နယ် - မုတ်သုံမြောင်တန်းနှင့် မုတ်သုံလေ အရှိန်ကောင်းမွန်မှုတို့ကြောင့် ရက်ရှည် မိုးစွဲရွာသွန်းမည်ဖြစ်ရာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အထက်ပိုင်းတို့တွင် မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ မြစ်ရေကြီးမှုဖြစ်စဉ် (Major River Flooding) ဆက်လက်ဖြစ်ပေါ်နေနိုင်ပါမည်။ 📌မြန်မာနိုင်ငံအလယ်ပိုင်း (မကွေး၊ မန္တလေး၊ စစ်ကိုင်းအောက်ပိုင်း၊ နေပြည်တော်) - ရခိုင်ရိုးမ၏ မိုးကွယ်ရပ်ဝန်း (Rain Shadow Effect) ကြောင့် ဒေသတွင်း မိုးရွာသွန်းမှု နည်းပါးမည်ဖြစ်သော်လည်း၊ အထက်ပိုင်းမှ စီးဆင်းလာမည့် အထက်မြစ်ရေကြီးမှုလှိုင်း (Upstream Flood Wave) ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်းနှင့် မကွေး မြို့နယ်များရှိ ဧရာဝတီမြစ်ကမ်းနားနေ ပြည်သူများ ရေဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းအပ်ပါသည်။

Repost from Hlaing Info
လှိုင်မြို့နယ် အမှတ် (၈) ရပ်ကွက်တွင် စစ်မှုထမ်းကိစ္စဖြင့် စရဖ အရာရှိအယောင်ဆောင်ကာ ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်တောင်းခံန
လှိုင်မြို့နယ် အမှတ် (၈) ရပ်ကွက်တွင် စစ်မှုထမ်းကိစ္စဖြင့် စရဖ အရာရှိအယောင်ဆောင်ကာ ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်တောင်းခံနေမှုများ ဖြစ်ပေါ်နေ ဩဂုတ်လ ၁၈ ရက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်အတွင်း စစ်မှုထမ်းရန် ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုဝင်များထံမှ ရာအိမ်မှူးအချို့က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) မှ အရာရှိအယောင်ဆောင်ကာ ရှေ့တန်းမလွှတ်ရေးနှင့် လူစားထိုးပေးမည်ဟု ဆိုကာ ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်တောင်းခံလျက်ရှိကြောင်း မိသားစုဝင်များက Hlaing Info သို့ ပြောပြလာပါသည်။ အမှတ် (၈) ရပ်ကွက်မှ ရာအိမ်မှူးဖြစ်သူ "ပေတံ" ဆိုသူက ရပ်ကွက်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းရန် လိုက်လံဖမ်းဆီး ပေးပို့ခြင်းများ ပြုလုပ်လေ့ရှိပြီး အခြားရာအိမ်မှူးတစ်ဦးဖြစ်သူ "ရဲအောင်" ဆိုသူက စရဖ အရာရှိတစ်ဦးအဖြစ် ဟန်ဆောင်ကာ အကျိုးဆောင်ပေးမည်ဟု ဆို၍ ငွေကြေးလိမ်လည်နေခြင်းဖြစ်သည်။ ရာအိမ်မှူး ရဲအောင် ဆိုသူက မိမိသည် စရဖ တပ်ဖွဲ့တွင် အဆက်အသွယ်ရှိသဖြင့် စစ်သင်တန်းဆင်းပါက ရှေ့တန်းစစ်မျက်နှာပြင်သို့ မပါဝင်စေချင်ပါက ငွေကျပ် သိန်း (၃၀) ပေးရမည်ဖြစ်ကြောင်း၊ အပြီးအပိုင် လူစားထိုး လွှတ်ပေးစေချင်ပါက ငွေကျပ် သိန်း (၈၀) ပေးရမည်ဟုဆိုကာ ဖမ်းဆီးခံ လူငယ်များ၏ မိသားစုဝင်များကို ဆက်သွယ်၍ လိမ်လည်တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။ "သူတို့နှစ်ယောက်က စနစ်တကျ မသမာကြံစည်နေတာပါ။ တစ်ယောက်က လိုက်ဖမ်းပေးပြီး ကျန်တစ်ယောက်က စရဖ အရာရှိယောင်ဆောင်ပြီး လွတ်မြောက်ရေးအတွက်ဆိုပြီး ငွေကြေးတွေ လိမ်ညာတောင်းခံနေတာ ဖြစ်ပါတယ်" ဟု ဖမ်းဆီးခံလိုက်ရသည့် လူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ အဆိုပါ ရာအိမ်မှူးနှစ်ဦး၏ ပူးပေါင်း၍ ငွေကြေးလိမ်လည်တောင်းခံနေသည့် အကွက်ဆင်မှုကို မိဘပြည်သူများအနေဖြင့် ထပ်မံ၍ သားကောင်မဖြစ်စေရန်နှင့် အထူးသတိပြုနိုင်ကြပါရန် ဒေသခံများက အသိပေးနှိုးဆော်ထားကြသည်။ #HlaingInfo #လှိုင်မြို့နယ် #၈ရပ်ကွက်

Repost from MMWeather
WINDY (Satellite & Radar Map) NOWCAST တိုင်းထွာချက်များအရ မုန်တိုင်းငယ် အခြေအနေနှင့် မိုးရွာနိုင်မည့် တိုင်းဒေသကြီး/ပြည်နယ်မျ
WINDY (Satellite & Radar Map) NOWCAST တိုင်းထွာချက်များအရ မုန်တိုင်းငယ် အခြေအနေနှင့် မိုးရွာနိုင်မည့် တိုင်းဒေသကြီး/ပြည်နယ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်—   (ဩဂုတ် ၁၇ ရက် ညနေ ၃ နာရီ ၃၀ NOWCAST) ====== ၁။ မုန်တိုင်းငယ် (Depression) / လေဖိအားနည်းရပ်ဝန်း အခြေအနေ 📌 တည်နေရာနှင့် ရွေ့လျားမှု - ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားနှင့် ဩဒိရှာကမ်းလွန်/ကိုးလ်ကတ္တားမြို့အနီး) တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well-Marked Low Pressure Area) စုစည်းလှုပ်ရှားနေပြီး၊ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ပိုမိုအားကောင်းလာကာ အနောက်မြောက်ဘက် (အိန္ဒိယနိုင်ငံဘက်) သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသည်။ 📌 မြန်မာနိုင်ငံအပေါ် သက်ရောက်မှု - မြန်မာနိုင်ငံဘက်သို့ တိုက်ရိုက် ဦးတည်ဝင်ရောက်မည့် အခြေအနေ မရှိသော်လည်း၊ ယင်းစနစ်ကြောင့် အနောက်တောင်မုတ်သုံလေအားကောင်းနေပြီး မြန်မာနိုင်ငံအတွင်းသို့ တိမ်တိုက်ကြီးများ ဆက်လက်ဝင်ရောက်လျက်ရှိပါသည်။     ၂။ ဩဂုတ် ၁၇ ရက် ညနေ/ညပိုင်း မိုးရွာနိုင်သည့် ဒေသများ (က) မိုးအလွန်သည်းထန်/မိုးကြီးနိုင်ပြီး နေရာအနှံ့အပြား ရွာနိုင်သည့် ဒေသများ ⚠️ ရခိုင်ပြည်နယ် (မိုးတိမ်တိုက်ကြီးများ အလွန်အားကောင်းနေပြီး မိုးကြီးနိုင်)   ⚠️ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (မုတ်သုံလေနှင့် မိုးတိမ်တိုက်များ စက်ဝိုင်းပုံစံ ဆက်လက်ဝင်ရောက်နေဆဲ)   ⚠️ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး   ⚠️ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း   ⚠️ နေပြည်တော် (နေရာကွက်၍ မိုးကြီးနိုင်)     (ခ) နေရာစိပ်စိပ်မှ နေရာကျဲကျဲ မိုးရွာနိုင်သည့် ဒေသများ 📌 မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း   📌 ရှမ်းပြည်နယ် (အရှေ့ပိုင်း/တောင်ပိုင်း/မြောက်ပိုင်း)   📌 ကယားပြည်နယ်   ၃။ သတိပြုရန် ကမ်းရိုးတန်းနှင့် ပင်လယ်ပြင် အခြေအနေ ⚠️ ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် ကမ်းလွန်ပင်လယ်ပြင် - လှိုင်းကြီးပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်ကာ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင် အထိ ရှိနိုင်ပါသည်။   ⚠️ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း - မိုးသက်လေပြင်းတိုက်ခတ်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၃၀ မိုင် အထိ ရှိနိုင်ပါသည်။   အကြံပြုချက် - မိုးတိမ်တိုက်များ (Cumulonimbus clouds) အားကောင်းစွာ ဖွံ့ဖြိုးနေသဖြင့် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရေကြီး/မြေပြိုမှုအန္တရာယ်များကို သတိပြုရန် လိုအပ်ပါသည်။

⬜️ ပန်းပဲတန်း ကမ်းနားလမ်းနဲ့ ရွှေဘုံသာလမ်းထိပ် မီးပွိုင့်အကျော် ကြက်ခြေနီရုံးမျက်စောင်းထိုးနား ခွေးဘဲဥ ၂ ကောင် အစာကောက်ဖို့ ချောင်းနေ – RSG 4:28 PM 📬 @Inform_RSN

Repost from RSN WEB
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 10 - 16, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 10 - 16, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၈ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️စစ်မှုထမ်းသင်တန်း
· ဩဂုတ်လ ၁၄ ရက်နေ့တွင် စစ်မှုထမ်းအမှတ်စဉ် ၂၅ သင်တန်းဆင်းကြောင်း အကြမ်းဖက်စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ · စစ်မှုထမ်းအမှတ်စဉ် ၄ သင်တန်းဆင်းများထဲမှ အသက်ရှင်ကျန်ရစ်သူများကို လက်မှတ်ထုတ်ပေးခဲ့ကြောင်း ဩဂုတ်လ ၁၂ ရက်နေ့က ကြေညာထားသည်။ · အမျိုးသမီးစစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ ကို ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ကမူ ငြင်းဆိုထားသည်။
———— ▪️ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနှုန်းမြင့်နေ
· ယခုရက်သတ္တပတ်ထဲ ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေကြကြောင်း သိရှိရသည်။ မြို့လယ်ခေါင် လသာ နှင့် လမ်းမတော်မြို့နယ်တို့တွင် အများဆုံးဖြစ်နေကြပြီး ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါသည် လူနာများ ပြည့်နေသည်။ ထို့ပြင် အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ သင်္ဃန်းကျွန်းမြို့နယ်တို့တွင်လည်း ရောဂါဖြစ်သူများ ရှိနေပြီး ရန်ကုန်အနောက်ပိုင်း‌ဆေးရုံ၊ အရှေ့ပိုင်း‌ဆေးရုံများတွင် လူနာအများအပြား ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။ စည်ပင်က လမ်းဘေးဆိုင်များကိုလည်း ယာယီပိတ်သိမ်းခိုင်းလိုက်သည်။
———— ▪️ရွှေဆိုင်ပိုင်ရှင်ကို ပြန်ပေးဆွဲသည့်ထဲ ရဲများပါ
· ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်အား ပြန်ပေးဆွဲသွားသူများကို ပြန်ဖမ်းမိရာ ရဲ ၂ ယောက်ပါကြောင်း Khit Thit မှ သိရှိရသည်။ စုစုပေါင်း ၉ ယောက် ပြန်ဖမ်းမိခြင်းဖြစ်သည်။ ဩဂုတ်လ ၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဆိုင်ပိုင်ရှင် ဦးအောင်မြင့် ဆိုင်မှ နေအိမ်သို့အပြန် အိမ်ရှေ့အရောက်တွင် ဖမ်းဆီးသွားကာ မိသားစုကို ဆက်သွယ်၍ ပြန်ရွေးငွေ ကျပ်သိန်း ၄၅၀၀ နှင့် ရွှေ ၆၀ ကျပ်သား တောင်းခဲ့သည် သိရသည်။
———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် သင်္ဃန်းကျွန်း၊ စမ်းချောင်းနှင့် အရှေ့ဒဂုံမြို့နယ်တို့ထဲ ဧည့်စစ်/လူရှာ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။
———— ▪️YBS ယာဉ်စီးခ
· YBS ယာဉ်စီးခများကို စက်တင်ဘာလ ၁ ရက်နေ့တွင် တိုးမြှင့်ကောက်ခံမည်ဟု စစ်တပ်၏ YRTC မှ ထုတ်ပြန်ကြေညာခဲ့သော်လည်း ဝေဖန်မှုများလို့ဟုဆိုကာ ဩဂုတ်လ ၁၆ ရက်နေ့တွင် ပြန်လည်ပယ်ဖျက်လိုက်သည်ဟု ဆိုသည်။ ကျပ် ၄၀၀ ကျပ်တန် ယာဉ်စီးခများကို ကျပ် ၆၀၀ ထိ၊ ကျပ် ၂၀၀ တန် ယာဉ်စီးခများကို ကျပ် ၃၀၀ ထိ ကောက်ခံဖို့ စီစဉ်ထားခဲ့ကြခြင်းဖြစ်သည်။
———— ▪️အလုပ်သမား အခွင့်အရေးလှုပ်ရှားမှု
· အရှေ့ဒဂုံမြို့နယ်၊ Yangon Oscar Fashion အထည်ချုပ်စက်ရုံတွင်လည်း ဩဂုတ်လ ၁၀ ရက်မှစတင်၍ လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြတောင်းဆိုမှုများလုပ်နေပြီး အကြမ်းဖက်ရဲများ ရောက်လာကာ ဆူဆူညံညံမလုပ်ရဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာဆေးဗားလ်စပရင်း အင်တာပရိုက်လီမိတက် အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြနေကြောင်း သိရသည်။ လှိုင်သာယာမြို့နယ်၊ Spring Moon Garment Co., Ltd အထည်ချုပ် (CMP) စက်ရုံမှ အလုပ်သမားများ၏ ရက်ပေါင်း ၃၀ ကျော်ကြာ တောင်းဆိုမှုမှာမူ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်အကြား သဘောတူညီချက်ရရှိပြီးနောက် အဆုံးသတ်သွားပြီဖြစ်ကြောင်း သိရှိရသည်။
———— ▪️မြေငလျင်ငယ်လှုပ်ခတ်
· ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၅ နာရီ ၂၃ မိနစ်ခန့်တွင် တိုက်ကြီးမြို့အနီး ဗဟိုပြု၍ အင်အား ၃.၁ အဆင့်ရှိ မြေငလျင်ငယ်လှုပ်ခတ်သွားကြောင်း သိရှိရသည်။
———— ▪️ရေလှောင်ကန် တာပေါက်
· သန်လျင်မြို့နယ်ရှိ စစ်တပ်၏ အမှတ် ၁ ရေနံချက်စက်ရုံဝင်းအတွင်းရှိ ရေလှောင်ကန် ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က တာပေါက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
17 Aug 2026 #RangoonScoutNetwork #YGN_weekly

ဗိုလ်တထောင် * သိမ်ဖြူလမ်းမပေါ် ဆစ်ဘုရားကျောင်းနဲ့ သိမ်ဖြူစတော့ပ်ဂိတ်ကုန်းဘက်မှာ ခွေးဘဲဥတွေ ၁ နေရာကို ၄ ကောင်ဖြင့်ရှိနေ * 10:34 AM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

Repost from Hlaing Info
ဝေဖန်မှုမြင့်တက်နေတဲ့ YBS ကားခ ၅၀ ရာခိုင်နှုန်းတက်မယ့် အစီအစဉ် ပယ်ဖျက် သြဂုတ်လ ၁၆ ရက် YBS ယာဉ်စီးခ ဈေးနှုန်းတွေကို ၅၀ ရာခိုင်
ဝေဖန်မှုမြင့်တက်နေတဲ့ YBS ကားခ ၅၀ ရာခိုင်နှုန်းတက်မယ့် အစီအစဉ် ပယ်ဖျက် သြဂုတ်လ ၁၆ ရက် YBS ယာဉ်စီးခ ဈေးနှုန်းတွေကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့်အစီအစဥ်ကို ဝေဖန်မှုမြင့်တက်ခဲ့တာကြောင့် ပယ်ဖျက်လိုက်တယ်လို့ စစ်တပ် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က ပြောပါတယ်။ လက်ရှိရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေကို လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး ၄၀၀ ကျပ်ကနေ ၆၀၀ကျပ် ၊ ၂၀၀ ကျပ်ကနေ ၃၀၀ကျပ် အထိတိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်တပ်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးလျန်ကျင့်မန်က ဩဂုတ်၁၄ ရက် ညနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ " ကျွန်တော်တို့ ဩဂုတ်လ ၁၄ ရက်နေ့က YBS ယာဉ်စီးခ တိုးမြှင့်မှုဆိုတာ ပြန်ဖျက်လိုက်ပါပြီ။စက်တင်ဘာလ ၁ ရက်က စတင်ပြီးတော့ တိုးမြှင့်မှု ကြေညာချက်ကိုဒီနေ့ ဩဂုတ်လ ၁၆ ရက်နေ့မှာစတင်ပြီးတော့ ပြန်လည် ပယ်ဖျက်လိုက်ပါပြီ။ တော်တော်လေးလည်းဝေဖန်ကြတယ်။ ခရီးသည်တွေဘက်ကလည်းအဆင်မပြေဖြစ်တယ်ဆိုတယ့် ဝေဖန်သံတွေကြားရတော့ ဖျက်သိမ်းလိုက်တာပါ" လို့ YRTC မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ယာဥ်ပြင်ဆင်ခစရိတ်တွေ ကြီးမြင့်လာတာကြောင့် YBS ကားခတွေကို စက်တင်ဘာ ၁ ရက်ကနေစပြီး တိုးမြင့်ကောက်ခံမယ်လို့ YRTC က ကြေညာခဲ့တာ ဖြစ်ပါတယ်။ ခရီးစဥ် အစ/အဆုံး ၄၀၀ ကျပ်ကနေ ၆၀၀ ကျပ်အထိလည်းကောင်း ၊ မြို့တွင်းခြောက်မြို့နယ်အတွင်း ပြေးဆွဲနေတဲ့ YBS 56 ၊ YBS 57 ၊ YBS 58 ကားခတွေကို ၃၀၀ ကျပ်အထိတိုးမြှင့်ကောက်ခံသွားမယ်လို့ သိရပါတယ်။ YBS ယာဥ်စီးခတိုးမြှင့်ကောက်ခံတာကို ခရီးသည်တွေက အဆင်မပြေဖြစ်နေကြပြီး ဝေဖန်မှုတွေမြင့်တက်လာတာလည်းဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်စီးပွားရေးကြပ်တည်းပြီး အလုပ်အကိုင်တွေရှားပါးကာ ငွေဖောင်းပွပြီး အထွေထွေစာရိတ်တွေကြီးမြှင့်တာကြောင့် ပြည်သူအများစုက အခြေခံစားဝတ်နေရေးအတွက်ကိုတောင်ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်စီးခတွေကို ကတ်နဲ့ပေးဆောင်သူတွေကိုလည်း တိုးမြှင့်ကောက်ခံမယ်လို့ သိရပြီး ဈေးနှုန်းတရားဝင်ကြေညာတာတော့ မသိရသေးပါဘူး။ လက်ရှိမှာ YBS ကတ်အသုံးပြုသူတွေက ၄၀၀ တန်ခရီးစဉ်ကို ၃၅၀ကျပ် နဲ့ ၂၀၀တန်ခရီးစဉ်ကို ၁၅၀ ကျပ်ကျသင့်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဏာရှင်ဟောင်းနေဝင်းမျိုးဆက်တွေ ပိုင်ဆိုင်တဲ့ ယာဉ်လိုင်းအောက်က YBS ယာဉ်တွေအပါအဝင် အချို့ယာဉ်လိုင်းတွေ က ယာဉ်စီးခကို ကတ်စနစ်နဲ့ငွေချေခွင့်မပေးပဲ ငွေသားနဲ့ ပေးချေရတာဖြစ်ပါတယ်။ YRTC လက်အောက်မှာ YBS ယာဉ်အစီးရေ ၆ဝဝဝ ကျော်ရှိနေပြီး နေ့စဉ်ယာဉ်အစီးရေ ၃ဝဝဝ ခန့်ပြေးဆွဲ ပေးနေတယ်လို့ သိရပါတယ်။ #LNO #HlaingInfo

Repost from MMWeather
အိန္ဒိယမိုးလေဝသဌာန (IMD) ၏ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက် အပူပိုင်းမိုးလေဝသအလားအလာ ထုတ်ပြန်ချက် (Tropical Weather Outlook)၊ ထိုင်းမိုးလေဝသဌာန (TMD) ၏ မြေပြင်မိုးလေဝသမြေပုံ (topchart_16_august_2026_00.jpg) နှင့် ဂြိုဟ်တုဓာတ်ပုံ (tmd 202608161300_sat.jpg) တို့အရ ဒေသတွင်းမိုးလေဝသအခြေအနေနှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မည့် အခြေအနေများ - (ဩဂုတ်လ ၁၆ ရက် - နေ့လည် ၂ နာရီ ၄၀ မိနစ် update) ====== ၁။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း လေဖိအားနည်းရပ်ဝန်း တည်နေရာနှင့် ဆက်လက်ရွေ့လျားနိုင်မည့် အခြေအနေ 📌 တည်နေရာနှင့် ပြင်းအား - အိန္ဒိယမိုးလေဝသဌာန (IMD) ၏ ဩဂုတ် ၁၆ ရက် (0300 UTC) ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အထက်လေပွေလှိုင်း၏ သက်ရောက်မှုကြောင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်နေသော အနောက်ဘင်္ဂလားပြည်နယ် - ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်း တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်လျက် ရှိပါသည်။ ၎င်းနှင့် ဆက်နွှယ်နေသည့် လေပွေလှိုင်းသည် ပင်လယ်ရေမျက်နှာပြင်ထက် ၇.၆ ကီလိုမီတာအနက်အထိ မြင့်တက်ဖြန့်ကျက်တည်ရှိနေပါသည်။ 📌 ဆက်လက်ရွေ့လျားမှု ခန့်မှန်းချက် - အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်မြောက်ဘက် (Northwestwards) သို့ ဆက်လက်ရွေ့လျား သွားမည်ဖြစ်ပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ပိုမိုကျစ်လစ် အားကောင်းလာမည် (Become more marked) ဖြစ်လာနိုင်ပါသည်။   ၂။ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် မုတ်သုံလေ အခြေအနေ 📌 အနောက်တောင်မုတ်သုံလေ ပြင်းအား - ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ ဆွဲငင်မှုကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အနောက်တောင်မုတ်သုံလေသည် အလွန်အားကောင်းသည့် အခြေအနေ (Strong Monsoon status) တွင် ဆက်လက်တည်ရှိနေပါသည်။ 📌 မိုးတိမ်တိုက် ဖြစ်ပေါ်မှု (INSAT-3DS & Satellite Analysis) - ဂြိုဟ်တုပုံများအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်၊ ရခိုင်ကမ်းရိုးတန်း (Arakan Coast) ၊ မုတ္တမကွေ့ (Gulf of Martaban) နှင့် တနင်္သာရီကမ်းရိုးတန်း (Tenasserim Coast) တို့တွင် အလွန်ထူထပ်သိပ်သည်းသော မိုးတိမ်တိုက်ကြီးများ (Intense to very intense convective clouds, Min CTT -70°C to -90°C) အစုံလိုက်အပြုံလိုက်ဖွဲ့စည်းဖြစ်ပေါ်ကာ မြန်မာနိုင်ငံ ကမ်းရိုးတန်းဘက်သို့ ဆက်လက်တိုးဝင်နေပါသည်။ 📌 မုတ်သုံမြောင်တန်း (Monsoon Trough) - TMD ၏ မြေပြင်မြေပုံ (topchart_16_august_2026_00.jpg) အရ မုတ်သုံမြောင်းသည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှသည် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်း တို့ကို ဖြတ်သန်း၍ လာအိုနှင့် ဗီယက်နမ်နိုင်ငံအထက်ပိုင်းရှိ လေဖိအားနည်းဆဲလ် (L) များဆီသို့ တန်းဆင်းလျက် တည်ရှိနေပါသည်။   ၃။ မြန်မာနိုင်ငံ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မိုးလေဝသအခြေအနေ ခန့်မှန်းချက် 📌 ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး - အားကောင်းသော မုတ်သုံလေစီးကြောင်းနှင့် ပင်လယ်ပြင်မှ တိုးဝင်လာသော မိုးတိမ်တိုက်ကြီးများကြောင့် မိုးဆက်လက်သည်းထန်စွာ ရွာသွန်းမည်ဖြစ်ပြီး နေရာကွက်၍ မိုးအလွန်ကြီးခြင်းများ စဉ်ဆက်မပြတ် ဖြစ်ပေါ်နိုင်သည်။ 📌 စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း/အရှေ့ပိုင်း) - မုတ်သုံမြောင်တန်း တိုက်ရိုက်ဖြတ်သန်းမှုကြောင့် နေရာစိပ်စိပ်မိုးရွာသွန်းပြီး ထစ်ချုန်းမိုးများနှင့်အတူ ဒေသလိုက် မိုးကြီးနိုင်ပါသည်။ 📌 ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီး - မိုးအသင့်အတင့်မှ မိုးထစ်ချုန်းရွာပြီး မြေနိမ့်ပိုင်းဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။   ၄။ သဘာဝဘေးအန္တရာယ်နှင့် ပင်လယ်ပြင် သတိပေးချက် (Hazard Advisory) 📌 ပင်လယ်ပြင် သတိပေးချက် - မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် (ရခိုင်နှင့် မွန်-တနင်္သာရီ ကမ်းရိုးတန်း) နှင့် ပင်လယ်ပြင်တို့တွင် လေတိုက်နှုန်း မြင့်မားကာ လှိုင်းကြီးမည်/လှိုင်းအလွန်ကြီးမည် ဖြစ်သည်။ မိုးသက်လေပြင်းကျရောက်ချိန်တွင် လှိုင်းအမြင့် ၈ ပေ မှ ၁၁ ပေအထိ သို့မဟုတ် ၎င်းထက်ပို၍ မြင့်တက်နိုင်သဖြင့် ရေကြောင်းသွားလာရေးနှင့် ငါးဖမ်းရေယာဉ်များ သတိပြုရန် လိုအပ်ပါသည်။ 📌 ရေကြီးရေလျှံမှု ဘေးအန္တရာယ် - ရခိုင်၊ ဧရာဝတီ၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် ကချင်/စစ်ကိုင်းအထက်ပိုင်းတို့တွင် မိုးအဆက်မပြတ် ရွာသွန်းနိုင်သည့်အတွက် မြစ်ရေ၊ ချောင်းရေ မြင့်တက်လာပြီး လျှပ်တစ်ပြတ် ရေကြီးရေလျှံခြင်း (Flash Floods and Overflows) များ ဖြစ်ပွားနိုင်သည်။ မြေပြိုမှု ဘေးအန္တရာယ် - မိုးရေဝပ်မှု ပြည့်နှက်နေသော ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်း/ကချင် တောင်ကုန်းတောင်တန်းဒေသများ တွင် မြေပြိုခြင်း (Landslides) နှင့် တောင်ကျရေကျခြင်း ဘေးအန္တရာယ်များ ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားသဖြင့် အထူးဂရုပြု ပြင်ဆင်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။

🟢 အင်အား ၃.၁ အဆင့် 📍 တိုက်ကြီးမြို့မှ ၆ မိုင်ခန့်အကွာ 🕔 မနက် ၅နာရီ ၂၃မိနစ် ၁၃စက္ကန့် 👉 အသေးစိပ်ဖတ်ရှုရန်
🟢 အင်အား ၃.၁ အဆင့် 📍 တိုက်ကြီးမြို့မှ ၆ မိုင်ခန့်အကွာ 🕔 မနက် ၅နာရီ ၂၃မိနစ် ၁၃စက္ကန့် 👉 အသေးစိပ်ဖတ်ရှုရန်

Repost from MPANews
စက်တင်ဘာ ၁ ရက်မှစပြီး YBS ယာဉ်စီးခ ကျပ် ၆၀၀ အထိ တိုးမြှင့်မည်၊ ရန်ကုန်လူထု ပိုကျပ်တည်းလာနိုင် 15 Aug 2026 By Cherry May / MPA
စက်တင်ဘာ ၁ ရက်မှစပြီး YBS ယာဉ်စီးခ ကျပ် ၆၀၀ အထိ တိုးမြှင့်မည်၊ ရန်ကုန်လူထု ပိုကျပ်တည်းလာနိုင် 15 Aug 2026 By Cherry May / MPA ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် အထွေထွေ စားဝတ်နေရေးစရိတ် ကျပ်တည်းမှုများ ရင်ဆိုင်နေရချိန်တွင် ရန်ကုန်မြို့၌ နေ့စဉ် အဓိက အားထားစီးနင်းနေရသည့် YBS လိုင်းကားများ၏ တရားဝင် ယာဉ်စီးခကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။ စစ်ကော်မရှင် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ ထုတ်ပြန်ချက်အရ လက်ရှိ ၂၀၀ ကျပ် ကောက်ခံနေသည့် ယာဉ်စီးခကို ၃၀၀ ကျပ်သို့ လည်းကောင်း၊ လက်ရှိ ၄၀၀ ကျပ် ကောက်ခံနေသည့် နှုန်းထားကို ၆၀၀ ကျပ်သို့ လည်းကောင်း အသီးသီး တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/12053/

ကျောက်တံတား - ဗိုလ်တထောင် * စခ SC ၁ စီး ပန်းဆိုးတန်းကနေ ကမ်းနားလမ်း ကျောက်လမ်းပေါ်တက် ဗိုလ်တထောင်ဘုရားဘက် ရှေ့ရှု * 9:14 AM (Delayed) #RSG သတင်းပို့ရန် @Bo1000_Informer

Repost from RSN WEB
🆕 DAILY HIGHLIGHTS (7-13 JUN 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ နိုင်ငံရေးပြဿနာကို နိုင်ငံရ
🆕 DAILY HIGHLIGHTS (7-13 JUN 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု SSPP ပြော – DVB NDAA မိုင်းလားအဖွဲ့နဲ့ NSPNC တွေ့ဆုံဆွေးနွေး – THN
———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ
အာဆီယံ အထူးကိုယ်စားလှယ် မလိုအပ်ဟု စစ်ကော်မရှင်က အာဆီယံကို စိန်ခေါ် – MPA မြန်မာပြည်က ဆွီဒင်သံရုံးကို အပြီးပိတ်သိမ်း – VOM အမေရိကန်ဖက်ဒရယ်တရားရုံးက မြန်မာအတွက် ယာယီနေထိုင်ခွင့် (TPS) ကို အပြီးသတ်ရပ်ဆိုင်း – BBC ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး အာဆီယံဥက္ကဋ္ဌ၏ တောင်းဆိုမှုအပေါ် စစ်ကောင်စီက စိတ်ပျက်ဟု တုံ့ပြန် – KT နိပွန်ဖောင်ဒေးရှင်းက မစ္စတာ ဆာဆာကာဝါ နေပြည်‌တော်မှာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ – THN အကြမ်းဖက် မင်းအောင်လှိုင် ရုရှားဩဇာခံ နိုင်ငံတချို့ထံသို့ ၇ ရက်ကြာ သွားရောက်ဦးမည် – KT ပဋိပက္ခ၊နေရပ်စွန့်ခွာနှင့် ရေဘေးသင့်ပြည်သူများအတွက် ယူရို ၁၀ သန်းခွဲ ဥရောပသမဂ္ဂ ကူ – MPA
———— 💵 စီးပွားရေးထူးခြားသတင်းများ
မြန်မာနဲ့ ကုန်သွယ်မှု ဒေါ်လာ ၁၂ ဘီလီယံ ရည်မှန်းထားကြောင်း ထိုင်းဝန်ကြီးချုပ် ထုတ်ဖေါ်ပြောကြား – KT အခေါက်ရွှေတစ်ကျပ်သား သိန်း ၁၀၀ ကျော် ပြန်လည်မြင့်တက်၊ ရွှေအရောင်း အဝယ် ယာယီရပ်ဆိုင်း – KT မင်းအောင်လှိုင်ထံမှ ခွင့်ပြုချက်မယူဘဲ MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီနှင့် အပေးအယူလုပ်ကာ အမေရိကန်ဒေါ်လာ သန်းရာဂဏန်း ချေးယူခဲ့သည့် ကုမ္ပဏီများနှင့် ဒါရိုက်တာများကို စစ်တပ်က အမည်ပျက်စာရင်းသွင်း – KT
———— ➕ အခြားထူးခြားသတင်းများ
စစ်တပ် ဦးပိုင်ကုမ္ပဏီနှင့် MEC ပိုင် စက်ရုံများကို လျှပ်စစ်မီတာခ တစ်ယူနစ် ၅၀၀ ကျပ် အထူးနှုန်းဖြင့် ကောက်ခံပြီး ပုဂ္ဂလိကစက်မှုဇုန်များမှ စက်ရုံများကို မီတာခ တစ်ယူနစ် ၉၀၀ ကျပ် ကောက်ခံ – KT Smart Card ဖြင့် စက်သုံးဆီရောင်းချရေး ကနဦး စမ်းသပ်ရန် ပြင်ဆင်နေ – KT မြန်မာနိုင်ငံတွင် ပဋိပက္ခများနှင့် သဘာဝဘေးဒဏ်များကြောင့် လူဦးရေ ၁၂ သန်းခွဲ နီးပါး ဆာ လောင်မွတ်သိပ်နေဟု WFP သတိပေး – KT
#RangoonScoutNetwork

Repost from MMWeather
Meteoblue (ICON Global Model) မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ အသစ်ဆုံး ထုတ်ပြန်ချက် မိုးရေချိန်ပြမြေပုံများ (Accumulated Precipitation Maps)၊ ထိုင်းမိုးလေဝသဌာန (TMD) ၏ မြေပြင်မိုးလေဝသပြမြေပုံ (Surface Weather Chart at 00 UTC) နှင့် ဂြိုဟ်တုဓာတ်ပုံ (12:00) တို့အရ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မိုးရေချိန် ခန့်မှန်းချက်နှင့် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းဆန်းစစ်ချက်များကို တင်ပြပေးလိုက်ပါသည်။ ၁။ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်ဇယား (mm) 📌 ခန့်မှန်းချက်များကို ၁၆၈ နာရီ စုစုပေါင်းမိုးရေချိန် အများဆုံးကျရောက်နိုင်သည့် ဒေသမှ အနည်းဆုံးကျရောက်နိုင်သည့် ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်။ ===== ၂။ မိုးရေချိန် အနည်း/အများ သုံးသပ်ချက် (Precipitation Intensity Analysis) - ဩဂုတ်လ ၁၄ ရက်နေ့ထုတ် ICON မော်ဒယ်၏ မြေပုံများအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း/အနောက်မြောက်ပိုင်းမှ ကုန်းတွင်းသို့ ဆက်လက်ဝင်ရောက်လျှက်ရှိသော လေဖိအားနည်းရပ်ဝန်းစနစ် (မုန်တိုင်းငယ်) နှင့် အနောက်တောင်မုတ်သုံလေတို့ ပေါင်းစပ်ပြီး မြန်မာနိုင်ငံ အနောက်ဘက်နှင့် တောင်ပိုင်း ကမ်းရိုးတန်းများတွင် မိုးအရှိန် အလွန်ပြင်းထန်နေပါသည်။ 📌 မိုးအလွန်များမည့် ခရမ်းရင့်/နီညိုရောင်ဇုန် (ရခိုင်နှင့် တနင်္သာရီ) - ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီတိုင်းတို့တွင် ၁၆၈ နာရီ (၇ ရက်) အတွင်း စုစုပေါင်းမိုးရေချိန် ၄၀၀ mm မှ ၄၅၀ mm အထက် အထိ ရှိနိုင်သည့် စံချိန်တင် မိုးအလွန်များမည့် ဇုန် ထင်ရှားစွာတွေ့နေရပါသည်။ 📌 မိုးအသင့်အတင့်မှ များမည့်ဇုန် (စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ မွန်၊ ကရင်၊ ရှမ်းမြောက်၊ ပဲခူးအရှေ့၊ ဧရာဝတီ) - စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်တို့တွင် မုတ်သုံမြောင်တန်း ဆက်လက်အထိုင်ချထားသဖြင့် နေရာစိပ်စိပ်မိုးရွာနိုင်၊ နေရာကွက်၍သည်းထန်နိုင်မည်ဖြစ်သလို၊ ဧရာဝတီတိုင်းနှင့် မုတ္တမကွေ့အစပ် ပဲခူးတိုင်းအရှေ့ပိုင်းတို့တွင်လည်း မိုးအသင့်အတင့်မှ ပိုမိုရွာသွန်းမည်ဖြစ်သည်။ 📌 မိုးနည်း/မိုးကွယ်ဇုန် (မကွေး၊ မန္တလေး၊ နေပြည်တော်၊ ကယား) - မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့သည် ရခိုင်ရိုးမ၏ မိုးကွယ်ရပ်ဝန်း (Rain Shadow Effect) အောက်တွင် ကျရောက်နေဆဲဖြစ်သဖြင့် ၇ ရက် စုစုပေါင်း မိုးရေချိန် ၅၀ mm အောက်၌သာ ရှိပြီး မိုးကျဲနေမည် ဖြစ်သည်။ ====== ၃။ ထိုင်းမိုးလေဝသပြမြေပုံ (Weather Chart) နှင့် ဂြိုဟ်တုပုံရိုက်ချက် အခြေပြု မိုးလေဝသဆန်းစစ်ချက် Surface Weather Chart (00 UTC) ဆန်းစစ်ချက် - 📌 Monsoon Trough (မုတ်သုံမြောင်တန်း) သည် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှတစ်ဆင့် မြန်မာနိုင်ငံ အထက်ပိုင်း၊ လာအိုနှင့် ဗီယက်နမ်တို့ကို ဆက်သွယ်လျက် 1000 hPa – 1004 hPa အနိမ့်ဖိအားဆဲလ် (L) များဖြင့် တန်းဆွဲထားကြောင်း တွေ့ရပါသည်။ 📌 Low Pressure Area (LPA) - ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း/အနောက်မြောက်ပိုင်းတွင် အနိမ့်ဖိအားဇုန် (၁၀၀၀ hPa) ထင်ရှားစွာ တည်ရှိနေပြီး အဆိုပါစနစ်သည် မြန်မာနိုင်ငံ အနောက်ဘက်နှင့် ကမ်းရိုးတန်းများဆီသို့ ပင်လယ်စိုစွတ်လေထုများကို အရှိန်ပြင်းပြင်း ဆွဲတင်ပေးနေပါသည်။ Satellite Image (ဂြိုဟ်တုပုံ) ဆန်းစစ်ချက်: 📌 မိုးတိမ်ထု သိပ်သည်းမှု - ဂြိုဟ်တုဓာတ်ပုံအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း/ဗဟိုချက်တို့မှ တက်လာသော မုတ်သုံတိမ်တိုက်ကြီးများ (Convective Clouds) သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ တနင်္သာရီတိုင်းနှင့် မွန်/ကရင် ပြည်နယ်များအတွင်းသို့ အရှိန်ပြင်းပြင်း တိုက်ရိုက်တိုးဝင်နေ သည်ကို တွေ့ရှိရသည်။ ==== ၄။ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ရေကြီးမှုနှင့် တိုင်းဒေသကြီးအလိုက် ဘေးအန္တရာယ် သုံးသပ်ချက် (က) ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် သီးသန့် ရေကြီးမှု ခန့်မှန်းသုံးသပ်ချက် - 📌 လက်ရှိအခြေအနေနှင့် မိုးရေချိန်: လေးမျက်နှာမြို့နယ်သည် ငဝန်မြစ်ဝှမ်းအတွင်း တည်ရှိပြီး၊ လာမည့် ၇၂ နာရီအတွင်း မိုးရေချိန် 35 mm မှ 60 mm နှင့် ၁၆၈ နာရီအတွင်း 100 mm မှ 160 mm ဝန်းကျင် ရွာသွန်းနိုင်ခြေ ရှိပါသည်။ 📌 အထက်မြစ်ရေဆင်းမှုနှင့် စိုးရိမ်ရသည့်အချက် - လေးမျက်နှာမြို့နယ် ရေကြီးရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဒေသတွင်း မိုးရွာသွန်းမှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ၊ မြစ်ဖျားပိုင်း (ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း) ၌ စံချိန်တင် မိုးကြီးခဲ့မှုကြောင့် စီးဆင်းလာသော ဧရာဝတီမြစ်ရေ အဆမတန် မြင့်တက်လာပြီး ငဝန်မြစ်အတွင်းသို့ ရေလှိုင်းအဟုန်ပြင်းစွာ ခွဲထွက်စီးဆင်းလာခြင်း (Upstream River Flood Wave) ကြောင့် ဖြစ်သည်။ 📌 ရှေ့ဆက်ဖြစ်ပေါ်နိုင်ခြေ ခန့်မှန်းချက် - လာမည့် ဩဂုတ် ၃ ရက်မှ ၅ ရက်အတွင်း အထက်မြစ်ရေကြီးမှုလှိုင်းသည် မြစ်ဝကျွန်းပေါ်ဒေသများသို့ အပြည့်အဝ ဆင်းလာမည်ဖြစ်သည့်အပြင်၊ ဘင်္ဂလားပင်လယ်အော်မှ လေဖိအာနည်းရပ်ဝန်းကြောင့် ရခိုင်ရိုးမ အရှေ့ဘက်စောင်းနှင့် လေးမျက်နှာအထက်ပိုင်း (ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း) တို့တွင် မိုးအသင့်အတင့်မှ များ ဆက်လက်ရွာသွန်းမည်ဖြစ်သည်။ ထို့ကြောင့် လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး လာမည့် ၃ ရက်မှ ၇ ရက်အတွင်း ရေပြန်ကျရန် မလွယ်ကူသေးဘဲ ရေလွှမ်းမိုးမှုအခြေအနေ ဆက်လက်ရှိနေနိုင်ပါသည်။ (ခ) အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေး သတိပေးချက် 📌 ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း - မိုးအလွန်သည်းထန်စွာ စံချိန်တင် ရွာသွန်းမည်ဖြစ်သဖြင့် တောင်ကျရေလျှံခြင်း၊ ချောင်းရေရုတ်တရက်တက်ခြင်း၊ မြို့နယ်အလိုက် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ (Severe Flash Floods & Landslides) အလွန်စိုးရိမ်ရသည်။ 📌 စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ် - ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အထက်ပိုင်းတို့တွင် မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ မြစ်ရေကြီးမှုဖြစ်စဉ် (Major River Flooding) ဆက်လက်ဖြစ်ပေါ်နေမည်။ 📌 မြန်မာနိုင်ငံအလယ်ပိုင်း (မကွေး၊ မန္တလေး၊ စစ်ကိုင်းအောက်ပိုင်း) - ဒေသတွင်း မိုးရွာသွန်းမှု နည်းသော်လည်း အထက်မြစ်ရေကြီးမှုလှိုင်း (Upstream Flood Wave) ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်းနှင့် မကွေး မြို့နယ်များရှိ ဧရာဝတီမြစ်ကမ်းနား ဒေသများတွင် ရေဘေးအန္တရာယ် သတိပြုရန် လိုအပ်ပါသည်။

(၁) နိဒါန်း လက်ရှိအချိန်မှာ ရန်ကုန်မြို့ရှိ ဆေးရုံ၊ ဆေးခန်းများ၌ (၁) ကာလဝမ်းရောဂါ (Cholera) နှင့် (၂) ပြင်းထန် ဝမ်းပျက်ဝမ်းလျ
(၁) နိဒါန်း လက်ရှိအချိန်မှာ ရန်ကုန်မြို့ရှိ ဆေးရုံ၊ ဆေးခန်းများ၌ (၁) ကာလဝမ်းရောဂါ (Cholera) နှင့် (၂) ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များနေပြီး လူနာများစွာကို လက်ခံကုသပေးနေရပါသည်။ ဤရောဂါများသည် အဓိကအားဖြင့် မသန့်ရှင်းသော အစားအစာနှင့် သောက်သုံးရေများမှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်တတ်ပါသည်။ ရောဂါပိုးရှိသော လူနာ၏ ဝမ်းမှတစ်ဆင့် ရေ၊ အစားအစာ၊ ယင်ကောင်နှင့် ညစ်ပေသော လက်များမှတစ်ဆင့် အခြားသူများထံသို့ အလွယ်တကူ ကူးစက်ပျံ့နှံ့တတ်ပါသည်။ (၂) ကာလဝမ်းရောဂါ ကာလဝမ်းရောဂါသည် Vibrio cholerae ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါများထက် များစွာ ပိုမိုပြင်းထန်ပါသည်။ ၎င်းသည် ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်နှင့် ဆားဓာတ်များကို နာရီပိုင်းအတွင်း အလွန်လျင်မြန်စွာ ဆုံးရှုံးစေပါသည်။ အချိန်မီ ရေဓာတ်ပြန်လည်မဖြည့်တင်းနိုင်ပါက သွေးပေါင်ချိန်ထိုးကျသွားပြီး ရှော့ခ်ရကာ (Shock) အသက်ဆုံးရှုံးနိုင်သည့်အထိ အန္တရာယ်ရှိသော ပြင်းထန်ဝမ်းရောဂါ ဖြစ်ပါသည်။ (၃) ကာလဝမ်းရောဂါဖြစ်ကြောင်းကို ခွဲခြားသိမြင်နိုင်သည့် အဓိက လက္ခဏာများမှာ-  á€—á€­á€Żá€€á€şá€™á€”á€Źá€˜á€˛ ဝမ်းသွားခြင်း။ သာမန်ဝမ်းရောဂါများကဲ့သို့ ဝမ်းဗိုက်ရစ်နာခြင်း၊ အောင့်ခြင်းမျိုး မရှိဘဲ ရုတ်တရက် ဝမ်းသွားတတ်ပါသည်။  á€†á€”်ဆ္းရည်ကဲအသိုအ ဝမ်းသွားခြင်း။ အနံ့အလွန်ဆိုးရွားပြီး အရောင်အဆင်းမရှိသော၊ ဆန်ဆေးရည်ကဲ့သို့ ဖြူနောက်နောက် ဝမ်းအရည်များ အဆက်မပြတ် သွားခြင်းသည် ကာလဝမ်းရောဂါ၏ အထင်ရှားဆုံး လက္ခဏာဖြစ်သည်။  á€Ąá€á€źá€Źá€¸á€œá€€á€šá€á€á€Źá€™á€ťá€Źá€¸á€Ąá€”္ဖဟငအ် အန်ခြင်း၊ ပျို့ခြင်းနှင့် ဓာတ်ဆားဓာတ် အလွန်အမင်း ဆုံးရှုံးမှုကြောင့် ခြေသလုံးကြွက်သားများ ပြင်းထန်စွာ ကြွက်တက်ခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ (၄) á€€á€Źá€œá€á€™á€şá€¸á€›á€ąá€Źá€‚á€Ťá€œá€€á€šá€á€á€Źá€™á€ťá€Źá€¸á€á€śá€…á€Źá€¸á€”á€ąá€›á€œá€ťá€žá€„á€ş အသက်မီဖို့ ဆေးရုံဆေးခန်းချက်ချင်းသွားဖို့လိုအပ်ပုံ အထက်ဖော်ပြပါ ဗိုက်မနာဘဲ ဆန်ဆေးရေကဲ့သို့ ဝမ်းအရည်များ အဆက်မပြတ်သွားခြင်းစသည့် ကာလဝမ်းရောဂါ လက္ခဏာများ ပြသလာပါက လူနာအသက်မီဖို့အတွက် အချိန်ဆွဲမနေဘဲ á€”ဎးစပ်ရဏ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း သွားရောက်ရန် အလွန်အရေးကြီးပါသည်။ လမ်းခရီးတွင်လည်း ဓာတ်ဆားရည်ကို တိုက်ကျွေးသွားရပါမည်။ ဆေးရုံတွင် လိုအပ်သော အကြောဆေးရည် (IV Fluids) နှင့် ပဋိဇီဝဆေးများကို အချိန်မီ သွင်းယူကုသခြင်းဖြင့်သာ အသက်အန္တရာယ်ကို ကယ်တင်နိုင်မည် ဖြစ်ပါသည်။ (၅)သာမန်ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် အိမ်တွင် ဓာတ်ဆားရည်သောက်၍ ကုသနိုင်သော်လည်း အောက်ပါအခြေအနေများ ကြုံတွေ့လာရပါက ဆေးရုံ/ဆေးခန်းသို့ မပျက်မကွက် သွားရောက်ပြသရပါမည်- ရေနှင့် ဓာတ်ဆားရည် လုံးဝမသောက်နိုင်တော့ဘဲ အဆက်မပြတ် အန်နေလျှင်။  á€›á€ąá€“ဏတ်ခမ်းခဟ္ဏက်သညအ် လက္ခဏာများ (ဥပမာ - မျက်တွင်းဟောက်ပွက်ဖြစ်ခြင်း၊ အာခေါင် ခြောက်သွေ့ခြင်း၊ ဆီးနည်းသွားခြင်း၊ ဆီးလုံးဝမသွားတော့ခြင်း၊ အရေပြားတွန့်သွားခြင်း) ပြင်းထန်လာလျှင်။  á€œá€°á€”ဏသည် အလွန်အမင်း မှိန်းသွားလျှင် (သို့မဟုတ်) သတိလစ်ချင်သလို ဖြစ်လာလျှင်။  á€á€™á€şá€¸á€‘ဲတွင် သွေး (သို့မဟုတ်) ပြည်များ ပါလာလျှင်။  á€Ąá€•á€źá€„á€şá€¸á€–á€ťá€Źá€¸á€œá€Źá€œá€ťá€žá€„á€şá‹  á€€á€œá€ąá€¸á€„ယ်မဝဏးနသငအ် သက်ကြီးရွယ်အိုများတွင် ဝမ်းသွားခြင်းသည် ပို၍အန္တရာယ်ရှိသဖြင့် ပိုမိုမြန်ဆန်စွာ ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသည်။ (၆) ကာလဝမ်းရောဂါ အပါအဝင် ဝမ်းရောဂါမဖြစ်အောင် ကာကွယ်နည်းများ သောက်ရေကို ဆူပွက်အောင် အနည်းဆုံး (၁) မိနစ်ခန့် ကျိုချက်သောက်ပါ။ ယုံကြည်ရသော ရေသန့် သို့မဟုတ် ကလိုရင်းဆေးခတ်ထားသောရေကိုသာ သုံးပါ။ ယင်နားစာများ၊ လမ်းဘေးစာများကို လုံးဝရှောင်ပါ။ အစားအစာများကို ကျက်အောင် ချက်ပြုတ်ပြီး ပူပူနွေးနွေးရှိစဉ် စားသောက်ပါ။ အစားအစာများကို ယင်လုံအောင် အမြဲ ဖုံးအုပ်ထားပါ။ အိမ်သာတက်ပြီးတိုင်း၊ အစားအစာ မကိုင်တွယ်မီ၊ မစားသောက်မီနှင့် ကလေးအညစ်အကြေး ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောပါ။ ယင်လုံအိမ်သာကိုသာ စနစ်တကျ အသုံးပြုပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုစိုက်ပါ။

လသာ * ရခ ကားဂျစ်ကား ၁ စီး​​ ​နောက်ခန်း ၁ ကောင်၊ ကား​ခေါင်းမှာနီပြာမီးဖွင့်ပြီး ပြည်လမ်းမှ ဒလတံတား​ပေါ်တက်သွား * 9:13 PM သတင်းပေးပို့ရန် @Bo1000_Informer

Repost from MMWeather
Ventusky ၏ ICON မော်ဒယ်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်မှ စတင်၍ ဩဂုတ်လ ၁၄ ရက်မှ ၁၈ ရက်အထိ (၅ ရက်တာ) မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်တိုးပွားလာမည့် စုစုပေါင်း မိုးရေချိန် (Precipitation Accumulation) မြေပုံများအပေါ် အခြေခံ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဆန်းစစ်ချက်အား အောက်ပါအတိုင်း စနစ်တကျ ပြုစုတင်ပြထားပါသည် - (ဩဂုတ်လ ၁၃ ရက် - နေ့လည် ၁၂:၃၀ နာရီ update) ========= ၁။ ပြည်နယ်/တိုင်းအလိုက် မိုးရေချိန် ရရှိနိုင်မှု ဆန်းစစ်ချက် ဇယား (Sorting by Rainfall Amount) 📌မြေပုံပါ ကာလာညွှန်းကိန်းများနှင့် Grid Data များအရ ၅ ရက်တာ ခန့်မှန်းမိုးရေချိန် အနည်းဆုံးမှ အများဆုံးသို့ (Ascending Order) စနစ်တကျ ခွဲခြားစီစဉ်ထားသော ဇယားဖြစ်ပါသည်။ (ပုံတွင် ကြည့်ပါ) ၂။ နေ့ရက်အလိုက် မိုးရွာသွန်းမှု တိုးတက်ပြောင်းလဲသည့်အခြေအနေ (Temporal Evolution) 📌ဩဂုတ် ၁၃ - ၁၄ ရက် (ကာလဦး) - "VENTUSKY ICON-MODEL ALL_REGION 13-14 rain total map.jpg" အရ ပထမ ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well-Marked LPA) အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် ကချင်၊ စစ်ကိုင်းအထက်ပိုင်းတို့တွင် အဝါရောင်မှ လိမ္မော်ရောင်ဇုန်များ (မိုးရေချိန် ၃၀ ~ ၇၀ mm) အဖြစ် စတင်တိုးပွားလာသည်။ 📌ဩဂုတ် ၁၅ - ၁၆ ရက် (ကာလလယ်) - "13-15" မှ "13-16 rain total map.jpg" သို့ ကူးပြောင်းချိန်တွင် မုတ်သုံလေစီးကြောင်း ပိုမိုပြင်းထန်လာပြီး ရခိုင်၊ တနင်္သာရီ၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ရှမ်းမြောက်ပိုင်းတို့တွင် မိုးရေချိန် ၁၂၀ mm မှ ၁၇၀ mm အထိ လျှင်မြန်စွာ ခုန်တက်သွားကာ ခရမ်းရင့်ရောင်ဇုန်များ လွှမ်းမိုးလာသည်။ 📌ဩဂုတ် ၁၇ - ၁၈ ရက် (၅ ရက်မြောက် Peak အဆင့်) - ၅ ရက်မြောက်ပြည့်ချိန် ("VENTUSKY ICON-MODEL ALL_REGION 13-18 rain total map.jpg" မြေပုံအရ) ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းတို့၌ ၂၅၀ mm မှ ၂၉၅ mm ကျော်၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ရှမ်းမြောက်ပိုင်းတို့တွင် ၁၈၀ mm မှ ၂၂၅ mm အထိ မိုးရေချိန်စုစုပေါင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ၃။ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well-Marked LPA) နှင့် သဘာဝဘေးအခြေအနေ သုံးသပ်ချက် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well-Marked LPA) ၏ အရှိန်ကြောင့် မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ တိုက်ရိုက်ပြင်းထန်စွာ တိုးဝင်လျက်ရှိပြီး အောက်ပါ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ခြေများကို ခန့်မှန်းရရှိပါသည် - 📌ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး (ကမ်းရိုးတန်းရေကြီးဘေးနှင့် လှိုင်းလေပြင်းဘေး) 💡သုံးသပ်ချက် - ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း လေပွေလှိုင်းနှင့် လေဖိအားနည်းရပ်ဝန်း၏ တိုက်ရိုက် သက်ရောက်မှုကြောင့် မိုးရေချိန် ၁၉၀ mm မှ ၂၉၅ mm ကျော် အထိ အများဆုံး ကျရောက်မည်ဖြစ်သည်။ 💡ဘေးအန္တရာယ် - မြေနိမ့်ပိုင်း ရေလွှမ်းမိုးမှုများနှင့်အတူ ပင်လယ်ပြင်တွင် မုတ်သုံလေပြင်းကြောင့် လှိုင်းအလွန်ကြီးနိုင်သဖြင့် ငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးကမ်းဝေး ရေကြောင်းသွားလာမှုများ အထူးသတိပြုရန် လိုအပ်ပါသည်။ 📌စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) (တောင်ကျရေနှင့် မြစ်ရေလျှံဘေး) 💡သုံးသပ်ချက် - မုတ်သုံတိမ်တိုက်ကြီးများ တောင်တန်းဒေသ မြေမျက်နှာပြင်တွင် ပိတ်မိကာ ၅ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၁၄၅ ~ ၂၂၅ mm အထိ သည်းထန်စွာ ရွာသွန်းနိုင်ပါသည်။ 💡ဘေးအန္တရာယ် - ကသာ၊ အင်းတော်၊ ဗန်းမော်၊ မြစ်ကြီးနားနှင့် လားရှိုး လမ်းကြောင်းတစ်လျှောက်တွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် နမ္မတူမြစ် ရေမျက်နှာပြင်များ စိုးရိမ်ရေမှတ်အထက် ရောက်ရှိ/တည်ရှိနေနိုင်ပြီး လျှပ်တစ်ပြက်တောင်ကျရေကျခြင်း (Flash Floods) များ ဖြစ်ပွားနိုင်ပါသည်။ 📌ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း/အနောက်ပိုင်း) နှင့် ကရင်/မွန်ပြည်နယ် (မြစ်ရေလျှံနှင့် ရေဝပ်ဘေး) 💡သုံးသပ်ချက် - ပဲခူးတိုင်းအရှေ့ပိုင်း (စစ်တောင်းမြစ်ဝှမ်း) တွင် ၉၅ ~ ၁၄၅ mm ကျရောက်နိုင်ပြီး၊ အနောက်ပိုင်း (ဧရာဝတီမြစ်ဝှမ်း) တွင် ၅၅ ~ ၉၅ mm ခန့် ရရှိနိုင်ပါသည်။ 💡ဘေးအန္တရာယ် - ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူ၊ ဖြူး၊ ကျောက်တံခါးနှင့် ပဲခူးမြို့ဝန်းကျင်တွင် စစ်တောင်းမြစ်နှင့် ပဲခူးမြစ် ရေမျက်နှာပြင် မြင့်တက်ကာ စိုက်ပျိုးရေးကွင်းများနှင့် မြေနိမ့်ပိုင်းများအတွင်း မြစ်ရေလျှံခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ 📌ချင်းပြည်နယ်နှင့် ကရင်ပြည်နယ် (မြေပြိုခြင်းဘေး) 💡သုံးသပ်ချက် - မုတ်သုံတိမ်တိုက်များ ဖြတ်သန်းရာ ကုန်းမြင့်ဇုန်များဖြစ်ပြီး ၅ ရက်အတွင်း ၁၁၅ ~ ၁၈၀ mm အထိ မိုးရရှိနိုင်ပါသည်။ 💡ဘေးအန္တရာယ် - ဟားခါး၊ ဖလမ်းနှင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက် တောင်စောင်းလမ်းများတွင် မြေသားရေဝပ်မှု လွန်ကဲပြီး မြေပြိုခြင်း (Slope Failure) ၊ ကျောက်တုံးပြိုကျခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်သည်။ 📌မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း) (မိုးကွယ်ဒေသ) 💡သုံးသပ်ချက် - ရခိုင်ရိုးမ ကာဆီးထားမှုကြောင့် ၅ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၆၀ mm အောက် သာရှိမည်။ 💡ဘေးအန္တရာယ် - ရေကြီးရေလျှံမှု ဘေးအန္တရာယ် မရှိနိုင်ဘဲ၊ မိုးထစ်ချုန်းရွာစဉ် ဖြစ်ပေါ်တတ်သည့် မိုးကြိုးပစ်ခြင်းနှင့် လေပြင်းခေတ္တတိုက်ခတ်ခြင်းတို့ကိုသာ သတိပြုရန် လိုအပ်ပါသည်။ ၄။ ကြိုတင်ပြင်ဆင်ရန် အကြံပြုချက် (Risk Mitigation Message) 💡မိုးရေချိန်ပြမြေပုံများအရ ခရမ်းရောင်နှင့် အညိုရောင်ဇုန် (မိုးရေချိန် ၁၅၀ mm အထက်) ကျရောက်သော စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်းမြောက်၊ ရခိုင်နှင့် တနင်္သာရီဒေသများရှိ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ တောင်ကျရေနှင့် မြေပြိုမှု သတိပေးချက်များကို စောစီးစွာ ထုတ်ပြန်ထားသင့်ပါကြောင်း ဆန်းစစ်တင်ပြအပ်ပါသည်။ 💡MMWeather website တွင် တင်ပေးထားသော ၄ ရက် ကြိုတင်ခန့်မှန်း weather widget များ (ပြည်နယ်တိုင်း ၁၅ ခုမှ မြို့/မြို့နယ်ပေါင်း ၃၅၀ ကျော်၏ ၄ ရက်စာ မိုးလေဝသအခြေအနေ widget များနှင့် ကြည့်နည်းကို တင်ပေးထားပါသည်) ကြည့်ရန် - https://www.mmweather.org/divisional-cities-weather

Repost from Khit Thit Media
ရန်ကုန်မြို့လယ်ခေါင်တွင် ကာလဝမ်းရောဂါပိုး ကူးစက်မှုဖြစ်ပွားပြီး အသက် ၉၂ နှစ်အရွယ်လူနာတစ်ဦး သေဆုံး၊ ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၅၄ ဦးရှိကာ ရန်ကုန်တိုင်းတစ်တိုင်းလုံး လမ်းဘေးဆိုင်များ ဩဂုတ် ၁၃ မှ ၁၈ ရက်အထိ အရေးပေါ်ပိတ်ခိုင်း ရန်ကုန်၊ ဩဂုတ် ၁၃ ရန်ကုန်မြို့လယ်ရှိ လသာ၊ လမ်းမတော်၊ ပန်းပဲတန်းနှင့် ကျောက်တံတားမြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောနှင့် ကာလဝမ်းရောဂါပိုးကူးစက်မှုများ ဖြစ်ပွားနေပြီး အသက် ၉၂ နှစ်အရွယ် အမျိုးသားလူနာတစ်ဦး သေဆုံးခဲ့ကာ ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၅၄ ဦးရှိနေကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၁၀ ရက်နေ့မှ ဩဂုတ်လ ၁၂ ရက်နေ့ အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် လူနာ ၁၈၂ ဦး ရောက်ရှိလာခဲ့ပြီး ယင်းအနက် ရောဂါသက်သာလာသဖြင့် လူနာ ၈ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကာ အသက် ၉၂ နှစ်အရွယ် အမျိုးသားလူနာတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာများအနက် ပြင်းထန်ကာလ ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိထားသူ ၅၄ ဦးရှိကြောင်း သိရသည်။ လသာမြို့နယ်တွင် ကာလဝမ်းရောဂါဖြစ်ပွားသူ ၁၆ ဦး တွေ့ရှိထားပြီး လူနာများမှာ သက် သာလာသော်လည်း စိုးရိမ်သူများရှိနေကြောင်း၊ လမ်းမတော်မြို့နယ်တွင်လည်း ကာလဝမ်းရောဂါပိုးကူးစက်မှုများ တွေ့ရှိထားသည်ဟု သိရသည်။ ကာလဝမ်းရောဂါ ရောဂါဖြစ်ပွားနေသည့် လသာ၊ လမ်းမတော်၊ ပန်းပဲတန်းနှင့် ကျောက်တံတားမြို့နယ်များတွင် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ အစားအသောက်နှင့် သောက်သုံးရေများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဆေးရုံများတွင်လည်း ဝမ်းပျက်ဝမ်းလျှော လူနာများရောက်ရှိနေကြောင်း သိရှိရသည်။ ကာလဝမ်းရောဂါပိုးကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ရန်ကုန်တိုင်းဒေသကြီးတစ်တိုင်းလုံးရှိ လမ်းဘေးတွင် အစားအသောက်နှင့် ကုန်ပစ္စည်းများ ရောင်းချနေသည့် ဆိုင်များအားလုံးကို ဩဂုတ်လ ၁၃ ရက်မှ ၁၈ ရက်အထိ အရေးပေါ် ယာယီပိတ်ထားရန် သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ ပိတ်ပင်မှုသည် ရန်ကုန်တိုင်းတစ်တိုင်းလုံးရှိ လမ်းဘေးဆိုင်များအပေါ် သက် ရောက်မည်ဖြစ်ပြီး အစားအသောက်နှင့် သောက်သုံးရေများမှတစ်ဆင့် ကာလဝမ်းရောဂါပိုး ကူးစက်ပြန့်ပွားနိုင်မှုကို ထိန်းချုပ်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ- ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတားမြို့နယ်တွင် ယမန်နေ့ညပိုင်း လမ်းဘေးဆိုင်များ ၅ ရက်ပိတ်ထားရန် လိုက်လံ ကြေညာနေစဉ်။ ဝမ်းပျက်ဝမ်းလျှော လူနာလာပို့သည့် လူနာတင်ယာဉ်နှင့် ရန်ကုန်ဆေးရုံကြီး။

Repost from Khit Thit Media
ရန်ကုန်တိုင်း၊ လသာ၊ လမ်းမတော်၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော လူနာများ စတင်တွေ့ရှိရသဖြင့် လမ်းဘေးစားသောက်ဆိုင်များကို စည်ပင်နှင့်ကျန်းမာရေးဌာနက ယာယီ ပိတ်ခိုင်း ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်း၊ လသာ၊ လမ်းမတော်၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်း လျှော လူနာများ စတင်တွေ့ရှိရသဖြင့် လမ်းဘေးစားသောက်ဆိုင်များကို စည်ပင်က သန့်ရှင်းရေး ဂရုပြုကြရန်နှင့် လတ်တလော လမ်းဘေးဆိုင်များကို ယာယီ ပိတ်သိမ်းခိုင်းနေကြောင်း ဒေသပြည်သူများနှင့်ပရဟိတလူနာတင်အဖွဲ့တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်မြို့ လယ်ခေါင်ရှိ လသာနှင့် လမ်းမတော်မြို့နယ်တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ Down Town ပြင်ပရှိ အင်းစိန်နှင့်မရမ်းကုန်းမြို့နယ်တို့တွင်လည်းကောင်း ဝမ်းပျက်ဝမ်းလျော လူနာများ အများအပြားတွေ့ရှိလာရကြောင်း၊ လက်ရှိ ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျောအတွက် အထူးကုသရေးဌာန ဖွင့်လှစ်ပြီး လက်ခံ ကုသပေးလျက်ရှိကြောင်း ရေချမ်းဖြူ ပရဟိတလူနာတင်ယာဉ်အဖွဲ့ထံမှ သိရှိရသည်။ "ဝမ်းပျက်ဝမ်းလျောလူနာတွေ ဆေးရုံပို့ရတာများလာတယ်။ ကပ်ရောဂါပုံစံမျိုးတော့မဟုတ်ဘူး။ ဒီရက်ပိုင်းမိုးများတာနဲ့ ယင်နားစာတွေ၊ လမ်းဘေးစာတွေကြောင့် ဖြစ်တယ်လို့ ယူဆရတယ်။ အထက်လှန်အောက်လျှောပေါ့။ ဝမ်းသွားတယ်။ အန်တယ်။ အဲဒီလူနာတွေ များလာတာ" ဟု အဆိုပါပရဟိတအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။ လတ်တလော စည်ပင်နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့များက ဝမ်းပျက်ဝမ်းလျှောနှင့် ပတ် သက်၍ ရန်ကုန်တိုင်းအတွင်း ပိုစတာနှင့် လက်ကမ်းကြော်ငြာများ ဖြန့်ဝေခြင်း၊ လမ်းဘေးစားသောက်ဆိုင်များကို သန့်ရှင်းရေး အထူးဂရုပြုကြရန်နှင့် တချို့သော အလွန်ညစ်ပတ်သည့် လမ်းဘေးဆိုင်များကို ယာယီပိတ်သိမ်းခိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ "လမ်းဘေး ခေါက်ဆွဲသုတ် ၊ အစုံသုတ်၊ မုန့်ဟင်းခါး၊ ဝက်သားတုတ်ထိုး ဆိုင်တွေ ရက်ပိုင်း ခဏ ပိတ်ဖို့တော့ လာပြောတယ်။ ကျန်းမာရေးဘက်က လိုက်စစ်ပြီးမှ ပြန်ဖွင့်ခိုင်းမယ်ပြောတယ်။ ဝမ်းပျက်ဝမ်းလျှော လူနာတွေတွေ့ရလို့ ပြောတယ်" ဟု အင်းစိန်မြို့နယ်၊ ကုန်းကျော်တံတားအနီး လက်သုတ်စုံရောင်းချသော ပျံကျစျေးသည်တစ်ဦးက ရှင်းပြသည်။ လတ်တလော လသာမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၂၀ ဦးထက်မနည်းတွေ့ရှိထားရပြီး ရောဂါဇစ်မြစ်များကို လသာမြို့နယ် စည်ပင်နှင့် မြို့နယ် ကျန်းမာရေးဌာနက ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပွားပြီး အဆိုပါရောဂါပိုးများသည် ယင်နားစာစသည့် မသန့်ရှင်းသည့်အစားအစာများနှင့် မသန့်ရှင်းသည့်ရေတို့မှတစ်ဆင့်လည်းကောင်း၊ လက်မသန့်စင်ခြင်းစသည့် တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းကြောင့်လည်းကောင်း၊ ယင်မလုံသည့် အိမ်သာနှင့် အိမ်သာကန်များမှတစ်ဆင့်လည်းကောင်း ရောဂါအဆင့်ဆင့်ကူးစက်ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဌာနက သတိပေးချက်ထုတ်ပြန်သည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာစသည့် မသန့်ရှင်း သည့် အစားအစာများကိုမသုံးစွဲခြင်း၊ FDA အသိအမှတ်ပြု သောက်ရေသန့် (သို့မဟုတ်) ရေသန့်စင်ဆေးပြားအသုံးပြု၍ သန့်စင်ထားသည့်ရေ (သို့မဟုတ်) ဆူပွက်အောင်ကျိုချက်ထားသည့် ရေ စသည့် သန့်ရှင်းသည့်ရေကိုသာ သောက်သုံးခြင်း၊ အစားအစာများကိုမစားသုံးမီနှင့် အိမ်သာမှ အထွက်တွင် လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ စနစ်တကျ သန့်စင်ဆေးကြောခြင်း၊ သန့်ရှင်းသည့် ယင်လုံအိမ်သာ (သို့မဟုတ်) ယင်လုံသည့်မိလ္လာကန်ကို အသုံးပြုခြင်းနှင့် ယင်ကောင်ပေါက်ဖွားမှု နည်းပါးစေရေးအတွက် စားကြွင်း၊ စားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်း သတိပေးထားသည်။ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်း မာရေးဌာန များနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ စောစီးစွာ ကုသမှုခံယူသင့်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းကလည်း ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ကူးစက် ဖြစ်ပွားခဲ့ပြီး အဆိုပါ ရောဂါမှာ ကာလဝမ်းရောဂါပိုးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ဓာတ်ပုံ- ၂၀၂၄ ခုနှစ် ဇူလိုင်လ ရန်ကုန်တွင် ပြင်းထန်ကာလဝမ်းရောဂါဖြစ်ပွားခဲ့၍ ကျန်းမာရေးဌာနက ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ်။

Repost from MMWeather
လက်ရှိ ရေကြီးတတ်တဲ့ ကာလ (မိုးလယ်ကာလ - ဇူလိုင် ၁ ရက် မှ ဩဂုတ် ၃၁ ရက်) ကို ကျော်ဖြတ်ပြီးတဲ့အခါ ၂၀၂၆-၂၇ ခုနှစ်ရဲ့ အကြီးမားဆုံး ရာသီဥတုပြောင်းလဲမှုကို ဆက်လက်ရင်ဆိုင်ကြရဘို့ ရှိနေပါတယ်။ ဒီအကြောင်းကို အသေးစိတ်လေ့လာထားပြီး တင်ပေးသင့်တဲ့အချိန်မဟုတ်ပေမဲ့ လစဉ်ထွက်နေတဲ့ update များကြောင့် အများသိရအောင် တင်ပေးလိုက်တာဖြစ်ပါတယ်။ 📌 သိလို/လေ့လာလိုသူများ ဆက်လက်ဖတ်ရှုနိုင်ပြီး စိတ်မဝင်စားသူများ၊ လေ့လာရန်မလိုအပ်ဟု ယူဆသူများ ကျော်သွားနိုင်ပါတယ်။ ============ NOAA Climate Prediction Center (CPC) ၏ Global Tropics Hazards Outlook (AUG 19 - SEP 01, 2026) နှင့် ENSO Recent Evolution (10 AUG 2026 update) တို့မှ ထုတ်ပြန်ချက်များအရ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ အသေးစိတ် သုံးသပ်ချက်များ - ဩဂုတ်လ ၁၂ ရက် ၊ နံနက် ၁၀:၄၅ နာရီ - UPDATE ===========   ၁။ MJO (Madden-Julian Oscillation) နှင့် ENSO ဖြစ်ပေါ်ပြောင်းလဲမှု သုံးသပ်ချက် MJO (Madden-Julian Oscillation) အခြေအနေ 📌 လက်ရှိ အားကောင်းမှုနှင့် သွားလာမှု - MJO မိုးတိမ်စုသည် Maritime Continent မှတစ်ဆင့် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း (Western Pacific - Phase 6) သို့ ရောက်ရှိ အားကောင်းလျက်ရှိသည်။ 📌 El NiĂąo နှင့် Interference - MJO ၏ အားကောင်းသော Convective Envelope (မိုးတိမ်ဖြစ်ထွန်းမှုဇုန်) သည် El NiĂąo ၏ Background State (အခြေခံဖြစ်တည်မှု) နှင့် Constructive Interference (အချင်းချင်း ပေါင်းစပ်အားဖြည့်ခြင်း) ဖြစ်ပေါ်နေသဖြင့် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် convection (မိုးတိမ်ဖြစ်ထွန်းမှု) ကို ပိုမိုအားကောင်းစေသည်။ 📌 ခန့်မှန်းချက် (Aug 19 - Sep 01) - အချို့ မော်ဒယ်များ (GEFS, ECMWF) အရ MJO သည် Phase 6 တွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး၊ အောက်တိုဘာ/စက်တင်ဘာ လဆန်းပိုင်း (Week 3 အကုန်) တွင် Phase 7 (ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း/အလယ်ပိုင်း) သို့ ကူးပြောင်းမည်။   ENSO (El NiĂąo-Southern Oscillation) အခြေအနေ 📌 El NiĂąo Advisory စတင်ထုတ်ပြန်ထားခြင်း - အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် ပင်လယ်ရေမျက်နှာပြင် အပူချိန် (SST) များ စံချိန်ထက် ထင်ရှားစွာ မြင့်တက်နေသည်။ 📌 Relative Oceanic NiĂąo Index (RONI) - May-July 2026 ၏ RONI တန်ဖိုးမှာ  á€žá€­á€Żá€ˇ ရောက်ရှိနေပြီး အပတ်စဉ် သီးသန့် အညွှန်းကိန်းများဖြစ်သော NiĂąo 3.4 တွင် + ၁.၈°C နှင့် NiĂąo 1+2 တွင် + ၃.၃°C အထိ မြင့်တက်နေသည်။ 📌 အောက်ခြေ ရေပူလွှာ (Upper-Ocean Heat Content) - Subsurface အပူချိန် မူမမှန် မြင့်တက်မှု (Positive Subsurface Anomalies) သည် အီကွေတာအနီး ပစိဖိတ်အရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် အနက် မီတာ ၁၀၀-၁၅၀ အထိ ပိုမိုအားကောင်း စုစည်းနေသည်။   ၂။ ၂၀၂၆-၂၇ ခုနှစ် El NiĂąo ဖြစ်ပေါ်မှု ပြင်းထန်နိုင်မည့် အခြေအနေ (El NiĂąo Strength & Duration) - NOAA CPC ၏ Probabilistic Strength Outlook နှင့် CFS.v2 Dynamic Models တို့အရ ၂၀၂၆-၂၇ ခုနှစ် အယ်လ်နီညိုသည် အလွန်အားကောင်းသည့် အယ်လ်နီညို (Very Strong El NiĂąo) အဆင့်သို့ ရောက်ရှိနိုင်ခြေ အလွန်မြင့်မားသည်။ ⚠️ ဖြစ်ပွားနိုင်ခြေ (Probability) - ၂၀၂၆ ခုနှစ် ဆောင်းဦး/ဆောင်းရာသီမှ ၂၀၂၇ ခုနှစ် နွေဦးပေါက်ရာသီ (Early Spring 2027) အထိ El NiĂąo ဆက်လက် တည်ရှိနေနိုင်ခြေ ၉၇% အထိ ရှိသည်။ ⚠️ ပြင်းအား ခန့်မှန်းချက် (Strength Probabilities) - ၂၀၂၆ အောက်တိုဘာ - ဒီဇင်ဘာ (OND 2026) ကာလအတွင်း RONI Index  á€žá€­á€Żá€ˇá€›á€ąá€Źá€€á€şá€›á€žá€­á€žá€Šá€ˇá€ş "Very Strong El NiĂąo" ဖြစ်နိုင်ခြေ ၈၁% အထိ ရှိသည်။ Strong El NiĂąo (+ ၁.၅°C မှ +၂.၀°C) ဖြစ်နိုင်ခြေအပါအဝင် စုစုပေါင်း Strong / Very Strong El NiĂąo ဖြစ်နိုင်ခြေမှာ ၉၉% နီးပါး ရှိသည်။ ⚠️ အနှစ်ချုပ် သုံးသပ်ချက် - ၂၀၂၆-၂၇ ခုနှစ် El NiĂąo သည် ၁၉၉၇-၉၈၊ ၂၀၁၅-၁၆ နှင့် ၂၀၂၃-၂၄ စူပါအယ်လ်နီညို ဖြစ်စဉ်များနှင့် တူညီသော အလွန်အားကောင်းသည့် စူပါအယ်လ်နီညို (Super El NiĂąo / Very Strong El NiĂąo) ဖြစ်စဉ်တစ်ခု ဖြစ်လာမည်။   ၃။ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် သက်ရောက်မှုများ - Global Tropics Hazards Outlook (AUG 19 - SEP 01) ၏ ခန့်မှန်းမြေပုံများနှင့် လေထုဖြစ်စဉ်များအရ အောက်ပါအခြေအနေများ ဖြစ်ပေါ်နိုင်သည် - [MJO Phase 6-7 + Strong El NiĂąo Base State] [အိန္ဒိယသမုဒ္ဒရာ & Maritime] | [ပစိဖိတ် & တောင်တရုတ်ပင်လယ်] - Suppressed Convection (မိုးနည်း) - Enhanced Convection (မိုးများ) - Indian Ocean Dipole Negative - - Tropical Cyclogenesis (မုန်တိုင်း) ဆန်သော အခြေအနေများ - Typhoon/TC ဖြစ်ပွားနိုင်ခြေ မြင့် မိုးရေချိန် အခြေအနေ (Rainfall Patterns) 📌💡 အိန္ဒိယသမုဒ္ဒရာ၊ Maritime Continent နှင့် မြန်မာနိုင်ငံ - MJO မိုးတိမ်စုများ ပစိဖိတ်ဘက်သို့ ထွက်ခွာသွားခြင်း၊ Anomalous Velocity Potential Divergence/Convergence ပြောင်းလဲခြင်းနှင့် El NiĂąo အကျိုးဆက်များကြောင့် အိန္ဒိယသမုဒ္ဒရာ၊ အင်ဒိုနီးရှားနှင့် မလေးရှားအပါအဝင် Maritime Continent ဒေသတစ်ခုလုံးတွင် ပုံမှန်အောက် ၅၀% မှ ၈၀% အထိ မိုးရေချိန်နည်းပါးမည် (Below-Average Rainfall Probability >50% မှ >80%)။ 📌💡 မြန်မာနိုင်ငံအပါအဝင် တောင်အာရှ/အရှေ့တောင်အာရှ ဒေသများ - မုတ်သုံလေ အားလျော့နည်းနိုင်ပြီး Aug 19 မှ Sep 01 ကာလအတွင်း ပုံမှန်အောက် မိုးရေချိန် လျော့နည်းနိုင်သည့် အခြေအနေ သို့ ဦးတည်နေသည်။ သို့သော် ဒေသတွင်း မုတ်သုံလေလှိုင်းများကြောင့် အချိန်တိုအတွင်း မိုးထစ်ချုန်းရွာခြင်းများ အနည်းငယ်ရှိနိုင်သော်လည်း ရာသီဥတုအရ လချုပ်မိုးရေချိန်ရရှိနိုင်မည့်အခြေအနေ လျော့နည်းနိုင်သည်။   အပူချိန် အခြေအနေ (Temperature) 📌 အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများ (မြန်မာ၊ ထိုင်း၊ ဗီယက်နမ်) တို့တွင် မိုးတိမ်ဖုံးလွှမ်းမှု နည်းပါးခြင်းနှင့် El NiĂąo အပူလှိုင်း သက်ရောက်မှုများကြောင့် ပုံမှန်ထက် အပူချိန် မြင့်မားနိုင်ခြေ (Above-Normal Temperature) ပိုမိုမြင့်မားသည်။   ဂ။ မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ (Tropical Cyclone / TC Activity) 📌 အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း (ဘင်္ဂလားပင်လယ်အိတ်နှင့် အာရေဗျပင်လယ်) - AUG 19 မှ SEP 01 ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ ၂၀% အောက်သာ ရှိသည် (TC Risk is Low < 20%) ။ MJO Convective Phase သည် ပစိဖိတ်သို့ ရောက်ရှိနေခြင်းကြောင့် အိန္ဒိယသမုဒ္ဒရာအတွင်း မုန်တိုင်းဖြစ်ထွန်းမှုကိုအားပေးသည့် လေထုမတည်ငြိမ်မှု နည်းပါးသည်။ တောင်တရုတ်ပင်လယ်နှင့် ပစိဖိတ်အနောက်ပိုင်း - 📌 ပစိဖိတ်အနောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်နှင့် တောင်တရုတ်ပင်လယ် (South China Sea) တို့တွင်မူ MJO Phase 6-7 + El NiĂąo အားဖြည့်မှုကြောင့် မုန်တိုင်းဖြစ်နိုင်ခြေ ၄၀% မှ ၆၀% ထိ (Week 2) နှင့် ၂၀% မှ ၄၀% ထိ (Week 3) အထိ မြင့်တက်နေသည်။ 📌 မြန်မာနိုင်ငံအတွက် သတိပြုရန် - တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လာမည့် မုန်တိုင်းအကြွင်းအကျန် လှိုင်းများ (Remnant Lows) သည် ဗီယက်နမ်၊ လာအို၊ ထိုင်းတို့ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများသို့ ဒေသကွက်ကျား မိုးကြီးမှုများ ဆောင်ကျဉ်းလာပေးနိုင်သည့် မုတ်သုံလေနိမ့်လှိုင်းများ (Monsoon Troughs) အဖြစ် ရောက်ရှိလာနိုင်မှုကိုမူ ဆက်လက်၍စောင့်ကြည့်ရန် လိုအပ်သည်။   ၄။ ရေရှည် အနှစ်ချုပ် သုံးသပ်ချက် 💡 တိုတောင်းသော အနာဂတ် (ဩဂုတ်နှောင်းပိုင်း - စက်တင်ဘာလဆန်း) - မြန်မာနိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင် မိုးရွာသွန်းမှု လျော့နည်းနိုင်ပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းကြီးများ ဖြစ်ပေါ်နိုင်ခြေ နည်းပါးနေမည်ဖြစ်သည်။ 💡 ရေရှည်ခန့်မှန်းချက် (၂၀၂၆ နှောင်းပိုင်း - ၂၀၂၇ နွေဦး) - ပြင်းထန်သော စူပါအယ်လ်နီညို (Very Strong El NiĂąo) ကြောင့် မြန်မာနိုင်ငံတွင် မုတ်သုံဆုတ်ခွာချိန် စောခြင်း၊ ဆောင်းရာသီနှင့် ပွင့်လင်းရာသီများတွင် ပုံမှန်ထက် ပူပြင်းခြောက်သွေ့ခြင်း၊ “၂၀၂၇ နွေရာသီတွင် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်တတ်သော အယ်လ်နီညိုအပူလှိုင်းနှင့် ရေရှားပါးမှုများ” ကို ရင်ဆိုင်ရနိုင်သဖြင့် အစီအမံများချမှတ်၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်မည် ဖြစ်သည်။