uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

နရီမိုး

နရီမိုး

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу နရီမိုး

Канал နရီမိုး (@nyemoee) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 35 661 підписників, посідаючи 1 835 місце в категорії Релігія і духовність та 4 128 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 35 661 підписників.

За останніми даними від 18 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -170, а за останні 24 години на -13, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 24.50%. Протягом перших 24 годин після публікації контент зазвичай збирає 16.03% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 8 738 переглядів. Протягом першої доби публікація в середньому набирає 5 715 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 522.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 19 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Релігія і духовність.

35 661
Підписники
-1324 години
-377 днів
-17030 днів

Завантажуємо дані

Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
жовт '26
жовтень '26
+47
в 52 каналах
вересень '26
+174
в 39 каналах
Get PRO
серпень '26
+76
в 34 каналах
Get PRO
липень '26
+84
в 38 каналах
Get PRO
червень '26
+64
в 39 каналах
Get PRO
травень '26
+148
в 41 каналах
Get PRO
квітень '26
+42
в 38 каналах
Get PRO
березень '26
+31
в 80 каналах
Get PRO
лютий '26
+58
в 54 каналах
Get PRO
січень '26
+77
в 53 каналах
Get PRO
грудень '25
+120
в 69 каналах
Get PRO
листопад '25
+197
в 67 каналах
Get PRO
жовтень '25
+137
в 61 каналах
Get PRO
вересень '25
+212
в 56 каналах
Get PRO
серпень '25
+653
в 74 каналах
Get PRO
липень '25
+140
в 66 каналах
Get PRO
червень '25
+106
в 55 каналах
Get PRO
травень '25
+511
в 59 каналах
Get PRO
квітень '25
+174
в 53 каналах
Get PRO
березень '25
+446
в 86 каналах
Get PRO
лютий '25
+271
в 81 каналах
Get PRO
січень '25
+189
в 77 каналах
Get PRO
грудень '24
+1 619
в 75 каналах
Get PRO
листопад '24
+4 296
в 62 каналах
Get PRO
жовтень '24
+1 426
в 45 каналах
Get PRO
вересень '24
+1 635
в 67 каналах
Get PRO
серпень '24
+4 420
в 89 каналах
Get PRO
липень '24
+5 146
в 98 каналах
Get PRO
червень '24
+279
в 83 каналах
Get PRO
травень '24
+348
в 74 каналах
Get PRO
квітень '24
+386
в 44 каналах
Get PRO
березень '24
+203
в 44 каналах
Get PRO
лютий '24
+926
в 49 каналах
Get PRO
січень '24
+2 211
в 50 каналах
Get PRO
грудень '23
+5 551
в 90 каналах
Get PRO
листопад '23
+16 491
в 95 каналах
Дата
Залучення підписників
Згадування
Канали
19 жовтня0
18 жовтня+5
17 жовтня+12
16 жовтня+3
15 жовтня0
14 жовтня+1
13 жовтня0
12 жовтня0
11 жовтня0
10 жовтня+4
09 жовтня0
08 жовтня0
07 жовтня0
06 жовтня0
05 жовтня0
04 жовтня+3
03 жовтня0
02 жовтня+18
01 жовтня+1
Дописи каналу
အမျိုးသားအကျိုးစီးပွား ✅ ရုရှားက ယူကရိန်းနဲ့ စစ်ဖြစ်တာ နှစ်ချီကြာခဲ့တော့ HR လိုအပ်ချက်ကြီးခဲ့တယ်။ ဒီတော့ မြောက်ကိုရီးယားနဲ့ စ
အမျိုးသားအကျိုးစီးပွား ✅ ရုရှားက ယူကရိန်းနဲ့ စစ်ဖြစ်တာ နှစ်ချီကြာခဲ့တော့ HR လိုအပ်ချက်ကြီးခဲ့တယ်။ ဒီတော့ မြောက်ကိုရီးယားနဲ့ စစ်ရေးမဟာမိတ်စာချုပ်ချုပ်တယ်။ ရုရှားလိုအပ်တဲ့ အင်အားကို မြောက်ကိုရီးယားကပေးတယ်။ မြောက်ကိုရီးယားလိုအပ်တဲ့ အရာကို သေချာပေါက် ရုရှားပြန်ပေးရမှာပဲ။ ✅ အီရန်-အမေရိကန်စစ်ဖြစ်တယ်။ အပြီးသတ်စစ်ဆင်နွှဲဖို့အတွက် အီရန်ရဲ့ နောက်မှာ ရုရှားနဲ့ တရုတ်က Backup ရှိတာသိတယ်။ တရုတ်သမ္မတကို အမေရိကန်ကိုဖိတ်ပြီး လေဆိပ်အထိ ဆင်းကြိုပြရတယ်။ အီရန်စစ်ပွဲ အဆင်ပြေဖို့အတွက်လည်း သံတမန်စကားတွေပြောရတယ်။ တစ်ခုလိုချင်ရင် တစ်ခုတော့ ပေးရတာပဲ။ ✅ မြန်မာအစိုးရကို မဆက်ဆံဖို့ ၊ ငြင်းပယ်ဖို့ မျိုးစုံကန့်ကွက်ကြပေမယ့် ထိုင်းက ကော်ဇောနီခင်းပြီး ကြိုပေးရတယ်။ ခုလည်း စွမ်းအင်ဝန်ကြီးက ကိုယ်တွေသမ္မတကို တိုက်ရိုက်လာတွေ့ရတယ်။ သေချာပေါက် အနုတင်ဆီရောက်မယ့် ကိစ္စပဲ။ ✅ ပြောချင်တာက.... အစိုးရဆိုတာ သူကိုယ်တိုင်အဆင်ပြေဖို့အတွက်ရော၊ National Interest လို့ ခေါ်တဲ့ အမျိုးသားအကျိုးစီးပွားအတွက်ပါ ယှဉ်တွဲလုပ်ရတယ်ဆိုတာ ဒီကနေ့ မျက်မှောက်ခေတ် အခင်းအကျင်းတွေက သက်သေပဲ။ (နရီမိုး)

2
ပြည်တွင်းမှာ တော်လှန်ရေးခေါင်းစဉ်ပြပြီး လူပေါင်း သိန်းချီ သေသွားခဲ့ရတဲ့ စာရင်းရှင်းတမ်းတွေကို တာဝန်ခံပေးဖို့ထက် ကြားဖြတ်အစိုး
ပြည်တွင်းမှာ တော်လှန်ရေးခေါင်းစဉ်ပြပြီး လူပေါင်း သိန်းချီ သေသွားခဲ့ရတဲ့ စာရင်းရှင်းတမ်းတွေကို တာဝန်ခံပေးဖို့ထက် ကြားဖြတ်အစိုးရဖွဲ့ပြီး နေရာကယူချင်သေးတယ်ပေါ့။ ဒီဦးနှောက်ကြီး ရွှေချထားရမယ်။ (နရီမိုး)
4 744
3
✅၂၀၂၆ ခုနှစ် ဧပြီလထဲမှာ မြို့နယ် ၆၀ ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့‌ပေမယ့် ဇူလိုင်လထဲမှာ ချင်းပြည်နယ်ထဲက ဖလမ်းနဲ့ တွန်းဇံကို ရလို+1
✅၂၀၂၆ ခုနှစ် ဧပြီလထဲမှာ မြို့နယ် ၆၀ ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့‌ပေမယ့် ဇူလိုင်လထဲမှာ ချင်းပြည်နယ်ထဲက ဖလမ်းနဲ့ တွန်းဇံကို ရလိုက်လို့ ၅၈ မြို့နယ်အထိ လျှော့ချနိုင်ခဲ့တယ်။ ✅ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်မှာ မန္တလေးတိုင်းထဲက ငါန်းဇွန်နဲ့ ရှမ်းပြည်နယ်ထဲက ကျောက်မဲနဲ့ သီပေါတို့ကို စစ်အုပ်ချုပ်ရေးအမိန့် ထပ်မံဖယ်ရှားခဲ့လို့ လက်ရှိမှာ ၅၅ မြို့နယ် ရှိနေသေးတယ်။ ✅ စာရင်းအရဆိုရင်..... ကချင်ပြည်နယ်ထဲက ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နဲ့ ချီဖွေဆိုတဲ့ ၅ မြို့နယ်၊ ကယားပြည်နယ်ထဲမှာ ရှားတော၊ ဖားဆောင်းနဲ့ မယ်စဲ့ဆိုတဲ့ ၃ မြို့နယ်၊ ကရင်ပြည်နယ်ထဲက ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး ၂ မြို့နယ်၊ ချင်းပြည်နယ်ထဲက ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ မင်းတပ်နဲ့ မတူပီ ဆိုတဲ့ ၅ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးထဲက ကောလင်း၊ ပင်လယ်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲနဲ့ အင်းတော် ဆိုတဲ့ ၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီးထဲက ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို ဆိုပြီး ၅ မြို့နယ်၊ ရခိုင်ပြည်နယ်ထဲက ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ် ဆိုတဲ့ ၁၄ မြို့နယ်၊ ရှမ်းပြည်နယ် ထဲက နမ္မတူ၊ မဘိန်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ် နဲ့ မိုင်းလား ဆိုတဲ့ ၁၃ မြို့နယ်၊ စုစုပေါင်း ၅၅ မြို့နယ် ကျန်နေသေးတယ်။ ✅ Time မဂ္ဂဇင်းရဲ့ အင်တာဗျူးထွက်လာချိန်မှာ နေပြည်တော်က နယ်မြေအများအပြား လက်လွှတ်ထားရတယ်ဆိုတာလေး ရေးတာ မှတ်မိကြဦးမယ် ထင်တယ်။ နိုင်ငံရေး အရဆိုရင် .... ဆုံးရှုံးမြို့နယ် ပမာဏ လျှော့ချနိုင်ဖို့လိုတယ်။ ဒါက စစ်ရေးအောင်မြင်မှုဖြစ်သလို နိုင်ငံရေးအရလည်း အားသာချက်တစ်ခုဖြစ်တယ်။ ဒီ မြို့နယ် ၅၅ ခုထဲမှာ တချို့က နိုင်ငံရေးအရ ဆွေးနွေးလို့ ကျေလည်ရင် ချက်ခြင်းရုတ်သိမ်းလို့ရတဲ့ မြို့နယ်တွေလည်း ရှိတယ်။ မတော်လောဘနဲ့ ကိုယ်မပိုင်တဲ့ နယ်မြေတွေကို တိုးပြီး အထူးဒေသပုံစံ၊ ပြည်နယ်ပုံစံ တိုးတောင်းရင်တော့ အဆင်မပြေနိုင်ဘူး။ အစိုးရဘက်မှာလည်း ဒီလို လိပ်ခဲတည်းလဲ ဖြစ်နေရင် ဘာဆက်လုပ်မလဲ ဆိုတဲ့ Plan ရှိသင့်တယ်လို့ မြင်မိတယ်။ ✅ ဘာလို့လဲ ဆိုတော့ သူတို့က သိမ်းရုံသိမ်းထားပြီး ဖွံ့ဖြိုးရေး မလုပ်နိုင်ဘူး။ ဥပမာ အနီးစပ်ဆုံး TNLA သိမ်းထားစဉ်က မြင်ရတဲ့ ကျောက်မဲ၊ နောင်ချိုပဲကြည့်။ ကျောင်းတွေ မဖွင့်နိုင်ဘူး။ ဆေးရုံတွေ မလည်ပတ်နိုင်ဘူး။ အချိန်ကြာရင် ပြည်သူလူထု အရမ်းနစ်နာရတယ်လို့ မြင်တယ်။ အရိပ်အခြေကြည့်ပြီး ငြိမ်းချမ်းရေး လုပ်ရတာထက် ကိုယ်ခြေကိုယ့်လက် သွားနိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒီလိုဖြစ်ဖို့ကလည်း စစ်နိုင်ဖို့ လိုပြန်တယ်။ (နရီမိုး)
4 401
4
◾ ဗန်းမော်ကို အချောင်ရမလားဆိုပြီး KIA ကလာတိုက်တာ နှစ်ပေါက်သွားပြီ။ တကယ်တော့....ဒီတိုက်ပွဲမှာ KIA ထက် စစ်ကိုင်းအထက်ပိုင်း ဝန်းသို၊ ကသာ၊ ကောလင်း ဘက်က အညာ PDF တွေပဲ ဒီတိုက်ပွဲမှာ အများဆုံးသေလောက်တယ်။ ဂွမ်မော်တို့ ဒီလောက် မညံ့ဘူး။ မညံ့ဘူးဆိုပေမယ့်လည်း kia တွေလည်း အတော်လေး ရင်းထုတ်လိုက်ရမှာပါပဲ။ လက်ရှိ မတိုးနိုင်တော့ဘူးဆိုကတည်းက HR ပိုင်းမှာ လိုအပ်ချက်ကြီးသွားတာ သိသာစေတယ်။ နှစ်ပေါက်အောင် တိုက်တဲ့ တိုက်ပွဲဆိုတော့လည်း မြို့လည်း ပျက်တာပဲ။ ဆေးရုံတွေ၊ တက္ကသိုလ်တွေ....ဘာတစ်ခုမှ အကောင်းမကျန်တော့ဘူး။ လူနေအိမ်ရပ်ကွက်တွေ ဆိုတာကတော့...ပြောမနေနဲ့ပေါ့။ KIA လည်း ဗန်းမော်မှာ ထိုးစစ်ရပ်ပြီး တပ်လန် သွားတယ်လို့ပြောရမယ်။ ------------ ◾ လက်ရှိ ရခိုင်က စစ်တွေမှာလည်း စစ်တွေကို AA ကသိမ်းမယ်ဆိုတာနဲ့ပတ်သက်ပြီး အငြင်းပွားနေကြတာရှိတယ်။ စစ်တွေကိုသာ AA က သိမ်းဖို့ကြိုးစားလာရင်...ဘာကြောင့် တပ်က စစ်တွေမှာ ခံစစ်မပြင်ဘဲ ကုလားတန်မြစ်ကိုကျော်ပြီး ငပြီကျွန်းကို သိမ်းနိုင်ဖို့ ကြိုးစားနေမလဲပေါ့။ ဒါက စဉ်းစားဖို့ ကောင်းတဲ့အချက်ကို ပြောပြတာပါ။ --------- ◾ ဒါပေမယ့် ဗန်းမော်ပဲဖြစ်ဖြစ်...ရခိုင်မှာပဲဖြစ်ဖြစ်...ရလဒ်တစ်ခုခုကို ထုတ်ပြနိုင်မှပဲ အကောင်းဆုံးဖြစ်လိမ့်မယ်။ ရခိုင်မှာ သတင်းထောက်လှမ်းရေး ကွန်ရက်အရ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်တာက သူတို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ ရှိတယ်ဆိုပေမယ့်...နယ်မြေသိမ်းနိုင်ခြင်းကသာ ပိုပြီး ထိရောက်နိုင်လိမ့်မယ်။ ဆိုလိုတာက ..AA ကို နှစ်သက်လက်ခံလိုခြင်းမရှိတဲ့ သံတွဲ၊ တောင်ကုတ်မြို့တွေကို ပြန်ရနိုင်ရင်...စိတ်ဓာတ်ပိုင်းဆိုင်ရာအရလည်း ပြိုဆင်းလာနိုင်တယ်။ အဓိက Results ပြနိုင်ဖို့ လိုတယ်လို့ ယူဆမိတယ်။ --------- ◾ ခုလည်း တပ်မတော်ရဲ့ ထိုးစစ်တွေအောက်မှာ AA ဘက်က ခုခံနိုင်တဲ့ အနေအထား မရှိတာ တွေ့ရတယ်။ ရှေ့လျှောက် ပွင့်လင်းကာလဆိုတော့...အများကြီး မျှော်လင့်မိတယ်။ စစ်တွေကျော်ပြီး ပုဏ္ဏားကျွန်းလောက်ရမယ်။ ကျောက်ဖြူကျော်ပြီး စနဲနဲ့ မအီလောက် သိမ်းနိုင်မယ်။ ဂွ၊ သံတွဲနဲ့ တောင်ကုတ်လောက်ကို.... Resluts ပြနိုင်ရင်...မဆိုးဘူး။ ရခိုင်က အိမ်နီးနားချင်းတွေရဲ့ ဩဇာလွှမ်းမိုးမှု ဝေးပါတယ်။ ကိုယ်ကြိတ်ရင် ကြိတ်နိုင်သလောက်ရမယ့် အနေအထားပဲ။ တောင်ခမ်းကနေ ကျောက်မဲ၊ နောင်ချို ဆက်တိုက် ထိုးစစ်ဆင်နိုင်တဲ့ ပထဝီအနေအထားခြင်းတော့ မတူဘူးပေါ့။ ဘာပဲဖြစ်ဖြစ် လောဘကြီးမိပြန်ရော။ (နရီမိုး)
5 309
5
ပါရီအကြမ်းဖက်မှုကပြောတဲ့ နိုင်ငံရေး သင်ခန်းစာ =============== ◾ ပြင်သစ်အဓိကရုဏ်းပြဿနာကို လိုရင်း၊တိုးရှင်း အလွယ်ဆုံးပြောရရင်…+1
ပါရီအကြမ်းဖက်မှုကပြောတဲ့ နိုင်ငံရေး သင်ခန်းစာ =============== ◾ ပြင်သစ်အဓိကရုဏ်းပြဿနာကို လိုရင်း၊တိုးရှင်း အလွယ်ဆုံးပြောရရင်…ပညာရေးနဲ့သက်ဆိုင်တဲ့ ပြဿနာကနေ စတယ်လို့ပဲ ပြောရမှာပါ။ ဒီဆန္ဒပြပွဲက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပေမယ့် ရက်တိုတိုအတွင်း ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းပုံစံ အကြမ်းဖက်မှု ပြောင်းလာတာကတော့ သာမန်တိုက်ဆိုင်မှုတစ်ခုလို့ ပြောလို့ရမယ်မထင်ပါဘူး။ ဖြစ်ရတဲ့ နောက်ခံအကြောင်းအရင်း ◾ အဓိက ဖြစ်ရတဲ့နောက်ခံအကြောင်းတရားကတော့ စက်တင်ဘာ ၂၁ ရက်ပတ်ဝန်းကျင်လောက်မှာ Creteil ဒေက အထက်တန်းကျောင်းမှာ ကျောင်းဆရာ/မ အင်အား မလုံလောက်တာကနေ စခဲ့တဲ့ ကျောင်းသားလှုပ်ရှားပြဿနာတစ်ရပ်ပါပဲ။ စာသင်ကျောင်းတွေမှာ ကျောင်းဆရာ/မ အင်အားမလုံလောက်တာ၊ ကျောင်းအဆောက်အအုံတွေ အဆင့်မမှီတာ၊ လိုအပ်ချက်များလွန်းတာ၊ နောက်ပိုင်း တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့ စနစ်တွေမှာ မကျေနပ်မှုတွေ ပေါင်းစည်းလာခဲ့တဲ့ သဘောပါပဲ။ ဘာလို့ အဓိကရုဏ်းပြောင်းသွားခဲ့တာလဲ ◾ ဆန္ဒပြပွဲရဲ့ထုံးစံအတိုင်း အခြေခံမကျေနပ်ချက်တွေကို ဆန္ဒဖော်ထုတ်ဖို့ လူထုက လမ်းပေါ် တက်တာကနေ စပါတယ်။ လူအင်အားကြီးမားလာချိန်မှာ ထိပ်တိုက်တွေ့ဆုံမှုတွေ ပြင်းထန်လာခဲ့သလို နှစ်ဖက်တင်းမာမှုတွေ အလျော့အတင်းမလုပ်နိုင်ချိန်မှာ အဖျက်အဆီးလုပ်လိုတဲ့လူတွေ ပါဝင်လာတာနဲ့ အမျှ အကြမ်းဖက်မှုဆီ ဦးတည်သွားတယ်လို့ယူဆရမှာပါ။ လက်ရှိမှာတော့ နိုင်ငံအနှံ့ ဆန္ဒပြမှုမှာ လူဦးရေ ၅ သိန်းကျော်လောက်ပါဝင်နေသလို ရဲတပ်ဖွဲ့ဝင်တွေဘက်ကလည်း ၂၄၀၀ လောက် ဖမ်းဆီးထားတယ် ဆိုပြီးတွေ့ရတယ်။ လောလောဆယ်… အများပြည်သူပိုင်ပစ္စည်းထိခိုက်မှုအနေနဲ့ သမိုင်းဝင် Limoges မြို့တော်ခန်းမကတော့ မီးလောင် ပျက်စီး သွားခဲ့သလို ဆိုင်ပေါင်း ၅၀ လောက် လုယက်ခံရပြီး ယူရို သန်းချီပြီး ဆုံးရှုံးမှု ရှိထားတယ်။ တကယ်တော့ ပါရီဆန္ဒပြပွဲရဲ့ အကြမ်းဖက်ဖြစ်စဉ်က ကိုယ်တွေ မြန်မာပြည်မှာလည်း ၈၈ ခုနှစ်တုန်းက ဆန္ဒပြမှု နောက်ဆက်တွဲအနေနဲ့ ဆန်ဂိုထောင်တွေ၊ ဆပ်ပြာတွေ ခိုးခံရတာနဲ့ ထူးမခြားနားပါပဲ။ ဘာသာရေးနဲ့ လူမျိုးရေး ပြဿနာတွေ ဘာလို့ဖြစ်လာတာလဲ ◾ ပြင်သင်သတင်းထောက် ပေါလ်အဲမာရဲ့ ရေးသားချက်က စိတ်ဝင်စားစရာ ကောင်းတာတွေ့ရတယ်။ ဆန္ဒပြပွဲဖြစ်နေတဲ့ မာဆေးမြို့က လမ်းတစ်လျှောက်မှာ ဂျူးလူမျိုးတွေပိုင်တဲ့ ဆိုင်တွေ မီးရှို့ခံရပြီး မွတ်စလင်တွေ ပိုင်တဲ့ ဆိုင်တွေကတော့ မီးရှို့ခံရတာမျိုး မရှိဘူးဆိုတဲ့ထုတ်ဖော်ရေးသားချက်ပါ။ တိုက်ဆိုင်မှုမဟုတ်တဲ့ထူးခြားချက်တစ်ခုက အောက်တိုဘာ ၁၈ ရက်နေ့ထုတ် Jewish Telegraph ရဲ့ သတင်းမှာ ပါရီမှာရှိတဲ့ Ohalei Yaakov ဂျူးဘုရားကျောင်း ဖောက်ထွင်းခံရတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။ နောက်တစ်ချိန်က ပါရီမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ Place de la Republique ရင်ပြင်မှာ ဘာကိစ္စ ပါလက်စတိုင်းအလံတွေ လွှင့်ထူပြီး ဆန္ဒပြနေကြရတာလဲပေါ့။ စဖြစ်တာက ပညာရေးပဋိပက္ခဆိုပေမယ့် နောက်ပိုင်း ဘာသာရေးနဲ့ လူမျိုးရေးတွေပါဝင်လာတာက ထူးခြားချက်တစ်ခုလို့ ဆိုရမှာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက် ◾ အောက်တိုဘာ ၆ ရက်နေ့မှာ ဒေါ်နယ်ထရမ့်က ပြင်သစ်ဖြစ်ရပ်က ထိန်းချုပ်မှုမဲ့တဲ့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းဝင်ရောက်မှုနဲ့ အစ္စလာမ်ဘာသာက နိုင်ငံကို လွှမ်းမိုးဖို့ ကြိုးပမ်းနေတဲ့ လုပ်ရပ်”လို့ မှတ်ချက်ပေးထားခဲ့တာပါ။ ခြုံကြည့်လိုက်ရင်တော့…အစိုးရ တစ်ရပ်ဖြစ်လာရင် သတိပြုရမယ့် ကိစ္စ အကြောင်း ၂ ချက် တွေ့ရတယ်။ တစ်ချက်က…ဒါလေးတွေက သေးသေးမွှားမွှား ပြဿနာတွေပါဆိုပြီး ပေါ့ပေါ့တန်တန် နေတတ်တဲ့ အကျင့်စရိုက်ဆိုးတွေပါ။ တကယ်လို့ ဒီအသေးအမွှားလေးတွေက လူထုရဲ့ စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်လာရင်…လူထုက လမ်းပေါ်တက်လာနိုင်တယ်ဆိုတဲ့အချက်ပါ။ ဒုတိယအချက်က နိုင်ငံ တစ်နိုင်ငံကို ခိုးဝင်ရောက်လာတဲ့ လူတွေအပေါ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ် အောက်ကနေ နိုင်ငံတကာရဲ့ ဖိအားတွေကိုကြောက်ပြီး လက်ခံပေးရတဲ့ နိုင်ငံကြီးတွေရဲ့ ဒုက္ခပါ။ ဒါက “အပြင်မှာ အေးလွန်းလို့ လက်ကလေး လျိုပါရစေ”ဆိုတဲ့ ပုံပြင်မျိုး သတိရမိစေတယ်။ ဆိုတော့…ပါရီ အဓိကရုဏ်းက ယူတတ်ရင် သင်ခန်းစာတွေ အများကြီးပါပဲ။ (နရီမိုး)
7 727
6
ပုတီးတွေစိပ် ဘုရားစာတွေ ရွတ်ဖတ်နေပြီး စိတ်ကတစ်ခြားရောက်နေတော့ ဘာကုသိုလ်မှမရဘူးလို့တော့ မပြောကြပါနဲ့ ပုတီးဘဲ စိပ်နိုင်လား စိပ်ပါ ပရိတ်တွေ ပဋ္ဌာန်းတွေရော ရွတ်နိုင်သေးလား ရွတ်ပါ တရားပါထိုင်နိုင်သေးလား ထိုင်လိုက်ပါဦး အလွန်ကိုကောင်းပါတယ် တရားလေးလည်း နာပါဦး သီးသန့်မနာနိုင်ဘူးလား မျက်နှာသစ် သွားတိုက်ချိန် အစာစားချိန် အိမ်အလုပ် လုပ်နေတဲ့အချိန် ဖုန်းလေးနဲ့ဖွင့်ထားပြီး နာကြည့်ပါ နောက်ဆို တရားသံလေးမှ မကြားရရင် မနေနိုင် ဖြစ်လာပါလိမ့်မယ် ဘာမှမလုပ်ဘဲနဲ့ နေတာထက်စာရင် ပါးစပ်က ဘုရား တရားသံ ထွက်နေတာ မကောင်းဘူးလား သူများကို ဆဲနေတာမဟုတ်တဲ့အတွက် အလိုလို ကုသိုလ်ရနေတာပါ စိတ်ကတော့ လွင့်နေမှာဘဲ မလွင့်အောင် တစ်ဖြေးဖြေးကျင့်ယူပါ ဘုရားစာတွေ ဗရွတ် ဗရွတ် ရွတ်လို့ ထီပေါက်လား ဆိုတော့ မပေါက်ပါဘူး မြတ်စွာဘုရားဟာလည်း တန်ခိုးရှင်မဟုတ်ပါဘူး ဒါပေမယ့် ဘာရလဲ ဆိုတော့ စိတ်စွမ်းအင် မြင့်တက်လာတာပါ ကောင်းမှု့ကို ပြုလုပ်နေတယ်ဆိုတဲ့ စိတ်ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု့ ပိုရှိလာပြီး ဘဝမှာ နေပျော်လာပါတယ် မကောင်းတာလုပ်ဖို့ တွန့်ဆုတ်လာလို့ ကုသိုလ် အလိုလိုရလာတယ် ဘာလေးလုပ်လုပ် အောင်မြင်လာတဲ့အခါ ငါ့ရဲ့ ကောင်းမှုကြောင့်ဆိုတဲ့ ပီတိရလာသလို မအောင်မြင်သေးရင်လည်း စိတ်မှာ ဖြေသိမ့်လာနိုင်ပြီး ရောင့်ရဲလာတဲ့စိတ်ကြောင့် ဘဝဟာ နေပျော်လာမှာပါ အတိတ်ရဲ့ ကံကြွေးကို နားလည်နိုင်ပြီး ဘဝရဲ့အေးချမ်းမှုကို ရပါတယ် ဘဝရဲ့အေးချမ်းမှုဟာ ဥစ္စာပစ္စည်းထက် တန်ဖိုးရှိပါတယ် ဘဝရဲ့အေးချမ်းမှု့ကိုရဖို့ ကောင်းမှု့မှန်သမျှ လုပ်တဲ့နေရာမှာ လူတန်းစားအမျိုးမျိုး ဖြတ်သန်းရတဲ့ ဘဝအဖုံဖုံကြောင့် ပြုလုပ်ပုံ ပြုလုပ်နည်း ပူဇော်ပုံ ပူဇော်နည်းတွေ ကွာတဲ့အခါ ကွာနေမယ် အသိတွေ ကွာတန်သလောက်ကွာနေမယ် ဒါပေမယ့် ဦးတည်ချက်က အကုသိုလ်မလုပ်ဖြစ်တော့ဘဲ ကုသိုလ်ရနေဖို့ပါပဲ ။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏🙏🙏
5 043
7
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
4 909
8
ရှမ်းမြောက်တုန်းက ကြုံခဲ့ရတဲ့ အတွေ့အကြုံမှာ ... ရန်သူက စနိုက်ပါနဲ့စခန်းတွေကို ပတ်ပတ်လည်ထောက်ထားတယ်။ စခန်းထဲက မောင်တွေက ဆက်သွယ
ရှမ်းမြောက်တုန်းက ကြုံခဲ့ရတဲ့ အတွေ့အကြုံမှာ ... ရန်သူက စနိုက်ပါနဲ့စခန်းတွေကို ပတ်ပတ်လည်ထောက်ထားတယ်။ စခန်းထဲက မောင်တွေက ဆက်သွယ်ရေးမြောင်းထဲကနေတောင် ဖြတ်ပြေးဖို့မလွယ်ဘူး။ အဲ့ချိန်မှာ ဒရုန်းအစင်း ၂၀ လောက်က အတက်အဆင်းမှန်မှန်နဲ့ ဗုံးသီး ကိုယ်စီချိတ်ပြီး မိုးရွာသလို သုံးတာ။ လေယာဉ်က ပစ်အားပြင်းတယ်ဆိုပေမယ့် အသံကြားရင် ရှောင်ဖို့တိမ်းဖို့လွယ်တယ်။ တစ်ခါကျဲပြီးသွားရင် လေယာဉ်ပစ်ကူအတွက် နာရီနဲ့ ပြန်စောင့်ရတတ်တယ်။ ဒါ‌တောင် ချောင်းနှစ်ခွလိုစခန်းမျိုးက ရက်ပေါင်း ၅၁ ရက်အထိ ခံစစ်ဆင်နိုင်ခဲ့တယ်။ အဓိက ပြောချင်တာက လက်နက်စွမ်းပကားပါ။ ရခိုင်မှာ မြင်လာရတဲ့ ကိုယ်တွေဆီက စနိုက်ပါသမား လက်ဖြောင့်တွေ။ ဒရုန်းတွေကိုလည်း ပေါပေါသီသီသုံးပြီးတိုက်ရင် ဘယ်ခံစစ်မှ စည်းမကျိုးနိုင်စရာ အကြောင်းမရှိဘူး။ AA အတွက် ပိုကံဆိုးတာက လေကြောင်းနဲ့ အမြောက်ကိုပါ ဟန်ချက်ညီညီ တပ်က တွဲသုံးလာတာပဲ။ လက်ရှိ တပ်ရဲ့ တန်ပြန်ထိုးစစ်မှာ ဒရုန်းက အခရာပဲ။ AA တွေ ကစင့်ကလျားနဲ့ ဖွဲ့စည်းပုံ ပျက်နေကြတယ်။ အကြံပေးချင်တာက ရခိုင်ကို စစ်ဘောင်ကျယ်သထက် ကျယ်အောင် ဖန်တီးဖို့ပါ။ လေကြောင်းတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်ကျဲပေးပါ။ တောင်မင်း၊ မြောက်မင်း မကယ်နိုင်တဲ့ အနေအထားဖန်တီးပေးနိုင်မှ တချို့ရင်ဆိုင်နေရတဲ့ နေရာတွေ အားပျော့သွားမှာပါ။ တနေရာတည်း ဖိတိုက်နေရင်...ရန်သူက စစ်ကူလှည့်ကစားလို့ ရနိုင်တယ်ပေါ့။ ရခိုင်ကိုနေရာစုံက ဝင်နေတယ်ဆိုတဲ့ စိတ်ရယ်၊ ကျောမလုံတော့တဲ့ စိတ်ရယ် ပေးနိုင်ဖို့လိုပါတယ်။ သိမ်းထားတဲ့ မြို့နယ်တွေအားလုံး ခံစစ်ပြင်နိုင်ဖို့ တိုက်ခိုက်တပ်/အင်အား ဘယ်လောက်ထုတ်နိုင်မလဲ။ တိုက်စစ်အချိုးအစားထဲမှာ ဒရုန်းနဲ့ စနိုက်ပါ ပါလာရင်...အေးရာအေးကြောင်းပါပဲ။ ကံကောင်းကြပါစေပေါ့။ (နရီမိုး)
9 237
9
ဧရာဝတီ သတင်းဌာန။ "တနင်္သာရီရေဘေး နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးမလာ" မိမိ ။ ဟုတ်တာပေါ့။ သွားရမှာပေါ့။ ဧရာဝတီသတင်းဌာန။ ထားဝယ်ကို ဘာ+1
ဧရာဝတီ သတင်းဌာန။ "တနင်္သာရီရေဘေး နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးမလာ" မိမိ ။ ဟုတ်တာပေါ့။ သွားရမှာပေါ့။ ဧရာဝတီသတင်းဌာန။ ထားဝယ်ကို ဘာကြောင့်သွားသလဲ မိမိ။ ⚽️ ပေါ့ကွာ။ (နရီမိုး)
6 699
10
ဧရာဝတီ သတင်းဌာန။ "တနင်္သာရီရေဘေး နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးမလာ" မိမိ ။ ဟုတ်တာပေါ့။ သွားရမှာပေါ့။ ဧရာဝတီသတင်းဌာန။ ထားဝယ်ကို ဘာ+1
ဧရာဝတီ သတင်းဌာန။ "တနင်္သာရီရေဘေး နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးမလာ" မိမိ ။ ဟုတ်တာပေါ့။ သွားရမှာပေါ့။ ဧရာဝတီသတင်းဌာန။ ထားဝယ်ကို ဘာကြောင့်သွားသလဲ မိမိ။ ⚽️ ပေါ့ကွာ။ (နရီမိုး)
3
11
AA ထောက်ခံသူတွေရေးတာက ငပြီကျွန်းကို အလုံးစုံ ထိန်းချုပ်ထားတယ်ပေါ့လေ။ ဒါပေမယ့် တကယ့် အရှိတရားကတော့ သူတို့ အပြောနဲ့ ပြောင်းပြန်
AA ထောက်ခံသူတွေရေးတာက ငပြီကျွန်းကို အလုံးစုံ ထိန်းချုပ်ထားတယ်ပေါ့လေ။ ဒါပေမယ့် တကယ့် အရှိတရားကတော့ သူတို့ အပြောနဲ့ ပြောင်းပြန်ပါပဲ။ ဒီကျွန်းက ကုလားတန်မြစ်ရဲ့ အဝ ဖြစ်သလို စစ်တွေရဲ့ ကာကင်းသဘောမျိုး သွားကျမယ်။ အနည်းဆုံး ဒီကျွန်းထိန်းနိုင်ရင် အနှောက်အယှက်ပေးတာ မခံရနိုင်ဘူးပေါ့။ နောက်တခါ ဒီမြစ်ကြောင်းကို သုံးချင်ရင်လည်း ဘေးကင်းသွားနိုင်တယ်။ တကယ်တော့ ငပြီကျွန်းမှာလည်း ရွာ က အများဆုံးရှိလှ ၃/၄ ရွာပေါ့။ စစ်ဖြစ်ပြီ ဆိုကတည်းက အရပ်သားလည်း မရှိလောက်တော့ဘူး။ တွေ့ရတဲ့ မြင်ကွင်းတွေအရဆိုရင် ငါးကန်တွေ အများစုတွေ့ရတယ်။ ဒီငါးကန်တွေ ဘေးမှာပဲ ကတုတ်ကျင်းတွေတူးပြီး ခံစစ်ပြင်ကြတာ တွေ့ရတယ်။ မဖြစ်မနေ အသိအမှတ်ပြုရမှာက ဒရုန်းတွေရဲ့ အသုံးဝင်မှုပါ။ အနည်းဆုံးတော့ ၂ မိုင်အကွာအဝေးအတွင်းက ရန်သူကို လူ မပါဘဲ တိုက်ရိုက် ချေမှုန်းခွင့်ရနေတယ်။ အစောကတည်းကလည်း ရေးဖူးတယ်။ ရခိုင်ဟာ မြစ်ချောင်းပေါတယ်။ ‌ခြေလျင်ထိုးဖို့ထက် နည်းပညာမြင့် လက်နက်သုံးပြီး ကောက်သင်းကောက်တာက အကောင်းဆုံး နည်းဗျူဟာဖြစ်လိမ့်မယ်။ ခုလည်း ငပြီကျွန်းကနေ လက်နက် ၄၆ လက်လောက် ရခဲ့တယ်။ သေတာတွေလည်း မနည်းဘူး။ ဒရုန်းနဲ့ကင်းထောက်ပြီး စိတ်ကြိုက် ဗျင်းတာဆိုတော့လည်း မြေပြင်က AA တွေ ပြေးစရာ မြေမရှိဘူး။ ယုတ်စွအဆုံး ရေထဲ ဆင်းပြေးတောင် မလွတ်ဘူး။ အဓိက ဒရုန်းရဲ့ အရေးပါမှုနဲ့အားသာချက်ကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဒရုန်းကို ထုနဲ့ထည်နဲ့ သုံးစေချင်တယ်။ အကောင်းဘက်က တွေးရင် HR ချွေတာနိုင်တယ်။ ချွေတာနိုင်တော့ စိတ်ပိုင်းဆိုင်ရာ အားတက်တာပေါ့။ ရန်သူလည်း ဖွဲ့စည်းပုံ ပျက်တဲ့အထိ ဖိအားပေးနိုင်တယ်။ Kamikaze ဒရုန်းတွေ ပိုများများသုံးနိုင်လေလေ....ရန်သူ့ရဲ့ အခိုင်အမာ ဘန်ကာနဲ့ ကတုတ်ကျင်းတွေကို အဝေးကနေ ချေမှုန်းနိုင်လေလေပဲ။ ဒါက ရခိုင်မှ မဟုတ်ဘူး။ တခြား ဂဏန်းတပ်မတွေ၊ အထိုင် ကွပ်ကဲမှုစခန်းတွေ၊ နောက်ဆုံး တိုင်းစစ်ဌာနချုပ်တွေမှာ အပြည့်အဝရှိတဲ့အထိ ဖြည့်တင်းနိုင်လေ စစ်ပွဲအောင်နိုင်ရေးအတွက် ခွန်အားရှိလေလေ ဖြစ်လိမ့်မယ်။ (နရီမိုး)
8 294
12
ငြိမ်းချမ်းရေးရဖို့ စစ်တိုက်နေရတာပါ ဆိုပြီး ကာကွယ်ရေးဝန်ကြီး က ဖြေတယ်။ အတော်လေး သဘောကျမိတဲ့ စကားလုံး အသုံးအနှုန်းဖြစ်တယ်။ ပွင
ငြိမ်းချမ်းရေးရဖို့ စစ်တိုက်နေရတာပါ ဆိုပြီး ကာကွယ်ရေးဝန်ကြီး က ဖြေတယ်။ အတော်လေး သဘောကျမိတဲ့ စကားလုံး အသုံးအနှုန်းဖြစ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ငြိမ်းချမ်းရေး Process ကိုင်တွယ်ရတဲ့သူကို ကာကွယ်ရေးဝန်ကြီးခန့်တဲ့ အပေါ် စိုးရိမ်စိတ်ရှိခဲ့တာ အမှန်ပဲ။ ဘာလို့လဲ ဆိုတော့ ငြိမ်းချမ်းရေး process က အဖွဲ့ပေါင်းစုံ‌နဲ့ တွေ့ရတယ်။ အဓိက မျက်နှာနာရမှာမျိုး ဖြစ်ပြီး တပ်ရဲ့ထိုးစစ်အရှိန်လျော့ကျသွားမှာကို စိုးမိခဲ့တာ။ ဥပမာ သမ္မတဦးသိန်းစိန် လက်ထက် NCA ဖြစ်ချင်ဇောကြီးပြီး ကိုယ်က သေနတ်ကျည် စ မဖော်က်ရဆိုတဲ့ အမိန့်မျိုးက အောက်ခြေ Commender တွေအတွက် လုံးဝ အဆင်မပြေခဲ့တာမျိုး အထိ ရှိခဲ့တယ်။ ဒီတော့ NSPNC ဥက္ကဋ္ဌ တာဝန်နဲ့ ကာဝန်ရာထူး ပူးတွဲယူတာကို အတော်လေး Surprise ဖြစ်ခဲ့ရသလို စိတ်လည်းပူခဲ့ရတယ်။ စစ်ရေးနဲ့ပတ်သက်ရင် ကိုယ့်ယူဆချက်ကလည်း ဒီအဖြေပါပဲ။ ရန်သူက သူ့အင်အားက တကျပ်၊ တပ်အင်အားက တကျပ် ဖြစ်နေချိန် ဘယ်တော့မှ ငြိမ်းချမ်းရေး စကားမပြောဘူး။ ဒါက သီအိုရီပဲ။ တဖက်ကလည်း အလူးအလဲ ခံရမှသာ လူသားချင်း စာနာထောက်ထားမှုအရတို့၊ ဗုံးကျဲနေတာကို ဘယ်လို လုပ် ငြိမ်းချမ်းရေး ဆွေးနွေးရမှာလဲတို့ အကြောင်းပြလာကြတာ။ အရင်တပ်မတော် စစ်ဘောင်ကျယ်နေတုန်းက အင်္ဂါဂြိုဟ်က လာတားတောင် ထိုးစစ်မရပ်ဘူး၊ တပြည်နယ်လုံး သိမ်းမှာတို့ ပြောခဲ့ကြတာ မဟုတ်ဘူးလားပေါ့။ ခု တပ်မတော်က သွားမယ့် စတိုင်က ဒီစတိုင်ပဲ။ ငြိမ်းချမ်းရေးလိုချင်ရင် welcome ၊ စစ်တိုက်ချင်လား လာထားပေါ့။ ဒါကလည်း အစိုးရ အာဘော်ပဲ။ အစိုးရနဲ့ တပ်မတော် ရည်မှန်းချက်မတူရင် ဒါမျိုးက လုပ်ရ အတော်ခက်မယ်။ ငြိမ်းချမ်းရေးအတွက် ကန့်သက်မထားတဲ့ ဆွေးနွေးမှုကို လက်ခံတယ်ဆိုပြီး ဖိတ်ခေါ်ထားပြီးသား။ တဖက်မှာ NCA က ထွက်သွားတဲ့သူတွေကိုလည်း ပြန်လာဖို့ ဖိတ်ခေါ်ထားတယ်။ ဒါပေမယ့် ကန့်သက်မထားဘူး ဆိုတိုင်းလိုင်း ငါတို့ကို နယ်‌ မြေပိုပေးတို့၊ ငါတို့ကို နယ်မြေအသစ်ပါတဲ့ အထူးဒေသ ဖွဲ့ပေးတို့၊ ငါတို့ကိုကွန်ဖက်ထရိတ်‌ပေးဆိုပြီး တောင်းဆိုလို့မှ မရဘဲ။ ဖြစ်သင့်၊ ဖြစ်ထိုက်တာပဲရမယ်။ မောင်မောင်ခေါ်တုန်း ဗျာထူးကြတာပဲ အဆင်ပြေလိမ့်မယ်။ ခု တကန့်တွေ ရှေ့တိုးထိုင်နေတဲ့ သိန္နီ၊ ကွတ်ခိုင်က တကန့်တွေရဲ့ ဘိုးဘွားပိုင်မြေမှ မဟုတ်ဘဲ။ သမိုင်းအရလည်း မရှိဘူး။ စစ်နိုင်လို့ ယူကြေးဆိုရင်တော့ ငါတို့လည်း ပြန်သိမ်းမှာပေါ့။ ငါတို့လည်း ပြန်တိုက်မှာပေါ့။ ပလောင်က နမ္မတူတို့ ၊ နမ့်ခမ်းတို့ လိုချင်တယ် ပြောရအောင် အဲ့ဒေသမှာ ပလောင် ပျံ့နှံ့လူဦးရေ ဘယ်လောက်ရှိလို့လဲ။ ကချင်မှာတောင် ကချင်လူမျိုးစုက ၄၀ ရာခိုင်နှုန်းမကျော်ဘူး။ ဘာကိစ္စ လက်နက်ကိုင်တဲ့ KIA နဲ့ပဲ ဦးစားပေး ဆွေးနွေးဖို့ လိုမလဲပေါ့။ ယုတ္တိရှိရှိ ပြန်တွေးကြဖို့လိုတယ်။ ဒါက ပထွေးပြောသလို အထူးပုံစံတွေ လာမလုပ်နဲ့။ မရဘူးလို့ပဲ ပြောရမယ်။ ခု အစိုးရကလည်း ဒီမိုကရေစီအစိုးရမို့သာ ဒီလောက် ဖိတ်ခေါ်နေရတာပါ။ ပြည်သူတွေကို မဲပုံးထောင်ပေးကြည့်။ မနက်ဖြန် KIA မမြင်ချင်ဘူး၊ AA ကို အပြုတ်တိုက်၊ ကပ်ခွာ KNU ကို NCA ခေါ်စရာမလိုဘူးလို့ပဲ မဲ ပေးကြလိမ့်မယ်။ တကယ်လို့ ရှမ်းမြောက်မှာ တရုတ်က proxy ခံလာရင် အစိုးရအနေနဲ့ ပြည်သူနဲ့သာ ပင်းတိုက်လိုက်ပါ။ ပြည်သူ့ဆန္ဒကိုသာ ရှေ့တန်းတွန်းပို့လိုက်ပါ။ ဒီနိုင်ငံမှာ ပြည်သူမကြည်ဖြူရင် ဘယ်လောက် Strategy ကျတဲ့ စီမံကိန်းဖြစ်ဖြစ် လူမုန်းများပြီး အောင်မြင်မှာ မဟုတ်ဘူး။ ဒီတော့ G t G ချင်းသွားချင်လား အသင့်ပဲ။ ကြားထဲမှာ proxy တော့ မခံနဲ့လို့ ပြတ်ပြတ်သားသား ၊ ပွင့်ပွင့်လင်းလင်း တောင်းဆိုသင့်တယ်။ ခုလည်း ငြိမ်းချမ်းရေးအတွက် စစ်တိုက်နေရတာပါလို့ ဖြေထားတယ်။ ကြိုက်တယ်။ ကြိုလည်း ကြိုဆိုတယ်။ ဒါပေမယ့် တဖက်က ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပါ့မယ် ခင်ဗျာ လို့ ပြောလာချိန်မှာ ရှမ်းမြောက်မှာလို စာချုပ်နဲ့ ခြေချုပ်မိသလိုမျိုး၊ လိုင်ဇာ ဒုတိယ version ဖြစ်မှာမျိုးတော့ စိတ်ပူနေမိတယ်။ (နရီမိုး)
6 652
13
ငါးပါးသီလ လုံခြုံ အောင် စောင့်ထိန်းပါ 🙏🙏🙏🙏🙏🙏🙏🙏🙏 လူတွေ ဆိုရင် အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် လုပ်ရမယ်။ ငါးပါးသီလကို ဝါရိတ္တသီလလို့ ခေါ်တယ်။ တစ်ပါးမှ လျော့လို့ မရဘူးနော်။ ငါးပါးသီပြည့်စုံမှ လူ့ဘဝပြည့်စုံမယ်။ အဲဒါကို နည်းနည်းလောက် ပြန်စဉ်းစား ကြည့်ရအောင်။ လူတစ်ယောက်ဟာ အရင်ဘဝတုန်းက ငါးပါးသီလက လေးပါးလောက်ကို ပြည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်နော်။ အဲဒီထဲမှာ ပါဏာတိပါတကံကို မလုံခြုံ ခဲ့ဘူးဆိုရင် လူ့ဘဝရောက်လာတဲ့အခါမှာ ချမ်းချမ်းသာသာဖြစ်ပေမယ့်လို့ အသက်တိုမယ်။ ပါဏာတိပါတကံ မလုံခြုံ ခဲ့ ရင် လူဖြစ်လာတဲ့အခါမှာ အနာရောဂါများမယ်။ အသက်တိုမယ်။ ဒါက အပေါ့ဆုံး အပြစ်နော်။ ငရဲကျတာ မကျတာ အသာထားနော်။ ငါးပါးသီလရဲ့အပေါ့ဆုံးအပြစ်က ဒီအထိအောင် ခံရမယ်။ အာဒိန္နာဒါနကံ မလုံခြုံ ခဲ့ ရင် ပစ္စည်းဥစ္စာတွေဟာ ရှာလို့တော့ ရပါရဲ့။ ခဏခဏ ပျက်စီးသွားမယ်။ မီးလောင်တဲ့အထဲ ပါသွားမယ်။ ကိုယ်ရဲ့ပစ္စည်းဟာ အမြဲတမ်း ပျက်စီးနေမယ်။ နောက်တစ်ခု ကာမေသု မိစ္ဆာစာရ ကံ မလုံရင် လူမုန်းများတယ်။ သူနဲ့ဘယ်သူမှ မတည့်ဘူး။ သူ့မျက်နှာမြင်တာနဲ့ အလိုလို မုန်းလာတယ်။ အခြောက်တိုက် မုန်းတာမျိုးပေါ့။ နောက်ပြီးတော့ ကျား မဟုတ် မ မဟုတ် ဖြစ်တတ်တယ်။ မုသာဝါဒ ကံ မလုံရင် သူ့စကားကို မယုံကြတော့ဘူး။ သူပြောသမျှ မည်သူတစ်ဦးတစ်ယောက်မျှ မယုံကြည်တဲ့အခါ သူ့ရဲ့စကား အရာ မရောက် ဖြစ်တယ်။ ဒါကြောင့် မုသားဆို ရယ်စရာအနေနဲ့တောင် မပြောဘဲ ရှောင်ကြဉ်သင့်တယ်လို့ မြတ်စွာဗုဒ္ဓ ဟောကြားထားတယ်။ သုရာမေရ ကံ မလုံခြုံ ခဲ့ တဲ့ သူဟာ ဖြစ်ရာဘဝမှာ ဦးနှောက် မပြည့်ဘူး။ ကျပ်မပြည့်ဘူး ပြောကြတယ်။ ရူးနှမ်းနှမ်း ဖြစ်တတ်တယ်။ ဒါကြောင့် လူတွေရဲ့အခြေခံသီလဖြစ်တဲ့ ငါးပါးသီလလောက်ကို လုံခြုံအောင် စောင့်ထိန်းသင့်တယ်။ ငါးပါးသီလထဲက တစ်ခုမှ လျော့လို့ မရဘူး။ လူရယ်လို့ ဖြစ်လာတဲ့အခါမှာ အသက်ရှည်ရမယ်။ ကျန်းမာရမယ်။ အနာကင်းရမယ်။ ပစ္စည်းဥစ္စာ ရှိရမယ်။ လူချစ်လူခင်ပေါများရမယ်။ ဥာဏ်ပညာပြည်စုံရမယ်။ သြဇာရှိရမယ်။ ရူးနှမ်းနှမ်းမဟုတ်ပဲ တည်ကြည်သူဖြစ်ရမယ်။ ငါးပါးသီလ လုံခြုံရင် အဲဒီအကျိုးတွေ ရမယ်။ ဒါမှ လူ့ဘဝမှာ ပြည့်စုံသူလို့ ပြောလို့ရမယ်။ #ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ 🙏🙏🙏🙏🙏🙏🙏🙏
5 892
14
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
5 997
15
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက် ၄၃ ချက် (သို့မဟုတ်) နိုင်ငံရေးအပြောင်းအလဲအတွက် အခွင့်အလမ်း"" ===================
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက် ၄၃ ချက် (သို့မဟုတ်) နိုင်ငံရေးအပြောင်းအလဲအတွက် အခွင့်အလမ်း"" ==================== ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲများမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်သင့်သည့် အဆိုပြုမူကြမ်းများအနက် အချက် ၄၃ ချက်အပေါ် သဘောတူညီမှု ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါအချက်များကို လွှတ်တော်သို့ တင်သွင်းဆွေးနွေးပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သဘောတူညီထားသည့် အချက် ၄၃ ချက်၏ နိုင်ငံရေးအဓိပ္ပာယ် ====== ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများ၏ လုပ်ငန်းအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်၊ ဖြည့်စွက်ရေးအပြင် ရွေးကောက်ပွဲဆိုင်ရာ အကြံပြုချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးတည်ငြိမ်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ လေ့လာတွေ့ရှိချက်များအရ ဆွေးနွေးပွဲတစ်ခုတွင် သဘောတူညီမှုရရှိခြင်းနှင့် နိုင်ငံတော်၏ အခြေခံနိုင်ငံရေးစနစ် ပြောင်းလဲသွားခြင်းသည် မတူညီသည့် အဆင့်နှစ်ဆင့်ဖြစ်သည် တွေ့နိုင်သည်။ ထို့ပြင် ဤသဘောတူညီမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် ရှေ့ဆက်နိုင်ရန် ကြိုးပမ်းနေသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း သုံးသပ်နိုင်သည်။ လမ်းပြမြေပုံ(၄)ရပ် ======== ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၁၂ တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ထားသည်။ ပုဒ်မ ၄၃၃ မှ ၄၃၆ အထိတွင် ပြင်ဆင်ရေးဥပဒေကြမ်း တင်သွင်းခြင်းနှင့် အတည်ပြုခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်သည်။ ထို့ကြောင့် အဆင့်(၁)တွင် နိုင်ငံရေးသဘောတူညီမှုရယူခြင်း။ အဆင့်(၂)တွင် ဥပဒေကြမ်းပြုစုတင်သွင်းခြင်း။ အဆင့်(၃)တွင် လွှတ်တော်တွင် စိစစ်ဆွေးနွေးခြင်း။ အဆင့်(၄)တွင် သတ်မှတ်ချက်နှင့်အညီ အတည်ပြုခြင်းတို့ အဆင့်ဆင့်ရှိကြောင်းတွေ့ရသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် လွှတ်တော်တင်သွင်း၍ ဆွေးဆွေးကြမည့် အဆင့်(၃)သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း တွေ့နိုင်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် နိုင်ငံရေးတရားဝင်မှု ========= ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်၏ အာဏာခွဲဝေမှု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်နှင့် နိုင်ငံသားများ၏ အခွင့်အရေးများကို သတ်မှတ်ပေးသည့် အခြေခံဥပဒေဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်းသည် ပုဒ်မအချို့ကို ပြောင်းလဲခြင်းမျှသာ မဟုတ်ဘဲ နိုင်ငံရေးစနစ်အတွင်းရှိ အာဏာနှင့် တာဝန်များကို ပြန်လည်သတ်မှတ်ခြင်းဟူ၍လည်း သုံးသပ်နိုင်သည်။ မည်သို့ဆိုစေကာမူ.....ကျယ်ပြန့်သော ပါဝင်မှုနှင့် ယုံကြည်မှုတည်ဆောက်ရေးတို့သည် ရေရှည်တည်တံ့သည့် ပြင်ဆင်ရေးအတွက် အရေးပါသည်ကို မဖြစ်မနေ သတိပြုရမည်ဖြစ်သည်။ အနှစ်ချုပ်လေ့လာသုံးသပ်ချက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အချက် ၄၃ ချက်အပေါ် သဘောတူညီမှုရရှိခြင်းသည် နိုင်ငံရေးဆွေးနွေးမှုကို ဥပဒေရေးရာ လုပ်ငန်းစဉ်တစ်ခုအဖြစ် ရှေ့ဆက်နိုင်ရေးအတွက် အရေးပါသော အဆင့်တစ်ခုဖြစ်သည်။ ယင်းမှတစ်ဆင့် နိုင်ငံရေးအဖွဲ့အစည်းများအကြား ညှိနှိုင်းမှုကို ဆက်လက်တည်ဆောက်နိုင်မည်ဆိုပါက ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာအချို့ကို အဖွဲ့အစည်းဆိုင်ရာ နည်းလမ်းများဖြင့် ဖြေရှင်းနိုင်မည့် အခွင့်အလမ်းလည်း ရှိလာနိုင်သည်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည်ပြည်ထောင်စုတည်ဆောက်ပုံနှင့် အာဏာခွဲဝေမှုဆိုင်ရာ အခြေခံပြဿနာများကိုပါ ကိုင်တွယ်လာနိုင်ပါက ထူးခြားသော အောင်မြင်မှုများ ရရှိနိုင်ပြီး NCA စာချုပ်အပေါ် အလေးသာမှုများ ဖြစ်လာနိုင်ကြောင်း သုံးသပ်ရမည်ဖြစ်ပါသည်။ အောက်ပါလင့်မှတဆင့် PDF ဖိုင်အား Download လုပ်၍ သဘောတူညီထားသည့် အချက် ၄၃ ချက်အား အပြည့်အစုံ ဖတ်ရှုနိုင်သည်။ https://t.me/+fL8r97SBGP4xY2U1 (နရီမိုး)
31 703
16
https://t.me/c/3945493285/144 ဖွဲ့စည်းအ‌ခြေခံဥပဒေပုံပြင်ဆင်ရေး အဆိုပြုသဘောတူညီထားသည့် အချက် ၄၃ ချက်
1
17
‌စိတ်ဝင်စားဖို့ ကောင်းတဲ့ ဥပဒေ ၄ ခု ========== NSPNC ၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီတွေကနေ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ+2
‌စိတ်ဝင်စားဖို့ ကောင်းတဲ့ ဥပဒေ ၄ ခု ========== NSPNC ၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီတွေကနေ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ့် သဘောတူညီထားတဲ့ အချက် ၄၃ ချက်ထဲက စိတ်ဝင်စားစရာကောင်းတဲ့ အချက် ၄ ချက်တွေ့ရတယ်။ ပထမအချက်က တိုင်းဒေသကြီး/ပြည်နယ်အတွက် ကိုယ်ပိုင်ခြေဥ ခွင့်ပြုပေးထားတာ တွေ့ရတယ်။ ချွင်းချက်ကတော့ Mother Law ကို မကျော်ရဘူး။ ပြည်နယ်ခြေဥမှာ ကိုယ့်စိတ်ကြိုက် ပြဌာန်းခွင့်ပြုထားတဲ့ သဘော။ ဘာသာရေးဖြစ်ဖြစ်၊ စာပေနဲ့ ယဉ်ကျေးမှုတွေ မြင့်ချင်သပ ဆိုရင် ထပ်မြင့်ခွင့် ရမယ်ပေါ့။ ဘဏ္ဍာရေးမှာလည်း ဇယား ၂ မှာပါတာကို စီမံခွင့်ပြုထားတယ်။ ဒုတိယအချက်က UEC သက်တမ်းက ၁၀ နှစ်ဖြစ်လာတယ်။ ဆိုတော့ အစိုးရ တဆက်ချိန်တိုင်း UEC အပြောင်းအလဲ ဖြစ်ဖို့ မလွယ်တော့ဘူး။ တတိယအချက်က ပုဒ်မ ၂၆၂ ဝန်ကြီးချုပ်ရဲ့ အရည်အချင်းသတ်မှတ်ချက်မှာ တိုင်းရင်းသားက မွေးတဲ့ မြန်မာနိုင်ငံသားပဲ ဖြစ်ရမယ်။ သား/သမီး ၊ သမက်၊ ချွေးမ တွေက ပြည်ပနိုင်ငံသားခံယူထားရင် ...No။ သဘောကတော့ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ် ဖြစ်ချင်ရင် တိုင်းရင်းသားကမွေးတဲ့ နိုင်ငံသားပဲ လုပ်ခွင့်ရှိမယ်။ တခြားနိုင်ငံသားခံယူထားရင်၊ မိဘက တိုင်းရင်းသား မဟုတ်ရင် လစ်ပေါ့။ စတုတ္ထအချက်က ပုဒ်မ ၂၃၂ ပြည်ထောင်စုဝန်ကြီးရဲ့ အရည်အချင်းမှာ သား/သမီး၊ သမက်၊ ချွေးမ တွေက ပြည်ပနိုင်ငံသား ခံယူထားရင် No။ ဒါလည်း အတူတူပဲ။ ပြည်ထောင်စုဝန်ကြီး ခန့်ဖို့ လျာထားခံရရင်...နောက်ဆက်တွဲ မိသားစု Background အထိ လိုက်တဲ့သဘော။ လောလောဆယ် ဒီ ၄၃ ချက်ကို လွှတ်တော်တင်ပြီ ဆွေးနွေးကြဦးမယ်။ လွှတ်တော်က Confirm ရင် ၂၀၀၈ ‌ခြေဥကို ပြင်နိုင်ပြီပေါ့။ (နရီမိုး)
8 019
18
"Political စစ်မြေပြင်ပေါ်က စောင့်ကြည့်ရမယ့် နိုင်ငံရေးကျားကွက်များ" ✅NCA ၁၁ နှစ်ပြည့်မတိုင်ခင် ...ရန်ကုန်မှာ တရုတ်ကွန်မြူနစ်ပ
"Political စစ်မြေပြင်ပေါ်က စောင့်ကြည့်ရမယ့် နိုင်ငံရေးကျားကွက်များ" ✅NCA ၁၁ နှစ်ပြည့်မတိုင်ခင် ...ရန်ကုန်မှာ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံရေးပါတီ တချို့နဲ့ တွေ့ဆုံခဲ့တာ ရှိတယ်။ ✅ဗန့် လာပြီး မကြာခင် ရိုက်တာကနေ အမေရိကန်အစိုးရက မြန်မာနဲ့ တိုက်ရိုက် ဆက်သွယ်မှု လုပ်လာပြီလို့ ထုတ်ဖော်ရေးတယ်။ ✅တိုက်တိုက်ဆိုင်ဆိုင် မလေးရှား ခရီးစဉ် ပေါ်ပေါက်လာတယ်။ ဖိလစ်ပိုင်က မြန်မာကို အာဆီယံထဲ ပြန်ထည့်ဖို့ နှပ်ကြောင်းပေးလာတယ်။ ✅ထူးခြားတာက Third Party ဖြစ်တဲ့ ဂျပန်က ရုတ်တရက် ပေါ်လာတာပဲ။ ✅မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍ၊ အမေရိကန်ရဲ့ Direct Contact ၊ အာဆီယံအခန်းကဏ္ဍ၊ ဂျပန်ရဲ့ ကြားဝင်စေ့စပ်မှု ဆိုတဲ့ နိုင်ငံရေး ကျားကွက်တွေကတော့ အပြိုင် ခင်းလာကြပြီလို့ပဲ သုံးသပ်ရမှာပဲ။ အပြည့်အစုံကို ယနေ့ထုတ် သူရိယနေဝန်းဂျာနယ်တွင် ဖတ်ရှုနိုင်ပါသည်။ (နရီမိုး)
6 175
19
အမေရိကန်ဝိုင်တွေရယ်၊ မြန်မာ့အရသာတွေရယ်...တစ်ဝိုင်းတည်းမှာပေါ့ ဆိုပြီး အမေရိကန်သံရုံးက မျှဝေထားတယ်။ ဒါ‌နဲ့ပတ်သက်ပြီး နီပေါတစ်စ
အမေရိကန်ဝိုင်တွေရယ်၊ မြန်မာ့အရသာတွေရယ်...တစ်ဝိုင်းတည်းမှာပေါ့ ဆိုပြီး အမေရိကန်သံရုံးက မျှဝေထားတယ်။ ဒါ‌နဲ့ပတ်သက်ပြီး နီပေါတစ်စုကတော့ စပ်စပ်ခါနေလေ‌ရဲ့။ နိုင်ငံရေးဆိုတာ အခြေခံလောက် မသိလေတော့ ကိုယ့်အကျိုးလုပ်ပေးရင် ကျေနပ်ပြီး တစ်ဖက်ကို ပစ်ပစ်ခါခါ ဆဲတတ်ကြတဲ့ ယဉ်ကျေးမှုမျိုး တည်ဆောက်ထားကြသူတွေကတော့ ဒီမြင်ကွင်းမျိုးကို ရင်ထု မနာ ဖြစ်ကြမှာပါပဲ။ ပိုဆိုးတာက...ဂျပန်မှာ ဒုတိယအကြိမ်မြောက် တွေ့ကြသေးတယ် ဆိုတဲ့သတင်းရယ်၊ ရွှေကုက္ကိုလ်မှာ ကျားဖြန့်နှိမ်နင်းရေး ဒုတိယပိုင်း ပြန်စတာတွေကို တိုက်ဆိုင်မှုတော့ မဟုတ်နိုင်ဘူးမလား။ အရိပ်တွေ ပြနေတာကိုမှ အကောင်လိုက်ကြီး မမြင်သေးရင်တော့ ဆက်ကန်းချင်ယောင် ဆောင်ပေါ့နော့။ (နရီမိုး)
6 112
20
မေတ္တာဟာ “ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာ” လို့ သုံးမျိုးရှိတယ်။ ●“ကာယကံမေတ္တာ”ဆိုတာ လမ်းသွားရင်း ၊ လမ်းပေါ်မှာရှိနေတဲ့ အမှိုက်သရိုက်၊ ဆူးညှောင့်ခလုတ် ဖယ်ရှားပြီးဒီလမ်းပေါ်သွားတဲ့လူတွေ ခလုတ်မတိုက်မိကြပါစေနဲ့။ ဆူးမဆူးကြပါစေနဲ့ ဆိုပြီး ဖယ်ရှားပေးသွားတဲ့ သဘောမျိုးတွေဟာ “ကာယကံမေတ္တာ”လို့ ခေါ်တယ်ပေါ့။ အများ ဒုက္ခမရောက်စေချင်ဘူး။ အများချမ်းသာစေချင်တယ်။ ဆိုပါစို့၊ အများသွားလာတဲ့နေရာမှာ တံမြက်စည်းလှဲပေးတယ်။ ကျောင်းတွေ၊ကန်တွေ လာတဲ့အခါမှာ တံမြက်စည်းလှဲပေးတယ်။ ဒါ ကာယကံမေတ္တာလို့ ခေါ်တယ်ပေါ့။ မေတ္တာကို “ကိုယ်အမှု” နဲ့ပြတယ်။ ●မေတ္တာကို “နှုတ်”နဲ့ပြတာလည်းရှိတယ်။ နှုတ်နဲ့ ပြတယ် ဆိုတဲ့နေရာမှာ “သတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ” လို့ဒီလို နှုတ် က မေတ္တာပို့တွေကို ရွတ်နေတာလဲ “ဝစီကံမေတ္တာ” လို့ ပြောလို့ ရပါတယ်။ ပိုပြီးတော့ ထိရောက်တဲ့ “ဝစီကံမေတ္တာ” ဆိုတာ တစ်ဦးနဲ့တစ်ဦး စကားပြောတဲ့အခါ တကယ့် မေတ္တာ စိတ်ထားနဲ့ “ကောင်းတဲ့ စကား” ကို ပြောတယ။် “မကောင်းတဲ့စကား” မပြောဘူး။ တစ်ဦးနဲ့တစ်ဦး “အတင်း”မပြောဘူးနော်။ ကောင်းကျိုးချမ်းသာကို ရစေတတ်တဲ့ အပြောမျိုးတွေကို ပြောပေးတယ်။ အကြံကောင်း၊ ဉာဏ်ကောင်းတွေပေးတယ်။ ဒါ “ဝစီကံမေတ္တာ” လို့ ပြောရမယ်။ -ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး-
6 150