en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

The Irrawaddy - Burmese

The Irrawaddy - Burmese

Open in Telegram

The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com

Show more

📈 Analytical overview of Telegram channel The Irrawaddy - Burmese

Channel The Irrawaddy - Burmese (@theirrawaddy) in the Burmese language segment is an active participant. Currently, the community unites 76 040 subscribers, ranking 3 559 in the News & Media category and 1 734 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 76 040 subscribers.

According to the latest data from 17 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -443 over the last 30 days and by 1 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 5.46%. Within the first 24 hours after publication, content typically collects 4.47% reactions from the total number of subscribers.
  • Post reach: On average, each post receives 4 153 views. Within the first day, a publication typically gains 3 397 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 48.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com”

Thanks to the high frequency of updates (latest data received on 18 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

76 040
Subscribers
+124 hours
-1407 days
-44330 days
Posts Archive
အာဏာသိမ်းခွင့်ပေးထားတဲ့ အခြေခံဥပဒေ ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၆ ကမ္ဘာ့ဒီမိုကရေစီအဆင့် သတ်မှတ်ချက်တွေမှာ မြန်မာနိုင်ငံဟာ ဘယ်လိုအခြေအနေ ရောက်နေသလဲ။ စစ်တပ်ဦးဆောင်တဲ့ အတုအယောင်ဒီမိုကရေစီနဲ့ ပြည်သူတွေတောင်းဆိုနေတဲ့ စစ်မှန်တဲ့ဒီမိုကရေစီ ဘာကွာသလဲ။ အပြည့်အစုံကို အောက် Link ပါ Opinion Talk “ဗိုလ်ချုပ်တွေလိမ်ရောင်းတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန်’ ဒီမိုကရေစီ” မှာ ကြည့်ရှုနိုင်ပါတယ်။ ဗိုလ်ချုပ်တွေလိမ်ရောင်းတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန်’ ဒီမိုကရေစီ https://youtu.be/dQNIOsDdZCM #မြန်မာ #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #သိန်းစိန် #သန်းရွှေ #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #military #myanmar #regime #TheinSein #ThanShwe #democracy #TIME #IRWENG

၂၀၂၄ ခုနှစ် မတ်လက ဧရာဝတီမှာ မြန်မာ စစ်တပ် ထိပ်ပိုင်း နဲ့ အောက်ခြေ တပ်သားတွေ အကြောင်း ရေးထားတဲ့ ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2024/03/27/381457.html #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း အခု စနေမှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ နိုင်ငံရေး အတွေးအခေါ် ဆောင
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း အခု စနေမှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ နိုင်ငံရေး အတွေးအခေါ် ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက်ထားပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/17/417089.html

𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠 တရုတ်အပေါ် မှီခိုနေတဲ့ မြန်မာ့စီးပွားရေး ဒီတပတ် China Briefing မှာတော့ မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစီမံကိန်းတွေ အကြောင်းနဲ့၊ တရုတ်နယ်စပ် နမ့်ခမ်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ကုန်သွယ်ရေးဇုန်တည်ဆောက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အကြောင်း အပါအဝင် တရုတ်မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။ https://youtu.be/g4CFmubAUwI #မြန်မာ #ဧရာဝတီ #ChinaBriefing #တရုတ် #စီးပွားရေး #ဆိုလာ #လျှပ်စစ်

သမ္မတ၊ တပ်ချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌကြား ပွတ်တိုက်မှုတွေ လာမလား အောက်တိုဘာ ၁၇၊ ၂၀၂၆ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ USDP ပါတီညီလာခံအပြီးမှာ “ဦးခင်ရီ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက် ရွေးချယ်ခံရတာဟာ မင်းအောင်လှိုင်ကို ခုခံတွန်းလှန်နိုင်ခဲ့ပြီး သီးခြားနိုင်ငံရေးအင်အားစုအဖြစ် ပေါ်ထွက်လာတာလား” ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ #မြန်မာ #ဧရာဝတီ #သမ္မတ #တပ်ချုပ် #လွတ်တော် #နိုင်ငံရေး

ရခိုင်က ပြည်သူတွေဟာ အရေးပေါ် လေကြောင်းသတိပေးစနစ်တွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ တီထွင်ကြံဆလာကြပါတယ်။ ဒီစနစ်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ နားလည်နိုင်ဖို့ ကျောက်တော်နဲ့ မြောက်ဦးက ဒေသခံ ခြောက်ဦးကို ကျမ ဆက်သွယ်မေးမြန်းခဲ့ပြီး၊ စက်တင်ဘာ ၂၈ ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမတိုင်မီက သတိပေးချက် ထွက်ပေါ်ခဲ့တဲ့ အချိန်ဇယားကို ပြန်လည်တည်ဆောက်ကြည့်ခဲ့ပါတယ်။ တချို့အခြေအနေတွေမှာ စစ်လေယာဉ်တစင်း ပျံတက်လာတာကို တိုက်ခိုက်မှုမဖြစ်ခင် တစ်နာရီ၊ နှစ်နာရီလောက်ကြိုပြီး သိနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်နေရာကို အတိအကျ တိုက်ခိုက်မလဲဆိုတာတော့ ဗုံးကျဖို့ မိနစ်ပိုင်းအလို၊ တခါတလေ ဗုံးစကျပြီးမှသာ သိနိုင်ကြပါတယ်။ Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/10/17/417107.html

အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး ပြင်းထန်သော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ဗီဒီယိုတခုတွင် ဆာဂန်ဒါ နာအင်ဂိုလန် က ပြောကြားခဲ့သည်။ ဆယာလီနာက ထိုမှတ်ချက်များကို "လုံးဝ စာနာထောက်ထားမှု မရှိတဲ့ စကားတွေ" ဟု ခေါ်ဆိုခဲ့သည်။ "ကျမတို့ အင်ဒိုနီးရှားနဲ့ ဆက်ဆံရေးကို တန်ဖိုးထားပါတယ်၊ ဒါပေမဲ့ မသင့်တော်တဲ့ မှတ်ချက်တွေ ပေးလာတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောဆိုတာကိုတော့ မတားဆီးပါနဲ့ " ဟု အဆိုပါ ပါလီမန်အမတ်က ဆိုသည်။ ကိုးကား။ ။ AFP သတင်း In Malaysia, frustration grows over Indonesia haze

မလေးရှားတွင် အင်ဒိုနီးရှား မီးခိုးအပေါ် မကျေနပ်မှုများ ပိုမိုကြီးထွားလာ ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆။ "ဒေသတွင်းမှာ သူတို့ကို ဝိုင်းပယ်ထားသူတွေလို သဘောထား ဆက်ဆံဖို့ လိုပါတယ်" ဟု အင်ဒိုနီးရှား တောမီးလောင်ကျွမ်းမှုများနှင့် ပတ်သက်၍ မလေးရှား ပါလီမန် အမတ် ဆယက် ဆဒိခ် ဆယက် အဘဒူ ရာမန် က ယခုသီတင်းပတ်အတွင်း ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြောကြားခဲ့သည်။ သူ၏ မှတ်ချက်များသည် မလေးရှားအစိုးရမှ ယခုအချိန်အထိ ကျင့်သုံးခဲ့သော နူးညံ့သည့် သံတမန်ရေးအရ ဖိအားပေးမှုများထက် များစွာ ပိုမိုပြင်းထန်ပြီး တောမီးများကို ထိန်းချုပ်ရန် အင်ဒိုနီးရှား၏ မစွမ်းဆောင်နိုင်မှုအပေါ် တဖြည်းဖြည်း တိုးပွားလာသော မကျေနပ်မှုများကို ပေါ်လွင်စေသည်။ "မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဟာ အနီးကပ် အိမ်နီးချင်းတွေ ဖြစ်ပေမဲ့ အဲဒီဆက်ဆံရေးမှာ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ပါဝင်ရပါမယ်" ဟု မလေးရှား ပါလီမန်အမတ် ဆယာလီနာ အဘဒူ ရာရှစ် ကလည်း AFP သတင်းဌာနသို့ ပြောသည်။ "ကျမတို့ နယ်စပ်ပြင်ပက တာဝန်မဲ့တဲ့ လုပ်ရပ်တွေအတွက် မလေးရှားပြည်သူတွေက ဘာလို့ ဆက်ပြီး အနစ်နာခံ ပေးဆပ်နေရမှာလဲ" ဟု သူမက ဆိုသည်။ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် က ကြာသပတေးနေ့တွင် ၎င်းတို့၏ ဆောင်ရွက်ပုံနည်းလမ်းကို ကာကွယ်ပြောဆိုခဲ့ပြီး၊ ယင်းပြဿနာနှင့် ပတ်သက်၍ အိမ်နီးချင်း အင်ဒိုနီးရှားနှင့် ဆွေးနွေးညှိနှိုင်းရန် မလေးရှားအနေဖြင့် "လုပ်နိုင်သမျှ အကုန်လုံး လုပ်ဆောင်ခဲ့ပြီးပြီ" ဟု ပြောကြားခဲ့သည်။ လူကြိုက်များသော ဘာတူဂူ (Batu Caves) ကမ္ဘာလှည့်ခရီးသွားနေရာတွင် ခရီးသွားများနှင့် ဝန်ထမ်းများကပါ မကျေနပ်မှုကို ဖော်ပြကြသည်။ "ဘာမှ မမြင်ရတော့ဘူး" ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ဒစ်ဒီ ဟာမီဒွန် (Diddy Hamidon) က မြူခိုးများ ဖုံးလွှမ်းနေသော ရှုခင်းကို ကြည့်ရင်း AFP သို့ ပြောကြားခဲ့သည်။ "အင်ဒိုနီးရှား အနေနဲ့ မှန်ကန်တဲ့အရာကို လုပ်ဆောင်ဖို့ လိုပါတယ်" ဟု သူက ဆက်လက်ပြောသည်။ မလေးရှားနိုင်ငံသည် မီးခိုးမြူများကြောင့် ကျောင်းများကို ပိတ်ထားခဲ့ရပြီး မီးငြှိမ်းသတ်ရာတွင် ကူညီရန် အင်ဒိုနီးရှားသို့ ကမ်းလှမ်းခဲ့သည်။ သို့သော် နှစ်ဖက်စလုံးမှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရာရှိများ ပါဝင်သော ဆွေးနွေးပွဲများ အပြီး ဗုဒ္ဓဟူးနေ့ကျမှသာ ယင်းကမ်းလှမ်းမှုကို စတင် လက်ခံခဲ့ပုံရသည်ဟု နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားခဲ့သည်။ "ပူးပေါင်းဆောင်ရွက်မှု ပုံစံဟာ ဆွေးနွေးပွဲတွေရဲ့ ရလဒ်ပေါ်မှာ မူတည်ပါလိမ့်မယ်" ဟု သူက ဒေသတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ "ဒါပေမဲ့ နှစ်နိုင်ငံစလုံးက အာဏာပိုင်တွေဟာ ပိုမိုဆိုးရွားလာနေပုံရတဲ့ မီးခိုးမြူပြဿနာကို ပူးပေါင်းဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ပထမဆုံးအကြိမ်အဖြစ် စတင်ဆွေးနွေးနေကြပါပြီ။" အင်ဒိုနီးရှားနိုင်ငံသည် ပုံမှန်အားဖြင့် နှစ်စဉ် နွေရာသီတွင် တောမီးလောင်ကျွမ်းမှုများနှင့် ကြုံတွေ့ရလေ့ရှိသော်လည်း၊ ယခုနှစ် မီးလောင်ကျွမ်းမှုများသည် နိုင်ငံအတွင်း အယ်လ်နီညို (El Nino) ရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားကာ မိုးခေါင်ရေရှားမှုကို ပိုမိုဆိုးရွားစေခဲ့သည်။ တောမီးကြောင့် အင်ဒိုနီးရှားနိုင်ငံအတွင်း မြေဧက သောင်းပေါင်းများစွာ မီးလောင်ကျွမ်းခဲ့ရပြီး မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် အရှေ့တီမော နိုင်ငံတို့တွင် လေထုညစ်ညမ်းမှုများ စံချိန်တင် မြင့်တက်ခဲ့ကာ ယခုသီတင်းပတ်အတွင်း မီးခိုးမြူများကြောင့် ကျောင်းများကို ပိတ်ခဲ့ရသည်။ ဤအကျပ်အတည်းသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ၂၀၀၂ ခုနှစ်တွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုဆိုင်ရာ သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် ထိုသဘောတူညီချက်ကို "စာရွက်ပေါ်မှာပဲ ရှိပြီး ဘာမှ အသုံးမဝင်တဲ့အရာ" အဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်ကြသည်။ တောမီးများနှင့် ဆက်စပ်နေသော ကုမ္ပဏီများကို ဥပဒေကြောင်းအရ အရေးယူရန် အိမ်နီးချင်း စင်ကာပူက ကြိုးပမ်းလာသည်။ မလေးရှားတွင်သာမက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံး မြို့ကြီးများစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် စင်ကာပူနိုင်ငံ၌ပါ လူထု၏ မကျေနပ်မှုများ တိုးပွားလာခြင်းသည် အစိုးရများအပေါ် ဖိအားဖြစ်စေသည်။ မလေးရှားနိုင်ငံက နောက်ဆုံးဖြစ်ပွားသည့် အကျပ်အတည်းကို ဆွေးနွေးရန် အာဆီယံထံ အရေးပေါ်အစည်းအဝေး ခေါ်ယူပေးရန် တောင်းဆိုထားပြီး၊ ယခုနှစ် ထိပ်သီးအစည်းအဝေး အိမ်ရှင်ဖြစ်သော မနီလာကလည်း လာမည့်လတွင် ကျင်းပမည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ အစီအစဉ်တွင် ဤပြဿနာ ပါဝင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ မီးခိုးမြူများကို ထိန်းချုပ်ရန် အင်ဒိုနီးရှား၏ မစွမ်းဆောင်နိုင်မှုအပေါ် ဒေါသထွက်မှုများသည် ဂျကာတာ၏ ပြန်ကြားရေးအေဂျင်စီအကြီးအကဲထံမှ လွန်ခဲ့သည့် သီတင်းပတ်ကုန်က ထွက်ပေါ်လာသော မှတ်ချက်များကြောင့် ပိုမိုဆိုးရွားသွားခဲ့သည်။ "ကျနော်တို့က မီးခိုးပဲ လွှတ်နေတာ မဟုတ်ပါဘူး... စင်ကာပူနဲ့ မလေးရှားမှာရှိတဲ့ အောက်ဆီဂျင်တွေဟာလည်း ကျနော်တို့ရဲ့ သစ်တောတွေကနေ လာတာပါ" ဟု လူမှုကွန်ရက်ပေါ်တွင်

photo content
+2

photo content

ကျပ် ၅ သောင်းတန်အသစ် မထုတ်ဟု ငြင်း ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆ ငွေကျပ် ၅၀,၀၀၀ တန် ငွေစက္ကူအသစ်များ ထုတ်ဝေမည်ဆိုသည်မှာ သတင်းမှားသာဖြစ်ကြောင်း အာဏာသိမ်းသမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေလာပြီးနောက် ယခုကဲ့သို့ ဒေါ်ခိုင်ခိုင်စိုးက ၎င်း၏ တယ်လီဂရမ်ချန်နယ်မှတဆင့် ထုတ်ပြန်ပြောဆိုလာခြင်းဖြစ်သည်။ “လူမှုကွန်ရက်စာမျက်နှာများနှင့် အွန်လိုင်းမီဒီယာအချို့တွင် ၅၀,၀၀၀ ကျပ်တန် ငွေစက္ကူအသစ်များ ထုတ်ဝေမည် ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရပြီး သတင်းအမှားသာ ဖြစ်ပါသည်” ဟု ၎င်းက ဆိုသည်။ ၎င်းက ပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ တရားဝင်ဌာနများ၏ ထုတ်ပြန်ချက်များမှတဆင့်သာ စိစစ် အတည်ပြုကြရန်နှင့် သတင်းမှားများကြောင့် မလိုလားအပ်သည့် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup

photo content

လွန်ခဲ့သည့် ၃ နှစ်က ရှမ်းမြောက် ကျားဖြန့်နှိမ်နင်းမှုကို တရုတ်အာဏာပိုင်များက The Demise of Myanmar-Based Telecom Fraud / 缅北电诈覆灭记) မှတ်တမ်းရုပ်ရှင်အနေဖြင့် တရုတ်အစိုးရပိုင် မီဒီယာများ၌ ယခုလအစောပိုင်းက ပြသခဲ့သလို စစ်တပ်၏မဟာမိတ် ကိုးကန့် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ဟောင်း ဝေစန်း (ခ) ဝေဝှိုင်ရန်နှင့် အဓိက တရားခံ ၃ ဦးကို လူသတ်မှု၊ ကျားဖြန့် အပါအဝင် ကြီးလေးသောရာဇဝတ်မှုများဖြင့် တရုတ်တရားရုံးက အောက်တိုဘာ ၁၃ ရက်တွင် သေဒဏ် ချမှတ်လိုက်သည်။ ထိုအခြေအနေများနှင့် ဆက်စပ်၍ ၂၀၂၄ မတ်လက ဧရာဝတီတွင် ဖော်ပြခဲ့သော ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၄) ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်သည်။ ဝေယုံ (ခ) ချောချောအေးသည် မိသားစု စီးပွားရေးလုပ်ငန်းများကို အဓိက ဦးဆောင်နေသူ အမျိုးသမီးဖြစ်ပြီး ဖခင်၏ လုပ်ငန်းများကို ၎င်းလက်ထက်တွင် များစွာ တိုးချဲ့ခဲ့သူလည်း ဖြစ်သည်။ ဟိန်းလီအုပ်စု၊ ဟင်နရီပိုင်အုပ်စု ကုမ္ပဏီများ၏ ဒါရိုက်တာ ရာထူးကို အကိုဖြစ်သူ ဝေချင်ဟိုင်းနှင့်အတူ ယူထားပြီး အကိုထက် ပို၍ လူမှုရေး အားကောင်းသူ ဖြစ်သည်။ ‘ဝေ” မိသားစု၏ နောက်ပိုင်း အသစ်ထောင်သည့် လုပ်ငန်းများကို သူက ဦးဆောင်ခဲ့သည်။ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ် ကိုးကန့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် တဦးလည်းဖြစ်သည့် ဝေယုံသည် လောက်ကိုင်၏ ဩဇာရှိ အမျိုးသမီးတဦးဖြစ်ပြီး လူမှု ပွဲလမ်းသဘင်များတွင်လည်း အမြဲတွေ့ရတတ်သည်။ ဝေယုံနှင့် ဦးပယ်ဆောက်ချိန်၏ သမီး ပယ်ရင်လန်တို့သည် သူငယ်ချင်းများ ဖြစ်ကြပြီး နှစ်ဦးစလုံးက လောက်ကိုင်၌ ထင်ပေါ် လွှမ်းမိုးမှုရှိသည့် အမျိုးသမီးများ ဖြစ်သည်။ ၎င်းတို့ကို ကိုးကန့် မိသားစုကြီး ငါးစု၏ ဒုတိယမျိုးဆက်များဟု ပြော၍ရသည်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2024/03/14/380844.html

MNDAA နဲ့ TNLA သိမ်းပိုက်မြို့တွေ ပြန်တောင်းပေးဖို့ တရုတ်ကို ကျားဖြူပါတီ တောင်းဆို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေကို အာဏာသိမ်းအစိုးရ အုပ်ချုပ်မှုအောက် ပြန်လည်ထားရှိနိုင်ရေး ကူညီပေးဖို့ ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဖုန်းရှူပင်(Peng Xiubin) ဦးဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၉ ခုတို့ အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးချိန် အခုလိုတောင်းဆိုခဲ့တာလို့ ဦးစိုင်းအိုက်ပေါင်းက ပြည်တွင်းမီဒီယာတခုနဲ့ အင်တာဗျူးမှာ ပြောလိုက်တာပါ။ #မြန်မာ #ဧရာဝတီ #ကျားဖြူပါတီ #MNDAA #TNLA #တရုတ်ကွန်မြူနစ်ပါတီ #ဦးစိုင်းအိုက်ပေါင်း #ရှမ်းပြည်နယ်မြောက်ပိုင်း #သိမ်းပိုက်မြို့ #WhatsHappeningInMyanmar

၂၀၂၆ ခုနှစ် သြဂုတ်လက ဧရာဝတီမှာ ရေးထားတဲ့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်၊ ရက် ၁၀၀ ငြိမ်းချမ်းရေး နဲ့ လက်နက်ကိုင် ၁၃ ဖွဲ့ အကြေ
၂၀၂၆ ခုနှစ် သြဂုတ်လက ဧရာဝတီမှာ ရေးထားတဲ့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်၊ ရက် ၁၀၀ ငြိမ်းချမ်းရေး နဲ့ လက်နက်ကိုင် ၁၃ ဖွဲ့ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/08/14/415492.html

စစ်ရေယာဉ်များ ပြုပြင်ထိန်းသိမ်းဖို့ ရုရှားရေတပ်နှင့် ဆွေးနွေး ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆ ရုရှား-မြန်မာ နှစ်နိုင်ငံ ရေတပ်ချင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုကို အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ တွေ့ဆုံစဉ် ရေယာဉ်များ ပြုပြင်ထိန်းသိမ်းရေးအပါအဝင် ပူးပေါင်းဆောင်ရွက်ရေးများ ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် အာဏာသိမ်းအစိုးရအာဘော် သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ရုရှားရေတပ်မှ ဗိုလ်ချုပ် Andrey Nikolaevich ဦးဆောင်သော အဖွဲ့နှင့် တပ်မတော်(ရေ)မှ ကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ပြီး နှစ်နိုင်ငံရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ လေ့ကျင့်ရေး ကိစ္စများ၊ သတင်းအချက်အလက် ဖလှယ်ရေးနှင့် ရေယာဉ်များ ပြုပြင်ထိန်းသိမ်းရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ဆိုသည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် ရုရှားနှင့် မြန်မာစစ်တပ်တို့၏ ဆက်ဆံရေးသည် ပိုမိုနီးကပ်လာပြီး လက်ရှိတွင် မဟာဗျူဟာမိတ်ဖက်အဆင့်အထိ ရောက်ရှိနေပြီဖြစ်ကာ စစ်ရေးနှင့် နည်းပညာပူးပေါင်းမှု၊ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ ဓာတ်ပုံ-MOI #WhatsHappeningInMyanmar #RejectMilitaryCoup

photo content

AA ရဲ့ ထိုးစစ် စစ်တွေ ဒကစ နားအထိ ရောက်လာ အာရက္ခတပ်(AA) ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က စစ်တွေဒေသကွပ်မှုစစ်ဌာနချုပ် (ဒကစ) နားအထိ ရောက်ရှိလာနေပြီလို့ မြေပြင်အခြေအနေကို သိရှိသူတွေက ဧရာဝတီကို ပြောပါတယ်။ စက်တင်ဘာလအတွင်းမှာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေဟာ ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့အစပ် ဒေသတွေနဲ့ အမြင့်ကျွန်းကျေးရွာနားမှာ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာပါ။ ရခိုင်ပြည်နယ် အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို AA ထံလက်လွှတ် ဆုံးရှုံးထားရတဲ့ အာဏာသိမ်းစစ်တပ်အတွက် စစ်တွေ ဒကစ ဟာ အရေးကြီးတဲ့ စစ်ဌာနချုပ်တခုလို့ စစ်ရေး သတင်းရင်းမြစ် တွေက ဧရာဝတီကို ပြောပါတယ်။ #မြန်မာ #ဧရာဝတီ #စစ်တွေ #ဒကစ #အမြင့်ကျွန်း #ထိုးစစ် #WhatsHappeningInMyanmar

၅၅ မြို့နယ်ကို အရေးပေါ်အခြေအနေ သက်တမ်း ထပ်တိုး ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆ အာဏာသိမ်းစစ်အုပ်စု ဦးဆောင်၍ ရွေးကောက်ပွဲပြုလုပ်ကာ အရပ်သားအစိုးရအသွင်ပြောင်းထားပြီး ၆ လကြာသည်အထိ တရားဥပဒေစိုးမိုးရေးများ မူလအခြေအနေ မရောက်သေးဆိုကာ ၅၅ မြို့နယ်တွင် ထုတ်ပြန်ထားသည့် အရေးပေါ် အခြေအနေကို ရက်ပေါင်း ၉၀ သက်တမ်း ထပ်တိုးရန် ယမန်နေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။ သက်တမ်းတိုးမြှင့်ရေး အဆိုပြုချက်ကို အောက်တိုဘာ ၁၄ ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းဦးက တင်ပြခဲ့ပြီး ဝန်းသိုမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့မှအပ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ မူလအခြေအနေသို့ မရောက်ရှိသေးသည့် မြို့နယ် ၅၅ မြို့နယ်ကို ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ သက်တမ်းတိုးပြီး စစ်အုပ်ချုပ်ရေး ဆက်ထားရန် ထောက်ခံခဲ့ကာ ယမန်နေ့က အပြီးသတ် အတည်ပြုခဲ့ခြင်းဖြစ်သည်။ သက်တမ်းတိုးမြှင့်သည့် မြို့နယ် ၅၅ မြို့နယ်တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ်များ ပါဝင်သည်။ #WhatsHappeningInMyanmar #RejectMilitaryCoup

photo content