uz
Feedback
နရီမိုး

နရီမိုး

Kanalga Telegram’da o‘tish

📈 Telegram kanali နရီမိုး analitikasi

နရီမိုး (@nyemoee) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 35 796 obunachidan iborat bo'lib, Din & Maʼnaviyat toifasida 1 800-o'rinni va Myanma mintaqasida 4 066-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 35 796 obunachiga ega bo‘ldi.

03 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -260 ga, so‘nggi 24 soatda esa -6 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 23.09% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 14.93% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 8 268 marta ko‘riladi; birinchi sutkada odatda 5 346 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 510 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 04 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Din & Maʼnaviyat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

35 796
Obunachilar
-624 soatlar
-1147 kun
-26030 kun

Ma'lumot yuklanmoqda...

Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Sentabr '26
Sentabr '260
14 kanalda
Avgust '26
+76
33 kanalda
Get PRO
Iyul '26
+84
38 kanalda
Get PRO
Iyun '26
+64
38 kanalda
Get PRO
May '26
+148
40 kanalda
Get PRO
Aprel '26
+42
38 kanalda
Get PRO
Mart '26
+31
80 kanalda
Get PRO
Fevral '26
+58
53 kanalda
Get PRO
Yanvar '26
+77
53 kanalda
Get PRO
Dekabr '25
+120
68 kanalda
Get PRO
Noyabr '25
+197
66 kanalda
Get PRO
Oktabr '25
+137
61 kanalda
Get PRO
Sentabr '25
+212
56 kanalda
Get PRO
Avgust '25
+653
74 kanalda
Get PRO
Iyul '25
+140
66 kanalda
Get PRO
Iyun '25
+106
55 kanalda
Get PRO
May '25
+511
59 kanalda
Get PRO
Aprel '25
+174
53 kanalda
Get PRO
Mart '25
+446
86 kanalda
Get PRO
Fevral '25
+271
81 kanalda
Get PRO
Yanvar '25
+189
77 kanalda
Get PRO
Dekabr '24
+1 619
75 kanalda
Get PRO
Noyabr '24
+4 296
62 kanalda
Get PRO
Oktabr '24
+1 426
45 kanalda
Get PRO
Sentabr '24
+1 635
67 kanalda
Get PRO
Avgust '24
+4 420
89 kanalda
Get PRO
Iyul '24
+5 146
98 kanalda
Get PRO
Iyun '24
+279
83 kanalda
Get PRO
May '24
+348
74 kanalda
Get PRO
Aprel '24
+386
44 kanalda
Get PRO
Mart '24
+203
44 kanalda
Get PRO
Fevral '24
+926
49 kanalda
Get PRO
Yanvar '24
+2 211
50 kanalda
Get PRO
Dekabr '23
+5 551
90 kanalda
Get PRO
Noyabr '23
+16 491
95 kanalda
Sana
Obunachilarni jalb qilish
Esdaliklar
Kanallar
04 Sentabr0
03 Sentabr0
02 Sentabr0
01 Sentabr0
Kanal postlari
ညောင်ဦးမြို့နယ်ထဲက တက်မ ရေနံမှော်မှာ ပြန်ပေးဆွဲရင် ပေါက်တဲ့နှုန်းထားက ကျပ်သိန်း ၅ သောင်း ဆိုပဲ။ ဒါ့ကြောင့်လည်း တော်လှန်ရေး နည
ညောင်ဦးမြို့နယ်ထဲက တက်မ ရေနံမှော်မှာ ပြန်ပေးဆွဲရင် ပေါက်တဲ့နှုန်းထားက ကျပ်သိန်း ၅ သောင်း ဆိုပဲ။ ဒါ့ကြောင့်လည်း တော်လှန်ရေး နည်းနည်းကြာလာတော့ မေမေ ပြန်လွတ်ဖို့ အရေးတွေက အဓိက မကျတော့တာ ဖြစ်မယ်။ ခက်တာက မြန်မာနိုင်ငံ စရိုက်ကိုက ခေတ်ပျက်လေ သူဌေးပိုဖြစ်လေက အများကြီးပဲ။ ခုလည်း PDF တွေ လုပ်ရပ်ပဲကြည့်ဦး။ သာမန် အရပ်သား ပြန်ပေးဆွဲရင် ကျပ်သိန်း ၃၅၀ ၊ သာမန် ရေနံမှော် လုပ်ငန်းရှင်ဆို ကျပ်သိန်း ၈၀၀၀နဲ့ ရေနံမှော် အကြီးဆိုရင် ကျပ်သိန်း ၅ သောင်းဆိုပြီး ပြန်ပေးဆွဲဈေးနှုန်း သတ်မှတ်ကြသတဲ့။ ဒီအညာသားတွေက ဘယ်လိုလုပ် လက်နက်ချ အလင်းဝင်တော့ မတုန်း။ နောက်ဆုံး အချင်းချင်း အဝေမတည့်လို့ သတ်ဖြတ်မှပဲ ကိစ္စပြီးမယ့်သဘောရှိတယ်။ နောက်....ဒီလောက်ဝင်ငွေကောင်းနေမှတော့ လက်နက်ခဲယမ်းတွေ ဈေးကြီးပေး ဝယ်ချင်ဝယ်မပေါ့။ ဆိုတော့ အညာရဲ့ စစ်ရေး ပဋိပက္ခက မုန့်လုံး စက္ကူကပ်ပြီလေ။ အစိုးရ မထိန်းချုပ်နိုင်သေးလေလေ...PDF နဲ့ပေါင်းပြီး ရသလောက် ခိုးထုတ်ကြမှာပဲ။ ပေးနိုင်တုန်းက မိတ်ဖက်ဆိုပေမယ့် မပေးနိုင်တဲ့အခါ ပြန်ပေးဆွဲကြပုံပေါက်တယ်။ အညာသားတွေ ရိုးတယ်သာ ပြောတာပါ။ ပုဂံမှာ ပြန်ပေးဆွဲလို့ကို ဘယ်သူမှ မလာရဲ၊ မလည်ရဲ ဖြစ်ရပြီ။ ဒါတွေ ပြန်ကြည့်ရင်....တစ်ချို့လုပ်ရပ်တွေက ကိုယ်တိုင် စခဲ့ကြတဲ့ ဇာတ်လမ်းတွေပါပဲ။ မီးမှန်းလည်း သိတယ်။ လောင်မယ် ဆိုတာလည်း သိသိနဲ့၊ အားပေးအားမြှောက် လုပ်ခဲ့ကြတယ်။ သရဲတွေမွေးပြီး သဘက်တွေ ဖြစ်လာတော့ ....လူ့စည်း၊ ဘီးလူးစည်း မထားနိုင်ကြတော့ဘူး တူပါတယ်။ စစ်အာဏာရှက်မကြိုက်လို့ တော်လှန်ကြတဲ့သူတွေက ရေနံမှော်မှာ ပြန်ပေးဆွဲကြတယ် ဆိုတဲ့ လုပ်ရပ်ကတော့ ကြားလို့တောင် မဟန်ဘူး။ ကြိုက်မရှက်၊ ငတ်မရှက် ဆိုတာ ဒါမျိုး ပြောတာ ဖြစ်မယ်။ (နရီမိုး)

2
တပ်ရဲ့သဘောသဘာဝအရ ဖြစ်ကြောင်းကုန်စင် အိတ်သွန်ဖာမှောက် ‌ထုတ်ပြန်မယ် မထင်ပါဘူး။ အနည်းဆုံး ထုတ်ပြန်လာမယ့် ပုံစံက နယ်မြေထိန်းချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် ဗန်းမော်တပ်နယ်သို့ လိုအပ်သည့် အုပ်ချုပ် ထောက်ပံ့ရေး ဆိုင်ရာ အကူယာဉ်များ ဘယ်နေ့ ၊ ဘယ်ရက်သို့ ရောက်ရှိ၍ ဗန်းမော်ဒေသ အနီးတဝိုက်အား ထိန်းချုပ်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည် " ဆိုတာလောက်ပဲ လာမှာပါ။ ဒါတောင် မူဝါဒ ကြေညာတဲ့ သတင်းရုပ်သံကပဲ တင်ဆက်ဖို့များပါတယ်။ စစ်ရေး စစ်‌ရာဖြစ်လို့ Breaking news လည်း ထိုးစရာ မရှိပါဘူး။ စထားတဲ့ ရည်မှန်းချက်ကိုက ဒါတွေ ထောက်ပံ့ပေးနိုင်ဖို့ သွားတဲ့အရာပဲ။ ရောက်သွားရင်ကို Mission Complete ဖြစ်တယ်လို့ ပြောလို့ရတာပေါ့။ ကျန်တဲ့ ကောလာဟလ ဆိုတာ အချိန်တိုင်း လည်း ထွက်နေတာပါပဲ။ ရန်သူရဲ့ သဘောကတော့ စိတ်ဓာတ်အသားစီရအောင် Psychology သဘောအရ လုပ်တဲ့သဘောပါ။ အရင် လည်း မတ္တရာကနေ ထွက်မပြေး ခံစစ်ပြင်လိုက်ကြတဲ့ လက်နက်ကိုင်တွေ ဘယ်တုန်းကများ တားနိုင်တာ ရှိလို့လဲ။ ခုလည်း တပ်က ရွှေကူကတဆင့်တောင် ဗန်းမော်အလုံးစုံ ထိန်ချုပ်နိုင်ဖို့ လုပ်နေတာ တွေ့နိုင်တာပဲ။ တချို့ဟာတွေက ကြားကာလအပိုင်းအခြားလောက်လေးမှာ သတင်းမှားတွေ ဖြန့်ပြီး False Hope ပေးတဲ့သဘောပါ။ ဒီလောက်များတဲ့ စစ်ကြောင်းကို လေကြောင်းက အပြည့်အဝ ကာဗာ ပေးပါ့လိမ့်မယ်။ ရေပြင်မှာပါတဲ့ မြေပြင်စစ်ကြောင်းမှူးတွေကတော့ ဉာဏ်ကို လွှာသုံးမှ ရမှာပါ။ FPV ဒရုန်းက လွဲရင်...ကျန်တဲ့အနီးကပ် ပစ်ခတ်မှုက မီတာ ၁၀၀၀ မကျော်ပါဘူး။ ကြိတ်စရာရှိတာ အရင်ကြိတ်ပေါ့။ သူပုန်သေလို့ ငိုမယ့် သူတွေ မရှိလောက်ပါဘူး။ အနိမ့်ဆုံး ခွက်ခေါက်ရုံပေါ့။ (နရီမိုး)
8 029
3
တစ်ယောက်တည်း နေခြင်းကို သင်ယူပါ။ တစ်ယောက်တည်း ထွက်ခွာသွားရန် ပြင်ဆင်ပါ။ လူတွေကြားမှာ မွေးလာခဲ့ပေမယ့် အဆုံးသတ်မှာတော့ လူတိုင်းဟာ တစ်ယောက်တည်းပဲ သွားရတာပဲ။ ဒါဟာ ဝမ်းနည်းစရာမဟုတ်ပါ။ ဒါဟာ ဘဝရဲ့ အမှန်တရားပါ။ တစ်ယောက်တည်းနေရတာက အားနည်းမှုမဟုတ်ပါ။ အများစုက တစ်ယောက်တည်းနေရတာကို အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း လို့ထင်ကြတယ်။ မြတ်ဗုဒ္ဓရဲ့အဆိုရ တစ်ယောက်တည်းနေရတာက စိတ်ဓာတ်တည်ငြိမ်မှုကို ဖွံ့ဖြိုးစေတယ်။ ဥပမာကိုယ့်စိတ်ရဲ့ အသံကို နူးညံ့စွာ နားထောင်နိုင်လာစေတယ်။ • ကိုယ့်အတွေးတွေကို မရှုပ်ထွေးဘဲ သဘောထား နားလည်လာစေတယ်။ • လူမရှိတဲ့အခါမှာတောင် ကိုယ့်အတွင်းထဲက အေးချမ်းမှုကို ကိုယ်တိုင် ရှာတွေ့နိုင်လာစေတယ်။ လူတွေက မမြဲပါ။ ချစ်ခြင်းလည်း မမြဲပါ။ ခန္ဓာကိုယ်လည်း မမြဲပါ။ ဒါကို သိလာတဲ့အခါ ဘယ်သူ့ကိုမှ အလွန်အမင်း မတွယ်ကပ်တော့ပါ။ အရာအားလုံးဟာ မမြဲဘူးလို့ နားလည်ထားသူ သင်ယူထားတဲ့သူက ဘယ်သူမှမရှိတော့လည်းလွယ်လွယ်နဲ့ ပြိုလဲမသွားနိုင်ပါ။ တစ်ယောက်တည်းသွားရမယ် ဆိုတာကို ကြောက်ကြတာ လူ့ရဲ့သဘာဝပဲ။ ထွက်ခွာခြင်းဟာ သဘာဝဖြစ်စဉ် တစ်ခုသာ ဖြစ်တယ်လို့ လက်ခံနိုင်ရမယ်။ ဒါဟာ ဘဝရဲ့ အမှန်တရားပါ။ တစ်ယောက်တည်း နေရမယ်ဆိုတာ လူတွေနဲ့ မဆက်ဆံရဘူးဆိုတာ မဟုတ်ပါ။ လူတွေနဲ့အတူရှိနေလည်း ကိုယ့်စိတ်ကို ကိုယ်တိုင် ထိန်းနိုင်ရမယ်။ လူမရှိရင်လည်း ကိုယ့်ဘဝကို တည်တံ့စွာ ဆက်လက်နိုင်ရမယ် ဆိုလိုတာပါ။ တစ်ယောက်တည်းနေရတာကို လက်ခံနိုင်ပြီ ဆိုရင် တစ်ယောက်တည်း သွားရမယ် ဆိုတာကိုလည်း ကြောက်လန့်မှုနည်းလာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အတွင်းစိတ်မှာ အေးချမ်းမှုရှိနေပြီးသား ဖြစ်နေလို့ပါ။ ဒါတွေအားလုံးကို တကယ် နားလည်နိုင်သွားတဲ့အခါတစ်ယောက်တည်းနေရတာကို မကြောက်တော့ဘူး။ တစ်ယောက်တည်း သွားရမယ်ဆိုတာကိုလည်း အေးချမ်းစွာ လက်ခံနိုင်လာလိမ့်တယ်။ 🙏🙏🙏 ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
5 224
4
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
5 044
5
❝ ရေလွှမ်းမိုးမှု ပြဿနာနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှု အခန်းကဏ္ဍ ❞ 👉👉👉 https://t.me/c/3945493285/142
5 771
6
စစ်ရေးနဲ့ပတ်သက်‌လေတော့ နည်းနည်းပဲ ပြောပါ့မယ်။ ဗန်းမော်မကျအောင် ထိန်းနိုင်ပြီး စစ်ကူအများအပြားနဲ့ ထောက်ပို့ပစ္စည်း တွေ ရောက်ခဲ့တုန်းက မိုးတွင်း အစပါ။ ရေကြောင်းကနေ တခါတက်ရင် အနည်းဆုံး ဆယ်ချီ အုပ်လိုက်တက်တာပါ။ တစ်ခုရှိတာက ရေကြောင်း ဖြစ်တဲ့အတွက် အချိန်ပြည့်တော့ လိုက်စောင့်‌ ချင်မှ စောင့်နိုင်မှာပါ။ ဒါပေမယ့် တပ်ကူအနေနဲ့တော့ လေကြောင်းက အမြဲ အသင့်အနေအထား ရှိပါတယ်။ လက်ရှိ တိုက်ပွဲ ဖြစ်နိုင်တယ်လို့ ယူဆရတာက ရွှေကူ၊ စင်ခမ်းပါ။ ဒါကလည်း မြစ်ကျဉ်း နဲ့ နီးကပ်တာရယ်...၊ ဗန်းမော်မရောက်ခင် ဒီလိုနေရာတွေမှာ Cut off လုပ်နိုင်တာ သာမန်အရပ်သားတောင် သိပါတယ်။ ကိုယ်တွေအနေနဲ့ မသိနိုင်စရာ မရှိပါဘူး။ ချွင်းချက်ကတော့ စစ်သားဆိုတာကတော့ အမိန့်က အဓိက အသက်ပါ။ ဒီလို လမ်းမျိုး ဘာလို့ လွှတ်ရတာလည်း ဆိုတာက အရပ်သား အတွေးအခေါ်လို့ပဲ ဆိုရပါ့မယ်။ ဒီလို Risk များတာတွေက တပ်မတော်အတွက် အရင်ကလည်း ရှိခဲ့တယ်။ ခုလည်း ရှိဆဲ၊ နောင်လည်း ရှိလာရင် ကျော်ဖြတ်နေရဦးမှာပါပဲ။ လေကြောင်း စိတ်မချရသေးတဲ့နယ်မြေအတွက် လိုအပ်တဲ့ ထောက်ပို့ကိစ္စက ဒီလမ်းကြောင်းကိုပဲ မဖြစ်မနေ ရွေးချယ်ရတဲ့ သဘောပါ။ ပြန်ဆက်ရရင်.. မြစ်ကြောင်း တစ်လျှောက် ဆန်တက်ရတဲ့ သင်္ဘောတွေက.အထိအခိုက်လည်း အနည်းအကျဉ်း ရှိနိုင်တယ်ဆိုပေမယ့် လက်ရှိမြင်နေရတာမျိုး အထိတော့ ဖြစ်နိုင်ဖို့ ခက်ပါတယ်။ ဗန်းမော်က ရေခဲဖြစ်ပြီလို့ မပြောနိုင်သမျှ အရပ်သား အုပ်ချုပ်ရေး ဝန်ထမ်းတွေကိုလည်း လွှတ်စရာ မရှိနိုင်သေးပါဘူး။ အရင်က ရေးခဲ့ဖူးသလို ဗန်းမော်ကို ကျော်ကြည့်ပြီး လိုင်ဇာလောက် စစ်ရေးအရထောက်နိုင်မှသာ ဒီလမ်းခရီးက စိတ်ချရမှာပါ။ NCA တွေ၊ တိုင်းရင်းသားမို့ပါဆိုတာတွေ၊ ငြိမ်းချမ်းရေးတွေနဲ့ ကိုယ်တွေက လူကြီး လူကောင်း ဆန်ပေမယ့် ဘယ်သူပုန်၊ ဘယ်လက်နက်ကိုင်ကမှတော့ ဥပဒေနဲ့ အညီ ဆိုပြီး လာမှာ မဟုတ်ပါဘူး။ စစ်ပွဲဆိုတာက မာမာထန်ထန် ကိုယ်ကစမလုပ်ရင်....အရင်ဆုံး ကိုယ့်စစ်ကြောင်းက အသက်ပေးရမှာပါ။ ဒီတော့ မြစ်ကမ်းတစ်လျှောက်ကို စက်လက်တွေနဲ့ ချိန်၊ ပစ်ခတ်မှု ဖြစ်တာနဲ့ ချက်ခြင်း ဒရုန်းတက်နိုင်အောင်လုပ်၊ FPV drone တွေအတွက် ကာနိုင်သမျှ ရအောင်ကာ၊ မျက်စိရှင်ရှင်ထား၊ သတိဖွင့် နားစွင့်၊ တိုက်ပွဲ ဖြစ်တာနဲ့ ဖြစ်တဲ့နေရာ လေကြောင်းကပါ အမှုန့် အကုန်ကြိတ်....ဒီလိုသွားမှပဲ ကိုယ်တွေ ခံသာပါ့မယ်။ (နရီမိုး)
6 939
7
ဒေါသဖြစ်ပြီး ငုံ့ခံနေတာ ခန္တီမဟုတ်ဘူးနော်။ ဒေါသကို မဖြစ်အောင်ထားမှ ခန္တီအစစ်။ ခန္တီဆိုတာ "ခမု သဟနေ" တဲ့။ စွမ်းရည်သတ္တိတစ်မျိုးပဲ။ ဘယ်လိုစွမ်းရည်သတ္တိတစ်မျိုးတုန်းဆိုရင် ဘယ်လိုစိတ်ဆိုးအောင်လုပ်လုပ် စိတ်မဆိုးဘူး။ ဒီလိုဟာမျိုးကို ဆိုလိုတာ။ စိတ်ကိုက မဆိုးတာ။ ပြန်မပြောတာမျိုးကို ပြောတာမဟုတ်ဘူး။ ပြန်မလုပ်တာ၊ ပြန်မပြောတာကို ခန္တီလို့ ပြောတာမဟုတ်ဘူး။ စိတ်ကိုဆိုးအောင်လုပ်လို့မရအောင် သည်းခံနိုင်တဲ့ ကိုယ့်စိတ်လေးကို နဂိုစိတ်အခြေအနေအတိုင်း ထိန်းနိုင်တဲ့ အနေအထားမျိုးကိုသာ ခန္တီလို့ခေါ်တာတဲ့။ အဲဒီလို မဟုတ်ဘဲနဲ့ စိတ်ထဲကနေ ဗလောင်ဆူ၊ နှုတ်ခမ်းကြီးစူ မကျေမနပ်တွေဖြစ်နော်။ “နေနှင့်ဦး ကြည့်သေးတာပေါ့”တို့ ဘာတို့ဆိုရင် ဒါခန္တီမဟုတ်ဘူး။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
6 679
8
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
6 554
9
“အပါယ်ဘုံရောက်တယ်ဆိုတာ” 🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷 အပါယ်ဘုံရောက်တယ်ဆိုတာ ဘာကြောင့်ရောက်တာတုန်းဆိုတော့စိတ်မနိုင်လို့ရောက်တာတွေချည်းပဲ။ စိတ်ထဲမှာမစင်ကြယ်တဲ့ လောဘတွေ ဒေါသတွေ မောဟတွေ မာန်/မာနတွေ ဣဿာမစ္ဆရိယတွေ အဲဒါတွေကြောင့်အပါယ်ရောက်တာ။ စိတ်ထဲမှာဖြစ်တဲ့အညစ်အကြေးတွေကို သန့်ရှင်းအောင်မလုပ်နိုင်လို့အပါယ်ရောက်တာ။ အဲဒါကြောင့်ကိုယ့်စိတ်ဆင်ရိုင်းကိုပညာတည်းဟူသောချွန်းဖြင့်အုပ်တယ်လို့ မြန်မာစာပေတွေမှာရေးလေ့ရှိတယ်။ အသိပညာနဲ့ဆင်ခြင်စဉ်းစားပြီးတော့ကိုယ့်စိတ်ကိုကောင်းတဲ့ဘက်ကိုရောက်အောင် လမ်းမှန်ပေါ်တင်ပေးရမယ်။ ကောင်းအောင်ပြင်ရမယ်။ အခုလိုသာသနာနဲ့တွေ့တဲ့အချိန်ကလေးမှာ ကောင်းအောင်မပြင်လိုက်နိုင်ဘူးဆိုရင်နောင်ဒီလိုအသိဥာဏ်မျိုးရဖို့ဆိုတာ အများကြီးခဲယဉ်သွားပြီ ။ ရ လာ လိမ့် မယ် လို့ မထင် နဲ့ ။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
7 601
10
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
6 833
11
ကွမ်းခြမ်းကုန်းနဲ့ ဒလမှာ ဆိုင်ကယ်စီးနင်းခွင့် ပြုသင့်သလား
7 506
12
◾ ညောင်တုန်းကိစ္စရယ်၊ ငဝန်တာ ကိစ္စရယ်ကို ကြည့်လိုက်ရင်…ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွေမှာ တာဘောင်တွေရဲ့ကြံ့ခိုင်မှုတွေက မဖြစ်မနေ+4
◾ ညောင်တုန်းကိစ္စရယ်၊ ငဝန်တာ ကိစ္စရယ်ကို ကြည့်လိုက်ရင်…ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွေမှာ တာဘောင်တွေရဲ့ကြံ့ခိုင်မှုတွေက မဖြစ်မနေ စစ်ဆေးပြုပြင်ရမယ့် အခြေအနေ ရောက်လာပြီလို့ မြင်မိတယ်။ ညောင်တုန်းမှာဆိုရင်လည်း တာဘောင် တွေကို အရေးပေါ်ကာကွယ်ဖို့ သဲအိတ်တွေကို ဝါးတန်းတွေ ကြားထဲညှပ်ပြီး ကာနေတာမျိုး တွေ့ရတယ်။ ဒါကလည်း ကိုယ်တွေနိုင်ငံနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ အရေးပေါ် တည်ဆောက် ရေးစနစ်ဖြစ်လိမ့်မယ်။ နိုင်ငံတကာမှာတော့…HESCO လို့ခေါ်တဲ့ ခေါက်သိမ်းလို့ရတဲ့ သံကွန်ရက်တွေကြားထဲမှာ ကျောက်စရစ်ခဲတွေနဲ့ သဲတွေကို စက်ယန္တရားတွေနဲ့ ဖြည့်တဲ့ပုံစံမျိုး လုပ်ကြ တာလည်း မြင်မိတယ်။ ဒါကအချိန်သက်သာပြီး ပိုမြန်မယ့် သဘော ပဲ။ --------- ◾ နောက်ပုံစံတစ်ခုက Geotextile Tube တွေ သုံးတာမျိုးလည်း တွေ့ရတယ်။ မြစ်ကမ်းဘေးတွေမှာ ဒီ Tube တွေချပြီး အထဲကို ရေနဲ့ သဲတွေကို Pump နဲ့ဖြည့်တဲ့ ပုံစံမျိုး။ ရေက တဖြည်းဖြည်းစိမ့်ထွက်ပြီး သဲက ပြွန်ထဲမှာ ကျန်နေတဲ့အခါ တဖြည်းဖြည်း မြေသား တာဘောင်ပုံစံ ဖြစ်သွားတဲ့ သဘောမျိုး တည်ဆောက်ကြတာလည်း ရွေးချယ်စရာ တစ်ခုပဲ။ ကိုယ်တွေနိုင်ငံအတွက်တော့ နည်းနည်း အလှမ်းဝေးချင်ဝေးနိုင်မလားပဲ။ ------ ◾ တတိယပုံစံတစ်မျိုးက ကျောက်ဖြည့် သံကွန်တိန်နာတွေ နဲ့ မြစ်ကမ်းဘေးမှာ တည်ဆောက်ကြတဲ့ ပုံစံမျိုးလည်း ရှိသေးတယ်။ ဒီပုံစံမှာတော့….သံကြိုးကွန်တိန်နာ Box ထဲကို ကျောက် စရစ်ခဲတွေဖြည့်ပြီး အလွှာလိုက် တည်ဆောက်ကြတယ်။ ရေတိုက်စား မှုများတဲ့ နေရာတွေမှာ ဒီလိုပုံစံမျိုး တည်ဆောက်တာ ခပ်များများ တွေ့ရတယ်။ ဆည်ဘောင်တွေမှာလည်း ဒီလိုပုံစံ လုပ်တတ်ကြတယ်။ ရေလှိုင်းရိုက်တာ ခံရပေမယ့် ရေကို လုံးဝပိတ်ထားတာမျိုးမဟုတ်တော့…ကျောက်ကြားတွေကနေ ရေဖိအား ဒဏ်ကို အထိုက်အလျော့ လျော့ချပေးနိုင်တဲ့ အားသာချက်လည်း သူ့မှာ ရှိတာ မြင်ရတယ်။ ------ ◾ စတုတ္ထပုံစံမျိုးကတော့…Mudular Floodwall တွေပဲ။ ဒီပုံစံမျိုးကို ကမ်းနားလမ်းလို နေရာမျိုးနဲ့ မြစ်ချောင်းနီးတဲ့ နေရာတွေမှာ အသုံးများကြတယ်။ ဒါကတော့မြို့ပြ အနေအထားလောက်ပဲ အဆင်ပြေမယ့်သဘောပဲ။ ------- ◾ နောက်ဆုံး ပုံစံကတော့…လက်ရှိ ငဝန်တာမှာ သုံးနေတဲ့ Steel Sheet Pile တွေကို မြေကြီးထဲအထိ ရိုက်သွင်းပြီး ရေတားနံရံ တည်ဆောက်ကြတဲ့ ပုံစံမျိုးပဲ။ တာအောက်က ထူးကြော ပေါက်တဲ့ အခြေအနေမျိုးမှာ အရေးပေါ် သဲအိတ်ထက် အမြဲတမ်းရေကာတာ ပုံစံ မျိုးနဲ့ အသုံးပြုတာ ပိုများတယ်။ ဒါကလည်း ရေစီးအရမ်းသန်နေရင် နှောင့်နှေးမှု တွေ ကြုံရနိုင်တယ်။ လက်ရှိကတော့ Geo Bag သဲအိတ်တွေကို မြေပေါ်ကနေရော၊ သင်္ဘောပေါ် တွေကပါ ဆက်တိုက် ချနေတာမျိုးတော့မြင်ရတယ်။ အောက်ခံမြေသား မပျက်စီးဘူး ဆိုရင်တော့…ကွန်တိန်နာ Box တွေထဲ ကျောက်စရစ်ခဲ၊ သဲအိတ်တွေဖြည့်ပြီး ချတာရော အလုပ်ဖြစ်နိုင်မလားပေါ့။ ဘာပဲဖြစ်ဖြစ် …ရေကြီးရေလျှံမှုနဲ့ပတ်သက်ရင်… ဒါတွေက စိန်ခေါ်မှုနဲ့ သင်ခန်းစာတွေပါပဲ။ (နရီမိုး)
8 752
13
◾ နိုင်ငံတစ်ခုမှာ သယံဇာတတွေ ဘယ်လောက်များများ… ပညာတတ်တဲ့သူတွေ၊ ဒါမှမဟုတ် စဉ်းစား ဆင်ခြင်နိုင်မှု နိမ့်ပါးတဲ့သူတွေများရင်…တိုးတ
◾ နိုင်ငံတစ်ခုမှာ သယံဇာတတွေ ဘယ်လောက်များများ… ပညာတတ်တဲ့သူတွေ၊ ဒါမှမဟုတ် စဉ်းစား ဆင်ခြင်နိုင်မှု နိမ့်ပါးတဲ့သူတွေများရင်…တိုးတက်ဖို့ မလွယ်ဘူး။ လက်ရှိ ပူပူနွေးနွေး ၂၀၂၁ အရေးအခင်းကိုပဲ ပြန်ကြည့်ပေါ့။ ဒီ (၅)နှစ်အတွင်း တိုင်းပြည် တည်ဆောက်ရေးကို သွားခဲ့ကြသလား။ အစိုးရ ပြုတ်ကျဖို့ အရေးကြီးတယ်ဆိုပြီး တိုင်းပြည်ဖျက်ဆီးရေးကို ဦးတည်ခဲ့ကြသလားဆိုတာ ပြန်ပြီးသုံးသပ်ဆင်ခြင်ကြည့်ကြ စေချင်တယ်။ ဒီ ၅ နှစ်အတွင်းမှာ တော်လှန်ရေးအကြောင်းပြပြီး ဒလံခေါင်းစဉ်နဲ့ လူသတ်ခဲ့ ကြတာ မနည်းသလို ဖျက်စီးခဲ့ကြတဲ့ နိုင်ငံပိုင်အဆောက်အအုံတွေလည်း မနည်းလှဘူး မလား။ ဒီကာလတစ်လျှောက် ကိုယ့်ကျင့်တရားအရ အာမခံနိုင်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့တွေ ရှိနေသေးလို့လဲပေါ့။ ---- ◾ ဒီကနေခေတ် နိုင်ငံတွေရဲ့ယှဉ်ပြိုင်မှုမှာလည်း လူ့စွမ်းအားအရင်းအမြစ်က အဓိကပဲ။ ဒီလို လူ့စွမ်းအားအရင်းအမြစ်ကိုမှ အသိပညာနဲ့ နည်းပညာစွမ်းရည်တွေ ထပ်ပေါင်း ထည့်တာမျိုးနဲ့…နိုင်ငံအချင်းချင်းကြားမှာ ယှဉ်ပြိုင်နိုင်စွမ်းတွေ ချဲ့ထွင်လာနေကြတယ်။ AI နည်းပညာတွေ၊ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းစုတွေနဲ့ စွန့်ဦးတီထွင်မှုတွေက လက်ရှိ ကမ္ဘာ့စီးပွားရေးလမ်း ကြောင်းနဲ့ အကိုက်ညီဆုံးပဲ။ ဒါကို ဘယ်လိုထိုးဖောက်ယှဉ်ပြိုင်ကြမ လဲဆိုတာက …လက်ရှိ လူငယ်ထုအတွက် ပေးထားချက်ပုစ္ဆာတစ်ခုဆိုတာ ထောက်ပြထား တယ်။ --------- ◾ လူငယ်ပဲ ဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်….တည်ဆဲဥပဒေတွေ သိရှိလိုက်နာဖို့ကလည်း အရေးကြီးတယ်။ နိုင်ငံကို ဦးဆောင်ကြမယ့်လူငယ်တွေအတွက် ဥပဒေဆိုတာ အဓိက အသက်သွေးကြောပဲ။ တာဝန်ယူမှုနဲ့ တာဝန်ခံမှု၊ ဥပဒေကို လေးစားမှု၊ ဝေဖန်ပိုင်းခြား စဉ်းစားနိုင်မှုနဲ့ နိုင်ငံအကျိုးကို ဦးစားပေး မျှော်တွေးနိုင်မှုဆိုတာက...စနစ်တကျ ပြုစု ပျိုးထောင်နိုင်မှပဲ ရမယ်။ ဥပဒေကို သိမှပဲ…လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်ကြလိမ့် မယ်။ -------- ◾ နောက်တစ်ခုက အမျိုး၊ ဘာသာ၊ သာသနာနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ဆိုတဲ့ တိုက်တွန်းချက်စကားလုံး။ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရင်း…၊ မတူကွဲပြားမှုတွေကို လေးစားရင်း၊ သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်တတ်မှုနဲ့ ကမ္ဘာ့ အသိုက်အဝန်းမှာ လိုက်လျောညီထွေ နေတတ်ဖို့ဆိုတာကလည်း…လူငယ်တွေအတွက် သိပ်ကို အရေးကြီးတယ်။ ဒါတွေက…မနေ့က ထူးချွန်ကျောင်းသား ၃၀၇ ဦးကို ရွှေစင်ဒင်္ဂါး ချီးမြှင့်တဲ့ ပွဲမှာ သမ္မတကြီး ပြောခဲ့တဲ့ မိန့်ခွန်းထဲက အဓိက Key Point တွေပဲ။ (နရီမိုး)
7 209
14
ကုသိုလ်တရားသည် ကျန်းမာခြင်းကို ဆောင်ကြဉ်းပေး၏ "အပ္ပမာဒတရား" ဆိုသည်မှာ ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ဘဲ အမြဲပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ပေးသော သဘာဝတရားဖြစ်သည်။ တရားအားထုတ်သည့်အခါ ရောဂါဝေဒနာများ ပျောက်ကင်းသွားရခြင်းမှာ ရောဂါကိုဖြစ်စေသည့် အကုသိုလ်ကံများ ကင်းစင်သွားပြီး စိတ်ထဲတွင် လောဘ၊ ဒေါသ၊ မောဟတို့ ကင်းဝေးကာ အလောဘ၊ အဒေါသ စသည့် ငြိမ်းအေးသော ကုသိုလ်စိတ်များ ဝင်ရောက်လာသောကြောင့် ဖြစ်သည်။ စိတ်ပူလျှင် ရုပ်ပူ၏ – လောဘ၊ ဒေါသများပြားပါက စိတ်ပူလောင်၍ ရုပ်ခန္ဓာပါ ပူလောင်ပျက်စီးရသည်။ စိတ်အေးလျှင် ရုပ်အေး၏ – ကုသိုလ်စိတ်ဖြင့် စိတ်နှလုံး ဖြူစင်အေးချမ်းလာပါက ခန္ဓာကိုယ်၏ ကျန်းမာရေးနှင့် အသားအရေ စိုပြေမှုတို့သည် အလိုလို ကောင်းမွန်လာသည်။ မြတ်စွာဘုရားရှင်နှင့် ပညာရှိအပေါင်းတို့သည် သံသရာတွင် အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ဘဝအဆင့်အတန်း မြင့်မားခြင်းစသည့် နှစ်သက်ဖွယ် အကျိုးတရားများကို လိုလားပါက "ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်း (အပ္ပမာဒတရား)" ကို လက်ကိုင်ထားကြရန် ချီးမွမ်းဟောကြားခဲ့ခြင်း ဖြစ်ပါသည်။ #ပါမောက္ခချုပ်ဆရာတော် #ဒေါက်တာနန္ဒမာလာဘိဝံသ 🙏🙏🙏
6 438
15
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
6 292
16
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
1
17
မြစ်ဆုံ ဆည်က ပေးရတဲ့ Risk လည်း ကြီးတယ်။ ခုလို သဘာဝဘေးတွေ ဖြစ်နေချိန်ဆိုရင် အစစအရာရာ ပို သတိရထားရတာမျိုး လည်း ရှိကောင်း ရှိမယ်+1
မြစ်ဆုံ ဆည်က ပေးရတဲ့ Risk လည်း ကြီးတယ်။ ခုလို သဘာဝဘေးတွေ ဖြစ်နေချိန်ဆိုရင် အစစအရာရာ ပို သတိရထားရတာမျိုး လည်း ရှိကောင်း ရှိမယ်။ ဒါပေမယ့် မြစ်ဆုံဆည် တစ်ခုတည်းတော့ မဟုတ်ဘူး။ အထက်မှာ အသေးစား ဆည် ၆ ခု လောက် ရှိနေသေးတယ်။ အသေးစား ဆည် ၆ ခု ရဲ့ ပမာဏကလည်း အနိမ့်ဆုံး ၅၀၀၀ မဂ္ဂါဝပ်လောက်တော့ ရနိုင်လောက်တယ်။ မြစ်ဆုံရော ပါမယ်ဆိုရင်တော့ မဂ္ဂါဝပ် ၁ သောင်းကျော်သွားမယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လျှပ်စစ်သုံးအားက ၄၀၀၀ လောက် ပျှမ်းမျှ ရှိနိုင်တယ်။ နှစ်စဉ် ၁၅ မဂ္ဂါဝပ်လောက် ကလည်း ပျှမ်းမျှ တိုးပြီး သုံးစွဲလာတဲ့ အခြေအနေရှိတယ်။ ရေအားလျှပ်စစ်ကိုပဲ အဓိက အားထားတော့ နွေရာသီ ၄ လ နဲ့ ရေနည်းချိန်ဆိုရင် လျှပ်စစ်ရဖို့က ရုန်းကန်နေရဆဲပဲ။ ပိုက်ဆံတတ်နိုင်လို့ LNG ဓာတ်ငွေ့တွေ ဝယ်သုံးရတာက ပြဿနာ မဟုတ်ပေမယ့် ရေရှည် ဆိုရင် အဆင်မပြေနိုင်ဘူး။ မြစ်ဆုံက ရရင်တော့ လျှပ်စစ် လိုအက်ချက်ကို အတော်လေး အထောက်အကူ ပြုနိုင်လိမ့်မယ်။ ဒီနေရာမှာ နှစ် ၁၀၀ အတွင်း ပေါ်ပေါက်တတ်တဲ့ မြေငလျင် အကြောင်းတွေလည်း ပြောကြတာ ရှိတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အမြင့်ဆုံး မြေငလျင်က ၈ မဂ္ဂနီကျူ ပတ်ဝန်းကျင် လောက် ရှိမလားပဲ။ မန္တလေး မြေငလျင်ဒဏ်ဖြစ်တော့ အစိုးရဝန်ကြီးရုံးနဲ့ အိမ်ယာတွေ အတော်လေး ပျက်စီးပေမယ့် အသစ်တည်ထားတဲ့ ဘုရားကတော့ ဘာမှ ထိခိုက်တာ မတွေ့ရဘူး။ ဒီတော့ မဖြစ်သေးတာကို မျှော်လင့်ပြီး ဒီတိုင်း Comfort Zone ထဲ နေကြမလား၊ နည်းပညာနဲ့ ကျော်ဖြတ်မလား ဆိုတာ စဉ်းစားကြရတော့မယ်။ ဂျပန်မှာဆိုရင်လည်း တနှစ်ကို မုန်တိုင်း ပေါင်း ရာချီ ဖြစ်ပြီး မြေငလျင်တွေ ဆက်တိုက် ဖြစ်တာပါပဲ။ နည်းပညာ မြင့်တဲ့အခါကြတော့ အဆောက်အဦ ထိခိုက်တာထက် လူအသေအပျောက်နည်းအောင် ပိုဂရုစိုက်ကြတယ်။ ဆိုလိုတာက မုန်တိုင်းဖြစ်တာ ၊ မြေငလျင် ဖြစ်တာကို ကြောက်နေတာထက် ဒါတွေကို ဘယ်လို ကျော်ဖြတါကြမလဲ ဆိုတဲ့ ပုံစံနဲ့ပဲ ချဉ်းကပ်ကြတာ တွေ့ရတယ်။ လက်ရှိနီပေါ ဖြစ်စဉ်မှာလည်း ဆင်ဟွာဘက်က ထုတ်ပြန်ချက်တွေကြည့်ရတာ....ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးတွေ လုပ်နိုင်ဖို့ စက်ယန္တရားတွေသုံးပြီး လမ်းဖောက်နေတာ မြင်ရတယ်။ သာမန်ဆိုရင်တော့ ဒီလောက်ကြီးတဲ့ သ‌ဘာဝဘေးကို လက်လျော့လိုက်ကြမှာပဲ။ သူတို့ကတော့ ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုပြီး ပုံစံပြောင်း တွေးကြတယ်။ ဖွံ့ဖြိုးတိုးတက်ကြတဲ့ နိုင်ငံတွေမှာ ဒီလိုမျိုး ကွဲထွက်တဲ့ Idea တွေ ရှိကြတာ ဆန်းတော့ မဆန်းဘူး။ (နရီမိုး)
7 651
18
ဒီကနေ့ မလှိုင်ဘက်ခြမ်း၊ ထမ္မကြီး ကျေးရွာဘက်မှာ ပလကဖ ခေါင်းဆောင် အပါအဝင် ၁၂ ယောက်လောက်ကို နောက်ထပ် PDF အယောက် ၅၀ လောက်ရှိတဲ့ တပ်ဖွဲ့က သတ်ဖြတ်လိုက်ကြတယ်ဆိုတဲ့ သတင်းလေး ထွက်လာတယ်။ အရင် ကနဦး သိထားတာက ပြည်သူတွေဆိုပြီး သိထားရာကနေ ပလကဖ အဖွဲ့တွေလို့ သိလာရတယ်။ တကယ်တော့ မလှိုင် ဆိုတာက အရင် နွားထိုးကြီး၊ မြင်းခြံဘက်ခြမ်းကို တပ်က စစ်ကြောင်းထိုး နယ်မြေရှင်းတဲ့အခါ....တဖြည်းဖြည်း အဲ့ဒီဘက်ကို ရောက်သွားတဲ့သဘောပဲ။ လက်ရှိ တောင်သာ တဝိုက်၊ ဇဂျမ်းနဲ့ ဝဲလောင် ဘက်မှာလည်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေကို ဆက်ကြေးကောက်၊ ပြန်ပေးဆွဲတာတွေလည်း ခပ်စိတ်စိတ် ဖြစ်နေကြတယ်။ ဒီဖြစ်စဉ်တွေကိုကြည့်တဲ့အခါ....ဒေသန္တရ လက်နက်ကိုင် အဆင့်ဆင့်ကြားမှာတောင် အကျိုးစီးပွားနွယ်လာရင် ဘက်တူတာတောင် လူမရွေးဘူး ဆိုတဲ့ အခင်းအကျင်းမျိုး မြင်လာရတယ်။ ပလကဖ ဆိုတာကလည်း သာမန် ပြည်သူ မှမဟုတ်ဘဲ။ အစွယ်ရှိလို့ကို အဲ့ဒီနယ်မှာ ခေါင်းဆောင်ဆိုပြီး ဗိုလ်ခံထားတာပေါ့။ ဒါကိုကြည့်ရင်....သာမန် ပြည်သူတွေရဲ့ ဘဝလုံခြုံမှုက သိပ်ကို ကြောက်စရာ ကောင်းလာတာ တွေ့ရလိမ့်မယ်။ ဘာပဲ ပြောပြော....ဒီမိုကရေစီကို လိုချင်လို့၊ စစ်အာဏာရှင်ကို တိုက်ထုတ်ချင်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ လက်နက်ကိုင်လာကြတဲ့သူတွေက အခွန်ဆက်ကြေး အဆင့်လောက်တင် တဖွဲ့နဲ့ တဖွဲ့ ပစ်သတ်ရှင်းလင်းကြတဲ့ အခြေအနေမျိုး လုပ်လာကြတယ်။ ကြည့်ရတာ....SCEF လို့ တဖက်မှာ ကြီးကြီးကျယ်ကျယ် ပြောနေကြပေမယ့် အညာမြေမှာ‌တော့ သူတလူ၊ ဗိုလ်တမင်း ပုံစံနဲ့ ဟင်္သာကိုးသောင်းပုံစံ ဇာတ်ပျက်နေခဲ့ကြပြီ။ လူ ၁၂ ယောက်ကို တထိုင်တည်း သတ်ပစ်နိုင်လောက်တဲ့ အကြမ်းဖက်ပုံစံမျိုးကတော့ အံ့အားသင့်စရာ အခြေအနေပဲ။ (နရီမိုး)
5 281
19
လိင်တူ ချစ်တာ အပြစ်တစ်ခုတော့ မဟုတ်ဘူး။ ဒါပေမယ့် အစိုးရဘက်က ထုတ်ပြန်ထားတာကိုကတည်းက လူငယ်တွေရဲ့ တွေးခေါ်မျှော်မြင်မှုတွေ လမ်းလွဲသွားမှာ စိုးလို့ ကန့်သတ်ရတာလို့ ကြေညာထားတယ်။ ဒီထုတ်ပြန်ချက်အောက်မှာ ကန့်လန့်တိုက်ကြတဲ့ စာတွေလည်း တွေ့ပါတယ်။ အများစုက လူငယ်တွေပဲ။ ဟိုဟာတွေကြ တရားဝင်သလား၊ ဒီဟာတွေကြ လွှတ်ထားပေးတာလား ဆိုပြီး ငေါ့တူး တာတွေလည်း မြင်ရတယ်။ လိင်တူကြိုက်တာ၊ လိင်တူကြားထဲက ချစ်ခြင်း မေတ္တာကို သန့်သန့်လေး ရေးတာတွေ ကိစ္စ သိပ်မရှိပါဘူး။ ဒီစာအုပ်တွေက သန့်၏၊ မသန့်၏ က ဖတ်ဖူးသူတွေတော့ အသိဆုံး ဖြစ်မှာပေါ့။ သို့သော် ဒီစာတွေကို ဖတ်လိုက်ရမှ ၊ ဒါမှမဟုတ် ဒီစာတွေကို ဖတ်ဖို့ လှုံဆော်နေတဲ့ မိမိအသိစိတ်ဓာတ်တွေကိုလည်း သတိထား ဆင်ခြင်ဖို့တော့ ကောင်းတာပေါ့။ ဆရာတော် တပါး ဟောထားတာကို ပြန်ပြောင်း ပြောရရင် ....ဒါတွေက အယူလွဲမှားမှုတွေပဲ။ ခက်တာက ....ပြောင်းလာတဲ့ ခေတ်ရေစီးကြောင်းမှာ ဒါတွေ ပြောပြလည်း အရာဝင်ချင်မှ ဝင်လိမ့်မယ်။ နားဝင်မယ်လည်း မထင်ဘူး။ နောက်တစ်ခုက စပါးနှံ၊ စက်သွား၊ အရွယ်တူ ကြယ်ဖြူ ၁၄ လုံး ဆိုတဲ့ နိုင်ငံတော်အလံကို ဒီဘက်ခေတ် လူငယ်တွေ မသိကြတော့တာကလည်း အံ့အား သင့်စရာ ကောင်းတယ်။ ခေတ်တွေ တိုးတက်လာတယ်။ လူနေမှု အသုံးအဆောင်တွေ ဖွံ့ဖြိုးလာတယ် ဆိုပေမယ့်....မကောင်းတဲ့အရာတွေကျတော့ ရွေးသိ၊ အစိုးရက တွေးခေါ်မျှော်မြင်မှု မှားမှာ စိုးလို့ တားမြစ်ရတဲ့အပေါ်မှာ ကပ်ကပ်လန်အောင် ငေါ့တူးကြတဲ့ လူငယ်တွေက ....တချို့ မဖြစ်မနေ သိအပ်တဲ့ အရာတွေကြတော့ မသိပြန်တော့ဘူး။ လိင်တူ ချစ်တာ အပြစ်တော့ မဟုတ်ပါဘူး။ လမ်းမှားမှာ ဆိုးလို့ တားမြစ်ရသူတွေကို .....ပြန်ငေါ့တူးတာကမှ ရှက်စရာပါ။ ပိုဆိုးတာက ....မိမိနိုင်ငံတော်အလံတောင် မသိတဲ့ လူငယ်တွေ ဖြစ်နေကြတာကလည်း ပိုရှက်စရာ ကောင်းပါတယ်။ (နရီမိုး)
7 887
20
မေတ္တာဘာဝနာပွားတာဟာ ကမ္မဋ္ဌာန်းကျင့်စဉ်တစ်ခုပဲ။ အဲဒီ သမထကျင့်စဉ်တစ်ခုကနေ ဝိပဿနာကျင့်စဉ်တစ်ခုကို သွားတော့မယ်ဆိုလို့ရှိရင် အာရုံပြောင်းရမယ်။ မေတ္တာဘာဝနာပွားတာက သတ္တဝါပေါ်မှာ ပွားတာ။ ပုဂ္ဂိုလ်ပေါ်မှာ ပွားတာ။ အဲဒီတော့ ဝိပဿနာကျတော့ ပုဂ္ဂိုလ်၊ သတ္တဝါနဲ့ အလုပ်လုပ်လို့ မရပြန်ဘူး။ ပုဂ္ဂိုလ်၊ သတ္တဝါရှိတယ်လို့ ယူဆလို့ရှိရင် မှားယွင်းတဲ့ အမြင်တစ်ခု ဖြစ်သွားတယ်ပေါ့။ အတ္တဒိဋ္ဌိ လို့ ခေါ်တယ်။ မေတ္တာဘာဝနာပွားတဲ့အခါ သတ္တဝါပညတ် ကို အာရုံပြုရတာဖြစ်လို့ သတ္တဝါရှိတယ်ဆိုတဲ့ အတွေးဝင်လာတတ်တယ်တဲ့။ အဲဒါကြောင့်မို့ အဲဒီအတွေးကို ဖျောက်ရမယ်တဲ့။ ဖျောက်တယ်ဆိုတာ ရုပ်နဲ့ နာမ် နှစ်မျိုးသာရှိတယ် ဆိုတဲ့ အသိကို ရအောင်လုပ်တာပဲ။ ငါ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်လည်း ရုပ်နဲ့ နာမ် နှစ်ခုတည်းပဲရှိတယ်။ ပို့နေတဲ့ ပုဂ္ဂိုလ်ကလည်း ရုပ်နဲ့ နာမ် နှစ်ခုတည်းပဲရှိတယ်ဆိုတော့ “ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ” — မှားယွင်းတဲ့ အယူအဆတစ်ခုကို မရောက်ပါစေနဲ့လို့ အတ္တဒိဋ္ဌိကို ပယ်ခွာလိုက်ပါ။ သတ္တဝါဆိုတာ မရှိဘူး။ အဲဒါ မပယ်ဘဲနဲ့ ဝိပဿနာကျင့်စဉ် ကျင့်လို့မရဘူးတဲ့။ ဝိပဿနာရဲ့ အာရုံသည် ရုပ်နဲ့ နာမ်ပဲရှိတယ်။ သတ္တဝါမဟုတ်ဘူး။ ဒါကြောင့်မို့ အတ္တဒိဋ္ဌိကို ပယ်ရှားလိုက်ပါဆိုတာ ရုပ်နဲ့ နာမ်ကို တွေ့အောင် ကြည့်ပါ။ တရားအားထုတ်တော့မယ်ဆိုရင် ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ ရုပ်တရား၊ နာမ်တရား၊ သူတစ်ပါးသန္တာန်မှာ ဖြစ်တဲ့ ရုပ်တရား၊ နာမ်တရား တွေ့အောင်လုပ်။ အဲဒီလိုလုပ်မယ်ဆိုရင် အရေးကြီးတာ ဘာလဲဆိုရင် သီလဝါ — ကိုယ်ကျင့်သီလ ရှိရမယ်။ ကိုယ်ကျင့်သီလဆိုတာ ဘာဖြစ်လို့ လိုအပ်တာတုန်းလို့ မေးရင် သမာဓိဖြစ်ဖို့အတွက် ကိုယ်ကျင့်သီလ လိုအပ်တယ်။ ကိုယ်ကျင့်သီလနှင့် ပြည့်စုံပြီးလို့ရှိရင် စိတ်က ကြည်နူးတယ်။ ကြည်နူးမှုကို အကြောင်းပြုပြီးတော့ ဝမ်းသာတယ်။ ဝမ်းသာမှုကို အကြောင်းပြုပြီးတော့ ပီတိဖြစ်တယ်။ ပီတိကို အကြောင်းပြုပြီးတော့ ပဿဒ္ဓိ — ကိုယ်စိတ်ငြိမ်းချမ်းတယ်။ ကိုယ်စိတ်ငြိမ်းချမ်းရင် သုခဆိုတဲ့ ချမ်းသာမှုဆိုတာ ဖြစ်လာတယ်။ ချမ်းသာမှုဖြစ်လာလို့ရှိရင် သမာဓိဆိုတဲ့ စိတ်တည်ငြိမ်မှုဟာ လွယ်လွယ်လေးနဲ့ ရလာတယ်။ စိတ်တည်ငြိမ်မှု ရလိုက်တာနဲ့ ယထာဘူတ ဉာဏ ဒဿန — မှန်မှန်ကန်ကန် သိတယ်ဆိုတဲ့ အသိဉာဏ်ဟာ ဝင်လာတယ်။ သီလ မစင်ကြယ်ဘူးဆိုရင် အဲဒါတွေ ဆုံးရှုံးနိုင်တယ်ပေါ့။ ဒါကြောင့်မို့ “သီလဝါ” — သီလရှိပါစေ တဲ့။ နောက်တစ်ခုက “ဒဿနေန သမ္ပန္နော”။ သီလရှိပြီး ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်လို့ရှိရင် ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး နိဗ္ဗာန်မြင်တာကို ဒဿန လို့ ခေါ်တယ်။ ဒီနေရာမှာ သင်္ခါရတရားတွေရဲ့ အဖြစ်အပျက်ကို မြင်ပြီးတဲ့နောက် သင်္ခါရတရားတွေရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မြင်လိုက်တယ်။ “ဒဿနေန သမ္ပန္နော” — အဲဒီအမြင်နဲ့ ပြည့်စုံတယ်ဆိုတာ သောတာပန်ဖြစ်သွားတာကို မြတ်စွာဘုရားက ဟောတာနော်။ “ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ” ဖြင့် ဝိပဿနာဉာဏ် ဖြစ်ပုံကို ဟောတယ်။ “ဒဿနေန သမ္ပန္နော” ဖြင့် သောတာပန်ဖြစ်ပုံကို ဟောတယ်။ “ကာမေသု ဝိနေယျ ဂေဓံ” — ကာမဂုဏ်အာရုံတွေမှာ တပ်မက်တဲ့ တဏှာကို ဖယ်ရှားပါဆိုတာက အနာဂါမ်ဖြစ်သွားတာကို ပြောတာတဲ့။ အနာဂါမ်ဖြစ်သွားပြီဆိုရင် ကာမဂုဏ်အာရုံတွေပေါ်မှာ တပ်မက်တဲ့၊ တွယ်တာတဲ့ တဏှာ ကင်းသွားပြီ။ "န ဟိ ဇာတု ဂဗ္ဘသေယျံ ပုန ရေတိ" — အဲသလို ကာမဂုဏ်အာရုံပေါ်မှာ တပ်မက်မှု ကင်းသွားပြီးနောက် ဝိပဿနာအရှိန် မြှင့်လိုက်လို့ရှိရင် ဘဝတစ်ခုမှာ နောက်ထပ် ဘယ်တော့မှ မိခင်ဝမ်းထဲ ရောက်တော့မှာ မဟုတ်ဘူး။ ဘယ်တော့မှ ပြန်လည်မွေးဖွားမှာ မဟုတ်တော့ဘူး။ မိခင်ဝမ်း ဘယ်တော့မှ ပြန်မဝင်ရတော့ဘူး။ ရဟန္တာဖြစ်တာကို ပြောတာ။ အဲဒီတော့ မေတ္တာကို အခြေခံပြီးတော့ ဝိပဿနာကျင့်စဉ်ကို ကျင့်လိုက်တယ် ဆိုလို့ရှိရင် ရဟန္တာဖြစ်နိုင်တယ်။ ဒါကို ပြောတာနော်။ မေတ္တာဘာဝနာကို ပွားပြီးတော့ မေတ္တာစိတ်ဓာတ်လေးကိုပဲ နာမ်တရားအဖြစ် ရှုမယ်။ ထို နာမ်တရားရဲ့ တည်ရာ နှလုံးသားကိုလည်း ရုပ်တရားအဖြစ်နဲ့ ရှုလိုက်မယ်။ အဲဒီလို ရှုလိုက်လို့ရှိရင် ဝိပဿနာဉာဏ်ရင့်ပြီး သောတာပန်ဖြစ်မယ်။ ထပ်ပြီး ဝိပဿနာဉာဏ် အဆင့်မြင့်လို့ရှိရင် သကဒါဂါမ်၊ အနာဂါမ် ဖြစ်မယ်။ အနာဂါမ်ဖြစ်တာနဲ့ တပြိုင်နက် ကာမဂုဏ်အာရုံတွေပေါ်မှာ တွယ်တာမှု တဏှာ ကင်းသွားမယ်။ အဲဒီကနေ အဆင့်မြှင့်ပြီး ကျင့်လိုက်တဲ့အခါ ကိလေသာ အာသဝေါကုန်လို့ နောင်ဘဝ ပြန်လည်မွေးဖွားခြင်း မရှိတော့ဘူးတဲ့။ အဲဒီကျတော့မှ အပြီးသတ်တယ်ပေါ့။ - ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ -
7 295