cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

နရီမိုး

Ko'proq ko'rsatish
Reklama postlari
29 055
Obunachilar
+4724 soatlar
+4697 kunlar
+4 44030 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

🔆ဥပုသ်စောင့်ခြင်း၏အဓိပ္ပာယ်နှင့် ဥပုသ်သီလ၏တန်ဖိုး ဝိသာခါကျောင်းအမကြီးအား ဗုဒ္ဓဘုရားရှင်၏ဟောကြားချက်အရ ဥပုသ် ၃-မျိုးရှိပါသည်။ (၁) နွားကျောင်းသားစိတ်ထားဖြင့် နှိုင်းယှဉ်ရသော ဥပုသ်။ (ဂေါပါလကု ပေါသထ) (၂) နိဂဏ္ဌတက္ကတွန်းတို့ ညွှန်ပြသော ဥပုသ်။ (နိဂဏ်ဌုပေါသထ) (၃) အရိယာသူမြတ်တို့ စောင့်ထိန်းသော ဥပုသ်။ (အရိယုပေါသထ) ဥပုသ်သီလဆောက်တည်ခြင်းဟာ ရဟန္တာကျင့်တဲ့ အကျင့်ကိုကျင့်ရခြင်းဖြစ်တယ်။ ဝိသာခုပေါသထ သုတ်မှာ မြတ်စွာဘုရားက ဟောတယ်။ ဥပုသ်သီလ ခံယူဆောက်တည်ပြီး ကိုယ့်ကိုကိုယ် ဆင်ခြင် သုံးသပ်ကြည့်တဲ့ … " ငါဟာ ဒီကနေ့ ရဟန္တာ ပုဂ္ဂိုလ်တွေ ကျင့်တဲ့ အကျင့်ကို ကျင့်ရပေပြီလို့ စိတ်ထဲမှာ ဝမ်းမြောက် ကြည်နူးအောင် နှလုံးသွင်းပါ " တဲ့။ ရဟန္တာတွေ ကျင့်ရတဲ့အကျင့်ကို ဒို့ ကျင့်ရတယ်။ ဒါကြောင့် … တို့ရဲ့ကျင့်စဉ်ဟာ သီလ အနေအထား အားဖြင့် ရဟန္တာတွေနဲ့တန်းတူ အဆင့်ရောက်သွားတဲ့ အနေအထား မျိုးဆိုတော့ အလွန်ကျေနပ်အားရစရာ ဖြစ်တယ်။ ပီတိသောမနဿတွေ ဖြစ်လာနိုင်တယ်။ အဲဒီလို ပီတိသောမနဿတွေ ဖြစ်လာခြင်းဟာ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းကို ဖြစ်ပေါ်စေပြီး နောက်ဆုံးမှာ စိတ်တည်ငြိမ်မှုကို ဖြစ်ပေါ်စေတယ်။ စိတ်တည်ငြိမ်မှု ရပြီဆိုတော့မှ ယထာဘူတဉာဏဒဿန အမှန်အကန်တွေကို သိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖြစ်ပေါ်စေမှာ ဖြစ်တယ်။ ဒါကြောင့် … ဥပုသ်သီလဟာအလွန်တန်ဖိုးရှိတယ်။ မြတ်စွာဘုရား မိန့်ကြားတဲ့စကားနဲ့ပြောရမယ်ဆိုရင် ဥပုသ်သီလဖြစ်တဲ့ ရှစ်ပါးသီလရဲ့ တန်ဖိုးဟာ အင်မတန်မှ ကြီးမားတယ်။ ဘယ်လောက်ထိ ကြီးမားသလဲ ဆိုရင် … ကမ္ဘာ လောကမှာရှိတဲ့ စိန်ရွှေ ရတနာတွေရဲ့ တန်ဖိုးဟာ ဥပုသ်သီလစောင့်ထိန်းတဲ့ ကုသိုလ်ကို ၁၆_ စိတ် စိတ်ပြီးတော့ တစ်စိတ်ရဲ့တန်ဖိုးလောက်တောင် မရှိပါဘူးလို့ မြတ်စွာဘုရားက ရှင်းပြတယ်။ ဘာကြောင့် ဒီလောက်တန်တယ်လို့ ပြောရတာတုန်းဆိုရင် … အဲဒီ စိန်ရွှေရတနာတွေကို အသုံးပြုပြီး နိဗ္ဗာန်ဆိုတာ မရောက်နိုင်ဘူး လေ။ ဥပုသ်သီလစောင့်သုံးခြင်းဖြင့်သာ နိဗ္ဗာန်ချမ်းသာထိအောင် ရောက်နိုင်တယ်။ ဒါကြောင့် တန်ဖိုးချင်းကွာခြားတယ်လို့ ဆိုလိုတာ။ ငွေကြေးဓန တန်ဖိုးဆိုတာ ကိုယ်ပေးလိုက်တဲ့ ငွေကြေးကြောင့် ရလာတဲ့ ပစ္စည်းဥစ္စာရဲ့ တန်ကြေးလို့ ဒီလို ဆုံးဖြတ်ကြတာ။ အဲ့ဒီတော့ … ဥပုသ်သီလကို ငွေကြေးဓနလို သဘောထားအသုံးချပြီး နတ်ချမ်းသာဆိုတာ ရနိုင်တယ် … အဲဒီထက်အဆင့်မြင့်တဲ့ နိဗ္ဗာန် ချမ်းသာကိုလည်း ရနိုင်တယ်။ ဒါကြောင့် ဥပုသ်သီလရဲ့တန်ကြေးဟာ အလွန်ကြီးမားတယ်လို့ ပြောတာ။ စိန်ရွှေ ရတနာတွေနဲ့ နိဗ္ဗာန်ချမ်းသာကို ဝယ်လို့မရဘူး။ နတ်ချမ်းသာကို ဝယ်လို့မရဘူး။ ဒီလိုဆိုလိုတာ … ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး #ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ 🙏🙏🙏
Hammasini ko'rsatish...
🙏 528👍 79 21
Photo unavailableShow in Telegram
မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ 🙏🙏🙏
Hammasini ko'rsatish...
🙏 537 30👍 15👏 2
တရုတ်ရဲ့ တောင်းဆိုချက်ကြောင့် ၅ ရက်တာကာလ စစ်ပွဲရပ်မဲ့ MNDAA ရဲ့ အပြုအမူအပေါ်Anonymous voting
  • လောက်ကိုင်ကို ဆက်ပြီး ဗုံးကြဲပါ
  • MNDAA ကတိုက်ပွဲရပ်သလို ကိုယ်လည်း တိုက်ပွဲရပ်ပါ
  • တရုတ်ကြားဝင်စေ့စပ်မှုကို စောင့်ပါ
0 votes
👍 611🤣 30 20🥰 6😁 5👎 3🔥 3
Photo unavailableShow in Telegram
၅ ရက်တာကာလ အပစ်အခတ်ယာယီ ရပ်မယ်ဆိုတဲ့ သဘော။ ‌မပြောကောင်း မဆိုကောင်း လောက်ကိုင်ဗုံးကြဲတာ အကြီးပိုင်း နာရေးများ ရှိခဲ့လို့လား။ (နရီမိုး)
Hammasini ko'rsatish...
👍 484👏 61😁 20 16🤣 12🥴 8
နိုင်ငံရေးဟာ နိုင်ငံရေးပါပဲ။ မြန်မာ့နိုင်ငံရေးမှာလည်း တကယ်လို့ လက်ရှိ စစ်ရေးအခြေအနေကိုသာ အောင်မြင်အောင် တစ်စုံ တစ်ယောက်က စွမ်းဆောင်နိုင်ရင် နိုင်ငံရေးရော စစ်ရေးပါ Changes အနေနဲ့ ကြီးကြီးမားမား ဖြစ်လာမှာပါ။ (နရီမိုး)
Hammasini ko'rsatish...
👍 568 39🤣 6😁 4
လူတွေပဲ‌ဗျာ။ အိမ်က ခွေးနဲ့ သူစိမ်းခွေး ကိုက်ရင်တောင် အိမ်ကခွေးပဲ နိုင်ချင်တာ သ‌ဘာဝကျပါတယ်။ ဒီနေ့ ဒီချိန်ထိ တပ်က ဗုံးကြဲလို့ နည်းနည်းပျော်လိုက်ရတာ ဆိုတာ လက်ချိုး ရေ လို့ရပါတယ်။ ဥပမာ- လိုင်ဇာက လက်နက် စက်ရုံလေးကို ဗုံးကြဲတော့ လိုင်ဇာတော့ တွယ်ပြီ ဆိုပြီး ပျော်ခဲ့ရတာမျိုး။ လားရှိုးဟာ အတိုက်ခံရတာ ၁၀ ရက်ကျော်ပါပြီ။ လားရှိုးကို အတိုက်ခံရတယ်လို့မမြင်ဘဲ တိုင်းစစ်ဌာချုပ်ကို အတိုက်ခံနေရတာလို့ပဲ မြင်ရမှာပါ။ ခုရက်ပိုင်းတော့ ညဘက်တွေချည်း သန္ဓီနဲ့ လောက်ကိုင်ကို ဗုံးကြဲတာတော့ ကြားနေ၊ မြင်နေ ခွင့်ရပါပြီ။ ဒါဟာ လားရှိုးကို တိုက်နေတဲ့ ‌စစ်ပွဲကို ခေတ္တ ခဏတန့်သွားစေချင်ရုံလောက်ရည်ရွယ်တာဆိုရင်တော့ လက်နက်စက်ရုံကို ဗုံးကြဲ အပြီး KIA ဘယ်လိုတုန့်ပြန်နေသလဲ ဆိုတာကိုပဲ တချက်ကြည့်စေချင်ပါတယ်။ ဒီနေရာမှာ ကိုယ်တွေ ဗုံးပြန်ကြဲမှ ပြည်သူလူထုရဲ့ ပစ်မှတ်နေရာကို ထိခိုက်ပါတယ်ဆိုရင်တော့ ပြောတဲ့သူကို ဘော ပါပဲလို့ပဲ ယဉ်ယဉ်ကျေးကျေးတုန့်ပြန်ပါမယ်။ ပြည်တွင်းစစ်က လက်နက်နဲ့ ဖြေရှင်းလို့မရတာ သိပါတယ်။ ဒီလိုပဲ ရန်သူက ပြည်သူလူထုရဲ့နေအိမ်တွေကို နေ့စဉ်နဲ့အမျှ ရှော့တိုက်ဒုံးနဲ့ ပစ်နေတာကို လက်ပိုက်ကြည့်နေရအောင်ကလည်း ကိုယ်တွေ အဖွဲ့အစည်းက ပုတီးကိုင်ထားတဲ့ မေတ္တာ ရှင်မဟုတ်ပါဘူး။ ရှေ့မှာ ၃ နှစ်လောက် ငြိမ်းချမ်းရေး လုပ်ရအောင်ပါဆိုပြီး ဖိတ်ခေါ်ပြီးပါပြီ။ တစ်ခုလေးပါပဲ။ မစို့မပို့ ဖြစ်မှာကိုတော့ အတော်လေး စိုးရိမ်မိပါတယ်။ (နရီမိုး)
Hammasini ko'rsatish...
👍 797 79😁 13🤣 11👎 1
တအာင်းလက်နက်ကိုင် အခြေချဖြစ်တဲ့ နမ့်ဆန်နဲ့မန်တုံ၊ KIA ရဲ့ ‌လိုင်ဇာနဲ့ လွယ်ဂျယ် တလျှောက်၊ MNDAA ရဲ့ လောက်ကိုင်နဲ့ ကုန်ကြမ်း။ ဒီနေရာတွေကိုသာ နေ့စဉ်ဗုံးကြဲစမ်းပါ။ သူတို့ တိုက်စစ် ဦးမကျိုးဘူးဆိုရင် ကြိုက်သလိုပြော။ (နရီမိုး)
Hammasini ko'rsatish...
👍 736 72👏 36🤣 17🤔 2
00:13
Video unavailableShow in Telegram
လောက်ကိုင်ကို ဒီတိုင်းအလှကြည့်မထားလို့ ကျေးဇူးတင်ပါတယ်။ (နရီမိုး)
Hammasini ko'rsatish...
4.55 MB
317👍 242👏 39🤣 13
၅၀ ကျော်‌ ၆၀ လောက်မှာ SEATO အဖွဲ့က အရှေ့တောင်အာရှ မှာ အားကောင်းလာခဲ့တယ်။ စော်ဘွားတွေက ဒီအချက်ကို နင်းသလို ပင်လုံစာချုပ်ကို ကိုင်ပြီး ခွဲရေးကိစ္စတွေ ပြောလာခဲ့တယ်။ အထူးသဖြင့် ရှစ်ပြည်နယ်မူဟာ ရှမ်းက စခဲ့တဲ့ ဇာတ်လမ်းဆိုရင်လည်း မမှားဘူး။ ခုတော့ ဗမာပြည်နယ်ဖွဲ့စေချင်တဲ့ ရှမ်းဟာ သူ့ပြည်နယ်တွင်းမှာပဲ လူမျိုးတခုချင်းစီအလိုက် တစစီ တကွဲတပြား ဖြစ်လာတာ မြင်တွေ့နေရတယ်။ ပိုဆိုးတာက ရှမ်းတွေ အခြေချခဲ့တဲ့ မူရင်းဒေသတွေကိုတောင် TNLA လက်ထဲ ကျရောက်သလိုမျိုး ကြုံနေရတာ တွေ့ရတယ်။ ၆၀ လောက်မှာ ဒါကိုသိတဲ့ ဦးနေဝင်းက ဖက်ဒရယ်စကားလုံးကို တလုံးမှ မဟစေတော့ဘူး။ ခုလက်ရှိ စစ်ရေးအခြေအနေအရ ပြည်နယ်တွေဟာ ကွန်ဖက်ထရိတ်ဆန်ဆန်တောင် ဖြစ်လာနေကြပြီ။ ဥပမာ မြန်မာမှာ ဘယ်အစိုးရတက်တက် "ဝ" ကို လက်နက်ဖြုတ်သိမ်းဖို့အထိ ဆွေးနွေးနိုင်ဖို့ဆိုတာ အတော်လေး ခက်တဲ့ အနေအထား ဖြစ်နေပြီ။ ရခိုင်နဲ့ တအာင်းပြည်နယ်၊ နောင်ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ရှမ်းနီ၊ ခုဆို ချင်းပြည်နယ်က လူမျိုးစုတွေကတောင် ကိုယ်ထူကိုယ်ထ ဖြစ်လာဖို့ကြိုးစားနေတာ တွေ့နေရပြီ။ နိုင်ငံရေး လိုလားချက်ကို စာပွဲဝိုင်းပေါ်မှာ အဖြေရှာတာ ကောင်းပါတယ်။ အဖြေရှာနိုင်ရင်ပိုကောင်းပါတယ်။ ရန်သူအင်အားကြီးလာလို့ လိုက်လျောရတာမျိုးတော့ ဂုဏ်သိက္ခာအရ ရှုံးပါတယ်။ ဖက်ဒရယ်အရ စကားပြောကြမယ်ဆိုရင်တောင် ဗဟိုဟာ ဗဟိုအဆင့်ကနေ ပြောနိုင်ဖို့ လိုတယ်လို့ ယူဆမိပါတယ်။ (နရီမိုး)
Hammasini ko'rsatish...
👍 574 24🤣 16👏 5
ကိုယ့်ရဲ့အသိဉာဏ်တွေကို ပျက်စီးသွားစေလို့ သုရာမေရယရှောင်သင့်တယ်လို့ မြတ်စွာဘုရားက အကြောင်းပြတာ။ လူတွေမှာ တန်ဖိုးအရှိဆုံးက ဦးနှောက်ပဲ။ အဲ့ဒီ့ဦးနှောက်ကို တစ်နည်းမဟုတ် တစ်နည်းပျက်စီးသွားစေတတ် မူးယစ်စေတတ်တယ်။ ဒါတွေဟာလောလောဆယ် မထိခိုက်ဘူးဆိုရင်တောင်မှ အနည်းဆုံး အရက်သောက်ပါများတဲ့သူဟာ အတွေးအခေါ်ကအစ ပြောင်းသွားတယ်လို့ပြောတယ်… ဆရာဝန်တွေက နော်။ ဘယ်လိုပဲ ပြောပြော မူးယစ်စေတတ်တဲ့အရာတွေပေါ့။ ပကတိစိတ် မဟုတ်ဘဲ လူရဲ့အတွေးအခေါ်ပြောင်းသွားစေမဲ့ အရာတွေ ကို မလုပ်သင့်ဘူး။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး #ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ 🙏🙏🙏
Hammasini ko'rsatish...
🙏 474👍 88 19👏 7
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.