uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

နရီမိုး

နရီမိုး

Kanalga Telegram’da o‘tish

📈 Telegram kanali နရီမိုး analitikasi

နရီမိုး (@nyemoee) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 35 675 obunachidan iborat bo'lib, Din & Maʼnaviyat toifasida 1 837-o'rinni va Myanma mintaqasida 4 128-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 35 675 obunachiga ega bo‘ldi.

14 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -135 ga, so‘nggi 24 soatda esa 0 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 24.78% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 17.37% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 8 847 marta ko‘riladi; birinchi sutkada odatda 6 200 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 522 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 15 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Din & Maʼnaviyat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

35 675
Obunachilar
Ma'lumot yo'q24 soatlar
-437 kun
-13530 kun
Postlar arxiv
ရေးမြို့နဲ့ ထားဝယ်မြို့အကြား ကားလမ်းခရီးအကွာအဝေးက ၁၅၈ ကီလိုမီတာခန့်၊ မိုင်အားဖြင့်တွက်မယ်ဆိုရင် ၁၀၀ လောက်ရှိမယ်။ ကားနဲ့ဆိုရင်
ရေးမြို့နဲ့ ထားဝယ်မြို့အကြား ကားလမ်းခရီးအကွာအဝေးက ၁၅၈ ကီလိုမီတာခန့်၊ မိုင်အားဖြင့်တွက်မယ်ဆိုရင် ၁၀၀ လောက်ရှိမယ်။ ကားနဲ့ဆိုရင် ခန့်မှန်း ၂ နာရီခွဲဝန်းကျင် အထက်ကြာလိမ့်မယ်။ သမ္မတကြီးကတော့ ရေး-ထားဝယ်ကို ကမ်းရိုးတန်းတစ်လျှောက် ရထားလမ်းဖောက်ဖို့ စနေပြီလို့ ပြောတယ်။ ရထားလမ်းကို ဘယ်နေရာတွေက ဖြတ်သန်းမလဲ၊ ကမ်းရိုးတန်းကို ဘယ်လိုပုံစံ ဖောက်မလဲဆိုတဲ့ အသေးစိတ်လမ်းကြောင်းကို မသိရသေးတဲ့အတွက် ရထားလမ်းအခြေအနေတော့ အတိအကျ ပြောဖို့ ခက်သေးတယ်။ တကယ်သာ အကောင်အထည် ဖော်နိုင်ခဲ့ရင် တနင်္သာရီတိုင်း အတွက် ရွှေ ပါပဲ။ အနာဂတ် စီးပွားရေးအလားအလာ၊ ခရီးသွားလုပ်ငန်းနဲ့ ဒေသတွင်း ကုန်စည်စီးဆင်းမှု တွေက အရှိန်အဟုန်နဲ့ ထိုးတက်လာဖို့ရှိတယ်။ ပထမဆုံးအချက် ရထားလမ်းက နှစ်လမ်းသွား ဖြစ်တဲ့အတွက် ကုန်စည်ပို့ဆောင်ရေးအတွက် သိပ်ကို အရေးပါလာမှာပါ။ ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ် ချိတ်ဆက်မှုကနေ အတွင်းပိုင်း ကွန်ရက်‌ တွေအထိပိုချိတ်ဆက်နိုင်မယ့်သဘောပါ။ တကယ်လို့များ DEMU တွေ ရောက်လာခဲ့ရင် ခရီးသွားကမ်းခြေရွေးချယ်မှုမှာ အသစ်အဆန်းအနေနဲ့ တိုးတက်လာပါလိမ့်မယ်။ ဒုတိယအချက်က ထားဝယ် ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းတွေနဲ့ တိုက်ရိုက် ဆက်စပ်ထားတာပါ။ လယ်ယာထွက်ကုန်၊ ငါးဖမ်းလုပ်ငန်း၊ သစ်တောထွက်ပစ္စည်းတွေကို ဈေးကွက်သို့ ပိုမြန်မြန် ရောက်ရှိစေနိုင်မယ့် အလားအလာရှိနေတာ တွေ့ရတယ်။ ဒေသတွင်း ကုန်စည်စီးဆင်းမှု အရှိန်မြင့်လာတာနဲ့အမျှ အလုပ်အကိုင် ဖန်တီးမှု၊ ဒေသခံ တွေရဲ့လုပ်ငန်းငယ် တွေ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်သလို ဒေသ GDP မြင့်တက်မှုကိုပါ အထောက်အကူပြုပါလိမ့်မယ်။ နောက်ဆုံးအချက်က ခရီးသွား ကဏ္ဍပါ။ ထားဝယ်-မြိတ်မှာရှိတဲ့ ကမ်းခြေအလှတွေကို ရထားလမ်းနဲ့ ချိတ်ဆက်နိုင်ရင် ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေကို သေချာပေါက် ဆွဲဆောင်နိုင်ပါလိမ့်မယ်။ မြိတ်ကျွန်းစု အလှတွေက ပိုပြီး အခွင့်အလမ်း များလာနိုင်တာ တွေ့ရတယ်။ တကယ်တော့ ဒီစီမံကိန်းတွေက ဒေသခံတွေရဲ့ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ်ကို အရေးပါတဲ့ နိုင်ငံတော်အဆင့် စီမံကိန်းတွေပါ။ အောင်မြင်မှု ရှိ၊ မရှိဆိုတာ လက်နက်ကိုင် ပဋိပက္ခကို အားပေးခြင်း၊ အားမပေးခြင်းနဲ့ပဲ အဆုံးအဖြတ်ပေးသွားမှာပါ။ အခွင့်အလမ်း ရှိပါရက်နဲ့ သေနတ်ကိုင် ၊ ဆက်ကြေးကောက်ရုံ အဆင့်မှာ သာယာနေရင်တော့ စာရွက်ပေါ်က စီမံကိန်းတွေပဲ ဆက်ဖြစ်နေမှာပါ။ (နရီမိုး)

☘ အရဟံဂုဏ်တော် မြတ်စွာဘုရားရဲ့ ဂုဏ်အရည်အချင်းတွေဟာ ဒီ “အရဟံ”ဆိုတဲ့ စကားလုံးလေးတစ်လုံးထဲမှာပဲ တစ်စုတည်း ပြောမယ်ဆိုရင် --- ၁။ ကိလေသာတွေက လုံးဝဝေးကွာနေခြင်း။ ၂။ ကိလေသာရန်သူတွေကို ဖယ်ရှားပြီးဖြစ်ခြင်း။ ၃။ သံသရာ စက်အကန့်လို့ဆိုတဲ့ အကြောင်းတရား ကိလေသာတရားတွေကို ဖယ်ရှားပြီးဖြစ်ခြင်း။ ၄။ တစ်လောကလုံးရဲ့ ဦးညွှတ်လေးစားမှု၊ လှူဒါန်းမှုထိုက်တန်သူဖြစ်ခြင်း။ ၅။ ဆိတ်ကွယ်ရာမှာ မကောင်းမှုကိုလုပ်တာမရှိခြင်း။ ဆိုတဲ့ အဲဒီ အရည်အချင်းငါးမျိုးကြောင့် မြတ်စွာဘုရားကို အရဟံဆိုတဲ့ဂုဏ်တော်နဲ့ ချီးမွမ်းထိုက်တယ်။ လောကမှာ မြတ်စွာဘုရားကို "အရဟံ"လို့ဆိုတဲ့ ဒီဂုဏ်ထူးကြီးဟာ မြေပြင်မှကောင်းကင်ထိအောင် တစ်လောကလုံးမှာ ပျံ့နှံ့ထင်ရှားနေတယ်။ လူတိုင်းလူတိုင်းက အသိအမှတ်ပြုထားတဲ့ ဂုဏ်ရည်တစ်ခုပါလို့ ဒီလိုဆိုလိုတာပေါ့နော်။ ဒါကြောင့်မို့ ဦးညွှတ်လေးစားတဲ့ ပုဂ္ဂိုလ်တိုင်းက “နမော တဿ ဘဂဝတော အရဟတော” ဆိုတာ အဲဒါကိုပြောတာ။ ဒီအရည်အချင်းတွေနဲ့ မြတ်စွာဘုရားကို ပူဇော်ကြတာ၊ ကိုးကွယ်ကြတာလို့ ဒီလိုဆိုလိုတယ်။ တရားချစ်ခင် သူတော်စင်ပရိသတ် အပေါင်းတို့၊ ဗုဒ္ဓ မြတ်စွာရဲ့ "အရဟံ"ဂုဏ်တော်ဆိုသည်မှာ အက္ခရာသုံးလုံး ပေါင်းစပ်ထားတဲ့စကားပင်ဖြစ်စေကာမူ မြတ်စွာဘုရားရဲ့ ဂုဏ်တွေ အများကြီးပါဝင်နေတဲ့ ဂုဏ်တော်အရည်အချင်းတစ်ခု ဖြစ်ပါတယ်၊ ခုလို "အရဟံ"ဆိုတဲ့ အရည်အချင်းရှိမှသာလျှင် ဘုရားအစစ် ဖြစ်နိုင်ပါတယ်ဆိုတာကို မှတ်ယူကြပြီး ဗုဒ္ဓါနုဿတိဂုဏ်ကို စိတ်အာရုံမှာ အမြဲတမ်းညွှတ်ပြီး ပီတိသောမနဿတွေဖြစ်အောင် မိမိတို့ရဲ့ စိတ်ကို လွှမ်းထုံထား နိုင်ကြပါစေကုန်သတည်း။ #ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏

ပုံမှန် စာဖတ်သူ၊ ဥပဒေ မကင်းကွာသူ၊ ဘေးက ညှော်နေတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက မဟုတ်သူ ဆိုရင်တော့....တက္ကသိုလ်ကျောင်းသားတွေကို စစ်မှုထမ်းအတွက် ကျောင်းအနားပေးခံရတာက သတင်းမှား ဆိုတာ သိနိုင်တဲ့အရာပါ။ ရှေ့မှာ ၅၀၀၀ တန်တွေ ဖျက်သိမ်းတဲ့ ကိစ္စလည်း ကြုံဖူးရသေးတယ် မဟုတ်လား။ ၂၀၀၈ ခြေဥထဲမှာ နိုင်ငံတော်ရဲ့ ငွေကြေးကို အစိုးရအနေနဲ့ ဖျက်သိမ်းခွင့်မပြုတာ အတိအလင်း ပြဌာန်းထားပြီးသားပါ။ စစ်မှုထမ်းကိစ္စမှာလည်း ကင်းလွတ်ခွင့်ပြုတဲ့သူတွေကို သတ်မှတ်ထားပြီးသား။ ဒါ့ကြောင့်လည်း သမ္မတကြီးက ကလေးတွေနဲ့ တွေ့ချိန် စာဖတ်ဖို့၊ ဥပဒေကို သိအောင် လုပ်ကြဖို့ ဆိုပြီး ခဏခဏ တိုက်တွန်းနေတာ။ တနေ့ကလည်း ဆေးမှာ သစ်လွင်မောင်မယ်တွေ ကြိုကြတာ ရှိတယ်။ ဒီကလေးတွေ အနေနဲ့ နိုင်ငံချစ်စိတ်လေး ရှိရင်ပဲ ကျေးဇူး တင်ရမှာပါ။ ရှေ့မှာ ဆေးကျောင်းတက်ရင်တောင် Black list ထည့်ပြီး နာမည်စာရင်း အပြည့်အစုံနဲ့ အတင်းတုပ်နေတဲ့ CDM ပြုတ် ဆရာဝန်တွေလည်း ရှိခဲ့တာ တွေ့နိုင်တာပဲ။ ကိုယ်တိုင်ကသာ ဆေးခန်းတွေမှာ ခိုးကုနေကြတာ။ ပြောချင်တာက စာဖတ်ကြဖို့ပါ။ ဥပဒေတွေ အကြောင်း လေ့လာကြဖို့ပါ။ သိမှလည်း ဒီလို ကောလာဟလတွေကို တုံ့ပြန်နိုင်မှာကိုး။ တကယ်တော့....လမ်းဘေးစကားနဲ့ ပြောရရင်....တိုင်းပြည်တည်ငြိမ်သွားမှာ၊ စီးပွားရေးတွေကောင်းသွားမှာ၊ လူငယ်တွေကို တက္ကသိုလ်က ထွက်ပြေးပြီး လမ်းဘေးရောက်သွားစေအောင် အကြောက်တရားနဲ့ လုပ်ကြတဲ့ စရိုက်ဆန်ဆန်အပြုအမူတွေပါပဲ။ ခုလို အစိုးရဘက်က တရားဝင် ထုတ်ပြန်လိုက်တာလည်း ကောင်းတာပါပဲ။ တကယ်တော့ ဥပဒေ နားလည်ရင်ကို ဒါတွေက မှန်၏၊ မမှန်၏ နားလည်လွယ်တဲ့ အရာတွေပါ။ (နရီမိုး)

ဟိုတယ်က အပေါင်ဆုံးတော့မယ်မှန်းလည်း သိတယ်။ ပြန်ဆပ်နိုင်ဖို့အတွက်ကလည်း မဖြစ်နိုင်ဘူး ဆိုတာ သိတယ်။ ဘဏ်အပေါင်းဆုံးထားတဲ့ မိုတယ်(
ဟိုတယ်က အပေါင်ဆုံးတော့မယ်မှန်းလည်း သိတယ်။ ပြန်ဆပ်နိုင်ဖို့အတွက်ကလည်း မဖြစ်နိုင်ဘူး ဆိုတာ သိတယ်။ ဘဏ်အပေါင်းဆုံးထားတဲ့ မိုတယ်( ဟိုတယ်တောင်မဟုတ်) ကို၊ တနည်းအားဖြင့် တရားမကြောင်းအရ ဆုံးနိမ့်ပြီး လက်လွှတ်ရမယ့် အရာတစ်ခုကို တော်လှန်ရေး အမည်တပ်ပြီး အလှူခံ ခွက်ခေါက်သွားတာတော့ ...လုပ်တဲ့သူတွေကပဲ ဉာဏ်ကောင်းတာလား၊ ယုံကြည်ပြီး ထည့်ဝင်ကြတဲ့ နီပိန်းတွေကပဲ ပိန်းလွန်းတာလား မသိ။ ဘာပဲဖြစ်ဖြစ် အပေါင်ဆုံး ဟိုတယ်ကနေတောင် သိန်း ထောင်ချီ ရှာနိုင်ခဲ့တာပဲ မဟုတ်လား ဆိုတဲ့ စကားကတော့ ရုပ်အပေါက်ဆုံးပဲ။ တကယ်က တော်လှန်ရေးအောင်ခဲ့ရင်တောင် သူတို့ ပြောတဲ့ ဟိုတယ်က RBK ဆီတောင် ပြန်မရဘူး။ ဘဏ်က ပိုင်သွားတဲ့ ဟာဖြစ်သွားပြီ။ တော်လှန်ရေးအောင်ပြီး သူတို့အစိုးရက ပိုင်ရှင်ပြန်ပေးမယ်လို့ ထင်နေပုံရတယ်။ ဘဏ်မှာအပေါင်ဆုံးသွားပြီးဖြစ်တဲ့ ဟိုတယ်က အစိုးရပြောင်းတိုင်း ရော့၊ အင့် ပြန်ပေး ရအောင် သက်ဦးဆံပိုင်ခေတ်လည်း မဟုတ်။ လိမ်နေတာကြကလည်း အထင်သား။ တော်လှန်ရေးကို ဘန်းပြပြီး ကျားဖြန့်အကြီးစားပုံစံ လုပ်စားသွားတာကို "နင်တို့က ဒီလို စွန့်လွှတ်ရဲလား၊ လှူ ဖူးလား " ဆိုပြီး ပြန်ရန်လုပ်နေတာကလည်း အံ့အားသင့်စရာ။ သူတို့တော်လှန်ရေးကျရှုံးတာ သိပ်များများစားစား အကြောင်းတရားတွေ မရှိပါဘူး။ နုကြည်ခေါင်းဆောင်တွေမှာ နိုင်ငံရေးပါဝါ ဆိုတာ မရှိနေဘူး။ လော်ဘီဩဇာရဲ့ အရိပ်အယောင်အောက်မှာနေရတော့ စာရင်းစစ်လည်း မခံနိုင်ဘူး။ စစ်လည်း မစစ်ရဲတဲ့သဘောပဲ။ ငါ ရှာပေးထားတာ ဆိုတဲ့ ပုံစံမျိုးနဲ့ တည်ဆောက်ထားတဲ့ ယဉ်ကျေးမှုဆိုမှတော့...ကျန်တဲ့သူတွေကလည်း ရေလိုက်၊ ငါးလိုက် ဖြစ်မှာပါပဲ။ သနားစရာကောင်းတာက ကြားထဲက အောက်ခြေ နီပိန်းအုပ်စုပဲ။ သူတို့မှာ ပိုက်ဆံလည်း ထည့်ရ။ ထည့်တဲ့ အလှူငွေကလည်း ကျားဖြန့်တမျှပဲ။ မထူးပါဘူး။ ရေစက်ချလိုက်ကြပေါ့။ (နရီမိုး)

{သမ္မတကြီး၏ မလေးရှားနိုင်ငံ ခရီးစဉ်အပေါ် ကဏ္ဍစုံ သုံးသပ်ချက် } ======== သမ္မတကြီး ဦးမင်းအောင်လှိုင်၏ မလေးရှားနိုင်ငံခရီးစဉ်သည
+1
{သမ္မတကြီး၏ မလေးရှားနိုင်ငံ ခရီးစဉ်အပေါ် ကဏ္ဍစုံ သုံးသပ်ချက် } ======== သမ္မတကြီး ဦးမင်းအောင်လှိုင်၏ မလေးရှားနိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးကို ပိုမိုကျယ်ပြန့်စေရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်နိုင်သည်။ အဆိုပါခရီးစဉ်မှတစ်ဆင့် မြန်မာ–မလေးရှား နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန် အခြေခံကောင်းတစ်ရပ် ဖော်ဆောင်နိုင်ခဲ့သကဲ့သို့ အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်လာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေခဲ့သည်ကို သတိပြုရမည် ဖြစ်သည်။ အောက်ပါ လင့်မှတဆင့် အပြည့်အစုံ ဖတ်ရှု နိုင်ပါသည်။ https://t.me/+fL8r97SBGP4xY2U1 (နရီမိုး)

“ဘုရားကိုးကွယ်ရင် ငါ စီးပွားဥစ္စာတိုးတက်မယ်”ဆို ဒါ တလွဲကို တွေးတာပဲ ဖြစ်တယ်။ စီးပွားဥစ္စာတိုးတက်ဖို့ ဘုရားက “ငါ့ကိုးကွယ်ရင် မင်း စီးပွားဥစ္စာတိုးတက်မယ်” လို့ ဘယ်တော့မှ မဟောဘူး။ စီးပွားဥစ္စာတိုးတက်ခြင်းအကြောင်းက ဘာတုန်းဆိုရင် ဥဋ္ဌာနသမ္ပဒါ — မင်း ကြိုးစားရမယ်။ ကြိုးစားဆိုတဲ့အထဲမှာ ဒက္ခ — လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်၊ အနလသ — ဇွဲကောင်းရမယ်၊ ဥပါယဝီမံသာ — နည်းပညာရှိရမယ်၊ အလံ ကာတုံ — ကိုယ်တိုင်လည်း လုပ်နိုင်စွမ်းရှိရမယ်၊ အလံ သံဝိဓာတုံ — စီမံခန့်ခွဲတတ်မှုရှိရမယ်။ ဒါ ဘုရားက ဟောထားတာ။ “ငါ့ကိုးကွယ်ရင် မင်း ချမ်းသာလိမ့်မယ်” လို့ ဘယ်တော့မှ မဟောဘူး။ အဲဒါ ကိုယ်က တလွဲနားလည်နေခြင်း ဖြစ်တယ်။ ဘုရားကိုးကွယ်တာ ဘာအတွက်လဲဆိုရင် “What should be done. What should not be done” ဘာလုပ်သင့်သလဲနဲ့ ဘာမလုပ်သင့်ဘူးလဲ သိဖို့ရာအတွက် လိုအပ်တယ်။ ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်လေ။ နေမကောင်း၊ ထိုင်မသာ ဖြစ်ရင် ဆရာဝန်တွေဆီ ဘာလို့သွားတာတုန်း။ သွားခြင်းရဲ့ ရည်ရွယ်ချက်က ဘာတုန်းဆိုရင် ဘာရောဂါတုန်းလို့ သိချင်တယ်။ ဘာကြောင့်ဖြစ်တာတုန်း သိချင်တယ်။ ဘယ်ဆေးသောက်ရမှာလဲ၊ ဘယ်အစားအစာ ရှောင်ရမှာလဲ။ ဒါပဲ မဟုတ်လား။ ကျန်တဲ့ ဆေးသောက်တဲ့အပိုင်းတွေကျတော့ ကိုယ့်ဟာကိုယ် လုပ်ရမယ်။ အဲဒီလို ခွဲခြားမြင်ဖို့ လိုတယ်။ ခွဲခြားမမြင်လို့ရှိရင် ကိုယ့်ဟာကိုယ် “အတ္တာ ဟိ အတ္တနော နာထော” - ကိုယ်သာလျှင် ကိုယ့်ရဲ့ ကိုးကွယ်ရာဆိုရင် ဘုရားလည်း ကိုးကွယ်စရာမလိုဘူး၊ ဘယ်ဟာလည်း ကိုးကွယ်စရာမလိုဘူးလို့ ဆိုပြီးတော့ လမ်းလွဲသွားတတ်ပြန်တယ်။ - ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ -

🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏

အမေရိကန်က မြန်မာကို Direct Contact လုပ်လို့ ဝမ်းသာစောတာမျိုးတော့ မဟုတ်ပါဘူး။ အမေရိကန်အစိုးရ အဆက်ဆက်တိုင်းက ကူညီရင်တောင် နှောင်ကြိုးတွေ ပါလာတတ်လေ့ရှိတယ်ဆိုတာ...၊ ဒါမှမဟုတ် Give and Take တွေ ရှိတတ်တာကို ကိုယ်တွေလူကြီးတွေက မသိဘဲ ဘယ်နေမလဲ။ ခက်တာက အမေရိကန်ပဲဖြစ်ဖြစ်၊ တရုတ်ပဲ ဖြစ်ဖြစ်...အာလုံးက World Power တွေလေ။ မင်းတို့က တရုတ်ကြောက်လားမေးရင် ရိုးရိုးသားသားဆို နိုး ပါ။ ဒါပေမယ့် အရှိတရားက ဒေါ်နယ်ထရမ့်တောင် လေဆိပ် ဆင်းကြိုရတဲ့ အနေအထား။ ကမ္ဘာမှာ GDP ခြင်း ယှဉ်မလား၊ စစ်အင်အား ယှဉ်မလား၊ နည်းပညာ ယှဉ်မလား၊ ငွေကြေး ဓန ယှဉ်မလား၊ နျူလက်နက် ယှဉ်ဦးမလား။ စက်မှုနိုင်ငံတွေတောင် တရုတ်ကို ယှဉ်ဖို့ မစွမ်းသာချိန်မှာ တစ်ချို့ အရေမရ၊ အဖက်မရတွေက နိုင်ငံရေးမှာ ဘောင်မဝင်ဘူး။ ကိုယ်တွေ မျှော်လင့်တာဆိုလို့ အမေရိကန်ဘက်က နိုင်ငံရေးဖိအားကို ဆန်ရှင်စနစ် မသုံးဖို့ရယ်၊ အိမ်နီးချင်းနိုင်ငံဆိုရင်လည်း ငြိမ်းချမ်းရေး Process မှာ လူကြီးလူကောင်းဆန်ဆန် ရိုးသားပေးဖို့ ပဲ အလိုရှိတာပါ။ ခက်တာက ဒီနိုင်ငံက EAO တွေကိုယ်တိုင် တိုင်းပြည်ကို သစ္စာရှိဖို့ဆိုတာထက် ဘယ်ယိမ်း၊ ညာယိမ်းဆိုတဲ့ အကျိုးစီးပွားတွေနဲ့ပဲ စစ်ပြင်နေခဲ့ကြတာ တွေ့နိုင်တာပဲ။ ဥပမာ ကရင်လူထုကောင်းစားရေးလို့ ပြောပေမယ့် တချို့ခေါင်းဆောင်တွေက ထိုင်းနိုင်ငံသား ခံယူထားကြတယ်။ ပြည်ထောင်စုကို ချစ်မြတ်နိုးပါတယ် ဆိုပေမယ့် အဲဒီဒေသမှာ မြန်မာငွေကြေး မသုံးစွဲကြတော့ဘူး။ ပင်လုံအကြောင်း ပါးစပ်က ရွှန်းရွှန်းဝေအောင်ပြောပေမယ့် တပ်တွေကတော့ ဖားကန့်နဲ့ မြေရှား သတ္တုကို စိမ်ပြေနပြေ ထိုင်ထုတ်၊ အခွန်ကောက်နေတာကြတွေ့နိုင်တာပဲ။ ဒီ တိုင်းရင်းသား လက်နက်ကိုင်တွေမှ -ာ မကျ ဘယ်သူ ကျတော့မလဲ။ NCA တော့ ထိုးချင်ထိုးမယ်။ လက်နက်လည်း ကိုင်မယ် ဆိုမှတော့ ...ပြည်သူ့စစ်မှုထမ်းဥပဒေ ရုပ်သိမ်းဖို့လည်း မမျှော်နဲ့တော့ပေါ့။ ကျော်တို့က ငြိမ်းချမ်းရေးကို မြတ်နိုးပါတယ်လို့သာ ဆိုတာ အားလုံးက ဗိုလ်လောင်းသင်တန်း ကိုယ်စီနဲ့။ ဖွဲ့စည်းပုံထဲကနေ အာဏာခွဲပေးလည်း လက်နက်ဖြုတ်ရမှာကို၊ နိုင်ငံရေး လုပ်ရမှာကို ကြောက်နေကြတာ တွေ့နိုင်တာပဲ။ ဒါကိုသိလို့လည်း နောက်ကွယ်က Deep state တွေ ကောင်းကောင်း ကစားလို့ ရနေတာပေါ့။ ရှမ်းမှာ လူမျိုးတူတာတောင် နှစ်ဖွဲ့ကွဲတယ်။ ရခိုင်လည်း ၂ ဖွဲ့ကွဲတယ်။ ပအိုဝ့်လည်း လည်းအတူတူပဲ။ ကရင် ပိုဆိုး။ ချင်းကတော့ ပြောတောင်မနေနဲ့။ EAO တွေရဲ့ ပြဿနာက ခေါင်းဆောင်က NCA လုပ်ချင်ရင်တောင် လက်အောက်က ပြန်ခွဲထွက်ပြီး လက်နက်ကိုင်ကြတဲ့ အမျိုး။ ဒီတော့ All inclusive ကို ဘယ်မျိုးဆက်အထိ ဆွေးနွေးကြမလဲ။ (နရီမိုး)

အယ်လ်နီညိုက တခြားဒေသတွေအတွက်တော့ မသိဘူး။ အညာနဲ့ ရန်ကုန်ကတော့ ပိုပူမယ့် သဘောရှိတယ်။ ဆောင်းလို့ ပြောပေမယ့် မီးမှ မလာရင် အိပ်ဖို
အယ်လ်နီညိုက တခြားဒေသတွေအတွက်တော့ မသိဘူး။ အညာနဲ့ ရန်ကုန်ကတော့ ပိုပူမယ့် သဘောရှိတယ်။ ဆောင်းလို့ ပြောပေမယ့် မီးမှ မလာရင် အိပ်ဖို့ အတော်လေး ခက်တယ်။ ပူတာကိုး။ တကယ်လို့ အယ်လ်နီညိုများလာလို့ ပိုပူခဲ့ရင် နေစရာရှိပါ့မလား။ အိမ်မှာ သက်ကြီးရွယ်အိုတွေရှိရင် ဘယ်လိုများ လုပ်ကြမလဲပေါ့။ လျှပ်စစ်ဝန်ကြီးဌာနကတော့ အယ်လ်နီညို ဝင်လာရင် လျှပ်စစ်ပိုသုံးလာမှာကို ကြိုတွက်ထားတယ်။ အယ်လ်နီညိုကာလမှာ ပိုသုံးလို့ မီတာဆောင့်တက်ရင် တစ်နိုင်ငံလုံး System Breakdown ဖြစ်သွားမှာကို ပိုစိုးရိမ်ပုံရတယ်။ ဒီလိုဖြစ်ရင်...ပြင်တဲ့ကာလအပေါ် မူတည်ပြီး အချိန်တွေ ကြန့်ကြာသွားနိုင်မယ်။ ဒီတော့လည်း အလှည့်ကျ စနစ်လေးနဲ့ Over မဖြစ်အောင် ဖြည်းဖြည်းမှန်မှန် စီမံသလားပေါ့။ ဝန်ကြီးဌာနက လျှော့ချပေမယ့် ပြည်သူကတော့ လျှော့သုံးမယ့် သဘောမရှိဘူး။ ကိန်းဂဏန်းတွေအရကို မြန်မာမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းက လျှပ်စစ်တိုးပြီးသုံးနေတာ တွေ့နိုင်တာပဲ။ ဒီတော့လည်း ဆိုလာနဲ့ အင်ဗာတာတွေဘက်ကို လှည့်ကြရပြန်တာပေါ့။ ထုံးစံအတိုင်း ...ပြဿနာတစ်ခုဖြစ်ရင် ချနင်းတတ်တဲ့ ကိုယ်တွေနိုင်ငံရဲ့ စီးပွားရေး ဈေးကွက်က ကိုဗစ်ကာလမှာတောင် အရှင်လတ်လတ် မြင်တွေ့ခဲ့နိုင်တာပဲ။ ဒီတော့လည်း အင်ဗာတာဈေး ၊ ဆိုလာဈေးတွေလည်း ခုန်တက်ပေါ့လေ။ အစိုးရအနေနဲ့ ရေအားလျှပ်စစ်ထုတ်ဖို့ ဆိုတာက အရင်းအနှီးများသလို လုံခြုံမှုက ရှိဦးမှ။ လုံခြုံမှု မရှိရင်၊ Investment မလာရင်...ရှိတဲ့ ဘဏ္ဍာရင်းမြစ်ထဲကနေ အရစ်ကျ ဆောက်နေရဦးမှာပဲ။ ဆိုလာကတော့ မြန်မာနိုင်ငံရဲ့ရာသီဥတုနဲ့ အကိုက်ညီဆုံး ဖြစ်မယ် ထင်တယ်။ ကျောက်မီးသွေးလည်း စဉ်းစားလို့ ရတာပဲ။ ဆိုလာကတော့ စိုက်ပျိုးမြေ မဟုတ်တဲ့ နေရာတွေ၊ အမြန်လမ်းဘေး တောက်လျှောက်နေရာမျိုး...အကောင်အထည်ဖော်နိုင်ရင်တော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၃ ရာခိုင်နှုန်းပဲ ရှိတဲ့ ပမာဏတော့ ကျော်သွားနိုင်မလားပေါ့လေ။ အစိုးရလည်း အခွန်ရ၊ပြည်သူလည်း ဈေးသက်သက်သာသာနဲ့ သုံးစွဲနိုင်အောင် အစိုးရက ဦးဆောင်ပြီး ဆိုလာဈေးကွက်ကို ထိန်းပေးနိုင်မလားပေါ့။ ခုလည်း စက်ရုံတွေကို LNG နဲ့ ပြည်သူတွေကို အလှည့်ကျ ပုံစံ မီးပေးနေမှာပဲ။ တကယ်လို့ ပြည်သူတွေအတွက် LNG သွင်းလာမယ်၊ မီတာခ တိုးယူမယ် ဆိုရင်လည်း ပြည်သူတွေက လက်ခံမှာပါပဲ။ တခြားနိုင်ငံတွေလည်း ဒီလိုလုပ်တာမျိုး ရှိတာတွေ့ရတယ်။ တစ်ခုရှိတာက LNG နဲ့ ဆိုလာမှာ ဘယ်ဟာက ဈေးနှုန်းအရ ပိုအဆင်ပြေနိုင်မလဲ၊ ဘယ်စနစ်က ရေရှည်ပိုကောင်းမလဲ နှိုင်းယှဉ်လေ့လာရမှာပေါ့။ တိုင်းဒေသကြီးအစိုးရတွေ အနေနဲ့ ကိုယ်ဒေသထဲက စီးပွားရေးသမားတွေကို ဆူလွယ်နပ်လွယ်တဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံနေကြတာထက်၊ ရေရှည်လည်း အကျိုးအမြတ်ရမယ်၊ အစိုးရလည်း အခွန်လည်းရ၊ အဆဲမခံရတဲ့ အခြေအနေဖြစ်မယ်၊ ပြည်သူလည်း ပျော်ရမယ်၊ စိတ်ချမ်းသာရမယ်....ဒီလိုလုပ်ငန်းတွေကို ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ် တိုက်တွန်းကြရင် မဆိုးဘူး။ ဆိုလာအားကောင်းရင် စက်သုံးဆီ လျှော့ချနိုင်တာပေါ့။ ပြည်သူတွေရဲ့ ဆိုလာစနစ်အားကောင်းရင် ပြည်ထောင်စု ဝန်ကြီးဌာနရဲ့ National Grid ထဲ ပြန်ရောင်းတဲ့ စနစ်တွေ ဖန်တီးပေးလိုက်ပေါ့။ ဒါဆို လျှပ်စစ် ကဏ္ဍမှာ မီး အပြင် EV ကားတွေလည်း ပိုစိတ်ဝင်စားလာနိုင်တာပေါ့။ လောလောဆယ် မီးပြတ်နေတော့ မီးပွိုင့် အလုပ်မလုပ်နိုင်တဲ့အခါ...Bus ကားတွေလည်း စည်းကမ်းပျက်ကြတော့တာပါပဲ။ (နရီမိုး)

၁။ ထားဝယ်မှာ မိုးကြီးပြီး တောင်တွေ ပြိုတယ်။ ပြိုတာမှ တစ်နေရာတည်းတောင် မဟုတ်ဘူး။ နေရာတော်တော်များမျာကို ပြိုခဲ့တာ တွေ့ရလိမ့်မယ်။ ဒါက ရေရှည်မှာ ဘာတွေ ဆက်ဖြစ်လာနိုင်သေးသလဲ။ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာ သုတေသန ဆန်းစစ်ချက်တွေ လုပ်ပြီး ပြည်သူတွေကို အသိပညာပေး လုပ်ပေးသင့်တယ်။ ဒါမှပဲ နောင်ခါကြရင်.....ပြည်သူတွေအနေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ အတွက် အသင့်ဖြစ်နေလိမ့်မယ်။ ၂။ တကယ်တော့ ပြောချင်တာက BBC ရေးလာတဲ့ မြေမြုပ်မိုင်း ကိစ္စ အကြောင်းပါ။ အရင်ဆုံး ဒီဒေသတွေ မြေပြိုမှုတွေဖြစ်တယ်။ နယ်ဘက်တွေမှာ အများဆုံး ဒီဒုက္ခကို ခံစားကြရတယ်။ လူမှုကယ်ဆယ်ရေး ပရဟိတနဲ့ အစိုးရ ကယ်ဆယ်ရေးတွေက ကူမယ်၊ ကယ်မယ်လုပ်တော့ တိုက်ပွဲတွေ ဖြစ်တယ်။ သူတို့ဒေသတွေကို လာကူမယ့် ယာဉ်တန်းတွေတောင် အလံဖြူ မထောင်နဲ့ ဆိုတဲ့အထိ ဖြစ်ခဲ့တယ်။ ၃။ ကြားထဲမှာ...တပ်က ရေဘေးကယ်ဆယ်ရေးတွေကို သွားဖို့ ခွင့်မပြုဘူးဆိုပြီး ကောလာဟလတွေလည်း လွှင့်လိုက်သေးတယ်။ သူတို့လုပ်ရပ်ကိုကြည့်ရင်....သဘာဝဘေးကို အသက်လုပြီး ရင်ဆိုင်နေရချိန်မှာတောင် နေရာပျောက်မှာ စိုးရိမ်ပုံရတယ်။ တပ်အနေနဲ့ ရေဘေးနဲ့အတူ သူတို့ နယ်မြေထဲကို ရောက်လာခဲ့ရင်၊ ဒါမှမဟုတ် ရေဘေးမှာ အစိုးရက အကူအညီတွေ အများကြီး ပေးနိုင်ခဲ့ရင်...သူတို့အဖွဲ့တွေ ရေရှည်ရပ်တည်နိုင်ဖို့ ခဲသွားကြလိမ့်မယ်။ ဒါ့ကြောင့်လည်း နည်းပေါင်းစုံနဲ့ ကောလာဟလတွေ ဖြန့်ခဲ့ကြတယ်။ ၄။ ခုကြတော့... BBC ကရေးတဲ့ သတင်းမှာ ရေပြန်ကျသွားတာတောင် လုံလုံခြုံခြုံ သွားလာဖို့ အခက်‌တွေ့နေရတယ် ဆိုပြီး ရေးထားတယ်။ အဓိကကတော့ မြေမြုပ်မိုင်း အန္တရာယ်ပါပဲ။ မြေမြုပ်မှိုင်းတွေ မြုပ်ထားကြတယ်။မြေပြိုမှုတွေဖြစ်တော့ မြေမြုပ်မိုင်းတွေက နေရာရွှေ့သွားကြပြီပေါ့။ ဘယ်ချိန် ဘယ်ရွာသားတွေ နင်းမိပြီး သေကြဦးမလဲ ၊ မသိ။ ၅။ ဘယ်တတ်နိုင်မလဲ ကိုယ်ပြုတဲ့ကံ ကိုယ့်ဆီပြန်လာတယ်ပဲ မှတ်ပေါ့။ (နရီမိုး)

ဒါက ကျောက်ဖြူနဲ့ အမ်းကြားမှာ ရှိတဲ့ ဒီရေတောတွေကို ဒေသခံရခိုင်တွေက ခိုးထုတ်ပြီး ရောင်းစားလာကြတာ။ အဓိက ပြဿနာက.... မီးမရ၊ လျှပ်စ
ဒါက ကျောက်ဖြူနဲ့ အမ်းကြားမှာ ရှိတဲ့ ဒီရေတောတွေကို ဒေသခံရခိုင်တွေက ခိုးထုတ်ပြီး ရောင်းစားလာကြတာ။ အဓိက ပြဿနာက.... မီးမရ၊ လျှပ်စစ်မရှိ၊ စီးပွားရေး က အဆင်မပြေဆိုတော့...ထင်းလည်း စိုက်မယ်။ ရောင်းလည်း ရောင်းမယ် ဆိုတဲ့ အတွေးနဲ့ လုပ်ခဲ့ကြပုံပဲ။ တကယ်တော့ ဒီရေတောတွေဆိုတာ..... ကိုယ်တွေလက်ထက်တုန်းက မုန်တိုင်းဒဏ်နဲ့ ရေကြီးဒဏ်ကို ကာကွယ်ဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတဲ့ ပုံစံနဲ့ ဘယ်သူမှ တို့၊ ထိခွင့်တောင် မရခဲ့ဘူး။ ဒီရေတောတွေ မရှိတော့ဘူး ဆိုရင်ဖြင့် မုန်တိုင်းတိုက်လို့ ရေကြီးလာတဲ့အခါ...အကုန်ပြောင်သလင်းခါအောင် ဖြစ်တော့မှာပဲ။ (နရီမိုး)

အပေါင်းအသင်းဆိုတာ ကိုယ့်ဘဝအပေါ် အကျိုးသက်ရောက်မှု အလွန်ကြီးမားပါတယ်။ မိတ်ဆွေကောင်းနဲ့ ပေါင်းသင်းရင် ကောင်းတဲ့အကျင့်တွေကို လိုက်နာမိပြီး စိတ်ကောင်း၊ အတွေးကောင်းတွေ တိုးပွားလာနိုင်ပါတယ်။ မိတ်ဆွေမကောင်းနဲ့ ပေါင်းသင်းမိရင်တော့ မကောင်းတဲ့အကျင့်တွေကို အလွယ်တကူ အတုယူမိပြီး ကိုယ်မလုပ်ချင်တဲ့အရာတွေကိုတောင် လုပ်မိလာနိုင်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်က အပေါင်းအသင်းကောင်းကို ရွေးချယ်ပေါင်းသင်းဖို့ အလွန်အရေးကြီးကြောင်း ဆုံးမတော်မူခဲ့ပါတယ်။ ကိုယ့်ဘဝကို ကောင်းမွန်တဲ့လမ်းပေါ် ရောက်စေချင်ရင် ကိုယ့်အနားမှာရှိတဲ့ အပေါင်းအသင်းကိုလည်း သတိထားရွေးချယ်ဖို့ လိုပါတယ်။ လူကောင်းနဲ့ ပေါင်းရင် လူကောင်းဖြစ်ဖို့ လွယ်ပါတယ်။ တရားရှိသူနဲ့ ပေါင်းရင် တရားတိုးပွားဖို့ လွယ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝကို မြှင့်တင်ပေးမယ့် အပေါင်းအသင်းကို ရွေးချယ်ပါ။ ကိုယ့်စိတ်ကို တရားဘက်သို့ ဦးတည်စေမယ့်သူနဲ့ ပေါင်းသင်းပါ... 🙏 ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္နမာလဘိဝံသ🙏

🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏

အမေရိကန်နဲ့ မြန်မာ Direct Contact ရှိလာတာ နိုင်ငံ့အတွက် တော့ အကောင်းပါ။ အနည်းဆုံးတော့ ဆန်ရှင် ပွင့်မှာပေါ့။ ဆန်ရှင်ပွင့်ရင် အမေရိကန်ကို မော်ပြီး ဆက်ဆံနေရတဲ့ တောင်ကိုရီးယားတို့ ဂျပန်တို့လည်း Investment ပြန်ဝင်လာနိုင်ခြေရှိတာပေါ့။ Investment ဝင်ရင် နိုင်ငံခြားငွေလည်း ဒီလောက် ထိန်းချုပ်ထားစရာ မလိုဘူးပေါ့။ ဒါဆိုရင် ပြည်တွင်းမှာ မတန်တဆ ပေးဝယ်နေရတဲ့ ကုန်စည်တွေလည်း ဈေးကျနိုင်တာပေါ့။ ဆိုပါ့စို့။ နိုင်ငံခြားငွေ ထွက်မှာ ကြောက်ပြီး ကားတင်သွင်းခွင့်ပိတ်ထားတော့ နှစ် ၂၀ အရည်ကျို ကားတောင် သိန်း ၁၀၀၀ လောက် ပေးစီးနေရတဲ့ ဝဋ်က ကျွတ်နိုင်တာပေါ့။ လျှပ်စစ်မီးကို အလှည့်ကျပေးပြန်တော့ အင်ဗာတာကို မတန်တဆဈေးယူပြီး ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ စီးပွားရေးသမားတွေလည်း ဈေးကျသွားနိုင်တာပေါ့။ (နရီမိုး)

ရှမ်နီ လူမျိုးနဲ့ပတ်သက်ပြီး လွှတ်တော်တင်မယ်ဆိုတဲ့ ကိစ္စလေး တွေ့ရတယ်။ လူမျိုးတိုင်းကတော့ တရားဝင်အသိအမှတ်ပြုခံချင်ကြတာ ထူးဆန်းတဲ့ အရာ မဟုတ်ပါဘူး။ နောက်ဆက်တွဲ ပြဿနာက နေရာသတ်မှတ်မှု ကိစ္စကတော့ နည်းနည်း ခေါင်းစားလာနိုင်ပါတယ်။ လွှတ်တော် တင်ပေးနိုင်တယ်၊ အတည်ပြုနိုင်တယ် ဆိုရင်လည်း ဒါက NCA အတွက်၊ ဖက်ဒရယ်အတွက် အားကောင်းစေတဲ့ အချက်ပါပဲ။ အဓိက NCA က လုပ်ပိုင်ခွင့်ရှိတယ်။ တကယ်ပြုပြင်ပြောင်းလဲရေးက NCA က သွားနိုင်တယ်လို့ ယူဆကြရင်...ဒီ Process ကို ယုံကြည်မှု ရှိလာနိုင်ပါတယ်။ ခက်တာက ...မြန်မာပြည်ရဲ့ လက်နက်ကိုင် လမ်းစဉ် မူဝါဒ နဲ့ အကျင့်စရိုက်ဆိုးတွေအရ... ပြီးတော့ Give and Take အရ သက်ဆိုင်ရာ လူမျိုးတိုင်းရင်းသာစတွေအနေနဲ့ တိုင်းပြည်ကို ၊ ပြည်ထောင်စုကို အပြန်အလှန် သစ္စာရှိပေဖို့ လိုပါ့မယ်။ ပြောချင်တာက ...လိုအပ်တာကို ဥပဒေ နည်းလမ်းတကျ ပေဖို့ သဘောထားကြီးနိုင်ပေမယ့် ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်တွေက နယ်မြေ အေးချမ်းရေး အတွက် မရည်ရွယ်ဘဲ နောင်တစ်ချိန် စီးပွားရေးအရ နယ်မြေချဲ့လိုတာမျိုး ဖြစ်လာရင် ...ဘယ်လို တာဝန်ခံမလဲ။ ဘယ်လိုတာဝန်ယူမလဲ ဆိုတဲ့ အပိုင်း ရှိပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးတာ အဆန်းမဟုတ်ပါဘူး။ နိုင်ငံတကာမှာ ရုရှားနဲ့ အိန္ဒိယမှာလည်း ဒီလို စနစ်တွေ ရှိပါတယ်။ ဒါပေမယ့် ဒီနယ်မြေတွေက နိုင်ငံရေးအရ လိုလားချက်ရရင် ...လက်နက်ကိုင်တပ်ဖွဲ့ မရှိတော့ပါဘူး။ ဒေသလုံခြုံရေး တပ်ဖွဲ့က သပ်သပ်ပါ။ လက်နက်လည်း ကိုင်မယ်၊ ဖက်ဒရယ်စနစ်လည်း သွားမယ် ဆိုရင်တော့ မြန်မာ့ဖက်ဒရယ်စနစ်က တစ်ချိန်ချိန်မှာ လက်နက်ကိုင် လမ်းစဉ်ကိုပဲ ပြန်သွာဖို့ ရာခိုင်နှုန်း များပါတယ်။ ခုရှင်းထားကာမှ နောင်ရှင်းမှာပါ။ ဒါက ရှမ်းနီတင်မဟုတ်ပါဘူး။ လက်ရှိ ပလောင်ဒေသ၊ ကိုးကန့်၊ နာဂ၊ NDAA အကုန်လုံးအတွက် ရည်ရွယ်တာပါ။ (နရီမိုး)

ဇော်ဝေစိုးလို လူမျိုးက အရှက်မရှိဘဲ ပြောတာက တစ်ပိုင်းသပ်သပ်ကွာ။ ရှေ့ ၅ နှစ်တာကာလမှာ...ဒီအစိုးရပြုတ်ကျမှာ ၃ လ ပဲတို့။ ၂၀၂၂ က အပ
ဇော်ဝေစိုးလို လူမျိုးက အရှက်မရှိဘဲ ပြောတာက တစ်ပိုင်းသပ်သပ်ကွာ။ ရှေ့ ၅ နှစ်တာကာလမှာ...ဒီအစိုးရပြုတ်ကျမှာ ၃ လ ပဲတို့။ ၂၀၂၂ က အပြီးသတ် တိုက်ပွဲတို့။ လမ်းများအားလုံး နေပြည်တော်တို့ တို့။ ၂၀၂၅ တုန်းက တပ်ပေါင်းစုကြီး လာတော့မယ်တို့။ တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန် တိုက်တော့မှာတို့။ ပုံစံမျိုးစုံနဲ့ False Hope တွေ ပေးခဲ့ပြီးပြီ။ ဒါကို ယုံကြတဲ့၊ သောက်မှတ် မရှိတဲ့ နီပေါတွေ ရှိတာ အံ့ဩလို့ ကို မဆုံးဘူး။ (နရီမိုး)

ကုသိုလ်ဖြစ်ခြင်း၏အနီးဆုံးအကြောင်း... ယောနိသောမနသိကာရ ဘာပဲဖြစ်ဖြစ် လုပ်ရင် အမှတ်တမဲ့ မလုပ်ဘူး၊စဉ်းစား ဆင်ခြင် ပြီးတော့ လုပ်တယ်၊ ဥပမာမယ်.. ဒေါသထွက်တယ်ဆိုရင် ဒီဒေါသ ဘာလို့ဖြစ်တာလဲ..... ဘယ်က ပေါ်လာတာတုန်းနော်... ဘာကို အကြောင်း ပြုပြီးတော့ ဘာဖြစ်တာတုန်းဆိုတာကို အကြောင်းရင်းကို လိုက်ရှာကြည့်၊ ...... အကြောင်းရင်းကို လိုက်ရှာ ကြည့်လိုက်ရင် တွေ့လိမ့်မယ်။ ကိုယ်မကြိုက်တဲ့ အာရုံတစ်ခုရယ်၊ မကြိုက်တဲ့အာရုံပေါ်မှာ ကိုယ်နှလုံးသွင်းတာ မမှန်တာရယ်၊ ဒီ နှစ်ခု အကြောင်း ပြုပြီးတော့ ဖြစ်တာ၊ ကိုယ့်စိတ်က နဂိုထဲက ဒါမကြိုက်ဘူးဆိုတာ သတ်မှတ်ထားတယ်။ အဲဒီ | မကြိုက်တာကို လုပ်ရမလား၊ ဒီမကြိုက်တာကြီး ဖြစ်ရမလားဆိုတဲ့ အတွေးပေါ်မှာ... ဒီဟာ ဒေါသက ဖြစ်တာပဲ၊ အဲတော့ မကြိုက်တဲ့အာရုံဆိုတာ ပြင်လို့တော့မရဘူး၊ မကြိုက်တဲ့၊ မကြိုက်စရာကောင်းတဲ့ အာရုံပဲရှိနေမှာပဲ သူ့ဟာသာသူနော်။ အာရုံဆိုတာ နှစ်မျိုးရှိတယ်။ desirable object နဲ့ undesirable object နှစ်သက်စရာ အာရုံ ဆိုတာလည်း လောကမှာ ရှိနေမှာပဲ၊ မနှစ်မြို့စရာအာရုံဆိုတာလည်း လောကမှာရှိနေမှာပါ။ သူ့ကိုပြင်ဖို့ မလိုဘူး။ ပြင်ရမှာ ဘာတုန်းဆိုရင် ကိုယ့်ရဲ့ attention ကိုပြင်ရမှာ.... ။ မနှစ်သက်စရာ အာရုံအပေါ်မှာ ကိုယ်ဘယ်လို စဉ်းစားမလဲ၊ နှစ်သက်စရာ အာရုံ ကျတော့ ဘယ်လိုစဉ်းစားသလဲ။ အဲဒီ စဉ်းစားမှုလေးကို ပြင်ခိုင်းတာ၊ မစဉ်းစားခဲ့ရင် နှစ်သက်စရာ အာရုံဆိုရင် ဟာ.. လိုချင်လိုက်မယ်။ ဒါ သဘာ၀လို ဖြစ်နေတယ်။ မနှစ်သက်စရာ အာရုံဆိုရင် မုန်းတီးတဲ့ စိတ်ဖြစ်လာတယ်။ အဲဒီဟာကို လမ်းကြောင်း၊ပြောင်းပစ်ရမယ်။ အဲဒါကို စာပေလို ပြောတော့ “ယောနိသောမနသိကာရ” လို့ခေါ်တယ်။ “ယောနိသော မနသိကာရ” ဆိုတာကို ဒီကနေ့ အင်္ဂလိပ်လို ဘာသာပြန်တဲ့ စာအုပ်တွေ ထဲမှာ wise attention လို့ ပြန်ကြတယ်။ စာပေ အတိုင်း ပြန်မယ်ဆိုရင် proper attention လို့ ပြန်ရမယ်၊ သင့်လျော်အောင်စဉ်းစားတတ်တာ၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မကြိုက်တာ တွေ့လို့ရှိရင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း ဆိုတာ လည်းစဥ်းစားလို့ရှိရင်မလာဘူး..... “ဒေါသ”၊ အဲဒီလို ဥပမာမယ်.. လူတစ်ယောက်ဟာ တစ်ခုခု မှားမှား ယွင်းယွင်း လုပ်လို့ရှိရင် ကိုယ်က ဒီလောက်တောင် မိုက်မဲရမလားဆိုပြီး “ဒေါသ” ဖြစ်တယ်။ အဲဒါ inproper attention, unwise attention ခေါ်တယ်။ wise attention ဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဪ .. သူ မသိလို့လုပ်တာပဲ။ သိအောင် လုပ်ရမယ်...ဒီဟာကို၊ ဪ အသိဉာဏ်ဆိုတာ အင်မတန်အရေးကြီးတာပါလား ဆိုတာကို စဉ်းစား လိုက်ရင် “ဒေါသ” မဖြစ်တော့ဘူး။ လောက လူတွေကြည့်လေ။ ကိုယ့်ကိုယ်ကို ကျတော့ ရှိရင် စဉ်းစားပုံလေးကြည့်၊ ကလေး တစ်ယောက် ပန်းကန် လွတ်ကျတယ် ဆိုလို့ရှိရင် ဒီကောင်လေး နမော်နမဲ့နိုင်လို့ လွတ်ကျတယ်လို့ ပြောတယ်။ ကိုယ့်ကျတော့ရင် ဘာဖြစ်သလဲ မတော်လို့ လို့ပဲ စဉ်းစားတယ်။ အဲတော့ သူများကိုလည်း မတော်လို့ဆိုတာ စဉ်းစားလိုက်မယ်ဆိုရင် “ဒေါသ” မဖြစ်ဘူးပေါ့။ အဲဒီလို ဒေါသမဖြစ်အောင် စဉ်းစား တာကိုပဲ proper attention, wise attention ပြောတာ ဘယ်နေရာပဲ ဖြစ်ဖြစ် wise attention ဟာ သိပ်အရေးကြီးတယ်၊ စိတ်ဓါတ်မွန်မြတ်ဖို့အတွက် wise attention, proper attention ရှိရမယ်။ မရှိဘူးဆိုရင် လောကကြီးမှာ ဒီ.. ကြိုက်စရာ အာရုံလည်း ရှိတယ်၊ မကြိုက်စရာ အာရုံလည်း ရှိတာပဲ။ ရှိနေမှာပဲ၊ ဒါရှောင်လွဲလို့ မရဘူး၊ ကိုယ့်မျက်စိအောက် ကိုယ့်နားမှာ ကြားနေ မှာပဲ။ အဲဒီတော့ အရေးကြီးတာက ကိုယ်က ထိန်းချုပ် ပြုပြင်ပေးရမှာကတော့ “ေယာနိေသာ မနသိကာရ” ဆိုတာ ရှိရမယ်လို့ အဲဒါမရှိသမျှ ကုသိုလ်ဘယ်တော့မှမဖြစ်ဘူး။ ဒါကြောင့်မို့လို့ ကုသိုလ် ဖြစ်ဖို့ရာ အတွက် wise attention, proper attention ကြိုးစားပြီးတော့ ဖြည့်ဆည်းပေးရမယ်။ အဲဒါဟာ ကိုယ့်စိတ်ကို ပြင်တာပဲ သူက။ သတိထားတယ်။ “သမ္ပဇည” ဆင်ခြင်တုံတရား ထားတယ်ပေါ့။ ဒီထက် အဆင်မြင့်တဲ့ “သမ္ပဇည” ကျတော့ ဘယ်လောက်ထိအောင် အဆင်မြင့်လာတုန်း ဆိုတော့ ခုနက ပြောသလို သဘာ၀တရား ဆိုတာ ဘယ်ဟာမှ မမြဲဘူး။ ထာ၀ရပြောင်းလဲနေတယ်ဟော ဆင်ခြင်တုံတရားနဲ့။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏

🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏

"မလေးရှားရဲ့ လက်တွေ့ကျသော နိုင်ငံရေး ချဉ်းကပ်မှုနှင့် ထိုင်း ၏ 3R မူဝါဒက ဖော်ညွှန်းသော မြန်မာ့နိုင်ငံရေး အလှည့်အပြောင်း" #သူရ
"မလေးရှားရဲ့ လက်တွေ့ကျသော နိုင်ငံရေး ချဉ်းကပ်မှုနှင့် ထိုင်း ၏ 3R မူဝါဒက ဖော်ညွှန်းသော မြန်မာ့နိုင်ငံရေး အလှည့်အပြောင်း" #သူရိယနေဝန်း အတွဲ(၁)၊ အမှတ် (၂၄) တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။ (နရီမိုး)