နရီမိုး
📈 Аналитический обзор Telegram-канала နရီမိုး
Канал နရီမိုး (@nyemoee) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 35 624 подписчиков, занимая 1 830 место в категории Религия и духовность и 4 119 место в регионе Мьянма.
📊 Показатели аудитории и динамика
С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 35 624 подписчиков.
Согласно последним данным от 24 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -158, а за последние 24 часа — -1, при этом общий охват остаётся высоким.
- Статус верификации: Не верифицирован
- Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 23.13%. В первые 24 часа после публикации контент обычно набирает 16.95% реакций от общего числа подписчиков.
- Охват публикаций: В среднем каждый пост получает 8 240 просмотров. В течение первых суток публикация набирает 6 039 просмотров.
- Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 500.
📝 Описание и контентная политика
Описание канала не предоставлено.
Благодаря высокой частоте обновлений (последние данные получены 25 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Религия и духовность.
Загружаем данные
| Дата | Привлечение подписчиков | Упоминания | Каналы | |
| 25 октября | 0 | |||
| 24 октября | +5 | |||
| 23 октября | 0 | |||
| 22 октября | 0 | |||
| 21 октября | +6 | |||
| 20 октября | +7 | |||
| 19 октября | 0 | |||
| 18 октября | +5 | |||
| 17 октября | +12 | |||
| 16 октября | +3 | |||
| 15 октября | 0 | |||
| 14 октября | +1 | |||
| 13 октября | 0 | |||
| 12 октября | 0 | |||
| 11 октября | 0 | |||
| 10 октября | +4 | |||
| 09 октября | 0 | |||
| 08 октября | 0 | |||
| 07 октября | 0 | |||
| 06 октября | 0 | |||
| 05 октября | 0 | |||
| 04 октября | +3 | |||
| 03 октября | 0 | |||
| 02 октября | +18 | |||
| 01 октября | +1 |
| 2 | သမိုင်းကြောင်းအရ ပြောပြော...ကိုးကန့်ဟာ သံလွင်မြစ်ကို ဘာအကြောင်းကြောင့်နဲ့မှ ကျော်စရာ မရှိဘူး။
စစ်နိုင်လို့ နယ်မြေသိမ်းကြေးဆိုရင်...တပ်ကလည်း ပြန်တိုက်မှာပဲ။ နောက်ကွယ်က ပယောဂသာ မပါစေနဲ့ပေါ့။
ခု အစိုးရက အသာတကြည်ပြောနေတယ်ဆိုတာက...ငြိမ်းငြိမ်းချမ်းချမ်း Political Dialogue သွားနေတာ။ တဖက်မှာ လက်မဲလည်း ရှိနိုင်လို့။ အပစ်ရပ်တွေမှာ ကူပေးတဲ့ ကျေးဇူးတရားတွေလည်း ထောက်နေလို့။
ကိုယ်မပိုင်တဲ့ နယ်မြေမှာ ...အမည်နာမ ပြောင်းတယ်။ အုပ်ချုပ်ရေးစနစ်ကို ခိုင်မာအောင် အစစအရာရာ ပြောင်းလဲတယ်။ တရုတ်ငွေကြေးပဲ သုံးရမယ် ဆိုတာမျိုးက UWSA ဒုတိယ ဗားရှင်းပဲ။
ကိုယ်တွေအစိုးရက သီပေါကို ပိတ်ထားတယ်ဆိုတာလည်း ဒါတွေကြောင့်ပဲ။ အဲ့လောက်ရိုးသားနေရင်...ရှမ်းမြောက်က မူလအတိုင်း ဖြစ်တာကြာပေါ့။ ၂၀၀၈ ခြေဥကို ကျော်လွန်တဲ့ တောင်းဆိုချက်တွေကို လက်မခံနိုင်ဘူးလို့ ပြတ်ပြတ်သားသား မပြောရုံတမယ်ပဲ ကျန်တော့တယ်။ နယ်စပ်ကုန်သွယ်ရေး မစဘူး ဆိုတာလည်း ဒါတွေကြောင့်ပဲ။
ကိုယ့်အကျိုးစီးပွား ခိုင်မာဖို့ ကြားခံ Proxy ခံတာက P t P မှာ စိန်ခေါ်မှု ဖြစ်တာပေါ့။ တကန့်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်ရင်တောင် ဒကစ လောက်ကိုင် တစ်ခုလုံး ဆုံးရှုံးထားခဲ့တာလေ။ နစ်နာစရာရှိရင် ကိုယ်တွေက အများကြီးပါ။ ရိုးသားကြဖို့ အများကြီးလိုပါသေးတယ်။
(နရီမိုး) | 4 162 |
| 3 | မဂ်လာနှစ်ပတ်လည် ဆိုတာ ဘဝမှာ
လောကီမဂ်လာနဲ့မနေပဲ လောကုတ္တရာ မဂ်လာနဲ့
နေရမယ်လောကလူတွေဟာ
၂ယောက်ပေါင်းပြီးနေရတယ်။စွယ်တော်ရွက်လို
၂ရွက်ပေါင်းမှ တစ်ရွက်။
မြတ်စွာဘုရားက ဟောတဲ့၄ခု ထဲမယ်၂ခုပဲမှတ်ထား
ဒေဝေနဒေဝီ အိမ်ထောင်ရေးကတစ်ခု
(နတ်တွေလိုဂုဏ်သိက္ခာရှိတဲ့အိမ်ထောင်မျိုး)
ဆဝေနဆဝီ အိမ်ထောင်ရေးက တစ်ခု
(လူသေကောင်လိုမျိုး ရှိတဲ့အိမ်ထောင်မျိုး)
အမျိုးသားကလည်းဂုဏ်သိက္ခာမရှိဘူး။
အမျိုးသမီးကလည်း ဂုဏ်သိက္ခာမရှိဘူး ဆိုတာမဖြစ်ရဘူး။အမျိုးသားကလည်း ဂုဏ်သိက္ခာ၊သဒ္ဓါ၊သီလ၊ပညာ
ပြည့်စုံရမယ်။အမျိုးသမီးကလည်း ဂုဏ်သိက္ခာ၊သီလ၊
ပညာ ရှိအောင်နေရမယ်။
ဆဝေနဆဝီဆက်ဆံရေး ဂုဏ်သိက္ခာတွေကုန်ဆုံးတယ်။
ဒေဝေနဒေဝီ ဆက်ဆံရေးဖြစ်အောင်လုပ်ရမယ်။အခုခေတ်က နေနဲ့လရွှေနဲ့မြကို လူတွေက ပစ္စည်းဥစ္စာလို့
ထင်နေကြတာ။ အဓိက ဒေဝဒေဝီဆက်ဆံရေး
ဖြစ်အောင်လုပ်ရမယ်။အမျိုးသား အမျိုးသမီး၂
ဦးစလုံး ကိုယ်ကျင့်တရားကောင်းရမယ်။
ပါချုပ်ဆရာတော်ဘုရားကြီး | 4 716 |
| 4 | 🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏 | 4 697 |
| 5 | ကျောက်မဲ ဗလီ ကိစ္စက ဘာသာရေးနဲ့ မဆိုင်ပါဘူး။ တခြား ဒီဘာသာကိုးကွဲသူတွေအနေနဲ့ လေနဲ့ ဝမ်းနဲ့ ကွဲဖို့ လိုပါ့မယ်။
ဒါနဲ့ပတ်သက်ပြီး မွတ်စလင်လူမျိုး ရှေ့နေ တစ်ယောက်က ဘုရားပစ္စည်း ၊ ဘုရားကို လှူထားပြီး တရားခံ မပိုင်တဲ့ ပစ္စည်းမို့ အကျုံးမဝင်ဘူးလို့ ရေးတာလည်း ဖတ်လိုက်ရတယ်။
တကယ်တော့ ...ဘုန်းကြီးကျောင်းပဲဖြစ်ဖြစ်၊ ဗလီပဲဖြစ်ဖြစ်၊ ချက်စ်ကျောင်းပဲ ဖြစ်ဖြစ် ...အကြမ်းဖက်လုပ်ငန်းအတွက် အသုံးပြုခဲ့ရင်၊ ဆက်စပ်မှုရှိခဲ့ရင်...အမှုတွဲ သေချာပေါက် ပါမှာပါပဲ။ ဒါက ဘာသာရေးနဲ့ မဆိုင်ပါဘူး။ ဗလီမို့လို့ သောက်မြင်ကပ် ပုဒ်မနဲ့လည်း အမိန့်ချမယ် မထင်ပါဘူး။
ခုက မြင်ရသလောက် ... TNLA ဝင်လာချိန်တုန်းက ဒီဗလီကနေ ဘယ်လို Action လုပ်ခဲ့သလဲ ဆိုတာက အဓိကပါ။ သိတဲ့သူ၊ မြင်တဲ့သူ၊ ကြားတဲ့သူ တွေ အများကြီးပါ။ အကြမ်းဖက်က သပ်သပ်၊ ဘာသာရေးက သပ်သပ်ပါ။ ၂၀၂၁ အလွန်ကာလမှာ ...ရန်ကုန်မှာ တိုက်ခန်းနေရာတွေငှားပြီး UG တွေ လုပ်ခဲ့လို့ ...အကြမ်းဖက်လုပ်ငန်းနဲ့ဆက်စပ်ရင် တိုက်ခန်းတွေ၊ အိမ်တွေ ချိတ်ပိတ်အရေးယူခဲ့တာလည်း အများကြီးပါ။
ဒီကိစ္စမှာလည်း....ဗလီက အကြမ်းဖက်လုပ်ငန်း၊ ဖြစ်စဉ်နဲ့ မပတ်သက်ပါဘူးဆိုတာ တရားဥပဒေလမ်းကြောင်းအရ သက်သေပြနိုင်အောင် ကြိုးစားပေါ့။ ဘာသာရေးကို နှိပ်ကွပ်ပါတယ် ပုံစံမျိုးနဲ့တော့ အစွန်း မရောက်နဲ့ပေါ့။ လူတစ်ယောက်က မူးယစ်ဆေးဝါး ကို ကားနဲ့ သယ်လာရင်...အဲ့ကားက သူ့အပိုင် မဟုတ်လည်း ပြစ်မှုမှာ ဆက်စပ်နေလို့ သိမ်းခံရမှာပါပဲ။ မူးယစ်ဆေးဝါးကိုပဲ သယ်တာပါ။ ဒီကားက တခြားသူ ကားပါလို့ အကြောင်းပြခွင့်တော့ ရမယ် မထင်ပါဘူး။
ကိုယ်ကတော့ မက္ကာမှာ ဖြစ်တဲ့ ကိစ္စနဲ့လည်း တန်းမညှိပါဘူး။ ဒါပေမယ့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိရင်တော့ ဗလီလည်း ချိတ်ပိတ်ခံရမှာပါပဲ။ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ဘာသာရေးနဲ့ မရောထွေးဖို့ လိုပါတယ်။
(နရီမိုး) | 6 573 |
| 6 | အခြေခံ သဘောတရား
ရန်သူအခြေပြုတဲ့ စစ်စခန်းတစ်ခုကို တိုက်တဲ့အခါ...ဒီစခန်းရဲ့ ထောက်ပို့ဖြစ်နိုင်တဲ့ Log လမ်းကို အရင် ဖြတ်ရပါတယ်။
သောက်/သုံးရေလည်း ဖြစ်ကောင်းဖြစ်မယ်။ လက်နက်ခဲယမ်းလည်း ဖြစ်ကောင်းဖြစ်မယ်။ လူအင်အား HR လည်း ဖြစ်ကောင်းဖြစ်မယ်။ မဟာမိတ်လမ်းကြောင်းလည်း ဖြစ်ကောင်း ဖြစ်မယ်။ သံတမန်ရေး လမ်းကြောင်းလည်း ဖြစ်ကောင်း ဖြစ်ရပါ့မယ်။
ဒီလမ်းကြောင်းတွေ ကနဦး မဖြတ်တောက်ဘဲ လှေရိုးထိုးကြီး ရိုးရိုးအတိုင်း တိုက်စစ်ဆင်ရင်....ကွဲပြားတဲ့ ရလဒ် ရဖို့ ခက်ပါတယ်။ အချိန်ကြာမြင့်နိုင်ပါတယ်။ စစ်ပမ်းရနိုင်ပါတယ်။ အင်အား အလေအလွှင့်များနိုင်ပါတယ်။
ရန်သူ့ ဆုတ်လမ်း/ဝင်လမ်း ထိန်းသိမ်းနိုင်ပါမှ ...မိမိရဲ့ ထိုးစစ်နဲ့ တိုက်စစ်က ထိရောက်မှု ရှိမှာပါ။ ကိုယ်ကလည်း ရန်သူနဲ့ စစ်ဆိုင်ထားတယ်။ ရန်သူကလည်း လိုအပ်သလို နောက်က Log ရနေရင်....မီတာ ၅၀ ရှေ့တိုးနိုင်ဖို့တောင် ခက်ပါတယ်။
မနေ့က မံစီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ ဆက်စပ်တွေးနိုင်ဖို့ပါ။
(နရီမိုး) | 6 266 |
| 7 | တော်လှန်ရေးက ပြိုဆင်းလာနေပြီဆိုတာ အကြောင်းမဲ့ ပြောတာ မဟုတ်ဘူး။ ဒေတာ ကိန်းဂဏန်းတွေကိုကြည့်ရင် ပိုပြီး သိသာစေလိမ့်မယ်။
မနေ့က တပခ မှာ PDF ကလေးတွေ အလင်းဝင်တယ်။ စုစုပေါင်း ၅၂ ဦး။ ရှေ့မှာလည်း အလင်းဝင်ခဲ့ကြတာ ရှိခဲ့ဖူးတယ်။ ဒီ လူငယ်အင်အားစုက ၂၀၂၁ အလွန်မှာ EAO နယ်မြေထဲ ရောက်သွားခဲ့ရာကနေ လက်နက်ကိုင်ခဲ့ကြတဲ့သူတွေ။ ဒီ ၅ နှစ်အတွင်း သေတဲ့ကလေးတွေ သေမယ်။ ဒုက္ခိတ ဖြစ်တဲ့သူလည်း ရှိကောင်း ရှိမယ်။ အနာဂတ်တွေ ပျောက်ပြီး အိမ်နဲ့ ၊ မိသားစုနဲ့ ဝေးနေကြတဲ့သူတွေလည်း ပါကောင်း ပါနိုင်တာပဲ။
နိုင်ငံရေးလို့ပြောပြော၊ စစ်ရေးလို့ပဲ ဆိုဆို ငွေကြေးဓန အင်အား မတောင့်ရင် ရေရှည်ရပ်တည်ဖို့ မလွယ်ဘူး။ ဥပမာ နိုင်ငံရေးပါတီပဲ ဆိုကြပါစို့။ ယုံကြည်ချက်ကြောင့် မဟုတ်ရင် ပါတီ တစ်ခု ရေရှည်တည်တံ့ဖို့ဆိုတာ သိပ်ခက်တယ်။ ပါတီဝင်ဆိုတာကလည်း အလကား မဝင်ဘူး။ သူတို့ရဲ့ သာရေး၊ နာရေး ကိစ္စတွေကို အမြဲတစေ မဟုတ်တောင် ထောက်ပံ့ကူညီနေမှ ရမယ်။ ဒါက နိုင်ငံရေးကိုပြောပြတာ။
စစ်ရေးကတော့ ပိုဆိုးတာပေါ့။ ကျည်ဆံတစ်တောင့် က သောင်းကျော်ဖြစ်လာရင် ဘာနဲ့ စစ်တိုက်ကြမလဲ။ ခုလည်း လက်နက် ၂၃ လက်၊ ခဲယမ်းက ၂၀၇ တောင့် ဆိုတာလေး တွေ့လိုက်တယ်။ လူတစ်ယောက်ကို ကျည်ဆံ ၉ တောင့်ပဲ ရှိတဲ့ သဘော။ တကယ့်မြေပြင်မှာ တိုက်ပွဲဖြစ်ရင် ဒီအနေအထားနဲ့ ဘာသွားလုပ်ကြမလဲ။ လက်နက်ခဲယမ်းအတွက်က လိုအပ်တဲ့ငွေကြေးကို ထောက်ပို့ရှိနေရင် အကြောင်းမဟုတ်သေးဘူး။
ထောက်ပို့ဆိုတာကလည်း အမြဲတမ်း မျှော်လင့်လို့မရဘူး ။ အခွန်ဆက်ကြေး ကောက်ဖို့ ဆိုတာကလည်း ပြည်သူက လိုလိုလားလား ရှိဦးမှ။ လက်နက်တော့ကိုင်တယ်။ အဆုံးသတ် တိုက်ပွဲအထိလည်း အင်အားမရှိဘူး။ နိုင်ငံရေးအရလည်း ဆွေးနွေးရအောင် ကိုယ်က ဘာအဆင့်မှ မဟုတ်နေရင်....ဘာကိစ္စ EAO နယ်မြေ၊ EAO လက်အောက်မှာ လက်နက်ကိုင်ပြီး အသက်တွေပေးနေကြဦးမလဲ။
စစ်တိုက်ဖို့ ခဏထား။ ဒီ ၅၂ ဦးရဲ့ ထမင်း ၃ နပ်စာအတွက် ဘယ်က ပိုက်ဆံရမလဲ။ ကြားထဲ မိန်းကလေးတွေရဲ့ ကျန်းမာရေးအကြောင်း မပြောသေးဘူး။ ဒါတွေကို သုံးသပ်ပြီးရင် ....တချို့ ကျန်နေသေးတဲ့ ကလေးတွေ စဉ်းစားချိန်တန်ပြီလို့ပဲ ပြောချင်တာပါ။
(နရီမိုး) | 6 485 |
| 8 | ◾ နိုင်ငံရေးဝမ်းစာပြည့်ဖို့ MNDAA အနေနဲ့ အရေးကြီးပါတယ်။ တရုတ်သမ္မတ ရှီကျင်ဖျင့်ထံ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲ….လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နယ်မြေတစ်ခု ထိန်းချုပ်နိုင်ခဲ့တဲ့အပေါ်မှာ အခြေခံပြီး ရပိုင်ခွင့်ဆိုတဲ့ သဘောမျိုးနဲ့ နိုင်ငံရေးအဆင့်အတန်း သတ်မှတ်တာကို လက်မခံနိုင်ပါဘူး ဆိုပြီး ရေးခဲ့တာက…MNDAA နဲ့ ကိုယ့်လုပ်ရပ်ကို အမြန်ဆုံး သဘောပေါက် နားလည်နိုင်ဖို့ အတွက် ရည်ရွယ်တာပါ။ နောက်ကွယ်မှာ အားကိုးမပါရင်လည်း MNDAA နဲ့ ဒီလောက်မိုက်မဲလိမ့်မယ် မထင်ပါဘူး။ ကိုယ်မပိုင်တဲ့ နယ်မြေတစ်ခုပေါ်မှာ ဒီနယ်မြေရဲ့ ရှိပြီးသား ယဉ်ကျေးမှုတွေ၊ သမိုင်းတွေ၊ ဘာသာစကား တွေ ဖျောက်ဖျက်တာက စဉ်းစားဉာဏ်နည်းတဲ့ လုပ်ရပ်တစ်ခုပါ။
-------------
◾ တရုတ်အစိုးရကိုလည်း ဒါ့ကြောင့် မေတ္တာရပ်ခံခဲ့တာပါ။ အစိုးရချင်း G to G မသွားဘဲ Proxy ခံရင်…နှစ်ဖက်ယုံကြည်မှု ပျက်မှာပေါ့။ နှစ်နိုင်ငံစလုံးက ရည်ရွယ်ထားတဲ့ CMEC တွေ ဘယ်လိုလုပ် စနိုင်မှာလဲ။ အစိုးရ၊ ပြည်သူ ပြုံးပျော်အကျိုးရှိနိုင်မယ့် စီမံကိန်းတွေ လုပ်ကြတဲ့နေရာမှာ ကြားထဲမှာ EAO + မြန်မာအစိုးရ+ တရုတ်အစိုးရ ဆိုတဲ့ အခင်းအကျင်းမျိုး ဖန်တီးလို့ ဘယ်လိုမှ မရပါဘူး။ နယ်စပ်ရေးရာ ကုန်သွယ်ရေးမှာ အစိုးရချင်းကသာ တိုက်ရိုက်ဆက်ဆံကြတဲ့ ထုံးစံ ရှိပါတယ်။ တစ်ခုရှိတာက…ဒီနယ်စပ် ကုန်သွယ်ရေးကိစ္စတစ်ခုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုကို ဖြတ်နေလို့ ဘဏ္ဍာရေးအရ Sharing လုပ်ကြရမှာက တကဏ္ဍတစ်ခုပါ။
----------
◾ ခုလည်း ရှမ်းဘက်ကနေ ကန့်ကွက်ကြောင်း စာတွေ ထုတ်လာခဲ့ပြီးပြီမလား။ MNDAA နဲ့ ဖွဲ့စည်းပုံက နှင်းအပ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုမှာ နိုင်ငံရေးအရ အာမခံချက်တစ်ခုရအောင်ကြိုးစား၊ နှစ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးကို ဒေသဖွံ့ဖြိုးရေးနဲ့ ချိတ်ဆက်နိုင်ဖို့ ကြိုးစားတာက လက်တွေ့အကျ ဆုံးပါ။ ငါတို့ စစ်နိုင်လို့ အထူးဒေသဖွဲ့တာပဲဆိုရင်တော့….တစ်ချိန်ချိန်မှာ ဒီအကျိုးဆက်ကို သေချာပေါက် ပြန်ခံရပါလိမ့်မယ်။
(နရီမိုး) | 6 112 |
| 9 | ◾ စစ်ကိုင်းထဲက တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဆားတောင်မိုးကြိုးအဖွဲ့က လက်နက်တွေကို NUG ဆီအပ်ပြီး အဖွဲ့ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းလေးတွေ့လိုက်ရတယ်။ ဒီလို လက်နက်ပြန်အပ်ပြီး အဖွဲ့မဖျက်သိမ်းခင်…ရှေ့မှာ ခေါင်းဆောင်ကိုတောင် လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်စဉ်တစ်ခုရှိထားတယ်။ အဖွဲ့ခေါင်းဆောင်ကိုတော့ လုပ်ကြံသတ်ဖြတ်ပြီဆိုမှတော့…လက်နက်ကိုင်ထားတဲ့ အဖွဲ့တွင်း ညီညွှတ်ရေးဆိုတာ အတော်လေးလုပ်ယူဖို့ခက်ခဲသွားပြီဆိုတာ သာမန်လူတွေတောင် သိနိုင်တဲ့ကိစ္စမျိုး ပဲ။ တော်ရုံ Leadership နဲ့ဆိုရင်…အခန့်မသင့်ရင် နောက်ကျည်မှန်တော့မှာကိုး။
------------
◾ ဒီတော့…NUG လက်အောက်က LPDF တွေ ဘာကြောင့် တော်လှန်ရေးကို စွန့်ခွာလာကြသလဲပေါ့။ ဒီမေးခွန်းက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ ဥပမာ-ဗိုလ်နဂါးလို ဒေသတွင်းမှာ အင်တားတောင့်တင်းတဲ့ အဖွဲ့အစည်းတစ်ခုကို မိတ်ဖက်မလုပ်နိုင်ဘဲ ရန်သူသွားလုပ်တာက ညီညွှတ်ရေးမှာ ပြဿနာကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားတယ်လို့ ဆိုရမှာပဲ။ NUG အောက်မဝင်လိုတဲ့ တခြား လက်နက်ကိုင်တပ်ဖွဲ့ တွေကလည်း ဗိုလ်နဂါးကိုတောင် ဒီလိုလုပ်ရင်…ငါတို့ဆိုရင်ရောဆိုတဲ့ အတွေးက သေချာပေါက်ဖြစ်လာ မှာပဲ။
---------
◾ နောက်ထက် အားနည်းချက်တစ်ခုက အမြဲပြောခဲ့သလို NUG ရဲ့ အဓိက ပင်မ ဒေါက်တိုင်က လော်ဘီနိုင်ငံရေး ဩဇာပဲ။ ပန်ဆယ်လိုတို့ကအစ NUG နဲ့ နွေဦးတော်လှန်ရေးအတွက် အလှူခံတာတွေ ဆက်တိုက်လုပ်ခဲ့ပေမယ့်….ဒီ ၅ နှစ်အတွင်းမှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ရလဒ်မထွက်ဘူး။ ကမ်းပိန်း တွေမှာ ခိုးတာ၊ ဝှက်တာက တစ်ပိုင်းသပ်သပ်ပေါ့။ ဒီတော်လှန်ရေးကြီးက မအောင်မြင်နိုင်တော့ဘူးဆိုတာ သိလို့၊ တနည်းအားဖြင့် တစ်ချိန်ချိန်မှာ ထွက်ရှင်းရတော့မယ်။ တာဝန်ခံရတော့မယ်ဆိုတာ သိလို့… ပန်ဆယ်လိုကိုယ်တိုင်က တော်လှန်ရေးအလှူခံပေးတဲ့ နေရာကနေ ရုတ်တရက် နားလိုက်တာတွေ့နိုင် တာပဲ။
-----------
◾ ဗိုလ်နဂါးပြောသလို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုက်တောင် ဒီတော်လှန်ရေးကြီး က မအောင်မြင်နိုင်ဘူးတဲ့။ သန္ဓေမှ မမှန်ကြတာကိုး။ ၂၀၂၁ အလွန်ကာလမှ အင်တိုက်၊ အားတိုက်နဲ့ စခဲ့တဲ့ နွေဦးတော်လှန်ရေးက အဖက်ဖက်ကနေ ပြိုဆင်းလာနေပြီဆိုတာ…သူတို့ကိုယ်တိုင် အသိဆုံးဖြစ်မှာပါ။ တော်လှန်ရေးက မနိုင်ဘူးဆိုလို့…သံတမန်ရေး မျက်နှာစာမှာရော နိုင်လားဆိုတော့…နိုးပါပဲ။ ကျော်မိုးထွန်းကိုယ်တိုင် ဒေါ်လာ ၂.၇ သန်း ကိစ္စဖြေရှင်းရဦးမှာပါ။ ပူပူနွေးနွေး မျိုးရန်နောင်သိမ်းတို့ Case မှာတင် ဒေါ်လာ ၂ သိန်းပြဿနာ ခုထိ မဖြေရှင်းနိုင်သေးပါဘူး။ အပေါ်မှာ အလှူခံပေးတဲ့သူတွေကိုယ်တိုင် ဇီးသီးဗန်းမှောက်သလို ဖြစ်နေမှတော့…မြေပြင်မှာ ဦးဆောင်သူမရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရှင်သန်ရပ်တည်ရေးက ခေါင်းမပါတဲ့ ရထားတွဲလိုမျိုး ဖြစ်နေခဲ့တယ်လို့ပဲ သုံးသပ်ရမှာပါ။ ဒါကပဲ သူတို့ရေးခဲ့ကြတဲ့ တော်လှန်ရေးသမိုင်း ဖြစ်ပါတယ်။ ကြားထဲက ယုံကြည်ပြီး ထောက်ခဲ့ကြတဲ့ပြည်သူတွေကတော့ မြေဇာပင် သပ်သပ်ပဲပေါ့။ သေသွားကြတဲ့ PDF လူငယ်တွေက နည်းမှမနည်းကြပဲကိုး။
(နရီမိုး) | 5 813 |
| 10 | သီလမလုံတဲ့ဘုန်းကြီးတွေကို မလှူချင်ဘူးဆိုတဲ့ ဒကာ ဒကာမများအတွက်⬇️
မြတ်စွာဘုရား
အလောင်းတော်ဝေဿန္တရာမင်း
လက်ထက်တုန်းက-
ဇူဇကာပုဏ္ဏားကြီးကို
သားတော်နဲ့ သမီးတော်တွေ
လှူလိုက်တုန်းက
ဇူဇကာပုဏ္ဏားဟာ
ဘယ် သီလရှိတဲ့ပုဂ္ဂိုလ် ဟုတ်မှာလဲ။
မိန်းမကြောက်လို့ ကလေးတွေကို
အဝေးကြီးက လာပြီးတော့
တောင်းတာ၊ သီလ လုံးဝမရှိဘူး။
အဲဒီ သီလမရှိတဲ့ ပုဏ္ဏားကို
မြတ်စွာဘုရားလောင်းက
သားတော် သမီးတော်တွေကို
ရက်ရက်ရောရော လှူလိုက်တယ်။
အဲဒီအလှူဒါနဟာ
ဇူဇကာဆိုတဲ့ အလှူခံပုဂ္ဂိုလ်ကြောင့်
အကျိုးကြီးတာ မဟုတ်ဘူး။
ဝေဿန္တရာမင်းဆိုတဲ့
ကိုယ်ကျင့်တရားကောင်းတဲ့
ဘုရားလောင်းဘက်က
အကျိုးကျေးဇူးဟာ အများကြီးရတာ။
အများကြီးရရုံတင် မဟုတ်ဘူး၊
သူ့ရဲ့စေတနာစွမ်းအားကြောင့်
သားသမီးတွေကို လှူလိုက်တဲ့အခါ
မြေငလျင်တောင် တုန်ဟီးသွားတယ်လို့
ပြောတယ်။
လှူတဲ့ အခါမှာ
အလှူခံပုဂ္ဂိုလ်က ပိုပြီးတော့
အရေးကြီးသလား၊
အလှူဒါယကာက ပိုပြီးတော့
အရေးကြီးသလားဆိုတော့
နှစ်ဖက်စလုံး အရေးကြီးတယ်လို့တော့
ပြောရမယ်။
သို့သော် တကယ် ပြင်ရဆင်ရမှာက
လှူတဲ့ ပုဂ္ဂိုလ်က ပိုပြီးတော့
ပြင်ရဆင်ရမယ်။
အလှူခံပုဂ္ဂိုလ်ဆိုတာ
ကိုယ်သိနိုင်တာ မဟုတ်ဘူး။
ကိုယ်ကျင့်သီလ ရှိသလား
မရှိဘူးလား မသိနိုင်ဘူး။
မြတ်စွာဘုရားဟောထားတာ
လောကမှာ-
အပေါ်ယံ ရွှေမှုန်ကြဲ၊
အထဲက နောက်ချေးခံ´ ဆိုတာလို
ကိုယ်ကျင့်တရားမရှိပေမယ့်
ကိုယ်ကျင့်တရားရှိတဲ့
အသွင်သဏ္ဍာန်ပေါ်အောင်နေတဲ့
ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။
ဒါကြောင့်
အလှူခံပုဂ္ဂိုလ် သီလ ရှိ မရှိ
အတိအကျ မသိနိုင်ဘူးပေါ့။
ဒါယကာ တစ်ယောက်က
မြတ်စွာဘုရားကို လာပြီးတော့
ဖူးစဉ် မြတ်စွာဘုရားက မေးတယ်။
ဒါနကောင်းမှုတွေ ပြုသလားဆိုတော့
ပြုပါတယ်၊
တပည့်တော်ရဲ့ အလှူကိုကြွတဲ့
ပုဂ္ဂိုလ်တွေဟာ အကုန်လုံး
ရဟန္တာတွေချည်းပဲ ဘုရား၊
တပည့်တော်က
ရဟန္တာတွေမှ ရွေးလှူတာလို့
ပြောတယ်။
အဲဒီတော့ မြတ်စွာဘုရားက
သတိပေးတယ် ။
ဒါယကာ၊
သင်လို လူတစ်ယောက်အနေနဲ့
ဒီပုဂ္ဂိုလ်ဟာ ရဟန္တာလား၊
ဒီပုဂ္ဂိုလ်ဟာ
ရဟန္တာ မဟုတ်ဘူးလားဆိုတာ
မသိနိုင်ဘူးတဲ့ ။
သံဃာကိုသာ ရည်စူးပြီးတော့
လှူပါ´ လို့ မြတ်စွာဘုရားက
ဆုံးမဖူးတယ်။
ရဟန္တာပုဂ္ဂိုလ်ဆိုပြီးတော့
ရွေးလှူတာမျိုး မလုပ်ပါနဲ့တဲ့။
သံဃာကိုသာ ရည်စူးပြီးတော လှူပါတဲ့။
ဒီစာလေးကို ဖတ်ပြီး
သံဃာကိုလှူတဲ့အခါမှာ
ပုဂ္ဂိုလ်ကို မရည်ညွှန်းဘဲ
သံဃာတော်အများကို
ရည်ညွှန်းပြီး လှူနိုင်ကြပါစေ။
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး | 5 810 |
| 11 | 🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏 | 5 650 |
| 12 | "တရုတ်သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ"
✅မြန်မာပြည်သူတစ်ဦးအနေဖြင့် အထူးအလေးထားတောင်းဆို လိုသည့်အချက်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးပြဿနာများကို ဖြေရှင်းရာတွင် တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့အကြား အစိုးရချင်း (G to G) တိုက်ရိုက် ဆွေးနွေး ညှိနှိုင်းမှု ကို အခြေခံသည့် နည်းလမ်း ပိုမိုခိုင်မာလာစေလို.......
✅မြန်မာနိုင်ငံ၏ ရေရှည်ငြိမ်းချမ်းရေးအတွက် အရေးအကြီးဆုံးအချက်တစ်ခုမှာ တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာတို့အကြား မျှတသော နိုင်ငံရေးသဘောတူညီမှုတစ်ရပ် ရရှိရေးဖြစ် ......
✅အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်မြေတစ်ခုကို ထိန်းချုပ်နိုင်ခဲ့ခြင်းတစ်ခုတည်းအပေါ် အခြေခံ၍ ထိုနယ်မြေ၏ အနာဂတ်နိုင်ငံရေးအဆင့် အတန်းကို အပြီးသတ်သတ်မှတ်ခြင်းသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ခိုင်မာသည့်အခြေခံမဖြစ်နိုင် ဟု ရိုးသားစွာယုံကြည်မိ......
✅ပေါက်ဖော်ချစ်ကြည်ရေးဆိုသည်မှာ တစ်ဖက်၏ အကျိုးစီးပွားကိုသာ အလေးထား ခြင်းမဟုတ်ဘဲ နှစ်ဖက်စလုံး၏ အကျိုးစီးပွား၊ ဂုဏ်သိက္ခာနှင့် အချုပ်အခြာ အာဏာကို အပြန်အလှန် လေးစားခြင်းဖြစ်သည်ဟု ပြည်သူတစ်ယောက်အနေဖြင့် ယုံကြည်မိ......
အပြည့်အစုံအား မနက်ဖြန်ထွက်ရှိမည့် သူရိယနေဝန်းဂျာနယ်တွင် ဖတ်ရှုနိုင်ပါသည်။
(နရီမိုး) | 6 676 |
| 13 | မြန်မာ့အရေးက ဆုံးဖြတ်ချက်မှားရင် ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ Turning Point ကို ရောက်နေပြီလို့ပဲ ရိုးရိုးသားသား တွေးပါတယ်။ ခပ်စိပ်စိပ်တွေ့နေတဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ ဆာဆာကာဝါရဲ့ အခန်းကဏ္ဍကလည်း မေ့ထားလို့ ဖြစ်မယ်မထင်ပါဘူး။
ဒေါ်စုကို အကျယ်ချုပ်ပြောင်းပေးလိုက်တာ ထားလိုက်ဦး။ ICRC နဲ့ပေးတွေ့တာ။ ချာလ်းဘုရင်ရဲ့ ပါဆယ်စာအုပ်တွေ ပေးပို့တာ၊ နောက်ဆုံး သားအမိချင်း ပေးတွေ့တာတွေက နိုင်ငံရေးအရ Give and Take ပါပဲ။
ဒီနေရာမှာ ကိုယ်တွေအစိုးရရဲ့ ပစ်မှတ်က ဆန်ရှင် ဖြေလျှော့ခွင့်ရဖို့ တစ်ခုတည်း ဖြစ်နိုင်ပါတယ်။ ဒီနိုင်ငံမှာ အမေရိကန်ရဲ့ အကျိုးစီးပွားလည်း မရှိပါဘူး။ ခက်တာက ဝိုင်းကြီးချုပ်ပ်လုပ်ခံထားရတဲ့ မြန်မာ့စီးပွားရေး ပိတ်ဆို့မှုက အမေရိကန်နဲ့မြန်မာကြားက ဆက်ဆံရေး အဆင်ပြေမှပဲ ကျန်နိုင်ငံတွေက ကျွဲကူးရေပါသလို ပါပါ့မယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် အမေရိကန်ရဲ့ ဆန်ရှင်ပိတ်ဆို့မှုကို တရုတ်ကလည်း မကူညီနိုင်ပါဘူး။ ဒီတော့လည်း ကိုယ်ထူကိုယ်ထ ရုန်းရတဲ့ သဘောပါ။ ဒီနေရာမှာ တရုတ်အစိုးရအနေနဲ့လည်း သဘောထားကြီးပေးနိုင်မယ်လို့ မျှော်လင့်ရမှာပါပဲ။
၁၀၂၇ စဖြစ်ကတည်းက တစ်စိုက်မတ်မတ်ရေးနေခဲ့တဲ့ အရာတစ်ခု ရှိပါတယ်။ ဒါက နှစ်နိုင်ငံအစိုးရကြားမှာ Trust တစ်ခုက မဖြစ်မနေ တည်ဆောက်ကြဖို့ပါ။ ဒါကို အာမခံပေးသင့်တာက တပ်မတော်ပါ။ အစိုးရဟာ တဆက်ပြောင်းတိုင်း မူဝါဒ အချိန်းအပြောင်း ရှိတတ်လို့ပါ။
ပါဆင်နယ် အမြင်နဲ့သုံးသပ်ရရင်...အစိုးရ တဆက်ချိန်းတိုင်း မူဝါဒ တစ်ခါပြောင်းတတ်လွန်းလို့ တဖက်ကလည်း EAO ကို Proxy ခံချင်တဲ့သဘောပါ။ ရှေ့မှာ ဘာမပြော၊ညာမပြောနဲ့ မြစ်ဆုံ စီမံကိန်းကို ရပ်ချသွားတဲ့အခါ ဆက်ဆံရေးတစ်ခါ အေးခဲ့ပြီးပါပြီ။ ဒီလိုအဖြစ်မျိုးကို တရုတ်အစိုးရက ဒုတိယအကြိမ် ထပ်အဖြစ်ခံမယ် မထင်ပါဘူး။ ဒါ့ကြောင့်လည်း ကျားဖြန့်နှိမ်နင်းရေး ခေါင်းစဉ်တပ်ထားပေမယ့် နယ်စပ်ဒေသမှာ ခေါင်းပေါင်းချိန်းလိုက်တဲ့သဘောပါပဲ။ ကျားဖြန့်ဆိုတာကတော့ ကြိုရိုက်သွင်းထားတဲ့ ဇာတ်ကောင်တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အရေးကြီးတာက တရုတ်ဘက်ကမြင်နိုင်တာက တက်လာမယ့်/တဲ့ အစိုးရတွေကို လိုအပ်သလို ချိန်ညှိနိုင်ဖို့ EAO ကို Proxy ခံလိုက်တဲ့သဘောလို့ပဲ သုံးသပ်ပါတယ်။ မဟုတ်ရင် ကိုးကန့်က သီပေါကနေ ပြန်မဆုတ်ဘူး ဆိုတဲ့ အနေအထားမျိုး ခပ်မာမာ စစ်ဆိုင်ထားမယ်မထင်ပါဘူး။ အရင်က ကိုးကန့်ဟာ သံလွင်မြစ်တောင် ကျော်မရခဲ့ပါဘူး။
နိုင်ငံရေးပါတီတွေနဲ့ တွေ့ချိန်မှာ မြန်မာပြည်သူတွေရဲ့ အမြင်သဘောထားကို တောင်းတယ်ဆိုတာလေး ဖတ်လိုက်ရတယ်။ ကိုယ်တွေက ရှင်းပါတယ်။ တရုတ်ဟာ ကိုယ်တွေနိုင်ငံနဲ့ ယှဉ်ရင် ဆင်နဲ့ဆိတ်အနေအထားပါ။ မိုင်ပေါင်းထောင်ချီထိစပ်နေတဲ့ အိမ်နီးချင်းကို အမေရိကန်အားကိုးနဲ့ ပြန်လှန်နိုင်တဲ့ အဆင့်လည်း မဟုတ်ပါဘူး။ လုပ်လည်း မလုပ်ပါဘူး။
ဒါပေမယ့် ကိုယ်တွေဘက်ကလည်း နှစ်နိုင်ငံအကျိုးစီးပွားအတွက် အာမခံချက်ပေးပါ့မယ်။ ယုံကြည်စိတ်ချရမှု အပြည့်ရှိပါ့မယ်။ ဒါပေမယ့် တရုတ်အစိုးရအနေနဲ့လည်း အပြန်အလှန်အားဖြင့် G to G ချင်းသာ သွားစေလိုပါတယ်။ အကျိုးစီးပွားရှာတဲ့အခါ တရားဝင်နည်းလမ်းကိုသာ အသုံးပြုစေချင်ပါတယ်။ အထူးသဖြင့် မြေရှား ကိစ္စတွေပါ။ ဒါတွေက တရုတ်အစိုးရအပေါ်မှာ ပြည်သူတွေရဲ့ အမုန်းတရား ပိုပွားစေပါတယ်။ သံသယကြီးစေပါတယ်။
နယ်စပ်ကနေ မိုင် ၃၀ ကျော်ဝေးတဲ့ ဗန်းမော်မြို့ကို ဖျက်စီးတာကို ပြည်သူတွေက လက်ပိုက်ကြည့်နေရပေမယ့် KIA ကို ဗုံးပြန်ကြဲဖို့အတွက်ကြတော့ လိုင်ဇာက တရုတ်-မြန်မာ နယ်စပ်စည်းပေါ်မှာဖြစ်လို့ တရုတ်မျက်နှာကြည့်နေရတဲ့ အနေအထားပါ။ EAO ဆီက အောက်ကြေးနဲ့နှိုက်တာထက် G to G ချင်း သွားနိုင်ရင် ပိုကောင်းတဲ့ အရွေ့ဖြစ်မှာပါ။ ပြည်သူတွေလည်း ဝမ်းသာပီတိဖြစ်မှာပါ။
ကိုယ်တွေအစိုးရအနေနဲ့ ဒီချိန်မှာ တရုတ်-မြန်မာ ဆက်ဆံရေးကို ရင်ခြင်းအပ်ထားသင့်တယ်လို့ မြင်တယ်။ တချို့မီဒီယာတွေကိုယ်တိုင် တရုတ်-မြန်မာ ဆက်ဆံရေးကို ပင်းတိုက်လာနေကြတာလည်း တွေ့နိုင်ပါလိမ့်မယ်။ ဒီချိန်မှာ လုပ်သင့်လုပ်ထိုက်တာ ကြိုလုပ်ထားဖို့ လိုမယ်ပေါ့။ အနာဂတ် ရှမ်းမြောက်မှာ တရုတ်ခင်းထားတဲ့ ပွန်းရုပ်တွေ ပြန်ရုတ်သိမ်းဖို့က ကိုယ်တွေဘက်က ဘယ်လို ယုံကြည်မှု ပေးနိုင်မလဲ ဆိုတာနဲ့ပဲ ဆုံးဖြတ်မယ့်သဘောပါ။ အတိတ်မှာ သံသယဖြစ်စရာ စိုးရိမ်မှုမျိုးလည်း ကြုံခဲ့ထားခဲ့တာကိုး။
(နရီမိုး) | 7 278 |
| 14 | လူမျိုးနဲ့ချီပြီး ပြောလိုက်ရင်..... ကျန်တဲ့ ကြားထဲက မဆိုင်တဲ့သူတွေ သိပ်အားနာဖို့ ကောင်းတယ်။
အရင်ကတည်းက ပြောဖူးတယ်။ ရခိုင်မှာ တန်းတူညီမျှ ချစ်ချစ်ခင်ခင်နေဖို့ ဆိုတာ တခြားလူမျိုးတွေအတွက် သိပ်ခက်တယ်။ ရခိုင်မှာ နေဖူးရင် ပိုသိကြလိမ့်မယ်။ ဥပမာ-ကိုယ်တွေဝန်ထမ်းဆိုရင်....တမင်ကို ဈေးနှစ်ဆ တင်ရိုက်တာမျိုး၊ လုပ်လေ့ရှိတယ်။
တခြားလူမျိုးစု အကြောင်းမပြောသေးနဲ့ဦး။ ဒေါ်စောမြရာဇာလင်း အဖွဲ့တွေကိုတောင် ပက်ပက်စက်စက်ပြောကြ၊ ရေးကြတာလည်း သူတို့ပဲ။ AA ကတော့ ပိုဆိုးပေါ့လေ။ ဒေါ်စောမြရာဇာလင်းရဲ့ အဖွဲ့တွေကို အလစ်ချောင်းပြီး လုပ်ကြံသတ်ဖြတ်တာတွေတောင် လုပ်ခဲ့ဖူးတာပဲ။ ဒါတောင် မျိုးနွယ်တူခြင်းနော်။ နိုင်ငံရေး ခံယူချက် မတူတာလေး တစ်ခုပဲ။
ခုလည်း ...စစ်တွေမြို့ထဲကို AA က လက်နက်ကြီး ပစ်ထည့်တယ်။ စစ်တွေဆိုတာက...တပ်က ခံစစ်ပြင်ထားတဲ့မြို့။ အများစုကလည်း ရခိုင်လူမျိုးတွေပဲ။ ခုလည်း ကလေးတစ်ယောက် အရိုးပေါ်တဲ့အထိ လက်နက်ကြီး ကျည် ထိသွားရပြီ။ နောက်....ယုတ္တိရှိ၊မရှိ တွေးကြည့်ပေါ့။ တိုက်စရာရှိရင်တောင် စစ်တွေအပြင်ဘက်က AA ကတိုက်ရမှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် တပ်က ကိုယ်ခံစစ်ပြင်ထားတဲ့ စစ်တွေကို လေကြောင်းက ဗုံးကြဲမလဲ။ ထမိန်ဝတ်ထားဖို့ ကောင်းတယ်။
အကြမ်းဖက် AA က ကိုယ်တွေစစ်သုံ့ပန်း အယောက် ၁၀၀ ကျော်ကိုတောင် အရှင်လတ်လတ် သတ်ပြီး လေကြောင်းကနေ ဗုံးကြဲပါတယ်ဆိုပြီး သတင်းလိမ်ခဲ့သေးတာပဲ။ ရခိုင်အများစုရှိတဲ့ သူတို့မြို့တော်ကို လက်နက်ကြီးနဲ့ ပစ်တာလောက်တော့ အထူးအဆန်း ဖြစ်မယ် မထင်ပါဘူး။ ဒါ့ကြောင့်လည်း တောင်ပိုင်း ရခိုင်တွေက AA လက်ကလွတ်အောင် ပြေးခဲ့ကြတာ ဖြစ်မယ်။
(နရီမိုး) | 6 518 |
| 15 | အနေအထားတွေက ခပ်စိပ်စိပ်ပါပဲ။ ICRC ပေးတွေ့တယ်။ ဆာဆာကာဝါဆိုင်းမဆင့်၊ ဗုံမဆင့် ရောက်လာတယ်။ ဂျပန်မှာ တတိယကြိမ်မြောက် တွေ့ဆုံမှုတွေရှိတယ် ဆိုတဲ့ သတင်းတွေ ခပ်သဲ့သဲ့ကြားလာရတယ်။ ဒီအနေအထားမှာ တချို့ Give and Take တွေ ရှိခဲ့သလားပေါ့။
အစိုးရဘက်ကြည့်ရင်လည်း တုံ့ပြန်မှုတွေက သွက်တယ်လို့ ပြောရမယ်။ ချားလ်စ်ဘုရင်ရဲ့ စာအုပ်တွေ ပို့ပေးတယ်။ သူ့သားနဲ့ ဖုန်းပြောဖို့ကလည်း အဲ့ချိန်ကတည်းက ညှိခဲ့ဟန် တူတယ်။ တရားဝင်ထုတ်ပြန်ချက်အရတော့ ....မိနစ် ၂၀ လောက် ပြောခွင့်ရတယ်လို့ ဆိုထားတယ်။
အကောင်းဘက်ကကြည့်ရင်တော့...နိုင်ငံရေး အရွေ့တစ်ခု ဖြစ်လာနိုင်မလားပေါ့။ ဒါကလည်း တစ်ဖက်က လိုလိုလားလား ရှိဦးမှပါ။ ရှောင်တာနယ်လို လွတ်ရာကျွတ်ရာ ရောက်သွားမှ ပေါက်ကရပြောနေရင်လည်း မဖြစ်သေးဘူး။ ဒီတော့ ဆောက်ဖြစ်မှ ကျောင်းဒကာ ဆိုတဲ့ အနေအထားပဲ ရှိသေးတယ်ပေါ့။ ကနဦး ကိုယ့်ဘက်ကတော့ အရွေ့တစ်ခု လုပ်ပြရတယ်လို့ ပဲမြင်ပါတယ်။
_
တစ်ခုရှိတာက ဖွဲ့စည်းပုံရဲ့ ပေးထားချက်ကိုလည်း မေ့မထားသင့်ဘူး။ အထူးသဖြင့် သမ္မတ လုပ်ပိုင်ခွင့်ထဲမှာရှိတဲ့ ပုဒ်မ ၂၀၄ က/ခ ကလည်း အခရာ ကျမယ် ထင်တယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ အရ သမ္မတမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးနိုင်တဲ့ အာဏာရှိသလို၊ ကာလုံရဲ့ ထောက်ခံအကြံပြုချက်နဲ့လည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တဲ့ အာဏာလည်း ရှိနေတယ်။ ဒါပေမယ့် ဥပဒေအရ လုပ်ထုံးလုပ်နည်းတွေကတော့ ကွဲပြားမှု ရှိမှာပေါ့။
_
လောလောဆယ် သားအမိချင်း အဆက်အသွယ်ပြုခွင့်ပေးတာတွေက အစိုးရအတွက် အဓိက အချက် ၃ ချက် ရည်ရွယ်တယ်လို့ မြင်တယ်။
ပထမအချက်က နိုင်ငံတကာဖိအားကို လက်တွေ့ဆောင်ရွက်ချက်နဲ့ တုံ့ပြန်ပြတဲ့ ပုံစံမျိုးပါ။ ဒုတိယအချက်က နိုင်ငံတကာယုံကြည်မှုကို ပြန်တည်ဆောက်ဖို့ အခင်းအကျင်းဖန်တီးတဲ့ သဘောလို့ ယူဆတယ်။
နောက်ဆုံးအချက်က လက်တွေ့ကျတဲ့ ဆက်ဆံရေး တစ်ခုကို ထိန်းသိမ်းထားတဲ့ ပုံစံမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါ့ကြောင့်လည်း Time magazine နဲ့ အင်တာဗျူးမှာ ဒေါ်စု အပေါ်မူတည်တယ်ဆိုပြီး ပြောထားတာ ဖြစ်ပါ့မယ်။
____
ဒီနေရာမှာ ဒေါ်စုအတွက်လည်း စိန်ခေါ်ချက်ရှိတယ်။ တကယ်လို့များ အပေးအယူ သဘောအရ NUG ရဲ့ ဖွဲ့စည်းမှုနဲ့ လုပ်ဆောင်ချက်က သူ့ရဲ့ မူ/အာဘော် မဟုတ်ပါဘူးဆိုတဲ့ ပြောဆိုချက်မျိုးရောရှိလာနိုင်မလား။ ဒါမှမဟုတ် မြန်မာ့နိုင်ငံရေးကနေ နှုတ်ဆက်ပြီး ပြည်ပထွက်ခွာရတာမျိုးလည်း မရှိလာနိုင်ဘူးလို့ ပြောလို့မရဘူး။ ဒါတွေက မှန်းဆချက် သပ်သပ်ပါပဲ။ အနည်းဆုံး စီးပွားရေးပိတ်ဆို့မှုတွေ ပြေလည်ရင်ကို မဆိုးဘူးပေါ့။ အာဆီယံကလည်း လာမယ့် လထဲမယ်။ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာကတော့ စောင့်ကြည့်သွားကြရမှာပါပဲ။
(နရီမိုး) | 6 335 |
| 16 | စားအုန်းဆီက သမ္မတကြီးရဲ့ ရည်ရွယ်ချက်အရဆိုရင် နောင် တဖြည်းဖြည်းလျှော့မှာပဲ။ သူက တန်ချိန် ၈ သိန်းလောက် ဖြုန်းနေရတာကိုး။ ဒါက အကြောင်းအရင်း ၂ ချက်ကြောင့် ဖြစ်မယ်။ တချက်က မြန်မာလူနေမှုစရိုက်၊ စားသောက်ပုံမျိုးနဲ့ သက်ဆိုင်တယ်။ ဘယ်ထမင်းဆိုင်မှာ သွားစားစား အနည်းဆုံးတော့ ဆီပြန်ဟင်းပဲ။ ချက်သမျှဟင်းက ဆီ တဝက်မြုပ်တယ်။ ဒီတော့ ကျန်းမာရေးညွှန်းကိန်းအရဆိုရင် ဘေးထွက်ဆိုးကျိုးများတယ်။ ရောဂါဖြစ်လွယ်တယ်။ ဒါက လက်ရှိ Gym ကစားပြီး ကျန်းမာရေးလိုက်စားတဲ့သူတွေမှပဲ နားလည်တယ်။ ဒါကအတော် အစွဲချွတ်ရဦးမယ်။
ဒုတိယအချက်က စက်သုံးဆီနဲ့ စားအုန်းဆီအတွက် နိုင်ငံတော်က နိုင်ငံခြားငွေ အတော်လေး သုံးနေရတယ်။ မရှိမဖြစ်ဆိုတော့ ကျန်တဲ့ အရာတွေ နည်းတူ ထိပ်တန်းအဆင့်သုံးစွဲရတယ်။ ဗဟိုဘဏ်က စားအုန်းဆီအတွက် ဘယ်လောက် ရောင်းပေးလိုက်ပါပြီ ဆိုတဲ့ သတင်းတွေလည်း တွေ့မှာပေါ့။ ခက်တာက ပြည်တွင်းမှာ ဆီထွက်တယ်ဆိုပေမယ့် ထွက်တဲ့ပဲဆီ၊ နှမ်းဆီက သူဌေးစာတွေ ဖြစ်နေတယ်။ အောက်ခြေလူတန်းစားက ဒီဆီတွေနား မကပ်နိုင်ဘူး။ ဒီတော့ စားအုန်းဆီကသာ နိုင်ငံတော် ဘရန်းပဲ။
သမ္မတကြီးက နိုင်ငံခြားငွေလျှော့ချင်တယ်။ တဖက်မှာ စားသုံးဆီကို လူတစ်ယောက်စားနှုန်းကလည်း များတယ်ဆိုတာ ညွှန်းချင်တယ်။ အများစုကလည်း ပြင်ဖို့ ခက်နေသေးတယ်။ ပါမလာသေးဘူးပေါ့။ ဒီတော့ အရင် ၈ သိန်းလောက်သွင်းတဲ့ ဆီကို လျှော့ဖို့ပြင်လာတယ်။ ဒီလို လျှော့ချိန်မှာ ပြန်ရောင်းရချိန် ခွဲတမ်းစနစ်ပုံစံ ဖြစ်လာတယ်။ ဈေးနှုန်းကြည့်ရင်လည်း .....နိုင်ငံတော် ရည်ညွှန်းနှုန်းထားက ၇၉၀၀ ဆိုပေမယ့် အပြင်မှာ ၂၀၀၀၀ ကျော် ဈေးပေါက်နေတယ်။
တွေ့လိုက်တဲ့ ရုပ်သံ တစ်ခုထဲ.... Market တစ်ခုမှာ သူကြီးကတော် တံဆိပ်ဆိုတဲ့ ပဲဆီက ၂၆၀၀၀ ဈေးဖြစ်ပြီးတော့ စားအုန်းဆီအပြင်ပေါက်ဈေးက ၂၅၀၀၀ ဆိုတာလေး တွေ့လိုက်ရတယ်။ ပြည်သူတွေ ဝေဖန်ကြသလို မြေပဲဆံ တပိဿာတောင် ၁၅၀၀၀ နဲ့ ဝယ်လို့ မရဖြစ်နေချိန်မှာ တံဆိပ်မျိုးစုံကပ်ပြီး ရောင်းလာတဲ့ ပဲဆီတွေက ၂၆၀၀၀ လောက်နဲ့၊ စားအုန်းဆီ အပြင်ဈေးကွက်နဲ့ မတိမ်းမယိမ်းဖြစ်နေတာ စိစစ်ဖို့ မကောင်းလာဘူးလားပေါ့။ ပဲဆီစစ်ရင်တော့ ဒီဈေးမဖြစ်နိုင်ဘူး လားပေါ့။
ဖြစ်နိုင်တာကတော့....မြေပဲဆီစက်တွေနဲ့ ချိတ်ပြီး စားအုန်းဆီကို တစ်ဝက်ရောကျပြီလားဆိုတဲ့ သံသယက ပိုကြီးလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ...အောက်ခြေမှာ ခွဲတမ်းစနစ်ကလည်း အပြည့်မရ၊ စာအုပ်မှာ တစ်ပိဿာရေးရင် ဗူးက လည်ပင်းဝ တောင် မရောက်ဘူးဆိုတဲ့ အသံတွေလည်း ကြားနေရတယ်။ ဒီတော့ မေးစရာ မေးခွန်းက ၂ ခု ပေါ်လာတယ်။ စားအုန်းဆီတွေက ပြည်သူတွေဆီ မရောက်ဘဲ ဘယ်သူ့လက်ထဲ ရှိနေသလဲ။ နောက်..... ဈေးကွက်ထဲက ပဲဆီတွေက တကယ် စစ်ရဲ့လားတဲ့ မေးခွန်းပဲ။ စိစစ်အဖြေရှာကြည့်ရင်တော့ အဖြေတစ်ခု ရမယ် ထင်တာပါပဲ။
ပြည်သူတွေလည်း နစ်နာရသလို သမ္မတကြီး သွားလိုတဲ့ မူဝါဒနဲ့လည်း လွဲနေပါတယ်။ အချိန်မီ တည့်မတ်ကြဖို့ လိုပါတယ်။
(နရီမိုး) | 6 386 |
| 17 | " အသိဉာဏ်နဲ့ ဘုရားကိုးကွယ်ပါ"
တကယ်အားကိုးရာဆိုတာ ဘာလဲလို့
ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်၊
""အဝေစ္စပသာဒ - ဘုရားနဲ့ပတ်သက်
ပြီး ဂုဏ်တော်ကို ထိထိရောက်ရောက်
ကြည်ညိုနိုင်ရဲ့လား
ဘုရားကို ဘုရား ဂုဏ်တော်သိပြီး
ကြည်ညိုတဲ့ ကြည်ညိုမှုမျိုး ဟုတ်ရဲ့လား"
ပညာနဲ့သဒ်ဓါလား ပညာမဲ့သဒ်ဓါလား
"ကိုယ့်ကိုယ်ကိုဆန်းစစ်ကြည့်ရမယ်နော်။
အဝေစ္စပသာဒ ဆိုတာအသိဉာဏ်ရှိရှိနဲ့ ဘုရား ကိုးကွယ်တာ။
ဘုရားဆိုတဲ့နေရာမှာ ရုပ်ပွါးဆင်းတု
က ဘုရားကိုယ်စား အနေနဲ့ရှိတာ။
ဘယ်လိုရုပ်ပွါးဆင်းတုမျိုး ကိုးကွယ်ကိုးကွယ် မကိုးကွယ်ကောင်းဘူး ဆိုတာလည်း မရှိဘူး
ဘုရားအမှတ်နဲ့ ရှိခိုးဦးချပြီးတော့
ထိုဘုရားမှာ အရဟံ စတဲ့ ဂုဏ်တော်ရှိ
တယ်၊ ကိုယ့်မှာ မရှိနိုင်တဲ့အရည်အချင်း
တွေရှိတယ်။
သမ္မာသမ္ဗုဒ္ဓ - တရားဓမ္မတွေကို
မှန်မှန်ကန်ကန်ကိုယ်ပိုင်ဉာဏ်ဖြင့် သိတယ်ဆိုတဲ့ အရည်အချင်းတွေရှိတယ်
ဝိဇ်ဇာစရဏသမ်ပန်န -အသိပညာအသိဝိဇ်ဇာ အကျင့်တရားတွေနဲ့ ပြည့်စုံတယ်။
သုဂတ - နိဗ္ဗာန်ထိအောင် ပေါက်ရောက်
ပြီးသားလည်း ဖြစ်တယ်၊ ကောင်းမြတ်
တဲ့တရားစကားကို ဟောပြောနိုင်တယ်။
လောကဝိဒူ - လောကကြီးအကြောင်း
ကောင်းကောင်း သိတယ် စသည်ဖြင့်
ကိုယ်ကြည်ညိုရာ ဗုဒ္ဓရဲ့ ဂုဏ်အရည်အ
ချင်းတွေကိုသိပြီး မြတ်စွာဘုရားအပေါ်
မှာ ယုံကြည်တဲ့ ခိုင်မြဲတဲ့ သဒ္ဓါတရား ရှိ
နေပြီဆိုရင် အဲဒီသဒ္ဓါတရားလေးကြောင့်
ကောင်းရာသုဂတိရောက်မယ်ဆိုရင် သေခါနီးမှ ဘယ်သွားလို့ သွားရမှန်းမသိတဲ့အတွက် စိတ်အားငယ်နေတဲ့ပုဂ္ဂိုလ်အဖို့ လမ်းမဖြောင့်ပေဘူးလား။
ဆိုပါစို့- - - - - လူတစ်ယောက် ခရီးသွားတဲ့အခါမှာ ကိုယ်သွားမယ့်ခရီးကို
လည်း သိတယ်၊ ဟိုရောက်တဲ့ အခါမှာ
လည်း ဘယ်မှာနေရမယ် ဆိုတာကို
လည်း ကိုယ်သိတယ်ဆိုရင် အဲဒီလူဟာ
ခရီးသွားတဲ့အခါမှာ ပျော်ပျော်ပါးပါး
မရှိပေဘူးလား။
ဒီလိုမဟုတ်ဘဲနဲ့ ဆွေမရှိ မျိုးမရှိ
ကိုယ်မသိတဲ့နေရာကို သွားရမယ်ဆိုရင် ဘယ်လိုများ နေရပါ့မလဲဆိုပြီး စိတ်ထဲမှာ အားငယ်မှုတွေ မဖြစ်ဘူးလား။
ဒါမျိုးလိုပဲ သံသရာဘ၀ခရီးလမ်း
တစ်ခုကို သွားတော့မယ်ဆိုရင် သေခါနီး
မှာ အားငယ်တတ်တယ်၊ အားငယ်တာ
တော့အမျိုးမျိုးပေါ့။
လက်ရှိကိုယ်ခင်မင်တဲ့ပုဂ္ဂိုလ်တွေကို စွန့်ခွာသွားရမှာ အားငယ်စရာတစ်ခု၊
ကိုယ်မြတ်နိုးတဲ့ ပစ္စည်းဥစ္စာကို စွန့်ထားခဲ့ရမှာလည်း အားငယ်စရာတစ်ခုပေါ့။
ဒီတော့ ကိုယ်ခင်မင်တဲ့ပုဂ္ဂိုလ်တွေ၊
ကိုယ်မြတ်နိုးတဲ့ပစ္စည်းတွေဆိုတာ ကိုယ့်
အတွက်အားကိုးရာဟုတ်ရဲ့လား၊
မဟုတ်ဘူးနော်။
ကိုယ့်ရဲ့ရင်ထဲမှာ နှလုံးထဲမှာဖြစ်ပေါ်တဲ့၊ ဘုရားအပေါ်မှာ နှစ်နှစ်ကာကာကြည်ညိုတဲ့ သဒ္ဓါတရား ဗုဒ္ဓါနုဿတိ သည်သာလျှင် ကိုယ့်အတွက် သုဂတိလားရာ အားကိုးရာအစစ်ဖြစ်တယ်၊ အားကိုးလိုက်ပါတဲ့။
" သံဝေဂ ယူတတ်ပါစေ "
ဒီဘ၀ ဒီခန္ဓာကိုယ်ကြီးက
အသက်အရွယ်ကြီးလာလို့ ကောင်းတော့တာမှ မဟုတ်တာ၊
မျက်စိကမကောင်းမှုန်တယ်၊
နားကလည်းမကောင်း၊ဒူးလည်းမကောင်း၊ နှလုံးကမကောင်း၊ ကျောက်ကပ်က
မကောင်း၊ အသည်းကမကောင်း
ကောင်းတာတွေ တစ်ခုမှကိုမရှိတော့ဘူး
အကောင်းတွေကုန်သွားရင် ဘာဖြစ်မလဲ
သေရတော့တာပေါ့။
ပြီးတော့ မတည့်တဲ့ စာရင်းတွေများ
လာတယ်၊ အသက်ကြီးလာရင် ရောဂါ
တွေကြောင့် ဟိုအသားရှောင် ဒီအသီး
ရှောင် အချိုရှောင် အငံရှောင် ဟိုရှောင်
ဒီရှောင်နဲ့ နောက်ဆုံးကျတော့ ဘာနဲ့မှကို
မတည့်တော့ဘူးဆိုတဲ့အခါ သုဿန်
ရောက်သွားတော့တာပဲ။
သေချာစဉ်းစားကြည့် - မကောင်း
တာတွေကလည်းများလာ၊ မတည့်တာ
တွေကလည်းများလာ- - - ဒါ သံဝေဂ
ဖြစ်စရာ မကောင်းဘူးလား။
ငယ်ငယ်တုံးကတော့ မတည့်တာ
မရှိ၊ အကုန်စား၊ မကောင်းတာဆိုလည်း
မရှိဘူး အကုန်ကောင်းတယ်၊ ဒီတော့ ဒီလို
ဖြစ်လာတဲ့ အခြေအနေမျိုးကို ကိုယ်
ကိုယ်တိုင် သိရမှာပေါ့။
'" တရားဓမ္မနဲ့ တည့်အောင်နေ "'
ကျန်တာတွေကမကောင်းဘူး၊
ကျန်တာတွေကမတည့်ဘူးဆိုရင် ကိုယ်တည့်ရမှာက ဘာတုန်းဆိုတရားဓမ္မနဲ့တော့
တည့်အောင်နေရမယ်။
မျက်စိမကောင်းချင်နေ၊ ခါးမကောင်းချင်နေ၊ နားမကောင်းချင်နေ၊ ကျောက်ကပ်မကောင်းချင်နေ၊ နှလုံ အသဲ မကောင်းချင်နေ၊
ဘာကောင်းရမတုန်း ?
စိတ်ကလေးကောင်းနေဖို့လိုတယ်၊
ဒီစိတ်ကလေးကောင်းနေအောင်
ဘုရားအပေါ်မှာ နှစ်နှစ်ကာကာ ယုံကြည်တဲ့
သဒ္ဓါတရားလေး ကောင်းနေဖို့လိုတယ်။
အဲဒီ သဒ္ဓါတရား ကောင်းနေလို့ရှိရင်
- - - - - - ကျန်တာတွေက ပစ်ထားခဲ့ရမှာပဲ။ ကောင်းလည်း ပစ်ရတာပဲ၊ မကောင်း
လည်းပစ်ရတာပဲ၊ ခန္တာကိုယ်ကြီးဆိုတာ
ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတဲ့သူ
လည်း ကောင်းတုန်းပစ်ခဲ့ရတာပဲ၊
အသက်ကြီးမှ သေသွားတဲ့သူက
မကောင်းလို့ ပစ်ခဲ့တယ်ဆိုပေမဲ့ အသက်
ငယ်တဲ့သူလည်း ကောင်းတုန်း ပစ်ထား
ခဲ့ရတာပဲ။
ဒီတော့ ကိုယ်သတိထားရမှာက အ
ကောင်းဆုံးဖြစ်အောင် လုပ်ဖို့ဆိုတာ
ဘာတုန်းဆိုရင် "'ကိုယ်ရဲ့စိတ်ဓာတ်ပဲ'"
မြတ်စွာဘုရားဂုဏ်တော်တွေနဲ့ ထုံမွမ်း
ပြီးနေထားတဲ့စိတ်ဟာ ဘယ်တော့မှ
အောက်ကို မရောက်စေရဘူး။
မဟာနာမ်မင်းကြီးကို မြတ်စွာဘုရား
ဟောထားတဲ့သုတ္တန်တစ်ခုမှာ
'"မဟာနာမ် မပူနဲ့၊ သီလနဲ့ ထုံမွမ်းထားတဲ့
စိတ်၊ သမာဓိစွမ်းအားတွေနဲ့ ထုံမွမ်းထား
တဲ့စိတ်၊ပညာစွမ်းအားတွေနဲ့ထုံမွမ်းထား
တဲ့စိတ်ဟာ ဘယ်တော့မှ့ အောက်ကို
မကျစေဘူး။
ဘုရားကြည်ညိုစိတ်ကလေးက အပေါ်တက်လာမှာပဲ၊ဘာမှပူစရာ မရှိဘူး၊ ဒါကြောင့်အားပေးရမယ်။"'
"' လူ့ပြည်က မကောင်းတဲ့ခန္တာကိုယ်
ကြီးကိုစွန့်ပြီးတော့ နတ်ပြည်ကိုသွား'"လို့
အားပေးတယ်ဆိုတာ မြေအိုးကို ခွဲပြီး
တော့ ရွှေအိုးကြီးကို ရယူတာပဲတဲ့။
စိတ်ထားကောင်းတဲ့ပုဂ္ဂိုလ်ကျတော့
မြေအိုးခွဲပြီးတော့ ရွှေအိုးကြီးရယူသူလို
ပဲတဲ့ လူတိုင်းမြေအိုးခွဲပစ်ရမှာချည်းပဲ ၊
ရွှေအိုးတော့ရချင်ကြမှာပေါ့။
ဒီတော့လူ့ဘ၀ကနေ နတ်ဘ၀ရတယ်
ဆိုတာ မြေအိုးကွဲကိုပစ်ထားခဲ့ပြီးတော့
ရွှေအိုးကို ရယူတာနဲ့အတူတူပါပဲတဲ့၊ဒါ
ကြောင့် မိမိနဲ့ ရင်းနှီးတဲ့မိတ်ဆွေသင်္ဂဟ
တွေ ဆွေမျိုးသားချင်းတွေကို ဒီလိုအား
ပေးစကားပြောပါတဲ့။
နိဗ္ဗာန်တံခါးဖွင့်တဲ့ အပါယ်အပြီးပိတ်
လိုလျှင်တော့ ကိုယ့်ခန္ဓာသဘော ကိုယ်တိုင်စစ်ရင်း ခန္ဓာသဘောအမှန်မြင်သိ သစ္စာ
ဥာဏ်ရစေတဲ့ ဝိပဿနာဘာဝနာအလုပ်ကိုသာ အချိန်အခါမလင့်တုန်း တွင်တွင်
လုပ်ကြပါ။
ဒါ ဘုရားအကြိုက်ဆုံး သံသရာထွက်ကြောင်း မဂ္ဂဗြဟ္မစရိယာအကျင့်ပဲ။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏 | 5 924 |
| 18 | 🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏 | 5 950 |
| 19 | ဘယ်ရှုထောင့်က သုံးသပ်မှာလဲ ဆိုတဲ့ အမြင်က ပိုအရေးကြီးမယ် ထင်ပါတယ်။
ရိုးရိုးသားသား သုံးသပ်ရရင်တော့ မိသားစုတွေ ပြန်ဆုံတာကောင်းပါတယ်ဆိုပြီး လူကြီးလူကောင်းတော့ မဆန်ပြချင်ပါဘူး။ ကိုယ့်စရိုက် အစစ်အမှန်လည်း မဟုတ်လို့ဘူး။ နာကျည်းချက်ဆိုတာ ...ကိုယ်အသိုင်းအဝိုင်းမဟုတ်သေးသမျှတော့ ကိုယ်ချင်းစာပေးကြမှာမဟုတ်ဘူး။
ဒီ ၅ နှစ်အတွင်း တပ်မတော် ပြိုနိုင်တယ်လို့ ထင်ခဲ့ကြပြီး CRPH ကနေ NUG ဖွဲ့၊ NUG ကနေ PDF ထပ်ဖွဲ့ ပြီး သူတို့မထောက်ခံရင် စိတ်ကြိုက်သတ်ဖြတ်သွားလို့ မိသားစု တစ်ကွဲတပြားဖြစ်ခဲ့ရသူတွေကို ဘယ်လိုမျက်နှာနဲ့ တောင်းပန်ကြမလဲ။ USDP ပါတီဝင်တွေ သတ်ခံရတာ ...ကဗျည်းတောင် ထိုးယူရတယ်။ ကျန်တဲ့ အပြစ်မဲ့ ဝန်ထမ်းတွေ မပြောသေးဘူး။
Time magazine တို့၊ ရိုက်တာတို့ မဖတ်ရလည်း မြဝတီနဲ့ မြန်မာ့အလင်းသတင်းစာလောက်တော့ ဒေါ်စု ဖတ်မှာပါ။ သတင်းစာ ၃ မျက်နှာအပြည့် ရပ်ကွက်အုပ်ကြီးတွေ သတ်ခံရလို့ ဖော်ပြတဲ့ သတင်းတော့ ကျော်မဖတ်ခဲ့လောက်ဘူး ထင်တာပဲ။
သံပုံးမတီးရင်တောင် အရှင်လတ်လတ် ဓားနဲ့ ထိုးသတ်တဲ့ သူ့ကိုထောက်ခံသူ လူတန်းစားတွေကို ဘာတစ်ခွန်းမှ မဟ ပဲမဆိုင်သလိုရှောင်ထွက်သွားတာကို ခုချိန်ကြမှ သဘောထားကြီးကြပါ ဆိုတော့လဲ ခက်သားလား။ တကယ်တော့ ဒီမဲ ကိစ္စက တပ်ချုပ်ကြီးရယ် ဒီလိုတော့ လုပ်ကြရအောင်ပါဆိုပြီး UEC ရယ်၊ တပ်ရယ်၊ အစိုးရရယ် ဖြေရှင်းရင်တောင် မြန်မာလူထု သိန်းချီ မသေနိုင်ဘူး မလား။ ကိုယ်ရှုတ်ခဲ့တဲ့ ပြဿနာကို မဖြေရှင်းဘဲ ထောင်ထဲ အသာလေဝင်နေပြီး တပ်နဲ့ပြည်သူ ပင်းတိုက်သွားတဲ့အကွက်ကို ခုချိန်ရောက်မှ ရင်ကြားစေ့ရေးလို့ ခေါင်းစဉ်တပ်ကြသလား မသိ။
ငါတို့ သမ္မတ ပြန်လွှတ်ပေးလို့သာ တောင်းဆိုခဲ့ကြတာ။ ခု ကိုဝင်းမြင့်က အရှင်လတ်လတ် အပြင်မှာပဲ မဟုတ်ဘူးလား။ ဒေါ်စု တချိန်ချိန်မှာ သေသွားလည်း တရုတ်အတွက် Counter က တခြား ပွန်း တစ်ကောင်ထပ်ရွေးကြဦးမှာ။ ခုလည်း ဒေါ်စုကို ချစ်လို့ ၊ ဗိုလ်ချုပ်အောင်ဆန်း သမီးမို့ လွှတ်ခိုင်းစေချင်တာမှမဟုတ်။ လက်ရှိအစိုးရကို ထိန်းမဲ့ အတိုက်အခံက သူပဲ ဖြစ်နေသေးတာကိုး။ စောင့်ကြည့်ကြရုံပေါ့။
(နရီမိုး) | 7 328 |
| 20 | ◾ ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းက စုစုပေါင်း မိုင် ၂၀ တောင် မပြည့်တဲ့အကွာအဝေး တစ်ခုမှာရှိတယ်။ အတိအကျဆိုရင်တော့ ၁၆ မိုင်ကျော်ကျော်လေးပဲရှိတယ်။ ဒီလမ်းပေါ်မှာ ပေ ၅၀ အထက် ရှိတဲ့ တံတားက ၅ စင်းနဲ့ ပေ ၅၀ အောက်တံတားက ၁၃ စင်းနဲ့ စုစုပေါင်း တံတားအရေအတွက်က ၁၈ စင်းရှိတယ်။ ခက်တာက… ပေ ၅၀ အထက်ရှိတဲ့ တံတား ၅ စင်းထဲက ၄ စင်းနဲ့ ပေ ၅၀ အောက်ရှိတဲ့ တံတား ၁၃ စင်းထဲက ၁၀ စင်းကို KNU နဲ့ PDF တွေက မိုင်းခွဲ ဖျက်စီးလိုက်ခဲ့ကြတယ်။ ပေ ၅၀ အထက် တံတားဆိုတာ ဘော်လုံးကွင်း တစ်ကွင်းရဲ့ တစ်ဝက်စာကျော်ကျော်လောက် ပျှမ်းမျှရှိမယ်။ ဆိုတော့…တံတားမရှိမှတော့ ဒီဒေသတွေရဲ့ သွားရေးလာရေးဒုက္ခက ဘယ်လောက်ကြီးမလဲ ဆိုတာ စဉ်းစားသာကြည့်ကြပေါ့။ ဒါပေမယ့် ထုံးစံအတိုင်း တပ်မတော်က ဒီတံတားတွေက လုံခြုံရေး အနှောက်အယှက်ရှိနေတဲ့ ကြားထဲကပဲ မရရအောင် ပြင်ဆင်ပေးခဲ့တယ်။
----------
◾ ဒါနဲ့ပတ်သက်ပြီး ကျောက်ကြီး လွှတ်တော်ကိုယ်စားလှယ်အမတ်က ရန်မျိုးအောင်ကနေ အင်းတဘောက်တံတားအထိ ကြားမှာရှိတဲ့ တံတားတွေကို ဘယ်အချိန်မှာ ပြင်ဆင်ပေးမှာလဲဆိုပြီး လွှတ်တော်မှာ မေးလာတယ်။ လောလောဆယ် နတ်သံကွင်းကနေ ရန်မျိုးအောင် ကျေးရွာအထိ စုစုပေါင်း တံတား ၉ စင်းအထိ ပြန်လည်ပြင်ဆင်ပေးနိုင်ခဲ့တယ်ဆိုပြီး ဗိုလ်ချုပ်အောင်မျိုးသန့်က လွှတ်တော်မှာ ဖြေထားတာတွေ့ရတယ်။ တကယ်တော့ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့ ရန်မျိုးအောင်နဲ့ အင်းတဘောက်ဆိုတာက မိုင်အားဖြင့်ပြောရင် ၃ မိုင်ခပ်စွန်းစွန်းပဲရှိတယ်။ အဲ့ဒီ ၃ မိုင်ဆိုတာက မျက်လုံးထဲမြင်အောင် ပြောရရင်…သံလွင်မြစ်ကူးတံတားထက် နည်းနည်းလေးပဲ ပိုဝေးတဲ့သဘော ရှိတယ်။ ၃ မိုင်လောက်ပဲ ဝေးပေမယ့် ဘာလို့ ပြင်ဖို့ခက်နေလဲဆက်မေးရင်…ဒီလမ်းမကြီးရဲ့ အရှေ့ဘက် က ကျေးရွာအများစုက KNU တွေရဲ့ အမာခံသတင်းပေးကျေးရွာတွေဖြစ်နေလို့ပဲ။ လမ်းပြင်လာတဲ့ အင်ယာအဖွဲ့တွေ၊ မိုင်းရှင်းတဲ့ တပ်လုံခြုံရေးအဖွဲ့တွေကို ချောင်းမြောင်းပစ်ခတ်တာတွေလုပ်သလို ဒေသခံကရင်ရွာတွေကိုယ်တိုင်က KNU PDF တွေကို အားပေးဖြစ်တဲ့အခါ ဒေသဖွံ့ဖြိုးရေးကို မလုပ်နိုင်တဲ့ သဘောမျိုးဖြစ်လာရတာပဲ။
--------
◾ ဒီနေရာမှာ လွှတ်တော်ကိုယ်စားလှယ်ဆိုတာကတော့…ပြည်သူ့ဆန္ဒ၊ ပြည်သူ့တောင်းဆိုချက်ကို အလေးထားရတယ်ဆိုပေမယ့် မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို အရင်ဆုံးသိအောင် လုပ်စေ ချင်မိတယ်။ ဒီနေရာမှာ အကြမ်းဖက်တွေ မိုင်းခွဲသွားတဲ့ တံတားတွေကို ပြန်ဆောက်လိုက်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စတွေမဟုတ်နေဘူး။ ဒေသခံပြည်သူတွေအတွက် ပြည်သူ့ကိုယ်စား တောင်းဆိုပေးတယ်ဆို ပေမယ့်… အကြမ်းဖက်မရှိအောင်၊ အကြမ်းဖက်တွေ စိမ့်ဝင်နေထိုင်မှု မရှိအောင်လည်း ပြည်သူတွေကိုလည်း လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အရင်ဆုံး တိုက်တွန်းသင့်တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး မြေပြင်အခက်အခဲတွေအပေါ် လက်တွေ့ကျတဲ့ ဖြေရှင်းမှုတွေ လုပ်သင့် တယ်။
-------
◾ ကျွန်တော်ကတော့ ပြည်သူ့ကိုယ်စား တောင်းဆိုပေးတာပဲ။ အစိုးရက လုံခြုံရေး အကြောင်းပြပြီး လုပ်မပေးတာတော့ မတက်နိုင်ဘူးဆိုပြီး အစိုးရနဲ့ပြည်သူကို ထိပ်တိုက်တွေ့အောင် လုပ်တဲ့ ရည်ရွယ်ချက် မျိုးမရှိဖို့လိုတယ်။ ဒါမျိုး အရင် သီပေါတံတားကိစ္စမှာလည်း တစ်ကြိမ်ဖြစ်ဖူးတယ်။ ကရင်ပြည်နယ် မရောက်ဖူးတဲ့ ပြည်သူတွေတော့ ဘယ်သိမလဲ။ ဖာပွန်-ကမာမောင်းသွားတဲ့ လမ်းဘေးမှာ မိုင်းထိထားတဲ့ ဒိုဇာတွေနဲ့ ကားအပျက်တွေကို တစ်ခါတလေ ပြည်သူတွေကို ခေါ်ပြချင်တယ်။ ဒီပျက်စီးမှုတွေနဲ့အတူ အသက်စွန့်သွားကြရတဲ့ စစ်သည်တွေ၊ ခြေထောက်မရှိတော့တဲ့ ရဲဘော်တွေ မနည်းလှဘူး။ တစ်ချို့အရာ တွေကြတော့ ကာလံဒေသလေး ကြည့်စေချင်မိရုံပါ။ နောက်…ဒီဒေသရဲ့ အလုံးစုံ လုံခြုံရေး အတွက် တစ်ချို့ကျေးရွာတွေစုပြီး စုပေါင်းရွာမျိုး တည်ရင် တည်ပေးလိုက်ပါ။ ပဲနွယ်ကုန်း-ကျောက်ကြီး၊ ကျောက်ကြီး-ရွှေကျင်၊ ရွှေကျင်-ပြွန်တန်ဆာဆိုတဲ့ အဝန်းအဝိုင်းက အဖြူရောင်မဖြစ်သမျှ ကညွှတ်ကွင်းနဲ့ ပိန်းဇလုပ် မီးရထားလမ်းပိုင်းက အချိန်မရွေး မိုင်းခွဲခံရမှာပါပဲ။ ဒါက ရေရှည်အတွက်ပြောတာပါ။ သတင်းပေါ်မှာ နယ်မြေရှင်းတာထက်…ဒီဒေသတွေက အဖြူရောင်ဒေသ ဖြစ်မှကို ရမှာပါ။
(နရီမိုး) | 7 848 |
