en
Feedback
နရီမိုး

နရီမိုး

Open in Telegram

📈 Analytical overview of Telegram channel နရီမိုး

Channel နရီမိုး (@nyemoee) in the Burmese language segment is an active participant. Currently, the community unites 35 788 subscribers, ranking 1 802 in the Religion & Spirituality category and 4 063 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 35 788 subscribers.

According to the latest data from 04 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -266 over the last 30 days and by -12 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 23.20%. Within the first 24 hours after publication, content typically collects 15.05% reactions from the total number of subscribers.
  • Post reach: On average, each post receives 8 305 views. Within the first day, a publication typically gains 5 388 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 519.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 05 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Religion & Spirituality category.

35 788
Subscribers
-1224 hours
-1067 days
-26630 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '260
in 14 channels
August '26
+76
in 33 channels
Get PRO
July '26
+84
in 38 channels
Get PRO
June '26
+64
in 38 channels
Get PRO
May '26
+148
in 40 channels
Get PRO
April '26
+42
in 38 channels
Get PRO
March '26
+31
in 80 channels
Get PRO
February '26
+58
in 53 channels
Get PRO
January '26
+77
in 53 channels
Get PRO
December '25
+120
in 68 channels
Get PRO
November '25
+197
in 66 channels
Get PRO
October '25
+137
in 61 channels
Get PRO
September '25
+212
in 56 channels
Get PRO
August '25
+653
in 74 channels
Get PRO
July '25
+140
in 66 channels
Get PRO
June '25
+106
in 55 channels
Get PRO
May '25
+511
in 59 channels
Get PRO
April '25
+174
in 53 channels
Get PRO
March '25
+446
in 86 channels
Get PRO
February '25
+271
in 81 channels
Get PRO
January '25
+189
in 77 channels
Get PRO
December '24
+1 619
in 75 channels
Get PRO
November '24
+4 296
in 62 channels
Get PRO
October '24
+1 426
in 45 channels
Get PRO
September '24
+1 635
in 67 channels
Get PRO
August '24
+4 420
in 89 channels
Get PRO
July '24
+5 146
in 98 channels
Get PRO
June '24
+279
in 83 channels
Get PRO
May '24
+348
in 74 channels
Get PRO
April '24
+386
in 44 channels
Get PRO
March '24
+203
in 44 channels
Get PRO
February '24
+926
in 49 channels
Get PRO
January '24
+2 211
in 50 channels
Get PRO
December '23
+5 551
in 90 channels
Get PRO
November '23
+16 491
in 95 channels
Date
Subscriber Growth
Mentions
Channels
05 September0
04 September0
03 September0
02 September0
01 September0
Channel Posts
" ကုသိုလ်ကံ နည်းနေပါက အကုသိုလ်ကံများ ဝင်အကျိုးပေးတတ်ပုံ " ကုသိုလ်ကံ လုံးဝမရှိတဲ့ ပုဂ္ဂိုလ်တွေမှာ အကုသိုလ်က နည်းနည်းလေးလုပ်လည်း အကျိုးပေးတယ်။ ကုသိုလ်ကံရှိတဲ့ ပုဂ္ဂိုလ်မှာတော့ ကုသိုလ်ကံတွေက သူ့ကို အကာအကွယ် ပေးထားတယ်။ မြတ်စွာဘုရားက နားလည်အောင် ဥပမာ‌လေးတစ်ခုနဲ့ဟောထားတာရှိတယ်။ ဆီးသီးလုံးလောက် ဆားခဲလေးကို ဖန်ခွက်ထဲကရေထဲ ထည့်လိုက်မယ်ဆိုရင်သောက်လို့မရလောက်အောင် ငန်သွားမယ်တဲ့။သို့သော် အဲဒီဆားခဲကို မြစ်ထဲချောင်းထဲမှာ ထည့်လိုက်မယ်ဆိုရင်တော့ ဘာအရသာမှ ပေါ်မှာမဟုတ်ဘူးတဲ့။ ဖန်ခွက်ထဲက ရေလိုမျိုး ကုသိုလ်ကံ အင်မတန် နည်းနေတဲ့ပုဂ္ဂိုလ်ဟာ ဆီးသီးလုံးလောက် အကုသိုလ် နည်းနည်းလေးလုပ်လည်း ခံရမယ်လို့ ဒီလိုပြောတာနော်။ လောကမှာ ပိုက်ဆံချမ်းသာတဲ့လူ ကျူးလွန်တဲ့အမှုနဲ့ ဆင်းရဲသား ကျူးလွန်တဲ့အမှု၊ အမှုချင်းတူတယ်။ ပိုက်ဆံချမ်းသာတဲ့ လူကျတော့ အပြစ်ပေါ့တယ်။ ငွေပေးနိုင်တာကိုး။ ဒါ သဘာဝဝပဲလေ။ ဒါကို မတရားဘူးလို့ပြောလည်း သူ့မှာက condition တွေ ကောင်း‌နေတယ်လေ။ ပိုက်ဆံပေးနိုင်တာကိုက condition ‌ကောင်းနေတာပဲ။ ဒါမှမဟုတ် သူက အားကိုးလောက်တဲ့ လူတွေနဲ့ သိတယ်။ အားကိုးလောက်တဲ့ လူတွေရဲ့အကူအညီကို ရတယ်။ ဒါကြောင့် အပြစ်ဒဏ်က လွတ်တယ်။ ကံကြမ္မာမှာလည်း အဲဒီအတိုင်းပဲ။ ကံကြမ္မာမှာကျတော့ အားကိုးလောက်တဲ့ condition ဆိုတာ ဘာကိုပြောတာလဲဆိုရင် ကုသိုလ်ကောင်းမှုတွေ ရှိနေတာ။ အကုသိုလ်လုပ်တာချင်း တူပေမဲ့လို့ ကုသိုလ်ကံ ရှိတဲ့ပုဂ္ဂိုလ်က သက်သာပြီးတော့ ကုသိုလ်ကံ နည်းတဲ့ပုဂ္ဂိုလ်က အပြည့်အဝ ခံရတတ်တယ်။ လူတိုင်းဟာ တူညီတဲ့အကျိုး ရလိမ့်မယ်လို့တော့ မအောက်မေ့လေနဲ့။ သရက်စေ့လေး စိုက်တာတောင်မှ ကြည့်လေ။ မြေဩဇာကောင်းတဲ့နေရာ စိုက်တာနဲ့ ကျက်တီးကုန်း စိုက်တာနဲ့ ကွာလား မကွာလား။ မိုးခေါင်ရေရှားအရပ် စိုက်တာနဲ့ မိုးကောင်းတဲ့အရပ် စိုက်တာ မတူပြန်ဘူး။ အခြေအနေချင်း မတူတာကို ဆိုလိုတယ်။ ကံကြမ္မာမှာလည်း ဒါတွေကို ထည့်သွင်းစဉ်းစားရတယ်။ မဟာဝီရလို့‌ခေါ်တဲ့ မြတ်စွာဘုရားနဲ့ တစ်ခေတ်တည်းပေါ်ခဲ့တဲ့ ဂျိန်းဘုရားက ဘယ်လိုဟောသလဲဆိုရင် ပါဏာတိပါတ လုပ်တဲ့သူမှန်သမျှ ငရဲကျတယ်လို့ ဒီလို အတိအကျကြီး ဟောတာ သူက။ မြတ်စွာဘုရားကျတော့ အဲလို မဟောဘူး။ ပါဏာတိပါတာဆိုတဲ့အကုသိုလ်အမှုသည် ငရဲ၌ ဖြစ်စေနိုင်သည်။ ဒီစကားနှစ်ခုဟာ အင်မတန်မှ ကွာခြားတယ်နော်။ ဖြစ်စေနိုင်တယ်လို့ပြောတာ ဖြစ်ရမယ်လို့ ပြောတာမဟုတ်ဘူး။ငရဲကျနိုင်တယ်လို့ ပြောတာ။ ကျချင်မှလည်း ကျမယ်။ ဘာဖြစ်လို့လဲဆိုရင် တခြား condition တွေပါလာလို့ရှိရင် ဖြစ်ချင်မှ ဖြစ်မယ်ပေါ့။ ဒီအဓိပ္ပာယ်ပဲ။ မြတ်စွာဘုရားဟောတဲ့ တရားတွေဟာ အင်မတန်မှ Logical ဖြစ်တယ်၊ Reasonable ဖြစ်တယ်။ ဆိုင်ရာအကြောင်းတရားတွေကို ထည့်သွင်းစဉ်းစားရမယ်ဆိုတာ လက်တွေ့မှာလည်း အင်မတန်မှ မှန်ကန်တဲ့အချက်ဖြစ်တယ်။ ပိုက်ဆံချမ်းသာရင် ပြစ်မှုသက်သာမယ်။ အားကိုးလောက်တဲ့ သူတွေနဲ့သိရင်လည်း ပြစ်မှုသက်သာမယ်။ ကူမယ့်သူ မရှိဘူး၊ပိုက်ဆံလည်း မပေးနိုင်ဘူးဆိုရင် အပြစ်ကြီးမယ်။ ကံကြမ္မာမှာလည်း အဲဒီအတိုင်းပဲ။ ကောင်းတာတွေများများလုပ်ထားလို့ရှိရင် ကောင်းတာတွေက မကောင်းတာတွေကို ဖယ်ထုတ်သွားမှာပဲ။ ဒါကြောင့်ကောင်းတဲ့အလုပ်တွေကို များများလုပ်ဖို့ လိုအပ်တယ်လို့ ဒီလိုဆိုလိုတာနော်။ ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ

2
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
2 735
3
ညောင်ဦးမြို့နယ်ထဲက တက်မ ရေနံမှော်မှာ ပြန်ပေးဆွဲရင် ပေါက်တဲ့နှုန်းထားက ကျပ်သိန်း ၅ သောင်း ဆိုပဲ။ ဒါ့ကြောင့်လည်း တော်လှန်ရေး နည
ညောင်ဦးမြို့နယ်ထဲက တက်မ ရေနံမှော်မှာ ပြန်ပေးဆွဲရင် ပေါက်တဲ့နှုန်းထားက ကျပ်သိန်း ၅ သောင်း ဆိုပဲ။ ဒါ့ကြောင့်လည်း တော်လှန်ရေး နည်းနည်းကြာလာတော့ မေမေ ပြန်လွတ်ဖို့ အရေးတွေက အဓိက မကျတော့တာ ဖြစ်မယ်။ ခက်တာက မြန်မာနိုင်ငံ စရိုက်ကိုက ခေတ်ပျက်လေ သူဌေးပိုဖြစ်လေက အများကြီးပဲ။ ခုလည်း PDF တွေ လုပ်ရပ်ပဲကြည့်ဦး။ သာမန် အရပ်သား ပြန်ပေးဆွဲရင် ကျပ်သိန်း ၃၅၀ ၊ သာမန် ရေနံမှော် လုပ်ငန်းရှင်ဆို ကျပ်သိန်း ၈၀၀၀နဲ့ ရေနံမှော် အကြီးဆိုရင် ကျပ်သိန်း ၅ သောင်းဆိုပြီး ပြန်ပေးဆွဲဈေးနှုန်း သတ်မှတ်ကြသတဲ့။ ဒီအညာသားတွေက ဘယ်လိုလုပ် လက်နက်ချ အလင်းဝင်တော့ မတုန်း။ နောက်ဆုံး အချင်းချင်း အဝေမတည့်လို့ သတ်ဖြတ်မှပဲ ကိစ္စပြီးမယ့်သဘောရှိတယ်။ နောက်....ဒီလောက်ဝင်ငွေကောင်းနေမှတော့ လက်နက်ခဲယမ်းတွေ ဈေးကြီးပေး ဝယ်ချင်ဝယ်မပေါ့။ ဆိုတော့ အညာရဲ့ စစ်ရေး ပဋိပက္ခက မုန့်လုံး စက္ကူကပ်ပြီလေ။ အစိုးရ မထိန်းချုပ်နိုင်သေးလေလေ...PDF နဲ့ပေါင်းပြီး ရသလောက် ခိုးထုတ်ကြမှာပဲ။ ပေးနိုင်တုန်းက မိတ်ဖက်ဆိုပေမယ့် မပေးနိုင်တဲ့အခါ ပြန်ပေးဆွဲကြပုံပေါက်တယ်။ အညာသားတွေ ရိုးတယ်သာ ပြောတာပါ။ ပုဂံမှာ ပြန်ပေးဆွဲလို့ကို ဘယ်သူမှ မလာရဲ၊ မလည်ရဲ ဖြစ်ရပြီ။ ဒါတွေ ပြန်ကြည့်ရင်....တစ်ချို့လုပ်ရပ်တွေက ကိုယ်တိုင် စခဲ့ကြတဲ့ ဇာတ်လမ်းတွေပါပဲ။ မီးမှန်းလည်း သိတယ်။ လောင်မယ် ဆိုတာလည်း သိသိနဲ့၊ အားပေးအားမြှောက် လုပ်ခဲ့ကြတယ်။ သရဲတွေမွေးပြီး သဘက်တွေ ဖြစ်လာတော့ ....လူ့စည်း၊ ဘီးလူးစည်း မထားနိုင်ကြတော့ဘူး တူပါတယ်။ စစ်အာဏာရှက်မကြိုက်လို့ တော်လှန်ကြတဲ့သူတွေက ရေနံမှော်မှာ ပြန်ပေးဆွဲကြတယ် ဆိုတဲ့ လုပ်ရပ်ကတော့ ကြားလို့တောင် မဟန်ဘူး။ ကြိုက်မရှက်၊ ငတ်မရှက် ဆိုတာ ဒါမျိုး ပြောတာ ဖြစ်မယ်။ (နရီမိုး)
5 570
4
တပ်ရဲ့သဘောသဘာဝအရ ဖြစ်ကြောင်းကုန်စင် အိတ်သွန်ဖာမှောက် ‌ထုတ်ပြန်မယ် မထင်ပါဘူး။ အနည်းဆုံး ထုတ်ပြန်လာမယ့် ပုံစံက နယ်မြေထိန်းချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် ဗန်းမော်တပ်နယ်သို့ လိုအပ်သည့် အုပ်ချုပ် ထောက်ပံ့ရေး ဆိုင်ရာ အကူယာဉ်များ ဘယ်နေ့ ၊ ဘယ်ရက်သို့ ရောက်ရှိ၍ ဗန်းမော်ဒေသ အနီးတဝိုက်အား ထိန်းချုပ်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည် " ဆိုတာလောက်ပဲ လာမှာပါ။ ဒါတောင် မူဝါဒ ကြေညာတဲ့ သတင်းရုပ်သံကပဲ တင်ဆက်ဖို့များပါတယ်။ စစ်ရေး စစ်‌ရာဖြစ်လို့ Breaking news လည်း ထိုးစရာ မရှိပါဘူး။ စထားတဲ့ ရည်မှန်းချက်ကိုက ဒါတွေ ထောက်ပံ့ပေးနိုင်ဖို့ သွားတဲ့အရာပဲ။ ရောက်သွားရင်ကို Mission Complete ဖြစ်တယ်လို့ ပြောလို့ရတာပေါ့။ ကျန်တဲ့ ကောလာဟလ ဆိုတာ အချိန်တိုင်း လည်း ထွက်နေတာပါပဲ။ ရန်သူရဲ့ သဘောကတော့ စိတ်ဓာတ်အသားစီရအောင် Psychology သဘောအရ လုပ်တဲ့သဘောပါ။ အရင် လည်း မတ္တရာကနေ ထွက်မပြေး ခံစစ်ပြင်လိုက်ကြတဲ့ လက်နက်ကိုင်တွေ ဘယ်တုန်းကများ တားနိုင်တာ ရှိလို့လဲ။ ခုလည်း တပ်က ရွှေကူကတဆင့်တောင် ဗန်းမော်အလုံးစုံ ထိန်ချုပ်နိုင်ဖို့ လုပ်နေတာ တွေ့နိုင်တာပဲ။ တချို့ဟာတွေက ကြားကာလအပိုင်းအခြားလောက်လေးမှာ သတင်းမှားတွေ ဖြန့်ပြီး False Hope ပေးတဲ့သဘောပါ။ ဒီလောက်များတဲ့ စစ်ကြောင်းကို လေကြောင်းက အပြည့်အဝ ကာဗာ ပေးပါ့လိမ့်မယ်။ ရေပြင်မှာပါတဲ့ မြေပြင်စစ်ကြောင်းမှူးတွေကတော့ ဉာဏ်ကို လွှာသုံးမှ ရမှာပါ။ FPV ဒရုန်းက လွဲရင်...ကျန်တဲ့အနီးကပ် ပစ်ခတ်မှုက မီတာ ၁၀၀၀ မကျော်ပါဘူး။ ကြိတ်စရာရှိတာ အရင်ကြိတ်ပေါ့။ သူပုန်သေလို့ ငိုမယ့် သူတွေ မရှိလောက်ပါဘူး။ အနိမ့်ဆုံး ခွက်ခေါက်ရုံပေါ့။ (နရီမိုး)
9 471
5
တစ်ယောက်တည်း နေခြင်းကို သင်ယူပါ။ တစ်ယောက်တည်း ထွက်ခွာသွားရန် ပြင်ဆင်ပါ။ လူတွေကြားမှာ မွေးလာခဲ့ပေမယ့် အဆုံးသတ်မှာတော့ လူတိုင်းဟာ တစ်ယောက်တည်းပဲ သွားရတာပဲ။ ဒါဟာ ဝမ်းနည်းစရာမဟုတ်ပါ။ ဒါဟာ ဘဝရဲ့ အမှန်တရားပါ။ တစ်ယောက်တည်းနေရတာက အားနည်းမှုမဟုတ်ပါ။ အများစုက တစ်ယောက်တည်းနေရတာကို အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း လို့ထင်ကြတယ်။ မြတ်ဗုဒ္ဓရဲ့အဆိုရ တစ်ယောက်တည်းနေရတာက စိတ်ဓာတ်တည်ငြိမ်မှုကို ဖွံ့ဖြိုးစေတယ်။ ဥပမာကိုယ့်စိတ်ရဲ့ အသံကို နူးညံ့စွာ နားထောင်နိုင်လာစေတယ်။ • ကိုယ့်အတွေးတွေကို မရှုပ်ထွေးဘဲ သဘောထား နားလည်လာစေတယ်။ • လူမရှိတဲ့အခါမှာတောင် ကိုယ့်အတွင်းထဲက အေးချမ်းမှုကို ကိုယ်တိုင် ရှာတွေ့နိုင်လာစေတယ်။ လူတွေက မမြဲပါ။ ချစ်ခြင်းလည်း မမြဲပါ။ ခန္ဓာကိုယ်လည်း မမြဲပါ။ ဒါကို သိလာတဲ့အခါ ဘယ်သူ့ကိုမှ အလွန်အမင်း မတွယ်ကပ်တော့ပါ။ အရာအားလုံးဟာ မမြဲဘူးလို့ နားလည်ထားသူ သင်ယူထားတဲ့သူက ဘယ်သူမှမရှိတော့လည်းလွယ်လွယ်နဲ့ ပြိုလဲမသွားနိုင်ပါ။ တစ်ယောက်တည်းသွားရမယ် ဆိုတာကို ကြောက်ကြတာ လူ့ရဲ့သဘာဝပဲ။ ထွက်ခွာခြင်းဟာ သဘာဝဖြစ်စဉ် တစ်ခုသာ ဖြစ်တယ်လို့ လက်ခံနိုင်ရမယ်။ ဒါဟာ ဘဝရဲ့ အမှန်တရားပါ။ တစ်ယောက်တည်း နေရမယ်ဆိုတာ လူတွေနဲ့ မဆက်ဆံရဘူးဆိုတာ မဟုတ်ပါ။ လူတွေနဲ့အတူရှိနေလည်း ကိုယ့်စိတ်ကို ကိုယ်တိုင် ထိန်းနိုင်ရမယ်။ လူမရှိရင်လည်း ကိုယ့်ဘဝကို တည်တံ့စွာ ဆက်လက်နိုင်ရမယ် ဆိုလိုတာပါ။ တစ်ယောက်တည်းနေရတာကို လက်ခံနိုင်ပြီ ဆိုရင် တစ်ယောက်တည်း သွားရမယ် ဆိုတာကိုလည်း ကြောက်လန့်မှုနည်းလာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အတွင်းစိတ်မှာ အေးချမ်းမှုရှိနေပြီးသား ဖြစ်နေလို့ပါ။ ဒါတွေအားလုံးကို တကယ် နားလည်နိုင်သွားတဲ့အခါတစ်ယောက်တည်းနေရတာကို မကြောက်တော့ဘူး။ တစ်ယောက်တည်း သွားရမယ်ဆိုတာကိုလည်း အေးချမ်းစွာ လက်ခံနိုင်လာလိမ့်တယ်။ 🙏🙏🙏 ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
5 886
6
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
5 612
7
❝ ရေလွှမ်းမိုးမှု ပြဿနာနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှု အခန်းကဏ္ဍ ❞ 👉👉👉 https://t.me/c/3945493285/142
6 160
8
စစ်ရေးနဲ့ပတ်သက်‌လေတော့ နည်းနည်းပဲ ပြောပါ့မယ်။ ဗန်းမော်မကျအောင် ထိန်းနိုင်ပြီး စစ်ကူအများအပြားနဲ့ ထောက်ပို့ပစ္စည်း တွေ ရောက်ခဲ့တုန်းက မိုးတွင်း အစပါ။ ရေကြောင်းကနေ တခါတက်ရင် အနည်းဆုံး ဆယ်ချီ အုပ်လိုက်တက်တာပါ။ တစ်ခုရှိတာက ရေကြောင်း ဖြစ်တဲ့အတွက် အချိန်ပြည့်တော့ လိုက်စောင့်‌ ချင်မှ စောင့်နိုင်မှာပါ။ ဒါပေမယ့် တပ်ကူအနေနဲ့တော့ လေကြောင်းက အမြဲ အသင့်အနေအထား ရှိပါတယ်။ လက်ရှိ တိုက်ပွဲ ဖြစ်နိုင်တယ်လို့ ယူဆရတာက ရွှေကူ၊ စင်ခမ်းပါ။ ဒါကလည်း မြစ်ကျဉ်း နဲ့ နီးကပ်တာရယ်...၊ ဗန်းမော်မရောက်ခင် ဒီလိုနေရာတွေမှာ Cut off လုပ်နိုင်တာ သာမန်အရပ်သားတောင် သိပါတယ်။ ကိုယ်တွေအနေနဲ့ မသိနိုင်စရာ မရှိပါဘူး။ ချွင်းချက်ကတော့ စစ်သားဆိုတာကတော့ အမိန့်က အဓိက အသက်ပါ။ ဒီလို လမ်းမျိုး ဘာလို့ လွှတ်ရတာလည်း ဆိုတာက အရပ်သား အတွေးအခေါ်လို့ပဲ ဆိုရပါ့မယ်။ ဒီလို Risk များတာတွေက တပ်မတော်အတွက် အရင်ကလည်း ရှိခဲ့တယ်။ ခုလည်း ရှိဆဲ၊ နောင်လည်း ရှိလာရင် ကျော်ဖြတ်နေရဦးမှာပါပဲ။ လေကြောင်း စိတ်မချရသေးတဲ့နယ်မြေအတွက် လိုအပ်တဲ့ ထောက်ပို့ကိစ္စက ဒီလမ်းကြောင်းကိုပဲ မဖြစ်မနေ ရွေးချယ်ရတဲ့ သဘောပါ။ ပြန်ဆက်ရရင်.. မြစ်ကြောင်း တစ်လျှောက် ဆန်တက်ရတဲ့ သင်္ဘောတွေက.အထိအခိုက်လည်း အနည်းအကျဉ်း ရှိနိုင်တယ်ဆိုပေမယ့် လက်ရှိမြင်နေရတာမျိုး အထိတော့ ဖြစ်နိုင်ဖို့ ခက်ပါတယ်။ ဗန်းမော်က ရေခဲဖြစ်ပြီလို့ မပြောနိုင်သမျှ အရပ်သား အုပ်ချုပ်ရေး ဝန်ထမ်းတွေကိုလည်း လွှတ်စရာ မရှိနိုင်သေးပါဘူး။ အရင်က ရေးခဲ့ဖူးသလို ဗန်းမော်ကို ကျော်ကြည့်ပြီး လိုင်ဇာလောက် စစ်ရေးအရထောက်နိုင်မှသာ ဒီလမ်းခရီးက စိတ်ချရမှာပါ။ NCA တွေ၊ တိုင်းရင်းသားမို့ပါဆိုတာတွေ၊ ငြိမ်းချမ်းရေးတွေနဲ့ ကိုယ်တွေက လူကြီး လူကောင်း ဆန်ပေမယ့် ဘယ်သူပုန်၊ ဘယ်လက်နက်ကိုင်ကမှတော့ ဥပဒေနဲ့ အညီ ဆိုပြီး လာမှာ မဟုတ်ပါဘူး။ စစ်ပွဲဆိုတာက မာမာထန်ထန် ကိုယ်ကစမလုပ်ရင်....အရင်ဆုံး ကိုယ့်စစ်ကြောင်းက အသက်ပေးရမှာပါ။ ဒီတော့ မြစ်ကမ်းတစ်လျှောက်ကို စက်လက်တွေနဲ့ ချိန်၊ ပစ်ခတ်မှု ဖြစ်တာနဲ့ ချက်ခြင်း ဒရုန်းတက်နိုင်အောင်လုပ်၊ FPV drone တွေအတွက် ကာနိုင်သမျှ ရအောင်ကာ၊ မျက်စိရှင်ရှင်ထား၊ သတိဖွင့် နားစွင့်၊ တိုက်ပွဲ ဖြစ်တာနဲ့ ဖြစ်တဲ့နေရာ လေကြောင်းကပါ အမှုန့် အကုန်ကြိတ်....ဒီလိုသွားမှပဲ ကိုယ်တွေ ခံသာပါ့မယ်။ (နရီမိုး)
7 176
9
ဒေါသဖြစ်ပြီး ငုံ့ခံနေတာ ခန္တီမဟုတ်ဘူးနော်။ ဒေါသကို မဖြစ်အောင်ထားမှ ခန္တီအစစ်။ ခန္တီဆိုတာ "ခမု သဟနေ" တဲ့။ စွမ်းရည်သတ္တိတစ်မျိုးပဲ။ ဘယ်လိုစွမ်းရည်သတ္တိတစ်မျိုးတုန်းဆိုရင် ဘယ်လိုစိတ်ဆိုးအောင်လုပ်လုပ် စိတ်မဆိုးဘူး။ ဒီလိုဟာမျိုးကို ဆိုလိုတာ။ စိတ်ကိုက မဆိုးတာ။ ပြန်မပြောတာမျိုးကို ပြောတာမဟုတ်ဘူး။ ပြန်မလုပ်တာ၊ ပြန်မပြောတာကို ခန္တီလို့ ပြောတာမဟုတ်ဘူး။ စိတ်ကိုဆိုးအောင်လုပ်လို့မရအောင် သည်းခံနိုင်တဲ့ ကိုယ့်စိတ်လေးကို နဂိုစိတ်အခြေအနေအတိုင်း ထိန်းနိုင်တဲ့ အနေအထားမျိုးကိုသာ ခန္တီလို့ခေါ်တာတဲ့။ အဲဒီလို မဟုတ်ဘဲနဲ့ စိတ်ထဲကနေ ဗလောင်ဆူ၊ နှုတ်ခမ်းကြီးစူ မကျေမနပ်တွေဖြစ်နော်။ “နေနှင့်ဦး ကြည့်သေးတာပေါ့”တို့ ဘာတို့ဆိုရင် ဒါခန္တီမဟုတ်ဘူး။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
7 024
10
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
6 803
11
“အပါယ်ဘုံရောက်တယ်ဆိုတာ” 🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷 အပါယ်ဘုံရောက်တယ်ဆိုတာ ဘာကြောင့်ရောက်တာတုန်းဆိုတော့စိတ်မနိုင်လို့ရောက်တာတွေချည်းပဲ။ စိတ်ထဲမှာမစင်ကြယ်တဲ့ လောဘတွေ ဒေါသတွေ မောဟတွေ မာန်/မာနတွေ ဣဿာမစ္ဆရိယတွေ အဲဒါတွေကြောင့်အပါယ်ရောက်တာ။ စိတ်ထဲမှာဖြစ်တဲ့အညစ်အကြေးတွေကို သန့်ရှင်းအောင်မလုပ်နိုင်လို့အပါယ်ရောက်တာ။ အဲဒါကြောင့်ကိုယ့်စိတ်ဆင်ရိုင်းကိုပညာတည်းဟူသောချွန်းဖြင့်အုပ်တယ်လို့ မြန်မာစာပေတွေမှာရေးလေ့ရှိတယ်။ အသိပညာနဲ့ဆင်ခြင်စဉ်းစားပြီးတော့ကိုယ့်စိတ်ကိုကောင်းတဲ့ဘက်ကိုရောက်အောင် လမ်းမှန်ပေါ်တင်ပေးရမယ်။ ကောင်းအောင်ပြင်ရမယ်။ အခုလိုသာသနာနဲ့တွေ့တဲ့အချိန်ကလေးမှာ ကောင်းအောင်မပြင်လိုက်နိုင်ဘူးဆိုရင်နောင်ဒီလိုအသိဥာဏ်မျိုးရဖို့ဆိုတာ အများကြီးခဲယဉ်သွားပြီ ။ ရ လာ လိမ့် မယ် လို့ မထင် နဲ့ ။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
7 828
12
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
7 036
13
ကွမ်းခြမ်းကုန်းနဲ့ ဒလမှာ ဆိုင်ကယ်စီးနင်းခွင့် ပြုသင့်သလား
7 825
14
◾ ညောင်တုန်းကိစ္စရယ်၊ ငဝန်တာ ကိစ္စရယ်ကို ကြည့်လိုက်ရင်…ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွေမှာ တာဘောင်တွေရဲ့ကြံ့ခိုင်မှုတွေက မဖြစ်မနေ+4
◾ ညောင်တုန်းကိစ္စရယ်၊ ငဝန်တာ ကိစ္စရယ်ကို ကြည့်လိုက်ရင်…ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွေမှာ တာဘောင်တွေရဲ့ကြံ့ခိုင်မှုတွေက မဖြစ်မနေ စစ်ဆေးပြုပြင်ရမယ့် အခြေအနေ ရောက်လာပြီလို့ မြင်မိတယ်။ ညောင်တုန်းမှာဆိုရင်လည်း တာဘောင် တွေကို အရေးပေါ်ကာကွယ်ဖို့ သဲအိတ်တွေကို ဝါးတန်းတွေ ကြားထဲညှပ်ပြီး ကာနေတာမျိုး တွေ့ရတယ်။ ဒါကလည်း ကိုယ်တွေနိုင်ငံနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ အရေးပေါ် တည်ဆောက် ရေးစနစ်ဖြစ်လိမ့်မယ်။ နိုင်ငံတကာမှာတော့…HESCO လို့ခေါ်တဲ့ ခေါက်သိမ်းလို့ရတဲ့ သံကွန်ရက်တွေကြားထဲမှာ ကျောက်စရစ်ခဲတွေနဲ့ သဲတွေကို စက်ယန္တရားတွေနဲ့ ဖြည့်တဲ့ပုံစံမျိုး လုပ်ကြ တာလည်း မြင်မိတယ်။ ဒါကအချိန်သက်သာပြီး ပိုမြန်မယ့် သဘော ပဲ။ --------- ◾ နောက်ပုံစံတစ်ခုက Geotextile Tube တွေ သုံးတာမျိုးလည်း တွေ့ရတယ်။ မြစ်ကမ်းဘေးတွေမှာ ဒီ Tube တွေချပြီး အထဲကို ရေနဲ့ သဲတွေကို Pump နဲ့ဖြည့်တဲ့ ပုံစံမျိုး။ ရေက တဖြည်းဖြည်းစိမ့်ထွက်ပြီး သဲက ပြွန်ထဲမှာ ကျန်နေတဲ့အခါ တဖြည်းဖြည်း မြေသား တာဘောင်ပုံစံ ဖြစ်သွားတဲ့ သဘောမျိုး တည်ဆောက်ကြတာလည်း ရွေးချယ်စရာ တစ်ခုပဲ။ ကိုယ်တွေနိုင်ငံအတွက်တော့ နည်းနည်း အလှမ်းဝေးချင်ဝေးနိုင်မလားပဲ။ ------ ◾ တတိယပုံစံတစ်မျိုးက ကျောက်ဖြည့် သံကွန်တိန်နာတွေ နဲ့ မြစ်ကမ်းဘေးမှာ တည်ဆောက်ကြတဲ့ ပုံစံမျိုးလည်း ရှိသေးတယ်။ ဒီပုံစံမှာတော့….သံကြိုးကွန်တိန်နာ Box ထဲကို ကျောက် စရစ်ခဲတွေဖြည့်ပြီး အလွှာလိုက် တည်ဆောက်ကြတယ်။ ရေတိုက်စား မှုများတဲ့ နေရာတွေမှာ ဒီလိုပုံစံမျိုး တည်ဆောက်တာ ခပ်များများ တွေ့ရတယ်။ ဆည်ဘောင်တွေမှာလည်း ဒီလိုပုံစံ လုပ်တတ်ကြတယ်။ ရေလှိုင်းရိုက်တာ ခံရပေမယ့် ရေကို လုံးဝပိတ်ထားတာမျိုးမဟုတ်တော့…ကျောက်ကြားတွေကနေ ရေဖိအား ဒဏ်ကို အထိုက်အလျော့ လျော့ချပေးနိုင်တဲ့ အားသာချက်လည်း သူ့မှာ ရှိတာ မြင်ရတယ်။ ------ ◾ စတုတ္ထပုံစံမျိုးကတော့…Mudular Floodwall တွေပဲ။ ဒီပုံစံမျိုးကို ကမ်းနားလမ်းလို နေရာမျိုးနဲ့ မြစ်ချောင်းနီးတဲ့ နေရာတွေမှာ အသုံးများကြတယ်။ ဒါကတော့မြို့ပြ အနေအထားလောက်ပဲ အဆင်ပြေမယ့်သဘောပဲ။ ------- ◾ နောက်ဆုံး ပုံစံကတော့…လက်ရှိ ငဝန်တာမှာ သုံးနေတဲ့ Steel Sheet Pile တွေကို မြေကြီးထဲအထိ ရိုက်သွင်းပြီး ရေတားနံရံ တည်ဆောက်ကြတဲ့ ပုံစံမျိုးပဲ။ တာအောက်က ထူးကြော ပေါက်တဲ့ အခြေအနေမျိုးမှာ အရေးပေါ် သဲအိတ်ထက် အမြဲတမ်းရေကာတာ ပုံစံ မျိုးနဲ့ အသုံးပြုတာ ပိုများတယ်။ ဒါကလည်း ရေစီးအရမ်းသန်နေရင် နှောင့်နှေးမှု တွေ ကြုံရနိုင်တယ်။ လက်ရှိကတော့ Geo Bag သဲအိတ်တွေကို မြေပေါ်ကနေရော၊ သင်္ဘောပေါ် တွေကပါ ဆက်တိုက် ချနေတာမျိုးတော့မြင်ရတယ်။ အောက်ခံမြေသား မပျက်စီးဘူး ဆိုရင်တော့…ကွန်တိန်နာ Box တွေထဲ ကျောက်စရစ်ခဲ၊ သဲအိတ်တွေဖြည့်ပြီး ချတာရော အလုပ်ဖြစ်နိုင်မလားပေါ့။ ဘာပဲဖြစ်ဖြစ် …ရေကြီးရေလျှံမှုနဲ့ပတ်သက်ရင်… ဒါတွေက စိန်ခေါ်မှုနဲ့ သင်ခန်းစာတွေပါပဲ။ (နရီမိုး)
9 435
15
◾ နိုင်ငံတစ်ခုမှာ သယံဇာတတွေ ဘယ်လောက်များများ… ပညာတတ်တဲ့သူတွေ၊ ဒါမှမဟုတ် စဉ်းစား ဆင်ခြင်နိုင်မှု နိမ့်ပါးတဲ့သူတွေများရင်…တိုးတ
◾ နိုင်ငံတစ်ခုမှာ သယံဇာတတွေ ဘယ်လောက်များများ… ပညာတတ်တဲ့သူတွေ၊ ဒါမှမဟုတ် စဉ်းစား ဆင်ခြင်နိုင်မှု နိမ့်ပါးတဲ့သူတွေများရင်…တိုးတက်ဖို့ မလွယ်ဘူး။ လက်ရှိ ပူပူနွေးနွေး ၂၀၂၁ အရေးအခင်းကိုပဲ ပြန်ကြည့်ပေါ့။ ဒီ (၅)နှစ်အတွင်း တိုင်းပြည် တည်ဆောက်ရေးကို သွားခဲ့ကြသလား။ အစိုးရ ပြုတ်ကျဖို့ အရေးကြီးတယ်ဆိုပြီး တိုင်းပြည်ဖျက်ဆီးရေးကို ဦးတည်ခဲ့ကြသလားဆိုတာ ပြန်ပြီးသုံးသပ်ဆင်ခြင်ကြည့်ကြ စေချင်တယ်။ ဒီ ၅ နှစ်အတွင်းမှာ တော်လှန်ရေးအကြောင်းပြပြီး ဒလံခေါင်းစဉ်နဲ့ လူသတ်ခဲ့ ကြတာ မနည်းသလို ဖျက်စီးခဲ့ကြတဲ့ နိုင်ငံပိုင်အဆောက်အအုံတွေလည်း မနည်းလှဘူး မလား။ ဒီကာလတစ်လျှောက် ကိုယ့်ကျင့်တရားအရ အာမခံနိုင်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့တွေ ရှိနေသေးလို့လဲပေါ့။ ---- ◾ ဒီကနေခေတ် နိုင်ငံတွေရဲ့ယှဉ်ပြိုင်မှုမှာလည်း လူ့စွမ်းအားအရင်းအမြစ်က အဓိကပဲ။ ဒီလို လူ့စွမ်းအားအရင်းအမြစ်ကိုမှ အသိပညာနဲ့ နည်းပညာစွမ်းရည်တွေ ထပ်ပေါင်း ထည့်တာမျိုးနဲ့…နိုင်ငံအချင်းချင်းကြားမှာ ယှဉ်ပြိုင်နိုင်စွမ်းတွေ ချဲ့ထွင်လာနေကြတယ်။ AI နည်းပညာတွေ၊ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းစုတွေနဲ့ စွန့်ဦးတီထွင်မှုတွေက လက်ရှိ ကမ္ဘာ့စီးပွားရေးလမ်း ကြောင်းနဲ့ အကိုက်ညီဆုံးပဲ။ ဒါကို ဘယ်လိုထိုးဖောက်ယှဉ်ပြိုင်ကြမ လဲဆိုတာက …လက်ရှိ လူငယ်ထုအတွက် ပေးထားချက်ပုစ္ဆာတစ်ခုဆိုတာ ထောက်ပြထား တယ်။ --------- ◾ လူငယ်ပဲ ဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်….တည်ဆဲဥပဒေတွေ သိရှိလိုက်နာဖို့ကလည်း အရေးကြီးတယ်။ နိုင်ငံကို ဦးဆောင်ကြမယ့်လူငယ်တွေအတွက် ဥပဒေဆိုတာ အဓိက အသက်သွေးကြောပဲ။ တာဝန်ယူမှုနဲ့ တာဝန်ခံမှု၊ ဥပဒေကို လေးစားမှု၊ ဝေဖန်ပိုင်းခြား စဉ်းစားနိုင်မှုနဲ့ နိုင်ငံအကျိုးကို ဦးစားပေး မျှော်တွေးနိုင်မှုဆိုတာက...စနစ်တကျ ပြုစု ပျိုးထောင်နိုင်မှပဲ ရမယ်။ ဥပဒေကို သိမှပဲ…လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်ကြလိမ့် မယ်။ -------- ◾ နောက်တစ်ခုက အမျိုး၊ ဘာသာ၊ သာသနာနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ဆိုတဲ့ တိုက်တွန်းချက်စကားလုံး။ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရင်း…၊ မတူကွဲပြားမှုတွေကို လေးစားရင်း၊ သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်တတ်မှုနဲ့ ကမ္ဘာ့ အသိုက်အဝန်းမှာ လိုက်လျောညီထွေ နေတတ်ဖို့ဆိုတာကလည်း…လူငယ်တွေအတွက် သိပ်ကို အရေးကြီးတယ်။ ဒါတွေက…မနေ့က ထူးချွန်ကျောင်းသား ၃၀၇ ဦးကို ရွှေစင်ဒင်္ဂါး ချီးမြှင့်တဲ့ ပွဲမှာ သမ္မတကြီး ပြောခဲ့တဲ့ မိန့်ခွန်းထဲက အဓိက Key Point တွေပဲ။ (နရီမိုး)
7 415
16
ကုသိုလ်တရားသည် ကျန်းမာခြင်းကို ဆောင်ကြဉ်းပေး၏ "အပ္ပမာဒတရား" ဆိုသည်မှာ ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ဘဲ အမြဲပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ပေးသော သဘာဝတရားဖြစ်သည်။ တရားအားထုတ်သည့်အခါ ရောဂါဝေဒနာများ ပျောက်ကင်းသွားရခြင်းမှာ ရောဂါကိုဖြစ်စေသည့် အကုသိုလ်ကံများ ကင်းစင်သွားပြီး စိတ်ထဲတွင် လောဘ၊ ဒေါသ၊ မောဟတို့ ကင်းဝေးကာ အလောဘ၊ အဒေါသ စသည့် ငြိမ်းအေးသော ကုသိုလ်စိတ်များ ဝင်ရောက်လာသောကြောင့် ဖြစ်သည်။ စိတ်ပူလျှင် ရုပ်ပူ၏ – လောဘ၊ ဒေါသများပြားပါက စိတ်ပူလောင်၍ ရုပ်ခန္ဓာပါ ပူလောင်ပျက်စီးရသည်။ စိတ်အေးလျှင် ရုပ်အေး၏ – ကုသိုလ်စိတ်ဖြင့် စိတ်နှလုံး ဖြူစင်အေးချမ်းလာပါက ခန္ဓာကိုယ်၏ ကျန်းမာရေးနှင့် အသားအရေ စိုပြေမှုတို့သည် အလိုလို ကောင်းမွန်လာသည်။ မြတ်စွာဘုရားရှင်နှင့် ပညာရှိအပေါင်းတို့သည် သံသရာတွင် အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ဘဝအဆင့်အတန်း မြင့်မားခြင်းစသည့် နှစ်သက်ဖွယ် အကျိုးတရားများကို လိုလားပါက "ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်း (အပ္ပမာဒတရား)" ကို လက်ကိုင်ထားကြရန် ချီးမွမ်းဟောကြားခဲ့ခြင်း ဖြစ်ပါသည်။ #ပါမောက္ခချုပ်ဆရာတော် #ဒေါက်တာနန္ဒမာလာဘိဝံသ 🙏🙏🙏
6 575
17
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
6 395
18
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
1
19
မြစ်ဆုံ ဆည်က ပေးရတဲ့ Risk လည်း ကြီးတယ်။ ခုလို သဘာဝဘေးတွေ ဖြစ်နေချိန်ဆိုရင် အစစအရာရာ ပို သတိရထားရတာမျိုး လည်း ရှိကောင်း ရှိမယ်+1
မြစ်ဆုံ ဆည်က ပေးရတဲ့ Risk လည်း ကြီးတယ်။ ခုလို သဘာဝဘေးတွေ ဖြစ်နေချိန်ဆိုရင် အစစအရာရာ ပို သတိရထားရတာမျိုး လည်း ရှိကောင်း ရှိမယ်။ ဒါပေမယ့် မြစ်ဆုံဆည် တစ်ခုတည်းတော့ မဟုတ်ဘူး။ အထက်မှာ အသေးစား ဆည် ၆ ခု လောက် ရှိနေသေးတယ်။ အသေးစား ဆည် ၆ ခု ရဲ့ ပမာဏကလည်း အနိမ့်ဆုံး ၅၀၀၀ မဂ္ဂါဝပ်လောက်တော့ ရနိုင်လောက်တယ်။ မြစ်ဆုံရော ပါမယ်ဆိုရင်တော့ မဂ္ဂါဝပ် ၁ သောင်းကျော်သွားမယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လျှပ်စစ်သုံးအားက ၄၀၀၀ လောက် ပျှမ်းမျှ ရှိနိုင်တယ်။ နှစ်စဉ် ၁၅ မဂ္ဂါဝပ်လောက် ကလည်း ပျှမ်းမျှ တိုးပြီး သုံးစွဲလာတဲ့ အခြေအနေရှိတယ်။ ရေအားလျှပ်စစ်ကိုပဲ အဓိက အားထားတော့ နွေရာသီ ၄ လ နဲ့ ရေနည်းချိန်ဆိုရင် လျှပ်စစ်ရဖို့က ရုန်းကန်နေရဆဲပဲ။ ပိုက်ဆံတတ်နိုင်လို့ LNG ဓာတ်ငွေ့တွေ ဝယ်သုံးရတာက ပြဿနာ မဟုတ်ပေမယ့် ရေရှည် ဆိုရင် အဆင်မပြေနိုင်ဘူး။ မြစ်ဆုံက ရရင်တော့ လျှပ်စစ် လိုအက်ချက်ကို အတော်လေး အထောက်အကူ ပြုနိုင်လိမ့်မယ်။ ဒီနေရာမှာ နှစ် ၁၀၀ အတွင်း ပေါ်ပေါက်တတ်တဲ့ မြေငလျင် အကြောင်းတွေလည်း ပြောကြတာ ရှိတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အမြင့်ဆုံး မြေငလျင်က ၈ မဂ္ဂနီကျူ ပတ်ဝန်းကျင် လောက် ရှိမလားပဲ။ မန္တလေး မြေငလျင်ဒဏ်ဖြစ်တော့ အစိုးရဝန်ကြီးရုံးနဲ့ အိမ်ယာတွေ အတော်လေး ပျက်စီးပေမယ့် အသစ်တည်ထားတဲ့ ဘုရားကတော့ ဘာမှ ထိခိုက်တာ မတွေ့ရဘူး။ ဒီတော့ မဖြစ်သေးတာကို မျှော်လင့်ပြီး ဒီတိုင်း Comfort Zone ထဲ နေကြမလား၊ နည်းပညာနဲ့ ကျော်ဖြတ်မလား ဆိုတာ စဉ်းစားကြရတော့မယ်။ ဂျပန်မှာဆိုရင်လည်း တနှစ်ကို မုန်တိုင်း ပေါင်း ရာချီ ဖြစ်ပြီး မြေငလျင်တွေ ဆက်တိုက် ဖြစ်တာပါပဲ။ နည်းပညာ မြင့်တဲ့အခါကြတော့ အဆောက်အဦ ထိခိုက်တာထက် လူအသေအပျောက်နည်းအောင် ပိုဂရုစိုက်ကြတယ်။ ဆိုလိုတာက မုန်တိုင်းဖြစ်တာ ၊ မြေငလျင် ဖြစ်တာကို ကြောက်နေတာထက် ဒါတွေကို ဘယ်လို ကျော်ဖြတါကြမလဲ ဆိုတဲ့ ပုံစံနဲ့ပဲ ချဉ်းကပ်ကြတာ တွေ့ရတယ်။ လက်ရှိနီပေါ ဖြစ်စဉ်မှာလည်း ဆင်ဟွာဘက်က ထုတ်ပြန်ချက်တွေကြည့်ရတာ....ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးတွေ လုပ်နိုင်ဖို့ စက်ယန္တရားတွေသုံးပြီး လမ်းဖောက်နေတာ မြင်ရတယ်။ သာမန်ဆိုရင်တော့ ဒီလောက်ကြီးတဲ့ သ‌ဘာဝဘေးကို လက်လျော့လိုက်ကြမှာပဲ။ သူတို့ကတော့ ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုပြီး ပုံစံပြောင်း တွေးကြတယ်။ ဖွံ့ဖြိုးတိုးတက်ကြတဲ့ နိုင်ငံတွေမှာ ဒီလိုမျိုး ကွဲထွက်တဲ့ Idea တွေ ရှိကြတာ ဆန်းတော့ မဆန်းဘူး။ (နရီမိုး)
7 813
20
ဒီကနေ့ မလှိုင်ဘက်ခြမ်း၊ ထမ္မကြီး ကျေးရွာဘက်မှာ ပလကဖ ခေါင်းဆောင် အပါအဝင် ၁၂ ယောက်လောက်ကို နောက်ထပ် PDF အယောက် ၅၀ လောက်ရှိတဲ့ တပ်ဖွဲ့က သတ်ဖြတ်လိုက်ကြတယ်ဆိုတဲ့ သတင်းလေး ထွက်လာတယ်။ အရင် ကနဦး သိထားတာက ပြည်သူတွေဆိုပြီး သိထားရာကနေ ပလကဖ အဖွဲ့တွေလို့ သိလာရတယ်။ တကယ်တော့ မလှိုင် ဆိုတာက အရင် နွားထိုးကြီး၊ မြင်းခြံဘက်ခြမ်းကို တပ်က စစ်ကြောင်းထိုး နယ်မြေရှင်းတဲ့အခါ....တဖြည်းဖြည်း အဲ့ဒီဘက်ကို ရောက်သွားတဲ့သဘောပဲ။ လက်ရှိ တောင်သာ တဝိုက်၊ ဇဂျမ်းနဲ့ ဝဲလောင် ဘက်မှာလည်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေကို ဆက်ကြေးကောက်၊ ပြန်ပေးဆွဲတာတွေလည်း ခပ်စိတ်စိတ် ဖြစ်နေကြတယ်။ ဒီဖြစ်စဉ်တွေကိုကြည့်တဲ့အခါ....ဒေသန္တရ လက်နက်ကိုင် အဆင့်ဆင့်ကြားမှာတောင် အကျိုးစီးပွားနွယ်လာရင် ဘက်တူတာတောင် လူမရွေးဘူး ဆိုတဲ့ အခင်းအကျင်းမျိုး မြင်လာရတယ်။ ပလကဖ ဆိုတာကလည်း သာမန် ပြည်သူ မှမဟုတ်ဘဲ။ အစွယ်ရှိလို့ကို အဲ့ဒီနယ်မှာ ခေါင်းဆောင်ဆိုပြီး ဗိုလ်ခံထားတာပေါ့။ ဒါကိုကြည့်ရင်....သာမန် ပြည်သူတွေရဲ့ ဘဝလုံခြုံမှုက သိပ်ကို ကြောက်စရာ ကောင်းလာတာ တွေ့ရလိမ့်မယ်။ ဘာပဲ ပြောပြော....ဒီမိုကရေစီကို လိုချင်လို့၊ စစ်အာဏာရှင်ကို တိုက်ထုတ်ချင်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ လက်နက်ကိုင်လာကြတဲ့သူတွေက အခွန်ဆက်ကြေး အဆင့်လောက်တင် တဖွဲ့နဲ့ တဖွဲ့ ပစ်သတ်ရှင်းလင်းကြတဲ့ အခြေအနေမျိုး လုပ်လာကြတယ်။ ကြည့်ရတာ....SCEF လို့ တဖက်မှာ ကြီးကြီးကျယ်ကျယ် ပြောနေကြပေမယ့် အညာမြေမှာ‌တော့ သူတလူ၊ ဗိုလ်တမင်း ပုံစံနဲ့ ဟင်္သာကိုးသောင်းပုံစံ ဇာတ်ပျက်နေခဲ့ကြပြီ။ လူ ၁၂ ယောက်ကို တထိုင်တည်း သတ်ပစ်နိုင်လောက်တဲ့ အကြမ်းဖက်ပုံစံမျိုးကတော့ အံ့အားသင့်စရာ အခြေအနေပဲ။ (နရီမိုး)
5 281