နရီမိုး
📈 Análisis del canal de Telegram နရီမိုး
El canal နရီမိုး (@nyemoee) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 35 764 suscriptores, ocupando la posición 1 802 en la categoría Religión y espiritualidad y el puesto 4 077 en la región Birmania.
📊 Métricas de audiencia y dinámica
Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 35 764 suscriptores.
Según los últimos datos del 27 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -126, y en las últimas 24 horas de -14, conservando un alto alcance.
- Estado de verificación: No verificado
- Tasa de interacción (ER): El promedio de interacción de la audiencia es 26.31%. Durante las primeras 24 horas tras publicar, el contenido suele obtener 17.19% de reacciones respecto al total de suscriptores.
- Alcance de las publicaciones: Cada publicación recibe en promedio 9 412 visualizaciones. En el primer día suele acumular 6 151 visualizaciones.
- Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 572.
📝 Descripción y política de contenido
No se ha proporcionado la descripción del canal.
Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 28 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Religión y espiritualidad.
Carga de datos en curso...
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 28 septiembre | +2 | |||
| 27 septiembre | 0 | |||
| 26 septiembre | +6 | |||
| 25 septiembre | +2 | |||
| 24 septiembre | 0 | |||
| 23 septiembre | +3 | |||
| 22 septiembre | +8 | |||
| 21 septiembre | 0 | |||
| 20 septiembre | 0 | |||
| 19 septiembre | +6 | |||
| 18 septiembre | +2 | |||
| 17 septiembre | +3 | |||
| 16 septiembre | +13 | |||
| 15 septiembre | +5 | |||
| 14 septiembre | +6 | |||
| 13 septiembre | +6 | |||
| 12 septiembre | +8 | |||
| 11 septiembre | +14 | |||
| 10 septiembre | +17 | |||
| 09 septiembre | +36 | |||
| 08 septiembre | +16 | |||
| 07 septiembre | +8 | |||
| 06 septiembre | 0 | |||
| 05 septiembre | 0 | |||
| 04 septiembre | 0 | |||
| 03 septiembre | 0 | |||
| 02 septiembre | 0 | |||
| 01 septiembre | 0 |
| 2 | မြန်မာနိုင်ငံမှာ အစိုးရပြန်ဖြစ်ချင်တဲ့ SCEF ကိုယ်စားလှယ်အဖွဲ့က ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် နေ့တုန်းက မြန်မာအသိုက်အဝန်းနဲ့ တွေ့ဆုံခဲ့တာရှိတယ်။ အဲဒီတွေ့ဆုံပွဲကို NUG က ဇင်မာအောင် တက်ရောက်ပြီး SCEF ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ ဘဏ္ဍာရေး ကိစ္စတွေ ရှင်းပြခဲ့တယ်။ အဲ့ဒီမှာ ထူးခြားတာကတော့ ဘဏ္ဍာရေး ကိစ္စ ပါလာတယ်။ တော်လှန်ရေး လုပ်ပြီး ခွက်ခေါက်အလှူခံနေရတော့ အနာဂတ်အတွက် ဖန်ငွေ ဘယ်လိုရှာမလဲ၊ ကမ်းပိန်း ဘာတွေ လုပ်ကြမလဲ။ ဒီခေါင်းစဉ်တွေအတွက် အစီအမံ လုပ်ကြတယ်လို့ပဲ မြင်တယ်။
-------
တစ်ချိန်တည်းမှာပဲ စက်တင်ဘာ ၂၇ ရက်မှာ NLD ပါတီက ၃၈ နှစ်ပြည့်အဖြစ်နဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဆက်ပြီးကိုင်စွဲသွားမယ်လို့ ထုတ်ပြန်ခဲ့သလို အကြမ်းဖက်မှုလျော့ချရေး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖော်ဆောင်ရေးဆိုပြီး တောင်းဆိုလာတယ်။ တကယ်တော့ NLD ဆိုတာက လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ ဖျက်သိမ်းခံထားရတဲ့ ပါတီပဲ။ သူတို့တောင်းဆိုသလို ဖြစ်လာဖို့ ဆိုတာက ဥပဒေအရ Chance နည်းသလို ဒေါ်စုက လွဲရင် ပါတီ ကို ဘယ်သူ ခေါင်းဆောင်မလဲ ဆိုတဲ့ ပြဿနာလည်း ရှိတယ်။ လက်ရှိ အစိုးရကို သွေးတိုးစမ်းတယ်လို့ပဲ မြင်တယ်။
-------
SCEF ဆိုတာက ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ကိုယ့်ဖာသာ အစိုးရ ဆိုပြီး သတ်မှတ်ထားတဲ့ NUG အပါအဝင် CRPH နဲ့ KIO၊ KNU၊ CNF၊ KNPP တို့နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်သလို နောက်ပိုင်း စစ်ကိုင်းယူနစ်၊ မန္တလေးနဲ့ မကွေးကကြားကာလအုပ်ချုပ်ရေးယူနစ်တွေလည်း ပါဝင်ထားကြတယ်လို့ ဆိုတယ်။ တကယ်တော့ အစိုးရလို့သာ ဆိုပေမယ့် အညာဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး ယူနစ်တွေကိုတောင် မဟာမိတ်ပုံစံနဲ့ MoD အောက် စုဖွဲ့မထားနိုင်တာ ကြည့်ရင်...NUG ရဲ့ အရည်အသွေးက ဘယ်လောက်ပဲ ရှိသလဲ ဆိုတာ ခန့်မှန်းလို့ရတယ်။ ကျန်တဲ့ EAO တွေဆိုတာကလည်း အစိုးရဘက်က ငြိမ်းချမ်းရေး ခေါင်းစဉ်ပြလိုက်ရင် ဘယ်လောက်အသဲ မာနိုင်မလဲ။ စောင့်ကြည့်ရမယ်။
------
NLD ကတော့ ပါတီဖြစ်လို့ ပါတီနိုင်ငံရေး ဘက်ကနေ အကျဉ်းသားလွတ်မြောက်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ သက်ဆိုင်သူတွေ ပါဝင်ခွင့်ရဖို့ ဆိုပြီး လမ်းခင်းထားတယ်။ SCEF ကတော့ ပြည်ပက မြန်မာတွေ၊ တခြားနိုင်ငံတကာက လွှတ်တော်အမတ်တွေနဲ့ တွေ့ပြီး မြန်မာ့နိုင်ငံရေးမှာ ခွေးတိုးပေါက်က ပြန်ဝင်နိုင်ဖို့ ကြိုးစားနေတာ ရှိတယ်။ နှစ်ဖွဲ့စလုံးကတော့ စားခွက်ပျောက်နေတော့ ....ရေရှည်ရပ်တည်နိုင်ဖို့ လမ်းကြောင်းမျိုးစုံကနေ ကြိုးစားနေတဲ့သဘောပဲ။ ဒီလိုမှ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းမှ မရွေးရင်လည်း ပြီးခဲ့တဲ့ ၅ နှစ်တာကလ တစ်လျှောက် အကြမ်းဖက်၊ ဆူပူ၊ လက်နက်ကိုင်၊ သတ်ဖြတ်တာတွေ လုပ်ခဲ့တဲ့ လက်နက်ကိုင်လမ်းစဉ်အပေါ် တာဝန်ခံကြရမှာကိုး။
-----
နိုင်ငံရေးဆိုတာ တွေ့ဆုံ ဆွေးနွေးရတဲ့ ယဉ်ကျေးမှုလို့ ယူဆရင် ဒီ ၅ နှစ်တာကာလတစ်လျှောက် ဘာကိစ္စအတွက်နဲ့များ လက်နက်ကိုင် လမ်းစဉ်ကို အားပေးခဲ့ကြသလဲပေါ့။ NLD နဲ့ NUG ကို ယုံလို့ လက်နက်ကိုင်ခဲ့ကြတဲ့ ကလေးတွေ အများကြီးပဲ။ EAO နယ်မြေမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ သတ်ဖြတ်ခံရ၊ မုဒိန်းကျင့်ခံရ၊ အနိုင်ကျင့်ခံရတာတွေလည်း အများကြီး။ မေးချင်တာက....တချိန်ချိန်မှာ ဒီလို ဆွေးနွေးပွဲကနေ ပြန်တော်ပြန်ဖို့ ကြိုးစားမှာချင်းအတူတူ ဘာလို့များ လူငယ်တွေရဲ့ အသက်တွေ၊ ဘဝတွေကို ချနင်းခဲ့ကြတာလဲပေါ့။ တကယ့်ကို အံ့အားသင့်စရာ နိုင်ငံရေး ခံယူချက်တွေပဲ။
(နရီမိုး) | 6 459 |
| 3 | ထိုင်းမှာ ဖြစ်တာ အယ်လ်နီညို တောင် မဟုတ်သေးဘူး။ မုတ်သုံလေ အားကောင်းပြီး မိုးအဆက်မပြတ်ရွာတာကနေတောင် လူပေါင်း ၅ သောင်းလောက် ထိခိုက်ရင်...မြန်မာဆိုရင် ဘယ်လောက် အခြေအနေ ရှိနိုင်မလဲ။
ခု လက်ရှိ ထိုင်းနဲ့ ဆက်စပ်တဲ့ တနင်္သာရီမှာတောင် မိုးကြီး ၊ ရေလျှံမှုတွေ ရှိလာပြီ။ ဒီမုတ်သုံလေက မြန်မာဘက်ကို ရွှေ့လာဦးမယ်။ အနည်းဆုံးတော့ ပဲခူးအနောက်ခြမ်း၊ ကရင်၊ မွန် ဒေသတွေမှာ မိုးများဦးမယ့် သဘောပဲ။
မြန်မာနိုင်ငံမှာက မိုးများရင် ချက်ခြင်း ရေကြီးတတ်တဲ့ အစဉ်အလာရှိတယ်။ မြို့တွေမှာ ရေနှုတ်မြောင်း စနစ် အားမကောင်းတော့ဘူး။ ပြင်သင့်တယ်လို့ အကြိမ်ကြိမ် မြင်နေရပေမယ့် အဲဒီစိတ်က မိုးရာသီလောက်ပဲ ခံတယ်။ လူတွေရဲ့ လမ်းဘေး အမှိုင်ပစ်တတ်တဲ့ အကျင့်ဆိုးကြောင့်လည်း ခက်တယ်။
အယ်လ်နီညို လာရင် ဘာဖြစ်မလဲ မေးကြတယ်။ ၂ ချက်ပဲ။ အလယ်ပိုင်းဒေသတွေ ပိုပူမယ်။ တောင်ပေါ်ဒေသတွေ မိုးများပြီး တောင်ပြိုလာနိုင်ခြေ ရှိတယ်ပေါ့။ ပူတာရဲ့ နောက်ဆက်တွဲ ပြဿနာက လျှပ်စစ်ပြဿနာရှိတယ်။ ဆီ လိုအပ်ချက်မြင့်မယ်။ မီးဘေး ကြောက်ရမယ်။ အသက်ကြီးတဲ့သူတွေ အမောမခံနိုင်ဘဲ အသက်ပျောက်နိုင်တယ်ပေါ့။ မြေပြိုရင်လည်း ထူးမခြားနားပါပဲ။ နီပေါမှာ ဖြစ်သွားတာကမှ မကြာသေးဘဲ။
ဒီတော့ တကိုယ်ရည်စာ မိသားစု အတွက်တော့ အပူဒေသ ရှောင်ရမယ်။ တောင်ပေါ်ဒေသတွေမှာ မိုးကြီး ရေလျှံဖြစ်ရင် လမ်း၊တံတားတွေ ကျိုးနိုင်တယ်။ တံတားကျိုးရသ် ကုန်စည်ပြတ်လပ်မယ်။ ကုန်ဈေးနှုန်းကြီးမယ်။ လောဘကြီးဖို့ မဟုတ်ပေမယ့် ရှင်သန်ရေး အတွက်တော့ ပြင်ဆင်ထားစရာ ရှိတာ ပြင်ထားကြစေချင်တယ်။
(နရီမိုး) | 6 657 |
| 4 | ထားဝယ်မှာ မိုးရေချိန် ၁၁ လက်မ တဲ့။ ဒါက နှစ်ပေါင်း ၅၀ အတွင်း စံချိန် ထပ်ချိုးတာပဲ။ သူ့အရင်က ၉ လက်မ ပဲ ရှိတယ်။
၁၁ လက်မ မိုးရေချိန်ဆိုတော့ ဘယ်လောက်တောင် အဆက်မပြတ် ရွာခဲ့လေ မလဲ။ စိမ့်ဝင်စရာ၊ စီးဝင်စရာ ချောင်း ရှိရင်တော့ ခံသာ သေးတာပေါ့။ တောင်ကြီးက တောင်ပေါ်မြို့ ဖြစ်ပါရက် ဘာလို့ ရေကြီးတာလဲ ဆိုတာရဲ့ နောက်ကွယ်မှာ ဒီလို အဖြေတွေရှိနေတယ်။
ဒီလောက် မိုးရွာရင် ပြဿနာတွေ အများကြီး။ ရေနှုတ်မြောင်း မကောင်းရင် ရေလျှံမယ်။ တောင်ကျရေ များရင် တောင်ပြိုမယ်။ လမ်းပိတ်မယ်။ ကူညီကယ်ဆယ်ရေးတွေ အချိန်မီ လာနိုင်ဖို့ ခက်မယ်။ သောက်ရေစနစ် ပျက်စီးမယ်။ ဝမ်းရောဂါတွေ ကူးစက်မယ်။ စိုက်ပျိုးမြေ တွေ ဆုံးရှုံးမယ်။ အိမ်တွေပြိုမယ်။ လူ့အသက်တွေ အန္တရာယ်ရှိမယ်ပေါ့။ ဖြစ်ခြင်း၊ မဖြစ်ခြင်းက နောက်ထား။ ဖြစ်လာနိုင်တာကိုတော့ ကြိုပြင်ထားရတော့မယ်။
(နရီမိုး) | 6 373 |
| 5 | * အလှူအတန်းတွေ ဘယ်လောက်လုပ်လုပ်
* တရားစခန်းတွေ ဘယ်လောက်သွားသွား
* ပဌာန်း ပရိတ်တွေ ဘယ်လောက်ရွတ်ရွတ်
* ဓမ္မစင်္ကြာတွေ ဘယ်လောက်ရွတ်ရွတ်
* မဟာသမယသုတ်ကို
ဘယ်နှစ်ကြိမ် ရွတ်ပြီးသည်ဟုဆိုဆို
* ပဌာန်း ၅ ကျမ်းလုံးကို
ဘယ်နှစ်ကြိမ်မြောက်ပူဇော်ပြီးသည် ဖြစ်ဖြစ်
- တစ်ဖက်လူ အကျိုးယုတ်အောင် မြှောက်ပင့်ပေးတတ်သူဆိုပါက
- မကောင်းသည့်ကိစ္စကို လုပ်ဖို့ တိုက်တွန်း ပေးတတ်သူဆိုပါက
- သင့်မြတ်နေသူတို့ကို မသိမသာ ရန်တိုက်ပေးတတ်သူဆိုပါက
- ရန်ထောင်ပေးတတ်သူဆိုပါက / စိတ်ဝမ်းကွဲအောင်လုပ်တတ်သူဆိုပါက / အယုံအကြည်မဲ့အောင်လျှောက်ပြော တတ်သူဆိုပါက / သူယုတ်မာအဆင့်မျိုးသာ ရှိသေးကြောင်း သိထားပါ။
ထို့ကြောင့် စိတ်ကောင်းရှိဖို့ ပထမ ဟုသူတော်ကောင်းတို့ ဆုံးမခဲ့ပါသည်။ စိတ်ပုပ်စိတ်ယုတ်ရှိနေသမျှ လုပ်နေသမျှ ကုသိုလ်အလုပ်တွေ အကျိုးပေး မကြီးမားကြောင်း သိထားပါ။ ထို့ ကြောင့် စိတ်ကောင်းထားပါ။ စိတ်ထားကောင်းပါ။ မြင့်မြတ်သောစိတ် မွေးမြူ ကျင့်ကြံပါ။
ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ | 6 570 |
| 6 | 🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏 | 6 343 |
| 7 | တစ်ချို့ လုပ်ငန်းစုတွေက ပြည်ပကနေ မဖြစ်မနေကို တင်သွင်းရတာမျိုး ရှိတယ်။ ဒီလို မတင်သွင်းနိုင်ရင် ပြည်တွင်းမှာ ရပ်တည်နေရတဲ့ အခြေအနေ ပြိုလဲ သွားနိုင်တယ်ပေါ့။ နောက်ဆုံး အဆင်မပြေတော့လို့ လုပ်ငန်း ပိတ်သိမ်းရတဲ့အထိ ကြုံလာခဲ့ရင် ဒီလုပ်ငန်းကို မှီခိုရတဲ့ ဝန်ထမ်းတွေလည်း အဆင်မပြေနိုင်တော့ဘူးပေါ့။ ဒီလို အသံလေးတွေ ကြားရ၊ မြင်ရတယ်။
တစ်ချို့က ပါမစ်ရဖို့ ကြိုးစားတယ်။ တစ်ချို့ လုပ်ငန်းစုတွေက ပြည်သူတွေအတွက် အသုံးဝင်ဖြစ်ပေမယ့် အရေးကြီး ကုန်စည်အဖြစ် ဦးစားပေး သတ်မှတ်ခံရတာမျိုး မရှိဘူး။ နိုင်ငံတော်ကလည်း ရတဲ့ ဘဏ္ဍာကို ဦးစားပေးအလိုက် တင်သွင်းခွင့် ပြုနေရတာကိုး။ ဒါပေမယ့် ပြည်တွင်းမှာ မဖြစ်မနေလည်ပတ်နေရတဲ့ လုပ်ငန်းစုတွေကလည်း သူ့တို့ ရပ်တည်ရေးကို ကျားကန်ဖို့ တရားမဝင် ဆိုတဲ့ အလုပ်ကို ကြိုးစားလာကြတော့ပါပဲ။
မနေ့က မော်လမြိုင်ကနေ ရန်ကုန်ကို သိန်း ၃၀ ပေးပြီး သယ်လာခဲ့တာက သာဓက ဖြစ်စဉ်လို့ မြင်နိုင်တယ်။ နိုင်ငံတော်က ဘယ်လို ပိတ်ပိတ် စီးပွားရေးသမားက ရအောင် ကြိုးစားတယ်။ ကြိုးစားတဲ့နေရာမှာ တရားမဝင်နဲ့ အဂတိတွေ ဖြစ်ကုန်တယ်။ ဝန်ထမ်းကလည်း ဥပဒေ မညီတာ သိပေမယ့် လွတ်ရင် ဆိုတဲ့ အတွေး...ရှိခဲ့မှာပဲ။ အဝတ်လျှော်စက်တောင် မော်လမြိုင်က ဈေးတစ်မျိုး၊ ရန်ကုန်က ဈေးတစ်မျိုး ဆိုတော့လည်း မစားသာလှဘူးပေါ့။ ဒီတော့ မဖြစ်မနေ လည်ပတ်တယ်လို့ ယူဆရတဲ့ လုပ်ငန်းတွေကို စိစစ်ပြီး အခွန် တိတိကျကျကောက် လည်ပတ်စေတာက ပိုကောင်းနိုင်မလားပေါ့။
တနေ့က ဧရာဝတီတိုင်း ဝန်ကြီးချုပ်ကတော့ ဂိတ်တွေ လိုက်စစ်တဲ့ သတင်း တွေ့လိုက်တယ်။ ဂိတ်ကတော့ လိုအပ်ရင် ထားရမှာပဲ။ လုံခြုံရေးနဲ့ ဆိုင်တာကိုး။ အဓိက တရားမဝင်ကိစ္စတွေမှာ မပတ်သက်ကြဖို့တာ အရေးကြီးတာ။ မလိုအပ်ဘူးထင်ရင်လည်း တစ်ချို့ဂိတ်တွေ လျှော့ချရမယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီး တချို့ တိုင်း ဝန်ကြီးချုပ်တွေ မြေပြင်အခြေအနေသိအောင် စစ်ဆေးကြည့်သင့်တယ်။ စစ်ဆေးသင့်တယ်ဆိုတာ လုံခြုံရေး ယာဉ်တန်း အပြည့်အစုံနဲ့ သွားတာမျိုး မဟုတ်ဘူးပေါ့။ ကိုယ်တာဝန်ယူရတဲ့ အပိုင်း၊ ကိုယ့်နယ်မြေမှာ ဘယ်လို အခြေအနေရှိလဲ ဆိုတာ နည်းမျိုးစုံနဲ့ သိအောင် လုပ်ရင်တော့ မူဝါဒ ချမှတ်ဖို့ ပိုအဆင်ပြေနိုင်မယ်ထင်တယ်။ အဓိက သမ္မတကြီးပြောတဲ့ ကုန်ဈေးနှုန်းကြီးနေတာကို အထောက်အကူ ဖြစ်စေဖို့ပါ။
(နရီမိုး) | 8 332 |
| 8 | မြို့၊ ရွာတွေက ဖွံ့ဖြိုးတိုးတက်လာသလို လူဦးရေ ပေါက်ဖွားနှုန်းအရလည်း ...တဖြည်းဖြည်း ချဲ့လာရတယ်။ ဒီတော့ ၁၉၈၀ ပတ်ခြာလည်မှာ အိမ်ခြေ ၁၀၀ လောက် ရှိတဲ့ရွာက ၂၀၀၀ ပြည့်နှစ်အလွန်ကာလတွေမှာ အိမ်ခြေ ၃၀၀ ကျော်၊ ၅၀၀ နီးပါး အထိ ရှိလာကြတယ်။ ဒါက သဘောတရားကို ပြောပြတာ။ စိုက်ပျိုးမြေတွေကျုံ့ပြီး လူနေအိမ်တွေ ချဲ့လာတဲ့သဘောပေါ့။ ဒီကြားထဲ မီးလင်းရေး ကော်မတီ ဘာဘာညာညာတွေနဲ့ အုပ်ကြီးလက်မှတ်ထိုးရင် ကွက်စိပ် ရောင်းကြတဲ့ မြေကွက်တွေလည်း အလျိုလျို ပေါ်လာကြတယ်။
မြေကိစ္စနဲ့ပတ်သက်ရင် ...သည်းခံရ၊ အမှုရင်ဆိုင်ရပြီး အစော်ကားခံရတာ တပ်ပိုင်မြေတွေပဲ။ တကယ်တော့ တပ်ပိုင်မြေတွေဆိုတာ မြို့ပြမြေအဖြစ်နဲ့ တူတူတန်တန် မဖြစ်ခင်ကတည်းက မြို့အစွန်တွေမှာပဲ တည်ခဲ့ကြတာ။ တဖြည်းဖြည်း ခေတ်မီတိုးတက်လာတော့ တပ်မြေတွေက ငုံခဲ့ရတဲ့သဘော။ ဘယ်တပ်ကမှတော့ လူနေအိမ်ကြား တပ်ပိုင်မြေ ဆိုပြီး မသတ်မှတ်ဘူး။ ကျူးစရာရှိရင် အပြင်ကလူ နေအိမ်တွေကပဲ တပ်ပိုင်မြေကို ကျူးကြတာ။
ဒါပေမယ့် သိတဲ့အတိုင်း ဒေါ်စု လက်ထက်ရောက်တော့ လူထုနဲ့ ပင်းတိုက်ခံရရော။ မြေပြင်တပ်တွေက အမှုရင်ဆိုင်ရ၊ အချိန်ကုန်ရ၊ အရင်ဆုံး လိုင်းပေါ်မှာ Video ရိုက်တင်ခံရပြီး ဖြေရှင်းရ...။ တရားရုံးတွေမှာ အကြိမ်ကြိမ် နိုတစ်ကပ်ပြီး ဖယ်ရှားခိုင်းလည်း မရ။ တပ်တွေမှာကလည်း မြို့ပြလောက်ကလွဲရင် နယ်တွေမှာက ခြံစည်းရုံး ခတ်နိုင်ဖို့ ဆိုတာ လွယ်မှ မလွယ်ပဲကိုး။ ခုကြားနေရတဲ့ လှည်းကူးအနောက်ခြမ်း ဖူးကြီးဘက်၊ မှော်ဘီမြေတွေနဲ့ပတ်သက်ရင် မြေရာဇဝင်တွေ အရင်ဆုံး စုံစမ်းကြဖို့ လိုမယ်လို့ ထင်တယ်။ ဆုံးရှုံးစရာ ရှိရင် ဝယ်သူက အရ်ုဆုံးရှုံးရမှာကိုး။
နောက် ပြဿနာ တစ်ခုက ...ဒီမိုကရေစီ အစိုးရ ဆိုတဲ့ ခေတ်ကို စဖြတ်သန်းရတော့ တက်လာတဲ့ အစိုးရတွေက လူထုနဲ့ ထိပ်တိုက် မရင်ဆိုင်ချင်ကြတော့ဘူး။ လူထုကလည်း တစ်ခုခုဆိုရင် ဆန္ဒပြတာတွေ၊ လိုင်းပေါ် တင်တာတွေနဲ့ ဖြေရှင်းကြတာဆိုတော့ ဒီပြဿနာကလည်း မသေးဘူး။ တစ်ချို့ပြည်သူတွေကလည်း မသိတာတော့မဟုတ်ဘူး။ စိုက်ပျိုးဥယျာဉ်မြေဆိုတာ သိတယ်။ လူနေအိမ်ဆောက်မရတာ လည်း သိတယ် ။ တပ်စည်ပင်မြေဆိုတာလည်း သိတယ်။ အများညီရင် ဤ ကို ကျွဲဖတ်လို့ရတယ်ဆိုတဲ့ အထာတွေ ချိုးကြသလို ....ဒီနေရာမှာ နှစ် ၂၀ လောက် နေခဲ့ကြတာပဲ အစိုးရအနေနဲ့ လုပ်မရပါဘူး ဆိုတဲ့ ပုံစံမျိုးလည်း ရှိကြတယ်။ အနည်းဆုံးတော့ အစိုးရ ဆွဲချရင် လျှော်ကြေးတော့ ရမှာပါဆိုတဲ့ ပုံစံမျိုး။ လုပ်စားကျုးတွေတောင် ရှိခဲ့ကြတယ်။
အဆိုးဆုံးကတော့ အကျင့်ပျက်တဲ့ ရပ်ကျေးတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေပဲ။ တချို့မြေတွေက တရားမဝင်မှန်းလည်းသိတယ်။ ဥပမာ ရန်ကုန်ဆို ဂျိုးဖြူပိုက်လိုင်းပေါ်က ကျူးတွေပေါ့။ ကျုးမှန်းလည်း သိတယ်။ ဒါတောင် ရေနဲ့မီး ရတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့။ နောက် ...မြောက်ဥက္ကလာ၊ ရွှေပေါက္ကံဆိုတာက မြို့တည်ကတည်းက ရပ်ကွက် တစ်ခုနဲ့ တစ်ခုကြား ရေကန်ငယ်လေးတွေရှိတယ်။ ဒါက မီးလောင်ရင် အရေးနဲ့အကြောင်းဆို ငြိမ်းနိုင်ဖို့ သေချာ ပလန်ဆွဲခဲ့ကြတာ။ ဒါကို တစ်ချို့ရပ်ကွက်တွေမှာ မရှိတော့ဘူး။ ဖို့မြေလုပ်ပြီး အကွက်ရိုက်ရောင်းသွားကြပြီ။ ဒါက အသေးအမွှားလေးပဲ ရှိသေးတယ်။
လက်ရှိ ဖြစ်နေတဲ့ ပြင်ဦးလွင်ဆိုရင်လည်း သစ်တောမြေ တွေကို ကျူးပြီး ေရာင်းဝယ်ထားကြတာများတယ်။ တစ်ခါ.....လမ်းမြေဆိုတာ....လမ်းအူကြောင်းကနေ ဘယ်ညာ ၇၅ ပေအထိ အကျုံးဝင်မယ်ထင်တယ်။ ပြင်ဦးလွင်က သစ် တောမြေ များတယ်ဆိုတာ ဟုတ်၊ မဟုတ် ၁၉၈၀ ပတ်ခြာလည်လောက် မေမြို့ကို ရောက်ဖူးကြတဲ့ သူတွေဆိုရင်တော့ ပိုသိမှာပေါ့။ ခုကတော့ ပြင်ဦးလွင် ပတ်ခြာလည်က ရွာမြေတွေတောင် သိန်း ထောင် ဂဏန်း ရောက်နေပြီ။
ဆိုတော့ ...ဒီဥပဒေတွေ၊ မြေရာဇဝင်တွေ မသိဘဲ ဝယ်ကြတော့ ...ဝယ်တဲ့ပြည်သူလည်းရှုံးတာပေါ့။ သိသိရက်နဲ့ အဂတိကျူးလွန်ကြတဲ့ ဝန်ထမ်းတွေကြောင့်လည်း အစိုးရက မျက်နှာ ပျက်ရတာပေါ့။ ကျူးနေမှန်း သိသိရက်နဲ့ ကံဆိုးတဲ့ မောင် အလှည့်ကျမှ ရှင်းရတဲ့ ပြဿနာတွေလည်း မနည်းလှဘူး။ ဒီမိုကရေစီအစိုးရ ဆိုပေမယ့် ဥပဒေ မညီရင်၊ နိုင်ငံတော် စီမံကိန်း ရှိရင် မဖြစ်မနေ ဖယ်ရှားမှာပဲ။ မြေနဲ့ပတ်သက်ရင်...အစဉ်အဆက် စာချုပ် ရှိရုံနဲ့တော့ မလွယ်လောက်ဘူး။ သစ်တောမြေ၊ လမ်းမြေ၊ မီးရထားမြေ စသဖြင့် မြေရာဝင်တွေ သိဖို့ လိုလိမ့်မယ်။
(နရီမိုး) | 6 965 |
| 9 | တပ်မတော် တစ်ခုရဲ့ ခိုင်မာတောင့်တင်းမှုက အင်အားတစ်ခုတည်းအပေါ် အခြေခံတာမျိုး မဟုတ်ဘူး။ အမိန့်နာခံမှု၊ အဖွဲ့ အစည်းအပေါ်ယုံကြည်မှု၊ စည်းကမ်းနဲ့ သစ္စာရှိမှု တွေကလည်း စစ်ရေးစွမ်းရည်ရဲ့ အခြေခံတွေ ၊ တနည်းအားဖြင့် တပ်မတော်ရဲ့ အခြေခံ အား တွေလို့ ပြောလို့ရတယ်။
-----
နောက်တစ်ခု စစ်ဆင်ရေး ကိစ္စ ဆိုတာက စစ်မြေပြင်မှာ အမိန့်မနာခံမှု၊ တာဝန်ပျက်ကွက်မှု၊ လုပ်ငန်းပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတွေက စစ်ကြောင်း တစ်ခုစာရဲ့ အသက်တွေ၊ ဘဝတွေအပြင် တပ်မတော်တစ်ခု လုံးစာရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကိုပါ တိုက်ရိုက်ထိခိုက်နိုင်တဲ့အထိ သက်ရောက်မှု ကြီးတယ်။ ဆိုလိုတာက စစ်ဆင်ရေး ကျရှုံးရင် တပ်ဖွဲ့တွင်း စည်းလုံးညီညွှတ်မှုကိုပါ ထိခိုက်စေနိုင်တယ်ပေါ့။
-----
မူးယစ်ဆေးဝါးကိုလည်း တပ်ဖွဲ့ဝင်တစ်ဦးချင်းရဲ့ အပြုအမူ၊ ပြဿနာလို့ မမြင်ဘဲ အဖွဲ့အစည်းရဲ့ စည်းကမ်း၊ စစ်ဆင်ရေးစွမ်းရည်နဲ့ တပ်ဖွဲ့ဝင်မိသားစုတွေကြားက ယုံကြည်စိတ်ချရမှုကိုပါ ထိခိုက်စေနိုင်တဲ့ ကိစ္စလို့ သုံးသပ်ပုံရတယ်။
------
ခြုံကြည့်လိုက်ရင်တော့....“သစ္စာ ဖောက်ဖျက်မှု” ဆိုတာက အဖွဲ့အစည်းရဲ့ တပ်တွင်းစည်းလုံးမှု အခြေခံအယူအဆ၊ “စစ်ဆင်ရေး” ဆိုတာက စစ်မြေပြင်ရဲ့ တိုက်ပွဲဝင်စွမ်းရည်၊ “မူးယစ်ဆေးဝါး” ဆိုတာက တပ်ဖွဲ့ဝင်တိုင်း လိုက်နာရမယ့် စည်းကမ်းနဲ့ အကျင့်စာရိတ္တ။ သေချာတာကတော့ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုင်တိုင် Red line တားထားတဲ့ ကိစ္စကို ချိုးဖောက်ရင် ပြင်းပြင်းထန်ထန် အရေးယူတာ ခံရပါလိမ့်မယ်။
(နရီမိုး) | 6 740 |
| 10 | ▪️ပြည့်စုံတယ်ဆိုတာ
မလိုချင်တဲ့အရပ်မှာရှိတယ်
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
ပေးဆပ်ခြင်းဆိုတာ
ကိုယ်လည်းအေး သူလည်အေး
အပူငြိမ်းတဲ့ ဆေးပါ။
စွန့်လွှတ်ခြင်းအစစ်ဟာ
အပြစ်တွေကို ခွင့်လွှတ်နိုင်တယ်။
သူတော်ကောင်းဟာ
သူ့တစ်ပါးအပြစ်လည်းမရှု့ဘူး။
အကုသိုလ်အမှုလည်း မလုပ်ဘူး။
တရားဆိုတာ
အရှုပ်ကို ရှင်း အလင်းကိုမြင်
အကုသိုလ်ကို နှင်တဲ့ဓာတ်ဖြစ်တယ်။
မြင့်မြတ်သူတို့ရဲ့
အာဟာရဟာ
တရားမျှတ မှုဖြစ်တယ်။
တရားမျှတမှုရှိမှ
အချုပ်အနှောင် မှ လွတ်လပ်မယ်။
အချုပ်အနှောင်မှ လွတ်လပ်မှ
မြင့်မြတ်တဲ့ အရပ်ဆီ ရောက်နိုင်မယ်။
ပြည့်စုံမှုဆိုတာ
မလို ချင်တဲ့ အရပ်မှာ ရှိတယ်
လိုချင်လို့ ရှာဖွေနေတဲ့အရပ်မှာ
မောပန်းခြင်းတွေနဲ့ဒုက္ခတွေပဲရှိတယ်။
ဘာကြောင့် မပြည့်စုံတာလည်း
လို ချင် နေ လို့ပါ။
ကျေးဇူးတော်ရှင်
ချမ်းမြေ့ဆရာတော်ဘုရားကြီး | 6 937 |
| 11 | 🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏 | 6 562 |
| 12 | UN စင်မြင့်ပေါ်မှာ Myanmar Own Solution ကို ထောက်ခံရပ်တည်တဲ့ ထိုင်းဝန်ကြီးချုပ် အနုထင် ရဲ့ ရပ်တည်ချက်ကဘာလဲ?
အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးကြားမှာ မျှတတဲ့ ဆက်ဆံရေး တည်ဆောက်ထားတဲ့ ထိုင်းရဲ့ နိုင်ငံတကာဆက်ဆံရေးကြောင့် ဝန်ကြီးချုပ်ရဲ့ မြန်မာအပေါ်ထားတဲ့ ရပ်တည်ချက်က ဘယ်လောက်အကျိုးသက်ရောက်မှု ရှိစေမလဲ?
(နရီမိုး) | 7 475 |
| 13 | လူသုံးကုန် ပစ္စည်း တစ်မျိုးဖြစ်တဲ့ အိုင်ဖုန်း စီးရီး နောက်ဆုံး Update ထွက်ချိန်မှာ မြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲ အလုအယက် ရောက်လာကြတယ်။
ထိုင်းမှာ အိုင်ဖုန်း နောက်ဆုံးပေါ်ဈေးနှုန်းက မြန်မာငွေ သိန်း ၆၀ ပတ်ဝန်းကျင် ဆိုပေမယ့် မြန်မာနိုင်ငံမှာတော့ အနိမ့်ဆုံး ၈၀ လောက်က ဈေးစခေါ်ကြတယ်။ နိုင်ငံတော်ကလည်း ဒီ Iphone 18 အတွက် တရားဝင် အခွန်ဈေးနှုန်း (၁၃ သိန်း ကျော်) ဆိုပြီး သတ်မှတ်ပေးထားတာ မြင်ရတယ်။
ဒါနဲ့ပတ်သက်ပြီး လူ အများမေးခွန်းထုတ်နေသလို လူသုံးကုန်ပစ္စည်း ဖြစ်တဲ့ Iphone ကြတော့ မြန်မာနိုင်ငံကို နေ့ခြင်း ၊ ညခြင်း ရောက်လာနိုင်ပြီး ကျန်းမာရေး အတွက် အရေးကြီးတဲ့ ဆေးဝါးတွေနဲ့ တခြားသွင်းကုန် လုပ်ငန်းစုတွေကြတော့ လိုင်စင်ရဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ။ ဒါလေး အဖြေရှာသင့်တယ်လို့ မြင်မိတယ်။ လက်ရှိ မြန်မာနိုင်ငံက ဖုန်းဆိုင်တော်တော်များများမှာ Iphone နောက်ဆုံးပေါ် ဖုန်းတွေ ရောက်လာကြပြီ။ ရုပ်ရှင်မင်းသား၊ မင်းသမီး အသိုင်းအဝိုင်းမှာလည်း ဝယ်ပြီးပြီဆိုတဲ့ ဓာတ်ပုံတွေ လူမြင်ကွင်းပေါ် ချပြနေခဲ့ကြပြီးပြီ။ အခွန်အပြီးအစီးတွက်ရင် အနိမ့်ဆုံး သိန်း ၁၀၀ လောက်ထွက်မယ့် ပမာဏ၊ အလုံးရေ တသိန်း၊ တစ်သန်း ဆိုရင်...မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေ ဘယ်လောက် ထွက်သွားမလဲ ။ နိုင်ငံခြားငွေ မထွက်စေချင်လို့ စက်သုံးဆီတောင် ပိတ်ပင်နေရတဲ့ အစိုးရဘက်ကကြည့်ရင်...လူသုံးကုန်ပစ္စည်းသပ်သပ် ဖြစ်တဲ့ ဖုန်းကနေ ဒေါ်လာ သန်းချီ ထွက်မယ့်ကိစ္စက မသေးဘူးလို့ ဆိုရမှာပဲ။
စဉ်းစားကြည့်တာပါ။ မြန်မာနိုင်ငံထဲက တချို့ လုပ်ငန်းတွေက သွင်းကုန်လိုင်စင်မရလို့ ရပ်တည်ဖို့ ခက်ခဲလာကြတယ်။ တကယ်လို့ နည်းပေါင်းစုံနဲ့ တရားမဝင် သွင်းဖို့ကြိုးစားတယ် ဆိုပါစို့။ အဲ့ဒီလမ်းကြောင်းကနေ တရားမဝင် ပေးရတဲ့ငွေက ခေါင်းစဉ်မျိုးစုံနဲ့ ထွက်တော့မယ်။ ဆိုလိုတာက တစ်ကျပ်တန်တဲ့ ကုန်ပစ္စည်းက အဆမတန် ကုန်ကျတော့မယ်။ တရားဝင်တင်သွင်းခွင့်မရတော့ သူလည်း နည်းပေါင်းစုံနဲ့ ကြိုးစားရပြီကိုး။ ဒီလိုကြိုးစားရတဲ့ နောက်ကွယ်မှာ မကုန်ကျသင့်တဲ့ ငွေကြေးတွေက နောက်ဆက်တွဲ ပါလာနိုင်ပြီလို့ တွက်လို့ရပြီပေါ့။
ဒီတော့ အိုင်ဖုန်းလိုမျိုး သိန်း ၁၀၀ သုံးမှ ကိုင်နိုင်မယ့် လူသုံးကုန် ပစ္စည်းတောင် နိုင်ငံတော်က အခွန် ၁၃ သိန်း ပမာဏနဲ့ တိတိကျကျ ကောက်နိုင်သေးရင်....တခြားကုန်ပစ္စည်းတွေကိုရော အခွန်တိတိကျကျ ကောက်ပြီး တင်သွင်းခွင့်ပြုရင် ....လုပ်ငန်းရှင်လည်း မလိုအပ်တဲ့ ပိုက်ဆံ အပို မထွက်တော့ဘူး။ အစိုးရဘက်မှာ အဂတိလည်း ကင်းမယ်။ အခွန်လည်း အစိုးရဆီ တန်းတန်းမတ်မတ် ရောက်မယ်။ တ်စဖက်မှာလည်း တိုင်းပြည်ထဲ လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်း လည်း ဈေးချိုချိုနဲ့ ရောက်လာမယ်။ ဒီလို ကုန်ကြမ်းလည်ပတ်နေမှ ရှိပြီးသား ထုတ်ကုန်ကို Value added ထပ်လုပ်နိုင်အောင် ကြိုးစားကြည့်ရင် အဆင်မပြေနိုင်ဘူးလားပေါ့။
တကယ်တော့ iPhone တွေ ဈေးကွက်ထဲ ဝင်လာတာက ပြဿနာမဟုတ်ပါဘူး။ နိုင်ငံတော်ကို အခွန်ဆောင်တာဖြစ်လို့ ဘာမှလည်း မုဒိတာ မပွားနိုင်စရာမရှိဘူး။ အစိုးရလည်း အခွန်ရသလို သုံးနိုင်တဲ့သူလည်း သုံးခွင့်ရှိတယ် ပေါ့။ ဒါပေမယ့် သိန်း ၁၀၀ လောက်သုံးမှ ရမယ့် တန်ဖိုးမြင့်ဖုန်းကြတော့ ဝင်လာနိုင်တဲ့ channel တစ်ခု ရှိပြီး စက်ရုံကုန်ကြမ်း၊ ဆေးဝါး၊ စက်ယန္တရားလို ထုတ်လုပ်မှုနဲ့ လူမှုဘဝအတွက် အရေးကြီးတဲ့ ကုန်ပစ္စည်းတွေက အဲဒီ channel ထက် ပိုပြီး ခက်ခဲနေတယ်ဆိုရင်တော့ အဲဒီ မူဝါဒကိုကို ပြန်စစ်ဖို့ လိုလာပြီလို့ ယူဆနိုင်မလားပေါ့။
စိုးရိမ်မိတာက .....လိုင်စင်ကန့်သတ်လိုက်လို့ နိုင်ငံခြားငွေ သက်သာသွားတယ် ဆိုတာထက်....တစ်ဖက်မှာ “တရားဝင်စီးပွားရေးလမ်းကြောင်း ပိတ်သွားလို့ တရားမဝင်ဈေးကွက်ကြီး ကြီးထွားလာပြီး ကုန်ကျစရိတ်ပိုတက်သွားသလား” ဆိုတဲ့ မေးခွန်းက ရှိလာတယ်လို့ မြင်တယ်။ ဒါက အစိုးရအတွက်လည်း အခွန်ဝင်ငွေဆုံးရှုံးနိုင်သလို လုပ်ငန်းရှင်အတွက်လည်း transaction cost တက်နိုင်တဲ့ ကိစ္စမျိုးပါ။ စားသုံးသူ ဘက်ကကြည့်ရင်လည်း ကုန်ဈေးနှုန်း မြင့်သွားသလို ထုတ်လုပ်သူအတွက်လည်း ကုန်ကြမ်းတန်ဖိုး တက်နိုင်တာမျိုး ဖြစ်နိုင်တယ်ပေါ့။ ဒါက သမ္မတကြီး ပြောတဲ့ ကုန်ဈေးနှုန်းကြီးမြှင့်စေတဲ့အကြောင်းအရာများ ဖြစ်လေမလားပေါ့။
ကြက်ဥ တစ်လုံး ၆၀၀ နဲ့ ကန်စွန်းရွက် တစ်စီး ၁၀၀၀ ကြတော့ လှိမ့်ပိန့်အော်ပြီး လူသုံးကုန် ဇိမ်ခံပစ္စည်းဖြစ်တဲ့ ဖုန်းကြတော့ သိန်း ၁၀၀ လောက် ပေးသုံးရတာတောင် Server Down တဲ့အထိ အမှာများကြတယ်ဆိုတော့ အံ့ဩစရာပဲ။ တကယ်လုပ်ငန်းလည်ပတ်နေတဲ့ လုပ်ငန်းစုတွေကို တရားဝင်လမ်းကြောင်းကနေ အခွန်တိတိကျကျ ကောက်ပြီး လည်ပတ်စေရင်တော့ ပြည်သူလည်းသက်သာ၊ လုပ်ငန်းရှင်လည်း ရပ်တည်ဖို့အဆင်ပြေ၊ အစိုးရလည်း အခွန်ရ၊ တရားမဝင်လမ်းကြောင်းလည်း လျှော့ချနိုင်မလားပဲ။
(နရီမိုး) | 7 770 |
| 14 | တပ်မတော်ဆိုတဲ့ အင်စတီးကျူးရှင်းတစ်ခုမှာတောင် သစ္စာတရားဆိုတာ နားမလည်ဘဲ ကိုယ်အနေစားချောင်ဖို့ သပ်သပ်နဲ့ ရဲဘော်ရဲဘက်တွေရဲ့ အသက်သွေးချွေးတွေကို လိုင်းပေါ်မှာ ဟီးဟီးဟားဟား လုပ်ပြနေတာကို မြင်ရတာလောက် ရုပ်ပေါက်တာ မရှိဘူး။
သစ္စားစူးတယ်ပြောပြော...၊ သေနေ့စေ့တယ်ဆိုဆို......နောက်ဆုံး သေရတော့လည်း လေကြောင်းတိုက်ခိုက်မှုနဲ့ပါပဲ။ လူအထင်ကြီးခံရဖို့ ၊ တခြားအဖွဲ့အစည်းရဲ့ ယုံကြည်မှုကိုရဖို့ တတ်သလောက်၊ မှတ်သလောက် အာပေါင်အာရင်း သန်သန်နဲ့ ပြောပြရတာလည်း အမော။ တခဏတာ အနေအစားချောင်ဖို့ ဆိုတာထက် ရှေ့က အသက်ပေးခဲ့သွားတဲ့ ရဲဘော်ရဲဘက်တွေရဲ့ မျက်နှာမှမထောက်။ တစ်ဖက်အဖွဲ့အစည်းက ခုချိန်"ပ" စားပေးတယ်ဆိုတာကလည်း အဖွဲ့အစည်းအကြောင်းကို အိတ်သွန်ဖာမှောက် ပြောစေချင်ရုံထက်မပိုပါဘူး။
စစ်သက်အားဖြင့် ၁၀ နှစ်ကျော်အထက် ရှိခဲ့ကြမယ့် ဒီလူတွေရဲ့ သစ္စာတရားကို ဖြောင့်မတ်တည်ကြည်လွန်းပါရဲ့လို့ တစ်ဖက်အဖွဲ့အစည်းက ယုံကြည်နေတယ်လို့ ထင်ရင် မှားမှာပေါ့။ ဆယ်စုနှစ်များစွာ အမိုးခိုးခဲ့၊ လက်တွဲခဲ့ကြတဲ့ ရဲဘော်ရဲဘက်အချင်းချင်းရဲ့ သစ္စာတရား၊ သံယောဇဉ်တရားတောင် ဖောက်ဖျက်တတ်တယ်ဆိုတဲ့ အတွေးရှိခဲ့ရင်....ဒီနှစ်တွေထဲ လက်ခံထားတယ်ဆိုတာက အသုံးချရုံသပ်သပ်ဆိုတာ သာမန် လူပြိန်းတောင် သိနိုင်မှာပါ။
နိုင်ငံတော်ကို သစ္စာရှိဖို့ မဆိုထားနဲ့၊ အဖွဲ့အစည်းတစ်ခုအပေါ်မှာတောင် သစ္စာမရှိကြတဲ့ ဒီလူတွေအပေါ် ဘယ်သူတွေကများ ယုံကြည်မှု အပြည့်အဝ ထားပေးနိုင်မလဲ။ အဖွဲ့အစည်းကို မချစ်တော့လို့၊ အထက်လူကြီးအပေါ် မယုံကြည်လို့ စွန့်ခွာခဲ့ရင်တောင်....ရဲဘော်ရဲဘက်အချင်းချင်းအပေါ်မှာတော့ လှောင်ရယ်၊ ပျက်ရယ်ပြုတာမျိုးတော့ မလုပ်သင့်ဘူးမလား။
အဖွဲ့အစည်းကို စွန့်ခွာလို့ရတယ်။ ယုံကြည်ချက် ပြောင်းလို့ရတယ်။ ဒါပေမယ့် ရဲဘော်ရဲဘက်အချင်းချင်းကြားက သစ္စာတရားကိုတော့ စော်ကားလို့မရဘူး။ အောက်ဖဲလှန်လို့ မရဘူး။ တစ်ချို့ သစ္စာတွေက ကတိသစ္စာတည်ရင်.....အတောင့်လိုက် ပြန်စူးတတ်တယ်။ အနည်းဆုံးတော့ တပ်ပြေး၊ စစ်ပြေးဘဝနဲ့ အယုံအကြည်မဲ့ခံရသလိုမျိုးပေါ့။ တစ်ချို့ဆိုရင်.... မသေခင်ကတည်းကတောင် အသိုင်းအဝိုင်းထဲ လူတောမတိုးတော့သလိုမျိုး။
(နရီမိုး) | 7 460 |
| 15 | အယ်လ်နီညိုနဲ့ပတ်သက်ရင် အနီးစပ်ဆုံး ၂၀၁၅ ဖြစ်စဉ်ကို သင်ခန်းစာယူလို့ရမယ်ထင်တယ်။ အဲ့ဒီအချိန်တုန်းကလည်း ဧပြီကနေ ဇူလိုင်အထိ မိုးရေချိန်နည်းပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးခေါင်တာ၊ ပူပြင်းခြောက်သွေ့တာနဲ့ ဧရာဝတီတိုင်းဘက်မှာ သုံးရေ၊ စိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်း တွေပါ ထိခိုက်ခဲ့ကြဖူးတယ်။
ခုလာမယ့် အယ်လ်နီညိုကလည်း ထုံးစံအတိုင်း ပူပြင်း ခြောက်သွေ့တာ လာမယ်။ မိုးခေါင်မယ်၊ ရေရှားမယ်ပေါ့။
ဒီတော့ မြို့ပြသောက်သုံးရေ၊ ကျေးရွာသောက်သုံးရေ၊ မွေးမြူရေးရေနဲ့ စိုက်ပျိုးရေးအတွက် ရေအရင်းမြစ်တွေကို ဘယ်လို စုဆောင်းမလဲ။ ဘယ်လိုခွဲတမ်းချမလဲ၊ ဘယ်လို မျှဝေကြမလဲ....ဒါတွေ တွက်ချက်စီမံထားကြရတော့မယ်။
ပထမဆုံးကတော့ ကျန်းမာရေးပဲ။ အသက်ကြီးတဲ့သူတွေ၊ ရောဂါအခံရှိတဲ့သူတွေအနေနဲ့ ပူပြင်းတဲ့ ရာသီကို ဘယ်လိုဖြတ်ကျော်ကြမလဲ။ တောင်ပေါ်ဒေသတွေထက် အညာဒေသတွေမှာ အပူရှောင်စခန်းတွေ အသင့်ရှိထားရမယ်လို့ မြင်တယ်။ ဆိုတော့ ...အပူလာရှောင်ကြမယ့် သူတွေအတွက် နေရာထိုင်ခင်းအပြင်၊ စာရေးသောက်ရေးနဲ့ ဆေးဝါးကုသမှုပါ အဆင့်သင့်အနေအထား ကြိုပြင်ထားရတော့မယ်။
ဒုတိယ ပြဿနာ ဖြစ်လာနိုင်တာက Food Security ပဲ။ ထိုင်းမှာလည်း လိုအပ်တာတွေ ကြိုစုနေကြတဲ့ သတင်းတွေ ဖတ်ရတယ်။ ဖြစ်မှ ဆိုရင်တော့ ဈေးကြီးတာ ၊ လိုသလောက်မရတာ၊ ဈေးကွက်ပြဿနာ တွေ ရင်ဆိုင်ရမယ်ထင်တယ်။
စိုက်ပျိုးရေးအတွက်ဆိုရင်တော့ ရေလိုအပ်ချက်နည်းတဲ့မျိုးစေ့တွေ၊ အချိန်တိုအတွင်း ရိတ်သိမ်းနိုင်တဲ့သီးနှံတွေ၊ ရေအလုံအလောက်ပေးနိုင်မယ့် ရေသွင်းစနစ်တွေ၊ အရန်မျိုးစေ့၊ ဓာတ်မြေဩဇာနဲ့ စိုက်ပျိုးရေးသွင်းအားစုအတွက် အရန်အရေးပေါ်ချေးငွေတွေ ပြင်ထားကြရတော့မယ်။ ဆိုလိုတာက စိုက်ပျိုးရေး စနစ်ပြင်သင့်ရင် ပြင်ရမယ်။ အရန်စီမံချက်၊ အရန်သိုလှောင်ထားမှုတွေ ရှိရတော့မယ်။ ကိုယ်တွေနိုင်ငံက သိတဲ့အတိုင်း တစ်ခုခုဆို ကမ္ဘာမီးလောင်ရင်တောင် သားကောင်ချနင်းကြမယ့် စီးပွားရေးသမားက များတယ်။ မိုးခေါင်လို့ မစိုက်နိုင်၊ မစိုက်နိုင်တော့ ကုန်ဈေးနှုန်းက ထိုးတက်ဆိုတာမျိုး မဖြစ်အောင် ကြိုပြီး ကာထားရလိမ့်မယ်။
နောက်ထပ်စိန်ခေါ်မှုက နေရာကွက်ပြီး မိုးကြီး ရေလျှံတာလည်း ဖြစ်နိုင်တယ်။ တောင်ကျချောင်းနဲ့ နီးတဲ့ ဒေသတွေ၊ အမြဲလိုလို ရေကြီးတတ်တဲ့ မြို့နယ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ထားတဲ့ ဒေသတွေမှာ ....ရေကြီး၊ ရေလျှံတွေ ဖြစ်လာနိုင်တယ်။ ဒီလိုသဘာဝဘေးဖြစ်လာရင်....ကယ်ဆယ်ရေးအတွက် ထမင်းထုပ်ဝေတာ၊ ရေသန့်ဝေရုံလောက်နဲ့ မရတော့ဘူး။ ခု ငဝန်တာ အရေးမှာဆိုရင်....စက်ယန္တရားတွေသုံးရတဲ့ အဆင့်အထိပါ ကြုံခဲ့ကြရပြီ။ သေချာတာကတော့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေ အနေနဲ့ အနီးကပ်ဆုံး ကြိုပြင်ထားနိုင်မှပဲ ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်ပါလိမ့်မယ်။
(နရီမိုး) | 7 020 |
| 16 | ထိုင်းဝန်ကြီးချုပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက် UNGA 81 မှာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထောက်ခံကြောင်း ပြောခဲ့တယ်။
ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်ကိုကြည့်ရင်..... ဒီရပ်တည်ချက်က ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံတိုင်းရဲ့ အသံကို UN မှာတန်းတူပါဝင်ခွင့်ပေးရေးဆိုတဲ့ အကျယ်ပြန့်ဆုံး မိန့်ခွန်းထဲကြားထဲမှာ ထူးထူးခြားခြား မြန်မာအစိုးရအပေါ် ထောက်ခံရပ်တည်ပေးခဲ့တဲ့ တစ်ခုတည်းသော ကွဲထွက်လာတဲ့ အခြေအနေလို့ ဆိုရမယ်။
-------
ထိုင်းဘက်ကနေ .....Myanmar Own Solution ဆိုတာက မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြင်ပအင်အားကြီးနိုင်ငံတွေက ဆုံးဖြတ်ပေးတာထက် မြန်မာနိုင်ငံအတွင်းက သက်ဆိုင်သူတွေကသာ ဖြေရှင်းကြတာက အမှန်ကန်ဆုံးနည်းလမ်း ဖြစ်တယ် ဆိုပြီး ထောက်ပြလာခဲ့တယ်။ ဒီတော့ အနီးစပ်ဆုံး မြန်မာ့နိုင်ငံရေးကို လွှမ်းမိုးတဲ့ နိုင်ငံကြီး ၂ နိုင်ငံနဲ့ ထိုင်း နိုင်ငံတို့ကြားက ဆက်ဆံရေးကို ပြန်ကြည့်ဖို့ လိုလာတယ်။
--------
တရုတ်နဲ့ဆိုရင် ၂၀၂၆ ဇူလိုင်မှာ အနုထင်က တရုတ်ကို သွားပြီး Xi Jinpingနဲ့ရော Li Qiang တို့နဲ့ပါ တွေ့ဆုံခဲ့တာရှိတယ်။ နှစ်နိုင်ငံစလုံးက Comprehensive Strategic Cooperative Partnership ကို ခိုင်မာစေဖို့နဲ့ လုံခြုံရေး၊ စီးပွားရေး၊ ဆက်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးတွေမှာ ပူးပေါင်းဖို့ သဘောတူထားကြတယ်။ ဒါက တစ်ချက်ပေါ့။ တစ်ဖက်မှာလည်း အမေရိကန်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီး မဟာမိတ်ဆက်ဆံရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ မြန်မာ့အခြေအနေတွေကို ဆွေးနွေးထားတာမြင်ရတယ်။
-------
တကယ်တော့ မြန်မာ့အရေးကို ထိုင်းက အမျိုးသား အကျိုးစီးပွားနဲ့ ချိတ်ဆက်ကြည့်တာလို့ ယူဆတယ်။ မြန်မာ့နိုင်ငံရေး မတည်ငြိမ်ရင်....ထိုင်းဘက်ကို စစ်ရှောင်များတယ်။ နယ်စပ် မတည်ငြိမ်ရင် ကုန်သွယ်ရေး ထိခိုက်တယ်။ နှစ်နိုင်ငံ နယ်စပ်ကြားမှာ တရားမဝင် ကိစ္စတွေ ပိုများတယ်။ ထိန်းချုပ်ရခက်တယ်လို့ သူတို့ဘက်က ဒီလို ခေါင်းစဉ်တွေနဲ့ မြင်တယ်။
------
ဘယ်လိုပဲ ဖြစ်ပါစေပေါ့....အရင်က ထိုင်း-မြန်မာ နိုင်ငံခြားရေး ဝန်ကြီးအဆင့်လောက် တွေ့ဆုံရင်တောင် အာဆီယံထဲ အသံပေါင်းစုံ ထွက်နေတဲ့ အခင်းအကျင်းက နေ......ထိုင်း–မြန်မာ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုနဲ့ပတ်သက်ပြီး UN လိုမျိုး နိုင်ငံတကာစင်မြင့်ထက်ကနေ ထောက်ခံ ရပ်တည်ပေးလိုက်တဲ့ ထိုင်းရဲ့ လုပ်ရပ်ကတော့ ....မဖြစ်မနေ အသိအမှတ်ပြုပေးရမှာပါပဲ။
(နရီမိုး) | 6 919 |
| 17 | တူညီတဲ့ အကျိုး လိုချင်လျှင်.....
မြတ်စွာဘုရားဟောတဲ့တရားတွေ ရှိတယ်။
တကယ့် သက်တော်ထင်ရှားဘုရားကို ရည်စူးပြီးတော့ စိတ်ကို တန်းတူ ထားနိုင်မယ် ဆိုရင် အကျိုးတူတယ်လို့တောင် မြတ်စွာဘုရားက ဟောထားတာ။
တိဋ္ဌန္တေ နိဗ္ဗူတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ သက်တော်ထင်ရှား မြတ်စွာဘုရား၊ ပရိနိဗ္ဗာန်စံသွားတဲ့မြတ်စွာဘရား၊ ဆိုပါစို့။
ကိုယ်က ပရိနိဗ္ဗာန်စံပြီးမှ လှူဖြစ်တယ်ဆိုတာ့ ပရိနိဗ္ဗာန်စံသွားတဲ့မြတ်စွာဘုရား
ဘုရား သက်တော်ထင်ရှားရှိတုန်းက တွေ့လိုက်ရတဲ့ပုဂ္ဂိုလ်တွေက ဘုရားသက်တော်ရှိတဲ့အချိန်မှာ ဘုရားကို တိုက်ရိုက်လှူရတယ်။
အဲဒီမှာ သက်တော်ထင်ရှား မြတ်စွာဘုရားကို လှူရတာရယ်၊ မြတ်စွာဘုရားကို ရည်စူးပြီးတော့ ပရိနိဗ္ဗာန်စံသွားပြီးတော့မှ လှူရတာရယ်၊
အဲဒီလှူရတဲ့အချက်နှစ်ခုမှာ စိတ်ဓာတ်ကို တူအောင် ပြင်ထားမယ်ဆိုလို့ရှိရင် အကျိုးပေးတူတယ်လို့ ဆိုတယ်။
အဲဒီတော့ ကိုယ့်ပေါ်မှာပဲ စိတ်နေသဘောထားကို ပြင်ရမှာ ဖြစ်တယ်။
အဲဒီတော့ မြသပိတ်မဲပေါက်တဲ့ပုဂ္ဂိုလ်ဟာ မိမိကိုယ်ကို စိတ်ထဲမှာ ခံစားကြည့်။
တစ်ချိန်တုန်းက ကဿပဗုဒ္ဓလက်ထက်မှာ ကဿပမြတ်စွာဘုရားက သပိတ်ပေးလိုက်လို့ ရသွားတဲ့မဟာဒုဂ်ကြီး ကံကောင်းလိုက်တာ၊ ဘုရားကို ဆွမ်းကပ်ခွင့်ရသွားတယ်။
ငါလည်းပဲ သူ့နည်းတူပဲ မြတ်စွာဘုရားကို ရည်စူးပြီးတော့ ကံကောင်းလို့ ဆွမ်းကပ် ခွင့်ရတယ်လို့ ဆိုပြီးတော့ စိတ်အားတွေ တက်ကြွပြီးတော့ ပီတိဖြစ်မယ်ဆိုလို့ရှိရင် အကျိုးပေးဟာ တူညီတဲ့အကျိုးကို ရရှိမှာ ဖြစ်တယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏 | 6 821 |
| 18 | 🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏 | 7 098 |
| 19 | ◾ တနေ့က ဖတ်လိုက်ရတဲ့ ပိုစ့်လေးက အတော်လေး စိတ်မသက်မသာ ဖြစ်စေတယ်။ ဖြစ်စဉ်မှာ ကားပိုင်ရှင်ရဲ့ ကားက မြန်မာနိုင်ငံ တောင်ဘက်ဒေသရဲ့ လိုင်စင်။ ရန်ကုန်နဲ့ အနီးစပ်ဆုံးကို ပြန်ဝင်ဖို့ လုပ်တော့ ပဲခူး ကညနမှာလုပ်ဖို့ စီစဉ်ခဲ့တယ်ပေါ့။ အဲ့ဒီမှာ ပထမဆုံး ကြုံရတာက လိုင်စင်ဝင်ရင် အမည်ပြောင်းအခွန်ပါ တစ်ခါတည်း ဆောင်မှ ဝင်ရမယ်ဆိုတဲ့ အခြေအနေလေး ဖြစ်လာတယ်လို့ဆိုတယ်။ နောက်ထပ်အဆိုးဆုံး ပြဿနာက ပြောင်းမယ့်သူက ရန်ကုန်လိပ်စာဖြစ်နေလို့ ပဲခူးနေရပ်လိပ်စာ ပြောင်းမှ ကားလိုင်စင် နယ်ဝင်တဲ့ ကိစ္စက အဆင်ပြေမယ်ဆိုပြီး ဖြစ်လာတယ်ပေါ့။ ဒါက ဌာန ညွှန်ကြားချက်လို့လည်း ပြောတယ်ဆိုပြီး တွေ့ရတယ်။
-------
◾ သူတို့ ကညနက သတ်မှတ်ထားတဲ့ အဲဒီညွှန်ကြားချက်က တကယ်ရှိ၊ မရှိတော့ ကိုယ်လည်း မသိဘူး။ အဲ့ဒီပြဿနာအတွက် ကညန ကနေ ပဲခူးသန်ခေါင်းစာရင်းအတွက် ပိုက်ဆံအပို ထပ်ဆောင်းတောင်းတယ်လို့ ရေးထားတယ်။ အဲ့ဒီပိုစ့်အောက်မှာပဲ ကာယကံရှင်က ရန်ကုန်ကနေ ပဲခူးနေရပ် လိပ်စာအတွက် သန်းခေါင်စာရင်း “အတု” လုပ်လိုက်ရတယ်ဆိုပြီး ရေးထားတယ်။ ပြဿနာက နယ်လိုင်စင်ဝင်ဖို့ ပိုက်ဆံ ပေးလိုက် ရတာက ပြဿနာမဟုတ်ဘူး။ ဒါတောင် ဒါက အဂတိငြိတယ်လို့ပြောလို့ရတယ်။ ခက်တာက…ပဲခူးသန်းခေါင်စာရင်းပါ ထပ်ထွက်လာခဲ့တာပဲ။
-------
◾ ဒီဖြစ်စဉ်က ကညန မှာ သာမန်ကားလိုင်စင်ဝင်တဲ့နေရာမှာ ဖြစ်တဲ့ ပြဿနာလို့ ဆိုနိုင် ပေမယ့်….အိမ်ထောင်စု သန်းကောင်စာရင်းကိုပါ “အတု”လုပ်လို့ရတယ်ဆိုတဲ့ ပြဿနာ ထပ်တွေ့ရတယ်။ အပေါ်က လူကြီးတွေက တိုင်းပြည်ကောင်းဖို့၊ နိုင်ငံကောင်းဖို့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး အင်တိုက်၊ အားတိုက်ဆောင်ရွက်နေချိန်မှာ…ဒီလို အသေး အမွှားလေးတွေက အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ ပြောရမှာပဲ။ ဒီလိုဖြစ်စဉ်တွေ တကယ်ရှိခဲ့သလား၊ ထပ်ရှိနေသေးလား…စိစစ်သင့်တယ်။ ဌာနမှာရော ဒီလို ညွှန်ကြား ချက် ဥပဒေ ရှိနေသလား၊ ရှိခဲ့ရင်…ပြည်သူမနစ်နာရတဲ့၊ အဂတိမဖြစ်နိုင်တဲ့ ပုံစံမျိုး ဘယ်လိုလုပ်သင့်သလဲဆိုတာ ပြုပြင်စေချင်မိတယ်။
(နရီမိုး) | 8 275 |
| 20 | ◾ မနေ့က NSPNC နဲ့ MNDAA တို့ နေပြည်တော်မှာ တွေ့ကြတယ်။ တကယ်တော့ ဒီခရီးစဉ် မတိုင်ခင်၊ လားရှိုးမှာ တစ်ကြိမ် အပြီးသတ်ဆွေးနွေးခဲ့ကြသေးတယ်။ ဖြစ်နိုင်တာ ကတော့…လားရှိုးတွေ့ဆုံချိန်မှာ နေပြည်တော်ကို လာရောက်ဖို့အတွက် သဘောတူညီနိုင် ခဲ့လို့ နေပြည်တော် ခရီးစဉ် ပေါ်ပေါက်လာတယ်လို့ပဲ အကြမ်းဖျင်း ယူဆရမှာပဲ။
-------
◾ MNDAA က မြောက်ပိုင်းမဟာမိတ်ရဲ့အဖွဲ့ဝင်ဖြစ်သလို FPNCC ရဲ့ အဖွဲ့ဝင်လည်း ဖြစ်တယ်။ လက်ရှိအချိန်အထိတော့ FPNCC ထဲမှာ လက်နက်ကိုင် ၇ ဖွဲ့ ရှိတဲ့အထဲက KIA နဲ့ AA ကလွဲရင် အကုန်နီးပါး ရောက်လာခဲ့တာလည်း တွေ့ကြရလိမ့်မယ်။ ဒီအဖွဲ့ဝင်တွေ အားလုံးတိုင်းက သီးခြားစီ ကိုယ်ကျိုးစီးပွားရည်မှန်းချက်တွေရှိကြတယ်။ ဥပမာ ၂၀၂၆ ဇွန်လထဲမှာ ဆွေးနွေးခဲ့တဲ့ NDAA ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဖို့ တောင်းဆို ထားတာမျိုးရှိတယ်။
------
◾ မနေ့က ဆွေးနွေးချက်ထဲက တရားဝင်ထုတ်ပြန်လာတဲ့အချက်တွေထဲမှာ ဗိုလ်ချုပ်ကြီး ရာပြည့်ပြောလာတဲ့ “ကိုးကန့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပီပြင်အောင် ဆောင်ရွက်ရေး” ဆိုတဲ့ အချက်ရယ်၊ MNDAA ဘက်ကလည်း “အားလုံးပါဝင်နိုင်တဲ့ လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ဆွေးနွေးရေးလမ်းကြောင်းကို ကြိုဆိုတယ်” ဆိုပြီး ပြောကြားထားတာ မြင်ရတယ်။ အရေးကြီးတာက…ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးနဲ့ နယ်စပ်ကုန်သွယ်ရေးဆိုတဲ့ အချက် ၂ ချက်ကို အဓိက ခေါင်းတည်ပြီး ဆွေးနွေးလာတာကတော့ ထူးခြားချက်တစ်ခုလို့ မြင်တယ်။
------
◾ ကြည့်ရတာ…တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆွေးနွေးပွဲ မစနိုင်ခင်မှာ တစ်ဖွဲ့ချင်းနဲ့ Bilateral Dialogue တွေ ရယူနိုင်ဖို့ ကြိုးစားနေတာ တွေ့နိုင်တယ်။ ဒီနေရာမှာ NSPNC ဘက်ကပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပီပြင်ဖို့ဆိုတာ ဘယ်လို ဖော်ဆောင်ကြမလဲ က အရေးကြီးမယ်ထင်တယ်။ ကောင်းတာကတော့…MNDAA အနေနဲ့ လောက်ကိုင်၊ ကုန်ကြမ်း ဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေသ အစိုးရပုံစံ ဖွဲ့စည်းနိုင် အောင် ဦးစားပေးလိုက်တာက အဖြစ်သင့်ဆုံးလို့မြင်တယ်။ သမိုင်းကြောင်းအရပြောပြော၊ ဖွဲ့စည်းပုံအရဆိုဆို ကွတ်ခိုင်၊ သိန္နီဒေသတွေက ကိုးကန့် လူမျိုးရဲ့ ဘိုးဘွားပိုင်အမွေမှ မဟုတ်ဘဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုပြန်မယ်။ အစိုးရနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ဘယ်လို ပါဝင်ခွင့်ရနိုင်မလဲဆိုတာကိုပဲ ရွေးချယ်ဖို့ ကြိုးစားသင့် တယ်။ နောက်ထပ်စိတ်ဝင်စားစရာက FPNCC ထဲက KIA နဲ့ AA က ဘယ်လိုတုံ့ပြန်လာနိုင် မလဲ…၊ စောင့်ကြည့်ကြတာပေါ့။
(နရီမိုး) | 7 971 |
