cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

နရီမိုး

پست‌های تبلیغاتی
28 550
مشترکین
+7224 ساعت
+3 7837 روز
+3 92630 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

00:46
Video unavailableShow in Telegram
ရှမ်းမြောက်‌ဒေသ ရခမ အတွင်းရှိ ၅၀၇ အား ပြန်လည်ထိန်းချုပ်ရရှိမှု ရုပ်သံ။ အကန့်အသတ်မထားဘဲ ရဲရဲသာ လုပ်ခွင့်ပြုလိုက်ပါ။ (နရီမိုး) Crd- Thazin oo channel
نمایش همه...
18.01 MB
500👍 216👏 23🤣 15🥰 1
Congratulations ပါ နေဝန်းနီများ မိုးထဲ လေထဲ မှာပဲ ၅၀၇ ကို ပြန်လည်ထိန်းချုပ်နိုင်ပါပြီ။နိုင်ငံတော်အလံကို ချက်ချင်း ဦးထိပ်ပန်ဆင်လို့လည်း ဂုဏ်ယူရပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ (နရီမိုး)
نمایش همه...
645👍 234👏 33🤣 22🥰 1
ပြဿနာက ဖက်ဒရယ် ဆိုတဲ့ စကားလုံးကို ရေစီးကမ်းပြိုသလို တွင်တွင်ကျယ်ကျယ် လက်ခံ သုံးနှုန်းလာကြတာပါပဲ။ ဒီလို လက်ခံလာတဲ့အချိန်မှာ ပြည်ပ နိုင်ငံရဲ့ ကျားဖျန့်ကို တည်ပြီး အချိန်ကိုက် ပင်းလုပ်တာကိုပါ နိုင်ငံက ခံစားခဲ့ရရှာတာ တွေ့ရတယ်။ ပိုဆိုးတာက ကျားဖျန့်ကိစ္စမှာတင် ကိုယ်တွေဘက်က ဒုကာဝန်တွေပါ ပတ်သက်ခဲ့တယ်ဆိုတာမျိုးက အတော်လေး လုပ်ရကိုင်ရ ခက်သွားစေတယ်လို့ ထင်မိတယ်။ တဖက်မှာ လောက်ကိုင် တပ်မှူးတွေဟာ အထက်အမိန့်ထက် မိမိသဘောနဲ့ မိမိဆုံးဖြတ်ချက်တွေ ချလိုက်တာက ကွမ်လုံ လို သမိုင်းရှိတဲ့ နယ်မြေတွေကို အလွယ်တကူ လက်လွတ်ရစေသလို ဖြစ်ခဲ့တယ်။ အရင် လက်ထက်တွေကတည်းက ဧရိယာကြီးမားတဲ့ နိုင်ငံရဲ့ နယ်စွန်နယ်ဖျားတွေကို တပ်က နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းထားခဲ့ရတယ်။ ဒါ့ကြောင့်လည်း ခုလို ရန်သူက အင်အားအလုံးအရင်းနဲ့ ဝင်ဆောင့်ချိန်မှာ အချိန်ကြာမြင့်စွာ ခုခံနိုင်ဖို့ ခက်ခဲခဲ့တာ တွေ့ရတယ်။ ပိုဆိုးတာက နိုင်ငံတော်တာဝန်ကို တဖက်က ယူထားရတဲ့ တပ်မတော်အတွက် တိုင်းပြည်စီးပွားရေးကိုပါ ပူးတွဲ တာဝန်ယူနေရတာဖြစ်လို့ ဒင်းပြည့်ကျပ်ပြည့်တော့ စစ်ရေးပိုင်းမှာ အားမစိုက်နိုင်တာ သတိပြုရမယ်။ လက်ရှိအချိန်မှာ လားရှိုးဟာ အရေးကြီးတဲ့ ခံစစ်နယ်မြေတစ်ခုပဲ။ တိုက်သမျှ တိုက်ပွဲတိုင်းဟာ တရုတ်ရဲ့ အနာဂတ်စီးပွားရေးလမ်းမဖြစ်တဲ့ ပြည်ထောင်စု လမ်းမပေါ်က မြို့ကြီးတွေ ဖြစ်နေတာက တိုက်ဆိုင်မှု မဟုတ်တာ သေချာတယ်။ ရုရှားဟာ မြန်မာနဲ့ ဘယ်လို ပနံ့သင့်ပါတယ်ပြောပြော ပထဝီအနေအထားအရ သိပ်ဝေးလွန်းတယ်။ နိုင်ငံရေးအရ ပြောရင်တော့ တပ်ချုပ်ကြီးကို ဖိအားပေးထားပုံပါပဲ။ ခက်တာက တပ်ချုပ်ကလည်း စီးပွားရေးလမ်းကို ပြန်မဖွင့်ဖို့ ဆုံးဖြတ်ထားဟန်ရှိတယ်။ ဒီတလမ်း မရရင် နောက်တလမ်းပုံစံမျိုးနဲ့ပဲ ဆွေးနွေးခဲ့ဟန်ရှိတယ်။ ဒါ့ကြောင့်လည်း တာချီလိတ်လမ်းကို ရွေးခဲ့တာ တွေ့ရတယ်။ တရုတ်ဘက်ကတော့ EaO တွေကို Proxy ခံထားပြီးဖြစ်လို့ အကျိုးစီးပွားမှာ ၇၀ ၊ ၃၀ ယူပြီး စစ်ကို ရပ်ထားလိုက်ချင်ပုံပေါ်တယ်။ ဒါပေမယ့် ဒို့တာဝန်အရေး၃ ပါးကို ကာကွယ်ရမဲ့ တပ်မတော်အတွက်တော့ ဒါက ပြည်ထောင်စု ပြိုကွဲခြင်းရဲ့ လမ်းစ ဖြစ်တယ်၊ အချုပ်အခြာ အာဏာ ဆုံးရှုံးမှု တခု ဖြစ်သလို တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ပိုင်းနဲ့ပါ ဆက်စပ်နေတဲ့အနေအထားမှာ ဘယ်နည်းနဲ့မှ လက်လျော့ပေးဖွယ် မရှိဘူး။ ဘာပဲ ဖြစ်ဖြစ် တပ်မတော်သားတွေကတော့ နောက်ဆုံးအချိန်အထိ အသက်ပေးပြီး ကာကွယ်နေဦးမှာပါပဲ။ ဒီလိုကာကွယ်တဲ့နေရာမှာ တဖက်ကလည်း Diplomatic အရ ကစားနိုင်ရင်တော့ ရလဒ်ပိုပြီး သိသာစေမှာပေါ့။ (နရီမိုး)
نمایش همه...
👍 562 70🙏 9🤣 8😢 6
"ကုသိုလ်ကံ မပါလို့ရှိရင်” ဘုန်းကြီးတစ်ခု ပြောပြချင်တယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ အနန္တတန်ခိုးရှင်ဖြစ်ပေမယ့်လို့ လူတစ်ယောက် ဒုက္ခရောက်နေလို့ရှိရင် အကုသိုလ်ကံတွေ ကြီးမားလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်ကို မြတ်စွာဘုရား ကယ်လို့မရဘူး။ မကယ်နိုင်ဘူး။ ကုသိုလ်မပါရင်လည်း မြတ်စွာဘုရားက မ,မစနိုင်ဘူး။ လောကမှာ ကိုးကွယ်နေကြတဲ့ ပုဂ္ဂိုလ်တွေအလိုက် တချို့ပုဂ္ဂိုလ်တွေက မ,တဲ့ဘုရားကို ကိုးကွယ်ကြတယ်။ ဘုရားသခင်က မ,တယ်နဲ့ ပြောကြတယ်။ တကယ်ကတော့ ဘုရားသခင်က မ,တာ မဟုတ်ဘူး။ ကံက မ,တာ နော်။ ကိုယ်လုပ်ခဲ့တဲ့ ကံက မ,တာ။ တလွဲသွားပြီးတော့ လွဲမှားစွာ ထင်နေမယ်ဆိုလို့ရှိရင်… ဒါလည်း မှားယွင်းတဲ့အမြင် တစ်ခုပဲနော်။ ကိုယ့်ကို တကယ် မ,တာက ဘုရားမဟုတ်ဘူး၊ ကံတရားပဲ ဖြစ်တယ်။ ကြည့်လေ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က တရားဓမ္မဟောလို့ တရားထူး၊ တရားမြတ် ရသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို “ဧဟိ ဘိက္ခု - ချစ်သား ရဟန်း လာခဲ့” လို့ သာသနာတော်မှာ ဖိတ်ခေါ်လိုက်တဲ့အခါ လူ့အသွင်ပျောက်ပြီးတော့ ရဟန်းအသွင် ရောက်လာတယ်ဆိုတာ ပရိက္ခရာရှစ်ပါး လှူ ပြီးတော့ ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မှ ရတာ။ လူတိုင်းကို လုပ်ပေးချင်လို့ မရဘူး။ အကယ်၍သာ ရရင် မြတ်စွာဘုရားက ကရုဏာရှင် ဖြစ်သည့်အတွက်ကြောင့် လူတိုင်းကို ချမ်းသာအောင် လုပ်ပေးမှာပေါ့။ ဒါဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူး။ ကံမပါလို့ရှိရင် ဘာမှကို ကယ်တင်လို့ မရဘူး။ ပုံဝတ္ထုလေးတစ်ခု ရှိတယ်။ သိပ်ဆင်းရဲနေတဲ့ လူတစ်ယောက်ကို မ,ချင်တယ်။ မ,ချင်တော့ ဘယ်လိုလုပ်တုန်းဆိုရင် အဲဒီလူက ဒီလမ်းကနေ အမြဲတမ်းသွားတယ်။ သွားတိုင်းသွားတိုင်း သူက အပေါ်မော့ပြီး သွားလေ့ရှိတယ်။ ဒါ့ကြောင့်မို့ သူမြင်အောင်လို့ ဆိုပြီး ပစ္စည်းလေးတစ်ခုကို အပေါ်မှာ ချိတ်ထားတယ်။ အဲဒီနေ့ကျတော့ ဘာလုပ်သွားလဲ? ငုံ့သွားတယ်။ ဪ ဒီကောင် ငုံ့သွားတာပဲဆိုပြီး နောက်ရက်ကျတော့ အောက်ချထားပေးတယ်။ အဲဒီကျတော့ မော့သွားပြန်ရော။ ကံမရှိတဲ့လူကျတော့ ကြံဖန်ပြီးတော့ကို လွဲမှာပဲ၊ ဟုတ်လား။ ကူညီချင်လို့ မရဘူး။ ကံက မပေးရင် ဘာမှ မရဘူး။ ဒါ့ကြောင့် ကံကောင်းအောင်သာ လုပ်ပေးလို့ ရတယ်။ “မာဃလုလင်” ရဲ့ဝတ္ထုကို ဖတ်ဖူးကြပါလိမ့်မယ်။ မာဃလုလင်ဘဝက အငယ်ဆုံးဇနီးကို သုဇာတာလို့ခေါ်တယ်။ သုဇာတာဟာ သူ့ကိုယ်သူ ဖြီးလိမ်းအလှပြင်ပြီး နေတာ။ ကုသိုလ်ကောင်းမှု လုံးဝမလုပ်ဘူး။ မလုပ်တဲ့အခါ သေတော့ ဘာသွားဖြစ်တုန်းဆို ဗျိုင်းမ သွားဖြစ်တယ်။ သိကြားမင်းကြီးက အဲဒီဗျိုင်းမကို နတ်ဖြစ်အောင် သူလုပ်မပေးနိုင်ဘူး။ ဘာလုပ်တုန်းဆိုရင် နည်းလမ်းပေးတယ်။ ဗျိုင်းဆိုတာမျိုးကလည်း ငါးသတ်စားတဲ့တိရစ္ဆာန်မျိုးပဲ။ ပါဏာတိပါတကံ ကျူးးလွန်တဲ့ အကောင်မျိုး။ “ပါဏာတိပါတာ ဝေရမဏိ” သီလ ဆောက်တည်ခိုင်းတယ်။ သိကြားမင်းက သူ့ဆီကို ခေါ်ချင်တာ။ ဒီအတိုင်း ခေါ်လို့မရဘူး။ ဘာလုပ်ရလဲ? သီလကျင့်ရတယ်။ သီလကို ဆောက်တည်တဲ့အခါ ဗျိုင်းဘဝက လွတ်ပြီး လူ့ဘဝရောက်လာတယ်။ လူ့ဘဝရောက်တော့ သိကြားမင်းက လိုက်ပြီး စောင့်ရှောက်တယ်။ နတ်ပြည်မှာဖြစ်အောင် သီလကို ဆောက်တည်ခိုင်းတယ်။ သီလကို ခိုင်ခိုင်မာမာ ဆောက်တည်လိုက်ပြီ ဆိုတော့မှ သူဟာ တတိယဘဝမှာ နတ်ပြည်ရောက်သွားတာလေ။ အဲဒီတော့… ဘာလုပ်ရမတုန်းဆို “ကုသိုလ်”ပဲ လုပ်ရတယ်။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏
نمایش همه...
🙏 449👍 54 25👎 1
Photo unavailableShow in Telegram
မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ 🙏🙏🙏
نمایش همه...
🙏 526👍 30 12👏 2
00:21
Video unavailableShow in Telegram
အနီးပတ်ခြာလည် မကပ်နိုင်အောင် ဖိုက်တာတွေနဲ့ ဗျင်းနေပုံပါပဲ။ နေ့နေ့ညည အပြင်းအထန် ခံစစ်ဆင်နေတာ တွေ့ရတယ်။ အနောက်ဘက်က အီနိုင်း၊ အေတီဘက်နဲ့ မိန်းလမ်းမ ဝင်ပေါက်ဘက်အခြမ်းတွေကိုသာ ပိုပြီး အာရုံစိုက်နိုင်ရင် အဆင်ပြေမယ့် သဘောရှိပါတယ်။
نمایش همه...
လားရှိုး.mp48.15 KB
247👍 240👏 17🙏 11🔥 1
Photo unavailableShow in Telegram
စားပွဲဝိုင်းပေါ်မှာ လိုလားချက်ဆွေးနွေးပြီး ဖက်ဒရယ် ခေါင်းစဉ်တပ် အဖြေရှာတာထက် စစ်တိုက်ရင်း နယ်မြေချဲ့ယူပြီးမှ ၊ပထဝီ အနေအထား Changes ဖြစ်ပြီးမှ ဒါက ငါတို့ လိုချင်တဲ့ ဖက်ဒရယ်ဆိုပြီး ခေါင်းစဉ်တပ်တာကို ဘယ်လိုမှ လက်ခံပေးစရာ မမြင်ဘူး။ ရှမ်းမြောက်ကို တပ်ချုပ်ကြီး သွားတော့ သားစဉ်မြေးမြစ် ပဋိပက္ခ ပိုကြီးမှာစိုးလို့ သည်းခံနေရပါတယ်ဆိုပြီး သုံးနှုန်းခဲ့ပေမယ့် လက်ရှိ ရှမ်းမြောက်တခွင်လုံးဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကြားမှာ မြို့ရွာတွေပျက်ပြီး စစ်ရှောင်တွေလည်း ထောင်သောင်းချီဖြစ်လာခဲ့ပြီ။ တံတား အစင်းပေါင်းများစွာ အချိုးခံထားရသလို စစ်ဖြစ်နေတဲ့ ကာလမို့ စာသင်ကျောင်းတွေကလည်း အကန့်အသတ်မရှိ ပိတ်ပင်ထားလိုက်ရပြီ။ ပြည်ပလွှမ်းမိုးမှုပါတဲ့ ကျူးကျော်စစ်ကို တရုတ်မျက်နှာ ကြည့်ပြီး ဟိုဂင်သဘောတူညီချက်ကို လိုက်နာစောင့်ထိန်းပေမယ့် ရန်သူကတော့ ရန်သူ့အလုပ် လုပ်နေတာ တွေ့ရတယ်။ အများကြီး လုပ်စရာ မလိုဘူး။ နမ့်ဆန် ပတ်ချာလည် ရွာတွေဖြစ်တဲ့ တောင်ကျော်၊ ခေးခတ်၊အာရမ်း၊ နမ့်လင်း၊ ဟိုက်တောင်၊ မုံတုံ ပတ်ချာလည် သာ ဗုံးစာကျွေးလိုက်။ ထိုးစစ်အကုန်ပြန်ရုတ်သွားလိမ့်မယ်။ (နရီမိုး)
نمایش همه...
👍 756 26🤣 20😁 1
Photo unavailableShow in Telegram
ထိုင်းကတော့ လောလောဆယ် အိမ်နီးချင်းကောင်း ပီသနေတယ်ဆိုရမယ်။ ပီသတယ်ဆိုရအောင်လည်း နေပြည်တော်ထိ လာပြီး ထိတွေ့ဆက်ဆံနေတာရှိတယ်။ နောက်တချက်က ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်သွားပြီး ရာဇဝတ်သားတွေကို အပြန်အလှန်ပေးပို့ဖို့ MoU ထိုးနိုင်ခဲ့တာလည်း တခု ကောင်းသွားတယ်။ ဒီလက်နက်တွေ(M4 ကာဘိုင် ထိုင်းထုတ်)က မကြာသေးခင်က ထိုင်းမှာ ဖမ်းမိတယ်ဆိုပြီး ထုတ်ပြန်ထားတာတွေ့ရတယ်။ US Made ကို မမှီပေမယ့် အသစ်ဈေးနှုန်းနဲ့ဝယ်ရမှာဖြစ်သလို ဆက်စပ်ခဲယမ်း‌ တွေပါ ပါမှာဖြစ်လို့ တန်‌ ကြေးအားဖြင့် မနည်းလှဘူး။ အလက် ၂၀ ဆိုလည်း အတိုင်းအတာတခုအထိ အကျိုးသက်ရောက်တာမို့ ဖမ်းပေးတဲ့ ထိုင်းတွေကိုပဲ ကျေးဇူးတင်ရမှာပဲ။ (နရီမိုး)
نمایش همه...
👍 670 61🤣 12
" ဘုရားရှိခိုးရင် အရည်အသွေးပါမှ စိတ်ချရတာ " - ဘုရားရှိခိုးတာမှာ တကယ် စိတ်ပါလက်ပါ စူးစူးစိုက်စိုက် ရှိခိုးမယ်ဆိုရင် " နမောတဿ " ဘုရားရှိခိုးတစ်ပုဒ်နဲ့တောင် အရည်အသွေးပါတယ်။ သရဏဂုံ ၃ ပါးနဲ့တောင် အားကိုးရလောက်တယ်။ လက်တွေ့ကျင့်သုံးတဲ့ အပိုင်းမှာလည်း စိတ်ပါလက်ပါ ကြိုးစားပြုလုပ် အားထုတ်ကြရမယ်။ ကိုယ့်အရည်အသွေးကို ကိုယ့်ဘာသာပဲ မြှင့်ရမှာ သူများက တင်ပေးတဲ့ အရည်အသွေးကအလကားပဲ။ ကိုယ်ဘာသာ ကိုယ်တင်တဲ့ အရှိန်အဝါကမှ တကယ့်အရှိန်အဝါဖြစ်တယ်။ ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ဘာသာကိုယ်၊ ကိုယ့်စေတနာကောင်းနဲ့ ကိုယ်ဘာသာကိုယ် လုပ်နေရင် နည်းမှန်လမ်းမှန် သူ့အလိုလို အကျိုးပေးလိမ့်မယ်။ ဘာပဲလုပ်လုပ် လုပ်ရမယ့်အတူတူဆိုတော့အရည်အသွေးပါအောင်ပဲ လုပ်ပါ။ လူမြင်ကောင်းရုံ ဟန်လေးနဲ့ လုပ်တာမျိုးမဖြစ်စေနဲ့၊ ဟန်ဆိုတာ တကယ့်အရေးကျရင် ဘာမှအားကိုးလို့ မဖြစ်ဘူး။ " ဟန်ဆိုတာ အလကား၊ အမှန်ကမှ တရား " တဲ့။ (တိပိဋက ယောဆရာတော်ဘုရားကြီး )
نمایش همه...
🙏 562👍 60 18👏 4
Photo unavailableShow in Telegram
မင်္ဂလာနံနက်ခင်းပါ🙏🙏🙏
نمایش همه...
🙏 544👍 49 18👏 2
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.